← Chapters

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း(၁၀) ယခင် ခုံချင်းတူသည့်အတန်းဖော်သည် အကောင်းဆုံးမင်းသမီးဖြစ်လာခဲ့သည်။

ပေကျန်းမြို့၏ ဗီလာတစ်ခုတွင်ဖြစ်သည်။ အဘိုးကြီးတစ်ဦးသည် တင်ပျဥ်ခွေထိုင်ကာ၊ တရားထိုင်နေ၏။ ခပ်ဝဝလူတစ်ယောက်သည် သူ့ရှေ့တွင် ချွေးသီးချွေးပေါက်ကျလျက် မတ်တပ်ရပ်နေသည်။ အဘိုးအိုသည် အလွန် ပိန်လှီကာ၊ လေပြင်းသည် သူ့အား သယ်ဆောင်တိုက်ခတ်သွားနိုင်လိမ့်မည်ထင်ရ၏။ သို့သော် ဤလူသည် အသက်ပြင်းပြင်းရှုရန်ပင်သတ္တိမရှိလျက်၊ လေးစားသော အမူအရာဖြင့်ရှိနေသည်။

ရုတ်တရက်၊ အဘိုးအို၏ လက်မောင်းပေါ်ရှိ တက်တူးသည် မီးပွားများအဖြစ်တောင်လောင်သွားကာ၊ သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။

အဘိုးအိုက မျက်လုံးဖွင့်၍

“ပေကျန်းမှာ ငါ့ ‘အဝတ်နီ’ကို တကယ် ချေမှုန်း ဖျက်ဆီးခဲ့တဲ့ ဆရာတစ်ယောက်ရှိတယ်”

ထိုလူသည် တုန်လှုပ်လျက် အလျင်အမြန်ပြောလိုက်သည်။

“အင်မော်တယ်လျို့၊ ဒါက အင်မော်တယ် လူအိုကြီး ချင်းယွမ်ကို တစ်ယောက်ယောက်ကယ်သွားတယ်လို့ ဆိုလိုတာလား”

အကယ်၍ ချင်းယွီသာ ဤနေရာတွင်ရှိနေလျှင် ဤယောက်ျားကို သူမ မည်သူဖြစ်ကြောင်း သတိထားမိလိမ့်မည်မှာ သေချာ၏။ ယင်းသည် လောင်တိုင်အဖွဲ့၏ မန်နေဂျာတစ်ဖြစ်လဲ သူမ၏ ဦးလေးအရင်းဖြစ်သူ ချင်းရှန်ဖြစ်သည်။

ထို့အပြင် ဤလူအိုကြီးသည် လျို့ညဲဟု ခေါ်သော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ၊ တွင်းအောင်းလေ့ကျင့်ခြင်းမှ ထွက်လာရန် ငွေအမြောက်အများဖြင့် ဆွဲဆောင်ခဲ့သည်။ အထူးသဖြင့် ချင်းယွမ်ကို ကိုင်တွယ်ရန် လျို့ညဲကို ငှားရမ်း၍ ချင်းရှန်သည် ငွေအမြောက်အများအသုံးပြုခဲ့သည်။ ကမ္ဘာပေါ်တွင် ချင်းယွမ်၏ သေဆုံးမှုကို အလိုလားဆုံးသူမှာ ချင်းရှန်ပင်ဖြစ်ပေလိမ့်မည်ဖြစ်သည်။

ချင်းယွမ်သေဆုံးသွားမှသာလျှင် လောင်တိုင်အဖွဲ့သည် သူ၏ ပိုင်ဆိုင်မှုဖြစ်လာပေလိမ့်မည်ဖြစ်သည်။ ချင်းယွီနှင့်ပတ်သက်၍မူ ချင်းရှန်သည် သာမန်မိန်းမတစ်ယောက်သည် သူနှင့် ယှဥ်နိုင်လိမ့်မည်မဟုတ်ဟု တွေးထားသောကြောင့် သူ၏တူမကို အလေးအနက်ထား၍ ထည့်သွင်းမစဥ်းစားခဲ့ဖူးပေ၊

ထို့အပြင် ချင်းယွမ်အား အနီဝတ်တစ္ဆေနှင့် တိုက်ခိုက်နိုင်ခြင်းကို ကြည့်လျှင် လျို့ညဲသည် အမှန်တကယ် သာမန်ထက်ပိုကြောင်း သိသာ၏။ ချင်းရှန်၏ စကားလုံးများကို ကြားပြီးနောက်၊ လျို့ညဲထံမှ ထူးဆန်းကွဲအက်သော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

“စိတ်ပူစရာမလိုပါဘူး။ ချင်းယွမ်က တကယ်ပဲ ဆရာတစ်ယောက်ကယ်တာခံလိုက်ရရင်တောင် ကျုပ်မကြောက်ဘူး။ နှစ်ရက်နေရင် ကျင်းပမဲ့ လေလံပွဲက ပစ္စည်းတစ်ခုကို ကျုပ်ရရင် ကမ္ဘာပေါ်က ဘယ်သူမှ ကျုပ်ကို ယှဥ်နိုင်တော့မှာမဟုတ်ဘူး”

ချင်းရှန်က ချက်ချင်း သူ့ကို မော့ကြည့်လိုက်သည်။

ဤနေ့ရက်များကို အတူတကွ ကုန်ဆုံးခဲ့ကြသော်လည်း ချင်းရှန်သည် လျို့ညဲကို နတ်ဘုရားတစ်ပါးအဖြစ်ကြည်ညိုလာခဲ့သည်။

“အင်မော်တယ် လျို့၊ ဒီပစ္စည်းက တကယ်ပဲ အဲ့လောက် အစွမ်းထက်တာလား”

လျို့ညဲက ခပ်ပေါ့ပေါ့ပင်ပြန်ဖြေလိုက်သည်။

“မင်းပိုက်ဆံနည်းနည်းလေးက မင်းလုပ်ခိုင်းတာကိုလုပ်ဖို့ ငါ့ကို ပေကျန်းမှာ ဒီလောက်ကြာအောင်နေနိုင်မယ်လို့ တကယ်ထင်နေတာလား”

“ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်” ချင်းရှန်က ခေါင်ညိတ်ကာ၊ အလျင်အမြန်ပင် သဘောတူစွာ ဦးညွတ်လိုက်သည်။

လျို့ညဲ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုအငွေ့အသက်များပေါ်လာသည်။

“မင်းတို့သာမန်လူတွေက တကယ်ပဲ အဲ့လို ရတနာမျိုးကို လေလံပွဲမှာ တင်ရဲတာပဲ။ ငါသာ အဲ့ပစ္စည်းဘယ်သူ့မှာရှိလဲ မသိရင် အဲ့လေလံပွဲကို ဒီလောက်ကြာအောင် စောင့်နေမှာမဟုတ်ဘူး”

“ချင်းယွမ်ကျတော့ရော…”

“ငါ့မှာ အဲ့ပစ္စည်းရတာနဲ့၊ မင်းကိုကူပြီး သူ့ကို သတ်ဖို့ဆိုတာ ရိုးရှင်းတဲ့ကိစ္စပဲ”

“ဒါပေမယ့်…” ချင်းရှန်၏ မျက်နှာသည် အနည်းငယ် ပဋိပက္ခဖြစ်သွားသည့် ပုံဖြင့် ပြောလိုက်သည်။

လျို့ရှု့ကလှောင်ရယ်လိုက်သည်။

“ငါ့ကျင့်ကြံရေးအဆင့် သိသိသာသာတက်လာတာနဲ့ ကျန်တာတွေကို စိတ်ချထားလို့ရပြီ၊ ငါသူ့ကို ခြေရာလက်ရာမကျန်ဘဲ တိတ်တိတ်လေးသတ်လိုက်ရင် ဘယ်သူမှ သတိထားမိမှာမဟုတ်ဘူး”

ချင်းရှန်က အပျော်လွန်လျက်

“ကျေးဇူးပါ၊ မသေမျိုး လူအိုကြီးရေ”

ရွှယ်ရှန်းနှင့် ညန်ညန်တို့ အိပ်ပျော်သွားကြသည်။ ဤရက်အနည်းငယ်အတွင်းတွင် ကလေးမလေးနှစ်ယောက် အလွန် ပင်ပန်းနွမ်းလျနေခဲ့သည်။

ရွှယ်အန်းသည် ၎င်းတို့ အိပ်ပျော်နေသည်ကို အခွင့်‌ကောင်းယူကာ၊ အိမ်ကို သပ်ရပ်စွာ ပြင်ဆင်ရန်စတင်လုပ်ဆောင်ခဲ့သည်။ သူနှင့် အန်းယန် တစ်ချိန်ကနေထိုင်ခဲ့သော အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်ရာ၊ အခန်းသည် လွန်ခဲ့သော လေးနှစ်ခန့်က သူထွက်ခွာသွားချိန်ထက် များစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

အရာများစွာသည် ထိုစဥ်က ၎င်းတို့ ချန်ထားခဲ့သည့်အတိုင်းသာ ကျန်ရစ်ခဲ့သော်လည်း ဖုန်မှုန့်အလွှာများဖြင့် ဖုံးလွှမ်းထားသည်။ တစ်ခုတည်းသော ခြွင်းချက်မှာ အိပ်ရာ၏ ဘေးမှ၊ ယခင်ကကဲ့သို့ သန့်ရှင်းကာ၊ ရှင်းလင်းကြည်လင်နေသည့် ဓာတ်ပုံဟောင်းလေးတစ်ပုံသာဖြစ်သည်။

ရွှယ်အန်းသည် ဓာတ်ပုံကို ကောက်ကိုင်၍ ကြည့်လိုက်သည်။ ယင်းပုံထဲတွင် အန်းယန်သည် သူ့အား ဖက်တွယ်ထားကာ၊ တောက်ပစွာ ပြုံးလျက်ရှိနေ၏။

ရွှယ်အန်းရင်ထဲတွင် အနည်းငယ်နာကျင်သွားရသည်။

အန်းယန် ငါ့ကိုစောင့်နေ၊ ငါသေချာပေါက် မင်းကို ငါ့ဘေးမှာ တောက်တောက်ပပနဲ့ ပြန်ခေါ်ထားမယ်။ တစ်ချိန်က ငါတို့ကို နှိမ်ချပြီး တားဆီးခဲ့ကြတဲ့လူတွေအားလုံးကို ဒီတစ်ခါတော့ ခြေနဲ့နင်းချေပစ်မယ်။

ဟေး

တစ်စုံတစ်ယောက်သည် ဓာတ်ပုံကို မကြာခဏ ဖုန်သုတ်နေခြင်း၊ အထူးသဖြင့် သူ့ဘက်သို့ သုတ်ပေးနေခြင်းဖြစ်ရမည်ဖြစ်ကြောင်း ရုတ်တရက် သတိထားမိသွားသည်။ ထို့ကြောင့် သူ့ဘက်ခြမ်းသည် ပွတ်တိုက်မှုကြောင့် အနည်းငယ် ဝိုးတဝါးဖြစ်ကာ၊ မှိန်လျက်ရှိနေပြီဖြစ်၏။

ထိုအချိန်တွင် တံခါးဘဲလ်မြည်လာသဖြင့် ရွှယ်အန်းသည် ဓာတ်ပုံကို ပြန်ချကာ၊ တံခါးကို သွားဖွင့်လိုက်သည်။

တန်ရွှမ်အာသည် တံခါးပေါက်တွင် အသီးအနှံ့တစ်အိတ်ကို ကိုင်လျက်မတ်တပ်ရပ်နေ၏။

“နင်ပြန်ရောက်ပြီပဲ” ရွှယ်အန်းကပြုံးကာ ထန်ရွှမ်အာကို ဝင်ခိုင်းလိုက်သည်။

“ရှန်းရှန်းနှင့် ညန်ညန်တို့ဘယ်မှာလဲ”

“နှစ်ယောက်လုံး အိပ်ပျော်နေကြပြီ”

ထန်ရွှမ်အာက ပြုံးလျက်၊

“ဖေဖေ့ကို အချစ်ဆုံးဖြစ်သွားပြီထင်တယ်။ အရင်က သူတု့ိ ငါ့ကို မမြင်သေးဘဲ မအိပ်ကြဘူး”

ဤအခိုက်အတန့်တွင် ထန်ရွှမ်အာသည် အိပ်ရာတံခါးပွင့်နေသည်ကို သတိထားမိသဖြင့် ဘာသိဘာသာ ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါဒီကို သန့်ရှင်းရေးလုပ်ဖု့ိ လာဖြစ်ပေမယ့် အပြင်အဆင်တွေကိုတော့ မပြောင်းခဲ့ဘူး။ နင်ပြန်လာမယ်မှန်း ငါသေချာပေါက် ခံစားမိနေလို့လေ”

“ဟမ်”

“နင်စားပြီးပြီလား”

“စားပြီးပြီ”

“နင် ထပ်စားချင်သေးလား”

“အင်း” ရွှယ်အန်းက ဆိတ်ငြိမ်သော တောင်ကြားတွင် ပွင့်လန်းနေသည့် သစ်ခွနှင့်တူသော အမျိုးသမီးကို ကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။

ထန်ရွှမ်အာက အစားအစာကို ကျွမ်းကျင်လျင်မြန်စွာ ပြင်ဆင်နေပြီဖြစ်ရာ သိပ်မကြာမီတွင်ပင် ဟင်းတစ်ခွက် အဆင်သင့်ဖြစ်လာခဲ့သည်။

ရွှယ်အန်းက ထမင်းစားရန် ထိုင်လိုက်သည်။

“မနက်ဖြန်… ငါတို့ အထက်တန်းကျောင်းက အတန်းဖော်တွေ စုဝေးပွဲရှိတယ်” ထန်ရွှမ်အာက ရုတ်တရက်ပြောသည်။

“အိုး”

“နင်သွားမှာလား”

ရွှယ်အန်းက‌ ခေါင်းခါလျက် ပြန်ဖြေသည်။

“ငါ့အတန်းဖော်တွေ ဘယ်သူတွေလဲဆိုတာတောင် မမှတ်မိတော့တာ၊ ဘာလို့သွားရမှာလဲ”

“နင်ကအဲ့လိုပဲ၊ ဒါပေမယ့် ဒီစုဝေးပွဲက မတူဘူး။ နင့် အထက်တန်းကျောင်း ခုံတူတူထိုင်တဲ့ သူငယ်ချင်း ဖန်းမန်ရွှယ်ပြန်ရောက်လာပြီ”

“ဖန်းမန်ရွှယ်လား”

ရွှယ်အန်းသည် သူမမည်သူမည်ဝါဖြစ်ကြောင်း ပြန်လည်မှတ်မိသွားပြီးနောက်၊ မျက်မှောင်ကြုတ်လိုက်သည်။

“သူပြန်လာတာပဲ၊ ကြီးကြီးကျယ်ကျယ် ဘာကြိုဆိုနေစရာလိုလို့လဲ”

ထန်ရွှမ်အာက ရွှယ်အန်းအား ထူးခြားသောအကြည့်ဖြင့်ကြည့်ကာပြောလိုက်သည်။

“နင်တကယ်မသိတာဖြစ်နိုင်ပါ့မလား”

“ဘာသိရမှာလဲ”

“ဖန်းမန်ရွှယ်က အခုငါတို့အတန်းရဲ့ ဂုဏ်ယူစရာတစ်ခုဖြစ်နေပြီလေ။ ပြီးခဲ့တဲ့လက Golden Globe Awards မှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရထားပြီး လက်ရှိအကျော်ကြားဆုံး မင်းသမီးလည်းဖြစ်တယ်။ တကယ့် ထိပ်တန်းအမျိုးသမီးပဲ”

“အိုး အဲ့တာ ငါနဲ့ ဘာဆိုင်လို့လဲ” ရွှယ်အန်းက ထူးမခြားနား ပြန်မေးသည်။

ထန်ရွှမ်အာက သက်ပြင်းတစ်ချက်ချ၍

“နင်တကယ်မေ့သွားပြီလား။ ကျောင်းတုန်းက ဖန်းမန်ရွှယ်က နင့်ကို အကြိုက်ဆုံးသူလေ”

ရွှယ်အန်းအနည်းငယ် တွန့်ဆုတ်သွားပြီးနောက်၊ ဆံပင်စုစည်းထားတတ်သော ပြုံးလိုက်သောအခါ၊ ပါးချိုင့်ကလေးပေါ်လာတတ်သည့် မိန်းကလေးတစ်ယောက်၏ပုံရိပ်သည် သူ့စိတ်ထဲတွင်ပေါ်လာ၏။

‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’

ရွှယ်အန်း၏ အံ့သြမှုကို သတိပြုမိသဖြင့်တန်ရွယ်အာက ရယ်ရခက်ငို၍ခက်ဖြစ်သွားသည်။

“အဲ့တုန်းက တစ်တန်းလုံးသိပြီးပြီ၊ နင်ဘာမှ မခံစားရဘူးလား”

ရွှယ်အန်းက ခေါင်းခါလိုက်သည်။ ထန်ရွှမ်အာသည် ခဏတာမျှ ရပ်လိုက်ပြီးနောက်၊ ဆက်ပြောသည်။

“ငါ မနက်ဖြန်သွားမှာ၊ နင်လိုက်ခဲမ့ယ်မလား”

ခဏတာစဥ်းစားပြီးနောက်၊ ရွှယ်အန်းက ခေါင်းညိတ်၍ ပြန်ဖြေသည်။

“ကောင်းပြီ၊ လိုက်ခဲ့မယ်၊ ဒါပေမယ့် ရှန်းရှန်းနဲ့ ညန်ညန်ကို တူတူခေါ်လာဖို့ လိုတယ်”

“ကောင်းပြီ၊ နင့်ကို မနက်ဖြန်နေ့လည်လောက် ငါလာကြိုမယ်”

ထန်ရွှမ်အာထွက်သွားပြီးနောက်၊ ရွှယ်အန်းသည် ဧည့်ခန်းထဲတွင်ထိုက်လျက် တီဗီဖွင့်ကြည့်နေသည်။ ထိုအချိန်တွင် အင်တာဗျူးတစ်ခုကို တိုက်တိုက်ဆိုင်ဆိုင် ထုတ်လွှင့်နေ၏။ ။

အင်တာဗျူးဖြေဆိုသူသည် သူ၏ အတန်းဖော်၊ ယခု ကြယ်ပွင့်ကြီး ဖန်းမန်ရွှယ်မှတပါးအခြားသူမဟုတ်ပေ။

“မစ္စဖန်း၊ ကျုံးတုမြို့ရဲ့ သခင်လေး လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ချင်းရှန်က အစ်မကို လိုက်ရှာနေတယ်လို့ ကျွန်တော်တို့ ကြားထားတယ်။ အဲ့တာ အမှန်ပဲလား”

ကင်မရာအလင်းတန်းများကြားတွင် ဖန်းမန်ရွှယ်သည် မယုံကြည်နိုင်ဖွယ်ကောင်းလောက်သည်အထိ လှပကျော့ရှင်းနေသည်။ သတင်းတောက်၏ အမေးကို ရင်ဆိုင်ကာ၊ သူမအနည်းငယ်ပြုံးလိုက်သည်။

“မစ္စတာယွဲ့နဲ့ကျွန်မနဲ့က သူငယ်ချင်းတွေပါပဲ။ သူ့ကို အစ်ကိုတစ်ယောက်အနေနဲ့ပဲ ကျွန်မအမြဲသဘောထားခဲ့ပါတယ်”

သတ‌င်းထောက်များသည် သူမ၏ တုံ့ပြန်ချက်ကြောင့် လှုပ်လှုပ်ယွယွဖြစ်သွားကြသည်။

“ဒါဆို အစ်မလက်ရှိ စိတ်ဝင်စားနေတဲ့သူရှိသလား။ ဒါမှမဟုတ် အစ်မရှာနေတဲ့ လက်တွဲဖော်အမျိုးအစားကို မျှဝေပေးလို့ရမလား” အခြားသတင်းထောက်တစ်ဦးက ဝင်မေးသည်။

ဖန်းမန်ရွှယ်သည် အနည်းငယ်မျှ တုန့်ဆိုင်းနေပြီးနောက်၊ သူမမျက်လုံးများသည် မျက်ရည်များဖြင့် တလတ်လတ်တောက်လာသည်။

“ကျွန်မနှလုံးသားထဲမှာ ကြိုက်နှစ်သက်တဲ့လူရှိပြီးသားပါ”

သတင်းထောက်များ ရူးလုနီးပါးဖြစ်သွာားကြသည်။

ဤသည်ကား သတင်းကြီးဖြစ်သည်။

“ဘယ်သူလဲဆိုတာ ဖော်ပြနိုင်မလား”

ဖန်းမန်ရွှယ်က ပြုံး၍ ပြောသည်။

“သူက ကျွန်မရဲ့ အတန်းဖော်ပါ။ သူပျောက်နေတာ လေးနှစ်ရှိပြီ။ ဒါပေမယ့် သေချာပေါက် ပြန်တွေ့ဆုံနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်”

ပေကျန်းမြို့ရှိ ဇိမ်ခံအိမ်ကြီးတစ်ခုတွင် ချောမောလှသောသော မျက်နှာရှိသည့် ယောက်ျားတစ်ယောက်သည် တီဗီရှေ့တွင်ထိုင်လျက်၊ စူးရဲသော အကြည့်များဖြင့်ကြည့်ကာ၊ အဝေးထိန်းခလုတ်(ရီမုတ်)ကို လွှင့်ပစ်လိုက်သည်။

ရီမုတ်သည် လက်မခုနှစ်ဆယ်ကြီးသည့် တီဗီ မျက်နှာပြင်ကို ထိမှန်ကာ၊ မျက်နှာပြင်ကွဲအက်သွားသည်။

ထိုသူက မုန်းတီးစွာဖြင့် ပြောသည်။

“ဖန်းမန်ရွှယ်၊ မင်း အဲ့လူကို အခုထိမမေ့နိုင်သေးဘူးလား။ ကောင်းပြီ၊ သူမနက်ဖြန် တွေ့ဆုံပွဲကို လာဖို့သတ္တိရှိရင် မင်းရှေ့မှာတင် သူ့ကို ချနင်းလိုက်မယ်”

အခန်း(၁၁) ဘက်စ်ကားစောင့်ဆိုင်းခြင်း

ဖန်းမန်ရွှယ်သည် စတူဒီယိုထဲမှ ထွက်သွားပြီးနောက်၊ သူမ၏ အေးဂျင့် ဟန်ယောင်းမှ ဖုန်းခေါ်သဖြင့် ကားထဲသို့ဝင်သွားခဲ့သည်။ ဖန်းမန်ရွှယ်က ဖုန်းကို ဖြေလိုက်သည်။ ဤ ရွှေတံဆိပ်ဆုရ ထိပ်တန်း ဖျော်ဖြေရေးအေးဂျင့်သည် အလွန် ဒေါသတကြီးဖြစ်နေ၏။

“ဖန်းမန်ရွှယ် နင်ဘာလုပ်နေလဲဆိုတာ သဘောပေါက်လား”

“ကျွန်မသိတယ်” ဖန်းမန်ရွှယ်က အေးစက်စွာပြန်ဖြေသည်။

“မင်းသိတယ်ဟုတ်လား။ မင်းမသိဘူးထင်ပါတယ်။ မင်းရဲ့ ထုတ်ပြန်ချက်တွေက ကုမ္ပဏီအပေါ်သက်ရောက်မှုရှိတယ်ဆိုတာ မင်းနားလည်လား”

ဖန်းမန်ရွှယ်က နှုတ်ဆိတ်နေသည်။

“ငါမင်းကို ပြောနေတယ်လေ၊ အဲ့ကိစ္စကြောင့် ငါ့ဖုန်းက ပေါက်ကွဲလုနီးပါးဖြစ်နေပြီ၊ မင်းအတွက် ငါမစီစဥ်ထားပေးဘူးဆိုရင် မင်းအခု ဘယ်အခြေအနေရောက်နေမလဲဆိုတာ သိလား။ သူဌေးနဲ့ ဘုတ်အဖွဲ့က မင်းကို ဝါးမြိုသွားလိမ့်မယ်ကွ”

ဤသို့အော်ဟစ်ပြီးနောက်၊ ဟန်ယောင်း၏လေသံသည် ပျော့ပျောင်းလာလျက်၊

“မန်ရွှယ်၊ မင်း အခု မင်းရဲ့ အသက်မွေးဝမ်းကြောင်း အထွဋ်အထိပ်ကို ရောက်နေပြီ။ ရင်းနှီးမြှုပ်နံသူတွေအများအပြားက မင်းရဲ့ ကျော်ကြားမှုနဲ့ အားပေးသူအရေအတွက်ပေါ်မူတည်ပြီး ချက်ခ်လက်မှတ်တွေ ဝှေ့ယမ်းနေကြတာ။ ဒါတောင် မင်းက တီဗီမှာ ရုတ်တရက်ဝန်ခံလိုက်တယ်။ အဲ့တာကြောင့် ပရိတ်သတ်ဘယ်လောက်တောင် ဆုံးရှုံးရမလဲဆိုတာ မင်းမသိဘူးလား”

“အစ်မကြီးဟန်၊ ကျွန်မ အကုန်လုံးကိုနားလည်ပါတယ်။ ဒါပေမယ့် သူပြန်လာပြီ” ဖန်းမန်ရွှယ်က အေးစက်စွာပြောသည်။

ဟန်ယောင်းသည် ခေတ္တ စကားပြောရပ်သွားပြီးနောက်မှ နောက်ဆုံးတွင်မေးလိုက်သည်။

“မင်းဘာလုပ်ဖို့စီစဥ်ထားလဲ”

“ကျွန်မ သူ့ကို တွေ့ဖို့ ပေကျန်းကို ပြန်သွားမယ်”

“ဘယ်လိုမှမဖြစ်နိုင်ဘူး” ဟန်ယောင်းက အသည်းအသန် ပြတ်သားစွာ ငြင်းလိုက်သည်။

“မနက်ဖြန်ကျရင် မင်း ဥရောပကို သွားဖို့လိုတယ်။ အဲ့မျာ နိုင်ငံတကာအဆင့် နာမည်ကြီးဒါရိုက်တာတစ်ယောက်ရှိတယ်။ သူ့ရဲ့နောက်ထပ်ဇာတ်ကားမှာ မင်းကို မင်းသမီးတင်ရိုက်ဖို့ ပြင်ဆင်နေတယ်”

“တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်မပေကျန်းကို သွားရမယ်” ဖန်းမန်ရွှယ်က စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဖုန်းချလိုက်သည်။

“အစ်မရွှယ်၊ ကျွန်တော်တု့ိ ဘယ်သွားကြမလဲ” ကားသမားက သတိထား၍ မေးလိုက်သည်။

“ပေကျန်းကို”

ဖန်းမန်ရွှယ်သည်ကား ပြတင်းပေါက်၏ အပြင်ဘက် ရှု့ခင်းကို ကြည့်၍ ဖုန်းကို တင်းကြပ်စွာဆုတ်ကိုင်ထားရာ၊ သူမ၏ လက်ဆစ်များပင် ဖိအားကြောင့် ဖြူနေ၏။

နောက်နေ့မနက်တွင် ထန်ရွှမ်အာသည် စောစီးစွာ ရောက်လာဿ အိမ်ထဲသို့ဝင်သောအခါ၊ ရွှယ်အန်းသည် ရှန်းရှန်းနှင့် ညန်ညန်၏ ဆံပင်ကျစ်ပေးရန် ကို့ရို့ကားယား ကြိုးစားလျက်ရှိသည်။ အမျိုးသားများသည် ဤအပိုင်းတွင် အရည်အချင်းမရှိသည်မှာ အမှန်ပင်ဖြစ်၏။

သင်သည် မသေနိုင်သည့် စွမ်းအားရှင်ဖြစ်စေ၊ သာမန်လူဖြစ်စေ၊ အတူတူသာဖြစ်၏။

ကျစ်ဆံမြှီးများသည် ကောက်တိကောက်ကွေးဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် ဆံပင်များရှုပ်ပွ၍ ကျန်ခဲ့ပေလိမ့်မည်ဖြစ်သည်။ သို့သော် မိန်းကလေးနှစ်ယောက်သည် အလွန် ပျော်ရွှင်နေပုံရ၏။ ၎င်းတို့ တခစ်ခစ်ရယ်မောနေကြသည်။

ဤသည်ကို မြင်သောအခါ ထန်ရွှမ်အာက ခေါင်းခါ၍ ရွှယ်အန်းအစား ကောင်မလေးနှစ်ယောက်၏ ဆံပင်ကို အလျင်အမြန် သပ်ရပ်စွာ ကျစ်ပေးလိုက်သည်။

“အဲ့တာ ဝတ်သွားမှာလား” ထန်ရွှမ်အာကမေးလိုက်သည်။

“အင်း ပြဿနာရှိလို့လား”

ရွှယ်အန်းသည် လွန်ခဲ့သော လေးနှစ်ခန့်မှ အဝတ်အစားများကို ဝတ်ဆင်ထားခြင်းဖြစ်သည်။ ၎င်းတို့သည် မဟောင်းနွမ်းသေးသည့်တိုင် စတိုင်သည် အလွန်ဒိတ်အောက်နေပြီဖြစ်သည်။ ထန်ရွှမ်အာက တုံ့ဆိုင်းနေပြီးမှ သူမပြန်ပြောချင်သည့်အရာကို ထိန်းလိုက်သည်။

နောက်ဆုံး ၎င်းတို့ အဆင်သင့်ဖြစ်ပြီးနောက်၊ လူကြီးနှစ်ယောက်သည် ရှန်းရှန်းနှင့် ညန်ညန်ကို ဦးဆောင်၍ ရပ်ကွက်ထဲမှ ထွက်လာခဲ့ကြသည်။ ၎င်းတို့ကားစောင့်နေသောအခါတွင် အသစ်စက်စက် BMW 530 တစ်စီးသည် လမ်းပေါ်သို့ တက်လာခဲ့သည်။ ပြတင်းပေါက်တံခါးပွင့်လာပြီးနောက်၊ ကားထဲမှ ခံ့ညားသပ်ရပ်စွာဝတ်ဆင်ထားသောလူတစ်ယောက်သည် ထန်ရွှမ်အာကို ပြုံးပြလိုက်သည်။

“ရွှမ်အာ ငါ မင်းကို လာခေါ်တော့မလို့ပဲ။ မြန်မြန် ကားပေါ်တက်ခဲ့။ အစ်ကိုမန်က နဂါးဧကရာဇ်ဟိုတယ်မှာ စုဝေးပွဲတစ်ခုစီစဥ်ထားပြီးပြီ”

ထန်ရွှမ်အာက မျက်မှောင်ကြုတ်လိုက်သည်။

ခရီးသည်ထိုင်ခုံမှ အမျိုးသမီးသည်လည်း ရှေ့သို့ ကိုင်းညွတ်၍

“ထန်ရွှမ်အာ အရမ်းအေးနေတာကို ကားစောင့်နေကြတုန်းလား။ လာ၊ ငါ့ယောက်ျား မင်းကို စီးခွင့်ပေးပါလိမ့်မယ္။ တွေ့လား။ ဒါငါတို့ရဲ့ အသစ်စက်စက်ကားအသစ်၊ ယူရိုလေးသိန်းကျော် ကုန်ခဲ့တယ်” ထိုအမျိုးသမီးသည် သူမ၏ တြိဂံမျက်လုံးများဖြင့် စိုက်ကြည့်ကာ၊ ဘဝင်ခိုက်သောအသံဖြင့် ပြောလိုက်သည်။

ထန်ရွှမ်အာသည် အနည်းငယ် ချီတုံ ချတုံဖြစ်နေချိန်တွင် တြိဂံမျက်လုံးများရှိသော အမျိုးသမီးသည် ရွှယ်အန်းကို သတိပြုမိ၏။

“အိုး ရွှယ်အန်းမဟုတ်လား”

ထိုသူက ရွှယ်အန်းကို မြင်ကာ၊ အသေအချာကြည့်ပြီးသည့်နောက်၊ သူ့မျက်နှာထက်တွင် အထင်သေးမှုများနှင့် မောက်မာမှုများ ဖြတ်ပြေးသွားသည်။

“ပညာရှင်ကြီး ရွှယ်လည်း စုဝေးပွဲတက်လိမ့်မယ်လို့ မထင်ထားဘူး”

ထန်ရွှယ်အာက တီးတိုးပြောလိုက်သည်။

“သူတို့က မန်ဝေ့နဲံ ကျန်းယန်လေ၊ ငါတို့ အတန်းထဲကပဲ”

ရွှယ်အန်းသည် အချိန်အတော်ကြာ စဥ်းစားနေပြီးမှ မည်သူမည်ဝါများဖြစ်ကြောင်း သိရှိသွားသည်။ သူ့ကျောင်းတက်စဥ်က ဤမန်ဝေ့သည် အတန်း၏ လက်ပါးစေဖြစ်ကာ၊ ပိုက်ဆံရှိသူတိုင်း၏အနားတွင် အမြဲတစေ လှည့်ပတ်နေခဲ့သည်။

ကျန်းယန်သည်မူ၊ ပို၍ပင် အချောင်သမားတစ်ယောက်ဖြစ်သည်။ ဤနှစ်ဦး အတူတကွပေါင်းစည်းလိုက်ခြင်းသည် ပြီးပြည့်စုံသော အတွဲတစ်တွဲပင်ဖြစ်၏။

ရွှယ်အန်း၏နှုတ်ခမ်းထောင့်တွင် မှုန်မှိုင်း၍ မမြင်နိုင်ဖွယ်ရာ, အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ထိုအချိန်တွင်ရွှယ်ရှန်းသည် လက်ဝတ်ရတနာ အပိုင်းအစလေးများကို ရောင်းချနေသည့် လမ်းဘေးစျေးသည်တစ်ဦးကို မြင်လိုက်ရသည်။

“ဖေဖေ၊ အဲ့လက်ဝတ်ရတနာလေးတွေက အရမ်းလှတယ်” ရွှယ်ရှန်း၏ မျက်လုံးများတောက်ပလာသည်။

မည်မျှပင် ငယ်ရွယ်သည့် ကလေးမလေးဖြစ်စေကာမူ၊ ကောင်မလေးသည် မိန်းမတစ်ယောက်ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် အလိုအလျောက်ပင် သူမသည် တောက်ပြောင်သောအရာများကို ခံနိုင်ရည်မရှိပေ။

ရွှယ်အန်းက ပြုံးလိုက်သည်။

“သမီး ကြိုက်လို့လား”

“အင်းအင်း အဲ့တာလေးတွေ ကြိုက်လို့” ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က သံပြိုင်အော်လိုက်ကြသည်။

“အဲ့တာဆို သွားရွေးလိုက်၊ သမီးတို့ဖို့ ဖေဖေ ဝယ်ပေးမယ်”

ကလေးမလေးနှစ်ယောက်သည် ပျော်ရွှင်မြူးတူးလျက် လက်ဝတ်ရတနာလေးများ ရွေးရန် ခုန်ပေါက်၍ သွားကြသည်။

တစ်ချိန်လုံးတွင် ရွှယ်အန်းသည် မန်ဝေ့နှင့် ကျန်းယန်ကိုတည့်တည့်ပင် မကြည့်ခဲ့ပေ။ ကျန်းယန်သည် နှုတ်ခမ်းတွန့်၍ အထင်သေးစွာပြောလိုက်သည်။

“ဘာတွေ ဟန်ဆောင်နေတာလဲ။ နင်ဒီလောက် အဆင့်အတန်းနိမ့်နေတာတောင် မြင့်မြတ်တဲ့ပုံပေါက်အောင်ကြိုးစားနေသေးတာလား”

“အဲ့လိုမပြောပါနဲ့၊ နောက်ဆုံးတော့ စျေးပေါတဲ့ လက်ဝတ်ရတနာတွေ ဝယ်ဖို့ တတ်နိုင်ပါသေးတယ်” မန်ဝေ့က ရယ်မော၍ ပြောသည်။

ထိုအချိန်တွင် ကလေးမလေးနှစ်ယောက်သည် လက်ဝတ်ရတနာအနည်းငယ်ကို ရွေးချယ်ပြီးဖြစ်သဖြင့် ရွှယ်အန်းက ၎င်းတို့အတွက် ငွေပေးချေခဲ့သည်။ ကလေးနှစ်ယောက်ကို ချီပြီးနောက်၊ ရွှယ်အန်းစိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားရာ၊ ထိုလက်ဝတ်ရတနာများကို ဝိဉာဥ်စွမ်းအင်အချို့ ဖြည့်ပေးလိုက်သည်။

မူလက တန်ဖိုးမရှိသော ဤအရာများသည် ပြောင်းလဲမှုများဖြစ်ပေါ်လာ၏။

“နင့်ဖို့လည်းတစ်ခုရွေးခဲ့တယ်” ရွှယ်အန်းက နားကပ်တစ်ရံကို ထန်ရွှမ်အာထံသို့ပေးလိုက်သည်။

ထန်ရွှမ်အာသည် နားကပ်ကို ယူ၍ ဝမ်းသာပီတိဖြစ်လျက်ရှိ၏။

“အင်း အဲ့တာတွေကအနည်းဆုံး ငါးဒေါ်လာလောက်တော့ရှိရမယ်မလား။ အရမ်းတောက်ပြောင်လွန်းလို့ ပလက်စတစ်နဲ့လုပ်လို့တော့မရဘူး။ ရွှမ်အာ၊ နင်မဝတ်တာပိုကောင်းလိမ့်မယ်။ နင့်အသားအရည်မပျက်စီးအောင် သတိထား” ကျန်းယန်က လှောင်ပြောင်လိုက်သည်။

ထန်ရွှမ်အာ၏အမူအရာသည် အနည်းငယ်အဆင်မပြေဖြစ်သွား၏။ ဤမိန်းမသည် အလွန်စကားများသဖြင့် ရွှယ်အန်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

“စိတ်မကောင်းပါဘူး ရွှယ်အန်း၊ ငါတို့ကားက လူလေးယောက်ပဲတင်လို့ရတယ်။ ရွှမ်အာ့ကိုတင်ပြီးရင် မင်း ကားနောက်ဖုံးထဲမှာလိုက်စီးမှပဲရလိမ့်မယ်။ ဒါမှမဟုတ် နောက်မှ ဘက်စ်ကားစောင့်ပြီး စီးပေါ့” မန်ဝေ့က ပြင်းထန်စွာရယ်မော၍ ပြောသည်။

ထန်ရွှမ်အာက မျက်ခုံးတွန့်ကာ၊

“နင်တို့ အရင် ရှေ့ကသွားနှင့်ပါ၊ ငါတို့ တက္ကစီစီးပြီး သွားလိုက်မယ်”

မန်ဝေ့က ပို၍ ပြောချင်သော်လည်း ရွှယ်ရှန်းက ရုတ်တရက်ဖြတ်ပြောလိုက်သည်။

“ဖေဖေ ဒီကားက သမီးတို့ ဟိုနေ့ကစီးခဲ့တဲ့ကားလောက်လည်းမကြီးဘူး”

“ဟုတ်တယ်၊ ဖေဖေ မနေ့က အန်တီချင်းယွီမောင်းလာတဲ့ကားက အရမ်းကြီးတယ်” ရွှယ်နျန်က ဆက်ပြောသည်။

“ကားအကြီးကြီး ဟမ်, ဟေး ဗင်ကားမလား” မန်ဝေ့ကလှောင်ပြောင်သည်။ ကျန်းယန်သည် အလွန်အမင်းဂုဏ်ယူ ဝံ့ကြွားလျက်၊

“ဒါကို မြင်လား၊ ငါ့ယောက်ျားက မနေ့ကမှ BMW 5 series အသစ်တစ်စီးဝယ္လာတာ၊ မင်းတို့ စီးတောင်စီးဖူးလို့လား”

ရွှယ်အန်းသည် လူရွှင်တော်နှစ်ယောက် ဖျော်ဖြေနေသည်ကို ကြည့်၍ သူ့အမူအရာသည် ယခင်ကနှင့် တူးမခြားနားပင်၊ တည်မြဲတိုင်းတည်နေ၏။

ထို့နောက်၊ ရှည်လျားသော Maybach တစ်စီးသည် ဖြည်းညှင်းစွာ လှိမ့်လာ၏။ ၎င်းသည် ရွှယ်အန်းအရှေ့တွင် ရပ်သွားပြီး‌နောက်၊ ကားထဲမှ ယာဥ်မောင်းထွက်လာကာ၊ ရွှယ်အန်းထံသို့ ရိုသေလေးစားစွာ လျှောက်လှမ်းလာ၏။

“မစ္စတာရွှယ်၊ ကျွန်တော်တို့ မမလေးက ဆရာသွားစရာရှိတဲ့နေရာကို မောင်းပို့ပေးဖို့ ညွှန်ကြားထားတယ်။ ဆရာဘာတွေလိုအပ်လဲဆိုတာ ကျွန်တော်တို့ကို အချိန်မရွေးပြောပါ”

ဤမြင်ကွင်းကြောင့် မန်ဝေ့နှင့် ကျန်းယန်၏ အံ့သြဆွံ့အသွားကြကာ၊ ဘဲဥတစ်လုံးစာမျှ ပါးစပ်ဟောင်းလောင်းဖြစ်သွားကြသည်။ Maybach ပေါ်လာမှုသည် သူမ၏ ကားအသစ်အကြောင်း ကြွားလုံးထုတ်နေသော ကျန်းယန်၏မျက်နှာကို ပြင်းပြင်းထန်ထန်ဖြတ်ရိုက်လိုက်သကဲ့သို့ပင်ဖြစ်၏။

ဤကားနှင့် ယှဥ်လျှင် ကျန်းယန်ကြွားလုံးထုတ်ခဲ့သည့် BMW သည် ၎င်း၏ ဘီးတစ်လုံးကိုပင် ဝယ်ယူနိုင်လိမ့်မည်မဟုတ်ပေ။

ရွှယ်အန်းသည်လည်း အနည်းငယ်အံ့သြသွားသည်။ ဤချင်းယွီသည် အတော်အတန်တွေးခေါ်တတ်၏။

“ကောင်းပြီ၊ နဂါးဧကရာဇ်ဟိုတယ်ကို မောင်း”

“ကောင်းပါပြီ”

ဤအခိုက်အတန့်တွင် ရွှယ်ရှန်းသည် ဆွံ့အနေသေးသော မန်ရွှယ်ကို ကြည့်၍ ပြောလိုက်သည်။

“ဦးလေ၊ ကားအန်တီချင်းယွီက မနေ့က ဒီလိုမျိုးကားမျိုးနဲ့ သမီးတို့ကို အိမ်ပြန်မောင်းပို့ပေးတာလေ”

ရွှယ်အန်းသည် ခနဲ့တဲ့တဲ့အပြုံးကို ပြုံးရုံမှလွဲအခြားမတတ်နိုင်တော့ပေ။ သူ့ လေးနှစ်အရွယ် သမီးလေးနှစ်ယောက်သည် …ဉာဏ်နီဉာဏ်နက်များပုံပေါ်၏။

အခန်း(၁၂) အတန်းဖော်များ တွေ့ဆုံခြင်း ၁

ပေကျန်းမြို့တွင် အကောင်းဆုံးစားသောက်ဆိုင်များအကြောင်း မေးလျှင် သင် မတူညီသော အဖြေများကို ကြားရပေလိမ့်မည်ဖြစ်သည်။

သို့သော် အစားအသောက်၊ သောက်ဖွယ်ရာနှင့် ဖျော်ဖြေရေးများကို တစ်နေရာထဲတွင် အစုံအလင်၊ အဆင့်မြင့်မြင့်ဖြင့် ပေးဆောင်သည့်နေရာတစ်ခုဟု ထည့်ပြောလျှင်မူ၊ ၎င်းသည် နဂါးဧကရာဇ်ဟိုတယ်ဖြစ်ပေလိမ့်မည်။ ပြည်မကြီးမှလူများသည်ပင် ၎င်းတို့ ငွေများကို ဤနေရာ၌ ဖြုန်းတီးလေ့ရှိသည်။

ဤအခိုက်အတန့်တွင် ဇိမ်ခံကားများစွာသည် နဂါးဧကရာဇ်ဟိုတယ်ရှေ့တွင် အစုလိုက်အပြုံလိုက်စုဝေးလာကြပြီးနောက်၊ ဝင်ပေါက်တွင် ဧည့်သည်များစွာဖြင့် ပြည့်နေ၏။

Maybach တစ်စီးသည် ရှေ့သို့ ဖြည်းညှင်းစွာ မောင်းနှင်လာသည်။ ဤရှည်လျားသော သီးသန့်ထုတ် Maybach သည် ခမ်းနားမှုများဖြင့်အလွန်ပြည့်နှက်နေရာ၊ ကြည့်ရှု့သူများစွာ၏ အကြည့်များကို ဆွဲဆောင်ထားသည်။

အပေါက်စောင့်သည် ကမန်းကတန်းပြေးလာ၍ ကားတံခါးကို ရိုသေစွာဖွင့်လိုက်သည်။

ကားတံခါးမှ ဦးစွာ ခုန်ပေါက်ပြေးထွက်လာသည်ကား ကလေးမလေးနှစ်ယောက်ဖြစ်သည်။ ကောင်မလေးနှစ်ယောက်သည် လေးငါးနှစ်ဝန်းကျင်ရှိမည်ထင်ရကာ၊ ရုပ်ပြစာအုပ်ထဲမှ ခုန်ထွက်လာသည့်အလား၊ အလွန်နူးညံ့ကာ ချစ်ဖွယ်ကောင်းလှသည်။ မိန်းကလေးများစွာသည် တောက်ပသော မျက်ဝန်းများဖင့် ငေးကြည့်လျက်၊ တစ်စုံတစ်ခုကို လုယူချင်နေကြသည့်အလား အပြေးလာကြသည်။

ထို့နောက်၊ ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားကာ၊ အေးချမ်းသော တောင်ကြားတစ်ခုတွင် ပွင့်လန်းနေသည့် သစ်ခွပန်းတစ်ပွင့်ကဲ့သို့ လှပကျော့ရှင်းသော အရှိန်အဝါရှိသည့် အမျိုးသမီးတစ်ဦး ကားပေါ်မှ ထွက်လာသည်။

ဤမြင်ကွင်းသည် ကြည့်ရှု့သူအများအပြားကို အံ့သြမှင်တက်သွားစေသည်။ ထိုအချိန်တွင် မနီးမဝေးမှ မိန်းကလေးအချို့သည် ၎င်းတို့၏ ပါးစပ်ကိုယ်စီကို အံ့အားသင့်စွာ အုပ်လိုက်ကြသည်။

“အဲ့တာ ငါတို့ အတန်းဖော် ထန်ရွှမ်အာမဟုတ်ဘူးလား”

“အင်း အဲ့တာသူပဲ၊ သူလက်မထပ်ရသေးဘူးလို့ မပြောထားဘူးလား။ ဘယ်လိုလုပ် ကလေးတွေရနေတာလဲ”

“အမြဲတမ်း သူတော်ကောင်းယောင်ဆောင်နေတဲ့ မိန်းမ၊ နောက်ဆုံးတော့ ချမ်းသာတဲ့ယောကျ်ားတစ်ယောက်ရဲ့ မယားငယ်ဖြစ်သွားပြီ” မျက်နှာထက်တွင် တင်းတိပ်အနည်းငယ်ရှိသော မိန်းကလေးက လှောင်ပြောင်လိုက်သည်။

“ဒီလိုကားမျိုးကို တတ်နိုင်တာ ပေကျန်းမှာ အများကြီးမရှိဘူး။ ဒါဘယ်သူဖြစ်နိုင်မလဲ”

လူအများသည် ဤအတွေးကိုတွေးနေကြစဥ်၊ ရွှယ်အန်းသည်လည်း ကားပေါ်မှ ဆင်းလာလိုက်သည်။ သူပေါ်ထွက်လာမှုသည် ဤမိန်းကလေးများကို ထပ်မံစိတ်လှုပ်ရှားသွားစေသည်။

“အဲ့တာ ရွှယ်အန်းပဲ”

“သူပျောက်သွားတာမဟုတ်ဘူးလား။ ဘယ်လိုလုပ်ရုတ်တရက်ပြန်ပေါ်လာတာလဲ”

“သူပေါ်လာဖို့ သတ္တိရှိသေးတယ်ပေါ့၊ ဟုန်က သူနဲ့ရင်ဆိုင်ဖို့ ခြိမ်းခြောက်နေတာ ကြာပြီလေ”

“အဲ့ညစ်ပတ်တဲ့အဝတ်အစားတွေကို ကြည့်လိုက်၊ သူ ချမ်းသာတဲ့ပုံလုံးဝမပေါ်ဘူး။ မျက်နှာကြီးရချင်လို့ ကားငှားလာတာထင်တယ်” တင်းတိပ်ရှိသော ကောင်မလေးက ရယ်လိုက်သည်။

ဤမိန်းကလေးသည် လျှာဇောင်းထက်ကာ၊ ဇီဇာကြောင်သည်ဟု လူသိများသော ဆုန်ကျင်းဖြစ်သည်။ ကျန်းယန်နှင့် တုကျွမ်တို့ကဲ့သို့ပင် သူမသည် အတန်းထဲရှိ လူတကာကို အထင်အမြင်သေးတတ်သော မိန်းကလေးသုံးဦးထဲမှ တစ်ဦးအဖြစ်လူသိများသည်။

“ဟီးဟီး ဟုန်က ကျယ်ပွင့်ကြီး ဖန်းမန်ရွှယ်ကို သွားကြိုတယ်၊ သိပ်မကြာခင်မှာ ကြည့်ကောင်းမယ့် ပွဲတစ်ပွဲဖြစ်လာတော့မှာပဲ” ဒရာမာကို မျှော်လင့် စောင့်ဆိုင်းနေကြသည့် မိန်းကလေးများသည် တီးတိုးပြောလိုက်ကြသည်။

“ဖေဖေ၊ ဒီနေရာက အရမ်းကြီးပြီး လှတယ်” ရွှယ်ရှန်းက လှည့်ပတ်ကြည့်ကာ အော်ပြောသည်။

“ကြီးလား၊ ဒါက သေးပါသေးတယ်၊ တကယ့်ကြီးကျယ်တယ်ဆိုတာ ဘာလဲဆိုတာ ဖေဖေ နောက်ပြီးရင်ပြမယ်”

နဂါးဧကရာဇ်ဟိုတယ်သည် ပင်မအခန်းအတွင်းရှိ ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် သုံးမီတာရှည်သော ရွှေနဂါးကြီးအပါအဝင် အလှဆင်ခြင်းအတွက် သန်းငါးရာအကုန်အကျခံထားသည့်အချက်ကြောင့် လူသိများသော်လည်း ရွှယ်အန်းသည် အနည်းငယ်မျှပင် မခံစားမိပေ။

ဤအကြောင်းကြောင့် ၎င်းကို ဤနာမည်ပေးခဲ့ခြင်းဖြစ်၏။ ထိုသို့သော လွန်ကဲမှုများသည် လူအများစုကို အသေအချာပင် သတိပြုမိစေနိုင်ပေလိမ့်မည်။

သို့သော် ကြီးကျယ်ခမ်းနားသော မြင်ကွင်းများကို မြင်ဖူးသည့်၊ အင်မော်တယ်အရှင်တစ်ပါးအတွက် ဤနေရာသည် အမှန်တကယ်ပင် … စုတ်ပြတ်လွန်းလှသည်။

အတိတ်တွင် စစ်မှန်သည့် မသေမျိုးနယ်မြေရှိ ပုံမှန်ကျင်းပသည့်ပွဲတော်တွင် ဧရာမနဂါး‌ထောင်ပေါင်းများစွာကို သတ်ဖြတ်ခြင်းပါဝင်၏။ စစ်မှန်သော မသေမျိုးနယ်မြေ ဆရာအဖြစ်ရွှယ်အန်းသည် ရှေးဟောင်းနတ်နဂါး ဆယ်ကောင်ခန့်ကိုပင် သတ်ဖြတ်ခဲ့ကာ၊ ဖီးနစ်ငှက်ရိုးဟင်းပွဲများကိုပင် တည်ခင်းခဲ့ရသည်။ ထိုသို့သော မြင်ကွင်းသည် သေမျိုးများ၏ စိတ်ကူးကို ကျော်လွန်နေ၏‌။

ထို့ကြောင့် ရွှယ်အန်းအတွက် ဤနေရာတွင် ထွင်းထုထားသည့် ရွှေနဂါးဟူသောအရာသည် ဝက်တစ်ကောင်နှင့် ထူးမခြားနားပင်ဖြစ်သည်။ သူ့စကားလုံးများသည် အနီးနားရှိလူများ၏ အကြည့်များကို ဆွဲဆောင်လိုက်၏။

ရွှယ်အန်း၏ မှတ်ချက်ကို ကြားသောအခါ၊ ပြိုးပြိုးပြက်ပြက် အဝတ်အစားများဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးမှ လက်မောင်းကို တွဲထားသော၊ ဆံပင်အရောင်ဆိုးထားသည့်ယောက်ျားတစ်ယောက်သည် လှောင်ရယ်လိုက်မိသည်။

“ဒီတောသားက ဘယ်ကရောက်လာတာလဲ။ တော်တော် အာချောင်တာပဲ”

ရွှယ်အန်းပြန်မပြောနိုင်ခင်တွင် ရွှယ်နျန်က တခစ်ခစ်ရယ်လိုက်သည်။

“နင်ဘာကို ရယ်နေတာလဲ” ရွှယ်ရှန်းသည် ရွှယ်နျန်၏ တင်ပါးကို လက်ဖြင့် ပုတ်၍ မေးလိုက်သည်။

“ဒီဦးလေးကြီးရဲ့ ဆံပင်က ကြက်သိုက်နဲ့တူတယ်”

ဤသည်ကို ကြားကာ၊ ရွှယ်နျန်က အနီးကပ်ကြည့်လိုက်သောအခါ၊ သူမလည်း စတင်ရယ်မောလိုက်မိသည်။

“တကယ်တူတာပဲ”

“ဤမိန်းကလေးနှစ်ယောက်၏ မှတ်ချက်ကြောင့် အခြားသူများစွာသည် ၎င်းတို့၏ပါးစပ်များကို အုပ်၍ စတင်ရယ်မောလာကြသည်။

အဘယ်ကြောင့်ဆိုသော်… ၎င်းသည် အမှန်တကယ်ပင် ကြက်သိုက်နှင့် ဆင်တူ၏။

ဤယောက်ျားသည် ရှောင်အန်းအား ရွံရာမုန်းတီးစွာကြည့်၍ မျက်နှာတစ်ခုလုံး နီရဲလာကာ၊ နောက်ဆုံးတွင် လှည့်ထွက်သွားခဲ့သည်။

ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။ သူ ထိုသို့သော ပုရွက်ဆိတ်ကောင်များကို ဂရုမစိုက်နိုင်ပေ။ သို့သော် အကယ်၍ ထိုသူသာ သူ့အား ထပ်၍ ရန်စဝံ့ပါက၊ သူ့ခေါင်းတစ်ခုလုံးကို ကြက်သိုက်အဖြစ်ပြောင်းလဲပစ်ရန် တုံ့ဆိုင်းနေလိမ့်မည်မဟုတ်ပေ။

“ရွှမ်အာ ဒီကိုလာခဲ့”ဆုန်ကျင်းက လှမ်းအော်ကာ၊ သူမမျက်နှာထက်တွင် ယခင်က ပြသခဲ့သည့် ထက်မြက်မှုအရိပ်အရောင်များ မကျန်တော့၊ အပြုံးများသာ ပြည့်နှက်နေ၏။

ထန်ရွှယ်အာသည် ခဏတာမျှ တုံ့ဆိုင်းနေပြီးနောက်၊ လမ်းလျှောက်သွားလိုက်သည်။

“ဆုန်ကျင်း၊ မတွေ့တာကြာပြီ”

“ကျစ်… ကျစ်၊ တကယ့်ကို ကြာခဲ့ပါပြီ။ ကလေးရနေပြီလို့ မမျှော်လင့်ထားဘူး။ ကောင်မလေးနှစ်ယောက်က အရမ်းချစ်ဖို့ကောင်းတယ်၊ အမွှာလေးတွေလား” ဆုန်ကျင်းက ပြုံး၍ပြောသည်။

ထန်ရွှမ်အာသည် ခေါင်းကို ခါယမ်းလျက်၊

“သူတို့က ငါ့သမီးတွေမဟုတ်ဘူး ရွှယ်အန်းရဲ့ကလေးတွေပါ”

‘ရွှယ်အန်းမှာ ကလေးရှိသလား’

ဆုန်ကျင်းနှင့် အခြားသူများသည် အဝေးမှ ရွှယ်အန်းကို ကဲ့ရဲ့ဟန်ပါသော အကြည့်များဖြင့်လှမ်းကြည့်လိုက်သည်။ စုတ်ပြတ်နွမ်းပါးစွာ ဝတ်ဆင်ထားသည့်အပြင်၊ ကလေးများကိုလည်း တွေ့ဆုံပွဲသို့ ခေါ်လာခဲ့သည်။

“သွားကြရအောင်၊ ကောင်းကင်နံပါတ်တစ်အခန်းသွားပြီး စောင့်ကြမယ်၊ ဟုန်ရှောင်က ကြယ်ပွင့်ကြီး ဖန်းမန်ရွှယ္နဲ့အတူ ယောက်ျားလေးအတန်းဖော်တွေကို လိုက်ကြိုနေတယ်။ သူတို့ သိပ်မကြာခင်ပြန်လာကြတော့မှာ” ဆုန်ကျင်းက ထန်ရွှယ်အာကို သူမနှင့်အတူ ဆွဲခေါ်သွားခဲ့သည်။

“ရွှယ်အန်းကရော”

“သူလား၊ သူလာချင်ရင် လိုက်လာလို့ရပေမယ့် အခုက သီးသန့်ခန်းမှာ မိန်းကလေးတွေပြည့်နေတယ်”

ဤအခိုက်အတန့်တွင် ရွှယ်ရှန်းသည် ရွှယ်အန်း၏ အဝတ်ကို ဆွဲလိုက်၏။

“ဘာဖြစ်လို့လဲ” ရွှယ်အန်းက ငုံ့၍ မေးလိုက်သည်။

“ဖေဖေ၊ သမီးရေချိုးခန်းသွားချင်တယ်” ရွှယ်ရှန်းက နီမြန်းနေသော မျက်နှာလေးဖြင့် ပြောသည်။

“သမီးရော၊ သမီးရော” ရွှယ်နျန်ကလည်း ထပြောသည်။

“အာ… ကောင်းပြီ”

ရွှယ်အန်းသည် သူတို့နှင့်အတူ သီးသန့်ခန်းသို့သွားလိုက်သည်။

ကောင်းကင်နံပါတ်တစ်သည် နဂါးဧကရာဇ်ဟိုတယ်တွင် အကြီးဆုံးဖြစ်သဖြင့် အလိုအလျောက်ပင် ရေချိုးခန်းပါရှိသည်။

သို့သော် သူဝင်လိုက်သည်နှင့်တပြိုင်နက်၊ တွတ်ထိုးနေသော မိန်းမများနှင့်ပြည့်နှက်နေသည့် အခန်းကို မြင်လိုက်ရ၏။

အများစုကို သူမမှတ်မိသည့်အပြင်၊ မှတ်မိသည့်လူများ၏ နာမည်များကိုမူ မမှတ်မိတော့‌ပေ။

“အဲ့တာ ငါတို့အတန်းက ရွှယ်အန်းမလား”

“အင်း အဲ့တာသူပဲ။ သူက ဘာလို့ ဖန်းမန်ရွှယ်ကို သွားမကြိုတာလဲ”

“ရှူး အခုမမေးနဲ့ဦး ဟုန်ရှောင် ပြန်လာတော့မှာ”

“ဤတီးတိုးသံများကြားတွင် ရွှယ်အန်း၏ အမူအရာသည် ပြောင်းလဲမှုမရှိ၊ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကိုပြောလိုက်သည်။

“သမီးတို့ ကိုယ့်ဘာသာကိုယ် သွားလို့ရလား”

“အင်းအင်း”

ကလေးမလေးနှစ်ယောက်သည် ရေချိုးခန်းထဲသို့ဝင်သွားရာ၊ ရွှယ်အန်းသည် တံခါးဝနားတွင် ရပ်စောင့်နေ၏။ ထန်ရွှယ်အာသည် အကြိမ်ပေါင်းများစွာ ထလာရန် ကြိုးစားခဲ့သော်လည်း ဆုန်ကျင်းက သူမကို အကြောင်းပြချက်အမျိုးမျိုးဖြင့်ဆွဲထားသည်။ ထိုအချိန်တွင် အခန်းတွင်းရှိ အမျိုးသမီးအားလုံးသည် သူ့အားစိုက်ကြည့်နေကြ၏။

သို့သော် ရွှယ်အန်းသည် အနည်းငယ်မျှပင် ဂရုမစိုက်ပေ။

ဟာသတစ်ခုပင်ဖြစ်၏။

ဤလူများသည် ရွှယ်အန်း၏ မျက်လုံးထဲတွင် အလယ်အလတ်အဆင့်ရှိသူများဟုပင် မသတ်မှတ်ထားသဖြင့် ၎င်းတို့၏ အကြည့်များကိုမည်သို့ ဂရုစိုက်နိုင်ကြလိမ့်မည်နည်း။

အထူးသဖြင့် ရွှယ်အန်း၏ စိတ်နေစိတ်ထားသည် ကျောက်တုံးကဲ့သို့ မာကျောနေသဖြင့် ခပ်ဝေးဝေးတွင်သာ ရပ်နေလိုက်သည်။

သူ၏ အဝတ်အစားများသည် မလိုက်ဖက်သော်လည်း ဓားတစ်ချောင်း၏ ထက်မြက်မှုကို မဖုံးကွယ်နိုင်သကဲ့သို့ ရွှယ်အန်း၏ စူးရှမှုကိုလည်း မဖုံးထားနိုင်ပေ။

တဖြည်းဖြည်းနှင့် မိန်းကလေးများကြားတွင် တီးတိုးသံများ ဆုံးပါးသွားသည်။

ကျောင်းတွင် ရွှယ်အန်းသည် အချောဆုံးယောက်ျားတစ်ယောက်ဖြစ်ခဲ့ဖူးကာ၊ မိန်းကလေးများစွာသည် သူ့အား တိတ်တခိုးသဘောကျခဲ့ကြဖူးသည်။ ရွှယ်အန်းသည် ဤသည်ကို သေချာပေါက်ခံစားမိသော်လည်း ရိုးရှင်းစွာပင်ပြုံးလိုက်သည်။

မြစိမ်းရောင်တောင်တန်းမသေမျိုးနယ်မြေတွင် သူရှိခဲ့စဥ်က တစ်ကြိမ်တွေ့ရုံဖြင့်ပင် အမြှီးကိုးချောင်းမြေခွေးမကို ဖော်ထုတ်ခြေမှုန်းခဲ့သဖြင့်၊ မြေခွေးမျိုးနွယ်တစ်ခုလုံးသည် သူ့အားလိုက်ရှာ၍ လက်စားချေရန် ကြိုးစားခဲ့ကြသည်။

အကယ်၍ စကြဝဠာတွင် ထင်ရှားသော အမြှီးကိုးချောင်း မြေခွေးမ၏ အကြိုက်များသည်ပင် သူ့အား မည်သို့မျှ မလှုံ့ဆော်နိုင်ခဲ့လျှင် ဤသာမန်သေမျိုးများသည် များစွာ အဆင့်နိမ့်၏။

All Chapters