← Chapters

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အခန်း ၄၆၀ - ထိုက်ရီ အခင်းအကျင်းမြေပုံမှတစ်ဆင့် ဉာဏ်အလင်းရခြင်း...

~ထို့ပြင် ယူလန်တောင်ထိပ် သခင်မကဲ့သို့ ဆရာသခင်နှင့် အလွန်ခင်မင်ရင်းနှီးသူမျိုးပင်လျှင် ဆရာတွင် မိသားစုရှိသည်ကို မသိရှိကြချေ။ ဆရာ၏ မိသားစု မည်သည့်နေရာတွင် နေထိုင်သည်ကိုလည်း မည်သူမျှ မသိကြပေ။

လုရီလည်း ဆရာ၏ မိသားစု မည်သည့်နေရာတွင် နေထိုင်သည်ကို သိလိုစိတ် ပြင်းပြနေမိသည်။ ဆယ်စုနှစ်များစွာ ကုန်လွန်ခဲ့ပြီ ဖြစ်သော်လည်း ဆရာမှာ ပြန်မရောက်သေး။

မည်သည့်အချိန်တွင် ပြန်ရောက်မည်ကိုလည်း မည်သူမျှ မသိကြပေ။သည့်အချိန်တွင် ပြန်ရောက်မည်ကိုလည်း မည်သူမျှ မသိကြပေ။

သို့သော် လုရီ ထိုကိစ္စများကို သိပ်မစဉ်းစားတော့ပေ။

.....

တစ်နေ့သ၌ သူ ကျန့်ဖန်နှင့် အခြားသူများနှင့်အတူ သေရည်သောက်နေစဉ် တိမ်ဖြူဂိုဏ်းသို့ ဧည့်သည်တစ်ယောက် မမျှော်လင့်ဘဲ ရောက်ရှိလာ၏။ ထိုဧည့်သည်မှာ ထိုက်ရီ သူတော်စင် သားတော် ဖြစ်လေသည်...။

ထိုက်ရီ သူတော်စင် သားတော်အား မြင်သောအခါ လုရီ အနည်းငယ် အံ့အားသင့်ဟန် ရှိသွားသော်လည်း ခပ်ပြုံးပြုံးဖြင့် ဖိတ်ခေါ်လိုက်၏။

“ထိုက်ရီ သူတော်စင် သားတော်... ဝေးလံတဲ့စစ်ပွဲကနေ ကြိုဆိုနှုတ်ဆက်ခွင့်မရလိုက်တာ

စိတ်မကောင်းစရာပဲနော်... ဘယ်လိုလဲ... အတူတူ သေရည်လေး ဘာလေး သောက်ကြမလားဗျ...”

ထိုက်ရီ သူတော်စင် သားတော်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝလှသည်ကို ခံစားမိသောအခါ သူ၏ မျက်လုံးများတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လွင်လာကာ တအံ့တဩ ချီးကျူးလိုက်၏။

“ဟာ... ညီအစ်ကို လုက ဒီလို ကောင်ူကင် ကောင်းချီး လှိုဏ်ဂူ နယ်မြေလို နေရာမျိုးမှာ ကျင့်ကြံနေမှန်း ကျွန်တော် မသိခဲ့ရဘူးဗျာ... ကျွန်တော်တို့ရဲ့ ထိုက်ရီ မြင့်မြတ်နယ်မြေနဲ့

မခြား နယ်မြေတစ်ခုပဲ...”

“ကျွန်တော့်ဂိုဏ်းက အကြီးအကဲတချို့က မင်းကို ထိုက်ရီ မြင့်မြတ်နယ်မြေကို ဖိတ်ခေါ်ဖို့ စဉ်းစားနေခဲ့တာ... ဒါပေမဲ့ အခုတော့... မဖြစ်နိုင်တော့ဘူး ထင်တယ်ဗျာ...”

ထိုစကားကို ကြားသောအခါ အနီးနားရှိ ကျန့်ဖန်နှင့် အခြားသူတို့၏ မျက်လုံးများ ပြင်းထန်လာတော့၏။ နန်းကုန်းမိုယွီက ခပ်ပြုံးပြုံးဖြင့်

“ထိုက်ရီ သူတော်စင် သားတော်... ခင်ဗျားတို့ရဲ့ မြင့်မြတ်နယ်မြေက ကျွန်တော်တို့ တိမ်ဖြူဂိုဏ်းကနေ တပည့်တွေကို လုယက်ဖို့ တကယ် စီစဉ်နေတာ မဟုတ်ပါဘူးနော်...” ဟူ၍ ဆိုလိုက်သည်။

ထိုက်ရီ သူတော်စင် သားတော်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး “နောက်တာပါဗျာ... ဘယ်ဟုတ်

မလဲ...” ဟူ၍ ပြန်ဖြေ၏။

လုရီလည်း ခပ်ပြုံးပြုံးဖြင့် မေးလိုက်၏။

“ဒီကိစ္စကို ဆက်ဆွေးနွေးဖို့ မလိုပါဘူး... ကျွန်တော်က တိမ်ဖြူဂိုဏ်းကို စွန့်ခွာဖို့ စိတ်မရှိပါဘူး... ထိုက်ရီ သူတော်စင် သားတော် ဘာကိစ္စနဲ့များ ဒီကို ရောက်လာတာလဲဗျ...”

“ညီအစ်ကို လု... ကျွန်တော့်ကို ထိုက်ရီ သူတော်စင် သားတော်လို့ ခေါ်တာ နည်းနည်း စိမ်းလွန်းနေတယ်ဗျာ... ကျွန်တော့်နာမည်က

လင် ကျိုးယွဲ့... ကျိုးယွဲ့လို့ပဲ ခေါ်ပါ...” ကျိုးယွဲ့... ကျိုးယွဲ့လို့ပဲ ခေါ်ပါ...”

ထိုက်ရီ သူတော်စင် သားတော်သည် လုရီထံ လျှောက်သွားကာ မြေပြင်ပေါ် ထိုင်ချလိုက်၏။ သူ၏ အပြုံးမှာ ပေါ့ပါးလွတ်လပ်လှ၏။

“ညီအစ်ကိုလု... ပေါင်းစည်းခြင်း နယ်ပယ်ကို ချိုးဖျက်နိုင်ပြီဆိုတာ ကြားလို့ လာရောက် ဂုဏ်ပြုတာပါဗျာ...”

လုရီ ရုတ်တရက် သဘောပေါက်သွား၏။

“အော်... ဟုတ်ကဲ့ပါဗျာ... ဂုဏ်ပြုဖို့ လာတာဆိုတော့ သေရည်လေး ဘာလေး သောက်ရအောင်လေ...”

လုရီက ဝိညာဉ်ဝိုင်တစ်ခွက်ကို လှမ်းပေးလိုက်သည်။ ထိုဝိုင်မှာ ပေါင်းစည်းခြင်းနယ်ပယ်အတွက် သောက်ရသော ဝိညာဉ်တစ်သောင်းဝိုင် ဖြစ်လေသည်။

လင်ကျိုးယွဲ့က ဝနုင် တစ်ငုံသောက်လိုက်ရာ သူ၏ မျက်လုံးများတွင် အံ့အားသင့်သည့်အရိပ်အယောင်များ ထင်ရှားလာ၏။ “ဒီဝိုင်က... တော်တော်လေး တန်ဖိုးရှိမှာပဲနော်...”

“ကျွန်တော် ကိုယ်တိုင်ချက်တာပါဗျာ... သိပ်တန်ဖိုးမရှိပါဘူး...” ဟု လုရီက ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေလိုက်၏။

လင်ကျိုးယွဲ့ ရုတ်တရက် ငြိမ်သက်သွားပြီး ထူးဆန်းသော မျက်နှာထားဖြင့် လုရီကို ကြည့်လိုက်၏။ ထို့နောက် မဲ့ပြုံးတစ်ချက် ပြုံးကာ

ချီးကျူးလိုက်တော့၏။လိုက်တော့၏။

“မဆန်းပါဘူး ညီအစ်ကိုလု... အခင်းအကျင်းတာအို... ဓားတာအို... ကိုယ်ခန္ဓာ သန့်စင်ခြင်း တာအို... ဒါတင်မကသေးဘူး... ဒီနယ်ပယ်တွေထဲမှာ မင်းက မင်းနဲ့ ခေတ်ပြိုင်တွေကို သိသိသာသာ ကျော်လွန်နေတယ်... ဒါတင်မကသေးဘူး... ဒီလိုမျိုး အချက်အပြုတ်ပညာတွေမှာတောင် ဒီလို ထူးခြားတဲ့ အဆင့်ကို ရောက်နေတာ... ကျွန်တော့်ဘဝမှာ လူအနည်းငယ်ကိုပဲ လေးစားမိတယ်... ခေတ်ပြိုင်တွေထဲမှာတော့ညီအစ်ကိုလု... ခင်ဗျား တစ်ယောက်တည်းပါပဲဗျာ...”

လုရီက ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်၏။

“မိတ်ဆွေ ကျိုးယွဲ့... ချီးကျူးလွန်းနေပါပြီဗျာ...”

လင်ကျိုးယွဲ့ ရယ်မောလိုက်ပြီး

“ဒီတစ်ခေါက် ညီအစ်ကိုလု... ခင်ဗျားရဲ့ ချိုးဖျက်မှုကို ဂုဏ်ပြုတဲ့အပြင် နောက်ထပ် ကိစ္စတစ်ခုလည်း ရှိသေးတယ်ဗျာ...”

လုရီ မျက်နှာ ကွက်ခနဲ ပျက်သွားပြီး “ဘာများလဲဗျာ...” ဟူ၍ မေးလိုက်၏။

“ညီအစ်ကိုလု... မေ့သွားပြီလား... ကျွန်တော်တို့ရဲ့ ထိုက်ရီ မြင့်မြတ်နယ်မြေက ထိုက်ရီ အခင်းအကျင်းမြေပုံကို ခင်ဗျားအတွက် တစ်လကြာ ဖွင့်ပေးရဦးမယ်လေ...”

လင်ကျိုးယွဲ့က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်၏။

လုရီ လန့်သွားပြီး ထို့နောက် သူ၏ မျက်နှာထားက ထူးဆန်းသွား၏။

ဟုတ်သည်။ သူ တကယ် မေ့နေခဲ့သည်ပဲ...။

အခင်းအကျင်းတာအိုမှာ သူ၏ တိုးတက်မှုက အလွန် နှေးကွေးနေခဲ့သည်မှာ မှန်သည်။

ထိုက်ရိီ အခင်းအကျင်းမြေပုံထဲသို့ ဝင်ရောက်နိုင်ပါက မြန်ဆန်လာနိုင်မည်လော...။

တစ်လတာ အချိန်... ။

သူ၏ လက်ရှိ အခင်းအကျင်းတာအို ကျွမ်းကျင်မှုအရဆိုလျှင် သူ့ကိုယ်ပိုင် ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို ဖန်တီးနိုင်သင့်လေပြီ။ ဤနည်းဖြင့် သူ နောက်ထပ် အလုပ်တစ်ခုကို ပြီးမြောက်နိုင်ပြီး အခင်းအကျင်း တာအို၏ နိယာမ အမျှင်တစ်ချောင်းကို ရရှိနိုင်ပေမည်။

လုရီက ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေလိုက်သည်။

“လတ်တလော ကျွန်တော်က ကျင့်ကြံခြင်းအတွက်ပဲ အချိန်ပေးနေတာမို့ ဖယ်ခွာနေခဲ့တာ... အခုမှ ချိုးဖျက်ပြီးသွားပြီဆိုတော့… ထိုက်ရီ မြင့်မြတ်နယ်မြေကို သွားဖို့ ငြင်းပယ်စရာ မရှိပါဘူးဗျာ...”

ထိုအခါ လင်ကျိုးယွဲ့က သဘောတကျ ရယ်မောလိုက်ပြီး

“ဒါဆို ကောင်းတာပေါ့ဗျာ... ကျွန်တော့်ဂိုဏ်းက အကြီးအကဲတွေက ညီအစ်ကိုလု... ခင်ဗျားရောက်လာဖို့ ကြယ်တွေ လတွေလိုပဲ မျှော်လင့်နေကြတာဗျာ...”

အခြားသူများ လင်ကျိုးယွဲ့ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။

လုရီ တစ်ဦးတည်းသာ ဤမျှ အထူးတလည် ဧည့်ဝတ်ပြုခံရ၏။ မြင့်မြတ်နယ်မြေတစ်ခု၏ ရှေးဟောင်း ဘိုးဘေးများကပင် သူတို့၏ ကျင့်ကြံခြင်း အနှစ်သာရကို ဝင်ရောက်လေ့လာရန် စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည်ဆိုခြင်းမှာ အံ့ဩစရာပင်။

လုရီက ခပ်ပြုံးပြုံးဖြင့်

“ဒါဆိုလည်း ရက်အနည်းငယ်ကြာရင် ထွက်ခွာကြတာပေါ့...” ဟူ၍ ဆိုလိုက်ပါ၏။

လင်ကျိုးယွဲ့လည်း ကန့်ကွက်စရာ မရှိပါချေ။

နောက်ရက်အနည်းငယ်အတွင်း လုရီနှင့် ဂုဏ်ပြုရန် ရောက်ရှိလာသော ကျင့်ကြံသူများ စုဝေးကာ စားသောက်ကြပြီးနောက် သူ၏ စီနီယာအစ်မနှင့် ဂျူနီယာ ညီမလေး၊ ယွင်ရှီး၊ ကျန်းရူယွီတို့အား ထိုက်ရီ မြင့်မြတ်နယ်မြေသို့ ခရီးထွက်ရန် စီစဉ်ထားကြောင်းအသိပေးခဲ့လေသည်။

ထို့နောက် လုရီသည် လင်ကျိုးယွဲ့နှင့်အတူ တိမ်ဖြူဂိုဏ်းမှ ထွက်ခွာကာ ထိုက်ရီ မြင့်မြတ်နယ်မြေဘက်သို့ ဦးတည်သွားလေ၏။

လင်ကျိုးယွဲ့သည် ပျံသန်းနိုင်သော ရတနာ တစ်ခုဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းမှာ အခင်းအကျင်းမြေပုံ တစ်ခုပင် ဖြစ်ကာ ၎င်း၏ အရှိန်မှာ အလွန် လျင်မြန်လှ၏။ ထိုက်ရီ မြင့်မြတ်နယ်မြေသည် တိမ်ဖြူဂိုဏ်းနှင့် အလွန်ဝေးကွာသော်လည်း ခရီးစဉ်မှာ တစ်လ၏ ထက်ဝက်ခန့်သာ ကြာမြင့်ခဲ့ပါသည်။

နတ်ဓားဂိုဏ်းနှင့် မတူဘဲ ထိုက်ရီ မြင့်မြတ်နယ်မြေသည် မြေပြန့်ဒေသတွင် တည်ရှိသည်။ ကောင်းကင်ယံတွင် အလိုအလျောက် လွင့်မျောနေသော တောင်တန်းပျံများဖြင့် ပြည့်နှက်နေပြီး တောင်တစ်ခုစီတိုင်းကို စင်မြင့်တစ်ခုအဖြစ် စုစည်းထားကာ၊ ရွှေရောင် အခင်းအကျင်းပုံစံများက ဗဟိုမှ မျောလွင့်နေသော တောင်များအားလုံးကို ဆက်သွယ်ထားလေ၏။

မျောလွင့်နေသော တောင်များအပေါ်တွင် ထူထပ်ရှုပ်ထွေးသော အခင်းအကျင်းပုံစံများ လည်ပတ်နေပြီး၊ ဤပုံစံများသည် အဆက်မပြတ် ပြောင်းလဲနေကာ အဆုံးမဲ့ နက်နဲမှုများ ပါဝင်နေ၏။

လုရီ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် အံ့အားသင့်သွား၏။

“ဒါ... မူလ အခင်းအကျင်းပုံစံတွေကနေ ဆင်းသက်လာတဲ့ မဟာအခင်းအကျင်း တစ်ခုလားဗျ..”

ထိုစကားကို ကြားသောအခါ ထိုက်ရီ သူတော်စင် သားတော် တုန်လှုပ်ခြောက်ခြားသွားပြီး မျက်လုံးများ ပြူးကျယ်လျက် လုရီကို အနည်းငယ် အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်၏။

“ညီအစ်ကို လုက တကယ် ထူးခြားပါတယ်ဗျာ... ဒီလောက် မျက်စိရှင်တာ... တစ်ချက် ကြည့်ရုံနဲ့ ကျွန်တော်တို့ရဲ့ ထိုက်ရီ အခင်းအကျင်းက မူလ အခင်းအကျင်းပုံစံတွေကနေ ဆင်းသက်လာတာကို သိသွားတာ... မင်းရဲ့ အခင်းအကျင်းတာအို ကျွမ်းကျင်မှုက တကယ်ကို အားကျစရာပဲဗျာ...”

“ကျွန်တော် တစ်ခါက မူလ အခင်းအကျင်းပုံစံတွေရဲ့ ထောင့်တစ်နေရာနဲ့ ကြုံဖူးတာမို့ အဲဒါကို နည်းနည်း နားလည်တာပါပဲ...” ဟု လုရီက

ခပ်ပြုံးပြုံးဖြင့် ဖြေရှင်းလိုက်၏။

ထိုက်ရီ သူတော်စင် သားတော် စိတ်ပျက်အားငယ်ဟန်ဖြင့် ထပ်ခါတလဲလဲ သက်ပြင်းချလိုက်ပြီး

“မူလ အခင်းအကျင်းပုံစံတွေရဲ့ ထောင့်တစ်နေရာနဲ့တောင် ထိတွေ့ဖူးတာ... ညီအစ်ကိုလုရဲ့ ကံကြမ္မာက တကယ်ကို အံ့မခန်းပဲဗျာ...”

“ညီအစ်ကို ကျိုးယွဲ့... ချီးကျူးလွန်းနေပါပြီ... ဒါထက်ပိုပြီး ချီးကျူးရင် ကျွန်တော် လေထဲမှာ ပျံဝဲသွားလိမ့်မယ်...” လုရီက ပြုံးရယ်ကာ ခေါင်းယမ်လိုက်တော့၏။

လူနှစ်ဦးသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ထိုက်ရီ မြင့်မြတ်နယ်မြေ၏ ဂိတ်ဝသို့ ရောက်ရှိလာကြသည်။

အခင်းအကျင်းတာအိုကို အထူးပြုသော ဂိုဏ်းတစ်ခုအတွက် သင့်တော်စွာပင်၊ မြင့်မြတ်နယ်မြေ၏ ဂိတ်ဝတွင်ပင် ရှုပ်ထွေးနက်နဲသော အခင်းအကျင်းများကို ထွင်းထုထားပြီး၊ အစောင့်အရှောက်များမှာလည်း လူအစစ်များ မဟုတ်ဘဲ မဟာအခင်းအကျင်းများမှ ဖြစ်ပေါ်လာသော အစောင့်အရှောက်များပင် ဖြစ်ချေသည်။

---

အခန်း ၄၆၁- ထိုက်ရီ အခင်းအကျင်းမြေပုံမှတစ်ဆင့် ဉာဏ်အလင်းရခြင်း ...

~လုရီ၏ မျက်နှာထားမှာ ထူးဆန်းသွား၏။

အစောင့်အရှောက်များက ဉာဏ်ရည်တုနှင့်

နည်းနည်းတူ၏။ ထိုက်ရီ မြင့်မြတ်နယ်မြေ၏ အခင်းအကျင်းပုံစံများမှာ တကယ်ကို အထင်ကြီးစရာ ကောင်းလှပေသည်။

လင်ကျိုးယွဲ့သည် လုရီကို ဂိုဏ်းထဲသို့ ဦးဆောင်ခေါ်ဆောင်သွား၏။ မကြာမီပင် ကျင့်ကြံသူများက သူတို့နှစ်ဦးကို မြင်လိုက်ကြသည်။ လုရီကို မြင်သောအခါ ကျင့်ကြံသူတို့၏ မျက်လုံးများ ပြူးကျယ်လာကာ အံ့အားသင့်ဟန်များ ထင်ရှားလာ၏။

“လုရီ! အဲဒါ လုရီပဲ!”

“လုရီ လာပြီဟေး!”

လွန်ခဲ့သောနှစ်များက အရှေ့ဘက် မြို့တော်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ လုရီသည် ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတစ်ဦး၏ အကူအညီဖြင့် မဟာယာန မဟာအခင်းအကျင်းကို တည်ဆောက်ခဲ့ပြီး ထိုက်ရီ မြင့်မြတ်နယ်မြေမှ လင်ယွမ်ဖုန်း၏ မဟာယာနစွမ်းအားနှင့် ပူးပေါင်းကာ ပင်လယ်မျိုးနွယ်၏ မဟာယာနစွမ်းအားကို ရှင်းလင်းပစ်ခဲ့သည်။

ဤတိုက်ပွဲသတင်းသည် ထိုက်ရီ မြင့်မြတ်နယ်မြေတစ်ခုလုံးသို့ တောမီးနှယ် ဟုန်းဟုန်းတောက်သွားခဲ့၏။

ထိုက်ရီ မြင့်မြတ်နယ်မြေအတွင်း၌ လုရီကို မသိသော ကျင့်ကြံသူ မရှိပါချေ။

သူတို့၏ မျက်လုံးများတွင် လုရီသည် အခင်းအကျင်း တာအို၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးတစ်ဦးပင် ဖြစ်ချေသည်။

မကြာမီပင် သတင်းပျံ့နှံ့သွားပြီး လင်ယွမ်ဖုန်းလည်း ထိုသတင်းကို ကြားသောအခါ တောက်ပသော အပြုံးဖြင့် ရောက်ရှိလာ၏။

“လုရီ... မိတ်ဆွေလေး... မတွေ့ရတာ ကြာပြီနော်... နေကောင်းတယ်လို့ မျှော်လင့်ပါတယ်!”

လုရီလည်း ခပ်ပြုံးပြုံးဖြင့် “အကြီးအကဲ

လင်ယွမ်ဖုန်း... ဟုတ်ပါရဲ့၊ ကြာပြီဗျာ...” ဟူ၍ ပြန်လည် နှုတ်ဆက်လိုက်၏။

“မင်းကလေ... ကျိုးယွဲ့ရဲ့ ဖိတ်ခေါ်မှု မရှိရင် ငါတို့ရဲ့ ထိုက်ရီ မြင့်မြတ်နယ်မြေကို လာမှာ မဟုတ်ဘူး... ငါတို့ရဲ့ အခင်းအကျင်းမြေပုံတွေက မင်းအတွက် ဆွဲဆောင်မှု မရှိဘူးလားကွ”

လင်ယွမ်ဖုန်း ရယ်မောကာ ဆူပူသော လေသံဖြင့် ဆိုလိုက်၏။

ထိုအခါ လုရီ အနည်းငယ် အားနာမိသွား၏။

အဘယ်ကြောင့်ဆိုသော် သူ၏ လက်ထဲတွင် ကောင်းမွန်သော ပစ္စည်းများစွာ ပိုင်ဆိုင်ထားပြီး

အင်မော်တယ် လက်နက် နှစ်ခုပင် ပိုင်ဆိုင်ထားခြင်းကြောင့် ထိုက်ရီ အခင်းအကျင်းမြေပုံအကြောင်းကို တကယ်ပင် မေ့လျော့နေခဲ့သည်ပင်။ သို့သော်လည်း ထိုအတွေးများကို အသံထွက် မပြောနိုင်ပါချေ။

“ကျွန်တော် အရင်က ဉာဏ်အလင်းတချို့ ရခဲ့ပြီး ကျင့်ကြံခြင်းမှာ နစ်မြောနေခဲ့တာပါ... ညီအစ်က်ု ကျိုးယွဲ့ မလာရင်တောင် မကြာခင်မှာ ထိုက်ရီ မြင့်မြတ်နယ်မြေကို လာရောက်လည်ပတ်မှာပါဗျာ...”

ဟု သူက အပြုံးမပျက်ဘဲ ဆင်ခြေပေးလိုက်၏။

ထိုအခါ လင်ယွမ်ဖုန်းက ပြုံးရယ်ကာဖြင့်

“ကောင်းပါပြီ... သွားရအောင်... ဘိုးဘေးကြီးတချို့နဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်... သူတို့က

အဓိက ဧရိယာမှာ ရှိကြတာ...”

လုရီ ခေါင်းညိတ်လိုက်ပြီး လင်ယွမ်ဖုန်းက သူ့အား လင်ကျိုးယွဲ့နှင့်အတူ ထိုက်ရီ မြင့်မြတ်နယ်မြေ၏ အဓိက ဧရိယာဘက်သို့ ပျံသန်းသွားလေ၏။

...

အခင်းအကျင်းတာအို၏ မြင့်မြတ်နယ်မြေဖြစ်သည့်အလျောက် ထိုက်ရီ မြင့်မြတ်နယ်မြေတွင် ကောင်းကင်ယံ တစ်ခုလုံးနီးပါးတွင် အခင်းအကျင်းပုံစံများ ဖွဲ့တည်ထား၏။

အချို့မှာ ကြီးမားပြီး အချို့မှာ သေးငယ်ကာ နေရာတစ်ခုလုံးကို လွှမ်းခြုံထားပြီး သတိမထားမိသော ကျင့်ကြံသူ မည်သူမဆို အလွယ်တကူ အခင်းအကျင်းများကို နှိုးဆွမိနိုင်ချေသည်။ လမ်းတစ်လျှောက်တွင် လုရီသည် ထိုက်ရီ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများစွာ အခင်းအကျင်းပုံစံများကို နှိုးဆွမိကာ ဖရိုဖရဲ

ဖြစ်ကုန်ကြသည်ကို မြင်တွေ့ခဲ့ရ၏။

လုရီ၏ စိတ်ဝင်စားမှုကို မြင်သောအခါ

လင်ယွင်ဖုန်းက ခပ်ပြုံးပြုံးဖြင့် ရှင်းပြလေ၏။

“ဒါက ငါတို့ရဲ့ ထိုက်ရီ မြင့်မြတ်နယ်မြေက တပည့်တွေအတွက် စမ်းသပ်မှုတစ်ခုပါ... အခင်းအကျင်းပြုပြင်သူတစ်ဦးအနေနဲ့ ပတ်ဝန်းကျင်ကို အမြဲ သတိထားနေရမယ်... မည်သည့်အချိန်မဆို အခင်းအကျင်းကို ဖျက်ဆီးဖို့၊ ဖြေရှင်းဖို့ ဒါမှမဟုတ် ပြောင်းလဲဖို့ အသင့်ရှိနေရမယ်...”

လုရီ အတွင်းစိတ်မှ ကြိတ်၍ ချီးကျူးမိလိုက်၏။

“အင်မော်တယ်ဂိုဏ်းနဲ့ ထိုက်တန်တယ်... ဒီလို သင်ကြားနည်းမျိုး... ဒါကြောင့်ပဲ ထိုက်ရီ မြင့်မြတ်နယ်မြေမှာ ပါရမီရှင်တွေ ဒီလောက်များနေတာ အံ့ဩစရာ မရှိတော့ဘူး...”

လင်ယွင်ဖုန်းနှင့် လင်ကျိုးယွဲ့လည်း ထိုစကားကို ကြားသောအခါ ခပ်ပြုံးပြုံးဖြင့် ဂုဏ်ယူကြသည်။

ဒါက ထိုက်ရီ မြင့်မြတ်နယ်မြေရဲ့ ဂုဏ်ယူစရာ တစ်ခုပင်။

မကြာမီပင် သူတို့သည် အဓိက ဧရိယာသို့ ရောက်ရှိလာကြ၏။ ထိုနေရာတွင် အလျားအနံ ဆယ်ကီလိုမီတာခန့် ရှိသော ကြီးမားသည့် ရင်ပြင်

တစ်ခု ရှိပြီး ထူထပ်သော အခင်းအကျင်းပုံစံများဖြင့် ပြည့်နှက်နေကာ ၎င်းတို့သည် အဆက်မပြတ် ရွေ့လျားပြောင်းလဲနေပြီး အလွန် နက်နဲဆန်းကြယ်လှ၏။

ထို အခင်းအကျင်းပုံစံများ၏ ဗဟိုတွင် အဖြူရောင် အခင်းအကျင်းမြေပုံတစ်ခု မျောနေသည်။ ဤ အခင်းအကျင်းမြေပုံက နက်နဲဆန်းကြယ်သော အခင်းအကျင်းတာအို အလင်းကို ထုတ်လွှတ်နေပြီး၊ ၎င်းအပေါ်တွင် အမျိုးမျိုးသော

တာအိုပုံစံများ လင်းလက်နေ၏။

လုရီ အံ့အားသင့်ဟန်ဖြင့် မျက်ခုံးပင့်လိုက်၏။

“အဲဒါ အင်မော်တယ်လက်နက်လားဗျ...”

လင်ယွင်ဖုန်းက ခပ်ပြုံးပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်... မှန်ပါတယ်... ဒါက

ငါတို့ရဲ့ ထိုက်ရီ မြင့်မြတ်နယ်မြေရဲ့ ဂိုဏ်းစောင့် အင်မော်တယ်လက်နက် ဖြစ်တဲ့ ထိုက်ရီအခင်းအကျင်းမြေပုံပါပဲ...”

ထိုအခါ .. လုရီက ချီးကျူးလိုက်၏။

“အင်မော်တယ်ဂိုဏ်းနဲ့ တကယ်ကို ထိုက်တန်ပါတယ်... အင်မော်တယ်လက်နက် တစ်ခု ပိုင်ဆိုင်ထားတာက... နယ်မြေတစ်ခုလုံးကိုတောင် ဖိနှိပ်ထားနိုင်ပါလား... အံ့မခန်း...တကယ့်ကို အံ့မခန်းပဲဗျာ...”

“ဟားဟားဟား! မိတ်ဆွေလေး လုရီ... ထိုက်ရီ မြင့်မြတ်နယ်မြေက ထူးခြားတဲ့ အမွေအနှစ်တွေ ရှိတယ်... ရတနာတွေလည်း အများကြီးပဲ... မင်းသာ ငါတို့ရဲ့ ထိုက်ရီ မြင့်မြတ်နယ်မြေကို ဝင်ရောက်မယ်ဆိုရင် အနာဂတ်မှာ ဒါတွေအားလုံးကို မလွဲမသွေ ပိုင်ဆိုင်ခွင့်ရမယ်ကွ...”

ဆံပင်ဖြူဖြူ၊ မျက်ခုံးဖြူဖြူ..ကြည်လင်သည့် မျက်နှာနှင့် အကြီးအကဲတစ်ဦး ရွှင်လန်းသော အပြုံးတစ်ခုနှင့်အတူ ရုတ်တရက် ပေါ်လာ၏။

သူ ဘယ်လို ပေါ်လာသည်ကို မည်သူမျှ မမြင်လိုက်ကြပေ။ သူက လုရီကို နွေးထွေးစွာ

အပြုံးဖြင့် ကြည့်နေပြီး သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။

လုရီက ခပ်ပြုံးပြုံးဖြင့် ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်လေ၏။

“ဂျူနီယာလေးလုရီက အကြီးအကဲကို နှုတ်ဆက်ပါတယ်... ဒါပေမဲ့ ကျွန်တော်က

တိမ်ဖြူဂိုဏ်းမှာပဲ နေသားကျနေတာမို့ ဂိုဏ်းပြောင်းချင်စိတ် မရှိပါဘူးဗျာ...”

ဤသူသည် ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်ပါးပင် ဖြစ်ချေသည်။ ထိုစကားကို ကြားသောအခါ ထိုဘိုးဘေးလည်း အံ့အားသင့်ဟန်

မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် နတ်ဓားဂိုဏ်းနှင့် ကောင်းကင်နဂါး မြင့်မြတ်နယ်မြေတို့ နှစ်ခုလုံးက လုရီကို ယခင်က ဖိတ်ခေါ်ခဲ့ဖူးပြီး ထိုက်ရီ မြင့်မြတ်နယ်မြေကပင်လျှင် အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ဖူးသော်လည်း နောက်ဆုံးတွင် မည်သူမျှ အောင်မြင်ခဲ့ခြင်း မရှိခဲ့သောကြောင့်ပင်။

ထိုဘိုးဘေးသည် သူ၏ ကံကို စမ်းကြည့်ခြင်းမျှသာ ဖြစ်လေသည်။

ဘိုးဘေးက စိတ်ပျက်အားလျှော့ဟန်ဖြင့် တစ်ချက် ပြုံးကာ မှာကြားလိုက်လေ၏။

“ဒါဆိုလည်း ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါတော့... ဒီနေ့တော့ ထိုက်ရီ အခင်းအကျင်း မြေပုံကို ဖွင့်ပြီဆိုတော့ မင်းရော၊ ကျိုးယွဲ့ရော ဝင်ကြပေါ့... မင်းတို့ရဲ့ ပါရမီနဲ့ဆိုရင် အတွင်းမှာ ဉာဏ်အလင်းတွေ အများကြီး ရမှာပါ...”

လုရီကမူ လင်ကျိုးယွဲ့ပါ အတူတူ ဝင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သို့သော်လည်း သူ့အနေနှင့်ကန့်ကွက်စရာ မရှိချေ။

“ကျေးဇူးတင်ပါတယ် အကြီးအကဲ...”

လုရီက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်၏။

“သွားကြတော့...”

လုရီနှင့် လင်ကျိုးယွဲ့ အချင်းချင်း ကြည့်လိုက်ကြပြီး လင်ကျိုးယွဲ့က ခပ်ပြုံးပြုံးဖြင့် “ညီအစ်ကို လု... အရင်သွားပါ...” ဟူ၍ တိုက်တွန်းလိုက်၏။

လုရီလည်း ခေါင်းညိတ်လိုက်ပြီး အခင်းအကျင်းပုံစံများထဲသို့ ခြေချဝင်လိုက်၏။

ထိုက်ရီ အခင်းအကျင်းမြေပုံအတွင်းရှိ အခင်းအကျင်းပုံစံများမှာ အလွန် နက်နဲဆန်းကြယ်ပြီး ခန့်မှန်းရခက်လှ၏။ ခြေလှမ်းတိုင်းတွင် ၎င်းတို့၏ ပြောင်းလဲမှုများကို ဖော်ထုတ်ရန် လိုအပ်ပြီး အတော်လေး စိန်ခေါ်မှုများစွာ ရှိ၏။ သို့သော် လုရီအတွက်မူ လွယ်ကူသော အလုပ်တစ်ခုသာ ဖြစ်ချေသည်။

အကြောင်းကတော့ သူ၏ အခင်းအကျင်းတာအို ကျွမ်းကျင်မှုမှာ အလွန်မြင့်မားနေပြီ ဖြစ်ပြီး၊ အမျိုးမျိုးသော အခင်းအကျင်းတာအို၏ အခြေခံများကို နားလည်သဘောပေါက်ထားကာ အလွန် ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ထားသောကြောင့်ပင်။

သူသည် မိမိ၏ ဥယျာဉ်ထဲတွင် လမ်းလျှောက်နေသကဲ့သို့ ပေါ့ပေါ့ပါးပါး၊ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားခဲ့ပြီး ဗဟိုရှိ ထိုက်ရီ အခင်းအကျင်းမြေပုံဆီသို့ ဦးတည်သွားလေ၏။

လင်ကျိုးယွဲ့ကလည်း ပေါ့ပေါ့ပါးပါး ရှိနေသော်လည်း အခင်းအကျင်းကို ပြောင်းလဲရန် စဉ်းစားဖို့ အချိန်ယူရသည်။ ခဏလေးအတွင်းမှာပင် သူတို့နှစ်ဦးကြားတွင် အကွာအဝေးတစ်ခု ရှိနေပြီ ဖြစ်လေသည်။

လင်ယွမ်ဖုန်းနှင့် ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတို့သည် မကြာမီပင် အခြား နက်နဲသော ပုဂ္ဂိုလ်များစွာနှင့် ပူးပေါင်းလာကြ၏။ သူတို့သည် ထိုက်ရီ အခင်းအကျင်းမြေပုံအတွင်းရှိ လုရီနှင့် လင် ကျိုးယွဲ့ကို ကြည့်ရှုရင်း ချီးကျူးစကား မဆိုဘဲ မနေနိုင်ကြပေ။

“ကျိုးယွဲ့က ငါတို့ရဲ့ ထိုက်ရီ အခင်းအကျင်းမြေပုံမှာ နှစ်တစ်ထောင်နီးပါးအတွင်း မြင်ဖူးသမျှထဲမှာ အပါရမီအရှိဆုံး တပည့်ပဲ... ဒါပေမဲ့ လုရီနဲ့ ယှဉ်လိုက်ရင် ကွာဟချက်က တော်တော်လေး ကြီးနေသေးတယ်...”

“ဒါ ပုံမှန်ပါပဲ... မိတ်ဆွေလေး လုရီရဲ့ အခင်းအကျင်းတာအို ကျွမ်းကျင်မှုက အံ့မခန်းလွန်းတယ်... ပင်လယ်မျိုးနွယ် စစ်မြေပြင်တုန်းကတည်းက သူက မဟာယာန မဟာအခင်းအကျင်းတွေကို သူ့ဘာသာသူ ထောင်နိုင်ခဲ့ပြီ... အခုဆိုရင် ပိုပြီးတောင် တိုးတက်လာပြီ... ကျွန်တော်တို့လို

အင်မော်တယ်ဟောင်းတွေနဲ့တောင် တစ်တန်းတည်း ဖြစ်နေလောက်ပြီ...”

“မိတ်ဆွေလေးလုရီ အဓိက ဧရိယာထဲကို ဝင်နိုင်မဝင်နိုင် ကြည့်ရသေးတာပေါ့...”

“စောင့်ကြည့်ကြတာပေါ့ဗျာ...”

အဖွဲ့သားများအားလုံး သူတို့၏ အကြည့်များကို အခင်းအကျင်းပုံစံများပေါ်တွင် စူးစိုက်ထားကြသည်။

ထိုက်ရီ အခင်းအကျင်း မြေပုံအတွင်း၌ လုရီသည် အခင်းအကျင်းများကို ဆက်လက် ပြောင်းလဲပြီး ဖြေရှင်းရင်း မတူညီသော အခင်းအကျင်းပုံစံများကို နားလည်သဘောပေါက်လာသည်နှင့်အမျှ သူ၏ အတွေးများ များပြားလာပြီး အံ့အားသင့်ရပါ၏။

အခင်းအကျင်းပုံစံများ၏ အချို့အသုံးပြုမှုများကို သူကိုယ်တိုင်ပင် မစဉ်းစားမိခဲ့ဖူးချေ။ ရုတ်တရက် လုရီ၏ စိတ်က ကြည်လင်ကျယ်ပြန့်လာတော့၏။

ဒီလိုမျိုး တကယ်ပဲ လုပ်လို့ ရလား...။

လုရီ၏ မျက်လုံးများ ပို၍ ပို၍ တောက်ပလာပြီး ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို ဖော်ထုတ်နိုင်မည့် လမ်းကြောင်းကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။ သို့သော်လည်း ထိုလမ်းကြောင်းမှာ ဆန်းကြယ်စွာ ဖုံးကွယ်နေဆဲဖြစ်ပြီး အနည်းငယ် ရှာရခက်ခဲနေဆဲပင် ဖြစ်ပါ၏။

လုရီ ဆက်လက် တိုးတက်လာပြီး တစ်ရက်တာအတွင်းမှာပင် ထိုက်ရီ အခင်းအကျင်းမြေပုံအတွင်း ခရီးသွားရာတွင် ပုံမှန် ခရီးသွားနိုင်သည့် အကွာအဝေးကို ရောက်ရှိခဲ့သည်။

ထိုက်ရီ မြင့်မြတ်နယ်မြေမှ အကြီးအကဲများ အံ့အားသင့်သွားကြပြီး လင်ကျိုးယွဲ့မှာမူ အဝေးကြီးတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်လေသည်။ လုရီကို မြင်သောအခါ သူ၏ ရင်ထဲတွင် ရှုံးနိမ့်သည့်

ခံစားချက်များ ပြည့်နှက်နေ၏။

သူက စိတ်ပျက်အားငယ်ဟန်ဖြင့် သက်ပြင်းချကာ “မဆန်းပါဘူး ညီအစ်ကို လု... ငါ မင်းကို

မယှဉ်နိုင်ပါဘူးဗျာ...” ဟူ၍ တီးတိုး ရေရွတ်လိုက်တော့၏။

နောက်ထပ် သုံးရက်ကြာသောအခါ လုရီသည် အဓိက ဧရိယာသို့ပင် ချဉ်းကပ်လာခဲ့လေပြီ။

ယခုအခါ သူ၏ မျက်လုံးများက တောက်ပနေပြီး ရှုပ်ထွေးနက်နဲသော အခင်းအကျင်းတာအို ပုံစံများ လင်းလက်နေသည်မှာ မရေမရာပင်။

လုရီက ကောက်ကာငင်ကာကြီး ထိုင်ချလိုက်ကာ ရုတ်ချည်း ဉာဏ်အလင်းရခြင်းထဲသို့ ကျရောက်သွားတော့၏။

ဤတစ်ကြိမ်တွင် လုရီအတွက် ရုတ်ချည်း ဉာဏ်အလင်းရခြင်းမှာ အလုပ် ဆုလာဘ်မှ မဟုတ်ဘဲ ထိုက်ရီအခင်းအကျင်းမြေပုံကို လမ်းလျှောက်နေစဉ် သဘာဝအတိုင်း ရရှိလာခြင်းပင်။

လုရီ ထိုင်ချလိုက်သည်နှင့် တစ်ပြိုင်နက် ရင်ပြင်တစ်ခုလုံးရှိ အခင်းအကျင်းပုံစံများ ရုတ်တရက် ပျောက်ကွယ်သွားပြီး ရုတ်တရက်ပင် ပြန်ပေါ်လာ၏။ ဤ အခင်းအကျင်းပုံစံများသည်

အမြဲတစေ ပြောင်းလဲနေပြီး ယခင်ကနှင့်မတူဘဲ ထူးဆန်းသော စွမ်းအားများ ကိန်းဝပ်နေ၏။

“ဖြစ်နိုင်တာက... မိတ်ဆွေလေး လုရီက ထိုက်ရီ အခင်းအကျင်းမြေပုံကို အသုံးပြုပြီး မဟာအခင်းအကျင်းတစ်ခုကို ဖော်ထုတ်နေတာများလား...” ထိုက်ရီ မြင့်မြတ်နယ်မြေမှ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးများ တစ်ဦးပြီးတစ်ဦး

ပါးစပ်အဟောင်းသားနှင့် မှင်သက်သွားကြတော့သည်။

အခန်း ၄၆၂- ကပ်ဘေးဖြတ်ကျော်အဆင့် အခင်းအကျင်း၊ ဆရာ.. ပြန်ရောက်လာခြင်း...

~ဘိုးဘေးကြီးများနှင့် မဟာစွမ်းအားရှင်များအားလုံး တစ်ယောက်မျက်နှာ တစ်ယောက် တိုင်ပင်သလို ကြည့်လိုက်ကြပြီးနောက် အဝေးတွင် ထိုင်ချလျက်ရှိသော လုရီကို အံ့အားသင့်ဟန်ဖြင့် အာရုံ စူးစိုက်လိုက်ကြ၏။

လုရီ ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော နက်နဲဆန်းကြယ်သည့် စွမ်းအင်ကို ခံစားမိပြီး တဖြည်းဖြည်း လည်ပတ်လာသော အခင်းအကျင်းပုံစံများနှင့် တာအိုအလင်းတို့ကို သတိထားမိသည့်အပြင် ရင်ပြင်တစ်ခုလုံးရှိ အခင်းအကျင်းပုံစံများသည် လုရီ၏ တုံ့ပြန်မှုဖြင့် ရွေ့လျားနေသည်ကို သိမြင်လိုက်သောအခါ ဘိုးဘေးကြီးများနှင့် မဟာစွမ်းအားရှင်များအားလုံး၏ မျက်နှာများတွင် အလွန် ရှုပ်ထွေးသော အမူအရာများ ပေါ်လွင်လာ၏။

“ဉာဏ်အလင်းရခြင်း!”

“လုရီရဲ့ အခင်းအကျင်းတာအို ပါရမီက အရမ်း တောက်ပတာပဲ... ထိုက်ရီ အခင်းအကျင်းမြေပုံကို လမ်းလျှောက်ကြည့်ပြီးနောက် သူ တကယ်ပဲ ဉာဏ်အလင်း ရသွားတယ်!”

“ထိုက်ရီ အခင်းအကျင်းမြေပုံပေါ်က အခင်းအကျင်းပုံစံတွေကို သူ့ရဲ့ အခင်းအကျင်း ဖော်ထုတ်မှုတွေအတွက် အသုံးပြုတယ်ဆိုတာ... ထိုက်ရီ မြင့်မြတ်နယ်မြေ တည်ထောင်ခဲ့တာ ဘယ်လောက်ကြာပြီလဲ... ဒါ ပထမဆုံးအကြိမ်ပဲ မဟုတ်လား... စိတ်မကောင်းစရာကတော့ ဒီ အခင်းအကျင်း ပညာရှင်ဟာ ငါတို့ရဲ့ ထိုက်ရီယိ မြင့်မြတ်နယ်မြေက ကျင့်ကြံသူ မဟုတ်တာပဲ!”

ထိုက်ရီ မြင့်မြတ်နယ်မြေမှ ဘိုးဘေးကြီးများအားလုံး၏ မျက်နှာထားများမှာ ဖော်ပြမရအောင်ပင် ရှုပ်ထွေးလှ၏။

ထိုအခိုက်အတန့်၌ လုရီသည် ကိုယ်ဟန် မတ်မတ် ထိုင်လျက်ရှိပြီး သူ၏ စိတ်ထဲတွင် တာအိုအသံများ လည်ပတ်နေ၏။

သူသည် ထိုက်ရီအခင်းအကျင်းမြေပုံမှ အခင်းအကျင်းပုံစံများကို အသုံးပြုကာ ကပ်ဘေးဖြတ်ကျော် အဆင့် မဟာအခင်းအကျင်းကို ဖော်ထုတ်ရန် စတင်လိုက်တော့၏။

ဤ မဟာအခင်းအကျင်းကို လုရီက ထိုက်ရီ အခင်းအကျင်းမြေပုံမှ သူ နားလည်သဘောပေါက်ခဲ့သော အခင်းအကျင်းတာအို၏ အဆုံးစွန် အခြေခံမူများကို ကိုးကားကာ သူကိုယ်တိုင် ကျွမ်းကျင်ထားသော စွမ်းအားများမှ စတင် ဖော်ထုတ်ခဲ့ခြင်းပင်။ သူသည် ယခုအခါ စွမ်းအားများစွာကို ကျွမ်းကျင်ထားပြီး ၎င်းတို့ထဲမှ အပြင်းထန်ဆုံးမှာတော့ ဓားတာအိုပါပင်။

ထို့ကြောင့် သူ၏ ဖော်ထုတ်မှုကို ဓားတာအိုပေါ်တွင် အခြေခံသည်မှာ ယတာဘူတကျပါသည်။

လုရီတွင် ဓားတာအို အင်မော်တယ်ကျမ်း နှစ်စုံရှိ၏။ အင်မော်တယ်ဓားကျမ်းနှင့် ကောင်းကင်ကိုးလွှာ ဓားအင်မော်တယ် ရတနာကျမ်းတို့ ဖြစ်ကြပြီး နှစ်ခုလုံးတွင် အလွန် ထူးခြားလှပသော ဓားတာအို စွမ်းအားများ ပါဝင်နေ၏။

အင်မော်တယ် ဓားကျမ်းက ကောင်းကင်နှင့် မြေကြီး၏ ထာဝရ သဘာဝမှ ၎င်း၏ အခြေခံမူကို ဆင်းသက်လာပြီး မည်သည့်အရာမှ

မတားဆီးနိုင်သော ထာဝရ မသေနိုင်သည့် ဓားစိတ်ဆန္ဒ ပါဝင်၏။

ကောင်းကင်ကိုးလွှာ ဓားအင်မော်တယ် ရတနာကျမ်းကမူ ကောင်းကင် ကိုးလွှာသို့ ထိုးဖောက်ဝင်ရောက်ခြင်း၊ အကန့်အသတ်များကို အဆက်မပြတ် ချိုးဖျက်ခြင်း ဟူသော သဘောတရားပေါ်တွင် အခြေခံကာ ဓားစိတ်ဆန္ဒအလွှာတိုင်းသည် ယခင်အလွှာထက် ပိုမိုအားကောင်းပြီး ကောင်းကင်ယံသို့ မြင့်မားစွာ ရည်ရွယ်ထား၏။ နှစ်ခုလုံးတွင် ၎င်းတို့ကိုယ်ပိုင် ထူးခြားသော ရှုထောင့်များ ရှိကြ၏။

ဓားတာအို စွမ်းရည်များအပြင် ဓားသိုင်းများလည်း ရှိသေးပြီး ၎င်းတို့ထဲမှ အနက်ရှိုင်းဆုံးမှာ ကြယ်များကို ဖြတ်တောက်နိုင်သည့် စွမ်းအားဖြင့် ကြယ်များ၏ စွမ်းအားကို အသုံးချသော

အင်မော်တယ် အဆင့် ကြယ်ဖြတ် ဓားကွက် ပင် ဖြစ်ချေသည်။ ထို့အပြင် လုရီသည် ယခင်က ကပ်ဘေးဖြတ်ကျော် အဆင့်၏ ထျန်းဟဲဓား နည်းစနစ်ကို ဆုချခံခဲ့ရပြီး ၎င်းမှာ အလွန်နက်နဲဆန်းကြယ်သော ပညာရပ်တစ်ခု ဖြစ်လေသည်။

အင်မော်တယ်ကျမ်းနှင့် အင်မော်တယ် သိုင်းနည်းစနစ်တို့၏ အဓိက အနှစ်သာရမှာ နိယာမစွမ်းအားတွင် တည်ရှိပြီး ၎င်းကို အခင်းအကျင်း တာအိုပုံစံများဖြင့် ကိုယ်စားပြုရန်မှာ အတော်လေး စိန်ခေါ်မှု ကြီး၏။ လုရီ၏ အခင်းအကျင်းတာအို ကျွမ်းကျင်မှုသည် ထိုအဆင့်သို့ မရောက်သေးချေ။ သူသည် အားစိုက်ထုတ်စရာ မလိုဘဲ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘဲ ထူးခြားလှပသော အစိတ်အပိုင်းများကိုသာ အခင်းအကျင်းထဲသို့ ထည့်သွင်းနိုင်သေး၏။

အဓိက အပိုင်းအတွက် လုရီက ကပ်ဘေးဖြတ်ကျော်နယ်ပယ်၏ ဓားတာအို စွမ်းရည် ဖြစ်သော ထျန်းဟဲဓား နည်းစနစ်ကို ရွေးချယ်ခဲ့ပြီး ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းအတွက် အဓိက အဖြစ် အသုံးပြုရန်မှာ အသင့်တော်ဆုံးပင်။

ထျန်းဟဲဓား နည်းစနစ်ကို အဓိက အဖြစ် အသုံးပြုခြင်းဖြင့် အလွန် ထူးခြားလှပသော ဓားတာအို နိယာမများဖြင့် ဖြည့်ဆည်းပြီး အင်မော်တယ်ကျမ်းများမှ လျှို့ဝှက် တာအိုစွမ်းရည်များ အနည်းငယ် ထည့်သွင်းကာ လုရီသည် မဟာအခင်းအကျင်းကို ဖော်ထုတ်ခြင်းကို စတင်လိုက်၏။

လုရီ ဖော်ထုတ်နေစဉ် ရင်ပြင် တစ်ခုလုံးတွင် အခင်းအကျင်းတာအို ပုံစံများ အဆက်မပြတ် ပြောင်းလဲနေခဲ့၏။ တစ်ခုပြီး တစ်ခု နက်နဲဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ တိတ်တဆိတ် စိမ့်ထွက်လာတော့သည်။ ဤစွမ်းအားသည် အဆုံးအစ မရှိသော မြစ်ကြီးတစ်စင်းနှင့် တူပြီး ပြင်းထန်သော ဓားတာအို စွမ်းအင်ကို သယ်ဆောင်လာ၏။

ကောင်းကင်ယံတွင် အခင်းအကျင်းပုံစံများနှင့်အတူ ဓားအရိပ်များ ဖြစ်တည်ပြီး ဤအရိပ်များသည် ထူထပ်များပြားကာ နဂါးငွေ့တန်း ကောင်းကင်ယံကို ဖြတ်သန်းကာ ကောင်းကင်ကို ဖုံးကွယ်ထားသကဲ့သို့ပင်။ ၎င်းတို့ထဲတွင် ဤဓားစိတ်ဆန္ဒများက စိတ်ကူးမယဉ်နိုင်လောက်အောင် ထက်မြက်မှုနှင့် မည်သည့်အရာမှ မတားဆီးနိုင်သော ခွန်အားလည်း ပါဝင်နေ၏။

ထိုမျှသော အစွမ်းကြောင့် အဝေးမှ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးများ၏ နှလုံးသားများပင် ကြောက်ရွံ့တုန်လှုပ်လာပြီး သူတို့၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားတော့၏။

“ဒါက... ကပ်ဘေးဖြတ်ကျော်နယ်ပယ်အခင်းအကျင်းကြီးလား?! လုရီက ထိုက်ရီ အခင်းအကျင်းမြေပုံကနေ ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို တကယ် နားလည်သွားတာပဲ!”

“ဒီလိုမျိုး ပြိုင်ဘက်ကင်းတဲ့ ပါရမီ... ဒီအရွယ်... ဒီလို ကျင့်ကြံမှုအခြေခံနဲ့... ကိုယ်ပိုင် ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို ဖော်ထုတ်နိုင်တာ... တကယ်ကို ရင်သပ်ရှုမောစရာပဲ!”

လင်ကျိုးယွဲ့ပင်လျှင် မှင်သက်အံ့အားသင့်သွားပြီး “တကယ်ပဲ ....ညီအစ်ကို လုနဲ့ ထိုက်တန်တယ်...” ဟူ၍သာ ရေရွတ်မိတော့၏။

မဟာအခင်းအကျင်း ဆက်လက် ပြီးပြည့်စုံလာသည်နှင့်အမျှ ပိုမိုအားကောင်းလာသော ဓားတာအို စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်၏ ဖိနှိပ်မှုများ ပျံ့နှံ့လာရာ ထိုက်ရီ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများအားလုံး အံ့အားသင့်သွားကြသည်။

သူတို့၏ အကြည့်များကို ထိုက်ရီ မြင့်မြတ်နယ်မြေဘက်သို့ လှည့်ကာ ဘာဖြစ်ခဲ့သည်ကို သိလိုစိတ် ပြင်းပြနေကြ၏။

မဟာစွမ်းအားရှင်အချို့လည်း ထိုက်ရီ အခင်းအကျင်းမြေပုံဆီသို့ ပိုမိုနီးကပ်စွာ ချဉ်းကပ်လာကြတော့သည်။ လုရီက ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို တကယ် ဖော်ထုတ်နေသည်ကို မျက်ဝါးထင်ထင် မြင်သောအခါ ထိုက်ရီ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများအားလုံး၏ ခေါင်းများ မူးဝေသွားကြတော့၏။

အချိန်တွေ ကုန်လွန်သွားခဲ့ပြီး ရုတ်တရက် ဉာဏ်အလင်း ရခြင်းမှာ အချိန်အတော်ကြာ ဆက်လက်ဖြစ်ပေါ်ခဲ့၏။ အချိန်တစ်လ၏ ထက်ဝက်တိတိ ကြာမြင့်ခဲ့ပြီး ထိုအတောအတွင်း ထိုက်ရီ အခင်းအကျင်း မြေပုံအတွင်းရှိ အခင်းအကျင်းပုံစံများ အဆက်မပြတ် ပြောင်းလဲနေပြီး ဆက်လက် ဖော်ထုတ်နေခဲ့တော့၏။ တစ်လခွဲ ကြာပြီးနောက်မှသာ အခင်းအကျင်း ပုံစံများအားလုံး အချင်းချင်း ဆက်သွယ်မိပြီး အချင်း ဆယ် ကီလိုမီတာခန့် ကျယ်ဝန်းသော နက်နဲ၊ ဆန်းကြယ်သည့် အခင်းအကျင်း မြေပုံ တစ်ခုကို ဖွဲ့စည်းလိုက်တော့၏။

ဤ အခင်းအကျင်းမြေပုံမှာ ဖော်ပြမရအောင်ပင် ရှုပ်ထွေးလှပြီး ပေါင်းစည်းခြင်း မဟာစွမ်းအားရှင်နှင့် မဟာယာနပင်လျှင် အပြည့်အစုံ နားလည်ရန် ခက်ခဲလှ၏။ ၎င်းတွင် ပါဝင်သော စွမ်းအားကလည်း လူတိုင်းကို အံ့အားသင့်စေခဲ့၏။

ကပ်ဘေးဖြတ်ကျော် ဘိုးဘေးများက အခင်းအကျင်းမြေပုံကို မှင်သက်စွာ

အသက်မရှူစတမ်း ကြည့်နေကြ၏။

“အောင်မြင်ပြီ! လုရီက ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို တကယ် ဖော်ထုတ်နိုင်ခဲ့ပြီ!”

“ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအား... ကျုပ်တောင် ဒီလို မဟာအခင်းအကျင်းကို မြင်တာနဲ့ ကြောက်နေပြီ... ဒါက

ကပ်ဘေး ဖြတ်ကျော် စွမ်းအားရှင် အများစုကို ခြိမ်းခြောက်ဖို့ လုံလောက်တယ်!”

ကပ်ဘေးဖြတ်ကျော် ဘိုးဘေးများ၏ ဆွေးနွေးမှုများကို ကြားသောအခါ မဟာစွမ်းအားရှင်များအားလုံး ကျောက်ရုပ်ကြီးပမာ ဖြစ်သွားကြ၏။

“မိုးနတ်မင်း..လုရီက ပေါင်းစည်းခြင်းနယ်ပယ်ကို ခုမှ ချိုးဖျက်နိုင်ခဲ့တာ... အဲဒီလို အကြီးအကဲတွေတောင် အန္တရာယ်ရှိတယ်လို့ ခံစားရတဲ့ အခင်းအကျင်းကို သူ ဖော်ထုတ်နိုင်ခဲ့တာလား”

“နားမလည်နိုင်ဘူး... တကယ် နားမလည်နိုင်ဘူး! ဒီ အခင်းအကျင်းပုံစံတွေကို ကျွန်တော်တောင် နားမလည်နိုင်ဘူး!” ဟု မဟာယာန တစ်ဦးက စိတ်ပျက်အားငယ်ဟန်ဖြင့် မြည်တမ်းလိုက်၏။

ထိုအခိုက်အတန့်၌ လုရီ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ သူ၏ မျက်လုံးများတွင် အခင်းအကျင်းပုံစံများ လည်ပတ်နေသည်မှာ လင်းလက်တောက်ပနေ၏။

သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ခိုတွဲ လာ၏။

သူ အောင်မြင်ခဲ့လေပြီ... ။

ဒီလောက်ကြာပြီးမှ နောက်ဆုံးတော့ ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို သူ ဖော်ထုတ်နိုင်ခဲ့ပြီ။

လုရီ ပြီးဆုံးသည်နှင့် ထိုက်ရီ အခင်းအကျင်းမြေပုံလည်း သူ၏ မူလ အနေအထားသို့ ပြန်လည်ရောက်ရှိသွားတော့၏။ လုရီသည် အဓိက အကျဆုံး ဧရိယာသို့ မရောက်သေးချေ။ ထိုက်ရီ အခင်းအကျင်းမြေပုံအတွင်း နားလည်သဘောပေါက်ရန် အချိန်အနည်းငယ် ကျန်ရှိနေသေးပြီး ၎င်းမှာ အလွန်ကောင်းသော အခွင့်အရေးပင်။

လုရီ ပိုမိုနက်ရှိုင်းစွာ ဆက်လက်သွားခဲ့ပြီး

နှစ်ရက် ကြာပြီးနောက် နောက်ဆုံးတွင် အဓိက အကျဆုံး ဧရိယာသို့ ရောက်ရှိလာ၏။ ထိုက်ရီ အခင်းအကျင်းမြေပုံက သူ၏ မျက်စိရှေ့တွင်ပင် ရှိနေပြီး လုရီ ကြည့်ရှုလိုက်သောအခါ ကောင်းကင်အခင်းအကျင်း မြေပုံနှင့် အနည်းငယ် ဆင်တူနေသည်ကို တွေ့ရ၏။

နှစ်ခုလုံးမှာ အခင်းအကျင်းတာအို ရတနာများ ဖြစ်ကြသော်လည်း ထိုက်ရီ အခင်းအကျင်းမြေပုံက ကောင်းကင် အခင်းအကျင်းမြေပုံထက် အများကြီး ပိုမိုအားကောင်း၏။ မည်သို့ပင်

ဆိုစေ ၎င်းသည် အင်မော်တယ် လက်နက် ဖြစ်ချေသည်။

လုရီ အနည်းငယ် စိတ်မချမ်းမသာ ဖြစ်မိ၏။ ထိုက်ရီ အခင်းအကျင်းမြေပုံကဲ့သို့သော အခင်းအကျင်းတာအို အင်မော်တယ်လက်နက်မျိုးကို သူ ပိုင်ဆိုင်ထားမည်ဆိုလျှင်

အင်မော်တယ် အဆင့် အခင်းအကျင်းကို

အသက်သွင်းနိုင်မည့် အခွင့်အရေး ရရှိနိုင်လိမ့်မည်။

---

All Chapters