← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း(၄၆) ရှောင်ယောင်းအဆင့်ကိုရောက်တာနဲ့ အင်မော်တယ်ဖြစ်လာတယ်

မြို့မြောက်ပိုင်း သိုင်းပညာကျောင်း။ ဆောင်းလေအေးတိုက်ခတ်နေသည့် အေးစက်သော ဆောင်းညတစ်ညတွင် ထန်တုန်သည် ဝင်ပေါက်၌ တစ်နာရီကျော်ကြာ စောင့်ဆိုင်းနေခဲ့သည်။

ထန်ရှောင်းယွီက သူ့အနားသို့ ချဥ်းကပ်လာသည်။

“ဖေဖေ အရမ်းအေးနေပြီ၊ ပြီးတော့ ဒဏ်ရာလည်းရထားသေးတာ။ အိမ်ထဲပြန်ဝင်ပြီး အနားယူသင့်တယ်”

ထန်တုန်က ခေါင်းခါလိုက်သည်။

“သူတို့ ပြန်လာသင့်နေပြီ၊ နည်းနည်းထပ်စောင့်ကြရအောင်’

“ဖေဖေ ဒီရွှယ်အန်းက ဖေဖေပြောတဲ့အတိုင်း တကယ်ကြောက်ဖို့ကောင်းလား”

ထန်တုန်က သူမကို တစ်ချက်ကြည့်လိုက်သည်။

“သမီး နိုင်ငံခြားက ပြန်လာကာစမို့ ပြည်တွင်းအခြေအနေကို နားမလည်သေးဘူး။ ဒါပေမယ့် သိုင်းပညာကျွမ်းကျင်တဲ့လူတွေထဲမှာ ရွှယ်အန်းနဲ့ ယှဥ်နိုင်တဲ့လူ နည်းနည်းပဲရှိတယ်ဆိုတာ အာမခံနိုင်တယ်”

ထန်ရှောင်းယွီက အထင်သေးစွာဖြင့် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်အထိ ပြုံးလိုက်သည်။

“ဖေဖေ သမီးလေ ဖေဖေ့ကို ဒဏ်ရာရအောင်လုပ်တဲ့ကောင်ကို သွားရိုက်ချင်တယ်။ အဲ့ကျရင် သမီးတို့ မြောက်ပိုင်းသိုင်းပညာကျောင်းရဲ့ ဂုဏ်ကို ပြန်ဆယ်ရမယ်။ ရွှယ်အန်းကို စောင့်စရာမလိုပါဘူး”

ထန်တုန်၏ အမူအရာသည် မှောင်မိုက်လျက်ရှိသည်။

“ရှောင်းယွီ၊ သမီးကို နိုင်ငံခြားပို့ခဲ့တာ ဒီလို မောက်မာနေဖို့မဟုတ်ဘူး။ ကိုရီးယားက ဆရာဆီမှာ တိုက်ကွမ်ဒိုကောင်းကောင်းသင်ထားပေမယ့် အခြားလူတိုင်းကို အထင်သေးနေလို့မရဘူး”

“ဟုတ်ကဲ့ပါ” ထန်ရှောင်းယွီက ခေါင်ငုံ့လိုက်သော်လည်း သူမစိတ်ထဲမှ ဒေါသသည်မူ ပျောက်ကွယ်သွားခြင်းမရှိပေ။

သူမသည် ထန်တုန်၏ တစ်ဦးတည်းသော သမီးဖြစ်ကာ၊ တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံ့ရတနာအဆင့် ဆရာကြီးတစ်ယောက်၏ လက်အောက်၌ တိုက်ကွမ်ဒိုပညာကို သင်ယူခဲ့သည်။ တိုက်ကွမ်ဒိုတွင် သူမ၏ အောင်မြင်မှုများသည် အလွန်လေးနက်လှသည်။

ယမန်နေ့က ဖခင်ဖြစ်သူဒဏ်ရာရသွားကြောင်း သိခဲ့ရသဖြင့် လက်စားချေမည်ဟု ကတိပြုကာ ညတွင်းချင်းပြန်လာခဲ့သည်။ သို့သော် သူ့အဖေသည် ရွှယ်အန်းဟုအမည်ရသော လူကို စောင့်ခိုင်းကာ၊ သူ၏ အကူအညီကို ပြတ်ပြတ်သားသားငြင်းဆိုခဲ့၏။ ဤအရာက ထန်ရှောင်းယွီကို အလွန်စိတ်မသက်မသာဖြစ်စေသည်။

‘ရှင့်မှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ချောင်းတကယ်ရှိလား ငါကြည့်ဦးမယ်၊ ရှင်သာ သာမန်လူတစ်ယောက်ပဲဆိုရင် ရှင့်ကို လူရှေ့သူရှေ့မှာ အရှက်ခွဲပစ်မယ်။’ ထန်ရှောင်းယွီက သူ့ဘာသာ တွေ့လိုက်သည်။

နောက်ထပ်စောင့်ဆိုင်းပြီးနောက်၊ Volvo တစ်စီးသည် မြောက်ပိုင်းသိုင်းပညာကျောင်းရှေ့၌ ဖြည်းညှင်းစွာ ရပ်သွားသည်။

ကားတံခါးပွင့်လာပြီး နောက် ချင်းယွီ ပထမဆုံးထွက်လာ၏။ ချင်းယွီထွက်လာမှုကြောင့် ထန်ရျောင်းယွီ အနည်းငယ်အံ့သြသွားရသည်။ သူမသည် လုံတိုင်အဖွဲ့၏ အမွေဆက်ခံသူ မဟုတ်သလော။

‘ဒီမှာ သူဘာလုပ်နေတာလဲ’

ချင်းယွီသည် ချက်ချင်းထွက်မလာဘဲ၊ ကားဘေးတွင်ရပ်ကာ၊ တံခါးကို တလေးတစားဖွင့်လိုက်သည်။

ထို့နောက် ရွှယ်အန်းသည် ကလေးနှစ်ယောက်ကိုချီပိုး၍ ကားထဲမှ ထွက်လာခဲ့သည်။

ထန်တုန်သည် အလွန်စိတ်လှုပ်ရှားလျက်ရှိကာ၊ ခပ်မြန်မြန် လမ်းလျှောက်လာပြီးနောက်၊ ရိုသေစွာ ဦးညွတ်လိုက်သည်။

“မစ္စတာရွှယ်၊ မမလေးချင်း”

ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

‘ဒါ ငါ့အဖေပြောတဲ့ မစ္စတာရွှယ်လား’ ထန်ရှောင်းယွီသည် ရွှယ်အန်းကို အသေအချာကြည့်၍ ပြောလိုက်သည်။

သူသည် ကြည့်ကောင်းလှသော်လည်း ပိန်သွယ်သည်။ သိုင်းပညာရှင်အများစုသည် များသောအားဖြင့် ထွားကျိုင်း၍ ကြောက်မက်ဖွယ်ကောင်းကြသည်။

ထို့အပြင် ဤသူသည်ကား တုနှိုင်း၌မရနိုင်သော ဆရာတစ်ဆူဖြစ်သလော။

ထို့အပြင် သူ့လက်ထဲတွင် ကလေးနှစ်ယောက်ကိုပင် ကိုင်ထား၏။ ဤသည်က ဟာသတစ်ခုပင်မဟုတ်သလော။

ထန်ရှောင်းယွီသည် ရွှယ်အန်းကို ကြည့်လေလေ ပို၍ ပို၍ မနာလိုဖြစ်လာလေလေဖြစ်နေ၏။ သူမ၏ ဖခင်သည် အသက်ကြီးကာမှ အလိမ်ခံရလွယ်ကူလွန်းသည်ဟုတွေးကာ၊ စိတ်ထဲတွင် ငြီးတွားနေ၏။

‘ဒီကောင်က လူလိမ်တစ်ယောက်မှန်းသိသာနေတာကို။ သူ့လိုမျိုးလူဆယ်ယောက်လောက်ကို ငါ့လက်သီးတစ်ခချက်တည်းနဲ့ အနိုင်ယူနိုင်တယ်’

ထို့ကြောင့် ထန်ရှောင်းယွီသည် အောက်သို့ဆင်းလိုခြင်းမရှိ၊ လှေကားဝတွင်သာ ရပ်တန့်နေ၏။

ထန်တုန်သည် ဤမြင်ကွင်းကို သတိပြုမိ၍ မျက်မှောင်ကြုတ်လိုက်မိသည်။

“ရှောင်းယွီ၊ အခုမြန်မြန်ဆင်းလာပြီး မစ္စတာရွှယ်နဲ့ မိန်းကလေးချင်းကို နှုတ်ဆက်လိုက်”

ထန်ရှောင်းယွီသည် လှေကားထစ်များမှ တုံ့ဆိုင်းစွာဆင်းလာကာ၊ သူမ၏ လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ဦးညွတ်လိုက်သည်။

“မစ္စချင်း”

သူမသည် ရွှယ်အန်းကို ဂရုမစိုက်ပေ။ ရွှယ်အန်းမှ ဤသည်ကို စိတ်ဆိုးမည်ကို စိုးရိမ်သောကြောင့် ထန်တုန်အနည်းငယ်စိုးရွံ့လျက်ရှိသည်။ သို့သော် ရွှယ်အန်းသည် ထန်ရှောင်းယွီကို လုံးဝသတိမထားမိပေ။ သူ၏အာရုံအလုံးစုံသည် အိမ်နေသော သမီးနှစ်ယောက်ထံတွင်သာ ရှိနေ၏။ ကျန်သည့် မည်သည့်အရာကိုမျှ သူဂရုမစိုက်အားပေ။ သို့သော် ထန်ရှောင်းယွီသည်မူ ရွှယ်အန်း၏ အပြုအမူကို ကြည့်၍ လူလိမ်တစ်ယောက်ဟုသာ မှတ်ယူထားသည်။ ဤသို့မှမဟုတ်ပါက၊ သူသည် ဤသို့ပြင်းထန်သော စော်ကားမှုကို အဘယ်ကြောင့် မတုံ့ပြန်ဘဲနေလိမ့်မည်နည်း။

သူမ၏ဆရာသည် သတ္တိမရှိသော သိုင်းပညာရှင်သည် သွားမရှိသော ကျားတစ်ကောင်နှင့် တူသည်ဟုသင်ကြားပြောဆိုခဲ့ဖူးသည်။

ထန်ရှောင်းယွီ၏ အမူအရာမှာ ပို၍ အထင်အမြင်သေးမှုများ ရောယှက်နေ၏။

“ဖေဖေ မမလေးချင်း ကျွန်မ အခုလေးတင်မှ လေယာဥ်ဆင်းတာဆိုတော့ ပစ္စည်းတွေအရင်သိမ်းလိုက်ဦးမယ်”

ဤသို့ပြောကာ သူမလှည့်ထွက်သွားသည်။

ထန်တုန်၏ အမူအရာသည် အနည်းငယ်အဆင်မပြေဖြစ်နေကာ၊ ရွှယ်အန်းကို ရှင်းပြရန်ပြင်နေ၏။ သို့သော်လည်း ရွှယ်အန်းက သူ့ကိုဘာသိဘာသာကြည့်၍ပြောလိုက်သည်။

“ခင်ဗျား ဒဏ်ရာက ဘယ်လိုနေလဲ”

ထန်တုန်က အတင်းပြုံးလိုက်သည်။

“သိပ်မပြင်းထန်ပါဘူး။ နောက်ဆုံးအချိန်မှ သူသာ သူ့အားကို မထိန်းထားခဲ့ရင် ကျုပ် ဒီမှာ ဒီတိုင်းရပ်နေနိုင်မှာတောင်မဟုတ်တော့ဘူး”

ရွှယ်အန်းက ခေါင်းညိတ်၍ ရုပ်တရက် လက်ညှိုးဖြင့် ထန်တုန်၏ ဒန်ကျောင်း သွေးကြောကို တိတိကျကျ ဖိနှိပ်လိုက်သည်။ ထန်တုန်က သူ့ခန္ဓာကိုယ်ထဲသို့ဖြတ်ဝင်လာသည့် အရှိန်ပြင်းသော လျှပ်စီးကြောင်းတစ်ခုကို ခံစားလိုက်မိကာ၊ ယခင်က မောဟိုက်နေခဲ့သော အသက်ရှုသံသည် ရုတ်တရက် ပုံမှန်ပြန်ဖြစ်လာသည်။

“ကျေးဇူးတင်ပါတယ် မစ္စတာရွှယ်” ထန်တုန်က သူ့ကို ကျေးဇူးတင်ကြောင်း ချက်ချင်းဖော်ပြခဲ့သည်။

“မစ္စတာရွှယ်၊ အခု ကျွန်မတို့ ချင်းမိသားစုကို ပြန်ကြမလား” ချင်းယွီကမေးသည်။

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

“ဒီမှာနေကြရအောင်”

“ဒီမှာနေမယ်ဟုတ်လား” ချင်းယွီက အနည်းငယ်စိတ်ရှုပ်သွားသည်။

“အင်း ဒီနေရာက ဟုန့်မိသားစုနဲ့ ပိုနီးတယ်လေ” ရှယ်အန်းက လျစ်လျူရှု့၍ပြောပြီးနောက် သိုင်းပညာခန်းမထဲသို့ဝင်သွားခဲ့သည်။

ချင်းယွီသည် သူ၏ရည်ရွယ်ချက်ကို နားမလည်သော်လည်း ရွှယ်အန်းပြောခဲ့ခြင်းဖြစ်သောကြောင့် လိုက်နာရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။ ထန်တုန်သည်မူ အလွန်ပျော်ရွှင်လျက်၊ အခန်းတစ်ခု ပြင်ဆင်ပေးရန် အမိန့်ပေးလိုက်သည်။ ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်ကို အိပ်ရာထဲသို့ ပထမဆုံး ချပေးလိုက်သည်။ ထိုအချိန်တွင် နံနံခင်း လေးနာရီသို့ ထိုးနှင့်နေပြီဖြစ်ကာ၊ ရွှယ်အန်းတွင် အိပ်ရန် ရည်ရွယ်ချက်မရှိပေ။

ရွှယ်အန်းသည် ခြံဝင်းထဲသို့ လျှောက်သွား၍ နက်ပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်ကာ၊ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ ထို့နောက် သူ၏ နတ်ဘုရားဝိညာဏ်ကို ဖြန့်ကျက်လိုက်၏။

နတ်ဘုရားဝိညာဏ်ဖြင့် ဖွဲ့စည်းထားသော လောကအလယ်တွင် အခြားအရာအားလုံး ပျောက်ကွယ်သွားကာ၊ အသက်၏ အလင်းရောင်ဖြင့် ဖြာထွက်နေသော မီးတောက်များသာ ကျန်ရစ်ခဲ့သည်။ ဤမီးတောက်များသည် အရွယ်အစားအမျိုးမျိုးရှိ၍ ရွှယ်အန်းနှင့် အနီးစပ်ဆုံးမှာ ထန်တုန်၏ မီးတောက်သာဖြစ်သော်လည်း ၎င်းသည် အနည်းငယ်နွမ်းနေပုံပေါ်၏။ ထို့အပြင်၊ ချင်းယွီ၏ မီးတောက်သည်လည်း မသေးငယ်လှပေ။ အထူးထင်ရှားနေသည့် အခြားသောမီးတောက်တစ်ခုလည်းရှိရာ၊ ၎င်းသည်မူ၊ ယနေ့တွေ့ခဲ့ရသော အမျိုးသမီး၏ မီးတောက်ဖြစ်သည်။

နတ်ဘုရားအသိဉာဏ်၏ နယ်ပယ်သည် ပို၍ ကျယ်ပြန့်လာ၏။

“မင်းရှောင်ယောင်းအဆင့်ကို ရောက်တာနဲ့၊ အင်မော်တယ်တစ်ယောက်ဖြစ်လာလိမ့်မယ်” ဆိုသည့်စကားသည် အနည်းငယ်ချဲ့ကားသည်ထင်ရသော်လည်း ရှောင်ယောင်းအဆင့်သည် မော်တယ်နှင့် အင်မော်တယ်များအကြားမှ တံခါးပေါက်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

သို့သော် ပုံမှန်အားဖြင့် တစ်စုံတစ်ယောက်သည် ရှောင်ယောင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင်ပင် ၎င်းတို့သည် နတ်ဝိညာဏ်ကဲ့သို့ မည်သည့်အရာကိုမျှ ပိုင်ဆိုင်နိုင်ကြမည်မဟုတ်ပေ။ ဤအရာသည် အနည်းဆုံး ကောင်းကင်လူသားအဆင့် သို့မဟုတ် ပို၍ အဆင့်နိမ့်သော အင်မော်တယ်တစ်ဦးနှင့် သက်ဆိုင်သောအရာဖြစ်သည်။

သို့သော် ရွှယ်အန်းသည်ကား မည်သူနည်း။

သူသည် အင်မော်တယ်အရှင်တစ်ပါးဖြစ်သဖြင့် ဤသို့သော အသေးအဖွဲကိစ္စမျိုးက သူ့ကို ဒုက္ခပေးနိုင်မည်မဟုတ်ပေ။ မကြာမီတွင် ရွှယ်အန်း၏ နတ်ဝိညာဏ်အကွာအဝေးအတွင်း၌ ကြီးမားသော မီးတောက်တစ်ခု ပေါ်လာသည်။ ဤမီးတောက်၏ ပြင်းထန်မှုသည် မီးတောင်တစ်ခုနှင့် တူသည်။ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာ၏။ ထို့နောက်၊ မျက်လုံးကို ဖွင့်၍ အဝေးကို လှမ်းကြည့်လိုက်သည်။

“သိုင်းပညာလမ်းကြောင်းပေါ်ကို ရောက်ရှိနေတာလား။ အဲ့တာက နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ မင်းငါ့ကို စိတ်မပျက်စေဖို့ ငါမျှော်လင့်ပါတယ်။ မင်းမှာ ဘာရှိလဲငါ့ကို ပြစမ်း”

ထိုအချိန်တွင် ဟုန့်မိသားစုတွင် တင်ပျဥ်ခွေတရားထိုင်နေသော ယွီချင်းသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်၏။ သူသည် ပြင်းထန်၍ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ခံစားမိလိုက်ခြင်းဖြစ်သည်။ ခဏတာမျှသာ ကြာမြင့်ခဲ့သော်လည်း ထိုအရှိန်အဝါအတွင်းရှိ ကြောက်မက်ဖွယ် အစွမ်းသတ္တိသည် ယွီချင်းကို တုန်လှုပ်သွားစေ၏။

‘ဒါဘယ်သူဖြစ်နိုင်မလဲ။

ပေကျန်းမြို့တွင် ဤကဲ့သို့ ပုန်းကွယ်နေသော ကျွမ်းကျင်သူတစ်ဦးရှိနေနိုင်သလား။ ယွီချင်း၏ မျက်နှာထက်တွင် သံသယများနှင့် အံ့သြမှုများ ပြည့်နှက်နေ၏။

အာရုဏ်တက်သွားခဲ့သည်။

ထန်ရှောင်းယွီသည် အိပ်ရာမှ ထကာ၊ အကြောဆန့်၍ သူမ၏ နေ့စဥ်ကျင့်ကြံခြင်းကို စတင်ခဲ့သည်။ ယနေ့သည် ဟုန့်မိသားစုနှင့် စာရင်းရှင်းရမည့်နေ့ဖြစ်သဖြင့် သဘာဝအလျောက်ပင် အရာရာကို ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ရွှယ်အန်းနှင့် ပတ်သက်၍မူ၊ သူမသည် သူ့ကို လုံးဝအားမကိုးခဲ့ပေ။

အချိန်ကျလာပါက၊ မစ္စတာရွှယ်ဟု အမည်ရသော လူသည် သူမတို့ကို မနှောင့်နှေးစေလျှင်ပင် လုံလောက်ပြီဟု သူမတွေးထားသည်။

အခန်း(၄၇) မင်းငါ့ကို ရှာနေတယ်လို့ကြားတယ်

သူမ၏ သွေးကြောများတစ်လျှောက်တွင် ချီစွမ်းအင်များ လွတ်လပ်စွာ စီးဆင်းစေပြီးနောက်၊ ထန်ရှောင်းယွီသည် နောက်ဆုံးတွင် ရပ်တန့်၍ ထမင်းစားခန်းထဲသို့ ဝင်လာခဲ့သည်။ ဤအချိန်တွင် ရွှယ်အန်းသည် ထမင်းစားခန်းထဲတွင် သူ့သမီးနှစ်ယောက်ကို ထမင်းကျွေးနေသည်။

သူ၏ လက်ရှိနူးညံ့သိမ်မွေ့မှုမျိုးသည် မည်သည့်နူးညံ့သိမ်မွေ့မှုမျိုးနှင့်မျှ မတူညီပေ။ ထန်ရှောင်းယွီသည် အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ကာ၊ ထိုင်ရန် ထိုင်ခုံတစ်ခုံရှာလိုက်သည်။ ထိုအချိန်တွင် ထန်တုန်သည်လည်း ထလာ၍ ထမင်းစားခန်းထဲမှ ရွှယ်အန်းကို တွေ့သောအခါ၊ ကျေးဇူးတင်ခြင်းကြီးစွာဖြင့် ပြောလိုက်သည်။

“မစ္စတာရွှယ်၊ မနေ့ညက ကျုပ်ကို ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်အခု တော်တော် သက်သာနေပါပြီ”

ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

“မစ္စတာရွှယ်၊ ဟုန့်မိသားစုဆီသွားဖို့ လူဘယ်နှစ်ယောက်ခေါ်လာခဲ့ရမလဲ။ ကျွန်မအခုချက်ချင်း စီစဥ်လိုက်မယ်” ရွှယ်အန်းသည် သူ့ဇွန်းကို ချ၍ ချင်းယွီကို တစ်ချက်ကြည့်လိုက်သည်။

“မလိုပါဘူး။ ယွီချင်းလိုလူတစ်ယောက်အတွက် ငါတို့ ကြီးကြီးကြီးမားမားပြင်ဆင်စရာမလိုဘူး”

ဤစကားများက ထန်ရှောင်းယွီကို ရယ်မောလုမတက်ဖြစ်စေကာ၊ ဤရက်ထဲတွင် ကြွားဝါလိုသောသူများ အလွန်များပြားလာပြီဟု ကိုယ့်ဘာသာတွေးလိုက်မိသည်။

ထန်တုန်က သူမကို ပြင်းပြင်းထန်ထန်စိုက်ကြည့်ပြီးနောက်၊ လေးနက်စွာပြောလိုက်သည်။

“မစ္စတာရွှယ်၊ ဒီကိစ္စက မင်းအတွက်ပဲမဟုတ်ဘူး။ ကျုပ်တို့ ပေကျန်းသိုင်းပညာကျောင်းရဲ့ ဂုဏ်သိက္ခာအတွက်လည်းဖြစ်တယ်။ ဒါ့ကြောင့် အသိသိုင်းပညာရှင်တွေကို ကျုပ်ဖိတ်ထားပြီးပြီ။ ဟုန့်မိသားစုကို ကျုပ်တို့ အတူတူသွားကြမယ်။ မစ္စတာရွှယ် အနိုင်ယူနိုင်လိမ့်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်”

ရွှယ်အန်းက ခေါင်းကို ညိတ်ရုံသာ ညိတ်လိုက်သည်။ ထိုအချိန်တွင် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် တညီတညွတ်တည်း ပြောလိုက်ကြ၏။

“ဖေဖေ ရန်သွားဖြစ်မလို့လား”

ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်သည်။

“ရန်ပွဲဆိုတာ ဘာလဲ သမီးတို့သိလား”

ရွှယ်ရှန်းနှင့်ရွှယ်နျန်တို့က ခေါင်းညိတ်လိုက်သည်။

“အန်တီရွှမ်အာက ရန်ပွဲဆိုတာ ကလေးဆိုးတွေအတွက်လို့ပြောတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က သမီးတို့ကို အနိုင်ကျင့်ရင်တော့ ပြန်တိုက်ရမယ်လို့ ပြောထားတယ်”

ရွှယ်အန်းက ရွှယ်ရှန်းနှင့် ရှယ်နျန်တို့၏ ခေါင်းလေးများကို ပွတ်သပ်ပေးလိုက်သည်။

“မှန်တယ်၊ တစ်ယောက်ယောက်က ဖေဖေတို့ကို အနိုင်လာကျင့်ရင် သူတို့ဆီက တန်ရာတန်ကြေးကို တောင်းရမယ်”

သိပ်မကြာခင်တွင် ထန်တုန်ဖိတ်ခေါ်ထားခဲ့သော သိုင်းပညာရှင်များအားလုံး တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ ဤလူအုပ်စုသည် အရပ်အမောင်း၊ အရွယ်အစားကွာခြားသော်လည်း ယေဘုယျအားဖြင့် ပေကျန်းရှိ သိုင်းပညာကျောင်းများမှ အကြီးအကဲများဖြစ်ကြသည်။

၎င်းတို့အသီးသီးသည် ထန်တုန်၏ လက်ကိုဆုပ်ကိုင်၍

“ကျောင်းအုပ်ကြီး စိတ်မပူပါနဲ့၊ အချိန်တန်ရင် ကျုပ်တို့ အဲ့မောက်မာတဲ့ကောင်ကို သင်ခန်းစာပေးရမှာပါ။ ကျုပ်တို့ ခင်ဗျားအတွက် လက်စားချေပေးပါ့မယ်။

“ဟုတ်ကဲ့ ဟုတ်ကဲ့” ထန်တောင်က ၎င်းတို့ကို ထပ်တလဲလဲ ကျေးဇူးတင်ရုံသာ တတ်နိုင်တော့သည်။

ထန်ရှောင်းယွီသည် မထီမဲ့မြင်ပြုသော အမူအရာမျိုးဖြင့် ခပ်စောစော ထွက်လာရန် ဆင်ခြေပေးလိုက်သည်။ အကယ်၍ သူမသာ သူမ၏ အဖေနှင့် အခြားသူများထက် စော၍ ယွီချင်းကို အနိုင်ယူနိုင်ခဲ့လျှင်၊ ထိုသူတို့ ရောက်လာကျသောအခါ ကျရှုံးနေသည့် ယွီချင်းကို မြင်လိုက်ကြရပါက၊ အမှန်တကယ်ပင် အံ့သြဖွယ်ဖြစ်မည်မှာ သေချာ၏။

ထန်ရှောင်းယွီသည် စိတ်ကိုပြင်ဆင်၍ အပြင်သို့ ထွက်ကာ၊ တက္ကစီတစ်စီးကို ငှား၍ ဟုန့်မိသားစုထံသို့ ဦးတည်သွားခဲ့သည်။ ဟုန့်မိသားစုသည် ယနေ့အစောပိုင်းကတည်းက အရာအားလုံးကို ပြင်ဆင်ထားခဲ့၍ ရွှယ်အန်းရောက်ရှိလာမည့်အချိန်ကို အဆင်သင့်စောင့်ဆိုင်းနေခဲ့သည်။ ကားပေါ်မှ ဆင်းပြီးနောက်၊ ထန်ရှောင်းယွီသည် ဇိမ်ခံအိမ်ကြီးအားကြည့်၍ ရဲဝံ့စွာ လမ်းလျှောက်လာခဲ့သည်။

“မမလေး မင်းဘယ်သူ့ကို ရှာနေသလဲဆိုတာ မေးလို့ရမလား”

ထန်ရှောင်းယွီက အေးစက်စွာပြောလိုက်သည်။

“ယွီချင်းကို ထွက်လာပြီး သူ့အဆုံးသတ်ကို တွေ့ဖို့ ပြောလိုက်ပါ။ ပေကျန်းသိုင်းပညာကျောင်းက လူတစ်ယောက်က သူ့စိန်ခေါ်မှုအတွက် ရလဒ်ကို အဆုံးအဖြတ်ပေးဖို့ရောက်လာတယ်လို့ ပြောလိုက်ပါ”

ချင်းရှန်နှင့်စကားပြောနေသည့် ယွီချင်းက ဤစကားကို ကြားလိုက်သောအခါ၊ အနည်းငယ်အံ့သြကာ ခပ်ပါးပါးပြုံးလိုက်သည်။

“ကောင်းပြီ၊ ပေကျန်းသိုင်းပညာကျောင်းက လူတွေ ဘယ်လောက် ကြောက်စရာကောင်းမလဲဆိုတာ ကြည့်ချင်သေးတယ်”

ယွီချင်းက ဤသို့ပြော၍ ထွက်လာသည်။ ယွီချင်းကို ပထမဆုံးတွေ့လိုက်သည့် အခိုက်အတန့်တွင်ပင်၊ ထန်ရှောင်းယွီ၏ အမူအရာသည် အလွန်လေးနက်လာ၏။ ဤလူသည် သာမန်လူမဟုတ်ကြောင်း သူမပြောနိုင်၏။ အထူးသဖြင့် ထက်မြက်သော ထိုမျက်လုံးများသည် မည်သူ့ကို မဆို သူနှင့် မျက်လုံးချင်းဆုံစေရန် မဝံ့မရဲဖြစ်စေ၏။

သို့သော် ယှဥ်ပြိုင်လိုစိတ်ပြင်းပျသော ထန်ရှောင်းယွီသည် အနည်းငယ်မျှပင် ကြောက်လန့်ခြင်းမရှိ၊ ပြောလိုက်သည်။

“ဒါဆို ရှင်က ကျွန်မအဖေကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ ယွီချင်းပေါ့”

ယွီချင်းသည် လက်စားချေလိုသောသူမှာ မိန်းမတစ်ယောက်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ခဏတာမျှ ကြောင်အသွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်”

“ဒါဆို သေဖို့ ပြင်ထား” ထန်ရှောင်းယွီက ဘေးကန်ချက်တစ်ချက်ကို ကန်ထုတ်လျက်ပြောလိုက်သည်။

သူမ၏ ကန်ချက်သည် ယွီချင်း၏ ဦးခေါင်းကို ချိန်ရွယ်ထားရာ၊ တည်ငြိမ်ပြင်းထန်လှသဖြင့် လေကိုခွင်းသွားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ သူမခြေထောက်နှင့် ထိမှန်ပါက၊ ယွီချင်း သေလျှင်သေ မသေလျှင် အပြင်းအထန်ဒဏ်ရာရလိမ့်မည်ဟု ယုံကြည်ချက်ရှိစွာ တွေးထားခဲ့သည်။

သို့သော် သူမ အောင်ပွဲခံ၍ မပြုံးနိုင်ခင်၌ပင် သူခြေချင်းဝတ်ကို ယွီချင်းမှ ဆုတ်ကိုင်လိုက်သည်ကို ခံစားလိုက်ရ၏။ ထို့နောက် အရှိန်ပြင်းစွာဖြင့် အဝှေ့ယမ်းခံလိုက်ရကာ၊ သူမ လွှတ်ပစ်ခံလိုက်ရ၏။

ထန်ရှောင်းယွီသည် မြေပြင်ပေါ်သို့ လဲကျကာ၊ အကြိမ်အနည်းငယ်မျှ ရုန်းကန်နေခဲ့သော်လည်း မထနိုင်ခဲ့ပေ။

ထန်ရှောင်းယွီသည် ယွီချင်း၏ လက်ထဲတွင် တစ်ချက်တည်းရှုံးနိမ့်သွားခဲ့သည်။ သူမ၏ မျက်နှာထက်တွင် ထိတ်လန့်မှုနှင့် မယုံကြည်မှုများ ပြည့်နှက်နေ၏။ သူမ၏ ဆရာပင်လျှင် ဤလူ့ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်မဟုတ်ပေ။ ဤသူသည် သူ၏ ဆရာထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်း၏။

ထိုအချိန်တွင် ယွီချင်းသည် အလွန်စိတ်အနှောက်အယှက်ဖြစ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“လက်စားချေဖို့ မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား။ မင်း ငါ့ကို ဖျော်ဖြေဖို့ ဒီ‌ရောက်နေတာလား”

ထန်ရှောင်းယွီ၏ နှလုံးသားသည် အရှက်တရားများဖြင့် ပြည့်နှက်နေ၏။

“မင်းငါ့ကို ပြဿနာရှာရဲမှတော့ တန်ရာတန်ကြေးတောင်းရတော့မှာပေါ့။ မင်းကမိန်းမဖြစ်နေတဲ့အတွက်ကြောင့် ငါမင်းရဲ့ လက်တစ်ဖက်ကိုပဲယူပါ့မယ်”

ဤသို့ပြောကာ၊ ယွီချင်းက ထန်ရှောင်းယွီ၏ လက်ကို ချိုးပစ်ရန် ခြေထောက်ကို မြှောက်လိုက်သည်။

ထိုအခိုက်အတန့်တွင် ထန်တုန်သည် သူ့လူများနှင့် အလျင်အမြန်ရောက်လာ၏။

“နေပါဦး” ထန်တုန်က အဝေးမှ လှမ်းအော်လိုက်သည်။ ယွီချင်းက ခြေထောက်ကို ရပ်လိုက်ကာ၊ ထန်တုန်ကို ကြည့်လိုက်သည်။

“ဘာလဲ၊ ရွှယ်အန်းကမလာဘဲ မင်းက သူ့အစားသေဖို့လာတာလား”

ဤမှတ်ချက်သည် ထန်တုန်နောက်မှလိုက်လာသော သိုင်းဆရာများစွာကိုအလွန် ဒေါသထွက်စေသည်။

“ဒီလောက် မောက်မာနေတဲ့ကောင်က ဘယ်သူလဲကွ၊ ငါ့ ဝက်ဝံလက်သီးသိုင်းရဲ့ အစွမ်းကို ခံစားကြည့်စမ်း” လူကြီးတစ်ယောက်က အော်ဟစ်၍ ရှေ့သို့ ချီတက်လာသည်။

နောက်ထပ်တစ်စက္ကန့်တွင် သူ့ကို ယွီချင်းက ကန်ထုတ်ပစ်လိုက်သည်။

“ဝါး တော်တော်အထင်ကြီးစရာပဲ၊ ကဲ အားလုံးပဲ အတူတူတိုက်ခိုက်ကြမယ်” သိုင်းပညာကျောင်းဆရာများသည် လူစုလူဝေး၏ နိယာမကို ကောင်းစွာနားလည်ကြပုံပေါ်သည်။ ယွီချင်းကို ၎င်းတို့၏ လူအရေအတွက်ဖြင့် လွှမ်းမိုးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဝိုင်းအုံလာကြသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်း၌ပင် ယွီချင်းသည် ၎င်းတို့အားလုံးကို ကန်ထုတ်ပစ်လိုက်၏။

ယွီချင်းက မောက်မာစွာ ပြောလိုက်သည်။

“ရွှယ်အန်းမလာဘူးဆိုရင် ငါ့အဆိုးမဆိုတဲ့။ မင်းသမီးရဲ့လက်ကို ကယ်လို့ရတော့မှာမဟုတ်ဘူး”

ရွှယ်အန်းသည် စကားပြောနေရင်းဖြင့် တစ်ချက် ကန်ထုတ်လိုက်သည်။ သို့သော် ထိုအချိန်တွင် ခပ်ဝေးဝေးမှ ပျင်းရိသောအသံတစ်ခု ပေါ်ထွက်လာ၏။

“မင်းငါ့ကို လိုက်ရှာနေတယ်လို့ကြားတယ် ဟုတ်လား”

ဤအသံက ထန်တုန်၏ အမူအရာကို အနည်းငယ်ပြေလျော့သွားစေသည်။ ထို့အပြင် မလှုပ်ရှားနိုင်တော့ဘဲ မြေပြင်ပေါ်တွင် လဲကျနေသည့် ထန်ရှောင်းယွီ၏ တစ်ကိုယ်လုံးသည်လည်း တုန်ယင်လျက်ရှိသည်။ ယွီချင်းလှမ်းကြည့်လိုက်သောအခါ၊ ကလေးနှစ်ယောက်ကို ချီ၍ ဖြည်းညှင်းစွာ လမ်းလျှောက်လာသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

သူ့ကို မြင်သောအခါ၊ ဟုန့်မင်နှင့် ချင်းရှန်တို့သည် ယွီချင်း၏ နောက်တွင်ရပ်နေကြသည်။

“ဆရာကြီးယွီ၊ ဒါက ခင်ဗျားရဲ့အစ်ကိုကို သတ်ခဲ့တဲ့ ရွှယ်အန်းပဲ”

ယွီချင်းသည် ရွှယ်အန်းကို စိုက်ကြည့်၍ စကားကို တစ်လုံးချင်းပြောလိုက်သည်။

“မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ၊ မင်းက ငါ့ရဲ့ အကြီးတန်းအစ်ကိုကြီးကို သတ်လိုက်တဲ့အတွက်၊ ဒီနေ့ မင်းသေရလိမ့်မယ်”

ရွှယ်အန်းက ယွီချင်းကို ဂရုစိုက်ခြင်းမရှိ၊ ခါးကိုင်း၍ ကလေးမလေးနှစ်ယောက်ကို ပြုံးပြလိုက်သည်။

“သမီးတို့နှစ်ယောက် အန်တီချင်းယွီနဲ့ ကားထဲမှာ သွားဆော့နေချေ၊ ဖေဖေလာခဲ့မယ်”

ကလေးမလေးနှစ်ယောက်ထွက်သွားပြီးနောက် ရွှယ်အန်းကသက်ပြင်းချလိုက်သည်။

“ငါ့အသက်ကို သတ်ရတာလွယ်ပါတယ်။ ဒါပေမယ့် ပထမဆုံး ဒီလက်သီးကို ခံကြည့်လိုက်”

ယွီချင်း၏ မျက်လုံးအိမ်များ ကျုံ့သွားသည်။

ယခင်က ထန်တုန်ကို သူဤကဲ့သို့ပြောခဲ့ဖူးသော်လည်း ဤသည်ကား သူ့အလှည့်ပင်ဖြစ်သည်။

“ကောင်းပြီ၊ ဒါပေမယ့် …”

စကားမဆုံးခင်တွင် ရွှယ်အန်း၏ လက်သီးတစ်ချက် ထွက်ပေါ်လာကာ၊ ယွီချင်း၏ ရင်ဘက်ကို ထိမှန်သွားသည်။ ထို့နောက် ယွီချင်းသည်လည်း လွင့်ထွက်၍ မီတာပေါင်းများစွာအကွာအဝေးမှ ငါးကန်ထဲသို့ ပြုတ်ကျသွားရာ၊ သေသည်၊ ရှင်သည်ပင် မသိကြတော့ပေ။

ဤအရာများအားလုံးသည် မျက်စိတစ်မှိတ်အတွင်းဖြစ်သွားခြင်းဖြစ်၏။

ထို့နောက် ရွှယ်အန်းသည် လက်သီးကို အသာအယာမှုတ်လိုက်သည်။

“မင်းသေတော့မယ့် အချိန်မှာ စကားတွေအများကြီးပြောနေချင်သေးတာလား။ ငါ တစ်နေ့လုံးအားနေတယ်လို့ မင်းထင်နေလား”

အခန်း(၄၈) မင်းက အဲ့တာကို ဓားလို့ခေါ်တာလား

ချင်းရှန်၊ ဟုန့်မင်နှင့် အခြားသူများ၏ မျက်နှာများသည် မူလက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေခဲ့ကြရာမှ ယခု အေးခဲသွားကြသည်။

လက်သီးတစ်ချက်။

‘ရွှယ်အန်းက ယွီချင်းကို လက်သီးတစ်ချက်တည်းနဲ့ အနုငိ်ယူနိုင်ခဲ့တာလား’

ထန်တုန်သည် ပို၍ပင် အံ့သြလျက်ရှိသည်။ ရွှယ်အန်းမှ အနိုင်ယူနိုင်လိမ့်မည်ဟု သူယုံကြည်ထားခဲ့သော်လည်း အနည်းဆုံး၊ ခက်ခက်ခဲခဲ တိုက်ခိုက်ကြပြီးမှ ဖြစ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ဤမျှ လွယ်ကူလိမ့်မည်ဟု သူလုံးဝမမျှော်လင့်ထားခဲ့ပေ။

သို့သော် အတုန်လှုပ်အခြောက်ခြားဆုံးသော သူမှာ ထန်ရှောင်းယွီသာဖြစ်သည်။ သူမသည် ငယ်စဥ်ကတည်းက နိုင်ငံရပ်ခြားတွင် တိုက်ကွမ်ဒိုပညာကိုသင်ကြားခဲ့ရာ၊ တစ်ချိန်က သူမကိုယ်သူမ ကမ္ဘာ့အဆင့်မှီသည်ဟုပင် ယုံကြည်ချက်ပြင်းထန်ခဲ့ဖူးသည်။ ဤတစ်ခေါက်တွင် တရုတ်ပြည်သို့ ပြန်ရောက်သောအခါ၊ သူမနာမည်ရနိုင်မည့် နည်းလမ်းများကိုရှာဖွေရန် စိတ်အားထက်သန်နေခဲ့သည်။ သို့သော် နောက်ဆုံးတွင်မူ ယွီချင်းနှင့် တိုက်ခိုက်သောအခါတွင် သိုင်းကွက်တစ်ကွက်မျှပင် မလုပ်နိုင်ခဲ့ပေ။ ထိုထိုးနှက်ချက်သည် ထန်ရှောင်းယွီအတွက် အလွန်ကြီးမားလွန်းလှသည်။

သို့သော် ရွှယ်အန်းသည် ယွီချင်းကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူနိုင်လိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။ အစကတည်းက ထန်ရှောင်းယွီသည် ရွှယ်အန်းကို အထင်မကြီးခဲ့ပေ။ ယခုမူ ဤအချက်သည် ထန်ရှောင်းယွီ၏ မျက်နှာကို ပြင်းထန်စွာဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်၏။ ရွှယ်အန်းကိုကြည့်သည် ထန်ရှောင်းယွီ၏ မျက်လုံးများသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေ၏။

အထူးသဖြင့် သူမယခင်လုပ်ခဲ့သော အမူအရာများကို တွေးကြည့်သောအခါ၊ ထန်ရှောင်းယွီ၏ မျက်နှာတစ်ခုလုံးပူလောင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထန်တုန်နှင့် အခြားသူများသည် ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်ပြီဟု ထင်နေကြသောအခါတွင် အလွန်ပြင်းထန်၍ အနှိုင်းမဲ့သော ရောင်ဝါတစ်ခု ငါးကန်ထဲမှ ထွက်‌ပေါ်လာ၍ နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

‘ဒါကဘာလဲ’

ထန်ရှောင်းယွီနှင့် အခြားသူများ တုန်လှုပ်သွားကြသည်။ အလွန်ဖရိုဖရဲဖြစ်နေသော ယွီချင်းသည် ငါးကန်ထဲမှ ဖြည်းညှင်းစွာ ထွက်လာပြီးနောက်၊ ရွှယ်အန်းကို သတ်ဖြတ်လိုစိတ်ပြည့်ဝစွာဖြင့်စိုက်ကြည့်လိုက်သည်။

“ငါမင်းကို အမြန်အဆုံးသတ်ပေးမလို့ပဲ၊ ဒါပေမယ့် အခု ငါစိတ်ပြောင်းသွားပြီ၊ မင်းခန္ဓာကိုယ်ကို တစ်ပိုင်းစီဖြတ်ခုတ်ပစ်မယ်” ယွီချင်းက လေးနက်စွာပြောသည်။ ယွီချင်း၏ စကားလုံးများအဆုံးတွင် သူ့ဆီမှ ထွက်ပေါ်လာသော အရှိန်အဝါသည် ပိုမိုပြင်းထန်လာ၏။

“ဒီအတွက် မင်းဂုဏ်ယူသင့်တယ်။ ငါ ဒါကိုသုံးပြီးတိုက်တဲ့လူ အများကြီးမရှိဘူးကွ” ယွီချင်းက သူခါးထဲမှ ဓားရှည်တစ်ချောင်းကို ဖြည်းညှင်းစွာဆွဲထုတ်လိုက်သည်။ ဓားသည် ပျော့ပြောင်း၍ များသောအားဖြင့် ယွီချင်း၏ ခါးတွင် ခါးပတ်တစ်ခုသဖွယ် ရစ်ပတ်ထားသော်လည်း ဆွဲထုတ်လိုက်သောအခါ၊ ၎င်းသည် ဆောင်းဦးရေကဲ့ကြည်လင်သော ဓားတစ်လတ်အဖြစ်ပြောင်းလဲသွားသည်။

ဓားမှ ထွက်ပေါ်နေသော ချီစွမ်းအင်များသည် အလွန်အေးစက်ပြင်းထန်လွန်းလှသဖြင့် ထန်တုန်နှင့် အခြားသူများအားလုံး နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားရသည်။ ဟုန့်မင်နှင့် ချင်းရှန်တို့သည် အလွန် ပျော်ရွှင်လျက်ရှိကြသည်။

“ဆရာယွီက အနှိုင်းမဲ့ပဲကွ၊ သူ့ခွန်အားကို ဘယ်သူမှ ယှဥ်နိုင်မှာမဟုတ်ဘူး”

“ဆရာယွီက တကယ်ကို ကြောက်စရာကောင်းတာပဲ”

ယွီချင်းသည် မာန်မာနအပြည့်ဖြင့် ဓား၏နောက်ကျောဘက်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

“ဒီဓားရဲ့ နာမည်က ချုံးရွှေ့ပဲကွ၊ ဓားအိမ်ထဲက ထွက်လာတာနဲ့ သွေးဆာတယ်။ ရှောင်ယောင်းအဆင့် ကျွ၎်းကျင်သူ သုံးယောက်အပါအဝင်၊ ဆရာအယောက်နှစ်ဆယ်နီးပါးလောက် ဒီဓားအောက်မှာ ဇီဝိန်ချုပ်ခဲ့ကြရတယ်”

“ဒီနေ့ မင်းခေါင်းကိုဖြတ်ဖို့အတွက် ဒီဓားကို ငါသုံးမယ်” ယွီချင်းက စကားကို တစ်လုံးစီပြော၍ ခေတ္တရပ်လိုက်သည်။ ရွှယ်အန်းက မျက်ခုံးကို အနည်းငယ်ပင့်၍ ပြောသည်။

“မင်း အဓိပ္ပါယ်မရှိတာတွေ ပြောလို့ပြီးဦးမှာလား”

ယွီချင်း၏ ဒေါသများကိန်းအောင်းနေသည့် အော်သံနှင့်အတူ သူ့လက်ထဲမှ ဓားသည် ရုတ်တရက် အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းလဲ၍ ရွှယ်အန်းထံသို့ ဦးတည်သွားသည်။

ထိုတစ်ခဏလေးအတွင်း၌၊ ကောင်းကင်နှင့် မြေကြီးအကြားတွင် ဓားတစ်စင်းသာ ကျန်ရှိတော့သည့်နှယ် ယင်းသည် အလွန်လျင်မြန်လှ၏။ ဓားအလင်းဖြတ်သွားရာ ခြံဝန်းတစ်လျှောက်ရှိ မြက်ပင်များနှင့် သစ်ပင်များအားလုံး အပိုင်းပိုင်းပြတ်ကုန်သည်။ သို့သော် ရွှယ်အန်းသည် ဓား၏ အလျင်ကြောင့် ထိတ်လန့်သွားသည့်နှယ် တုပ်တုပ်မျှ မလှုပ်ပေ။

ယွီချင်း၏ နှုတ်ခမ်းထောင့်များကွေးညွတ်သွားကာ၊ ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် သူ၏ လက်သီးကြောင့် နာမည်ကောင်းရထားသော်လည်း သူအကျွမ်းကျင်ဆုံးမှာ ဓားအသုံးပြုခြင်းဖြစ်ကြောင်း လူအနည်းငယ်ကသာ သိရှိထားသည်။ ဤဓားချက်သည် သူ ဤလောကထဲသို့ ပထမဆုံး ဝင်ရောက်ခဲ့စဥ်မှစ၍ အပြင်းထန်ဆုံးသော ဓားချက်တစ်ခုဖြစ်သည်။

ထို့အပြင် ၎င်းသည် တာအို၏ အနှစ်သာရကိုပင် ဝိုးတဝါးပိုင်ဆိုင်ထား၏။ ယွီချင်းသည် ရွှယ်အန်း၏ ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားသည့် မြင်ကွင်းကို မြင်ယောင်နေမိကာ၊ အလွန်စိတ်လှုပ်ရှားစွာဖြင့် သူ့တစ်ကိုယ်လုံး တုန်ယင်လျက်ရှိသည်။

သို့‌သော် နောက်ထပ်သော အခိုက်အတန့်တွင် ထိုစိတ်လှုပ်ရှားမှုများအားလုံး ပျောက်ကွယ်သွားသည်။

ရွှယ်အန်းသည် သူ၏ ဓားကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုတ်လိုက်၏။

မှန်၏။ ခုခံနိုင်ရန် မဖြစ်နိုင်သော ဓားကို လက်တစ်ဖက်တည်းဖြင့် ဆုတ်ကိုင်လိုက်ခြင်းဖြစ်သည်။ ယွီချင်းက အလွန် မယုံကြည်နိုင်စွာဖြင့် တစ်စုံတစ်ခုကို ပြောတော့မည့်ဆဲဆဲတွင် ရွှယ်အန်းက လျစ်လျူရှု့၍ပြောလိုက်သည်။

“မင်းက ဒါကို ဓားလို့ခေါ်နေသေးတာလား”

သူက ဤသို့ပြောကာ၊ လက်ထဲသို့ စွမ်းအင်အနည်းငယ်ထည့်လိုက်သည်။

ဆောင်းဦးရေကဲ့သို့ ကြည်လင်နေသော ဓားသည် ရွှယ်အန်းထံတွင် အကြင်နာကင်းမဲ့စွာဖြင့် အချိုးခံလိုက်ရသည်။ ယွီချင်း၏ မျက်လုံးများ ထွက်ကျလုမတက် ပြူးနေ၏။

‘ဒီကောင်က လူရောဟုတ်သေးရဲ့လား’

ဓားတစ်ချောင်းကို လက်ဗလာဖြင့် တားဆီးခဲ့ရုံမျှမက၊ ဓားကိုလည်း ချိုးချေပစ်ခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ယွီချင်းသည် အကြပ်အတည်းကို ပြင်းထန်စွာခံစားလိုက်မိ၏။ ရှောင်ယောင်းအဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ယွီချင်းသည် အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့၏။ ဤတိုက်ပွဲကို နိုင်နိုင်ချေမရှိတော့ကြောင်း သဘောပေါက်နားလည်သွားသဖြင့် ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ရွှယ်အန်းကမူ ခပ်ပါးပါးပြုံးလိုက်၏။

“မင်းတကယ်ပဲ လွတ်နိုင်မယ်ထင်လို့လား”

ဤသို့ပြောပြီးနောက်၊ ရွှယ်အန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရောင်အဝါများသည် အလွန်လျင်မြန်စွာ မြင့်တက်ပြင်းထန်လာကာ၊ တစ်ခဏချင်းတွင်ပင် ယွီချင်း၏ အပေါ်ကို ဖုံးအုပ်သွားသည်။

ရှောင်ယောင်း

သူသည်လည်း ရှောင်ယောင်းအဆင့်တွင်ရှိသည်။ လူတိုင်းသည် လုံးလုံးလျားလျား ထိတ်လန့်ကုန်ကြ၏။ ယွီချင်းသည် အလွန်ထိတ်လန့်ကာ၊ သူ့ဝိဉာဥ်သည်ပင် ခန္ဓာကိုယ်ကို စွန့်ခွာ၍ ထွက်ပြေးသွားသကဲ့သို့ ခံစားလိုက်ရသည်။

ယမန်နေ့ညက ကမ္ဘာမြေကို ဖြိုခွဲလုနည်းပါး ပြင်းထန်နေသည့် အရှိန်အဝါမှာ သူပင်ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ယွီချင်းသည် နောင်တများစွာဖြင့် ပြည့်နှက်လျက်ရှိသည်။ အကယ်၍ ရွှယ်အန်းသာ အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း သူသိခဲ့ပါက၊ ဤမျှထိ ရူးမိုက်စွာ တိုက်ပွဲဝင်ရန် ဘယ်သောအခါမှ သတ္တိရှိလိမ့်မည်မဟုတ်ပေ။ သို့သော် ယခုမူ နောင်တရရန် နောက်ကျသွားခဲ့ပြီဖြစ်သည်။

ယွီချင်းသည် အပြင်သို့ လျင်မြန်စွာ ပြေးထွက်သွားသည်။

သူ့ရှေ့မှ တံတိုင်းကို ကျော်ပြီးသည်နှင့် ဟုန့်မိသားစု၏ နယ်မြေထဲမှ သူထွက်ခွာ၍ ရခဲ့သည်ကို မြင်လိုက်ရသဖြင့်ယွီချင်း၏ မျက်လုံးများတွင် ပျော်ရွှင်မှု အရိပ်အရောင်များ ပေါ်ပေါက်လာသည်။

သူ ဤနေရာမှ လွတ်မြောက်လာကာ၊ အိမ်သို့ပြန်နိုင်ပါက၊ ဤရွှယ်အန်းကို ရင်ဆိုင်နိုင်မည့် သူ့ဆရာကို တောင်ပေါ်မှ ဆင်းလာရန် အကြောင်းကြားနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် သူ၏ စိတ်ကူးယဥ်အတွေးသည် မကြာမီ၌ပင် ပြိုပျက်သွားရ၏။

ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ကောင်းကင်နဲ့ မြေကြီးကို လှုပ်ခါသွားစေနိုင်မယ့် ငါ့လက်သီးကို မြည်းကြည့်စမ်း”

လေလံပွဲတွင် သူယခင်က အသုံးပြုခဲ့သည့် ဤလက်သီးသည် လျို့ရှု့ကို တစ်ချက်တည်းပွဲချင်းပြီး သေစေနိုင်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် ၎င်း၏ စွမ်းအားသည် ဆယ်ဆကျော် တိုးလာ၏။

ရွှယ်အန်း၏ လက်သီးသည် ကောင်းကင်ဗလာနယ် နေရာသို့ ထိသွားပုံပေါ်သော်လည်း နေရာတစ်ခုလုံး ပြောင်းပြန်မှောက်သွားပုံပေါ်၏။ လူတိုင်းသည် မြေပြင်ပေါ်သို့ လဲကျကုန်ကျလျက်၊ ယွီချင်းသည်မူ၊ လက်သီးကြောင့် အဝေးသို့ လွင့်ထွက်သွားသည်။

အင်္ဂါအစိတ်အပိုင်း၊ အပိုင်းအစများနှင့် ရောနေသော ပါးစပ်အပြည့် သွေးတစ်ဗွက် အန်ထွက်လာသည်။ ဤလက်ချက်သည် ယွီချင်း၏ ကျောရိုးကို ကျိုးကြေသွားစေခဲ့သည်။ ရွှယ်အန်းက လက်သီးကို ပြန်ရုတ်လျက်၊ ယွီချင်းထံသို့ လျှောက်သွားလိုက်သည်။

“ဘာ… ဒါဘာလက်သီးလဲ” ယွီချင်းသည် သွေးချောင်းများ အဆက်မပြတ် ဆိုးနေသော်လည်း မေးမြန်းလိုက်သည်။

“ဒီလက်သီးကို ကောင်းကင်နဲ့ကမ္ဘာကို ရွေ့လျားြခင်း လို့ခေါ်တယ်” ရွှယ်အန်းက ကြေညာလိုက်သည်။

“ကောင်းကင်နဲ့ ကမ္ဘာမြေကို ရွေ့လျားခြင်းသိုင်း … ကောင်းလိုက်တဲ့သိုင်းပဲ၊ ငါရှုံးပြီ”

စကားဆုံးသည်နှင့် ယွီချင်း၏ မျက်လုံးထဲမှ အလင်းရောင်သည် လျင်မြန်စွာ မှိန်ဖျော့သွား၏။

‘ယွီချင်း သေသွားပြီ’

ယွီချင်းသည် ရွှယ်အန်း၏ လက်သီးနှစ်ချက်ကို ရင်ဆိုင်၍ သေဆုံးသွားခဲ့ရသည်။ ရွှယ်အန်းသည် ကြက်သေသေနေသော ဟုန့်မင်နှင့် ချင်းရှန်တို့ကို လှည့်ကြည့်လိုက်သည်။

“ကျုပ်တို့ တကယ်ကံပါပုံပေါ်တယ်” ရွှယ်အန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

ဟုန့်မင်သည် အလွန်ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်တွင် ဒူးထောက် အော်ဟစ်နေသည်။

“ရွှယ်အန်း၊ မဟုတ်ဘူး မဟုတ်ဘူး၊ မစ္စတာရွှယ်၊ ကျုပ်မှားပါတယ်။ ကျုပ် ခင်ဗျားကို မစော်ကားသင့်ဘူး။ ကျေးဇူးပြုပြီး ကျုပ်အသက်ကို ငဲ့ညှာပေးပါ”

တစ်ဖက်တွင် ချင်းရှန်သည်မူ ဖြူလျော့ဖျော့တော့လျက်၊ ရွှယ်အန်းကို အသက်မဲ့နေသော မျက်လုံးများဖြင့် ကြည့်နေသည်။

“ငါရှုံးသွားပြီပဲ၊ ငါ့ကို သတ်မလား၊ လွှတ်ပေးမလား။ မင်းသဘောပဲ”

ရွှယ်အန်းသည် ထိုလူနှစ်ယောက်ကို တစ်ချက်ကြည့်ရုံကြည့်၍ လှည့်ထွက်သွားသည်။ ဤလူမိုက်အနည်းငယ်ကို သတ်ရန် သူစိတ်မဝင်စားပေ၊ ၎င်းတို့ကို ချင်းယွီကိုင်တွယ်ရန် ချန်ထားခဲ့၏။ ပေကျန်းတွင် ဟုန့်မိသားစု ရှိတော့မည်မဟုတ်ပေ။

ထွက်ခွာသွားသော ရွှယ်အန်း၏ နောက်ကျောကို ကြည့်ကာ၊ ထန်ရှောင်းယွီသည် ခံစားချက်များ ရောထွေးစွာဖြင့် မည်သို့လုပ်၍ မည်သို့ကိုင်ရမည်ကို မသိတော့ပေ။ ကနဦး အထင်အမြင်သေးခြင်းမှ နောက်ဆက်တွဲ ထိတ်လန့်ခြင်းအထိ ဤလူသည် ထန်ရှောင်းယွီအတွက် မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးလွန်းလှသည်။ ယခုဆိုလျှင်၊ ထန်ရှောင်းယွီသည် ပို၍ ရက်စက်ကြမ်းတမ်းသော အမှန်တရားကို သဘောပေါက်လာခဲ့သည်။

ရွှယ်အန်းသည် သူမကို အစကတည်းက ဂရုမစိုက်ခဲ့ပေ။ သူမသည် အစပိုင်းတွင် သူ့ကို မည်သို့ပင် အထင်သေး၍ မည်သို့ပင် မထီမဲ့မြင်ပြုခဲ့စေကာမူ သူ့အတွက် လုံးဝအရေးမကြီးခဲ့ပေ။

ဤသဘောပေါက်မှုသည် ထန်ရှောင်းယွီကို သူမသည် ဘာမှမဟုတ်လှကြောင်း နားလည်စေခဲ့သည်။ ဤသည်က ထန်ရှောင်းယွီ မိမိကိုယ်မိမိ အလွန်စိတ်ပျက်စေခဲ့၏။

All Chapters