← Chapters

အခန်း (၄၄၅-၄၄၇)

Vol. 30 Ch. 445-447

အခန်း (၄၄၅-၄၄၇)

Vol. 30 Ch. 445-447

အခန်း ၄၄၅- ဆန်းကြယ်သော အဆုံးသတ် ...

~အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေမှ အင်မော်တယ်များ ပေးသနားသော အရင်းအမြစ်များသည် သူတို့အတွက် ကြီးမားသော အခွင့်အရေး ဖြစ်သည်ဟု ပြောရန်ပင် မလိုပေ။

လုရီနှင့် သူ၏ အဖော်သုံးဦး ပျံသန်းလာသည်နှင့် ကျင့်ကြံသူ အများအပြားသည် အံ့အားသင့်စွာ ငေးကြည့်ကြလေသည်။ လဝန်းဝိညာဉ်မြို့၏ အစွန်အဖျားသည် ပင်လယ်မျိုးနွယ် ထိန်းချုပ်နယ်မြေဘက်သို့ ဦးတည်နေလေသည်။

ယခုအခိုက်အတန့်မှာ ပင်လယ်မျိုးနွယ် နယ်မြေမှ ဟင်းလင်းပြင်ဥမင်အဆင့် လူသား ကျင့်ကြံသူ လေးဦး ထွက်ပေါ်လာခြင်းမှာ အံ့အားသင့်စရာပင် ဖြစ်တော့၏။ သို့သော် လုရီနှင့် အဖွဲ့သည် ပုံစံတစ်ထောင် အသွင်ပြောင်းစွမ်းရည်ကို အသုံးပြုထားသောကြောင့် မည်သူမျှ သူတို့၏ မူလ ပုံစံကို မမှတ်မိကြချေ။

လုရီနှင့် သူ၏ အဖော်တို့သည် မိမိတို့ကိုယ်ကို ထင်ရှားအောင် မလုပ်ကြဘဲ၊ အခြားသူများနည်းတူ ကောင်းကင်ယံတွင် ရပ်တန့်ကာ အဝေးမှ တိုက်ပွဲကို ငေးကြည့်နေကြလေသည်။

ထိုစဉ် လုရီအဖွဲ့ကို အာရုံစိုက်နေသော အလယ်အလတ်အရွယ် ကျင့်ကြံသူတစ်ဦးက စပ်စုလိုက်၏။

"တာအိုရောင်းရင်းတို့၊ ခင်ဗျားတို့ ပင်လယ်မျိုးနွယ် ထိန်းချုပ်နယ်မြေကနေ လာကြတာလား။ အဲ့ဒီမှာ အခြေအနေ ဘယ်လိုလဲ။ ဘယ်သူတွေ တိုက်ခိုက်နေလို့ ဒီလောက် ကြောက်မက်ဖွယ်ကောင်းနေတာလဲဗျ"

"စွမ်းအားရှင်တွေ ပြောတာတော့ အင်မော်တယ်‌ တွေ တိုက်ခိုက်နေတာတဲ့။ အဲ့ဒါ ဟုတ်ရဲ့လား"

ထိုအခါ အနီးနားရှိ ကျင့်ကြံသူများက စူးစမ်းလိုစိတ်အပြည့်ဖြင့် လုရီအား ဝိုင်းကြည့်ကြတော့၏။

လုရီက ပြုံးပြပြီး ပြန်ဖြေ၏။

"ကျွန်တော်တို့ အနက်ကြီး မဝင်ခဲ့ပါဘူး။ ခဏလေးပဲ ဝင်ပြီး ပြန်ထွက်လာခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒီဘက်က တိုက်ပွဲလှိုင်းနှုန်းတွေက အရမ်း ပြင်းထန်ပြီး၊ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူထက် အဆပေါင်းများစွာ ပိုအားကောင်းတာကြောင့် တကယ်ပဲ အင်မော်တယ် ဖြစ်မယ် ထင်ပါတယ်"

ဤစကားကို ကြားရသောအခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတို့သည် အံ့အားသင့် ထိတ်လန့်စွာ သက်ပြင်းချလိုက်ကြပြီး၊ တိုက်ပွဲဘက်သို့ ပြန်ကြည့်ကြရာ သူတို့၏ မျက်နှာများမှာ စိုးရိမ်ပူပန်မှုနှင့် မကောင်းကျိုးကို ကြံရွယ်လိုမှုတို့ ရောထွေးနေတော့၏။

"တိုက်ပွဲက ပင်လယ်ထဲမှာ ဖြစ်နေပုံပဲ။ ဟေး၊ တိုက်ပွဲပြီးရင် ရေနက်နဂါးမျိုးနွယ်ကို သုတ်သင်ပစ်နိုင်ရင် ကောင်းမယ်"

"အဲ့လိုဆိုရင်တော့ သတင်းကောင်းပဲ။ အရှေ့နယ်မြေ တည်ငြိမ်သွားတာပေါ့"

ကျင့်ကြံသူများစွာသည် အသက်ဝင်စွာ ဆွေးနွေးနေကြလေသည်။

တိုက်ပွဲသည် အချိန်ကြာမြင့်စွာ ဆက်လက်ဖြစ်ပွားနေ၏။ တစ်ရက်ကြာသော် ကောင်းကင်သည် ရွှေရောင်နှင့် အနက်ရောင်အဖြစ် ကွဲထွက်နေဆဲဖြစ်ပြီး၊ အဝေးမှ လှိုင်းနှုန်းများလည်း ငြိမ်သက်မသွားသေးပေ။

သုံးရက်အကြာတွင်မူ အဝေးကောင်းကင်ယံမှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်သော တည်ရှိမှုတစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။

နောက်တစ်ခဏတွင် လဝန်းဝိညာဉ်မြို့မှပင် လုရီနှင့် အခြားသူတို့သည် မည်းမှောင်နက်မှောင်သော မီးလျှံတစ်ခု ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကြယ်တာရာစကြဝဠာထဲသို့ တည့်တည့် တိုးဝင်သွားသည်ကို မြင်လိုက်ကြလေသည်။

ကြောက်မက်ဖွယ်ကောင်းသော မီးလျှံသည် လောကရှိ အပြစ်နှင့် မကောင်းဆိုးဝါးများအားလုံးကို ကိုယ်စားပြုနေသဖြင့် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် လူတစ်ဦး၏ အတွင်းစိတ်ကိုပင် အေးစက်သွားစေတော့၏။

လရောင်ဝိညာဉ်မြို့အတွင်း၌ ရွှေအူတိုင်နယ်ပယ်အောက်ရှိ ကျင့်ကြံသူများနှင့် ရွှေအူတိုင်နယ်ပယ်ရှိ ကျင့်ကြံသူများသည် ရုတ်တရက်ဆိုသလို သူတို့ပတ်လည်တွင် အနက်ရောင် မြူခိုးများ ပေါ်လာတော့၏။

နောက်တစ်ခဏတွင် မြည်ဟည်းသံများက ရှေးဟောင်းမြို့တော်တစ်ခုလုံးကို ပြည့်နှက်သွားပြီး၊ ဤအားနည်းသော ကျင့်ကြံသူများအားလုံး ကျိုယိုချီ၏ သက်ရောက်မှု ခံစားလိုက်ရတော့၏။ သူတို့၏ မျက်နှာများသည် နာကျင်မှုဖြင့် လိမ်တွယ်နေပြီး၊ စွမ်းအင်များ မတည်မငြိမ်ဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခုခုကို ကြားနေရသကဲ့သို့ နားနှစ်ဖက်ကို ဖိကိုင်ရင်း မြေပြင်ပေါ်တွင် လူးလိမ့်နေကြတော့၏။

"ဘာဖြစ်တာလဲ"

ရွှေအူတိုင်နယ်ပယ် အထက်ရှိ ကျင့်ကြံသူတို့သည် မိမိတို့၏ တပည့်များ ဆူညံစွာ အော်ဟစ်နေသည်ကို ကြည့်ကာ စိတ်ရှုပ်ထွေးပြီး ထိတ်လန့်နေကြလေသည်။

ထိုအခိုက်အတန့်တွင် ဓား တေးသံများ ကောင်းကင်နှင့် မြေပြင်အနှံ့ ပဲ့တင်ထပ်လာပြီး၊ ကျင့်ကြံသူအားလုံးသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ဓားတာအို တည်ရှိမှုတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး လဝန်းဝိညာဉ်မြို့တစ်ခုလုံးကို ဖုံးအုပ်လိုက်သည်ကို ခံစားလိုက်ကြရတော့၏။

အားကောင်းပြင်းထန်သော ဓားတာအိုစွမ်းအားသည် ကမ္ဘာတစ်ခုလုံးကို ပြည့်နှက်နေသကဲ့သို့ ဖြစ်နေသဖြင့် ကျင့်ကြံသူအားလုံးကို အံ့အားသင့်စေလေသည်။

"ဒါ ဘာစွမ်းအားမျိုးလဲ! ဘယ်စွမ်းအားရှင်က လှုပ်ရှားလိုက်တာလဲ"

ကောင်းကင်နဂါး သူတော်စင်

သားတော်ကဲ့သို့သော အရှေ့နယ်မြေ၏ ပါရမီရှင်တို့ပင် ထိတ်လန့်တုန်လှုပ်နေကြပြီး၊ အားလုံး အထက်သို့ စူးစူးရဲရဲကြည့်နေကြတော့၏။

"ဒါ... ဒါ ဓားတာအို နိယာမရဲ့ စွမ်းအားပဲ!"

ဝမ်ချီဖုန်း အလွန်အမင်း ထိတ်လန့်သွား၏။

ယခုအခါ နတ်ဓားဂိုဏ်း၏ နတ်ဓားကျောက်တိုင်ကို ဂိုဏ်း၏ ပါရမီရှင်များ ဝင်ရောက်လေ့လာနိုင်ပြီဖြစ်ရာ ဝမ်ချီဖုန်းသည် ဓားတာအိုကို နားလည်သဘောပေါက်ရန် ကျောက်တိုင်သို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ပြီး ဓားတာအို နိယာမစွမ်းအားများ ကမ္ပည်းတင်ထားသည်ဖြစ်၍ ဓားတာအိုနိယာမနှင့် လုံးဝ မစိမ်းပေ။ သူ ချက်ချင်း တုံ့ပြန်လိုက်၏။

"ဘာ! ဓားတာအို နိယာမလား" ဓားကျင့်ကြံသူ ဖုန်းပုမင်လည်း အလွန်အမင်း လန့်ဖျပ်သွားပြီး အလျင်အမြန် အာရုံစိုက်ကြည့်လိုက်လေသည်။

အနီးနားရှိ ကောင်းကင်နဂါး စိန့်သားနှင့် အခြားသူတို့သည် စကားမပြောနိုင်ဘဲ ကျန်ရစ်ခဲ့ကြ၏။

"လဝန်းဝိညာဉ်မြို့ထဲမှာ အင်မော်တယ်တစ်ပါး ပုန်းနေတာ ဖြစ်နိုင်မလား"

"မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။ အင်မော်တယ်လက်နက်တစ်ခု နိုးထလာတာလား။ ဒါမှမဟုတ် အင်မော်တယ် ရတနာတစ်ခုခုကို အသက်သွင်းလိုက်တာလား"

ပါရမီရှင်များ အချင်းချင်း ဆွေးနွေးနေကြသော်လည်း ကမ္ဘာတစ်ခုလုံး ဓားတာအိုနိယာမဖြင့် ဖုံးလွှမ်းနေသည်ဖြစ်ရာ သူတို့၏ နယ်ပယ်အဆင့်ဖြင့် မူလအစကို သဘာဝအတိုင်း မသိနိုင်ချေ။

ကြောက်မက်ဖွယ်ကောင်းသော ဓားတာအိုစွမ်းအားများ တိုးပွားလာသည်နှင့်အမျှ မြေပြင်ပေါ်တွင် လူးလိမ့်အော်ဟစ်နေသော ကျင့်ကြံသူများပတ်လည်ရှိ အနက်ရောင် မြူခိုးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး၊ သူတို့၏ မျက်နှာများလည်း ငြိမ်သက်သွားကာ တစ်ဦးချင်းစီ သတိလစ်သွားကြလေသည်။

ထိုအခိုက်အတန့်တွင် အဝေးကောင်းကင်ယံရှိ မည်းမှောင်နက်မှောင်သော မီးလျှံသည် ပူဖောင်းများကဲ့သို့ ပျောက်ကွယ်စပြုလာပြီး၊ ထူးဆန်းသော တည်ရှိမှုလည်း ဖြည်းဖြည်းချင်း မှေးမှိန်သွားတော့၏။ ဓားတာအိုနိယာမမှ စွမ်းအားများလည်း တဖြည်းဖြည်း ငြိမ်သက်သွားချေ၏။ ကောင်းကင်ယံရှိ လုရီ၏ ပုံရိပ်သည် နိယာမကို ဖြည်းညှင်းစွာ ပြန်သိမ်းကာ ငြိမ်သက်သွားတော့၏။

အခြားကျင့်ကြံသူများအားလုံး မည်သည့်မဟာစွမ်းအားရှင်က လှုပ်ရှားခဲ့သည်ကို သိလိုစိတ်ဖြင့် တွေးတောနေကြသော်လည်း လုရီဘေးတွင်ရှိသော ကျန်းရူယွီ၊ လျိုနင်ရွှမ်းနှင့် ယွင်ရှီးတို့သာလျှင် နိယာမ စွမ်းအားကို အသုံးပြုခဲ့သည်မှာ လုရီ ဖြစ်ကြောင်း သိကြလေသည်။

ပျောက်ကွယ်သွားသော ကျိုယိုမီးလျှံတိုင်ကို ကြည့်ရင်း ကျန်းရူယွီ အလွန်အမင်း ထိတ်လန့်သွား၏။

"ခုနက အဲ့ဒါ ကျိုယိုချီလား။ ဒီလောက်ဝေးကွာတဲ့ အကွာအဝေးကနေတောင် ငါတို့ကို သက်ရောက်မှုပေးနိုင်တယ်ဆိုတော့ ကြောက်စရာပဲ"

"ဒီမှာ သက်ရောက်မှု ရှိတယ်ဆိုရင် ပင်လယ်ထဲမှာရော..." ယွင်ရှီး မျက်တောင်များ ပုတ်ခတ်လိုက်၏။

သူမ၏ နတ်ဘုရားကဲ့သို့သော မျက်ဝန်းများတွင် ထူးဆန်းသောအလင်းတစ်ခု ထင်ဟပ်နေလေသည်။

လုရီနှင့် အခြားသူတို့လည်း ဤအချက်ကို တွေးတောကြရာ သူတို့၏ မျက်နှာများ အလွန်ထူးဆန်းသွားတော့၏။

လျိုနင်ရွှမ်းက ညင်သာစွာ ပြုံးပြီး "ပင်လယ်မျိုးနွယ်ကတော့ အလုပ်ရှုပ်နေပြီ ထင်တယ်" ဟု ပြောလိုက်လေသည်။

"ဟုတ်တယ်"

မည်းမှောင်နက်မှောင်သော မီးလျှံ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်နှင့်အမျှ ဒေါသနှင့် မလိုမလားစိတ်များ ပြည့်နှက်နေသော အော်ဟစ်သံတစ်ခု ကောင်းကင်ယံအနှံ့ ပဲ့တင်ထပ်လာရာ

လုရီ ၎င်းမှာ အရိပ်၏ အသံဖြစ်ကြောင်း သိလိုက်၏။

ကောင်းကင်ရှိ အနက်ရောင်အလင်းလည်း ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး မြင့်မြတ်သော ရွှေရောင်အလင်းသာ ကျန်ရစ်ခဲ့တော့၏။

လုရီ၏ မျက်လုံးများ လင်းလက်သွားပြီး ပြုံးရယ်ကာ "စီနီယာ ဝမ်ကျန်းယွမ်အနိုင်ရသွားပုံရတယ်" ဟု ပြောလိုက်လေသည်။

"ကောင်းတာပေါ့။ အဲ့ဒီကျိုယိုအင်မော်တယ်သာ အနိုင်ရခဲ့ရင် ကြီးမားတဲ့ ဘေးဒုက္ခ တစ်ခု ဖြစ်လာလိမ့်မယ် ထင်တယ်"

လျိုနင်ရွှမ်းနှင့် အခြားနှစ်ဦး သက်ပြင်းချလိုက်ကြ၏။

တိုက်ပွဲ ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်နှင့် ကောင်းကင်ယံရှိ ကျင့်ကြံသူတို့လည်း အနိုင်အရှုံး ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်း သဘောပေါက်လိုက်ကြတော့၏။

အခန်း ၄၄၆- ဆန်းကြယ်သော အဆုံးသတ်...

~ကျင့်ကြံသူ အားလုံးမှာ ထိုတိုက်ပွဲ၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှုများအကြောင်းကို ထင်ကြေးအမျိုးမျိုးပေးကာ ပွက်လောရိုက်နေကြ၏။

သို့သော် မကြာမီမှာပင်၊ သူတို့သည် အနီးအနားရှိ ထျန်းတုန်းမြို့မှ ပင်လယ်မျိုးနွယ် ကျင့်ကြံသူအမြောက်အမြား ကောင်းကင်သို့ပျံတက်ကာ အလင်းတန်းများအဖြစ်ပြောင်းလဲပြီး အရှေ့ပင်လယ်ဒေသဘက်သို့ ဦးတည်ပျံသန်းသွားကြသည်ကို သတိပြုမိလိုက်ကြသည်။

ကျင့်ကြံသူအများအပြားမှာ အလွန်အံ့အားသင့်သွားကြသည်။ အကြောင်းမှာ ထွက်ခွာသွားသော အရေအတွက်မှာ မနည်းလှသည့်အပြင်၊ သူတို့သည် လဝန်းဝိညာဉ်မြို့ကို တိုက်ခိုက်ခြင်းမပြုဘဲ နောက်သို့ ဆုတ်ခွာသွားသောကြောင့် ဖြစ်သည်။

ထို့နောက်တွင်တော့ အချို့သော ကျင့်ကြံသူများက အဖြစ်အပျက်ကို သဘောပေါက်သွားပြီး

အံ့အားတသင့်ဖြင့် ထအော်လိုက်ကြသည်။

"ပင်လယ်မျိုးနွယ်တွေ... သူတို့ ထျန်းတုန်းမြို့ကနေ ဆုတ်ခွာသွားကြတာလား။"

အခြားသူများလည်း သဘောပေါက်သွားကြကာ သူတို့၏မျက်နှာများပေါ်တွင် အံ့ဩဝမ်းသာခြင်း အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

"ပင်လယ်မျိုးနွယ်တွေ ထျန်းတုန်းမြို့ကနေ ဆုတ်ခွာသွားပြီတဲ့လား။ စစ်မျက်နှာပြင်က နောက်ကို ပြန်ရွေ့သွားပြန်ပြီ!"

"သွားကြည့်ကြရအောင်!"

သတ္တိကောင်းပြီး အစွမ်းထက်သော ပုဂ္ဂိုလ်အချို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ

ထျန်းတုန်းမြို့ရှိရာဘက်သို့ ပြတ်သားစွာ ပျံသန်းထွက်ခွာသွားကြ၏။

မကြာမီမှာပင် စိတ်လှုပ်ရှားဖွယ်ရာ သတင်းတစ်ခု ရောက်ရှိလာတော့သည်။ ထျန်းတုန်းမြို့သည် လူသူကင်းမဲ့သော မြို့ပျက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မည်သည့်အရာမျှ ကျန်ရစ်ခြင်းမရှိတော့ပေ။ ပင်လယ်မျိုးနွယ် ကျင့်ကြံသူတစ်ဦးတစ်ယောက်မျှ ထိုနေရာတွင် မရှိတော့ဘဲ အားလုံးထွက်ခွာသွားကြပြီဖြစ်သည်။

ဤသတင်းက ကျင့်ကြံသူများကို အတိုင်းမသိ ဝမ်းမြောက်စေခဲ့၏။ အကြောင်းမှာ သူတို့သည် တိုက်ခိုက်စရာမလိုဘဲ ထျန်းတုန်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်မျက်နှာပြင်ကို ပင်လယ်ဘက်သို့ တစ်ဖန်ပြန်လည် တွန်းပို့နိုင်ခဲ့သောကြောင့်ပင်။

သို့သော် ထိုမျှနှင့် မပြီးသေးပေ။ မကြာမီမှာပင် ပို၍စိတ်လှုပ်ရှားဖွယ်ရာ သတင်းများ ဆက်တိုက်ဆပါက်ကွဲလာတော့သည်။

"ပင်လယ်မျိုးနွယ် ကျင့်ကြံသူအမြောက်အမြား ကုန်းတွင်းပိုင်းက ခံတပ်စခန်းတွေကနေ ထွက်ခွာနေကြပြီတဲ့ဟေး!"

"ဟားဟားဟားဟား...ပင်လယ်မျိုးနွယ် ကျင့်ကြံသူအားလုံး ဆုတ်ခွာကုန်ပြီ! သူတို့ ပင်လယ်ထဲကို ပြန်ဆုတ်ခွာနေကြပြီတဲ့ကွ..."

အရှေ့နယ်မြေ မဟာမိတ်တပ်ပေါင်းစုမှ ကျင့်ကြံသူအားလုံးမှာ အတိုင်းမသိ ဝမ်းမြောက်နေကြတော့သည်။

သူတို့သည် မူလက စစ်မျက်နှာပြင် ရှေ့တိုးနိုင်ခြင်းသာဟု ထင်မှတ်ထားခဲ့သော်လည်း ပင်လယ်မျိုးနွယ်တစ်ခုလုံး အလုံးစုံဆုတ်ခွာသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

သုံးရက်ခန့်အကြာတွင် အရှေ့ပင်လယ်ဒေသသို့ ယခင်က ထွက်ခွာသွားခဲ့သော အကြီးအကဲ

လုံမင်၊ ဘိုးဘေးဖန်ထျန်းယောင်နှင့် အခြားသော ပညာရှင်ကြီးများ ပြန်လည်ရောက်ရှိလာကြ၏။

ကောင်းကင်ထက်မှ လုရီတို့အဖွဲ့သည် သူတို့ပြန်လာသည်ကို မြင်သောအခါ သူတို့အထဲမှ မဟာယာနအဆင့် ပုဂ္ဂိုလ်အချို့ ပျောက်ဆုံးနေသည်ကို သတိပြုမိလိုက်သည်။

ကပ်ဘေးဖြတ်ကျော်အဆင့် ဘိုးဘေးများဖြစ်သော အကြီးအကဲလုံမင်နှင့် ဘိုးဘေးဖန်းထျန်းယောင်တို့ပင်လျှင် မျက်နှာများ ဖြူဖျော့နေပြီး သူတို့၏အမူအရာများတွင် ထိတ်လန့်မှုအရိပ်အယောင်များ မပျောက်ကြသေးပေ။

သူတို့သည် အပြင်တွင် ကြာရှည်မနေဘဲ လဝန်းဝိညာဉ်မြို့၏ မြို့သခင်စံအိမ်တော်သို့ အလျင်အမြန် ပြန်လည်ဝင်ရောက်သွားကြ၏။

နာရီအနည်းငယ်အကြာတွင်တော့ သတင်းများက စတင်ပြန့်နှံ့လာတော့သည်။

အကြီးအကဲလုံမင်နှင့် အခြားကပ်ဘေးဖြတ်ကျော်အဆင့် ဘိုးဘေးများ၏ အတည်ပြုချက်အရ၊ ယခင်တိုက်ပွဲသည် အမှန်တကယ်ပင် အင်မော်တယ်များကြားမှ တိုက်ပွဲဖြစ်ခဲ့ပြီး၊ ထိုအထဲမှတစ်ဦးမှာ အင်မော်တယ်ဓားဂိုဏ်းမှ နိုးထလာသော အင်မော်တယ်ပင် ဖြစ်သည်ဟု ဆို၏။

ရလဒ်မှာ အင်မော်တယ်ဓားဂိုဏ်းမှ အင်မော်တယ်က အနိုင်ရရှိခဲ့သည်မှာ ထင်ရှားလေသည်။ ထို့နောက်တွင် အင်မော်တယ်ဓားဂိုဏ်းမှ အင်မော်တယ်မှာ ပျောက်ကွယ်သွားခဲ့ပြီး အကြီးအကဲ

လုံမင်နှင့် အခြားသူများ တိုက်ပွဲဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။

သူတို့မြင်တွေ့ခဲ့ရသည်မှာ အရှေ့ပင်လယ်၏ ကီလိုမီတာ သောင်းနှင့်ချီသော ပတ်ဝန်းကျင်တစ်ခုလုံး ပင်လယ်ရေများ ကြေမွပျက်စီးကာ ခန်းခြောက်နေပြီး၊ မြူခိုးကျွန်းမှာမူ အနက်ရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေသည်။ ထိုကျွန်းသည် အမှန်တကယ်နှင့် စိတ်ကူးယဉ်အကြား နယ်နိမိတ်ပေါ်တွင် တည်ရှိနေသကဲ့သို့ဖြစ်ပြီး အတွင်း၌ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု လှည့်ပတ်စီးဆင်းနေလေသည်ဟု သိရလေ၏။

တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ပေါင်းစည်းခြင်းနယ်ပယ်အဆင့် ပညာရှင်ကြီးအချို့၏ ကိုယ်ပေါ်တွင် အနက်ရောင်အစင်းများ ပေါ်ထွက်လာပြီးနောက် ဖျက်ဆီးခြင်းကိုသာ သိသော သတ္တဝါများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်ကို သက်သေခံနေ၏။

ထိုနေရာသည် မည်မျှ အန္တရာယ်များကြောင်း စိတ်ကူးဖြင့် မှန်းဆကြည့်နိုင်ပေသည်။

အကြီးအကဲလုံမင်နှင့် အခြားသူများလည်း ချက်ချင်းပင် ဆုတ်ခွာခဲ့ကြတော့သည်။

အမှန်စင်စစ် ကံအဆိုးဆုံးမှာ ပင်လယ်မျိုးနွယ်ပင် ဖြစ်လေ၏။ အင်မော်တယ်များ၏ တိုက်ပွဲကြီးကြောင့် ပင်လယ်၏ ဧရာမဧရိယာကြီးတစ်ခုလုံး ကြေမွပျက်စီးသွားပြီး မရေမတွက်နိုင်သော ပင်လယ်မျိုးနွယ် ကျင့်ကြံသူများ သေဆုံးခဲ့ရသည်။

ထို့အပြင်၊ ပင်လယ်မျိုးနွယ်၏ ပိုင်နက်အတွင်း၌ ထိုကဲ့သို့ ထူးဆန်းသောကျွန်းတစ်ကျွန်း ပေါ်ထွက်လာခြင်းက သူတို့ကို ထိုတားမြစ်နယ်မြေနှင့် အလှမ်းဝေးရာတွင် နေထိုင်ရန် တွန်းအားပေးခဲ့သည်။

အရှေ့နယ်မြေအား ကျူးကျော်စစ်သည်လည်း ဆက်လက် မထိန်းသိမ်းထားနိုင်တော့ပေ။

ပင်လယ်မျိုးနွယ် ကျင့်ကြံသူအားလုံး နှောင့်နှေးခြင်းမရှိဘဲ ဆုတ်ခွာရန် ရွေးချယ်ခဲ့ကြတော့သည်။

ထိုသတင်းကို ကြားသောအခါ ကျင့်ကြံသူများမှာ ထိတ်လန့်ခြင်း၊ ဝမ်းမြောက်ခြင်းတို့နှင့်အတူ အနည်းငယ် လမ်းပျောက်သလိုလည်း ခံစားလိုက်ကြရသည်။

အင်မော်တယ်များ၏ တိုက်ပွဲသည် ကျင့်ကြံသူများကို အလွန်အမင်း အံ့အားသင့်စေခဲ့ပြီး၊ လျှို့ဝှက်ဆန်းကြယ်သော ကျွန်းငယ်လေးကမူ သူတို့ကို ကြောက်ရွံ့ထိတ်လန့်စေခဲ့၏။

သူတို့အတွက် အထူးဆန်းဆုံးမှာ ပင်လယ်မျိုးနွယ်၏ ကျူးကျော်စစ်သည် ဤကဲ့သို့သော ပုံစံဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ခြင်းပင် ဖြစ်သည်။

လုရီပင်လျှင် ထိုသို့မမျှော်လင့်ခဲ့ပေ။

ပင်လယ်မျိုးနွယ်သည် အလွန်အမင်း အင်အားကြီးမားလှသည်။ အကြောင်းအမျိုးမျိုးကြောင့် ယခုအခါ အဆက်မပြတ် ရှုံးနိမ့်နေသော်လည်း၊ သူတို့ကို အရှေ့နယ်မြေမှ လုံးဝမောင်းထုတ်ရန် အနည်းဆုံး နှစ်တစ်ရာခန့် အချိန်ယူရမည်ဖြစ်သည်။

မမျှော်လင့်ဘဲ၊ ပင်လယ်မျိုးနွယ်သည် ဤအချိန်တွင် ဆုတ်ခွာရန် ရွေးချယ်ခဲ့ပြီး၊ သူတို့၏

ထွက်ခွာသွားပုံမှာ ဒရာမာဆန်သည့်နည်းတူ ရုတ်တရက်ဆန်လှသည်။

တစ်ခဏအတွင်းမှာပင် လုရီ၏နှလုံးသားထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်သွားတော့သည်။

အင်မော်တယ်များ တိုက်ခိုက်သည့်အခါ၊ သူတို့၏ နောက်ဆက်တွဲအရှိန်အဝါမျှဖြင့်ပင် ဤမျှကျယ်ပြန့်သော စစ်မြေပြင်တစ်ခုလုံးကို မတော်တဆ သက်ရောက်မှုရှိစေနိုင်ခဲ့သည်။

အင်မော်တယ်များသည် မည်မျှတန်ခိုးကြီးမားကြောင်း စိတ်ကူးကြည့်ရန် လွယ်ကူလှ၏။

"အင်မော်တယ်အောက်မှာ အားလုံးက ပုရွက်ဆိတ်တွေလိုပါပဲကွာ..."

မြို့သခင်စံအိမ်တော်အတွင်းမှ ထွက်ပေါ်လာသော ဘိုးဘေးလုံမင်၏ ထိုစကားသံသည် လဝန်းဝိညာဉ်မြို့မှ ကျင့်ကြံသူများကို အချိန်အတော်ကြာ တိတ်ဆိတ်သွားစေခဲ့သည်။

ထို့နောက်တွင်တော့ ကျင့်ကြံသူများထံမှ အောင်ပွဲခံအော်ဟစ်သံများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ပင်လယ်မျိုးနွယ်များ အရှေ့နယ်မြေမှ ထွက်ခွာသွားသည်နှင့် သူတို့၏တိုက်ပွဲမှာလည်း ပြီးဆုံးသွားပြီဖြစ်ကြောင်း ဆိုလိုပြီး၊ ကျင့်ကြံသူများမှာ နောက်ဆုံးတွင် မိမိတို့၏ သက်ဆိုင်ရာဂိုဏ်းများသို့ ပြန်နိုင်ကြတော့မည် ဖြစ်သည်။

ဤတိုက်ပွဲသည် ပြင်းထန်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း၊ အရှေ့နယ်မြေ၏ သမိုင်းတစ်လျှောက်တွင်မူ အရေးမပါလှပေ။ ဤတိုက်ပွဲထက် ပိုမိုကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများစွာ ရှိခဲ့ဖူးလေသည်။

ထိုနေ့တွင်ပင် လဝန်းဝိညာဉ်မြို့မှ ကျင့်ကြံသူများမှာ တစ်ဦးနှင့်တစ်ဦး အရက်ခွက်များတိုက်ကာ နေရာတိုင်း၌ ပွဲတော်များ ကျင်းပနေကြ၏။

လုရီနှင့် သူ၏အဖော်သုံးဦးမှာ သိုသိုသိပ်သိပ်နေခဲ့သော်လည်း၊ မသိကျွမ်းသော ကျင့်ကြံသူများက ပွဲတော်များသို့ အတင်းအကျပ် ဆွဲခေါ်သွားခြင်းကို ခံခဲ့ရသည်။ လူတိုင်း ပျော်ရွှင်စွာဖြင့် အောင်ပွဲခံနေကြလေသည်။

"ပြီးသွားပြီလား။ ဒါဆို ငါတို့ ပြန်လို့ရပြီပေါ့"

လျိုနင်ရွှမ်းက သူမ၏ဝိုင်ခွက်ကို မော့ရင်း ပြောဆိုလိုက်သည်။

သူမ၏ လှပသောမျက်နှာလေးမှာ ပန်းရောင်သန်းနေလေ၏။

"မင်ယွဲ့လေး ဘယ်လိုနေလဲ မသိဘူး။ သူ ကျင့်ကြံတာရော မှန်မှန်လုပ်ရဲ့လား။"

ထိုအခါ လုရီက ခပ်ရေးရေးပြုံးလိုက်ကာ ဖြေလိုက်သည်။

"မထွက်ခွာခင်တုန်းက ဂျူနီယာညီမလေးအတွက် အရင်းအမြစ်တွေ အများကြီး ထားခဲ့တာပဲ။ သူ့ရဲ့ကျင့်ကြံမှုအခြေခံက အခုဆိုရင် အတော်လေး တိုးတက်နေလောက်ပါပြီ။"

လျိုနင်ရွှမ်းက ညင်သာစွာ ပြုံးလိုက်သည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့။"

ကျန်းရူယွီက လုရီ၏လက်မောင်းကို ဖက်လိုက်ပြီး ပြုံးစိစိဖြင့်

"ငါတော့ နတ်ဘုရားဓားဂိုဏ်းကို အခုချက်ချင်း

မပြန်သေးဘူး။ ငါ အိမ်မပြန်တာ နှစ်ပေါင်းများစွာကြာပြီ။ ငါ ချင်းကျိုးကို သွားမှာ။"

လျိုနင်ရွှမ်းက မျက်မှောင်ကြုတ်လိုက်ပြီး

"ရူယွီ၊ နင်နဲ့ ဂျူနီယာမောင်လေးက ဒီရက်ပိုင်းတွေမှာ နည်းနည်း ပိုရင်းနှီးနေသလိုပဲနော်။"

ကျန်းရူယွီ၏ ကိုယ်လေး တောင့်တင်းသွားပြီး အနေရခက်စွာ ရယ်မောလိုက်သည်။

"ဘာ... ဘာတွေပြောနေတာလဲ။ ဂျူနီယာမောင်နှမချင်း ရင်းရင်းနှီးနှီးနေတာ ပုံမှန်ပဲ မဟုတ်လား။ နင်လည်း အဲ့ဒီ ပုံမှန် မဟုတ်တဲ့

ဂျူနီယာ မောင်လေးနဲ့ ရင်းနှီးတာပဲ မဟုတ်လား။"

ယွင်ရှီးကမူ မျက်နှာအပြည့် အပြုံးပန်းပွင့်နေသော်လည်း စကားတစ်ခွန်းမျှမဆိုဘဲ သူမ၏ခွက်ထဲမှ ဝိုင်ကိုသာ တိတ်ဆိတ်စွာ သောက်သုံးနေ၏။

လုရီ၏ မျက်နှာမှာမူ ချွေးများဖြင့် စိုရွှဲနေတော့သည်။ သူတို့ ရင်းနှီးသွားသည်မှာ အမှန်ပင်။ နောက်ဆုံးတော့ သူတို့ အတွင်းကျကျ အတွေးချင်း ဖလှယ်ပြီးသွားကြပြီ မဟုတ်ပါလား။

လျိုနင်ရွှမ်းက မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး တစ်ခုခုမှားနေသည်ဟု ခံစားရသော်လည်း သူမ အတိအကျ မပြောနိုင်ပါ။

"အဲ့လိုလား။"

"ဟုတ်တယ်၊ ဟုတ်တယ်!" ကျန်းရူယွီက ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။

လျိုနင်ရွှမ်းက ထိုအကြောင်းကို ဆက်မတွေးရန် ဆုံးဖြတ်လိုက်ပြီး ညင်သာစွာပြုံးကာ

"ဒါဆိုရင် မနက်ဖြန် ခရီးဆက်ကြတာပေါ့။"

လုရီက ခေါင်းညိတ်လိုက်ပြီး "အင်း၊ ကျွန်တော်တို့ အရင်ဆုံး ဂိုဏ်းသားတွေနဲ့ အကြီးအကဲတွေကို သွားရှာပြီး အတူတူ ပြန်ကြမယ်။"

"ဟုတ်ပြီ။"

...

နောက်တစ်နေ့ နံနက်စောစောတွင် လုရီနှင့် သူ၏အဖော်သုံးဦးမှာ လဝန်းဝိညာဉ်မြို့မှ တိတ်တဆိတ် ထွက်ခွာခဲ့ကြသည်။

ယခုအချိန်အထိ၊ ကျော်ကြားလှသော လုရီသည် လဝန်းဝိညာဉ်မြို့တွင် တည်းခိုနေခဲ့သည်ကို မည်သူမျှ မသိရှိခဲ့ပေ။

ဖေးယွင်ချောင်းသည် လဝန်းဝိညာဉ်မြို့နှင့် အလွန်ဝေးကွာသော်လည်း လုရီနှင့် သူ၏အဖော်များ၏ အရှိန်အဟုန်ဖြင့် မြေအောက်လှိုဏ်ဂူသို့ ရောက်ရှိရန် ရက်အနည်းငယ်သာ ကြာမြင့်ခဲ့ပြီး ကျန့်ဖန်နှင့် အခြားသူများကို တွေ့ဆုံနိုင်ခဲ့သည်။

လုရီကို မြင်သောအခါ ကျန့်ဖန်၏မျက်နှာမှာ အပြုံးပန်းတစ်ပွင့် ပွင့်လန်းလာ၏။

"ဂျူနီယာညီလေးလု၊ ငါတို့ မင်းကို ဒီမှာ အချိန်ပြည့် စောင့်နေခဲ့တာ။ မင်း နည်းနည်းနောက်ကျနေပြီ။"

ထျဲ့မန်ကလည်း ရယ်မောလိုက်ပြီး "ငါသိသားပဲ။ ဂျူနီယာညီလေးလုရဲ့ စရိုက်နဲ့ဆိုရင် ချင်းကျိုးကို အတူတူပြန်ဖို့ ငါတို့ကို လာရှာမှာ သေချာတယ်လို့။"

အကြီးအကဲ ချီလင်က လျိုနင်ရွှမ်းကို မြင်သောအခါ ခေါင်းကို အဆက်မပြတ်ညိတ်ရင်း

"ကောင်းတယ်၊ ကောင်းတယ်။ မိန်းကလေးလျိုကလည်း အခုဆိုရင် အရမ်း အစွမ်းထက်လာပြီပဲ။ တကယ်ပဲ ကြောက်စရာကောင်းတဲ့ နောင်မျိုးဆက်တွေပါလား။"

တိမ်ဖြူဂိုဏ်းမှ အကြီးအကဲများမှာ အလွန်ကျေနပ်နေကြပြီး၊ နန်းကုန်းမိုယွီနှင့် အခြားသူများမှာမူ လျိုနင်ရွှမ်းနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ခြင်းကိုပင် ရပ်တန့်လိုက်ကြပြီး ထုံကျင်နေကြပြီဖြစ်သည်။

ဝမ်ကျန်းစံအိမ်နှင့် ပန်းတစ်သောင်းဂိုဏ်းမှ ကျင့်ကြံသူများမှာလည်း ကျန်းရူယွီနှင့် ယွင်ရှီးတို့ကို တွေ့ရသောအခါ အတိုင်းမသိ ဝမ်းမြောက်နေကြ၏။

မကြာမီမှာပင် လူအားလုံး ချင်းကျိုးသို့ ပြန်ရန် ခရီးကို အတူတကွ စတင်ခဲ့ကြပါတော့သည်။

အခန်း ၄၄၇- အင်မော်တယ်နယ်မြေကို ဖန်တီးခြင်း...

~ပင်လယ်မျိုးနွယ်များ ဆုတ်ခွာသွားပြီဖြစ်သောကြောင့် သူတို့၏ခရီးလမ်းမှာ အန္တရာယ်ကင်းရှင်းကာ အလွန်တရာ ငြိမ်းချမ်းသာယာနေလေ၏။မျိုးနွယ်များ ဆုတ်ခွာသွားပြီဖြစ်သောကြောင့် သူတို့၏ခရီးလမ်းမှာ အန္တရာယ်ကင်းရှင်းကာ အလွန်တရာ ငြိမ်းချမ်းသာယာနေလေ၏။

ခရီးတစ်လျှောက်တွင် လုရီသည် အခြားသော ပြည်နယ်ကြီးများမှ ကျင့်ကြံသူများ ပင်လယ်မျိုးနွယ်များ ယခင်က သိမ်းပိုက်ထားခဲ့သော စစ်မြေပြင်နေရာများသို့ ရွေ့လျားလာနေကြသည်ကို မြင်တွေ့ခဲ့ရသည်။

ထိုကျင့်ကြံသူများအားလုံးမှာ ယခင်က ထွက်ပြေးခဲ့ရသော ဂိုဏ်းများမှ တပည့်များဖြစ်ကြ၏။ ယခုအခါ ပင်လယ်မျိုးနွယ်များ ဆုတ်ခွာသွားပြီး ဆုံးရှုံးခဲ့သော နယ်မြေများကို ပြန်လည်ရရှိပြီဖြစ်သောကြောင့် ထိုတပည့်များမှာလည်း မိမိတို့၏ ဂိုဏ်းများကို ပြန်လည်ထူထောင်ရန် ပြန်လာကြခြင်းဖြစ်သည်။

လုရီ၏ အတွေးများက ချင်းကျိုးအတွင်းမှ ပြင်ပဂိုဏ်းများထံသို့ ရောက်ရှိသွားပြီး သူ၏မျက်ခုံးများက သိလိုစိတ်ဖြင့် အနည်းငယ် ပင့်တက်သွားသည်။ ထိုဂိုဏ်းများမှ ပညာရှင်များ မည်သို့နေကြပါလိမ့်။

နှစ်လအကြာတွင် လုရီနှင့် သူ၏အဖော်များ နောက်ဆုံးတွင် ချင်းကျိုးသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

ထို့နောက် ကျန်းရူယွီနှင့် ယွင်ရှီးတို့မှာ လုရီကို နှုတ်ဆက်ခဲ့ကြ၏။ အကြောင်းမှာ သူတို့သည် ဝမ်ကျန်းစံအိမ်နှင့် ပန်းတစ်သောင်းဂိုဏ်းမှ ကျင့်ကြံသူများကို ဦးစွာ အိမ်ပြန်ပို့ရန် လိုအပ်သောကြောင့် ဖြစ်သည်။

လုရီနှင့် လျိုနင်ရွှမ်းတို့မှာလည်း တိမ်ဖြူဂိုဏ်းမှ တပည့်များကို ဦးဆောင်ကာ မိမိတို့၏ ဂိုဏ်းသို့ ပြန်လာခဲ့ကြသည်။

ရင်းနှီးနေသော ဂိုဏ်းတံခါးကို မြင်သောအခါ

လုရီနှင့် လျိုနင်ရွှမ်းတို့သာမက ကျင့်ကြံသူအားလုံး၏ မျက်နှာများတွင် သက်ပြင်းချနိုင်သော အပြုံးများ ပေါ်ထွက်လာကြ၏။

အကြီးအကဲ ချီလင်က ရှုပ်ထွေးသော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။ "ဒီအဘိုးကြီးတော့ ဒီဘဝမှာ ဒီနေရာကို ပြန်တွေ့ရတော့မယ်လို့

မထင်ခဲ့ဘူး။"

စိတ်ခံစားလွယ်သော ကျင့်ကြံသူအများအပြားမှာ ထိုအခိုက်အတန့်တွင် မျက်ရည်များ မထိန်းနိုင်ဘဲ ကျဆင်းလာကြသည်။ စင်စစ်မှာတော့ သူတို့ ထွက်ခွာသွားစဉ်က အမှန်တကယ် အသက်ရှင်လျက် ပြန်လာနိုင်မည်လောဟု သိသူ အလွန်နည်းပါးခဲ့သည် မဟုတ်ပါလား။

တံခါးအပြင်ဘက်တွင် ဂိုဏ်းချုပ် ဝူချင်းဖုန်းနှင့် အခြားသူများမှာ အသင့်စောင့်ဆိုင်းနေကြ၏။ လုရီနှင့် အခြားသူများကို မြင်သောအခါ လူတိုင်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားပြီး ကြိုဆိုရန် အပြေးအလွှား ထွက်လာကြသည်။

ဝူချင်းဖုန်းက ပြုံးရင်း အားရဝမ်းသာ ပြောလာ၏။

"အားလုံးပဲ၊ အိမ်ကို ပြန်လာတာကို ကြိုဆိုပါတယ်ကွာ"

သူ့နောက်တွင် တိမ်ဖြူဂိုဏ်းမှ တပည့်အမြောက်အမြားလည်း ရှိနေပြီး၊ လုရီနှင့် အခြားသူများကို မြင်သောအခါ အောင်ပွဲခံ အော်ဟစ်နေကြသည်။

တပည့်အဖွဲ့တစ်ခုလုံးနှင့် တိမ်ဖြူဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲများအားလုံး သူတို့ကို ကြိုဆိုရန် ထွက်လာကြခြင်းဖြစ်သည်။

ခရမ်းရောင် မိုးကြိုးအလင်းတန်းတစ်ခု ကောင်းကင်ကို ဖြတ်ကာ ရိပ်ခနဲ ပျံသန်းလာပြီး လုရီရှေ့သို့ ရောက်သည်နှင့် သူ့ကို ဖက်လိုက်သည်။

"စီနီယာအစ်ကိုကြီး... နောက်ဆုံးတော့ ပြန်လာပြီပေါ့"

ထိုသူမှာ သုန်းကုန်းမင်ယွဲ့ပင် ဖြစ်သည်။

လုရီက တောက်ပစွာပြုံးရင်း ခေါင်းညိတ်လိုက်ပြီး သုန်းကုန်းမင်ယွဲ့၏ ဆံပင်ကို ချစ်ခင်စွာ ပွတ်သပ်လိုက်သည်။

"အင်း... မင်းရော ဘယ်လိုလဲ။ ဒီရက်ပိုင်းတွေမှာ ကျင့်ကြံတာ မှန်မှန်လုပ်ရဲ့လားကွ။"

သုန်းကုန်းမင်ယွဲ့က သူမ၏ နှာခေါင်းလေးကို ရှုံ့လိုက်ပြီး

"ကျင့်ကြံတာပေါ့။ အရမ်း ကြိုးစားပြီး ကျင့်ကြံနေတာ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ဟင်းလင်းပြင်ဥမင် အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တာ!"

လုရီမှာ ထိုအချက်ကို သဘာဝအတိုင်း ခံစားသိရှိခဲ့ပြီးဖြစ်ရာ သူက ကျေနပ်စွာဖြင့် ခေါင်းညိတ်ကာ ကျယ်လောင်စွာ ပြုံးလိုက်သည်။

သုန်းကုန်းမင်ယွဲ့က ဂုဏ်ယူစွာဖြင့် သူမအနားမှ လျိုနင်ရွှမ်းကို တစ်ချက်ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။

"ဟွန့်! ငါလည်း အခု ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူပဲ။ ယုတ်မာတဲ့ စီနီယာအစ်မ၊ စောင့်နေလိုက်၊ ရက်အနည်းငယ်အတွင်း ရှင့်ကို ကျွန်မ နှိမ်နင်းပြမယ်!"

လျိုနင်ရွှမ်းက သုန်းကုန်းမင်ယွဲ့ကို တစ်ချက်ကြည့်လိုက်၏။ သူမ၏မျက်နှာမှာ တည်ငြိမ်အေးစက်နေပြီး ပြန်လည် ပြောဆိုလိုက်လေ၏။

"ငါက ဟင်းလင်းပြင်ဥမင်အထွတ်အထိပ်ကို ရောက်နေပြီ။"

သုန်းကုန်းမင်ယွဲ့: "???"

သုန်းကုန်းမင်ယွဲ့မှာ အံ့အားသင့်ကာ ကျောက်ရုပ်ကြီးပမာ တောင့်တင်းသွားတော့သည်။

ထိုစဉ်

"ရီအာ..."

လုရီ ရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရပြီး ခေါင်းလှည့်ကြည့်လိုက်ရာ အဘိုးကြီးလုနှင့် ဝမ်စီးချီတို့ ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။

သူတို့အနားတွင် ဂိုဏ်း ပြင်ပ ဆောင် အကြီးအကဲနှစ်ဦးဖြစ်သော တုကူးဖန်နှင့် ချီဖေးယွီတို့လည်း ပါလာပါသည်။

လုရီက ရယ်မောလိုက်ပြီး

"အဘိုးကြီးလု၊ အမေ၊ ကျွန်တော်ပြန်လာပြီ နော်။"

"ကောင်းတာပေါ့"

လုကောင်းယန်က ခေါင်းကို အသာညိတ်ရင်း လိုအပ်သည်ထက် ပိုမပြောပေ။

သူ့ဘေးတွင် ဝမ်စီးချီမှာ ဆူပူတော့သည်။

"ရီအာ၊ နင်က တကယ်ပဲ... ဟင်းလင်းပြင်ဥမင်အဆင့်လေးနဲ့ မဟာယာနအဆင့်ကို သွားတိုက်ခိုက်ရတယ်လို့၊ နင်က တကယ်ပဲ အသက်ရှည်မယ့်ပုံမပေါ်ဘူး!"

လုရီသည် အရှေ့အလင်းမြို့၌ မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးနှင့် အမှန်တကယ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသောအခါ လုကောင်းယန်နှင့် ဝမ်စီးချီတို့မှာ ဂုဏ်ယူခြင်းထက် စိုးရိမ်ပူပန်ခဲ့ကြရသည်။

လုရီသည် သူ့အမေ၏ စိုးရိမ်ပူပန်မှုများကို နားလည်ပြီး အနေရခက်စွာ ရယ်မောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော် ဘာမှမဖြစ်ခဲ့ဘူးလေ၊ ဟုတ်တယ်မလား။ ပြီးတော့ ဒါက မဟာယာနအဆင့်လောက်ပဲဟာ၊ ကျွန်တော့်အတွက်တော့ သိပ်အရေးမကြီးပါဘူး။"

အားလုံး: "..."

ဝမ်စီးချီက မျက်လုံးကိုလှန်လိုက်ပြီး

အရှူံပေးလိုက်တော့၏။

"နင်က အစွမ်းထက်တာကိုး၊ ငါတို့လည်း နင့်ကို ဘာမှ ပြောလို့ မရတော့ပါဘူး။"

"ဘယ်လိုလုပ် အဲ့လိုဖြစ်ရမှာလဲ။ မေမေက

ကျွန်တော့်အမေပဲဟာ။" လုရီက ရယ်ကျဲကျဲဖြင့် ပြန်ဖြေ၏။

သူ့အနားတွင်ရပ်နေသော လျိုနင်ရွှမ်းနှင့်

သုန်းကုန်းမင်ယွဲ့တို့ကလည်း အလျင်အမြန် နှုတ်ဆက်ကြသည်။

"ဦးလေးလု၊ အဒေါ်ချီ" ဟု လျိုနင်ရွှမ်းက ဆိုလိုက်ရာ သူမ၏ ပုံမှန်အေးစက်သော အသံတွင် နွေးထွေးမှုအရိပ်အယောင်များ ပါဝင်နေပြီး၊ သုန်းကုန်းမင်ယွဲ့မှာမူ ပျားရည်ကဲ့သို့ ချိုသာနေတော့သည်။

လုရီ၏ စီနီယာအစ်မနှင့် ဂျူနီယာညီမလေးများအဖြစ် နှစ်ဦးလုံးမှာ လုကောင်းယန်နှင့် ဝမ်စီးချီတို့ကို တွေ့ဆုံဖူးပြီးဖြစ်သည်။

သို့တိုင် သူတို့သည် ရိုသေလေးစားမှုကို ပြသနေဆဲပင်။

ချက်ချင်းပင် ဝမ်စီးချီ၏ အပြုံးမှာ ပိုမိုအရောင် လက်သွားပြီး နှစ်ဦးနှင့်အတူ မိသားစုအရေးအကြောင်းများကို စတင်စကားစမြည်ပြောဆိုတော့သည်။

လုကောင်းယန်က တောက်ပစွာပြုံးနေသော

လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်၏။

ဤလမ်းကို လျှောက်ဖူးသူ တစ်ယောက်အနေဖြင့် မိန်းကလေးတို့၏ အပြုံးများနောက်ကွယ်မှ ရည်ရွယ်ချက်များကို နားလည်သော်လည်း၊ သူသည် ထပ်မံမှတ်ချက် မပေးရန် ရွေးချယ်လိုက်သည်။

သူက လုရီကို ကြည့်လိုက်ပြီး ညည်းညူလေသည်။

"ဒီညတော့ အိမ်ပြန်ကြရအောင်။ မင်းထွက်သွားတာ ဆယ်စုနှစ်တစ်ခုကျော်ပြီ၊ မင်းအမေက ငါ့ကို နေ့တိုင်းနားပူနားဆာလုပ်လွန်းလို့ ငါ့နားတွေတောင် ထုံနေပြီကွာ။"

"အဘိုးကြီးလု! ရှင် ဘာပြောလိုက်တယ်!" အမြဲတမ်း စိတ်ဓာတ်ပြင်းထန်သော ဝမ်စီးချီ သူမ ယောက်ျားအား မျက်စောင်းခဲ၍ ကြည့်လိုက်လေသည်။

ထိုအခါ လုကောင်းယန်က တည်ကြည်လေးနက်စွာဖြင့်

ပြန်ပြောသည်။

"ဪ၊ ငါ အိပ်မက်မက်နေတာ ဖြစ်မယ်..ဟားဟား။"

ဝမ်စီးချီကမူ ပြုံးရွှင်စွာဖြင့် လျိုနင်ရွှမ်းနှင့်

သုန်းကုန်းမင်ယွဲ့တို့၏ လက်ကိုကိုင်ကာ

ဖိတ်ခေါ်လိုက်တော့၏။

"နင်ရွှမ်း၊ မင်ယွဲ့၊ ဒီည အိမ်မှာ ထမင်းလာစားကြပါလား။"

လျိုနင်ရွှမ်းက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့။"

သုန်းကုန်းမင်ယွဲ့က ဝမ်စီးချီ၏ လက်ကိုဖက်ရင်း

"ဒါဆိုရင် မင်ယွဲ့က အဒေါ် စီးချီရဲ့ ဝက်သားနှပ် စားချင်တယ်..."

ဝမ်စီးချီက လုရီကို တစ်ချက်ကြည့်လိုက်ပြီး

"ဒီကောင်လေးက ဝိညာဉ်အစားအစာစားဖိုမှူး မဟုတ်ဘူးလား။ သူက ငါ့ထက်တောင် ပိုအရသာရှိအောင် ချက်တတ်တာ မဟုတ်ဘူးလား။"

"ဟင့်အင်း...မင်ယွဲ့က အဒေါ် စီးချီ ချက်တာကိုပဲ ပိုကြိုက်တာရှင့်" ဟု သုန်းကုန်းမင်ယွဲ့က ပျော်ရွှင်စွာ ပြန်ဖြေ၏။

ဝမ်စီးချီ၏ အပြုံးမှာ နေရောင်ခြည်ကဲ့သို့ တောက်ပနေပြီး၊ လျိုနင်ရွှမ်းကမူ မယုံနိုင်စွာ ရယ်မောလိုက်ရင်း သုန်းကုန်းမင်ယွဲ့ထံသို့ စိတ်စွမ်းအင်ဖြင့် "မြှောက်လုံးလေး" ဟု လှမ်းပြောလိုက်သည်။

သုန်းကုန်းမင်ယွဲ့၏ အပြုံးမှာ ချက်ချင်းပင် တောင့်တင်းသွားတော့သည်။

လုရီ၏ ဆက်နွှယ်မှုကြောင့် အဘိုးကြီးလုနှင့် မေမေတို့မှာ တိမ်ဖြူဂိုဏ်းတွင် အထူးအဆင့်အတန်းတစ်ခု ရရှိထားပြီး၊ ဝူချင်းဖုန်းနှင့် အခြားသူများပင်လျှင် သူတို့ကို အဆင့်တူများအဖြစ် ဆက်ဆံကြ၏။

"ညီတော်လု၊ နောက်မှ တူတစ်စုံလောက် ပိုထည့်ပေးဦး။ ကျွန်တော်လည်း ပျော်ပွဲထဲ ဝင်နွှဲချင်လို့။"

ဂိုဏ်းချုပ် ဝူချင်းဖုန်းကလည်း ပြုံးရယ်သော မျက်နှာထားဖြင့် လုကောင်းယန်အား တောင်းဆိုလာသည်။

ဘေးတွင်ရပ်နေသော အကြီးအကဲမင်ကလည်း ပြုံးရင်း

"ဒီလိုဆိုရင်တော့ ဒီအဘိုးကြီးလည်း ဝိုင်တစ်ခွက်လောက်တော့ သောက်ချင်သား။"

တစ်ဦးပြီးတစ်ဦး၊ တိမ်ဖြူဂိုဏ်းမှ အဆင့်မြင့်ပုဂ္ဂိုလ်များမှာ ရယ်မောရင်း ကမ်းလှမ်းလာကြသည်။

လုကောင်းယန်ကလည်း ပြုံးရင်း သဘောတူလိုက်ပါတော့သည်။

ရယ်မောပြောဆိုရင်း အုပ်စုလိုက် ဂိုဏ်းပြင်မိသားစုအိမ်သို့ ပြန်လာကြပြီး၊ ဂိုဏ်းချုပ်ဝူချင်းဖုန်း၊ အကြီးအကဲမင်၊ အကြီးအကဲရွှမ်၊

အကြီးအကဲလျိုကျန်းယန်၊ အကြီးအကဲချီလင်နှင့် အခြားသူများလည်း အတူတကွ လိုက်ပါလာခဲ့ကြလေသည်။

All Chapters