← Chapters

ရန်သူများအားလုံး နောက်တွင်ကျန်ရစ်ခဲ့

Vol. 103 Ch. 1447

ရန်သူများအားလုံး နောက်တွင်ကျန်ရစ်ခဲ့

Vol. 103 Ch. 1447

အခန်း (၁၄၄၇) ရန်သူများအားလုံး နောက်တွင်ကျန်ရစ်ခဲ့

နတ်ဘုရားထောင်ချောက်ဓားသိုင်း၏ ဗလာနယ်ထိုးခွင်းနိုင်စွမ်းဖြင့် ရွေ့လျားမှုနှုန်းက လုံးဝ အဆင့်သစ်တစ်ခုသို့ လျှင်မြန်စွာရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ကောင်းချင်းရွှမ်က ထိုက်ရွှီးနတ်ဘုရားအဆင့်သို့ မကြာသေးမီကမှ တက်ရောက်ခဲ့သော်လည်း သူမတွင် ကိုယ်ပွားတစ်ခုလည်း ရှိလေသည်။

ထို့ကြောင့် နှစ်ကိုယ်ခွဲဓားသိုင်းကျင့်ကြံခြင်းဖြင့် သူတို့နှစ်ယောက်လုံးက နတ်ဘုရားထောင်ချောက်ဓားသိုင်းကို တပြိုင်တည်း အသုံးပြုကာ ရွက်လှေ၏မြန်နှုန်းကို ပိုမိုတိုးမြှင့်ပေးခဲ့သည်။

အမှန်တော့ မူလအခြေအနေအတိုင်းဆိုလျှင် သူမက အခြားသူများကိုသယ်ဆောင်ပြီး ရွက်လှေကိုထိန်းချုပ်မည်ဆိုပါက အခြားသူများကြောင့် ရွက်လှေက နှေးကွေးသွားနိုင်သည်။

အလားတူပင် နတ်ဆိုးကိုထုတ်ယူသည့်အစီအစဉ်သည်လည်း အကျိုးရှိမည် မဟုတ်ပေ။ အကြောင်းမှာ သူမ၏ နတ်ဘုရားထောင်ချောက်ဓားသိုင်းက ထုံးတမ်းအစီအရင်ကို အနှောက်အယှက်ဖြစ်စေသော‌ကြောင့်ပင်။

သို့သော် ရန်ကျောက်ကဲက ထျန်းဟယ်မိုးပျံရွက်လှေကို ပြန်လည်ပြုပြင်ပြီး အချို့သောအင်္ဂါရပ်များကို တိုးမြှင့်ပြင်ဆင်ခဲ့သည်။

ရလဒ်အနေဖြင့် ထူးခြားသော မိုးပျံရွက်လှေတစ်စင်းအား ဖန်တီးနိုင်ခဲ့သည်။

နတ်ဘုရားအဆင့်ရှိ ကျင့်ကြံသူတစ်ယောက် ဤရွက်လှေကို ထိန်းချုပ်မည်ဆိုပါက သူတို့တန်ခိုးစွမ်းအားက ရွက်လှေကို အားဖြည့်နိုင်ပြီး သိသာစွာ အမြန်နှုန်းတိုးမြှင့်နိုင်ပေမည်။

ထို့ကြောင့် ကောင်းချင်းရွှမ်အနေဖြင့် ဧရာမ မိုးပျံရွက်လှေကြီးဖြင့် ရှီကျွင်း၊ ရွှီဖေးနှင့် ယင်ယွီကျန်းတို့ကို သယ်ဆောင်နိုင်ရုံသာမက ရန်ကျောက်ကဲနှင့် အခြားသူများကိုပါ သယ်ဆောင်ရာတွင် မည်သည့်ပြဿနာမှ မရှိခဲ့ပေ။

ကောင်းချင်းရွှမ်၏ ဓားအလင်းဖြင့် ပျံသန်းနှုန်းက အလွန်လျင်မြန်နေပြီဖြစ်သည်။

သွေးနီရောင်ဓားအလင်းတန်းက အမြန်နှုန်းအထွတ်ထိပ်သို့ရောက်ရှီနေပြီး သူမသည်လည်း အခြားသော ထိုက်ရွှီးမူလနတ်ဘုရား ယခင်က မရှိခဲ့ဖူးသော အဆင့်သို့ ရောက်ရှိသွားသည်။

ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများက အပြန်အလှန်ထိန်းချုပ်ထားကြသဖြင့် သူမကို ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိလေရာ မြန်နှုန်းအားသာချက်က ပိုမိုသိသာထင်ရှားလာသည်။

ဧရာမ သွေးနီရောင်ဓားအလင်းတန်းက စကြာဝဠာထဲ ပျံသန်းနေရင်း ရန်သူများကို ရှောင်ဖယ်ပြီး လမ်းရီးတွင်တွေ့သမျှကို ရှောင်ကွင်းသွားသည်။

နတ်ဆိုးများသာမက သူတို့လမ်းကို ပိတ်ဆို့သူအားလုံးကို ကျော်ဖြတ်သွားသည်။

ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ စကြဝဠာတစ်ခုလုံးတွင် ထွက်ပေါ်လာပြီး နတ်ဆိုးချီများကလည်း ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းနေသည်။

ဗုဒ္ဓဘာသာနှင့် နတ်မိစ္ဆာများသည်ပင် တိုက်ပွဲထဲသို့ ပါဝင်လာကြပြီး သတိူု့ကလည်း ရန်ကျောက်ကဲတို့အုပ်စုအား တားဆီးရန် ကြိုးစားခဲ့ကြသည်။

မိုးပျံရွက်လှေကြီးရွေ့လျားလာသည်နှင့် သူတို့စတင်လှုပ်ရှားခဲ့ကြသည်။ သို့သော် လူတိုင်း စိတ်ပျက်မှုသာ ကျန်ရစ်ခဲ့ရသည်။

နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင် “တိမ်မြူမိုင်တစ်သောင်းဂဠုန်” က အသံထက်ပင်လျှင်မြန်သည့်စွမ်းရည်ရှိသဖြင့် အခြားသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများပင် ကြောက်ရွံ့ခဲ့ကြရသည်။

သူက တိုက်ပွဲများကို ပြောင်းပြန်လှန်ပစ်နိုင်သူပင်။

ယခု သွေးနီရောင်ဓားအလင်းတန်းနောက်သို့လိုက်နေကြသူများမှာ တိမ်မြူမိုင်တစ်သောင်းဂဠုန်နှင့် တွေ့ဆုံရသည်ကဲ့သို့ ခံစားကြရသည်။

အချိန်များစွာကုန်လွန်သွားသည့်တိုင် ကြောင်နှင့်ကြွက် ကစားနည်းက ဆက်လက်ဖြစ်ပေါ်နေဆဲပင်။

မြန်နှုန်းအားသာချက်ကိုအသုံပြုပြီး ရန်ကျောက်ကဲတို့အုပ်စုသည်လည်း များပြားလှသော အချိန်နှင့်နေရာများကို ဖြတ်ကျော်ခဲ့ကြသည်။

အချိန်ကုန်လွန်သွားသည်နှင့်အမျှ သွေးနီရောင်ဓားအလင်းက ဗလာနယ်ထဲ ဆက်လက်ပျံသန်းနေသလို မြေကမ္ဘာပလ္လင်နတ်ဆိုးအား ထိန်းချုပ်မှုသည်လည်း ဆက်လက်ဖြစ်ပေါ်နေသည်။

လျှင်မြန်စွာပျံသန်းနေသည့်ရွက်လှေကြီးနောက်သို့လိုက်နေသော ငရဲကိုးထပ်မှနတ်ဆိုးများမှာ မြေကမ္ဘာပလ္လင်နတ်ဆိုး၏ နတ်ဆိုးအငွေ့အသက် အားနည်းလာကြောင့် ခံစားမိကြသည်။

မြေကမ္ဘာနတ်ဆိုးသည်လည်း ရေပလ္လင်နတ်ဆိုးခြေရာအတိုင်း လိုက်သွားတော့မည့်အရိပ်အယောင်များ ထွက်ပေါ်နေသည်။

ဤသည်က နတ်ဆိုးများကို စိတ်ပူပန်စေသလို ဒေါသလည်းထွက်စေသည်။

နတ်မိစ္ဆာများနှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများကတော့ ငရဲကိုးထပ်နတ်ဆိုးများကဲ့သို့ စိတ်ပူပန်ခြင်းမရှိကြပေ။ သူတို့က မြေကမ္ဘာပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားမည်ကို တားဆီးလိုခြင်းသာ ဖြစ်သည်။

သို့သော် သူတို့က ရန်ကျောက်ကဲတို့အဖွဲ့ ရှေ့ဆက်မည်ကိုလည်း တားဆီးချင်ကြသည်။

နတ်မိစ္ဆာများနှင့် ဗုဒ္ဓဘာသာဝင်များ၏ လျော့လျဲသည့်တိုက်ခိုက်မှုကြောင့် ငရဲကိုးထပ်မှ နတ်ဆိုးများ တပ်ဖြန့်ရာတွင် ပိုမိုလွတ်လပ်မှု ရရှိခဲ့သည်။

ထို့ကြောင့် နတ်ဆိုးများ ပိုမိုစုစည်းလာနိုင်ခဲ့ကြသည်။

သူတို့က ရန်ကျောက်ကဲတို့အုပ်စု၏ အကြမ်းဖျင်းတည်နေရာကိုခန့်မှန်းပြီး ကြိုတင်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြ၏။

သူတို့က အနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး သွေးနီရောင်ဓားအလင်းတန်း လွတ်လပ်စွာသွားလာနေခြင်းကို ကန့်သတ်ရန်ကြိုးစားကြသည်။

သွေးနီရောင်ဓားအလင်းတန်းက သူတို့ကိုခါထုတ်လိုက်သော်လည်း သူတို့က အတူပူးပေါင်းပြီး နေရာပြန်ယူရန် ကြိုးစားခဲ့ကြသည်။

အခြားသူများက ရန်ကျောက်ကဲတို့အုပ်စုအား တားဆီးရန်ကြိုးစားချိန် အသက်ရှူချောင်သွားသော နတ်ဆိုးများက မဆုတ်နစ်သောစိတ်ဓာတ်ဖြင့် အုပ်စုဖွဲ့လိုက်ကြသည်။

မိုးပျံရွက်လှေကြီးက ဆက်လက်ရွေ့လျားနေပြီး စကြာဝဠာအလွှာတစ်ခုကို ထပ်မံဖြတ်ကျော်လိုက်သည်။ သို့သော် တစ်ဦးထက်ပိုသော မဟာနတ်ဆိုးများက သူတို့ကို စောင့်ဆိုင်းနေကြလေသည်။

နတ်ဆိုးချီများလှည့်ပတ်နေပြီး ငရဲကိုးထပ်သို့ရောက်ရှိသွားသည့်အလား နတ်ဆိုးနယ်မြေတစ်ခု ဖြစ်တည်လာသည်။  ထိုနယ်မြေက ရှေ့သို့ဆက်သွားနိုင်သည့်လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်သည်။

သွေးနီရောင်ဓားအလင်းတန်းသည်ပင် ဤပိတ်ဆို့မှုကိုဖြတ်ကျော်ရန် ခက်ခဲနိုင်သည်။

ရန်ကျောက်ကဲ ပြုပြင်ထားသည့် မိုးပျံရွက်လှေကြီးက ကောင်းချင်းရွှမ်၏ အမြန်နှုန်းနှင့် ကောင်းစွာပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။

သို့သော် ထိုရွက်လှေကြီးက ကောင်းချင်းရွှမ်၏ သတ်ဖြတ်လိုသည့်ဓားစွမ်းရည်ကိုတော့ ပြသနိုင်ခြင်း မရှိသေးပေ။ သူမ၏ဓားစွမ်းရည် ထည့်သွင်းအသုံးပြုလိုက်ပါက ရွက်လှေမြန်နှုန်း ကျဆင်းသွားပေမည်။

သူမ နှေးကွေးသွားပါက ရန်သူများ ချက်ချင်းဝိုင်းရံလာမည်ဖြစ်ပြီး ထပ်မံအရှိန်မြှင့်ရန် အခက်တွေ့ရပေမည်။

ထို့ကြောင့် သွေးနီရောင်ဓားအလင်းက ရန်သူများနှင့် ထိပ်တိုက်ရင်မဆိုင်ခဲ့ပေ။ မြန်နှုန်းအသုံးပြုပြီး လွတ်မြောက်ရန်သာ အာရုံစိုက်ထားသည်။

နတ်ဆိုးများက ရန်ကျောက်ကဲနှင့် တိုက်ခိုက်ဖူးသည့်အတွေ့အကြုံ ရှိနေကြပေပြီ။ အချို့ဆိုလျှင် အချိန်အတန်ကြာအောင် တိုက်ခိုက်ခဲ့ဖူးကြသည်။

ထို့ကြောင့် ယခုလည်း သူတို့အားလုံးစုစည်းပြီး သွေးနီရောင်ဓားအလင်းတန်း ရှေ့မဆက်နိုင်ရန် ရပ်တန့်ရမည်ဖြစ်ကြောင်း သဘောပေါက်ကြသည်။

သို့သော် ကောင်းချင်းရွှမ်က တည်ငြိမ်မှုကို ထိန်းသိမ်းထားဆဲပင်။

ဧရာမ သွေးနီရောင်ဓားအလင်းတန်းက ရှေ့သို့ ဆက်လက်ပျံသန်းနေပြီး လေထဲတွင် ရိပ်ခနဲ ရိပ်ခနဲလှုပ်ရှားရင်း ဗလာနယ်ကို ထိုးဖောက်လျှက်ရှိသည်။

သွေးနီရောင်ဓားအလင်းတန်း ရိပ်ခနဲလှုပ်ရှားသွားသည်နှင့် မထင်ရှားသော ဓားဝိညာဉ်တစ်ခုက ရုတ်တရက် တိုက်ခိုက်လိုက်သည်။

နတ်ဆိုးတစ်ပါးက တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

ထိုနတ်ဆိုးက ထိုက်ရွှီးမူလနတ်ဘုရားနှင့် အဆင့်တူညီပေသည်။

ထိုနတ်ဆိုးဘုရင်က တည်ငြိမ်မှုကိုထိန်းသိမ်းထားပြီး သွေးနီရောင်ဓားအလင်းတန်းကို စူးစိုက်ကြည့်လျှက် လုံးဝ ဆုတ်ခွသွားခြင်း မရှိပေ။

တောင်တစ်လုံးပမာ သူက တည့်တည့်ရင်ဆိုင်ရန် ဆုံးဖြတ်ထားသည်။

ယခု သူ့ကို မည်သူမှ ကူညီနိုင်ခြင်းမရှိပေ။ သူ၏ကိုယ်ပိုင်စွမ်းအားဖြင့်သာ သွေးနီရောင်ဓားအလင်းတန်းကို ခုခံရန် ကြိုးစားရသည်။

သို့သော် သူ ကြံ့ကြံ့ခံထားပါက ရန်ကျောက်ကဲတို့အုပ်စုအား ရပ်တန့်နိုင်မည်ဟု ယုံကြည်မှုရှိနေသည်။

အကန့်အသတ်မရှိသော နတ်ဆိုးချီများ စုစည်းလာပြီး မှောင်မိုက်သောပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ အချိန်၏သဘောတရားကိုကျော်လွန်သွားသည်။

သို့သော် ရုတ်တရက် သွေးနီရောင်ဓဦးအလင်းတန်းထက်တွင် မှိန်ဖျော့သော ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ခရမ်းရောင်အလင်းတန်း တောက်ပသွားသည်နှင့် အဆုံးမရှိသော မဟာတာအိုဓားသွားက အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာသည်။

ထိုဓားသွားက ကောင်းကင်ကိုဖွင့်လှစ် မြေကြီးကိုပိုင်းဖြတ်ကာ အနာဂတ်သို့ပျံသန်းလျှက် သမိုင်းကိုပင် အဆုံးသတ်နိုင်စွမ်းရှိသည်။

ဖန်ဆင်းခြင်းနှင့် အသွင်ပြောင်းခြင်းတို့ထည့်သွင်းထားသော အရှိန်အဟုန်ရေလှိုင်းက မဟာနတ်ဆိုးထက်သို့ ရိုက်ခတ်လာသည်။

ခေတ်တစ်ခေတ်၏ ရင့်ကျက်သောအခွံကို ထိုးဖောက်ထွက်လာသော ဓားဝိညာဉ်က မှောင်မိုက်သောနတ်ဆိုးပင်လယ်ကို ဖြတ်တောက်ပစ်လိုက်သည်။

နတ်ဆိုးဘုရင် ညည်းညူအော်ဟစ်လိုက်သည်။

ခရမ်းရောင်အလင်းတန်း လက်ခနဲတောက်ပသွားပြီး နတ်ဆိုးရောင်ဝါများ ချက်ချင်းရပ်တန့်သွားသည်။

နတ်ဆိုးဘုရင်က ချီစွမ်းအားငါးခု ပေါင်းစည်းခြင်းအဆင့် ဖြစ်သဖြင့် ခန္ဓာကိုယ်ထိခိုက်မှုမရှိသော်လည်း သွေးနီရောင်ဓားအလင်းတန်းကို ရင်ဆိုင်ရန် ယုံကြည်ချက် မရှိတော့ပေ။

ထို့ကြောင့် သူက အတင်းအကျပ်ပင် ဆုတ်ခွာလိုက်ရသည်။

သွေးနီရောင်ဓားအလင်းတန်းက သူ့ကိုဖြတ်ကျော်သွားပြီး သူဖန်တီးထားသော နတ်ဆိုးနယ်မြေကို ရဲတင်းစွာပင် ထိုးဖောက်သွားသည်။

ဓားအလင်းတန်းက နတ်ဆိုးနယ်မြေမှ လွတ်မြောက်သွားပြီး ဗလာနယ်ပုံပျက်ခြင်းကို ဖြတ်ကျော်ကာ ချက်ချင်းပင် အခြားစကြာဝဠာတစ်ခုဆီသို့ ရောက်ရှိသွားသည်။

ကောင်းချင်းရွှမ်က ပုံမှန်အတိုင်းတည်ငြိမ်နေပြီး မိုးပျံရွက်လှေကြီးကိုထိန်းချုပ်ရင်း ရှေ့သို့ဆက်သွားနေသည်။

ရွက်လှေထိပ်တွင် ရန်တိက ခန့်ညားထည်ဝါစွာမတ်တတ်ရပ်လျှက် ဓားသွားက အရှေ့သို့ညွှန်ပြနေပြီး ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးက ဓားသွားထိပ်တွင် လှည့်ပတ်နေသည်။

ရန်တိ၏ အဆီးအတားမရှိသော ဓားဝိညာဉ်အရှိန်အဟုန်က ကောင်းချင်းရွှမ်၏ ဓားအလင်းတန်းနှင့် ပေါင်းစပ်ထားသည်။

ဧရာမ သွေးနီရောင်ဓားအလင်းတန်းထဲတွင် တောက်ပလာသော ခရမ်းရောင်အလင်းတန်းမှာ ရန်တိ၏ဓားသွား ဖြစ်လေ၏။

သွေးနီရောင်ဓားအလင်းတန်းက အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် ဆက်လက်ပျံသန်းနေပြီး ရန်သူများအားလုံးကို တစ်ယောက်ပြီးတစ်ယောက် ရှောင်ဖယ်သွားသည်။

သို့သော် နတ်ဆိုးများ ပိုမိုများပြားလာသည်နှင့်အမျှ နောက်ဆုံး သွေးနီရောင်ဓားအလင်းတန်း၏မြန်နှုန်းကို အမီလိုက်နိုင်လာသည်။

ထိုနတ်ဆိုးဘုရင်က အမြန်နှုန်းတွင် အထူးကျွမ်းကျင်သူဖြစ်သည်။

သူက မြူခိုးအသွင်ယူထားပြီး သူ၏လျှင်မြန်မှုက တိမ်မြူမိုင်တစ်သောင်းဂဠုန်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။

ထိုမဟာနတ်ဆိုးက ဓားအလင်းတန်းနောက်သို့ မလွတ်တမ်းလိုက်ပါလာသည်။

သွေးနီရောင်ဓားအလင်းတန်းက အရံအတားတစ်ခုကိုဖြတ်ကျော်လိုက်တိုင်း ရွေ့လျားနှုန်း အနည်းငယ် လျော့ကျသွားလေ့ရှိသည်။

ထိုသို့သောအချိန်မျိုးတွင် မြူခိုးအသွင်နတ်ဆိုးက သူတို့နှင့် ပိုမိုနီးကပ်လာသည်။

နောက်ဆုံး သူက ဧရာမ သွေးနီရောင်ဓားအလင်းတန်းကိုမှီလာပြီး ချက်ချင်းပင် ဓားအလင်းတန်းကို ပိတ်ဆို့လိုက်၏။

သို့သော် သွေးနီရောင်ဓားအလင်းတန်း၏ ဓားရိုးက ရုတ်ချက်ညး အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်။

နက်ပြာရောင်နတ်ဆိုးမီးလျှံများတောက်လောင်လာပြီး အချိန်ရေစီးကြောင်း အဆုံးသတ်ကိုယူဆောင်လာကာ ကမ္ဘာလောကတစ်ခုလုံးအား အဆုံးသတ်ပေးလိုက်သည်။

နက်ပြာရောင်မီးလျှံများက ကျယ်ပြန့်လှသည့်ချောက်ကမ်းပါးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နောက်မှလိုက်လာသည့် မြူခိုးအသွင် မဟာနတ်ဆိုးကို ရပ်တန့်သွားစေသည်။

ရက်စက်ကြမ်းတမ်းသော ဓားဝိညာဉ်တစ်ခုထွက်ပေါ်လာပြီး နတ်ဆိုးဘုရင်နှင့် ထိုက်တိုက်ရင်ဆိုင်လိုက်သည်။

ရလဒ်အနေဖြင့် နတ်ဆိုးဘုရင်၏ခန္ဓာကိုယ် ထုံကျဉ်သွားပြီး နေရာမှာပင် ရပ်တန့်ကျန်ရစ်ခဲ့ရန် ဖိအားပေးခံလိုက်ရသည်။

သွေးနီရောင်ဓားအလင်းတန်းကတော့ ရိပ်ခနဲရွေ့လျားသွားပြီး နေရာမှ သဲလွန်စမကျန် ပျောက်ကွယ်သွားတော့သည်။

ဓားအလင်းတန်းအား လိုက်လံဖမ်းဆီးရန်ကြိုးစားကြသော ရန်သူများအားလုံး အချည်းနှီးသာ ဖြစ်သွားခဲ့သည်။

မိုးပျံရွက်လှေကြီးနောက်ဘက်တွင် နှင်းပွင့်ပမာ ဖြူစင်သောဝတ်စုံကိုဝတ်ဆင်ထားသည့် ဖန်းယွင်ရှန်းရှိနေပြီး သူ၏အနက်ရောင်ဓားသွားကို ဗလာနယ်ထဲသို့ ထိုးညွှန်ထားလေသည်။

All Chapters