အခန်း (၅၂-၅၄)
Vol. 4 Ch. 52-54
အခန်း(၅၂) ဒါပေမယ့်.. ငါသဘောမတူဘူး
“ငါလိုးတဲ့မှ၊ မင်းဘယ်သူလဲကွ” ဝူကျဲ့ဖုန်းသည် အဓိကခုံတွင်ထိုင်လျက်၊ ပြင်းထန်စွာပြောလိုက်သည်။ သူ၏ အစီအစဥ်အောင်မြင်၍ အလှလေးကို သိမ်းပိုက်နိုင်ခါနီးဆဲဆဲတွင် ယောက်ျားတစ်ယောက်ပေါ်လာခြင်းကြောင့် ဝူကျဲ့ဖုန်း၏ နှလုံးသားတွင် အလိုအလျောက်ပင် ဒေါသများဖြင့် ပြည့်နှက်နေ၏။ ရှဲ့ကျင်းကျင်းသည် ဝူကျဲ့ဖုန်း မည်မျှ ခက်ထန်ကြမ်းတမ်းကြောင်းကောင်းစွာသိထားသည်။ သူ့မိသားစုသည် တန်ခိုးအာဏာများစွာရှိရုံသာမက၊ မြို့တွင်းရှိ လူဆိုးဂိုဏ်းကြီးများစွာကိုလည်း သိသည်ဟုဆိုထားသည်။
ရွှယ်အန်းသည်မူ သာမန်လူသာဖြစ်၍ ဝူကျဲ့ဖုန်းကို မည်သို့ တိုက်ခိုက်နိုင်လိမ့်မည်နည်း။ ရှဲ့ကျင်းကျင်းသည် ရွှယ်အန်းကို သူမကြောင့် အန္တရာယ်တွ်ငးထဲသို့ မကျရောက်စေချင်ပေ။ တကယ်တမ်းတွင် သူမကို ကယ်တင်ရန် ရောက်လာခဲ့သဖြင့် ဤအခိုက်အတန့်၌ သူမ၏ နှလုံးသားသည် ဝမ်းနည်းခြင်းများနှင့်အတူ၊ ကျေးဇူးတင်မှုများလည်း ပြည့်နှက်နေ၏။ ၎င်းသည်ပင် လုံလောက်နေပြီဖြစ်၏။ ရှဲ့ကျင်းကျင်းသည် မည်သည့် ကိုမျှ ထပ်မံမတောင်းဆိုချင်တော့ပေ။
သို့သော် သူမ၏ အတွေးအခေါ်သည်မူ အလွန်နုံအလွန်းနေသေး၏။ ဝူကျဲ့ဖုန်းက ကြိမ်ဖန်များစွာ လှောင်ရယ်လိုက်သည်။
“ထွက်သွားချင်တာလား”
ထိုအချိန်တွင် ဝူကျဲ့ဖုန်းနှင့်အတူ အရက်သောက်နေကြသော ကောင်လေးများအားလုံး မတ်တပ်ရပ်ကာ စားပွဲပေါ်မှ ဝိုင်ပုလင်းကို အသီးသီးကိုင်ဆောင်ထားကြသည်။ ထိုမျှသာမက၊ ကလပ်၏ အထူးလုံခြုံရေးအစောင့်များသည်လည်း ဆူပူအုံကြွသံများကြားလိုက်ရသဖြင့် အမြန်ပြေးသွားကြသည်။
“သခင်လေးဝူ၊ ဘာများဖြစ်လို့လဲဗျ” လုံခြုံရေးမှုးက မေးလိုက်သည်။ ဝူကျဲ့ဖုန်းက အေးစက်စွာ ပြန်ဖြေ၏။
“ဒီသားလေးကို ငါတို့သီးသန့်ခန်းထဲကနေ ခေါင်ထုတ်သွားစမ်းပါ၊ ငါ့ကို စိတ်အနှောက်အယှက်ဖြစ်စေတယ်”
“သေစမ်း ဒီကောင်က သခင်လေးဝူကို ရာရာစစ နှောက်ယှက်ရဲတယ်ပေါ့ ဒီကောင့်မှာ မျက်စိမပါဘူးလား” လုံခြုံရေးမှုးက အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက်၊ လုံခြုံရေးအစောင့်များသည် ဝင်ပေါက်ကို ပိတ်ကာ၊ ရွှယ်အန်းကို ဝန်းရံလိုက်ကြသည်။ ဤအခိုက်အတန့်တွင် ဝူကျဲ့ဖုန်းသည် ဆိုဖာပေါ်တွင် ထိုင်လျက်၊ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ပေါ်လာ၏။ အထူးသဖြင့် အားနည်းသူများ၏ မျက်နှာထက်မှ ထိတ်လန့်ကြောက်ရွံ့မှုအမူအရာကို မြင်ရသောအခါ၊ ပို၍ပင် ပီတိဖြာလေ့ရှိသည်။
သို့သော် ဤတစ်ကြိမ်တွင် မှန်းချက်နှင့် နှမ်းတွက်မကိုက်တော့ပေ။ ရွှယ်အန်း၏ မျက်နှာထက်တွင် ကြောက်ရွံ့မှုအရိပ်အယောင်အနည်းငယ်မျှပင် မထင်ဟပ်လာခဲ့ပေ။ သူ့လူများသည် အားနည်းသူများဖြစ်သွားသကဲ့သို့ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်ဖျားတွင် လှောင်ပြုံးတစ်ခု ပေါ်လာ၏။ ဝူကျဲ့ဖုန်း၏ အကြည့်များ ပို၍ အေးစက်လာသည်။
“သူ့ကို မောင်းထုတ်လိုက်စမ်း”
သူ့စကားမဆုံးခင် ရှဲ့ကျင်းကျင်းသည် အမြန်အဆန်ပင် ထွက်ပြေးလာကာ၊ ရွှယ်အန်း၏ရှေ့တွင် ရပ်လိုက်သည်။
“ကျန်းကျဲ့ဖုန်း မင်းက နင် ငါ့ကို လိုချင်တယ်ဟုတ်လား ရော့၊ ငါ့ကိုယ်ငါ နင့်ကို ပေးမယ်။ ဒါပေမယ့် နင်ငါ့အစ်ကိုအန်းကို အလွတ်ပေးရမယ်” ရှဲ့ကျင်းကျင်းက တုန်လှုပ်အသံဖြင့် ပြောလိုက်သည်။ ဝူကျဲ့ဖုန်း၏ မျက်လုံးများတောက်ပလာကာ၊ ရှဲ့ကျင်းကျင်းကို ရွှတ်နောက်နောက် ကြည့်လိုက်၏။
“ဟား အဲ့လိုကောင်အတွက်၊ မင်းတကယ်အကုန်စွန့်လွှတ်လိုက်မှာလား”
ရှဲ့ကျင်းကျင်းက အံကြိတ်လိုက်သည်။
“ဒါနင်စိုးရိမ်စရာမလိုဘူး။ သူဒီကနေဘေးကင်းကင်း ထွက်သွားခွင့်မရရင် ငါသေရင်တောင် နင်ငါ့ခန္ဓာကိုယ်ကို လက်နဲ့ထိလို့ မရစေရဘူး”
အဆုံးတွင် ရှဲ့ကျင်းကျင်း၏ နှလုံးသားသည် ဝမ်းနည်းခြင်းအပြည့်ဖြစ်နေ၏။
‘ကိုကိုအန်း… ညီမလေးတို့ နောက်ဘဝမှာသာ တွေ့ခဲ့ကြရရင် ကောင်းမယ်’
ရှဲ့ကျင်းကျင်းက သူမစိတ်ကိုပြင်ဆင်ထားပြီးဖြစ်သည်။ ရွှယ်အန်းထွက်သွားသည်နှင့် တစ်ပြိုင်နက် သူမကိုယ်သူမ သတ်သေရန် အခွင့်အရေးရှာမည်ဖြစ်သည်။
ထိုအချိန်တွင် ဝူကျဲ့ဖုန်းက ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ၊ ငါမင်းကို ကတိပေးတယ်”
“ဒါပေမယ့် … ငါသဘောမတူဘူး” ခပ်တိုးတိုး အသံတစ်ခု ပေါ်ထွက်လာကာ၊ အခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။ ထို့နောက် လူတိုင်းသည် စကားပြောလာသူကို လှည့်ကြည့်လိုက်သောအခါ၊ ရွှယ်အန်းဖြစ်နေကြောင်း သိလိုက်ရ၏။
ရှဲ့ကျင်းကျင်းသည် စိုးရိမ်တကြီးဖြင့် ငိုကြွေးလျက်၊ ရွှယ်အန်းကို ကြည့်နေသည်။
“ကိုကိုအန်း… ငါ…”
ရွှယ်အန်းသည် ရူးနှမ်းနှမ်းမိန်းကလေး၏ ပခုံးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
“စကားမပြာနဲ့၊ အခုကစပြီး ငါ့ကို စောင့်ကြည့်နေ”
ရှဲ့ကျင်းကျင်းက ဆက်ပြောချင်သော်လည်း သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းလှသည့် ရွှယ်သန်း၏ မျက်လုံးများကို ကြည့်လိုက်၍ မည်သည့်စကားတစ်ခွန်းမျှ ပြောမထွက်ခဲ့ပေ။ ဤအခိုက်အတန့်တွင် ဝူကျဲ့ဖုန်း၏ အမူအရာသည် ပို၍ပင် မှောင်မိုက်လာသည်။
“သားလေး၊ မင်းတော်တော် မာန်တက်နေတာပဲ။ ငါဘယ်သူလဲဆိုတာ မင်းသိလား”
ရွှယ်အန်းက ခေါင်းကို ခါယမ်းလိုက်သည်။
“ငါ မသိဘူး၊ သိလည်းမသိချင်ဘူး”
ထို့နောက် ရွှယ်အန်းက ခေတ္တရပ်၍ အခန်းတွင်းရှိ လူများအားလုံးကို ကြည့်လိုက်သည်။
“မင်းတို့အားလုံး ငါ့ကို လာတိုက်ကြ၊ ငါအလျင်လိုနေတယ်”
ဤစကားများဆုံးသည်နှင့်၊ လူများစွာသည် ကျယ်လောင်စွာဖြင့် အော်ရယ်လိုက်ကြသည်။ ဝူကျဲ့ဖုန်းသည် ရွှယ်အန်းကို အရူးတစ်ယောက်နှယ်ကြည့်နေ၏။
“ချီးပဲ၊ သေရမှာ မကြောက်တဲ့လူ တကယ်ရှိလား။ သူ့ကို သတ်ပစ်ကြစမ်း”
လုံခြုံရေးအစောင့်များနှင့် ဝူကျဲ့ဖုန်း၏ လက်ပါးစေများသည် ရှေ့သို့ပြေးတက်သွားကြသဖြင့်၊ ရှဲ့ကျင်းကျင်းသည်လည်း အလွန်ထိတ်လန့်ကာ မျက်လုံးများကို စုံမှိတ်ထားလိုက်မိသည်။
‘ငါသေရရင်တောင် ကိုကိုအန်းနဲ့ အတူတူရှိနေရရင် တန်ပါတယ်’
သို့သော် သူမထင်ထားခဲ့သည့် နာကျင်မှုသည် ရောက်ရှိမလာခဲ့ပေ။ ထို့အစား ရှဲ့ကျင်းကျင်းက တုံ့ဆိုင်း၍ မျက်လုံးများကို ဖွင့်ကာ သူမတစ်သက်တာလုံး အမှတ်ရနေလောက်မည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ကြောက်ခန်းလိလိ ပြေးတက်လာခဲ့သော လူအုပ်သည် ရွှယ်အန်း၏ အဝတ်အစားများကိုပင် မထိနိုင်ခဲ့ပေ။ ရွှယ်အန်းသည်မူ၊ ရိုးရှင်းစွာဖြင့် လက်သီးတစ်ချက်ထိုးလိုက်၏။
သို့သော် ထို ပေါ့ပေါ့ပါးပါးထိုးလိုက်သည့် လက်သီးသည် အခန်းတစ်ခုလုံးကို ဖြိုချလိုက်နိုင်သည့် လေပွေတစ်ခုကို ဖြစ်ပေါ်လာစေ၏။ ရှေ့ဆုံးမှလူသည် ရွှယ်အန်း၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားကာ၊ နောက်ဆုံးတွင် နံရံကို ထိမှန်၍ မြေပြင်ပေါ်သို့လဲကျကာ၊ သွေးများ ပါးစပ်အပြည့်အန်ထွက်၍ ပြန်မထနိုင်တော့ပေ။
၎င်းနှင့်ပင်မက၊ ထူထဲသော ကွန်ကရစ်နံရံသည် ဤလက်သီးချက်၏ စွမ်းအားကြောင့် အချိန်အနည်းငယ်တုန်ခါ၍ ပြိုကျသွားခဲ့သည်။ ရွှယ်အန်းသည် သူ့နောက်ကျောတွင် လက်နှစ်ဖက်ကို ယှက်၍မတ်တပ်ရပ်နေစဥ်၊ နေရာတိုင်းတွင် ဖုန်မှုန့်များပြည့်နှက်လျက်ရှိသည်။ သို့သော် သူ၏ အမူအရာသည် ထူးမခြားနားပင်ရှိနေဆဲဖြစ်သည်။
မည်သူမျှ စကားမပြောရဲကြတော့ပေ။
ဤသို့ တိတ်ဆိတ်ငြိမ်သက်မှုအောက်တွင် ဝူကျဲ့ဖုန်းသည် အခင်းဖြစ်ပွားရာနေရာကို အံ့သြစွာစိုက်ကြည့်၍ မည်သည့်အရာများဖြစ်ပျက်သွားသည်ကိုပိုင်းခြားရန် ဦးနှောက်ကို အလုပ်ပေးနေရ၏။
လက်သီးတစ်ချက်…။
‘သူလက်သီးတစ်ချက်တည်းနဲ့ ဒီလိုမျိုးအစွမ်းပြနိုင်ခဲ့တာလား။ ဒီကောင်က ဘယ်သူလဲ’
“အခု မင်းအလှည့်ရောက်ပြီ” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
ဝူကျဲ့ဖုန်းသည် ထိတ်လန့်တုန်လှုပ်လျက် အော်ဟစ်နေ၏။
“မင်း.. မင်း အနားကို မလာခဲ့နဲ့၊ ငါက ဝူမိသားစုကပဲ။ မင်းငါ့ကို သတ်လို့မရဘူး”
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“ငါမင်ကို ပြောခဲ့သားပဲ။ မင်းဘယ်သူလဲဆိုတာ ငါစိတ်မဝင်စားဘူးကွ”
ထိုအချိန်တွင် တံခါးအပြင်ဘက်မှ ခြေသံအချို့ပေါ်ထွက်လာ၍ လူတစ်စုဝင်လာသည်။ ခေါင်းဆောင်သည် တင်းမာသော မျက်နှာထားမျိုးဖြင့်၊ တောင့်ခိုင်သော ခန္ဓာကိုယ်ရှိသည်။ ဝူကျဲ့ဖုန်းသည် ဤလူကြီးကို တွေ့သည်နှင့် တစ်ပြိုင်နက်၊ ကယ်တင်ရှင်တွေ့လိုက်ရသည့်နှယ် အလွန် ပျော်ရွှင်သွားသည်။
“သာ့ရှုံး ကျွန်တော့်ကို ကယ်ပါဦး၊ ဒီကောင် ကျွန်တော့်ကို သတ်ချင်နေတာ။ ကျွန်တော်တို့ ကေတီဗီက လူတွေအများကြီးကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်”
မီးပြာရောင်ကေတီဗီ၏ သူဌေးကြီးပင်ဖြစ်သည်။
ဤလူ ထွက်ပေါ်လာမှုသည် ရှဲ့ကျင်းကျင်း၏ နှလုံးသားတစ်ခုလုံးကို လှုပ်ယမ်းလိုက်သကဲ့သို့ဖြစ်စေခဲ့သည်။ ဤသည်မှာ ပေကျန်းမြို့ရှိ နာမည်ကြီး အစ်ကိုကြီးတစ်ဦးဖြစ်သည်။ ထိုအချိန်တွင် ဝူကျဲ့ဖုန်း၏ မျက်နှာအမူအရာသည် စိတ်သက်သာရာရလျက်၊ ရွှယ်အန်းကို ဆိုးယုတ်စွာကြည့်လိုက်သည်။
သူ၏အမြင်တွင် အစ်ကိုရှုံး ရောက်လာသည်နှင့် ဤယောက်ျား၏ ဘဝ အဆုံးသတ်သွားလိမ့်မည်ဟု ထင်နေခဲ့သည်။ သို့သော် အစ်ကိုကြီးသာ့ရှုံးသည် သူ့ကို တစ်ချက်မျှပင် ကြည့်ခြင်းမရှိ၊ သူ့ကို ကျော်၍ တည့်တည့်လျှောက်သွား၏။
ဝူကျဲ့ဖုန်းအံ့အားသင့်သွားပြီးနောက် အစ်ကိုကြီးသာ့ရှုံးသည် ရွှယ်အန်း၏ အနီးသို့ ချဥ်းကပ်လာသည်ကို မြင်လိုက်ရသည်။
“မစ္စတာရွှယ်…၊” အစ်ကိုကြီးသာ့ရှုံးက အရိုအသေပေးလိုက်သည်။
အခန်းတွင်းမှ လူများအားလုံး အံ့သြထိတ်လန့်ကုန်ကြသည်။ ဝူကျဲ့ဖုန်း၏ မျက်လုံးများသည် မျက်လုံးအိမ်ထဲမှ ထွက်ကျလုမတက် ပြူးထွက်နေ၏။ ရွှယ်အန်းက သာ့ရှုံးကို ကြည့်၍ ဘာသိဘာသာပြောလိုက်သည်။
“မင်းငါ့ကို သိတာလား”
သာ့ရှုံးက ခါးသက်သက်ပြုံးလိုက်၏။
“အဲ့နေ့က နဂါးဧကရာဇ်ဟိုတယ်မှာ ကျုပ်က တုဖန်ရဲ့ အဖွဲ့ထဲက တစ်ယောက်ပါ၊ မစ္စတာရွှယ်ကို တွေ့ရတာ ဂုဏ်ယူမိပါတယ်”
“ဒါဆို မင်းက တုဖန်ရဲ့လူပေါ့”
နောက်ထပ်ပေါ်ထွက်လာသော အမည်တစ်ခုသည် ကျောရိုးတစ်လျှောက် အေးစက်သွားစေခဲ့သော်လည်း ရွှယ်အန်း၏ ပါးစပ်မှ ထွက်လာသောအခါ၊ အသေးအဖွဲ့ကဲ့သို့သာဖြစ်လျက်ရှိ၏။
တစ်ချိန်တည်းတွင်ပင် သာ့ရှုံးသည် တစ်ကိုယ်လုံးတုန်ခါနေ၍ ခေါင်းပြန်မမော့ရဲပေ။ နဂါးဧကရာဇ်ဟိုတယ်တွင် ထိုနေ့၌ သူသည် လုခွန်း၏ ကြောက်မက်ဖွယ်အခြေအနေကို မျက်မြင်တွေ့ခဲ့ရသည်။ ဤမစ္စတာရွှယ်ဆိုသူသည် နတ်ဘုရားများ၊ တစ္ဆေများကိုပါ တုန်လှုပ်ခြောက်ခြားစေနိုင်သည့် နာမည်တစ်ခုဖြစ်ကြောင်း သူသိထားရာ၊ နှိုင်းယှဥ်ကြည့်ပါက သူအစ်ကိုကြီးဟု ခေါ်နေသူသည် မည်သည့်အဆင့်မျှမရှိပေ။
ယခု သာ့ရှုံးတွင် ဒေါသများနှင့် ပြည့်နှက်နေ၏။
‘ဒီဝူကျဲ့ဖုန်း သူ့သေတွင်းကို တူးတာအားမရလို့ ငါ့ကိုပါဆွဲချနေတာပဲ”
အခန်း(၅၃) မင်းနောက်ဘဝကျရင် မာန်မတက်နေနဲ့
“ဒါဆို မင်းအခုလာရတဲ့ ရည်ရွှယ်ချက်က ဘာလဲ၊ ငါ့ကို တားဖို့လား”
ရွှယ်အန်း၏ အသံသည် ထူးမခြားနားလှသော်လည်း သာ့ရှုံးသည် ယင်းကို မိုးခြိမ်သံတစ်ခုနှယ် အလွန် ထိပ်လန့်တုန်လှုပ်လျက်၊ ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်သည်။
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကျွန်တော် သေလောက်အောင် ကြောက်နေရင်တောင် အဲ့လို မလုပ်ရဲပါဘူး။ ခင်ဗျားရောက်လာတယ်လို့ ကြားလို့ ခင်ဗျားအမိန့်ကို ခံယူဖို့ အမြန်လာခဲ့တာပါ”
ချော့မော့ဟန်ပါသော ဤစကားလုံးများသည် ရှဲ့ကျင်းကျင်း၏ မျက်လုံးများကို တဖြည်းဖြည်း ပြူးကျယ်လာစေကာ၊ ရွှယ်အန်းကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ သူမ၏ အစ်ကိုအန်းသည် မည်သည့်အချိန်မှစ၍ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလာခဲ့သနည်း။
သာ့ရှုံးကဲ့သို့ ဂိုဏ်းခေါင်းဆောင်မျိုးသည်ပင် သူ့ကို တလေးတစားဖြင့် သတိထား၍ ဆက်ဆံနေရသည်ဖြစ်ရာ၊ ဝူကျဲ့ဖုန်း၏ မျက်နှာသည်မူ ဖြူဖျော့လျက်၊ တစ်ကိုယ်လုံး တုန်ယင်နေ၏။
သူမရှုပ်သင့်သော တစ်စုံတစ်ယောက်ကို နှောက်ယှက်မိခဲ့ပြီဖြစ်ကြောင်း သူနောက်ဆုံးသဘောပေါက် နားလည်သွားခဲ့ပြီဖြစ်သည်။ လွန်ခဲ့သော အခိုက်အတန့်က၊ အခြားတစ်ဖက်မှသူကို ပျော့ညံ့သူဟု အမှန်တကယ် ထင်ထားခဲ့သော်လည်း ယခုအခါတွင်မူ ထိုသူသည် မယုံမကြည်နိုင်ဖွယ်စွမ်းအားကြီးလွန်းလှ၏။
ရွှယ်အန်းမှ သူ့ဘက်သို့ လှည့်ကြည့်လိုက်သောအခါ၊ ဝူကျဲ့ဖုန်း၏ မျက်နှာသည် ကြက်သွန်ဖြူကို ထောင်းထားသကဲ့သို့ မြေပြင်ပေါ်သို့ လဲပြိုကျသွား၏။
“မစ္စတာရွှယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ မစ္စတာရွှယ်၊ ကျွန်တော် စုံလုံးကန်းခဲ့ပါတယ်။ ကျွန်တော့် မတော်လောဘတွေကြောင့် လမ်းလွဲလိုက်ခဲ့မိပါတယ်၊ ခင်ဗျား သူငယ်ချင်းကို ကျွန်တော် မကြံစည်သင့်ပါဘူး။ ခင်ဗျားက လူကောင်းတစ်ယောက်ပါ၊ ဒီတစ်ကြိမ်ပဲ ကျုပ်ကို ချမ်းသာပေးပါ”
စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် ကြောက်ရွံ့ထိတ်လန့်စွာ မြေပြင်ပေါ်တွင် ဒူးထောက်နေသော ရှဲ့ကျင်းကျင်းသည် ဝူကျဲ့ဖုန်းကို ငေးကြည့်လိုက်သည်။ တစ်ချိန်က ဤလူသည် ကျောင်းတွင် အဆင့်အတန်းမြင့်များ၍ ခွန်အားကြီးခဲ့သော်လည်း ယခုအခါတွင် မိသားစုကို ဆုံးရှုံးလိုက်ရသည့် ခွေးတစ်ကောင်နှယ် မြေပြင်ပေါ်တွင် ဒူးထောက်၍ အသက်ချမ်းသာပေးရန် တောင်းဆိုနေခဲ့သည်။
သာ့ရှုံးသည် ရွှယ်အန်းကို တိတ်တဆိတ်ခိုးကြည့်လိုက်သောအခါ၊ သူ၏ လျစ်လျူရှု့သော အမူအရာကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် အနည်းငယ်တင်းမာသွားသည်။ ရွှယ်အန်းသည် ရုတ်တရက်ပေါက်ကွဲ၍ သူပါဒုက္ခရောက်ရလိမ့်မည်ကို စိုးရိမ်လျက်ရှိသည်။
သို့သော် ရွှယ်အန်းသည် သူ့ကို စိတ်ရှုပ်ခံ၍ ထည့်တွက်မထားဘဲ၊ ဝူကျဲ့ဖုန်းဆီသို့ ဖြည်းညှင်းစွာ လိမ်းလျှောက်သွားခဲ့၍ ငုံ့ကြည့်လိုက်သည်။
ဝူကျဲ့ဖုန်း၏ တစ်ကိုယ်လုံး တုန်ခါလျက်၊ သူ့ခြေထောက်များတွင် ပူနွေးမှုကို ခံစားလိုက်ရကာ၊ ဆီးနံ့များထွက်လာသည်။
သူသည် အမှန်တကယ်ပင် ကြောက်လန့်စိတ်ကြောင့် ဆီးထွက်ကျသွားခြင်းဖြစ်သည်။
“တကယ်တော့လေ… ငါမင်းကို မသတ်ချင်ခဲ့ဘူး”
ဝူကျဲ့ဖုန်းကက တိတ်တဆိတ်သက်ပြင်းချကာ၊ လိုက်သော်လည်း သူ့နှလုံးသားတွင် နာကျည်းချက်များ ပြည့်နှက်နေ၏။
‘ငါဒီနေရာက လွတ်တာနဲ့ မင်းကိုရော ရှဲ့ကျင်းကျင်းကိုရော သတ်ပစ်ဖို့ သေချာပေါက်အခွင့်အရေးရမှာ”
မှန်သည်။ သူ့မျက်နှာထက်တွင် ပြင်းထန်သော ထိတ်လန့်မှုမရိပ်အယောင်များ ဖုံးလွှမ်းလျက်ရှိသည်။
သို့သော် နောက်ထပ်တစ်စက္ကန့်၌ပင် သူ့အကြံအစည်များအားလုံး အရာမရောက်တော့ပေ။
“ဒါပေမယ့် ငါ့တောင်းပန်ခြင်းက အကျိုးရှိတယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ သေခြင်းတရားနဲ့ထိုက်တန်တဲ့လူ ဘယ်သူမှ ရှိတော့မှာမဟုတ်ဘူး”
ရွှယ်အန်းက စကားဆုံးသည်နှင့် တစ်ပြိုင်နက်၊ ဝူကျဲ့ဖုန်း၏ ခေါင်းပေါ်သို့ ဖိနင်းချလိုက်သည်။
“နောင်ဘဝကျရင် မာန်အရမ်းမတက်မိဖို့ သတိထားပါ”
ထို့ကြောင့် ရွှယ်အန်းသည် သူ့ခြေထောက်ကို အားအနည်းငယ်ထပ်ထည့်၍ ပြင်းထန်စွာနင်းချေပစ်လိုက်သည်နှင့်တပြိုင်နက်၊ ဝူကျဲ့ဖုန်း၏ ဦးခေါင်းသည် ရွှယ်အန်း၏ ခြေထောက်အောက်တွင် ကြွေမွသွားခဲ့သည်။ ဦးနှောက်အပိုင်းအစများနှင့် သွေးများ နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။
အခန်းတစ်ခုလုံးတွင် သွေးအနံ့အသက်များ ပြည့်နှက်လျက်ရှိကာ၊ လူတိုင်းသည် ဆောင်းရာသီမှ ပုစဥ်းရင်ကွဲများနှယ် တိတ်ဆိတ်စွာ ကြည့်နေကြသည်။ သာ့ရှုံးသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ကြုံတွေ့ခဲ့ရသူတစ်ဦီဖြစ်သော်လည်း သူ့ခန္ဓာကိုယ်မှ အမွေးအမျှင်များအားလုံးထောင်၍ ဦးရေပြားတစ်ခုလုံး တင်းကြပ်သွားသည့်နှယ် ခံစားလိုက်ရသည်။ သာ့ရှုံး၏ နှလုံးသားထဲတွင် ရွှယ်အန်း၏ အန္တရာယ်သည် အဆပေါင်းများစွာ မြင့်တက်လာ၏။
ဤ” နတ်ဘုရားလူသတ်သမား” သာ အနီးအနားတွင်ရှိနေလျှင် သူတတ်နိုင်သမျှ အဝေးသို့ ထွက်ပြေးရန်နှင့် သူနှင့် ထပ်မံ၍ မတွေ့ကြုံစေရန် သာ့ရှုံး၏ စိတ်ထဲတွင် အပြည့်အဝပြင်ဆင်ထားလိုက်၏။
ဤကိစ္စသည်မူ ရှင်းလင်းခဲ့ပြီးဖြစ်သည်။ ရွှယ်အန်း၏ အမူအရာသည် အလွန်ငြိမ်သက်လျှက်၊ သတိမေ့မျောနေသော ရှဲ့ကျင်းကျင်းကို သူနှင့် အတူ ဆွဲထုတ်၍ သာ့ရှုံးကို ပြောလိုက်သည်။
“ကျုပ်ပြန်တော့မယ်။ ကျန်တာကတော့ ခင်ဗျားအပေါ်ပဲမူတည်ပါတယ်”
သာ့ရှုံးက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
“စိတ်ချပါ မစ္စတာရွှယ်၊ ကျွန်တော် အကုန်လုံးကို ကိုင်တွယ်လိုက်ပါ့မယ်”
ရွှယ်အန်း ထွက်ခွာသွားပြီးနောက်၊ သာ့ရှံးသည် မိမိတစ်ကိုယ်လုံးရှိ စိုရွှဲနေသော ချွေးများကို သတိထားမိလိုက်ကာ၊ သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဝက်ဝံကြီး၊ ဒီအလောင်းကို ကျုပ်တို့ ဘာလုပ်ရမလဲ” တစ်စုံတစ်ယောက်က ခပ်တိုးတိုးမေးသည်။
သာ့ရှုံးက သူ့ကို အပြင်းအထန်စိုက်ကြည့်၍ သြရှသော အသံဖြင့် အော်လိုက်သည်။
“ဘာလုပ်ရမလဲဟုတ်လား၊ ထုံးစံအတိုင်း ထုပ်ပိုးဖို့ အိတ်တစ်လုံးရှာပြီး ဝူမိသားစုဆီ ပြန်ပို့လိုက်ပါ”
“ဒါပေမယ့် ဝူမိသားစုက မေးလာရင်…”
“ဒါဆို မင်းက ဝူကျဲ့ဖုန်းကို သတ်တဲ့လူက အစ်ကိုဖန်းတောင် ရန်မစရဲတဲ့ ပုဂ္ဂိုလ်ကြီးလို့ ပြောလိုက်၊ လက်စားချေချင်ရင် သူတို့ဘာသာ ချေပါစေ ငါ့နဲ့ မပတ်သက်စေနဲ့”
“ဟုတ်ကဲ့”
သာ့ရှုံးသည် မြေပြင်ပေါ်၌ လဲလျောင်းနေသော ဝူကျဲ့ဖုန်း၏ အလောင်းပေါ်သို့ တံတွေးထွေးလိုက်သည်။
“မင်း ဘယ်သူနဲ့ရင်ဆိုင်နေရမှန်းမသိဘဲနဲ့ ဘဝင်လေဟိုက်နေတာဆိုတော့ သေတာနဲ့ပဲတန်ပါတယ်”
မီးပြာရောင်ကေတီဗီမှ ထွက်လာပြီးနောက်၊ စူးရှအေးစက်သော လေထုကြောင့် ရှဲ့ကျင်းကျင်း သတိပြန်ဝင်လာသည်။ သူမသည် ရွှယ်အန်းကို ကြောက်ရွံ့မှုများ၊ နည်းမလည်မှုများနှင့် ရောထွေးနေသည့် အကြည့်များဖြင့် ကြည့်၍ သူမ၏ ခံစားချက်များသည် ရှုပ်ထွေးလျက်ရှိ၏။ သူမ ဝူကျဲ့ဖုန်းကို မုန်းသည်။ သို့သော် ရွှယ်အန်းသည် လူတစ်ယောက်ကို လူမြင်ကွင်းတွင် သတ်ဖြတ်ဝံ့လိမ့်မည်ဟု သူမ မည်သည့်အခါကမျှ မတွေးခဲ့ဖူးပေ။
နောက်ဆုံးတွင်မူ ဤသည်ကား အသက်တစ်ခုပင်ဖြစ်သည်။
“ကြောက်နေတာလား” ရွှယ်အန်းက ရုတ်တရက် မေးလိုက်သည်။ ရှဲ့ကျင်းကျင်းသည်မူ၊ နှုတ်ဆိတ်နေ၏။
“အဲ့သီးသန့်ခန်းထဲမှာ လျှို့ဝှက်ကင်မရာတွေအများကြီးရှိတယ်။ တကယ်လို့ ကိုကိုသာမလာခဲ့ရင် ညီမလေးအကျိုးဆက်တွေကို တွေးကြည့်လို့ရပါတယ်” ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ ပြောလိုက်သည်။
ရှဲ့ကျင်းကျင်းသည် အွန်လိုင်းပေါ်တွင် သူမမြင်ခဲ့ဖူးသည့် လျှို့ဝှက်စွာ မှတ်တမ်းတင်ရိုက်ကူးထားသော ဗီဒီယိုများကို သတိရမိ၍ နှလုံးသားတစ်ခုလုံးတင်းကြပ်လာသကဲ့သို့ ခံစားလိုက်ရသည်။
ရွှယ်အန်းက ကောင်းကင်ယံထက်သို့ မော့ကြည့်၍ ပြောလိုက်သည်။
“သွားကြရအောင်၊ ကိုကို ညီမလေးကို အိမ်ပြန်ပို့ပေးမယ်”
အိမ်အပြန်လမ်းတွင် ရှဲ့ကျင်းကျင်း တိတ်ဆိတ်နေသည်။ သူမအိမ်တံခါးဝသို့ရောက်သောအခါ၊ ရှဲ့ကျင်းကျင်းက ရုတ်တရက်၊ ရွှယ်အန်းကို အနောက်ဘက်မှ ပွေ့ဖက်လိုက်သည်။
“ကိုကိုအန်း… ညီမလေး တောင်းပန်ပါတယ်”
ရွှယ်အန်း၏ အမူအရာသည် အေးစက်သော ညတွင် ဖုံးကွယ်လျက်ရှိရာမှ၊ ခဏအကြာတွင် အနည်းငယ်ပြုံးလိုက်သည်။
“ကောင်းပါပြီ၊ အခုပြီးသွားပြီလေ။ သွားအိပ်ချေတော့။ မနက်ဖြန်ကျရင် ကျောင်းသားကောင်းတစ်ယောက်ဖြစ်ပါစေ”
ထိုအချိန်တွင် ရွှယ်အန်၏ ခန္ဓာကိုယ်ထက်မှ ကိုယ်သင်းနံ့သည် သူမ၏နှလုံးသားကို တဖြည်းဖြည်း ပူပြင်းလာစေကာ၊ နှလုံးသားတစ်ခုလုံး တဆတ်ဆတ်ခုန်နေ၏။
“အစ်ကိုအန်း… ညီမလေး တကယ်ကြီးလာပြီသိလား” ရှဲ့ကျင်းကျင်းက နူးညံ့သိမ်မွေ့စွာပြောလိုက်သည်။ ရွှယ်အန်းသည် ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက်၊ ရှဲ့ကျင်းကျင်း၏ ဆံပင်များကို ဖွလိုက်သည်။
“ညီမလေး ဘယ်လောက်ပဲကြီးကြီး ကိုကို့မျက်လုံးထဲမှာ မင်းက ကလေးလေးပဲရှိသေးတယ်” မစ္စတာရှဲ့နှင့် အန်တီဖန်တို့သည် ဤအိမ်ထဲတွင် တစ်ချိန်လုံး စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့ကြသည်။ ရွှယ်အန်းသည် ရှဲ့ကျင်းကျင်းကို ပြန်ခေါ်လာနိုင်ခဲ့သဖြင့် မစ္စတာရှဲ့က သူ့သမီးကို ထခုန်၍ ပထမဆုံးအကြိမ်ပွေ့ဖက်လိုက်သည်။ သူ၏ မျက်နှာထက်တွင် မျက်ရည်များ စီးကျလာ၏။ ဤသူသည် မည်မျှပင် ဟန်ဆောင်ထားနေစေကာမူ၊ ရှဲ့ကျင်းကျင်းကို နှလုံးသားထဲတွင် အမြတ်နိုးဆုံးဖြစ်သည်။
ရှဲ့ကျင်းကျင်း၏ ရင်တွင်း၌ အနည်းငယ် တိတ်ဆိတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ရွှယ်အန်း၏ စကားများ၏ အဓိပ္ပါယ်ကို သူမ နားလည်သော်လည်း ယနေ့ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်များအားလုံးကို မှတ်မိနေလိမ့်မည်ဖြစ်သည်။ ရွှယ်အန်း၏ “ကိုကို ညီမလေးကို အိမ်ပြန်ပို့ပေးမယ်” ဟူသော စကားလုံးများသည် သူမအတွက် ကမ္ဘာမြေကြီး ကွဲအက်သွားလုနီးပါးဖြစ်လျက်ရှိသည်။ ဤအရာများသည် ရှဲ့ကျင်းကျင်းမှ တစ်သက်တာလုံး မေ့နိုင်တော့မည်မဟုတ်သည့် အရာများဖြစ်၏။
‘ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ လူတစ်ယောက်ကို ချစ်တာ ရာဇဝတ်မှုလားး
ရှဲ့ကျင်းကျင်း၏ ခေါင်းမာသော သဘောသဘာဝသည် ထပ်မံပေါ်ထွက်လာပြန်သည်။ ဤအခိုက်အတန့်တွင် အန်တီဖန်သည် ရွှယ်အန်း၏ လက်ကို ဆွဲယူ၍ မျက်ရည်လဲ့နေသည့် မျက်လုံးများဖြင့် ကြည့်ကာ၊
“ရှောင်အန်း၊ အန်တီနဲ့ မင်းရဲ့ ဦးလေးရှဲ့တို့ မင်းကို ဘယ်လို ကျေးဇူးဆပ်နိုင်ပါတော့မလဲ”
“အန်တီဖန်၊ ဦးလေးရှဲ့၊ ကျင်းကျင်းက ကျွန်တော့် ညီမလေးလိုပါပဲ။ ဒါက ကျွန်တော်လုပ်ကို လုပ်ရမှာပါ။ ကျေးဇူးတင်စရာမလိုပါဘူး”
အန်တီဖန်က မျက်ရည်များကို သုတ်လိုက်သည်။
“အိုး မင်း ညစာမစားရသေးဘူးလား။ စားပြီးပြီလား။ အဘိုးကြီးရှဲ့ မိန်းမလိုငိုနေတာ ရပ်ပြီး ထမင်းချက်လိုက်”
အဘိုးကြီးရှဲ့က မျက်ရည်များကို သုတ်လိုက်၍ မီးဖိုခန်းထဲသို့ ဝင်သွား၏။
“ကောင်းပြီ”
ရွှယ်အန်းက ငြင်းချင်သော်လည်း မစ္စတာရှဲ့နှင့် အန်တီဖန်တို့၏ မျက်နှာထက်မှ ပျော်ရွှင်မှုကို မြင်လိုက်ရသဖြင့် အခြားမည်သည့်စကားမျှ ပြန်မပြောနိုင်ခဲ့ပေ။ အစားအသောက်ကို အလျင်အမြန်ပြင်ဆင်လိုက်ခြင်းဖြစ်သော်လည်း အလွန်စားကောင်းလှသည်။ မစ္စတာရှဲ့သည် သူ၏ နှစ်ချို့ဝိုင် နောက်ဆုံးတစ်ပုလင်းကို ထုတ်ကာ၊ ရွှယ်အန်း၏ ဖန်ခွက်ထဲသို့ အပြည့် လောင်းထည့်ပေးလိုက်သည်။
ရွှယ်အန်းသည် ဤအရာမှာ လူကြီးနှစ်ယောက်၏ အရိုးရှင်းဆုံးသော ကျေးဇူးကို ဖော်ပြနည်းဖြစ်သဖြင့် ပြုံး၍ တစ်ကျိုက်တည်းသောက်လိုက်သည်။ ရှဲံကျင်းကျင်းသည်မူ ဘေးမှ ကြည့်နေ၏။ ယခုအချိန်တွင် ရွှယ်အန်း၌ နူးညံ့မှုနှင့် သန့်စင်မှုတို့၏ လက္ခဏာများဖြင့် ပြည့်နေသည်။
ထိုမတိုင်မီကမူ၊ သူသည် ငရဲပြည်မှလာသော အံ့ဖွယ်သားသတ်သမားတစ်ယောက်နှင့် တူ၏။
မည်သည်က သူအစစ်အမှန်ဖြစ်သနည်း။
အခန်း(၅၄) တောင်များကို ဖယ်ရှားခြင်း
အဘိုးကြီးရှဲ့တစ်ယောက် အရက်မူးနေပြီဖြစ်သော်လည်း ရွှယ်အန်းသည် သောက်လေ သောက်လေ ပို၍ သတိရှိလာလေဖြစ်နေသည်။ တကယ်တမ်းတွင် သူဆန္ဒရှိကာပါက အရက်ချက်ရုံကြီးတစ်ခုလုံး ခြောက်ကပ်သွားသည်တိုင် မမူးဘဲ သောက်နိုင်၏။ ရွှယ်အန်းထွက်သွားသောအခါ၊ ရှဲ့ကျင်းကျင်းက သူ့နောက်သို့ လိုက်လာခဲ့၏။
“ပြန်သွားတော့”
အောက်သို့ မျက်လွှာချထားသော ရှဲ့ကျင်းကျင်းသည် ရုတ်တရက် ခေါင်းမော့လာသည်။
“ကျေးဇူးပါ”
ရွှယ်အန်းက ခေတ္တခဏ ရပ်တန့်သွားပြီးနောက်မှ ပြုံးလိုက်သည်။
“ဘာအတွက် ကျေးဇူးတင်နေတာလဲ။ မြန်မြန်အိပ်တော့။ မနက်ဖြန် ကျောင်းတက်ရဦးမှာ”
“ညီမလေး အရှုံးမပေးဘူး” ရှဲ့ကျင်းကျင်းက အသက်ပြင်းပြင်းရှု၍ လေးနက်စွာ ပြောသည်။
ဤအနည်းငယ်နားလည်ရခက်သော ကြေညာချက်ကို ပြောပြီးနောက် ရှဲ့ကျင်းကျင်းသည် နောက်ပြန်လှည့်၍ ပြေးသွား၏။ ရွှယ်အန်းသည်မူ ထိုနေရာတွင် ရပ်နေဆဲဖြစ်ကာ၊ သူ့အမူအရာသည် ညအမှောင်အောက်တွင် ရှုပ်ထွေးနေ၏။ အမှန်စင်စစ်ပင်၊ အင်မော်တယ်အရှင်သည် ထိုသို့သော ကိစ္စရပ်များတွင် စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ပေ။ သို့သော် သူ၏ နှလုံးသားနယ်မြေသည် ကျောက်တုံးတစ်ခုကဲ့သို့ တည်ငြိမ်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် သက်ပြင်းဖျော့ဖျာ့ တစ်ချက်ချ၍ ညအမှောင်ထဲ၌ ပျောက်ကွယ်သွားခဲံသည်။ သို့သော် ဤညသည် အချို့သူများအတွက်မူ၊ အေးချမ်းသာယာဖွယ်မကောင်းနေခဲ့ပေ။
ဝူကျဲ့ဖုန်း၏ အလောင်းကို ဝူမိသားစုသို့ ပြန်ပို့ပြီးနောက်၊ ဖခင်ဖြစ်သူ ဝူဝေ့တုန်သည် ခဏချင်း နှစ်ပေါင်းများစွာ အသက်ကြီးသွားသကဲ့သို့ ဒေါသအိုးပေါက်ကွဲသွားခဲ့သည်။
“ဘယ်သူလဲ၊ ဒါကို ဘယ်သူလုပ်တာလဲ။ ငါသူ့ကို သတ်မယ်။ ငါ့သားအတွက်လက်စားချေမယ်”
သာ့ရှုံး၏ သစ္စာခံနောက်လိုက်တစ်ဦးဖြစ်သည့် အလောင်းကို ပြန်ယူဆောင်ပေးလာသူသည် ဝူဝေ့တုန်၏ စကားကို ကြားသောအခါ အေးစက်စွာ ရယ်မောရုံသာ တတ်နိုင်ခဲ့သည်။
“ဆရာကြီးဝူ၊ ကျုပ်တို့ အစ်ကိုရှုံးက ခင်ဗျားတို့ကို စကားတစ်ခွန်းပြောဖို့ မှာလိုက်တယ်”
“ဘာသတင်းစကားလဲ”
“ခင်ဗျားသားရဲ့ သေဆုံးမှုက မမှားဘူး။ သူမစော်ကားသင့်တဲ့လူကို စော်ကားလိုက်မိတဲ့အတွက်ကြောင့် သေသွားရတာပဲ”
“ဘာကို ဆိုလိုတာလဲ။ ငါ့သားသေတာ ဘာမှမဖြစ်ဘူးလို့ မင်းပြောနေတာလား” ဝူဝေ့တုန်က ဒေါသအပြည့်ဖြင့် ပေါက်ကွဲလျက်ရှိသည်။
“ဘာမှဖြစ်ဖြစ်မဖြစ်ဖြစ်၊ ကျုပ်တို့နဲ့မဆိုင်ပါဘူး။ ဒါပေမယ့်၊ သတ်ခဲ့တဲ့လူက အစ်ကိုဖန်တောင် မကိုင်တွယ်နိုင်တဲ့လူတစ်ယောက်ပဲ။ ခင်ဗျား ရွေးချယ်မှုကို ဂရုတစိုက်လုပ်ရင် ပိုကောင်းလိမ့်မယ်”
စကားဆုံးသည်နှင့် ထိုသူကထွက်သွားသည်။ ဝူဝေ့တုန်၏ ပူလောင်စွာ တောက်လောင်နေသော ဒေါသမီးသည် ရေခဲရေနှင့် ဖြန်းပက်ခံလိုက်ရသကဲ့သို့ ငြိမ်းသွားသည်။
‘အစ်ကိုဖန်တောင် မကိုင်တွယ်နိုင်တဲ့လူ’
‘သူဘယ်သူဖြစ်နိုင်မလဲ’
‘ချင်းမိသားစုကများလား’
ဝူဝေ့တုန်သည် သူ့သားလုပ်ခဲ့သော လုပ်ရပ်များကို ကောင်းစွာသိထားသဖြင့် သူ၏ သေဆုံးမှုသည် တရားမျှတသည်ဟု ယုံကြည်သော်လည်း နောက်ဆုံးတွင်မူ၊ ၎င်းသည် သူ၏ အသွေးအသားပင်ဖြစ်သောကြောင့် လက်စားချေလိုသည်မှာလည်း သဘာဝပင်ဖြစ်သည်။ သို့သော် အကယ်၍ တစ်ဖက်သူမှာ တုဖန်ပင် မကိုင်တွယ်ဝံ့သော သူတစ်ဦးဖြစ်နေခဲ့ပါက၊ သူသေချာစဥ်းစားရန်လိုအပ်သည်။
ထိုအချိန်တွင် ဝူကျဲ့ဖုန်း၏ မိခင်သည် သတင်းကြား၍ အပြေးအလွှားရောက်ရှိလာခဲ့သည်။ သားဖြစ်သူ၏ အလောင်းကို ငေးကြည့်လျက်၊ ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးပြီးနောက်၊ သုံးပေအမြင့်သို့ ခုန်တက်ကာ၊ ညှိုးနွမ်းသော မျက်နှာဖြင့် ကြုံးဝါးလိုက်သည်။
“ဒါဘယ်သူလုပ်တာလဲ။ ငါသူ့ကို အပိုင်းပိုင်းဖြတ်ပြီး ပြာဖြစ်အောင် လောင်မြိုက်ပစ်မယ်”
ဝူဝေ့တုန်၏ မျက်နှာသည် ပြာနှမ်းသွားကာ၊ သူမ၏ မျက်နှာတစ်ပြင်လုံးကို ဖြတ်ရိုက်လိုက်သည်။
“ရှင်…ရှင် ကျွန်မကို ရိုက်ရဲတယ်ပေါ့” အသားပြည့်နေသည့် အမျိုးသမီးကြီးသည် သူမမျက်နှာသူမကိုင်၍ ဝူဝေ့တုန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
ဝူဝေ့တုန်က လှောင်ရယ်လိုက်သည်။
“မှန်တယ်၊ ငါ မင်းကို ရိုက်လိုက်တယ်။ ကျဲ့ဖုန်းက ဒီလိုမျိုး အဆုံးသတ်သွားတာမင်းကြောင့်ပဲ။ လက်စားချေမယ်ဟုတ်လား။ သွား.. ကြိုးစားကြည့်လေ”
အမျိုးသမီးသည် ချက်ချင်းပင် အံ့သြသွားရ၏။ ပုံမှန်အားဖြင့် သူမသည် သာမန်လူများကို အနိုင်ကျင့်လေ့ရှိသော်လည်း ဝူဝေ့တုန်၏ အမူအရာသည် ၎င်းတို့ သွားရောက်ကိုင်တွယ်ရန် မဖြစ်နိုင်သော အရာတစ်ခုနှင့် သက်ဆိုင်နေဖွယ်ရှိကြောင်း ရှင်းလင်းစွာ ဖော်ပြနေ၏။
သူမ ခေါင်းငုံ့၍ တိတ်တဆိတ်နေရန်သာတတ်နိုင်တော့သည်။
ဝူဝေ့တုန်သည် ခေတ္တရပ်သွားပြီးမှ ဆက်ပြောသည်။
“ဈာပနကို အရင်စီစဥ်ပါ။ လက်စားချေတဲ့ကိစ္စနဲ့ပတ်သက်ပြီး နောက်မှ ဆက်ပြောကြတာပေါ့”
နောက်ဆုံးတွင်မူ၊ သားတစ်ယောက် ထပ်မွေးနိုင်ကြသေး၏။ သို့သော် ဤအဖြစ်အပျက်ကြောင့် မိသားစုတစ်ခုလုံး နိဂုံးချုပ်သွားခဲ့လျှင်မူ၊ အရာအားလုံး အဆုံးသတ်သွားလိမ့်မည်ဖြစ်သည်။
ရွှယ်အန်းသည် ဗီလာသို့ ပြန်လာခဲ့ရာ၊ ယခုမူ ညဥ့်နက်သန်းခေါင်ယံသို့ပင် ရောက်ရှိနေပြီဖြစ်သည်။ ဧည့်ခန်းထဲတွင် မီးများပွင့်နေသေး၏။ ထန်ရွှမ်အာသည် အိပ်ရာမဝင်သေးဘဲ၊ ဆိုဖာပေါ်တွင် ထိုင်၍ ရွှယ်အန်းကို စောင့်ဆိုင်းလျက်ရှိသည်။ ရွှယ်အန်း မြန်လာသည်ကို မြင်သောအခါ၊ သူမက ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။
“စားပြီးပြီလား”
“ကလေးတွေ အိပ်သွားကြပြီလား”
“ခုလေးတင်အိပ်သွားတာ”
“ဟင် ဒါဆို နင်လည်း အိပ်သင့်ပြီမလား”
ထန်ရွှမ်အာက တုပ်တုပ်မျှမလှုပ်ပေ။
“တစ်ခုခုလိုအပ်လို့လား” ရွှယ်အန်းက မေး၏။
“အင်း.. ငါတို့ဆေးရုံက မနက်ဖြန်ကျရင် ခရီးတစ်ခု စီစဥ်ပေးထားတယ်။ ငါရှန်းရှန်းနဲ့ နျန်နျန်တို့ကို ခေါ်သွားပေးမယ်လို့ ကတိပေးထားတယ်။ နင်…နင်လိုက်ဦးမလား”
ရွှယ်အန်းသည် မူလက မသွားချင်ခဲ့သော်လည်း ထန်ရွှမ်အာ၏ မျက်နှာပေါ်မှ မျှော်လင့်ချက်များကို မြင်လိုက်ရသောအခါ၊ သူ ပြုံးရုံသာ ပြုံးနိုင်တော့သည်။
“ဒါပေါ့၊ ငါ့မှာ အခြားဘာကိစ္စမှ လုပ်စရာမရှိဘူး။ ဒါ့ကြောင့် ကလေးမလေးနှစ်ယောက်ကို အပန်းဖြေခရီးပို့ပေးတယ်လို့ပဲ ဆိုကြပါစို့”
ထန်ရွှမ်အာသည် အလွန် ပျော်ရွှင်လျက်၊ စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက်၊ အိပ်ရန် သူမအခန်းထဲသို့ ဝင်သွား၏။ ရွှယ်အန်းသည် ဧည့်ခန်းဆိုဖာပေါ်တွင် ထိုင်၍ အဝေးမှ ယွင်မင်ကန်ကို ပြတင်းပေါက်မှတစ်ဆင့် ငေးကြည့်နေသည်။ ညသည် မှင်ကဲ့သို့ မှောင်နေသော်လည်း ရွှယ်အန်းအတွက်မူ၊ နေ့တစ်နေ့အလား၊ ကြည်လင်နေ၏။ နွေဦးပေါက်နေပြီဖြစ်သော်လည်း ရာသီဥတုသည် အလွန်အေးစိမ့်လျက်ရှိနေသည်။ သို့ထိတိုင်၊ ယွင်မင်ရေကန်သည်မူ၊ အေးခဲမည့်အရိပ်အရောင် အနည်းငယ်မျှပင် မပြသေးပေ။ ယင်းမှာ ဤဧရိယာ၏ ထူးခြားသော ဖုန်းရွှေကြောင့်ဖြစ်ကြောင်းသူသိသည်။
ယွင်မင်ရေကန်သည် သဘာဝအလျောက်ဖြစ်တည်လာသော ကြီးကျယ်ခမ်းနားသည့် ဖွဲ့စည်းမှုတစ်ခုနှင့် တူကာ၊ နံပါတ်တစ်ရှန်ဗီလာတည်ရှိရာ တောင်ကုန်းငယ်လေးသည်လည်း အလွန် ခမ်းနားလှသည်။ သို့သော် ဤနေရာရှိ ဖုန်းရွှေမှာ ကောင်းမွန်လှသော်လည်း ရွှယ်အန်း၏ မျက်လုံးများတွင် ၎င်းသည် ချို့ယွင်းချက်များရှိနေသေးသည်။
ဥပမာအားဖြင့် ဤတောင်ကုန်းငယ်၏ အသွင်အပြင်သည် ယွင်မင် ရေကန်၏ အရိပ်အာဝါကြောင့် အလွန်သိသာထင်ရှားနေသည်။
ဤအိမ်ကြီးအား စီစဥ်ပေးခဲ့သူသည် ဤအရာကို သတိပြုမိ၍ လျော်ကြေးပေးရန် အတတ်နိုင်ဆုံးကြိုးစားခဲ့လောက်သော်လည်း ၎င်းတို့သည်အသေးအဖွဲအာထုတ်မှုများသာဖြစ်သည်။ နောက်ဆုံးတွင်မူ၊ ဤတောင်တစ်လုံးလုံးသည် မည်သည့်နေရာမှ ပေါ်ပေါက်လာရန် မဖြစ်နိုင်ပေ။
သို့သော် အခြားသူများမလုပ်နိုင်သောအရာသည် ရွှယ်အန်းမလုပ်နိုင်ဟု မဆိုလိုပေ။ ရွှယ်အန်းသည် ဗီလာထဲမှ ထပ်လာကာ၊ တောင်ထိပ်တွင် ရပ်လိုက်သည်။
လေပြင်းသည် သူ၏ အင်္ကျီလက်များကို တဖျပ်ဖျပ်ခတ်သွားပြီးနောက်၊ နွေဦးမိုးနှင့် နီးကပ်လာသကဲ့သို့ အထက်ကောင်းကင်ယံတွင် တိမ်များ ထူထပ်လာ၏။ ရွှယ်အန်းသည် ခဏတာမျှ ရပ်တန့်နေပြီးမှ ရုတ်တရက် ခုန်လိုက်ရာ၊ လေနှင့်အတူ လွင့်မျော၍ တိ်များပေါ်၌ မတ်တပ်ရပ်နေလိုက်သည်။ ထို့နောက် သူ၏ ညာလက်ကို ရှေ့သို့ ထုတ်ကာ၊ အနည်းငယ်ဖိ၍ ခပ်တိုးတိုးရွတ်ဆိုလိုက်သည်။
“ကောင်းကင်နဲ့ မြေကြီး၊ ငါ့အမိန့်ကို နာခံကြလော့။ ထကြစမ်း”
မြေကြီး၏ နက်ရှိုင်းသောအရပ်မှ ကျယ်လောင်သော မြည်ဟိန်းသံများ ထွက်ပေါ်လာကာ၊ တောင်ကုန်းငယ်သည် ဧရာမလက်ကြီး၏ ဆွဲမခြင်းခံလိုက်ရသကဲ့သို့ အထက်သို့ မြင့်တက်လာသည်။ ရွှယ်အန်း၏ အမူအရာသည် အနည်းငယ်ပို၍ လေးနက်လာ၏။ ယခုအချိန်တွင် သူသည် ဤအတိုင်းအတာအထိသာ လုပ်ဆောင်နိုင်ခဲ့သော်လည်း ယခင်ကမူ၊ သူ့ထံမှ ရိုးရှင်းသော လက်ဟန်အမူအရာများဖြင့်ပင် မြေပြန့်မှ တောင်များကို ဖန်တီး၍ ပင်လယ်ကို ပိုးစာခင်းအဖြစ်ပြောင်းလဲပေးနိုင်သည်။
နွေဦးမိုးခြိမ်းသံသည် ကောင်းကင်ယံတစ်ခုလုံးတွင် ပြည့်နှက်သွား၏။ လေနှင့် မိုးများအကြားတွင် ရွှယ်အန်းသည် တောင်ကုန်းကို မီတာတစ်ရာကျော်အထိ မြှင့်တင်လိုက်၏။ တစ်ချိန်က မြင့်လှသည်မဟုတ်သော တောင်ကုန်းငယ်သည် နောက်ဆုံးတွင် တောင်ပုံသဏ္ဍာန်ဖြစ်လာ၏။ ရွှယ်အန်းသည် တောင်ထိပ်မှ ပြန်ဆင်းလာပြီးနောက်၊ အနည်းငယ် မောပန်းသွားသကဲ့သို့ ခံစာလိုက်ရသည်။ သို့သော် ယင်းဖြင့် မလုံလောက်ပေ။ အဝေးမှ ယွင်မင်ကန်ဘက်သို့ လှည့်၍ ခပ်တိုးတိုး အမိန့်ပေးလိုက်ပြန်သည်။
“ရေတွေအားလုံး၊ မင်းတို့ရဲ့ မူလကို ပြန်သွားကြစမ်း”
အမိန့်ပေးပြီးနောက်၊ ယခင်က ငြိမ်သက်နေသော ရေကန်မျက်နှာပြင်သည် ကြီးမားသော လှိုင်းလုံးကြီးများအဖြစ် ရုတ်တရက် ပြောင်းလဲပေါက်ကွဲသွားခဲ့သည်။ ထို့နောက် ဧရာမလှိုင်းလုံးကြီးသည် ရွှယ်အန်းထံသို့ ဦးညွတ်ပြ၍ ရှေ့တွင် လွှမ်းမိုးနေသည့် ရေခိုးရေငွေ့များကို ရုတ်ချည်းပေါ်ထွက်လာသည်။
ဤရေငွေ့သည် ယွင်မင်ရေကန်တွင် နှဏ်ပေါင်းများစွာ စုဆောင်းမိခဲ့သော ဝိဉာဥ်စွမ်းအင်ဖြစ်ကာ၊ ယခု ၎င်းတို့သည် သူ့ထံသို့ အပြေးဝင်လာ၏။ တောင်ကုန်းတစ်ခုလုံးကို ဤရေငွေ့ဖြင့် အာဟာရဖြည့်ပေးခြင်းဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် တောင်ကုန်းတစ်ခုလုံးရှိ ပန်းမန်သစ်ပင်များနှင့် မြက်ပင်များအားလုံး တစ်ဖန်ပြန်၍ စိမ်းလန်းစိုပြေလာသည်။ ဗီလာတည်ရှိရာ အဓိကနေရာကို ထူထပ်သော ရေငွေ့များဖြင့် ဖုံးအုပ်ထားသည်။ ရွှယ်အန်းသည် တောင်များကို အကာအကွယ်ပေးသည့် ရိုးရှင်းသော အစီအရင်အချို့ပင် ချမှတ်ထားခဲ့ရာ၊ ဤအိမ်ကြီးကို ဆိတ်ငြိမ်သော ကောင်းကင်ဘုံ၏ ကောင်းချီးနယ်မြေအဖြစ် အမှန်တကယ် ပြောင်းလဲစေခဲ့သည်။
ဤအခိုက်အတန့်တွင် ဖြူစင်သော မြူခိုးအလွှာတစ်ခုသည် တောင်ထိပ်တစ်ခုလုံးကို ဖုံးအုပ်ထားကာ၊ ၎င်းတို့အားလုံးတွင် သန့်စင်သော ရေအနှစ်သာရများ ကိန်းအောင်းနေ၏။ ထိုနေရာတွင် နေထိုင်သည့် သာမန်လူများ၏ အသက်ကိုပင်လျှင် များစွာပို၍ ရှည်စေ၏။ ဤအလုပ်များ ပြီးသွားသောအခါ၊ ရွှယ်အန်းက သူ့အခန်းထဲသို့ ပြန်ဝင်သွား၍ အိပ်မောကျနေသည့် သမီးနှစ်ယောက်ကို တွေ့ကာ၊ အနမ်းတစ်ချက်စီချွေလိုက်သည်။
ကျင့်ကြံသူများသည် ကောင်းကင်ဘုံကို ဆန်ကျင်၍ ၎င်းတို့၏ သေစေနိုင်သော ဆန္ဒများကို ဖြတ်တောက်သင့်သည်ဟုဆိုကြသည်။ သို့သော် သူ့အတိတ်တွင်ဖြစ်စေ၊ လက်ရှိတွင်ဖြစ်စေ၊ ရွှယ်အန်းသည် သူချစ်ရသောသူများကို ဘယ်သောအခါမျှ စွန့်ပစ်လိမ့်မည်မဟုတ်ပေ။
အင်မော်တယ်ဖြစ်ရခြင်းနှင့် အင်မော်တယ်အရှင်ဖြစ်ရခြင်းတို့သည် ကွဲပြားသောအရာများဖြစ်သည်။ နောက်ဆုံးတွင်မူ သူသည် တစ်ချိန်က လူသားတစ်ယောက်ပင်ဖြစ်သည်။
လူသားတစ်ယောက်သည် လူသားမဖြစ်သောကြောင့် အခြားဟန်ဆောင်ရန် မလိုအပ်ပေ။
ဤသည်ကား ရွှယ်အန်း၏ အင်မော်တယ် လမ်းစဥ်သာဖြစ်၏။