← Chapters

နည်းနည်းလေး

Vol. 136 Ch. 1899

နည်းနည်းလေး

Vol. 136 Ch. 1899

ရှီမာယူယူသည် သူ စိတ်ဆိုးမည်ကို မကြောက်ဘဲ စိုက်ကြည့်နေသည်။

“ငါ မင်းကို စိတ်မဆိုးဘူးဆိုတာ အဲလောက် သေချာနေတာလား” ဒိကျဲ့ သည် မျက်လုံးပေါင်းများစွာ ကြည့်နေသည့်ကြားမှ သူမလက်ကို ရိုက်ချလိုက် သည်။

“ဟုတ်တယ်လေ” ရှီမာယူယူသည် ယုံကြည်ချက်ရှိရှိ ပြန်ဖြေလေသည်။ သူမသည် လက်အရိုက်ခံလိုက်ရသည်ကို စိတ်မဆိုးဘဲ သူ့ကို လက်ကိုင်ပုဝါကို ကမ်းပေးလိုက်သည်။

ဒိကျဲ့သည် လက်ကိုင်ပုဝါယူပြီးနောက် လတ်လတ်ဆတ်ဆတ် ရထား သော ဒဏ်ရာမှထွက်လာသည့် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက် သည်။

“ငါက အရင်တုန်းက သူ့ကျေးဇူးကို ပြန်မဆပ်ရသေးဘူး အဲနှစ်က ရခဲ့တဲ့ နွေးထွေးမှု သေးသေးလေးကိုတောင် ငါမမေ့ပစ်ချင်ဘူး” ဒိကျဲ့ ရှင်းပြလေ သည်။

“ကျွန်မ သိပါတယ်” ရှီမာယူယူသည် သူ့ခံစားချက်ကို နားလည်သည်။ သူ ယွိခဲ့လော့နှင့် မတွေ့ခင်က သူ့ဘဝမှာ အမှောင်များ၊ မျှော်လင့်ချက်ကင်းမဲ့မှုများ နှင့် အထီးကျန်မှုများပြည့်နှက်ခဲ့သည်။ တတိယအကြီးအကဲဒိသည် သူ၏အဘိုး တစ်ယောက်အနေနှင့် နေထိုင်ရသက်သာအောင် လုပ်ပေးခဲ့သည်။ အကြီးအကဲ ဒိသည် သူ့ကို ကာကွယ်ပေးခဲ့သင့်သည်။ သို့သော် ထိုအခြေအနေများ အောက် တွင် ခက်ခဲလှသည်။

ပြီးနောက် သူသည် အတိတ်မှ အမှောင်နေ့ရက်များကို မေ့မပစ်ချင်ပေ။

“ကျေးဇူးတင်ပါတယ်” သူမ သူ့ကို နားလည်ပြီး သူ့ဘက်မှ ရပ်တည်ပေး သည့်အတွက် ဒိကျဲ့သည် ကျေးဇူးတင်လိုက်သည်။

“ကျွန်မကို ကျေးဇူးတင်ဖို့မလိုပါဘူး.. ဒါပေမဲ့ မောက်ရူကျီက ဘာဖြစ်လို့ လဲ” ရှီမာယူယူ မေးလိုက်သည်။

“မောက်ရူကျီက တစ္ဆေကြင်ယာတော်ရဲ့လူတွေထဲက တစ်ယောက်ပဲ မောက်မျိုးနွယ်ရဲ့ ဒုတိယအဆင့်တပ်မှုးပဲ.. သူက တစ္ဆေကြင်ယာတော်ကို ကူညီ ပေးပြီးတော့ အောက်ပိုင်းက မင်းသားတွေကို ဆက်သွယ်နေတာကိုတွေ့ခဲ့လို့ သတ်လိုက်တာ.. ဒိမျိုးနွယ်ရဲ့ ဘဏ္ဍာရီ‌ရေးက မောက်မျိုးနွယ်ကို မှီခိုနေရတာ လေ” ဒိကျဲ့သည် များများစားစား ရှင်းမပြသော်လည်း ရှီမာယူယူသည် အဖြစ် အပျက်ကို နားလည်သွားသည်။

သူ မောက်ရူကျီကို သတ်လိုက်သည့်အတွက် မောက်မျိုးနွယ်သည် အလွတ်ပေးမည်မဟုတ်ပေ။ သို့သော် သူတို့သည် ဒိကျဲ့ကို ဘာမှမလုပ်နိုင် သဖြင့် ဒိမျိုးနွယ်၏ ဘဏ္ဍာရေးကို တင်းကြပ်ပြီးသာ ဒေါသလျော့ရမည်။

ဒိမျိုးနွယ်သည် ဒိကျဲ့ကို ဒေါသထွက်သော်လည်း ယခုအချိန်တွင် သူသည် အနိုင်ကျင့်ခံရသည့် လူငယ်လေးမဟုတ်တော့ဘဲ လူသတ်နတ်ဘုရားဖြစ်နေ ခြင်းကြောင့် သူ့ကိုမဆွရဲဘဲ သတိထားနေရသည်။ အကြီးအကဲဒိမှလွဲပြီး သူ့နား သို့ မည်သူမှမကပ်ရဲကြပေ။

“အကြီးအကဲဒိက ကောင်းပါတယ်.. သူက တစ်ခါတစ်ခါ ထဖောက်ရုံတင် ပါ သူက သူများစကားကို နားယောင်လွယ်တယ်.. ဒါပေမဲ့ သူက မျိုးနွယ်အတွင်း မှာ ပြောရေးဆိုခွင့်ရှိတယ်လို့ ထင်လို့ ဒီလိုကိစ္စတွေဖြစ်လာတာပါ” ဒိလျူသည် တိုးညင်းသော အသံဖြင့် ပြောလေသည်။

ဒိကျဲ့သည် သူ့ကိုကြည့်လိုက်ရာ သူသည် ချက်ချင်းပင် အေးခဲသွားသည်။ သူ ဘာလို့များ ပြောမိတာပါလိမ့်။

“မောက်မျိုးနွယ်ရဲ့ ဘဏ္ဍာရေးက အဲလောက် ကောင်းတာလား” ရှီမာယူယူ မေးခွန်းထုတ်လိုက်သည်။

“ဟုတ်တယ် သူတို့က အင်ပါယာမြို့တော်မှာ စီးပွားရေးအကြီးဆုံး မျိုးနွယ်ပဲ.. အင်ပါယာမြို့တော်ရဲ့ စီးပွားရေးသုံးပုံတစ်ပုံကို မောက်မျိုးနွယ်က ကိုင်ထားတာ” ဒိကျဲ့ ပြောလိုက်သည်။

ရှီမာယူယူ ရေရွတ်လိုက်သည်။ ဤကဲ့သို့ မျိုးနွယ်၏ ဒုတိယအဆင့် တပ်မှူးကို သတ်ရဲသည့် သူ၏ တဇွတ်ထိုးဆန်မှုကို မည်သူမှမနိုင်ကြပေ။

“အစ်ကိုက မောက်မျိုးနွယ်နဲ့ စာရင်း ရှင်းမလို့လား” သူမ မေးရုံသာ မေးလိုက်သော်လည်း လေသံမှာ ယုံကြည်ချက်အပြည့်ဖြစ်နေသည်။

“ဟုတ်တယ်” ဒိကျဲ့ ဝန်ခံလိုက်သည် “တစ္ဆေကြင်ယာတော်ရဲ့ ဘဏ္ဍာရေး က မောက်မျိုးနွယ်ပေါ် မှီခိုနေတာ.. ငါတို့ တစ္ဆေကြင်ယာတော်ကို မရှင်းခင် မောက်မျိုးနွယ်ကို အရင်ရှင်းရမယ်”

“ကျွန်မတို့က တစ္ဆေကြင်ယာတော်နဲ့ ရှင်းရမယ်ဆိုတော့ တခြားလုပ်နိုင် တာရှိရင်လည်း ပြောပြဦး” ရှီမာယူယူ ပြောလိုက်သည်။

“မပြောဘူး ငါ အဲလောက်မဖော်ရွေဘူး” ဒိကျဲ့ ပြောလိုက်သည်။

“တကယ် ဘာမှမပြောဘူးလား”

“ပြောဖို့လိုသေးလို့လား”

“ဒါဆို ခုနကကိစ္စအတွက် ကျွန်မကို ကျေးဇူးတင်ပါ”

“….”

သူမ အာစောင်းထက်သည်ကို မြင်ပြီးနောက် အားလုံးသည် ခေါင်းငုံ့ပြီး ရယ်ကြလေသည်။ ဒိကျဲ့ ထိုသို့ဖြစ်သွားသည်ကို မည်သူမှမမြင်ဖူးကြပေ။ သူ သူမနှင့် ရှိနေချိန်တွင် ပျော်ရွှင်သည်ကို မြင်နေရသည်။

ဒိလျူပြောသည်မှာ မှန်သည်။ ရှီမာယူယူသည် ဒိကျဲ့၏ စိတ်ထဲတွင် ထူး ခြားသည်။

“မင်းသမီးကို နှုတ်ဆက်ပါတယ်” သူတို့ရောက်လာပြီး ရှီမာယူယူကို နှုတ်ဆက်ကြလေသည်။

“မင်းတို့က ဒိမျိုးနွယ်တပ်ရဲ့ ဉာဏ်ကြီးရှင်တွေမလား ဒိလျူ ငါ့ကိုပြောပါ တယ်” ရှီမာယူယူသည် လက်ကိုမြှောက်လိုက်ရာ အားလုံး ထရပ်လိုက်သည်။

“မင်းသမီး မတွေ့တာကြာပါပြီ” တစ္ဆေသခင်သည် ခြုံထည်ခြုံထားသော် လည်း သူပျော်ရွှင်နေသည်ကို အားလုံးပြောနိုင်ကြသည်။

“တစ္ဆေသခင် မတွေ့တာကြာပြီပဲ နေကောင်းတယ်မလား” ရှီမာယူယူ သည် ပြုံးပြီးပြန်ဖြေလိုက်သည်။

သူမသည် တစ္ဆေသခင်ကို လွမ်းဆွတ်မိသည်။ သူတို့ ပထမဆုံးတွေ့စဉ်က သူမ၏ ခန္ဓာကိုယ်ကို ချုပ်လိုက်သည့်အတွက် သူမ ခန္ဓာကိုယ်တွင်းက တစ္ဆေ မျိုးနွယ်သွေးများ ဆူပွက်လာခြင်းကြောင့် မေ့လဲသွားသဖြင့် ကောင်းမွန်သော တွေ့ဆုံခြင်းတော့မဟုတ်ခဲ့ပေ။ ထိုမေ့မြောခြင်းကြောင့် သူမ၏ အခြေအနေ ပေါ်ပေါက်သွားကာ ရှုဂျင်းနှင့် ဟော်လန်တို့ ပျောက်ဆုံးခြင်းနေရာသို့ သွားရင်း နှင့် နှစ်ပေါင်းများစွာပိတ်မိစေခဲ့သည်။

ဒုတိယအကြိမ် သူတို့ ထာဝရှင်သန်ခြင်းနယ်မြေမှာ တွေ့စဉ်က သူတို့ သည် သေခြင်းရှင်ခြင်းများကို အတူဖြတ်ကျော်ခဲ့သည်။ သူသည် ဒိကျဲ့ကို စိတ်ရင်းအမှန်နှင့် ခစားကာ ဒိကျဲ့သည် သူ့ကိုလက်ခံခဲ့သည်။ သူ့ကိုမြင်ရသည် မှာ မိတ်ဆွေဟောင်းကို တွေ့လိုက်ရသလိုပင်။

“တစ္ဆေသခင် မင်းက ဒီ‌လောက် စောစောပြန်လာတာ.. မောက်ရူဟိုင်ကို သတ်တာမင်းလား” ဒိယိမေးလိုက်သည်။

“ဒါပေါ့ တစ္ဆေသခင်က ဘယ်တုန်းက မအောင်မြင်ဖူးလို့လဲ” ဒိလျူသည် ပြုံးပြီးပြောလေသည်။

“သူ့ကို သတ်ရုံတင်မကဘူး တစ္ဆေကြင်ယာတော်ကို လာကယ်တဲ့သူတွေ ကိုလည်း သတ်လိုက်တယ်” တစ္ဆေသခင် ပြောလိုက်သည်။

“မောက်ရူဟိုင်က မောက်မျိုးနွယ်ကဖြစ်မယ်.. သူက အားကောင်းလား တစ္ဆေသခင်ကိုတောင် တိုက်ခိုက်ရဲတယ်” ရှီမာယူယူ မေးလိုက်သည်။

မောက်ရူဟိုင်နှင့် မောက်ရူကျီတို့သည် နာမည်ဆင်တူနေရာ မျိုးဆက် တစ်ခုတည်းဖြစ်ရမည်။ တစ္ဆေသခင်က ဘာလို့ သူ့ဘာသာလုပ်ခဲ့တာလဲ။

ဒိကျဲ့သည် သူမ၏ အတွေးကိုသိသဖြင့် ရှင်းပြလေသည် “မောက်ရူဟိုင် က မောက်မျိုးနွယ်ရဲ့ တတိယအဆင့်တပ်မှူးပဲ.. သူက မောက်မျိုးနွယ်က ကိစ္စ တွေကို ဂရုမစိုက်တတ်ပေမဲ့ အဲဒီမျိုးဆက်မှာတော့ အသန်မာဆုံးပဲ.. မောက် မျိုးနွယ်ရဲ့ ခေါင်းဆောင်တောင်မှ သူ့ကိုဖမ်းမမိဘူး.. အကုန်လုံး ဘေးကင်း အောင်လို့ ငါ တစ္ဆေသခင်ကို လွှတ်လိုက်တာ”

“မောက်မျိုးနွယ်မှာ မောက်ရူဟိုင်ရဲ့ ရာထူးကမြင့်တဲ့ပုံပဲ” ရှီမာယူယူ သည် မေးစေ့ကိုပွတ်လိုက်သည် “အစ်ကိုက မောက်ရူကျီကိုသတ်ခဲ့ပြီး အခု မောက်ရူဟိုင်ကိုပါ သတ်လိုက်တယ် မောက်မျိုးနွယ်က အစ်ကို့ကို ပြဿနာရှာ မှာမကြောက်ဘူးလား”

“သူတို့ လာရှာမှာကို ငါက စောင့်နေတာ… သူတို့ လှုပ်ရှားတာနဲ့ ငါ့ အတွက်အခွင့်အရေးပဲ” ဒိကျဲ့ ပြောလိုက်သည်။

“တစ္ဆေကြင်ယာတော်က ဒီကိစ္စကို အလွတ်ပေးမှာမဟုတ်ဘူး.. သူမက မောက်ရူဟိုင်ကို ကယ်ဖို့ လက်ရွေးစင်နှစ်ယောက် လွှတ်လိုက်တာကိုပဲကြည့် လေ… အခု အစ်ကိုက သူမနဲ့ တိုက်ခိုက်ရတော့မှာ အနိုင်ရဖို့ ယုံကြည်ချက်ရှိ လား”

“သုံးဆယ်ရာခိုင်နှုန်းလောက်ပေါ့” ဒိကျဲ့ ပြောလိုက်သည် “ငါ့လက်ထဲက တပ်အပါအဝင်ပဲ”

“တစ္ဆေကြင်ယာတော်က အဲလောက် အားကောင်းလား”

“တစ္ဆေမျိုးနွယ်ဝင်တွေက အစကတည်းက သန်မာတယ် သူတို့က တစ္ဆေ ကြင်ယာတော်ရဲ့ အကူအညီကြောင့် အများကြီးတိုးတက်လာကြတယ်… ပြီးတော့ လျှို့ဝှက်မျိုးနွယ်တွေရဲ့ အထောက်အပံ့လည်းပါမယ်လို့ ထင်တယ်” ဒိကျဲ့ ပြောလိုက်သည်။

“လျှို့ဝှက်မျိုးနွယ်ဟုတ်လား” ရှီမာယူယူ အံ့ဩသွားသည်။

လျှို့ဝှက်မျိုးနွယ်များသည် လူသားလောကတွင်သာမက တစ္ဆေလောက တွင်ပါ ရှိသည်။ သို့သော် ထိုလျှို့ဝှက်မျိုးနွယ်များသည် တစ္ဆေကြင်ယာတော်ကို ထောက်ပံ့ပေးနေသည်။

သို့သော် စဉ်းစားကြည့်ရာ သူတို့အားလုံး အကျိုးအမြတ်ရ၍ဖြစ်မည်။

“လျှို့ဝှက်မျိုးနွယ်တွေ ပါလာရင် ပြဿနာပဲ” သူမသည် ဒိကျဲ့အတွက် စိုးရိမ်လာသည်။ သူမသည် လူသားလောကမှ လျှို့ဝှက်မျိုးနွယ်၏ အင်အားကို သိလာခဲ့ရာ တစ္ဆေလောကရှိ လျှို့ဝှက်မျိုးနွယ်မှာလည်း ကွာခြားသွားမည် မဟုတ်ပေ။ သူတို့နှင့် ရင်ဆိုင်ရမည်ဆိုလျှင် ပြဿနာဖြစ်နိုင်သည်။

“အဲအချိန်ကျရင် ငါ မင်းအကူအညီလိုပြီ”

“ကျွန်မလား လျှို့ဝှက်မျိုးနွယ်ကို ကျွန်မတစ်ယောက်တည်း သွားရှင်းခိုင်း တာလား” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။

“မဖြစ်နိုင်တာမရှိဘူး မင်း နည်းနည်းပဲလုပ်ရမှာ…” ဒိကျဲ့သည် ပြောရင်း နှင့် ရှက်ကိုးရှက်ကန်းဖြစ်လာသည်။

All Chapters