အခန်း (၅၅-၅၇)
Vol. 4 Ch. 55-57
အခန်း(၅၅) အပြင်ထွက်လည်ခြင်း
ထန်ရွှမ်အာသည် ပေကျန်းမြို့ရှိ အကြီးဆုံးသော ဆေးရုံတွင် အလုပ်လုပ်သူဖြစ်ရာ၊ ယနေ့သည် အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ဟု လူသိများသော မတ်လရှစ်ရက်နေ့ဖြစ်သဖြင့်၊ ဆေးရုံသည် ဝန်ထမ်းများအတွက် ဤအထူးခရီးစဥ်ကို စီစဥ်ပေးခဲ့သည်။ ထန်ရွှမ်အာတစ်ယောက်ဆေးရုံသို့ရောက်သောအခါ၊ အခြားသော ဝန်ထမ်း များစွာသည်လည်း ရောက်နှင့်နေကြပြီဖြစ်သည်။
“ရွှမ်အာ… ပျော်ရွှင်စရာ အားလပ်ရက်တစ်ရက်ဖြစ်ပါစေ” ရွှေရောင်မျက်မှန်နှင့် ချောမောသော အသွင်အပြင်ရှိသည့် အမျိုးသားဆရာဝန်တစ်ဦးက အပြုံးဖြင့် ချဥ်းကပ်လာသည်။
“ကျေးဇူးပါ”
“ရွှမ်အာ၊ ကိုယ့်ဘာသာ သွားဦးမလို့လား။ နောက်ကျ ငါ့ကားနဲ့လိုက်ခဲ့လေ။ BMW အသစ်တစ်စီးဝယ်ထားတယ်” အမျိုးသားဆရာဝန်က အလွန်စိတ်အားထက်သန်စွာ ကမ်းလှမ်းခဲ့သည်။
သို့သော် ထန်ရွှမ်အာက ခေါင်းခါ၍
“မလိုပါဘူး။ ကျွန်မသူငယ်ချင်းက ဒီနေ့အတူလိုက်မှာလေ။ သူလာနေပြီ”
အမျိုးသားဆရာဝန်၏ အမူအရာသည် အနည်းငယ်မသက်မသာဖြစ်သွားပုံပေါ်သည်။ သူ၏ နာမည်မှာ လင်ဟွမ်ဖြစ်ရာ၊ နိုင်ငံရပ်ခြားမှ ပြန်လာသည့် ဆရာဝန်တစ်ဦးဖြစ်သည်။ ထန်ရွှမ်အာ ဤဆေးရုံသို့ ဝင်ရောက်လာခဲ့သည့်အချိန်မှစ၍ သူမကို မြင်မြင်ချင်း သဘောကျနှစ်သက်ခဲ့ရာ၊ သူမ၏ ရင်သပ်ရှု့မောဖွယ်အသွင်အပြင်ကို စွဲမက်လှသဖြင့် ဇွဲကြီးစွာ ပိုးပန်းခဲ့သည်။
သို့သော် ထန်ရွှမ်အာသည် သူ့အပေါ်အမြဲတစေ လျစ်လျူရှု့ထားသောကြောင့် လင်ဟွမ် အနည်းငယ်စိတ်ပျက်လျက်ရှိသည်။ သတိထားရမည်မှာ ပေကျန်းတွင်ရှိသော သူ့မိသားစုသည် အထက်တန်းစားများဖြစ်သည့်အပြင် သူသည်လည်း ချောမောလှသည့်အတွက်၊ သူ့ဘဝတွင် အမျိုးသမီးများစွာရှိခဲ့သည်။ သို့သော် ထန်ရွှမ်အာလောက် မည်သည့်အမျိုးသမီးမျှ သူ့ကို မဆွဲဆောင်နိုင်ခဲ့ပေ။ လင်ဟွမ်က မည်သို့ပင် နီးစပ်ရန်ကြိုးပမ်းခဲ့သော်လည်း ထန်ရွှမ်အာသည် တုပ်တုပ်မျှ မလှုပ်ခဲ့ပေ။
‘သူငယ်ချင်းတစ်ယောက်ဟုတ်လား’
‘ဘယ်လိုသူငယ်ချင်းမျိုးလဲ’
‘ယောက်ျားလေးလား မိန်းကလေးလား’
ဤသို့တွေး၍ လင်ဟွမ်၏ မျက်နှာသည် မှောင်မိုက်လာသည်။ ထိုအတောအတွင်း မနီးမဝေးတွင် အမျိုးသမီး သူနာပြုအဖွဲ့တစ်ဖွဲ့သည် လင်ဟွမ်ပိုးပမ်းနေသည့် ထန်ရွှမ်အာကို ငေးကြည့်၍ မနာလိုလျက်ရှိကြသည်။
“အဲ့ထန်ရွှမ်အာက ဘာကောင်းလို့လဲ။ သူနည်းနည်း ပိုလှလာသလိုပဲနော်။ ဒေါက်တာလင်ကို ပြုစားဖို့ မှော်အတတ်တွေ သူတတ်တယ်ထင်တယ်” နှာခေါင်းထက်တွင် တင်းတိတ်အနည်းငယ်ရှိသော အမျိုးသမီးက မကျေမနပ်ဖြင့် ပြောလိုက်သည်။ ဤမိန်းကလေး၏ အမည်မှာ လောင်ကျင်းဖြစ်ကာ၊ သူမသည် လင်ဟွမ်ကို တိတ်တခိုး နှစ်သက်ခဲ့သော်လည်း လင်ဟွမ်မှ သူမအပေါ်တွင် မည်သည့်စိတ်ဝင်စားမှုမျှ မပြသခဲ့ပေ။ ထို့ကြောင့် သူမ၏ ဒေါသအားလုံးကို ထန်ရွှမ်အာထံသို့ ပုံချခဲ့သည်။
ထန်ရွှမ်အာကို လှောင်ပြောင်နိုင်မည့် အခွင့်အရေးတိုင်းကို သူမဆုတ်ကိုင်ခဲ့ရာ၊ ဤတစ်ကြိမ်သည်လည်း ခြွင်းချက်မရှိခဲ့ပေ။ သူမ၏ လုပ်ဖော်ကိုင်ဘက်များဖြစ်သည့် ရင်းနှီးသော သူငယ်ချင်းများကလည်း သူမကို ထောက်ခံ၍ ခေါင်းညိတ်သဘောတူကြသည်။
“အဲ့ဖြူစင်ချင်ယောင်ဆောင်နေတဲံပုံကို ကြည့်ဦး၊ သူ့သူငယ်ချင်းရဲ့ ကလေးကြောင့် ရည်းစားမထားဘူးဆိုတာ နင်တို့ မကြားမိဘူးလား”
“ကြားပါ့ရှင်၊ သူတို့က သူ့သူငယ်ချင်းကလေးလို့ ပြောနေကြပေမယ့် သူ့ကလေးလည်းဖြစ်နေနိုင်တာပဲ”
ဤအဆိပ်ပြင်းသော စကားလုံးများသည် ထန်ရွှမ်အာ၏ နားထဲသို့ ပျံ့လွင့်သွားသည်။ သို့သော် ထန်ရွှမ်အာက မည်သည့်တုံ့ပြန်မှုမျှမပြခဲ့ပေ။ ဤသို့သော ကောလဟာလများကို နှစ်များစွာ သူမ ကြားခဲ့ရသဖြင့် ကျင့်သားရလာခဲ့ပြီဖြစ်သည်။ တခါတရံတွင် လှပလွန်းချင်းသည်လည်း အပြစ်တစ်ခုဖြစ်နေတတ်၏။
ယောက်ျားတိုင်းနှင့် လုံလောက်စွာ ခပ်ခွာခွာနေခဲ့သော်လည်း ထို မနာလိုမှုများပြည့်နှက်နေသည့် ဆဲဆိုသံများကို သူမမတားဆီးနိုင်ခဲ့ပေ။
“အားလုံးအဆင်သင့်ဖြစ်ပြီလား၊ ကိုယ့်ကားကိုယ်မောင်းတဲ့လူတွေနဲ့ ဆေးရုံကြိုပို့ကားမစီးတဲ့လူတွေ ဒီတစ်ခါ ကျုပ်တို့ရဲ့ ဦးတည်ရာက ယွင်မင်ရေကန်ပဲ” တာဝန်ခံတစ်ဦးကပြောသည်။
ယွင်မင်ရေကန်…။
ထန်ရွှမ်အာက အံ့သြစွာဖြင့် မျက်လုံးအနည်းငယ်ပြူးသွားကာ၊ နားလည်ရခက်စွာ ပြုံးလိုက်သည်။
သူမ ထိုနေရာမှ အလျင်စလို ထွက်လာခဲ့ရာ၊ အခု ပြန်သွားရဦးမည်ဖြစ်သည်။
သို့သော် ယင်းသည် အရေးမကြီးပေ။ နောက်ဆုံးတွင်မူ၊ တစ်ရက်သာအချိန်ရသည့်အတွက် ခရီးဝေးသွား၍ မရပေ။ လူများစွာသည် ကိုယ်ပိုင်ကားနှင့် လာကြ၍ ရင်းနှီးသော သူများကို အတူခေါ်သွားကြသည်။ ထိုအချိန်တွင် လင်ဟွမ်သည် ထန်ရွှမ်အာအနားသို့ ထပ်မံချဥ်းကပ်လာပြန်၏။
“ရွှမ်အာ မင်းသူငယ်ချင်းက ပေါ်မလာသေးဘူးနော်။ မလာနိုင်တော့ဘူးထင်တယ်။ ငါနဲ့ လိုက်စီးပါလား။ အတူတူသွားကြမယ်လေ”
ထန်ရွှမ်အာက ခေါင်းခါလိုက်သည်။
“သူလာမယ်လို့ ပြောထားရင် လာကိုလာလိမ့်မယ္”
နောက်တစ်ကြိမ် အငြင်းခံလိုက်ရပြန်သဖြင့် လင်းဟွမ်၏ မျက်နှာသည် ရှက်ကိုးရှက်ကန်းဖြစ်နေ၏။
‘စိတ်ကောင်းစေတနာကောင်းလေးပြပေးနေတာကို ဒီမိန်းမက ဘာလို့ လက်မခံနိုင်ရတာလဲ’
‘ကောင်းပြီ၊ မင်းသူငယ်ချင်းက ဘာတွေများထူးခြားနေလဲဆိုတာ ကြည့်ချင်သေးတယ်’
ထိုအချိန်တွင် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ခုန်ပေါက်လျက် ပြေးလာ၏။ ဤမိန်းကလေးငယ်နှစ်ဦးသည် ယနေ့ အဝတ်အစားအသစ်များကို ဝတ်ဆင်ထားကာ၊ လိုက်ဖက်ညီသော ကျစ်ဆံမြှီးများကျစ်ထားကြသဖြင့် မည်သူမဆို ပွေ့ဖက်၍ ကိုက်ချင်လာကြမည်ဖြစ်သည်။
“အန်တီရွှမ်အာ” ကလေးမလေးနှစ်ယောက်က ချိုမြိန်စွာ အော်ခေါ်လိုက်ကြသည်။
ထန်ရွှမ်အာက ကလေးမလေးနှစ်ယောက်ကို ချစ်ခင်စွာ ပွေ့ဖက်လိုက်သည်။
“ထမင်းစားပြီးကြပြီလား”
“စားပြီးပြီ ဖေဖေက အရမ်းမွှေးတဲ့ ဆန်ပြုတ်လုပ်ကျွေးတယ်” ရွှယ်ရှန်းက အစားအသောက်ကို မမေ့ထားနိုင်ပေ။
ဤအခိုက်အတန့်တွင် လင်ဟွမ်၏ အမူအရာသည် အနည်းငယ်ဆိုးရွားသွားသည်။ ထန်ရွှမ်အာအကြောင်း ကောလဟာလများ သူကြားခဲ့ဖူးသော်လည်း ၎င်းတို့သည် စစ်မှန်နေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
‘သူ ကလေးနှစ်ယောက်ကို တကယ်စောင့်ရှောက်ခဲ့တာလား’
‘ဒီမိန်းကလေးတွေနဲ့ သူနဲ့ ဆက်ဆံရေးကဘယ်လိုလဲ’
သူအံ့သြနေစဥ် ရွှယ်အန်း ဝင်လာခဲ့သည်။ သူရောက်ရှိလာမှုကြောင့် လူများစွာသည် သူ့ကို ထူးဆန်းစွာကြည့်နေကြသည်။ လောင်ကျင်းနှင့် အခြားသူများသည် အထူးစိတ်လှုပ်ရှားနေကြ၏။
“ကြည့်စမ်း အဲ့ကောင်က ထန်ရွှမ်အာရဲ့ ငယ်တဲ့ချစ်သူဖြစ်နိုင်တယ်”
“သူဝတ်တဲ့ အဝတ်အစားတွေကိုကြည့်ဦး ငယ်တော့ရော ဘာဖြစ်လဲ” လောင်ကျင်းသည် လူတစ်ဦး၏ ကြွယ်ဝမှုနှင့် အဆင့်အတန်းကို ၎င်းတို့၏ ဝတ်စားဆင်ယင်မှုမှ အကဲဖြတ်ရာတွင် အထူးကျွမ်းကျင်သူဖြစ်သည်။ ရွှယ်အန်းဝတ်ဆင်ထားသော ယွမ်ရာဂဏန်းမျှသာ တန်ဖိုးရှိနိုင်သည့် သာမန်အဝတ်အစားများကို မြင်သောအခါ၊ သူမမျက်နှာထက်တွင် အထင်သေးမှုများ ပေါ်လာ၏။
‘ဆိုတော့ သူက ဒီလိုကောင်နဲ့တွေ့နေတာပေါ့ ဟုတ်လား’
‘ထန်ရွှမ်အာရဲ့ အကြိုက်က သိပ်လည်းမကောင်းပါဘူး’
လောင်ကျင်းက သူ့ဘာသာ ကျေနပ်စွာတွေးနေမိသည်။ လင်ဟွမ်သည် ရွှယ်အန်းကို ပို၍ပင် ရန်ငြှိုးထား၍ စိတ်ထဲတွင် ဝေဖန်လျက်၊ စိုက်ကြည့်နေသည်။
‘ရုပ်ရည်အရဆိုရင်တော့… အဟမ်း ကိုယ်မသာသူမသာပဲ’
‘ဒါပေမယ့် ဝတ်စားဆင်ယင်မှုအရဆိုရင်တော့၊ ကမ္ဘာတစ်ခုစာလောက်ကွာခြားနေတာပဲ’
လင်ဟွမ်နှင့် နှိုင်းယှဥ်လေလေ သူစိတ်လှုပ်ရှားလာလေလေပင်ဖြစ်၏။ ထိုအချိန်တွင် တာဝန်ခံက ထန်ရွှမ်အာထံသို့ ဦးတည်၍ ပြောလိုက်သည်။
“ရွှမ်အာ ဘာလုပ်မှာလဲ။ ကုမ္ပဏီက ကြိုပို့ကားစီးမှာလား”
ထန်ရွှမ်အာသည် ရွှယ်အန်းကို လှမ်းကြည့်လိုက်၏။ ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ငါ သူတို့ကို တက္ကစီနဲ့ ခေါ်လာတာ”
ဤအချိန်တွင် လောင်ကျင်းနှင့် အခြားသူများသည် ပို၍ပင် အထင်သေးလာကြသည်။ သ
‘သူ့မှာ ကားတောင်မရှိဘူးလား’
ဤအခိုက်အတန့်တွင် လင်ဟွမ်သည် ဤသည်မှာ သူဝင်ပါရမည့်အချိန်ကောင်းဟုတွေး၍ ပြုံးလျက် လမ်းလျှောက်လာသည်။
“ရွှမ်အာ၊ အဲ့အစား ငါ့ကားနဲ့လိုက်ခဲ့သင့်တယ်”
ထန်ရွှမ်အာက ခေါင်းခါလိုက်သည်။
“ကျွန်မသူငယ်ချင်း…”
လင်ဟွမ်သည် ထန်ရွှမ်အာ၏ စကားကို အဆုံးထိနားထောင်ခြင်းမရှိ၊ ရွှယ်အန်းကို ဒေါသတကြီး စိုက်ကြည့်၍ ပြောလိုက်သည်။
“ကိစ္စမရှိဘူး၊ ငါ X5 ဝယ်ထားတာ။ မင်း သူငယ်ချင်းလိုက်လာလည်း ကိစ္စမရှိဘူး”
ထန်ရွှမ်အာက ယင်းကို မသင့်တော်ဟု တွေးမိသော်လည်း ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
“ကောင်းတာပေါ့၊ ငါ X5 ကို အရင်က တစ်ခါမှ မစီးဖူးဘူး”
လင်ဟွမ်သည် ရွှယ်အန်းမှာ ကျေးလက်ဒေသမှဆင်းသက်လာသူဖြစ်လိမ့်မည်ဟု တွေး၍ အတွင်းစိတ်ထဲတွင် လှောင်ရယ်မိလျက်ရှိသည်။
‘ငါတို့ ယွင်မင်ကို ရောက်တဲ့အထိစောင့်စမ်း၊ ငါမင်းကို ပြမယ်’
လင်ဟွမ်က ကားအနားသို့သွား၍ ခရီးသည်ထိုင်ခုံရှိသည့်ဘက်မှ တံခါးကို ဖွင့်၍ အားတက်သရောပြောလိုက်သည်။
“ရွှမ်အာ.. ဒီမှာထိုင်”
ထန်ရွှမ်အာက ခေါင်းခါလိုက်သည်။
“ကျွန်မ နောက်မှာပဲထိုင်လိုက်ပါ့မယ်”
ထိုသို့ပြောကာ၊ သူမသည် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို ခေါ်၍ ကားနောက်ခုံသို့ သွားထိုင်လိုက်သည်။ လင်ဟွမ်သည် စိတ်ပျက်လက်ပျက်ဖြင့် စိတ်ထဲ၌ မခံမရပ်နိုင်ဖြစ်နေချိန် ရွှယ်အန်းသည် ခရီးသည်ထိုင်ခုံ၌ ဝင်ထိုင်ကာ၊ တည်ငြိမ်စွာပြောလိုက်သည်။
“မောင်း”
လင်ဟွမ်သည် ချက်ချင်းပင် အလွန်အမင်းစိတ်တိုသွားရ၏။
‘သူ့ကို ကားမောင်းသမားလိုဆက်ဆံနေတာလား’
သို့သော် ဒေါသကို မြိုသိပ်၍ စတင် မောင်းနှင်ရုံမှတပါး အခြားရွေးချယ်ရန် လမ်းမရှိတော့ပေ။
လမ်းတစ်လျှောက် သူသည် ရွှယ်အန်းကို အဆက်မပြတ် စောင့်ကြည့်နေ၏။ ကားထဲသို့ ဝင်ခဲ့စဥ်ကတည်းက ရွှယ်အန်းသည် တည်ငြိမ်နေဆဲဖြစ်နေကြောင်း သူသတိထားမိသည်။ သူ့နှလုံးသားထဲတွင် အထင်အမြင်သေးမှု အချို့ ခံစားနေရ၏။
‘ကားတစ်စီးတောင်မပိုင်ဘဲနဲ့ အဆင့်အတန်းမြင့်မားချင်ယောင်ဆောင်နေတာလား။ ယွင်မင်ရေကန်ရောက်တဲ့အထိ စောင့်စမ်းပါ၊ ငါမင်းကို ပြမယ်”
ယမန်နေ့ညက မိုးရွာသောကြောင့် ယွင်မင်ရေကန်သည် ယနေ့တွင် ပို၍ပင် လှပနေ၏။ ကားပေါ်မှ ဆင်းလာပြီးနောက် မိန်းကလေးများသည် ဓာတ်ပုံရိုက်ရန် အဝေးသို့ စိတ်လှုပ်ရှားစွာ ထွက်သွားကြသည်။ ယောက်ျားကလေးအများစုသည်မူ၊ ကန်ဘေးတွင် မတ်တပ်ရပ်၍ ရှု့ခင်းများကို ငေးကြည့်နေကြသည်။
ထိုအချိန်တွင် လင်ဟွမ်က စကားစလာ၏။
“မိတ်ဆွေ၊ မင်းဘယ်မှာ အလုပ်လုပ်တာလဲ မေးလို့ရမလား”
အခန်း(၅၆) ဖေဖေ ပိုက်ဆံတစ်ပြားတောင်မရှိတဲ့ကောင်ဆိုတာ ဘာအဓိပ္ပါယ်လဲ
“အလုပ်လား” ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။
“ငါ့မှာ အလုပ်မရှိဘူး”
“အိုး…” လင်းဟွမ်သည် အဓိပ္ပါယ်တစ်ခု သက်ရောက်နိုင်သည့် အသံမျိုး ပြုလိုက်ကာ၊ ရွှယ်အန်းကို ပို၍ပင် အထင်သေးလျက်ရှိသည်။ ထို့ကြောင့် အိမ်တွင် အလုပ်တစ်ခုရှိရမည်ဟု ယူဆ၍ဆက်လက် မေးမြန်းလိုက်သည်။
“ဒါဆို အိမ်မှာ ဘာတွေလုပ်လေ့ရှိလဲ”
“ကလေးတွေနဲ့ အချိန်ဖြုန်းတာ၊ ဟင်းချက်တာ၊ ရှု့ခင်းကြည့်တာ၊ ဒါမျိုးတွေပါပဲ”
လင်ဟွမ်နှင့် သူ့သူငယ်ချင်းများသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင်မူ၊ ဤယောက်ျားသည် မည်သည့်အဆင့်မျှမရှိသည်ထင်ရ၏။ ထို့နောက်၊ လင်ဟွမ်က သူ့နာရီကို တမင်စိုက်ကြည့်လိုက်သည်။
“ဒေါက်တာလင်း ဒီနာရီက တော်တော် စျေးကြီးမယ့်ပုံပဲ” လင်ဟွမ်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက မေးသည်။
“ဟုတ်တယ်၊ အဲ့တာ နှစ်သိန်းကျော်လောက်ရှိတယ်။ ဒီနေ့ နည်းနည်းလောနေလို့ ဒီ သာမန်နာရီလေးပဲပတ်လာခဲ့တာ” လင်ဟွမ်က ဘာသိဘာသာ ပြောလိုက်သည်။
လောင်ကျင်း၏ မျက်နှာထက်တွင် မက်မောမှုများပြည့်နှက်လျက်၊ လင်ဟွမ်ကို ငေးကြည့်၍ ဝင်ပြောသည်။
“ဒေါက်တာလင်း၊ ရှင်တို့ မိသားစုက ရှင့်ကို ယွင်မင်ဗီလာမှာ အိမ်တစ်လုံးဝယ်ပေးထားတယ်လို့ ကြားမိသေးတယ်။ တကယ်ပဲလား”
လင်ဟွမ်က မာန်တက်နေသည့် လေသံမျိုးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ ဟိုးတလောက ဝယ်ခဲ့တာ။ သန်းဆယ်ဂဏန်းလောက်ကျတယ်”
ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်မှ လူများအားလုံး စိတ်လှုပ်ရှားလာကြသည်။
“ပိုက်ဆံရှိရုံနဲ့ ယွင်မင်ဗီလာမှာ အိမ်တစ်လုံး ဝယ်လို့ မရဘူးလို့ ငါကြားထားတာ”
လင်ဟွမ်က အနည်းငယ်ပြုံးလိုက်၏။
“ဟုတ်တယ်။ ငါ့အဖေ အများကြီး အားစိုက်ထုတ်ခဲ့ရပြီး နောက်ဆုံးမှ ချင်းမိသားစုရဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ ဝယ်လို့ ရခဲ့တာ”
ချင်းမိသားစု။
လင်ဟွမ်မှ ဤနာမည်ကို ထည့်ပြောလိုက်စဥ် သူ၏ အမူအရာသည် ပို၍ပင် လေးစားဖွယ်ဖြစ်နေ၏။ အခြားသူများသည်မူ၊ မနာလိုခြင်း အံ့သြခြင်းအတိပြီးလျက်ရှိသည်။
‘အဲ့တာ ငါတို့ ပြောနေတဲ့ ချင်းမိသားစုလား’
ယင်းမှာ လူအများငေးကြည့်ရုံသာ တတ်နိုင်သည့် လူချမ်းသာ မိသားစုတစ်ခုဖြစ်သည်။ လင်ဟွမ်၏ မိသားစုသည် ချင်းမိသားစုနှင့် ဆက်သွယ်နိုင်သည်ဆိုသည့်အချက်က ၎င်းတို့သည် သာမန်အိမ်ထောင်စုတစ်ခု မဟုတ်ကြောင်း ရှင်းလင်းသိသာစေ၏။
“ငါတို့အားလုံး ယွင်မင်ရေကန်ကို ရောက်လာကြပြီဆိုတော့ ငါ့နေရာကို လိုက်ကြည့်ဖို့ အားလုံးကို ခေါ်သွားပေးပါ့မယ်” လင်ဟွမ်က ကျယ်လောင်စွာပြောသည်။
“ကောင်းလိုက်တာ” လောင်ကျင်းက ဦးစွာ ချီးမြှောက်လိုက်၏။
ယခု လင်ဟွမ်ကို ကြည့်နေသည့် သူမ၏ မျက်လုံးများသည် အလွန် ပြင်းပျနေသော်လည်း လင်ဟွမ်သည်မူ သူမကို ဥပေက္ခာပြု၍ ထန်ရွှမ်အာဘက်သို့သာ လှည့်နေ၏။
“ရွှမ်အာ၊ နောက်ကျ ငါ့အိမ်လာခဲ့။ ငါ့မှာ သူငယ်ချင်းတစ်ယောက်ပေးထားတဲ့ စျေးကွက်ထဲမှာ ဝယ်လို့ မရလောက်တဲ့ ပြင်သစ်ဝိုင်တစ်ပုလင်းရှိတယ်။ မင်း စမ်းသောက်ကြည့်သင့်တယ်”
ထန်ရွှမ်အာကမူ စကားတစ်ခွန်းမျှပြန်ပြောခြင်းမရှိ၊ ရွှယ်အန်းကိုသာ ကြည့်မြဲကြည့်နေခဲ့သည်။ ရွှယ်အန်းက ခပ်ပါးပါးပြုံး၍
“ဒါပေါ့၊ ငါလည်း ပျင်းနေတာဆိုတော့၊ ဒေါက်တာလင်းရဲ့ဝိုင်ကို စမ်းသောက်ကြည့်၍မှာပေါ့”
လင်ဟွမ်၏ နှလုံးသားထဲတွင် ပို၍ နာကျည်းလာကာ၊ ရွှယ်အန်းအပေါ်သို့ သူ့အမြင်သည် ပို၍ ဆိုးဝါးလာသည်။
‘ဒီကောင်က ဘယ်အချိန် နောက်ဆုတ်ရမလဲဆိုတာ တကယ်မသိဘူးပဲ၊ သူနောက်ဆုတ်အောင်လုပ်ဖို့နည်းလမ်းတစ်ခု ရှာရမယ်။ ထန်ရွှမ်အာလိုမျိုး အလှပဂေးလေးက ငါ့အတွက်ပဲဖြစ်ရမယ်’
လောင်ကျင်းသည် ယခုအချိန်တွင် အလွန် စိတ်မသက်မသာဖြစ်၍ ထန်ရွှမ်အာကို မနာလိုစိတ်အပြည့်ဖြင့် စိုက်ကြည့်နေရာ၊ ယခုချက်ချင်း သူမကို အနိုင်ယူနိုင်ရန် ဆန္ဒရှိနေ၏။
ရေကန်ဘေးတွင် အချိန်အတော်ကြာ ဆော့ကစားပြီးနောက်၊ မွန်းတည့်ချိန်သို့ရောက်ခါနီးတွင် အားလုံးသည် ကားကိုယ်စီသို့ပြန်ဝင်၍ ယွင်မင်ဗီလာသို့ ဦးတည်သွားကြသည်။
ဤနေရာတွင် လုံခြုံရေးသည် အလွန်တင်းကြပ်၏။ လင်ဟွမ်မှ ပိုင်ရှင်ဖြစ်ကြောင်း သက်သေပြရန် သူ၏ သော့ကို ပြခဲ့သော်လည်း ၎င်းတို့သည် ကားတစ်စီးကို တစ်ကြိမ် စစ်ဆေးဆဲဖြစ်သည်။ သို့သော် ရွှယ်အန်း၏ အလှည့်ရောက်သောအခါ၊ လောင်ကျင်းသည် ထန်ရွှမ်အာနှင့် အခြားသူများကို အရှက်ခွဲနိုင်ရန် တစ်ဖက်၌ တမင်ရည်ရွယ်၍ ပုန်းကွယ်နေလိုက်ကြသည်။ သို့သော် ရွှယ်အန်းမှ ပြတင်းပေါက်တံခါးကို လှိမ့်ချလိုက်သည်နှင့်တစ်ပြိုင်နက်၊ အစောင့်များသည် ရုတ်တရက် အေးခဲသွားပြီးနောက်၊ ချက်ချင်းအာရုံစိုက်လာကြသည်။
“ကျွန်တော်…”
ရွှယ်အန်းက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လုံခြုံရေးအစောင့်များသည် သူတို့ ပြောလာမည့် စကားလုံးများကို မြိုချလိုက်ကြသည်။
လောင်ကျင်းသည် အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။
‘ဘာဖြစ်နေတာလဲ’
‘အစောင့်က ဘာလို့ ဒီလို တလေးတစားပြုမူနေတာလဲ’
‘ဒီရွှယ်အန်းက အစောင့်ကို သိတာများလား’
‘ဒါပဲဖြစ်ရမယ်’
သူတို့နှစ်ဦးသည် လုပ်ဖော်ကိုင်ဖက်များဖြစ်နိုင်သည်။ လောင်ကျင်းသည် ဤအကြောင်းပြချက်မှာ ဖြစ်နိုင်ချေအရှိဆုံးဟု စိတ်ထဲမှ ခံစားမိ၏။ သူတို့ ယွင်မင်ဗီလာထဲသို့ ဝင်သွားသောအခါ၊ လူများစွာသည် အလွန်အမင်းအံ့သြနေကြသည်။
“ဘုရားရေ၊ အရမ်းလှတယ်။ ဒီရာသီမှာတောင် ပန်းတွေပွင့်နေတယ်”
“ဒါတွေအားလုံးကို ကျွမ်းကျင်တဲ့ ဥယျာဥ်မှုးက ပျိုးထားတာထင်တယ်။ အဲ့တာကြောင့် အအေးမကြောက်ကြတာ”
လင်ဟွမ်ဝယ်ထားသည့် ဗီလာဆီသို့ရောက်သောအခါ၊ လူတိုင်း အလွန်မှင်သက်အံံသြသွားကြသည်။ လင်ဟွမ်က ဂုဏ်ယူစွာဖြင့်ပြော၏။
“ဒါ ငါ့အိမ်ပါ၊ အားလုံးပဲ ဝင်ကြပါ”
ဤဗီလာသည် ယွင်မင်ဗီလာ၏ အဆုံးတွင် တည်ရှိကာ၊ တည်နေရာသည် အကောင်းဆုံးမဟုတ်နေသော်လည်း အဆောက်အဦ တည်ဆောက်ပုံများနှင့်ပင် အထင်ကြီးလောက်စဖွယ်ဖြစ်နေ၏။ ၎င်းတို့ အတွင်းထဲသို့ ဝင်ရောက်ပြီးသည်နှင့် အကုန်လုံး အံံသြကုန်ကြသည်။
“အတွင်းအလှဆင်တဲ့ ဒီပစ္စည်းတွေအားလုံးကို ဥရောပကနေ တိုက်ရိုက်ပို့ပေးထားတာ။ အလှဆင်တာတစ်ခုတည်းနဲ့တင် ဆယ်သန်းကျော်လောက်ကျတယ်” လင်ဟွ၎်သည် ရွှယ်အန်း၏ မျက်နှာထက်မှ အံ့သြမှုကို ရှာဖွေတွေ့ရှိနိုင်ရန် ရည်ရွယ်၍ ဂုဏ်ယူစွာ ပြောလိုက်သည်။
သို့သော် အစမှ အဆုံးအထိ၊ ရွှယ်အန်း၏ မျက်နှာသည် တည်ငြိမ်နေခဲ့ရာ၊ ၎င်းက လင်ဟွမ်၏ ရှုံးနိမ့်မှုကို ထင်ဟပ်နေစေသည်။
နေ့လည်စာစားချိန်သို့ရောက်သောအခါ၊ လင်ဟွမ်သည် စောစီးစွာပြင်ဆင်၍ အထူးသဖြင့် အဆင့်မြင့်ပါဝင်ပစ္စည်းများကို ဝယ်ယူ၍ စာဖိုမှုးအချို့ကိုပင် ငှားရမ်းခဲ့ရာ၊ နောက်ဆုံးတွင် လက်ရာမြောက်သော ဟင်းလျာများ အပြည့်ရှိနေသည့် စားပွဲတစ်ခုကို တည်ခင်းပေးခဲ့သည်။
“ရွှမ်အာ၊ လာ၊ ဒါစားကြည့် ဒီအသားကင်က ဥရောပကနေပို့လိုက်တာ”
ထန်ရွှမ်အာသည် အနည်းငယ်မြည်းကြည့်ပြီးနောက်၊ မျက်ခုံးများ ကြုတ်သွားရသည်။ ရွှယ်အန်း၏ လက်ရာကို မြည်းစမ်းကြည့်ခွင့်ရပြီးနောက်၊ အခြားအရသာများသည် ဖယောင်းများကို ဝါးစားနေရသကဲ့သို့ ခံစားရ၏။ ထိုအချိန်တွင် လောင်ကျင်းသည် သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ လှောင်ပြောင်လိုက်သည်။
“နင့်ကိုယ်မင် မင်းသမီးလေးလို ဟန်ဆောင်နေတာလား၊ နင့်လိုမျိုး ဆင်းရဲသားမျိုးနဲ့တွဲနေတဲ့ ကောင်မက ဒီလိုအရာတွေကို အရင်က မြင်တောင်မြင်ဖူးလို့လား”
သူမ၏ စကားများသည် အလွန်ရှင်းလင်းနေသဖြင့် လူများစွာကို မျက်နှာပြောင်းသွားစေသည်။ ထန်ရွှမ်အာ၏ မျက်နှာထက်တွင် ဒေါသအငွေ့အသက်များ ထင်ဟပ်လာသော်လည်း ရွှယ်အန်းသည်မူ အလွန်တည်ငြိမ်နေ၏။
ထိုအချိန်တွင် ရွှယ်ရှန်းက ရုပ်တရက်မေးလိုက်၏။
“ဖေဖေ ဆင်းရဲသားဆိုတာ ဘာလဲ”
ဤမေးခွန်းကြောင့် လူများစွာသည် မိမိတို့ ပါးစပ်များကို အုပ်၍ ရယ်မောလိုက်ကြသည်။ အထူးသဖြင့် လောင်ကျင်းနှင့် လင်းဟွမ်တို့သည် အလွန်စိတ်ကျေနပ်လျှက်၊ နှုတ်ခမ်းဖျားများ တွန့်ကွေးလာသည်အထိ ပြုံးလိုက်ကြ၏။
‘မင်းရဲ့သမီးက မေးလာပြီဆိုတော့ ဘယ်လိုဖြေမလဲဆိုတာ ကြည့်ကြရအောင်’
ရွှယ်အန်းသည် ခပ်ပါးပါးပြုံးလိုက်ပြီးနောက်၊ ရွှယ်ရှန်း၏ ခေါင်းလေးကို ဦးစွာ ပွတ်သပ်ကာ၊ အနီးနားရှိ ပရိဘောဂများကို ညင်သာစွာ ညွှန်ပြလိုက်သည်။
“ဒါကို … ဆင်းရဲသားလို့ခေါ်တယ်”
ဤစကားသည် အပြာရောင်လျှပ်စီးတစ်ခုနှယ်၊ လူအများကို အံ့အားသင့်သွားစေ၍ တိတ်ဆိတ်ကုန်ကြသည်။ လောင်ကျင်းသည် ဦးစွာ ပထမ သတိဝင်၍ အထင်သေးစွာ လှောင်ရယ်လိုက်၏။
“ဝါး ဒီခေတ် လျှာသိပ်သရမ်းကြတာပဲ”
လင်ဟွမ်၏ မျက်နှာသည်မူ ပြာနှမ်းလျက်၊ လှောင်ပြုံးပြုံး၍ ပြေလိုက်သည်။
“ဒါဘာကို ဆိုလိုတာလဲ”
“ဆောရီး ငါအခု ရှင်းရှင်းလင်းလင်း မပြောလိုက်မိဘူးထင်တယ်”
ရွှယ်အန်းမှ တောင်းပန်တော့မည့်အရိပ်အယောင်မျိုး မြင်သဖြင့် လင်ဟွမ်၏ အမူအရာသည် အနည်းငယ်သက်သာသွားသည်။
“မင်းရဲ့နေရာကို ဆင်းရဲသားတွေနေတဲ့နေရာလို့ ပြောလို့မရဘူး။ နောက်ဆုံးတော့လည်း တကယ့် ဆင်းရဲသားတစ်ယောက်က ကိုယ်ကိုယ်ကိုယ်အသိတရားရှိတယ်။ မင်းကျတော့ရော၊ မင်းမှာ အဲ့တာတောင်မရှိဘူး”
ဤမှတ်ချက်ကြောင့် လင်ဟွမ်သည် ဒေါသအမျက် ထွက်လုနီးပါးဖြစ်သွားခဲ့သည်။ လောင်ကျင်းက လှောင်ပြောင်လျက်၊
“ဒါဆို ဒီက သခင်လေးပြောတဲ့အတိုင်းဆို၊ ဒီ့ထက်ပိုပြီး ဇိမ်ကျခမ်းနား၊ တန်ဖိုးရှိတဲ့ အိမ်တစ်လုံးရှိတယ်ပေါ့”
တကယ်တမ်းတွင် ရွှယ်အန်းသည် လင်ဟွမ်ကို နှိပ်ကွပ်ရန် မရည်ရွယ်ခဲ့ပေ။ သူ၏ မျက်လုံးထဲတွင် ဤနေရာသည်သာ ဆင်းရဲသားများ နေသည့်နေရာနှင့်တူနေခြင်းမဟုတ်၊ ပေကျန်းတစ်ခုလုံး သို့မဟုတ်၊ ကမ္ဘာမြေတစ်ခုလုံးသည် သူ့အတွက်၊ အလွန်နွမ်းပါးလှသည်။
အရင်းအမြစ်များ ပေါကြွယ်သော ထိုဂြိုလ်များတွင် သံယံဇာတအများစုရှိနေသည့် နေရာများမှ လူများဦးဆောင်သည့် ဘဝများသည် ကမ္ဘာမြေပေါ်ရှိ သာမန်လူများ၏ ဘဝများထက် များစွာသာလွန်သည်။ သို့သော် နှိုင်းယှဥ်ကြည့်လျှင်၊ ဤအိမ်သည် နံပါတ်တစ်အိမ်ရှိ၊ အိမ်သာနှင့်ပင် နှိုင်းယှဥ်၍ မရပေ။
ဤအခိုက်အတန့်တွင် ရွှယ်ရှန်းက ဝင်ပြော၏။
“ဘာပဲဖြစ်ဖြစ်၊ သမီးအိမ်က ဒီနေရာထက် အများကြီး အများကီြး ပိုကျယ်တယ်”
“ပိုကျယ်တော့ရော တန်ဖိုးရှိလို့လား။ ဒါက ယွင်မင်ဗီလာပါ” လောင်ကျင်းက ရွှဲ့စောင်းပြောလိုက်သည်။
လင်ဟွမ်သည်လည်း လှောင်ရယ်လိုက်၏။
“ဒါဆို ဒီလိုဖြစ်နေမှတော့၊ ဆင်းရဲတဲ့အိမ်လို့ မခေါ်တဲ့ မစ္စတာရွှယ်ရဲ့ နေရာကို လိုက်ပြလို့ရမလား” လင်ဟွမ်သည် မူလက ရွှယ်အန်းမှ သဘောတူလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်ထားစွာဖြင့် ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ရတယ်လေ”
“ကျွန်မတို့ ဘယ်လိုသွားရမှာလဲ။ ကားနဲ့လား၊အရမ်းဝေးရင် ကျွန်မမသွားဘူး။ တကယ်လို့ ရေဆိုးရေညစ်တွေရှိနေရင် ဘယ်လိုလုပ်မလဲ။ အရမ်းညစ်ပတ်ပြီးအန္တရာယ်ရှိလိမ့်မယ်မလား” လောင်ကျင်းက ပြောသည်။
ရွှယ်အန်းက ခေါင်းခါ၍
“ကားနဲ့သွားစရာမလိုဘူး။ ငါတို့ လမ်းလျှောက်သွားလို့ရတယ်”
အခန်း(၅၇) တောင်ပေါ်ကနေ ဒူးထောက်ဆင်းခိုင်းခြင်း
‘ခြေလျင်သွားလို့ရတယ်ဟုတ်လား’
လင်ဟွမ်နှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီးကြည့်လိုက်ကြသည်။
ဤနေရာသည် ဆင်ခြေဖုံးရပ်ကွက်တွင်တည်ရှိကာ အနီးဆုံးရွာသည်လည်း လေးမိုင် သို့မဟုတ် ငါးမိုင်အကွာတွင် တည်ရှိသည်။
‘ဖြစ်နိုင်မလား…’
လင်ဟွမ်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသော်လည်း သူ့ကိုယ်သူ ချက်ချင်း ပယ်ချလိုက်သည်။
‘မဖြစ်နိုင်ဘူး’
သေချာပေါက် အတွေးလွန်နေခြင်းဖြစ်ရမည်။ လူသိနည်းသူများသည် ယွင်မင်ဗီလာတွင် အိမ်တစ်လုံးဝယ်ယူရန် မဖြစ်နိုင်ပေ။ သူနှင့်မတွေ့ဖူးသောကြောင့် ယွင်မင်ဗီလာတွင်နေထိုင်ရန်နည်းလမ်းမရှိပေ။
ဤသို့တွေးကာ လင်ဟွမ်၏အမူအရာက ပို၍သက်တောင့်သက်သာရှိလာသည်။
"ဒါဆို မစ္စတာရွှယ်ရဲ့အိမ်က ဘယ်လိုပုံစံလဲဆိုတာ သွားကြည့်ရအောင်။"
ရွှယ်အန်းသည် သူ့ကို လျစ်လျူရှု့ကာ အိမ်ထဲမှ ထွက်သွားသည်။
ကျန်သူများက သူ့နောက်မှ လိုက်လာကြသည်။ ခဏတာမျှ လမ်းလျှောက်ပြီးနောက် ရွှယ်အန်းသည် လှည့်၍ တောင်ကုန်းငယ်လေးဆီသို့ ဦးတည်သွားခဲ့သည်။ လင်ဟွမ်များများလမ်းလျှောက်လေ၊ သူ့အမူအရာက ထူးဆန်းလေလေ၊ ရွှယ်အန်းကို ပို၍ အထင်သေးလာလေလေပင်ဖြစ်၏။
သူသာ တခြားအိမ်ပိုင်ရှင်ကို မသိလျှင်ပင် နံပါတ်တစ်ရှန်အိမ်ရာဖြစ်သည့် တောင်ထိပ်တွင်ရရှိသော ထိုအိမ်နှင့် ပတ်သက်၍ သူကောင်းစွာသိသည်။ ဤသည်မှာ ထူးခြားသော ပထဝီဝင်တည်နေရာနှင့်အတူ ယွင်မင်ဗီလာ တစ်ခုလုံး၏ တစ်မူထူးခြားသော တောင်စောင်းအိမ်ကြီးဖြစ်သည်။ ကျုံးတုမြို့မှ သူဌေးကြီးတစ်ဦးသည် ၎င်းအတွက် အဆမတန်ဈေးပေးခဲ့သည်ဟု ဆိုခဲ့သော်လည်း ချင်းမိသားစုမှ ရောင်းချရန် ငြင်းဆိုခဲ့သည်။
ချင်းမိသားစု၏ အကြီးအကဲသည်၊ ၎င်းကို သူနေထိုင်ရန်အတွက် သီးသန့်သိမ်းဆည်းထားသည်ဟုဆိုကြသည်။ ထို့အပြင် ဤလူသည် မည်သို့ပင်ဆိုစေကာမူ၊ ချင်းမိသားစုဝင်တစ်ဦးမဖြစ်နိုင်သည့်အတွက်၊ ဖြစ်နိုင်ချေသည်တစ်ခုသာကျန်၏။
ရွှယ်အန်းသည် ၎င်းကို အသုံးပြု၍ မသိသောသူများကို လှည့်စားရန်ကြိုးစားနေခြင်းသာဖြစ်သည်။
သနားစရာ... မင်းငါနဲ့တွေ့ပြီ’ လင်းဟွမ်၏ ပါးစပ်ထောင့်တွင် မှုန်မှိုင်းသော အပြုံးတစ်ခု ပေါ်လာသည်။
‘ငါ မင်းကို ဘယ်လို ဖော်ထုတ်မလဲဆိုတာကို နောက်မှ ကြည့်လိုက်ပါ’
တောင်ထိပ်သို့ရောက်ပြီးနောက် နံပါတ်တစ်ရှန်ဗီလာ၏ ခမ်းနားမှုနှင့် တည်ရှိမှုသည် လူတိုင်းကို အံ့သြဆွံ့အစေသည်။ လင်ဟွမ်အပါအဝင် လူတိုင်းက ဤသို့သောအိမ်ကြီးကို ပထမဆုံးမြင်ဖူးကြခြင်းဖြစ်သည်။ ၎င်းနှင့် နှိုင်းယှဥ်ကြည့်လျှင် သူ့ကိုယ်ပိုင်အိမ်သည် လူနေရန်သာသာဟု ယူဆနိုင်သည်။
"ဒီအိမ်မှာ သမီးတို့ ဖေဖေနဲ့ အတူနေနေတာ" ရွှယ်ရှန်းက ဂုဏ်ယူစွာပြောသည်။
လူများစွာသည် ရွှယ်အန်းကို မတူကွဲပြားစွာ ကြည့်လာကြသည်။
‘သူ တကယ်ပဲ လျှို့ဝှက်ချမ်းသာတဲ့မိသားစုကြီးတစ်ခုခုက ဒုတိယမျိုးဆက် ဖြစ်မလား။’
သို့သော် ထိုအချိန်တွင် လင်းဟွမ်က လှောင်ပြောင်ကာ
“လူကြီးမင်းတို့၊ တခြားအိမ်ကြီးတွေကို ငါပြောစရာမရှိပေမယ့် ဒီနံပါတ်တစ်ရှန်ဗီလာအတွက်တော့ ယွင်မင်ဗီလာမှာရှိလူတိုင်းက ဒီနေရာဟာ သခင်ကြီးချင်း သူကိုယ်တိုင်နေဖို့ရည်ရွယ်ထားတဲ့ နေရာတစ်ခုဆိုတာ သိပါတယ်။ မစ္စတာရွှယ်က သခင်ကြီးချင်း မဖြစ်နိုင်ဘူး မဟုတ်လား”
ဤစကားကိုကြားသောအခါ၊ လူများစွာက အမှန်တရားကို ရုတ်တရက်သဘောပေါက်သွားသည့်နှယ် အထင်သေး၊ ရှုံ့ချ၍ ရွှယ်အန်းတို့ မိသားစုကိုကြည့်လာကြသည်။
ထိုအချိန်တွင် လင်ဟွမ်သည် အောင်ပွဲခံသောအမူအရာဖြင့် ရွှယ်အန်းကို ကြည့်လိုက်သည်။
“ကဲ ခန့်မှန်းကြည့်ကြရအောင်၊ မစ္စတာရွှယ်၊ ဒီမှာ ဘာလုပ်တာလဲ။ ထမင်းချက်လား၊ ဒါမှမဟုတ်၊ ဒရိုင်ဘာများလား”
ရွှယ်အန်းက ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။
“မင်းဘယ်လိုထင်လဲ”
“ဘာပဲဖြစ်ဖြစ် ဒီအိမ်ကြီးက မင်းအပိုင်မဖြစ်နိုင်ဘူး”
“ဦးလေးက အရေးမပါတာတွေပြောနေတာပဲ။ ဒါ အန်တီချင်းက သမီးတို့ ဖေဖေအတွက် လက်ဆောင်ပေးထားတာ” ရွှယ်ရှန်းက စိတ်ဆိုးနေသော မျက်နှာထားလေးနှင့် ပြောလိုက်သည်။
“ချင်းယွီလား။ ချင်းမိသားစုရဲ့ မမလေးလား၊ မင်းအဖေက ချင်းမိသားစုရဲ့ မမလေးကို သိတယ်ဟုတ်လား။ ကလေးမလေး၊ လိမ်တာ ကောင်းတဲ့အရာမဟုတ်ဘူး၊ မင်းသိလား” လင်ဟွမ်က ရယ်မော၍ ပြောသည်။
ရွှယ်အန်းသည် ဟန်ဆောင်နေပုံပေါ်သော်လည်း ကံမကောင်းစွာဖြင့် သူနှင့် တွေ့ခဲ့ရသဖြင့် သူအနိုင်ရပြီဟု တွေးလိုက်သည်။
‘အခု ထန်ရွှမ်အာရှေ့မှာ မင်းဘယ်လို ရပ်တည်မလဲကြည့်ကြရအောင်’
သို့သော် လင်ဟွမ်မှ မိမိကိုယ်မိမိကျေနပ်အားရနေချိန်တွင် တည်ငြိမ်၍ သြဇာညောင်းသော အသံတစ်ခုက အနောက်မှ ပေါ်ထွက်လာ၏။
“မစ္စတာရွှယ်၊ ဒီနေရာကို သိပ်မကြိုက်သေးဘူးလား”
လူအားလုံးလှည့်ကြည့်လိုက်သောအခါ၊ တောင်ခြေမှ တက်လာသည့် လူလတ်ပိုင်းလူကြီးတစ်ယောက်တက်လာသည်ကို တွေ့လိုက်ရသည်။ ဤလူတွင် ဂုဏ်သိက္ခာရှိသော မျက်နှာအသွင်အပြင်မျိုးနှင့်၊ ခံ့ညားသော ရုပ်ဟန်ရှိသည်။
ဤသည်ကား ချင်းယွမ်ပင်ဖြစ်၏။
ရွှယ်အန်းက အနည်းငယ်ခေါင်းညိတ်လိုက်သည်။
“အဆင်ပြေပါတယ်၊ ဒီတောင်က အရမ်းနိမ့်နေလို့ မီတာတစ်ရာကျော်လောက် မြှင့်လိုက်တယ်”
ချင်းယွမ်မှ တောင်ပေါ်သို့ တက်သောအခါ၊ တစ်စုံတစ်ခု ပြောင်းလဲသွားသည်ကို ခံစားခဲ့ရသည်။ ပုံမှန်အားဖြင့် တောင်သည် ဤမျှထိမမြင့်မားပေ။ ရွှယ်အန်း၏ မှတ်ချက်ကို ကြားသောအခါ၊ အလွန်အံ့အားသင့်လျက်ရှိကြ၏။ တောင်ကြီးတစ်ခုလုံးကို မြှင့်တင်နိုင်ခြင်းကို သူ ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်၏။ သို့သော် ယခုအချိန်တွင် ချင်းယွမ်၏ မျက်လုံးများထဲတွင် ရွှယ်အန်းသည် အင်မော်တယ်တစ်ဦးဖြစ်သောကြောင့် ဤသည်မှာ ခဏတာသာ အံ့သြနေခဲ့သည်။
သို့သော် လင်ဟွမ်သည် ချင်းယွမ်ဖြစ်ကြောင်း မသိသဖြင့်၊ ရွှယ်အန်းနှင့် အခြားအမျိုးသားတစ်ယောက် ပြောဆိုဆက်ဆံနေသည်ကို မြင်သောအခါ၊ လှောင်ရယ်လိုက်သည်။
“ဝိုး အပေါင်းအဖော်တောင်ပါတယ်ပေါ့၊ တကယ့် ပြဇာတ်ပဲ”
ချင်းယွမ်က မျက်မှောင်ကြုတ်၍ လင်ဟွမ်ကို ကြည့်လိုက်သည်။
“မောင်ရင်ကဘယ်သူလဲ”
လင်ဟွမ်ကဂုဏ်ယူသော မျက်နှာဖြင့် ပြောသည်။
“ကျုပ်က ယွင်မင်ဗီလာရဲ့ ပိုင်ရှင်ပဲ၊ ဒီကောင်က နံပါတ်တစ်ရှန်ဗီလာပိုင်ရှင်လို့ ပြောနေလို့ ကျုပ်သူ့ကို ဖော်ထုတ်မလို့ပဲ”
‘ဖော်ထုတ်မယ်ဟုတ်လား’
ချင်းယွမ်သည် ရွှယ်အန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ ဖြစ်ပျက်နေသော အရာများကို သဘောပေါက်လိုက်သည်။
“ဒါဆို နံပါတ်တစ်ရှန်ဗီလာကို ဘယ်သူပိုင်တယ်လို့ မင်းပြောမလဲ”
“ဟားဟား နံပါတ်တစ်ရှန်ဗီလာကို သခင်ကြီးချင်းက သူကိုယ်တိုင်သုံးဖို့ ချန်ထားတဲ့အကြောင်း မသိတဲ့လူရှိလို့လား၊ ဒီကောင်တကယ်လိမ်နေတာ။ ဟာသပဲ”
လောင်ကျင်းနှင့် အခြားသူများအားလုံး ရယ်မောလိုက်ကြသည်။ ဤရယ်မောသံများကြားတွင် ချင်းယွမ်က အေးစက်စွာပြောလိုက်၏။
“မှန်ပါတယ်၊ နံပါတ်တစ်ရှန်ဗီလာကို မူလက ကျုပ် ကိုယ်ပိုင်အဖြစ်သုံးဖို့ ချန်ထားခဲ့ပေမယ့်၊ အခု မစ္စတာရွှယ်ကို လက်ဆောင်အဖြစ်ပေးလိုက်ပါပြီ၊ အဲ့တာ ပြဿနာရှိလို့လား”
တစ်နေရာလုံး တိတ်ဆိတ်သွားကြသည်။
ထို့နောက်၊ လင်ဟွမ်က လှောင်ရယ်လိုက်သည်။
“ခင်ဗျားက သူ့ကို ပေးတာလား၊ ဘယ်လိုဟာသမျိုးလဲ၊ ခင်ဗျားက ဘာမို့လို့လဲ”
“မင်းကရော ဘာမို့လို့လဲ” အေးစက်သော ဒေါသသံတစ်ခုက ထွက်ပေါ်လာသည်။ ချင်းယွီသည် တောင်ခြေမှ တက်လာရာ၊ သူမ၏ လှပသော မျက်နှာလေးသည် ဒေါသများဖြင့် ပြည့်နေ၏။
လင်ဟွမ်သည် ချင်းယွမ်ကို မမှတ်မိလှသော်လည်း ချင်းယွီကို မှတ်မိသဖြင့် သူမကို တွေ့လိုက်ရသောအခါ၊ တစ်ကိုယ်လုံး အေးခဲသွားသည်။ ချင်းယွီက ရွှယ်အန်းအနားသို့ ဦးစွာ သွား၍ တလေးတစားပြောလိုက်သည်။
“မစ္စတာရွှယ်၊ ရှင့်ကိုတွေ့ရတာ ဝမ်းသာပါတယ်”
ရွှယ်အန်းက ဘာသိဘာသာ ခေါင်းညိတ်လိုက်သည်။
“အဘိုး… အဘိုး”
ချင်းယွီထံမှ ဤသို့ ခေါ်ခံရနိုင်သော တစ်ဦးတည်းသော သူမှာ ချင်းယွီဖြစ်သည်။ လုံတိုင်အဖွဲ့၏ ဥက္ကဌ၊ ချင်းမိသားစု၏ အကြီးအကဲဖြစ်သည့် ချင်းယွမ်မှတပါးအခြားသူမဟုတ်ပေ။ လင်ဟွမ်သည် သူ့ခေါင်းပေါ်သို့ ဗုံးတစ်လုံးသက်ဆင်းလာသည့်နှယ် ခံစားလိုက်ရသည်။
‘ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’
ဤမျှ သာမန်ကျကာ၊ ထူးထူးခြားခြားဟု မထင်ရသော လူကို ချင်းမိသားစုမှ မစ္စတာရွှယ်ဟု အဘယ်ကြောင့် ဤမျှ တလေးတစားဆက်ဆံနေကြသနည်း။
ရွှယ်အန်းကို အမြဲအထင်သေး၍ ထန်ရွှမ်အာ၏ ရွေးချယ်မှူကို လှောင်ပြောင်ရန် ကြိုးစားနေခဲ့သော လင်ဟွမ်သည် ယခုအခါ၊ မျက်လုံးများ အစိမ်းရောင်သို့ပြောင်းလုသည်အထိ မနာလိုဖြစ်လာ၏။
ချင်းမိသားစုမှ ဤလူကို တလေးတစားဆက်ဆံလျက်ရှိပါက၊ သူ၏ အဆင့်အတန်းသည် အလွန်မြင့်မားနေနိုင်သည်။ သူနှင့်ယှဥ်ပါက လင်ဟွမ်သည် မည်သည့်အဆင့်မျှမရှိပေ။
သို့သော် ထိုနေရာ၌ပင် မပြီးဆုံးခဲ့ပေ။ ယနေ့ နံပါတ်တစ်ရှန်ဗီလာသည် အထူးအသက်ဝင်နေကာ၊ နှင်းကဲ့သို့ဖြူဖွေးနေသော ဆံပင်များရှိသည့် အဘိုးအိုတစ်ဦးနှင့်၊ အရပ်ခပ်မြင့်မြင့် ကျော့ရှင်းသော မိန်းကလေးတစ်ဦးသည် တောင်ပေါ်လမ်းကလေးများမှတဆင့် လျှောက်လာသည်။
၎င်းတို့ ချဥ်းကပ်လာသောအခါ၊ လင်ဟွမ်၊ လောင်ကျင်းနှင့် ကျန်သူများအကုန် အံ့သြသွားရသည်။ ဟွာရှင်းယွီနှင့် ဟွာထင်းထင်းတို့ မြေးအဘိုးနှစ်ယောက်မှတပါး အခြားသူများမဟုတ်ပေ။ ပေကျန်းမြို့၏ ဆေးဘက်ဆိုင်ရာအသိုင်းအဝိုင်းတွင် ၎င်းတို့သည် သခင်အဆင့် ပုဂ္ဂိုလ်ကြီးများဖြစ်ကြသည်။ ဤနှစ်ဦးသည် လေထဲတွင် လွင့်နေသကဲ့သို့ လူအုပ်ကြားမှ တည့်တည့်ဖြတ်လျှောက်သွားသည်။ ထို့နောက်၊ ဟွာရှင်းယွီသည် ကျောင်းဆရာတစ်ဦး၏ တပည့်တစ်ယောက်နှယ်၊ ရွှယ်ရှန်းအားရိုသေစွာ ဦးညွတ်လိုက်သည်။
“မစ္စတာရွှယ်၊ ခင်ဗျားကို တွေ့ရတာ ဝမ်းသာပါတယ်”
ရွှယ်အန်းကို လှောင်ပြောင်ပြောဆိုနေသည့် သူများအပါအဝင်၊ လူအုပ်ကြီးသည် သေမင်းတမန်ကို မြင်လိုက်ရသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ ယခုမူ၊ သူတို့အားလုံး၏ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
လင်ဟွမ်က တုန်တုန်ယင်ယင်လျက်၊ နောက်ဆုံးတွင် ရွှယ်အန်း အဘယ်ကြောင့် အစမှအဆုံး အပြုံးမပျက်ရှိနေခဲ့ကြောင်း နားလည်ခဲ့သည်။ ရွှယ်အန်းသည် လင်ဟွမ်၏ မသိနားမလည်မှုကို လှောင်ပြောင်နေခဲ့သည်။
ထိုအချိန်တွင် ချင်းယွမ်က လင်းဟွမ်ဘက်သို့ လှည့်၍ ပြောလိုက်သည်။
“မင်းဘယ်သူလို့ ပြောလိုက်တာပါလိမ့်”
သူမ၏ အေးစက်သော အသံက လင်ဟွမ်ကို တုန်လှုပ်စေကာ၊ တုန်ယင်နေသော အသံဖြင့် ပြန်ဖြေလိုက်သည်။
“ချင်း.. မိန်းကလေးချင်း၊ သူက သခင်ကြီး ချင်းဖြစ်နေမယ်လို့ ကျွန်တော် တကယ်မထင်ထားဘူး”
ချင်းယွီက ရှေ့တိုးလာ၍ အေးစက်စွာပြောလိုက်သည်။
“ဒီအိမ်ကြီးကို ငါတို့ ချင်းမိသားစုက မစ္စတာရွှယ်အတွက် ခြွင်းချက်ထားပြီး လက်ဆောင်ပေးခဲ့တာပဲ။ ရှင်က ဘာလဲ။ ရှင်က ဘာမို့လို့မေးခွန်းထုတ်ရတာလဲ”
“ကျွန်တော် မှားပါပြီ” လင်ဟွမ်က မည်သည့်စကားတစ်ခွန်းမျှပင် ပြန်မပြောနိုင်ဘဲ၊ ဝိုးတဝါးရေရွတ်လိုက်သည်။ ချင်းယွီ၏ မျက်ခုံးများသည် ဒေါသစိတ်ကြောင့် မြင့်တက်လာကာ၊ အခြားအရာတစ်ခုခုကို ပြောချင်နေသည့်ဟန်ရှိသော်လည်း ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“မေ့လိုက်တော့”
လင်ဟွမ်နှင့် အခြားသူများသည် ကောင်းကင်ဂီတသံကို ကြားလိုက်ရသကဲ့သို့ ပျော်ရွှင်သွားကြသည်။
‘ဒီကောင်က တော်တော် ကျိုးကြောင်းဆီလျော်ပုံပဲ။’ လင်ဟွမ်သည် နှလုံးသားထဲတွင် တိတ်တဆိတ် ရွှင်မြူးသွားရသည်။
“အခုတော့ လူတိုင်းက သူတို့မှားမှန်းသိကြပြီဆိုတော့၊ စကားတွေဆက်ပြောနေတာ ဖြုန်းတီးရာ မကျဘူးလား။ ဒူးထောက်ပြီး တောင်အောက်ကို ဆင်းခိုင်းလိုက်ပါ” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။