အသုံးချခြင်း
Vol. 136 Ch. 1891
ဟွမ်နှင့် အရိပ်မည်းတို့ ထိုလူများကို ရှင်းပြီးချိန်တွင် သူတို့၏ ပုံစံ အစစ် အမှန်သည် လေထဲရှိမြူခိုးအကြားတွင် ပေါ်လာလေသည်။ သူတို့သည် လက် ပိုက်ထားကြပြီး သူတို့ကို စိမ်ပြေနပြေကြည့်နေသည်။
“ဒီနေရာကို ခြေချရဲတဲ့သူတွေ သေမယ်” အရိပ်မည်းသည် ထိုလူများရှေ့ တွင် အလွန်ထည်ဝါနေသည်။ သူသည် ခါတိုင်း ပေါ့ပေါ့နေသည့်ပုံစံနှင့် ကွဲပြား နေသည်။
“မင်းတို့က ဝိညာဉ်နယ်မြေကလူတွေလား” ခေါင်းဆောင်ဖန်းသည် ဟွမ် နှင့် အရိပ်မည်းတို့ကိုကြည့်နေကာ သူ့အသံမှာလည်း ဒေါသသံပါနေသည်။
“ဝိညာဉ်နယ်မြေဟုတ်လား.. အဲလိုမျိုး နေရာသေးသေးလေးက ကျုပ်တို့ လိုမျိုး တန်ဖိုးရှိတဲ့လူတွေကို ထုတ်ပေးနိုင်လို့လား” အရိပ်မည်းသည် ရယ်မော နေသော်လည်း ဝိညာဉ်နယ်မြေမှလာသည်ကို ထုတ်ဖော်ခြင်းမပြုပေ။
ဝိညာဉ်နယ်မြေမှလူများသည် ဝိညာဉ်များကို ထိန်းချုပ်ရာတွင် ကျွမ်းကျင် ကြရာ တစ္ဆေလောကသို့လာကြပြီး တစ္ဆေမျိုးနွယ်များကို တိုက်ခိုက်လေ့ရှိကြ သည်။ သူတို့သည် ဝိညာဉ်များကိုနှုတ်ပြီး ထိန်းချုပ်ကြသည်။ ပြီးနောက် ယွိဒူ သည် ရှီမာယူယူ၏ ဝိညာဉ်ကို စားသုံးလိုသည့်ကိစ္စကဲ့သို့ တစ္ဆေမျိုးနွယ်မှ လူများ ကလည်း ခန္ဓာကိုယ်အတွက် ဝိညာဉ်နယ်မြေမှ ဝိညာဉ်များကိုသုံးပြီး အားဖြည့် တတ်ကြသည်။
ထို့ကြောင့်ပင် ဝိညာဉ်နယ်မြေနှင့် တစ္ဆေလောကတို့သည် မီးနှင့်ရေကဲ့သို့ ဖြစ်နေသည်။ သူတို့သည် အတူယှဉ်တွဲရှိ၍မရပေ။
ရှီမာယူယူသည် ဝိညာဉ်နယ်မြေမှလူများနှင့် ပူးပေါင်းလျှင် သူမကို ရိုက်ချ ရန် အကြောင်းအရင်းရှိပြီဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် ထိုလူများသည် ဝိညာဉ်နယ်မြေမှမဟုတ်ကြပေ။ ပြီးနောက် သူတို့ပြောစကားများအရဆိုလျှင် သူတို့၏ နောက်ခံမှာ သေးသိမ်ခြင်းမရှိသည့်ပုံပင်။
သူတို့ရဲ့ နောက်ခံက သေချာပေါက် ပေါ့သေးသေးမဖြစ်နိုင်ဘူး။ မဟုတ် ရင် ဘယ်လိုလုပ် ဒီလောက် ထူးဆန်းတဲ့သိုင်းကိုသုံးနိုင်မှာလဲ။
“ကြည့်ရတာ မင်းတို့က ငါ့ကို ဝိညာဉ်နယ်မြေကလူတွေကို တစ်ခုခု ပတ်သက်စေချင်နေတာထင်တယ်” ရှီမာယူယူ သက်ပြင်းချလိုက်သည် “ဒါပေမဲ့ ဘယ်လိုလုပ်ကြမလဲ ငါ တစ္ဆေလောကကို ရောက်ပြီးတော့ အဲဒီကိုသွားတောင် မသွားခဲ့ဘူး”
“မင်း ဘာပဲပြောပြော ဒီနေ့လွတ်လမ်းမရှိဘူး.. မင်းဘေးက လူနှစ် ယောက်က အားကောင်းပါတယ် ဒါပေမဲ့ သူတို့နှစ်ယောက်ပဲရှိတာလေ ငါတို့က မင်းကို တားနိုင်သေးတယ်”
ခေါင်းဆောင်ဖန်း ပြောလိုက်သည်နှင့် ရာချီသောလူများ တိုက်ခိုက်ကြ လေသည်။ သို့သော် ရလဒ်မှာအတူတူပင်။ သူတို့သည် အရိပ်မည်းကိုကျော်လွှား ခြင်းမပြုနိုင်ဘဲ ရှီမာယူယူ၏ အင်္ကျီလက်ကိုပင် ထိပင်မထိလိုက်ရပေ။
ရှီမာယူယူသည် ထိုလူများကို လေးစားလာသည်။ သူမကို သတ်ရန် အတွက် သူတို့၏ အသက်ကိုစေတေးနိုင်ကြသည်။
ပထမအုပ်စု သေသွားသည်နှင့် နောက်တစ်စုတက်လာသည်။ သူတို့သည် အရိပ်မည်းနှင့် ဟွမ်တိုကို ထိခိုက်အောင် မလုပ်နိုင်သော်လည်း တစ်ခဏ တန့် သွားအောင်တော့ လုပ်နိုင်သည်။ သူတို့အနောက်မှလူများသည် အခွင့်အရေး ရ သည်ကို မြင်သည်နှင့် ရှီမာယူယူကို တိုက်ခိုက်ကြလေသည်။
ဝူလင်းယူ၏ နှုတ်ခမ်းမှာ မဲ့ပြုံးပြုံးပြီး ရှီမာယူယူကို လွှတ်ပေးလိုက်သည်။ သူသည် သူမ၏အနောက်သို့ သွားပြီး အရိပ်မည်းနှင့် ဟွမ်ကဲ့သို့ မြူခိုးမည်း အဖြစ်ပြောင်းကာ ထိုလူများဆီသို့ ပျံလေသည်။ သို့သော် သူနှင့် သူတို့အကြား ကွာခြားသည်မှာ ထိုလူများ၏ အရိုးများအရည်မပျော်ခြင်းဖြစ်သည်။ ထို့ကြောင့် ပင် သူ သူတို့ကိုဖြတ်ပျံသွားချိန်တွင် သူတို့၏အလောင်းများ ကျန်ခဲ့လေသည်။
သူမမှာ ဒီလောက် အားကောင်းတဲ့လူရှိသေးတာလား။ သူတို့နှစ်ယောက် ရဲ့အပြုအမူအရ သူတို့က အရမ်းကိုရင်းနှီးတဲ့ပုံပေါက်တယ်။
သို့သော် ထိုလူများသည် သတင်းကိုပင် မကြေညက်လိုက်ပေ။ ဝူလင်းယူ ပါဝင်လာသည်ကို မြင်ပြီးနောက် ပို၍ဆူညံခလောက်ဆန်သွားသည်။ သူတို့၏ အတွေးများမှာ ရိုးရှင်းသည်။ သူတို့သာ ဝူလင်းယူကို ဆွဲထားနိုင်လျှင် သူမကို သတ်နိုင်မည်ဖြစ်သည်။
ကိုယ့်အသက်ကိုပင် ပဓာနမထားသည့် ထိုလူများကို ရှီမာယူယူ မြင်သော အခါ အနောက်ဘက်ရှိ လူအုပ်ကြီးကိုပြန်ကြည့်လိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သွားသည်။ လူသောင်းချီအကြားတွင် သူမနှင့် အသေ အကြေ ရန်ငြိုးရှိသူမှာ အတော်အသင့်ရှိသည်။ သူမ ဤမျှများပြားလှသော လူ များကို ဆုံးရှုံးအောင်လုပ်လိုက်လျှင် တစ္ဆေကြင်ယာတော်၏ စိတ်ထိခိုက်သွား မည်လားကို သူမ သိချင်မိသည်။
အနောက်မှ တိုက်ခိုက်သည့်လူများ ပိုများလာသည်။ ဝူလင်းယူသည် တစ် ယောက်အား,သာဖြစ်သည်ဟု သူတို့ထင်မြင်ခြင်းကြောင့် ဖောက်ဝင်ရမည်မှာ လွယ်ကူသည်ဟု တွေးနေခြင်းကြောင့်ဖြစ်မည်။
ဝူလင်းယူသည် လေပေါ်တွင်ရပ်ပြီး တစ်စက္ကန့်ပင်မရှိသော အချိန်တွင် ပျောက်ကွယ်သွားလေသည်။ သို့သော် ဤတစ်ကြိမ်တွင် သူသည် မြူခိုးအမည်း အဖြစ်ပြောင်းသွားခြင်းမရှိဘဲ မြစ်တစ်စင်းအသွင်ပြောင်းကာ နေရာတစ်ခုလုံး ကို ရေလွှမ်းလိုက်သည်။
“သေစမ်း တကယ်ပဲ မြစ်ကြီးပဲ.. ငါတို့ ထင်ယောင်ထင်မှားတွေဖြစ်နေ တာတော့ မဟုတ်ဘူးမလား” တချို့လူများသည် တောင်ထိပ်ပေါ်မှအော်လေ သည်။
“အဲလူတွေ မြစ်ထဲကနေ မထွက်နိုင်ကြဘူး အဲဒါက.. မေ့ပျောက်ခြင်းမြစ် ပဲ” မေ့ပျောက်ခြင်းမြစ်အကြောင်းကို သိကြသော တချို့လူများသည် ထိုမြစ်ကို သတိပြုမိကြသည်။
“မေ့ပျောက်ခြင်းမြစ်ဟုတ်လား.. မေ့ပျောက်ခြင်းမြစ်က ရေက ဘယ်လို လုပ် ဒီမှာပေါ်လာတာလဲ.. ဒီလူက ဝိညာဉ်မျိုးနွယ်ကပဲ” ဝိညာဉ်မျိုးနွယ်မှ အဖွဲ့ ဝင်များသာ မေ့ပျောက်ခြင်းမြစ်၏ တည်ရှိမှုကို သိကြသည်။ သူ ဤမေ့ပျောက် ခြင်းမြစ်ကို ထိန်းချုပ်နိုင်သည်က အရေးမကြီးပေ။ သူသည် ဝိညာဉ်မျိုးနွယ်ဝင် တစ်ယောက်ပင်။
“အဲဒီလူသုံးယောက်… သူတို့တိုက်ပွဲစွမ်းရည်က အရမ်းကို အားကောင်း တာပဲ” သူတို့သုံးယောက် ရှီမာယူယူကို ဝန်းရံထားသည်ကိုကြည့်ပြီး သူတို့ အားလုံးမှာ အလွန်ပင်အံ့အားသင့်နေကြသည်။
လူများ ပိုပိုတက်လာသည်ကို ရှီမာယူယူမြင်သောအခါ သူမကို အလယ် တွင်ထားပြီး ကာကွယ်ထားသော လူသုံးယောက်ကို ကြည့်ပြီး ဝိညာဉ်စွမ်းအင် ကို စတင်လှုပ်ရှားတော့သည်။
ရုတ်တရက်ဆိုသလိုပင် လေတိုက်နှုန်းများ ပြောင်းလာသည်။ မည်းနက် နေသော တိမ်တိုက်များသည် ကြည်လင်နေသော ကောင်းကင်ကို ဖုံးလွှမ်းလိုက် သည်။
“ဘေးဒုက္ခတိမ်တိုက်တွေပဲ”
မည်သူ အော်လိုက်သည်တော့မသိပေ။ သို့သော် အားလုံး ဝိုင်းအုံလာကြ သည်။ မည်သူမှ မဆင်မခြင်မပြုမူကြပေ။ သို့သော် သူတို့သည် တဖြည်းဖြည်း များလာသော ဘေးဒုက္ခတိမ်တိုက်ကို ကြည့်နေကြသည်။
ဒီမှာ ဘေးဒုက္ခခံမယ့်သူ ဘယ်သူမှမရှိဘူး။ ဘယ်မရဏာသားရဲကမှ အသွင်မပြောင်းကြဘူး။ အဲတော့ ဒီဘေးဒုက္ခတိမ်တိုက်က ဘယ်ကရောက်လာ တာလဲ။
ဝူလင်းယူနှင့် တခြားသူများသည် တိုက်ပွဲမြေပြင်မှလူများကို ရှင်းလိုက် ပြီးနောက် သူတို့သည် ချက်ချင်းပင် သူမဘေးသို့ ပြန်လာသည်။
“မင်းတို့ အသက်ကို တကယ်မယူချင်ဘူးလို့ ငါ ပြောထားပြီးသားပဲ” ရှီမာယူယူသည် ခေါင်းမော့ပြီး ထိုဘေးဒုက္ခတိမ်တိုက်များကို ကြည့်ပြီး ရေရွတ် လိုက်သည် “အရှေ့မျှတမှုမြို့တော်မှ ဖြစ်ခဲ့တာတွေကိုတော့ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်လို့ မပြောတော့ဘူး.. အခြေအနေတွေမတူတာပဲရှိတယ်.. အခု မင်းတို့က ငါ့နောက်ကိုလိုက်ပြီး လုပ်ကြံခဲ့ကြတယ်.. ငါ့ကိုသတ်တာက လက်စားချေဖို့အတွက်လား မဟုတ်ရင် ဒီအဖြစ်တွေရဲ့နောက်ကွယ်က ကိစ္စကို သိချင်တာလား.. မင်းတို့တွေ ကောင်းကောင်းပြုမူပါ”
အစတွင် ထိုလူများသည် အရှေ့မျှတမှုမြို့တော်မှ အဖြစ်အပျက်ကြောင့် သူမကို ပြဿနာလာရှာသည်ဟု ထင်ခဲ့သည်။ သို့သော် နောက်မှပင် တဖြည်း ဖြည်းနားလည်လာခဲ့သည်။ လူပေါင်း ဆယ်ချီ ရာချီ ထောင်ချီက လူနည်းနည်း လောက်အတွက်နဲ့ လက်စားချေချင်တာလား။
ယခုအချိန်တွင် သူမ သေသည်ကို မြင်ချင်ရုံနှင့် အရှေ့သို့ အပြေးတက် လာသည်ကို ကြည့်ပြီး ဤကိစ္စတစ်ခုလုံးသည် ခြိမ်းခြောက်မှုနှင့် လှုံ့ဆော်မှု ကစားပွဲတစ်ခုသာဖြစ်သည်ကို နားလည်ခဲ့သည်။ သူတို့ ခြိမ်းခြောက်ခံရသည် ဖြစ်စေ သွေးဆောင်ခံရသည်ဖြစ်စေ သူတို့၏ ရွေးချယ်မှုပင်ဖြစ်သည်။
“မင်းတို့အားလုံး ရွေးချယ်ပြီးပြီဆိုတော့ မင်းတို့ရွေးချယ်မှုက စွန့်စားရပြီး ပေးဆပ်မှုရှိမယ်ဆိုတာကို နားလည်စေချင်တယ်” သူမသသည် သူတို့ကို အေးစက်စွာ ကြည့်လိုက်သည် “မင်းတို့တွေ ငါ့ကိုကောင်းကောင်း နားမလည် သေးဘူးထင်တယ်… ဒါပေမဲ့ ဒီနောက်ကွယ်ကလူကတော့ ကောင်းကောင်းကြီး သိတယ်.. အဲလိုဆိုရင် ငါ အဆင့်တက်တဲ့အချိန် နည်းနည်းထူးဆန်းတယ်ဆို တာကို သူမ ပြောသင့်တာပေါ့.. ငါ အဆင့်တက်တိုင်း မိုးကြိုးဘေးဒုက္ခကို ရင် ဆိုင်ရတယ်.. ဒီတစ်ခါတော့ ဒီဘေးဒုက္ခကိုရင်ဆိုင်ဖို့ မင်းတို့အကုန်လုံးက အဖော်ပြုပေးလို့ ဝမ်းသာပါတယ်”
“ဘာ မင်းက တကယ်ပဲ မိုးကြိုးဘေးဒုက္ခကိုလှုံ့ဆော်နိုင်တာလား”
“သူတို့က ဘာလို့ ဒီအကြောင်းကို မပြောလိုက်တာလဲ ငါတို့သိရင်..”
သူတို့သိလျှင် သူမကို ယခုလို ဘယ်လိုလုပ် လာရှာတော့မည်နည်း။ သူမ ကို ပြဿနာမရှာရန်လည်း အခွင့်အရေးရှိခဲ့သည်။
“အဲတုန်းက အရှေ့မျှတမှုမြို့တော်မှာလည်း ဒီနည်းလမ်းကိုသုံးခဲ့တာပဲ သေချာလေး ကြုံတွေ့ပြီးရင်တော့ သိပါလိမ့်မယ်” ရှီမာယူယူသည် အေးစက်စွာ နှာရှုတ်လေသည်။
ထိုလူများသည် စိတ်ထဲမှနောင်တရမိသည်။ ဤကိစ္စများအားလုံး၏ လူများသာ သူတို့ကိုမလိမ်ညာခဲ့လျှင် သူမကို ပေါ့ပေါ့တန်တန်မတွေးခဲ့မိလျှင် သူတို့ ဘယ်လိုလုပ် ဤအခြေအနေအထိ ရောက်လာမည်နည်း။
တကယ်တော့ သူတို့သာ အကျိုးအမြတ်ကြောင့် ဤကဲ့သို့ အလောတကြီး ရောက်မလာခင်တွင် စဉ်းစားခဲ့သင့်သည်။ တကယ်တော့ သူမ တစ္ဆေမျိုးနွယ် အများအပြားကို သတ်နိုင်သည်မှာ အားမနည်း၍ပင်ဖြစ်သည်။ သူတို့သည် ဤ ကိစ္စကို ပေါ့ပေါ့တန်တန်တွေးပြီး သူမ လူသားလောကတွင်သာ လုပ်နိုင်သည် ဟု တွေးခဲ့ကြသည်။ ဤနေရာသည် တစ္ဆေကြင်ယာတော်၏ နယ်မြေဖြစ်သဖြင့် သူမ အရင်က မည်မျှပင် အားကောင်းခဲ့စေကာမူ သူတို့ကို လွှမ်းမိုးနိုင်မည် မဟုတ်ပေ။
ရှီမာယူယူသည် မော့ကြည့်လိုက်ရာ ဘေးဒုက္ခတိမ်တိုက်များ ပိုပိုထူလာ သည်ကိုမြင်လိုက်ရသည်။ သူမသည် ဝူလင်းယူကို ခေါင်းညိတ်ပြလိုက်ရာ သူ သည် လောကအသေးကိုဖွင့်ကာ အရိပ်မည်းနှင့်ဟွမ်တို့ကိုခေါ်သွားလေသည်။