← Chapters

စိတ်ဝိညာဉ်နတ်ဆိုးကိုတန်ပြန် ၊ နတ်မိစ္ဆာများကိုရိုက်နှက်

Vol. 103 Ch. 1436

စိတ်ဝိညာဉ်နတ်ဆိုးကိုတန်ပြန် ၊ နတ်မိစ္ဆာများကိုရိုက်နှက်

Vol. 103 Ch. 1436

အခန်း (၁၄၃၆) စိတ်ဝိညာဉ်နတ်ဆိုးကိုတန်ပြန် ၊ နတ်မိစ္ဆာများကိုရိုက်နှက်

ချန်ရွှမ်ကျုန်း၊ ကျဲ့မင်ခုန်နှင့် ချူးလီလီတို့ တစ်ယောက်နှင့်တစ်ယောက် ဘေးချင်းကပ်လျက် မလှုပ်မယှက် ထိုင်နေကြသည်။

ကျဲ့မင်ခုန်နှင့် ချူးလီလီတို့၏ လက်ဖဝါးများက ချန်ရွှမ်ကျုန်း၏ ပုခုံးနှစ်ဖက်ပေါ်တွင် တင်ထားသည်။

သူတို့ခန္ဓာကိုယ်များက ရေခဲအလွှာများဖြင့်ချိတ်ဆက်ထားပြီး ကြီးမားသော ရေခဲရုပ်တုကြီတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အေးစက်သောရေခဲရုပ်တုကြီးထဲတွင် သူတို့(၃)ယောက် မျက်လုံးများကိုမှေးမှိတ်လျှက် နက်ရှိုင်းစွာ အိပ်ပျော်နေသူများပမာ ရှိနေသည်။

ချန်ရွှမ်ကျုန်း၏ရင်ဘတ်မှ နတ်ဆိုးရောင်ဝါက မှိန်ဖျော့လာသော်လည်း အသက်ရှင်ရန်ရုန်းကန်နေသည့် ချည်မျှတန်းငယ်တစ်ခုပမာ ပြင်းထန်စွာတောက်ပနေဆဲ ဖြစ်သည်။

သို့သော် နောက်ဆုံးမှာတော့ အရာအားလုံး တိတ်ဆိတ်ခြင်းဆီသို့ ကျဆင်းသွားပြီး နတ်ဆိုးအငွေ့အသက်သည်လည်း လုံးဝ ပျောက်ကွယ်သွားလေသည်။

ရန်ကျောက်ကဲနားထဲ စိတ်ပျက်မှုနှင့် အမျက်ဒေါများပြည့်လျှံနေသည့် နတ်ဆိုးအော်သံတစ်သံကို ကြားလိုက်ရသည်။

ထိုအသံက တဖြည်းဖြည်းမှိန်ဖျော့သွားပြီး ဤလောကမှ ထွက်ခွာကာ အခြားတစ်ဖက်သို့ ပျောက်ကွယ်သွားသည်။

မိစ္ဆာနတ်ဘုရား (၁၂) ပါးထဲမှ တစ်ပါးဖြစ်သော ၊ ထိပ်တန်းမဟာနတ်ဆိုး (၆) ပါးထဲမှ ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ထပ်မံပျက်ဆီးသွားပြီဖြစ်သည်။

နောက်ဆုံးအဆင့်ကို အောင်မြင်စွာဖြတ်ကျော်ပြီးနောက် သူက တစ်ဖန်ပြန်လည်မွေးဖွားရန် အသင့်ဖြစ်နေပေပြီ။

သို့သော် ယခုတော့ အခြားသောကမ္ဘာတစ်ဖက်သို့  တွန်းပို့ခံလိုက်ရပေပြီ။

ရန်ကျောက်ကဲလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

ထို့နောက် သူက ချန်ရွှမ်ကျုန်းတို့ (၃)ယောက်အားကြည့်လိုက်ပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။

“အကြီးအကဲတို့ (၃)ယောက်လုံး အရမ်းကြိုးစားခဲ့ကြပါတယ်”

ရန်ကျောက်ကဲက လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ရာ လက်ဖဝါးထဲတွင် အလင်းရောင်များထွက်ပေါ်လာပြီး ရေခဲရုပ်တုအား လွှမ်းခြုံသွားသည်။

ထို့နောက် သူက သေးငယ်သွားသည့်ရေခဲရုပ်တုအား ဂရုတစိုက်ယူဆောင်ပြီး သူ့အိတ်ထဲတွင် သိမ်းဆည်းလိုက်သည်။

ကျဲ့မင်ခုန်ကို အချိန်မီရှာတွေ့ပြီး ချူးလီလီသည်လည်း ပြဿနာမရှိခဲ့ပေ။

မဟုတ်ပါက ချန်ရွှမ်ကျုန်းအား ကယ်တင်မရနိုင်သည့်အဆင့်သို့ ရောက်ရှိသွားနိုင်သည်။

သို့သော် နတ်ဆိုးတွန်းလှန်အင်းသင်္ကေတနှင့် ရေပလ္လင်နတ်ဆိုးတို့ကြောင့် ချန်ရွှမ်ကျုန်း၏အသက်က ကြိုးတည်းတည်းလေးဖြင့် ချည်နှောင်ထားသည့်ပမာသာ ရှိတော့သည်။

သူ အိပ်ပျော်ရာမှ နိုးထလာပြီး ရေခဲရုပ်တုအတွင်းမှ ထွက်လာနိုင်မည်လားဆိုသည်က မသေချာပေ။

ဤသည်က ယခင် နက္ခတ်ဧကရာဇ်တစ်ယောက်တည်း အေးစိမ့်စမ်းချောင်းနယ်မြေထဲတွင် ကိုယ့်ကိုယ်ကိုယ် စည်းတံဆိပ်ခတ်ထားခြင်းနှင့် မတူညီပေ။

ထိုစဉ်က သူ့သဘောနှင့်သူ တစ်ယောက်တည်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်ကတော့ အခြေအနေက ဤသို့ဖြစ်လာအောင်  အတင်းအကျပ်တွန်းပို့ခဲ့သည်။

သူတို့ (၃)ယောက်အနေဖြင့် ဤအနေအထားဖြင့် ထာဝရတည်ရှိနေနိုင်ဖွယ် ရှိသည်။

ကျဲ့မင်ခုန်နှင့် ချူးလီလီအနေဖြင့် လွတ်မြောက်လာနိုင်စွမ်းရှိသလို ထာဝရ တံဆိပ်ခတ်ခံထားရခြင်းမျိုးလည်း ဖြစ်နိုင်သည်။

သို့သော် ကံကောင်းသည်မှာ နတ်ဆိုးသင်္ကေတပျောက်ကွယ်သွားပြီဖြစ်သဖြင့် ချန်ရွှမ်ကျုန်းရော ချူးလီလီရော ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး၏ နှောင့်ယှက်မှုကို ထပ်မံစိုးရိမ်စရာ မလိုတော့ပေ။

အခြားနတ်ဆိုးများက သူတို့ခန္ဓာကိုယ်ထက် နတ်ဆိုးအမှတ်အသား အသစ်မရေးထွင်းသရွေ့ ပြဿနာမရှိပေ။

ရေခဲဖြင့် တံဆိပ်ခတ်ခံထားသဖြင့် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက ချန်ရွှမ်ကျုန်းတို့အားဆက်သွယ်ရန် သို့မဟုတ် ဖြားယောင်းသွေးဆောင်ရန် ပြတ်တောက်သွားပြီ ဖြစ်သည်။

ဤလောကတွင် သူ ပြန်လည်မွေးဖွားလာရန်လိုက်ဖက်သော ရုပ်ခန္ဓာ (၂)ခုရှိနေသည့်တိုင် ရေပလ္လင်နတ်ဆိုးအနေဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့သည်။

“ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာပါပဲ”

ရန်ကျောက်ကဲက သူ၏လက်ဖဝါးထဲမှ အေးစက်မှုကိုခံစားရင်း ရေရွတ်လိုက်သည်။

ထို့နောက် သူက ခေါင်းမော့ပြီး ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်အပြင်ဘက်ရှိ အဆုံးမရှိသော ပြင်ပဗလာနယ်သို့ ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

အပြင်ဘက်တွင် နတ်မိစ္ဆာများက အပြင်းအထန် တိုက်ခိုက်နေခဲ့သည်။

သို့သော် ချန်ရွှမ်ကျုန်းက နတ်ဆိုးတွန်းလှန်အင်းသင်္ကေတအသုံးပြုလိုက်ကြောင်းတွေ့မြင်သည်နှင့် သူတို့က တိုက်ခိုက်မှုအား အရှိန်လျှော့လိုက်သည်။

ထိပ်တန်းမဟာနတ်ဆိုး၏ ရေခဲပမာအေးစက်သော နတ်ဆိုးချီ လျှင်မြန်စွာ မှိန်ဖျော့သွားကြောင်း နတ်မိစ္ဆာများ အာရုံခံမိကြသည်။

ထိုမဟာနတ်ဆိုးသည် ပျက်စီးခြင်းနှင့် ရင်ဆိုင်နေရပေပြီ။

အစပိုင်းတွင် ကောင်းကင်နတ်ဘုရားအဆင့်ရှိ နတ်ဆိုးက ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ဆီသို့ ဒေါသတကြီးဖြင့် ချဉ်းကပ်သွားရန် ပြင်ဆင်ခဲ့သည်။

သို့သော် ခေါင်းကိုးလုံးပိုးကောင်နှင့် ဖန်းယွင်ရှန်းက သူ့ကိုတားဆီးထားလေသည်။

ထို ကောင်းကင်နတ်ဘုရားအဆင့် နတ်ဆိုးက ကျဲ့မင်ခုန် အလင်းစက်ဝန်းအတွင်း ဝင်ရောက်သွားသည်ကိုတွေ့သည့်အခါ စိတ်ထဲတွင် တစ်စုံတစ်ခုတွေးမိသွားပြီး ပို၍ပင် စိုးရိမ်ထိတ်လန့်သွားမိသည်။

ကျဲ့မင်ခုန်ကိုတွေ့သည်နှင့် သူမ မည်သူဖြစ်ကြောင်း ချက်ချင်းသိလိုက်လေသည်။

“ချန်ရွှမ်ကျုန်းရဲ့ အကြီးဆုံးတပည့် ကျဲ့မင်ခုန်...”

သူ့အတွက် အစစ်အမှန်နတ်ဘုရားတစ်ပါးက အရေးမပါလှပေ။

သို့သော် ငရဲကိုးထပ်မှ ကောင်းကင်နတ်ဘုရားအဆင့်ရှိ ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် သူ့လက်ထဲတွင် သတင်းအချက်အလက်များစွာ ရှိနေသည်။

သို့ဖြစ်ရာ ကျဲ့မင်ခုန်နှင့် ချန်ရွှမ်ကျုန်းတို့ကြားမှ ဆက်နွယ်မှုကို သိရှိထားသည်မှာ မဆန်းလှပေ။

ယခင်က ချန်ရွှမ်ကျုန်းကို အနှောက်အယှက်ပေးရန်အတွက် ကျဲ့မင်ခုန်ကို ဖမ်းဆီးရန် နတ်ဆိုးများဘက်မှ ကြိုးစားခဲ့ကြသေးသည်။ သို့ပေသိ မအောင်မြင်ခဲ့ပေ။

ယခု ကျဲ့မင်ခုန်ထွက်ပေါ်လာသည့်အခါ သူမက မည်သည့်ပြောင်းလဲမှုများ ယူဆောင်လာမည် မသေချာသော်လည်း တစ်စုံတစ်ခုမမှန်ကန်ကြောင်း ထိုနတ်ဆိုး ခံစားလိုက်မိသည်။

ထို့ကြောင့် သူက ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ဆီသို့ အလျှင်အမြန် ချဉ်းကပ်လာခြင်း ဖြစ်သည်။

ဖန်းယွင်ရှန်းက ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် မတ်တတ်ရပ်နေသည်။

သူမ၏ မျက်ဝန်းထဲတွင် နက်ပြာရောင်နတ်ဆိုးမီးလျှံများ အားပြင်းစွာတောက်လောင်နေပြီး သူမ၏ဦးခေါင်းထက်တွင် မှောင်မိုက်သည့် အလင်းတန်းနှစ်ခု ထွက်ပေါ်နေသည်။

ထိုခဏတွင် ရက်စက်ကြမ်းတမ်းသည့် “အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက်” စွမ်းအားက ထပ်မံထွက်ပေါ်လာပြီး ကောင်းကင်နတ်ဘုရားအဆင့်ရှိ ကျွမ်းကျင်သူပင်လျှင် ခြိမ်းခြောက်မှုကို ခံစားရစေသည်။

သူမ ရရှိထားသော ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာက ဘယ်သောအခါမှ ပြီးပြည့်စုံခြင်း မရှိခဲ့ပေ။ သို့သော် ယခုတော့ ပြီးပြည့်စုံမှုနှင့် နီးကပ်လာသလို ခံစားရသည်။

ခေါင်းကိုးလုံးပိုးကောင်နှင့် နတ်ဆိုးဘုရင်တို့ ထိတ်လန့်သွားကြသည်။

သူတို့ရှေ့မှဖန်းယွင်ရှန်းက ပေါက်ကွဲထွက်တော့မည့် မီးတောင်တစ်ခုပမာ ဖြစ်နေပြီ မဟုတ်ပါလား။

ယခု ဖန်းယွင်ရှန်းရှေ့တွင် “မူလကောင်းကင်ကပ်ဘေး” ရောက်ရှိနေပြီ ဖြစ်သည်။

အကယ်၍ သူမသာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပါက ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းသွားပေတော့မည်။

သို့သော် သူ့နောက်တွင်ရှိနေသည့် သီးခြားဆန်မှုနှင့် အဖျက်တရားများက လုံးဝ အသစ်သောအဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

ထိုမြင်ကွင်းကိုတွေ့တော့ နတ်ဆိုးဘုရင်သည်ပင် တွန့်ဆုတ်သွားသည်။

သူက ဖန်းယွင်ရှန်းကို အတင်းအကျပ်ဖိအားပေးပြီး ကောင်းကင်နတ်ဘုရားအဆင့်တက်လှမ်းရန် တွန်းအားပေးပါက ငရဲကိုးထပ်အတွက် အကျိုးရှိမည်လား ၊ သို့မဟုတ် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး၏ ပြန်လည်နိုးထမှုအတွက် အကျိုးရှိမည်လား ချိန်ဆနေသည်။

သို့သော် ဖန်းယွင်ရှန်း ကျင့်ကြံခြင်းအဆင့်တက်မည်ဆိုပါက ထိုကပ်ဘေးအောက်တွင် ပထမဆုံးသေဆုံးမည့်သူက သူ ဖြစ်လာနိုင်သည်။

သူက ကောင်းကင်နတ်ဘုရားအဆင့်ရှိသူဖြစ်သည့်တိုင် ပြန်လည်နိုးထလာရန် မျှော်လင့်ချက်မရှိဘဲ လုံးဝပျက်စီးသွားနိုင်သည်။

ထိုအချိန် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး၏ ပြင်းထန်သောရောင်ဝါများ လျော့ပါးသွားသည့်အခါ ခေါင်းကိုးလုံးပိုးကောင်က တစ်ချက်မတုံ့ဆိုင်းဘဲ ထပ်မံတိုက်ခိုက်လိုက်သည်။

သူ အချက်ပြလိုက်သည်နှင့် အခြားနတ်မိစ္ဆာမျိုးနွယ် ကျွမ်းကျင်သူများသည်လည်း တိုက်ခိုက်မှုများကို ပြန်လည်စတင်လိုက်ကြသည်။

ယခုတစ်ကြိမ် သူတို့ဦးတည်တိုက်ခိုက်သည်က ချန်ရွှမ်ကျုန်းနှင့် ချူးလီလီ မဟုတ်တော့ဘဲ အဂ္ဂိရတ်ခန်းမပိုင်ရှင် ‘ရန်ကျောက်ကဲ’ ဖြစ်လေသည်။

ခေါင်းကိုးလုံးပိုးကောင်က သူ၏ လခြမ်းလှံရှည်ကိုဝှေ့ယမ်းလိုက်ပြီး ဖန်းယွင်ရှန်းအားရိုက်ချလိုက်သည်။ ဖန်းယွင်ရှန်းက ဓားဖြင့်ခုခံကာကွယ်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည်လည်း နောက်သို့လွင့်စင်သွားသည်။

သို့သော် လခြမ်းလှံရှည်ကိုရစ်ပတ်ထားသော ရက်စက်ကြမ်းတမ်းပြီး နက်မှောင်သည့်ချီစွမ်းအားက မပျောက်ကွယ်ဘဲ တည်ရှိနေလေရာ ခေါင်းကိုးလုံးမဟာသူတော်စင်မှာ အတော်လေး မသက်မသာ ခံစားလိုက်ရ၏။

ဤမြင်ကွင်းကိုတွေ့သည်နှင့် နတ်ဆိုးဘုရင်သည်လည်း ရှေ့သို့တိုးလိုက်ပြီး ခေါင်းကိုးလုံးမဟာသူတော်စင်နှင့်အတူ ဖန်းယွင်ရှန်းကို တိုက်ခိုက်ရန် ကြိုးပမ်းလိုက်သည်။

သူသည်လည်း ပစ်မှတ်ပြောင်းလဲလိုက်လေသည်။

ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး၏ ပျက်စီးခြင်းက ကံကြမ္မာအတိုင်းဖြစ်သွားလေရာ သူက ဖန်းယွင်ရှန်းကို ငရဲကိုးထပ်သို့ ပြန်ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။

သူတို့နှစ်ယောက်လုံးက ဖန်းယွင်ရှန်းကို ရန်သူအဖြစ် သတ်မှတ်လိုက်ကြသည်။

ယခု ဖန်းယွင်ရှန်းမှာ ကြီးမားသောအန္တရယ်ထဲသို့ ရောက်ရှိနေလေသည်။

သူမမျက်ဝန်းထဲမှ နတ်ဆိုးမီးလျှံများက ပိုမိုပြင်းထန်လာပြီး မကောင်းဆိုးဝါးဆန်လာသည်။

ထိုအချိန် ရန်ကျောက်ကဲရှေ့တွင် အင်းသင်္ကေတများစွာ ထွက်ပေါ်လာပြီး လေထဲတွင် လွင့်ပျံရွေ့လျားသွားသည်။

“ချိုးဖျက်စမ်း...”

ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပျက်စီးသွားပြီဖြစ်သောကြောင့် ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ကို ဆက်လက်လုပ်ဆောင်ရန် မလိုအပ်တော့ပေ။

စိုးရိမ်စရာမလိုတော့သဖြင့် သူက ရှေ့သို့ လက်သီးဖြင့် ထိုးနှက်လိုက်ရာ အင်းသင်္ကေတများအားလုံး ဖျက်ဆီးခံလိုက်ရသည်။

အလင်းစီးကြောင်းများသည် ကွဲအက်ကာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ လေထဲရှိ အင်းသင်္ကေတများအားလုံး ကွဲပြားသော ရောင်စဉ်တန်းများအဖြစ် ပြောင်းလဲသွားသည်။

လေထုဖိအားကိုမခံနိုင်တော့သည့်အလား စဉ်ဆက်မပြတ်လည်ပတ်နေသော အလင်းစက်ဝန်း (၈၁)ခုသည်လည်း ပြိုကွဲသွားလေသည်။

အလင်းလုံးများ အက်ကွဲသွားပြီးနောက် အလင်းစီးကြောင်း(၈၁)ခုအဖြစ်ပြောင်းလဲကာ ဝေးလံသောကောင်းကင်ဆီသို့ ပျံသန်းထွက်ခွာသွားသည်။

အလင်းစီးကြောင်းများ၏အရှိန်အဟုန်က ထူထဲသန်မာသော အလင်းကြိမ်လုံးများပမာဖြစ်ပြီး လေးဘက်လေးတန်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်သည်လည်း အကြေးခွံတစ်ထောင်နယ်မြေနောက်သို့လိုက်ကာ နောက်ဆုံးတွင် ပြိုကွဲပျက်စီးသွားသည်။

နောက်ဆုံးအခိုက်အတန့်အထိ ရန်ကျောက်ကဲက ထိုထုံးတမ်းအစီအရင်ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

အလင်းကြိမ်လုံးများက လမ်းတွင်ရှိသမျှ နတ်မိစ္ဆာမျိုးနွယ်ကျွမ်းကျင်သူများနှင့် နတ်ဆိုးဘုရင်တို့အား ရိုက်ခတ်ပစ်လိုက်သည်။

နဂါးဘုရင်ဟွမ်ချန်က ကြိမ်လုံးဖြင့် ရိုက်ခတ်ခံရသော်လည်း ထိခိုက်ဒဏ်ရာမရခဲ့ပေ။ သို့သော် ထူးဆန်းသော မြင်ကွင်းတစ်ခု သူ့စိတ်ထဲ ထွက်ပေါ်လာသည်။

တာအိုစကြာဝဠာတွင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ အဂ္ဂိရတ်ခန်းမအတွင်း ရွှေ့ပြောင်းစဉ်က ဖြစ်ပွားခဲ့သော တိုက်ပွဲမြင်ကွင်းဖြစ်၏။

သူ၏ ခြေသည်းများကို ကောင်းချင်းရွှမ်က ဓားဖြင့် ခုတ်ဖြတ်ခဲ့သော မြင်ကွင်းသည် သူ၏မျက်ဝန်းရှေ့တွင် လျှပ်တစ်ပြက်ဖြတ်သန်းသွားသည်။

ကျောက်စိမ်းယုန်နတ်မိစ္ဆာကတော့ ကြိမ်လုံးဖြင့် ရိုက်ခတ်ခံရပြီး ဒဏ်ရာရသွားသည်။

သို့သော် သူမ၏ဆရာဖြစ်သူ – အဆုံးမဲ့ကြယ်သခင်က သူမ၏မျက်ဝန်းရှေ့တွင် ပေါ်ထွက်လာသည်။

သမင်ဖြူနတ်မိစ္ဆာကြီးမှာလည်း ကြိမ်လုံးဖြင့် အရိုက်ခံလိုက်ရသည်။

သို့သော် သူ မျက်တောင်ခတ်လိုက်သည်နှင့် မျက်စိရှေ့တွင် သက်ရှည်နတ်မင်းဘိုးဘိုး ထွက်ပေါ်လာလေသည်။

All Chapters