← Chapters

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း ၄၅၄ - ကျိုယို အင်မော်တယ် အလောင်း၊ အင်မော်တယ် အမိန့်တော်...

~နတ်ဓားဂိုဏ်းကဲ့သို့သော ဂိုဏ်းများမှ ပညာရှင်ကြီးများနှင့် ဘိုးဘေးများမှာ မျက်မှောင်ကြုတ်လိုက်ကြပြီး အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ချင်းကျိုးပြည်နယ်ရှိရာဘက်သို့ ပျံသန်းသွားကြတော့သည်။

လုရီသည် မြေပြင်အနီးတွင် တိုက်ခိုက်ခြင်းက ကြီးမားသော ပျက်စီးမှုများကို ဖြစ်စေမည်ကို သဘာဝအတိုင်း သိရှိ၏။ ထို့ကြောင့် သူက အဝေးမှ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ဦးကို အေးစက်သော အမူအရာဖြင့် ကြည့်လိုက်ပြီး ထက်ရှသော အသံဖြင့် စိန်ခေါ်လိုက်သည်။

“ငါ့ကိုသတ်ချင်ရင်၊ အပေါ်ကိုတက်ခဲ့။”

လုရီသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အလွန်မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွားပြီး၊ ကြယ်တာရာစကြဝဠာအနီးသို့ ရောက်ရှိသွားတော့သည်။

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ဦးမှာလည်း သူ့နောက်သို့ လိုက်ပါသွားကြ၏။

ဟင်းလင်းပြင်ပေါ်တွင်ရပ်ရင်း သွေးသစ်သားက အေးစက်စွာ ဆိုသည်။

“ငါ တကယ်ပဲ စပ်စုချင်နေတာ၊ ငါတို့ မင်းကိုလိုက်ရှာနေတာကို သိရဲ့သားနဲ့၊ ဘာလို့မပြေးဘဲ ငါတို့ကို ဒီမှာစောင့်နေရတာလဲ။ မင်းက သေဖို့ အလျင်လိုနေတာလား။”

လုရီက ရယ်မောလိုက်သည်။

“သေဖို့လား။ ဟားဟားဟား... မင်းတို့နှစ်ယောက်က အားမနည်းပေမယ့်၊ ငါ ဒီနေ့ သေမယ်လို့တော့ မယုံဘူး။”

ထိုစကားကြောင့် သွေးသစ်သားနှင့် အခြားရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူတို့ ခေတ္တရပ်တန့်သွားပြီးနောက် နှစ်ဦးလုံး ဟားတိုက် လှောင်ပြောင်လိုက်ကြသည်။

သွေးသစ်သားက ဟာသတစ်ခု ကြားလိုက်

ရသလို ဆို၏။

“မသေဘူး ဟုတ်လား။ မင်းတစ်ယောက်တည်းနဲ့လေ။ မင်းတစ်ယောက်တည်းနဲ့ ငါတို့နှစ်ယောက်ကို ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာလား။”

အခြား ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူက အေးစက်စွာ ဝင်ပြောသည်။

“ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ အဆင့်လေးကများ ဒီလို ကြွားဝါတဲ့ စကားမျိုး ပြောရဲသေးတယ်။ သွေးသစ်သား၊ သူ့ကို ချက်ချင်း မသတ်နဲ့၊ သူ့ဝိညာဉ်ကို ချန်ထားလိုက်။ ငါ သူ့ကို သန့်စင်ပြီး ဘာပြောနိုင်တယ်၊ ဘာမပြောနိုင်ဘူးဆိုတာ သင်ပေးရမယ်။”

သွေးသစ်သားက ခေါင်းညိတ်လိုက်ပြီး ဟင်းလင်းပြင်ကို ဖြတ်ကာ လုရီထံသို့ လျှောက်လှမ်းသွားသည်။

သူသည် လျင်မြန်စွာ လျှောက်လှမ်းနေခြင်းမဟုတ်သော်လည်း၊ သူ ကောင်းကင်တွင်

ခြေတစ်လှမ်းလှမ်းလိုက်တိုင်း၊ နက်ရှိုင်းသောအနက်ရောင် တွင်းနက်တစ်ခု ပေါ်လာ၏။

ကောင်းကင်နှင့် မြေကြီးမှာ သူ၏ ခြေဖဝါးအောက်တွင် တုန်ခါနေသည့်နှယ် သူ၏ အရှိန်အဝါမှာလည်း အဆက်မပြတ် မြင့်တက်နေလေသည်။

လုရီ၏ မျက်လုံးများထဲတွင် ထက်ရှသောအလင်းရောင် တစ်ချက် လက်သွားပြီး သူက ဆိုသည်။

“ကောင်းပြီ၊ ငါ အခု ဘယ်လောက်အားကောင်းနေလဲဆိုတာ စမ်းကြည့်လို့ ရတာပေါ့။”

ပင်လယ်မျိုးနွယ် စစ်မြေပြင်တွင် လုရီသည် မဟာယာနအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးကို ဓားတစ်ချက်တည်းဖြင့် သတ်နိုင်ခဲ့သည် မဟုတ်ပါလော။

ဤအခိုက်အတန့်တွင်မူ သူ၏စွမ်းအားမှာ သူ၏ယခင်ကန့်သတ်ချက်များကို များစွာ ကျော်လွန်နေပြီဖြစ်သည်။ သူ့ကိုယ်သူ မည်မျှအစွမ်းထက်လာသည်ကို အလွန်သိချင်နေမိ၏။

လုရီ၏ ကိုယ်မှ ဝိညာဉ်အလင်းများ အရူးအမူး လိပ်တက်လာသည်။

စိတ်ကူးမယဉ်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါကို သယ်ဆောင်ထားသည့့်ကြောက်မက်ဖွယ် ဓားတာအိုနိယာမများကကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံသွားတော့သည်။

ထိုမြင်ကွင်းကြောင့် အဝေးမှ သွေးသစ်သား၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

“ဒါက… နိယာမလား။ ဓားတာအိုနိယာမ။”

အခြား ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူမှာလည်း အလားတူ ထိတ်လန့်သွား၏။

“ဟင်းလင်းပြင်ဥမင်အဆင့်လေးနဲ့ ဒီလောက်အားကောင်းတဲ့ နိယာမစွမ်းအားကို ကျွမ်းကျင်နေပြီတဲ့လား။ ဒါဘယ်လိုဖြစ်နိုင်မှာလဲ။”

သူတို့နှစ်ဦးလုံးမှာ မှင်သက်သွားကြသည်။

ထို့နောက် သွေးသစ်သား၏ အမူအရာမှာ အေးစက်သွားပြီး သူ၏သတ်ဖြတ်လိုစိတ်မှာ ပွက်ပွက်ဆူလာသည်။

“ဒီလောက်အားကောင်းတဲ့ ပါရမီရှင်… သူသာ ယွီမိသားစုမှာ မမွေးခဲ့တာ ကံကောင်းတယ်။ မဟုတ်ရင်တော့ သူက ငါတို့ ရာရှိုမွန်မျိုးနွယ်အတွက် ရန်သူကြီးတစ်ယောက် ဖြစ်လာမှာပဲ။”

အခြားရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူက အေးစက်စွာ ကြွေးကြော်လိုက်သည်။

“သွေးသစ်သား၊ အစွမ်းကုန်သုံး၊ သူ့ကိုမလွတ်စေနဲ့။ ဒီလို မိစ္ဆာဆန်တဲ့ပါရမီရှင်မျိုး၊ သူသာ အင်မော်တယ်ဖြစ်သွားရင်၊ ငါတို့ ရာရှိုမွန်မျိုးနွယ်အတွက် ကပ်ဘေးကြီးတစ်ခု ဖြစ်လာမှာ သေချာတယ်။”

သူ၏ကိုယ်မှလည်း ဝိညာဉ်အလင်းများ လည်ပတ်လာပြီး၊ တစ်ချိန်တည်းမှာပင် သွေးရောင်အခင်းအကျင်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ အခင်းအကျင်းပြားမှာ တဝီဝီမြည်ဟီးလာပြီး လုရီထွက်မပြေးနိုင်ရန် ဟင်းလင်းပြင်ကို စည်းချလိုက်တော့သည်။

လုရီက ဂရုမစိုက်ပေ။

သူ့လက်ထဲတွင် တုန်ခါအလင်းဓား အလိုအလျောက် ထွက်ပေါ်လာသည်။

ထိုဓားပေါ်တွင် ကြယ်အလင်းများ မှိတ်တုတ်လင်းလက်နေ၏။

မရေမတွက်နိုင်သော ကြယ်များအလယ်မှ၊ ကြီးမားသော ကြယ်အလင်းတန်းများ ကျဆင်းလာပြီး လုရီကို လွှမ်းခြုံသွားသည်။

ဤအခိုက်အတန့်တွင်၊ အဖြူရောင်ဝတ်ဆင်ထားပြီး ကြယ်အလင်းများ လည်ပတ်နေသော လုရီသည် ကောင်းကင်တွင် တစ်ဦးတည်းရပ်နေကာ ကြယ်တာရာနယ်ပယ်မှ အရှင်သခင်စစ်စစ်တစ်ပါးကဲ့သို့ပင်။

“အင်မော်တယ်သိုင်းနည်းစနစ်လား။”

သွေးသစ်သားမှာ အတွေ့အကြုံရင့်ကျက်သူဖြစ်ရာ လုရီသည် ဓားတာအိုနိယာမစွမ်းအားကို အသုံးချသည့် အင်မော်တယ်သိုင်းနည်းစနစ်တစ်ခုကို အသုံးပြုနေကြောင်း ပိုင်းခြားသိမြင်လိုက်သည်။

သွေးသစ်သား၏မျက်ဆံများမှာ ကျုံ့သွားရင်း

သူ၏ကျောပြင်တွင် ထုံကျင်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

“မကောင်းတော့ဘူး။”

နောက်တစ်ခဏ၌ သွေးသစ်သား အသံတိုးတိုးဖြင့် မာန်သွင်းလိုက်ရာ၊ သွေးရောင်

ချပ်ဝတ်တစ်စုံ ကိုယ်ပေါ်တွင် ပေါ်လာပြီး၊ လှံရှည်တစ်စင်းမှာလည်း သူ့လက်ထဲတွင် ပေါ်ထွက်လာသည်။

ထိုစဉ်မှာပင်၊ ငွေဖြူရောင် ဓားအလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

ကြယ်တာရာများအောက်တွင် အသက်ရှူမှားလောက်အောင် လှပသော မျဉ်းကွေးတစ်ခုကို ဆွဲသားသွား၏။

တစ်ခဏအတွင်း သွေးသစ်သားထံသို့ ဖြတ်ပိုင်းသွားသည်။

သွေးသစ်သား၏မျက်ဆံများမှာ ကျုံ့သွားပြီး သူ အသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်သည်။

ပြင်းထန်ကြွယ်ဝသော သွေးရောင်အလင်းနှင့်အတူ၊ လှံရှည်မှာ ချီသွေးစွမ်းအားဖြင့် တိုးထွက်လာပြီး သူ့ရှေ့မှ ကာကွယ်လိုက်၏။

ချွမ်း!

ငွေရောင်ဓားအလင်းတန်းက လှံရှည်ကို ထိမှန်သွားကာသွေးသစ်သား နောက်သို့ လွင့်စင်သွားသည်။

သူ၏ပါးစပ်ထောင့်မှ သွေးစတစ်စ ယိုဖိတ်ကျလာပြီး၊ သူ၏မျက်လုံးများထဲတွင်မူ ထိတ်လန့်မှုအရိပ်အယောင်များ ကြီးစိုးလာလေ၏။

သူက လုရီကို စူးစိုက်ကြည့်လိုက်ပြီး လေပူ

တစ်ချက်မှုတ်ထုတ်ကာ ဆိုသည်။

“ငါသာ ကြိုမခံစားမိခဲ့ရင်၊ အဲ့ဒီတစ်ချက်က ငါ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေမှာပဲ။ မင်းက ထူးခြားတယ်။ ငါတို့မျိုးနွယ်ရဲ့ ထိပ်တန်းမိစ္ဆာဆန်တဲ့ ပါရမီရှင်တွေနဲ့တောင် ယှဉ်နိုင်တယ်။”

အခြားရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူလည်း လက်ပိုက်ကြည့်မနေနိုင်တော့ပေ။ သူ၏ကိုယ်မှာလည်း သွေးရောင်အလင်းများ အရှိန် ပြင်းပြင်း စီးဆင်းလျက် ပျံသန်းလာသည်။

“ဟင်းလင်းပြင်ဥမင် အဆင့်မှာ နိယာမတွေကို ကျွမ်းကျင်တယ်၊ အင်မော်တယ်နည်းစနစ်တွေကိုတောင် ကျွမ်းကျင်တယ်… ဒီကောင်စုတ်လေးက ထူးခြားတယ်၊ သွေးသစ်သား၊ သူ့ကို အတူတူနှိမ်နင်းကြရအောင်၊ မတော်တဆမှုတစ်ခုမှ ဖြစ်ခွင့်မပေးရဘူး။”

သွေးသစ်သားက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။”

ရန်သူကြီးတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ပြင်ဆင်နေသော ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ဦးကိုကြည့်ရင်း လုရီက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

"ကြည့်ရတာ ငါ့ရဲ့သာမန်တိုက်ခိုက်ရေး အစွမ်းက ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူ တစ်ယောက်ကို ချက်ချင်း သတ်ဖို့ မလုံလောက်သေးဘူးပဲ။"

ဤကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူနှစ်ဦး၏ ကျင့်ကြံမှုမှာ ကပ်ဘေးဖြတ်ကျော်ခြင်း ပထမအလွှာတွင်သာ ရှိသော်လည်း၊ လုရီအတွက်မူ

သူတို့ကို ချက်ချင်းသတ်ရန်မှာ အနည်းငယ် ခက်ခဲနေသေးသည်။

နောက်ဆုံးတော့၊ သူ၏ကျင့်ကြံမှုအခြေခံမှာ အလွန်နိမ့်နေသေးပြီး၊ ဟင်းလင်းပြင်ဥမင်အဆင့်တွင်သာ ရှိသေးသည် မဟုတ်ပါလား။

လုရီ၏ စကားကို ကြားသောအခါ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ဦးလုံးမှာ မျက်နှာများ မည်းမှောင်သွားကြသည်။

“ဘဝင်မြင့်လိုက်တာ။”

“ဟိတ်ယားးး....ရာရှိုမွန်တိုက်ခိုက်ရေးကိုယ်ထည်။”

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ဦး၏ ပတ်လည်တွင် သွေးရောင်အင်းကွက်များ ပေါ်ထွက်လာပြီး၊ နောက်တစ်ခဏ၌ သူတို့သည် မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားကြသည်။

သူတို့၏ရုပ်ခန္ဓာများမှာ တစ်ဆင့်ပိုမိုဖောင်းကားလာပြီး၊ လေးမီတာနီးပါး အရပ်မြင့်ကာ၊ လူပုဘီလူးငယ်လေးများကဲ့သို့ ဖြစ်သွားကြသည်။

သူတို့၏ကိုယ်များမှ ကြောက်မက်ဖွယ် ချီသွေးစွမ်းအားများ ထုတ်လွှတ်နေပြီး၊ ဖျက်ဆီးခြင်းအရှိန်အဝါများဖြင့် ပြည့်နှက်နေ၏။

လုရီလည်း မထီမဲ့မြင် ပြုံးလိုက်ပြီး၊ သူ့ပတ်လည်တွင်လည်း သွေးရောင်အလင်းများ စီးဆင်းစေလိုက်သည်။ သူ၏အရှိန်အဝါမှာ တိုးမြင့်လာပြီး၊ သူ၏ကျင့်ကြံမှုအခြေခံမှာ တစ်ဆင့်ပြီးတစ်ဆင့် တိုးလာကာ ပေါင်းစည်းခြင်းနယ်ပယ် ရှစ်လွှာသို့ ခုန်တက်သွားတော့သည်။

သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်ပညာ...။

သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်ပညာကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ လုရီ၏ ခေါင်းထက်တွင် ခြေထောက် သုံးချောင်းထောက် အနက်ရောင်

အိုးကြီးတစ်လုံး ပေါ်လာ၏။ ၎င်းသည် သူ

ယခင်က ဆုလာဘ်အဖြစ် ရရှိခဲ့သော ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်—မှော်ရေအိုးကြီးပင် ဖြစ်သည်။

လုရီ၏ အမူအရာမှာ အေးစက်သွားပြီး သူက အမိန့်ပေးလိုက်တော့၏။

“နှိမ်နင်းစမ်း။”

အသက်ဝင်လာသည့် မှော်ရေအိုးကြီးသည် အလင်းတန်းအသွင် ပြောင်းလဲကာ ရာရှိုမွန်

မျိုးနွယ် ကျင့်ကြံသူနှစ်ဦးထံသို့ တရကြမ်းတိုးဝင်သွား၏။

၎င်းပျံသန်းနေစဉ်တွင် မှော်ရေအိုးကြီးမှာ ဆက်လက် ချဲ့ထွင်လာပြီး၊ မီတာရာပေါင်းများစွာမြင့်သော တောင်ထိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

အခန်း ၄၅၅ - ကျိုယိုအင်မော်တယ်အလောင်း၊ အင်မော်တယ်အမိန့်တော်...

~အိုးကြီး၏ နှုတ်ခမ်းဝမှာ တွင်းနက်ကြီး

တစ်ခုနှင့်တူလှ၏။ ထိုအထဲမှ ကြောက်မက်ဖွယ် စုပ်ယူအားတစ်ခု ထွက်ပေါ်လာသည်။ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ဦးကို နှိမ်နင်းကျိုချက်ရန် စုပ်ယူနေခြင်းဖြစ်၏။

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ဦးမှာ

လုရီ၏ တိုက်ခိုက်ရေး အစွမ်းကြောင့် အံ့အားသင့်သွားကြသော်လည်း သူတို့ ထိတ်လန့်ခြင်း မရှိကြပေ။ အဆက်မပြတ် ဟိန်းဟောက်သံများနှင့်အတူ တစ်ဦးစီထံမှ သွေးရောင် အလင်းတန်း တစ်ခုစီ ထွက်ပေါ်လာသည်။ သွေးရောင် အလင်းတန်း နှစ်ခုက မှော်ရေအိုးကြီးနှင့် တိုက်မိ၏။ တစ်ခုနှင့် တစ်ခု ရစ်ပတ်သွားသည်။ အိုးကြီးမှာ ရွေ့လျား၍

မရတော့ပေ။

လုရီမှာ အနည်းငယ် အံ့အားသင့်သွား၏။

ရာရှိုမွန်မျိုးနွယ်မှ အားကောင်းသော ကျင့်ကြံသူများသည် ဤသို့သော အားကောင်းသည့် ကျင့်ကြံခြင်းရတနာများကို အမှန်ပင် ပိုင်ဆိုင်ကြပါပေ၏။ ဤသွေးရောင်အလင်းမှာလည်း ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်များ စာရင်းဝင် ဖြစ်တန်ရာသည်။

သို့သော် လုရီ အံ့ဩမနေတော့ပေ။ သူသည် အဖြူရောင်ရတနာလုံးတစ်ခုကို ထပ်မံထုတ်ယူလိုက်၏။ ၎င်းမှာ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ဖြစ်သော မြူပုလဲပင်ဖြစ်လေသည်။ မြူပုလဲမှ အဖြူရောင်မြူခိုးများ ထွက်ပေါ်လာပြီး လူနှစ်ဦးထံသို့ လွှမ်းခြုံသွားတော့သည်။

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ဦး၏ မျက်နှာထားများ အကျဉ်းတန်သွားကြ၏။

သွေးသစ်သားက မယုံနိုင်စွာ ဟစ်ကြွေးလိုက်သည်။

“ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်တွေ ဒီလောက်အများကြီး ပိုင်ဆိုင်နိုင်ရတာလဲ။”

သို့သော် မကြာမီမှာပင် နှစ်ဦးလုံး အဖြူရောင်မြူခိုးများဖြင့် ဖုံးလွှမ်းသွားတော့သည်။ အဖြူရောင်မြူခိုးသည် ပုံရိပ်ယောင်နယ်မြေတစ်ခုကို ဖန်တီးနိုင်ပြီး ကျင့်ကြံသူများကို ထောင်ချောက်ဆင်နိုင်သည့် အထူးလျှို့ဝှက်ရတနာတစ်မျိုး ဖြစ်လေသည်။

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး မဝေးကွာသော်လည်း၊ တစ်ယောက်ကိုတစ်ယောက် မမြင်နိုင်ကြတော့ပေ။ သူတို့သည် အဆက်မပြတ် ဟိန်းဟောက်ရင်း မြူခိုးများကို ကြေပျယ်သွားစေရန် ပတ်ဝန်းကျင်ကို တိုက်ခိုက်နေကြပြီး တစ်ချိန်တည်းမှာပင်

လုရီ၏တိုက်ခိုက်မှုများကိုလည်း သတိထားနေကြရ၏။

လုရီ၏အပြုံးမှာ အေးစက်နေသည်။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ တစ်ခဏအတွင်း သွေးသစ်သားထံသို့ နီးကပ်သွားသည်။ ပေါင်းစည်းခြင်းနယ်ပယ် အဋ္ဌမအလွှာရှိ လုရီသည် အင်မော်တယ်သိုင်းနည်းစနစ်ဖြစ်သော ကြယ်ဖြတ်ဓားကွက်ကို တစ်ဖန် ပြန်လည် အသုံးပြုလိုက်တော့သည်။ ငွေဖြူရောင် ဓားအလင်းတန်းတစ်ခု ဝင်းလက်သွားသည်။ သွေးသစ်သားထံသို့ ခုတ်ပိုင်းဝင်ရောက်သွား၏။

သွေးသစ်သားသည် မြူခိုးများကိုဖြတ်၍ နီးကပ်လာသောအခါ သူ၏မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွား၏။ သူ၏လက်ထဲမှ လှံသည် မယုံနိုင်လောက်အောင် သိပ်သည်းသော သွေးရောင်အလင်းကို သယ်ဆောင်ထားပြီး၊ ကြယ်များကိုပင် ပြုတ်ကျသွားစေနိုင်သော ယိမ်းထိုးနေသည့် လှံရိပ်များကို ဖန်တီးလိုက်သည်။ သို့တိုင်အောင်ပင် ထိုလှံရိပ်များမှာ ငွေဖြူရောင်ဓားအလင်းတန်း၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီး ဓားအလင်းတန်းက သွေးသစ်သား၏ စစ်ချပ်ဝတ်တန်ဆာထဲသို့ ခုတ်ပိုင်းဝင်ရောက်သွားတော့သည်။ စစ်ချပ်ဝတ်တန်ဆာ စုတ်ပြဲသွားသည်။ သွေးသစ်သား လွင့်စင်ထွက်သွား၏။ သွေးများ ပန်းထွက်လာသည်။ တစ်ခဏအတွင်းမှာပင် သွေးသစ်သားမှာ ပြင်းထန်စွာ ဒဏ်ရာရသွားတော့သည်။

သို့သော် သွေးသစ်သား မသက်သာမီမှာပင်၊ နောက်ထပ်ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး သူ၏ကိုယ်ကို လှီးဖြတ်သွားပြန်သည်။ လူပုဘီလူးငယ်လေးတစ်ဦးနှင့်တူသော သွေးသစ်သား၏ကိုယ်မှာ ချက်ချင်းပင် နှစ်ပိုင်းပြတ်သွားပြီး၊ သွေးများမှာ ရေတံခွန်ကဲ့သို့ စီးကျလာ၏။

ဤသို့သောဒဏ်ရာမျိုးသည် သာမန်ကျင့်ကြံသူတစ်ဦးအတွက် သေစေနိုင်လောက်သည်။ သို့သော် ကပ်ဘေးဖြတ်ကျော်ခြင်း ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်မှာ အလွန်ခိုင်မာပြီး၊ ရာရှိုမွန်မျိုးနွယ်တွင် ကိုယ်ခန္ဓာကျင့်ကြံခြင်းနည်းစနစ်များ ရှိသောကြောင့်၊ သူတို့၏ကိုယ်များမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းလှသည်။ နှစ်ပိုင်းပြတ်သွားလျှင်ပင် သွေးသစ်သား၏ အပေါ်ပိုင်းကိုယ်မှာ အားကောင်းသော ရှင်သန်စွမ်းကို ပြသနေဆဲပင်။

သူသည် သွေးများကို အဆက်မပြတ်အန်ထုတ်ရင်း၊ မြူခိုးများကို လှည့်ပတ်ကြည့်ကာ အကြိမ်ကြိမ် ကြိမ်းမောင်းလိုက်၏။

“ထွက်ခဲ့စမ်း။ ဒီလိုယုတ်မာတဲ့နည်းလမ်းတွေ သုံးရတာ ဘယ်လိုသိုင်းပညာမျိုးလဲ။ မင်းမှာ အရည်အချင်းရှိရင် ငါနဲ့ တေ့တေ့ဆိုင်ဆိုင် တိုက်ခိုက်စမ်း။”

မြူခိုးထဲတွင် ရပ်နေသော လုရီက မျက်နှာသေဖြင့် ဆို၏။

“မင်းတို့နှစ်ယောက်က ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်က ကျင့်ကြံသူတွေဖြစ်ပြီး၊ ငါ့လို ဟင်းလင်းပြင်ဥမင်အဆင့် ကျင့်ကြံသူလေးတစ်ယောက်ကို ဝိုင်းတိုက်တာကရော

မယုတ်မာဘူးလား။”

သွေးသစ်သားမှာ တောင့်တင်းသွားပြီး စကားလုံးများ လုံးဝ ရှာမတွေ့တော့ပေ။

သို့သော် နောက်တစ်ခဏ၌၊ ငွေရောင်ဓားအလင်းတန်းများ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး သွေးသစ်သားထံသို့ ခုတ်ပိုင်းဝင်ရောက်လာပြန်သည်။ ကြယ်ဖြတ်ဓားကွက်

ဓားအလင်းတန်းငါးခုက သွေးသစ်သားကို ဝန်းရံလိုက်၏။ သူ၏အားကောင်းသောကိုယ်ပင်လျှင် ဤသို့ပြင်းထန်သော တိုက်ခိုက်မှုများကို မခံနိုင်ဘဲ၊ ကြောက်မက်ဖွယ် ဓားတာအိုနိယာမ၏ စွမ်းအားကြောင့် သွေးမြူခိုးအဖြစ်သို့ ကြေမွသွားတော့သည်။ သွေးရောင်မူလဝိညာဉ်တစ်ခု ဖြစ်ပေါ်လာပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း၊ လုရီ၏ဓားတစ်ချက်ဖြင့် တမဟုတ်ချင်း ချေမှုန်းခံလိုက်ရ၏။

လုရီ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွား သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ ရှိုက်ထုတ်လိုက်သည်။ ကြယ်ဖြတ်ဓားကွက်

အင်မော်တယ်သိုင်းကို အသုံးပြုရသည့် တန်ဖိုးမှာ ကြီးမားလှ၏။ လုရီ၏ ကျင့်ကြံမှု အခြေခံမှာ ဟင်းလင်းပြင်ဥမင် ဆယ့်သုံးလွှာသို့ ရောက်ရှိနေပြီး၊ သွေးလောင်ကျွမ်းခြင်းလျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့သော်လည်း၊ အဆက်မပြတ် အသုံးပြုမှုကြောင့် သူ၏ဝိညာဉ်စွမ်းအင်မှာ ကုန်ခမ်းသွားခဲ့သည်။

သူက အခြားတစ်ဖက်မှ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူကို လှမ်းကြည့်လိုက်ပြီး အကူအညီမဲ့စွာ သက်ပြင်းချလိုက်၏။

' ကြည့်ရတာ ငါ့ရဲ့ လက်ရှိအစွမ်းက ကပ်ဘေးဖြတ်ကျော်ခြင်း ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်ရုံလောက်ပဲရှိသေးတယ်၊ အဲ့ဒါတောင်မှ အားနည်းတဲ့သူတွေထဲက တစ်ယောက်ဖြစ်ရဦးမယ်။ '

သူ၏ကျင့်ကြံမှုအခြေခံမှာ အားနည်းနေသေး၏။ သူ ကြိုးစားရန် လိုအပ်နေသေးသည်။ လုရီက စိတ်ထဲတွင် သက်ပြင်းချလိုက်၏။ နောက်ဆုံးတော့ ဤလောကတွင် အားကောင်းသော ပုဂ္ဂိုလ်များ အလွန်များပြားလှသည် မဟုတ်ပါလား။

လုရီသည် အဆောင်လက်ဖွဲ့တစ်ခုကို တိတ်တဆိတ် ထုတ်ယူလိုက်၏။ နောက်တစ်ခဏ၌၊ သိပ်သည်းသော အဖြူရောင်မီးတောက်များ ပေါ်ထွက်လာသည်။ ထိုမီးတောက်များသည် အလင်းတိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူထံသို့ တိုးဝင်သွားတော့၏။

အဖြူရောင်မီးတောက်များကို ခံစားမိသောအခါ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူ၏ မျက်နှာမှာ အလွန်အမင်း ပြောင်းလဲသွားသည်။

“ကိုးယန်ခွဲခွာမီး။”

ကိုးယန်ခွဲခွာမီး၏ ပစ်မှတ်ထားခြင်းခံရသော ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူမှာ ဒေါသတကြီးဖြင့် ပြန်လည်တိုက်ခိုက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ သို့သော် သူ၏သိုင်းပညာများနှင့် ကျင့်ကြံခြင်းရတနာများအားလုံးမှာ ကိုးယန်ခွဲခွာမီး၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။ နောက်ဆုံးတွင် သူကိုယ်တိုင်ပင်လျှင် မျိုချခြင်းခံလိုက်ရတော့သည်။ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူမှာ ကိုးယန်ခွဲခွာမီးထဲတွင် နာကျင်စွာ အော်ဟစ်ရင်း ခဏမျှရုန်းကန်ပြီးနောက် ရှင်သန်စွမ်းအားအားလုံး ဆုံးရှုံးသွားတော့သည်။ ကိုးယန်ခွဲခွာမီး ကြေပျယ်သွားသောအခါ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူမှာ ပြာကျသွားခဲ့လေပြီ။

လုရီက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။ ကိုးယန်ခွဲခွာမီးသည် လုရီရရှိခဲ့သော အားအကောင်းဆုံးအဆောင်လက်ဖွဲ့များထဲမှ တစ်ခုဖြစ်ပြီး၊ ကပ်ဘေးဖြတ်ကျော်ခြင်း အထွတ်အထိပ်၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ကပ်ဘေးဖြတ်ကျော်ခြင်း ပထမအလွှာသာရှိသော ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်ရာတွင် အံ့အားသင့်စရာများနှင့် ရင်ဆိုင်ရခြင်းမရှိသည်မှာ အဓိပ္ပာယ် ရှိလှပေသည်။

လုရီသည် ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများ

ပစ်ချသွားသော သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်ပြီးနောက်၊ မှော်ရေအိုးကြီးနှင့် မြူပုလဲတို့ကို ပြန်သိမ်းကာ သွေးရောင်အလင်းတန်း နှစ်ခုကိုလည်း ပြန်လည်ရယူလိုက်သည်။ ၎င်းတို့မှာ အရည်သတ္တုနှင့် တူသော သွေးနီရောင်အရည်နှစ်ခုလဖြစ်ပြီး၊ အင်းကွက်များဖြင့် သိပ်သည်းစွာ ထွင်းထုထားကာ အလွန်ရှားပါးသော ကျင့်ကြံခြင်းရတနာများ ဖြစ်ကြသည်။ လုရီသည် ၎င်းတို့ကိုလည်း စုဆောင်းလိုက်၏။ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်များဖြစ်ပြီး မယုံနိုင်လောက်အောင် အဖိုးတန်လှသည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက်

လုရီ၏ဝိညာဉ်စွမ်းအင်မှာ သိသိသာသာ ပြန်လည်ကောင်းမွန်လာပြီး သူ၏အသားအရေမှာလည်း ပြန်လည်လန်းဆန်းလာကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး တိမ်ဖြူဂိုဏ်းရှိရာဘက်သို့ ပျံသန်းကာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

ခဏအကြာတွင် အားကောင်းသော အရှိန်အဝါအများအပြား အလျင်အမြန် ချဉ်းကပ်လာကြ၏။ ထိုအထဲတွင် လုံမင်၊ ဖန်းထျန်းယောင်နှင့် အခြားအကြီးအကဲများ ပါဝင်ကြသည်။ ထိုအကြီးအကဲများ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ရောက်ရှိလာကြ၏။ ထိုနေရာရှိ ဟင်းလင်းပြင်မှာ ယခင်တိုက်ပွဲမှ အကြွင်းအကျန်များဖြစ်သော ဖြည်းညင်းစွာ ပြန်လည်ကောင်းမွန်နေသည့် အက်ကွဲကြောင်းများ ရှိနေဆဲဖြစ်သည်။ ကောင်းကင်မှာ ဖရိုဖရဲဖြစ်နေသော ဝိညာဉ်စွမ်းအင် လှိုင်းဂယက်များဖြင့် ပြည့်နှက်နေ၏။ ဟင်းလင်းပြင်ဥမင်အောက်ရှိ ကျင့်ကြံသူတိုင်း ဤဧရိယာသို့ ဝင်ရောက်လာပါက ချက်ချင်းပင် သွေးမြူခိုးအဖြစ်သို့ ကြွေလွင့်သွားပေမည်။

လုံမင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ဆို၏။

“ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတွေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတာပဲ။”

ဖန်းထျန်းယောင်က သက်ပြင်းချလိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စွာ ဆိုသည်။

“အင်မော်တယ်ဓားဘုရင်နဲ့ ကျိုယိုအင်မော်တယ်အလောင်းတို့ရဲ့ တိုက်ပွဲဖြစ်ပြီးတာ သိပ်မကြာသေးဘူး… ဘယ်လိုလုပ်ပြီး ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတွေရဲ့ တိုက်ပွဲကြီးတစ်ခု ထပ်ဖြစ်ရတာလဲ။”

“ကျိုယိုအင်မော်တယ်အလောင်းက ထျန်းမင်အနီးမှာ ပေါ်လာတယ်။ ဘိုးဘေးတွေက အခုရက်ပိုင်းတွေမှာ အဲ့ဒီကျွန်းကို အနီးကပ်စောင့်ကြည့်ဖို့၊ ပဋိပက္ခတွေလျှော့ချဖို့ အင်မော်တယ်အမိန့်တော်တစ်ခု ထုတ်ပြန်ထားခဲ့တာပဲ။ ကျိုယိုချီစွမ်းအင်တွေ ပေါက်ကွဲထွက်ပြီး ကပ်ဘေးကြီးတစ်ခု ဖြစ်လာနိုင်လို့တဲ့။ ဘယ်လိုလုပ်ပြီး ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတွေက ဒီလိုလုပ်ရဲသေးတာလဲ။”

“ပါဝင်တဲ့သူတွေက ဘယ်သူတွေလဲ။ သူတို့ရဲ့အရှိန်အဝါက သိပ်မရင်းနှီးဘူး။”

“ငါမသိဘူး၊ ဒါပေမယ့်…” လုံမင်က ခေတ္တရပ်တန့်သွားပြီး အနည်းငယ် ရှုပ်ထွေးစွာဖြင့် ဆို၏။

“ဒီကျန်ရစ်နေတဲ့ အရှိန်အဝါထဲမှာ၊ ဘာလို့ ငါက လုရီရဲ့တည်ရှိမှုကို ခံစားနေရပါလိမ့်။”

---

အခန်း ၄၅၆- ပေါင်းစည်းခြင်း နယ်ပယ်သို့ ချိုးဖျက်ခြင်း၊ သေမျိုးဘဝစွန့်ခွာ၍ အင်မော်တယ်ဖြစ်လာခြင်း...

~ထိုစကားကြောင့် လူတိုင်း ခေတ္တရပ်တန့်သွားကြပြီး၊ လေထုမှာ ရုတ်တရက် အနည်းငယ် ထူးဆန်းသွားတော့သည်။

ဖန်းထျန်းယောင်ကလည်း ထောက်ခံလိုက်၏။

“တကယ်ပဲ တူသလိုပဲ။”

ဘိုးဘေးတစ်ဦးက သူ၏မျက်နှာတွင် မယုံနိုင်ခြင်းများ အပြည့်ဖြင့် ဆို၏။

“အဲ့ဒီ လုရီလား။ ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ သူက ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင်ဖြစ်ရင်တောင်၊ အခုချိန်မှာ ကပ်ဘေးဖြတ်ကျော်ခြင်း ကျင့်ကြံသူတစ်ယောက်ကို မရင်ဆိုင်နိုင်သေးဘူးမလား။”

လူအုပ်မှာ ဆွေးနွေးသံများဖြင့် ဆူညံသွား၏။ လုရီနှင့် ရင်းနှီးသော လုံမင်နှင့် ဖန်းထျန်းယောင်တို့မှာ အချင်းချင်း မျက်နှာချင်းဆိုင်ကြည့်လိုက်ကြပြီး ယုံရခက်နေကြဆဲပင်။

လုံမင်က ခေါင်းခါလိုက်ပြီး သူကိုယ်တိုင်ပင်

မယုံကြည်သလို ဆို၏။

“…တူသလိုပဲ ထင်ရတာ နေမှာပါ။”

ဤအခိုက်အတန့်တွင် လုရီက ကပ်ဘေးဖြတ်ကျော်ခြင်း ကျင့်ကြံသူများကို ရင်ဆိုင်နိုင်သည်ဟု သူကိုယ်တိုင်ပင် မယုံကြည်ပေ။

“စေ့စေ့စပ်စပ် စုံစမ်းစမ်း၊ ဒီအချိန်မှာ တိုက်ပွဲကြီးဖြစ်ခဲ့တဲ့ ကပ်ဘေးဖြတ်ကျော်ခြင်း ကျင့်ကြံသူက တကယ်တော့ ဘယ်သူလဲဆိုတာကို။”

“ဟုတ်ကဲ့ပါ ဘိုးဘေး။”

...

လုရီ သူ၏ဂူစံအိမ်သို့ ပြန်ရောက်သောအခါ

ယွင်ရှီးအပြင်၊ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့လည်း ရောက်ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ လုရီ ပြန်လာသည်ကိုမြင်သောအခါ သုံးဦးလုံး မတ်တပ်ထရပ်ကာ သူ့ထံသို့ ချဉ်းကပ်လာကြ၏။

လျိုနင်ရွှမ်းက စိုးရိမ်တကြီး မေးမြန်းသည်။

“ယွင်ရှီးက ငါ့ကိုပြောတယ်၊ ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်က ဘိုးဘေးနှစ်ယောက်က နင့်ကိုလာပြီး ရင်ဆိုင်ဖို့လာတယ်တဲ့။ ဘယ်လိုဖြစ်သွားလဲ။ ဂျူနီယာမောင်လေး အဆင်ပြေရဲ့လား။”

သုန်းကုန်းမင်ယွဲ့ကလည်း စုံစမ်းလာပါ၏။

“စီနီယာအစ်ကို၊ အစောက တိုက်ပွဲကြီးက

စီနီယာအစ်ကိုက အဲ့ဒီ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးနှစ်ယောက်နဲ့ တိုက်ခိုက်နေတာလား။”

လုရီက ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

“ဟုတ်တယ်၊ အဲ့ဒီ ကပ်ဘေးဖြတ်ကျော်နယ်ပယ်က ဘိုးဘေးနှစ်ယောက်နဲ့ တိုက်ခိုက်နေတာ တကယ်ပဲ ငါပါ။ အခုတော့ အားလုံး ဖြေရှင်းပြီးသွားပြီ၊ သူတို့နှစ်ယောက်လုံး သေသွားပြီ။”

လုရီ ပြန်လာကတည်းက သူတို့ သံသယဝင်ခဲ့ကြသော်လည်း၊ သူ၏စကားကိုကြားသောအခါ သုံးဦးလုံးမှာ အတော်ပင် ထိတ်လန့်သွားကြသေးသည်။ လုရီ မည်မျှအားကောင်းသည်ကို သိရှိသွားသောအခါ၊ သူမတို့၏ မျက်နှာများပေါ်တွင် အပြုံးများ ပျံ့နှံ့သွားပြီး အလွန်အမင်း ဂုဏ်ယူမိကြသည်။

ခဏမျှ စကားစမြည် ပြောပြီးနောက်၊

လျိုနင်ရွှမ်းနှင့် အခြားနှစ်ဦးမှာ လုရီ၏

ဂူစံအိမ်မှ ထွက်ခွာကာ သူတို့၏ ကျင့်ကြံခြင်း လုပ်ငန်းစဉ်သို့ ပြန်သွားကြ၏။ လုရီသည် မူလက ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့နှင့်အတူ နှစ်ကိုယ်တူကျင့်ကြံရန် တွေးထားခဲ့သော်လည်း၊ သူ၏စီနီယာအစ်မလည်း ရှိနေသောကြောင့် အခွင့်အရေးမှာ မသင့်တော်ပေ။ သူ သက်ပြင်းချလိုက်ပြီး ထိုအကြံကို လက်လျှော့ရန် ဆုံးဖြတ်လိုက်ပါတော့သည်။

သုံးဦးသား ထွက်ခွာသွားပြီးနောက်၊ လုရီသည် သူ၏ ဆုလာဘ်ကို လက်ခံရန် ကျင့်ကြံခြင်းအခန်းသို့ ပြန်လာခဲ့သည်။ ရာရှိုမွန်သစ်ပင်မျိုးစေ့အကြောင်း များများစားစား ပြောရန်

မလိုပေ။ အင်မော်တယ် သစ်ပင်တစ်ပင်အနေဖြင့်၊ ၎င်းသည် သဘာဝအတိုင်း အလွန်ကောင်းမွန်သော ပစ္စည်းတစ်ခု ဖြစ်၏။

အဆင့်နိမ့် အင်မော်တယ်လက်နက်ဘဖြစ်သော ကောင်းကင်နေမင်းစစ်ချပ်ဝတ်တန်ဆာမှာ ရွှေရောင်နှင့်အနီရောင် ရောယှက်နေသော

ချပ်ဝတ် တစ်စုံဖြစ်သည်။ လုရီ သိရှိထားသည်အရ၊ ဤကောင်းကင်နေမင်း

စစ်ချပ်ဝတ်တန်ဆာကို ကောင်းကင်ယန်အနှစ်သာရရွှေဖြင့် ထုလုပ်ထားပြီး၊ အစစ်အမှန် ယန်စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟူ၍....။

၎င်းသည် ကိုယ်ခန္ဓာကျင့်ကြံသူ တစ်ဦးအတွက် ရုပ်ပိုင်းဆိုင်ရာခွန်အား၊ သက်လုံကို မြှင့်တင်ပေးနိုင်ပြီး၊ ကိုယ်ခန္ဓာကျင့်ကြံသူများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်သော မယုံနိုင်လောက်အောင် အဖိုးတန်သည့် အင်မော်တယ်လက်နက်တစ်ခု ဖြစ်လေသည်။

ထို့အပြင်၊ ကောင်းကင်နေမင်း

စစ်ချပ်ဝတ်တန်ဆာသည် သဘာဝအရ အလွန်အမင်း ခိုင်ခံ့သောကြောင့်၊ ကာကွယ်ရေးအတွက်သာ အသုံးပြုလျှင်ပင် ရှားပါးသော ရတနာတစ်ခု ဖြစ်၏။

လုရီသည် ကောင်းကင်နေမင်း

စစ်ချပ်ဝတ်တန်ဆာကို သန့်စင်ရန် ချက်ချင်းရွေးချယ်လိုက်သည်။ ၎င်းသည် အလင်းစီးကြောင်း တစ်ခုအဖြစ်သို့ ပြောင်းလဲကာ

လုရီ၏ ဒန်တျန်အတွင်းသို့ ဝင်ရောက်သွားပြီး၊ အနာဂတ်တွင် အတွေး တစ်ချက်ဖြင့် သူ၏

တစ်ကိုယ်လုံးကို ဖုံးအုပ်နိုင်စေမည် ဖြစ်သည်။

နိယာမ စွမ်းအားမျှင်။

နိယာမ စွမ်းအားမျှင် တစ်မျှင်မှာ လုရီ ယခင်က တစ်ခါမျှ မထိတွေ့ခဲ့ဖူးသော အရာတစ်ခုဖြစ်ပါ၏။ သူသည် ဦးစွာ အခင်းအကျင်းတစ်ခုကို အသုံးပြု၍ ဂူစံအိမ်ကို လွှမ်းခြုံလိုက်ပြီးနောက်၊ ၎င်းကို စတင်စုပ်ယူလိုက်သည်။ နိယာမစွမ်းအားကို အင်မော်တယ်နယ်ပယ်အဆင့်ရှိ ကိုယ်ခန္ဓာ ကျင့်ကြံသူများ ရရှိနိုင်ပြီး၊

ယင်းက နည်းလမ်းအားလုံးကို ကြမ်းတမ်းသောစွမ်းအားဖြင့် ချိုးဖျက်နိုင်သည့် တာအိုစွမ်းအား..ထိန်းချုပ်မရ၊ လွှမ်းမိုးကြီးစိုးသော စွမ်းအားကို ပုံဖော်ထားသည်။

ဤနိယာမစွမ်းအားမျှင်သည် ဆန်းကြယ်သောတာအိုပုံစံများအသွင်ကိုယူကာ လုရီ၏ကိုယ်ထဲသို့ ဝင်ရောက်သွားပြီး၊ ထိုနေရာတွင် တာအိုတေးသံများ လည်ပတ်ကာ တာအိုယွမ်များ ပျံ့နှံ့ပြီး၊ အဆက်မပြတ် စုပ်ယူနားလည်နေခဲ့လေသည်။

အားကောင်းသော ကိုယ်ခန္ဓာကျင့်ကြံခြင်း အင်မော်တယ်မိုးကြိုးနဂါးသိုင်းနည်းစနစ်ကို တွက်ချက်ထုတ်ဖော်ခဲ့ပြီးဖြစ်သောကြောင့်၊ သူသည် ကိုယ်ခန္ဓာကျင့်ကြံခြင်းတာအိုကို နက်ရှိုင်းစွာ နားလည်ထား၏။ နိယာမစွမ်းအားကို စုပ်ယူပြီးနောက်၊ ကိုယ်ခန္ဓာကျင့်ကြံခြင်းတာအိုကို ပိုမိုနက်ရှိုင်းသောအဆင့်သို့ ထိုးထွင်းသိမြင်လာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ဤနိယာမစွမ်းအားမျှင်ကို အင်မော်တယ်မိုးကြိုးနဂါး သိုင်းနည်းစနစ်ထဲသို့ ပေါင်းစပ်လိုက်ပြီး၊ နိယာမစွမ်းအားများကို အခြေခံအဖြစ်အသုံးပြုကာ အင်မော်တယ်မိုးကြိုးနဂါးသိုင်းနည်းစနစ်ကို ပြန်လည်ပုံဖော်လိုက်သည်။

အင်မော်တယ်မိုးကြိုးနဂါး သိုင်းနည်းစနစ်မှာ ချက်ချင်းပင် အသွင်ပြောင်းလဲသွားပြီး၊

ကပ်ဘေးဖြတ်ကျော် အဆင့်ရှိ အားကောင်းသော ကိုယ်ခန္ဓာ ကျင့်ကြံခြင်း နည်းစနစ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ဤသည်မှာ လုရီက နိယာမစွမ်းအားမျှင်တစ်မျှင်ကိုသာ စုပ်ယူခဲ့ပြီး၊ တာအိုစွမ်းအား၏ အနှစ်သာရကို မကျွမ်းကျင်သေးသောကြောင့် ဖြစ်သည်။

သို့မဟုတ်လျှင်၊ သူသည် အင်မော်တယ်မိုးကြိုးနဂါးသိုင်းနည်းစနစ်ကို အင်မော်တယ်ကျမ်းအဆင့်သို့ မြှင့်တင်ရန်ပင် ယုံကြည်မှုရှိ၏။ ၎င်းသည် အင်မော်တယ်ကျမ်းအဆင့်သို့ မရောက်ရှိသေးသော်လည်း၊ တိုးတက်မှုမှာ သိသာထင်ရှားပြီး၊ လုရီမှာ အလွန်ကျေနပ်နေသည်။

အင်မော်တယ်မိုးကြိုးနဂါးသိုင်းနည်းစနစ်ကို ကပ်ဘေးဖြတ်ကျော် နယ်ပယ်သို့ တိုးမြှင့်ပြီးနောက်၊ လုရီက ကြုံးဝါးလိုက်၏။

“ငါ အင်မော်တယ်မိုးကြိုးနဂါးသိုင်းနည်းစနစ်ကို အင်မော်တယ်ကျမ်းအဆင့်အထိ တွက်ချက်ထုတ်ဖော်မယ်။”

[အလုပ်]

အင်မော်တယ်မိုးကြိုးနဂါးသိုင်းနည်းစနစ်ကို အင်မော်တယ်ကျမ်းအဆင့်သို့ တွက်ချက်ထုတ်ဖော်ပါ။

ဆုလာဘ်: နိယာမစွမ်းအား ၂၀%၊ အင်မော်တယ်နိယာမ ၂၀%။

အလုပ်ကို လက်ခံမလား: လက်ခံမည်/ငြင်းမည်

လုရီမှာ အနည်းငယ် အံ့အားသင့်သွားသည်။

ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို အင်မော်တယ်ကျမ်းအဆင့်သို့ တွက်ချက်ထုတ်ဖော်ရသည့် အလုပ်တစ်ခုနှင့် ထိုက်တန်ပါပေ၏။ အလုပ်မှာ အလွန် ခက်ခဲသော်လည်း၊ ဆုလာဘ်မှာ မယုံနိုင်လောက်အောင် အဖိုးတန်ပြီး အားကောင်းလှသည်။ နိယာမနယ်ပယ်သို့ ရောက်ရှိပြီးသည်နှင့်၊ နားလည်ရန် ကြိုးစားခြင်းမှာ မယုံနိုင်လောက်အောင် ခက်ခဲလာသည် မဟုတ်ပါလော။

ယခုအချိန်အထိပင်၊ လုရီသည် ကျန်းရူယွီနှင့်အတူ နှစ်ကိုယ်တူကျင့်ကြံခြင်းနှင့် သိုင်းပညာဖလှယ်ခြင်းတို့ကို မကြာခဏ ပြုလုပ်သော်လည်း၊ သူ၏ဓားတာအိုနိယာမ တိုးတက်မှုမှာ အလွန်နှေးကွေးနေဆဲဖြစ်ပြီး၊ ၂၀% သို့ပင် မရောက်သေးပေ။ နောက်ဆုံးတော့၊ ဤသည်မှာ အင်မော်တယ် အဆင့်၏ စွမ်းအားဖြစ်ပါသည်။

ယခု၊ အကယ်၍ အင်မော်တယ်မိုးကြိုးနဂါးသိုင်းနည်းစနစ်ကို အင်မော်တယ်ကျမ်းအဆင့်သို့ တွက်ချက်ထုတ်ဖော်မည်ဆိုလျှင်၊ နိယာမ အမျိုးအစားနှစ်ခုမှ သူ၏ စွမ်းအားကို တစ်ခုစီလျှင် ၂၀% ဖြင့် တိုက်ရိုက်မြှင့်တင်နိုင်မည်ဖြစ်သည်။ အလုပ်ဆုလာဘ်မှာ မည်မျှအဖိုးတန်ကြောင်း ထင်ရှားနေ၏။

သဘာဝအတိုင်းပင် လုရီသည် အလုပ်ကို လက်ခံလိုက်သည်။ အလုပ်အတွက် နောက်ဆုံးဆုလာဘ်မှာ ကြယ်တာရာမြစ်ပြာရွှေတစ်တုံးဖြစ်၏။ ကြယ်တာရာမြစ်ပြာရွှေသည် ကျယ်ပြန့်သောစကြဝဠာအတွင်း၌ပင် ရှားပါးသော အင်မော်တယ်အဆင့် ကောင်းကင်ရတနာတစ်ခုဖြစ်ပြီး၊ အလွန်အဖိုးတန်လှသည်။ ၎င်းသည် နက်ပြာရောင်ဖြစ်သော်လည်း မယုံနိုင်လောက်အောင် လေးလံပြီး၊ အင်မော်တယ်လက်နက်များ ဖန်တီးရန် သင့်တော်လေသည်။

ကြယ်တာရာမြစ်ပြာရွှေ တစ်တုံးမှာ အခန်း

တစ်ခန်းအရွယ်ခန့် ရှိပြီး တောင်တစ်လုံးကဲ့သို့ လေးလံ၏။

အင်မော်တယ်လက်နက်များ ဖန်တီးရန် အသုံးပြုသော ပစ္စည်းတစ်ခု ဖြစ်သောကြောင့်၊ လုရီသည် ၎င်းကို ဂရုတစိုက် သိမ်းဆည်းလိုက်ပါတော့သည်။

သူ၏ အစစ်အမှန်မီး လက်နက်သန့်စင်စွမ်းရည်မှာ အဆင့်မြင့်ဝိညာဉ်လက်နက်များ သွန်းလောင်းနိုင်သည့် အဆင့်သို့ တိုးတက်လာခဲ့ပြီဖြစ်သည်။ အဓိက ပြဿနာမှာ ကောင်းကင်နှင့် မြေကြီးရတနာများ ရှားပါးခြင်း ဖြစ်၍၊ သူ၏ လေ့ကျင့်ရန် အခွင့်အရေးများကို ကန့်သတ်ခံထားရလေသည်။

All Chapters