← Chapters

တစ်ယောက်တည်းခုခံခြင်း

Vol. 136 Ch. 1892

တစ်ယောက်တည်းခုခံခြင်း

Vol. 136 Ch. 1892

ရှီမာယူယူ၏ လောကအသေးကို တစ္ဆေလောကသို့ ရောက်ကတည်းက ပင် မဖွင့်ခဲ့ပေ။ သူမ မဖွင့်ချင်၍မဟုတ်ဘဲ မည်မျှကြိုးစားစေကာမူ ဖွင့်မရ၍ဖြစ် သည်။ ထိုအထဲတွင် လူအများရှိနေသေးသည်ကို တွေးမိသောအခါ သူမ ပူပန်မိ တုန်းပင်ဖြစ်သည်။

ထိုတံခါးပေါက်ကိုဖွင့်ရန် လူသားမျိုးနွယ်၏ စွမ်းအားလိုအပ်ခြင်းကြောင့်  တစ္ဆေလောကရှိစဉ်တွင် လောကအသေးကို ဖွင့်မရခြင်းဖြစ်မည်ဟု ဝူလင်းယူ ပြောသည်။

ဝူလင်းယူနှင့် တခြားသူများ ထိုအတိုင်းထွက်သွားလိမ့်မည်ဟု ဝိုင်းထား သည့်လူများ ထင်မထားကြပေ။ ရှီမာယူယူ တစ်ယောက်တည်း ကျန်ခဲ့သည်ကို မြင်သောအခါ တစ်ယောက်မှအော်လေသည် “သူမကို သတ်ကြ သူမက မိုးကြိုး ဘေးဒုက္ခကို လှုံ့ဆော်တဲ့သူပဲ အဲတော့ သူမကို သတ်လိုက်ရင် အကုန်အဆင် ပြေသွားမှာပဲ”

ထိုအော်သံဆုံးသည်နှင့် အားလုံးသည် လှုပ်ရှားကြတော့သည်။ ဟုတ်တာ ပဲ သူမကို သတ်လိုက်တာနဲ့ အကုန်အဆင်ပြေသွားမှာမဟုတ်ဘူးလား။

သူတို့သည် ခေါင်းမော့ကြည့်ရာ ပိုပိုမည်းမှောင်လာသော ကောင်းကင်ကို တွေ့လိုက်ရသည်။ သူတို့သည် လျှပ်စီးကိုခံစားနေရပြီဖြစ်ကာ သေဆုံးခြင်းကို ကြောက်ရွံ့နေသဖြင့် ဆံပင်များလည်း ထောင်လာသည်။

သူတို့သည် သေရန်နီးကပ်လာသည်နှင့် အသက်ရှင်ရန် ဆန္ဒပိုပြင်းပြလာ ပြီး ရှီမာယူယူကို ကြည့်သည့်အကြည့်မှာလည်း ပြောင်းလဲလာသည်။ ဤအချိန် တွင် သူတို့သည် မစောင့်နိုင်တော့ဘဲ သူမကိုသတ်ချင်နေကြပြီ။

“အုန်း”

မိုးကြိုးသွားတစ်ချက်သည် သူမကို တိုက်ခိုက်ရန်လာသူများကို ပစ်လိုက် ရာ သူတို့သည် ချက်ချင်းပင် ကောင်းကင်ပေါ်မှ ပြုတ်ကျကြလေသည်။

“မိုး.. မိုးကြိုးလား”

သူတို့ခေါင်းမော့ပြီး ဘေးဒုက္ခတိမ်တိုက်ကို ကြည့်လိုက်သည်။ စုစည်းလို့ တောင်မပြီးသေးတာကို ဒီလောက်မြန်မြန်ကြီး ပစ်ချတာလား။

သူတို့ နားမလည်လိုက်ခင်မှာပင် မိုးကြိုးသွားများ ထပ်ကျလာကာ ရှီမာ ယူယူအနားမှ လူများကို ပစ်တော့သည်။ ထိုအခါမှပင် ရှီမာယူယူ၏ ရင်ခွင်ထဲ တွင် ခရမ်းရောင်ကြောင်လေး တစ်ကောင်ရှိနေသည်ကို မြင်လိုက်ကြတော့ သည်။

“မင်းတို့ကလည်း လောလိုက်ကြတာ.. ဒီသခင်ကြီးက မင်းတို့ကို ဒီလိုလာ ဖို့ကို ခွင့်မပြုရသေးဘူး” ခရမ်းလေးသည် လက်များကိုဝေ့ယမ်းလိုက်သည်နှင့် လျှပ်စီးလုံးများ သူ့လက်မှထွက်လာကာ ဘေးမှလူများဆီသို့ ကျရောက်သွား လေသည်။

အစက သူတို့သည် သံသယဝင်ရုံသာရှိသည်။ သို့သော် အခုချိန်တွင် မိုးကြိုးသွားများထုတ်နေသည်မှာ ခရမ်းလေးဖြစ်သည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်မှပင် ခရမ်းလေးကို ကြည့်သည့်အကြည့်မှာ ချက်ချင်းပင် ပြောင်းလဲ သွားတော့သည်။

ဝိညာဉ်သားရဲတစ်ကောင်က မိုးကြိုးသွားတွေကို ထုတ်နိုင်တာလား။ ရှီမာယူယူက လူသားကိုမဟုတ်တော့ဘူး။

ရှီမာယူယူသည် ဘေးဒုက္ခတိမ်တိုက်များကိုကြည့်လိုက်ရာ ကပ်‌ဘေးကြီး စတင်ရန် အချိန်အနည်းငယ်လိုသေးသည်ကို သိလိုက်သည်။ သူမသည် သားရဲ များဖြစ်သော မီအာ၊ ရှောင်ချီ၊ ပန်းလေး၊ အိပ်မက်လေး၊ ငှက်‌လေး၊ ရာဟွောင်၊ ဟိန်းသံလေး၊ ရွှေလေး၊ ဟာစွန်၊ မဟူရာ၊ အမည်းလေးနှင့် အိပ်မောကျရာမှ နိုးလာပြီဖြစ်သော ဟိန်းသံထောင်ချီတို့ကို ခေါ်ထုတ်လိုက်သည်။ ခရမ်းလေးကို ပါ ထည့်တွက်လိုက်လျှင် ဝိညာဉ်သားရဲ ၁၃ ကောင်သည် အတန်းလိုက်စီနေ သည်မှာ သူတို့စိတ်ထဲမှ အကြောက်တရားကို မြှင့်တက်သွားစေသည်။

ယခုအချိန်မှာ နောက်ပြောင်နေရမည့် အချိန်မဟုတ်သည်ကို သားရဲများ သိကြသဖြင့် မည်သူမှ စကားမပြောကြပေ။ သူတို့သည် ရှီမာယူယူကို ဝိုင်းထား သောလူများကို သူမအနားမကပ်နိုင်အောင် တိုက်ရိုက်တိုက်ခိုက်ကြလေသည်။

သားရဲများ၏ အားသည် ထိုကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရသောအခါ ဘာမှမဟုတ်သော်ငြား ထိုလူများ အနားကပ်မလာစေရန် လုပ်နိုင်သည်။

“ဒီရှီမာယူယူကတော့ တကယ်ပဲ သူမဘေးမှာ စာချုပ်သားရဲတွေ အများ ကြီးရှိတာပဲ”

သူမတွင် ရှိသည်မှာ အရေအတွက်များရုံသာမက အားကောင်းကြသည်။ ထိုလူများသည် တစ္ဆေလောကတွင် ကျွမ်းကျင်သူများဖြစ်ကြသည်။ သို့သော် ထို သားရဲများမှ ခုခံနေသဖြင့် အနားမကပ်နိုင်ကြပေ။

လူထပ်ပို့ရန် သင့်မသင့်ကို တွေးနေချိန်တွင် သူမခန္ဓာကိုယ်မှ မီးတောက် ထွက်လာသည်။ သူမအား နှစ်ပတ်ပတ်ပြီးနောက် သူသည် မီးတောက်ငှက် အသွင်ပြောင်းကာ နေရာတစ်ခုလုံးကို ပတ်ပျံလေသည်။ မီးတောက်ငှက် ဖြတ် ပျံသွားသည့်နေရာတိုင်းတွင် အရိုးစုပင်မကျန်ခဲ့တော့ပေ။

“အဲဒီမီးငှက်က ဘာလဲ” လူတစ်ယော်က အော်လေသည်။

“အဲဒါက ငှက်မဟုတ်ဘူး မီးတောက်ကြီးပဲ” ခေါင်းဆောင်ဖန်းသည် ငှက်ပေါက်ကို ကြောက်လန့်တကြားကြည့်လေသည် “ဒါက…”

“ခေါင်းဆောင်.. အဲဒီမီးငှက်ကဘာလဲ ဘယ်လိုလုပ် အဲလောက် အားကောင်းတာလဲ”

“ငါမှန်းတာမမှားရင် အဲဒါကသတင်းတွေထွက်ထားတဲ့ နိဗ္ဗာန်မီးပဲ” ခေါင်းဆောင်ဖန်းသည် ပြောရင်းနှင့်ပင် မယုံနိုင်သေးပေ “နိဗ္ဗာန်မီးက အံ့ဖွယ် ဟင်္သပဒါးငှက်ရဲ့ မီးတောက်လို့ ဒဏ္ဍာရီရှိတယ်.. အဲဒါက ဘယ်လိုလုပ် ဒီမှာလာ ပေါ်တာလဲ”

“အံ့ဖွယ်ဟင်္သပဒါးငှက်လား”

“ဒါက.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘာလို့မဖြစ်နိုင်ရမှာလဲ။ ဒဏ္ဍာရီဆိုမှတော့ ပေါ်ရင်လည်း ပေါ်လာနိုင်တာပဲ။

ဒါပေမဲ့ ဘယ်လိုလုပ် ရှီမာယူယူဆီက ပေါ်လာတာလဲ။ ဘာလို့ ရှီမာယူယူ ဖြစ်ရတာလဲ။

သူတို့သည် ပို၍ပင် မျှော်လင့်ချက်ကင်းမဲ့သွားတော့သည်။ သူမတွင် ဇစ်မြစ်မသိနိုင်သော ကိုယ်ရံတော်နှစ်ယောက်နှင့် မေ့ပျောက်ခြင်းမြစ်ကို ထိန်း ချုပ်နိုင်သော ချစ်သူရှိသည်။ သူမကိုယ်တိုင်ကပင် စာချုပ်သားရဲများစွာရှိကာ မိုးကြိုးဘေးဒုက္ခကို ဆင့်ခေါ်နိုင်သည်။ သူတို့က ဘာလို့ သူမကို ရန်သူအဖြစ် သတ်မှတ်မိတာလဲ။ အရင်က သူတို့တွေ ဘာတွေများတွေးနေကြတာလဲ။

တစ်ဖက်တွင် သူမကိုမသတ်နိုင်ကြဘဲ တခြားတစ်ဖက်တွင် မိုးကြိုး ဘေးဒုက္ခမှာလည်း ပစ်နေပြီဖြစ်သည်။ ဘေးဒုက္ခစတော့မည်ကို ရှီမာယူယူ မြင် သည်နှင့် မိုးကြိုးဘေးဒုက္ခကို အတူကျော်ဖြတ်မည့် ခရမ်းလေးကိုသာချန်ထား ကာ သားရဲများကို သိမ်းလိုက်သည်။

ထိုအချိန်တွင် ဘေးဒုက္ခတိမ်တိုက်သည် ထိုနေရာတွင်ရှိနေသောလူများ ကို ပိတ်ထားနှင့်ပြီဖြစ်သည်။ သူတို့သည် သူမကိုသတ်နိုင်လျှင်တောင် ဘေးဒုက္ခ တိမ်တိုက်သည် ရပ်မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် သူမကို ရှင်းချင် စိတ်မရှိတော့ပေ။ သူတို့သည် ဘေးကပ်ဆိုးကြီးကို ခုခံရန်ကိုသာ တွေးရတော့ သည်။

နောက်ဆုံးတော့ ဤအခိုက်တွင် သူမသည် အနားယူနိုင်တော့မည်။ သူမ သည် ဘာမှလုပ်စရာမရှိသဖြင့် အလယ်တွင် ခရမ်းလေးကိုသာ ဖက်ထားပြီး ရပ် နေလိုက်သည်။ ခေတ္တမျှစဉ်းစားပြီးနောက် သူမသည် ခရမ်းလေးကို ဖက်ထား ရင်းနှင့် ဘေးဒုက္ခတိမ်တိုက်ဆီသို့ ပျံသွားကာ တိမ်တိုက်ဝိညာဉ်နှင့် စကားပြော နေလေသည်။

“သူမက တကယ်ပဲ ဘေးဒုက္ခတိမ်တိုက်ထိပ်ကို သွားလိုက်တာပဲ သူမက ကိုယ့်ကိုယ်ကိုယ် ကြိုးကွင်းစွပ်နေတာပဲ” သူမ ပျောက်သွားသည်ကို လူတစ် ယောက် သတိထားမိပြီး ခေါင်းမော့ကြည့်လိုက်ရာ သူမသည် ဘေးဒုက္ခတိမ် တိုက်ထိပ်သို့ ရောက်နေပြီကို သိလိုက်ရသည်။ သူမသည် တိမ်တိုက်ပေါ်တွင် ပျော်ပျော်ရွှင်ရွှင်ပင် စကားလက်ဆုံကျနေသည်။ သူမက ဘေးဒုက္ခတိမ်တိုက်နဲ့ များ အလ္လာပသလ္လာပပြောနေတာလး။

သူမက ဘေးဒုက္ခတိမ်တိုက်နဲ့တောင် ဆက်ဆံရေးတွေ ခိုင်မာနေပြီလား။ သူမက ဘယ်လိုလူမျိုးလဲ။

သူတို့ မသိကြသည်မှာ သူတို့သည် အမှန်တကယ်ပင် ခိုင်မာသော ဆက်ဆံရေးရှိသည်။ သို့သော် မိုးကြိုးကြောင့်မဟုတ်ဘဲ သောက်ဖော်သောက် ဖက်သာဖြစ်သည်။

“မင်းက ဆူဆူညံညံဖြစ်အောင်လို့ ငါ့ကိုခေါ်ပြန်ပြီ” တိမ်တိုက်ဝိညာဉ် သည် တိမ်တိုက်ထိပ်တွင် ထိုင်ပြီး ဝိုင်ကရားကိုကိုင်ထားသည်။ သူသည် ပြုတ် ကျလုမတတ်ပင်ဖြစ်သည်။

“ငါလည်း ဒီလိုဖြစ်ချင်လို့မှမဟုတ်တာ.. ငါ့ကိုသတ်ချင်နေတဲ့ အဲလူတွေ ကိုကြည့်ဦး.. ငါလည်းရွေးချယ်စရာမရှိလို့ပါ အဲဒါကြောင့် မင်းစွမ်းအားကို ငှားရ တာ” ရှီမာယူယူ ရယ်ပြလေသည်။

“မင်းက ငါ့အားကို သုံးရအောင်လုပ်တယ် အဲတော့ အဲအစားပြန်ပေးရ မယ်” တိမ်တိုက်ဝိညာဉ်သည် နှာရှုတ်လေသည် “မင်းသွားတဲ့နေရာတိုင်း ဘာလို့များ လူတွေက မင်းကိုသတ်ချင်နေတာလဲ.. မင်းစရိုက်ကိုက ဆိုးနေတာ”

ရှီမာယူယူသည် လက်ကိုဝှေ့ယမ်းလိုက်ရာ အသီးဝိုင်ကရားများနှင့် အမူး ပြေဆေးများ တိမ်တိုက်ပေါ်တွင် ပေါ်လာသည်။ တိမ်တိုက်ဝိညာဉ်၏ မျက်လုံး များမှာ တောက်ပသွားပြီး ပျော်သွားသည်ကို သူမ မြင်သောအခါ လက်ဆန့် ထုတ်ကာ သူ၏ခေါင်းကိုပုတ်ပြီး မေးလိုက်သည် “ဒီလောက်ဆို လောက်ပြီလား”

“လောက်ရုံပဲရှိတယ်” တိမ်တိုက်ဝိညာဉ်သည် အမြီးနန့်ပြီးနောက် မောက် မောက်မာမာပင်ပြောလိုက်သည်။

“လောဘကလည်း ကြီးလိုက်တာ” ရှီမာယူယူသည် တိမ်တိုက်ဝိညာဉ်နှင့် ပြောဆိုရသည့်အချိန်များကို သဘောကျသည်။ သူ မိုးကြိုးပစ်ချလိုက်လျှင် သူမ ၏ တစ်ကိုယ်လုံး နာကျင်သွားသော်လည်း သူတို့အတူရှိနေချိန်တွင် စိတ်အေးရ သည်။ တခြားကိစ္စများကို စိတ်ပူစရာမလိုပေ။

“ဟုတ်ပြီ ငါ အကုန်လုံးကို ပစ်ချတော့မယ် မင်း မဆင်းသေးဘူးလား”

“နာမယ်လို့ ငါ စဉ်းစားနေတုန်းပဲရှိသေးတယ်.. နောက်ကျရင် ငါ့ကို အကြမ်းကြီး မပစ်နဲ့နော် ဟုတ်ပြီလား”

“ဆုတောင်းလေ ဒီဘေးကပ်ဆိုးကြီးကို မင်းပဲ ခေါ်တာ သွား သွား ဆင်း သွားတော့” တိမ်တိုက်ဝိညာဉ် လောအားကြီးလေသည်။

ရှီမာယူယူသည် ခရမ်းလေးကို ဖက်ပြီးထွက်သွားသည်။ သူမ မြေပေါ်သို့ ဆင်းလိုက်သည်နှင့် ပထမဆုံးအချက်သည် မြေပေါ်သို့ကျလာသည်။ ထိုဘေး ဒုက္ခကို ဖြတ်ကျော်ရမည့် လူတစ်ယောက်အနေနှင့် ပထမဆုံးအချက်သည် သူမ အပေါ်ရောက်လာသည်။

ခရမ်းလေးသည် ထိုမိုးကြိုးအများစုကို စုပ်ယူလိုက်ပီုး သူမသည် အနည်း ငယ်ကိုသာ သုံးလေသည်။ သူမသည် ဝိညာဉ်ခန္ဓာကိုယ်ဖြစ်နေသဖြင့် သူမကိုယ် သူမ သန့်စင်ရန်အတွက် မိုးကြိုးသွားကိုသုံးရသည်။ ထိုသို့ပြုလုပ်ခြင်းသည် သမိုင်းတွင် သူမတစ်ယောက်သာ ရှိမည်ဖြစ်သည်။

ထိုမြင်ကွင်းသည် သူမနှင့်အတူ ဘေးဒုက္ခကို ဖြတ်ကျော်မည့်လူများ၏ အောက်မေးကို မြေပြင်အထိကျသွားစေသည်။

အဲဒါကြောင့် သူမက မိုးကြိုးဘေးဒုက္ခကို သွားလှုံ့ဆော်ရဲတာကိုး။ သူမက မိုးကြိုးအပစ်ခံရတာကို မကြောက်ဘူးပဲ။

“ရွှီး”

“ကျစ်”

ဒုတိယအချက်နှင့် တတိယအချက်တို့ ရိုက်ချလာသည်။ သို့‌သော် ဤ တစ်ကြိမ်တွင် သူတို့၏ ပစ်မှတ်မှာ သူမမဟုတ်ပေ။ မိုးကြိုးပစ်ပြီး ခဏအကြာ တွင် သူတို့သည် အော်သံများကို ကြားလိုက်ရတော့သည်…

All Chapters