← Chapters

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

၄၅၁- အင်မော်တယ်လက်နက်၊ အင်မော်တယ်ကျမ်းနှင့် ရာရှိုမွန်မျိုးနွယ် ဆင်းသက်ခြင်း...

~လုရီကမူ အလိုမကျဖြစ်သွားပြီး စုံစမ်းလိုက်သည်။

“သူတို့ ဘယ်ကိုထွက်သွားလဲဆိုတာရော သိလား။”

ထိုအခါ ဂ~လုရီကမူ အလိုမကျဖြစ်သွားပြီး စုံစမ်းလိုက်သည်။

ိုဏ်းချုပ် ဝူချင်းဖုန်းက လုရီကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်၏။

“ငါမသိဘူး။ သူတို့က အလျင်အမြန် ထွက်သွားကြတာ၊ အဲ့ဒီအချိန်တုန်းက ဒီကိစ္စကို လူအများကြီး မသိကြဘူး။ နောက်မှပဲ သူတို့ထွက်သွားတာကို သိလိုက်ရတာ… မင်းက သူတို့ကို တိုက်ခိုက်ဖို့ လိုက်ရှာဖို့ စဉ်းစားနေတုန်းပဲလား။”

သူ့စကားအား ကြားသောအခါ လုရီက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

“မဟုတ်ပါဘူး၊ အဲ့လို မဟုတ်ပါဘူးဗျာ။ သူတို့ကို ရှာမတွေ့နိုင်ရင်လည်း ထားလိုက်ပါတော့။”

လုရီအတွက်မူ အချိန်ကြာလာသည်နှင့်အမျှ သူက ပို၍သာ အားကောင်းလာမည် ဖြစ်သည်။ ယခုအခါ ထိုဂိုဏ်းသုံးခုမှ ကျင့်ကြံသူများမှာ ထွက်ပြေးသွားကြပြီ ဖြစ်ပြီး သူ့ပြိုင်ဘက်များလည်း မဟုတ်ကြတော့ပေ။ သူသည် သူတို့ကိုရှာဖွေရန် အချိန်ဖြုန်းခံနိုင်လောက်အောင်

စိတ်မရှည်တော့ချေ။

ထိုအချိန်ကို ကောင်းစွာ ကျင့်ကြံခြင်းဖြင့် ပိုမိုကောင်းမွန်စွာ အသုံးချနိုင်ပေသည်။

“စကားမစပ်၊ ဂိုဏ်းချုပ်နဲ့ ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခုရှိတယ်ဗျ။”

လုရီက တိမ်ဖြူဂိုဏ်းနှင့် ပန်းတစ်သောင်းဂိုဏ်းကြားတွင် နေရာ ကူးပြောင်း အခင်းအကျင်း တည်ဆောက်မည့် အကြောင်းကို

ဝူချင်းဖုန်းအား ပြောပြလိုက်သည်။

ထိုအကြောင်းကို ကြားပြီးနောက် ဂိုဏ်းချုပ်

ဝူချင်းဖုန်းမှာ အလွန်စိတ်ဝင်စားသွားပြီး ပန်းတစ်သောင်းဂိုဏ်းနှင့် ဆွေးနွေးရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့၏။

ယခုအခါ တိမ်ဖြူဂိုဏ်းမှာ ကြီးပွားတိုးတက်နေပြီ ဖြစ်သောကြောင့် ဂိုဏ်းချုပ် ဝူချင်းဖုန်းတွင် အရေးတကြီးကိစ္စများ မရှိပေ။ ထို့ကြောင့် သူသည် ထိုနေ့တွင်ပင် ဂိုဏ်းမှ ထွက်ခွာကာ

ပန်းတစ်သောင်းဂိုဏ်းမှ အဘွားဟွားကို သွားရောက်ရှာဖွေတော့သည်။

တိမ်ဖြူတောင်ထိပ်မှ ထွက်ခွာပြီးနောက် လုရီသည် သူ၏ဂူစံအိမ်သို့ ပြန်ကာ ကျင့်ကြံလေသည်။

သူ၏စီနီယာအစ်မမှာ နှစ်ကိုယ်တူကျင့်ကြံခြင်း

မပြုလုပ်သေးသောကြောင့် လုရီသည် ရံဖန်ရံခါ သုန်းကုန်းမင်ယွဲ့၏ ဂူစံအိမ်သို့ တိတ်တဆိတ်ခိုးဝင်ကာ သုန်းကုန်းမင်ယွဲ့နှင့်အတူ နှစ်ကိုယ်တူကျင့်ကြံလေ၏။

သုန်းကုန်းမင်ယွဲ့ ပင်ပန်းနွမ်းနယ်သွားသောအခါ လုရီသည် တစ်ကိုယ်တည်း ကျင့်ကြံလေသည်။ သူသည် အမျိုးမျိုးသော နိယာမများ၊ တာအိုသိုင်းများ၊ အင်မော်တယ်ကျမ်းများနှင့် များပြားလှသော ကျင့်ကြံခြင်းသိုင်းပညာများကို တွေးတောဆင်ခြင်နေခဲ့သည်။

ပင်လယ်မျိုးနွယ်စစ်မြေပြင်မှ သတင်းများမှာလည်း အခါအားလျော်စွာ ပြန်လည်ရောက်ရှိလာတတ်၏။

ပင်လယ်မျိုးနွယ်ကြောင့် မိမိတို့၏ နယ်မြေဟောင်းများကို စွန့်ခွာခဲ့ရသော ဂိုဏ်းများမှာ မူလနေရာများသို့ ပြန်လည်ရောက်ရှိလာကြသည်။ သို့သော်လည်း၊ တိုက်ပွဲကြီး၏ ရိုက်ခတ်မှုကြောင့် အားအကောင်းဆုံးအဖွဲ့ဝင်များ တိုက်ပွဲတွင် ကျဆုံးပြီးနောက် အားကောင်းသောဂိုဏ်းများစွာမှာ အားနည်းသွားကာ အခြားသူများ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။

မူလက အားနည်းသော ဂိုဏ်းများမှ အဖွဲ့ဝင်များသည်လည်း ပင်လယ် မျိုးနွယ် စစ်မြေပြင်တွင် ကြီးမားသော အခွင့်အရေးများ ရရှိပြီး ကောင်းကင်သို့ ပျံတက်ကာ ထိုဒေသရှိ အင်အားကြီးများထဲမှ တစ်ဦး ဖြစ်လာခဲ့ကြသည်။

မိမိတို့၏ ကိုယ်ပိုင်ဂိုဏ်းများ တည်ထောင်ကာ ဝေစုများကို ခွဲဝေယူကြသော တကိုယ်တော်ကျင့်ကြံသူများပင် ရှိခဲ့လေသည်။

အချုပ်အားဖြင့်ဆိုရသော် ထိုမူလပင်လယ်မျိုးနွယ်စစ်မြေပြင်ဒေသမှာ ယခုတိုင် ဖရိုဖရဲဖြစ်နေဆဲပင်။ ယခုအခါတွင်မူ ပင်လယ်မျိုးနွယ် ကျင့်ကြံသူများကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ၊ အရှေ့နယ်မြေမှ ကျင့်ကြံသူများက မိမိတို့၏ ဝေစုများကို ခွဲဝေယူလိုခြင်းသာ ဖြစ်တော့သည်။

ဤရုန်းရင်းဆန်ခတ်မှုမှာ အဆုံးသတ်ရန် အချိန်အနည်းငယ်ကြာမြင့်ပေဦးမည်။

ထိုအချိန်တွင် အရှေ့ပင်လယ်ဒေသ၌ အင်မော်တယ်များ၏ တိုက်ပွဲသည်လည်း ကြီးမားသော ရိုက်ခတ်မှုများ ရှိခဲ့သည်။

အရှေ့ပင်လယ်ဒေသ၏ ကြီးမားသော ဧရိယာများမှာ ပျက်စီးသွားခဲ့၏။ ပင်လယ်ရေများမှာ ထိုဒေသသို့ ပြန်လည်ဖြည့်တင်းပြီးဖြစ်သော်လည်း၊ အချို့ကျွန်းများမှာ ထာဝရပျောက်ကွယ်သွားပြီး ကျွန်းအသစ်များလည်း ဖြစ်ပေါ်လာကာ ကီလိုမီတာတစ်သန်းနီးပါးရှိသော

မြေမျက်နှာသွင်ပြင်မှာ ပြောင်းလဲသွားခဲ့သည်။

ထိုဒေသမှ ပင်လယ်မျိုးနွယ် ကျင့်ကြံသူများမှာ အဆိုးရွားဆုံး ခံစားခဲ့ရသည်။ ပညာရှင်ကြီးအများအပြားမှာ အင်မော်တယ်များ၏ တိုက်ပွဲအတွင်း မတန်တဆ သေဆုံးခဲ့ရပြီး၊ ထိုဒေသ၏ အရှင်သခင်ဖြစ်သော ရေနက်နဂါးမျိုးနွယ်မှာလည်း ဆုံးရှုံးမှုကြီးမားခဲ့၏။

သို့သော် သူတို့၏အခြေစိုက်စခန်းကို အင်မော်တယ်လက်နက်တစ်ခုဖြင့် ကာကွယ်ထားသောကြောင့် အခြေခံအုတ်မြစ်ကိုယ်တိုင်မှာ

မထိခိုက်ခဲ့ပေ။ သူတို့သည် ပို၍တိတ်ဆိတ်စွာ နေထိုင်ပြုမူရန်သာ လိုအပ်တော့သည်။

ပင်လယ်မျိုးနွယ်ထံမှ သတင်းများအရ ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်မှ ဟင်းလင်းပြင် အင်မော်တယ်သုံးဦးမှာ ခြေရာလက်ရာမကျန် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့ပြီး၊ သူတို့၏ မျိုးနွယ်ပင်လျှင် သူတို့ဘယ်ကိုရောက်သွားသည်ကို မသိရှိခဲ့ပေ။

ထိုဟင်းလင်းပြင် အင်မော်တယ်သုံးဦး ပျောက်ဆုံးသွားသောကြောင့် ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်မှာလည်း ပို၍ တိတ်ဆိတ်သွားပြီး သူတို့၏ နယ်မြေချဲ့ထွင်မှုများကို ရပ်တန့်လိုက်တော့သည်။

ပင်လယ်မျိုးနွယ်မှာလည်း ငြိမ်သက်သော အခြေအနေသို့ ရောက်ရှိသွားခဲ့၏။

တစ်ခုတည်းသော ပြဿနာမှာ ယခင်က ခန့်မှန်းရခက်စွာ ရွေ့လျားနေသော မြူခိုးကျွန်းဖြစ်ပြီး၊ တိုက်ပွဲကြီးအပြီးတွင်မူ မခန့်မှန်းနိုင်စွာ

မရွေ့လျားတော့ပေ။ ၎င်းသည် အနက်ရောင်မီးတောက် ချောက်နက်ကြီးအသွင် ပြောင်းလဲသွားခဲ့ပြီး၊ မည်သည့်နေရာသို့ ဦးတည်နေသည်ကို မည်သူမျှ မသိရှိခဲ့ပေ။ ချဉ်းကပ်လာသော သက်ရှိတိုင်းမှာ ကျိုယိုစွမ်းအင်၏ သက်ရောက်မှုကို ခံရပြီး ရူးသွပ်သွားကြလေသည်။

ယခုအခါ မြူခိုးကျွန်းသည် တားမြစ်နယ်မြေ

တစ်ခု ဖြစ်လာခဲ့တော့သည်။

…

နှစ်ဆယ့်ငါးနှစ်အကြာ၊ ချင်းကျိုးပြည်နယ်ရှိ တောင်တန်းတစ်ခုအတွင်း၌ ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ရုတ်တရက်ပေါ်ပေါက်လာ၏။ အက်ကွဲကြောင်း၏ တစ်ဖက်တွင် သွေးနံ့ပြင်းသော အမှောင်သွေးရောင် အလင်းများ စီးဆင်းနေသည်။ အရပ်အမောင်း မြင့်မားသော

သန်သန်စွမ်းစွမ်း ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။

ဤပုံရိပ်နှစ်ခုမှာ သွေးနီရောင်အသားအရေရှိပြီး ခေါင်းပေါ်တွင် ချိုများပေါက်နေကာ ရုပ်ရည်မှာ ကြမ်းတမ်းခက်ထန်လှ၏။

သူတို့၏ကိုယ်များမှ သွေးနှင့်ချီစွမ်းအင်များ ပေါက်ကွဲနေပြီး ကြောက်မက်ဖွယ်စွမ်းအားများ သယ်ဆောင်လာရာ၊ တောင်တန်းတစ်ခုလုံးရှိ သက်ရှိအားလုံးမှာ သေမတတ် တိတ်ဆိတ်သွားပြီး သူတို့ကို မနှောင့်ယှက်ဝံ့ကြပေ။

သူတို့သည် ရာရှိုမွန်မျိုးနွယ်မှ ကျင့်ကြံသူများ

ဖြစ်ပြီး၊ ကပ်ဘေးဖြတ်ကျော်ခြင်း နယ်ပယ်ဝင် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြလေသည်။

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ဦးမှာ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။

တစ်ဦးက ညည်းညူလိုက်သည်။

“ဒီနေရာက ဝိညာဉ်စွမ်းအင် သိပ်သည်းဆက နိမ့်လွန်းတယ်။ ငါတို့ ရာရှိုမွန်ကြယ်နဲ့ လုံးဝမယှဉ်နိုင်ဘူး။”

ထိုအခါ...

“ဒါက သဘာဝပဲလေ။ ဒီဂြိုဟ်က သေမျိုးကြယ်တွေထဲမှာ အဆင့်အတန်းရှိတယ်လို့ သတ်မှတ်လို့ရပေမဲ့၊ အင်မော်တယ်ကြယ်စစ်စစ်နဲ့တော့ အများကြီးကွာတယ်။”ဟု အခြားတစ်ဦးက ပြန်လည် ရှင်းပြသည်။

ပထမတစ်ဦးက အေးစက်စွာ လှုံ့ဆော်လာလေ၏။

“အချိန်မဖြုန်းကြနဲ့တော့။ ဘိုးဘေးပြောတဲ့ လူသားကျင့်ကြံသူကို သွားရှာကြရအောင်။ ငါတို့ ရာရှိုမွန်မျိုးနွယ်ရဲ့ ပါရမီရှင်ကို သတ်ရဲတယ်၊ ငါတို့ ရာရှိုမွန်မျိုးနွယ်ရဲ့ အင်မော်တယ်သစ်ပင်ကို လုယူရဲတယ်၊ သူ့ကို သေလမ်း အမြန်ပို့ရမယ်။”

အခြားရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူက ခေါင်းညိတ်လိုက်သည်။

“သွေးဝိညာဉ်သေဆုံးပြီးနောက်၊ ငါတို့ဘိုးဘေးက ဟင်းလင်းပြင်ကို ဖြတ်ပြီး အမှတ်အသားတစ်ခု ချန်ထားခဲ့တယ်။ အဲ့ဒီအမှတ်အသားအတိုင်း လိုက်သွားရင် သူ့ကို ရှာတွေ့နိုင်မှာပါ။”

သူတို့၏ပုံရိပ်များမှာ ရုတ်ချည်းပင်

သာမန်လူသားများ၏ ပုံပန်းသဏ္ဌာန်သို့ ပြောင်းလဲသွားကာ အလင်းတန်းများအဖြစ် ပျောက်ကွယ်သွားကြတော့သည်။

…

တိမ်ဖြူဂိုဏ်းအတွင်းမှ လုရီ၏ ဂူစံအိမ်ရှိ ကျင့်ကြံခြင်းအခန်းထဲတွင်...

လုရီသည် ခြေပစ်လက်ပစ်ထိုင်နေပြီး၊ သူ့ပတ်လည်တွင် ဓားစိတ်ဆန္ဒများ လှည့်ပတ်နေကာ၊ ကြီးမားသော စိမ်းလန်းသောတောအုပ်များ၊ ကျယ်ပြန့်သော ပန်းပင်လယ်များနှင့် အဆုံးမဲ့သော နှင်းခဲသမုဒ္ဒရာများ ရှိနေ၏။

အမျိုးမျိုးသော ကြီးမားကျယ်ပြန့်သည့် ဆန်းကြယ်မြင်ကွင်းများက သူ့ပတ်လည်တွင် ဝန်းရံထားပြီး၊ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင်ကမ္ဘာများကဲ့သို့ ဖြစ်နေကာ၊ ခြေပစ်လက်ပစ်ထိုင်နေသော လုရီမှာမူ ဤကမ္ဘာများ၏ အရှင်သခင်ကဲ့သို့ ပေါ်လွင်နေသည်။

ခဏအကြာတွင် လုရီသည် ဖြည်းညင်းစွာ မျက်လုံးများ ဖွင့်လိုက်ရာ ပတ်ဝန်းကျင်မှ ဆန်းကြယ်မြင်ကွင်းများမှာလည်း ကြေပျယ်သွားတော့သည်။

သူ မတ်တပ်ထရပ်ကာ အကြောဆန့်လိုက်ပြီး ချီးကျူးလိုက်သည်။

“အင်မော်တယ်ကျမ်းတွေက သူတို့ရဲ့ဂုဏ်သတင်းနဲ့ တကယ်ပဲထိုက်တန်ပါပေတယ်။ ကောင်းကင်ကိုးလွှာဓားအင်မော်တယ် ရတနာကျမ်းနဲ့ ယီမုဟွာရှန်းကျမ်းတို့ကလည်း အလွန်နက်နဲတယ်။ ကျင့်ကြံခြင်းအကျိုးသက်ရောက်မှုက အမှန်ပဲ ကောင်းမွန်လှတယ်။”

ထို့နောက် သူက အနည်းငယ် စိတ်ညစ်သလို သက်ပြင်းချလိုက်သည်။

“ကံမကောင်းစွာနဲ့ပဲ၊ နှစ်ကိုယ်တူကျင့်ကြံခြင်းနဲ့ နှိုင်းယှဉ်ရင် တစ်ကိုယ်တည်းကျင့်ကြံတာက နည်းနည်းနှေးနေသေးတာပဲကွာ။”

လုရီ သူ၏ဂူစံအိမ်မှ ထွက်လာစဉ် ယွင်ရှီး ချဉ်းကပ်လာသည်ကို တွေ့လိုက်ရ၏။ လုရီကိုမြင်သောအခါ သူမ၏မျက်လုံးများမှာ တောက်ပသွားပြီး ပြုံးကာ ပြောလိုက်သည်။

“လုရီ၊ ကျင့်ကြံလို့ ပြီးပြီလား။ ငါအခုပဲ ပျိုးထောင်ခြင်း လျှို့ဝှက်နည်းစနစ်ကိုသုံးပြီး အပင်ပေါက်လေးတွေကို ပြုစုစောင့်ရှောက်ပေးခဲ့တယ် နော်၊ သူတို့ ကောင်းကောင်းကြီးထွားနေကြတယ်။ ဒီအတိုင်းသာ ဆက်သွားရင်၊ နောက်ထပ် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ တိမ်ဖြူဂိုဏ်းတစ်ခုလုံးရဲ့ ဝိညာဉ်စွမ်းအင် သိပ်သည်းဆက နောက်တစ်ကြိမ် သိသိသာသာ တိုးလာနိုင်မှာပဲ။”

အခန်း ၄၅၂- အင်မော်တယ်လက်နက်၊ အင်မော်တယ်ကျမ်းနှင့် ရာရှိုမွန်မျိုးနွယ် ဆင်းသက်ခြင်း...

~လုရီ၏ မျက်လုံးများမှာ တောက်ပသွားပြီး၊ သူက ယွင်ရှီး၏ ခေါင်းကို ပုတ်ကာ ပြုံးရင်း ချီးကျူးလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ ယွင်ရှီး။”

ယွင်ရှီးက ရယ်မောလိုက်၏။

“ငါတို့ကြားထဲမှာ ကျေးဇူးတင်စရာ ဘာလို့လိုမှာလဲ။”

လုရီက ခေါင်းညိတ်လိုက်သည်။ မူလက ဂိုဏ်းချုပ်ဝူချင်းဖုန်းနှင့် နေရာကူးပြောင်း အခင်းအကျင်းအကြောင်း ဆွေးနွေးပြီးနောက်၊ အဘွားဟွားနှင့် တိုင်ပင်ကာ ဝူချင်းဖုန်းက ချက်ချင်း သဘောတူခဲ့သည်။

ထို့နောက်တွင်တော့ လုရီသည် ဂိုဏ်းနှစ်ခုလုံး၏ နယ်မြေများအတွင်း နေရာကူးပြောင်း အခင်းအကျင်းများ တည်ဆောက်ပေးခဲ့ပြီး၊ ဂိုဏ်းတစ်ခုစီမှ ကျင့်ကြံသူများ အချင်းချင်း အဆင်ပြေစွာ သွားရောက် လည်ပတ်နိုင်စေခဲ့သည်။

ကောင်းမွန်သော ရလဒ်ကို မြင်သောအခါ

ဝူချင်းဖုန်းနှင့် အဘွားဟွားတို့က ဝမ်ကျန်းစံအိမ်နှင့် အေးခဲဆောင်းရာသီ တောင်ကြားတို့ကိုလည်း ပါဝင်ခွင့်ပြုခဲ့လေသည်။

ထိုသို့ဖြင့် ဂိုဏ်းလေးခုမှာ နေရာကူးပြောင်း အခင်းအကျင်းငယ်တစ်ခု ဖွဲ့စည်းခဲ့ကြသည်။ ခရီးသွားလာမှုမှာ များစွာပိုမိုလွယ်ကူလာပြီး၊ ယခုအခါ တိမ်ဖြူဂိုဏ်းမှာ နေ့စဉ်နှင့်အမျှ ပန်းတစ်သောင်းဂိုဏ်း၊ အေးခဲဆောင်းရာသီတောင်ကြားနှင့် ဝမ်ကျန်း စံအိမ်တို့မှ တပည့်များ အလုပ်ရုံများသို့ လာရောက်လည်ပတ်ခြင်းဖြင့် စည်ကားနေတော့သည်။

ယွင်ရှီးနှင့် ကျန်းရူယွီတို့မှာလည်း တိမ်ဖြူဂိုဏ်းမှ သုံးဦးနှင့်အတူ ကျင့်ကြံမှုအကြောင်း ဆွေးနွေးရန် တိမ်ဖြူဂိုဏ်းသို့ မကြာခဏ လာရောက်လည်ပတ်ကြ၏။

ဟုတ်ပါသည်။ နှစ်ကိုယ်တူ ကျင့်ကြံခြင်းများမှာလည်း အဓိကကျပြီး၊ လုရီမှာ နှစ်များတစ်လျှောက် နှစ်ကိုယ်တူ လေ့ကျင့်ခြင်းနှင့် ကျင့်ကြံခြင်းတို့မှ တစ်ဆင့် သူ၏ ကျင့်ကြံမှုအခြေခံကို သိသိသာသာ မြှင့်တင်နိုင်ခဲ့သည်။

သူသည် ဟင်းလင်းပြင်ဥမင် ဆယ့်သုံးလွှာသို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ပေါင်းစည်းခြင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

လုရီက ယွင်ရှီးကို သူ့ရင်ခွင်ထဲ ထည့်ကာ ထိုင်လိုက်ပြီး ပြုံးရင်း မေးလိုက်သည်။

“‘ယီမုဟွာရှန်းကျမ်း’ ကျင့်ကြံတာ ဘယ်လိုရှိလဲ။ နားမလည်တာတစ်ခုခုရှိရင် ငါမင်းကို ရှင်းပြပေးမယ် လေ။”

“အင်း!”

ယွင်ရှီးက ခေါင်းညိတ်လိုက်ပြီး သူမ ရှုပ်ထွေးနေသောအချက်အချို့ကို ထုတ်ဖော်မေးမြန်းရာ

လုရီက တစ်ခုချင်းစီ ရှင်းပြပေးခဲ့သည်။

နာရီပေါင်းများစွာ ဆွေးနွေးပြီးနောက်၊ ယွင်ရှီး၏ နတ်သမီးတစ်ပါးကဲ့သို့သော မျက်ဝန်းများမှာ ကြည်လင်ဝင်းပလာပြီး လုရီကို ကြည့်ကာ

အံ့ဩတကြီး ချီးကျူးလိုက်သည်။

“လုရီ၊ နင်က တကယ်ပဲ အထင်ကြီးစရာကောင်းတယ်။ ‘ယီမုဟွာရှန်းကျမ်း’ အပေါ် နင့်ရဲ့နားလည်မှုက ငါ့ထက် အများကြီးပိုနက်နဲတယ်။ ဒီ ‘အင်မော်တယ်ကျမ်း’ က နက်နဲပြီး ရှုပ်ထွေးလွန်းတယ်၊ ငါက အင်မော်တယ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားပေမဲ့တောင်၊ အချို့အပိုင်းတွေကို အတော်လေး စိန်ခေါ်မှုရှိတယ်လို့ ခံစားရတာဟယ်။”

သူမ စကားအား လုရီက ချိုသာသော အပြုံး

တစ်ပွင့်ဖြင့် တုံ့ပြန်လိုက်သည်။

“နားလည်မှုအတွက်တော့၊ မင်းက ဉာဏ်အလင်းလက်ဖက်ရည် သောက်နေခဲ့တာပဲ၊ မကြာခင် မင်းလည်း ရရှိမှာပါ။”

သူနှင့် ယွင်ရှီးမှာ ကွဲပြားသည်၊ နောက်ဆုံးတော့ သူ့မှာ သူ့ဆရာ ရှိသည် မဟုတ်ပါလား။ သူ့ဆရာ တာအိုတရား ဟောကြားတိုင်း၊ သူ့တွင်

ရုတ်ချည်းဉာဏ်အလင်း ရခြင်းကို လှုံ့ဆော်ပေးပြီး၊ တစ်လတစ်ကြိမ် ဖြစ်သည်နှင့်အလျောက်.. လုရီသည် ဤလေ့ကျင့်မှုကို သူ၏ ‘ယီမုဟွာရှန်းကျမ်း’ လေ့လာမှုဘက်သို့လည်း ပြောင်းလဲခဲ့ရာ၊ ဉာဏ်အလင်းရခြင်းတွင် ယွင်ရှီးထက် သဘာဝအတိုင်း များစွာ သာလွန်နေသည်။

ကံမကောင်းစွာဖြင့်၊ သူ၏ ဆရာမှာ လွန်ခဲ့သောငါးနှစ်ကတည်းက တိမ်ဖြူဂိုဏ်းမှ ထွက်ခွာသွားခဲ့ပြီး ထိုအချိန်မှစ၍ ပြန်မလာသေးပေ။ သူမ ဘယ်တော့ပြန်လာမည်ကိုလည်း မသေချာပေ။

ထိုအခါ ယွင်ရှီးက ပြုံးကာ ခေါင်းညိတ်လိုက်၏။

ယွင်ရှီး၏ နတ်သမီး တစ်ပါးကဲ့သို့ လှပသောမျက်နှာကို ကြည့်ရင်း လုရီ၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။ သူ ချောင်း

တစ်ချက်ဟန့်လိုက်ပြီး အကြံပြုလိုက်သည်။

“အဟမ်း...ယွင်ရှီး..မင်း အခု အားနေမှတော့၊ ငါတို့ နှစ်ကိုယ်တူကျင့်ကြံကြရင် ကောင်းမလား။”

ယွင်ရှီး၏ ကိုယ်လေးတောင့်တင်းသွားပြီး လုရီကို အကူအညီမဲ့စွာဖြင့် နက်ရှိုင်းသော ဝမ်းနည်းမှုဖြင့် ကြည့်လိုက်သည်။

“အရင်တစ်ခေါက်တုန်းက၊ နင်က ငါရယ်၊အစ်မ

ရူယွီရယ်၊ ညီမမင်ယွဲ့ရယ်ကို အဖော်ပြုပြီး ရက်ပေါင်းများစွာ နှစ်ကိုယ်တူလေ့ကျင့်ခဲ့တာ၊ အဲ့ဒီအချိန်ကစပြီး သိပ်မကြာသေးဘူးလေ။ နင်က အခုပဲ ကျင့်ကြံချင်နေပြန်ပြီလား။”

လုရီမှာ ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေပြီး ရယ်မောလိုက်သည်။

“ဖြစ်နိုင်ရင်တော့၊ ငါက နေ့တိုင်းလုပ်ချင်တာပေါ့။”

ယွင်ရှီး: “...”

သူမက လုရီ၏ ပခုံးကို ထုလိုက်ပြီး တောင်းဆိုလိုက်၏။

“ငါတစ်ယောက်တည်းနဲ့ မလုံလောက်ဘူး၊ အစ်မရူယွီနဲ့ ညီမမင်ယွဲ့ကိုပါ ခေါ်ဖို့လိုတယ်။ စကားမစပ်... နင် အစ်မနင်ရွှမ်းကို ဘယ်တော့ ဒီထဲကို ခေါ်သွင်းမှာလဲ။”

ထိုအခါမှာတော့ လုရီက အကူအညီမဲ့စွာ ဖြေလိုက်သည်။

“ငါလည်း ခေါ်ချင်တာပေါ့၊ ဒါပေမဲ့ စီနီယာအစ်မရူယွီက အမြဲတမ်း သူ စိတ်ပိုင်းဆိုင်ရာ အသင့်

မဖြစ်သေးဘူးလို့ ပြောတယ်လေ၊ ပြီးတော့

စီနီယာအစ်မရူယွီက ငါတို့ကို အဲ့အကြောင်း

မပြောဖို့ တောင်းဆိုထားတာ မဟုတ်လား။”

ဤစကားကိုကြားပြီး၊ သူတို့ နှစ်ကိုယ်တူကျင့်ကြံတိုင်း လုရီအား လျိုနင်ရွှမ်းကို မပြောရန်

ကျန်းရူယွီ ပြုလုပ်ခဲ့သော စွန့်လွှတ်အနစ်နာခံမှုများကို ပြန်လည် အမှတ်ရမိသောအခါ ယွင်ရှီး၏ ပါးပြင်များမှာ အနည်းငယ် နီမြန်းသွားတော့သည်။

ယွင်ရှီးက ရယ်မောလိုက်သည်။

“ခစ်ခစ်...အစ်မရူယွီက အစ်မနင်ရွှမ်းသာ အဲ့အကြောင်းသိသွားရင်၊ သူက အချိန်အကြာကြီး တိတ်တိတ်ပုန်းလျှို့ဝှက်ခဲ့တဲ့အတွက် သူ့ကို အပြစ်တင်မှာကို ကြောက်နေတာ ဖြစ်မှာပေါ့။”

ထိုအခါမှာတော့ လုရီ၏ နှုတ်ခမ်းများမှာ အနည်းငယ် တွန့်ကွေးသွားပြီး၊ လျိုနင်ရွှမ်းသာ ဤအကြောင်းကို သိရှိသွားပါက မည်မျှဒေါသထွက်မည်ကို စိတ်ကူးကြည့်နိုင်နေသည်။

ကျန်းရူယွီသာမကဘဲ သူတို့ သုံးဦးလုံးမှာလည်း လွတ်မြောက်နိုင်ဖွယ်မရှိပေ။

လုရီ ခေါင်းခါလိုက်၏။

“စက္ကူနဲ့ မီးကို ပတ်လို့ မရပါဘူး။ စီနီယာအစ်မက မကြာသေးခင်က တစ်ခုခုထူးဆန်းနေတာကို ခံစားမိနေပြီလို့ ငါ အမြဲတမ်း ခံစားနေရတယ်။”

“ဟုတ်တယ်၊ ဟုတ်တယ်...အစ်မနင်ရွှမ်းက ငါ့ကို မကြာသေးခင်က ကြည့်တဲ့ အကြည့်တွေကြောင့် ငါ အမြဲတမ်း ကြောက်နေရတယ်။ ညီမမင်ယွဲ့လည်း သူ့ကြောင့် မကြာခဏ အချုပ်နှောင်ခံနေရတယ်။”

လုရီက ပြုံးစိစိလုပ်လိုက်သည်။

“ဒါဆို မအံ့ဩတော့ပါဘူး၊ ဒီရက်ပိုင်းတွေမှာ

စီနီယာအစ်မက လာဖို့ နည်းနည်း တွန့်ဆုတ်နေသလိုပဲ၊ ငါ့ကပဲ အမြဲတမ်း သူ့ကို သွားရှာနေရတာလေ။”

ယွင်ရှီးက ခေါင်းညိတ်လိုက်သည်။

“စောစော ပြောတာက ပိုကောင်းပါတယ်။ နင့်ရဲ့ရုပ်ခန္ဓာက ပိုပိုပြီး အားကောင်းလာတယ်၊ ငါတို့သုံးယောက်ပေါင်းရင်တောင် ခုခံဖို့ ပိုပိုပြီး ခက်ခဲလာတယ်။”

ထိုအခါ လုရီက အနည်းငယ် မာန်တက်စွာ ဆိုလိုက်၏။

“အဟွန်း...ဟုတ်တာပေါ့၊ ငါက အတော်လေး အထင်ကြီးစရာကောင်းတာကိုး။”

ထိုအခိုက်အတန့်တွင် လုရီ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏အမူအရာမှာ တည်ကြည်လေးနက်သွားတော့သည်။

လုရီ၏ ကိုယ်ပေါ်တွင် ထိုင်နေသော ယွင်ရှီးမှာ သူ၏ထူးခြားမှုကို ချက်ချင်းခံစားမိလိုက်၏။ သူမ လုရီကို ကြည့်လိုက်ရာ သူ၏တည်ကြည်သော အမူအရာကို သတိပြုမိပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်စွာဖြင့် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ၊ လုရီ။”

လုရီ၏ အမူအရာမှာ ထက်ရှသွားပြီး သူက ဆိုသည်။

“တစ်ယောက်ယောက်က ငါ့ကို လက်လှုပ်ရှားချင်နေပုံပဲ။”

သူ၏ အသေးစားတွက်ချက်ခြင်းသိုင်းကို ပြည့်စုံခြင်းအဆင့်သို့ ယူဆောင်လာခဲ့ပြီးဖြစ်သောကြောင့်၊ လုရီသည် ကောင်းကင်ယန္တရား၏ အာရုံကို အလိုလို တုံ့ပြန်နိုင်ခဲ့သည်။ ကျင့်ကြံမှု တိုးလာသည်နှင့်အမျှ အားကောင်းလာပြီး၊ ကံကြမ္မာနှင့် အရှိန်အဝါအပေါ် သူ၏အာရုံခံနိုင်စွမ်းမှာလည်း ပိုမိုပြင်းထန်လာခဲ့သည်။

သူသည် ထူးဆန်းသော စွမ်းအားတစ်မျိုးကို အသုံးချကာ အရှိန်အဝါမှတစ်ဆင့် သူ့ကို ထောက်လှမ်းရန် ကြိုးစားနေသော ကျင့်ကြံသူတစ်ဦးကို ခံစားမိလိုက်သည်။

ပြဿနာမှာ၊ ဤစွမ်းအားသည် အလွန်အားကောင်းလွန်းသောကြောင့် လုရီပင်လျှင် ၎င်းကို လုံးဝဖြတ်တောက်ရန် အခက်အခဲရှိပြီး၊ ၎င်းသည် ရင်းနှီးသလိုလည်း ခံစားနေရသည်။

ထိတ်လန့်ပြီး နားမလည်နိုင်ဖြစ်ကာ၊ လုရီ

တစ်ယောက် ထိုစွမ်းအား၏ ပြင်းထန်သော မှတ်ဉာဏ်ကို ပြန်လည်သတိရမိလိုက်သည်။

သူ သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးကို သတ်ခဲ့စဉ်က၊ ထိုကြောက်မက်ဖွယ် အကြည့်၊ ထိုစူးစမ်းမှုကို ခံစားခဲ့ရသည်။ ၎င်းသည် ထိုအလွန်အမင်း အားကောင်းသော စွမ်းအားပင် ဖြစ်သည်။

လုရီမှာ ထိတ်လန့်သွား၏။

သွေးဝိဉာဉ်ချောက်မှာတုန်းက...

အရင်က အဲ့ဒီအမှတ်အသားကို ချန်ထားခဲ့တဲ့ အင်မော်တယ်လား။ ဒီလောက်အချိန်ကြာပြီးတဲ့နောက်မှာတောင်၊ သူက ကံကြမ္မာကနေတဆင့် ငါ့ကို ခံစားမိနိုင်တုန်းပဲလား။

စိတ်အနှောင့်အယှက် ဖြစ်သော်လည်း

လုရီ အလေးအနက် ဆင်ခြင်သုံးသပ်လိုက်သည်။

ဒါ..ရာရှိုမွန် မျိုးနွယ်က အစွမ်းထက်ပုဂ္ဂိုလ်

တစ်ဦး ဖြစ်ဖို့ များတယ်။

သို့သော် သူ၏ ဆရာအဆိုအရ၊ ရာရှိုမွန်မျိုးနွယ်နှင့် ဤကြယ်တာရာနယ်ပယ်မှာ တူညီသော အင်အားစုအောက်တွင် မရှိပေ။ ရာရှိုမွန်မျိုးနွယ်မှ အင်မော်တယ်ပုဂ္ဂိုလ်များမှာ ဤနေရာသို့ မလာရဲကြပေ။ ထို့နောက် လာရောက်သူမှာ မည်သည့်အဆင့်ဖြစ်မည်နည်း။ မဟာယာနအဆင့် ကျင့်ကြံသူလား၊ သို့မဟုတ် ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူလား။

လုရီ တွေးတောဆင်ခြင်နေလိုက်သည်။

လုရီ၏ စကားကို ကြားသောအခါ

ယွင်ရှီး၏ အမူအရာမှာ အနည်းငယ် အုံ့မှိုင်းသွားပြီးနောက် သူမ၏ မျက်နှာပေါ်တွင် အေးစက်မှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။

“ဘယ်သူက နင့်ကို လက်လှုပ်ရှားစေချင်တာလဲ။”

“ရာရှိုမွန်မျိုးနွယ် ဖြစ်နိုင်တယ်။”

လုရီသည် ရာရှိုမွန်မျိုးနွယ်နှင့် ပတ်သက်သော ကိစ္စရပ်များကို ယွင်ရှီးနှင့် ဆွေးနွေးခဲ့ပြီးဖြစ်ရာ၊ ဤစကားကို ကြားသောအခါ ယွင်ရှီး၏ အမူအရာမှာ သိသိသာသာ မည်းမှောင်သွားသည်။

“အင်မော်တယ် လာတာလား။”

“မဟုတ်ဘူး၊ ငါ အဲ့လို မထင်ဘူး။”

လုရီက ခေါင်းခါလိုက်၏။ သူ၏မျက်လုံးများမှာ ခဏတာမျှ ဖျတ်ခနဲ လက်သွားပြီးနောက်၊.. အနည်းငယ် ပြုံးလိုက်သည်။

“ငါ ထပ်ပြီး တွက်ချက်ကြည့်လိုက်ပါဦးမယ်။”

သူ၏ပြိုင်ဘက်က သူ့ကို အရှိန်အဝါမှ တစ်ဆင့် တွက်ချက်နိုင်မှတော့၊ သူလည်း သဘာဝအတိုင်း ပြန်လည် တွက်ချက်နိုင်ရမည် မဟုတ်ပါလား။

အခန်း ၄၅၃ - ကျိုယိုအင်မော်တယ်အလောင်း၊ အင်မော်တယ်အမိန့်တော်...

လုရီက အသေးစားတွက်ချက်ခြင်းပညာကို အသုံးပြုကာ အင်မော်တယ်၏ ဝိညာဉ်အမှတ်အသားကို ခြေရာခံလိုက်ရာ မကြာမီမှာပင် သူ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အမူအရာတစ်ခု ပေါ်ပေါက်လာတော့သည်။

“ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတွေ...

ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူနှစ်ယောက် ချင်းကျိုးပြည်နယ်ထဲကို ရောက်နေပြီ။ တိမ်ဖြူဂိုဏ်းနဲ့ သိပ်မဝေးတော့ဘူးပဲ။”

ထိုစကားကို ကြားသောအခါ ယွင်ရှီး၏မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွား၏။

“ဒါဆို ဘယ်လိုလုပ်ကြမလဲဟင်”

လုရီက ထီမထင်စွာ ပြုံးလိုက်သည်။

“သူတို့က အင်မော်တယ်တွေ မဟုတ်သရွေ့တော့ ငါတို့ ရင်ဆိုင်နိုင်ပါတယ်။ သူတို့က ငါ့တည်နေရာကို တွက်ချက်နိုင်မှတော့၊ ငါကပဲ သူတို့ကို တိုက်ရိုက်သွားပြီး ရင်ဆိုင်လိုက်တာ ပိုကောင်းလိမ့်မယ်။”

နောက်ဆုံးတော့ ကပ်ဘေးဖြတ်ကျော်ခြင်း ကျင့်ကြံသူများကြားမှ တိုက်ပွဲသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်

အဖျက်စွမ်းအားကြီးမားလှသည်။ အကယ်၍

သူတို့ တိမ်ဖြူဂိုဏ်း၏ နယ်မြေအတွင်း၌ တိုက်ခိုက်ခဲ့လျှင်၊ ဂိုဏ်းတစ်ခုလုံးမှာ အပျက်အစီးများအဖြစ်သို့ လျော့ကျသွားဖွယ်ရှိ၏။

လုရီသည် ထိုသို့ဖြစ်ပွားရန် ခွင့်မပြုနိုင်ပေ။

သူက ယွင်ရှီးအား ဂိုဏ်းအတွင်း၌သာ နေရန် မှာကြားလိုက်သည်။ အမှန်တော့ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများကို ရင်ဆိုင်ရန်မှာ ယွင်ရှီး၏ လက်ရှိအစွမ်းဖြင့် အလွန်တရာ စိန်ခေါ်မှုကြီးမားလွန်းလှသည်။

ယွင်ရှီးက များများစားစား မပြောဘဲ ခေါင်းညိတ်ကာ မှာရှာသည်။

“အင်း၊ ဂရုစိုက်နော်..လုရီ”

လုရီက ခေါင်းညိတ်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဂူစံအိမ်အတွင်းမှ အလျင်အမြန်ပင် ပျောက်ကွယ်သွားတော့သည်။

...

တိမ်ဖြူဂိုဏ်းနှင့် အလှမ်းဝေးသော ဒေသ

တစ်ခု...

ယခင်က သွေးဝိညာဉ်ဂိုဏ်းပိုင်နက်ဖြစ်ခဲ့သော နေရာအတွင်း၌၊ ရာရှိုမွန်မျိုးနွယ်မှ ကျင့်ကြံသူ

နှစ်ဦးသည် လူသူကင်းမဲ့သော ချောက်ကမ်းပါးတစ်ခုတွင် ရှိနေကြသည်။

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူတစ်ဦးမှာ ခြေပစ်လက်ပစ်ထိုင်နေသည်။ သူ့ပတ်လည်တွင် သွေးနီရောင်အလင်းမျှင်များ ရစ်သိုင်းနေ၏။ အခြားတစ်ဦးမှာမူ သူ့ဘေးတွင် ရပ်စောင့်နေ၏။

မကြာမီမှာပင် ခြေပစ်လက်ပစ်ထိုင်နေသော

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူသည် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ရာ သူ၏အကြည့်များထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

“ဘာဖြစ်တာလဲ၊ သွေးသစ်သား။”

အခြားရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူက ထူးခြားမှုကို ချက်ချင်းသတိပြုမိပြီး မေးလိုက်သည်။

သွေးသစ်သားက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏မျက်နှာတွင် မယုံနိုင်ခြင်း အရိပ်အယောင်များ ထင်ကျန်နေဆဲဖြစ်၏။

“လူသတ်သမား... ငါတို့ရောက်နေတာကို သတိပြုမိသွားပုံပဲ။”

ထိုစကားကိုကြားသောအခါ အခြားရာရှိုမွန်

မျိုးနွယ် ကျင့်ကြံသူ၏ မျက်နှာမှာ

အကြီးအကျယ် သုန်မှုန်သွားပြီး မယုံနိုင်စွာ ဆိုသည်။ သုန်မှုန်သွားပြီး မယုံနိုင်စွာ ဆိုသည်။

“ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီလောက်ကျယ်ပြန့်တဲ့ အကွာအဝေးကနေ၊ သူက ငါတို့ကို ဘယ်လိုလုပ် ခံစားမိနိုင်မှာလဲ။”

သွေးသစ်သားက ရှင်းပြသည်။

“လူသတ်သမားက နတ်ဗေဒင် ပညာမှာ ကျွမ်းကျင်ပုံရတယ်။ ငါက ဘိုးဘေးရဲ့အမှတ်အသားကို သုံးပြီး သူ့တည်နေရာကို တွက်ချက်တာကို သူ သိသွားတာ။”

ထိုစကားကို ကြားသောအခါ အခြားရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူမှာ စိတ်အေးသွားလေ၏။

“ငါကတော့ သူ့ရဲ့ကျင့်ကြံမှု အခြေခံက စိတ်ကူး

မယဉ်နိုင်တဲ့ အဆင့် တစ်ခုကို ရောက်သွားပြီလို့ ထင်နေတာ။ ဒီလောက် အလှမ်းဝေးတဲ့ နေရာကနေတောင် ငါတို့ကို ခံစားမိနိုင်တယ်ပေါ့။ သူ့ရဲ့ကျင့်ကြံမှု အခြေခံက ဘယ်လို ရှိလို့လဲ။”

သွေးသစ်သားက ခေါင်းခါလိုက်သည်။

“အားမကောင်းပါဘူး၊ ဟင်းလင်းပြင်ဥမင်

အဆင့်မှာပဲ ရှိသေးတယ်။”

ထိုစကားကိုကြားသောအခါ အခြားရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူက မထီမဲ့မြင် ရယ်မောလိုက်သည်။

“ဝူးဟားဟားဟား..ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူလေး တစ်ယောက်ပဲလား၊ သူ့ကို ခြေမွပစ်ဖို့က လက်ဖဝါးလှန်လိုက်သလိုပဲ အလွယ်လေးပါ။”

သွေးသစ်သားက မငြင်းဆန်ပေ။

အကြောင်းမှာ သူတို့နှစ်ဦးလုံးမှာ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများ ဖြစ်သောကြောင့် ထိုသို့သော စကားများကို ပြောဆိုရန် ယုံကြည်မှုအပြည့် ရှိကြပေသည်။

သွေးသစ်သားက တိုက်တွန်းလိုက်တော့၏။

“မြန်မြန်လှုပ်ရှားကြရအောင်။ သူက ငါတို့ကို သတိပြုမိသွားမှတော့ ထွက်ပြေးဖို့ ရွေးချယ်နိုင်တယ်။”

“သူမပြေးနိုင်ပါဘူး။ ဘိုးဘေးရဲ့အမှတ်အသားက အမြဲရှိနေတာပဲ၊ ကမ္ဘာမြေအဆုံးထိ ပြေးရင်တောင် ငါတို့ သူ့ကို ရှာတွေ့နိုင်ပြီး၊ ပိုးကောင်တစ်ကောင်ကို နင်းခြေသလိုမျိုး ခြေမွပစ်လိုက်ရုံပဲ။”

“ဒါလည်း ဟုတ်တာပဲ၊ ဒါပေမဲ့ ဒီကိစ္စကို စောစောပြီးလေ၊ ငါတို့ စောစောပြန်လို့ရလေပဲ။ ဒီနေရာက ဝိညာဉ်စွမ်းအင်က အားနည်းလွန်းတယ်၊ ဒီမှာနေရတာ ငါ့တစ်ကိုယ်လုံး မသက်မသာဖြစ်နေပြီ။”

“အိုး..မင်း ပြောတာမှန်တယ်၊ သွားကြစို့။”

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ဦးမှာ အလင်းတန်းများအသွင် ပြောင်းလဲကာ တိမ်ဖြူဂိုဏ်းရှိရာဘက်သို့ ပျံသန်းသွားကြတော့သည်။

မကြာမီမှာပင် ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ဦးသည် ကန္တာရဆန်သော တောင်တန်းဒေသတစ်ခုသို့ ရောက်ရှိလာကြ၏။ ထိုစဉ်မှာပင် အလင်းတန်း တစ်ခုက အဝေးမှ အလျင်အမြန် ချဉ်းကပ်လာပြီး သူတို့ထံသို့ ပျံသန်းလာနေသည်။

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ဦး၏ မျက်လုံးများထဲတွင် အေးစက်သောအလင်းရောင်တစ်ချက် လက်သွားပြီး ချဉ်းကပ်လာသောသူကို ငြိမ်းသတ်ရန် အသင့်ပြင်လိုက်သည်။ ထိုအခိုက်အတန့်တွင် သွေးသစ်သား၏အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

“သူပဲ! သွေးဝိညာဉ်သခင်လေးကို သတ်တဲ့လူသတ်သမား!”

ထိုစကားကိုကြားသောအခါ အခြားရာရှိုမွန်

မျိုးနွယ် ကျင့်ကြံသူမှာလည်း မျက်လုံးပြူးကာ

မှင်သက်သွားပြီး သူ၏ မျက်နှာတွင် မယုံနိုင်ခြင်းများ ပြည့်နှက်သွားပြီးနောက် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

“ဟက်ဟက်… စိတ်ဝင်စားစရာပဲ။ သူက ငါတို့သူ့ကိုလိုက်ရှာနေတာကို သိသွားတာတောင်မှ ထွက်

မပြေးတဲ့အပြင်၊ ငါတို့ဆီ လာရဲတယ်ပေါ့လေ။”

သွေးသစ်သား၏အမူအရာမှာလည်း အေးစက်နေပြီး အသံကျယ်ကြီးဖြင့် လှောင်ရယ်လိုက်သည်။

“အသက်နဲ့ သေခြင်းကို နားမလည်တဲ့ ကောင်…”

လုရီသည် ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ဦးရှေ့တွင် လျင်မြန်စွာ ရပ်တန့်လိုက်၏။ သူတို့သည် လူသားမျိုးနွယ်၏ ပုံပန်းသဏ္ဌာန်ကို ယူထားသော်လည်း သူ၏အာရုံခံနိုင်စွမ်းမှာ မမှားယွင်းပါပေ။

သူက လူနှစ်ဦးကို စူးစိုက်ကြည့်လိုက်ပြီး သူ၏ပစ်မှတ်များကို အတည်ပြုကာ ချက်ချင်းပင် တီးတိုးရေရွတ်လိုက်သည်။

“ဒီရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ယောက်ကို နှိမ်နင်းဖို့ ငါရည်ရွယ်တယ်။”

[အလုပ်]

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူ နှစ်ဦးကို နှိမ်နင်းပါ။

ဆုလာဘ်: ရာရှိုမွန်သစ်ပင်မျိုးစေ့ ၂ စေ့၊

အဆင့်နိမ့် အင်မော်တယ်လက်နက် ကောင်းကင်နေမင်းစစ်ချပ်ဝတ်တန်ဆာ၊ နိယာမစွမ်းအားမျှင်တစ်မျှင်၊ ကြယ်တာရာမြစ်ပြာရွှေ ၁ တုံး။

အလုပ်ကို လက်ခံပါ: လက်ခံမည်လား/ငြင်းမည်လား။

ရာရှိုမွန်သစ်ပင်မျိုးစေ့ နှစ်စေ့တဲ့လား။

လုရီ၏အမူအရာမှာ အနည်းငယ် ထူးဆန်းသွား၏။

ကြည့်ရတာ ငါ့ဆရာ.. မပြန်လာခင်မှာ၊ ငါက အင်မော်တယ်သစ်ပင်တွေ လုံလောက်အောင် စုဆောင်းနိုင်မယ့် အခွင့်အရေးရှိနေပုံပဲ။

ဒါကို မြင်ရင် ဆရာက တကယ်ပဲ ငါ့ကို ‘အဖေ’ လို့ခေါ်လေမလား။

နောက်ထပ် ထူးဆန်းသော အတွေးများကို ဆက်မတွေးတော့ဘဲ လုရီ အလုပ်ကို လက်ခံလိုက်သည်။

ထိုအချိန်တွင် သွေးသစ်သားက လုရီကိုကြည့်ကာ အေးစက်စွာ မေး၏။

“မင်းက ငါတို့မျိုးနွယ်ရဲ့ ပါရမီရှင်ကို သတ်ခဲ့တဲ့ လူသားကျင့်ကြံသူလား။”

လုရီက ပြုံးလိုက်သည်။

“သိရဲ့သားနဲ့ ဘာလို့ အပိုစကားတွေ ပြောနေတော့မှာလဲ။”

သွေးသစ်သားနှင့် အခြား ရာရှိုမွန် မျိုးနွယ် ကျင့်ကြံသူတို့ အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာကာ၊ နောက်

တစ်ခဏ၌ သွေးသစ်သား၏ ပတ်လည်တွင် ကြီးမားသော ချီသွေး စွမ်းအားလှိုင်းလုံးကြီး

တစ်ခု စတင် လှုပ်ရှားလာတော့သည်။

သွေးနီရောင် အလင်းတိုင် တစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။

ကြောက်မက်ဖွယ် လေလှိုင်းက တုန်ခါမှုများကို ဖြစ်စေ၏။

မိုင်တစ်ရာပတ်လည်အတွင်းမှ တောင်များ ပြင်းထန်စွာ တုန်လှုပ်ကုန်သည်။

တောင်ထိပ်များစွာမှာ အမှုန့်အဖြစ်သို့ ကြေမွကာ ပျောက်ကွယ်သွားတော့သည်။

ဤအားကောင်းသောဖိအားသည် ချင်းကျိုးပြည်နယ်တစ်ခုလုံးကိုပင် လွှမ်းခြုံသွားပြီး၊ ချင်းကျိုးပြည်နယ်မှ ကျင့်ကြံသူအားလုံး ထိုကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားမိကာ

သူတို့၏မျက်နှာထားများမှာ သိသိသာသာ

ညှိုးငယ်သွားကြသည်။

“ဒါက… ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်ပါးရဲ့ အရှိန်အဝါပဲ။ ချင်းကျိုးပြည်နယ်ထဲမှာ ဘာလို့ ကပ်ဘေးဖြတ်ကျော်ခြင်း ဘိုးဘေးတစ်ပါးက

ဒီလို ရုန်းရင်းဆန်ခတ်မှုမျိုး ဖန်တီးနေရတာလဲ။”

“ဘာတွေ ဖြစ်နေတာလဲ။”

ချင်းကျိုးပြည်နယ်မှ ကျင့်ကြံသူအများအပြားမှာ ကြောက်ရွံ့ထိတ်လန့်နေကြသည်။ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်ပါးပါဝင်သော တိုက်ပွဲသည် ချင်းကျိုးပြည်နယ်ကို လုံးဝပျက်စီးသွားစေနိုင်ကြောင်း လူတိုင်း သိရှိကြလေ၏။

ချင်းကျိုးပြည်နယ်သာမကဘဲ အရှေ့ပိုင်းနယ်မြေမှ အားကောင်းသော ကျင့်ကြံသူများလည်း ထိုကြောက်မက်ဖွယ်အရှိန်အဝါ အားလှိုင်းများကို ခံစားမိကြသည်။ အင်မော်တယ်ဂိုဏ်းမြင့်မြတ် နယ်မြေအမျိုးမျိုးမှ ပညာရှင်ကြီးများနှင့် ဘိုးဘေးအများအပြားမှာ ချင်းကျိုး ပြည်နယ်ရှိရာဘက်သို့ အာရုံစူးစိုက်လိုက်ကြသည်။

All Chapters