← Chapters

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အခန်း(၁၆) ကောင်းပြီ ဒါဆို နောက်ထပ် ဆယ်သန်းထပ်ထည့်လိုက်

သူ၏ မှတ်ဉာဏ်ထဲမှ ရွှယ်အန်းသည် အလွန်ကြင်နာတတ်၍၊ အရှက်ကြီးသောသူတစ်ဦးဖြစ်သည်။ အထက်တန်းကျောင်းသားဘဝတွင် ရွှယ်အန်းအား အကြိမ်ပေါင်းများစွာ ရန်စခဲ့ဖူးသည့်တိုင် ရွှယ်အန်းသည် သူ့အား တစ်ကြိမ်တစ်ခါမျှ တန်ပြန်မတိုက်ခိုက်ခဲ့ပေ။ ဤတစ်ကြိမ်တွင် ရွှယ်အန်းသည် မမျှော်လင့်ထားစွာဖြင့် ပေါက်ကွဲခဲ့သည်။ ထိုအခိုက်အတန့်တွင် ရွှယ်အန်းသည် ဖန်းမင်ရွှယ်နှင့် ထန်ရွှမ်အာဘက်သို့လှည့်၍ ပြောလိုက်သည်။

“ရှန်းရှန်းနဲ့ နျန်နျန်နဲ့ကို ခေါ်ပြီး ငါ့ကို အပြင်မှာ စောင့်နေနော်”

ဖန်းမင်ရွှယ်သည် ရွှယ်အန်း၏ စကားများကို အမြဲတစေနားထောင်လေ့ရှိသော်လည်း ထန်ရွှမ်အာသည်မူ အချိန်ခဏတာမျှ တွန့်ဆုတ်နေသဖြင့် အချိန်အနည်းငယ်ကြာမှ ထွက်လာဖြစ်ခဲ့ကြသည်။ တကယ်တမ်းတွင် ဤအချိန်၌ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် မည်သည့်အရာဖြစ်ပျက်သွားကြောင်းပင် မသိခဲ့ကြပေ။

မူလအစတည်းက ရွှယ်အန်းသည် မိန်းကလေးနှစ်ယောက်၏ အာရုံကိုကာရန် အစီအရင်တစ်ခု အသုံးပြုထားခဲ့သည်။ နောက်ဆုံးတွင်မူ၊ ဖြစ်စဥ်သည် အလွန်ကြမ်းတမ်းကာ၊ သွေးလည်းစွန်းခဲ့သည်။ သူ့သမီးများထွက်သွားပြီးနောက် ရွှယ်အန်း၏ အကြည့်များသည် ဟုန့်မင်ဘက်သို့ ရောက်သွား၏။

ရွှယ်အန်း၏ အလွန်ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများကြောင့် ဟုန့်မင်၏ တစ်ကိုယ်လုံး တုန်ယင်နေ၏။ ယင်းသည် ဧကရာဇ်တစ်ပါးမှ လက်အောက်ခံများကို နှိမ်ချ၍ ကြည့်သော အကြည့်မျိုးဖြစ်သည်။

“ကောင်းပြီ၊ ဆယ်သန်းမလား ငါပေးမယ်” ဟုန့်မင်သည် တုန်လှုပ်စွာ ပြောလိုက်သည်။

ပညာရှိများသည် အင်အားချင်းမကိုက်ညီသောအခိုက်အတန့်တွင် တိုက်ခိုက်ခြင်းကို ရှောင်ကြဥ်ကြသောကြောင့် ဟုန့်မင်သည် ဦးစွာအလျှော့ပေးပြီးမှ လက်စားချေရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ရွှယ်အန်းက ခေါင်းကို ခါယမ်းလိုက်သည်။

“ခုဏက ဆယ်သန်းပေမယ့် အခုတော့ သန်းနှစ်ဆယ်ဖြစ်သွားပြီ”

“မင်းကြောင့် ငါအရမ်းအားသုံးလိုက်ရပြီး ပြာခွက်တောင် ရိုက်ခွဲလိုက်ရတယ်လေ။ အဲ့အတွက် ငါလျော်ကြေးမရသင့်ဘူးလား”

ဟုန့်မင်၏ မျက်လုံးများ ထိတ်လန့်စွာဖြင့်ပြူးကျယ်သွားသည်။ တိုက်ခိုက်သူဘက်မှ တိုက်ခိုက်ခဲ့ရသည့်အတွက်‌ လျော်ကြေးငွေတောင်းခြင်းကို သူအခုအချိန်မှ ကြားသိဖူးခြင်းဖြစ်သည်။ ထို့အတူ အခြားသသူများသည်လည်း အလွန် ကြောင်အထိတ်လန့်သွားကြသည်။

အချိန်ခဏတာမျှစောင့်ဆိုင်းပြီးနောက်၊ ယောက်ျားလေးအချို့က သတ္တိမွေး၍ ဝင်ပြောလိုက်သည်။

“ရွှယ်အန်း၊ အခု မျှပြီလို့ သတ်မှတ်လိုက်ကြရအောင်၊ ငါတို့အားလုံဂက အတန်းဖော်တွေပဲလေ၊ အဲ့လောက်ဖြစ်စရာ ဘာလို့လိုမှာလဲ”

“ဟုတ်တယ် ဟုတ်တယ်၊ သခင်လေးဟုန့်က မင်းဆီမှာ အရိုက်ခံရပြီးပြီပဲလေ၊ ညှာတာထောက်ထားပြတာက မွန်မြတ်တဲ့အကျင့်ပဲ။ ဒီကိစ္စကို ထားလိုက်ပါတော့”

ရွှယ်အန်း၏ အကြည့်သည် ဤလူများပေါ်တွင် ဖြတ်ပြေးသွားသည်။ ဤအချိန်တွင် လူတိုင်းသည် မျက်လွှာချထားကြရာ၊ မည်သူမျှ သူ့မျက်လုံးများကို ပြန်မကြည့်ရဲကြပေ။

“ကောင်းပြီ အကုန်လုံးက မင်းအတွက် တောင်းဆိုပေးနေမှတော့…”

လူအုပ်သည် ရွှယ်အန်း လွှတ်ပေးတော့မည်ဟုတွေးကာ စတင်၍ စိတ်အေးသက်သာရသွားသည်။

“ဒါဆို နောက်ထပ် ဆယ်သန်းထပ်ထည့်လိုက်ကြရအောင်”

လူတိုင်းအံ့သြသွားသည်။ ဟုန့်မင်၏ မျက်နှာသည် အလွန်အမင်း ရုပ်ဆိုးနေ၏။

သန်းသုံးဆယ်ဟူသော ပမာဏသည် သေးငယ်သော ပမာဏတစ်ခုမဟုတ်ပေ။ သူ့မိသားစုသည် ချမ်းသာကြွယ်ဝသည်မှန်သော်လည်း ငွေသည် သစ်ပင်ပေါ်၌ အလွယ်တကူသီးခြင်းမဟုတ်ပေ။ အထူးသဖြင့် လက်ရှိ သူသည် သူ့မိသားစုလုပ်ငန်းကို လွှဲပြောင်းမယူရသေးသဖြင့် သူ့မိသားစုမှပေးသည့် မုန့်ဖိုးကို မှီခိုနေရခြင်းဖြစ်သည်။ ထိုမုန့်ဖိုးသည် မနည်းသော်လည်း ယွမ်သန်းသုံးဆယ်နှင့်တော့ များစွာကွာခြား၏။ သို့သော် ထိုအချိန်တွင် အပြင်ဘက်ဆီမှ အမျိုးသမီးများ၏ အော်သံများ ပေါ်ထွက်လာသည်။ ရွှယ်အန်း၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားလျက် သီးသန့်ခန်း၏ တံခါးကို ကန်၍ ဖွင့်လိုက်သည်။

ရွှယ်အန်းနှင့်အတူ၊ အခန်းတွင်းမှ အခြားသူများလည်း ထွက်လာကြသည်။

စင်္ကြံတွင် ဤအခိုက်အတန့်၌ ငှက်သိုက်ကဲ့သို့ ဆံပင်ကို အရောင်စုံစိုးထားသော ယောက်ျားတစ်ယောက်နှင့်အတူ နောက်လိုက်အချို့သည် ဖန်းမင်ရွှယ်၊ ထန်ရွှမ်အာနှင့် အခြားသူများကို ဝန်းရံထား၏။

“ကြက်မ၊ တံခါးပေါက်မှာတည်းက ငါမင်းကို သတိထားမိတယ်။ မင်းအရမ်းလှတာကို ဘာလို့ အဲ့လိုမျိုး အရှုံးသမားကို တွယ်ကပ်နေတာလဲ။ ဒီက အစ်ကိုကြီးနဲ့ ဘာလို့ မလိုက်တာလဲ။ ငါက အရည်အချင်းရှိပြီး ကျွမ်းကျင်တယ်၊ မင်း ကျေနပ်စေရမယ်လို့ အာမခံနိုင်တယ်ကွ”

ထန်ရွှမ်အာသည် အလွန်ဒေါသဖြစ်သဖြင့် မျက်နှာတစ်ခုလုံးနီမြန်းလျက်၊ ခဏတာမျှ ဆွံ့အသွားသည်။

“အရှက်မရှိ အောက်တန်းစား ငါတို့ကို သွားခွင့်ပေး၊ မဟုတ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေကို နင်ရင်ဆိုင်ရလိမ့်မယ်”

“ဒီတစ်ယောက်က ပိုကြည့်ကောင်းတယ်။ အကျိုးဆက်တွေကို ရင်ဆိုင်ရမယ်ဟုတ်လား။ ဒီ ပေကျန်းမှငါ့ကို ဘယ်သူမှ ဒီလိုမပြောရယ်ဘူး” ထိုယောကျားက လှောင်ရယ်လိုက်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှယ်အန်း၏ မျက်လုံးထဲတွင် သတ်ပစ်ချင်စိတ်များပေါ်ထွက်လာသည်။ ဟုန့်မင်သည် ဤလူကို မြင်သည်နှင့် ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ ငိုရှိုက်လျက် ချက်ချင်းပြေးလာသည်။

“အစ်ကိုခွန်း ကျုပ်ကို ကယ်ပါ အစ်ကိုခွန်း ကျုပ်ကို ကယ်ပါ”

ထိုအခါမှသာ အစ်ကိုခွန်းဟူသော ဤလူသည်ဟုန့်မင်ကို သတိထားမိသွားသည်။

“ အား သခင်လေးဟုန့်မဟုတ်ဘူးလား၊ ဘာလို့ မင်းမျက်နှာက သွေးတွေ အပြည့်ဖြစ်နေတာလဲ”

ဤအခိုက်အတန့်တွင် ဆုန်ကျင်းသည် သခင်ကို မြင်လိုက်သော ခွေးတစ်ကောင်ကဲ့သို့ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်သည်။ အစ်ကိုခွန်းသည် ရွှယ်အန်းဘက်သို့လှည့်၍ ခဏတာမျှ ထိတ်လန့်နေပြီးသည့်နောက်၊ ကဲ့ရဲ့ ရယ်မောလိုက်သည်။

“ငါကတော့ ကြမ်းတမ်းတဲ့ကောင်တစ်ကောင်ကောင် ရောက်လာတယ်ထင်နေတာ၊ သနားစရာကောင်းတဲ့အရှုံးသမားဖြစ်နေတာပဲ”

ဤအစ်ကိုခွန်းသည် နဂါးဧကရာဇ်ဟိုတယ်အဝင်ဝတွင် ရွှယ်အန်းအား တောသားတစ်ယောက်ဟုသတ်မှတ်၍ လှေင်ရယ်ဟားတိုက်နေ၏။ ယခု အစ်ကိုခွန်းသည် မည်သူမည်ဝါဖြစ်ကြောင်း ရွှယ်အန်း၏ အတန်းဖော်များမှ သတိထားမိသဖြင့် တစ်ဦးနှင့်တစ်ဦး တီးတိုးပြောဆိုလိုက်ကြသည်။

“လူသတ်သမားခွန်း၊ တကယ်လူသတ်သမားခွန်းပဲ”

“ဒီကောင်က အရမ်းရက်စက်တယ်လို့ ငါကြားဖူးတယ် သူကနဂါးဧကရာဇ်ဟိုတယ်ရဲ့ သူဌေးကြီးတုဖန်ရဲ့ လက်အောက်မှာလုပ်တာ”

“သခင်လေးဟုန်က ဒီလုခွန်းနှင့် ဆက်ဆံရေးကောင်းတဲ့ပုံပဲ။ ပွဲကတော့ စိတ်ဝင်စားဖို့ကောင်းတော့မယ်”

လုခွန်းက ဟုန့်မင်၏ ပခုံးကို ပုတ်၍

“စိတ်မပူနဲ့၊ အစ်ကို ဒီကိစ္စကိုကူညီပေးမယ်၊ ဒါပေမယ့် ဒီကောင်မလေးနှစ်ယောက်က မင်းရဲ့ အတန်းဖော်တွေပဲမလား”

ဟုန့်မင်က တုန်လှုပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

လုခွန်း၏ အပြုံးသည် ပို၍ ကြီးမားလျက်

“ဒါဆိုရင် အစ်ကိုက အပြင်လူတစ်ယောက်မဟုတ်တော့ဘူးပဲ၊ နောက်ကျရင် ကောင်မလေးနှစ်ယောက်ကို ထမင်းစားဖို့ ဖိတ်ချင်တယ်၊ မင်းဘယ်လိုထင်လဲ”

မေးခွန်းတစ်ခုကဲ့သို့ ထင်ရသော်လည်း လုခွန်းသည် အမြဲမောက်မာ၍ အမိန့်ပေးတတ်‌သော မြို့တောင်ပိုင်းမှ သူဌေးကြီးတစ်ဦး၏ နောက်လိုက်ဖြစ်ကြောင်း ကောင်းစွာသိသည်။ သူပြောသမျှအရာအားလုံး ဖြစ်ကိုဖြစ်လာရလိမ့်မည်ပင်ဖြစ်သည်။

ဟုန့်မင်သည် ခဏတာမျှတွန့်ဆုတ်နေပြီးနောက် အကြိတ်လိုက်မိသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဖန်းမင်ရွှယ်နှင့် ပတ်သက်ရန် အခွင့်အရေးမရနိုင်တော့မည်မှာ သေချာသည့်အပြင်၊ လုခွန်းသည်လည်း သူဆန့်ကျင်နိုင်မည့်လူမျိုးမဟုတ်ပေ။ ထို့ကြောင့် ရေစီးအတိုင်းလိုက်သွားခြင်းသည် သူ့အတွက် အကျိုးနည်းလိမ့်မည်မဟုတ်သဖြင့် ဟုန့်မင် ခေါင်းညိတ်လိုက်သည်။

လုခွန်းသည် ခေါင်းလှည့်ကာ၊ ဆိုးယုတ်စွာပြုံးလိုက်သည်။

“ကလေး၊ အခု ငါမင်းကို ရွေးချယ်စရာနှစ်ခုပေးမယ်၊ တစ်ခုက ဒူးထောက်ပြီး သခင်လေးဟုန့်ကို တောင်းပန်လိုက်၊ သူကျေနပ်ရင် ငါမင်းကို သွားခွင့်ပေးမယ်။ နောက်တစ်ခုကတော့ မင်းကို ဒီည ငါးမန်းစာကျွေးပစ်မယ်”

သို့သော် ထိုအခိုက်အတန့်တွင် ကလေးတစ်ယောက်၏ အသံတစ်ခု ထွက်ပေါ်လာ၏။

“ဦးလေး ကြက်သိုက် မြစ်ထဲမှာ ငါးမန်းတွေမရှိဘူး၊ ငါးမန်းတွေက ပင်လယ်ထဲမှာရှိတာ။ သိလား”

ထိုစကားကို ပြောရဲသူသည် ရွှယ်ရှန်းပင်ဖြစ်၏။ လုခွန်း၏ အမူအရာသည် ရုတ်တရက် စိတ်ဝင်စားစဖွယ်ဖြစ်လာသည်။

“မင်းဆံပင်ကို အရမ်းကြိုက်တာလား” ရွှယ်အန်းက ခပ်ပါးပါးပြုံး၍မေးသည်။

“ဘာ”

“မင်းဆံပင်ကို အရမ်းကြိုက်လားလို့ ငါမေးနေတာ။ မဟုတ်ရင် မင်းဘာလို့ အရောင်တွေအများကြီးဆိုးမှာလဲ”

လုခွန်းက သူ့ဆံပင်ကိုဂုဏ်ယူစွာကိုင်၍ ပြောလိုက်သည်။

“ဒါပေါ့။ ငါ့ဆံပင်က အရမ်းတန်ဖိုးရှိတယ်”

“ကောင်းတယ်”

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ဘယ်ခြေထောက်ဖြင့် မြေကြီးကို ကန်လိုက်ရာ၊ ကျည်ဆန်တစ်စင်းကဲ့သို့ တစ်ရှိန်ထိုးပေါ်ထွက်လာ၏။ လုခွန်း၏ရှေ့တွင် လူအနည်းငယ်ခန့်လာရပ်သည်။ ရွှယ်အန်းက ၎င်းတို့ကို အဆက်မပြတ် လက်သီးဖြင့်ထိုးလိုက်ပြီးနောက်၊ ထိုသူများအားလုံး လျင်မြန်စွာ လူစုကွဲသွားရာ၊ နောက်ဆုံးတွင် ရွှယ်အန်းသည် လုခွန်း၏ လည်ပင်းကိုဖမ်းဆွဲလိုက်သည်။

“မင်း.. မင်း ဘာလုပ်နေတာလဲ၊ ငါက အစ်ကိုတုရဲ့လူ… မင်း…”

ရွှယ်အန်းသည် လက်ကို အပေါ်သို့ ဖြည်းညှင်းစွာမလိုက်ရာ၊ လုခွန်း၏ ခြေထောက်များသည် လေထဲတွင်မြောက်လျက်၊ အသက်ရှုကြပ်သဖြင့် မျက်လုံးများပင် မျက်ဖြူဆိုက်နေ၏။ လုခွန်း၏ မျက်နှာသည် အစိမ်းရောင်ပြောင်းလုနီးပါးဖြစ်သောအခါတွင်မှ ရွှယ်အန်းကလက်လွှတ်ပေးလိုက်သည်။ ထို့နောက်၊ လုခွန်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာကျသွား၏။

“သူတို့ မျက်လုံးတွေကို အုပ်ထားလိုက်”ရွှယ်အန်းက နူးညံ့စွာပြောလိုက်သည်။

ဖန်းမင်ရွှယ်နှင့် ထန်ရွှမ်အာတို့သည် ချက်ချင်းနားလည်သဘောပေါက်သွားကြသဖြင့် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့၏ မျက်လုံးများနှင့် နားများကို ပိတ်ထားလိုက်ကြသည်။

ထို့နောက် ရွှယ်အန်းသည် လုခွန်း၏ ဆံပင်ကို ကိုင်၍ အားအနည်းငယ်ဖြင့် ဆွဲလိုက်သည်။

‘ငြိမ်းချမ်းစွာ အိပ်စက်နိုင်စေသော်ဝ်’

ရွှယ်အန်းသည် လုခွန်း၏ဆံပင်အဖုတ်လိုက်ကို၊ ရက်စက်စွာ ဆုတ်ဖြဲပစ်လိုက်သည်။ လုခွန်းက သနားစဖွယ်ကောင်းစွာ အော်ဟစ်ပစ်လိုက်၏။ ရွှယ်အန်းသည် သူ့သမီးများကို စိတ်အနှောက်အယှက်မဖြစ်စေချင်သဖြင့် လုခွန်း၏ မေးရိုးကို သူ၏ ညာဘက်လက်ဖြင့် ကိုင်၍ဆွဲဖြုတ်ပစ်လိုက်သည်။

ထို့နောက်၊ ရွှယ်အန်းသည် ကြက်သွန်မိတ်များကို ဆွဲထုတ်သကဲ့သို့ ရွှယ်အန်း၏ ဆံပင်များကို တစ်ဆုပ်ချင်း နှုတ်ပစ်လိုက်သည်။

အခန်း(၁၇) သတ်ပစ်လိုက်

ဘေးမှကြည့်နေသော ဟုန့်မင်သည် ဤသွေးသံရဲရဲမြင်ကွင်းကြောင့် ဝိဉာဥ်လွင့်မတက်ခံစားနေရပုံပေါ်သည်။ ဆံချည်မျှင်တစ်စုစီသည် ဦးရေပြားမှ ပြင်းထန်စွာဆွဲနှုတ်ခံနေရ၏။ ဆွဲနှုတ်လိုက်သည့်အချိန်တိုင်းတွင် လုခွန်း၏ တစ်ကိုယ်လုံးတုန်ယင်သွားလျက်၊ ညည်းညူသံတစ်ခုပေါ်ထွက်လာသည်။ သို့သော် ရွှယ်အန်းသည် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် မည်သို့မျှ မထူးခြားသော အမူအရာဖြင့် လုပ်ဆောင်လျက်ရှိသည်။ နောက်ဆုံးတွင် ရွှယ်အန်းသည် သူ၏လက်များကိုပွတ်သပ်၍ ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

“အခုပိုပြီးကြည့်လို့ကောင်းသွားပြီ”

ဤအခိုက်အတန့်တွင် လူတိုင်း အလိုလိုနောက်ဆုတ်သွားကြသည်။ အထူးသဖြင့် ဟုန့်မင်၏ ခြေထောက်များသည် တုန်ယင်နေ၏။ ရွှယ်အန်း သူ့ဘက်သို့လှည့်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက်၊ နောက်ဆုတ်ရုံမှတပါး အခြားမတတ်နိုင်တော့ပေ။

“မလာနဲ့… ဒီကိုမလာနဲ့ မင်းပြီးသွားပြီ၊ ဒီလုခွန်က အစ်ကိုဖန်ရဲ့လူပဲ၊ အစ်ကိုဖန်က မင်းကို လွယ်လွယ်နဲ့လွှတ်ပေးမှာမဟုတ်ဘူး” ဟုန့်မင်က တုဖန်အကြောင်းစဥ်းစား၍ သူ၏ယုံကြည်ချက်များကို ပြန်လည်မြှင့်တင်လိုက်သည်။

ထိုသို့သော ကိစ္စကြီးတစ်ခုဖြစ်ပြီးလျှင် တစ်စုံတစ်ယောက်ပေါ်လာရန် အချိန်တန်ပြီဟု ဟုန့်မင်ခန့်မှန်းမိသည်။ ထိုအချိန်တွင် စင်္ကြံမှ ခြေသံများစွာ ပေါ်ထွက်လာပြီးနောက်၊ ဒေါသထွက်နေသောယောက်ျားတစ်ယောက်၏ အသံပေါ်ထွက်လာသည်။

“ဘယ်သူလဲ၊ တုဖန်ရဲ့လူတွေကို ဘယ်သူထိရဲတာလဲ”

အသံနှင့်အတူ ထွားကြိုင်းသန်မာသောယောက်ျားတစ်ယောက်သည် နောက်လိုက်များစွာကို ဦးဆောင်လာ၏။ တုဖန်းသည် နဂါးဧကရာဇ်ဟိုတယ်ကို စီမံခန့်ခွဲရန် တာဝန်ယူထားရာ၊ ပုံမှန်အားဖြင့် သူလုပ်စရာဟူ၍ ခပ်များများမရှိပေ။ နောက်ဆုံးတွင်မူ တုဖန်၏ အမည်နှင့် ဂုဏ်သတင်းကို ကောင်းစွာ တည်ဆောက်ထားသဖြင့် အချို့သော အရက်သမားများ ပြဿနာရှာလျှင်ပင် လုခွန်းမှ ကိုင်တွယ်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် တုဖန်၏ နေ့စဥ်လုပ်ငန်းမှာ စားသောက်ပျော်ပါးခြင်းတို့သာပါဝင်၏။ သို့သော် ယနေ့တွင်မူ၊ ဧည်သည်တချို့နှင့် သူသောက်စားနေချိန်၌ တစ်စုံတစ်ခုမှားယွင်းနေကြောင်းနှင့် လုခွန်းအရိုက်ခံရကြောင်း လူတစ်ယောက်မှ အကြောင်းကြားခဲ့သည်။

မှန်သည်။ တုဖန်သည် အလွန်အမင်းဒေါသဖြစ်ကာ၊ လုံခြုံရေးဝန်ထမ်းများကိုခေါ်၍ အမြန်ရောက်ချလာခဲ့သည်။ တုဖန်ရောက်လာသည်ကို မြင်သောအခါ၊ ဟုန့်မင်၏ မျက်လုံးများ တောက်ပသွားသည်။ ဤတုဖန်သည် တောင်ပိုင်းမြို့တော်မှ အစ်ကိုကြီးအဆင့်ပုဂ္ဂိုလ်ဖြစ်သဖြင့် သူ့အဖေနှင့်တွေ့လျှင်ပင်မူ၊ ဦးညွတ်ခေါင်းညိတ်ကာ အရိုအသေပေးရသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် ဟုန့်မင်သည် အလွန်စိတ်လှုပ်ရှားနေမိသည်။

“ရွှယ်အန်း အစ်ကိုဖန်လာပြီ၊ မင်းအခု ဘယ်လောက် မောက်မာနိုင်ဦးမလဲဆိုတာ ကြည့်ချင်သေးတယ်”

တုဖန်ကို မြင်လိုက်ရသောအခါ လုခွန်းသည် မျက်ရည်များကျဆင်းလာပြီးနောက်၊ တွားသွားရန်ပင် အလွန်ရုန်းကန်နေရသည်။ လုဖန်၏ ဆံပင်များအားလုံးဆွဲနှုတ်ခံထားရသဖြင့် ဘဲခေါင်းကဲ့သို့သွေးများဖြင့် ရဲရဲနီနေသည့် သနားဖွယ်အခြေအနေကို မြင်လိုက်ရသောအခါ၊ လုခွန်းလန့်ဖျပ်သွားရသည်။

“အစ်ကိုဖန်… အစ်ကိုဖန်.. ကျုပ်ကို လက်စားချေပေးပါ။ ဒီကောင် ကျုပ်ဆံပင်မွှေးတွေအကုန်ဆွဲနှုတ်ပစ်လိုက်တယ်” လုချင်းမေးစေ့ကို တစ်စုံတစ်ယောက်မှ ကိုင်ထားပေးလိုက်သောအခါ၊ သူငိုကြွေးလိုက်သည်။ လုခွန်းသည် သူ၏ နောက်လိုက်အဖြစ်နှစ်ပေါင်းများစွာရှိလာခဲ့ရာ၊ ဤနည်းဖြင့် ကိုင်တွယ်ခံလိုက်ရသဖြင့် အလွန်အမင်းဒေါသထွက်လာခဲ့သည်။ ဤသည်ကား သူ၏ ဂုဏ်သိက္ခာကို မထီမဲ့မြင်ပြု၍ စော်ကားလိုက်ခြင်းပင်ဖြစ်သည်။

“စိတ်မပူပါနဲ့ ငါ မင်းလက်စားချေဖို့ ဒီကောင့်ကို အသက်ရှင်လျက်အရေခွံဆုတ်ပေးမယ်”

လုခွန်းက ငို၍ ခေါင်းညိတ်လိုက်သည်။ ဤအခိုက်အတန့်တွင် တုဖန်သည်ခေါင်းကို မော့၍ အေးစက်စွာပြော၏။

“ဒါဘယ်သူလုပ်တာလဲ၊ ထွက်လာခဲ့စမ်း”

တစ်နေရာလုံး တိတ်ဆိတ်သွားသည်။

“ဘာလဲ၊ လုပ်ရဲပေမယ့် မခံရဲဘူးလား”

“အစ်ကိုဖန်၊ အဲ့တာ ဒီကောင်လုပ်တာပါ။ ကျုပ်တို့တွေ့လိုက်တယ်”

တုဖန်က တစ်ချက်ကြည့်လိုက်ပြီးနောက်ရပ်သွားသည်။ ရွှယ်အန်းသည် လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်၍ တုဖန်အား တည်ငြိမ်သောအမူအရာဖြင့် ကြည့်လိုက်သည်။

“ဒါဆို မင်းက တုဖန်ပေါ့”

ထိုယောက်ျား၏အကြည့်သည် အလွန်စူးရှပြင်းထန်သောကြောင့် တုဖန်သည် ကျောရိုးထဲထိအေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤသို့သော တည်ရှိမှုမျိုးကို အခြား မည်သူ့ထံတွင်မျှ မမြင်ခဲ့ဖူးပေ။

တုဖန်သည် ခေါင်းညိတ်လိုက်သည်။

“ငါက တုဖန်”

ရွှယ်အန်းက သူ့ထံသို့ လမ်းလျှောက်လာပြီးနောက် မျက်နှာတည့်တည့်သို့ လက်သီးဖြင့်ထိုးလိုက်သည်။ သို့သော်တုဖန်သည် လျင်မြန်စွာ တုံ့ပြနိုင်လိုက်သဖြင့် ထိုးချက်ကို ကပ်သီလေးရှောင်တိမ်းနိုင်လိုက်၏။

လက်သီးသည် တုဖန်၏ နှာခေါင်းကို ထိမှန်သွားပြီးနောက်၊ နံရံပေါ်သို့ သက်ဆင်းသွားသည်။

မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော အသံနှင့်အတူ နံရံတစ်ခုလုံး ပြိုကျသွားသည်။ လွင့်ပျံလာသော ဖုန်မှုန့်များအကြားတွင် တုဖန်သည် ကြောက်လန့်တကြားဖြင့် အော်လိုက်သည်။

“နားလည်မှုလွဲတာ နားလည်မှုလွဲတာ”

သို့သော် ရွှယ်အန်းသည် သူ့အား ရှင်းပြရန် အခွင့်အရေးမပေးခဲ့ပေ။ လူမြောက်များစွာ၏ နှောက်ယှက်ခြင်းကို နေ့တစ်ဝက်ကြာမျှ ခံစားခဲ့ပြီးနောက် ရွှယ်အန်း စိတ်ကုန်လာပြီဖြစ်သည်။ မည်သူပင်ဖြစ်စေကာမူ သူဌေးဖြစ်နေသည့်အတွက် သူ့ကို သတ်လိုက်ခြင်းသည် အဆုံးသတ်ပင်ဖြစ်ပေလိမ့်မည်။

ယင်းကို ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအပေါ် ထိန်းချုပ်ခြင်းဟု ခေါ်၏။

သို့သော် ထိုအချိန်တွင် ထွားကျိုင်းသော ယောက်ျားတစ်ယောက်ရောက်လာကာ၊ တုဖန်သည် ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

“ဘလက်ကီ၊ ငါ့ကို ကယ်ပါ”

ရွှယ်အန်းကို မြင်လိုက်ရသောအခါ၊ ထွားကျိုင်းသောယောက်ျားကြီး၏ မျက်နှာသည် သိသာစွာပြောင်းလဲသွားသော်လည်း စိတ်ပျက်အားငယ်စွာဖြင့် ရွှယ်အန်းကို ရင်ဆိုင်လိုက်သည်။ ထိုအခိုက်အတန့်တွင် ရွှယ်အန်းသည် လက်သီးတစ်ချက် ထပ်မံထိုးလိုက်သည်။ ထွားကျိုင်းသောယောက်ျားသည် အချိန်မီရောက်လာပြီးနောက်၊ ခွန်အားရှိသမျှကို ညာဘက်လက်သီးထဲသို့ စုစည်း၍ ရွှယ်အန်း၏ လက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ရွှယ်အန်း၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်။ လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသော အသံသည် ဤနေရာ၌ တည်ရှိနေသူအားလုံးကို ၎င်းတို့၏ နှလုံးသားများ ခုန်သွားသကဲ့သို့ ခံစားလိုက်စေသည်။ ထို့နောက် ထွားကျိုင်းသော ယောက်ျားသည် ခြေလှမ်းတစ်ဒါဇင်ကျော်ခန့် နောက်သို့ပြန်ဆုတ်၍ သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ ထွားကျိုင်းသောယောက်ျားကို မြင်လိုက်ရသဖြင့် အောင်နိုင်တော့မည်ဟု အခိုင်အမာတွေးထားသော တုဖန်သည် ယခုအခါ အမှန်တကယ်ပင် ထိတ်လန့်သွားသည်။

ဤထွားကျိုင်းသောယောက်ျားသည်ပင် ဤလူနှင့် မယှဥ်နိုင်သလော။

“မစ္စတာရွှယ်၊ ညှာတာပေးလို့ ကျေးဇူးတင်ပါတယ်”

ထွားကျိုင်းသောယောက်ျားသည် ပါးစပ်ထောင့်မှ သွေးများကို သုတ်၍ ခါးသက်စွာပြုံး၍ ပြောလိုက်သည်။

ရွှယ်အန်းသည် အမှတ်တကယ်ပင် ထိန်းချုပ်ထားခဲ့ခြင်းဖြစ်ကြောင်း သူသာလျှင်သိသည်။ မဟုတ်လျှင် သူဤနေရာ၌ မတ်တပ်ပင် ဆက်လက်ရပ်နေနိုင်မည်မဟုတ်ပေ။

ရွှယ်အန်းသည် လက်သီးကို ပြန်ရုတ်လိုက်၏။

“မင်း ဒီမှာ ဘာလုပ်နေတာလဲ”

ဤထွားကျိုင်းသော ယောက်ျားသည် ချင်းယွမ်၏ သက်တော်စောင့်ဖြစ်သည့် ဘလက်မှတပါးအခြားသူမဟုတ်ပေ။

“နဂါးဧကရာဇ်ဟိုတယ်က လုံတိုင်အဖွဲ့ရဲ့ ပိုင်ဆိုင်မှုတစ်ခုပပဲလေ”

“ချင်းယွမ်ဒီမှာမဟုတ်ဘူးလား”

“သခင်ကြီးက အခု ကုမ္ပဏီကိစ္စရပ်တွေနဲ့ အလုပ်များနေတယ်”

တုဖန်၏ တစ်ကိုယ်လုံးအေးစက်လာကာ၊ ချွေးစေးများကျလာသည်။

ဤလူသည် အတိအကျမည်သူနည်း။

ဘလက်ကီက အဘယ်ကြောင့် သူ့အား မစ္စတာရွှယ်ဟု တလေးတစား ခေါ်ဆိုနေသနည်း။

သခင်ကြီးကိုပင် နာမည်တပ်၍ ခေါ်နိုင်သလား။

တုဖန်သည် စျေးကွက်တွင် နာမည်ကြီးသော်လည်း အမှန်စင်စစ်တွင် သူသည် လုံတိုင်အဖွဲ့မှမွေးမြူထားသည့် ခွေးတစ်ကောင်သာဖြစ်သည်။ ချင်းယွမ်မပြောနှင့်၊ ချင်းယွမ်၏ သက်တော်စောင့်တစ်ယောက်ကိုပင် တုဖန်သည် လေးစားမှုအပြည့်နှင့် ဆက်ဆံရမည်ဖြစ်သည်။ ချင်းမိသားစု၏ တည်ရှိမှုအောက်တွင် သူ၏ သြဇာလွှမ်းမိုးမှုဟူသည် ဟာသတစ်ခုဖြစ်ကြောင်း သူသိရှိထားသည်။ ဟုန့်မင်သည်မူ မျက်နှာဖြူဖျော့၍ စကားတစ်လုံးမျှပင် မပြောနိုင်တော့သည်။ မှန်သည်။ သူ ဘလက်ကို သိသည်။ ထို့ကြောင့် လုံတိုင်အဖွဲ့တွင် ဤပုဂ္ဂိုလ်၏ အနေအထားသည် မည်သို့ဖြစ်ကြောင်းကိုလည်း သူသိသည်။

ထိုသို့သော ကျော်ကြားမှုအပြည့်ရှိသည့်လူတစ်ယောက်သည် ရွှယ်အန်းအပေါ်တွင် အလွန် ယဥ်ကျေးနေခြင်းကင် သူမည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုလိုက်ခြင်းပင်ဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် မမလေးလာနေပြီလို့ပြောတယ်၊ မကြာခင်ရောက်လာမှာပါ”

သူ့စကားဆုံးသည်နှင့် မကြာမီတွင်ပင် ခက်ထန်သော မျက်နှာထားဖြင့် ချင်းယွီသည် လမ်းလျှောက်ဝင်လာ၏။ တုဖန်သည် တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်၍ ခေါင်းကို အမြန်ငုံ့ကာ၊ သူ့မအား နှုတ်ခွန်းဆက်သလိုက်သည်။

“မမလေး”

သို့သော် ချင်းယွီသည် သူ့အား တစ်ချက်ပင်မကြည့်၊ ရွှယ်အန်းထံသို့သာ တည့်တည့်လျှောက်သွား၏။

“မစ္စတာရွှယ်”

ဤအခေါ်အဝေါ်သည် ဟုန့်မင်၏ မျှော်လင့်ချက်ကို လုံးလုံးလျားလျား ချေမွပစ်လိုက်သည်။

သူ့အဖေနှင့် အဆင့်အတန်းမြင့်အစည်းအဝေးပွဲသို့ တက်ရောက်သောအခါ၊ ချင်းယွီအား အဝေးမှ တစေ့တစောင်းသာ မြင်ဖူးခဲ့သည်။ သို့သော် ထိုမျှသာဖြစ်ကာ၊ သူမနှင့် စကားပင်မပြောဖူးခဲ့ပေ။ သူ့အတွက်မူ ချင်းယွီသည် ကောင်းကင်ပေါ်မှ ကြယ်တစ်ပွင့်ကဲ့သို့ပင်၊ သူလိုချင်တောင့်တနိုင်သော်လည်း မည်သည့်အချိန်တွင်မှ မရနိုင်သည့်အရာတစ်ခုဖြစ်သည်။ သူ့ကိုယ်သူဂုဏ်ယူခဲ့သမျှသည် ရွှယ်အန်းအရှေ့တွင် တန်ဖိုးမဲ့ကြောင်း သူနောက်ဆုံးတွင် သိလိုက်ရပြီဖြစ်သည်။ အစပိုင်းတွင်တည်းက ရွှယ်အန်းသည် သူပြောသမျှကို ဂရုမစိုက်ခြင်းမှာ အံ့သြဖွယ်မဟုတ်တော့ပေ။ နောက်ဆုံးတွင်မူ၊ ဤအရာများအားလုံးသည် သူ့အတွက် လုံးလုံးအရေးမပါခဲ့ပေ။

ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။

ချင်းယွီက မျက်မှောင်ကြုတ်၍ ပတ်ဝန်းကျင်ကို ကြည့်ကာ၊ အသံမာမာဖြင့် မေးလိုက်သည်။

“ဘာဖြစ်တာလဲ”

တုဖန်သည် ချွေးများ ရွှဲရွှဲဆိုလျက် အထစ်ထစ်အငေါ့ငေါ့ဖြင့် စတင်ရှင်းပြသည်။

လုခွန်းသည်မူ အစောပိုင်းတည်းက ကြောက်စိတ်ကြောင့် မူးမေ့လဲနေပြီဖြစ်သည်။

အခန်း(၁၈) ငွေလွှဲမလား၊ ငွေသားနဲ့ချေမလား

“မစ္စ… မစ္စ ကျွန်တော်လည်း မသိဘူး။ လူတွေအများကြီးရန်ဖြစ်နေကြတယ်ကြားလို့ ဒီကို ပြေးလာခဲ့တာ။ မစ္စတာရွှယ်က အကုန်လုံးကို အလဲသိပ်ထားတာပဲတွေ့လိုက်ရတယ်” တုဖန်က ပြောသည်။

“မစ္စတာရွှယ်က ငါတို့အဖွဲ့ရဲ့ လေးစားရတဲ့ဧည့်သည်ဆိုတာ မသိဘူးလား”

“ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့။ ကျွန်တော်မျိုး သေသင့်ပါတယ်။ ကျွန်တော်မျိုးသေသင့်ပါတယ်။ ကျွန်တော်မျိုး မသိခဲ့ပါဘူး” တုဖန်က ခေါင်းညိတ်ကာ၊ ခေါင်းနှင့် မြေကြီးထိသည်အထိ ဦးညွတ်နေ၏။

“ဒီကောင့်ကို ခေါ်သွားစမ်း၊ နဂါးဧကရာဇ်ဟိုတယ်နားကို သူနောက်တစ်ခေါက်ထပ်မလာစေနဲ့”

“နားလည်ပြီ၊ နားလည်ပါပြီ” တုဖန်သည် လုခွန်းကို ခွေးတစ်ကောင်ကဲ့သို့ ဆွဲထုတ်ရန် သူ့လူများကို အမိန့်ပေးလိုက်သည်။

ဤအခိုက်အတန့်တွင် ဟုန့်မင်နှင့် ဆုန်ကျင်းတို့သည် အခြေအနေမကောင်းတော့သည်ကိုသိ၍ တိတ်တဆိတ်ရှောင်ထွက်ရန် ကြိုးစားနေကြ၏။

“နေပါဦး” ရွှယ်အန်းက ခပ်ပေါ့ပေါ့ပြောလိုက်သည်။

ဟုန့်မင်သည် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ၊ မလှုပ်ပင်မလှုပ်ဝံ့တော့ဘဲ၊ နေရာ၌သာ တောင့်တင်းနေမိသည်။

“အဲ့လိုပဲထွက်သွားတော့မှာလား” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

ဟုန့်မင်၏ အပြုံးသည် ငိုသည်ထက်ပို၍ အရုပ်ဆိုးနေ၏။

“ရွှယ်အန်း မဟုတ်ဘူး၊၊ မဟုတ်ဘူး မစ္စတာရွှယ်၊ ငါမှားသွားတာ ငါသိပါပြီ၊ ငါအခုချက်ချင်းသွားပြီး မင်းအတွက် ပိုက်ဆံသန်းသုံးဆယ်သွားယူပေးမယ်”

ရွှယ်အန်းကမူ ခေါင်းခေါင်၍ အေးစက်စွာပြန်ပြောလိုက်သည်။

“သန်းသုံးဆယ်က ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မင်းထင်နေလား”

ဟုန့်မင်သည် ငိုယို၍ ဒူးထောက်လိုက်သည်။

“မစ္စတာရွှယ် ငါရှုံးပါပြီ၊ ငါအရှုံးပေးပါတယ်။ ဒီတစ်ခါတော့ ငါ့ကို သက်ညှာပေးပါ”

“ဘာတွေဖြစ်နေတာလဲ” ချင်းယွီက အနည်းငယ်အံ့သြ၍ ပြောလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ သူ ငါ့လက်ဆောင်ကို ဖျက်ဆီးပစ်လိုက်လို့။ ငါ့ကို လျော်ကြေးပေးဖို့ရှိတာ တောင်းနေတာ”

ထိုအချိန်တွင် ဟုန့်မင်သည် သူ၏ နောက်ဆုံးသော သတ္တိကို စု၍ ချင်းယွီအား ပြောလိုက်သည်။

“မစ္စချင်း ကျွန်တော် ဟုန့်မင်ပါ။ ကျွန်တော့ကို မှတ်မိသေးလားမသိဘူး။ ပွဲတစ်ခုမှာ မမလေးအဖေနဲ့တွေ့ဖူးပါတယ်”

“ဟုန့်မင်ဟုတ်လား ရှင်က ဟုန့်မိသားစုကပေါ့” ချင်းယွီသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“ဟုတ်ပါတယ် မစ္စချင်း၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးတော်မူပါ။ လက်စွပ်က မစ္စတာရွှယ် လမ်းဘေးဆိုင်ကဝယ်လာတာလို့ပြောလို့ ကျွန်တော် လွှတ်ပစ်လိုက်မိတာပါ။ အရမ်းတန်ဖိုးရှိမှန်း ကျွန်တော် တကယ်မသိခဲ့ရပါဘူး” ဟုန့်မင်သည် နှပ်ချေးများ ပေပွကာ၊ မျက်ရည်တဖွဲဖွဲကျနေသည်။

ဤအချိန်တွင် ရွှယ်အန်း၏ အတန်းဖော်များအားလုံး ထိတ်လန့်သွားကြသည်။ ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု မည်သူက မျှော်လင့်ထားလိမ့်မည်နည်း။ ပထမပိုင်းတွင် ရွှယ်အန်း၏ မထင်မရှားနှုတ်ဆိတ်နေထိုင်တတ်မှုကြောင့် လူတိုင်းသည် သူ့အား ဆင်းရဲမွဲတေကာ၊ ဘဝပျက်နေပြီဟုထင်ကြသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းတွင်ပင် မူလက ပြောင်လက်စွာဝတ်စားထားသော ဟုန့်မင်သည် ဒူးထောက်၍ သက်ညှာပေးရန် တောင်းဆိုနေသည်။

ဤကံကြမ္မာပြောင်းလဲမှုသည် အလွန်လျင်မြန်လွန်းသည်။ အနည်းဆုံးအနေဖြင့် ဆုန်ကျင်းသည် ယခုအချိန်ထိ အံ့သြနေသေး၏။ သို့သော် လောင်တိုင်အဖွဲ့၏ မမလေး ချင်းယွီနှင့် ရွှယ်အန်းတို့ ရယ်ရယ်မောမော စကားပြောနေသည်ကိုကြည့်၍ ချင်းယွီသည် ရွှယ်အန်းကို အလွန်လေးစားပုံပေါ်ကြောင်း ဆုန်ကျင်းသတိထားမိသည်။ သူမ၏ ကဲ့ရဲ့ရှုံ့ချမှုကို သတိရ၍ ဆုန်ကျင်းတစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

သူမသည် အဆုံးမဲ့နောင်တများပြည့်နက်စွာဖြင့် ကြောင်အကာ၊ ရပ်တန့်လျက်ရှိသည်။ အကယ်၍ သူမသည် ထန်ရွမ်အာကဲ့သို့ ရွှယ်အန်းနှ၍့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခဲ့မည်ဆိုလျှင် သူမသည် ယခုအကြိမ်တွင် လောင်တိုင်အဖွဲ့နှင့် ချိတ်ဆက်နိုင်လိမ့်မည်ဖြစ်သည်။

အဖြစ်အပျက်ကို နားမလည်လှသော်လည်း ချင်းယွီသည် ရွှယ်အန်းကို ကြည့်၍ ပြောလိုက်သည်။

“သူဘာကို ဖျက်ဆီးလိုက်တာလဲ ကြည့်လို့ရမလား။”

ရွှယ်အန်းက လက်စွပ်ကို ထုတ်ယု၍ ချင်းယွီကို ပေးလိုက်သည်။ ချင်းယွီသည် ၎င်းကို ယူ၍ တစ်ခဏတာမျှ အံ့သြလျက်၊ ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ ဟုန့်မင်သည်မူ ချင်းယွီမှ သူ့အတွက် တရားမျှတမှုကို ရှာပေးနိုင်လိမ့်မည်ဟု မျှော်လင့်၍ အငိုရပ်သွားသည်။

သို့သော် ခဏအကြာတွင် ချင်းယွီသည် လက်စွပ်ကို ရွှယ်အန်းထံသို့ နှမျောစိတ်အချို့ဝင်ကာ၊ ပြန်ပေးလိုက်သည်။

“ဒါက တကယ်ကို အဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုပဲ။ ကျိုးသွားတာ နှမျောစရာပဲ”

ဟုန့်မင်သည် အလွန်တုန်လှုပ်လျက်၊ ရိုးတွင်းချဥ်ဆီထဲအထိ အေးစက်သွားသည်။

အင်အားကြီး လောင်တိုင်အဖွဲ့မှ မမလေးသည် ရွှယ်အန်းနှင့် ပူးပေါင်း၍ သူ့ကို လှည့်စားရန်ကြံစည်နေခြင်းဖြစ်နိုင်သလော။

ချင်းယွီသည် ဟုန့်မင်ကို ကြည့်၍ အေးစက်စွာရယ်မောလိုက်သည်။

“ကျွန်မ ရှင့်ကို လိမ်နေတယ်လို့ ရှင်ထင်နေတယ်မလား။ အမှန်အတိုင်းပြောရရင် ကျွန်မ ငယ်ငယ်လေးတည်းက အရမ်းရှားပါးပြီး ထူးခြားဆန်းပြားတဲ့ ရတနာတွေ တွေ့ဖူးတယ်။ ဒါပေမယ့် ဒီလောက် ရှားရှားပါးပါးနဲ့ ကြည်လင်တဲ့ ရတနာမျိုး မတွေ့ဖူးဘူး။ လမ်းဘေးဆိုင်က ဝယ်ခဲ့တယ်လို့ ရှင်ပြောလိုက်တာလား”

ထို့နောက်၊ ချင်းယွီသည် ရွှယ်အန်းကို ကြည့်၍ ဆက်ပြော၏။

“မစ္စတာရွှယ်၊ ဒီလက်စွပ်ကို လေလံတင်ရောင်းမယ်ဆိုရင် အနည်းဆုံး သန်းငါးဆယ်ပဲ”

ဟုန့်မင်သည် သူ၏ နောက်ဆုံဂ ထွက်သက်ကို ရှိုက်တော့မည့်အလား၊ လည်ချောင်းထဲတွင် တခစ်ခစ်မြည်နေ၏။

‘သန်းငါးဆယ်’

ဤပမာဏသည် ဟုန့်မင်အား ကြယ်များ၊ လများကို မြင်စေ၏။

“တကယ်တော့၊ ငါတို့က ကျောင်းနေဖက်တွေဖြစ်ပေမယ့် ငါသူ့ကို ရိုက်ခဲ့တာကလွဲရင် အရမ်းတော့ မရက်စက်သင့်ဘူး”

ဤစကားများသည် ဟုန့်မင်၏ မျှော်လင့်ချက်ကို ပြန်လည်ရှင်သန်လာစေ၏။

“ရွှမ်အာ၊ မင်းဆေးရုံမှာအလုပ်လုပ်တာဆိုတော့ သူ့ဒဏ်ရာကို ကုသဖို့ ဘယ်လောက်ကုန်ကျနိုင်လဲ”

ထန်ရွှမ်အာက ခဏမျှတုံ့ဆိုင်းနေပြီးနောက်၊ ပြန်ဖြေ၏။

“ပတ်တီးစည်းရုံအတွက်ပဲဆိုတော့ ယွမ်တစ်ရာကို မကျော်ပါဘူး”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ဒါဆို ယွမ်တစ်ရာပဲထားလိုက်ရအောင်၊ ဒီလိုဆိုရင် မင်း ငါ့ကို ယွမ်လေးဆယ့်ကိုးသန်း၊ ကိုးသိန်း ကိုးသောင်း ကိုးထောင့် ကိုးရာတိတိ အကြွေးတင်နေတယ်”

ရွှယ်အန်း၏ အပြုံးသည် အလွန်စူးရှ တောက်ပလျက်ရှိသည်။

“ဟုန့်မင်၊ မင်း ဒီပမာဏကို ဘဏ်အကောင့်နဲ့ လွှဲပေးမလား၊ ငွေသားနဲ့ပေးမလား”

ဟုန့်မင်သည် မျက်ဖြူစိုက်၍ မူးလဲသွားသည်။

“ငါလျှော့စျေးပေးလိုက်လို့ စိတ်လှုပ်ရှားပြီး မူးလဲသွားတာထင်တယ်။ ဒါပေမယ့် ငွေပမာဏတော့မှန်ရမယ်နောက်၊ မစ္စချင်း၊ ဟုန့်မိသားစုကိုသိလား”

ချင်းယွီက ခေါင်းညိတ်လိုက်သည်။

“သူတို့ဟုန့်မိသားစုက ကျွန်မတို့နဲ့ အမြဲပူးပေါင်းချင်နေတာ”

“ဒါဆိုကောင်းပြီ၊ ပိုက်ဆံသိမ်းဖို့ကိစ္စကို မင်းတာဝန်ယူလိုက်ပါ”

ချင်းယွီသည် ကန့်ကွက်ခြင်းအလျင်းမရှိ၊ ခေါင်းညိတ်လိုက်သည်။ ချင်းယွီအတွက်၊ ဟုန့်မိသားစုသည် အသေးအဖွဲ့ကိစ္စတစ်ခုသာဖြစ်သဖြင့် စိုးရိမ်ပူပန်နေရန်မလိုအပ်ပေ။ ကျန်သူများအားလုံးသည် စိတ်ရှုပ်ထွေးသော အမူအယာများဖြင့် ထွက်ခွာသွားကြသည်။

ကျောင်းတွင် အလွန်အနေအေး၍ သာမန်ကျသော ရွှယ်အန်းသည် ရုတ်တရက် ကြောက်မက်ခြောက်ခြားဖွယ်ကောင်းလာလိမ့်မည်ဟု မည်သူက ထင်လိမ့်မည်နည်း။ တုဖန်ကဲ့သို့ ရာထူးကြီးပုဂ္ဂိုလ်တစ်ဦးသည်ပင် ခေါင်းညိတ်ပြကာ၊ ခေါင်းညွတ်လျက်ရှိသည်။ ချင်းမိသားစု၏ သခင်မလေးသည်ပင် သူ့အား အလွန်ရိုသေပြနေရသည်။

ထိုအချိန်တွင် အများစုသည် ရွှယ်အန်းနှင့် မိမိတို့သည် အဆင့်မတူကြောင်း သဘောပေါက်နားလည်သွားကြရာ၊ ထိုသူများအနက်၊ ဆုန်ကျင်း၏ အမူအရာသည် အလွန် အရှုပ်ထွေးဆုံးဖြစ်၏။

ကြောက်ရွံ့မှုနှင့် အံ့သြမှုတို့အပြင် အဆုံးမဲ့သော နောင်တများရောထွေးလျက်ရှိသည်။ သို့သော် နဂါးဧကရာဇ်ဟိုတယ်မှ ထွက်လာပြီးသည့်နောက်၊ သူမသည် စိတ်သက်သာရာရကာ၊ မြေပြင်ပေါ်သို့ လဲကျသွား၏။

‘ဘယ်သူ့အယောင်ဆောင်နေတာလဲ’

‘နင်ကြောက်စရာကောင်းတော့ရော ဘာဖြစ်လဲ’

‘နောက်ဆုံးတော့လည်း နင်ငါ့ကို ဘာမှမလုပ်နိုင်ဘူးမလား’

ဤသို့တွေးကာ၊ ဆုန်ကျင်းသည် လမ်းကူး၍ ဖြတ်လမ်းမှ အိမ်ပြန်ရန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် သူမခြေထောက်အောက်မှ ယားယံမှုအချို့ကို ခံစားမိသဖြင့် ငုံ့ကြည့်လိုက်ရာ၊ ခြေဖဝါးအောက်၌ အဖြူရောင်မီးတောက်များပေါ်လာသည်ကို တွေ့လိုက်ရသည်။

သူမအလွန်ကြောက်လန့်တုန်လှုပ်ကာ၊ အော်ဟစ်တော့မည့်ဆဲဆဲတွင် မီးတောက်များသည် သူမတစ်ကိုယ်လုံးကို လောင်ကျွမ်းသွားစေ၏။

မျက်စိတစ်မှိတ်အတွင်းတွင် ဆုန်ကျင်းသည် ပြာကျသွား၏။

သူမ၏ နောက်ဆုံးအခိုက်အတန့်တွင် ရွှယ်အန်း သူမကို ဥပက္ခာပြု၍ အလွှတ်ပေးခဲ့သည့် အကြောင်းအရင်းကို နားလည်သဘောပေါက်သွားသည်။

မကြာခင်သေတော့မည့်လူတစ်ယောက်ကို မည်သူက ဒေါသထွက်လိမ့်မည်နည်း။

“မစ္စတာရွှယ်၊ ကျွန်မ အိမ်ပြန်ရောက်တာနဲ့ စပြီးစုံစမ်းကြည့်လိုက်ပါ့မယ်။ ကျွန်မ တရားခံအစစ်ကို ရှာတွေ့ပြီ” ချင်းယွီက ရွှယ်အန်းကို ပြောသည်။

“အာ အဲ့တာ ငါနဲ့ဘာဆိုင်လို့လဲ” ရွှယ်အန်းသည် ဤကိစ္စနှင့် ပတ်သတ်၍ အနည်းငယ်မျှပင် စိတ်မဝင်စားပေ။

ချင်းယွီကနှုတ်ခမ်းကို ကိုက်၍ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

‘ဒီကောင် အရည်အချင်းရှိတာကလွဲရင် တခါတလေကျ ကပ်သီးကပ်သတ်နဲ့’

“အဲ့လူက ကျွန်မဦးလေးပဲ၊ အခုလက်ရှိ လောင်တိုင်အဖွဲ့ရဲ့ မန်နေဂျာပဲ” ချင်းယွမ်သည် အနည်းငယ် စိတ်ဆိုးသော အမူအယာဖြင့်ပြောလိုက်သည်။

သို့သော် ရွှယ်အန်းသည် လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကျော်ကာလတွင် ထိုသို့သော ကြွယ်ဝချမ်းသာသည့် လူချမ်းသာများအကြားရှိ အာဏာပြိုင်ဆိုင်မှုကို အကြိမ်ပေါင်းများစွာမြင်ခဲ့ဖူးပြီးဖြစ်သဖြင့်၊ အလွန်ငြီးငွေ့လျက်ရှိနေပြီဖြစ်သည်။

“ဒါပေမယ့် အခုသက်သေမပြနိုင်သေးဘူး။ ကျွန်မ ရှေ့သုံးရက်ကရခဲ့တဲ့ သတင်းအရ၊ ချင်းရှန်က လေလံပွဲကို တက်မယ်တဲ့။ အဲ့အချိန်ကျရင် ဒီကိစ္စတွေရဲ့ နောက်ကွယ်ကလူလည်း ပေါ်ထွက်လာမယ်ထင်တယ်”

“ဆိုတော့…” ရွှယ်အန်းက လျစ်လျူရှု့၍ ပြောလိုက်သည်။

“ဆိုတော့ မစ္စတာရွှယ် အဲ့ပွဲကို တက်ရောက်ဖို့ ကျွန်မမျှော်လင့်နေတာပေါ့”

All Chapters