← Chapters

အခန်း (၄၃-၄၅)

Vol. 3 Ch. 43-45

အခန်း (၄၃-၄၅)

Vol. 3 Ch. 43-45

အခန်း(၄၃) ဝမ်ကလန်

ရွှယ်အန်း၏ ခန္ဓာကိုယ်မှ တိုးညှင်းသော အသံတစ်ခု ထွက်လာသည်။ ရွှယ်အန်းသည် နောက်ဆုံးတွင် တာအိုကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ ပထမဆုံးသော ခြေလှမ်းကိုလှမ်းနိုင်ခဲ့ပြီဖြစ်သဖြင့်၊ သူ၏အရွတ်များနှင့် အရိုးများကြားမှ နက်ရှိုင်းစွာ ထွက်ပေါ်လာသော အသံတစ်ခုဖြစ်သည်။ သူသည် အကြီးတန်းအင်မော်တယ်အရှင်ဖြစ်ရန် များစွာလိုသေးသော်လည်း နောက်ဆုံးတွင် ထိုခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

စစ်မှန်သောသူ၏ ဟု‌ခေါ်ထိုက်သည်သူ သာမန်လူတို့်၏စွမ်းပကားကို ကျော်လွန်၍ စွ၎်းဆောင်သော၊ စွမ်းရည်များကို ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လည်ပတ်စေနိုင်သည့် ကျင့်ကြံသူပင်ဖြစ်သည်။ ရှောင်ယောင်းအဆင့်တွင် လူတစ်ဦး၏ ခန္ဓာကိုယ်သည် လှုပ်ရှားမှုတိုင်းတွင်၊ ကြီးမားသောစွမ်းအင်ကို ပိုင်ထားရရှိထားမည်ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ရှောင်ယောင်းအဆင့်သို့ရောက်သည်နှင့်၊ လူတစ်ဦး၏ သက်တမ်းသည် နှစ်ပေါ်ငးတစ်ရာ့ငါးဆယ်အထိ ရောက်ရှိနိုင်ခြင်းပင်ဖြစ်သည်။

ဤသည်မှာ ကြီးမား၊ ပြင်းထန်သော စွမ်းအင်ပမာဏတစ်ခုပင်ဖြစ်သဖြင့် လောကီပညာရပ်ကို လေ့လာနေသူများက ၎င်းကို ရှောင်ယောင်းဟု ခေါ်ကြသည်။

သို့သော် ရွှယ်အန်းသည် ဤအရာနှင့် ဝေးကွာနေသေးကြောင်း သိသည်။ ကျင့်ကြံရေးနယ်ပယ်များကို စစ်မှန်ဆရာသခင်, ရှောင်ယောင်းအဆင့် , ကောင်းကင်လူသားအဆင့် , လွတ်မြောက်အင်မော်တယ်, အင်မော်တယ်အဆင့် , ရွှေအင်မော်တယ်အဆင့် l, စစ်မှန်အင်မော်တယ်, အင်မော်တယ်သခင် , အင်မော်တယ်ဘုရင် , အင်မော်တယ်အင်ပါယာအဆင့် , နတ်ဘုရားအဆင့်,တို့နှင့် နောက်ဆုံးတွင် သူတော်စင်အဆင့် ဟူ၍ပိုင်းခြားထားသည်။

သူသည် ယခုအချိန်တွင် ပထမဆုံးခြေတစ်လှမ်းကိုသာ လှမ်းနိုင်ခဲ့သည်။ သို့သော် ယခုအခါတွင် တည်ငြိမ်သည့် ဆုန်ရိသည်ပင်၊ မနာလိုမှုနှင့် ထိတ်လန့်မှုကို ပြည့်နှက်လျက်၊ ငေးကြည့်နေသည်။

ရှောင်ယောင်းနယ်ပယ်ကို ဤမျှ မြန်မြန်ဆန်ဆန်ဖြတ်ကျော်နိုင်ခဲ့သူတစ်ဦးကို သူ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ အထူးသဖြင့် ဤလူသည် အသက် နှစ်ဆယ်ကျော်မျှသာရှိသေးသည်ဟု ယူဆရသဖြင့် ဤသတင်းသည် မရေမတွက်နိုင်အောင် များပြားသောလူများကို ထိတ်လန့်တုန်လှုပ်စေသည်။

“ရှောင်ယောင်းအဆင့်ကိုရောက်တယ်ဆိုတာ အင်မော်တယ်တစ်ယောက်ဖြစ်လာသလိုပဲ” ဆုန်ရိက ညည်းညူလိုက်သည်။

ရွှယ်အန်းမတ်တပ်ရပ်လိုက်သည်နှင့်၊ ကမ္ဘာကြီးသည် သူ့လက်ချောင်းထိပ်များတွင်ရှိနေသကဲ့သို့၊ သူ၏ ခွန်အားသည် ဆယ်ဆထပ်မက ပိုမိုကြီးမားလာသည်သာမက၊ ဝိဉာဥ်စွမ်းအင်များလည် ပြန်လည်ပြည့်တင်းလာသည်ကို ခံစားလိုက်ရသည်။ သို့သော် ရွှယ်အန်း၏နှလုံးသားသည် ကျောက်တုံးကြီးတစ်တုံးနှယ်တည်ငြိမ်လျက်၊ မျက်စိတစ်မှိတ်အတွင်း၌ပင်၊ ထိုသို့သော ထင်ယောင်ထင်မှား ဖြစ်မှုများကို ဖယ်ရှားပစ်လိုက်သည်။

ဤကန်၏ ဘေးတွင် မူလအနှစ်သာရဆေး ကို ဖော်စပ်ရန်အတွက် ပြီးပြည့်စုံသော ဆေးဖက်ဝင်အပင်များစွာကိုလည်း စုဆောင်းထားသည်။ ယခုရွှယ်အန်းသည် ရှောင်ယောင်းနယ်ပယ်သို့ ဖြတ်သွားပြီးနောက်၊ သူ၏ ဆေးဖော်စပ်နှုန်းသည်လည်း အလွန်တိုးတက်လာသည်။

မျက်စိတစ်မှိတ်အတွင်းတွင် အဖိုးတန်ဆေးဖက်ဝင်အပင်များကို အရည်အဖြစ်‌ပြောင်းလဲသန့်စင်၍ ဆေးစတင်ဖော်စပ်ခဲ့သည်။ ရွှယ်လန်သည် ဘေးမှကြည့်၍ သူမ၏ မျက်လုံးများထဲတွင် အံ့သြမှုများပြည့်နှက်လျက်၊ သူမ၏ လောကအမြင်တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သည့်နှယ်ခံစားလိုက်ရသည်။

၎င်းသည် ဆုန်ရိကို ပို၍ ခံစားရစေသည်။ အကယ်၍ ရွှယ်အန်း၏ အဆင့်ကျော်ဖြတ်ခြင်းသည် သူပထမဆုံး ခံစားခဲ့ရသည့် ထိတ်လန့်အံ့သြမှုဖြစ်ခဲ့လျှင်၊ ဤဆေးလုံးဖော်စပ်ခြင်းသည် ဆုန်ရိကို ဒူးထောက်လိုစိတ်ဖြစ်ပေါ်စေလိမ့်မည်ဖြစ်သည်။ ကျော်ကြားသော ဂိုဏ်းကြီးများသည် ဆေးလုံးများ မည်သို့ ဖော်စပ်ရမည်ကိုသိကြသော်လည်း အစာရှောင်ခြင်း၊ ရေချိုးသန့်စင်ခြင်းနှင့် ရှုပ်ထွေးသော ပြင်ဆင်မှုများ ပြုလုပ်ရန်မလိုသည့် ဆေးဖော်စပ်မှုမျိုးမရှိပေ။

သို့ထိတိုင်၊ ကျရှုံးနိုင်ခြေမြင့်မား၏။

ထို့ကြောင့် ၎င်းတို့သည် အလွန်စျေးကြီးလှသဖြင့် ယနေ့ခေတ်တွင် ဂိုဏ်းကြီးအချို့မှ တပည့်များမှတပါး မည်သူမျှ ဆေးလုံးဝယ်ယူရန် မတတ်နိုင်ကြပေ။ ထို့အပြင်၊ ဆေးဖော်စပ်နည်းပညာများကို လျှို့ဝှက်ထားကြသည်။

သို့သော် မစ္စတာရွှယ်ကို ကြည့်လျှင်၊ သူ၏ လှုပ်ရှားမှုများသည် ရေထဲတွင် စီးဆင်းနေသော တိမ်များကဲ့သို့ ချက်ချင်းနီးပါးအောင်မြင်ခဲ့သည်။ ထို့နောက် ရွှယ်အန်း၏ လက်ထဲတွင် သင်းပျံ့နေသော ဆေးတစ်ဒါဇင်ခန့် ပေါ်လာ၏။

မူလအနှစ်သာရဆေးကို အောင်မြင်စွာဖြင့် ငါးမိနစ်အတွင်း သန့်စင်ဖော်စပ်နိုင်ခဲ့သည်။ ဤအောင်မြင်မှုနှုန်းနှင့်၊ စွမ်းရည်သည် ဆုန်ရိကို အလွန်အမင်းအံ့အားသင့်စေ၏။

ထိုအခိုက်အတန့်တွင် ရွှယ်ရှန်းသည် သွားရည်များ ယိုစီးကျလျက်၊ မျက်လုံးများ တောက်ပစွာဖြင့်မေးလိုက်သည်။

“ဖေ‌ဖေ အဲ့တာ ဘာလဲ၊ အနံ့အရမ်းကောင်းတယ်”

ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံဂ၍ ဆုန်ရိ၏ မျက်လုံးများ ပွင့်ထွက်လုနီးပါးဖြစ်သွားနိုင်သည့် အရာတစ်ခုကို လုပ်လိုက်သည်။

ရွှယ်အန်းသည် သမီးတော်နှစ်ဦးဖြစ်သည့် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့အား မူလအနှစ်သာရဆေးတစ်လုံးစီပေးခဲ့သည်။

“ဘာအရသာရှိလဲ မြည်းကြည့်”

“အမ် အမ်”

ကလေးမလေးနှစ်ယောက်သည် တစ်လုံးစီယူ၍ မြေပဲစားနေသကဲ့သို့ မူလအနှစ်သာရဆေးလုံးများကို မြိုချလိုက်ကြသည်။ ဆုန်ရိသည် မျက်ရည်ကျလုမတက်ဖြစ်သွား၏။ ဤမူလအနှစ်သာရဆေးလုံးများထဲမှ တစ်ခု ထွက်လာလျှင်ပင်၊ နာမည်ကြီးဂိုဏ်းများမှ တပည့်များကို ရူးသွပ်သွားစေနိုင်သည်။

သို့ထိတိုင် ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်ကို အစာပြေစားခိုင်းလိုက်၏။ ထိုအချိန်တွင် ရွှယ်အန်းက နောက်တစ်လုံးကို ရွှယ်လန်ကို ပေးလိုက်သည်။

“မြည်းစမ်းကြည့်”

ရွှယ်လန်သည် အနည်းငယ်ရှက်ရွံ့၍ ငြင်းတော့မည့်ဆဲဆဲတွင် ဆုန်ရိက ခပ်တိုးတိုးပြောလိုက်သည်။

“မိန်းကလေး စားလိုက်ပါ၊ ဒါမင်းရဲ့ ကံကောင်းမှုပဲ”

ရွှယ်လန်သည် ခဏတာမျှ တုံ့ဆိုင်းနေပြီးနောက်၊ ဆေးလုံးကို မြိုချလိုက်ရာ၊ ရုတ်တရက်၊ ရွှယ်လန်၏ ဝမ်းဗိုက်ထဲမှ နာကျင်လာကာ၊ သူမမျက်နှာတစ်ခုလုံး နီမြန်းလျက်၊ အဝေးသို့ပြေးထွက်သွားသည်။

သိပ်မကြာလိုက်ခင်တွင်ပင်၊ သူမသည် ရှက်ရှက်နှင့် ပြန်ရောက်လာ၏။ ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်မှ အညစ်အကြေးများအားလုံးကို ဖယ်ထုတ်ပစ်လိုက်ပြီးဖြစ်ရာ၊ အတွင်းနှင့်အပြင် ကြည်လင်ပြတ်သား၍ အပြစ်အနာအဆာကင်းသော ကျောက်စိမ်းတုံးတစ်တုံးနှင့်တူသည်။ အခြားမဆိုနှင့်၊ ဤဆေးလုံးတစ်လုံးတည်းကပင်၊ မိန်းကလေး၏ အသက်ကို အနှစ်ငါးဆယ်ခန့်သက်တမ်းတိုးစေကာ၊ သူမ၏ နုပျိုမှုကို ထာဝရဆက်လက်ထိန်းသိမ်းထားရန် လုံလောက်၏။ ဆုန်ရိ၏ ငြူစူမှုသည် ပြင်းထန်လွန်းလှသဖြင့် မျက်ရည်ကျလုမတက်ဖြစ်နေသည်။

ရွှယ္အန်းသည် သူ့ကို ဘာသိဘာသာ လှည့်ကြည့်လိုက်သောအခါ၊ ဆုန်ရိက တလေးတစား ဦးညွတ်လိုက်သည်။

“မင်းဘာလို့ သူ့နောက် မလိုက်တာလဲ”

ဆုန်ရိက ခါးသက်စွာပြုံးလိုက်သည်။

“အခု ဟွာရှောင်က သေသွားပြီဆိုတော့ ကျုံးတုကို ပြန်သွားတာက ကျုပ်အတွက် သေချာပေါက် သေလမ်းဖြစ်နေမှာဆိုတော့၊ ကျုပ်လည်း ဒီမှာပဲဆက်နေရတော့မှာပေါ့”

ဆုန်ရိမပြောပြခဲ့သည့်အချက်မှာ သူပထမဆုံး နိုးလာချိန်တွင် ချန်းလုရှီသည် သူ့ကို ခေါ်သွားလိုခဲ့ခြင်းပင်ဖြစ်သည်။ သို့သော် ဆုန်ရိသည် သူ၏ ကံကြမ္မာကို တိတ်ဆဆိတ် တွက်ဆထားပြီးဖြစ်သည်။ သူ၏ ကံကြမ္မာသည် မသေချာသော်လည်း အခွင့်ကောင်းတစ်ခုသည် သူ့ကို စောင့်ဆိုင်းလျက်ရှိသည်။

ဤအခွင့်အရေး မည်မျှကြီးသည်ကို ဆုန်ရိလည်း သေချာမသိပေ။ ရွှယ်အန်းသည် နှုတ်ဆိတ်နေမြဲနေလျက်ရှိ၏။ သူသည် ဤဆုန်ရိကို ကြိုက်သည်လည်းမဟုတ်၊ မကြိုက်သည်လည်းမဟုတ်လှပေ။ ရှင်းလင်းစွာဆိုရလျှင်၊ ဤသူသည် သူ၏ ကျွမ်းကျင်မှုအချို့ကို မှီခိုအားထား၍ လောက၏ မြင့်မြတ်သောမိသားစုများကြားတွင် လှည့်လည်သွားလာနေသည့် ကျင့်ကြံသူသာဖြစ်သည်။

“ဖေဖေတရားထိုင်တာ ဘယ်လောက်ကြာပြီလဲ”

“ဖေဖေ အဲ့မှာထိုင်နေတာ တော်တော်ကြာပြီ” ရွှယ်ရှန်းကပြောသည်။

“သြော သမီးတို့ကောင်မလေးတွေ မပြင်းကြဘူးလား”

“လုံးဝမပျင်းဘူး။ အရင်တုန်းကဆို သမီးနဲ့ ညီမလေးနဲ့ အိမ်မှာ တစ်နေကုန် တစ်ယောက်တည်းနေရတာ” ရွှယ်ရှန်းပြောသည်။

ရွှယ်အန်းသည် သူမရှိခဲ့သည့်အချိန်၌ သူ့သမီးလေးနှစ်ယောက် များစွာခံစားခဲ့ရမည်ကို တွေးကာ၊ ရင်ထဲ အလွန်နာကျင်သွားမိသည်။ ထန်ရွှမ်အာသည် ၎င်းတို့ကို ပြုစုပျိုးထောင်ခဲ့ကြရကာ၊ ငွေရှာရန်အပြင်သို့ ထွက်၍ ကလေးများကို အိမ်တွင်ထားခဲ့ကြရသည်။ ထိုအတွေးဖြင့် ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်ကို ပွေ့ချီလိုက်သည်။

“အဲ့တာဆို ဖေဖေက သမီးတို့ကို တောင်အောက် ခေါ်သွားမယ်”

ထိုစကားကြောင့် ရွှယ်အန်းသည် ခြေထောက်ဖြင့် မြေပြင်ကို ဆောင့်၍၊ ကောင်းကင်သို့ ပျံတက်သွားကာ၊ တစ်ချိန်ထဲတွင်ပင် ဆုန်ရိထံသို့ လှည့်ကြည့်၍ ပြောလိုက်သည်။

“ရွှယ်လန်ကို တောင်ပေါ်က ချပေးလိုက်”

ရွှယ်လန်က မော့ကြည့်လိုက်သောအခါ၊ ရွှယ်အန်းသည် ကောင်းကင်ယံရှိ တိမ်ထုထဲ၌ ပျောက်ကွယ်သွား၏။

“မိန်းကလေး ရွှယ်လန်၊ တောင်အောက်ကို ဆင်းရအောင်”

“အစ်ကိုကြီးအန်းက… အင်မော်တယ်ဖြစ်လာတာလား” ရွှယ်လန်က ခပ်တိုးတိုးပြောလိုက်သည်။

ဆုန်ရိက သက်ပြင်းတိုတစ်ချက်ချကာ၊ ခေါင်းခါလိုက်သည်။

“အတိအကျတော့ မဖြစ်သေးပေမယ့် အဲ့သဘောပါပဲ။ အဲ့အပြင် မစ္စတာရွှယ်က လေးစားလည်း လေးစားထိုက်တယ်။ သူ့အနာဂတ်အောင်မြင်မှုတွေကို တွေးလို့တောင်မရနိုင်ဘူး”

ဆုန်ရိက သူခံစားရသည့်အတိုင်း အမှန်အကန်ပြောလိုက်သည်။ သို့သော် ရွှယ်လန်သည်မူ ခံစားချက်များရောထွေးနေ၏။

ထိုအချိန်တွင် သူမနှလုံးသားထဲမှ ကလေးမလေးတစ်ယောက်၏စိတ်ကူးယဥ်မှုများ ပျောက်ကွယ်သွားသည်။ သူမသိသည်၊ သူမနှင့် သူမအစ်ကို အန်းအကြားရှိ ကွာခြားချက်သည် တိမ်တိုက်များနှင့် ရွှံ့နွံများတမျှကြီးမား၏။ ထိုအချိန်တွင် ရွှယ်အန်းသည် သူ့သမီးလေးနှစ်ယောက်ကို ပွေ့ချီလျက်၊ လေထဲသို့ တိုက်ရိုက်ပျံသန်းသွား၏။

မှန်သည်၊ ရှောင်ယောင်းအဆင့်တွင်ရှိနေသော သူတစ်ဦးသည် ဤမျှထိ ခွန်အားမျိုးရှိမည်မဟုတ်သော်လည်း ရွှယ်အန်းအတွက်မူ၊ ၎င်းကို အားစိုက်ထုတ်ရန်ပင်မလိုအပ်ဘဲ ပြီးဆီးနိုင်၏။

ကောင်မလေးနှစ်ယောက်သည် တောက်ပနေသော လမင်းကြီးနှင့်၊ ကောင်းကင်ယံထက်တွင် ပျံ့ကျဲနေသည့် ကြယ်ကလေးများကို စိတ်အားထက်သန်စွာ ငေးကြည့်နေကြသည်။

“ဖေဖေ လက အရမ်းကြီးတယ်”

“ဟုတ်တယ်၊ တစ်ဝက်စားပြီးထားတဲ့ လမုန့်နဲ့တူတယ်” ရွှယ်နျန်သည် အမြဲတစေ အစားအသောက်အကြောင်းသာတွေးနေ၏။

ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။

“သမီးတို့ မျက်လုံးတွေ မှိတ်ထား၊ ဖေဖေက နောက်ထပ် မျက်လှည့်တစ်ခု ပြမယ်”

“အင်း အင်း”

ကောင်မလေးနှစ်ယောက်သည် စကားနားထောင်၍ မျက်လုံးမှိတ်ထားလိုက်ကြသည်။ ရွှယ်အန်း၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာကာ၊ သူ့ခြေဖဝါးအောက်တွင် ကြီးမားသော အလင်းစိုင်တစ်ခုပေါ်လာ၏။ ဖန်သားပြင်တစ်ခုကဲ့သို့ အလင်းစိုင်တစ်ခုသည် လေထဲတွင် မျောလွင့်လျက်၊ ရွှယ်အန်းက သမီးနှစ်ယောက်ကို ၎င်းပေါ်တွင် တင်ထားလိုက်သည်။

“ပြီးပြီ”

က‌လေးမလေးများ မျက်လုံးဖွင့်လိုက်သောအခါ၊ အလွန်လှပသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ဖန်သားပြင်ထက်သို့ ကြယ်ရောင်၊ လရောင်များ ရောင်ပြန်ဟပ်လျက်ရှိရာ၊ ကောင်းကင်နှစ်စင်းရှိနေသကဲ့သို့ ထင်ရ၏။ ရွှယ်ရှန်းသည် သတိကြီးကြီးနှင့်၊ ခြေတစ်လှမ်းလှမ်းကာ၊ ၎င်းသည် မြေပြင်ကဲ့သို့ အလွန်ခိုင်မာတည်ငြိမ်နေကြောင်း သိလိုက်ရသည်။ ထို့နောက်၊ သူမသည် စိတ်လှုပ်ရှားစွာဖြင့် ထိုဖန်သားပြင်ထက်၌ လျှောက်ပြေးနေ၏။

ရွှယ်အန်းက သူ့သမီးနှစ်ယောက်ကို ပြုံး၍ကြည့်လိုက်သည်။

သူ၏ ခြေဖဝါးအောက်မှ အလင်းရောင်များသည် လူ့ကမ္ဘာ၏ မီးရှုးမီးပန်းများနှယ်ရှိနေ၏။

အခန်း(၄၄) အာဃာတပြေလျော့စေဖို့ ဓားကိုဆွဲပြီး မင်းရန်သူကို ချေမှုန်းပစ်

ညဥ့်နက်ပိုင်း ချင်းမန်မြို့၏ လမ်းများတွင် လူနေကျဲပါး၍ စျေးဆိုင်များစွာသည် မီးများပိတ်နေပြီဖြစ်သော်လည်း ယွဲ့လိုင်ဟိုတယ်သည် မီးများတောက်ပစွာထွန်းလင်းထားဆဲဖြစ်သည်။ ကျဲ့ဝမ်တုန်သည် ကုလားထိုင်တစ်လုံးတွင် ထိုင်လျက်၊ သားဖြစ်သူ ကျဲ့ဟူ၏ အလောင်းကို ရှေ့တွင် ချထားသည်။

“ဒါဘယ်သူလုပ်တာလဲ” ကျဲ့ဝမ်တုန်၏ မျက်လုံးများသည် သွေးများ ရဲရဲနီလျက်၊ မျက်နှာထက်တွင် စူးရဲသော သတ်ဖြတ်စိတ်များ ထင်ဟပ်နေ၏။

“သခင်ကြီးကို သတင်းပို့ပါတယ်၊ အဲ့တာက ရွှယ်အန်းလို့ ခေါ်တဲ့လူတစ်ယောက်ပဲ” ဧည့်ခန်းမန်နေဂျာက ကမန်းကတန်းပြောသည်။

“ရွှယ်အန်းလား” ကျဲ့ဝမ်တုန်က မျက်မှောင်ကြုတ်၍ သူ့ဘေးတွင် ဒူးထောက်နေသော ရွှယ်လန်၏ မိဘများကို ကြည့်လိုက်သည်။

“ရွှယ်ကော်၊ မင်းတို့ ရွှယ်မိသားစုရဲ့ သတ္တိက တစ်ခုခုတော့ တစ်ခုခုပဲ” ကျဲ့ဝမ်တုန်က အေးစက်စွာပြောသည်။

ရွှယ်ကော်မှ ပြန်မပြောနိုင်ခင်၊ ရွှယ်လန်၏ မိခင်ဖြစ်သူ လီဟုန့်ယန်က မျက်ရည်များကျလာလျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ကျဲ့သခင်ကြီး၊ ကျေးဇူးပြုပြီး ကျွန်မတို့ကို အသက်ချမ်းသာပေးပါ၊ ရွှယ်အန်းဘယ်ရောက်သွားလဲ ကျွန်မတကယ်မသိပါဘူး။ ကျွန်မတို့ သမီးကို ဒီလူယုတ်မာက ပြန်ပေးဆွဲသွားတာမို့၊ ကျွန်မတို့ကို ဖမ်းထားလည်း အသုံးမဝင်ပါဘူး”

ကျဲ့ဝမ်တုန်၏ မျက်နှာသည် အာဃာတတရားများဖြင့် ပြည့်နှက်နေ၏။

“မင်းတို့အားလုံးဘာမှ မသိကြဘူးလို့ ငါက ယုံပေးရမှာလား။ ရွှယ်အန်းက မင်းတို့တူလေ”

ထိုအချိန်တွင် ရွှယ်ကော် တိတ်ဆိတ်နေသည်ကို သည်းမခံနိုင်တော့ဘဲ၊ လီဟုန်ယန်က ရွှယ်ကော်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“ရှင့်အပြစ်ပဲ၊ ရွှယ်ဆိုတဲ့ နာမည်နဲ့ ဘယ်သူမှမကောင်းဘူး။ ဒီရွှယ်အန်းက ပြန်လာတာနဲ့ ကျွန်မတို့ကို ဒုက္ခတွင်းထဲပစ်ချတော့တာပဲ၊ ဒါတောင် ရှင်က သူ့ကို ကာကွယ်နေတုန်းပဲ”

“ဒီဟာနဲ့တင်လုံလောက်တယ်။ မင်းတို့ ဂရုမစိုက်တာ သေချာပြီဆိုတော့၊ ငါ့သားရဲ့သေဆုံးမှုအတွက် အရင်လုပ်ရမယ်။ ရွှယ်အန်းက ချင်းမန်မြို့ကနေ မလွတ်မြောက်နိုင်ဘူး”

ကျဲ့ဝမ်တုန်သည် အမှန်တကယ်ပင် သတ်ရန် ရည်ရွယ်ထား၏။ ကျဲ့ဟူသည် သူ၏ တစ်ဦးတည်းသော သားဖြစ်သော်လည်း သူအမြဲအထင်သေးခဲ့သော ရွှယ်မိသားစု၏ တစ်စုံတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ထို့ကြောင့် ကျဲ့ဝမ်တုန်က ဤသည်ကို လက်မခံနိုင်သည်မှာ သဘာဝကျသည်။ ချင်းမန်မြို့၏ ကြီးမားသော ပုဂ္ဂိုလ်တစ်ဦးအနေဖြင့်၊ အနီးနား မိုင်တစ်ရာပတ်လည်အတွင်းသို့ သတင်းလွှင့်ထားလိုက်သည်။

“ရွှယ်အန်းကို ဖမ်းမိတဲ့သူတိုင်းကို ယွမ်တစ်သိန်းချီးမြှင့်ပေးမယ်”

ကျဲ့ဝမ်တုန်သည် ရွှယ်အန်းမှ အဝေးသို့မသွားသေးကြောင်း သေချာသည်။ သူ့ကို ဖမ်းပြီးသည်နှင့် ကျဲ့ဝမ်တုန်သည် သူ့သားအလောင်း၏ ရှေ့တွင် ရွှယ်အန်း၏နှလုံးသားကို ဖောက်ထုတ်၍ လက်စားချေရန် ရည်ရွယ်ထားသည်။

ဤသည်ကို တွေးကာ၊ ကျဲ့ဝမ်တုန်၏ မျက်လုံးထဲတွင် ရူးနှမ်းသော လူသတ်ချင်သည့်အရောင်အဝါများ ထင်ဟပ်လာသည်။ ထိုအချိန်တွင် အပြင်ဘက်မှ လူနှစ်ယောက်ဝင်လာ၏။

တစ်ယောက်သည် အသက်ကြီးကြီး အဘိုးကြီးတစ်ယောက်ဖြစ်၍ တစ်ယောက်သည် ဟိုတယ်သို့ဝင်လာ၏။

ဆုန်ရိနှင့် ရွှယ်လန်တို့ပင်ဖြစ်သည်။

၎င်းတို့ ပေါ်လာမှုသည် ဧည့်ခန်းထဲရှိ လေထုကို ပြောင်းလဲသွားစေသည်။

ရွှယ်ကော်နှင့် လီဟုန့်ယန်တို့သည် သူတို့၏ သမီးကို ချက်ချင်းတွေ့လိုက်ရ၏။

ရွှယ်ကော်က စိုးရိမ်တစ်ကြီးဖြင့် အော်လိုက်၏။

“လန်အာ ပြေးတော့”

သို့သော် သူ့စကားမဆုံးခင်၌ပင် လူယုံတော်တစ်ယောက်သည် ရှေ့သို့ လှမ်းလာ၍ ရွှယ်ကော်ကိုပါးနှစ်ချက်ရိုက်ကာ၊ ဟိုတယ်တံခါးကို ပိတ်လိုက်သည်။ ဆုန်ရိသည် အစပိုင်းတွင် အံ့အားသင့်နေသော်လည်း နောက်ပိုင်းတွင် တည်ငြိမ်သွား၏။

“ဒီလူကြီးမင်းက ဘယ်သူလဲဆိုတာ မေးလို့ရမလား။ ငါတို့လမ်းကိုဘာလို့တားတာလဲ။ မစ္စလန်ရဲ့ မိဘတွေကို ဘာလို့ ဖမ်းထားတာလဲ”

ကျဲ့ဝမ်တုန်သည် ဆုန်ရိကို စိုက်ကြည့်၍ ရယ်မောလိုက်သည်။

“လူသတ်မှုဆိုတာ ပြန်ပေးဆပ်ရတယ်ကွ၊ အကြွေးဆိုတာလည်းပြန်ဆပ်ရတယ်။ မင်းရဲ့လူတွေက ငါ့သားကို သတ်ပစ်လိုက်တယ်ဆိုတော့၊ ငါက တရားမျှတမှုကို ရှာပေးရမှာ သဘာဝပဲလေ။ အားလုံးပဲ၊ သူတို့ကို ကြိုးတုပ်လိုက်ကြ”

လက်အောက်ငယ်သားအများအပြားသည် ရှေ့သို့ခြေတစ်လှမ်းတိုး၍ စတင်လှုပ်ရှားကြသည်။

ဖုန်းရွှေဆရာကြီးတစ်ပါးအဖြစ်ကျော်ကြားသော ဆုန့်ရီသည် တစ်ကြိမ်တစ်ခါမျှ ဤကဲ့သို့ ဆက်ဆံခြင်းမခံခဲ့ရသဖြင့်၊ တင်းမာစွာဖြင့် ပြောလိုက်သည်။

“မိတ်ဆွေ၊ ကောင်းကောင်းတွေးတာကောင်းလိမ့်မယ်။ လူတွေ လက်လွတ်စပယ်ဖမ်းလို့မရဘူးကွ၊ မင်းအကျိုးဆက်တွေကို ခံနိုင်မှာမဟုတ်ဘူး”

ကျဲ့ဝမ်တုန်က လှောင်ရယ်လိုက်သည်။

“ချင်းမန်မြို့မှာ ငါ့မခံနိုင်တဲ့အရာတစ်ခုမှမရှိဘူး”

ဆုန်ရိသည် ကျင့်ကြံသူဖြစ်သော်လည်း ဖုန်းရွှေလျှို့ဝှက်သိုင်းတွင် အထူးကျွမ်းကျင်၍ တိုက်ခိုက်ရေးအရည်အချင်းသည်မူ၊ သာမန်မျှသာရှိသည်။ ထို့ကြောင့် အချိန် ခပ်များများမကြာလိုက်ခင်တွင်၊ မြေပြင်ပေါ်သို့ အမှောက်သိပ်ခံလိုက်ရ၏။

ထို့နောက်၊ လူအချို့သည် လှောင်ပြောင်၍ ရွှယ်လန်ထံသို့ ချဥ်းကပ်သွားကြသည်။

ထိုအခိုက်အတန့်တွင် ဆုန်ရိက ထအော်လိုက်သည်။

“မင်းတို့ကို ငါသတိပေးနေတယ်နော်၊ မသေချင်သေးရင် မိန်းကလေးကို မထိကြတာကောင်းလိမ့်မယ်”

“ဘာကိုဆိုလိုတာလဲ”

“သူ့နောက်ကလူကို မင်းတို့ တွေးတောင်တွေးနိုင်မှာမဟုတ်ဘူး”

ဆုန်ရိ၏ စကားများသည် ကိုယ်ရံတော်များကို တုံ့ဆိုင်းသွားစေနိုင်ခဲ့သော်လည်း ကျဲ့ဝမ်တုန်သည် ဂရုစိုက်ခြင်းအလျင်းမရှိပေ။

“ဘာလို့ ဒီမှာ ပွဲလာလုပ်နေတာလဲ။ ငါမေးပြီးပြီ၊ ဒီအောက်တန်းစားမက စာရွက်အလွတ်တစ်ရွက်လိုပဲကွ၊ ရွှယ်အန်းကိုပဲသိတာလေ။ သူဘယ်သူ့ကို သိသေးလို့လဲ”

“ကျုပ်က မစ္စတာရွှယ်အကြောင်းပြောနေတာပါ။ သူ့အစွမ်းသတ္တိက မင်းထင်ထားတာထက် အများကြီး ကျော်သွားပြီ” ဆုန်ရိက လေးနက်စွာပြောသည်။

ဤစကားကိုကြားသောအခါ၊ ကျဲ့ဝမ်တုန်နှင့် သူ့အဖွဲ့သားများလည်း အားရပါးရရယ်မောလိုက်ကြသည်။

“ရွှယ်အန်းဟုတ်လား။ သူက ကြောက်စရာကောင်းတယ်ဟုလား။ တကယ့်ဟာသပဲ။ သူ့မိဘတွေနဲ့ သူတို့ရဲ့ ဘိုးဘေးတွေက အရှုံးသမားတွေကလွဲလို့ ဘာမှမဟုတ်ဘူး။ ငါတို့ ထင်နိုင်တာထက် ကျော်သွားပြီဆိုတာ လုံးဝရယ်ရတယ်ကွ ဟားဟား”

“ဟုတ်လား၊ တကယ်ရယ်ရလား” တိုးတိတ်သောအသံနှင့်အတူလူတစ်ဦး ဖြည်းညှင်းစွာဝင်လာ၏။

ရယ်သံများ ရုတ်တရက် ရပ်သွားသည်။

လမ်းလျှောက်ဝင်လာသော ယောက်ျားသည် အရပ်ရှည်ကာ၊ တောင့်ဖြောင့်၍ ချောမော ခန့်ညားသည်။ သူ့နောက်တွင် ပုံစံတူသော ကလေးမလေးနှစ်ယောက်ရှိသည်။

ရွှယ်အန်းမဟုတ်လျှင် မည်သူဖြစ်လိမ့်မည်နည်း။

ကျဲ့ဝမ်တုန်သည် ဖြည်းညှင်းစွာ မတ်တပ်ရပ်၍ ရယ်မောလျက်၊ စူးစူးဝါးဝါးကြည့်နေသည်။

“တကယ်ပဲ မင်းက ကိုယ့်သေတွင်းကိုယ်လာဖို့ သတ္တိတွေရှိနေတယ်ပေါ့”

ရွှယ်လန်က စိုးရိမ်တကြီးဖြင့် ခေါ်လိုက်သည်။

“ကိုကို”

ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်ကာ၊ အစစအရာရာအဆင်ပြေ‌ကြောင်း အချက်ပြ၍ ကျဲ့ဝမ်တုန်ကို ကြည့်လိုက်သည်။ ခေတ္တခဏရပ်နေပြီးနောက်မှ စကားစလိုက်သည်။

“နှစ်တွေ အများကြီးကြာခဲ့ပြီ၊ ခင်ဗျားအခုထိ အသက်ရှင်နေသေးတာလား”

“မင်းဘာကို ဆိုလိုတာလဲ”

ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။

“ကျုပ်ဆိုလိုတာက၊ ခင်ဗျားအသက်ရှင်နေသေးတာ အံ့သြစရာပဲ”

ရွှယ်အန်းသည် သူငယ်စဥ်ကလေးဘဝက၊ ဤလူကြီးမှ သူ့မိဘများကို အနိုင်ကျင့်စော်ကားခဲ့ဖူးသည်ကို ကောင်းစွာမှတ်မိနေသေးသည်။ နှစ်များစွာကြာပြီးနောက်၊ ထိုသူသေဆုံးသွားနှင့်ပြီဟု သူထင်ခဲ့သော်လည်း ယခုအချိန်အထိပင် အလွန်ကြံ့ခိုင်နေသေး၏။

မှန်သည်။ မိမိ၏ ရန်သူကို မိမိကိုယ်တိုင်ကိုယ်ကျ လက်စားချေခွင့်ရခြင်းထက်၊ ပို၍ ကျေနပ်စရာကောင်းသောအရာမရှိပေ။ သူ့စိတ်ထဲမှ နက်ရှိုင်းသော အာဃာတကို ဖျောက်ဖျက်ရန် သူသည် သူ၏ဓားကို ဆွဲထုတ်၍ ကိုယ်တိုင်ကိုယ်ကျ သတ်ပစ်ရန် လိုအပ်ပေလိမ့်မည်ဖြစ်သည်။ သူတော်စင်အဖြစ် သက်သေပြနေခဲ့စဥ် သူ့စိတ်ထဲမှ နှလုံးသားနတ်ဆိုးသည် ဓားဖြင့် တစ်ချက်တည်းခုတ်ဖြတ်၍ အပြီးသတ်ပစ်ရန် တောင်းဆိုနေ၏။

ရွှယ်အန်းသည် မိမိကို မျက်နှာချိုသွေးရန် ကြိုးစားနေသည်ဟု ထင်မိသောကြောင့်၊ ကျဲ့ဝမ်တုန်က ပို၍ လှောင်ပြောင်လိုက်သည်။

“အသုံးမဝင်ဘူး။ မင်းဒီနေ့ သေကို သေရမယ်”

ဤအခိုက်အတန့်တွင် လီဟုန့်ယန်သည် သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ၊ ရွှယ်အန်းကို ကျိန်ဆဲလိုက်သည်။

“မင်း ပြဿနာကောင်၊ ငါတို့ကို မင်းရဲ့အရှုပ်တော်ပုံထဲကို ဆွဲထည့်နေတာပဲ၊ ငါအမြဲပြောခဲ့တယ် မင်း အပြင်မှာ သေသွားတာ ပိုကောင်းတယ်။ မင်း ဘယ်တော့မှပြန်မလာခဲ့သင့်ဘူး။ မင်း…”

စကားမဆုံးခင်တွင် လီဟုန့်ယန်၏ စကားလုံးများ ရပ်တန့်သွားရသည်။ ရွှယ်အန်းသည် သူမကို စူးရဲစွာ စိုက်ကြည့်နေ၏။ လီဟုန့်ယန်သည် လူတစ်ဦး၏ မျက်လုံးများထဲတွင် ဤမျှ ခြောက်ခြားဖွယ်ကောင်းသော အကြည့်မျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ ၎င်းသည် သူမ၏ ဝိဉာဥ်ကို ချုပ်နှောင်လိုက်သကဲ့သို့ ဆွံ့အသွားရသည်။

“မင်း ရွှယ်အန်း၊ မင်းက ငါ့သားကို သတ်လိုက်တယ်ပေါ့။ အခု ငါမင်းကို သတ်မယ်။ တရားတယ်မလား” ကျဲ့ဝမ်တုန်က ပြောသည်။

ရွှယ်အန်းက‌ ခေါင်းညိတ်လိုက်သည်။

“သိပ်တရားတာပေါ့”

“ဒါဆိုကောင်းပြီ၊ မင်း ငရဲဆင်းရတော့မှ ငါ့အဆိုးမဆိုနဲ့” ထိုသို့ပြောကာ၊ ကျဲ့ဝမ်တုန်သည် ရွှယ်အန်းကို သေနတ်ဖြင့် ချိန်ရွှယ်လိုက်သည်။

သေနတ် ပေါ်ထွက်လာမှုသည် လူများစွာကို ဖြူဖျော့သွားစေသည်။

ရွှယ်အန်း၏ နှုတ်ခမ်းများသည် ကွေးညွတ်သွားလျက်၊ လှောင်ပြုံးတစ်ခုပေါ်လာသည်။

“သေစမ်း” ကျဲ့ဝမ်တုန်သည် သေနတ်ခလုတ်ကို ဆွဲတော့မည်ဖြစ်သည်။

ထိုစဥ် ရုတ်တရက်၊ အပြင်ဘက်သည် နေ့အလင်းရောင်ကဲ့သို့ တောက်ပလျက်၊ ကားရှေ့မီးများ လင်းထိန်လာကာ အထက်တန်းမြင့်စွာဝတ်စားဆင်ယင်ထားသော မိန်းမပျိုတစ်ဦးဝင်လာသည်။

သူမကို မြင်သောအခါ၊ ယခင်က အလွန်ခက်ထန်နေခဲ့သော ကျဲ့ဝမ်တုန်သည် ရုတ်တရက်အေးခဲရပ်တန့်သွားသည်။

“ချင်း… မမလေးချင်းလား”

အခန်း(၄၅) ခင်ဗျားကို ဒီတိုင်းအလွတ်ပေးမယ်လို့ ဘယ်သူပြောလဲ

ရောက်ရှိလာသူကား ချင်းယွီပင်ဖြစ်၏။ ကျဲ့ဝမ်တုန်၏ အော်သံကို ကြားသောအခါ၊ ချင်းယွီသည် သူ့ကို လှည့်ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။

“မမလေး ဒီမှာဘာလုပ်နေတာလဲ”

ကျဲ့ဝမ်တုန်၏ နဂိုက မောက်မာခက်ထန်သော အမူအရာသည်၊ မှေးမှိန်ပျောက်ကွယ်သွား၍ မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် ကျိုးနွံသော အပြုံးမျိုးဖြင့်၊ ပြောလိုက်သည်။

“မမလေးချင်း၊ ဒီလောက်နောက်ကျနေမှ ချင်းမန်ကို ဘာလို့များလာခဲ့ရတာလဲ။ ကျုပ်ကို လာကြိုဖို့ ဘာလို့ ကြိုမပြောခဲ့တာလဲ”

ချင်းယွီက အေးစက်စွာပြောလိုက်သည်။

“မလိုပါဘူး။ ကျွန်မ၊ မစ္စတာရွှယ်ကို ပြန်ခေါ်ဖို့ ရောက်လာတာပါ”

မစ္စတာရွှယ်…။

ယခုရှိနေသော သူများအနက်၊ မစ္စတာရွှယ်ဖြစ်နိုင်သည့် တစ်ဦးတည်းသော သူမှာ ရွှယ်အန်းသာဖြစ်သည်။ ကျဲ့ဝမ်တုန်၏ မျက်ခွံများသည် စတင်၍ ရူးနှမ်းစွာ လှုပ်ယမ်းလာပြီးနောက်၊ သူ့နှလုံးသားကို ခုန်ထွက်သွားစေနိုင်သည့် ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ချင်းယွီသည် ရွှယ်အန်း၏အနီးနားသို့လျှောက်သွား၍ လေးစားစွာပြောလိုက်သည်။

“မစ္စတာရွှယ်၊ ပေကျန်းမှာ ပြဿနာရှိနေလို့ ရှင်ပြန်လာမှဖြစ်တော့မယ်”

လူများစွာသည် အသက်ကို ခပ်ပြင်းပြင်းရှုသွင်းလိုက်ကြသည်။ ဤအမျိုးသမီးငယ်၏ အသွင်အပြင်သည် သာမန်မဟုတ်ကြောင်း လူတိုင်း ရှင်းလင်းစွာသိကြသည်။ မာနကြီး၍ မာန်တက်နေသော ကျဲ့ဝမ်တုန်ပင်လျှင် သူမကို လေးစားမှုပြနေရရာ၊ သူမ၏ ကျောထောက်နောက်ခံ မည်မျှ ကျယ်ဝန်းလိမ့်မည်ဖြစ်ကြောင်း ထင်ရှား၏။ သို့သော် ထိုကဲ့သို့သော သူသည် ရွှယ်အန်းကို တလေးတစားဆက်ဆံနေ၏။

ဤရွှယ်အန်းတွင် မည်သို့သော ကျောထောက်နောက်ခံမျိုးရှိနေသနည်း၊

ကြမ်းပြင်ပေါ်တွင်မူ၊ မကြာသေးမီမှ အထင်သေးမှုနှင့် နာကြည်းမှုများပြည့်နှက်နေသည့် လီဟုန့်ယန်သည် ယခု ကြက်သေသေလျက်ရှိသည်။ သို့သော် ရွှယ်အန်းက ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။

“မလောပါနဲ့၊ ငါတို့ ဒီကကိစ္စကို အရင်ကိုင်တွယ်ရမယ်။ အဲ့ကျမှ ပြန်ရင်လည်း နောက်မကျပါဘူး”

“ဒီမှာ ဘာကိစ္စရှိလို့လဲ” ချင်းယွီက မျက်မှောင်ကြုတ်လိုက်သည်။

ရွှယ်အန်းက ခပ်ပါးပါးပြုံး၍

“သူ့သားက ငါ့ကို ပြဿနာလာရှာလို့ မရည်ရွှယ်ဘဲ ဒီအဘိုးကြီးရဲ့သားကို သတ်ပစ်လိုက်မိတယ်။ အဲ့တာကြောင့် သူငါ့ကို ပြန်လက်စားချေချင်နေတာ။ ဒါပါပဲ”

ချင်းယွီ၏ အမူအရာသည် ဤစကားကို ကြားပြီးနောက် ပို၍ လေးနက်လာကာ၊ ကျဲ့ဝမ်တုန်ကို စိတ်ဆိုးဒေါသဖြစ်စွာဖြင့် ပြောလိုက်သည်။

“ကျဲ့ ရှင် အလုပ်ဆက်လုပ်ချင်သေးလား။ မစ္စတာရွှယ်က လုံတိုင်အဖွဲ့ရဲ့ အထူးပုဂ္ဂိုလ်ဆိုတာ ရှင်သိလား။ ရှင်က လုံတိုင်ကို လက်စားချေချင်သေးတာလား”

ဤနာမည်ကိုထည့်ပြောလိုက်သောအခါ၊ လူတိုင်း၏ မျက်လုံးများ ပြောင်းလဲသွားသည်။ လက်အောက်ငယ်သား အများအပြားသည် တိတ်တဆိတ်လှည့်ပြန်သွားကြ၏။

ပေကျန်းမြို့နှင့် ယင်းအနီးတစ်ဝိုက်ရှိ မည်သူကမျှ လုံတိုင်အဖွဲ့ကို ရှုပ်ဝံ့မည်မဟုတ်ပေ။ လုံတိုင်အဖွဲ့နှင့် နှိုင်းယှဥ်ပါက၊ ကျဲ့ဝမ်တုန်သည် ဆန်ကုန်မြေလေး၊ ခြေသလုံးအိမ်တိုင်မျှသာဖြစ်သည်။ လီဟုန့်ယန်သည်မူ၊ ပါးစပ်အဟောင်းသားဖြစ်လျက်၊ ရွှယ်အန်းမှ သူမကို ပြောခဲ့ဖူးသည့် စကားတစ်ခွန်းကို မှတ်မိနေသည်။

“နောက်မှ နောင်တမရနဲ့”

ဤအခိုက်အတန့်တွင် သူမသည်အပြည့်အဝနားလည်ခဲ့ပြီဖြစ်၍ ရွှယ်အန်း အဘယ်ကြောင့် ထိုသို့ပြောခဲ့ရကြောင်းကို နားလည်လာသည်။ လုံတိုင်အဖွဲ့ထံမှ သမီးဖြစ်သူထံမှ လေးစားစွာ ဆက်ဆံခြင်းခံရရန်၊ သူမ၏ တူသည် မထင်မှတ်နိုင်ဖွယ်အမြင့်သို့ရောက်ရှိသွားသည်မှာ ထင်ရှား၏။ ဤသည်ကို သဘောပေါက်သွားသောအခါ၊ လီဟုန့်ယန်သည် နောင်တကြီးစွာရ၍ နာကျင်ခံစားသွားရသည်။ ကျဲ့ဝမ်တုန်၏ မျက်နှာသည်မူ၊ ပြာဝေလျက်ရှိ၏။ နှစ်များတစ်လျှောက်၊ သူကြီးပွားလာရသည့် အကြောင်းအရင်းမှာ လုံတိုင်အဖွဲ့၏အာဏာကို လုံးလုံးလျားလျားမှီခိုအားကိုးထားခြင်းကြောင့်ဖြစ်သည်။

လုံတိုင်အဖွဲ့မှ စောင့်ရှောက်ထားသည့် ခွေးတစ်ကောင်အဆင့်မျှသာ ရှိသည်။ ထို့ကြောင့် ချင်းယွီမှ သူ့ကို အော်ဟစ်ကြိမ်းမောင်းလိုက်သောအခါ၊ ပြန်ပင် မော့မကြည့်ဝင်တော့ပေ။

“ဟုတ်တယ် ဟုတ်တယ်၊ အဲ့တာ ကျုပ်အပြစ်မှာ မစ္စတာရွှယ့်ကို ဒုက္ခမပေးသင့်ပါဘူး။ မစ္စတာရွှယ်၊ ကျေးဇူးပြုပြီး ကျုပ်ကို သက်ညှာပေးပါ”

ကျဲ့ဝမ်တုန်က ထိုသူများနှင့် ယှဥ်လျှင် အဆင့်နိမ့်ကြောင်း ခံစားမိကာ၊ အရှက်ကွဲမည်ကို သိသော်လည်း အခြေအနေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ လုံတိုင်အဖွဲ့မှ ရွှယ်အန်းကို ကျောထောက်နောက်ခံထားပေးထားပါက၊ သူသည် ရှုံးနိမ့်မှုကိုလည်း ဝန်ခံရမည်ဖြစ်သည်။ ထို့ကြော်င့ သူပြောပြီးသည်နှင့် အခန်းတွင်းရှိလေထုသည် ပို၍ တောက်ပလာ၏။ ထိုကိစ္စသည် ယခုအချိန်တွင် ပြေလည်သွားလိမ့်မည်ဟု လူများစွာက ထင်လျက်ရှိကြသော်လည်း ရွှယ်အန်းသည် ခပ်ပါးပါးအပြုံးတစ်ခုပြုံး၍ ပြောလိုက်သည်။

“ကျုပ်.. ခင်ဗျားကို ဒီတိုင်း အလွတ်ပေးမယ်လို့ ဘယ်သူပြောလဲ”

ထိုစကားအဆုံးတွင် ကျဲ့ဝမ်တုန်တစ်ယောက် ခေါင်းနပန်းကြီးသွားရသည်။

“မစ္စတာရွှယ်… ကျုပ်သား ကျဲ့ဟူက မင်းလက်ထဲမှာ သေသွားတာပါ၊ အခု ကျုပ်အဲ့ကိစ္စကို ဆက်မပြောတော့ဘူးလေ။ မင်းကဆက်ပြီး … မင်းကဘယ်လိုဆက်လုပ်ဖို့ ရည်ရွှယ်ထားတာလဲ”

ရွှယ်အန်းက ကျဲ့ဝမ်တုန်ထံသို့ လမ်းလျှောက်သွားကာ၊ အထက်စီးမှ ငုံ့ကြည့်၍ ပြောလိုက်သည်။

“ခင်ဗျား အခု အရမ်းစိတ်ဆိုးနေပြီလာ”

ကျဲ့ဝမ်တုန်သည် ခေါင်းငုံ့လိုက်၍ သူ့မျက်လုံးများထဲမှ ဒေါသနှင့် မုန်းတီးနာကြည်းမှုများကို ဖုံးကွယ်လိုက်သည်။

“ကောင်းပြီ၊ ဒါဆို ကျုပ်ခင်ဗျားကို အခွင့်အရေးတစ်ခုပေးမယ်။ ခင်‌ဗျားရဲ့သေနတ်ကို ထုတ်ပြီး ကျုပ်ကို ပစ်လိုက်ပါ။ ခင်ဗျားကျည်ဆံက ကျုပ်ထက်မြန်မလား ကြည့်ကြရအောင်”

ရွှယ်အန်းက လက်သုံးချောင်းမြှောက်၍ ရေတွက်လိုက်သည်။

“ကျုပ် သုံးအထိရေမယ်၊ သရီး… တူး…”

ဒိုင်း

သေနတ်ပစ်သံတစ်ခု ထွက်ပေါ်လာသည်။

ရွှယ်လန်က အော်လိုက်သော်ညား၊ ကျည်ဆံသည် ရွှယ်အန်းထံသို့ တရှိန်ထိုးပြေးဝင်သွား၏။ ရွှယ်အန်းသည် နောက်ကျောတွင် လက်နှစ်ဖက်ယှက်၍ ရပ်ကာ၊ ကျည်ဆံကို သွားများဖြင့် ကိုက်ဖမ်းလိုက်ပြီးနောက်၊ ၎င်းသည် မီးခိုးရောင်အငွေ့များအဖြစ် ပျောက်ကွယ်သွားသည်။ ကျဲ့ဝမ်တုန်သည် မြင်ကွင်းကြောင့် အလွန်ထိတ်လန့်တုန်လှုပ်လျက်ရှိသည်။

‘သူ…. လူရောဟုတ်သေးရဲ့လား’

ရွှယ်အန်းက ကျည်ဆံကို ထွေးထုတ်၍ သက်ပြင်းချလိုက်သည်။

“ကျုပ် ခင်ဗျားကို အခွင့်အရေးခဲ့ပေမယ့်အလကားပဲ။ အခု ကျုပ်အလှည့်ရောက်ပြီ”

ကျဲ့ဝမ်တုန်က သက်ညှာပေးရန် တောင်းဆိုနေချိန်တွင်၊ ရွှယ်အန်း၏ ပါးရိုက်ခြင်းကို ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်သည် လေထဲ၌ အပတ်ပေါင်းများစွာပတ်သွားပြီးမှ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ့ပါးစပ်တစ်ခုလုံးမှ သွားများ ကျိုးကြေသွားသည့်အပြင်၊ ခေါင်းတစ်ခုလုံးသည် ရိုက်ချက်ကြောင့် ပွင့်ထွက်လုနီးပါးဖြစ်သွား၏။

ရွှယ်အန်းသည် ကျဲ့ဝမ်တုန်၏ မျက်နှာထက်သို့ ခြေဖြင့် နင်းခြေလိုက်ရာ၊ သွားချင်းကြိတ်မိသံများနှင့် အရိုးကျိုးကြေသံများ ပေါ်ထွက်လာသည်။ ဤမြင်ကွင်းကို အနားရှိလူများက တုန်လှုပ်ချောက်ချားစွာကြည့်နေကြသည်။

“သက်ညှာပေးပါ သက်ညှာပေးပါ” ကျဲ့ဝမ်တုန်သည် အစွမ်းကုန်အားစိုက်၍ ဤစကားနှလုံးကို ထုတ်ပြောခဲ့သော်လည်း ရွှယ်အန်းသည် လျစ်လျူရှု့၍ ပြန်ပြောလိုက်သည်။

“အခုတော့ ခင်ဗျားက သက်ညှာပေးဖို့ တောင်းပန်တတ်ပြီပေါ့။ ကျုပ်မိဘတွေကို ခင်ဗျား အနိုင်ကျင့်ခဲ့တုန်းက သူတို့လည်း သက်ညှာပေးဖို့ တောင်းပန်ခဲ့တာကို မှတ်မိလား။ ခင်ဗျား ရပ်ခဲ့လား”

ကျဲ့ဝမ်တုန်သည် နာကျင်မှုကြောင့် အလွန်တုန်လှုပ်လျက်၊ ရွှယ်အန်းကို ကြည့်ကာ၊ ကြောက်ရွံ့မှုနှင့် နောင်တများ ပြည့်နှက်နေသည်။ ချင်းယွီက စိတ်မသက်မသာဖြင့် မျက်နှာလွှဲလိုက်သည်။ ယခု သူမသည်လည်း သူမမျက်စိရှေ့မှ ရွှယ်အန်းကို အလွန်ကြောက်ရွံ့နေပြီဖြစ်သည်။

အကြောင်းမှာ ထိုအချိန်တွင်၊ ရွှယ်အန်း၏ မျက်နှာထက်တွင် ခံစားချက်ကင်းမဲ့လျက်ရှိရာ၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို အဆုံးအဖြတ်ပေး၊ စီရင်ရသည့် ဧကရာဇ်မင်းနှင့်တူသည်။

“နောင်ဘဝကျရင် မာန်မတက်ဖို့ သတိရပေါ့” ရွှယ်အန်းက စကားဆုံးသည်နှင့် ခြေထောက်ကို ဖိလိုက်သည်။

ဗျစ်

ကျဲ့ဝမ်တုန်၏ ဦးနှောက် ပွင့်ထွက်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ထို့နောက် ရွှယ်အန်းမှ လီဟုန့်ယန်ကို စိုက်ကြည့်လိုက်သောအခါ၊ လူအုပ်ကြီးတစ်အုပ်လုံး တိတ်ဆိတ်သွားသည်။ လီဟုန့်ယန်သည် တစ်ကိုယ်လုံးတုန်လှုပ်လျက် ရွှယ်အန်းမှ သူမကို စာရင်းရှင်းရန် လာမည်ကို ကြောက်လန့်လျက်ရှိသည်။

သို့သော် ရွှယ်အန်းက သူမကို စိတ်ဝင်စားခြင်းအလျင်းမရှိ၊ ဆုန်ရိကိုသာ ဆေးတစ်လုံးပေးလိုက်သည်။

“ဒါကို ခင်ဗျားအတွက် ဆုလာဘ်လို့ သဘောထားလိုက်ပါ။ ကျဲ့ဝမ်တုန်နဲ့ သူ့သား သေပြီဆိုတော့ ခင်ဗျားနဲ့ လန်အာနဲ့က ဒီဟိုတယ်ကို ဆက်ပြီး စီမံခန့်ခွဲသွားလိုက်ပါ”

ဆုန်ရိသည် ဆေးလုံးကို တန်ဖိုးထားကိုင်၍ ရိုသေလေးစားစွာဖြင့် ပြန်ပြောလိုက်သည်။

“မစ္စတာရွှယ်၊ စိတ်ချပါ။ ကျုပ် မိန်းကလေးလန်ကို ကောင်းကောင်းကူညီပေးမှာပါ”

ရွှယ်အန်းသည် ရွှယ်လန်ကို ခပ်ဖျော့ဖျော့ ပြုံး၍ ကြည့်လိုက်သည်။

“ကိုကို ညီမလေးဆီ မကြာမကြာလာလည်မယ်”

ရွှယ်လန်က တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။

“သွားကြရအောင်”

ရွှယ်အန်းတစ်ယောက် ဟိုတယ်မှ မထွက်သွားခင်အထိ မည်သူမှ တုပ်တုပ်မလှုပ်ရဲကြပေ။ လီဟုန့်ယန်သည် ယခုအချိန်မှစ၍ သူမမိသားစု ချမ်းသာတော့မည်ကို ရွှင်မြူးသွားသည်။ ၎င်းတို့သည် ယွဲ့လိုင်ဟိုတယ်ကို ပိုင်ဆိုင်သွားရုံသာမက၊ လုံတိုင်အဖွဲ့၏ ကြီးမားသော ပံ့ပိုးကူညီမှုကိုလည်းရရှိမည်ဖြစ်သည်။

သူမစကားပြောခါနီးတွင် လီဟုန့်ယန်သည် သူမပါးစပ်တွင် တစ်ခုခုရှိနေသည်ဟု ခံစားရ၍ ထွေးထုတ်လိုက်သောအခါ၊ သူမလျှာတစ်ခုလုံးထွက်လာကြောင်း သိလိုက်ရသည်။ သူမစကားပြောရန် ကြိုးစားသော်လည်း နားမလည်နိုင်သော ဆူညံသံများသာ ထွက်ပေါ်လာ၏။ ထိုအချိန်မှစ၍ လီဟုန့်ယန်သည် ဆွံ့အသွားခဲ့၏။

အပြန်လမ်းတွင် သူ့သမီးနှစ်ယောက်သည် ရွှယ်အန်း၏ ပေါင်ပေါ်၌ အိပ်ပျော်သွား၏။ ရွှယ်အန်းသည် ကလေးမလေးနှစ်ယောက်၏ ကျောကို ညင်သာစွာပွတ်သပ်လိုက်သည်။ အရှေ့တွင် ထိုင်နေသော ချင်းယွီသည် နောက်ကြည့်မှန်မှတစ်ဆင့် ဤမြင်ကွင်းကိုကြည့်ကာ၊ မတွေးဘဲမနေနိုင်တော့ပေ။

သူသည် ရက်စက်ကြမ်းကြုတ်သောသူဖြစ်၍ နူးညံ့သူလည်းဖြစ်ပေသည်။

သို့သော် မည်သည်ကား အစစ်အမှန်ဖြစ်သနည်း။

All Chapters