← Chapters

များပြားလှသောစိုးရိမ်ဖွယ်ရာများ

Vol. 103 Ch. 1443

များပြားလှသောစိုးရိမ်ဖွယ်ရာများ

Vol. 103 Ch. 1443

အခန်း (၁၄၄၃) များပြားလှသောစိုးရိမ်ဖွယ်ရာများ

ရန်ကျောက်ကဲအကြည့်ကိုမြင်သည်နှင့် ရွှီဖေးက ပြုံးလိုက်ပြီး...

“ဒီတစ်ခါတော့ ငါ မလွတ်နိုင်တော့ဘူးထင်တယ်”

သူ၏ကျောပြင်က အဂ္ဂိရတ်ခန်းမ၏တံခါးကိုမှီထားပြီး ကျောပြင်တစ်ခုလုံး မြေညိုရောင်သမ်းနေသည့်အပြင် သံကြိုးကဲ့သို့သောအလင်းတန်းများဖြင့် သူ၏ခန္ဓာကိုယ်အား ချည်နှောင်ထားသည်။

ရန်ကျောက်ကဲက...

“ငါတို့ နည်းနည်းကြာသွားတယ်...

ထို့နောက် သူက မျက်မှောင်ကျုံ့လိုက်ပြီး...

“ဒါက မြေခွင်းပုလဲကြောင့်ပဲ...”

ရွှီဖေး ခေါင်းညိတ်လိုက်သည်။

သူက ရန်ကျောက်ကဲစကားအတိုင်း မြေခွင်းပုလဲကိုထိန်းထားပြီး ဤနေရာတွင် စောင့်ဆိုင်းနေခဲ့သည်။

မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး စတင်လှုပ်ရှားလာသောအခါ အဂ္ဂိရတ်ခန်းမက ၎င်း၏ပြန်လည်မွေးဖွားခြင်းကို ဖိနှိပ်ရန် စတင်လုပ်ဆောင်သည်။

အဂ္ဂိရတ်ခန်းမတစ်ခုတည်းဖြင့် မလုံလောက်သောကြောင့် ရွှီဖေးက မြေခွင်းပုလဲကို ထောက်ပံ့ယန္တရားအဖြစ် အသုံးပြုခဲ့သည်။

အဂ္ဂိရတ်ခန်းမနှင့် မြေခွင်းပုလဲ၏အကျိုးသက်ရောက်မှုဖြင့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားခြင်းကို အတင်းအကြပ် နှောင့်နှေးစေခဲ့သည်။

ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးထဲမှ (၂)ပါးက တစ်ချိန်တည်းပြန်လည်မွေးဖွားလာသည့်အခါ ရန်ကျောက်ကဲအနေဖြင့် တစ်ယောက်ပြန်လည်မွေးဖွားလာခြင်းကို အတင်းအကြပ် နှောင့်နှေးစေခြင်းဖြင့် အချိန်ကွာဟချက်ကို ဖန်တီးခဲ့ရသည်။

ထို့ကြောင့် တာအိုဝါဒ ကျွမ်းကျင်သူများအနေဖြင့် နတ်ဆိုးတစ်ပါးကို အရင်ဆုံး အာရုံစိုက် ကိုင်တွယ်စေနိုင်ခဲ့သည်။

ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကို ဖြေရှင်းပြီးသည်နှင့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကို ကိုင်တွယ်ရန် သူတို့ ချက်ချင်းပြန်လာခဲ့ကြသည်။

မဟာဗျူဟာအရ အစီအစဉ် အောင်မြင်သည်ဟု ဆိုရမည်။

သို့သော် မြေကမ္ဘာပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားခြင်းကို နှောင့်နှေးစေသည့်လုပ်ငန်းစဉ်တွင် ရွှီဖေးမှာ ထုံးတမ်းအစီအရင်ဖြင့် ချည်နှောင်ခံရပြီး ၎င်း၏တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။

ယခု သူ၏ကံကြမ္မာသည်လည်း ရှီကျွင်းတို့သားအမိနှင့် အတူတကွ ချည်နှောင်ခံထားရပြီ ဖြစ်သည်။

ရွှီဖေးက ပေါ့ပါးစွာပင် ပြုံးလိုက်ရင်း...

“ကိစ္စမရှိဘူး ၊ ငါရှိနေရင် သူတို့အတွက် ပိုပြီးလုံခြုံတယ်လို့ ခံစားရတယ်”

အဂ္ဂိရတ်ခန်းမ လည်ပတ်သွားပြီးနောက် ရန်ကျောက်ကဲက မြေခွင်းပုလဲနှင့် ထိတွေ့လိုက်သည်။

နတ်ဆိုးကိုဖိနှိပ်ထားသည့် အစီအရင်လည်ပတ်မှု သေချာစေပြီးနောက် သူက သေချာစဉ်းစားလိုက်သည်။

ရန်ကျောက်ကဲ သက်ပြင်းတစ်ချက်ချရင်း...

“လောလောဆယ်တော့ ဒီလိုပဲ လုပ်နိုင်တော့မယ်”

သူက ဆက်ပြောလိုက်သည်။

“နတ်ဆိုးတွေက လှည့်စားတတ်တဲ့ သတ္တဝါတွေပဲ ၊ ငါတို့ အဂ္ဂိရတ်ခန်းမကိုစွန့်ခွာပြီး မြေခွင်းပုလဲကိုပဲ အသုံးပြုမယ်ဆိုရင် မင်း ဒီကိစ္စကနေ မလွတ်မြောက်နိုင်တော့ဘူး ၊ မင်းလည်း ရှီကျွင်းတို့သားအမိ ၊ မြေခွင်းပုလဲနဲ့အတူ ဆက်သွားရလိမ့်မယ်”

ရွှီဖေးက...

“ငါ အဆင်ပြေပါတယ် ၊ အဲဒီကိစ္စ အရေးစိုက်စရာမလိုဘူး ၊ အရေးကြီးတာက နတ်ဆိုးကိုကိုင်တွယ်နိုင်ဖို့ပဲ”

သူက ရန်ကျောက်ကဲကိုကြည့်ပြီး ဆက်ပြောလိုက်သည်။

“အကြေးခွံတစ်ထောင်နယ်မြေနဲ့ ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ကို ရေပလ္လင်နတ်ဆိုးအတွက် သုံးလိုက်ပြီဆိုတော့ မြေကမ္ဘာပလ္လင်နတ်ဆိုးကို ဘယ်လိုကိုင်တွယ်ဖို့ စဉ်းစားထားလဲ ၊ ငါတို့တွေ အဂ္ဂိရတ်ခန်းမကိုပဲ အားကိုးနေလို့မရဘူး”

ယခု သူတို့အနေဖြင့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်နေသာနတ်ဆိုး ပြန်လည်မွေးဖွားခြင်းကိုတားဆီးရန် အဂ္ဂိရတ်ခန်းမကို အားကိုးနေရသည်။

ဤအခြေအနေအောက်တွင် နတ်ဆိုးအမှတ်အသားကို ထုတ်ယူရန် မဖြစ်နိုင်ပေ။ ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့ ယခင်က ဖြတ်သန်းခဲ့ရသည့်အတိုင်းပင် ဖြစ်၏။

နတ်ဆိုးအမှတ်အသားကို ထုတ်ယူလိုပါက မဟာနတ်ဆိုး ပြန်လည်မွေးဖွားနေစဉ်အတွင်း လုပ်ဆောင်ရမည် ဖြစ်သည်။

ထို့ကြောင့် “နေရာတိုင်းတွင် အန္တရယ်နှင့် အခွင့်အလမ်း ယှဉ်တွဲတည်ရှိသည်” ဆိုသော ဆိုရိုးစကား ထွက်ပေါ်လာခြင်း ဖြစ်၏။

တိုက်ပွဲက ရလဒ်နှစ်မျုးသာရှိသည်။

အောင်မြင်ပြီး အနာဂတ်ပြဿနာများကို ဖယ်ရှားနိုင်မလား ၊ သို့မဟုတ် ရှုံးနိမ့်ပြီး ရန်သူများ၏ သုတ်သင်ခြင်းကိုခံရမည်လား။

လက်ရှိတွင် အဂ္ဂိရတ်ခန်းမက အဆင်မပြောသော အနေအထားတွင် ရှိနေသည်။

ရန်ကျောက်ကဲက ဤနေရာ၏တည်ရှိမှု ထုတ်ဖော်ခံရမည်ကို စိုးရိမ်‌ခြင်း မရှိပေ။

သို့သော် အကြေးခွံတစ်ထောင်နယ်မြေ၊ ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်၊ သို့မဟုတ် အခြားထောက်ပံ့မှုများမရှိသည့်နေရာတွင် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားရန် ကြိုးပမ်းသောအခါ ဤနေရာကို လူတိုင်းသိရှိသွားကြပေလိမ့်မည်။

ထိုအချိန်ရောက်ပါပက စိတ်ဝိညာဉ်နတ်ဆိုးနှင့် အခြားထိပ်တန်းနတ်ဆိုးများ တည်နေရာကို ချက်ချင်းအတည်ပြုနိုင်မည် ဖြစ်သည်။

သူသာ အဂ္ဂိရတ်ခန်းမကို အားသာချက်အဖြစ် အသုံးပြုလိုပါက နတ်ဆိုးများသည် ထျန်းစူးစကြာဝဠာ၏ တည်နေရာကို အမှန်ပင် ရှာတွေ့သွားပေမည်။

ထျန်းစူးစကြာဝဠာ၏ တည်နေရာကို ငရဲကိုးထပ်မှနတ်ဆိုးများသာမက အခြားအင်အားစုများကလည်း အပြင်းအထန် ရှာဖွေနေကြသည်။

အကယ်၍ နတ်ဆိုးများ ထျန်းစူးစကြာဝဠာသို့ လာရောက်မည်ဆိုပါက အခြားအင်အားစုများမှ ကျွမ်းကျင်သူများသည်လည်း အလုံးအရင်းဖြင့် ရောက်ရှိလာကြပေမည်။

ထိုသို့ဖြစ်လာပါက မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကို ဘေးဖယ်ထားလျှင်တောင် ထျန်းစူးစကြာဝဠာတွင် နေထိုင်သူများ၏ကံကြမ္မာကို ဘုရားသာလျှင် သိနိုင်လိမ့်မည်.

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“အကြေးခွံတစ်ထောင်နယ်မြေလို အရာမျိုးက အရမ်းရှားပါးတယ် ၊ ငါတို့ တစ်ခုရှာတွေ့တာတောင် အတော်ကံကောင်းတယ်လို့ ယူဆရမယ်”

သူက ဆက်ပြောလိုက်သည်။

“ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ကလည်း နောက်တစ်ခုထပ်တည်ဆောက်ဖို့ ငါတို့မှာ ရင်းမြစ်တွေ မလုံလောက်တော့ဘူး”

ရွှီဖေးက...

“မင်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို စေလွှတ်ပြီး ကြယ်စင်မြစ်လက်တက်ကို သွားစစ်ဆေးတယ်မဟုတ်လား ၊ အဲဒီမှာ ဘယ်လိုနေလဲ”

ထုန်းမင်ဧကရာဇ်သေဆုံးသွားခဲ့သော ကြယ်စင်မြစ်လက်တက်နေရာက ရန်ကျောက်ကဲအတွက် အားသာချက်ရှိသော တိုက်ပွဲမြေပြင်အဖြစ် ယူဆနိုင်သည်။

မြစ်ဝါကိုးကွေ့အစီအရင်ကိုဖြန့်ကျက်လိုက်ပါက ရန်ကျောက်ကဲတစ်ယောက်တည်းဖြင့်ပင် ရန်သူတစ်အုပ်စုလုံးကို ရင်ဆိုင်နိုင်စွမ်းရှိသည်။

ထိုနေရာက ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကို ကိုင်တွယ်ရာတွင် သိပ်အသုံးမဝင်ခဲ့သော်လည်းမြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကို ဆန့်ကျင်ရာတွင် အထူးထိရောက်မှုရှိသလို ကျူးကျော်လာသော မဟာနတ်ဆိုးအုပ်စုကို ရင်ဆိုင်ရာတွင်လည်း ထိရောက်ပေသည်။

သို့သော် ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“အဲဒီနေရာကို ထပ်သုံးလို့မရတော့ဘူး”

ငရဲကိုးထပ်သည်လည်း ကြယ်မြစ်လက်တက်၏ တည်နေရာကို သိရှိထားသည်။

ဖန်းယွင်ရှန်းနှင့် တိုက်ခိုက်ခဲ့သော ကောင်းကင်နတ်ဘုရားအဆင့်နတ်ဆိုးဘုရင်က ကြယ်စင်မြစ်လက်တက် မြစ်ဝါကိုးကွေ့ အစီအရင်အဖြစ် ပြောင်းလဲသွားသည်ကို  ကိုယ်တိုင်တွေ့မြင်ခဲ့ဖူးသည်။

ထို့ကြောင့် ငရဲကိုးထပ်သည်လည်း ကာကွယ်ရေး အစီအမံများကို အထူးတလည် ပြုလုပ်ထားခဲ့သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ကြယ်မြစ်လက်တက်ကို သွားရောက်စစ်ဆေးသောအခါ ထိုနေရာဖျက်ဆီးခံထားရပြီ ဖြစ်သည်။ ကြည့်ရသည်မှာ နတ်ဆိုးဘုရင်၏လက်ချက် ဖြစ်နိုင်၏။

ရွှီဖေးက...

“ဒါဖြင့် သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာလား”

ရန်ကျောက်ကဲက...

“အမှန်ပဲ... ငရဲကိုးထပ်က အားလုံးရဲ့ဘုံရန်သူပဲ ၊ အနည်းဆုံးတော့ အချိန်အများစုမှာ အဲဒီလိုဖြစ်တယ်လို့ သတ်မှတ်လို့ရတယ် ၊ ဒါကြောင့် စိတ်ဝိညာဉ်နတ်ဆိုးနဲ့ အရိပ်နတ်ဆိုးတို့ ဘာမှမလှုပ်ရှားနိုင်တာပဲ ၊ အကြီးအကဲစောနဲ့တခြားသူတွေက သူတို့ကို တိုက်ထုတ်လိုက်ပြီ ၊ ပြီးတော့ ဗုဒ္ဓဘာသာကျင့်ကြံသူတွေနဲ့ နတ်မိစ္ဆာမျိုးနွယ်တွေကလည်း ငရဲကိုးထပ်ကို ချောင်ပိတ်တိုက်ခိုက်နေကြတယ်”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ နတ်ဆိုးတွေကို ခြေရာခံနိုင်ဖို့က ခဲယဉ်းတယ် ၊ သူတို့က မျှော်လင့်မထားတဲ့ အသွင်ပြောင်းမှုတွေကို ဖန်တီးနိုင်တယ် ၊ ဒါကြောင့် နတ်ဆိုးတွေအများကြီး လွတ်ထွက်လာတာမျိုး ရှိနိုင်သေးတယ်”

ရန်ကျောက်ကဲမျက်ဝန်းများ အေးစက်နေသည်။

“ဒါပေမဲ့ ငါတို့တွေက ဗုဒ္ဓဘာသာကျင့်ကြံသူတွေနဲ့ နတ်မိစ္ဆာတွေကို အားကိုးလို့ မရဘူး ၊ သူတို့က ငရဲကိုးထပ်နဲ့တိုက်ခိုက်နေရင်း ငါတို့ကိုလည်း ဖိနှိပ်ချင်နေကြတယ် ၊ တကယ်လို့ နတ်မိစ္ဆာမျိုးနွယ်တွေသာ ဝင်မနှောက်ယှက်ရင် နက္ခတ်ဧကရာဇ် အသက်ဆုံးလုနီးပါးအထိ ဖြစ်လာမှာမဟုတ်ဘူး”

ထို့နောက် သူက သက်ပြင်းချရင်း...

“တကယ်တော့ ငါသာ ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ကို ထိန်းထားနိုင်ခဲ့ရင်... အရာအားလုံးက ပိုပြီးလွယ်ကူသွားမှာ”

ရွှီဖေးက သူ၏သေရည်အိတ်ကိုကိုင်မြှောက်ပြီး တစ်ငုံသောက်လိုက်သည်။

သူ၏မျက်နှာက နီရဲနေသော်လည်း သူ၏မျက်ဝန်းများက ရှင်းလင်းတည်ငြိမ်နေသည်။

ရန်ကျောက်ကဲက...

“ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင် မရှိတော့ရင် စိတ်ဝိညာဉ်နတ်ဆိုးဝင်ရောက်နှောက်ယှက်မှာကို တားဆီးဖို့ ခက်ခဲလိမ့်မယ် ၊ ဘာလို့လဲဆိုတော့ သူက ဒီနေရာကို ကိုယ်တိုင်မလာဘဲ ရှီကျွင်းတို့ကို လွှမ်းမိုးနိုင်စွမ်းရှိတယ်”

သူက ခဏမျှစဉ်းစားရင်း ဆက်ပြောလိုက်သည်။

“ငါ တောင်ပိုင်းချန်စန်းဧကရာဇ်ကို အကူအညီတောင်းထားတယ် ၊ အခု သူ့ဆီကအဖြေကိုစောင့်နေတာ ၊ တာအိုဝါဒ အဆက်အနွယ်တွေထဲမှာ သူက စိတ်ဝိညာဉ်နတ်ဆိုးရဲ့လွှမ်းမိုးမှုကို တန်ပြန်တဲ့နေရာမှာ အကျွမ်းကျင်ဆုံးပဲလေ”

ရွှီဖေး တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

ရန်ကျောက်ကဲက စည်းတံဆိပ်ကို တည်ငြိမ်စေလိုက်ပြီး အဂ္ဂိရတ်ခန်းမအတွင်း ဝင်ရောက်သွားသည်။ ရွှီဖေးလည်း သူ့နောက်မှ လိုက်ပါသွားသည်။

ယင်ယွီကျန်းက အဂ္ဂိရတ်ခန်းမအတွင်းရှိ ရေခဲခေါင်းတလားထဲတွင်လဲလျောင်းလျှက် နက်ရှိုင်းစွာ အိပ်မောကျနေဆဲ ဖြစ်သည်။

ရှီကျွင်းကတော့ အဂ္ဂိရတ်ခန်းမနံရံတွင် ကျောမှီလျှက် ကြာပန်းပုံစံ ထိုင်လျှက်ရှိသည်။

သို့သော် သူ၏နဖူးထက်တွင် ဒေါင်လိုက်အက်ကွဲကြောင်းတစ်ခုရှိနေပြီး ထိုအက်ကွဲကြောင်းအတွင်းမှ မြေညိုရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။

ထိုအလင်းတန်းက သိပ်သည်းခြောက်ကပ်ပြီး ရန်စက်သော ရန်လိုသော အငွေ့အသက်များဖြင့် ပြည့်နက်နေသည်။

အက်ကွဲကြောင်းကိုဖြတ်ပြီး မြေညိုရောင်အလင်းတန်းနောက်သို့ ကြည့်လိုက်မည်ဆိုလျှင် နက်မှောင်သည့်တွင်းနက်တစ်ခုရှိနေသည့်အလား ခံစားရမည် ဖြစ်၏။

ထိုအက်ကွဲကြောင်းအတွင်းမှ လျှို့ဝှက်ထူးဆန်းသည့် ခံစားချက်တစ်ခု ထွက်ပေါ်လာပြီး လူတစ်ယောက်အား ထိုတွင်းနက်ထဲ ခုန်ချလိုစိတ် ပြင်းပြစွာ ဖြစ်ပေါ်စေသည်။

တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို ခံစားမိသဖြင့် ရှီကျွင်း မျက်လုံးများကို ဖွင့်လိုက်သည်။

ရန်ကျောက်ကဲနှင့် ရွှီဖေးဖြစ်နေကြောင်းတွေ့တော့မှ သူ၏စိုးရိမ်ထိတ်လန့်သောမျက်နှာက ပြေလျော့သွားသည်။

ရန်ကျောက်ကဲက တည်ကြည်စွာဖြင့်...

“ရှီကျွင်း... အခု နက္ခတ်ဧကရာဇ်နဲ့ အကြီးအကဲချူး နတ်ဆိုးအမှတ်အသားကို ထုတ်ယူတဲ့လုပ်ငန်းစဉ်အကြောင်း မင်းကိုပြောပြမယ် ၊ မင်းက ဒါကိုအသုံးချနိုင်ဖို့ မှတ်ထားရမယ်”

ရှီကျွင်းက ရန်ကျောက်ကဲကို တည်ကြည်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

ယင်ယွီကျန်းက သတိလစ်မေ့မျောနေသဖြင့် သူမထံမှ နတ်ဆိုးသင်္ကေတကိုထုတ်ယူရမည့်တာဝန်မှာ ရှီကျွင်းထံသို့ ကျရောက်လာသည်။

ရှီကျွင်းထံတွင် ပြန်လည်မွေးဖွားလာမည့်နတ်ဆိုးမှာ မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး၏ လက်အောက်ခံဖြစ်သည်။

အချို့သော ရှုထောင့်မှကြည့်လျှင် ၎င်းတို့သည် တူညီသော မူလရင်းမြစ်မှ ဆင်းသက်လာသည်။

တကယ်တော့ ရှီကျွင်းသည်လည်း မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး၏ ပြန်လည်မွေးဖွားခြင်း ရုပ်ခန္ဓာဖြစ်လာနိုင်သည်။

သို့သော် သူက သူ၏မိခင်နှင့်နှိုင်းယှဉ်လျှင် သိပ်ပြီးမသင့်တော်ပေ။

ထို့ကြောင့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက ယင်ယွီကျန်းထံတွင် ပြန်လည်မွေးဖွားရန် ရွေးချယ်ခဲ့ပြီး သူ၏လက်အောက်ခံက ရှီကျွင်းထံတွင် ပြန်လည်မွေးဖွားရန် ရွေးချယ်ခြင်း ဖြစ်၏။

ထို့ကြောင့် ရှီကျွင်းအနေဖြင့် ယင်ယွီကျန်းထံမှ နတ်ဆိုးအမှတ်အသားကိုထုတ်ယူရတွင် မဖြစ်နိုင်သော အခက်အခဲများနှင့် ရင်ဆိုင်ရပေမည်။

သို့သော် လက်ရှိတွင် သူ့အနေဖြင့် အခြားမည်သူတစ်ဦးတစ်ယောက်ကိုမှ အားကိုးလို့မရပေ။  ရှီကျွင်းက ရန်ကျောက်ကဲ၏ စကားများကို နက်နက်ရှိုင်းရှိုင်း အာရုံစိုက်နားထောင်နေသည်။

နတ်ဆိုးတွန်းလှန်အင်းသင်္ကေတအကြောင်း ကြားသည့်အခါ သူက နက်နဲစွာဖြင့် တွေးတောလိုက်လေ၏။

All Chapters