အခန်း (၃၁-၃၃)
Vol. 3 Ch. 31-33
အခန်း(၃၁) ငါ့လက်သီးစာခံကြည့်လိုက်
အဆောက်အဦ၏ အပျက်အစီးအမှုန်အမွှားများ ငြိမ်သက်သွားသောအခါ၊ ရွှယ်အန်းက သူ့လက်သီးများကို ပြန်လည်ရုတ်လိုက်သည်။
“ဒီလိုမျိုး တိုက်မယ် သတ်မယ်လုပ်နေတာ အဓိပ္ပါယ်မဲ့တယ်လို့ ငါအရင်တည်းကပြောထားပေမယ့် ဘယ်သူမှ နားမထောင်ကြဘူးလေ၊ သနားစရာပဲ”
မည်သူမျှ မတုံ့ပြန်ရဲကြပေ။ ဤသည်ကား ဟာသတစ်ခုနှင့် မတူသလော။
နောက်ဆုံးတွင်မူ၊ တစ်ချက်တည်းနှင့် အိမ်တစ်လုံးလုံးကို ပြိုကျသွားစေနိုင်သည့် လူကို မည်သူက စကားပြန်ပြောရဲလိမ့်မည်နည်း။ ပြတိုက်ဒါရိုက်တာ ထန်တုန်သည်မူ၊ ဤအခိုက်အတန့်တွင် အလွန်ရှက်ရွံ့လျက်ရှိနေသဖြင့်၊ မြေကြီးပေါ်မှ တွားသွား၍ပင် ထွက်ပြေးသွားချင်စိတ်များ ပေါ်ပေါက်နေသည်။
သူ လူတစ်ယောက်ကို အထင်သေး၍ လှောင်ပြောင်ရဲခဲ့ခြင်းလော။
သူ့ကို မည်သူ သတ္တိပေးခဲ့သနည်း။
ရွှယ်အန်းသည် စင်မြင့်ပေါ်ရှိ ဆေးပင်ဆီသို့ ဦးတည်လမ်းလျှောက်သွားလိုက်သည်။ ချင်းရှန်ရှေ့မှ ဖြတ်သွားချိန်တွင် သူသည် ချင်းရှန်အား အေးစက်စွာဖြင့် ကြည့်လိုက်၏။ ဤလျစ်လျူရှု့သော အကြည့်ကြောင့်ပင် ချင်းရှန်၏ ခန္ဓာကိုယ်ထဲရှိ သွေးများအားလုံး အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုခြောက်လှန့်မှုသည် သူ့တစ်ကိုယ်လုံးကို တုန်လှုပ်သွားစေသည်။ လျို့ရှု့သည် အပျက်အစီးများအောက်တွင် ဖိခံထားရကာ သူ၏ ကံကြမ္မာသည် မရေရာလှပေ။
မူလက လျို့ရှု့ကဲ့သို့ အရည်အချင်းရှိသူမျိုးရှိထားပါက၊ ချင်းယွမ်နှင့် သူ၏ မြေးကို အလွယ်တကူ၊ ဖယ်ရှားနိုင်လိမ့်မည်ဟု သူတွေးထင်ထားခဲ့သည်။ သို့သော် တစ်စုံတစ်ယောက်က ရုတ်တရက် ပေါ်လာ၍ သူ၏ အစီအစဥ်အားလုံးကို နှောက်ယှက်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ထိုအချိန်တွင် လူအုပ်ကြားထဲ၌ တုန်လှုပ်ခြောက်ခြား ကြောက်ရွံ့နေသော အခြားသူတစ်ယောက်ရှိနေသေး၏။ သူသည်ကား ဟုန့်မင်၏ ဖခင်၊ ဟုန့်မိသားစု၏ အကြီးအကဲဖြစ်သူ ဟုန့်ယွမ်ဖြစ်သည်။
သူသည် ဤတစ်ကြိမ် လေလံပွဲသို့ တက်ရောက်ခဲ့သော်လည်း မည်သူထံမှ အာရုံစိုက်မခံလိုသဖြင့် ထောင့်တစ်ထောင့်တွင် တိုးတိုးတိတ်တိတ် ထိုင်နေခဲ့သည်။ သားဖြစ်သူပေးရမည့် အကြွေးကိုဆပ်ရန် ဤနေရာသို့ ရောက်နေခဲ့ခြင်းဖြစ်သည်။ ချင်းယွီမှ သူ့အား ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးဖြစ်သဖြင့်၊ ပမာဏသည် ယွမ်လေးဆယ့်ကိုးသန်း၊ ကိုးသိန်း ကိုးသောင်း ကိုးထောင့် ကိုးရာတိတိဖြစ်သည်။
ဟုန့်ယွမ်က အမိန့်ကို မငြင်းဆန်ဝံ့သဖြင့် ငွေစုပြီးနောက်၊ ဤလေလံပွဲသို့ တုံ့ဆိုင်းစွာဖြင့် လာခဲ့သည်။ သို့သော် သူ့တွင်လှည့်ကွက်တစ်ခုရှိထားသဖြင့် ပိုက်ဆံကို ချက်ချင်းလွှဲခြင်းမပြုဘဲ၊ ဘေးနားမှ စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းတွင်၊ ချင်းရှန်သည် လက်ရှိတွင် ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ရာ၊ လူများစွာက သူ့ကို သတိထားမိကြသည်။ ထို့အပြင်၊ သူ့မိသားစုသည် ချင်းရှန်နှင့် ဆက်ဆံရေးကောင်း၏။
ချင်းရှန်သာ ချင်းယွမ်ကို ဖြုတ်ချနိုင်ခဲ့လျှင် သူ၏ ယွမ်သန်းလေးဆယ်ကျော်ကို ကယ်တင်နိုင်ဦးမည်ဖြစ်သည်။ သို့သော် သူ့သားကို စိတ်ရောဂါရစေခဲ့သည့် ရွှယ်အန်းသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ လက်သီးတစ်ချက်ထိုးရုံဖြင့် လူတစ်ယောက်ကို လွင့်ထွက်သွားစေနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယခု ဟုန့်ယွမ်သည် တုန်လှုပ်ခြောက်ခြားမှုနှင့်အတူ၊ ကြောက်ရွံ့မှုတို့ ရောထွေးလျက်၊ ပိုက်ဆံကို ခပ်စောစောမပေးခဲ့သည့်အတွက် နောင်တရလျက်ရှိသည်။ ရွှယ်အန်းသည် စင်မြင့်ပေါ်သို့ တက်သွားကာ၊ ဆေးပင်ကို ကြည့်၍ နှလုံးသားထဲတွင် အနည်းငယ်နာကျင်စွာဖြင့် ကြည့်လိုက်သည်။ ဟိုအရင်က၊ သူ ဤသို့သော ဆေးဖက်ဝင်အပင်မျိုးကို နှစ်ခါပင်ပြန်မကြည့်ခဲ့သော်လည်း ယခုမူ၊ ၎င်းသည် တန်ဖိုးကြီးရတနာတစ်ခုကဲ့သို့ သဘောထားခံနေရပြီဖြစ်သည်။
ရွှယ်အန်းသည် လက်ကို ဆန့်ထုတ်၍ နတ်ဆေးပင်ကို ထိတော့မည့်ဆဲဆဲတွင် ရုတ်တရက်၊ ခန်းမ၏ မြေပြင်သည် ရုတ်တရက် တုန်ခါလာ၏။
အပျက်အစီးများကြားမှ ကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါများ ပေါ်ထွက်လာပြီးနောက်၊ အရပ် နှစ်မီတာခန့်ရှည်သော ထွားကျိုင်းသည့် ယောက်ျားတစ်ဦးသည် သူ့အပေါ်ရှိ အပျက်အစီးများကို တွန်းဖယ်၍ လူတိုင်းရှေ့တွင် ပေါ်လာသည်။
“ဟားဟား၊ ငါ့ကို ဒီပုံစံပြောင်းရအောင်လုပ်နိုင်တာဆိုတော့ ကောင်လေး မင်းကိုယ်မင်းဂုဏ်ယူသင့်တယ်” ထွားကျိုင်းသောယောကက်ျးက ယုတ်မာစဥ်းလဲသော လေသံဖြင့်ပြောလိုက်သည်။ သူသည်ကား လျို့ရှု့ပင်ဖြစ်သည်။
သူမသေခဲ့ပေ။
ချင်းရှန်သည် အလွန်ဝမ်းသာပီတိဖြစ်စွာဖြင့် အော်လိုက်မိသည်။
“အင်မော်တယ်လျို့က တကယ် စွမ်းအားကြီးတယ်”
ဟုန့်ယန်သည်မူ ပို၍ပင် စိတ်လှုပ်ရှားစွာဖြင့် ပုန်းကွယ်မနေတော့ဘဲ ခုန်ထွက်လာလိုက်သည်။
“ဥက္ကဌချင်း၊ ဒီထူးခြားတဲ့လူရဲ့ အကူအညီနဲ့ ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုက သေချာပေါက်အောင်မြင်မှာပါ”
ဟုန့်ယန်၏ ပြောစကားကိုကြားသောအခါ၊ ချင်းရှန်ကကျယ်လောင်စွာ ရယ်မောလိုက်သည်။
ရွှယ်အန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“မင်း သက်တမ်းကို မကုန်ဆုံးစေချင်ဘူးဆိုရင် မင်း ဒီလျှို့ဝှက်နည်းကို မသုံးသင့်ဘူး”
လျို့ရှု့က လှောင်ရယ်လိုက်သည်။
“ကောင်လေး၊ မင်းအမြင်ကောင်းပေမယ့်၊ ကံမကောင်းစွာနဲ့ပဲ၊ သေရတော့မယ်”
“အိုး ဟုတ်လား” ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။
“ဒါဆို ကျုပ်ဆီလာလ၊ ခင်ဗျား ဘယ်လောက်စွမ်းလဲဆိုတာ ကြည့်ချင်သေးတယ်”
လျို့ရှု့က သူ့ထံသို့ ဒေါသတကြီး ချီတက်လာသည်။ ဤတစ်ကြိမ်တွင် သူ၏ အရှိန်သည် အလွန်လျင်မြန်ကာ၊ ခုန်၍ လေထဲမှတစ်ဆင့် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ဤလက်သီး၏ စွမ်းအားသည် အလွန်ကြီးမားလှသဖြင့် ခန်းမတစ်ခုလုံးတွင် လေပြင်းများပင် လှုပ်ခတ်သွားခဲ့သည်။ သို့သော် ရွှယ်အန်းသည်မူ၊ ရှောင်ခြင်း၊ တိမ်းခြင်းအလျင်းမရှိ၊ ထိုနေရာ၌သာ တုပ်တုပ်မျှမလှုပ်ဘဲ ရပ်နေ၏။
လျှို့ရှု့၏ ပါးစပ်ထောင့်တွင် မှင်သက်၊ ဆိုးယုတ်သော အပြုံးတစ်ခု ပေါ်လာသည်။
ရွှယ်အန်းပြောသည်မှာ မှန်သည်။ တစ္ဆေချီပိုင်ဆိုင်မှု လျို့ဝှက်နည်းပညာသည် သူ၏ လက်ရှိ ကျင့်ကြံရေးအဆင့်ထက် ကျော်လွန်နေသဖြင့်၊ ယင်းကို အသုံးပြုနိုင်ရန်၊ သူ့ဘဝတစ်ဝက်ကို လောင်ကျွမ်းစေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ၊ လျို့ရှု့သည် ထိုအရာများအားလုံးကို ဂရုမစိုက်တော့ဘဲ၊ နဂါးအူမြက်ပင်ကို ရနိုင်ပါက၊ စစ်မှန်သော ဆရာသခင်အဆင့်ကို ကျော်ဖြတ်၍ ရှောင်ယောင်းဘုံသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။ ထိုအချိန်ကျလာလျှင်၊ မည်သူက သူ့ပြိုင်ဘက်ဖြစ်နိုင်လိမ့်မည်နည်း။
ဘမ်း
ရွှယ်အန်းသည် လျို့ရှု့၏ လက်သီးကြောင့် လွင့်ထွက်ကာ၊ နံရံကို တိုက်မိသွားသည်။ ထို့နောက်၊ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။
“အား..” ချင်းယွီက ထအော်သည်။ ချင်းယွမ်၏ အမူအရာသည်လည်း လေးနက်လာ၏။ ထန်တုန်သာလျှင် အနည်းငယ်ခန့်မျက်မှောင်ကြုတ်ပြီးနောက်၊ တည်ငြိမ်သွားသည်။ သို့သော် ချင်းရှန်၊ ဟွမ်ယွမ်နှင့် အခြားသူများသည်မူ အပျော်လွန်နေကြ၏။
“ကောင်းကင်နတ်ဘုရားလျို့က တကယ်စွမ်းအားကြီးတယ်”
ရွှယ်အန်း သေဆုံးသွားသည့်အတွက်၊ ၎င်းတို့လမ်းတွင် ပိတ်ထားမည့်သူ မည်သူမျှ မကျန်တော့ပေ။ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည်လည်း ရုတ်ရုတ်သဲသဲဖြစ်လာသည်။ လျို့ရှု့သည် အမှန်တကယ်ပင် ခြောက်ခြားဖွယ်ကောင်းသလား။
ရွှယ်အန်း သေဆုံးသွားနိုင်ချေရှိသည်ဟု လူအများက တွေးမိကြသည်။ လျို့ရှု့သည် သူ၏ အနာဂတ်မျှော်လင့်ချက်များဖြင့် စင်မြင့်ပေါ်ရှိ နဂါးအူမြက်ပင်ကို တက်မက်စွာ၊ စိုက်ကြည့်နေသည်။
လျို့ရှုသည် ၎င်းကို လှမ်းယူတော့မည့်ဆဲဆဲတွင်၊ အသံခပ်ပါးပါး တစ်ခု ပေါ်ထွက်လာ၏။
“မင်း ဒီအခြေအနေမှာ ဘယ်လောက် အစွမ်းထက်မလဲလို့ မြင်ချင်ခဲ့ပေမယ့်၊ ငါ့အတွက်တော့ မင်းကအရမ်းအားနည်းလွန်းတယ်”
ချင်းရှန်၊ ဟုန့်ယွမ်နှင့် လွန်ခဲ့သော အခိုက်အတန့်တွင် ရွှင်မြူးနေကြသည့်အခြားသူများအားလုံး အေးခဲသွားကြသည်။
ချင်းယွီသည် ပါးစပ်ကို အုပ်၍ စိတ်လှုပ်ရှားလျက်၊ ရွှင်မြူးသော မျက်ရည်များ လဲ့နေသည်။ ပြိုကျသွားသော နံရံဆီမှ လူတစ်ယောက်ထွက်ပေါ်လာသည်။ ဖုန်မှုန့်အမှုန်အမွှားများကို ဖယ်ရှားပြီးနောက်၊ ရွှယ်အန်းသည် တည်ငြိမ်စွာဖြင့် လမ်းလျှောက်လာ၏။ လျို့ရှု့၏ လက်ချက်ဖြင့် လွင့်ထွက်သွားရုံမှလွဲ၍ ရွှယ်အန်းသည် ဒဏ်ရာကင်းစင်နေဆဲဖြစ်ကာ၊ ဆံပင်များသည်လည်း သူ့နေရာ၌သူသပ်ရပ်နေဆဲဖြစ်သည်။
လျို့ရှု့က အနည်းငယ်ထိတ်လန့်သွားပြီးနောက် ပြောလိုက်သည်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လျို့ရှု့သည် သူ့လက်သီးမှာ သံမဏိကိုပင် သတ္တုမအမှုန့်အဖြစ်သို့ ပြောင်းလဲနိုင်လိမ့်မည်ဟု ထင်ထားသည်။
ဤလူ၏ ခန္ဓာကိုယ်သည် သံမဏိထက်ပင်မာကျောသလော။
လျို့ရှု့၏ သံသယကို ခံစားသိရှိပြီးနောက်၊ ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။
“အံ့သြစရာမလိုဘူး။ မင်းအရမ်းအားနည်းလို့ပဲ”
ထို့နောက် ရွှယ်အန်းသည် လျို့ရှု့ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
“လုပ်ရဲရင် ခံရဲရမှာပေါ့။ မင်း ငါ့ကို လက်သီးနဲ့ထိုးလိုက်တဲ့အတွက်၊ အခု ငါ့အလှည့်ရောက်ပြီ”
ထိုသို့ပြောပြီးနောက်၊ ရွှယ်အန်းသည် ခြေဆောင့်၍ လေထဲသို့ ရုတ်တရက် ခုန်ကာ၊ ညာလက်သီးကို ရှေ့သို့ ပစ်သွင်းလိုက်သည်။
“ငါ့လက်သီးစာ ခံကြည့်လိုက်၊ ကောင်းကင်နဲ့ မြေကြီးကို ပြိုကွဲသွားစေရမယ်”
သူ့လက်သီးသည် ထူးခြားပုံမပေါ်လှသော်လည်း ၎င်းသက်ဆင်းလာချိန်တွင် လူတိုင်းသည် ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရပြီးနောက်၊ အချို့သည်၊ ဟန်ချက်ပျက်၍ ကြမ်းပြင်ပေါ်သို့ လဲကျကုန်ကြသည်။
လျို့ရှု့သည် နောက်ဆုံးတွင် ထိတ်လန့်နေသည့်အကြည့်ဖြင့်၊
“ကျေးဇူးပြုပြီး…”
သူ၏ အသနားခံမှု မပြီးဆုံးခင်တွင် ရွှယ်အန်း၏ လက်သီးသည် သူ့မျက်နှာထက်သို့ သက်ဆင်းလာသည်။
လျို့ဝှက်နည်းပညာဖြင့် ကြီးထွားနေသော လျို့ရှု့သည်၊ လက်သီးကြောင့် မြေပြင်ပေါ်သို့ ထိုးကျ၍ ခေါင်းနှင့် ဗိုက်ပင်ထိသွားခဲ့သည်။
သူ့ခန္ဓာကိုယ်သည် အရပ်နှစ်မီတာမှ တစ်မီတာအောက်သို့ ပြန်ရောက်သွားသည်။
သွေးများနှင့် ဦးနှောက်အစိတ်အပိုင်းများသည် နေရာအနှံ့ပြန့်ကျဲလျက်ရှိသည်။ ရွှယ်အန်းသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှယ်၊ နောက်ကျောဘက်သို့ လက်နှစ်ဖက်ယှက်လျက်၊ မြေပြင်ပေါ်သို့ သက်ဆင်းလိုက်သည်။
ချင်းရှန်နှင့် ဟုန့်ယွမ်တို့သည် ကြောက်လန့်တကြား ထိတ်လန့်နေကြသည်။ အထူးသဖြင့် ချင်းရှန်သည် အလွန်ကြောက်ရွံ့လျက်၊ သူ့ခါးအောက်ပိုင်းမှ နွေးထွေးသော သေးစီးကြောင်း တစ်ခုကို ခံစားလိုက်မိသည်။ သို့သော် ထိုအခိုက်အတန့်တွင်ပင်၊ လျို့ရှု့၏ အလောင်းထဲမှ အနက်ရောင်အမှုန်အမွှားများ ပေါ်ထွက်လာကာ၊ ပြတင်းပေါက်ဆီသို့ အလျင်အမြန်ပျံသန်းသွား၏။
“မင်းက လွတ်မယ်ထင်နေတာလား” ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
ထို့နောက် လက်အမူအရာတစ်ခုလုပ်လိုက်သောအချိန်တွင်၊ ထိုအနက်ရောင်အခိုးအငွေ့များသည် ရွှယ်အန်း၏ လက်ထဲသို့ရောက်လာသည်။ အနက်ရောင်အခိုးအငွေ့သည် ပြင်းထန်စွာရုန်းကန်နေသော်လည်း ရွှယ်အန်းမှ လက်ကို တင်းတင်းကြပ်ကြပ်ညှစ်လိုက်သောအခါတွင်၊ အစိတ်စိတ်အမွှာမွှာဖြစ်၍ ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက်၊ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ခြင်းအတိပြီးသွား၏။
အခန်း(၃၂) အဆင့်မြင့် မူလအနှစ်သာရဆေး
ရွှယ်အန်းသည် ကွင်းပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ သူ့အကြည့်ဖြတ်သွားရာနေရာမှလူတိုင်း၏ မျက်နှာထက်တွင် ကြောက်ရွံ့မှုများ ထင်ဟပ်လျက်၊ အလျင်အမြန်ဆုတ်ခွါသွားကြသည်။ ချင်းရှန်သည် သစ်သားကြက်တစ်ကောင်နှင့်ဆင်တူကာ၊ အရာအားလုံးပြီးဆုံးသွားပြီဖြစ်ကြောင်း သူသိသည်။
သူ နတ်ဘုရားတစ်ဆူအလားကိုးကွယ်ထားခဲ့သည့် ပုဂ္ဂိုလ်ကို ဤသူသည် လက်သီးတစ်ချက်ဖြင့် လွင့်ထွက်စေခဲ့သည်။
ဤသို့ဆိုလျှင် သူ့ကိုကိုင်တွယ်ရန် အလွန်လွယ်ကူနေလိမ့်ပေမည်မဟုတ်လော့။
ဟုန့်ယွမ်သည်မူ၊ ယခုအချိန်တွင် သူ့ကိုယ်သူ ပါးနှစ်ချက် ရိုက်ချင်နေသည်။ အကယ်၍ သူသာ စိတ်မလှုပ်ရှားခဲ့လျှင် သို့မဟုတ်၊ သူသာ ငွေကြိုတင်ပေးချေခဲ့လျှင် ဤသို့သောအခြေအနေမျိုးဖြင့် အဆုံးသတ်ရလိမ့်မည်မဟုတ်ပေ။
သို့သော် ရွှယ်အန်းသည် ဤလူနှစ်ယောက်ကို ဂရုမစိုက်ပေ။ ချင်းယွီကို ကတိပေးထားသည့်အတိုင်း သူလုပ်ခဲ့ခြင်းသာဖြစ်သည်။ နောက်ပိုင်း ချင်းရှန်နှင့် ရင်ဆိုင်ရမည့် ကိစ္စများသည်မူ သူ့ကိစ္စမဟုတ်တော့ပေ။ ရွှယ်အန်းသည် ဆေးပုလဲပင်ကိုကောက်ယူ၍ လှည့်ထွက်သွားသည်။ သူထွက်ပြီးနောက်မှသာ လူတိုင်းသည် စိတ်သက်သာရာရ၍ သက်ပြင်းချလိုက်ကြရ၏။ ဟုန့်ယွမ်သည် ချင်းရှန်နှင့်အတူ ချောက်ထဲမကျချင်သည့်အတွက် သူ့ဘဏ်ကဒ်ကိုထုတ်၍ ချင်းယွီအား ကပ်ဖားသောအပြုံးမျိုးနှင့် ပြောလိုက်သည်။
“မစ္စချင်း၊ ဒီကဒ်ထဲမှာ ယွမ်သန်းငါးဆယ်ပါပါတယ်။ ပိုတဲ့စာကို ဟုန့်မိသားစုက တောင်းပန်တယ်လို့သဘောထားပေးပါ။ မစ္စတာရွှယ်ရဲ့ရှေ့မှာ ကျုပ်အကောင်းကောင်းပြောပေးဖို့ မျှော်လင့်ပါတယ်။”
စကားဆုံးသည်နှင့် ဟုန့်ယွမ်ရှောင်ပြေးသွားသည်။ ထိုအချိန်တွင် ချင်းရှန်သည် ချင်းယွမ်ထံသို့ လျှောက်သွား၍ ရုတ်တရက် ဒူးထောက်လိုက်သည်။
“ဦးလေး ကျွန်တော် အရှုံးကိုဝန်ခံပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”
ချင်းယွီသည် ချင်းရှန်အပေါ် မည်သည့် ခံစားချက်မျှမရှိပေ။
သို့သော် ချင်းယွမ်သည်မူ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။
“ချင်းရှန် ငါမင်းကို အခုမသတ်ဘူး။ ဒါပေမယ့် အခုကစပြီး မင်း ပေကျန်းကနေထွက်သွားပါ။ ဘယ်တော့မှပြန်မလာရဘူး”
“ကျေးဇူးတင်ပါတယ် ဦးလေး”
ထို့နောက် ချင်းရှန်သည်လည်း လှည့်ထွက်သွားခဲ့သည်။
ဤအတွက် အရာအားလုံးပြေလည်သွားပြီဖြစ်သည်။ ချင်းယွမ်သည် ရွှယ်အန်းနှင့်တွေ့ဆုံရန် ချင်းယွီကို ခေါ်သွားသည်။
“ဒီတစ်ခေါက် အရေးယူဆောင်ရွက်ပေးခဲ့တဲ့အတွပါ မစ္စတာရွှယ်ကို ကျုပ်တို့ အရမ်းကျေးဇူးတင်ပါတယ်”
ရွှယ်အန်းက ခေါင်းကို ခါယမ်းလိုက်သည်။
“ကျေးဇူးတင်စရာမလိုပါဘူး။ ဒီဆေးပင်နဲ့ မင်းကျေးဇူးဆပ်တယ်လို့ ကျုပ်သဘောထားလိုက်ပါ့မယ်။ ဒါပေမယ့် တစ်ခုရှိသေးတယ်”
“ပြောပါဆရာ”
“ဒီအပင်ကိုဘယ်သူရှာတွေ့ခဲ့လဲဆိုတာရယ်၊ ဘယ်မှာ ရှာတွေ့ခဲ့လဲဆိုတာရယ် ကျုပ်သိချင်တယ်”
“ပြဿနာမရှိပါဘူး စုံစမ်းပေးပါ့မယ်” ချင်းယွီက မဆိုင်းမတွ သဘောတူလိုက်သည်။
ထိုအခိုက်အတန့်တွင် မိုင်ထောင်ချီဝေးသောနေရာရှိ မြင့်မားသော တောင်တန်းတစ်ခုအထက်၊ ဝေ့ဝဲနေသော တိမ်ပင်လယ်ကြားတွင် ဆံပင်ဖြူများနှင့် အဘိုးကြီးတစ်ဦးသည် ထိုင်ဖုံပေါ်၌ တင်ပျဉ်ခွေထိုင်လျက် တရားမှတ်နေသည်။
ရုတ်တရက် ထိုလူကြီးသည် မျက်လုံးဖွင့်လိုက်၏။
ဓားအလင်းတန်းတစ်ခုဖြတ်သန်းသွားကာ၊ သူ့ရှေ့မှ လွင့်မျောနေသော တိမ်များ ကြည်လင်စွာပြတ်တောက်သွားသည်။
“ဆရာ”
ကြည့်ကောင်းသောလူတစ်ယောက်သည် လေးစားစွာဖြင့် ဦးညွတ်၍ ခေါ်လိုက်သည်။ အဘိုးကြီးသည် ခဏတာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။
“မင်းအစ်ကိုကြိးသေပြီ”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ထိုယောက်ျားက အနည်းငယ်တုန်လှုပ်စွာပြော၏။
“သူတကယ်သေပြီ။ အခုလေးတင် ငါ့နှလုံးသား နယ်မြေကနေ တဆင့်ခံစားလိုက်ရတယ်။ မင်းအစ်ကို ဒီကမ္ဘာကနေ ထွက်သွားပြီ”
“ဘယ်သူလုပ်တာလဲ”
အဘိုးကြီးက ခေါင်းခါလိုက်သည်။
“ငါလည်းမသိဘူး။ ငါ့အမြင်အာရုံကို ကျော်လွန်သွားပြီ။ ဒါပေမယ့် မင်းအစ်ကိုက ဒီရက်တွေထဲမှာ သူ့ကျင့်ကြံရေးကို နှောင့်နှေးစေတဲ့ မိစ္ဆာအတတ်တွေ ကျင့်ကြံနေခဲ့ပေမယ့် သူ့ကို သတ်နိုင်တဲ့သူက သာမန်လူတော့မဟုတ်ဘူး”
“ယွီချင်း”
“တပည့် ရှိပါတယ်”
“တောင်ပေါ်ကအရင်ဆင်းပြီး မင်းအစ်ကိုကို ဘယ်သူသတ်လဲဆိုတာ စုံစမ်းခဲ့။ ပြီးရင် သူတို့ရဲ့ခေါင်းကို ငါ့ဆီယူလာခဲ့” အဘိုးကြီး၏ မျက်နှာထက်မှ ကြောက်မက်ဖွယ်ကောင်းသော အကြည့်မျိုး ဖြတ်ပြေးသွားသည်။
“ဟုတ်ကဲ့ပါ ဆရာ” ယွီချင်းက ဦးညွတ်၍ နောက်ဆုတ်သွားသည်။
ကွဲထွက်သွားခဲ့သောတိမ်တိုက်များနေရာတွင် တိမ်တိုက်များ ပြန်လည် ပြည့်နှက်လာကာ အဘိုးကြီးသည် လက်ညှိုးထိုး၍ တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။ ယင်းကြောင့် တိမ်တိုက်များအားလုံးပြိုကွဲ၍ နေရောင်ခြည်အချို့သည် အဘိုးကြီး၏ ခေါင်းပေါ်သို့ ဖြာကျလာ၏။
ထိုအခါ သူသည် အင်မော်တယ်တစ်ပါးဟုထင်ရ၏။ သိုင်းလောကတွင် သူသည် အမှန်တကယ်ပင် နတ်ဘုရားနှင့် တူသော ဖြစ်တည်မှုမျိုးဖြစ်ရာ၊ သူသည်ကား ကောင်းကင်နည်းပြ ယွီလင်းဖြစ်သည်။
“ဖေဖေ အဲ့တာ ဘာကြီးလဲ” ရွှယ်ရှန်းက ရွှယ်အန်း၏ လက်ထဲမှ ဆေးပုလဲပင်ကို စူးစမ်းလေ့လာ၍ သိလိုစိတ်ပြင်းပျကာ မေးလိုက်သည်။
“ဟုတ်တယ်ဖေဖေ အဲ့တာဘာလဲ သမီးတို့ စားလို့ရလား” ရွှယ်နျန်က မျှော်လင့်ချက်ကြီးစွာမေးလိုက်သည်။
ရွှယ်အန်းက ရွှယ်ရှန်း၏ ပါးပြင်က်ု ရွှတ်ခနဲဖွဖွနမ်း၍ ပြောလိုက်သည်။
“အစားပုတ်လေး သမီး စားဖို့ပဲသိတာလား”
“ဒါဆို ဒါကဘာလဲ”
“ဒါဆေးတွေဖော်စပ်ဖို့”
“အာ… ဆေးကိုး” ရွှယ်ရှန်းသည် ချက်ချင်းပင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။
ဤကလေးမလေးသည် အစားအသောက်ကို အလွန်အင်မတန် ရူးသွပ်သူတစ်ဦးပင်ဖြစ်သည်။ ထိုအချိန်တွင် ဖန်းမင်ရွှယ်သည် တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ စိတ်ရှုပ်နေပုံပေါ်သည်။
အိမ်ပြန်ရောက်သောအခါ ဖန်းမင်ရွှယ်က နှုတ်ခမ်းကို ကိုက်၍ ရွှယ်အန်းကို ပြောလိုက်သည်။
“ရွှယ်အန်း… မနက်ဖြန်ကျရင် ငါ စတီဖန်နဲ့တွေ့ဖို့ နင်လိုက်လာပေးရမယ်ထင်တယ်”
“ကောင်းပြီ” ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
ဖန်းမင်ရွှယ်သည် သူမ၏ နှလုံးသားထဲတွင် ဝမ်းနည်းမှုများ ပြ်ည့နှက်စွာဖြင့် ခေါင်းကိုငုံ့ထားသည်။
‘သူ သူမကိုကို လုံးဝမတားတော့ဘူးလား’
ရွှယ်အန်းသာ မသွားရန် စကားတစ်ခွန်းသာ ပြောမည်ဆိုလျှင် သူမသည် အရာအားလုံးကိုပစ်ချ၍ ရွှယ်အန်းအနားတွင်သာ နေထိုင်ကာ၊ ဘဝတစ်လျှောက်လုံးကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းသွားလိမ့်မည်ဖြစ်သည်။
သို့သော် ရွှယ်အန်းသည် ထိုသို့မပြောခဲ့ပေ။
ဤအရာက ဖန်းမင်ရွှယ်ကို အနည်းငယ်စိတ်မကောင်းဖြစ်စေသည်။ သို့သော် ရွှယ်အန်းသည် ဤအရာများက်ု ဂရုစိုက်ခြင်းအလျင်းမရှိပေ။ သူသည် ချင်းယွီကို အဖိုးတန်ဆေးဖက်ဝင်ပစ္စည်းအများအပြား ဝယ်ယူခိုင်းထားကာ၊ အဆင့်မြင့် မူလအနှစ်သာရဆေး ကို ယနေ့ည ဖော်စပ်ရန် စီစဉ်ထားသည်။
ညနေပိုင်းဖြစ်သည်။
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် အိပ်မောကျလျက်၊ ဖန်းမင်ရွှယ်သည်လည်း သူမအခန်းသို့ ပြန်လာခဲ့သည်။ ရွှယ်အန်းသည်မူ၊ ဆေးဖက်ဝင်ပစ္စည်းများကို ထုတ်ယူ၍ ဆေး များ ထပ်မံဖော်စပ်ရန် စတင်တော့သည်။
ယခုဆိုလျှင် ရွှယ်အန်း၏ ခွန်အားမှာ အလွန်ကျဆင်းလာသဖြင့် ဆေးရည်ပြုလုပ်ရသည့် စစ်မှန်သောမီးကိုဖန်တီးရန်အတွက် သစစ်မှန်သော ယွမ်စွမ်းအင်အနည်းငယ်ကိုသာ အသုံးပြုနိုင်သည်။
သို့သော် ဤအရာသည် လောကီမီးလျှံများထက် အဆတစ်ရာခန့် ပိုသာသည်။
မကြာခင်တွင်ပင် သင်းပျံ့သော မွှေးရနံ့သည် လေထဲသို့ စိမ့်ဝင်လာ၏။ အဖိုးတန်ဆေးဖက်ဝင်ပစ္စည်းများအားလုံးကို ရွှယ်အန်း၏ စစ်မှန်သောမီးဖြင့် သန့်စင်ပြီးနောက် နဂါးအူမြက်ပင်ကို ထည့်လိုက်သည်။
စစ်မှန်သော မီးစွမ်းအင်ကြောင့် အနည်းငယ်မှိန်ဖျော့သော နဂါးအရောင်အဝါများ ပေါ်ထွက်လာကာ၊ ဆေးရည်ထဲသို့ ရောဝင်သွားသည်။
နောက်ဆုံးတွင် ဆေးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။ ယခုအကြိမ်တွင် ရွှယ်အန်းသည် သုံးခုသာ ပြုလုပ်နိုင်ခဲ့၏။ သို့သော် သူချင်းယွမ်ကို ပေးခဲ့သည့်အရာနှင့် နှိုင်းယှဉ်ပါက အဆင့် အဆပေါင်းများစွာမြင့်သည်။
ယခုဆေးလုံးများကို ထန်ရွှမ်အာအတွက်တစ်ခု၊ ဖန်းမင်ရွှယ်အတွက် တစ်ခုနှင့် ကျန်တစ်ခုကို အရန်အဖြစ်သိမ်းထားရန် ဖယ်ထားသည်။
ဤသည်ကား ရွှယ်အန်း၏ အစီအစဉ်တကျဖြစ်လာခဲ့ခြင်းဖြစ်သည်။
အားလုံးပြေလည်သွားပြီးနောက် ရွှယ်အန်းသည် ထ၍ အပြင်သို့ထွက်လာခဲ့ရာ၊ ဆိုဖာပေါ်တွင် ငူငိုင်စွာဖြင့်ထိုင်နေသော ဖန်းမင်ရွှယ်ကို တွေ့လိုက်ရသည်။
ရွှယ်အန်းက လမ်းလျှောက်သွားကာ၊ သူမကို ဆေးတစ်ခုပေးလိုက်သည်။
“ဒါကဘာလဲ”
“စားလိုက်ပါ။ ကောင်းတဲ့အရာပဲ”
ဖန်းမင်ရွှယ်သည် တုံ့ဆိုင်းခြင်းအလျင်းမရှိ၊ စားလိုက်သည်။ အကယ်၍ ၎င်းသည် အဆိပ်ဖြစ်နေခဲ့လျှင်ပင်၊ ရွှယ်အန်းပေးပါက၊ သူမမဆိုင်းမတွ စားပေလိမ့်မည်။
သို့သော် စားပြီး မိနစ်အနည်းငယ်အကြာ၌ သူမ ချွေးနံ့ဆိုးမိား ထွက်လာသကဲ့သို့ခံစားလိုက်ရသည်။
ချွေးများသည် အလွန်နံစော်လာ၏။
သန့်ရှင်းမှုကိုနှစ်သက်သော ဖန်းမင်ရွှယ်သည် အလိုအလျောက်ပင် ရွံရှာ၍ ရေချိုးရန် ရေချိုးခန်းထဲသို့ ချက်ချင်းပြေးသွားခဲ့သည်။
ရွှယ်အန်းသည် ရေသံကို နားထောင်၍ ခပ်ပါးပါးပြုံးလိုက်သည်။
ဤအရာသည် အမှန်တကယ်ပင် အဆင့်မြင့်မူလအနှစ်သာရဆေး ဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးကာ၊ အသက်ရှည်စေနိုင်သည့် အာနိသင်ကို ပေးနိုင်သည်။ ယခုအချိန်တွင် ဖန်းမင်ရွှယ်သည် ရေချိုးခန်းမှန်ရှေ့တွင် မတ်တပ်ရပ်လျက်၊ အလွန် ထိတ်လန့်သွားမိသည်။
ဖန်းမင်ရွှယ်သည် မူလအစတည်းက မယုံကြည်နိုင်ဖွယ်လှပနေနှင့်ပြီးသားဖြစ်သော်လည်း နှစ်များတစ်လျှောက်၊ ဘဝ၏ ဖိအားများကြောင့် သူမအသားအရည်သည် အနည်းငယ် ဖျော့တော့လာခဲ့သည်။ သို့သော် ဖန်းမင်ရွှယ်သည် ထိုညစ်ညမ်းသော ချွေးများကို ဆေးကြောပြီးနောက်၊ သူမ၏အသားအရည် နူးညံ့လာသည်ကို တွေ့ရှိခဲ့သည်။
ဤအခြေအနေသည် ဆယ်ကျော်သက်အရွယ်ကိုပင် ကျော်လွန်လာခဲ့ရာ၊ ဖန်းမင်ရွှယ်ပထမဆုံး တွေးမိသည်မှာ ထိုဆေးကြောင့်ဟူ၍ပင်ဖြစ်သည်။
‘အဲ့ဆေးကြောင့်များလား’
ထို့နောက်၊ ဖန်းမင်ရွှယ် အံ့သြထိတ်လန့်သွားသည်။ ထိုဆေးသည် အမျိုးသမီးများကို တစ်ဖန်ပြန်လည် ငယ်ရွယ်နုပျိုစေနိုင်သည့် ဆေးဖြစ်သည်။ ဖန်းမင်ရွှယ်သည် ယင်းကို လူတိုင်းထက်ပိုသိ၏။
၎င်းသည် နိုင်ငံအနှံ့ အပြိုင်အဆိုင်ဖြစ်သွားစေနိုင်သည့် ကံကြမ္မာမျိုး ဖြစ်လာပေလိမ့်မည်ဖြစ်သည်။
အခန်း(၃၃) လက်ဆောင်များ
တစ်မြို့လုံးကို နှင်းများ ဖုံးလွှမ်းသွားပြန်သည်။ တဖျပ်ဖျပ်ခတ်နေသော နှင်းပွင့်များသည် ရွှယ်အန်းနှင့် ရွှယ်နျန်တို့ကို အလွန် စိတ်လှုပ်ရှားစေ၏။ ကလေးနှစ်ယောက်သည် မနက်စာကိုပင် လျစ်လျူရှု့၍ အောက်ထပ်သို့ အပြေးသွား၍ နှင်းလူသားကို စတင်ဆောက်လုပ်လိုက်ကြသည်။ ရွှယ်အန်းသည် ဘေးနားတွင်ရပ်၍ ပြုံးလျက်ကြည့်နေသည်။
“ဖေဖေ ကြည့်ပါဦး၊ သမီးလုပ်ထားတဲ့ နှင်းလူသားက လှတယ်မလား”
“လှတယ်၊ ရှင်းအာရဲ့ နှင်းလူသားက အလှဆုံးပဲ” ရွှယ်အန်းက ထူးထူးခြားခြားပုံသဏ္ဍာန်ရှိသော နှင်းလုံးကြီးကို ကြည့်၍ နားလည်ရန်ကြိုးစားလျက် ခေါင်းညိတ်လိုက်သည်။
“ဒါက ဖေဖေ့မျက်လုံးတွေၑ ရွှယ်နျန်က နှင်းဘော်လုံးပေါ်တွင် ကျောက်စရစ်ခဲနှစ်လုံးကို တင်၍ ရယ်မောလိုက်သည်။
“ဒါက ဖေဖေ့ပါးစပ်” ရွှယ်နျန်က သုံး၍မရတော့သော နှုတ်ခမ်းနီကိုအသုံးပြုကာ၊ အဝိုင်းခြမ်းတစ်ခု ဆွဲလိုက်သည်။ ရွှယ်အန်းက ကျေနပ်စွာရယ်မော၍ ၎င်းတို့ဘေးမှ နှင်းလူလွတ်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
“ဒါဆို ဒါက ဘာလဲ”
“အဲ့တာ မေမေပေါ့” ရွှယ်ရှန်းကပြောသည်။
“ဒါဆို ဘာလို့ မေမေက ပါးစပ်တွေ မျက်လုံးတွေမရှိတာလဲ”
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က ခေါင်းငိုက်စိုက်ချကာ ပြန်ဖြေသည်။
“သမီးတို့… သမီးတို့ .. မေမေ့ဘယ်လိုပုံစံလဲဆိုတာ တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ အန်တီရွှမ်အာက ဓာတ်ပုံထဲကလူက သမီးတို့မေမေပဲတဲ့၊ ဒါပေမယ့် ဘာလို့ မေမေက သမီးတို့ကို လာမတွေ့တာလဲ”
ရွှယ်အန်း၏ နှလုံးသားများ အနည်းငယ်တုန်လှုပ်သွားသည်။
“ရှန်းအာ၊ နျန်နျန်၊ မေမေက သမီးတို့ကို အချစ်ဆုံးပဲ၊ အခု အခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့မလာနိုင်သေးပေမယ်ံ့၊ ခဏနေရင် ဖေဖေက သမီးတို့နှစ်ယောက်လုံးကို မေမေနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်၊ အဆင်ပြေလား”
“အင်း” မိန်းကလေးများက ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။
ထိုအချိန်တွင် ဟန်ယောင်းသည် အဖြူရောင် Range Rover ကားကို မောင်းနှင်လာ၏။ သူမသည် ရွှယ်အန်းကို အနည်းငယ်ကြောက်နေသေးသောကြောင့် အနားသို့ ချက်ချင်းမချဥ်းကပ်ဝံ့သဖြင့်၊ ခပ်ဝေးဝေးတွင် ကားထိုးထားလိုက်သည်။
ဖန်းမင်ရွှယ်သည်လည်း အောက်ထပ်သို့ ဆင်းလာမှပင် ဟန်ယောင်းလည်း လမ်းလျှောက်လာကာ၊ ဖန်းမင်ရွှယ်ကို အံ့အားသင့်စွာကြည့်လိုက်သည်။
“နင်… နင့်မျက်နှာက ဘာဖြစ်သွားတာလဲ”
“ငါ့မျက်နှာက ဘာဖြစ်လို့လဲ”
ဟန်ယောင်းသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် ကြည့်နေမိသည်။
အဘယ်ကြောင့်ဆိုသော် ယခင်က ဖန်းမင်ရွှယ်သည် အလွန်လှပသော်လည်း ခေတ်မီမိတ်ကပ်ပြင်နည်းများကြောင့် သူမ၏ ဆွဲဆောင်မှုမှာ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်ဟု ဆို၍ရသည်။ ယခုမူ၊ ဖန်းမင်ရွှယ်သည် မိတ်ကပ်မလိမ်းထားသည့် မျက်နှာဖြင့်ပင် အံ့မခန်းလှပနေ၏။
အထူးသဖြင့် သူမ၏ အသားအရည်သည် အလွန်နူးညံ့နေပုံပေါ်ကာ၊ ဖုန်မှုန့်များ ထိမှန်ရုံဖြင့်ပင် ကွဲအက်သွားနိုင်သည် ထင်ရ၏။
ယခင်က ဖန်းမင်ရွှယ်သည် ဆယ်မှတ်တွင် ကိုးမှတ်ရနိုင်သည့် အလှပဂေးဖြစ်ခဲ့ပါက၊ ယခုအခါ သူမသည် ဆယ်မှတ်အပြည့်ရနိုင်သော အလှနတ်ဘုရားမတစ်ယောက်ဖြစ်ပေလိမ့်မည်ပင်ဖြစ်သည်။
ဟန်ယောင်းက သူမ၏ စိတ်ထဲမှ စူးစမ်းလိုစိတ်များကို မြိုသိပ်၍ ပြောလိုက်သည်။
“စတီဖန်က မြို့ပြင်က ပန်းဥယျာဥ်မှာ လောလောဆယ်နေနေတယ်။ ငါသူ့ကို အချိန်ညှိပြီးပြီ၊ အခုသွားတွေ့ကြရအောင်”
ဖန်းမင်ရွှယ်က ခေါင်းညိတ်လိုက်သည်။
“အင်း ဒါမယ့် ရွှယ်အန်းလည်း ငါတို့နဲ့တူတူလိုက်လိမ့်မယ်”
“သူလည်းလိုက်မယ် ဟုတ်လား” ဟန်ယောင်းက အနည်းငယ်မျက်မှောင်ကြုတ်လိုက်သော်လည်း မကျေနပ်သောအမူအရာမျိုး မပြဝံ့ပေ။ ဤအချိန်တွင် ရွှယ်အန်းသည် ကလေးမလေးနှစ်ယောက်ထံသို့ ပြောလိုက်၏။
“ဖေဖေ သမီးတို့ကို မြို့ထဲမှာ ပန်းတွေကြည့်ဖို့ ခေါ်သွားမယ်”
“ရေး”
“ဒါမယ့် ဖေဖေ၊ သမီးအရမ်းဗိုက်ဆာနေပြီ” နျန်နျန်က ဗိုက်ကို ကိုင်၍ အလွန်ဝမ်းနည်းသောအမူအရာမျိုးဖြင့် ပြောလိုက်သည်။
“ဒါဆို့ နျန်နျန်ဘာစားချင်လဲ”
“ဂျူးမြစ်ေကြာ်” ကလေးမလေးနှစ်ယောက်လုံး ပြိုင်တူအော်လိုက်ကြသည်။ ထို့ကြောင့် တစ်သန်းကျော်တန်ကြေးရှိသော Range Roverပေါ်တွင်၊ ကလေးမလေးတစ်ဦးစီသည် ဂျူးမြစ်ကြော်တစ်ထုပ်စီကိုင်၍ ကျေနပ်စွာ စားနေကြသည်။
ဟန်ယောင်းသည် မကျေနပ်သောအမူအရာ၊ အနည်းငယ်မျှပင် ပြသခြင်းမရှိ၊ ကားပြတင်းတံခါးကို တိတ်တဆိတ်ဖွင့်လိုက်သည်။
“စတီဖန်က ဘာလို့ ပေကျန်းကို လာတာလဲ။ သူဘာလို့ မြို့ပြင်က ပန်းဥယျာဥ်ကို သွားတာလဲ” ဖန်းမင်ရွှယ်က မေးသည်။
“ဘာလို့လဲဆိုတော့၊ စတီဖန်က ပန်းတွေ အပင်တွေကို အရမ်းစွဲလမ်းနေလို့လေ။ ဒီနှစ်ပေကျန်းပန်းဥယျာဥ်က ရှားပါးပန်းတွေ အပင်တွေအများကြီး စိုက်ပျိုးထားတဲ့အတွက်၊ စတီဖန်က ဒီနေရာကို ရောက်လာခဲ့တာပဲ”
မကြာမီတွင်ပင် ကားသည် ပန်းဥယျာဥ်အပြင်ဘက်သို့ ရောက်လာ၏။ ကားပေါ်မှ ဆင်းလာသောအခါ၊ ဇိမ်ခံကားအမျိုးမျိုး ရပ်ထားသည်ကို ရွှယ်အန်း သတိပြုလိုက်မိသည်။ အဝင်ဝတွင် လုံခြုံရေးအစောင့်များများစွာ ချထားသည်။ ဟန်ယောင်းသည် လူတစ်စုကို ဦးဆောင်၍ ပန်းဥယျာဥ်သို့ ခေါ်သွား၏။
အထဲသို့ ဝင်လိုက်သောအခါမှ မတူညီသော ကမ္ဘာတစ်ခုဖြစ်နေကြောင်း လူတိုင်း သိလိုက်ရသည်။ ပထမဦးစွာ၊ ဤနေရာတွင်၊ အပူချိန်သည် နွေဦးကဲ့သို့ ပူပြင်းလျက်ရှိရာ၊ ပြင်ပအပူချိန်ထက် များစွာ မြင့်မား၏။ ဒုတိယအနေဖြင့်၊ ထိုနေရာ၏ မျက်လုံးဖြင့် မြင်နိုင်သမျှ နေရာတိုင်းတွင် သစ်ပင်ပန်းမန်မျိုးစုံရှိနေ၏။ ထို့အပြင်၊ ဤပန်းပင်များနှင့် သစ်ပင်များအားလုံးတွင် အပွင့်များ အပြည့်အဝပွင့်လန်းလျက်ရှိသည်။
အလွန်မှင်သက်ဖွယ်မြင်ကွင်းကြောင့် ဖန်းမင်ရွှယ်နှင့် ကောင်မလေးနှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။ ဟန်ယောင်းကသက်ပြင်းချသည်။
“ဒါကို ပထမဆုံးမြင်ခဲ့ရတုန်းက ငါလည်း အဲ့လိုပဲလန့်သွားတာ။ ကျုံးတုမှာတောင် ဒီလိုမျိုး ပန်းပျိုးခင်းမျိုးမရှိနိုင်ဘူးလေ။ စတီဖန် ဒီကိုလာဖို့ မိုင်ထောင်ချီ ခရီးနှင်လာတာ အံ့သြစရာတော့မဟုတ်ဘူးပဲ”
သို့သော် ရွှယ်အန်း၏ မျက်နှာသည် အလွန်တည်ငြိမ်နေသည်။ ထို ပန်းများနှင့် အပင်များသည် အမှန်တကယ်ပင်လှပသော်လည်း သူ့အတွက်မူ၊ ၎င်းတို့သည် မှတ်သားဖွယ်မရှိပေ။
နဂါးငွေ့တန်းဂလက်ဆီအထက်တွင် သူရပ်နေချိန်က အောက်ခြေမှ သန်းပေါင်းများစွာသော ကြယ်များကို အပေါ်စီးမှ မြင်ခဲ့ရဖူးသည်။ ဤအရာသည် အမှန်တကယ်ပင် ခမ်းနား၍ တုနှိုင်းမရသောအရာဖြစ်သည်။ ဤမျှ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကို မြင်ပြီးနောက်၊ ဤကမ္ဘာမြေပေါ်မှ ပန်းပင်များသည် ရွှယ်အန်း၏နှလုံးသားကို မတုန်လှုပ်စေနိုင်ခဲ့ပေ။
“ကောင်းပြီ၊ ဖန်းမင်ရွှယ်မဟုတ်ရင်…” ထိုအချိန်တွင် အနောက်ဘက်မှ အသံတစ်ခု ပေါ်ထွက်လာသည်။
ဖန်းမင်ရွှယ်ကလှည့်ကြည့်လိုက်သောအခါ၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ချဥ်းကပ်လာသည်ကို တွေ့လိုက်ရ၏။
အမျိုးသမီးသည် အလွန်လှပကျော့ရှင်းကာ ကျက်သရေရှိ၍ အမျိုးသားသည်မူ၊ ပုတိုလျက်တင်းမာသည်။
ထိုသို့သော ပေါင်းဖက်မှုမျိုးသည် ပုံမှန်အားဖြင့် ကွဲလွဲနေ၏။
ဖန်းမင်ရွှယ်သည် ရောက်လာသည့်သူများကို သတိထားမိသည်။
“ဟေယင်းလား၊ နင်ဒီမှာ ဘာလုပ်နေတာလဲ” ဤအမျိုးသမီးသည် ဟေယင်းဟုအမည်ရသော အနုပညာအသိုင်းအဝိုင်းတွင် ကျော်ကြားသည့် ကြယ်ပွင့် တစ်လတ်ဖြစ်သည်။ ဖန်းမင်ရွှယ်နှင့် ဟေယင်းတို့်သည် တစ်ချိန်တည်းတွင် အတူတကွလုပ်ကိုင်ခဲ့ကြသူများဖြစ်သော်လည်း နောက်ပိုင်းတွင် ဖန်းမင်ရွှယ်သည် ဟေယင်း၏ အပြုအမူများကို သည်းမခံနိုင်တော့သဖြင့်၊ လမ်းခွဲလျှောက်ခဲ့ကြရာ၊ နောက်နှစ်နှစ်ခန့်အကြာတွင် သူတို့ကြားမှ ကွာဟချက်သည် ကြီးမားကျယ်ပြန့်လာခဲ့သည်။
ဖန်းမင်ရွှယ်သည် ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်နေပြီဖြစ်သော်လည်း ဟေယင်းသည်မူ၊ ပေကျန်းမြို့၏ သေးငယ်သော နေရာ၌သာ ကျန်ရစ်နေခဲ့သည်။
ဤအခိုက်အတန့်တွင် ဟေယင်းသည် ဖန်းမင်ရွှယ်ကို မနာလိုသော မျက်လုံးများဖြင့် ငေးကြည့်လျက်၊ သူမ၏ မေးခွန်းကို မကြားလိုက်သည့်နှယ်ဖြင့် လှောင်ပြုံးပြုံးလိုက်သည်။
“ဘာလဲ၊ ငါက ဒီနေရာကိုလာလို့မရဘူးလား။ စတီဖန် အလည်ရောက်နေတယ်ဆိုတဲ့ သတင်းက နင်တစ်ယောက်တည်း ရထားတာမဟုတ်ဘူး”
ထို့နောက် ဟေယင်းသည် ရွှယ်အန်းကို အာရုံစိုက်မိသွားသည်။
“အိုး ဒါနင်တို့ ကြယ်ပွင့်ကြီး ဖန်းရဲ့ အံ့သြဖွယ်ချစ်သူလေးပေါ့။ သူက တော်တော် ချောတဲ့ပုံပေါ်ပေမယ့်၊ သနားစရာပဲ…”
ရွှယ်အန်းတွင် တန်ဖိုးကြီးသော အသုံးအဆောင်ပစ္စည်းများအပြင်၊ နာရီတစ်လုံးမှမရှိသည်ကို သတိထားမိ၍ သူကို အထင်အမြင်သေးလျက်ရှိသည်။
“ဒါကို တွေ့လား။ ဒါက ငါ့ယောက်ျား အသားတင်ဘီလျံအများကြီး တန်ကြေးရှိတဲ့၊ ရှန်ချန်အဖွဲ့ရဲ့၊ ဥက္ကဌ တုန်ရှန်ချန်ပဲ။ သူ့လက်စွပ်တစ်ကွင်းနဲ့တင် နင့်ချစ်သူလေးရဲ့ ဘဝတစ်ခုလုံးစာ တန်ကြေးရှိတယ်။ တစ်ခါတစ်လေမှာ မိန်းမတစ်ယောက်က သူ့ကိုယ်သူ မပြောင်းလဲသင့်ဘူး” ဟေယင်းက ဂုဏ်ယူစွာပြောသည်။
ဖန်းမင်ရွှယ်၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။
တုန်ရှန်ချန်က သူမအပေါ်သို့ ကြည့်နေသည့်အကြည့်တွင် လောဘနှင့်ပိုင်ဆိုင်လိုစိတ်များ ပြည့်နှက်နေသည်ကိုသတိထားမိသည်။
ဖန်းမင်ရွှယ်သည် ထိုသို့သော အကြည့်မျိုးကို မကြာခဏမြင်ခဲ့ရဖူးသည်။ ထိုအချိန်တွင် တုန်ချန်ရှန်သည် ဖန်းမင်ရွှယ်ကို ရုပ်မြင်သံကြားတွင်သာမြင်ခဲ့ရဖူးရာမှ၊ အပြင်တွင် မြင်လိုက်ရသဖြင့်၊ အလွန်လှပသည့် အကြည့်ကို ကြည့်ကာ၊ ရာဂစိတ်များ ပြင်းပျလာသည်။
အထူးသဖြင့် သူမ၏ နူးညံ့သော အသားအရည်သည် အပြစ်အနာအဆာ ကင်းပုံပေါ်၍ စွဲမက်ဖွယ်ကောင်းလှသည်။ သို့ထိတိုင်၊ တုန်ရှန်ချန်သည် ရွှယ်အန်းမှာ မြင့်မြတ်သော မင်းမျိုးမင်းနွယ်သခင်လေးတစ်ယောက်ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် အနည်းငယ် ရယ်ရုံသာရယ်လိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ်၊ မစ္စဖန်း၊ ဒါပေမယ့် ဒီပုဂ္ဂိုလ်က ဘယ်သူလဲဆိုတာတော့ ကျုပ်မသိဘူးဗျ”
ဖန်းမင်ရွှယ်မှ ပြန်မဖြေခင်တွင်၊ ရွှယ်ရှန်းနှင့် ရွှယ်နျန်က ပြိုင်တူအော်လိုက်သည်။
“ဒါက သမီးတို့ ဖေဖေ”
“အိုး..” တုန်ရှန်ချန်နှင့် ဟေယင်းတို့ နားလည်သဘောပေါက်သွားကြသည်။
သူမနှင့်အတူ၊ ကလေးခေါ်လာသည့် ဖန်းမင်ရွှယ်သည် ၊ ထူးခြားသော အကြိုက်မျိုးရှိကြောင်း သေချာသည်။
ခဏတာမျှစဥ်းစားပြီးနောက်၊ ကလေးများနှင့်ပတ်သက်၍ ချမ်းသာကြွယ်ဝသည့် ကိစ္စရပ်မျိုး မရှိနိုင်ဟု တွေးကာ၊ တုန်ရှန်ချန်က စိတ်အေးလက်အေးဖြင့် ပြောလိုက်သည်။
“မစ္စဖန်း၊ ဒါရိုက်တာ စတီဖန်က မင်းကို တွေ့ဖို့ ဒီရောက်နေတာလား”
“ဟုတ်တယ်”
“ဒါဆို လက်ဆောင်တွေယူလာသေးလား”
“လက်ဆောင်တွေဟုတ်လား”