← Chapters

အမှန်တရား ၁

Vol. 136 Ch. 1894

အမှန်တရား ၁

Vol. 136 Ch. 1894

ထိုအခိုက်တွင် စုဝေးနေကြသူများသည် ကြောက်လန့်ကုန်ကြသည်။ တစ္ဆေဘုရင်က တကယ်ပဲ ရှီမာယူယူကြောင့်နဲ့ ဒီကိစ္စမှာပတ်သက်တဲ့လူတွေကို သတ်ပစ်တော့မှာပဲ။ ဒီနေရာမှာ လူသောင်းချီရှိသလို ဂိုဏ်းထောင်ချီရှိနေတာ။ သူတို့တွေအကုန်လုံးကို တစ္ဆေလောက,ကနေ ရှင်းထုတ်ဖို့ဆိုတာ ခက်ခဲတာပဲ မဟုတ်ဘူးလား။

ဒါပေမဲ့ တစ္ဆေလောကကို အုပ်စိုးနေတဲ့လူအတွက်တော့ ဘာမှမဟုတ်ခဲ့ ဘူး။

သူတို့သာ ပါဝင်မိနေရင် အဆုံးသတ်ပြီပဲ။ အများစုမှာ တွေးရုံနှင့်တင် ချွေးအေးများ ပျံလာသည်။

တစ္ဆေဘုရင်သည် သူ၏မြေးမဖြစ်သူကို ဂရုစိုက်လိမ့်မည်ဟု မည်သူမှ ထင်မထားပေ။ သို့သော် သူသည် သူမအတွက် လက်စားချေရန် ဇာချဲ့ခဲ့သည်။

တစ္ဆေဘုရင်နှင့် ရှီမာယူယူတို့ ထွက်သွားချိန်တွင် အားလုံး မြေပေါ်မှ ထ, လိုက်ကြသည်။ အဲလူတွေက အစတုန်းက ယဉ်ကျေးကြပါတယ်။ ဒါပေမဲ့ ရှီမာယူယူ သတ်တာကို ခံလိုက်ရရုံတင်မကဘဲ သူတို့မျိုးနွယ်ကိုပါ ဆွဲသွင်းမိ သွားပြီ။ သူတို့ အသက်ရှင်နေသေးရင် ဘာတွေများတွေးနေကြမှာပါလိမ့်။

ဒိဝူနှင့် ဒိလျူတို့သည် ထိုအကြောင်းကို ကြားသောအခါ ဝမ်းသာကြ သည်။ ဂိုဏ်းအများစုမှာတစ္ဆေကြင်ယာတော် လက်အောက်မှ ပါဝင်ကြခြင်းဖြစ် ရာ တစ္ဆေဘုရင်မှ သူတို့ကို ရှင်းပစ်လိုက်လျှင် သူမ၏ အင်အားမှာ အတော်နည်း သွားနို်ငသည်။ သူတို့သည် ဤသတင်းကောင်းကို ဖြန့်ချင်နေပြီဖြစ်သည်။

ရှီမာယူယူသည် တစ္ဆေဘုရင်နောက်လိုက်ကာ အတန်ကြာအောင် လျှောက်ကြရာ နတ်သမီးနက်တောင်၏ အမြင့်ဆုံးတောင်ထိပ်ကို ရောက်သည် အထိ မည်သူမှ စကားစမပြောကြပေ။

တောင်ထိပ်မှ လေသည် သူတို့၏ အင်္ကျီနှင့် ဆံပင်များကို တိုက်ခတ်သွား သည်။ တစ္ဆေဘုရင်သည် ရှီမာယူယူကို ကြည့်ပြီး ပြောလေသည် “မင်းက မင်း အမေနဲ့ တူသားပဲ”

ရှီမာယူယူသည် တစ္ဆေဘုရင်ကို မော့ကြည့်လိုက်သည်။ သူသည် ငယ်ရွယ် ပုံပေါက်သော်လည်း ဖြတ်သန်းခဲ့သည့် ကိစ္စများကြောင့် မျက်လုံးများမှ နာကျင် မှုများကို မြင်နေရသည်။

“အမေ့အကြောင်းကို ပြောလာမှတော့ ကျွန်မလည်း ပြဿနာမရှာတော့ ဘူး” သူမသည် နှုတ်ခမ်းတွန့်လိုက်ပြီး စိတ်ထဲတွင် တေးထားသည့် မေးခွန်းကို မေးလိုက်သည် “အမေ ဘယ်မှာလဲ”

တစ္ဆေဘုရင်သည် သူမအား စူးစူးရှရှပင် စိုက်ကြည့်လေသည်။ သူမ အကြည့်မလွှဲသည်ကို မြင်သောအခါ သူ လက်ကိုနောက်ပစ်ပြီး အဝေးဆီသို့ ကြည့်လိုက်သည် “မင်းအမေက အမှားလုပ်မိထားလို့ အခု အပြစ်ပေးခံနေရ တယ်.. မင်းက တစ္ဆေလောကကို ရောက်နေပြီဆိုမှတော့ ဒီမှာပဲနေတော့ တခြား အသုံးမဝင်တဲ့ ကိစ္စတွေ လျှောက်မတွေးနဲ့တော့”

“အသုံးမဝင်တဲ့ကိစ္စဟုတ်လား” ရှီမာယူယူ နှာရှုတ်လိုက်သည် “အမေက အဘိုးအတွက် အသုံးမဝင်တဲ့အရာလား”

“ဘာမှမသိတဲ့ကိစ္စကို စိတ်ပူစရာမလိုဘူး” တစ္ဆေဘုရင်သည် ဒေါသကို ချုပ်တည်းထားပြီး သူမကို မဆူပေ။

“အဲတော့ မသိတဲ့ကိစ္စကို စိတ်ပူစရာမလိုဘူးပေါ့.. သူမက ကျွန်မအမေပါ” ရှီမာယူယူ၏ အသံမှာကျယ်လာသည် “သူမက ကျွန်မအမေပါ အမေ ဒုက္ခခံနေ ရတာကို ကျွန်မက လက်ရှောင်ပြီး မသိသလိုမနေနိုင်ဘူး.. သူမ နာကျင်နေတာ ကို သိကတည်းက ကျွန်မပန်းတိုင်က သူမကိုကယ်ဖို့ပဲ.. အဘိုးပြောပြရင်တော့ ကျွန်မအတွက် လွယ်သွားမှာပေါ့ ဒါပေမဲ့ မပြောပြလည်း အမေ့ကို ရှာတဲ့ကိစ္စကို ဒီမှာတင်မရပ်ဘူး သူမကို ကယ်မှာပဲ”

“မင်း လုပ်ရဲလား”

“ဘာလို့ မလုပ်ရဲရမှာလဲ” ရှီမာယူယူသည် သူ့ကို လှောင်ပြောင်သလို ကြည့်သည် “ကျွန်မက အဘိုးလိုများထင်လား… အဘိုးမှာလည်း အဘိုး အခက် အခဲနဲ့ အဘိုးရှိတယ်လို့ ဝမ်းကွဲအစ်ကိုပြောတယ်.. ဒါပေမဲ့ အဘိုးကို ကြည့်လိုက် တဲ့အချိန်တိုင်း အဘိုးက သမီးလုပ်တဲ့သူကို ဆင်ခြေအဖြစ်သုံးနေသလိုပဲ.. ကျွန်မက အဘိုးနဲ့မတူဘူး အဲလောက်အကြာကြီး တုံ့ဆိုင်းနေမှာမဟုတ်ဘူး.. ပြဿနာဖြစ်စေမယ်ဆိုလည်း ကျွန်မ ဂရုမစိုက်ဘူး.. အမေလုံခြုံရင်ပြီးတာပဲ”

ထိုနှစ်ကဖြစ်ခဲ့သည့် ကိစ္စကို တစ္ဆေဘုရင်သည် တခြားသူများနှင့် ရှင်းရန် သူရဲဘောကြောင်ကာ သူတို့ စိတ်ကျေနပ်ရန် သမီးဖြစ်သူနှင့် အလဲအလှယ်လုပ် ခဲ့သည်။

တစ္ဆေဘုရင်သည် ဒေါသကိုချုပ်တည်းရင်းနှင့် မျက်လုံးမှိတ်ထားသည်။ သူ့မျက်လုံး ပြန်ဖွင့်လာချိန်တွင် အကြည့်မှာမတူတော့ပေ။ သူတို့သည် တစ် ယောက်နှင့် တစ်ယောက်စိုက်ကြည့်ပြီး အကြည့်မလွှဲကြပေ။

နောက်ဆုံးတွင် သူလက်လျော့ပြီး ပြောလိုက်သည် “ငါ မင်းကိုပြောမယ် ငါ ခွင့်မပြုနိုင်ဘူး”

“ကျွန်မလည်း ပြောပြီးပါပြီ သူမ ရှိတဲ့နေရာကို အဘိုးမပြောရင်တောင် လုပ်မှာပဲလို့” ရှီမာယူယူသည်လည်း လက်မလျော့ပေ။

တစ္ဆေဘုရင်သည် ထိုရင်းနှီးလှသော မျက်နှာကိုကြည့်ပြီး ခေတ္တမျှ တွေဝေ သွားသည်။ သူသည် တခြားမျက်လုံးတစ်စုံကို မြင်လိုက်ရသလို တွေးလိုက်မိ သည်။ ထိုမျက်လုံးများထဲမှ ဆုံးဖြတ်ချက်များကို သူ နားလည်သည်။ သို့သော် ထိုမျက်လုံးများကြောင့်ပင် သူ သူမကို တည့်တည့်စိုက်မကြည့်တော့ပေ။

သူသည် ဒေါသလျော့ကာ အဝေးသို့ ကြည့်လိုက်သည် “မင်းနဲ့ မင်းအမေ က… အရမ်းကို တူတာပဲ”

ရှီမာယူယူသည် တခြားပြောစရာမရှိသဖြင့် ဘာမှမပြောလိုက်ပေ။

“တကယ်တော့ ဒါတွေအကုန်လုံးကို မင်းအမေက တောင်းဆိုထားတာပါ” တစ္ဆေဘုရင် ဆက်ပြောသည် “မင်းနဲ့ မင်းအဖေဆီကထွက်သွားပြီး အချုပ်ခံဖို့ ရွေးလိုက်တာရောပဲ”

“ဘာ.. မဖြစ်နိုင်တာ” ရှီမာယူယူသည် သူပြောသည့်စကားများကို မယုံ ပေ “အဘိုး လူလွှတ်ပြီး အမေ့ကို ပြန်ခေါ်တုန်းက သူမ ကြိုးစားပြီး ခုခံခဲ့သေး တယ်.. ဘာလို့ ကျွန်မနဲ့အဖေ့ဆီကနေ ထွက်သွားတာလဲ.. သူမ လွတ်လပ်ခွင့်ကို ဆုံးရှုံးခံပြီး အချုပ်ခံဖို့ကိုတော့ ပြောမနေပါနဲ့တော့”

“မင်းမယုံလည်း အဲဒါအမှန်တရားပဲ” တစ္ဆေဘုရင် ပြောလိုက်သည်။

“မဖြစ်နိုင်တာ.. သူမက အဖေ့ကို ဒီလောက်သဘောကျတာ ဘာလို့ ထွက် သွားဖို့တောင်းဆိုမှာလဲ.. သူမက အဖေနဲ့ ကျွန်မဆီက ထွက်သွားချင်မှာမဟုတ် ဘူး” ရှီမာယူယူသည် မယုံနိုင်စွာဖြင့် ခေါင်းခါလိုက်သည် “အဲလိုပြောလိုက်တာ နဲ့ အမေ့ကိုရှာတာ လက်လျော့သွားမယ်လို့ မထင်လိုက်ပါနဲ့ ကျွန်မ အညာမခံ ဘူး”

“အဲတုန်းက မင်းအဖေနဲ့အမေက လူသားလောကရဲ့ ကန့်ကွက်တာကို ခံရ ရုံတင်မကဘူး တစ္ဆေလောကကိုပါ အန္တရာယ်ဖြစ်စေခဲ့တယ်… သူမက ဘာ အကာအကွယ်မှ မပါဘဲ လူသားလောကကို သွားတယ်ဆိုတာ တစ္ဆေလောက, ကလူတွေ သိကြတယ်.. အဲဒါကြောင့် သူမကိုလုပ်ကြံဖို့ လူတွေရောက်လာခဲ့ တယ် ဒါပေမဲ့ သူမက ဒီအကြောင်းတွေကို မင်းအဖေကို ဖုံးထားတယ်..” တစ္ဆေ ဘုရင် ဆက်ပြောလေသည် “သူတို့ကို သတ်ဖို့ကြိုးစားတဲ့ လူသားလောကနဲ့ တစ္ဆေလောက လူတွေက အကြိမ်ပေါင်းများစွာရှုံးနိမ့်ခဲ့တယ်.. တစ်ဖက်မှာ လူ သားလောကဘက်ကလည်း နောက်ကလိုက်နေတယ် တစ်ဖက်မှာ တစ္ဆေ လောကက လုပ်ကြံနေတယ်… သူမ ခုခံခဲ့တယ် ဒါပေမဲ့ တစ္ဆေလောကဘက်မှာ အကျပ်အတည်းဖြစ်လာတယ်.. အထူးသဖြင့် မင်းရှိလာတဲ့အချိန်ပဲ.. သူမက မင်းကို တစ်ချိန်လုံး အန္တရာယ်ကြားမှာမနေစေချင်ဘူး အဲဒါကြောင့် ငါ့ကို အကူ အညီတောင်းခဲ့တာပဲ”

ရှီမာယူယူသည် တစ္ဆေဘုရင်ကို တအံ့တဩကြည့်လိုက်သည်။ ထိုနှစ်က သူသည် သူမကိုဖမ်းရန် လူလွှတ်ခဲ့သည်။ အဲဒါတွေက သူမနဲ့ အဖေတို့ အတူရှိ နေလို့မဟုတ်ဘဲ သူမကိုယ်တိုင်က တောင်းဆိုခဲ့လို့တဲ့လား။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သူမ၏ ဖခင်ဖြစ်သူသည် တစ္ဆေဘုရင်၏ တိုက်ခိုက်မှုကြောင့် အသက် ဆုံးရှုံးရလုနီးပါးဖြစ်သွားကာ သူမထွက်သွားသည့်အချိန်မှာလည်း အလွန် ဝမ်းနည်းခဲ့သည်ဟု ရှီမာလျူယွင်တို့ ပြောပြခဲ့သည်။

တစ္ဆေဘုရင်သည် သူမ စဉ်းစားနေသည့်အရာကို နားလည်သဖြင့် ဆက် ပြောလေသည် “ပြီးတော့ ငါက တစ္ဆေဘုရင်လေ လူသားတစ်ယောက်လောက ကို သတ်ချင်ရင် သူအသက်ရှင်နိုင်ပါဦးမလား”

ရှီမာယူယူ တုန်လှုပ်သွားသည်။ သူ ပြောသည်မှာ မှန်သည်။ သူတို့ကို စိတ်တိုတယ်ဆိုရင် သူမအဖေကို ဘယ်လိုလုပ် အသက်ရှင်လျက်ထားမှာလဲ။ သူသည် သူ့ကို ဆိုးဆိုးဝါးဝါးထိခိုက်စေသည်ဟု ထင်ရသော်လည်း အသက်ရှင် ခွင့်ရခဲ့သည်။

အမေက တကယ်ပဲ ထွက်သွားခွင့်တောင်းခဲ့တာလား။ သူမအဖေနဲ့ သူမ အန္တရာယ်များမှာကို စိုးရိမ်လို့ သူမ အနစ်နာခံပြီး ရှီမာယူယူကို ပျော်ပျော်ရွှင်ရွှင် နေစေခဲ့တာလား။

သူတို့နှစ်ယောက်လုံးသည် ကလေးနှင့် ပြေးရင်းလွှားရင်းနှင့် လူသား လောကနှင့် တစ္ဆေလောက နှစ်ခုလုံးက လုပ်ကြံသူတွေကို ဘယ်လို ဖြေရှင်းနိုင် မှာလဲ…

သူမသည် ရှီမာယူယူ၏ ဘေးကင်းမှုအတွက် အနစ်နာခံခဲ့သည်။ သူမ သမီးဖြစ်သူဆီကနေ ထွက်သွားရတဲ့ နာကျင်မှုကို ဘယ်လိုမျိုး သည်းခံခဲ့တာ လဲ။

ထိုအကြောင်း တွေးလိုက်သည်နှင့် သူမ၏ မျက်လုံးများသည် နာကျင်စွာ ခြောက်သွေ့လာသည်။

“အဲနောက်ပိုင်း ဘာဖြစ်သွားလဲ.. သူမက ပြန်သွားဖို့ တောင်းဆိုတာကို ဘာလို့ အချုပ်ခံထားရတာလဲ”

All Chapters