အတိတ်မှလူများ
Vol. 136 Ch. 1896
ယွိခဲ့လော့မှ ထွက်သွားရန် ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်းကို ရှီမာယူယူ ရှီမာလျူရွှမ်ကို မပြောပေ။ ယခုအချိန်တွင် သူ ဤသတင်းကို သိသည်မှာ အကျိုးမရှိနိုင်ဘဲ ဝမ်းနည်းစေရုံသာရှိမည်။
သူမသည် တစ္ဆေဘုရင်နောက်လိုက်ကာ အင်ပါယာမြို့တော်သို့ သွား လိုက်သည်။ သူလမ်းကို ဦးဆောင်သဖြင့် ဖြတ်လမ်းဝင်္ကပါသုံးရန်ပင်မလိုပေ။ သူမ၏ ကိုယ်ပိုင်လေဟာပြင်ဝင်ပေါက်ကိုလည်း သုံးရန်မလိုပေ။ သူမသည် စိတ်အေးလက်အေးနှင့်ပင် လိုက်ပါလာသည်။
သူမ ထွက်မသွားခင်တွင် မုရုန်ဟွေ့ကို အင်ပါယာမြို့တော်တွင် တွေ့မည် ဖြစ်ကြောင်း ပြောခဲ့သည်။ လွန်ခဲ့သည့်ရက်ပိုင်းက ဖြစ်ခဲ့သည့် အဖြစ်အပျက် အရ သူမသည် မုရုန်ရှီဖြစ်ကြောင်းကို အားလုံးသိသွားကြသည့်တိုင်အောင် သူမ ကို ဘာမှမလုပ်ရဲကြတော့ပေ။
လေဟာပြင်ဝင်ပေါက်မှ ထွက်လိုက်သည်နှင့် သူတို့သည် အင်ပါယာမြို့ တော်သို့ ရောက်နေပြီဖြစ်သည်။ တော်ဝင်နန်းတော်မှာ ထည်ဝါနေရာ နန်းတော် အပြင်မှ ရပ်ကြည့်ရာ နန်းတော်၏ အပြင်အဆင်ကို မြင်နိုင်သည်။ သို့သော် ကြီးမားလွန်းသဖြင့် တစ်ခုလုံးကို မမြင်ရပေ။
“အရှင်” အပြင်တွင် ရပ်နေကြသော အစောင့်များသည် ဒူးထောက်ကြ သည်။
“ဒါက မင်းသမီးယူယူပဲ” တစ္ဆေဘုရင်သည် သူတို့ကို ပြောရင်းနှင့် သူမ၏ အဆင့်အတန်းမှာ တစ္ဆေလောက၏ မင်းသမီးအားလုံးနှင့် ရာထူးတူကြောင်း ကြေညာလိုက်သည်။
ထိုအစောင့်များသည် တွေဝေခြင်းမရှိဘဲ ရှီမာယူယူကို ဦးညွှတ်ကာ တလေးတစား နှုတ်ဆက်ကြသည် “မင်းသမီးယူယူ”
“သွားမယ် မင်းကို ငယ်ရွယ်ခြင်းနန်းတော်ကို ခေါ်သွားပေးမယ်” တစ္ဘေ ဘုရင်သည် ပြောရင်းနှင့် လှည့်ထွက်သွားသည်။ ရှီမာယူယူ၊ ဝူလင်းယူနှင့် တခြားသူများသည် သူ့နောက်မှ လိုက်သွားကြသည်။
သူ ထွက်သွားသည်နှင့် မြေပေါ်မှအစောင့်များသည် ပြန်ထကာ တစ် ယောက်နှင့် တစ်ယောက်ကြည့်မိကြသည်။ သူတို့၏ မျက်လုံးများမှာ ရှုပ်ထွေးမှု အပြည့်ဖြစ်နေကြသည်။
“မင်းသမီးယူယူ.. သူမက အခု အကုန်လုံး အာရုံစိုက်နေကြတဲ့ ရှီမာယူယူ လား”
“သူမပဲဖြစ်မှာ သူမက အမှောင်မင်းသမီးနဲ့ အရမ်းတူတယ်”
“အရှင်က သူမကို ငယ်ရွယ်ခြင်းနန်းတော်မှာ နေဖို့စီစဉ်ပေးတယ်.. အဲဒီ နန်းတော်က လစ်လပ်နေတာ အရမ်းကြာနေပြီ”
“အရှင်က သူမကို အရမ်းအလိုလိုက်တယ်ထင်တယ်.. ရောက်လာတာနဲ့ ငယ်ရွယ်ခြင်းနန်းတော်မှာ ထားပေးတယ်”
“အဲလိုပဲနေမှာ.. သူမ ဒီကိုလာတဲ့လမ်းမှာ ကိစ္စတွေများခဲ့တယ်လို့ ကြား တယ် ကြည့်ရတာ နန်းတော်တော့ မကြာခင် ဆူဆူညံညံဖြစ်တော့မယ်ထင် တယ်”
“တကယ်ကြီး.. အဲဒီမင်းသမီးတွေက အမှောင်မင်းသမီးနဲ့ အဆင်ပြေကြ တာမဟုတ်ဘူး.. အခု သူမ ဒီကိုရောက်နေပြီဆိုတော့ ငါတို့တွေ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ်”
“မင်းက မင်းသမီးကိုတောင် ပွဲလုပ်ပြီးကြည့်ရဲသေးတယ်.. မင်းအသက်ကို တအားတွေရှည်နေတယ်ထင်နေလား.. မင်းတို့တွေ လေပေါတာကို ရပ်ပြီး သေချာစောင့်ကြပ်တာ ကောင်းမယ်ထင်တယ်.. စကားထပ်ပြောရဲတဲ့သူကို ငါ အပြစ်ပေးမယ်”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
……
ရှီမာယူယူသည် တော်ဝင်နန်းတော်သို့ တစ္ဆေဘုရင်မှနောက်လိုက်လာခဲ့ သည်။
“ဒါက ငယ်ရွယ်ခြင်းနန်းတော်ပဲ မင်းအမေလည်း ဒီမှာနေခဲ့တာ” တစ္ဆေ ဘုရင် ပြောလိုက်သည်။
ရှီမာယူယူသည် ငယ်ရွယ်ခြင်နန်းတော်ဆိုသည့် စာလုံးများကို ကြည့်ရင်း နှင့် စိတ်လှုပ်ရှားမိသွားသည်။
ဒီနေရာက အမေနေခဲ့တဲ့ နေရာလား။ သူမရဲ့ ခြေရာလက်ရာတွေ ကျန်ခဲ့ သည် မကျန်ခဲ့သည်ကို သူမ သိချင်မိသည်။ အချိန်များစွာ ကုန်လွန်ခဲ့ပြီးနောက် သူမသည် မိခင်ဖြစ်သူ နေထိုင်ခဲ့သည့်နေရာသို့ ရောက်လာလေပြီ။
ထိုအချိန်တွင် ဆယ်ဂဏန်းမျှရှိသော အပျိုတော်နှင့် အစောင့်များသည် နန်းတော် တံခါးကိုဖွင့်ထွက်လာပြီး သူမရှေ့တွင် ဒူးထောက်လေသည် “မင်းသမီးကို နှုတ်ဆက်ပါတယ်”
“ဒီနေ့ကစပြီး ယူယူက ဒီမှာနေလိမ့်မယ်.. သူမကို ကောင်းကောင်း ဆက်ဆံရမယ်”
“နားလည်ပါပြီ”
“နားလည်ပါပြီ”
“ဒီလူတွေက မင်းအမေကို အရင်က ပြုစုပေးခဲ့ကြတဲ့လူတွေပဲ မင်းကို လည်း ကောင်းကောင်းစောင့်ရှောက်ပေးလိမ့်မယ်” တစ္ဆေဘုရင် ပြောလိုက် သည်။
ရှီမာယူယူသည် အနည်းငယ် အံ့ဩသွားသည်။ ယွိခဲ့လော့ အကျဉ်းကျနေ ခဲ့သည်မှာ နှစ်ရာချီကျော်ပြီဖြစသည်။ သို့သော် သူမကို ပြုစုပေးသည့်လူများမှာ ရှိနေတုန်းပင်ဖြစ်သည်။
“သွားမယ် မင်းကို လှည့်ပတ်ပြပေးမယ်” တစ္ဆေဘုရင် စကားဆုံးသည်နှင့် သူမအနောက်မှ အစောင့်တစ်ယောက် ရောက်လာသည်ကို သူမ တွေ့လိုက်ရ သည်။
ထိုကိုယ်ရံတော်သည် ဘာမှမပြောသော်လည်း တစ္ဆေဘုရင်သည် လျှောက်သွားပြီး ရှီမာယူယူကို ပြောလေသည် “ငါ လုပ်စရာကိစ္စလေးတွေ ပေါ် လာလို့ ပြန်လာမှ တွေ့မယ်”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ တစ္ဆေဘုရင် ထွက်သွားသည်ကို ကြည့်ပြီးနောက် ဒူးထောက်နေသော အစောင့်များနှင့် အပျိုတော်များကို ပြော လိုက်သည် “မင်းတို့ အားလုံးထလို့ရပြီ”
“ကျေးဇူးတင်ပါတယ် မင်းသမီး”
ရှီမာယူယူသည် နန်းဆောင်ထဲသို့ဝင်လိုက်ရာ အထဲတွင် အလွန်ထူးခြား စွာ ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ တခြားနန်းဆောင်များနှင့် အလွန် ကွာခြားလှသည်။
“ဒီနန်းဆောင်က တကယ်ပဲ တခြားနန်းဆောင်နဲ့မတူဘူးပဲ” သူမ ချီးကျူး လိုက်သည်။
“မင်းသမီး ဒါတွေအကုန်လုံးကို အမှောင်မင်းသမီးလုပ်ထားတာပါ”
“အမေကလား”
“ဟုတ်ပါတယ် မင်းသမီး.. အမှောင်မင်းသမီးက ဒီမှာနောက်ဆုံးနေသွား တဲ့ မင်းသမီးပါ… အဲကတည်းက ဘယ်သူမှမနေတော့တာပါ.. ဒီနေရာကို ဘာမှ မပြောင်းပစ်ဖို့ အရှင်က ညွှန်ကြားထားတာပါ” အပျိုတော်မိန်းကလေးသည် အရှေ့ မှ လျှောက်ရင်းနှင့် ပြောလေသည်။
“နောက်ဆိုရင် ငါ့အမေကို မင်းသမီးလို့ခေါ်မှာဆိုတော့ ငါ့ကိုမင်းသမီး လေးလို့ပဲခေါ်ပါ” ရှီမာယူယူ ပြောလိုက်သည်။
“နားလည်ပါပြီ မင်းသမီးလေး” အပျိုတော်မိန်းကလေးများသည် ဝမ်းပန်း တသာ သဘောတူကြသည်။
သူတို့စိတ်ထဲတွင် ယွိခဲ့လော့သည် အမြဲတစေ သူတို့၏ မင်းသမီးပင်။ ထို့ကြောင့် ထိုအကျင့်ကို မပြင်နိုင်ပေ။ ရှီမာယူယူသည် သူတို့ ယွိခဲ့လော့အပေါ် တွင်ထားသည့် ခံစားချက်ကို အလေးထားသည်။
ထို့အပြင် သူမသည် ဤမျိုးဆက်မှ မင်းသမီးလေးဖြစ်သည်မှာလည်း အမှန်ပင်။ တော်ဝင်မျိုးနွယ်မှ ကလေးများသည် သူမထက် ငယ်ကြသော်လည်း မင်းသမီးဆိုသည့် ရာထူးမရှိကြပေ။
“မင်းသမီးလေး ငယ်ရွယ်ခြင်းနန်းတော်မှာ ခန်းမလေးခုရှိပါတယ် မင်းသမီးလေးက ပင်မဆောင် ငယ်ရွယ်ခြင်းအဆောင်မှာနေရမှာပါ.. အရှင့်ရဲ့ အမိန့်အရ ကျန်တဲ့ဧည့်သည်သုံးယောက်ကတော့ ဘေးက နန်းဆောင်မှာနေရ မှာပါ” အပျိုတော်မိန်းကလေးတစ်ယောက်မှ ပြောလေသည်။
“မင်း နာမည်က ဘယ်လိုခေါ်လဲ” ရှီမာယူယူ မေးလိုက်သည်။
“ဒီအပျိုတော်က ယွိရှီလို့ခေါ်ပါတယ် ကျွန်မက မင်းသမီးရဲ့အပျိုတော် ခေါင်းဆောင်ပါ” ယွိရှီ ပြောလေသည် “အခုတော့ ငယ်ရွယ်ခြင်းနန်းတော်ကို ကျွန်မပဲ စီမံနေပါတယ်”
“အရင်ကလည်း စီမံခဲ့တာဆိုတော့ နောက်ကိုလည်း မင်းကိုပဲ အပ်ထား လိုက်ပါမယ်” ရှီမာယူယူသည် သူမကို နူးညံ့စွာ ပြုံးပြလိုက်သည်။
ယွိရှီသည် သူမ ကြည့်သည့်အကြည့်ကို မြင်သောအခါ ပြုံးလိုက်သည်။ သူမသည် ယွိခဲ့လော့နှင့် အလွန်ပင် တူလှသည်။ သူမ၏ မျက်လုံးထောင့်တွင် မျက်ရည်များဆို့လာသည်။ “နားလည်ပါပြီ ဒီအပျိုတော်က အမိန့်ကိုလက်ခံပါမယ်”
“မင်းတို့တွေက အရင်က အမေ့ကိုပြုစုပေးကြတဲ့ အမှုထမ်းတွေဆိုတော့ ဒီနန်းဆောင်ကိုလည်း မင်းတို့ကိုပဲအပ်ပါတယ်” ရှီမာယူယူသည် သူတို့ကို အသာအယာဦးညွှတ်လိုက်သည်။
လာရာလမ်းတွင် သူမ တစ်ခုနားမလည်နိုင်ပေ။ အပျိုတော်အများအပြားရှိသူ များလည်းရှိသလို အနည်းငယ်သာရှိသူလည်း ရှိသည်။ သခင်ကောင်းတစ် ယောက်နောက်လိုက်သူများသည် ကျန်လူများ၏ အထက်တွင် ရပ်တည်နိုင် သည်။ ငယ်ရွယ်ခြင်းနန်းတော်သည် နှစ်ပေါင်းရာချီကျော် လစ်ဟာနေခဲ့သည့် တိုင်အောင် ရပ်တည်နိုင်သေးသည်။ ထိုအရာကပင် သူတို့ ယွိခဲ့လော့အပေါ် ထားသည့် သစ္စာတရားကိုမြင်နိုင်သည်။ သူမ ပြန်မလာနိုင်သည်ကို သိသော် လည်း သူတို့သည် ဤနေရာတွင် စောင့်ကြပ်နေခဲ့ကြသည်။
“မင်းသမီး အရမ်းနှိမ့်ချလွန်းနေပါပြီ” ယွိရှီနှင့်တခြားသူများသည် အမြန် ပင် ဒူးထောက်ကြလေသည် “မင်းသမီးလေးကို ပြုစုရမှာက ကျွန်မတို့ရဲ့ တာဝန်ပါ.. မင်းသမီးလေးကို ပြုစုရတာကပဲ ဂုဏ်ယူစရာဖြစ်နေပါပြီ”
ရှီမာယူယူသည် ရှေ့တိုးပြီး သူမကို အသာအယာထူလိုက်သည်။ တခြား သူများလည်း ထရပ်လိုက်ကြသည်။
“ငါက နားဝင်ချိုအောင်တော့ မပြောတတ်ဘူး.. ဒီနန်းတော်ကိုလာရတာ က ကောင်းကောင်းကျင့်ကြံပြီး အမေ့ကိုကယ်ဖို့ပဲ.. နောက်ပိုင်း နန်းဆောင် ကိစ္စ တွေကို မင်းတို့ကိုပဲ အပ်ထားရမှာပဲ”
“ဒီအပျိုတော်တွေက မင်းသမီးလေးကို စိတ်ရင်းနဲ့ သေချာပေါက် ဂရုစိုက်ပါ့ မယ်”
“ငါ့မှာ အပျိုတော်နှစ်ယောက်ရှိတယ်… အချိန်တန်ရင် သူတို့ကို နန်းတော်ကို ခေါ်လာမယ်.. ယွိရှီ သူတို့ကို သေချာလေးသင်ပေးဖို့ မင်းကိုအပ်ပါတယ်” ရှီမာယူယူသည် ထင်ဆန်းနှင့် ထင်ရွှေကို ရည်ညွှန်းခြင်းဖြစ်သည်။ အစောပိုင်း ကပင် သူတို့သည် သူမနောက်သို့လိုက်ချင်သည်ဟု ပြောခဲ့ကာ သူမသည်လည်း သူတို့နှင့် အသားကျနေပြီဖြစ်သည်။ မုရုန်ဟွေ့ အင်ပါယာမြို့တော်သို့ ရောက် သည်နှင့် သူတို့နှစ်ယောက်ကို ပို့လိုက်မည်။
“ဟုတ်ကဲ့ပါ မင်းသမီးလေး”
“အခုတော့ သွားလိုက်ကြဦး သူတို့နဲ့ ပြောချင်တာလေးတွေရှိလို့” သူမ သည် ရှီယွီတို့ကို ထွက်သွားရန် လက်ကိုဝေ့ယမ်းလိုက်သည်။
“သခင်မလေး ကျွန်တော်တို့ ဒီမှာဘယ်လောက်ကြာအောင် နေရမှာလဲ” အရိပ်မည်း မေးလိုက်သည်။
“ဒီမှာ နည်းနည်းတော့ ကြာမယ်ထင်တယ်” ရှီမာယူယူ သက်ပြင်းချလိုက် သည်။ ထိုအခါမှပင် သူမသည် တစ္ဆေဘုရင်ပြောခဲ့သည့် အကြောင်းအရာများကို ပြောပြလိုက်သည်။
“အဲတော့ မရဏာစံတင်အဆင့်ကို မကျော်ဖြတ်နိုင်ခင်ကို ဒီကနေ ထွက် သွားလို့မရဘူးပေါ့” အရိပ်မည်း ပြောလေသည်။
“အဲလိုမျိုးပဲ ဒါပေမဲ့ အခု ငါအာရုံရှိနေတာတော့ လေးမျက်နှာအံ့ဖွယ် ချိပ် စည်းပဲ” ရှီမာယူယူ ပြောလိုက်သည် “လေးမျက်နှာအံ့ဖွယ်ချိပ်စည်းကို ရှာဖို့ဆို တာလွယ်မယ်မထင်ဘူး”
“အဲဒါတကယ်ရှိရင်တော့ သဲလွန်စတော့ရှိမှာပါ” ဟွမ် ပြောလိုက်သည်။
“တစ္ဆေဘုရင်မသိဘူးလား” ဝူလင်းယူ မေးလိုက်သည်။
“သူ တစ်ခုကိုတော့ သိတယ်လို့ပြောတယ် ဒါပေမဲ့ တခြားသုံးခုက ဘယ် မှာလဲဆိုတာ မပြောဘူး.. ညီမသွားလိုက်ရင် ပြဿနာဖြစ်မှာစိုးလို့ထင်တယ်” ရှီမာယူယူသည် ဆွံ့အနေသည်။ သူမက အဲလောက် သတ္တိရှိလို့လား။