အခန်း (၄၄၈-၄၅၀)
Vol. 30 Ch. 448-450
အခန်း ၄၄၈- အင်မော်တယ်နယ်မြေကို ဖန်တီးခြင်...
~လုရီနှင့် ရင်းနှီးသော ကျန့်ဖန်၊ နန်းကုန်းမိုယွီနှင့် သူငယ်ချင်းအချို့ပင်လျှင် မျက်နှာပြောင်တိုက်ကာ လုရီ၏အိမ်တွင် ဝင်ထိုင်လိုက်ကြ၏။
ထိုအခါ ဝမ်စီးချီက ခါးထောက်လိုက်ပြီး
အားမနာတမ်း အမိန့်ပေးလိုက်တော့သည်။
"ရီအာ၊ ဒီနေ့ လူတွေအများကြီးပဲ၊ နင်ပဲ ချက်လိုက်တော့။"
ထျန်းမင်တစ်ခုလုံးတွင် လုရီအား ဤသို့အမိန့်ပေးရဲသူမှာ များများစားစား မရှိတော့ပေ။
အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံမှုဖြင့် သူ့အား ဤသို့ခိုင်းစေရဲသူမှာ သူမ တစ်ယောက်သာ ရှိပေလိမ့်မည်။
ထိုစကားကို ကြားလိုက်ရသောအခါ
လုရီ၏မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွား၏။
သူက မျှော်လင့်တကြီး စောင့်မျှော်နေသော လူအုပ်ကြီးကို ကြည့်လိုက်ပြီး အကြပ်ရိုက်စွာ မြည်တွန်လိုက်သည်။
"ခင်ဗျားတို့အားလုံးက ဘာလုပ်နေကြတာလဲ၊ ဒီမှာလာစုပြီးတော့..."
သူက မိခင် ချက်ကျွေးမည့် အစားအစာကို မျှော်လင့်တကြီးဖြင့် အိမ်ပြန်လာခဲ့ခြင်းဖြစ်သော်လည်း ယခုတော့ သူကိုယ်တိုင် ချက်ရမည့်ကိန်း ဆိုက်နေလေပြီ။
ထိုအခါမှာ နန်းကုန်းမိုယွီက ပြုံးစိစိဖြင့် မြှောက်ပေးလိုက်၏။
"ညီလေးလု၊ ငါတို့ မင်းရဲ့ဝိညာဉ်အစားအစာလေးတွေ မစားရတာ အတော်ကြာပြီ။ ကူညီပါဦးကွာ။"
ထိုအခါ အခြားသူများကလည်း တစ်ယောက်တစ်ပေါက်ဖြင့် ဝိုင်းဝန်းထောက်ခံကြတော့သည်။
လုရီမှာ စကားမပြောနိုင်တော့ဘဲ ပေါင်းစည်းခြင်းနယ်ပယ်အဆင့် ရေနက်နဂါးအသားတုံးကြီးတစ်တုံးကို ထုတ်ယူကာ ကင်ရန်ပြင်ဆင်လိုက်ရတော့သည်။ ဤသည်မှာ အလွယ်ကူဆုံး လုပ်ဆောင်နိုင်သည့် အရာပင်ဖြစ်၏။
ယခင်က ရရှိထားသော ဝိညာဉ်ဝိုင်များနှင့် ပေါင်းစပ်လိုက်သောအခါ၊ ဤစားပွဲတွင် ကျင့်ကြံသူအများစုမှာ အနည်းငယ်မျှသာ စားသုံးနိုင်ခဲ့ကြသည်။ ဟင်းလင်းပြင်ဥမင်အဆင့် ကျင့်ကြံသူများဖြစ်သော အကြီးအကဲမင်၊ အကြီးအကဲလျိုကျန်းယန်နှင့် အဆင့်တက်ကာစ ဂိုဏ်းချုပ်
ဝူချင်းဖုန်းတို့သာလျှင် အနည်းငယ်ပို၍ စားသုံးနိုင်ခဲ့၏။ အများစုကိုမူ လုရီ၊ လျိုနင်ရွှမ်းနှင့်
သုန်းကုန်းမင်ယွဲ့တို့ကသာ စားသုံးခဲ့ကြလေသည်။
ညစာ စားပြီးနောက် လုရီက ထိုလူအားလုံးကို ရှင်းလင်းလိုက်တော့သည်။
သူသည် အိမ်တွင် တစ်ညတာ အချိန်ကုန်ဆုံးခဲ့ပြီးမှသာ လုရီ၊ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ လင်းလောင်တောင်ထိပ်သို့ ပြန်တက်ခဲ့ကြသည်။
ထိုအခါ လျိုနင်ရွှမ်းက လုရီကို မျက်နှာမူကာ အကြံပြုလိုက်သည်။
"ဂျူနီယာမောင်လေး၊ ဆရာနဲ့ အရင် သွားတွေ့ကြရအောင်။"
လုရီက ခေါင်းညိတ်လိုက်၏။
သူ ပြန်လာပြီးနောက် သူမထံ အလည်မလာဟု ညည်းညူခဲ့သော အအိပ်ကြူးတစ်ယောက်ကို သူ အမှတ်ရနေသေးသည်။
သုန်းကုန်းမင်ယွဲ့သည် လင်းလောင်တောင်ထိပ်သခင်မထံ သွားရောက်ရန် မလိုသော်လည်း၊
လုရီနှင့် အချိန်အတော်ကြာ မတွေ့ခဲ့ရသောကြောင့် လုရီကို အလွန်တရာ သတိရနေပြီး လုရီအနားမှ မခွာဘဲ တွယ်ကပ်နေချင်မိ၏။
ထို့ထက် ပိုသည်မှာ သူမသည် လျိုနင်ရွှမ်းအား သွားဖြဲပြလိုက်၊ မျက်နှာပြောင်ပြလိုက် လုပ်နေသေးသည်။
လျိုနင်ရွှမ်းက သူမကို ခပ်ဖျော့ဖျော့ တစ်ချက်ကြည့်လိုက်ရင်း ကိုယ်မှ အေးစက်သောလေအေးမျှင်များ လှည့်ပတ်လာသောအခါမှ
သုန်းကုန်းမင်ယွဲ့မှာ ငြိမ်သက်သွားတော့သည်။
...
သုံးဦးသား လင်းလောင်တောင်ထိပ်ရှိ ဝါးအိမ်ရှေ့သို့ ရောက်ရှိလာပြီး လုရီက အော်ခေါ်လိုက်၏။
"ဆရာ၊ တပည့် ပြန်လာပါပြီ။"
ခဏအကြာတွင် ဝါးအိမ်၏တံခါး ပွင့်လာပြီး လင်းလောင်တောင်ထိပ်သခင်မမှာ ပွယောင်းယောင်း အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော လက်မောင်းများနှင့် ပေါင်တံများမှာ လေထဲတွင် ပေါ်လွင်နေပြီး၊ သူမ၏ နူးညံ့သော ညှပ်ရိုးများကိုပင် လုရီ မြင်နေရ၏။
သူမသည် အနားယူကုလားထိုင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေလေသည်။ ပုံမှန်နှင့်မတူဘဲ သူမ၏မျက်နှာတွင် အိပ်ချင်မူးတူးဖြစ်နေဟန်မရှိဘဲ စိုးရိမ်ပူပန်မှုများဖြင့် တွန့်ချိုးနေသည်ကို တွေ့လိုက်ရသည်။
လုရီမှာ အံ့အားသင့်သွားသည်။
နေ့စဉ် စားလိုက်အိပ်လိုက်ဖြင့်သာ အချိန်ကုန်ဆုံးနေသော၊ ဝက်နှင့်ပင် များစွာ မခြားနားတော့သည့် သူ၏ ဆရာသခင်သည် အမှန်တကယ်ပင် ပူဆွေးသောကကဲ့သို့သော ခံစားချက်မျိုး ခံစားတတ်ပါသည်တဲ့လား။
လုရီမှာ မယုံနိုင်လောက်အောင် ထိတ်လန့်သွား၏။
လုရီသာမကဘဲ၊ သူ့အနားမှ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ပင်လျှင် ဤအချက်ကို သတိပြုမိကြပြီး အံ့အားသင့်စွာဖြင့် အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။
ခဏမျှ စဉ်းစားပြီးနောက် လုရီက စူးစမ်းလိုက်သည်။
"ဆရာ၊ ဘာများ အခက်အခဲတွေ့နေလို့လဲဗျ။"
လင်းလောင်တောင်ထိပ်သခင်မက လုရီကို တစ်ချက်ကြည့်လိုက်ပြီး လက်တစ်ဖက်ဖြင့် ပါးကိုထောက်ကာ သက်ပြင်းချလိုက်၏။
"နင့်ကို ပြောပြလည်း နင် နားလည်မှာ မဟုတ်ပါဘူး။"
လုရီက အကြပ်ရိုက်သွားကာ ချေပလိုက်သည်။
"ဆရာက မပြောပြရင် တပည့်က ပိုပြီး နားလည်မှာ မဟုတ်ဘူးလေ။"
ထိုအခါ လင်းလောင်တောင်ထိပ်သခင်မက လုရီထံသို့ လက်ညှိုးတစ်ချက်ယမ်းလိုက်၏။
ချက်ချင်းပင်၊ "ဖြောင်း" ဟူသောအသံက သူ့နဖူးပေါ်တွင် ထွက်ပေါ်လာပြီး နာကျင်လွန်းသောကြောင့် လုရီမှာ ခေါင်းကိုကိုင်ကာ မျက်နှာရှုံ့မဲ့လျက် ထိုင်ချလိုက်ရသည်။
လင်းလောင်တောင်ထိပ်သခင်မက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
"အင်း... အရင်ခံစားချက်အတိုင်းပဲ။"
လုရီမှာ ချက်ချင်းပင် ဒေါသထွက်သွားပြီး မိမိ၏ ဆရာကို သုန်မှုန်စွာ ကြည့်လိုက်တော့သည်။
ကျစ်! ယခုအချိန်အထိ၊ ဤပုဂ္ဂိုလ်သည် မည်မျှအားကောင်းသည်ကို သူ မခံစားနိုင်သေးပေ။
သူမကို အနိုင်ယူရန် အခွင့်အရေး လုံးဝမရှိ။
ဒီရန်ငြိုးကို ငါမှတ်ထားမယ်။ ငါအင်မော်တယ်အဖြစ် တက်လှမ်းပြီးသွားရင် ဆရာ့ကို မြေပေါ်မှာ ဖိပြီး နဖူးကို ပြန်တောက်ပြမယ်။
လုရီ၏ နှလုံးသားထဲတွင် လောင်နေတော့သည်။
ထိုအခါမှ လင်းလောင်တောင်ထိပ်သခင်မက စကားစလာ၏။
"စကားမစပ်၊ ကောင်စုတ်လေး၊ နောက်ခဏနေရင် နင့်ဆရာ အိမ်နဲ့ဝေးရာကို ခရီးတစ်ခုထွက်ရတော့မယ်။ လင်းလောင်တောင်ထိပ်ကနေ ခဏလောက် ထွက်သွားလိမ့်မယ်။"
"ဟင်?!"
လုရီနှင့် အခြားသူများမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။ လုရီက လင်းလောင်တောင်ထိပ်သခင်မကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဆရာ...ဆရာက တကယ်ပဲ လင်းလောင်တောင်ထိပ်ကနေ ထွက်သွားတော့မလို့... မဟုတ်ဘူး၊ ဆရာက တကယ်ပဲ လင်းလောင်တောင်ထိပ်ကနေ ဆင်းတော့မလို့လား။ အသက်အန္တရာယ်နဲ့ ကြုံတွေ့နေရလို့ ထွက်ပြေးဖို့ ကြံစည်နေတာလား။"
ဝါးအိမ်ထဲမှ ခြေတစ်လှမ်းပင် မခွာသော ဤပုဂ္ဂိုလ်သည် အဝေးသို့ ခရီးသွားမည်တဲ့လား။
လုရီ မယုံနိုင်ပေ။
သုံးဦးသား၏ ထိတ်လန့်နေသော အမူအရာများကိုမြင်သောအခါ လင်းလောင်တောင်ထိပ်သခင်မက မျက်မှောင်ကြုတ်လိုက်ပြီး လုရီအား မကျေမနပ်ဖြင့် တစ်ချက်ကြည့်ကာ သူ့နဖူးကို အဆက်မပြတ် တောက်လိုက်တော့သည်။
"ဘာလဲ၊ နင်က နင့်ဆရာကို ဘာထင်နေတာလဲ.. နင့်သခင်က စားလိုက်အိပ်လိုက်နဲ့ အလကားနေ အလကားစားနေတဲ့သူလို့ ထင်နေတာလား။"
မဟုတ်ဘူးလား။
လုရီက တိတ်တဆိတ် တွေးလိုက်သော်လည်း၊ သူ့နဖူးပေါ်မှ နာကျင်မှုကြောင့် အလျင်အမြန် ဖြေရှင်းချက်ပေးလိုက်ရသည်။
"ဆရာ၊ တပည့်က စော်ကားတဲ့အဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ပါဘူး။ ရုတ်တရက်မို့လို့ အံ့ဩသွားတာပါ။"
လင်းလောင်တောင်ထိပ်သခင်မက လုရီ၏နဖူးကို အကြိမ်အနည်းငယ် ထပ်တောက်လိုက်ပြီးမှ ကျေနပ်စွာဖြင့် ဟွန်းခနဲ နှာမှုတ်ကာ လက်ကို ပြန်ရုပ်သိမ်းလိုက်၏။
လုရီမှာ သူ့နဖူးကြီး ယောင်ကိုင်းလာပြီဟု ခံစားနေရသည်။ သူ မျက်နှာကိုရှုံ့မဲ့လိုက်ပြီးနောက် သိလိုစိတ်ဖြင့် စူးစမ်းလိုက်သည်။
"ဆရာ၊ ဘာလို့ ရုတ်တရက်ကြီး ခရီးရှည်ထွက်ဖို့ စီစဉ်တာလဲဗျ။"
ထိုအခါ လင်းလောင်တောင်ထိပ်သခင်မက ဝမ်းနည်းစွာ သက်ပြင်းချလိုက်၏။
"နင်နားလည်မှာ မဟုတ်ပါဘူး။ ဒါ နင့်ကိစ္စလည်း မဟုတ်ဘူး။"
လုရီမှာ အကူအညီမဲ့စွာဖြင့် မေးလိုက်ရသည်။
"ဒါဆို ဆရာ ဘယ်သွားမှာလဲ။ ပြီးတော့ ဘယ်တော့ ပြန်လာဖို့ စီစဉ်ထားလဲ။"
သူ၏ဆရာသည် အင်မော်တယ်အဆင့် ဖြစ်တည်မှုတစ်ခုဖြစ်ပြီး တိမ်ဖြူဂိုဏ်း၏ တည်ငြိမ်စေသော မဏ္ဍိုင်ကြီးဖြစ်ကြောင်း လုရီမှာ သေချာနေ၏။ ယခုအခါ ထိုမဏ္ဍိုင်ကြီးက ထွက်ခွာတော့မည်ဖြစ်ရာ သူသည် အမှန်တကယ်ပင် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေမိသည်။ သူ၏အစွမ်းသည် ယခုအခါ ကြီးမားလာပြီဖြစ်သော်လည်း၊ သူသည် ယုံကြည်မှု များစွာမရှိသေးပေ။
လင်းလောင်တောင်ထိပ်သခင်မက ပြန်ဖြေလေသည်။
"အိမ်ကို ခဏပြန်မှာ။ တိုရင် တစ်နှစ်၊ ရှည်ရင် အနှစ်တစ်ရာပေါ့။"
လုရီနှင့် အခြားသူများမှာ ထိတ်လန့်သွားကြ၏။ သုန်းကုန်းမင်ယွဲ့ကပင် စိုးရိမ်စွာ မေးလိုက်သည်။
"ဆရာ၊ အဲ့လောက်ကြာကြီး ထွက်သွားမလို့လား။"
လင်းလောင်တောင်ထိပ်သခင်မက အတည်ပြုလိုက်၏။
"သိပ်မကြာပါဘူး..."
ထို့နောက် သူမက လုရီထံသို့ ကြည့်လိုက်သည်။
"မကောင်းဆိုးဝါးလေး၊ နင်က အခု ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူဖြစ်နေပြီ။ နင့်အစွမ်းကလည်း အားကောင်းတယ်။ ငါမရှိတဲ့အချိန်မှာ တိမ်ဖြူဂိုဏ်းကို နင်ပဲ တာဝန်ယူရလိမ့်မယ်။ ဟုတ်ပါတယ်၊ ကာကွယ်နိုင်ရင် ကာကွယ်ပေါ့၊ ဒါပေမဲ့ မကာကွယ်နိုင်ရင်တော့ နင့်အသက်က ပိုအရေးကြီးတယ် နော်။"
အခန်း ၄၄၉-အင်မော်တယ်နယ်မြေကို ဖန်တီးခြင်း...
~ထိုစကားကို ကြားသောအခါ လုရီ၏အမူအရာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားပြီး ခေါင်းညိတ်လိုက်သည်။
"တပည့် နားလည်ပါပြီ။"
လင်းလောင်တောင်ထိပ်သခင်မက အသာအယာခေါင်းညိတ်လိုက်ပြီး လက်ဝေ့ယမ်းလိုက်၏။
"ကဲ၊ မင်းတို့ အခုပြန်ပြီး ကျင့်ကြံတာကို အာရုံစိုက်ကြတော့။ ရက်အနည်းငယ်အတွင်းမှာ ထျန်းမင်တစ်ခုလုံး မတည်မငြိမ်ဖြစ်လာနိုင်တယ်။"
ထိုစကားကြောင့် လုရီနှင့် အခြားနှစ်ဦးမှာ အံ့အားသင့်သွားကြပြီး လုရီက မေးခွန်းထုတ်လိုက်သည်။
"ဘာလို့ မတည်မငြိမ်ဖြစ်လာမှာလဲ။"
လင်းလောင်တောင်ထိပ်သခင်မက လက်ကို ဝေ့ယမ်းကာ ပယ်ချလိုက်သည်။
"အဲ့ဒါက အခု မင်းတို့ စိတ်ပူရမယ့်ကိစ္စ မဟုတ်ဘူး။ မြန်မြန်ကျင့်ကြံပြီး အမြန်ဆုံး အင်မော်တယ်အဖြစ် တက်လှမ်းဖို့ပဲ ကြိုးစား။"
ထို့နောက် သူမက သုံးဦးသားကို ဝါးအိမ်အပြင်ဘက်သို့ ရွှေ့ပစ်လိုက်သည်။
ဝါးအိမ်အပြင်ဘက်တွင်ရပ်ရင်း ပိတ်ထားသောတံခါးကို ကြည့်ကာ သုံးဦးသား အချင်းချင်း မျက်နှာချင်းဆိုင်ကြည့်လိုက်ကြ၏။
သုန်းကုန်းမင်ယွဲ့က ခေါင်းကိုကုတ်လိုက်ပြီး အနည်းငယ် စိတ်ပျက်စွာဖြင့် ညည်းညူလာသည်။
"ဒါနဲ့ ဆရာ ပြောတဲ့ 'မတည်မငြိမ်' ဖြစ်မယ့်အခြေအနေက တကယ်တော့ ဘာကိုဆိုလိုတာလဲ။ ဆရာက စကားကို ဘယ်တော့မှ အဆုံးထိ
မပြောဘူး၊ တကယ်ပဲ စိတ်ညစ်ဖို့
ကောင်းလိုက်တာ။"
လျိုနင်ရွှမ်းကမူ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် အေးစက်တည်ငြိမ်သော အမူအရာဖြင့် အကြံပြု၏။
"ကျင့်ကြံတာကိုပဲ ကောင်းကောင်း အာရုံစိုက်လိုက်ပါ။ အစွမ်းအလုံအလောက်ရှိရင် ဘယ်လိုအန္တရာယ်မျိုးနဲ့ပဲ ကြုံတွေ့ရပါစေ၊ အန္တရာယ်ကင်းကင်းနဲ့ ဖြတ်ကျော်နိုင်မှာပါ။"
ထိုအခါ လုရီက ထောက်ခံလိုက်သည်။
"စီနီယာအစ်မ ပြောတာမှန်တယ်။ ကျင့်ကြံဖို့ ပြန်ကြရအောင်။"
ထိုအခါ သုန်းကုန်းမင်ယွဲ့လည်း ခေါင်းညိတ်လိုက်ပြီးနောက် အနီးအနားမှ ဝိညာဉ်ရေကန်ကို သတိပြုမိသွားကာ တိုက်တွန်းလိုက်သည်။
"စကားမစပ်၊ စီနီယာ အစ်ကိုကြီးတို့ နှစ်ပေါင်းများစွာ အပြင်မှာ တဝဲလည်လည် သွားလာနေခဲ့တာ၊ အရင်ဆုံး ရေချိုးလိုက်ကြပါလား။"
သူမ၏စကားကြောင့် လုရီနှင့် လျိုနင်ရွှမ်းတို့ ခေတ္တရပ်တန့်သွားပြီး အချင်းချင်း တစ်ချက်ကြည့်လိုက်ရင်း နှစ်ဦးလုံးမှာ အတော်လေး စိတ်ဝင်စားသွားကြသည်။
လျိုနင်ရွှမ်းက အစပြုလိုက်၏။
"ဒါဆိုရင် အရင်ဆုံး ရေချိုးပြီး ပင်ပန်းနွမ်းနယ်မှုတွေကို ဆေးကြောလိုက်ကြရအောင်။ ပြီးမှ ကျင့်ကြံဖို့ ပြန်ကြတာပေါ့။"
ထို့နောက် သူမသည် ဝိညာဉ်ရေကန်ဘက်သို့ လျှောက်သွား၏။
သုံးဦးသား ပျော်ရွှင်စွာ ရေချိုးပြီးနောက် လင်းလောင်တောင်ထိပ်မှ ဆင်းသက်ကာ မိမိတို့၏ သက်ဆိုင်ရာ ဂူစံအိမ်များသို့ ပြန်သွားကြသည်။
....
လုရီသည် သူ၏ဂူစံအိမ်သို့ မပြန်သေးဘဲ၊ ရှေးဦးယန်သစ်ပင်၊ ယွမ်ယင်သစ်ပင်နှင့် ဉာဏ်အလင်းလက်ဖက်ပင်တို့ကို ဦးစွာ စစ်ဆေးကြည့်ရှုလိုက်သည်။ ဤအဖိုးတန်ရတနာများသည် လွန်ခဲ့သောနှစ်များအတွင်း သူ ကောင်းစွာ မစောင့်ရှောက်နိုင်ခဲ့သော်လည်း ကောင်းမွန်စွာ ကြီးထွားနေဆဲဖြစ်၏။
ဟုတ်ပါသည်၊ သူ၏ ဆရာက သူ့ကိုယ်စား ပြုစုစောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်နိုင်သည်။
ရာရှိုမွန်ရှေးဟောင်းသစ်ပင်သည်လည်း ကောင်းစွာကြီးထွားနေသည်။ လုရီ၏ ဂူစံအိမ်အတွင်းမှ ဝိညာဉ်စွမ်းအင်မှာ အလွန်သိပ်သည်းလွန်းသောကြောင့် နေရာတစ်ခုလုံးကို ဝိညာဉ်စွမ်းအင်များဖြင့်ဖွဲ့စည်းထားသော မြူခိုးများက လွှမ်းခြုံထားပြီး၊ ထိုမြူခိုးများသည် ဂူစံအိမ်အတွင်းမှ အပြင်သို့ပင် ပျံ့နှံ့ထွက်နေကာ လင်းလောင်တောင်ထိပ်တစ်ခုလုံး၏ ဝိညာဉ်စွမ်းအင်ကို သိသိသာသာ မြှင့်တင်ပေးထားသည်။
လုရီမှာ အနည်းငယ် အံ့အားသင့်သွားသည်။
...အင်မော်တယ်သစ်ပင် ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်ပါပေတယ်...
ထို့နောက် သူက မျိုးစေ့နှစ်စေ့ကို ထုတ်ယူလိုက်၏။
တစ်ခုမှာ ဓားမူလ သစ်ပင်မှဖြစ်ပြီး၊ အခြားတစ်ခုမှာ ကောင်းကင်ကြယ်တာရာသစ်ပင်မှ ဖြစ်သည်။ ပထမတစ်ခုကို စီနီယာအစ်မ
ရူယွီ၏ ချစ်ကြိုက်မှုကို ရယူနိုင်ခဲ့သော အလုပ်အတွက် ဆုချီးမြှင့်ခံရခြင်းဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ မြူခိုးကျွန်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းအတွက် ဖြစ်သည်။
နှစ်ခုလုံးမှာ ရာရှိုမွန်ရှေးဟောင်းသစ်ပင်နှင့် အဆင့်တူ အဖိုးတန်ရတနာများ ဖြစ်ကြသည်။
ရာရှိုမွန် ရှေးဟောင်းသစ်ပင်နှင့်မတူဘဲ ဓားမူလသစ်ပင်နှင့် ကောင်းကင်ကြယ်တာရာသစ်ပင်တို့သည် အလွန်ကြီးမားစွာ ကြီးထွားလာမည်ဖြစ်သည်။ လုရီသည် မျိုးစေ့နှစ်စေ့လုံးကို သူ၏ဂူစံအိမ်အပြင်ဘက်တွင် စိုက်ပျိုးလိုက်ပြီး နှစ်တစ်သောင်းသက်တမ်းရှိ ဝိညာဉ်ခြင်ဆီဖြင့် ရေလောင်းလိုက်သည်။ ထို့နောက် မျိုးစေ့များ အပင်ပေါက်လာသည်အထိ သဘာဝစွမ်းအားဖြင့် သူတို့၏ ကြီးထွားမှုကို အရှိန်မြှင့်တင်လိုက်တော့သည်။
ဓားမူလ သစ်ပင် အပင်ပေါက်လာပြီးနောက်၊ နက်နဲလှသော ဓားစိတ်ဆန္ဒနိယာမမျှင်များက ထိုအပင်ပေါ်တွင် လှည့်ပတ်စီးဆင်းနေသည်။ ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒက လင်းလောင်တောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံသွားရာ ၎င်း၏ကျင့်ကြံသူများကို အလွန်အမင်း ထိတ်လန့်စေပြီး တောင်ထိပ်သို့ အံ့အားသင့်စွာ လှမ်းကြည့်စေခဲ့သည်။ သို့သော် တိုက်ပွဲသံ
မကြားရသောကြောင့် မည်သူမျှ ချဉ်းကပ်လာခြင်းမရှိပေ။
အကြောင်းမှာ လင်းလောင်တောင်ထိပ်သခင်မသည် အခြားသူများ လင်းလောင်တောင်ထိပ်၏ အမြင့်ပိုင်း နေရာများသို့ လာရောက်ခြင်းကို
မကြိုက်သောကြောင့်ဖြစ်သည်။ သို့တိုင်
လင်းလောင်တောင်ထိပ်မှ ဓားကျင့်ကြံသူအချို့မှာမူ ပြင်းထန်သော ဓားစိတ်ဆန္ဒကို ခံစားမိသောအခါ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားကြပြီး၊ ဤကဲ့သို့သော အခွင့်အရေးကို လက်လွတ်မခံချင်သောကြောင့် ၎င်းကို နားလည်ရန် တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လိုက်ကြသည်။
ကောင်းကင်ကြယ်တာရာသစ်ပင် အပင်ပေါက်လာပြီးနောက် အပြင်ဘက် စကြဝဠာမှ ကြယ်အလင်းတန်းတစ်တန်းက အပင်ပေါက်လေးပေါ်သို့ ထိုးကျလာသည်။ ကြွယ်ဝသော
ကြယ်အလင်းသည် တဖြည်းဖြည်း လင်းလောင်တောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး၊
တိမ်ဖြူဂိုဏ်းတစ်ခုလုံးမှ တပည့်များကို ထိတ်လန့်စေကာ ပို၍ပင် ရှုပ်ထွေးသွားစေခဲ့သည်။
လုရီ သစ်ပင်မျိုးစေ့နှစ်စေ့လုံးကို အပင်ပေါက်စေရန် လှုံ့ဆော်လိုက်သောအခါ၊ ဖြစ်ပေါ်လာသော ဆန်းကြယ်မြင်ကွင်းများက လင်းလောင်တောင်ထိပ်သခင်မနှင့် မကြာသေးမီက ပြန်ရောက်လာသော လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ကိုပင် ပျံသန်းလာစေခဲ့သည်။
လင်းလောင်တောင်ထိပ်သခင်မသည် မြေပြင်ပေါ်မှ အပင်ပေါက်လေးများကို ကြည့်ရင်း သူမ၏မျက်နှာပေါ်တွင် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အမူအရာတစ်ခု ထင်ဟပ်လာ၏။ သူမက အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
"ကောင်းကင်ကြယ်တာရာသစ်ပင်၊ ဓားမူလသစ်ပင်?! ဒီနှစ်ခုလုံးက အင်မော်တယ်သစ်ပင်တွေပဲ! နင် ဒီလိုရတနာတွေကို ဘယ်ကမ္ဘာကနေများ ရလာတာလဲ။"
လုရီက ရှက်ကိုးရှက်ကန်း ပြုံးလိုက်၏။
"အဟီး..လွန်ခဲ့တဲ့ အချိန်တုန်းက ကံကောင်းထောက်မစွာနဲ့ ရရှိခဲ့တာပါ။"
ထိုအခါ လင်းလောင်တောင်ထိပ်သခင်မက မြည်တွန်လိုက်လေသည်။
"နင့်ကံက အရမ်းကောင်းလွန်းနေတာ မဟုတ်ဘူးလား။ နင်သာ နောက်ထပ် အင်မော်တယ်သစ်ပင်နည်းနည်းလောက် ထပ်ရနိုင်ရင်၊ တိမ်ဖြူဂိုဏ်းကို အင်မော်တယ်နယ်မြေအဖြစ်တောင် ပြောင်းလဲပစ်နိုင်မလား ဘယ်သူသိနိုင်မလဲ။"
လုရီမှာ ထိတ်လန့်သွားပြီး အံ့အားသင့်စွာ မေးလိုက်သည်။
"တိမ်ဖြူဂိုဏ်းက အင်မော်တယ်နယ်မြေ ဖြစ်လာနိုင်လို့လား။"
လုရီသာမကဘဲ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့လည်း အံ့ဩသွားကြသည်။
လင်းလောင်တောင်ထိပ်သခင်မက ပေါ့ပေါ့ဆဆ မှတ်ချက်ပေးလိုက်၏။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ။ နောက်ဆုံးတော့ အင်မော်တယ်နယ်မြေဆိုတာ ဝိညာဉ်စွမ်းအင်တွေနဲ့ ပြည့်နှက်နေတဲ့ လောကတစ်ခုပဲ။ အင်မော်တယ်သစ်ပင်တွေက ဝိညာဉ်စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်တယ်။ ဒီတော့ နင်သာ နောက်ထပ်နည်းနည်းလောက် ရှာနိုင်ခဲ့ရင်၊ နှစ်ပေါင်း သန်းနှစ်ရာလောက်ကြာပြီးတဲ့နောက်၊ ဒီအင်မော်တယ်သစ်ပင်တွေ အပြည့်အဝ ရင့်ကျက်သွားတဲ့အခါ၊ တိမ်ဖြူဂိုဏ်းကို အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲဖို့ မဖြစ်နိုင်ဘူးလို့တော့ မဆိုနိုင်ဘူး။"
ထိုစကားကို နားထောင်ရင်း လုရီ၏မျက်လုံးများမှာ တဖြည်းဖြည်း ပိုမိုတောက်ပလာ၏။
"တကယ်ပဲ ဒီလိုလုပ်လို့ရတာလား။"
လုရီ စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြနေသည်ကို မြင်သောအခါ လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ သူမက သတိပေးလိုက်၏။
"ဟေး၊ ဟေး၊ ဟေး... ကောင်စုတ်လေး၊ နင် တကယ်ပဲ တိမ်ဖြူဂိုဏ်းကို အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်။ နင်ကံကောင်းနိုင်ပေမဲ့ အင်မော်တယ်သစ်ပင်သုံးပင်နဲ့တော့ မလုံလောက်ဘူး။ ထျန်းမင်မှာ ကျင့်ကြံဖို့အတွက် အဲ့လောက်များတဲ့ အင်မော်တယ်သစ်ပင်တွေကို နင်ဘယ်မှာ သွားရှာမှာလဲ။"
ထိုအခါမှာ လုရီက ရယ်ကျဲကျဲဖြင့် ချေပသည်။
"အဲ့ဒါကတော့ သိပ်မသေချာဘူးလေ၊ ဟုတ်တယ်မလား။ ကျွန်တော်က အမြဲတမ်း ကံကောင်းတတ်တာ၊ တကယ်ပဲ ရှာတွေ့သွားရင်ရော။"
လင်းလောင်တောင်ထိပ်သခင်မက ပြောစရာ စကားလုံးများ ပျောက်ရှသွားပြီး မျက်လုံးကို လှန်လိုက်သည်။
"နင် နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ၊ ကောင်လေး။ အဲ့ဒီ အင်မော်တယ်သစ်ပင်မျိုးစေ့တွေက မိုးပေါ်ကနေ ကျလာမယ်များ ထင်နေလား။ နင့်ကံ ဘယ်လောက်ကောင်းကောင်း၊ ဒါက မဖြစ်နိုင်ဘူး။ နင်သာ တကယ်ပဲ တိမ်ဖြူဂိုဏ်းကို အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲနိုင်ခဲ့ရင်၊ စကြဝဠာတစ်ခုလုံးကို ထည့်တွက်ကြည့်ရင်၊ အင်မော်တယ်နယ်မြေတွေ ဘယ်လောက်တောင်များ ရှိနေမလဲ မသိဘူး။"
လုရီက စိတ်ပျက်စွာဖြင့် ကန့်ကွက်သည်။
"ဆရာကလည်း၊ ဒါက တပည့်ရဲ့အိပ်မက်လေ၊ ဘယ်လိုလုပ် အဲ့လိုပြောရတာလဲဗျာ။"
လင်းလောင်တောင်ထိပ်သခင်မက ပြန်လည်
ရှင်းပြသည်။
"ငါက နင့်ကို လက်တွေ့ရင်ဆိုင်ဖို့ ပြောနေတာ။ အိပ်မက်နဲ့ စိတ်ကူးယဉ်တာက အရာနှစ်ခုပဲ။ နင်သာ တကယ်လုပ်နိုင်ခဲ့ရင်၊ ငါတောင် နင့်ကို 'အဖေ' လို့ခေါ်ပစ်လိုက်မယ်။"
လုရီ: "???"
သူသည် ထိုအခိုက်အတန့်တွင် သဘောတူရမည်လော၊ မတူရမည်လော မသေချာတော့ပေ။ ဒါက အနည်းငယ် မမှန်ကန်ဟု ထင်ရသည်။
လင်းလောင်တောင်ထိပ်သခင်မသာမကဘဲ၊ သူ့အနားမှ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ပင်လျှင် ဤစကားကိုကြားသောအခါ ထူးဆန်းသော အမူအရာများ ဖြစ်သွားကြ၏။
လင်းလောင်တောင်ထိပ်သခင်မသည်လည်း သူမ စကားမှားသွားနိုင်သည်ကို သိရှိသွားပုံရသည်။
သူမက အလျင်အမြန် ဆို၏။
"ဘာပဲဖြစ်ဖြစ်၊ နင် အဲ့လို လက်တွေ့မကျတဲ့ စိတ်ကူးယဉ်မှုတွေကို အမြန်ဆုံး စွန့်လွှတ်လိုက်တာ ပိုကောင်းမယ်။"
လုရီက မလိုမုန်းထားဖြင့် ခေါင်းညိတ်လိုက်သည်။
"တပည့် နားလည်ပါတယ်။"
တကယ်လို့သာ တိမ်ဖြူဂိုဏ်းက အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲသွားခဲ့ရင် သူ့ဆရာ ဘယ်လိုအမူအရာမျိုး ဖြစ်သွားမလဲ။
လုရီမှာ အနည်းငယ် မျှော်လင့်နေမိသည်။
လင်းလောင်တောင်ထိပ်သခင်မ ထွက်ခွာသွားပြီးနောက်၊ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့မှာ သစ်ပင်ငယ်တစ်ပင်စီရှေ့တွင် ထိုင်ချလိုက်ကြသည်။ သုန်းကုန်းမင်ယွဲ့က ကောင်းကင်ကြယ်တာရာသစ်ပင်ကို ကြည့်ရင်း အတိုင်းမသိ ဝမ်းမြောက်စွာ ချီးကျူးလိုက်မိ၏။
"ဒီအင်မော်တယ်သစ်ပင်က တကယ်ပဲ ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ပေးနိုင်တာပဲ။ သူတို့ကြီးလာရင် ငါတို့တိမ်ဖြူဂိုဏ်းက ဝိညာဉ်စွမ်းအင်က အဲ့ဒီ အင်မော်တယ်ဂိုဏ်းမြင့်မြတ်နယ်မြေတွေထက်တောင် ပိုသိပ်သည်းလာနိုင်တယ်၊ ဟုတ်တယ်မလား။"
ထိုအခါမှာ လုရီက ပြုံးလိုက်ပြီး အားပေးစကားဆို၏။
"ဟုတ်တာပေါ့။ အနာဂတ်မှာ ငါတို့က အင်မော်တယ်တွေ ဖြစ်လာကြမှာ။ သဘာဝအတိုင်းပဲ၊ ငါတို့က တိမ်ဖြူဂိုဏ်းကို အင်မော်တယ်ဂိုဏ်းမြင့်မြတ်နယ်မြေအဖြစ် ပြောင်းလဲရမှာပေါ့။"
ထိုစကားကို ကြားသောအခါ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့နှစ်ဦးလုံးမှာ အနည်းငယ် အတွေးနက်သွားကြသည်။
ထို့နောက်တွင်တော့ သူတို့နှစ်ဦးလည်း ထွက်ခွာသွားကြပြီး၊ လုရီသည် သူ၏နောက်ဆုံး မြူခိုးကျွန်းစူးစမ်းရှာဖွေမှုမှ ရရှိခဲ့သော ပစ္စည်းများကို စာရင်းပြုစုရန် သူ၏ကိုယ်ပိုင်ဂူစံအိမ်သို့ ပြန်လာခဲ့သည်။
အင်မော်တယ်များ ရှိသော ကျွန်းတစ်ကျွန်း ဖြစ်သည့်အပြင်၊ ထိုအနက်ရောင်မြွေကြီးနှင့် အနက်ရောင်ပုံရိပ်တို့ကို ကြုံတွေ့ခဲ့ရသောကြောင့် အလုပ်မှ ရရှိသော ဆုလာဘ်များမှာ
လုရီ၏မျှော်လင့်ချက်များကို ကျော်လွန်နေခဲ့လေသည်။
အခန်း ၄၅၀: အင်မော်တယ်လက်နက်၊ အင်မော်တယ်ကျမ်းနှင့် ၊ ရာရှိုမွန်မျိုးနွယ် ဆင်းသက်ခြင်း...
~[အလုပ်]
အရှေ့နယ်မြေ၏ အဆုံးမဲ့ ပင်လယ်ထက်မှ မြူခိုးကျွန်းကို စူးစမ်းရှာဖွေပါ။ ဆုလာဘ်များကို စူးစမ်းရှာဖွေမှု အတိုင်းအတာပေါ် မူတည်၍ ဆုံးဖြတ်မည်ဖြစ်သည်။
ဆုလာဘ်များ- အဆင့်နိမ့် အင်မော်တယ်လက်နက် အစိမ်းရောင်လက်စွပ်၊ အင်မော်တယ်ကျမ်း "ယီမုဟွာရှန်းကျမ်း"။
ဆုလာဘ်များကို လက်ခံလိုပါသလား- လက်ခံမည်လား/ငြင်းမည်လား။
အလုပ်မှ ရရှိသော ဆုလာဘ်များမှာ နှစ်ခုတည်းသာဖြစ်၍ အရေအတွက် မများသော်လည်း၊ တစ်ခုချင်းစီမှာ အလွန်တရာ အဖိုးတန်ပြီး အားလုံးမှာ အင်မော်တယ်အဆင့်များသာ ဖြစ်ချေသည်။
အစိမ်းရောင် လက်စွပ်.....
အစိမ်းရောင်လက်စွပ်အတွင်း၌ အဆုံးအစမရှိသော နေရာလွတ် တစ်ခု တည်ရှိပြီး၊ အမျိုးမျိုးသော ပစ္စည်းများကို အကန့်အသတ်မရှိ သိုလှောင်နိုင်၏။ ဟုတ်ပါ၏၊ ၎င်းသည် သက်မဲ့အရာများကိုသာ သိုလှောင်နိုင်ပြီး သက်ရှိများကိုမူ မထည့်သွင်းနိုင်ပေ။
ထို့အပြင်၊ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ အစိမ်းရောင်လက်စွပ်ကို အသက်သွင်းနိုင်ပြီး အစိမ်းရောင်ဘီးရတနာအလင်းကို ထုတ်လွှတ်နိုင်ကာ၊ ခုခံခြင်းနှင့် တိုက်ခိုက်ခြင်း နှစ်မျိုးလုံးအတွက် အတော်ပင် အစွမ်းထက်လေသည်။ ၎င်းသည် စွမ်းအင်အများအပြားကို သုံးစွဲစေသည်မှာ သေချာသော်လည်း၊ အန္တရာယ်ရှိသော အခြေအနေများတွင် တားမြစ်ကွက်တစ်ခုအဖြစ် အသုံးပြုနိုင်သေးသည်။
"ယီမုဟွာရှန်းကျမ်း" .....
"ယီမုဟွာရှန်းကျမ်း" မှာ အစွမ်းထက်သော အင်မော်တယ်ကျမ်းတစ်စောင်ဖြစ်ပြီး၊ အင်မော်တယ်ဓားကျမ်းနှင့် ကောင်းကင်ကိုးလွှာဓားအင်မော်တယ် ရတနာကျမ်းတို့နှင့် အဆင့်တူကာ၊ လုရီ ကျွမ်းကျင်သော တတိယမြောက်ကျမ်း ဖြစ်လာတော့သည်။
ဤကျမ်းသည် သဘာဝစွမ်းအားကို ကျင့်ကြံရပြီး၊ သဘာဝနိယာမကို နားလည်ရန် အဆင်ပြေစေကာ အသွင်ပြောင်းစွမ်းအားကိုလည်း ပိုင်ဆိုင်၏။ ၎င်းသည် တိုက်ခိုက်ရေးစွမ်းအားတွင် အားနည်းနိုင်သော်လည်း၊ ကုသခြင်းနှင့် အသက်ကယ်တင်ခြင်းတို့တွင်မူ ထူးကဲသော စွမ်းဆောင်ရည်များ ပိုင်ဆိုင်ထားသည်။
"ယီမုဟွာရှန်းကျမ်း" မှ အသွင်ပြောင်းစွမ်းအားကို ကျင့်ကြံပြီးသည်နှင့်၊ ရုပ်ခန္ဓာ ပျက်စီးသွားလျှင်ပင် ပတ်ဝန်းကျင်မှ သဘာဝစွမ်းအား၏ အကူအညီဖြင့် ပြန်လည်တည်ဆောက်နိုင်ရာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှ၏။
လုရီကို အစိတ်လှုပ်ရှားဆုံးဖြစ်စေသည့်အချက်မှာ ဤကျမ်းတွင် ကောင်းကင်နှင့်မြေကြီးရတနာများကို ပျိုးထောင်ရန် သဘာဝစွမ်းအားကို အသုံးချသည့် လျှို့ဝှက်နည်းစနစ်တစ်ခု ပါဝင်နေခြင်းပင်။ ၎င်းသည် သဘာဝစွမ်းအားကို အသုံးပြု၍ သာမန်အတင်းအကျပ် ပျိုးထောင်ခြင်းထက် အဆပေါင်းများစွာ ပိုမိုထိရောက်လေသည်။
ဤသည်မှာ လုရီ ယခုအချိန်တွင် အလိုအပ်ဆုံး လျှို့ဝှက်နည်းစနစ်ဖြစ်၏။ အကြောင်းမှာ သူ၌ ယခုအခါ အပြည့်အဝကြီးထွားရန် အချိန်များစွာ လိုအပ်သော အင်မော်တယ်သစ်ပင်သုံးပင် ရှိနေသောကြောင့်ဖြစ်သည်။ သဘာဝစွမ်းအားဖြင့် ပျိုးထောင်လျှင်ပင် အချိန်အတော်အတန် လိုအပ်နေသေးသည်။ သို့သော်၊ ဤလျှို့ဝှက်နည်းစနစ်ကို အသုံးပြုခြင်းဖြင့် အချိန်ကို ဒါဇင်ပေါင်းများစွာ အဆအထိ သို့မဟုတ် ရာပေါင်းများစွာ အဆအထိ လျှော့ချနိုင်ပေသည်။
လုရီသည် ကျောက်စိမ်းဖြင့် ထွင်းထုထားသော လက်စွပ်ကဲ့သို့သော အစိမ်းရောင်လက်စွပ်ကို ဝတ်ဆင်လိုက်၏။ ဝတ်ဆင်ပြီးသည်နှင့်
လက်စွပ်က ရိုးရှင်းပြီး သာမန်ပုံ ပေါက်ကာ
အင်မော်တယ်လက်နက် တစ်ခုဖြစ်ကြောင်း ထုတ်ဖော်မပြပေ။
မကြာခဏ အလုပ်များ ထုတ်ပြန်ခြင်း၊ ပြီးမြောက်အောင်လုပ်ဆောင်ခြင်းနှင့် အမျိုးမျိုးသော ကောင်းကင်နှင့်မြေကြီး ရတနာများ၊ မှော်ဆေးများကိုပင် ရိတ်သိမ်းခဲ့ရာ၊ သာမန်သိုလှောင်လက်စွပ်တစ်ခုဖြင့်ပင် သူ့အတွက် မလုံလောက်တော့ချေ။
ထို့အပြင်၊ သူသည် ပင်လယ်မျိုးနွယ်စစ်မြေပြင်တွင် ပညာရှင်ကြီးအများအပြား၏ သိုလှောင်လက်စွပ်များကို ရယူခဲ့လေသည်။ အတွင်းမှ ပစ္စည်းအများစုမှာ လုရီအတွက် အသုံးမဝင်သော်လည်း၊ အသုံးဝင်သော ပစ္စည်းများမှာမူ သိုလှောင်လက်စွပ် အများအပြား လိုအပ်နေပါသေးသည်။
ဤသိုလှောင်လက်စွပ်အားလုံးကို လုရီ အမြဲတမ်း သယ်ဆောင်ထားရသော်လည်း၊ ယခုအခါတွင်မူ အစိမ်းရောင်လက်စွပ်တစ်ခုတည်းဖြင့် လုံလောက်သွားပြီ ဖြစ်သည်။
ထို့နောက်တွင်တော့ လုရီသည် "ယီမုဟွာရှန်းကျမ်း" ကိုလည်း ကျင့်ကြံလိုက်တော့သည်။
လုရီ၏အခြေခံမှာ တာအိုစွမ်းအားဖြင့် ခိုင်မာနေပြီး၊ အင်မော်တယ်ဓားကျမ်းမှ ကျင့်ကြံထားသော အင်မော်တယ်ဓားမျိုးစေ့ပင်လျှင် အခြေတည်ဝိညာဉ်အတွင်းသို့ မဝင်ရောက်နိုင်ဘဲ အပြင်ဘက်တွင်သာ ရစ်ဝဲနေနိုင်၏။
ကောင်းကင်ကိုးလွှာဓားအင်မော်တယ် ရတနာကျမ်းကို နားလည်သဘောပေါက်စဉ်ကတည်းက လုရီသည် ဤအင်မော်တယ်ကျမ်းကိုလည်း ကျင့်ကြံနိုင်ကြောင်း သိရှိခဲ့သည်။
သူ၏ကျင့်ကြံမှုအခြေခံတွင် ပြောင်းလဲမှုမရှိသော်လည်း၊ မတူညီသော အင်မော်တယ်ကျမ်းများ၏ အာရုံစိုက်မှုမှာ ကွဲပြားလေသည်။ ကျင့်ကြံပြီးနောက် အားနည်းချက်များကို ဖုံးအုပ်ရန် ဤကျမ်းများ၏ အားသာချက်များကို စုစည်းနိုင်ပေမည်။
ယခု "ယီမုဟွာရှန်းကျမ်း" ကို ကျင့်ကြံပြီးသောအခါ၊ လုရီသည် တာအိုစွမ်းအားကို အသွင်ပြောင်းစွမ်းအားအဖြစ်သို့ ပြောင်းလဲနိုင်ပြီး၊ စိတ်ကူးမယဉ်နိုင်သော ကုသမှုနှင့် အသက်ကယ်တင်နိုင်စွမ်းများကို ပိုင်ဆိုင်သွားပြီဖြစ်သည်။ ထိုအစွမ်းမှာ သဘာဝနိယာမ စစ်စစ်နှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ပေ။
အရေးကြီးဆုံးမှာ၊ ပျိုးထောင်ခြင်းလျှို့ဝှက်နည်းစနစ်သည်လည်း လည်ပတ်ရန်အတွက်
ယီမုအသွင်ပြောင်းစွမ်းအားကို အသုံးပြုရန် လိုအပ်လေသည်။
"ယီမုဟွာရှန်းကျမ်း" ကို အလွတ်ကျက်မှတ်ပြီးနောက်၊ လုရီသည် ဤကျမ်းကို ယွင်ရှီးထံသို့ လက်ဆင့်ကမ်းရန် တွေးထားလိုက်ပါသည်။
ယင်းက သူမအား အင်မော်တယ်ကျမ်း
တစ်စောင် ပိုင်ဆိုင်စေပြီး သူမ၏ စွမ်းရည်များကို အားကောင်းစေမည် ဖြစ်သည်။
လုရီ၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။
ယွင်ရှီးသာ ငါ့ကို အင်မော်တယ်သစ်ပင်တွေ ပျိုးထောင်ရာမှာ ကူညီပေးနိုင်ရင်၊ ငါ့ဝန်ထုပ်ဝန်ပိုးကို သိသိသာသာ လျော့ကျသွားစေမှာပဲ။
မကြာသေးမီက၊ လုရီသည် အရှေ့တောအုပ်အပျက်အစီးများမှ သူနားလည်သဘောပေါက်ခဲ့သော ရှေးဟောင်းအခင်းအကျင်းပုံစံများကိုလည်း ပြန်လည်သတိရမိ၏။ အကယ်၍ ဂိုဏ်းနှစ်ခုကို မေရာလပ် အခင်းအကျင်းဖြင့် ချိတ်ဆက်နိုင်လျှင် ဖြစ်နိုင်ချေရှိပေသည်။
အနာဂတ်တွင်၊ ယွင်ရှီး တိမ်ဖြူဂိုဏ်းသို့
လာရောက် လည်ပတ်ရန် များစွာ ပိုမိုလွယ်ကူသွားစေနိုင်ပါသည်။
လုရီသည် ဤအကြံအစည်ကို စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး၊ နောက်ပိုင်းတွင် တိမ်ဖြူဂိုဏ်းနှင့် ပန်းတစ်သောင်းဂိုဏ်းမှ ဩဇာရှိပုဂ္ဂိုလ်များနှင့် ဆွေးနွေးရန် စီစဉ်လိုက်သည်။ အကယ်၍ ဖြစ်နိုင်လျှင်၊ ပန်းတစ်သောင်းဂိုဏ်းနှင့် တိမ်ဖြူဂိုဏ်းကြားမှ တိုက်ခိုက်ရေးနှင့်ကာကွယ်ရေး မဟာမိတ်ဖွဲ့မှုမှာ များစွာပိုမိုအားကောင်းလာပြီး သူတို့၏ဆက်ဆံရေးမှာလည်း များစွာပိုမိုရင်းနှီးလာပေမည်။
ထိုအချိန်ကျလျှင်၊ ပန်းတစ်သောင်းဂိုဏ်းမှ နတ်သမီးလေးများ တိမ်ဖြူဂိုဏ်းသို့ အချိန်မရွေး လာရောက်လည်ပတ်နိုင်မည်ဖြစ်ရာ၊ တိမ်ဖြူဂိုဏ်းမှ ညီအစ်ကိုများအတွက်မူ အလွန်ကောင်းမွန်သော အခွင့်အရေး ဖြစ်ပေလိမ့်မည်။
ထိုအချိန်ကျလျှင် ပိုင်ယွိီလုံတစ်ယောက် ပျော်လွန်းလို့ ထခုန်လေမလား မသိပေ။
ဤသို့ တွေးမိသောအခါ လုရီ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားတော့သည်။
ဒီအစီအစဉ်သာ အောင်မြင်သွားရင်၊ နောက်ပိုင်းမှာ ဝမ်ကျန်းစံအိမ်နဲ့ အေးခဲဆောင်းရာသီတောင်ကြားအတွက်ပါ နေရာလပ် အခင်းအကျင်းတွေ တည်ထောင်ပြီး သယ်ယူပို့ဆောင်ရေးကွန်ရက်တစ်ခု ဖန်တီးလို့ရနိုင်တယ်။
...
နောက်တစ်နေ့နံနက်တွင် လုရီသည်
ဂိုဏ်းချုပ် ဝူချင်းဖုန်းကို ရှာဖွေရန် တိမ်ဖြူတောင်ထိပ်သို့ သွားခဲ့သည်။ အကြောင်းမှာ သူသည် မူလယန်ဂိုဏ်း ၊ ချင်မိသားစုနှင့် မေ့မြစ်တောင်ကြားတို့အကြောင်း စုံစမ်းမေးမြန်းလိုသောကြောင့်ဖြစ်သည်။
နောက်ဆုံးတော့၊ အချင်းချင်း ရန်ငြိုးများရှိနေပြီး ပင်လယ်မျိုးနွယ်စစ်ပွဲလည်း ပြီးဆုံးသွားပြီဖြစ်ရာ ထိုဂိုဏ်းသုံးခုမှ မဟာယာနအဆင့် ကျင့်ကြံသူများ ပြန်လည်ရောက်ရှိလာကြ
ပေမည်။ လုရီသည် မည်သူ့ကိုမျှ နောက်ကွယ်မှ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို မလိုလားပေ။
ထိုသူတို့ကို ဖြေရှင်းရန် လိုအပ်သည် မဟုတ်ပါလော။
လုရီ၏ စုံစမ်းမေးမြန်းမှုကို ကြားသောအခါ
ဂိုဏ်းချုပ် ဝူချင်းဖုန်း၏အမူအရာမှာ အလွန်ထူးဆန်းသွား၏။
"မင်း မူလယန်ဂိုဏ်းကို ဆိုလိုတာလား။ သူတို့ ချင်းကျိုးကနေ ထွက်သွားတာ ဆယ်နှစ်ကျော်ပြီ။"
လုရီမှာ ထိတ်လန့်သွားပြီး အနည်းငယ်
နားမလည်နိုင်ဖြစ်သွားသည်။
"သူတို့ ချင်းကျိုးကနေ ထွက်သွားတာ ဆယ်နှစ်ကျော်ပြီ။ ဘာလို့လဲဗျ။"
ဂိုဏ်းချုပ်ဝူချင်းဖုန်းက စိတ်မရှည်သလို ဆိုလေသည်။
"ဘာလို့လဲ... မင်းကြောင့် မဟုတ်ရင် ဘယ်သူ့ကြောင့် ဖြစ်ရမှာလဲ။ ပင်လယ်မျိုးနွယ်စစ်မြေပြင်က အရှေ့အလင်းမြို့တိုက်ပွဲအကြောင်း သတင်းတွေထွက်လာကတည်းကပဲ၊ မင်းနဲ့ ထိုက်ရီမြင့်မြတ်နယ်မြေက စီနီယာလင်ယွမ်ဖုန်းတို့ ပင်လယ်မျိုးနွယ်က မဟာယာနအဆင့် ပညာရှင်အများအပြားကို ထောင်ချောက်ဆင်ပြီး သတ်ဖြတ်ခဲ့တယ်ဆိုတာ ကြားပြီးကတည်းက သူတို့ ထွက်ပြေးကုန်ကြတာပေါ့။ သူတို့က မင်းရဲ့အစွမ်းကို သေမလောက် ကြောက်နေကြတာ ဖြစ်မှာပေါ့။"
လုရီ: "..."
လုရီမှာ အနည်းငယ် ဆွံ့အသွားတော့သည်။
သူက ထိုဂိုဏ်းသုံးခုကို အမြစ်ဖြတ်ချေမှုန်းရန် မူလက စီစဉ်ထားခဲ့သည်လေ...။
အကျိုးနည်း..။ နောက်ထပ် အလုပ်ဆုလာဘ် တစ်သုတ် လွဲသွားပြန်ပြီ။
သူတို့ ဒီလောက် အလျင်အမြန် ထွက်ပြေးကြလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။