← Chapters

မူလစိတ်ဝိညာဉ်နတ်ဆိုးကိုရင်ဆိုင်ရန်

Vol. 103 Ch. 1439

မူလစိတ်ဝိညာဉ်နတ်ဆိုးကိုရင်ဆိုင်ရန်

Vol. 103 Ch. 1439

အခန်း (၁၄၃၉) မူလစိတ်ဝိညာဉ်နတ်ဆိုးကိုရင်ဆိုင်ရန်

အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် တောင်ပိုင်းချန်စန်းဧကရာဇ် ၊ အကြီးအကဲ'စော'နှင့် ဝူတန့်မယ်တော်တို့က မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် သစ်သားနတ်ဆိုးတို့ဖြင့် ဆန့်ကျင်တိုက်ခိုက်နေကြသည်။

လင်ချင်းက...

“ဒီအချိန်မှာ အနောက်ဘက်သူတော်စင်ဘုံနဲ့ နတ်မိစ္ဆာမျိုးနွယ်တွေက ကျွန်မတို့ကို စောင့်ကြည့်နေမှာပဲ”

ရန်ကျောက်ကဲက နဖူးကို တစ်ချက်ပွတ်သပ်ရင်း...

“ငရဲကိုးထပ်က လူတိုင်းရဲ့ရန်သူဆိုပေမယ့် ဗုဒ္ဓဘာသာကျင့်ကြံသူတွေနဲ့ နတ်မိစ္ဆာတွေက ကျွန်တော်တို့ ငရဲကိုးထပ်နဲ့ အပြန်အလှန်တိုက်ခိုက်ပြီး ပျက်ဆီးတာကိုကြည့်ရတာ ပိုသဘောကျတဲ့ပုံပဲ”

လင်ချင်းက ခေါင်းညိတ်ရင်း...

“ဟုတ်တယ်၊ ဒါကြောင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့နဲ့ ငရဲကိုးထပ်က နတ်ဆိုးတွေရဲ့တိုက်ပွဲမှာ သူတို့က စွမ်းအားကို ထိန်းထားခဲ့ကြတယ် ၊ ရန်သူက အားနည်းတဲ့အချိန်ကို အခွင့်ကောင်းယူမှာကို သတိထားနေကြတာ”

စကားပြောနေစဉ်မှာပင် ကောင်းချင်းရွှမ်သည်လည်း ဝူတန့်မယ်တော်ဆီမှ သတင်းစကားတစ်ခု ရရှိခဲ့သည်။ ထိုသတင်းစကားထဲတွင် လင်ချင်းပြောသည်နှင့် အကြမ်းဖျင်းတူညီသော အကြောင်းအရာများ ပါရှိသည်။

ကောင်းချင်းရွှမ်က...

“တိုက်ပွဲရလဒ်အနေနဲ့ သစ်သားနတ်ဆိုး ဒဏ်ရာအပြင်းအထန်ရသွားတယ် ၊ ကောင်းကင်နတ်ဘုရားအဆင့်ရှိတဲ့ နတ်ဆိုးဘုရင်တစ်ယောက်လည်း သေဆုံးသွားတယ်”

သူမက ဆက်ပြောသည်။

“ရေပလ္လင်နတ်ဆိုးရဲ့ ပြန်လည်မွေးဖွားခြင်း မအောင်မြင်ခဲ့ဘူး ၊ ငရဲကိုးထပ်က နတ်ဆိုးတွေ ဆုတ်ခွာသွားတဲ့အချိန်မှာ ဗုဒ္ဓဘာသာကျင့်ကြံသူတွေနဲ့ နတ်မိစ္ဆာတွေက မဟာနတ်ဆိုးတွေကိုထောင်ဖမ်းဖို့ အလုံးအရင်းနဲ့ဝိုင်းကြတယ်”

နတ်ဆိုးများဆုတ်ခွာသွားပြီဆိုလျှင် ရန်ကျောက်ကဲတို့အနေဖြင့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် သက်ဆိုင်သည့်ကိစ္စများကို ပိုမိုလွယ်ကူစွာ ကိုင်တွယ်နိုင်မည် ဖြစ်သည်။

ရန်ကျောက်ကဲက သက်ပြင်းချရင်း...

“ကျွန်တော်တို့ အခြေအနေကလည်း သိပ်မကောင်းဘူး”

ရန်တိ၏ အခြေအနေက သိပ်မဆိုးလှပေ။

ပြန်လည်ကျင့်ကြံပြီးထိန်းညှိရုံဖြင့် အချိန်တိုအတွင်း တိုက်ခိုက်နိုင်စွမ်း ပြန်လည်ရရှိနိုင်သည်။ သို့သော် ဖန်းယွင်ရှန်းကတော့ မတူပေ။

ယခင်တိုက်ပွဲတွင် သူမက မူလကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်လုနီးပါး ဖြစ်ခဲ့သည်။

သို့သော် သူမက အချိန်စောလွန်းနေသေးသည်ဟု ယူဆထားသည်။

နတ်ဆိုးအငွေ့အသက်များ ပိုမိုသန်မာလာခြင်းက သူမ၏ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုထိန်းသိမ်းရန် အကျိုးမပြုပေ။ ယခု သူမက တည်ငြိမ်နေပုံရသော်လည်း ယာယီအားဖြင့် ရန်သူများကို တိုက်ခိုက်နိုင်မည့်အခြေအနေ မရှိသေးပေ။

အကယ်၍ တိုက်ခိုက်ရမည်ဆိုပါက သူမ၏တန်ခိုးစွမ်းအားကို အတော်လေးပြင်းထန်စွာ ကန့်သတ်အသုံးပြုရမည် ဖြစ်သည်။

အချိန်အတန်ကြာ အနားယူပြီးမှသာ သူမအနေဖြင့် အားကုန်သုံး ထပ်မံတိုက်ခိုက်နိုင်မည် ဖြစ်သည်။

အရေးကြီးသည်မှာ တောင်ပိုင်းချန်စန်းဧကရာဇ် လက်ဆောင်ပေးခဲ့သော အနက်ရောင်ကျောက်ပုလင်းလေးမှာ အက်ကွဲရာများထင်နေပြီ ဖြစ်သည်။

ထိုပစ္စည်းကို ပြန်လည်ပြုပြင်ရန် အချိန်အတန်ကြာ လိုအပ်ပေမည်။

မဟုတ်ပါက နောက်တစ်ကြိမ်ထပ်သုံးလိုက်လျှင် ပုလင်းက အက်ကွဲပျက်ဆီးသွားနိုင်သည်။

ဖန်းယွင်ရှန်း မတိုက်ခိုက်နိုင်တော့ခြင်းက ရန်ကျောက်ကဲတို့ဘက်မှ တိုက်စစ်အတွက် ကြီးမားသောထိုးနှက်ချက်တစ်ခု ဖြစ်လာသည်။

ပြီးတော့ အကြေးခွံတစ်ထောင်နယ်မြေရော ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ပါ ပျက်ဆီးသွားခဲ့ပြီ ဖြစ်၏။

အကြေးခွံတစ်ထောင်နယ်မြေက အလွန်ကံကောင်းမှသာ ထပ်မံတွေ့ရှိရမည်ဖြစ်ပြီး ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ပြုလုပ်ရန်မှာလည်း မရေမတွက်နိုင်သော ရင်းမြစ်ပမာဏများစွာ လိုအပ်သည်။

သူတို့တွင် ရင်းမြစ်ပစ္စည်းများ အလုံအလောက် မရှိတော့ပေ။

သို့ဖြစ်ရာ မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကို ကိုင်တွယ်ဖြေရှင်းရာတွင် ဤအဓိကအကူအညီနှစ်ခု ထပ်မံရရှိတော့မည် မဟုတ်ပေ။

ယွင်ကျုန်းကျီက လေးနက်သောအသံဖြင့်...

“မြေကမ္ဘာပလ္လင်နတ်ဆိုး ပြန်ဝင်စားမှာကို ဘယ်လောက်ထိ အချိန်ဆွဲထားနိုင်သေးလဲ”

ရန်ကျောက်ကဲက...

“ခဏလောက်ပဲရနိုင်မယ် ၊ အဲဒီထက်ပိုကြာသွားရင်တော့ ကန့်သတ်ချက်ကျော်သွားလိမ့်မယ်”

သူက ဆက်ပြောသည်။

“ကျွန်တော်တို့ ရှီကျွင်းလေးနဲ့ သူ့အမေကို ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာကနေ အမြန်ဆုံးခေါ်ထုတ်ရမယ် ၊ မဟုတ်ရင် စိတ်ဝိညာဉ်နတ်ဆိုးက သူတို့ရှိတဲ့နေရာကို ရှာတွေ့သွားလိမ့်မယ်”

“ဒီနေ့တိုက်ပွဲကနေ ကျွန်တော်တို့ သိနိုင်တာက... မူလစိတ်ဝိညာဉ်နတ်ဆိုးက သူ့ရဲ့အကောင်းဆုံးအခြေအနေကို ပြန်မရောက်သေးဘူးဆိုတာပဲ ၊ ဒါက အကြီးအကဲ'စော'တို့ရဲ့ ဖိအားပေးမှုကြောင့်လည်း ဖြစ်နိုင်တယ်”

ရန်ကျောက်ကဲက ခဏမျှစဉ်းစားပြီး လင်ချင်းဘက်သို့ လှည့်ကြည့်လိုက်သည်။

“အခု ငရဲကိုးထပ်က ယာယီဆုတ်ခွာသွားပြီဆိုတော့ တောင်ပိုင်းချန်စန်းဧကရာဇ်ဆီ အကူအညီတောင်းလို့ ရနိုင်မလား ၊ မြေကမ္ဘာပလ္လင်နတ်ဆိုးကိုကိုင်တွယ်ဖို့ သူ့ဆီ အကူအညီတောင်းမှဖြစ်မယ်”

တာအိုဝါဒ၏ ထိပ်တန်းကျွမ်းကျင်သူများအနက် တောင်ပိုင်းချန်စန်းဧကရာဇ်က စိတ်စေရာမိုးကြိုးစွမ်းအားနှင့် စိတ်စေရာကောင်းကင်ကျမ်းစာကို အမြင့်ဆုံးအဆင့် ကျင့်ကြံထားသူ ဖြစ်သည်။

ထို့ကြောင့် တာအိုဝါဒ၏ ထင်ရှားသူများအနက် သူက စိတ်ဝိညာဉ်နတ်ဆိုးကို ကိုင်တွယ်ရာတွင် အထူးကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရသည်။

လင်ချင်းက ရိုးရှင်းစွာပင် ပြောလိုက်သည်။

“ငါ သူ့ကိုဆက်သွယ်ပြီး မင်းတောင်းဆိုတာကို ပြောပြပေးပါ့မယ်”

သူတို့စကားပြောနေရင်း အဆုံးမရှိသော ပြင်ပဗလာနယ်ကို ဆက်လက်ဖြတ်သန်းနေကြသည်။

ရုတ်တရက် ရန်ကျောက်ကဲ၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

“ဆရာဦးလေးယွဲ့ ဒီနားတဝိုက်မှာရှိနေတယ် ၊ သူက ကျွန်တော်တို့ဆီလာဖို့ ကြိုးစားနေတယ်”

ထိုစကားကြားတော့ ကောင်းချင်းရွှမ်နှင့် ယွင်ကျုန်းကျီတို့၏ မျက်နှာများထက် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။

ခဏအကြာမှာတော့ အဝေးတစ်နေရာ ဗလာနယ်တွင် ဓားအလင်းတန်းတစ်ခု တောက်ပသွားပြီး လူတိုင်းအနားသို့ ရောက်ရှိလာသည်။

သူတို့အနားရောက်သည့်အခါ ဓားအလင်းတန်းက ယွဲ့ကျန့်ပေအဖြစ် ပြောင်းလဲသွားသည်။

ယွဲ့ကျန့်ပေတစ်ယောက်တည်းဖြစ်နေကြောင်းတွေ့ရသည့်အခါ ကောင်းချင်းရွှမ်နှင့် ယွင်ကျုန်းကျီတို့ ရင်ထဲနင့်သွားကြသည်။

သူတို့နှစ်ယောက်လုံး မျှော်လင့်ချက်အနည်းငယ် ဆက်လက်ထိန်းထားရင်း ယွဲ့ကျန့်ပေကို ကြိုဆိုလိုက်ကြသည်။

လုန်ရှင်းချွမ်က ဇနီးဖြစ်သူ ကောင်းချင်းရွှမ်စိတ်ထဲ မည်သို့ရှိသည်ကို နားလည်သဖြင့် သူမနောက်လိုက်သွားပြီး မေးမြန်းလိုက်သည်။

“ကျန့်ပေ... နွယ်ပင်ဧကရီ ၊ ကျင်းရှန်နဲ့ ရှောင်ယဲ့တို့ ဘာဖြစ်သွားလို့လဲ”

“ဆရာဦးလေးလုန်... ကျင်းရှန်နဲ့ မိတ်ဆွေလေးယဲ့က ကျွန်တော်နဲ့ လူချင်းကွဲသွားတယ် ၊ ဒါပေမဲ့ အခြေအနေအရ သူတို့ဘေးကင်းလောက်ပါတယ် ၊ သူတို့ ဘယ်နယ်မြေထဲဝင်သွားလဲဆိုတာတော့ ကျွန်တော်မသိဘူး”

ယွဲ့ကျန့်ပေက ခဏမျှ တိတ်ဆိတ်နေပြီးမှ ဆက်ပြောလိုက်သည်။

သူက ဘာကိုမှဖုံးကွယ်မထားသလို အကြောင်းပြချက်များလည်း မပေးခဲ့ပေ။

“နွယ်ပင်ဧကရီ’လီကျိထန်’ ဆုံးပါးသွားပါပြီ”

ထိုစကားကြားတော့ ကောင်းချင်းရွှမ်စိတ်ထဲ ဗလာကျင်းသွားပြီး မိုက်ခနဲပင် လဲကျမလို ဖြစ်သွားသည်။

“ဆရာ...”

လုန်ရှင်းချွမ်က ဇနီးဖြစ်သူကို အလျှင်အမြန် ထိန်းကိုင်လိုက်ရာ သူမခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အေးစက်မှုကို ခံစားလိုက်ရသည်။

ယွင်ကျုန်းကျီ၏မျက်နှာတွင် ဝမ်းနည်းမှုအရိပ်အယောင်များ ပေါ်လာပြီး စကားတစ်ခွန်းမှ မဆိုနိုင်တော့ပေ။

လုန်ရှင်းချွမ်က...

“ကျန့်ပေ... မင်းစိတ်ကိုငါသိတယ် ၊ မင်းအကောင်းဆုံးကြိုးစားခဲ့တယ်ဆိုတာလည်း ငါယုံတယ်”

သူက တည်ကြည်စွာဖြင့် ဆက်မေးလိုက်သည်။

“ဘာတွေဖြစ်ခဲ့တာလဲ”

ယွဲ့ကျန့်ပေ ခဏမျှ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

လုန်ရှင်းချွမ်ပြောသည့်အတိုင်း သူ တကယ်ကို အကောင်းဆုံး ကြိုးစားခဲ့သည်။

သို့သော် နွယ်ပင်ဧကရီ’လီယင်း’ က သူ၏အကူအညီကိုလက်မခံဘဲ အသက်သေရန်ရွေးချယ်သွားသည်ဟု ပြောလိုက်ပါက တစ်ဖက်သားသို့ လုံးလုံးအပြစ်ပုံချသလို ဖြစ်သွားနိုင်သည်။

ကောင်းချင်းရွှမ်နှင့် ယွင်ကျုန်းကျီတို့က မည်သို့တုံ့ပြန်မည်လဲ မသေချာပေ။

သို့သော် ယွဲ့ကျန့်ပေက အမြဲတမ်း တရားမျှတပြီး ဖြောင့်မတ်သူဖြစ်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူက ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြလိုက်သည်။

ယွင်ကျုန်းကျီ သက်ပြင်းချလိုက်သည်။

ယွီယဲ့ အသက်ရှင်နေသေးပါက ယွဲ့ကျန့်ပေ၏စကားများ မှန် မမှန် ချက်ချင်း သက်သေပြနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ယွဲ့ကျန့်ပေအနေဖြင့် အမှန်တရားကို ဖုံးကွယ်ရန် အကြောင်းမရှိပေ။

ယွဲ့ကျန့်ပေသာ ငရဲကိုးထပ်နှင့်ပေါင်းပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ထိခိုက်အောင်လုပ်လိုပါက နွယ်ပင်ဧကရီ သေဆုံးသွားကြောင်းကိုပင် ဖုံးကွယ်ထားနိုင်သည်။

သူ့အနေဖြင့် ဤသို့လုပ်ဆောင်ရန် လုံးဝ မလိုအပ်ပေ။

သူတို့က ဆက်ဆံရေးကောင်းသူများ မဟုတ်ကြသော်လည်း လုန်ရှင်းချွမ်က ယွဲ့ကျန့်ပေ၏ ပင်ကိုယ်စရိုက်ကို နားလည်သည်။

သူတို့က မကြာခဏပင် ဆက်ဆံဖူးကြသည် မဟုတ်လား”

ယွင်ကျုန်းကျီကတော့ ကောင်းချင်းရွှမ်ကို လှည့်ကြည့်လိုက်လေသည်။

All Chapters