အခန်း (၃၄-၃၆)
Vol. 3 Ch. 34-36
အခန်း(၃၄) ပွင့်လန်းပြီး အခြားပန်းတွေအားလုံးကို သတ်လိုက်ပါ
“ဟုတ်တယ်၊ မင်းတို့တွေ လက်ဗလာနဲ့လာကြတာလား” ဟေယင်းက သိသိသာသာ အော်ပြောလိုက်သည်။
“ငါ့ယောက်ျားက စတီဖန်အတွက်၊ လက်ဆောင်ပေးဖို့၊ နိုင်ငံခြားကနေ အရမ်းအဖိုးတန်တဲ့အပင်တစ်ပင် ဝယ်လာခဲ့တယ်။ အဲ့ကျရင် အမျိုးသမီးဇာတ်ဆောင်နေရာက ငါ့အတွက်ပဲဖြစ်မှာ” ဟေယင်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
သူမသည် ဖန်းမင်ရွှယ်ကို မနာလိုစိတ်ဖြင့် အမြဲမော့ကြည့်နေခဲ့ရသည်။ ယခု၊ နောက်ဆုံးတွင်မူ၊ သူမသည် ဖန်းမင်ရွှယ်ထက် သာလွန်နိုင်မည့် အခွင့်အရေးမျိုး ရလာသောကြောင့် အလိုအလျောက်ပင် အလွန်ပျော်ရွှင်နေခဲ့သည်။ တုန်ရှန်ချန်က ရွှန်းလဲ့သောအပြုံးဖြင့် ပြုံး၍ ပြောလိုက်သည်။
“မစ္စဖန်း မင်း လက်ဆောင်မပါရင်၊ ငါမင်းကို ပေးနိုင်ပေမယ့်… ဟဲဟဲ”
ထို”ဟဲဟဲ”သည် အရာရာကို ရှင်းပြလိုက်နိုင်သည်။
ဖန်းမင်ရွှယ်က အေးစက်သော မျက်နှာထားဖြင့် “မလိုပါဘူး” ဟုပြောပြီးနောက် ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။
ရွှယ်အန်းသည် ဟေယင်းနှင့် တုန်ရှန်ချန်ကို တစ်ချက်စီကြည့်၍ ခပ်ပါးပါးပြုံးလိုက်သည်။
“ဖေဖေ ဘာလို့ရယ်နေတာလဲ”
“အာ ဘာမှမဟုတ်ပါဘူး။ အဲ့ ဂျပုလေးသာ ဝိဉာဥ်ဖြစ်သွားရင် သူဒီလိုပဲ ပုနေဦးမှာလားလို့ တွေးမိလို့ပါ”
တုန်ရှန်ကျုံးအတွက် သူ၏အရပ်သည် အမြဲတစေအားနည်းချက်တစ်ခုဖြစ်နေခဲ့သဖြင့်၊ ထိုစကားကိုကြားသောအခါ၊ မျက်နှာသည် ချက်ချင်း စိမ်းပုတ်သွားရသည်။
‘ဒီကောင်က ငါ့ကို လှောင်ပြောင်ရဲတယ်ပေါ့’
တုန်ရှန်ချန်ပေါက်ကွဲတော့မည့်အချိန်တွင် ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်ကို ခေါ်၍ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
တုန်ရှန်ချန်သည် အံကြိတ်၍ အလွန်ပုတ်သိုးသော မျက်နှာမျိုးဖြင့် ရွှယ်အန်း၏နောက်ကျောကို ကြည့်၍ ကျန်နေခဲ့သည်။
‘ငါ့မှာ မင်းအတွက် ဘာတွေရှိလဲဆိုတာ မင်းမြင်ရလိမ့်မယ်’
ပန်းဥယျာဥ်၏ အလယ်ဗဟိုတွင် မှန်ခန်းများစွာထားရှိ၍ ထိုနေရာသို့ ရွှယ်အန်း၊ ဖန်းမင်ရွှယ်နှင့်၊ အခြားသူများရောက်လာကြ၏။
မှန်ခန်းထဲတွင် လူများစွာရှိနေပြီဖြစ်သည်။
၎င်းတို့၏ ဝတ်စားဆင်ယင်ပုံမှ အကဲဖြတ်ကြည့်လျှင် ၎င်းတို့ထဲမှ မည်သူသည်မှ သာမန်လူများ မဟုတ်ကြပေ။ သို့သော် ယခုအချိန်တွင် ဤသူများအားလုံး အသက်ရှုရပ်နေကြသကဲ့သို့ ဘေးတစ်ဖက်တွင် ငြိမ်သက်စွာရပ်နေကြသည်။ ၎င်းတို့ထဲတွင် ရွှေရောင်ဆံပင်၊ မျက်လုံးအပြာရောင်နှင့်၊ အလွန်စိတ်ဝင်စားဖွယ်ကောင်းသော နိုင်ငံခြားသားတစ်ဦးလည်းရှိသည်။
ဤသည်ကား စတီဖန်ပင်ဖြစ်သည်။
စတီဖန်သည်၊ တစ်စုံတစ်ခုကို မျှော်လင့် စောင့်ဆိုင်းနေသကဲ့သို့ မျှော်လင့်ချက် ပြည့်နှက်နေသည့် မျက်နှာမျိုးဖြင့် မတ်တပ်ရပ်နေသည်။
နောက်ဆုံးတွင် မှန်ခန်းငယ်တစ်ခု၏ သေးငယ်သော တံခါးတစ်ချပ်ပွင့်လာကာ၊ ချစ်စဖွယ်ကောင်းသော လူတစ်ယောက် ထွက်လာသည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် သင်သည် ဤအမျိုးသမီးကို ပန်းတစ်ပွင့်အဖြစ် တင်စားဖော်ပြမိနိုင်၏။ အဘယ်ကြောင့်ဆိုသော် သူမသည် မည်သည့် ပန်းပွင့်ထက်မဆို ပို၍နုနယ်သည်။
ဤအမျိုးသမီးကို မြင်သည်နှင့် စတီဖန်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တောက်ပလာသည်။
“ဆရာဝေ့”
“ဆရာမဝေ့၊ ခင်ဗျား နောက်ဆုံးတော့ရောက်လာပြီပေါ့”
လူအများသည် သူ့ကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြသည်။ အမျိုးသမီးက အနည်းငယ်ခေါင်းညိတ်၍ စားပွဲပေါ်တွင် ဖုံးထားသော အဝတ်စကို သပ်ရပ်စွာ ဖယ်သိမ်းလိုက်သည်။
အောက်ဖက်တွင် ကိုးရောင်ခြယ်ပန်းများ ပွင့်လန်းနေသည့် သစ်ပင်တစ်ပင်ရှိသည်။ လူတိုင်းသည် ခဏတာမျှ အသက်ရှုမှားလောက်သည်အထိ တိတ်ဆိတ်ရပ်တန့်သွားကြသည်။ စတီဖန်၏ မျက်လုံးများသည် ပို၍ပင်တောက်ပလာ၏။
ဤသသည်ကား၊ မတူညီသော အရောင်ကိုးရောင်ပါသည့် ပန်းပွင့်များပွင့်လန်းသော အပင်တစ်ပင်ဖြစ်သည်။ ပန်းတစ်ပွင့်စီသည် ထူးခြားမှုကိုယ်စီရှိ၍ အလွန်ထူးခြားထည်ဝါ၊ လှပသည်။
“ဆရာမဝေ့၊ ကျွန်တော် ဒီပန်းကို ယူမယ်” စတီဖန်က အလျင်အမြန်ပြန်ပြောသည်။ ဆရာမဝေ့ဆိုသူသည် ခေါင်းကို ညင်သာစွာခါယမ်းလိုက်သည်။
“ဒီသစ်ပင်က၊ ရောင်းဖို့မဟုတ်ပါဘူး”
စတီဖန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ”
“ဒီသစ်ပင်ရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်းဖော်ပြနိုင်တဲ့လူပဲ ပိုင်ဆိုင်ခွင့်ရမှာပါ”
ဤထုတ်ပြန်ချက်ကြောင့် လူတိုင်း တစ်ယောက်နှင့် တစ်ယောက်ကြည့်ကုန်ကြသည်။
ထို့နောက်၊ ၎င်းတို့သည် စိတ်အားထက်သန်စွာဖြင့်၊ ကံစမ်းကြည့်ကြသည်။
ဝေ့ဆိုသည့်မိန်းကလေး ဤပန်းဥယျာဥ်သို့ ရောက်လာခဲ့သည့် နှစ်အစပိုင်းမှစ၍ ဤမထင်ရှားသောနေရာသည် စတင်နာမည်ကြီးလာသည်။ ရှားပါးအပင်များထည့်ထားသည့် ပန်းအိုးတစ်လုံးရရန်၊ ၎င်း၏ သတင်းကို ရှာဖွေရန် လူအများစုဝေးလာကြသည်။ သို့သော် ခန့်မှန်းချက်များစွာအဆုံးတွင်၊ ဆရာမဝေ့က ခေါင်းတစ်ချက်သာခါလိုက်၏။
ထိုအချိန်တွင် တုန်ရှန်ချန်က ပြုံး၍ပြော၏။
“ဒီလူငယ်က သစ်ပင်ပန်းမန်တွေအကြောင်း တော်တော်ကျွမ်းကျင်တယ်လို့ ပြောတယ်၊ ဘာလို့အခုမရှင်းပြတာလဲ”
ဤအသံသည် အားလုံး၏ မျက်လုံးများကို ရွှယ်အန်းထံသို့ ဦးတည်သွာားစေ၏။
ဆရာမဝေ့သည်လည်း ရွှယ်အန်းကို သတိပြုမိကာ၊ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
‘သစ်ပင်ပန်းမန်တိုင်းကို ကျွမ်းကျင်သူလား’
သူမသည်ပင် ဤသို့မပြောဝံ့ပေ။ နောက်ထပ်ပြောင်မြောက်သော လူလိမ်တစ်ယောက်သာဖြစ်နိုင်သည်။ တုန်ရှန်ချန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။
ယခု၊ လူအများကြားတွင်အရှက်ကွဲပါက၊ ဆရာမဝေ့ကို စိတ်ဆိုးဒေါသထွက်စေလျှင်ပင်၊ စတီဖန်ကိုလည်း စိတ်ပျက်စေမည်မှာ သေချာ၏။
ထို့ကြောင့် ဖန်းမင်ရွှယ်သည် ဇာတ်ဆောင်နေရာကို လက်လွှတ်လိုက်ရနိုင်သည်။ ဤအရာများအားလုံးကို တုန်ရှန်ချန်စီစဥ်ထားခြင်းပင်ဖြစ်သည်။ သို့သော် သူ့ကိုယ်သူကျေနပ်နေမိချိန်တွင် ရွှယ်အန်းက ရိုးရှင်းစွာပြုံးလိုက်သည်။
“ကျွန်တော် သူပြောသလို တစ်ခါမှ မပြောဖူးပေမယ့်၊ သူပြောတာမမှားပါဘူး။ ဒီကမ္ဘာပေါ်က ပန်းတွေအားလုံးကို ကျွန်တော်သိပါတယ်”
ဤပြောဆိုချက်သည် လူများအကြားတွင်ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။
လူများစွာသည်ရွှယ်အန်းကို အထင်သေးသောအကြည့်ဖြင့် ကြည့်လာကြသည်။ အထူးသဖြင့် စတီဖန်ဖြစ်သည်။
သူဥရောပတွင်ရှိစဥ်က ပန်းများအကြောင်း နက်နက်နဲနဲလေ့လာခဲ့သဖြင့် ကျွမ်းကျင် ဥယျာဥ်မှုးအဖြစ်ပင် သတ်မှတ်ခံထားရသည်။
သူသည်ပင် အရာအားလုံးကို သိသည်ဟူ၍မပြောဝံ့ပေ။
‘ဒီလူက သူအကုန်သိတယ်လို့ တကယ်ပြောလိုက်တာလား’
ဤသည်ကား ဟာသတစ်ခုပင်ဖြစ်သည်။
ဝေ့ယီသည်လည်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
“ဆရာ့ကို ဘယ်လိုခေါ်လို့ရမလဲဗျ”
“သမီးဖေဖေနာမည်က ရွှယ်အန်းပါ၊ သမီးဖေဖေက အရမ်းအံ့သြဖို့ကောင်းတယ်” ရွှယ်ရှန်းက စိတ်လှုပ်ရှားစွာရယ်မောလိုက်သည်။ ဤကလေးအသံလေးသည် လူတိုင်းကို ရယ်မောသွားစေ၏။
ထိုရယ်သံများအနက်၊ တုန်ရှန်ချန်နှင့်၊ ဟေးယင်တို့၏အသံသည် အကျယ်ဆုံးဖြစ်သော်လည်း ရွှယ်အန်းသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် မတ်တပ်ရပ်၍ ရယ်သံများရပ်သွားပြီးနောက်၊ ခပ်တိုးတိုးပြောလိုက်သည်။
“မင်းရဲ့ ပန်းနာမည်က ‘အမေ့ခံအချစ်’တဲ့”
ဤစကားလုံးကြောင့် ဝေ့၏ မျက်နှာသည် သိသိသာသာပြောင်းလဲသွားကာ၊ လူတိုင်းသည်လည်း တိတ်ဆိတ်သွားသည်။
ရွှယ်အန်းက ဆက်လက်၍ ပြော၏။
“ဒီပန်းပွင့်က လူသားတွေအားလုံးရဲ့စိတ်ခံစားချက်တွေကို ကိုယ်စားပြုတဲ့အရောင်ကိုးရောင်နဲ့ ဖွဲ့စည်းပေါင်းစပ်ထားပေမယ့်၊ အစိမ်းရောင်အရွက်တစ်ရွက်ပဲမပါလာတာ။ ဒီလိုအထီးကျန်မှုမျိုးက ပန်းတစ်ပွင့်မှာ တွယ်ညိနေပြီး၊ သူ့ကံကြမ္မာကလည်း အမြဲတည်မြဲနေမှာမို့လို့ အဲ့တာကို ‘အမေ့ခံအချစ်’လို့ အမည်ပေးထားတာ”
တုန်ရှန်ချန်က ဦးစွာ လှောင်ပြောင်လိုက်သည်။
“ဒါက တကယ်လိမ်နေတာပဲ” သို့သော် ထိုအချိန်တွင် အံ့သြဖွယ်တစ်ခုကို မြင်လိုက်ရသည့်အတွက်၊ သူ၏လှောင်ပြောင်မှု ရပ်တန့်သွားသည်။
အခြားသူများအပေါ် အလွန်အေးစက်သော ဆရာမဝေ့သည် ရွှယ်အန်းနားသို့ ဦးစွာ ချဥ်းကပ်၍ လေးလေးနက်နက်၊ ဦးညွတ်လိုက်သည်။
“ဒီနေ့တော့ ကမ္ဘာပေါ်မှာ၊ ပန်းတွေကို တကယ်နားလည်တဲ့လူတစ်ယောက်ရှိနေသေးတယ်ဆိုတာ နားလည်လိုက်ရပြီ”
ဤမြင်ကွင်းသည် လူတိုင်းကို ထိတ်လန့်သွားစေသည်။
ရွှယ်အန်းကို မထီမဲ့မြင်ပြုခဲ့ကြသူများသည်၊ အလွန်ရှက်ရွံ့ကြသဖြင့် တွင်းထဲသို့ပင် တွားသွား၍ ပြေးပုန်းချင်နေကြပြီပင်ဖြစ်သည်။
စတီဖန်တစ်ဦးသည်သာ မကျေနပ်မှုအချို့ကို ခံစားလိုက်ရ၏။
ဤနေရာသို့ သူရောက်ပြီး ရက်အနည်းငယ်အတွင်းတွင် ပန်းတစ်ပွင့်နှယ်နူးညံ့သိမ်မွေ့သော ဤအမျိုးသမီးကို အလွန်စွဲလမ်းနေခဲ့သည်။ ထို့ကြောင့် ဆရာမဝေ့သည် ရွှယ်အန်းကို ဤသို့ တလေးတစားဆက်ဆံသည်ကို မမြင်လိုသည်မှာ သဘာဝကျ၏။
“အဲ့တာအပြောပဲဆိုရင်ရော၊ သူက ပန်းတွေအားလုံးကို ကျွမ်းကျင်တဲ့လူလို့ ဘယ်လိုလုပ်ယူဆလို့ရမှာလဲ” စတီဖန်က အေးစက်စွာပြောလိုက်သည်။
“မှန်တယ်၊ ဒါရိုက်တာ စတီဖန်ညွှန်ပြတဲ့အချက်က အမှန်ပါပဲ။ ဒီလိုမျိုးတစ်ခုလောက် လျှောက်ပြောနိုင်တာနဲ့ အဲ့လူက ပန်းတွေအားလုံးကို ကျွမ်းကျင်တဲ့လူလို့ ယူဆတယ်ဆိုရင် လုံးဝယ်ရယ်စရာကောင်းလိမ့်မယ်”
ထို့နောက်၊ တုန်ရှန်ချန်သည် ရတနာတစ်ခုကို ပြသသကဲ့သို့ သူနှင့်အတူပါလာသော သေတ္တာကို ဖွင့်လိုက်သည်။
“လူကြီးမင်းတို့၊ ဒီပန်းက အရမ်းကောင်းတဲ့စျေးနဲ့ ဝယ်ထားတဲ့ ပန်းပွင့်လေးတစ်ပွင့်ပါ။ ကြည့်ကြပါဦး”
ပန်းချစ်သူစတီဖန်သည် ဤနက်မှောင်နေသော ပန်းပွင့်ကို မြင်၍ အနည်းငယ် စိတ်ဝင်စားသွားမိသည်။ အခြားသူများသည်လည်း ရွှယ်အန်းကို ဝိုင်း၍ ရှုတ်ချလာကြ၏။ နောက်ဆုံးတွင်မူ၊ ဤလူသည် လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသဖြင့်၊ လူများစွာသည် မနာလိုစိတ်များ အလိုအလျောက် တိုးပွားလာကြသည်။ သို့သော် ရွှယ်အန်းသည် သူ့အနားမှ အသံအားလုံး ပျောက်ဆုံးသွားသည့်အချိန်အထိစောင့်ဆိုင်းပြီးမှ ရွှယ်ရှန်းနှင့် ရွှယ်နျန်ကိုကြည့်၍ စကားစပြောလိုက်သည်။
“ဖေဖေ မှော်လှည့်ကွက်လုပ်ပြတာ ကြည့်ချင်ကြလား”
“ဟုတ်”
“ဒါဆို ကောင်းပြီ၊ ဖေဖေက မင်းတို့ကို ပန်းတစ်ပွင့်နဲ့ မှော်လှည့်ကွက် တစ်ခုပြမယ်”
ထိုသို့ပြော၍ ရွှယ်အန်းသည် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
တုန်ရှန်ချန်ကမူ လှောင်ပြောင်၍ ပြော၏။
“မင်းဘာလုပ်နေတာလဲ၊ ဘာလုပ်ဖို့ စီစဥ်နေတာလဲ”
သူ့စကားမဆုံးလိုက်ပေ။
သူ့ရှေ့တွင်၊ အလွန်အံ့သြဖွယ်ရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပျက်လာ၏။
ရွှယ်အန်း၏ လက်ဖဝါးအတွင်းမှ အစေ့အသေးလေးသည် အမြစ်ထွက်၍ အညှောက်ပေါက်ကာ၊ အလွန်လျင်မြန်သောနှုန်းဖြင့် ကြီးထွားလာသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင်၊ အစေ့သည် ပွင့်ရန် အဆင်သင့်ဖြစ်နေသော အဖူးတစ်ခုဖြစ်လာသည်။
ဤမြင်ကွင်းကြောင့် လူများစွာသည် အံ့သြမှင်သက်ကာ၊ ထိတ်လန့်လျက်ရှိကြသည်။
သို့သော် ၎င်းသည် မပြီးဆုံးသေးပေ။
“ငါ့ပန်းပွင့်လာရင် ပန်းအပွင့်တစ်ရာသေတယ်”
ရွှယ်အန်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင်၊ ပြင်းထန်စွာပွင့်လန်းနေသော မှင်ကြာပန်းသည် ချက်ချင်းပင်ညှိုးနွမ်းသွား၏။
တစ်ချိန်တည်းတွင်ပင်၊ ဥယျာဥ်တစ်ခုလုံးတွင်ပွင့်နေသည့် ပန်းများအားလုံး တစ်ခဏချင်း၌ ညှိုးနွမ်းသွားသော်လည်း ရွှယ်အန်းလက်ထဲမှ ပန်းသည် တဖြည်းဖြည်းပွင့်လာ၏။
၎င်းသည် အလွန်အံ့မခန်း လှပလျက်ရှိကာ၊ ရွှယ်အန်းကို ကျွမ်းကျင်ဥယျာဥ်မှုးဟုပင်ယူဆနိုင်၏။
သူသည်ပင် အရာအားလုံးကို သိသည်ဟူ၍မပြောဝံ့ပေ။
‘ဒီလူက သူအကုန်သိတယ်လို့ တကယ်ပြောလိုက်တာလား’
အခန်း(၃၅) အမိန့်တစ်ချက်နဲ့ သူတို့အကုန်လုံး ဦးညွတ်ကုန်တယ်
လူတိုင်းသည် ၎င်းတို့ရှေ့မှ မြင်ကွင်းကြောင့် အံ့သြမှင်သက်လျက်ရှိကြသည်။ ဆရာမဝေ့သည်မူ၊ အလွန်စိတ်လှုပ်ရှားလှသဖြင့် တစ်ကိုယ်လုံး တုန်ယင်လျက်၊ မှော်ပန်းပွင့်ကိုစိုက်ကြည့်နေသည်။
“ဒါ ကောင်းကင်ဘုံက ဖန်တီးမှုပဲ၊ တကယ် ကောင်းကင်ဘုံက ဖန်တီးမှုပဲ”
ဤအခိုက်အတန့်တွင် စတီဖန်သည် သူ့မျက်လုံးများ ပြုတ်ထွက်လုနီးပါးဖြစ်လျက်ရှိသည်။ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် အလွန်ရွှင်မြူးနေ၏။
“ဖေဖေ အရမ်းအံ့သြဖို့ကောင်းတယ်”
ရွှယ်အန်းက ပြုံး၍ တုန်ရှန်ချန်နှင့် ဟေယင်းတို့ကို ကြည့်၍ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
“အခု မင်းတို့ယုံကြပြီလား”
တုန်ရှန်ချန်၏ နှုတ်ခမ်းများ လှုပ်သွားသော်လည်း သူမည်သည့်စကားမျှ မပြောနိုင်ခဲ့ပေ။
ဟေယင်းတစ်ယောက်သည်သာ မယုံကြည်နိုင်မှုအပြည့်ဖြင့် ထအော်လိုက်သည်။
“ဒါဘာလဲ၊ လေဆာပြကွက်တစ်ခုပဲဖြစ်ရမယ်၊ ပန်းတစ်ပွင့်ဟာ ဘယ်နေရာမှမဆိုပေါက်လာနိုင်တာမဟုတ်ဘူးရှင့်”
ဝေ့ဝူယန်က မျက်မှောင်ကြုတ်၍ ဟေယင်းကို ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ထွက်သွားပေးပါ”
ဟေယင်းက ကြောင်အလျက်၊ ကြွက်စုတ်တစ်ကောင်ကဲ့သို့ ထအော်သည်။
“ငါကဘာလို့ ထွက်သွားရမှာလဲ”
ဝေ့ဝူယန်က အေးစက်စွာပြောလိုက်သည်။
“ဒီနေရာမှာ ပန်းတွေအကြောင်း နားမလည်တဲ့လူတွေကို ငါမကြိုဆိုဘူး။ ကျေးဇူးပြုပြီး ထွက်သွားပါ”
ထိုအချိန််တွင် စတီဖန်က ဝင်ပြော၏။
“ဆရာမဝေ့ပြောတဲ့စကားက ငါ့စကားနဲ့အတူတူပဲ။ ရုပ်ရှင်သဘောတူညီချက်ကို မေ့လိုက်ပါ။ ကျေးဇူးပြုပြီး အခုချက်ချင်း ထွက်သွား”
ဟေယင်းက တုန်လှုပ်စွာ ရပ်တန့်နေစဥ်တွင် တုန်ရှန်ချန်က တစ်စုံတစ်ခုကို ပြောချင်၍ ပါးစပ်ဟလိုက်သော်လည်း စတီဖန်က လက်ခါ၍ ပြောလိုက်သည်။
“ငါဒေါသမထွက်ခင်ကျေးဇူးပြုပြီး မင်းတို့နှစ်ယောက်လုံး ချက်ချင်း ထွက်သွားပါ”
ရွေးချယ်စရာမရှိသော တုန်ရှန်ချန်က ဒေါသပုန်ထနေသည့် ဟေယင်းကို သူနှင့်အတူဆွဲထုတ်သွားရုံသာ တတ်နိုင်တော့သည်။
ဝေ့ဝူရန်က ရွှယ်အန်းထံသို့ ချဥ်းကပ်၍ လေးစားစွာပြောလိုက်သည်။
“မစ္စတာရွှယ်၊ ကျွန်မ ဒီပန်းကို ထိလို့ရမလား”
“ရပါတယ်”
ထိုစကားကို ပြောပြီးနောက်၊ ရွှယ်အန်းမှ လက်ကို ရုတ်လိုက်သောအခါ၊ ပန်းသည် လေထဲတွင် မျောလွင့်ကျန်ရစ်ခဲ့၏။ ဝေ့ဝူယန်သည် တုန်တုန်ယင်ယင်ဖြင့် ပန်းပွင့်ကို ညင်သာစွာထိလိုက်ရာ၊ သူမ၏ ပါးပြင်ထက်သို့ မျက်ရည်များစီးကျလာသည်။
“ကျွန်မတစ်သက်မှာ ဒီလို အံ့ဖွယ်ပန်းတစ်ပွင့်ကို မြင်လိုက်ရတဲ့အတွက်၊ နောင်တကင်းကင်းနဲ့ သေလို့ရပြီ”
ရွှယ်အန်းသည် ပန်းများအတွက်၊ အရာအားလုံးကို မြှပ်နှံထားသော ဖြူစင်သည့်နှလုံးသားရှိသည့် ဝေ့ဝူရန်ကို အမှန်တကယ်ပင် လေးစားမိသည်။
သူမသည် ပန်းမြတ်နိုးသူအစစ်အမှန်ပင်ဖြစ်သည်။
စတီဖန်သည်လည်း ရောက်လာသော်လည်း သူ၏ စိတ်ဝင်စားမှုမှာမူ၊ ပန်းကို ဝယ်ယူနိုင်ရန်ပင်ဖြစ်သည်။
“မစ္စတာရွှယ်၊ စျေးပြောပါ။ ကျွန်တော် ဒီပန်းလိုချင်တယ်”
ရွှယ်အန်းက စတီဖန်ကို ကြည့်၍ ပေါ့ပေါးပါးပါးပြုံးလိုက်သည်။
“ခင်ဗျား ဝယ်ချင်လို့လား”
“အင်း”
“ဒါပေမယ့် ခင်ဗျား မတတ်နိုင်မှာစိုးတယ်”
စတီဖန်က အံကြိတ်လိုက်သည်။
“မစ္စတာရွှယ်၊ ဒီပန်းအတွက် ကျုပ်အကုန်ပေးနိုင်တယ်။”
ရွှယ်အန်းက ပြုံးပြီးနောက် ဖန်းမင်ရွှယ်ကို လက်ညှိုးထိုးပြလိုက်သည်။
“မလိုပါဘူး။ ကျွန်တော်ကြားတာတော့၊ ခင်ဗျားတို့ ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်လိုသေးတယ်ဆို”
အစပိုင်းတွင် စတီဖန်သည် ဖန်းမင်ရွှယ်ကို ဂရုမစိုက်ခဲ့ပေ။ ပန်းများနှင့် ထိတွေ့ဖူးသော တရုတ်စကားကျွမ်းကျင်သည့်ဒါရိုက်တာသည် အခြားမည်သည့်အရာကိုမျှဂရုမစိုက်ပေ။ သို့သော် ရွှယ်အန်းက သူ့ကို သတိပေးလိုက်သောအခါ၊ စတီဖန်သည် ဖန်းမင်ရွှယ်ကို ရုတ်တရက်သတိပြုမိသွား၍ အံ့အားသင့်သွားခဲ့သည်။
ဖန်းမင်ရွှယ်က ဦးအနည်းငယ်ညွတ်၍ ပြောသည်။
“မစ္စတာ စတီဖန်”
“အိုး ဘုရားရေ၊ ဒီမိန်းကလေးက ငါ စိတ်ကူးယဥ်ထားတဲ့ ခေါင်းဆောင်မင်းသမီးနဲ့ တစ်ပုံစံတည်းပဲ၊ မျက်နှာ အမူအရာတောင် တော်တော် ဆင်တူတယ်”
ထိုစကားများကြောင့်၊ ထောင့်တွင်ရပ်နေသော ဖန်းမင်ရွှယ်ကို သက်ပြင်းချစေနိုင်ခဲ့သည်။ ဟန်ယောင်းသည် စတီဖန်နှင့် စတင်၍ စကားပြောလိုက်သည်။ ဖျော်ဖြေရေးနယ်ပယ်တွင် ထိပ်တန်းအေးဂျင့်တစ်ဦးဖြစ်သဖြ်င့ စကားအနည်းငယ်ပြောပြီးသည်နှင့် မြန်မြန်ဆန်ဆန် အဆင်ပြေသွားသည်။
ဤကိစ္စကို ဖြေရှင်းနိုင်ပြီးနောက်၊ ရွှယ်အန်းက ဆောင့်ကြောင့် ထိုင်၍ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို ပြောလိုက်သည်။
“ရှန်းရှန်း၊ နျန်နျန်၊ အပြင်ထွက်ကစားကြရအောင်”
“ရေး ကောင်းတယ်”
ကောင်မလေးနှစ်ယောက်သည် ရွှယ်အန်းနှင့်အတူ၊ ပန်းဥယျာဥ်ထဲသို့ လိုက်သွားသည်။ ထိုအချိန်တွင် နှင်းများရပ်တန့်သွားကာ၊ ကမ္ဘာတစ်ခုလုံးကို အဖြူရောင်စောင်တစ်ထည်နှင့် ဖုံးအုပ်ထားသည့်နှယ်၊ နှင်းများဖုံးလွှမ်းနေ၏။
ဥယျာဥ်သည် ယွီလုံမြစ်ဘေးရှိ ပေကျန်းမြို့၏ ဆင်ခြေဖုံးတွင်တည်ရှိသည်။
“ဖေဖေ၊ အန်တီရွှမ်၊ တစ်ချိန်က ငါတို့ ကို ဒီကို ခေါ်လာခဲ့ဖူးတယ်။ အဲ့အချိန်က ယွီလုံမြစ်က အရမ်းလှတယ်” ရွှယ်ရှန်းက မြစ်ကမ်းဘေးတွင်ရပ်လျက်ပြောလိုက်သည်။
“ဟုတ်တယ်၊ ညီမလေးလည်းမှတ်မိတယ်။ အဲ့တုန်းက မြစ်ဘေးမှာ ပြောင်းဖူးပြုတ်စားခဲ့ကြတာလေ၊ အဲ့ပြောင်းဖူးပြုတ်က အရမ်းစားလို့ကောင်းတယ်” ရွှယ်နျန်က ပြောသည်။
ရွှယ်အန်းက တိတ်တဆိတ်ရယ်မောနေရုံသာ တတ်နိုင်တော့သည်။ ဤလေးနှစ်သာရှိသေးသော ကလေးမလေးနှစ်ယောက်သည် မိဘမဲ့လျက်ကြီးပြင်းလာရသဖြင့်၊ လူကြီးလေးများနှယ်စကားပြောဆိုတတ်ကြသည်။
၎င်းတို့ ဤသို့ဖြစ်လေလေ၊ ရွှယ်အန်း၏ နှလုံးသားပိုမို နာကျင်လေလေဖြစ်ပေ၏။ ဝေးကွာနေသည့် လေးနှစ်အတွင်းတွင်၊ သူ့သမီးနှစ်ယောက်မည်မျှ ဒုက္ခရောက်ခဲ့ရသနည်း။
“ရှန်းရှန်း၊ နျန်နျန်၊ သမီးတို့ ယွီလုံမြစ်ကို ဟိုတုန်းကလို မြင်ချင်လား”
ရွှယ်ရှန်း၏ မျက်လုံးများ တောက်ပလာသည်။
“ဟုတ်ကဲ့”
သို့သော် သူမ၏ အမူအရာသည် ခဏအကြာတွင် မှိန်ဖျော့သွား၏။
“ဒါပေမယ့် အခုက ဆောင်းတွင်းဆိုတော့ မြစ်က အေးခဲနေပြီ”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြောလိုက်သည်။ ဤသို့သော အသွေးအမွှားကိစ္စများကို မစီမံနိုင်လျှင်၊ အင်မော်တယ်အရှင်ဟု မှတ်ယူ၍ ရမည်မဟုတ်ပေ။
“မျက်လုံးမှိတ်ထား၊ ဖေဖေက သမီးတို့ကို မှော်လှည့်ကွက်တစ်ခု ပြပေးမယ်”
ကောင်မလေးနှစ်ယောက်သည် စကားနားထောင်၍ မျက်လုံးမှိတ်ထားသည်။
ရွှယ်အန်းက လက်ကို ဝှေ့ယမ်း၍ နူးညံ့စွာပြောလိုက်သည်။
“ပြောင်းပြန်ဖြစ်”
အေးခဲနေသော မြစ်မျက်နှာပြင်များသည် တုံ့ပြန်မှုနှင့်အတူ၊ အက်ကွဲသွားပြီးနောက်၊ ရေခဲနှင့် နှင်းများသည် မယုံကြည်နိုင်ဖွယ်အရှိန်ဖြင့် အရည်ပျော်ကျသွားသည်။ မျက်စိတစ်မျိတ်အတွင်း၌ပင် ယွီလုံမြစ်သည် တစ်ဖန်ပြန်၍ စီးဆင်းလာ၏။
တစ်ချိန်တည်းတွင်ပင် မြစ်ကမ်းနံဘေးရှိ ပန်းပင်များ၊ မြက်ပင်များနှင့် သစ်ပင်များအားလုံး၊ အရိုင်းဆန်စွာ ကြီးထွားလာခဲ့သည်။ တစ်ခဏအတွင်းမှာပင် မြစ်ကမ်းပါး၏ အနီးနားဆယ်မိုင်အကွာအဝေးအတွင်းတွင် နွေရာသီသို့ ချက်ချင်းပြန်ရောက်သွားသကဲ့သို့ စိမ်းလန်းစိုပြေလာသည်။ သူ၏ အမိန့်တော်အတိုင်း၊ အရာအားလုံး နာခံ၍ ပြောင်းလဲသွားကြသည်။
ဤသည်ကား… အင်မော်တယ်အရှင်၏ စွမ်းအားပေတည်း။
“ကောင်းပြီ၊ သမီးတို့ မျက်လုံးတွေအခုဖွင့်လို့ရပြီ”ရွှယ်အန်းက နူးညံ့စွာပြောသည်။
ကလေးမလေးနှစ်ယောက်မှ ၎င်းတို့၏ လက်ကို ဖယ်လိုက်ပြီးနောက်၊ ဘေးပတ်ပတ်လည်ကို မှင်သက်စွာကြည့်၍ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
“ဖေဖေ၊ ဒါဖေဖေလုပ်လိုက်တာလား”
ရွှယ်အန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
“သမီးဘယ်လိုထင်လဲ။ အထင်ကြီးစရာကြီးမလား”
“အရမ်းအထင်ကြီးစရာပဲ၊ ဖေဖေ ကြည့်၊ မြစ်ထဲမှာ ငါးတွေလည်းရှိတယ်” ရွှယ်နျန်သည် အစားအသောက်ကို ဘယ်သောအခါမှ မေ့နိုင်လိမ့်မည်မဟုတ်ပေ။
“မြစ်ကို ကူးကြရအောင်”
ထိုသို့ပြောပြီးနောက်၊ ရွှယ်အန်းသည် မြစ်ဆီသို့ လက်ကို ဆန့်တန်းကာ၊ တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။ မရေမတွက်နိုင်အောင်များပြားလှသော ငါးများသည် ရေထဲမှ ထွက်လာ၍ ငြိမ်သက်နေသော မြစ်ရေမျက်နှာပြင်သည် ပွက်ပွက်ဆူလာသည်။
ထို့နောက်၊ မြစ်ရေမျက်နှာပြင်ထက်တွင် ငါးများဖြင့် လုပ်ထားသော တံတားငယ်တစ်ခုကို ပေါ်လာ၏။
ရွှယ်ရှန်းသည် ငါးတံတားပေါ်သို့ ဂရုတစိုက် နင်းဖြတ်လျှောက်လှမ်းသွားသည်။
“ဖေဖေ ဒါက မှော်ပဲလား”
“ဟုတ်တယ်၊ ဒါက မှော်လှည့်ကွက်တစ်ခုပဲ”
“ဒါဆို သမီးလည်း ဒီမှော်ပညာကို သင်ယူချင်တယ်”
“သမီးရောပဲ၊ သင်ယူပြီးတာနဲ့ အရသာရှိတဲ့မုန့်တွေအများကြီးကို ဖန်တီးနိုင်မှာ”
ရိုးသားသော အစားအသောက်မက်မောသူတစ်ဦးအနေဖြင့် ရွှယ်နျန်၏ အတွေးများသည် အလွန်ထူးခြားနေသည်။
“ကောင်းလိုက်တာ။ ဖေဖေက သမီးကို အချိန်မှီသင်ပေးမှာပါ” ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ပြောသည်။
တကယ်တမ်းတွင်၊ သူ့၌ အန်းယန်နှင့်တကွ သူ့ကလေးများအပါအဝင် သူနှင့် ရင်းနှီးသော လူတိုင်းကို ဤကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ ပို့ဆောင်ရန် အစီအစဥ်များရှိသည်။
အင်မော်တယ်အရှင်ဖြစ်သောကြောင့် အချိန်သည် သူ့အတွက် အဓိပ္ပါယ်မရှိသော်လည်း ချစ်ရသူများနှင့် အတူနေထိုင်ခွင့်မရှိပါက၊ လုံးဝ ထောင်ကျနေပေလိမ့်မည်။ တစ်ယောက်တည်းနေထိုင်ရ၍ အထီးကျန်ခြင်းသည် လူတိုင်းကို ရူးသွပ်သွားစေနိုင်သည်။ ရွှယ်အန်းသည် သူ၏ ယခင်ဘဝတွင် အချိန်ကို ဖြတ်ကျော်၍ ကမ္ဘာမြေသို့ ပြန်လာနိုင်ရန် ရည်မှန်းကာ၊ အနှစ်သုံးထောင်ကြာ ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့သည်။ ထို့ကြောင့် ဤဘဝတွင် အခွင့်ကောင်းတစ်ခု ရရှိထားသဖြင့်၊ ရွှယ်အန်း အရှုံးမပေးလိမ့်မည်မှာ သေချာသည်။
သားအဖတတွေသည် ဤတံတားကို ဖြတ်လျှောက်လာခြင်းသည် ကမ္ဘာတစ်ခုလုံးတွင် အထူးခြားဆုံးဖြစ်နေနိုင်သည်။
အဝေးမှ တုန်ရှန်ချန်နှင့် ဟေယင်းတို့နှစ်ဦး အိမ်ပြောတော့မည့်ဆဲဆဲတွင် ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် နှစ်ယောက်လုံး တုန်လှုပ်သွားကြသည်။
‘ဒါကဘာလဲ’
‘အင်မောတယ်တွေလား’
အခန်း(၃၆) အင်မော်တယ်ကဲ့သို့
“ဒီကောင်လှည့်စားနေပြန်ပြီမလား ဟန်နီ”
သို့သော် ဤတစ်ကြိမ်တွင် သူမ၏ စကားများအတွက် တုံ့ပြန်မှုမရခဲ့သဖြင့်၊ ခေါင်းလှည့်ကြည့်လိုက်သောအခါ၊ တုန်ရှန်ချန်၏အမူအရာ၊ အလွန်လေးနက်နေသည်ကို တွေ့လိုက်ရ၏။ တကယ်တမ်းတွင် တုန်ရှန်ချန်သည် ဘီလီယံနာတစ်ဦးဖြစ်သည့်အတွက်၊ များစွာသောလျို့ဝှက်ချက်များကို သိရှိထားသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် အဆင့်အတန်းမြင့်သော ပုဂ္ဂိုလ်များစွာရှိကြောင်း သူ ကောင်းစွာသိထားသည်။ သို့သော် မည်သို့ပင်ဖြစ်စေ၊ ဤကလေးနှစ်ယောက်ရှိနေသော ယောက်ျားသည် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်နေလိမ့်မည်ဟု သူစိတ်ပင်မကူးခဲ့ဖူးပေ။
ထိုသူကို သူမထီမဲ့မြင်ပြုခဲ့မည့်သည့်အကြောင်း ပြန်တွေးမိသောအခါ၊ တုန်ရှန်ချန်၏ တစ်ကိုယ်လုံး ချွေးများရွှဲရွှဲစိုသွားသည်။
“ဟန်နီ… ဟန်နီ” ဟေယင်းက တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။
တုန်ရှန်ချန်သည် သူမကို အေးစက်စွာကြည့်နေ၏။ အရာအားလုံးသည် ဤရူးနှမ်းသော မိန်းမကြောင့်သာဖြစ်သည်။ သူမကြောင့်သာမဟုတ်လျှင်၊ သူရွှယ်အန်းကို စော်ကားခဲ့မိမည်မဟုတ်ပေ။
မှန်သည်။
အရာအားလုံးသည် သူမကြောင့်ဖြစ်သည်။
ထိုသို့တွေးကာ၊ တုန်ရှန်ချန်၏ မျက်လုံးများထဲတွင် ရွံရှာမှုများ ပြည့်နှက်လာသည်။ ချမ်းသာသော ယောက်ျားတစ်ယောက်အနေနှင့် လှပသော အမျိုးသမီးများစွာ အလွယ်တကူရနိုင်၏။
ဟေယင်းသည် ကြယ်ပွင့်ကလေးတစ်ပွင့်သာဖြစ်သော်လည်း၊ ကြယ်ပွင့်တစ်ပွင့်နှင့် ချိန်းတွေ့လိုသည့် ဆန္ဒရှိသော တုန်ရှန်ချန်အတွက်မူ၊ သူမကို အလွန်အမင်းစွဲလမ်းခဲ့သည်။ သို့သော် ယခု တုန်ရှန်ချန်သည်၊ ဤရူးနှမ်းသောအမျိုးသမီးနှင့် ခပ်ခွာခွာနေသင့်သည်ဟု ခံစားမိသည်။ ဟေယင်းသည် တုန်ရှန်ချန်၏ ပုံမှန်မဟုတ်သော အပြုအမူကို ခံစားမိသဖြင့်၊ သူမနှလုံးသားထဲမှ ထိတ်လန့်တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရသည်။
“ဟန်နီ၊ ဘာဖြစ်နေတာလဲ”
“ကုမ္ပဏီမှာ ကိစ္စတစ်ခုရှိတာ ခုမှသတိရလို့ပါ၊ မင်းကိုယ်ဘာသာ တက္ကစီငှားပြီး အိမ်ပြန်တော့”
ထိုသို့ပြော၍ တုန်ရှန်ချန်က လှည့်ထွက်သွားသည်။ ဟေယင်းသည် အလွန်အံ့အားသင့်လျက်၊ ထိုနေရာတွင် မတ်တပ်ရပ်နေပြီးနောက်၊ ခဏအကြာတွင် သူမသည် မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် ရွှယ်အန်းကို ကြည့်ခဲ့သည်။
“ဒါအားလုံးက နင့်ကြောင့်ပဲ။ နင့်ကြောင့်သာမဟုတ်ရင် ငါစတီဖန်နဲ့ အဲ့အခန်းမှာ သရုပ်ဆောင်ရမှာ။ နင့်ရဲ့သမီးနှစ်ယောက်ကို ငါကျိန်ဆဲလိုက်မယ်။ နင်…”
သူမအသံ ရုပ်တရက် ရပ်တန့်သွာားသည်။ ဟေယင်း၏ ခြေဖဝါးအောက်တွင် အဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာ၍ အထက်သို့ မြင့်တက်လာသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ထိုအလင်းရောင်သည် သူမတစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။
ဟေယင်းသည် အော်ဟစ်ရန်အခွင့်အရေးပင် မရတော့ဘဲ လောင်ကျွမ်းပျောက်ကွယ်သွား၏။
ထိုအချိန်တွင် ရွှယ်ရှန်းသည် အဝေးမြစ်ကမ်းပါးပေါ်၌ ထူးခြားသော တစ်စုံတစ်ခုကို တွေ့လိုက်ရသဖြင့်၊ မေးလိုက်သည်။
“ဖေဖေ ဟိုမှာ ဘာဖြစ်တာလဲ”
ရွှယ်အန်းက ခပ်ရိုးရိုးပင်ပြုံးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ ဟိုမှာ တစ်ယောက်ယောက် အမှိုက်မီးရှို့နေတာဖြစ်မယ်”
ရွှယ်အန်း၏ လက်ရှိခွန်အားသည် ယခင်ကကဲ့သို့မဟုတ်သော်လည်း သူ၏ အဖိုးတန် သမီးတော်နှစ်ပါးအတွက်၊ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့အပေါ်တွင် အုပ်ထိန်းသူ နည်းစနစ် ၏ အမြင့်ဆုံးအဆင့်ကို အပ်နှင်းထားဆဲဖြစ်သည်။ ဤနည်းကို ရွှယ်အန်းက သူ အင်မော်တယ်အရှင် ပထမဆုံးဖြစ်လာခဲ့စဥ်က ဖန်တီးခဲ့ခြင်းဖြစ်သည်။
အလင်းနှစ် ဘီလီယံပေါင်းများစွာကို ဖြတ်ကျော်၍ သူ့အတွက် အဆင်မပြေသော လူတစ်ယောက်ကို သတ်ပစ်ရန် သူ့အတွက် ခက်ခဲလိမ့်မည်မဟုတ်ပေ။ သူ၏ ခွန်အားသည် ယခု ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးသော်လည်း မယုံကြည်နိုင်လောက်အောင်၊ အစွမ်းထက်နေဆဲဖြစ်သည်။ ထို့ကြောင့် ဟေယင်းသည် သူတို့၏နောက်ကွယ်တွင် မကောင်းပြောခဲ့ရုံဖြင့်၊ ကျိန်စာထိကာ၊ ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။
မှန်သည်၊ ကလေးမလေးနှစ်ယောက်သည်မူ၊ ထိုအကြောင်း တစ်စုံတစ်ရာမျှ မသိဘဲ၊ စိတ်လှုပ်ရှားစွာဖြင့် ငါးတံတားပေါ်မှ လမ်းလျှောက်လာကြသည်။
ရွှယ်အန်းသည် လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်၍ မြစ်လယ်တွင်ရပ်ကာ၊ သူ့သမီးများ၏ ပျော်ရွှင်မြူးတူးနေသော မျက်နှာများကို ကြည့်၍ ပြုံးလျက်ရှိသည်။
ထိုအချိန်တွင် တိမ်များပြန့်ကျဲသွားကာ၊ နေရာင်ခြည်သည် ရွှယ်အန်းနှင့် ကလေးမလေးနှစ်ယောက်သို့ ဖြာကျလျက်ရှိသည်။
၎င်းတို့နောက်မှ ထွက်လာသည့် ဖန်းမင်ရွှယ်၊ ဟန်ယောင်းနှင့် ဝေ့ဝူယန်တို့သည်လည်း ထိုမြင်ကွင်းကို မြင်တွေ့လိုက်ကြရသည်။
ဟန်ယောင်းသးည် အလွန်တုန်လှုပ်ခြောက်ခြားလျက်၊ ရေရွတ်ပြောဆိုလိုက်သည်။
“မင်ရွှယ်၊ နင်ဘယ်လိုလူမျိုးကို ရှာလာတာလဲ”
ဖန်းမင်ရွှယ်က စိတ်အေးအေးထားလျက်ပြန်ဖြေသည်။
“ငါလည်းမသိဘူး။ ဒါပေမယ့်၊ သူက ရွှယ်အန်းဖြစ်နေသရွေ့တော့၊ ငါ့အတွက်လုံလောက်ပြီ”
ထိုအချိန်မှစ၍ ဟန်ယောင်းသည် သူမ၏စိတ်ထဲမှ မကျေမနပ်ဖြစ်မှုကို ဖယ်ရှားကာ၊ ရွှယ်အန်းပြောခဲ့သည့် အရာအားလုံး ချောချောမွေ့မွေ့ပြီးသွားနိုင်သည်ဆိုသည့်စကားသည် ကြွားလုံးထုတ်ခြင်းမဟုတ်ကြောင်း သေချာလာခဲ့သည်။
သူ့တွင် အမှန်တကယ်ပင်၊ ထိုသို့သော အရည်အချင်းမျိုးရှိသည်။
အခြားသူများမရောက်နိုင်သော နေရာတစ်ခုသို့ရောက်သောအခါ၊ လောက၏ အာဏာနှင့်၊ ချမ်းသာကြွယ်ဝမှုသည် ဟာသပင်ဖြစ်လာခဲ့သည်။
ဝေ့ဝူယန်သည် ယွီလုံမြစ်တစ်ဝိုက်ရှိ၊ ပို၍ စိမ်းလန်းစိုပြေလာသော သစ်ပင်များကို အာရုံစိုက်နေသည်။ ယွီလုံမြစ်သည် ရုတ်တရက်၊ နွေရာသီသို့ပြန်ရောက်သွားသကဲ့သို့ ထင်ရ၏။ စိမ်းလန်းစိုပြေသော သစ်ပင်များသည် ပတ်ဝန်းကျင်ရှိ ရေခဲများ၊ နှင်းများနှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။
“ဒီလူက ဘယ်သူလဲ… အတိအကျ” ဝေဝူယန်၏ အသံသည် တုန်လှုပ်ခြောက်ခြားမှုများပြည့်နှက်နေသည်။
ထိုအချိန်တွင် မေးဘတ်ချ်ကားသည် ပန်းခြံထဲသို့ ဖြည်းညှင်းစွာ မောင်းဝင်လာခဲ့သည်။
ချင်းယွီသည် ကားထဲမှ ဆင်းဆင်းချင်း၊ မြင်ကွင်းကြောင့်၊ ထိတ်လန့်သွားသော်လည်း ယခုအခါတွင် သူမသည် ၎င်းနှင့် ရင်းနှီးနေသောကြောင့် ပေါ့ပေါ့ပါးပါးပင် မြစ်ကမ်းပါးသို့ လျှောက်လာခဲ့သည်။
“မစ္စတာရွှယ်”
ရွှယ်အန်းက ခေါင်းလှည့်ကြည့်လိုက်သောအခါ၊ ချင်းယွီကို မြင်လိုက်ရသဖြင့်၊ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို ကမ်းဘက်သို့ ပြန်ပို့ကာ၊ လက်ဖျောက်တီးလိုက်သည်။
အသံနှင့်အတူ၊ ငါးတံတားသည် ရုန်းရင်းဆန်ခတ်ဖြစ်စွာ ပြိုကျသွားသည်။ ထို့နောက် ရွှယ်အန်းက ချင်းယွီကို အနည်းငယ်ပြုံးပြလိုက်သည်။
“မင်း လိုတာတစ်ခုခုရှိလား”
ချင်းယွီသည် ထိုအပြုံးကြောင့် အနည်းငယ်ရင်ခုန်မိသွားကာ၊ ခေါင်းငုံ့လျက် ပြန်ဖြေလိုက်သည်။
“မစ္စတာရွှယ်၊ ရှင်ကျွန်မကို စုံစမ်းခိုင်းထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး၊ ကျွန်မ သတင်းရခဲ့ပြီ။ လေလံတင်ရောင်းခဲ့တဲ့ နတ်ဆေးပင်က ချင်းမန်တောင်က ဆင်းသက်လာတယ်”
‘ချင်းမန်တောင်”
ဤအမည်ကို ကြားလိုက်သညန်ှင့်၊ ရွှယ်အန်း၏ မျက်လုံးများတွင် ပြင်းထန်သော အလင်းတစ်ခု ထင်ဟပ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဇာတိသည် ချင်းမန်တောင်ပင်ဖြစ်၏။ သို့သော် ရွှယ်အန်း၏မိဘနှစ်ပါးလုံး သေဆုံးပြီးကတည်းက၊ သူထိုနေရာမှ ထွက်ခွာလာခဲ့ရာ၊ ထို့နောက်တွင်တစ်ကြိမ်မျှပြန်မလာခဲ့ပေ။
“ကောင်းပြီ၊ ငါနားလည်ပြီ၊ ကျေးဇူးပဲ”
ချင်းယွီသည် ရွှယ်အန်း၏ မျက်နှာထက်တွင် ထိုသို့သော အမူအရာမျိုးကို တစ်ချိန်မျှမမြင်ခဲ့ဖူးသောကြောင့် အနည်းငယ်စိတ်လှုပ်ရှားမိသွားသည်။
“မစ္စတာရွှယ်၊ ရှင် ချင်းမန်တောင်ကို သွားဖို့စီဥ်နေတာလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ ချင်းမိသားစု တစ်ခုခုလုပ်ပေးနိုင်တာများရှိမလား”
ရွှယ်အန်းက အနည်းငယ်ပြုံး၍ ပြောလိုက်သည်။
“မလိုပါဘူး”
ထို့နောက် ရွှယ်အန်းသည် ရွှယ်နျန်နှင့် ရွှယ်ရှန်းတို့ကို ငုံ့ကြည့်၍ နူးညံ့စွာပြောသည်။
“ဖေဖေ သမီးတို့ကို ခရီးသွားဖို့ခေါ်သွားမယ်၊ ဘယ်လိုလဲ”
“လိုက်မှာပေါ့” ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့အတွက်မူ၊ အဖေ့နားမှာ နေနိုင်လျှင် ကျန်သောအရာများအားလုံးအဆင်ပြေ၏။
ရွှယ်ရှန်းသည် အဝေးကို မော့ကြည့်လိုက်သည်။
‘ချင်းမန်တောင်’
ထိုနေရာတွင် အကြွေးပြန်ဆပ်ရန် စောင့်ဆိုင်းနေသောသူအချို့ရှိနေပုံရသည်။
ကိစ္စအဝဝကို ပြေပြေလည်လည်စီစဥ်ပြီးသည့်နောက်၊ ဖန်းမင်ရွှယ်သည် ဟန်ယောင်း၏ နောက်သို့ လိုက်သွားခဲ့ရသည်။ လမ်းခွဲရမည့်အချိန်သို့ရောက်လာသောအခါ၊ ဖန်းမင်ရွှယ်က မထိန်းနိုင်တော့ဘဲ ငိုချလိုက်သည်။ ဟန်ယောင်းသည် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို ပညာရှိစွာဖြင့် ပထုတ်သွားသည်။
ရွှယ်အန်းသည် သူ့အား နီရဲရောင်ရမ်းနေသော မျက်လုံးများဖြင့် ကြည့်သော ဖန်းမင်ရွှယ်ကို ကြည့်၍ပြောလိုက်သည်။
“ကောင်းပြီ၊ နင်ဆက်ပြီးငိုနေရင် လှတော့မှာ မဟုတ်ဘူးနော်”
ဖန်းမင်ရွှယ်သည် ကြောင်လေးတစ်ကောင်ကဲ့သို့ ခပ်တိုးတိုး ငိုကြွေး၍ ခေါင်းညိတ်လိုက်သည်။
ရွှယ်အန်းက သူမ၏ ခေါင်းကိုပွတ်သပ်ပေးလိုက်သည်။
“ငါတို့ ကျောင်းတက်တုန်းက၊ နင့်ကို အနိုင်ကျင့်ရဲတဲ့ကောင်ကို ငါသေချာပေါက် ရိုက်သတ်မယ်လို့ပြောခဲ့ဖူးတယ်။ အခု နင်မြင်တဲ့အတိုင်းပဲ၊ သာမန်လူတွေ ငါ့ကို အနိုင်မယူနိုင်ဘူး။ ဒါ့ကြောင့် စိုးရိမ်ကြောင့်ကြမနေဘဲ၊ သွားလိုက်ပါ။ ဒီကောင်စတီဖန်အတွက်တော့ စိတ်ပူမနေပါနဲ့၊ သူ နင့်ကို ဘာမှမလုပ်ရဲဘူးလို့ ငါထင်တယ်”
တကယ်တမ်းတွင်၊ ထိုသူ၊ စတီဖန်သည် ၊ ရွှယ်အန်းကို နတ်ဘုရားကဲ့သို့ မှတ်ယူထားသဖြင့် မည်သို့မျှ မစော်ကားဝံ့ရုံသာမက၊ ရွှယ်အန်းရှေ့တွင် ဒူးထောက်ခယနေပေလိမ့်မည်ဖြစ်သည်။
ဖန်းမင်ရွှယ်က ရွှယ်အန်းကို ရုတ်တရက် ပွေ့ဖက်လိုက်သည်။
“နင်သိလား၊ ငါတကယ်ပဲ အန်းယန်ကို မနာလိုဖြစ်ပေမယ့်၊ ငါ အခွင့်အရေးရှိပါဦးမလားမသိဘူး”
ရွှယ်အန်းက သက်ပြင်းတိုတို တစ်ချက်ချလိုက်သည်။
အင်မော်တယ်အရှင်တစ်ပါးအဖြစ်နှင့်ပင်၊ သူမဖြေနိုင်သည့် မေးခွန်းများရှိနေခဲ့သည်။ ဥပမာအားဖြင့်၊ ရှုပ်ထွေးသော နှလုံးသားရေးရာကိစ္စများပင်ဖြစ်၏။
“ကောင်းပြီ၊ ကောင်းပြီ၊ ငါနင့်ကို ပြန်မလာနဲ့လို့ တစ်ခုမှ မပြောဘူး”
“တကယ်လား” ရွှယ်အန်းကို ကြည့်၍ ဖန်းမင်ရွှယ်၏ လှပသော မျက်နှာကလေးသည် တက်ကြွလာ၏။
“နင်ဆိုလိုတာက၊ ငါ နောင်ကျရင် ပြန်လာနိုင်သေးတယ်လို့ ပြောတာလား”
ရွှယ်အန်းက ခနဲ့တဲ့တဲ့ပြုံးလိုက်သည်။
“အင်းလေ၊ ဘာဖြစ်နိုင်သေးလို့လဲ၊ ငါက နင့်ကို မောင်းထုတ်နိုင်ပါ့မလား” ဖန်းမင်ရွှယ်၏ မျက်လုံးများနှင့် မျက်နှာထက်တွင် ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။ ဖန်းမင်ရွှယ်ထွက်သွားပြီးနောက်၊ ရွှယ်အန်းသည် လမ်းဘေးတွင် ရပ်ကျန်ခဲ့ကာ၊ အနည်းငယ်ဆိတ်သုဥ်းသွားသကဲ့သို့ ခံစားနေရသည်။
သူချစ်ရသူ တစ်ဦးသာရှိရာ၊ ၎င်းသည် အန်းယန်ပင်ဖြစ်၏။
ဤအချက်သည်ကား သေချာ၏။
သို့သော် ဖန်းမင်ရွှယ်၊ သို့မဟုတ်၊ ထန်ရွှမ်အာတို့ အပေါ်တွင်မူ၊ ရှုပ်ထွေးသော ခံစားချက်အချို့ကို သိုဝှက်ထားသည်။ ရွှယ်အန်းက သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
‘ရှိပါစေတော့၊ ရှိပါစေတော့’
သူသည် တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းသင့်သည်။