အမှန်တရား ၂
Vol. 136 Ch. 1895
ယွိခဲ့လော့သာ သူမ ဆုံးဖြတ်ချက်နဲ့သူမ ထွက်သွားခဲ့တယ်ဆိုရင် အိမ်ကို ပြန်လာပြီးတော့ ဘာလို့အသူရာငရဲမှာ အချုပ်ခံခဲ့တာလဲ။
တစ္ဆေဘုရင် သက်ပြင်းချလိုက်သည် “အခု အဲဒါပြောမလို့ပဲ တကယ် တော့ အဲဒါက ဝိညာဉ်နယ်မြေကြောင့်ဖြစ်ခဲ့တာ… ဝိညာဉ်နယ်မြေကို အုပ်စိုး နေတဲ့ ချင်းဟွမ် ဆိုတာရှိတယ်၊ မင်းအမေ လူသားလောကဘယ်နေရာမှာရှိလဲ ဆိုတာ သူပဲ အရင်ဆုံးသိခဲ့တာပဲ.. အဲတုန်းက သူမက မင်းအမေကို မျက်နှာသာ ပေးခဲ့တယ်.. သူက မင်းအမေကို စိတ်ရင်းနဲ့ ချစ်ခဲ့တယ်လို့ ပြောလို့ရတယ် သူက တစ္ဆေလောကနဲ့ ဝိညာဉ်နယ်မြေကြားက ဆက်ဆံရေးကို ပြန်တည်ဆောက်ချင် ခဲ့တာ.. သူသာ မင်းအမေကို လက်ထပ်ခွင့်မရရင် သူက တစ္ဆေလောကကို လာ တိုက်ခိုက်တော့မှာ”
“သူ အမေ့ကို ချစ်တယ်ဆိုတာ ဟန်ဆောင်တာပဲနေမှာ စစ်ဖြစ်ဖို့အတွက် ဆင်ခြေတစ်ခုသာသာပဲ” ရှီမာယူယူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ် လိုက်သည်။ ထိုစဉ်က ယွိခဲ့လော့၏ အခြေအနေကို စဉ်းစားမိသည်နှင့် သူမ ရင်နာမိသည်။
“ဝိညာဉ်နယ်မြေနဲ့ တစ္ဆေလောကက ဘယ်တုန်းကမှ တွဲမရှိခဲ့ဘူး.. သူတို့ တွေက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ခဲ့ကြတယ်.. ဒါပေမဲ့ သူတို့မှာ အမြဲတမ်း အစီအစဉ်ရှိခဲ့တယ်.. စစ်ပွဲသာ တကယ်ဖြစ်ခဲ့ရင် ဆိုးကျိုးကိုခံရမှာက သာမန်လူတွေပဲလေ”
“အဲတော့ အဘိုးက စစ်ပြေငြိမ်းခဲ့လား”
“မင်းအဘိုးက အလွယ်တကူ စစ်ပြေငြိမ်းမယ့်လူလို့ ထင်ရလို့လား” တစ္ဆေဘုရင်သည် သူမ၏ ဘေးဘက်ကို ကြည့်လိုက်သည် “အဲတုန်းက ချင်းဟွမ် ကို အနိုင်ယူပြီး သူ့လာရာလမ်းအတိုင်း ပို့ချင်တာ.. ဒါပေမဲ့ ကန့်ကွက်မှုတွေ ရှိ လာတယ်.. ငါက သူတို့ကို သိပ်ပြီးအာရုံသိပ်မထားဘဲ စစ်တိုက်ဖို့ တပ်အင်အား ကို ပြင်ဆင်နေတဲ့အချိန်မှာ မင်းအမေက လာရှာတယ်.. တစ္ဆေလောကက သူမ အကြောင့် ရှုပ်ထွေးသွားရတော့ သူမက အသူရာငရဲမှာ အချုပ်ခံသင့်တယ်တဲ့”
“အမေ သူမ…”
“သူမက ငါ့ကိုယ်စား စဉ်းစားပေးတာပါ” တစ္ဆေဘုရင် သက်ပြင်းချလေ သည် “လူတစ်ယောက်က အင်အားရှိလာရင် ထည့်စဉ်းစားရမယ့်ဟာတွေများ လာတယ်.. ငါကလည်း သူမကို ချင်းဟွမ်နဲ့ လက်မထပ်ပေးချင်ဘူး.. သူမက လည်း ငါ့ကိုမိုက်ရူးရဲဆန်တာတွေ မလုပ်စေချင်ဘူး.. ပြီးတော့ အဲလူတွေက စစ် ဖြစ်ဖို့ကို ကန့်ကွက်ပြီး မင်းအမေကို သူနဲ့ လက်ထပ်ဖို့ပြောခဲ့တယ်.. ဒီကိစ္စပြီး သွားပေမဲ့ သူတို့က သူမကို နည်းလမ်းရှာပြီး အကွက်ဆင်ခဲ့တယ်”
“အဲတော့ အဘိုးသဘောတူခဲ့တယ်ပေါ့”
“မင်းနဲ့ မင်းအဖေကို သူမ မှတ်ဉာဏ်ထဲမှာ တစ်သက်လုံး မှတ်ထားတာ က သူများဆီမှာ ပိတ်လှောင်ခံထားရတာထက် အများကြီးကောင်းတယ်လို့ မင်း အမေ ပြောခဲ့တယ်.. သူမက ငါ့ကိုလည်း အခက်မတွေ့စေချင်ဘူး... သူမက ခေါင်းမာနေတော့လည်း သူမဆန္ဒအတိုင်းလိုက်ပြီး သူမက အပြစ်ပေးခံရဖို့ အသူရာငရဲမှာ အချုပ်ခံရမယ်ဆိုပြီး လူသားလောကအပါအဝင် အကုန်လုံးကို ပြောခဲ့တယ်”
ထို့ကြောင့်ပင် အပြင်လူများ၏ အမြင်အရ ယွိခဲ့လော့သည် လူသား လောကတွင် ဖြစ်ခဲ့သည့်ကိစ္စကြောင့် အပြစ်ပေးခံရသည်ဟု ထင်ကြခြင်းပင်။ ချင်းဟွမ်သည်လည်း ဤအခြေအနေနှင့် ပတ်သက်ပြီး ဘာတစ်ခွန်းမှ မပြောခဲ့ ဘဲ ဝိညာဉ်နယ်မြေကိုသာ ပြန်သွားခဲ့သည်။
“ဝိညာဉ်နယ်မြေ ချင်းဟွမ်” ရှီမာယူယူသည် လူတစ်ယောက်၏ အသက် ကို အမှန်တကယ် နှုတ်မိချင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည် “ဒါပေမဲ့ အဘိုး ပြောတာတွေက အမှန်တွေဆိုရင်တောင် အမေ့ကို ကယ်ရမယ်”
“မင်းကို တားတာက ငါ့အတွက် အခက်အခဲဖြစ်မှာကို စိုးလို့မဟုတ်ဘူး မင်းအဲဒီကို သွားလို့မရလို့ပဲ” တစ္ဆေဘုရင် ပြောလေသည်။
“ဘာလို့လဲ”
“ဘာလို့လဲဆိုတာ့ အဲနေရာနားကို သွားဖို့ နည်းလမ်းမရှိဘူး”
“ဟင်”
“အဲအချိန် မင်းအမေကို အသူရာငရဲမှာ ချုပ်ထားတုန်းက ငါ အဲဒီနားကို ထပ်မသွားတော့ဘူးလို့ အဲဒီနေရာနဲ့ စာချုပ်တည်ထောင်ခဲ့တယ်” တစ္ဆေဘုရင် ပြောလေသည်။
“အဘိုးသွားလို့မရတာက ကျွန်မနဲ့ ဘာဆိုင်လို့လဲ” ရှီမာယူယူသည် မကျေနပ်သေးသည်။
“အဲဒီနေရာက ဘယ်လောက်တောင် အန္တရာယ်များလဲသိရဲ့လား ငါ မင်း ကို သွားခွင့်မပေးနိုင်ဘူး” တစ္ဆေဘုရင်သည် သူမကြောင့် ဒေါသထွက်သွားပြီး ချက်ချင်းပင် သဘောထားကို ထုတ်ဖော်ပြောလေသည်။
“အဘိုးကအဘိုး ကျွန်မက ကျွန်မပါ အဘိုးက အဲဒီကိုသွားလို့မရပေမဲ့ ကျွန်မကို တားလို့တော့မရဘူး” ရှီမာယူယူသည် ဆုံးဖြတ်ချက် ခိုင်မာနေသည် “ကျွန်မက ဘာပြင်ဆင်မှုမှ မလုပ်ရသေးတာလည်းမဟုတ်ဘူး”
“မရဏာလောကက လူနှစ်ယောက်ကို ပြောချင်တာလား” တစ္ဆေဘုရင် သည် မလှမ်းမကမ်းတွင် ရပ်နေသော အရိပ်မည်းနှင့် ဟွမ်ကိုလှမ်းကြည့်သည်။
ရှီမာယူယူ အံ့ဩသွားသည် “အဲအကြောင်းကို သိတယ်လား”
“တခြားသူတွေက သူတို့ရဲ့ ဇစ်မြစ်ကိုမမြင်နိုင်ပေမ့ ငါက သူတို့နဲ့ တူလို့ လား” တစ္ဆေဘုရင်သည် သူတို့ကို ကြည့်နေရာမှ အကြည့်လွှဲလိုက်သည် “သူတို့ ရှိတာနဲ့တင် လောက်ပြီလို့ ထင်မနေနဲ့ မရဏာလောကက လူတွေက တစ္ဆေ လောကမှာ လှုပ်ရှားလို့မရဘူး.. သူတို့ ဒီလိုလုပ်နေတာကလည်း အရင်စာချုပ် ကို ဖောက်ဖျက်နေတာပဲ”
“ဟွမ်ပြောတာတော့ မရဏာလောက,က တစ္ဆေလောကရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်လို့မရဘူးတဲ့.. ဒါပေမဲ့ ကျွန်မရဲ့ဘေးကင်းမှုကြောင့်ဆိုရင်တော့ သူတို့ လုပ်လို့ရတယ်တဲ့ မဟုတ်ရင်.. အရိပ်မည်းနဲ့ ဟွမ်တို့ကို ကောင်းကင် ဥပဒေက ဘာလို့ အပြစ်မပေးတာလဲ..” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အမေ့ကို ကယ်ဖို့ သူတို့နှစ်ယောက်ကိုတင် မှီခိုဖို့ အစီအစဉ်မရှိဘူး”
“မင်းရဲ့ လက်ရှိအားနဲ့လား”
“ကျွန်မလုပ်နိုင်မယ်လို့ ယုံပါတယ်” ရှီမာယူယူ ပြောလိုက်သည် “အမေ့ ကို ကယ်နိုင်တာက ကျွန်မတစ်ယောက်ပဲရှိတယ်လို့ ရင်လင်း ပြောခဲ့တယ်.. အန္တရာယ်ကို ကြောက်တာနဲ့ပဲ မလုပ်ခဲ့ရင် ဘယ်သူက အမေ့ကို ကယ်တော့မှာ လဲ… အဲဒါကြောင့် အဘိုးဘာပဲပြောပြော ကျွန်မအတွက် အသုံးဝင်မှာမဟုတ် ဘူး”
“ရင်လင်း..” တစ္ဆေဘုရင်သည် မျက်လုံးများကျဉ်းမြောင်းသွားကာ အရင် ကတွေ့ခဲ့ဖူးသည့် လူတစ်ယောက်ကို ပြန်တွေးတောလိုက်သည်။
တစ္ဆေလောကသို့ ပြန်လာသောလမ်းတွင် တစ်ခေါင်းလုံးဖြူနေသော လူ တစ်ယောက်နှင့် တွေ့ခဲ့သည်။ ထိုလူသည် သူ့ရှေ့တွင်ရပ်ပြီး သဲ့သဲ့ပြုံးကာ ပြော ခဲ့သည် “အဲဒီကလေး… ခင်ဗျားတို့နှစ်ယောက် ပြန်ဆုံမယ့်နေ့ရောက်လာမှာပါ အဲအချိန်ကျရင် သူမတောင်းဆိုချက်ကို မငြင်းဆန်လိုက်ပါနဲ့ သူမက ခင်ဗျားတို့ ရဲ့ မျှော်လင့်ချက်ဖြစ်လာမှာ”
ထိုစဉ်က သူသည် နားမလည်ခဲ့ပေ။ အခုစဉ်းစားကြည့်ရာ သူပြောခဲ့သည့် အချိန်မှာ ယခုအချိန်ဖြစ်နိုင်သည်။
“အဲလိုဆိုရင်တောင် အခုသွားလို့မရဘူး” တစ္ဆေဘုရင် ပြောလိုက်သည် “မင်းက မရဏာသူတော်စင်အဆင့်ပဲရှိသေးတာ မင်းအမေကို ကယ်ချင်ရင် ရှာရ မယ့်ပစ္စည်းတွေရှိရမယ့်အပြင် အနည်းဆုံးမရဏာစံတင်အဆင့်ရှိထားရမယ်”
“ပစ္စည်းတွေဟုတ်လား ဘာတွေလဲ”
“လေးမျက်နှာအံ့ဖွယ်ချိပ်စည်းပဲ”
“လေးမျက်နှာအံ့ဖွယ်ချိပ်စည်းလား” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက် သည်။ သူမ ကြားလိုက်သည်နှင့် သာမန်ပစ္စည်းမဟုတ်သည်ကို သိလိုက်ရ သည်။
“လေးမျက်နှာ အံ့ဖွယ်ချိပ်စည်းက ချွတ်စွပ်တူတဲ့ အပိုင်းလေးပိုင်းနဲ့ လုပ် ထားတဲ့ချိပ်စည်းပဲ.. အောက်ခြေမှာ အရှေ့၊အနောက်၊ တောင်၊ မြောက် ဆိုတာ ကို ထွင်းထုထားပြီး တစ်ခုစီကလည်း မတူညီတဲ့စွမ်းအားတွေရှိတယ်.. အဲဒါ တွေကို စုလိုက်မယ်ဆိုရင် ကောင်းကင်နဲ့ငရဲရဲ့ စွမ်းအားကို လှုပ်ခတ်လို့ရတယ်” တစ္ဆေဘုရင် ရှင်းပြလေသည်။
“အမေ့ကို ကယ်ဖို့ လေးမျက်နှာအံ့ဖွယ်ချိပ်စည်းကို ဘာလို့လိုတာလဲ.. အဲဒီ ချိပ်ကိုဖျက်ဖို့က လေးမျက်နှာအံ့ဖွယ်ချိပ်စည်းရဲ့ စွမ်းအားကိုသုံးဖို့လိုတာ လား”
“အစတုန်းကတော့ အဲဒီချိပ်က ဖျက်ဖို့မခက်ဘူး.. ဒါပေမဲ့ ဝိညာဉ်နယ်မြေ ကလူတွေက ဘယ်အချိန်ကသွားပြီး အဲဒီချိပ်ကို ရှေးဟောင်းချိပ်နဲ့ လဲလိုက်မှန်း မသိလိုက်ဘူး.. ပြီးတော့ အဲဒီချိပ်က လေးမျက်နှာအံ့ဖွယ်ချိပ်စည်းနဲ့မှပဲ ပျက် တော့မှာ”
“အဲဒီလေးမျက်နှာအံ့ဖွယ်ချိပ်စည်းက ဘယ်မှာလဲ”
“မင်းရဲ့အား မရဏာစံတင်အဆင့် မရောက်ခင် လေးမျက်နှာအံ့ဖွယ် ချိပ် စည်းရှိတဲ့နေရာကို မပြောနိုင်ဘူး” တစ္ဆေဘုရင်သည် ထိုအချက်ကို သေချာနေ သည် “မင်း အမေကို မြန်မြန်ကယ်ချင်ရင် အကောင်းဆုံးကျင့်ကြံရမယ်”
ရှီမာယူယူသည်သူ့ကို စိုက်ကြည့်လိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူသည် မရှောင်ပေ။ ထိုစကားသည် သူ့စိတ်အတွင်းမှ လာခြင်းဖြစ်သည်။ သူမ ယွိခဲ့လော့ကို ကယ်သည့်ကိစ္စကို သူ သဘောတူလိုက်လျှင်တောင် အန္တရာယ် ဖြစ်စေမည့်ကိစ္စကို လုပ်ခွင့်ပြုမည်မဟုတ်ပေ။
မလှမ်းမကမ်းတွင်ရှိနေသော ဝူလင်းယူ၊ အရိပ်မည်းနှင့် ဟွမ်တို့သည် သူမ တစ္ဆေဘုရင်နှင့် စကားပြောနေသည်ကို ကြည့်ပြီး သူတို့ ပြောနေသည့်စကား များကို မသိသောလည်း သူမ ဒေါသထွက်နေသည်ကိုတော့ သိလိုက်သည်။ သူမ သည် နာကျင်ပြီး အကူအညီမဲ့နေသည်။ အတန်ကြာပြီးနောက် သူမသည် သူတို့ ဆီသို့ လျှောက်လာပြီး သူတို့သုံးယောက်ကို ပြောလေသည် “ငါ သူ့နောက်ကို လိုက်ပြီး အင်ပါယာမြို့ကို သွားချင်တယ်”
“အဲလို ဆုံးဖြတ်လိုက်ပြီလား”
“အင်း”
“ဒါဆိုလည်း သွားကြတာပေါ့ မဟုတ်လည်း အစောကြီးကတည်းက အင်ပါယာမြို့ကို သွားဖို့လုပ်ထားတာပဲ”
သူမသည် ယွိခဲ့လော့ အချုပ်ခံထားရသည့်နေရာကို သိသည်နှင့် တိုက်ရိုက်သွားကယ်လိမ့်မည်ဟု သူတို့ ထင်ထားကြသော်လည်း သူမ ဆုံးဖြတ် ပြီးဖြစ်သဖြင့် သူတို့သည် သူမကို ထောက်ပံ့ပေးမည်ပင်။
“ငါ မရဏာစံတင်အဆင့် မဖျက်နိုင်ခင်အထိ လေးမျက်နှာအံ့ဖွယ်ချိပ် စည်း ရှိတဲ့နေရာနဲ့ အမေအချုပ်ခံထားရတဲ့ နေရာကို မပြောနိုင်ဘူးလို့ သူ ပြော တယ်” ရှီမာယူယူသည် ထိုစကားပြောချိန်တွင် ခံရခက်စွာဖြင့် သူရှိနေသည့် ဘက်သို့ ကြည့်လိုက်သည်။
“အဲလိုအပေးအယူရှိတယ်ဆိုတော့ သူက မင်းကောင်းဖို့အတွက် လုပ်တာ ပဲနေမှာပါ” ဝူလင်းယူ ပြောလိုက်သည်။
ရှီမာယူယူ သက်ပြင်းချပြီး ပြောလိုက်သည် “ညီမသိပါတယ်.. အမှန်တရားကို သိပြီးသွားတော့ ဝမ်းနည်းသွားတာပဲရှိတာပါ.. အဖေ သိသွား ရင် ခံနိုင်ရည်ရှိပါ့မလားတော့မသိဘူး”