← Chapters

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း(၂၂) ငါနင့်ကို ထိလိုက်တယ်လို့ ပြောလိုက်တာလား

ညသည် အလွန်နက်နဲကာ၊ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ အေးစက်သောလရောင်သည် ပြတင်းတံခါးမှတဆင့် ဧည့်ခန်းအတွင်းသို့ ဖြာကျလျက်ရှိသည်။ ဧည့်ခန်းအတွင်း‌ လေထု၏အလယ်တွင်ရှိနေသည့် လက်စွပ်တစ်ကွင်းအတွင်းသို့ ထိုလရောင်များ စိမ့်ဝင်သွားသည်။ ဤလက်စွပ်ကို ဟုန့်မင်ချိုးပစ်ခဲ့သော်လည်း ယခုအချိန်တွင် ထိုကျိုးပဲ့သော နေရာသို့ဝင်သွားသည့် လရောင်များကြောင့် လက်စွပ်သည် အလိုလို တဖြည်းဖြည်းချင်းပြန်လည်ကောင်းမွန်သွား၏။

အက်ကွဲကြောင်းများပျောက်ကွယ်သွားကာ၊ လက်စွပ်တစ်ခုလုံးသည် ကြည်လင်သော ပုံဆောင်ခဲတစ်ခဲကဲ့သို့ အလင်းဖောက်ဝင်နိုင်သည့် အသွင်အပြင်မျိုးဖြစ်လာ၏။ ထို့နောက် ရွှယ်အန်းသည် ၎င်းပေါ်တွင် သေးငယ်သော အကာအကွယ်စည်းတစ်ခုအုပ်လိုက်၏။ အဖြူရောာင်အလင်းတန်းတစ်ခုထွက်လာပြီးနောက်၊ လက်စွပ်သည် လေထုမှပြုတ်ကျသွား၏။

ဤအချိန်တွင် ယွမ်အနည်းငယ်မျှသာ တန်ကြေးရှိသော လမ်းဘေးစျေးဆိုင်မှ လက်စွပ်သည် အနီရောင် ခပ်ဖျော့ဖျော့ သန်းနေသော ရှင်းလင်းကြည်လင်ကာ၊ ဖောက်ထွင်းမြင်နေရသည့် လက်စွပ်တစ်ကွင်းအဖြစ် ကြီးမားစွာ ပြောင်းလဲသွားသည်။ ထိုအနီရောင်သည်ကား၊ ရွှယ်အန်း ထည့်သွင်းလိုက်သည့်၊ ဝိဉာဥ်စွမ်းအင်အချို့ပင်ဖြစ်သည်။

အိပ်ခန်းတံခါးပွင့်သွားပြီးနောက်၊ ဖန်းမင်ရွှယ် ထွက်လာ၏။

“မအိပ်သေးဘူးလား”

ဖန်းမင်ရွှယ်သည် ခေါင်းကို ခါယမ်းလျက်၊ ရွှယ်အန်းထံသို့လျှောက်သွားကာ၊ သူ့ဘေးတွင် ထိုင်၍ သူ့ပခုံးပေါ်သို့ ညင်သာစွာ လှဲချလိုက်သည်။

တစ်ခန်းလုံးအလွန်တိတ်ဆိတ်လျက်ရှိရာ၊ ကောင်မလေးနှစ်ယောက်၏ဟောက်သံသာပေါ်ထွက်နေ၏။

ရွှယ်အန်းသည် ရုတ်တရက် သူ့ပခုံးပေါ်မှ အေးစက်မှုတစ်ခုကို ခံစားလိုက်ရသဖြင့် ငုံ့ကြည့်လိုက်သောအခါ၊ ဖန်းမင်ရွှယ်၏ လှပကျော့ရှင်းသော မျက်နှာသည်၊ မျက်ရည်များ ရွှဲရွှဲစိုနေသည်ကို မြင်လိုက်ရ၏။ ရွှယ်အန်းက သက်ပြင်းချ၍ သူအခုလေးတင်သန့်စင်ထားသည့် လက်စွပ်ကို ထုတ်ယူလိုက်သည်။

“မွေးနေ့မှာ ပျော်ရွှင်ပါစေ”

ဖန်းမင်ရွှယ်၏ နှလုံးသားသည် ယခုအချိန်တွင် နာကျည်းချက်များဖြင့် ပြည့်နေ၏။

သူမသည် ရွှယ်အန်းအတွက် များစွာသော ဆင်းရဲဒုက္ခများနှင့် ဖိအားများကို တောင့်ခံခဲ့သည့်တိုင်၊ သူမ နောက်ဆုံး ရွှယ်အန်းနှင့် ပြန်တွေ့ရသောအခါ၌ သူတွင် ကလေးနှစ်ယောက်ရှိ၍ အမွှာသမီးလေးနှစ်ယောက်လည်းရှိနေပြီဖြစ်ကြောင်း သူမတွေ့ရှိလိုက်ရသည်။

ထို့အပြင် ဤသည်ကား အကုန်မဟုတ်ပေ။

ယနေ့ ကျောင်းသားဟောင်းများတွေ့ဆုံပွဲတွင် ရွှယ်အန်းသည် သူမအား ဂရုမစိုက်ခဲ့ပေ။

ဟုန့်မင်နှင့်အတူ သူမရောက်လာသည်ကို မြင်၍ အထင်လွဲသွာခြင်းဖြစ်နိုင်သလော။

‘ဒါမယ့် ငါအဲ့တာတွေအကုန်လုံးကို နင့်အတွက်လုပ်ခဲ့တာ’

ဖန်းမင်ရွှယ်သည် ရွှယ်အန်းဘာလုပ်နေသည်ကို ကြည့်၍ ခေါင်းကို ဆတ်ခနဲလှည့်၍ ကြည့်လိုက်၏။ ထို့နောက်၊ လက်စွပ်ကို မြင်လိုက်ရသဖြင့် ဖန်းမင်ရွှယ်၏ နာကျည်းမှုများ ပျောက်ကွယ်သွားရသည်။

“နင်ကြိုက်လား” ရွှယ်အန်းက အနည်းငယ်ပြုံး၍ ပြောလိုက်သည်။ ဖန်းမင်ရွှယ်သည် စကားအချို့ကို ခပ်တိုးတိုးရေရွတ်၍ သူမ၏ ညာဘက်လက်သူကြွယ်သို့ လေးနက် မြတ်နိုးစွာ စွပ်လိုက်သည်။ ဤအချင်းအရာကို မြင်လိုက်ရသဖြင့် ရွှယ်အန်း၏ အမူအရာသည် အနည်းငယ် နူးညံ့ကျေနပ်သွားကာ၊ တစ်ဖက်သို့ လှည့်လိုက်သည်။

“နင် ဒီလေးနှစ်အတွင်း ဘယ်လိုနေခဲ့လဲ”

“အဆင်မပြေဘူး” ဖန်းမင်ရွှယ်က ခေါင်းခါ၍ ပြန်ဖြေသည်။ ခဏတာတိတ်ဆိတ်သွားပြီးနောက်၊ ရွှယ်အန်းက စကားဆက်လိုက်၏။

“နင် ရုတ်တရက် ဘယ်လို ကျော်ကြားလာတာလဲ”

“အကြောင်းအရင်းကအများကြီးရှိပေမယ့် အဓကကတော့ တတ်နိုင်သလောက်၊ မြန်မြန်ကျော်ကြားချင်လို့ပဲ။ ဒီလိုဆိုရင် နင်တီဗီဖွင့်ထားသရွေ့ ငါ့ကို မြင်နိုင်မယ်လေ”

“တောင်းပန်ပါတယ်။ ဒီလေးနှစ်အတွင်း…”

ဖန်းမင်ရွှယ်က ရွှယ်အန်း၏ နှုတ်ခမ်းကို ရုတ်တရက် နမ်းလိုက်သည်။ ဤမထင်မှတ်ထားသောအနမ်းကြောင့် ရွှယ်အန်း ဆွံအရပ်တန့်သွားကာ၊ စိတ်ရှုပ်ထွေးသွားရသည်။

နှစ်ပေါင်းသုံးထောင်ကြာ ကျင့်ကြံခဲ့စဥ်တွင် မရေမတွက်နိုင်အောင်များပြားသော မြင်ကွင်းများစွာကို မြင်တွေ့ခဲ့ရသော်လည်း သူ ဤမျှ စိတ်မလှုပ်ရှားခဲ့ဖူးပေ။

ဖန်းမင်ရွှယ်သည် နမ်းပြီးနောက်၊ ရွှယ်အန်း၏ နားအနားသို့ တိုးကပ်၍ ပြောလိုက်သည်။

“မတောင်းပန်ပါနဲ့၊ နင်အသက်ရှင်နေတာက အကောင်းဆုံးရှင်းပြချက်တစ်ခုပါပဲ”

စကားပြောပြီးနောက်၊ ဖန်းမင်ရွှယ်သည် ဆိုဖာပေါ်သို့ သေချာပြန်ထိုင်၍ အေးဆေးစွာ ခြေဆန့်တန်း၍ သူမ၏ ခြေတံသွယ်သွယ်များကို ကော်ဖီစားပွဲပေါ်သို့ တင်လိုက်သည်။

“နင်မနက်ဖြန် ဘာအစီအစဥ်တွေရှိလဲ” ဖန်းမင်ရွှယ်က နူးညံ့စွာမေး၏။

“ထွေထွေထူးထူးမရှိပါဘူး”

“ဒါဆို ရှန်းရှန်းနဲ့ နျန်နျန်ကို အပြင်ခေါ်သွားရအောင်လေ”

ရွှယ်အန်းသည် ကြယ်စင်အစုအဝေးကြီးတစ်ခုလုံးကို မျက်လုံးထဲထည့်ထားသကဲ့သို့ တောက်ပနေသော မျက်လုံးကလေးများနှင့် သူ့အားကြည့်နေသည့် မိန်းကလေးကို ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။ ဖန်းမင်ရွှယ်၏ ဦးခေါင်းသည် ရွှယ်အန်း၏ ပခုံးပေါ်တွင်မှီလျက်၊ တဖြည်းဖြည်းအိပ်ပျော်သွားသည်။ အိမ်မပျော်ခင်တွင်၊ သူမသည် ခပ်တိုးတိုး မေးခဲ့၏။

“သူအရမ်းလှတယ်မလား”

ရွှယ်အန်းက ပြန်မဖြေခဲ့ပေ။

နောက်နေ့မနက်၊ ပေကျန်းမြို့အထက်တန်းကျောင်းရှေ့။

ရွှယ်အန်းည် ကျောင်းတံခါးကို လှမ်းကြည့်လိုက်သည်။ ဤနေရာသည် သူသုံးနှစ်ကြာ စာလေ့လာခဲ့သည့်နေရာဖြစ်သဖြင့် ဤနေရာနှင့် အလွန်ရင်းနှီးနေသည်။ ဦးထုပ်ဆောင်းထားသည့် ဖန်းမင်ရွှယ်သည် အလွန် စိတ်လှုပ်ရှားနေ၏။ ထန်ရွှမ်အာသည် ရွှယ်ရှန်နှင့် ရွှယ်နျန်တို့ကို ဦး‌ဆောင်ခေါ်လာ၏။

လူကြီးသုံးယောက်၊ ကလေးနှစ်ယောက်နှင့် ၎င်းတို့ငါးဦးသည် လေ့လာရေးအဖွဲ့ငယ်တစ်ဖွဲ့နှင့်ဆင်တူသည်။

“ဖေဖေ ဒါဘယ်နေရာလဲ” ရွှယ်ရှန်းက ကျောင်းဝင်ပေါက်ကိုကြည့်၍ အံ့သြစွာမေးလိုက်သည်။

“ဒီနေရာ…. ဒါ ဖေဖေ ကျောင်းတက်ခဲ့ဖူးတဲ့နေရာလေ”

“အထဲမှာ အရသာရှိတာရှိလား” ရွှယ်နျန်က အစားအသောက်ကြိုက်နှစ်သက်သူပီပီ မေးလိုက်သည်။

ရွှယ်အန်းသည် ကူကယ်ရာမဲ့စွာရယ်မောလိုက်ကာ၊ ရွှယ်ရှန်းသည်မူ သူ့ညီမလေး၏ ပါးကို ဆိတ်စွဲ၍ ပြောလိုက်သည်။

“စားစားစား နင်သိတာဒါပဲ၊ နင်ဘယ်လောက်ဝနေပြီလဲဆိုတာ ကြည့်ဦး”

ရွှယ်နျန်ကမူ စိတ်တိုစွာဖြင့် ခေါင်းငုံ့၍ ရေရွတ်လိုက်သည်။

“နင့်မျက်နှာလည်း ဖောင်းနေတာပါနော်”

“ကောင်းပြီ၊ သွားကြရအောင်” ဖန်းမင်ရွှယ်ကပြော၏။

ရွှယ်အန်းက အံ့သြသွားသည်။

“ငါတို့ မဝင်တော့ဘူးလား”

ဖန်းမင်ရွှယ်ကမူ ခေါင်းကို ခါ၍ သာမန်ကာလျံကာပြောလိုက်သည်။

“ဒီကျောင်းကြီးကို ပျက်ဆီးသွားပြီလားဆိုတာ ကြည့်ချင်လို့လာခဲ့တာ၊ အထဲဝင်ပြီး အချိန်မဖြုန်းချင်ဘူး”

“ဒါဆို ငါတို့အခု ဘယ်သွားကြမလဲ” ထန်ရွှမ်အာက ဝင်မေးသည်။

“ရေခဲစကိတ်သွားစီးကြရအောင်လေ၊ ငါတို့ ရေခဲစကိတ်မစီးတာကြာပြီ” ဖန်းမင်ရွှယ်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

ဤသည်ကား သဘာဝ ရေခဲကွင်းတစ်ခုဖြစ်သည်။ ပြင်းထန်သော အအေးဒဏ်ကြောင့် အေးခဲနေသော ရေကန်မျက်နှာပြင်ထက်တွင် လူများစွာသည် လှုပ်လှုပ်ရွရွဖြင့် စကိတ်စီးနေကြသည်။ ဖန်းမင်ရွှယ်တို့ ကျောင်းတက်စဥ်ကာလတွင် ဤနေရာသို့ အကြိမ်ပေါင်းများစွာလာခဲ့ဖူးသည်။

“ဖေဖေ ဟိုမှာ Peppa Pig ရောင်းတယ်” ရွှယ်ရှန်းနှင့် ရွှယ်နျန်၏ မျက်လုံးများ တောက်ပလာသည်။

“အန်တီ သမီးတို့နှစ်ယောက်နဲ့လိုက်ဝယ်ပေးမယ်” ထန်ရွှမ်အာကပြောလိုက်သည် ။

“ငါလည်းလိုက်ခဲ့မယ်၊ ရွှယ်အန်း နင်ဒီမှာ တန်းစီနေခဲ့” ဖန်းမင်ရွှယ်က ပြောလိုက်သည်။

ဤသဘာဝရေခဲကွင်းသို့ ဝင်ကြေးပေးရန်မလိုအပ်သော်လည်း စကိတ်များကိုမူ ငှားရမ်းရမည်ဖြစ်သည်။ ရွှယ်အန်းသည် ဤနေရာတွင် တန်းစီစောင့်လျက်ကျန်ရစ်ခဲ့၏။

သို့သော် ထိုအချိန်တွင် မိန်းမတစ်ယောက်သည် သူ့ရှေ့သို့ ကျော်ဝင်လာ၏။ ရွှယ်အန်းသည် မျက်မှောင်အနည်းငယ်ကြုတ်၍ သူ့ရှေ့ရှိ အမျိုးသမီး၏ ပခုံးကို ညင်သာစွာပုတ်လိုက်သည်။

“ဟေး”

ထိုအမျိုးသမီးက စိတ်တိုစွာဖြင့် လှည့်ကြည့်၏။ သူမသည် အလွန်ဆွဲဆောင်မှုရှိကာ၊ ရုပ်ရည်အားဖြင့် ဆယ်မှတ်တွင် ခုနှစ်မှတ်လောက်ရနိုင်သော်လည်း သူမမျက်နှာထက်မှ မျက်နှာချေများသည် အနည်းဆုံးတစ်လက်မခန့်ထူလောက်၏။

“ဘာလဲ”

“တန်းစီပါ” ရွှယ်အန်းက တည်ငြိမ်စွာပြောသည်။

“ငါတန်းဖြတ်တော့ရော ဘာဖြစ်လဲ။ အရွယ်ရောက်ပြီးတဲ့ ယောက်ျားတစ်ယောက်က မိန်းကလေးတစ်ယောကိကို လမ်းမဖယ်ပေးနိုင်ဘူးလား”

ထိုအချိန်တွင် လူအများသည် မြင်ကွင်းကို အာရုံစိုက်လာကြသည်။

“ငါမင်းကို တန်းစီဖို့ပြောလိုက်တာ မကြားဘူးလား”

အမျိုးသမီးသည် စိတ်ရှုပ်လာသဖြင့် မျက်လုံးကိုလှန်ကာ၊ အလွန် စိတ်ဆိုးဒေါသထွက်သည့် အမူအရာဖြင် အော်ပြောလိုက်သည်။

“ခုဏကတည်းက ရှင် ကျွန်မနောက်မှာ ကုပ်ချောင်းကုပ်ချောင်းလုပ်နေတာ။ တန်းစီနေတုန်းမှာ ရှင်ကျွန်မအသားကိုလာထိတယ်။ ရှင်နှာဗူးလား”

လူအုပ်၏ အကြည့်များသည် ရုတ်တရက်ပြောင်းလဲသွားကာ ရွှယ်အန်းကို အထင်အမြင်သေးကာ ကြည့်နေကြသည်။

“သူတော်တော်ချောတာပဲ၊ ဘာလို့ ဒီလိုမျိုးလုပ်နေတာလဲ”

“ဟုတ်ပါ့ ဒီကောင် ရွံစရာကြီး”

ဤသို့သော် တီးတိုးပြောသံများကြောင့် ထိုအမျိုးသမီးသည် စိတ်ထဲတွင် အလွန်ကျေနပ်ကာ၊ ဘဝင်ခိုက်နေသော်လည်း မျက်နှာအမူအရာသည်မူ အလွန်သနားချင်စဖွယ်ဖြစ်နေ၏။ ဤသည်ကား သူမ၏ စစ်မှန်သည့် နည်းဗျူဟာတစ်ခုပင်ဖြစ်သည်။ တစ်ခါတစ်ရံ၊ ဘက်စ်ကားပေါ်တွင် သူမကို မည်သူမျှ စိတ်ထဲမထားလျှင်ပင် တစ်စုံတစ်ယောက်၏ ပုံပန်းသဏ္ဍာန်ကို မကြိုက်ပါက၊ သူမ ဤလှည့်ကွက်ကို အသုံးပြုပေလိမ့်မည်ဖြစ်သည်။ ထို့အပြင် ထိုသို့ စွပ်စွဲခံရသူတို့သည် တစ်ခါမျှ မိမိတို့ကိုယ်မိမိ ခုခံကာကွယ်နိုင်စွမ်းမရှိခဲ့ကြပေ။

ဤတီးတိုးသံများကြားတွင်ရွှယ်အန်းသည် ရွှင်မြူးစွာ မျက်ခုံးပင့်လိုက်၏။

“ငါမင်းကို ထိလိုက်တယ်လို့ မင်းပြောနေတာလား”

“ဟုတ်တယ်၊ ရှင်ကျွန်မကို ထိရုံတင်မဟုတ်ဘူး၊ ကျွန်မနောက်ကိုလည်းလိုက်နေတာပဲ” အမျိုးသမီး၏ မျက်နှာထက်မှ ဘဝင်ခိုက်မှုသည် ပို၍ ကြီးထွားလာ၏။

ရွှယ်အန်းသည်မူ၊ လှောင်ပြုံးပြုံးလိုက်သည်။

“ဒါဆို၊ မင်းပြောသလိုဆို ငါ မင်းရဲ့ ဘယ်နားကို ထိလိုက်တာလဲ”

“ကျွန်မခါး” အမျိုးသမီးက ခိုင်လုံသေချာသော အမူအရာဖြင့် ပြောလိုက်သည်။

သို့သော် ယခုအချိန်တွင် သူမသည် ရွှယ်အန်း၏ စူးရဲသော အကြည့်ကို တွေ့၍ အလွန် ထိတ်လန့်သွားမိသည်။

အခန်း(၂၃) ကမ္ဘာပေါ်က ဘယ်အရာမှ မင်းနဲ့မယှဥ်နိုင်ပါဘူး

“မင်းခါးကိုပဲထိလိုက်တာလား”

ချီဖန့်၏ စိတ်ထဲတွင် အနည်းငယ်တုန်လှုပ်သွားသော်လည်း သူမသည် ငိုချင်ယောင်ဆောင်နေသေး၏။ မိန်းမတစ်ယောက်၏ မျက်ရည်များသည် လူများစွာ၏ ကိုယ်ချင်းစာစိတ်ကို ဆွဲယူနိုင်သည်။ အထူးသဖြင့် ဤမိန်းကလေး ချီဖုန့်သည် လှပချောမောသောကြောင့် အနီးနားမှ ယောကျ်ားအများစုသည် ရွှယ်အန်းကို ဒေါသဖြင့် စိုက်ကြည့်နေကြသည်။

အချို့သည် လက်သီးလက်မောင်းတန်း၍ “အလှပဂေးမလေးကို ကယ်တင်သည့် သူရဲ‌ကောင်းဇာတ်”ကို ကချင်နေကြသည်။ ရွှယ်အန်းသည် ရှုတ်ချ၍ နှုတ်ခမ်းထောင့်စွန်းများကွေးတက်သွားသည်အထိ လှောင်ပြုံးပြုံးလိုက်သည်

“မင်း မျက်ရည်တွေကျနေတယ်လို့ထင်နေတာလား ဒါမှမဟုတ်၊ မင်းကိုယ်မင်းအရမ်းလှတယ်လို့ထင်နေတာလား။”

ဤစွပ်စွဲပြောဆိုချက်အရ၊ ချီဖန့်သည် ငိုရခက်သွားသော်လည်း၊ သူမ၏အတွင်းစိတ်ထဲတွင် တည်ငြိမ်မှုတစ်ခု ခံစာလိုက်ရသည်။ လူအများရှေ့တွင် ဤသို့သော စကားမျိုးကို ပြောပါက၊ လူအများ၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်ဖြစ်၏။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ကျောင်းသားများစွာသည် အလွန်အမင်းဒေါသထွက်ကာ၊ ဝင်ပြော၏။

“အဲ့တာ ဘာစကားလဲ၊ မင်း ဒီအမျိုးသမီးငယ်လေးကို အသားယူပြီး‌တော့ အခု သူ့ကို ကြိမ်းမောင်းနေတာလား”

“ဟုတ်ပါ့၊ နင်က ယောကျ်ားတစ်ယောက်တောင်မဟုတ်ဘူး” အချို့ကြည့်ရှု့သူအမျိုးသမီးများသည်လည်း အချင်းချင်း တွတ်ထိုးနေရာမှ ရွှယ်အန်းကို ရှုတ်ချလိုက်သည်။

ရွှယ်အန်းက ထိုအဖွဲ့ကို သေချာကြည့်၍ အေးဆေးစွာပြောလိုက်သည်။

“ငါတကယ် အသားယူချင်ရင် အဲ့လိုမျိုး ပစ္စည်းတွေကို ကြိုက်မယ္ထင်လို့လား”

ဤစကားကြောင့် လူအုပ်သည် အလွန်အမင်းဒေါသဖြစ်သွားကြသည်။

“နင် သူ့ကို ထိတုန်းကထိပြီး၊ အခု စော်ကားနေတာလား။ ကမ္ဘာပေါ်မှာ ဒီလိုလူမျိုးရှိလား”

အမျိုးသမီးအများအပြားက ကျယ်လောင်စွာ အော်ဟစ်လာကြသည်။ ချီဖန့်သည် မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်၍ မာန်တက်စွာပြုံးလိုက်သည်။

‘ကဲ နင်ပြီးသွားပြီမလား ဟမ်’

သို့သော် ထိုအချိန်တွင် ရှင်းလင်းကြည်လင်သော အမျိုးသမီးတစ်ယောက်၏ အသံတစ်ခု ပေါ်ထွက်လာ၏။

“ရွှယ်အန်း ဘာဖြစ်နေတာလဲ”

ဤအသံလေးသည် ယောကျ်ားများစွာ၏ အာရုံကို ဖမ်းစားနိုင်၏။ ထို့နောက်၊ ထန်ရွှမ်အာနှင့် ဖန်းမင်ရွှယ်တို့ နှစ်ဦးသား လမ်းလျှောက်လာကြသည်။ ထန်ရွှမ်အာသည် ယနေ့ ဂါဝန်အစား၊ အဖြူရောင် ဂျက်ကတ်ရှည်နှင့် ဂျင်းဘောင်းဘီဝတ်ထား၏။ ဤအဝတ်အစားကြောင့် သူမသည် နုပျိုကာ၊ အလွန်ဆွဲဆောင်မှုရှိနေသည်။

ဖန်းမင်ရွှယ်သည်မူ သူမ၏ သွယ်လျလှပသော ဆွဲဆောင်မှုရှိသည့် ကောက်ကြောင်းများကို ပေါ်လွင်စေသည့် အဖြူရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည်။ မတ်စ်တပ်၍ မျက်နှာအသွင်အပြင်ကို သေချာမမြင်နိုင်သော်လည်း မျက်ခုံး၊ မျက်လုံးများနှင့် ကိုယ်ခန္ဓာ၏သွယ်လျလှပမှုကို ကြည့်ရုံဖြင့်ပင် သူမသည် အလွန်လှပကြောင်းသိနိုင်၏။

ဤအလှပဂေးနှစ်ယောက်သည် အနည်းဆုံး တစ်ဆယ်တွင် ကိုးလောက်ရှိမည်ဖြစ်သဖြင့် ယောကျ်ားများစွာက ငေးကြည့်နေကြသည်။ အထူးသဖြင့် ထန်ရွှမ်အာနှင့် ဖန်းမင်ရွှယ်တို့နှစ်ဦးလုံးသည် မျက်နှာချေများထူထဲစွာ လိမ်းကြံရသည်ကို မနှစ်သက်ကြသဖြင့် ပေါ့ပေါ့ပါးပါးသာ လိမ်းခြယ်ထားရာ၊ ၎င်းတို့၏ ပြေပြစ်သော အသွင်အပြင်ကို ပို၍ ပေါ်လွင်စေသည်။

၎င်းတို့နှင့်နှိုင်းယှဥ်ပါက၊ မြေပြင်ပေါ်တွင် ထိုင်နေသော ချီဖန့်သည် သာမန်ပန်းတစ်ပွင့်ထက်ပို၍ ဆွဲဆောင်မှုမရှိပေ။

“ဘာဖြစ်တာလဲ” ဖန်းမင်ရွှယ်က စိုးရိမ်တကြီးမေးသည်။

ငြင်းခုံသံများကြားလိုက်ရသဖြင့် သူမအပြေးလာခဲ့ခြင်းဖြစ်သည်။

“ဘာမှမဖြစ်ပါဘူး။ ငါသူ့ကို ထိကပါးရိကပါးလုပ်တယ်လို့ စွပ်စွဲနေလို့”

“ဘယ်သူကလဲ”

ရွှယ်အန်းသည် မြေပြင်ပေါ်တွင် ထိုင်နေသော မိန်းကလေး ချီဖန့်ကို လက်ညှိုးထိုးပြလိုက်သည်။

“သူ”

ထိုအချိန်တွင် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က ပြိုင်တူဝင်ပြောလိုက်ကြသည်။

“ဒီအန်တီက အရမ်းရုပ်ဆိုးတယ်”

ဤစကားသည် လက်ရှိလူများစွာ၏ အမြင်ကို ပဲ့တင်ထပ်စေသည်။ လူတစ်ဦးနှင့်တစ်ဦး မနှိုင်းယှဥ်သင့်ပေ။

ကမ္ဘာအကြောင်း ကောင်းစွာမသိကြသေးသော အမျိုးသားများစွာသည် ချီဖန့်ကို လှပသည်ဟု ယူဆခဲ့ကြသော်လည်း ဖန်းမင်ရွှယ်နှင့် ထန်ရွှမ်အာတို့နှင့် နှိုင်းယှဥ်ကြည့်လျှင် သူမသည် တွင်းအိမ်သာရှိ ကျောက်တုံးတစ်တုံးအဆင့်သာရှိ၏။

ဖန်းမင်ရွှယ်သည် မထိန်းချုပ်နိုင်တော့သဖြင့် အားပါးတရ ရယ်မောလိုက်ရာ၊ သူမ၏ မျက်လုံးများပင် လခြမ်းကွေးများသဏ္ဍာန်သို့ ပြောင်းသွား၏။

“ယောက်ျား၊ ရှင်က သူ့ကို နှောက်ယှက်တယ်လို့ ပြောတာလား”

သူမက ဤသို့ပြော၍ ရွှယ်အန်း၏ လက်မောင်းတစ်ဖက်ကို သဘာဝကျစွာ လက်ချိတ်လိုက်သည်။ ထိုအချိန်တွင် လူတိုင်းသဘောပေါက်နားလည်သွားသည်။ ဤရင်သပ်ရှု့မောဖွယ် လှပသောမိန်းကလေးသည် ဤယောက်ျား၏ ချစ်သူဖြစ်သည်။

ထို့ကြောင့် ချီဖန့်၏ ပြောစကားကို မည်သူမျှ မယုံကြည်ကြတော့ပေ။

‘တကယ့်ဟာသပဲ’

‘ကိတ်မုန့်တစ်လုံးရှိတဲ့လူက ချီးကို စားမလား”

အော်ကျယ်ကျယ်ပြောခဲ့ကြသော ဝေဖန်ရေးသမားများသည် ရှက်ရွံ့စွာဖြင့် ခေါင်းငိုက်စိုက်ချထားကြရုံသာမက၊ အချို့သောသူများသည် ထိုအမျိုးသမီးကိုပင် ပြင်းပြင်းထန်ထန်စိုက်ကြည့်နေကြသည်။ ဤအမျိုးသမီးသည် တစ်စုံတစ်ယောက်ကို အကြောင်းပြချက်မဲ့၊ အပြစ်တင်နေခြင်းမှာ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ဟု သူတို့ ထင်ကြသည်။ ဤအခိုက်အတန့်တွင် အမျိုးသမီးသည် သူ့စိတ်ထဲမှ အလန့်တကြားခြောက်ခြားမှုကိုသာ ခံစားလိုက်ရသည်။ ဤယောက်ျားတွင် ဤမျှ ချောမောလှပသောချစ်သူရှိလိမ့်မည်ဟု မည်သို့မျှ မထင်ထားခဲ့ပေ။ သူမနှင့် နှိုင်းယှဥ်ပါက၊ အမြဲတစေ ကံကောင်းခဲ့သော သူမမျက်နှာသည်ပင် ဆိုရွးသော မြင်ကွင်းတစ်ခုမျှသာဖြစ်သည်။

ဤအချိန်တွင် ယောက်ျားများစွာ၏ မျက်နှာထက်၌ စိတ်ပျက်မှုများ ပြည့်နှက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ထန်ရွှမ်အာအား ခိုးကြောင်ခိုးဝှက်လှမ်းကြည့်နေသူ အများအပြားလည်းရှိသေး၏။ မက်စ်တပ်ထားသော ဖန်းမင်ရွှယ်နှင့် နှိုင်းယှဥ်လျှင် ထန်ရွှမ်အာသည် ပို၍ပင် နူးညံ့၍ ငြိမ်သက်နေပုံပေါ်သည်။

သို့သော် ဖန်းမင်ရွှယ် ထပ်ပြောလိုက်သော စကားလုံးများသည် ဤလူများအားလုံး၏ စိတ်ကူးများကို အပြင်းအထန် ပျက်ဆီးသွားစေ၏။

“မမ ဒီမိန်းမက ကျွန်မတို့ ယောက်ျားကို စော်ကားနေတာပဲ”

ကျွန်မတို့ … ယောက်ျား

ဤထူးဆန်းသော စကားအသွားအလာကြောင့် ရွှယ်အန်းအပေါ်သို့ လူတိုင်း၏အကြည့်သည် ပြောင်းလဲသွား၏။ တုန်လှုပ် မနာလိုခြင်းနှင့်အတူ၊ အများစုသည် အလွန် မနာလိုဖြစ်နေကြ၏။ ထန်ရွှမ်အာက ရှက်၍ ခေါင်းငုံ့ကာ စကားဆက်မပြောတော့ပေ။ ရွှယ်အန်းသည်မူ အနည်းငယ်ကူကယ်ရာမဲ့စွာဖြင့် ဖန်းမင်ရွှယ်ကိုသာ ကြည့်နေမိသည်။ ဖန်းမင်ရွှယ်သည် တစ်ခါတစ်လေတွင် အလွန်ပြောင်းလဲလွယ်ကာ၊ ခန့်မှန်းရခက်သည်။

ထို့နောက် ရွှယ်အန်းက အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။

“အခု ငါမင်းကို ထိတယ်လို့ ပြောဦးမလား”

အမျိုးသမီးသည် တုန်လှုပ်ခြောက်ခြားကာ၊ ငြင်းခုံရန် တွေးနေသေးသော်လည်း ရွှယ်အန်း၏အကြည့်များသည် သူမအား အအေးခန်းထဲသို့ ပို့ပေးလိုက်‌တော့မည့်နှယ်အေးစက်နေသဖြင့် ကြောက်လန့်တကြား ပြန်ဖြေလိုက်သည်။

“ဟင့်အင်း… ကျွန်မမပြောပါဘူး”

“မင်းအမှားကိုမင်း နားလည်ပြီလား”

“ကျွန်မမှားမှန်းသိပါပြီ”

“ဒါဆို ကိုယ့်ကိုယ်ကို အချက်နှစ်ဆယ်လောက် ပါးရိုက်နေစမ်း”

ဤသို့ပြောပြီးနောက်၊ ရွှယ်အန်းသည် ရွှယ်ရှန်းတို့ကို ခေါ်၍ ထွက်ခွာသွား၏။ ရွှယ်အန်းထွက်ခွာသွားပြီးနောက်၊ အမျိုးသမီးက စိတ်သက်သာရာရ၍ တိတ်တဆိတ်ဝမ်းသာသွားကာ၊ တွေးလိုက်သည်။

‘သူပြောတာနဲ့ပဲ ငါ့ကိုယ်ငါ ပါးရိုက်ရမယ်ထင်နေတာလား။ ငါဘာလို့ သူ့စကားနားထောင်ရမှာလဲ’

သို့သော် သူမ ထတော့မည့်ဆဲဆဲတွင် သူမ၏ လက်သည် သူ့အလိုလို မြင့်တက်လာကာ၊ ကိုယ့်မျက်နှာကိုယ် ပြင်းထန်စွာ ပါးရိုက်ချလိုက်၏။ ဤရိုက်ချက်သည် အလွန်ပြင်းထန်လှသောကြောင့် အမျိုးသမီး၏ ဦးခေါင်းတစ်ခုလုံး ချာချာလည်သွားသော်လည်း ထိုနာကျင်မှုကို သူမမတုံ့ပြန်နိုင်ခင်တွင်ပင်၊ အခြားလက်တစ်ဖက်မှ နောက်တစ်ချက် ထပ်ရိုက်လိုက်ပြန်၏။

အကြိမ်နှစ်ဆယ်တိတိ ပါးရိုက်ပြီးနောက်၊ အမျိုးသမီး၏ မျက်နှာသည် ဘောလုံးတစ်လုံးကဲ့သို့ ယောင်ယမ်းလာကာ၊ သူမဂရုတစိုက်ပြုပြင်ထားသော နှာခေါင်းသည်လည်းရွှဲ့သွား၏။

ထိုအချိန်တွင် မည်သူမျှ သူမကို မသနားကြတော့ဘဲ၊ ရွံရှာစက်ဆုပ်စွာကြည့်နေကြသည်။ အမျိုးသမီးသည် ထ၍ ကျောခိုင်းသွားသော ရွှယ်အန်းကို ကြည့်ကာ၊ အဝေးသို့ပြေးထွက်သွားသည်။ ဤဖြစ်ရပ်ပြီးနောက်၊ ရွှယ်အန်းသည် ဖန်းမင်ရွှယ်နှင့် အခြားသူများကို ရေခဲစကိတ်စီးရန် ဦးဆောင်လာ၏။

ဖန်းမင်ရွှယ်သည် ရေခဲစကိတ်စီးရာတွင် အတွေ့အကြုံရှိသော်လည်း ထန်ရွှမ်အာသည်မူ၊ အတွေ့အကြုံမရှိသဖြင့် စကိတ်ပေါ်တက်လိုက်သည်နှင့် ပြုတ်ကျသွားရသည်။ ရွှယ်အန်းတွင်လည်း အတွေ့အကြုံမရှိသည့်တိုင်၊ သူ၏စွမ်းဆောင်နိုင်ရည်နှင့် ဤအသွေးအဖွဲကိစ္စတစ်ခုသည် သူ့အတွက် စိန်ခေါ်မှုတစ်ခုမဟုတ်ပေ။ ထို့ကြောင့် ထန်ရွှမ်အာကို သင်ကြားပေးရန် လက်ကို ဆွဲကိုင်လိုက်၏။

ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ နှစ်ဦးသည်မူ၊ စွတ်ဖားပေါ်တွင်ထိုင်ကာ၊ စွတ်ဖားခွေးအချို့နှင့် ပျော်ရွှင်စွာ ကစားနေကြသည်။

ဆောင်းရာသီ၏ နေ့တာသည် တိုလှသဖြင့် များမကြာမီတွင် ကောင်းကင်သည် စတင်မှောင်ပိန်းလာ၏။ ဖန်းမင်ရွှယ်သည် ထိုနေ့လယ်ခင်းတွင် ပျော်မြူးနေခဲ့ရာ၊ ယခု ရွှယ်အန်း၏ ဘေးတွင်ထိုင်၍ မျက်နှာနီမြန်းစွာနှင့် မောဟိုက်နေ၏။

“ပင်ပန်းလား”

ဖန်းမင်ရွှယ်သည် ခေါင်းခါ၍

“လုံးဝမပင်ပန်းဘူး”

ရွှယ်အန်းသည် အနီးအနားတွင် ဒယီးဒယိုင်ဖြစ်နေသော ထန်ရွှမ်အာကိုကြည့်၍ ပြုံးလျက်မေးလိုက်သည်။

“နင် ဒီနေ့ ပျော်လား”

“ဒါပေါ့၊ ငါပျော်တယ်၊ ဒီနေ့က ဒီလေးနှစ်လုံးမှာ အပျော်ဆုံးနေ့ပဲ”

ထိုအချိန်တွင် ရေခဲကွင်းတစ်ဝိုက်ရှိ မီးများပွင့်သွားသည်။ ရေခဲဝင်္ကပါများနှင့် ရဲတိုက်များသည် မီးအလင်းရောင်စုံအောက်တွင် လင်းလက်တောက်ပလျက်၊ ရေခဲနိုင်ငံတော်ကြီးတစ်ခုနှင့်ပင်တူ၏။

“အရမ်းလှတာပဲ” ဖန်းမင်ရွှယ်သည် ငေးမောလျက်၊ မြင်ကွင်းကို မှင်သက်နေမိသည်။ ရွှယ်အန်းက ခေါင်းညိတ်၍ သဘောတူလိုက်၏။

အဆတစ်ထောင်ပို၍ ကြီးကျယ်ခမ်းနားသော မြင်ကွင်းများကို မြင်ခဲ့ဖူးသော်လည်း ယခုအခိုက်အတန့်တွင် ရွှယ်အန်းသည် လူ့လောက၏ ရိုးရှင်းသော ပျော်ရွှင်ဖွယ္ရာများသည်လည်း အလွန်လှပလွန်းသည်ဟု ခံစားမိ၏။

အခန်း(၂၄) ကြားရတာကောင်းလား၊ ကောင်းရင်အဲ့တာ အရိုးကောင်းတစ်ခုပဲ

“ဖေဖေ၊ သမီးတို့ ဘယ်လောက်တော်လည်းဆိုတာ ဖေဖေ မြင်လား” ရွှယ်ရှန်းနှင် သူ၏ ညီမလေးသည် အသေးဆုံးစကိတ်စီး ဖိနပ်လေးတစ်စုံစီကို ဝဝ်၍ ရွှယ်အန်းရှေ့တွင် မစီးတတ်စီးတတ်ဖြင့် စကိတ်စီးနေကြသည်။

ရွှယ်အန်းကမူ ပြုံး၍

“ဝိုး အရမ်းတော်တာပဲ၊ သင်ယူတာ အရမ်းမြန်တယ်”

“ဟုတ်တယ်၊ ဒါပေမယ့် အန်တီ ရွှမ်အာက ကို့ရို့ကားယားနဲ့ လုံးဝမစီတတ်သေးဘူး” ရွှယ်ရှန်းကပြောသည်။

အနီးအနားတွင် စကိတ်စီးရန် ရုန်းကန်နေသော ထန်ရွှမ်အာသည် ဤစကားကိုကြား၍ အနည်းငယ်ရှက်သွားရသည်။

“သမီးတို့ အန်တီရွှမ်အာကို အဲ့လိုမပြောပါနဲ့” ရွှယ်အန်း၏ ပြောစကားကြောင့် ထန်ရွှမ်အာ၏ ရှက်စိတ်များအနည်းငယ်လျော့ပါးသွားသည်။

“အန်တီရွှမ်အာ ကို့ရို့ကားယားဖြစ်နေတာမှန်ပေမယ့် အဲ့လိုအကျယ်ကြီးမပြောသင်ဘူး”

ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ညီအစ်မနှစ်ယောက်သည် တခစ်ခစ်ရယ်မောလိုက်ကြသည်။

ထန်ရွှမ်အာသည် အနည်းငယ်စိတ်ဆိုးသွားကာ၊ ရွှယ်အန်းကို စိုက်ကြည့်ပြီးနောက်၊ အဝေးတစ်နေရာသို့ စကိတ်စီးသွားလိုက်သည်။

ဤအချိန်တွင် အဝေးတစ်နေရာမှ၊ မျက်လုံးများစွာသည် ရွှယ်အန်းကို စိုက်ကြည့်နေကြ၏။

“အဲ့တာသူလား”

ခေါင်းဆောင်သူသည် အသက်လတ်ပိုင်း ထိပ်ပြောင်နေသောယောက်ျားတစ်ယောက်ဖြစ်သည်။

ချီဖန့်ကသူ့ကိုမှီ၍ ခေါင်းညိတ်ပြကာ၊ ခါးသီးစွာပြောလိုက်သည်။

“ကျစ်ကျစ် အဲ့မိန်းမနှစ်ယောက်က တကယ်လှတာပဲ” ထိပ်ပြောင်ယာက်ျားကပြောလိုက်သည်။

“အစ်ကိုကြီး သာ့ကျွင်း ညီမလေးအတွက် လက်စားချေပေးရမယ်နော၊ ညီမလေးမျက်နှာဆို ပါးရိုက်ခံရလို့ ဖောင်းလာပြီး၊ နှာခေါင်းလည်း ကောက်သွားတယ်” ချီဖန့်က အလွန်စိတ်မကောင်းဖြစ်စွာဖြင့် ပြောသည်။

ဤအစ်ကိုကြီးသာ့ကျွင်းဆိုသူသည် ရေခဲစကိတ်စီးပွားရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသည့် ဒေသတွင်းခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ချီဖန့်သည် သူနှင့် ရင်းနှီးကာ၊ ထိုနေ့မနက်အစောပိုင်းတွင် ရွှယ်အန်း၏ စော်ကားခြင်းခံခဲ့ရသဖြင့် လက်စားခေလိုစိတ်ဖြင့် သာ့ကျွင်းကို လိုက်ရှာခဲ့သည်။

“သေချာတာပေါ့၊ ဒီကောင်က ငါလူတွေနဲ့ လာရှုပ်ရဲတယ်ပေါ့ဟုတ်လား၊ အသက်ရှင်ရတာ စိတ်ကုန်နေပြီထင်တယ်”

သာ့ကျွင်း၏ အကြည့်တစ်ချက်နောက်တွင် သူ၏ ဒါဇင်နှင့် ချီအောင်များပြားသော နောက်လိုက်များသည် ရွှယ်အန်းအနားသို့ တိတ်တဆိတ် ချဥ်းကပ်သွားကြသည်။ စကိတ်ကွင်းမှ ပုံမှန်လူများသည် ဤအဖွဲ့ကို သတိထားမိကြကာ၊ ဒေသခံလူရမ်းကားများဖြစ်ကြောင်း သိကြသည်။ လူတိုင်းသည် ၎င်းတို့ကို သိသိသာသာရှောင်ကြဥ်ကြ၏။ ထို့ကြောင့်ရွှယ်အန်းနှင့် သူ့အပေါင်းအပါများကို ဝန်းရံရန် အချိန်မကြာမြင့်လိုက်ပေ။

ရွှယ်အန်းသည် သူ့သမီးများနှင့် စကားစမြည်ပြော၍ ရယ်မောကာ၊ ဤနီးကပ်လာသော ခြိမ်းခြောက်မှုကို သတိမထားမိပုံရသည်။ သာ့ကျွင်းက ရှေ့သို့ခြေတစ်လှမ်းလှမ်းတိုး၍ ထန်ရွှမ်အာကို ဦးစွာ ပြောလိုက်သည်။

“ဟိတ် မိန်းကလေး၊ စကိတ်မစီးတ်တဘူးလား။ အစ်ကိုကြီး မင်းကို သင်ပေးပါရစေ”

ထန်ရွှမ်အာက မျက်မှောင်ကြုတ်၍ ဘေးသို့ရှောင်ထွက်သွားလိုက်သည်။

“ရှင်ဘယ်သူလဲ၊ ကျွန်မရှင့်ကိုမသိဘူး။ ကျွန်မနဲ့ဝေးဝေးနေပါ”

ဟူသာ့ကျွင်းသည့် သူ၏ ဝါကျင့်ကျင့်သွားကြီးများကို ဖြဲ၍ ပြုံးပြလုကိ်သည်။

“ဒီလို နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးတစ်ယောက်တည်း စကိတ်စီး‌နေရတာ ပျင်းဖို့ကောင်းတယ်လို့ မထင်ဘူးလား။ ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ ဒီလိုညမျိုးမှာ၊ အရေးကြီးတာက မင်းနဲ့ ပေါင်းသင်းဖို့ ယောက်ျားတစ်ယောက် မလိုဘူးလား”

ဟူသာ့ကျွင်းသည် ဤသို့ပြော၍ ထန်ရွှမ်အာကို တက်မက်စွာ စိုက်ကြည့်နေသည်။ ဤမိန်းကလေးသည် အဝေးမှကြည့်လျှင်လှပသော်လည်း အနီးကပ်ကြည့်လျှင်၊ ပို၍ပင် ရင်သပ်ရှု့မောဖွယ်ကောင်းလှသည်။

သူ၏မဖွယ်မရာစကားများကို ထန်ရွှမ်အာက ပြတ်သားစွာ တုံ့ပြန်လိုက်သည်။

“ကျွန်မထပ်ပြောလိုက်မယ်၊ ကျွန်မနဲ့ဝေးဝေးနေ၊ ပြီးတော့ ကျွန်မမှာ အတူတူလာတဲ့သူငယ်ချင်းတွေရှိတယ်”

ဟူသာ့ကျွင်းက လှောင်ရယ်လိုက်သည်။

“သူငယ်ချင်းတွေဟုတ်လား။ သူလား”

အနားရှိ ရွှယ်အန်းကို လက်ညှိုးထိုးပြကာ၊ အထင်အမြင်သေးကာပြောလိုက်သည်။

“ဒီမှာ မင်းသူငယ်ချင်းက အရမ်းကြောက်နေတော့၊ ဒီဘက်တောင်လှည့်မကြည့်ရဲဘူး။ သူဝင်ပါလိမ့်မယ်ထင်နေတာလား”

“ဒါ့အပြင် ငါမင်းကို ပြောပါရစေ ညီမလေး၊ မင်းသူငယ်ချင်းက ငါ့လူတွေကို ရိုက်လိုက်တယ်၊ ဒါ့ကြောင့် သူ့ဆီက တန်ရာတန်ကြေးပြန်ယူဖို့လာခဲ့တာပဲ” ဟူသာ့ကျွင်းက မောက်မာစွာပြောလိုက်သည်။

ထန်ရွှမ်အာ၏ မျက်နှာသည် ဖြူဖျော့လျက်၊ စိုးရိမ်စိတ်များ နှလုံးသားထဲသို့ စိမ့်ဝင်သွားသကဲ့သို့၊ အံကို တင်းတင်ကြိတ်ထားလိုက်သည်။ ဤလူများသည် ကြိုတင်ပြင်ဆင်၍ လာခဲ့သည်ကို သူမသိသည်။ အထူးသဖြင့် ချီဖန့်ကို တွေ့သောအခါ၊ လက်စားချေရန်ရောက်လာခဲ့သည်ကို သူမသိလိုက်သည်။ ရွှယ်အန်းသည် ဖန်းမင်ရွှယ်နှင့် ကောင်မလေးနှစ်ယောက်နှင့်အတူ၊ အကုန်လုံးအတွက် တာဝန်ယူပေးနိုင်လိမ့်မည်လော။

“ဟားဟား၊ ဒါ့ဖြင့် မင်းကောင်းကောင်းဆက်ဆံရင် အစ်ကိုကြီးက မင်းကို ဂရုစိုက်ပေးမယ်၊ မင်းခက်ခဲအောင် အစ်ကိုကြီးမလုပ်ပါဘူး” ဟူသာ့ကျွင်းက လက်များကို ဆန့်ထုတ်၍ပြောလိုက်သည်။

အဖြူရောင်အလင်းတန်းတစ်ခု

ဟူသာ့ကျွင်းသည် ရုတ်တရက်၊ တစ်စုံတစ်ခု ပျောက်ဆုံးသွားသကဲ့သို့ သူ့လက်ကောက်ဝတ်တွင် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက်၊ လက်ကိုငုံ့ကြည့်လိုက်သောအခါ၊ သူ၏ လက်ချောင်းနှစ်ချောင်းလုံး ရှင်းလင်းစွာ ကျိုးသွားသည်ကို သိလိုက်ရ၏။

သွေးများ ပန်းထွက်လာပြီးနောက်၊ ဟူသာ့ကျွင်းသည် နာကျင်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“မင်းငါနဲ့ ပြဿနာရှင်းဖို့ လိုက်ရှာနေတယ်လို့ ကြားတယ်” ရွှယ်အန်း၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

ဖန်းမင်ရွှယ်သည် ဖြစ်ပျက်လာမည့်အရာများမှာ ကလေးများအတွက် သင့်တော်လိမ့်မည်မဟုတ်ကြောင်း သိသောကြောင့် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို တစ်ဖက်သို့ ဖယ်ထားလိုက်ပြီးဖြစ်၏။

“မင်း… မင်း” ဟူသာ့ကျွင်း၏ တစ်ကိုယ်လုံး နာကျင်စွာ တုန်ယင်လျက်ရှိရာ၊ သူ့မျက်နှာထက်တွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်နေ၏။ ခုဏက မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို သူမသိလိုက်ပေ။

သူ၏ လက်သည် အဘယ်ကြောင့် ရုတ်တရက် ကျိုးသွားရသနည်း၊

ဤလူ၏ လုပ်ရပ်ဖြစ်နိုင်သလော။

ရွှယ်အန်း၏ အကြည့်သည် မိန်းမအင်္ဂါရပ် ခုနှစ်ပါးနှင့်ပြည့်စုံသော အမျိုးသမီးထံသို့ ပြောင်းသွားကာ၊ အေးစက်စွာပြောလိုက်၏။

“အစကတော့ ငါစိတ်ကောင်းဝင်နေလို့ မင်းကို သက်ညှာပေးမလို လွှတ်ပေးလိုက်တာ။ မင်းက မင်းဒုက္ခမင်းရှာနေတာပဲ။ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ဖို့ပဲ ရှိတော့တယ်”

မိန်းမသည် ဖွဲကဲ့သို့ တုန်လှုပ်နေ၏။

ဟူသာ့ကျွင်းသည် အံကြိတ်၍ သူ့နောက်လိုက်များကို အမိန့်ပေးလိုက်သည်။

“အားလုံးပဲ၊ ဒီကောင့်ကို လိုက်ဖမ်းကြစမ်း”

သူ၏ ဂိုဏ်းတစ်ဖွဲ့လုံး ဝိုင်းအုံ၍ ရွှယ်အန်းကို ဝိုင်းထားလိုက်ကြသည်။ ရွှယ်အန်းသည် သူ၏နောက်ကျောဘက်သို့ လက်နှစ်ဖက်ယှက်ကာ မတ်တပ်ရပ်နေ၍ ကောင်းကင်သို့မော့ကြည့်လျက်၊ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုပေါ်လာသည်။

“ရွှမ်အာ”

“ဟမ်”

“နင်က ဆရာဝန်ဆိုတော့ ၊ အရိုးကောင်းတွေက ဘာဖြစ်လဲသိလား”

ထန်ရွှမ်အာက ခေါင်းခါလိုက်သည်။

“မသိဘူး”

“ကောင်းပြီ၊ အဲ့တာဆို ငါနင့်ကို ပြမယ်”

ရွှယ်အန်းသည် ဤသို့ပြော၍ လက်ဖဝါးကိုရှေ့သို့ထုတ်၍ သူ့ထံသို့ပြေးလာသော လူမိုက်ကို ရိုက်လိုက်သည်။ အရိုးကျိုးသံများနှင့်အတူ၊ ထိုယောက်ျားသည် ဆယ်မီတာအကျော်သို့ လွင့်ထွက်သွား၏။ လူရမ်းကား တစ်ဒါဇင်ကျော်ခန့်ကို ကိုင်တွယ်ဖြေရှင်းရန် ရွှယ်အန်းအတွက် အချိန် ဆယ်စက္ကန့်မျှသာလိုအပ်သည်။ ခြွင်းချက်မရှိ၊ ထိုသူများအားလုံး ခြေလက်များ ကျိုးကြေကုန်သည်။ အရိုးကျိုးကြေအက်ကွဲသံများသည် ရပ်တန့်မသွာားပေ။ ရွှယ်အန်းသည် နောက်ဆုံးသော လူရမ်းကာကို နင်းခြေပြီးနောက်၊ သာမန်ကာလျှံကာပြောလိုက်၏။

“အရိုးကျိုးသံကြားလား၊ အသံကောင်းရင်အရိုးတွေက ကောင်းတယ်” ထို့နောက်ရွှယ်အန်းသည် တုန်လှုပ်နေသော ဟူသာ့ကျွင်းကို ကြည့်၍ ပြုံးလျက်ပြောလိုက်သည်။

“ကဲ မင်းအလှည့်ရောက်ပြီ”

ဟူသာ့ကျွင်း ငိုချင်လာ၏။

ဤလူသည် တကယ်ကိုပင် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။ စက္ကန့်အနည်းငယ်အတွင်းတွင် သူ့လူများအားလုံးသည် ပြားပြားဝပ်သွားရ၏။

“မင်း… အနားကပ်မလာခဲ့နဲ့၊ ငါလုခွန်းရဲ့လူပါ၊ လုခွန်းဘယ်သူလဲဆိုတာ မင်းသိလား။ သူက သူဌေးတုလက်အောက်က သူဌေးအကြိုက်ဆုံးသူပဲကွ၊ မင်းငါ့ကို ထိရဲရင် လုခွန်းကို သတိထားတော့” ဟူသာ့ကျွင်းသည် ဤသို့ပြော၍ ယုံကြည်မှုများ မြင့်မားလာသည်။

မှန်သည်၊

ဤနေရာတွင် လုခွန်းမရှိပေ။ သူ၏ နာမည်ကို ထုတ်သုံးလျှင် မည်သူက သူ့ကို အံတုဝံ့လိမ့်မည်နည်း။

သို့သော် ဟူသာ့ကျွင်းသည် ရွှယ်အန်း၏ မျက်နှာထက်တွင် မည်သည့် ထိတ်လန့်မှုအရိပ်အယောင်ကိုမျှ မမြင်လိုက်ရ၊ သေးငယ်သော လှောင်ပြောင်မှုတစ်ခုသာ တွေ့လိုက်ရ၏။

“လုခွန်း လုခွန်းဟုတ်လား”

“ဟုတ်တယ်၊ လုခွန်းကိုရောသိလား၊ သိရင် မင်း ငါ့ကို ဒူးထောက်ပြီး ညှာတာပေးဖို့ တောင်းပန်တာပိုကောင်းလိမ့်မယ္၊ ငါမင်းကို ပြောနေတယ်ဒ လုခွန်းက ဒီမှာ”

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

“ကောင်းပြီ၊ ငါမင်းကို ငါးမိနစ်အချိန်‌ပေးမယ်၊ မင်း လုခွန်းကို ခေါ်လိုက်လေ၊ ငါလူတွေ့တောင်းပန်လိုက်ပါ့မယ်”

“အနည်းဆုံးတော့ မင်းက ဉာဏ်ကောင်းသေးသားပဲ” ဟူသာ့ကျွင်းက လက်ကိုင်ဖုန်းကို ထုတ်၍ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။

“လုခွန်း၊ ငါသာ့ကျွင်းပါ၊ ငါအခု ရေခဲကွင်းမှာ။ ဒီမှာကွာ ကိုယ်ကိုယ်ကိုယ် မြင့်မားပြီး စွမ်းအားကြီးတယ်ထင်နေတဲ့ အကောင်တစ်ကောင်ရှိတယ်။ ငါတို့ လူတစ်ဒါဇင်လောက် အရိုက်ခံလိုက်ရတယ် မြန်မြန်လာခဲ့ပါ”

လုခွန်း၏အသံသည် ဖုန်း၏ တစ်ဖက်မှ ပေါ်ထွက်လာ၏။

“ဘယ်ကောင်က ငါ့လူတွေကို ဒီလိုလုပ်ရဲတာလဲကွ၊ စောင့်နေခိုင်းလိုက်၊ ငါလာနေပြီ”

All Chapters