တစ္ဆေဘုရင်
Vol. 136 Ch. 1893
ထိုနေရာမှ ရှည်ကြာလှသော အခြေအနေသည် တခြားဂိုဏ်းများ၏ စိတ်ဝင်စားမှုကို ဆင့်ခေါ်နေသလိုပင်။ ရှီမာယူယူကို သတ်ချင်နေသော သောင်း ချီသော ကျွမ်းကျင်သူများသည် ယန်ချန်းမြို့တွင် စုဝေးနေကြကာ မြို့ထဲမှလူ များသည် ရှီမာယူယူကို သတ်ရန်သွားကြသည့်လူများ ပြန်အလာကို စောင့်ဆိုင်း နေခဲ့ကြသည်။
တကယ်တော့ မိန်းကလေးတစ်ယောက်ကို သတ်ရန်အတွက် လူသောင်း ချီ စုစည်းလိုက်သည့် ကိစ္စမှာ အလွန်ပင်ချဲ့ကားလွန်းသည်ဟု ခံစားကြသူများ လည်းရှိကြသည်။ သူတို့ကို ပိုတုန်လှုပ်စေသေသာကိစ္စမှာ လူအများအပြားသွား ကြသော်လည်း အချိန်ကြာမြင့်သည်အထိ ပြန်မလာနိုင်ကြပေ။
ရှီမာယူယူ တစ်ယောက်တည်းက သောင်းချီနေတဲ့ ကျွမ်းကျင်သူတွေကို တိက်ခိုက်ဖို့ကို အဲလောက်သန်မာပါ့မလား။ ထို့ကြောင့် အလကားချဲ့ကားနေဟု သူတို့ အစကထင်ခဲ့ကြသည်။ သို့သော် ယခုအချိန်တွင် သူမသည် နတ်ဆိုး တစ်ကောင်လိုပင်။
ဘေးဒုက္ခတိမ်တိုက်များ မြို့အပြင်တွင် စတင်စုဝေးလာချိန်တွင် အံ့ဩမှု များသည် ကြောက်ရွံ့မှုများအဖြစ် ပြောင်းလဲသွားသည်။ တစ္ဆေလောကတွင် မည်သူပင်ဖြစ်စေ၊ မည်မျှပင် အားကောင်းပါစေ၊ သူတို့သည် မိုးကြိုးလျှပ်စီးကို ကြောက်ကြသည်။ ထိုမိုးကြိုးတိမ်တိုက်များသည် မြို့ထဲတွင်မဟုတ်ဘဲ နတ်သမီးနက်တောင်တွင် ကျရောက်၍တော်သေးသည်။ ထိုအခါမှပင် အားလုံး စိတ်သက်သာရကြသည်။
“နတ်သမီးနက်တောင်.. အဲဒီနေရာကို အကုန်လုံး သွားကြတာမလား အဲဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်ရအောင်”
မရေတွက်နိုင်သော လူများသည် ထိုနေရာသို့ ပျံလာကြသည်။ ပွဲကြည့်ရန် လာကြသောလူများသည် ဘေးဒုက္ခဧရိယာအပြင်ဘက်တွင် ရပ်လိုက်ကြသည်။ သူတို့သည် မိုးကြိုးထိထား၍ မည်းနက်နေသော အလောင်းပုံများကို မြင်သော အခါ စုတ်သပ်မိကြသည်။
တိမ်တိုက်ဝိညာဉ်သည် ထိုလူများကို ပစ်ပြီးနောက် တင်ပါးကို ဖုန်ခါလိုက် သည်။ တောင်တစ်ခုလုံးမှာ မမှတ်မိလောက်အောင် ပျက်စီးနေကာ မီးလောင် ကျွမ်းထားသော အလောင်းများသည် ပျက်စီးမှု၏ သက်သေများဖြစ်သည်။ သို့သော် ကြောက်စရာအကောင်းဆုံးမှာ အလောင်းပုံများ၏ အလယ်တွင်ရပ်နေ ကာ ရင်ခွင်ထဲမှ ခရမ်းရောင်ကြောင်လေး ညင်သာစွာ ပွတ်သပ်နေသော မိန်းမ လှလေးပင်ဖြစ်သည်။ သူမသည် မိုးကြိုးထိမှန်ထားသော်လည်း ဆိုးဝါးမနေပေ။
“အမှောင်… မင်းသမီး…” အချိန်ကြာမြင့်စွာ မေ့ပျောက်ခဲ့သော နာမည် တစ်ခုကို လူတစ်ယောက်သည် ရေရွတ်လိုက်သည်။
တကယ်ကို… တူတာပဲ…
အပြေးရောက်လာကြသော လူများသည် မှင်တက်ကုန်ကြသည်။
“အဲဒီလူက သခင်မလေးရှီမာယူယူမလား.. သူမရဲ့ သရုပ်မှန်ကို ငါ သိနေ လို့သာမဟုတ်ရင် အမှောင်မင်းသမီးလို့တောင် ထင်တော့မလို့” ဒိဝူသည် ဒိလျူ ၏ဘေးတွင်ရပ်နေကာ သူ၏မျက်လုံးမှာလည်း ကြောက်လန့်မှုများဖြင့် ပြည့်နေ သည်။
“သခင်မလေးက အမြဲတမ်း ဒီလိုပဲ.. သူမရဲ့ လှုပ်ရှားမှုတွေနဲ့ သူများကို လန့်အောင်လုပ်တယ်” ဒိလျူသည် ရှီမာယူယူအား စိတ်လှုပ်ရှားစွာ ကြည့်လေ သည်။ ဘေးဒုက္ခတိမ်တိုက် ကွယ်ပျောက်သွားသည်ကို မြင်သည်နှင့် အလော တကြီးပြေးလာပြီး အော်ပြောလေသည် “သခင်မလေး သခင်မလေး ကျွန်တော် တို့လာတာနောက်ကျသွားပြီ”
“ဒိလျူလား” နောက်ဆုံးတွင် ရှီမာယူယူသည် အဖက်မလုပ်သော မျက်နှာ ထားမှ ဒိလျူကို သဲ့သဲ့ပြုံးပြလေသည် “ဒီကိုဘာလာလုပ်တာလဲ”
“အခုတလော သခင်မလေးကို ထိခိုက်အောက်လုပ်မယ့်လူတွေ ရှိတယ် လို့သခင်ကြားလို့ သခင်မလေးကို ကာကွယ်ဖို့ ကျွန်တော်တို့ကို လွှတ်လိုက်တာ ဒါက ဒိဝူပါ ကန်တော်တို့ အနောက်ကလူတွေကတော့ ဒိမျိုးနွယ်က တပ်သား တွေပါ” ဒိလျူ သည် သူတို့ကိုမိတ်ဆက်ပေးလေသည်။
“ဒိဝူက သခင်မလေးကို နှုတ်ဆက်ပါတယ်”
“ဒိမျိုးနွယ်က သခင်မလေးကို နှုတ်ဆက်ပါတယ်”
ဒိမျိုးနွယ်မှလူများသည် ရှီမာယူယူရှေ့တွင် ဒူးထောက်ကြလေသည်။
တကယ်တမ်း သူတို့သည် အစောကတည်းက ရောက်နှင့်ပြီးသားဖြစ် သည်။ ထိုလေဟာပြင်တစ်ခုလုံးကို ချိပ်စည်းခတ်ထားသဖြင့် ရောက်မလာနိုင် ဘဲ ရှီမာယူယူ တစ်ယောက်တည်း ခုခံနေသည်ကိုသာ မြင်ခဲ့ရသည်။ ထို့ကြောင့် သူတို့သည် ဘေးမှ စောင့်ကြည့်ရန်ကိုသာ ရွေးလိုက်ကြသည်။
အစက ဒိလျူသည် အလွန်စိတ်ပူနေခဲ့သည်။ သို့သော် ဒိဝူသည် သူ့ကို စကားတစ်ခွန်းတည်းနှင့် တားခ့သည်။
ဒိဝူ ပြောသည်မှာ “သခင်မလေးသာ အဲလူတွေကို သူမကိုယ်ပိုင်အားနဲ့ အကုန်ရှင်းလိုက်နိုင်ရရင် တစ္ဆေလောကတစ်ခုလုံးမှာ သူမကို ဘယ်သူမှ အလွယ်တကူ ပြဿနာမရှာရဲတော့ဘူး”
ဒိဝူပြောသည်မှာ မှန်သည်။ သည်တစ်ခေါက်တွင် ထိုလူများသည် သူတို့ နောက်သို့ အသည်းအသန်လိုက်ခဲ့ကြသည်။ သို့သော် ရှီမာယူယူကို သူတို့ စိတ် အတွင်းထဲမှ မကြောက်လျှင် သူတို့မရှိသည့်အချိန်တွင် သူမကို ထပ်တိုက်ခိုက် နိုင်သည်။ သူမကိုယ်တိုင် သူတို့ကို ရှင်းထုတ်မှသာ သူမ ငြိမ်းချမ်းမည်ဖြစ်သည်။
သူမ တိုက်ခိုက်မှုကို မခံနိုင်တော့သည့်အချိန်တွင် သူတို့ကြားဝင်ရန် အစ က စီစဉ်ထားခဲ့သည်။ သို့သော် ရှီမာယူယူသည် ပြဿနာကို တစ်ယောက်တည်း ဖြေရှင်းနိုင်ရုံသာမကဘဲ အံ့ဩလောက်သည့် နည်းလမ်းဖြင့် သူတို့ကို အနိုင်ယူ ခဲ့သည်။ မိုးကြိုးဘေးဒုက္ခ စဲသွားသည်နှင့် သူတို့သည် တုန်လှုပ်သွားကာ သူမကို ဩချကြသည်။
ထိုသို့ခံစားရသည်မှာ သူတို့တင်မဟုတ်ပေ။ လျောင်ပြည်နယ်မှ လူများပါ ထိုအတိုင်းဖြစ်သည်။ သူတို့သည် ဘေးဒုက္ခတိမ်တိုက် ပျောက်သွားသည်အထိ မတုံ့ပြန်နိုင်ကြပေ။ အဲဒါကြောင့် သူမနဲ့အတူမလိုက်ခိုင်းတာကိုး။ သူတို့သာ လိုက်သွားရင် မိုးကြိုးဘေးဒုက္ခမှာ သူတို့ပါ ပါသွားပြီး သေမှာပဲ။
“သခင်မလး အင်ပါယာမြို့ကိုသွားတဲ့ ခရီးမှာ သခင်မလေးကို ကာကွယ် ပေးဖို့ သခင်က ပြောလိုက်ပါတယ်” ဒိလျူပြောလေသည် “အခု သခင်မလေးကို ဘယ်သူမှ ပြဿနာမရှာရဲတော့ဘူးထင်ပါတယ်”
ထိုအချိန်တွင် လေဟာပြင်လှုပ်ရှားမှုဖြစ်သွားပြီး ဝူလင်းယူသည် လောက အသေးကိုပွင့်သွားကာ အရိပ်မည်းနှင့် ဟွမ်တို့ကို ခေါ်ပြီးထွက်လာသည်။
အရိပ်မည်းနှင့် ဟွမ်တို့သည် ရှီမာယူယူကို မြင်လိုက်ချိန်တွင် အနည်းငယ် ထိတ်လန့်ပျာပျာဖြစ်သွားသည်။ အကြောင်းမှာ ဝူလင်းယူသည် ရှီမာယူယူကို စိတ်ပူသဖြင့် သူတို့သည် အထဲမှနေ၍ အခြေအနေကို စောင့်ကြည့်နေခဲ့ကြ သည်။ ထိုကမ္ဘာမြေကြီးကို နှစ်ခြမ်းကွဲသွားစေသော မိုးကြိုးသည် သူတို့ အရိုး များဆီသို့ ကျလာသကဲ့သို့ပင်။ သူတို့ကိုသာ ထိမှန်ပါက အမှန်တကယ် နာကျင် သွားနိုင်သည်။
အထူးသဖြင့် အရိပ်မည်းပင်။ ရှီမာယူယူသည် ဘေးဒုက္ခတိမ်တိုက်ကို မြင် ဖူးသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ သူ၏ ပါးစပ်သည် တစ်ချိန် လုံးပွင့်ဟနေခဲ့သည်။ ရှီမာယူယူသည် အားနည်းသည် သူတို့သည် သူမ၏ လုံခြုံ ရေးကို တာဝန်ရှိသည်ဟု အမြဲထင်ခဲ့သည်။ သို့သော် ဤအတွေ့အကြုံပြီး နောက် သူမကို အားနည်းသည့် ကြက်ပေါက်လေးလို ဘယ်သောအခါမှ ဆက်ဆံတော့မည်မဟုတ်ပေ။
ရှီမာယူယူသည် သူတို့နှင့် ဒိလျိူ ဒိဝူတို့နှင့် မိတ်ဆက်ပေးလေသည်။
“အရင်ဆုံး ဒီကနေထွက်သွားရအောင်.. အဲဒီအလောင်းတွေကို မင်း တောင် မမှတ်မိပေမဲ့ သူတို့မျိုးနွယ်ဝင်တွေ မှတ်မိမယ်ထင်တယ်” ဝူလင်းယူ ပြောလိုက်သည်။
ရှီမာယူယူသည် သူ့ကိုပြန်မဖြေပေ။ သို့သော် သူမသည် မိုးပေါ်သို့ အကြည့်လွှဲလိုက်သည်။ ထို့နောက် သက်ပြင်းချလိုက်သည်။ လေထဲတွင် လူပုံရိပ် တစ်ခုသည် တဖြည်းဖြည်းပုံပေါ်လာသည်။
ထိုလာနေသော လူကို ရှီမာယူယူမြင်သောအခါ မျက်လုံးပြူးသွားပြီး နှုတ်ခမ်းတွန့်လိုက်ပြီး နှုတ်ဆိတ်နေသည်။
ထိုလူကို သူမ သိချင်ရုံသာဖြစ်သည်။ သူမ ပထမဆုံး မိုးကြိုးထိမှန်စဉ်က လေထဲတွင် အပြောင်းအလဲဖြစ်သွားသည်ကို သူမ အာရုံခံမိလိုက်သည်။ ဤကဲ့ သို့ အခြေအနေအောက်တွင် ဖော်ထုတ်ရန်မှာ အလွန်ခက်ခဲသည်။
သို့သော် သူမသည် အာရုံခံမိဆဲပင်ဖြစ်သည်။
ဒိဝူနှင့် ဒိလျူတို့သည် လာနေသောလူကို မြင်သောအခါ ချက်ချင်းပင် ဒူးထောက်ပြီး တစ်ညီတည်း နှုတ်ဆက်လေသည် “တစ္ဆေဘုရင်ကို နှုတ်ဆက်ပါ တယ်”
အဲလူက တကယ်ပဲ တစ္ဆေဘုရင်လား။ သူနဲ့ ရင်းနှီးတဲ့သူတွေက ချက်ချင်းပဲ ဒူးထောက်လိုက်ကြတာပဲ။ တစ္ဆေဘုရင်၏ ဘေးမှလူများပါ ဒူး ထောက်ကြရာ ရှီမာယူယူနှင့် တခြားသုံးယောက်သာ ရပ်ကျန်နေခဲ့လေသည်။
တစ္ဆေဘုရင်သည် သူတို့ ယဉ်ကျေးသမှုမပြသည်ကို စိတ်ထဲမထားဘဲ ရှီမာယူယူကို မေးလေသည် “ငါ့ကို ဘယ်တုန်းက သတိထားမိတာလဲ”
“မိုးကြိုးဘေးဒုက္ခစတုန်းကပါ” ရှီမာယူယူ ပြန်ဖြေသည်။
“မင်းအာရုံက ထက်တာပဲ” တစ္ဆေဘုရင်သည် သူမအား ချီးကျူးသလို ကြည့်လေသည်။ သူ ဤနေရာသို့ ရောက်ပြီးနောက် သူမ မိုးကြိုးထိမှန်သည်ကို မြင်သည့်အချိန်က အမှန်တကယ်ပင် စွမ်းအားအနည်းငယ် ထုတ်ခဲ့သည်။ ထုတ် သည်မှာလည်း အနည်းငယ်သာဖြစ်သည်။ သူမ သတိထားမိလိမ့်မည်ဟု ထင် မထားပေ။
ရှီမာယူယူသည် အကြည့်လွှဲလိုက်သည် “ဒီကိုဘာလို့လာတာလဲ”
“မင်း တစ္ဆေလောကို ရောက်နေတယ်လို့ ဒိကျဲ့ပြောတယ်” တစ္ဆေဘုရင် သည် သူမ၏ ခံစားချက်ကို နားလည်သဖြင့် ဖြေရှင်းချက်မဟုတ်သော ဖြေရှင်း ချက်ပေးလေသည်။
သူမကို အရင်က ဂရုမစိုက်သည်ဟု အထင်နှင့် သူ့ကိုအပြစ်တင်နေမည် ကို သိသည်။ ထို့ကြောင့်ပင် သူမ အခြေအနေထိ ရောက်လာခြင်းဖြစ်သည်။ အရင်က သူမကို သိပင်မသိခဲ့ဟုပင် သူမကို ပြောလိုက်သေးသည်။
ရှီမာယူယူသည် နှုတ်ဆိတ်စမြဲပင်။
သူမ ဤသို့ပြုမူနေသည်ကို တစ္ဆေဘုရင်မြင်သောအခါ သူ၏ အဖိုးတန်း သမီးမှ စိတ်ကောက်ပုံကို ပြန်မြင်ယောင်ကာ မျက်လုံးတွင် နာကျင်မှုများ ပြည့် နှက်သွားသည်။
“ငါနဲ့လိုက်ခဲ့” သူသည် ဝူလင်းယူနှင့် တခြားသူများကို မတားနှင့်ဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
သူသည် စစ်မြေပြင်မှလျှောက်ထွက်လာပြီး အလောင်းများကို ဖြတ်ကျော် ခဲ့သည်။ သူ ထိုလူများကို ဖြတ်လျှောက်လာသည်နှင့် ပွဲလာကြည့်သူများသည် ချက်ချင်းပင် ဒူးထောက်ကြကာ ပြောကြလေသည် “ဒီနေ့ပတ်သက်တဲ့ မျိုးနွယ် တွေအကုန်လုံးကို သတ်လိုက်”
“ဟုတ်ကဲ့ပါ အရှင်”
တညီတညာတည်း ပြန်ဖြေပြီးနောက် ပြန်တိတ်ဆိတ်သွားသည်။ သူ၏ စကားမှာ သူ၏သဘောထားကို ပြောပြနေပြီး ဤကိစ္စတွင်ပါဝင်သည့် မျိုးနွယ် များအားလုံးသည် တစ္ဆေလောကမှ ပျောက်ကွယ်သွားရမည်ဟု အဓိပ္ပာယ် သက်ရောက်နေသည်။