← Chapters

အမျိုးသမီးလူသတ်နတ်ဘုရား

Vol. 136 Ch. 1897

အမျိုးသမီးလူသတ်နတ်ဘုရား

Vol. 136 Ch. 1897

“အဲတော့ တခြားအံ့ဖွယ်ချိပ်စည်းသုံးခု ရှိတဲ့နေရာကို သူသိတယ်လို့ ဆိုလို တာပေါ့”

“အဲဒါတော့ သေချာမသိဘူး” ရှီမာယူယူ ခေါင်းခါလိုက်သည် “လင်းယူ တခြား လေးမျက်နှာအံ့ဖွယ်ချိပ်စည်းတွေ ဘယ်မှာရှိလဲဆိုတာ သူတို့ကို စုံစမ်း ခိုင်းလိုက်ပါဦး”

“ဟုတ်ပြီ” ဝူလင်းယူသည် စဉ်းပင်မစဉ်းစားဘဲ သဘောတူလိုက်သည်။ သူမ သူ့ကို အကူအညီတောင်းသည်မှာ ရှားပါးသည်။ ဘယ်လိုလုပ် သူမကို ငြင်း မလဲ။

“ဟွမ် အရိပ်မည်း.. မင်းတို့ မရဏာလောကကို ပြန်ချင်လား”

အခုချိန်တွင် သူမသည် တော်ဝင်နန်းတော်ထဲသို့ ရောက်နေပြီဖြစ်ရာ အန္တရာယ်လည်း မရှိနိုင်တော့ပေ။ ထို့ကြောင့် သူမကို တစ်နေလုံး ကာကွယ်ရန် မလိုပေ။

“ပြန်သွားလည်း ဘာလုပ်ရမှာလဲ ကျွန်တော်တို့က သခင်မလေးနောက် လိုက်လာတာပဲ.. တစ္ဆေကြင်ယာတော်က လူလွှတ်ပြီး သခင်မလေးကို လုပ်ကြံ ရင်ရော” အရိပ်မည်းသည် သူမကို ငြင်းဆန်လေသည်။ ယန်ချန်းမြို့အဖြစ် အပျက်၏ နောက်ကွယ်မှလူသည် တစ္ဆေကြင်ယာတော်ဖြစ်သည်ကို သူတို့ သိပြီးသားဖြစ်သည်။ သူမနှင့် ရှီမာယူယူအကြားမှ ရန်ငြိုးရန်စကိုလည်း သူတို့ သိထားပြီးသားဖြစ်သည်။ သူမက တစ္ဆေကြင်ယာတော် မြင်နိုင်တဲ့နေရာမှာ နေခဲ့တာကို သူတို့က ဘယ်လိုလုပ် စိတ်ချလက်ချထားနိုင်ခဲ့မှာလဲ။

ဟွမ်ဘာမှ မပြောသည်ကို ရှီမာယူယူ မြင်သောအခါ သူတို့ကို စိတ်ထဲ မထားတော့ပေ။ သူတို့ ပျင်းသည်ဟု ထင်လျှင် မြို့အပြင်သို့ လမ်းလျှောက်ထွက် လိမ့်မည်။ မည်သို့ပင်ဖြစ်စေကာမူ နန်းတော်အထဲမှလူများသည် သူတို့ကို တား မည်လည်းမဟုတ်ပေ။

ဝူလင်းယူကိုတော့ သူမ ထည့်စဉ်းစားရန်ပင်မလိုပေ။ သူသည် သူမနှင့် သေချာပေါက် အတူရှိလိမ့်မည်။

“အခုကစပြီး မရဏာစံတင်အဆင့်ကို ကျော်ဖြတ်နိုင်အောင် အပြင်း အထန် ကျင့်ကြံတော့မယ် အဲဒါမှ အမေရှိတဲ့နေရာကို အဘိုးက ပြောပြမှာ”

အိပ်မက်များသည် ကောင်းသော်လည်း လက်တွေ့မှာတော့ နာကျင်ဖွယ် ကောင်းလှသည်။ သူမ အသေအချာ ကျင့်ကြံချင်သော်လည်း ဆက်တိုက် နှောင့်ယှက်ခံရသည်။

ပထမဆုံး တံခါးလာခေါက်သူမှာ သတင်းရလာသော ဒိကျဲ့ပင်ဖြစ်သည်။ သူသည် လေရူးသဖွယ် ပြေးလာသည်။ ရှီမာယူယူကို သူမြင်သောအခါ စိတ် လှုပ်ရှားစွာ ပြောလေသည်။ “မင်း နောက်ဆုံးတော့ မြို့တော်ကိုရောက်လာပြီပဲ ငါ ဒိလျူတို့ဆီကကြားတယ် မင်းက ယန်ချန်းမြို့မှာ လှလှပပလေး လုပ်သွား တာပဲ.. အဲလူတွေလည်း အဲဒါနဲ့ပဲတန်တယ်”

ရှီမာယူယူသည် သူ့မျက်နှာမှ အပြုံးကိုမြင်သောအခါ လိုက်ပြုံးလိုက် သည် “ကျွန်မလုပ်တာတော်တယ်လို့ အစ်ကိုပဲတွေးတယ်.. ကမ္ဘာကြီးက ကျွန်မ ကိုပေးတဲ့ နာမည်ပြောင်ကို မကြားခဲ့ဘူးလား အမျိုးသမီးလူသတ်နတ်ဘုရားတဲ့ ကျွတ် ကျွတ် အစ်ကို့နာမည်ကိုတောင် ဆက်ခံနေပြီ”

“ဟားဟားဟား ကောင်းတယ် ငါက လူသတ်နတ်ဘုရား မင်းက အမျိုးသမီးလူသတ်နတ်ဘုရား အဲဒါကြောင့်လည်း မောင်နှမတွေဖြစ်နေတာ” ဒိကျဲ့သည် ထိုစကားကို ကြားသောအခါ အနည်းငယ်အံ့ဩသွားသော်လည်း ပြုံး နေသေးသည်။ ထိုနာမည်ပြောင် ရလာသည်မှာ အကျိုးမရှိသည်တော့မဟုတ် ပေ။ အနည်းဆုံးတော့ သူမကို မည်သူကမှ မနှောင့်ယှက်ရဲတော့ပေ။

ယွိရှီနှင့် တခြားသူများသည် ဒိကျဲ့ရယ်မောနေသည်ကို မြင်သောအခါ နားမလည်နိုင်ဖြစ်နေကြသည်။ သူတို့သည် သူ့အကြောင်းကို သိကြသည်။ အရင် ယွိခဲ့လော့ရှိခဲ့စဉ်က သူ မကြာခဏ လာတတ်သည်။ သို့သော် ဤမျှ ရယ်မောသည်ကို မမြင်ဖူးပေ။ သူ့မျက်နှာထားမှာ အမြဲတစေအေးစက်နေခဲ့ သည်။ ထိုအရာသည် ငယ်ရွယ်ခြင်းနန်းတော်မှလူများကို ကြောက်လန့်သွားစေ သည်။

“စစ်သူကြီးက ခံစားချက်ကောင်းနေတာပဲ အခုလိုမမြင်ရတာတောင် ကြာပြီပဲ” ယွိရှီသည် ဒိကျဲ့နှင့် ဆက်ဆံရေးကောင်းသဖြင့် သူပျော်နေသည်ကို မြင်သောအခါ အနည်းငယ် စနောက်လိုက်သည်။

“ယွိရှီ ယူယူ ဒီကိုရောက်နေပြီဆိုတော့ မင်းက အတင့်ရဲလာတာလား ငါ့ ကိုတောင် စရဲတယ်” ဒိကျဲ့သည် ထိုသို့ ပြောလိုက်သော်လည်း ဒေါသမထွက် ပေ။

“ဒီနေ့ စစ်သူကြီး ခံစားချက်ကောင်းနေမှတော့ ဒီအပျိုတော်လေးကို အပြစ်ပေးမှာမဟုတ်ပါဘူး” ယွိရှီသည် သူ့ကို မကြောက်ပေ။

“မင်းက ဒီကိုရောက်တာ တစ်ရက်ပဲရှိသေးတယ် ဒီအပျိုတော်တွေကို အလိုလိုက်နေပြီပဲ” ဒိကျဲ့သည် ရှီမာယူယူကို စောဒကတက်သည်။

“အဲလိုလား သူတို့ကို အလိုလိုက်နေတာ အစ်ကိုလို့ထင်တာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဒီနန်းဆောင်ကို အမေ့အငွေ့အသက်ကျန်နေအောင် ထိန်းသိမ်းတာလည်း သူတို့အားထုတ်မှုကြောင့်ပဲလေ”

“တကယ်ပဲ သစ္စာဖောက်တွေက ငယ်ရွယ်ခြင်းနန်းတော်မှ မရှိတော့ဘူးပဲ” ဒိကျဲ့သည် သက်ပြင်းချလိုက်သည်။

ရှီမာယူယူ သူပြောချင်သည်ကို နားလည်သည်။ အရင်က ငယ်ရွယ်ခြင်း နန်းတော်တွင် သူတို့တင်ရှိခဲ့ခြင်း မဟုတ်ကြောင်း ယွိရှီ အစောကပြောခဲ့သည်။ သို့သော် တခြားသူများသည် ယွိခဲ့လော့ အကျဉ်းကျသွားသည်နှင့် ထွက်သွားခဲ့ ကြသည်။ သို့သော် ထိုလူများသည် အဆုံးသတ်မလှခဲ့ပေ။ သူတို့ကို ဒိကျဲ့သတ် ခဲ့သည်။

သူ့စကားများအရ ယွိခဲ့လော့ကို သစ္စာဖောက်သူများသည် သူ ပျိုးထောင် ခဲ့သည့် ကျေးဇူးကန်းသူများပင်ဖြစ်သည်။ သူတို့ကို ထားလျှင်လည်း အသုံးမဝင် ပေ။

နောက်ပိုင်းတွင် တစ္ဆေဘုရင်အား တိုင်ကြားသဖြင့် တစ္ဆေဘုရင်သည် သူ့ကို ပြဿနာရှာသည့်အတွက် ဆူငေါက်ခဲ့သည်။ ထိုအပျိုတော်များနှင့် အစောင့်များကို တခြားနန်းတော်သို့ ပြောင်းရွှေ့ပြီးသားဖြစ်သဖြင့် သူများ အပိုင် ဖြစ်နေလေပြီ။ ထိုအပြုအမူသည် အပျိုတော်နှင့် အစောင့်များကို ပိုင်သွားသော မင်းသားနှင့် မင်းသမီးများ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်။ သို့သော် နောက်ဆုံးတွင် သူ့ကို အပြစ်မပေးခဲ့ပေ။ သူသည် ဆူငေါက်ရုံသာငေါက်ကာ တံခါးပိတ်ကျင့်ကြံခိုင်းသည်။ ဒိကျဲ့အတွက်ကတော့ ယားလို့ကုတ်ရုံမျှသာ..

ထိုလူသတ်နတ်ဘုရားသည် ယွိခဲ့လော့ကို ကာကွယ်နေသည်ဟု ရှင်းရှင်း လင်းလင်း ပြလိုက်ပြီဖြစ်သည်။ သူတို့သာ သူ့ကိုဆန့်ကျင်ပါက သူတို့အတွက် သေလမ်းတစ်လမ်းသာရှိသည်။

“မင်း ရောက်လာပြီဆိုတော့ ငါလည်း နန်းတော်ကို မကြာခဏလာလည် မှပဲ” ဒိကျဲ့ ပြောလိုက်သည်။

“အစ်ကိုတို့ စစ်သူကြီးအိမ်တော်က အရမ်းကိုကြမ်းကြုတ်တယ်လို့ ကြား တယ် အချိန်ရရင် တစ်ခါလောက် လာကြည့်မှပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်ပြီ ဘာလို့အခုမသွားရမှာလဲ” ဒိကျဲ့၏ မျက်လုံးများ အရောင် တောက်သွားသည် “ငါ အခုလည်း အချိန်ရနေတယ် ဘယ်လိုလဲ”

“ဒါပေမဲ့ အခုက လင်းယူတို့မရှိကြဘူး”

“စိတ်ချလိုက် ငါရှိရင် မင်း ဘာအန္တရာယ်မှမရှိစေရဘူး” ဒိကျဲ့ ပြောလိုက် သည်။

“အဲဒါကို စိတ်ပူနေတာမဟုတ်ဘူး ဟုတ်ပြီလေ ဒါဆိုလည်း သွားကြတာ ပေါ့” ရှီမာယူယူသည် အစက ဝူလင်းယူပြန်အလာကို စောင့်ပြီး တစ္ဆေလောက တွင် ပုန်းအောင်းနေတတ်သည့် လူများကို မေးချင်သည်။ သူ ထိုသို့ပြောလာ သဖြင့် သူမသည် ရွေးချယ်စရာမရှိတော့ဘဲ သဘောတူလိုက်ကာ သူနှင့်အတူ ထွက်လာလိုက်သည်။

“ဒါဆိုလည်း သွားကြတာပေါ့”

“အဘိုးကို အသိပေးရမလား” ရှီမာယူယူသည် ရောက်သည်နှင့် အပြင် ထွက်နေသည်ဟု ခံစားနေရသဖြင့် တစ္ဆေဘုရင်ကို အသိပေးချင်နေသည်။

“ဒီလိုကိစ္စလေးအတွက် သူဂရုစိုက်ဖို့အချိန်ရှိမှာမဟုတ်ဘူး တခြားသူတွေ လည်း အပြင်သွားရင် သူ့ကို ပြောသွားတာမှမဟုတ်တာ” ဒိကျဲ့ ပြောလိုက် သည် “မင်းကို ငါ ခေါ်သွားမှတော့ အချိန်မှီ ငါပြန်ပို့မှာပါ”

“ဒါဆိုလည်း ကောင်းပြီလေ” ဒီကျဲ့ရှိနေသဖြင့် သူမသည် ယွိရှီကိုပါ ခေါ်ခဲ့ လိုက်သည်။ သူမသည် ကိုယ်ရံတော်တစ်ယောက်မှ မခေါ်ခဲ့ပေ။

ဒိကျဲ့သည် အလွန်ပင်ကျေနပ်နေကာ သူမကို ယုံကြည်ချက်ရှိရှိပင် တော်ဝင်နန်းတော်နှင့်  စစ်သူကြီးအိမ်တော်ဆီသို့ ခေါ်ထုတ်လာလေသည်။

သူတို့ စစ်သူကြီးအိမ်တော်သို့ မရောက်ခင်တွင် တစ္ဆေဘုရင် သတင်းရပြီး ဖြစ်သည်။ သို့သော် သူ ဘာမှမလုပ်ပေ။ သူ လက်ကိုယမ်းရုံသာ ယမ်းပြပြီး သူ့ လူကို  ထွက်သွားခိုင်းလိုက်သည်။

“သွားကြည့်လိုက်ဦး” သူသည် တိုးညင်းစွာရေရွတ်လိုက်ပြီးနောက် လေ ထဲမှ လှိုင်းထနေသော စွမ်းအားသည် ပျောက်ကွယ်သွားလေသည်။

စစ်သူကြီးအိမ်တော်အပြင်တွင် ဒိလျူသည် ရှီမာယူယူကို မြင်လိုက်ရ သည်။ သူသည် သူ့လူများကို ဦးဆောင်လာကာ ဦးညွှတ်နှုတ်ဆက်ပြီး သူမကို ရယ်ပြလေသည် “မင်းသမီး ရောက်လာပြီလား အကုန်လုံးက မင်းသမီးကို တွေ့ ချင်နေကြတာ”

ယန်ချန်းမြို့မှ အဖြစ်အပျက်များသည် ပျံ့နေသည်မှာ ကြာပြီဖြစ်သည်။ ယခုအချိန်တွင် စစ်သူကြီးအိမ်တော်မှလူများသည် သူမကို တွေ့ချင်နေကြ သည်။ သူမ ရောက်လာသည်ကို  သူတို့ကြားသောအခါ အားလုံး ဘဝင်ကျနေ ကြသည်။

“ဒိလျူ မင်းတို့တွေ ပြန်လာတာမြန်လိုက်တာ” တစ္ဆေဘုရင် တစ်ယောက် သာ ပြန်လာသည်မှာ မြန်ဆန်လွန်းသည်ဟု ရှီမာယူယူ ထင်ထားသည်။

“အပြင်မှာ ဘာလို့ရပ်နေကြတာလဲ.. အထဲကိုမဝင်ကြဘူးလား” ဒိကျဲ့ သည် ဒိလျူကို ကန်လိုက်ရာ သူ ချက်ချင်းပင်ရှောင်လိုက်သည်။ သူတို့နှစ် ယောက်သည် ဤကဲ့သို့ဖြစ်နေကျဖြစ်ရာ အသားကျနေပြီဖြစ်သည်။

ရှီမာယူယူသည် ထိုအရာကိုမြင်သောအခါ ရယ်မောလိုက်သည်။ ဒိကျဲ့ သည် အရင်က ဆိုးခဲ့သည်။ သို့သော် ယခုအချိန်တွင် သူ့တွင် အဖွဲ့ရှိနေပြီဖြစ် သည်။

“သွားမယ် စစ်သူကြီးအိမ်တော်ကိုလိုက်ပြမယ်.. ဒီနေရာရဲ့ တစ်နေရာ တိုင်းကို သေချာပေါက် သဘောကျမှာပဲ” ဒိကျဲ့သည် ဘဝင်မြင့်စွာ ပြုံးလိုက် သည်။

ရှီမာယူယူသည် သူ့နောက်လိုက်ဝင်လိုက်သည်။ သို့သော် သူတို့ လှည့်ပတ်မကြည့်ခင်မှာပင် လူတစ်ယောက်သည် သူတို့ကို လာနှောင့်ယှက် လေသည်။

“ရှက်စရာကောင်းလိုက်တာ မင်းဘာလုပ်ခဲ့လဲ ကြည့်ဦး” အကြီးအကဲ တစ်ယောက်သည် အပြင်မှဝင်လာသည်။ ဒိကျဲ့သည် ထိုအသံကိုကြားသော အခါ နဂိုက ဝမ်းပန်းတသာဖြစ်နေသော မျက်နှာသည် တည်တံ့သွားတော့ သည်။

All Chapters