← Chapters

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အခန်း(၅၈) အမြင့်ဆုံးလွှတ်လပ်မှု

‘ဒူးထောက်ပြီး တောင်ပေါ်က ဆင်းရမယ်ဟုတ်လား’

လင်ဟွမ်နှင့် လောင်ကျင်းတို့၏ မျက်နှာများ ချက်ချင်း ဖြူလျော့သွားကြသည်။ တောင်သည် မမြင့်လှသော်လည်း ဒူးထောက်လျက်သား တောင်အောက်သို့ ဆင်းခြင်းသည်မူ အချိန်တိုအတွင်းပြီးစီးနိုင်မည့်အရာ မဟုတ်ပေ။ ရွှယ်အန်းသည် စကားဆုံးသည်နှင့် ရွှယ်ရရှန်းနှင့် ရွှယ်နျန်တို့နှင့်အတူ၊ အိမ်ထဲသို့ ဝင်သွား၏။ ထန်ရွှမ်ဟာသည် လုပ်ဖော်ကိုင်ဖက်များစု ခေါ်သော ဤလူများကို လေးနက်စွာ စိုက်ကြည့်ပြီးနောက်၊ လှည့်ထွက်သွားသည်။

“ရွှမ်အာ၊ ငါတို့ကိုယ်စား မစ္စတာရွှယ်ကို တောင်းပန်ပေးပါ။ ငါတို့တကယ် တောင်ပေါ်ကနေ ဒူးထောက်ဆင်းရရင် ဘယ်လိုလုပ်ရမလဲ” လောင်ကျင်းသည် ထန်ရွှမ်အာကို အကူအညီ‌တောင်းရန် အသိစိတ်ရှိသေး၏။

“ဟုတ်တယ် ရွှမ်အာ၊ ငါတို့ က လုပ်ဖော်ကိုင်ဘက်တွေလေ၊ ဒီလောက်ခက်ခက်ခဲခဲလုပ်ရမှ ဖြစ်မှာလား” လူများစွာသည် ဆက်တိုက်ဆိုသလိုပင် ပြောလာကြ၏။ ထန်ရွှမ်အာ၏ မျက်နှာထက်တွင် ခံစားချက်အစစ်အမှန်များဖြစ်သည့် ရွံရှာစက်ဆုပ်မှုများ ပေါ်လာသည်။

“ဒီလောက်ခက်ခက်ခဲခဲလုပ်ရမှဖြစ်မှာလားဟုတ်လား။ ဒါဆို ငါမင်းကို မေးပါရစေ၊ ငါတို့ကို စစတွေ့ချင်းမှာ လှောင်ပြောင်တာ ဘယ်သူတွေလဲ”

လူတိုင်း ဆွံ့အကုန်ကြချိန်တွင် ထန်ရွှမ်အာသည် ရှေ့သို့တိုးလာ၍ လောင်ကျင်းနှင့် လင်ဟွမ်ကို စိုက်ကြည့်၍ ပြောလိုက်သည်။

“မစ္စတာရွှယ်ကို တစ်ပြားတစ်ကျပ်တောင်မရှိတဲ့လူလို့ ခေါ်နေခဲ့တာ ဘယ်သူများလဲ”

လောင်ကျင်းနှင့် လင်ဟွမ်တို့နှစ်ဦးလုံး ထိတ်လန့်သွားကြသည်။ အထူးသဖြင့် လောင်ကျင်းဖြစ်သည်။

ဤမိန်းကလေးသည် နူးညံ့သိမ်မွေ့သော စိတ်ထားရှိကြောင်း သေချာနေခဲ့သောကြောင့် ထန်ရွှမ်အာကို အကြိမ်ကြိမ်အခါခါ၊ ပစ်မှတ်ထား၍ လှောင်ပြောင်ခဲ့သည်။ သူမ မည်သို့ပင်အနိုင်ကျင့်စေကာမူ၊ ထန်ရွှမ်အာက လက်တုံ့ပြန်လိမ့်မည်မဟုတ်ကြောင်း ယုံကြည်ထားသည်။

သို့သော ယခုမူ၊ သူမမှားကြောင်း သိလိုက်ရပြီဖြစ်၏။

သူမ…အလွန်မှားယွင်းသွားခဲ့သည်။

ထန်ရွှမ်အာက လှည့်ထွက်သွားသောအခါ၊ ချင်းယွီက လင်ဟွမ်ကို ဘာသိဘာသာပြောလိုက်၏။

“ကျွန်မမှတ်မိတာမမှားရင် ရှင်မျိုးရိုးနာမည်က လင်မလား။ ယွင်မင် ဗီလာက ရှင့်ကို ဆက်ပြီး မကြိုဆိုတော့ပါဘူး”

ထိုစကားကို ပြောပြီးနောက်၊ ချင်းယွီသည်လည်းလှည့်ထွက်သွားသည်။ လင်ဟွမ်သည် စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့ဘဝဆုံးသွားပြီဖြစ်ကြောင်း သူသိသည်။ သို့သော် ၎င်းမှာ ထိုအိမ်ရာကြောင့်မဟုတ်၊ ချင်းယွီ၏ သဘောထားကြောင့်သာဖြစ်၏။

သူ့မိသားစုသည် ပေကျန်းတွင် အလွန်ချမ်းသာလှသော်လည်း လုံတိုင်အဖွဲ့နှင့် နှိုင်းယှဥ်ပါက၊ ၎င်းတို့သည် မည်သည့်အဆင့်မျှမရှိပေ။ ယခုတွင် သူသည် ချင်းယွီကို ဒေါသထွက်စေခဲ့ပြီဖြစ်သဖြင့်၊ ပေကျန်းတစ်မြို့လုံးရှိ လင်မိသားစု၏ လုပ်ငန်းများအားလုံး ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ဤအရာအားလုံးသည် သူ့အပြစ်များသာဖြစ်၏။ လင်ဟွမ်၏ နှလုံးသားသည် အမည်မသိသော ဒေါသအရှိန်ဖြင့် မြင့်တက်လာကာ၊ အပြစ်အားလုံးကို ရွှယ်အန်းထံသို့ ပုံချလိုက်သည်။

‘မင်းအရမ်း အာဏာကြီးနေတယ်ဆိုရင် ဘာလို့ အစတည်းက မပြခဲ့လဲ’

‘အခု မင်းကြောင့် ဖြစ်ရတဲ့ အရှုပ်အထွေးတွေကို ကြည့်စမ်း’

‘ဟုတ်တယ်၊ အရာအားလုံးက မင်းအပြစ်ပဲ’

လင်ဟွမ်သည် ဤသို့တွေးကာ၊ မျက်နှာထက်တွင် အလွန်ခါးသီးသော အမူအရာများပေါ်လာသည်။

‘ငါတို့ကို တကယ်ပဲ တောင်ပေါ်ကနေ ဒူးထောက်ဆင်းဖို့ မျှော်လင့်နေတာလား’

‘တကယ့်ဟာသပဲ’

‘ငါက ဘာလို့ ဒူးထောက်ရမှာလဲ’

လင်ဟွမ်က ဤသို့တွေး၍ တောင်ကုန်းအောက်သို့လျှောက်သွားသော်လည်း ခြေလှမ်းအနည်းငယ်အကြာခန့်တွင် သူ့ပခုံးပေါ်သို့ ပြင်းထန်သော တွန်းအားတစ်ခုသက်ရောက်လာသည်ကို ခံစားလိုက်ရကာ၊ ချက်ချင်းဆိုသကဲ့သို့ပင် မြေပြင်ပေါ်သို့ ဒူးထောက်ကျ၍ မည်သို့ပင် ရုန်းကန်နေစေကာမူ၊ မတ်တပ်ပင်မရပ်နိုင်တော့ပေ။ သူသာမက လောင်ကျင်းနှင့်အတူ ရွှယ်အန်းတို့ကို စော်ကားခဲ့ကြသူများသည်များသည်လည်း ပြင်းထန်သော စွမ်းအားတစ်ခု၏ ဖိနှိပ်ခြင်းကို ခံစားလိုက်ရကာ၊ ၎င်းတို့သည်လည်း ဒူးထောက်ကျ၍ မလှုပ်ရှားနိုင်တော့ပေ။ ကျန်သူများအားလုံးသည် တစ်ယောက်ကိုတစ်ယောက် ထိတ်လန့် ကြောက်ရွံ့နေသော မျက်လုံးများဖြင့်ငေးကြည့်နေကြသည်။

ဤသည်ကားမည်သို့သော နည်းလမ်းမျိုးနည်း။

အဆုံးသတ်တွင် လင်ဟွမ်နှင့် အခြားသူများသည် အမှန်တကယ်ပင် တောင်ပေါ်မှ ဒူးထောက်လျက်၊ တစ်လှမ်းချင်း တွားသွားဆင်းလာကြသည်။ ထိုအချိန်တွင် အိမ်ထဲ၌ ရွှယ်အန်းသည် ဟွာရှင်းယွီပြောပြသည့် ပြဿနာတစ်ခုအကြောင်း နားထောင်လျက်ရှိသည်။ ဟွာရှင်းယွီသည် လေးနက်သောအမူအရာဖြင့် ပြောလာသည်။

“မစ္စတာရွှယ်၊ နိုင်ငံခြားက ကျုပ်သူငယ်ချင်းတစ်ယောက်က ခင်ဗျားနဲ့ပတ်သက်ပြီး မက်ဆေ့ချ်တစ်ခုပို့တယ်”

“အိုး ဘာမက်ဆေ့ချ်လဲ”

“ကောင်းကင်ဘုံညွန်ပြသူလို့ လူသိများတဲ့ ယွီရင်းက သူ့ သီးသန့်ကျင့်စဥ်ကနေ ထွက်ပြီး မကြာခင်မှာ ဒီနိုင်ငံကို ပြန်လာပြီး လေးနှစ်တစ်ကြိမ်သိုင်းပညာပြိုင်ပွဲမှာ ပါဖို့စီစဥ်နေတယ်”

“ကောင်းကင်ဘုံညွှန်ပြသူ ဟုတ်လား” ချင်းယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီးနောက် သူ့မျက်နှာထက်တွင် ထိတ်လန့်သော အကြည့်တစ်ခုပေါ်လာသည်။

“အဘိုး လက်ညှိုးညျွန်တဲ့လူကြီးကဘယ်သူလဲ” ချင်းယွီက အနည်းငယ်အံ့သြစွာဖြင့် ပြောသည်။ ချင်းယွမ်၏ အမူအရာသည် အလွန်လေးနက်တည်ကြည်လှ၏။

“သူက လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ပင်လယ်အားလုံးကို ကြီးစိုးတဲ့ ပြိုင်ဘက်ကင်း သခင်ကြီးပဲ။ နောက်ပိုင်းမှာ သူပျောက်ကွယ်သွားတော့၊ ကွယ်လွန်သွားပြီဆိုတဲ့ ကောလဟာလတွေထွက်လာသေးတယ်။ အသက်ရှင်နေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ”

“သူက အသက်ရှင်နေရုံတင်မက တော်တော်လည်းနေကောင်းနေတယ်။ တပည့်နှစ်ယောက်ကိုတောင် လေ့ကျင့်ပေးထားတာ၊ တစ်ယောက်က လျို့ရှု့နဲ့ တစ်ယောက်က ယွီချင်းလို့ ခေါ်တယ်”

ထိုအမည်နှစ်ခုကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် တစ်ခန်းလုံး တိတ်ဆိတ်သွားရသည်။ ရွှယ်အန်းသည် ဆွေးနွေးနေကြသောအရာများအားလုံးသည် သူနှင့် ဆိုင်သကဲ့သို့ ထိုနေရာ၌ ဘာသိဘာသာ ထိုင်နေသည်။

ဟွာရှင်းယွီက ဆက်လက်၍ ပြော၏။

“ယွီလင်က သူ့တပည့်နှစ်ယောက် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး လက်စားချေဖို့ သီးသန့်ကျင့်ကြံရေးကနေ ထွက်လာခဲ့တာပဲ။ လာမယ့်သိုင်းပညာပြိုင်ပွဲမှာ သူ့တပည့်တွေကို သတ်တဲ့လူသတ်သမားကို ရင်ဆိုင်မယ်လို့ ပြောထားတယ်”

“အဲ့တော့ ဘာဖြစ်လဲ” ရွှယ်အန်းက ဘာမှမထူးခြားလှသည့်ပုံစံဖြင့်ပြန်ပြောလိုက်သည်။

“မစ္စတာရွှယ်၊ ခင်ဗျားမှာ ထူးခြားတဲ့အရည်အချင်းတွေရှိပေမယ့်ယွီလင်ကတော့ သာမန်လူမဟုတ်ဘူး။ သူ့ကို လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က တစ်ကြိမ်တွေ့ဖူးတယ်။ သူက အဲ့အချိန်တည်းက ရှောင်ယောင်းအဆင့်ကိုရောက်နေပြီ။ အခု အနှစ်သုံးဆယ်ကြာပြီးတော့၊ လူအများက သူ ကောင်းကင်လူသားအရှင်အဆင့်ကို ခြေတစ်လှမ်းချပြီးလောက်ပြီလို့ ပြောနေကြတယ်”

ကောင်းကင်လူသားအဆင့်

ဤခေါင်းစီးသည်ပင် အလွန်မှော်ဆန်လှ၏။ ရှောင်ယောင်းအဆင့်သို့ ဝင်ရောက်ပြီးသည်နှင့် ၎င်းတို့သည် အင်မော်တယ်များဖြစ်လာကြသည်။ ကောင်းကင်ဘုံရှင်အဆင့်သို့ရောက်သွားမှသာလျှင်၊ လူမသိနိုင်သော အဆင့်တစ်ခုသို့ အမှန်အကန် ဝင်ရောက်သွားမည်ဖြစ်သည်။

ဆိုလိုသည်မှာ ဤအဆင့်သို့လျှောက်လှမ်းရခြင်းသည် အလွန်အမင်းခက်ခဲလှသည်။ ဟွာရှင်းယွီ၏ ဖော်ပြချက်ကြောင့် အခန်းထဲရှိ လူများအားလုံး တုန်လှုပ်ခြောက်ခြားသွာားကာ၊ လေထုသည်လည်း အနည်းငယ်ထူးဆန်းသွားသည်။ ထိုအချိန်တွင် ကလေးတစ်ယောက်၏ အသံတစ်ခု ပေါ်ထွက်လာ၏။

“ဖေဖေ၊ ကောင်းကင်လူသားဆိုတာဘာလဲ။ စားလို့ရလား”

ကြည့်ရန်မလိုအောင်ပင်၊ ထိုမေးခွန်းကိုမေးလာသူမှာ ရွှယ်နျန်ဖြစ်ကြောင်း ထင်ရှား၏။ ရွှယ်အန်းက တိုးညှင်းစွာရယ်မောလိုက်သည်။

“ကောင်းကင်လူသားအရှင်ကို ပြောတာလား။ ကောင်းကင်လူသားအရှင်ဆိုတာ… ဖေဖေ လက်သီးတစ်ချက်နဲ့ သတ်ပစ်လို့ရလောက်တဲ့အရာတစ်ခုပဲ”

ဤပြောဆိုချက်သည် ဟွာရှင်းယွီကိုပင် အံ့အားသင့်စေခဲ့သည်။ ထို့နောက်၊ ရွှယ်အန်းသည် အခန်းထဲသို့ ဝေ့ဝိုက်ကြည့်လိုက်သောအခါ၊ ချင်းယွမ်နှင့် အခြားသူများ၏ မျက်နှာထက်မှ စိုးရိမ်ပူပန်မှုကို တွေ့လိုက်ရသဖြင့် ခပ်ပါးပါး ပြုံးပြလိုက်သည်။

“သူ ကျုပ်ကို တွေ့ချင်တယ်ဆိုတော့လည်း ကောင်းတာပေါ့၊ ဒီလို အသက်အရွယ်ကျမှ ကောင်းကင်လူသားအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ သခင်ဆိုတဲ့လူက ဘယ်လိုမျိုးလဲဆိုတာ ကျုပ်ကြည့်ချင်သေးတယ်”

ဤစကားကို ပြောလာသော ရွှယ်အန်း၏ လေသံတွင် ယုံကြည်မှုအပြည့်ရှိနေ၏။ ဤသည်က သူ့ဘေးနားမှ ဟွာထင်းထင်းကိုပင် အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားစေသည်။ သို့သော် ဟွာရှင်းယွီသည် အနည်းငယ်စိုးရိမ်နေမိသေးသည်။ ရွှယ်အန်း၏ သိုင်းပညာကျင့်ကြံရေးသည် နားလည်ရမလွယ်သော်လည်း သူ့အတွက်မူ၊ ရွှယ်အန်းနှင့် ကောင်းကင်ဘုံညွှမ်ပြသူ အကြီးအကဲအကြားတွင် ကြီးမားသော ကွာဟချက်ရှိနေသေးသည်။

“စကားမစပ်၊ သိုင်းပညာပြိုင်ပွဲက ဘယ်မှာကျင်းပတာလဲ” ရွှယ်အန်းက မေးသည်။

“ချင်းမန်”

ဟွာရှင်းယွီနှင့် ချင်းယွမ်တို့သည် နှစ်ယောက်လုံးတစ်ပြိုင်တည်းပြောလိုက်ကြ၏။

ရွှယ်အန်းက မျက်ခုံးပင့်လိုက်သည်။

“ချင်းမန်လား”

“ဟုတ်တယ်။ ပြိုင်ပွဲတည်နေရာကို အတိအကျ မသတ်မှတ်ထားဘူး။ ဒီနှစ်တော့ ပေကျန်းမြို့ရဲ့ မြို့ပြပတ်ဝန်းကျင်အဆင်မပြေမှုတွေကြောင့် ချင်းမန်မြို့ကို ပြောင်းခဲ့တယ်။ အဲ့အပြင် ချင်းမန်မြို့ ခရီးသွားတွေရဲ့ မျက်စိကျစရာနေရာတစ်ခုလည်းဖြစ်တာကြောင့်၊ ကျော်ကြားမှုကို မြှင့်တင်ပေးနိုင်တယ်” ဟွာရှင်းယွီက ဆက်လက်ရှင်းပြသည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ အချိန်ကျရင် ကျုပ်တစ်ချက် သွားကြည့်လိုက်ပါမ့ယ်”

ဤအခိုက်အတန့်တွင် မလေးရှားနိုင်ငံ တရုတ်စျေးတွင်ရှိနေသည့် ရှေးကျသော အိမ်ကလေးတစ်အိမ်အတွင်း၌ ယွီလင်းသည် လက်ဖက်ရည်သောက်နေ၏။

“ငါးခေါင်းအိုကြီး၊ကျုပ်ခင်ဗျားကို သီးသန့်ကျင့်ကြံရေးကနေ ထွက်လာလိမ့်မယ်လို့ တကယ်မမျှော်လင့်ထားဘူး” မျက်နှာချင်းဆိုင်တွင်ရှိနေသူမှာ မုတ်ဆိတ်ဖြူအဘိုးကြီးဖြစ်သည်။

“ငါထွက်မလာရင် ငါ့တပည့်တွေ အကုန်သေသွားနိုင်တယ်” ယွီလင်းက အေးစက်စွာပြောသည်။

အဘိုးအိုက အံ့အားသင့်စွာ သက်ပြင်းချ၍

“ကျုပ် အဲ့အကြောင်း ကြားလိုက်ရတယ်။ ယွီချင်းတစ်ယောက် ရှက်ဖို့ကောင်းလိုက်တာဗျာ၊ ယွီမိသားစုကို သတိပေးပြီးပြီလား”

ယွီလင်းက ခေါင်းခါလိုက်သည်။

“မပြောရသေးပါဘူး။ အသေးစိတ်ကိုတော့ ငါမသိရသေးဘူး။ အဲ့လူသတ်သမားကို သတ်ပြီးတာနဲ့၊ လင်နန်မှာရှိတဲ့ ယွီမိသားစုကို ငါသွားတွေ့မယ်”

အဘိုးကြီးက ခေါင်းညိတ်လိုက်သည်။

“ခင်ဗျား ကျုပ်တို့ အဖွဲ့အစည်းရဲ့ အကူအညီလိုသေးလား”

ယွီလင်းက ခေါင်းကို ခါယမ်းလိုက်၏။

“ငါးခေါင်းအိုကြီး၊ ဒီနေ့ခေတ်မှာ အချိန်တွေကုန်တာ အရမ်းမြန်တယ်။ သတိထားဖို့လိုတယ်”

ယွီလင်းက ဂုဏ်ယူစွာပြုံး၍ ရုတ်တရက် လက်ညှိုးညွှန်ပြလိုက်သည်။

၎င်းတို့နှင့် ၁၂မီတာခန့်ဝေးသော နေရာရှိ ကွန်ကရစ်အုပ်ထားသော စတီးလ်နံရံတွင် စက်ဝိုင်းပေါက်တစ်ခု ရုတ်တရက်ပေါ်လာ၏။ ၎င်းသည် မူလအစကတည်းကရှိနေသည့်နှယ်၊ တိတ်တဆိတ်၊ ချောမွေ့စွာ ထွက်ပေါ်လာ၏။

အဘိုးအို၏ မျက်လုံးများသည် စိတ်လှုပ်ရှားစွာ ပြူးထွက်လာသည်။

“နောက်ဆုံးတော့ မင်းဒီအဆင့်အထိ ရောက်သွားပြီပေါ့”

ယွီလင်းက ခေါင်းညိတ်လိုက်သည်။

“ငါမင်းကို အားကျတယ်။ တကယ်လို့ အဲ့တုန်းက မင်းနဲ့ တောင်တွေဆီကိုသာလိုက်ခဲ့ရင် အခုအချိန်မှာ ကြီးကျယ်ခမ်းနားတဲ့လွတ်လပ်မှုမျိုးကို ရနေလောက်ပြီ”

အနှစ်သုံးရာသက်တမ်းရှိသည့် ကောင်းကင်လူသားအရှင်များကို သာမန်လူများက ကြီးကျယ်သည့် လွတ်‌ေမြာက်သူများ ဟု ခေါ်ကြသည်။

အခန်း(၅၉) သိုင်းပညာဖိုရမ်

သိုင်းပညာဖိုရမ်သည် ဟွာရှားသိုင်းပညာလောက၌ တရားဝင်နှင့် အကျော်ကြားဆုံးသော အွန်လိုင်းဖိုရမ်ဖြစ်သည်။ သိုင်းပညာရှင်များစွာသည် ထိုနေရာ၌ ထိုးထွင်းအမြင်များ ဖလှယ်ကြ၍ ရံဖန်ရံခါတွင် စစ်မှန်သောအရှင်များ သို့မဟုတ်၊ ရှောင်ယောင်းအဆင့်မှ ကျွမ်းကျင်သူများပင် လမ်းညွှန်မှုများပေး၏။ သို့သော် ဖိုရမ်တွင် အသုံးအများဆုံး မေးခွန်းများမှာ ဤသို့သော မေးခွန်းများပင်ဖြစ်၏။

အကယ်၍ ငါ ဟွာချောက်ကမ်းပါးက ခုန်ချလိုက်ရင် သိုင်းပညာလက်စွဲစာအုပ်ကိုရှာတွေ့မှာလား။ အခုအွန်လိုင်းတက်ကြ၊ အရမ်းအရေးကြီးတယ်

ပထမဆွေးနွေးသူ။ ။ ဆိုဖာ (ပထမဆုံးမှတ်ချက်ပေးသူဟုဆိုလိုသည်)

ဒုတိယဆွေးနွေးသူ။ ။ ငါ့အထင်တော့ အဲ့တာဖြစ်နိုင်တယ်။ ဒါပေမယ့်၊ ဒီလို တစ်ကိုယ်တော်ကျင့်ကြံသူတွေက အရမ်းထူးခြားတယ်လို့ ငါကြားဖူးတယ်။ ဒါ့ကြောင့် အောင်မြင်နိုင်ချေပိုများအောင်၊ မခုန်ချခင် အဝတ်အစားတွေချွတ်သွားတာ အကောင်းဆုံးပဲတဲ့။

တတိယဆွေးနွေးသူ။ ။ မေးတဲ့လူက အမျိုးသမီးဆိုရင် ဘယ်လိုလုပ်မလဲ

စတုတ္ထဆွေးနွေးသူ။ ။ အဲ့တာဆိုလည်း ဗီဒီယိုတောင်းလိုက်ကွာ။

ပဥ္စမဆွေးနွေးသူ။ ။ ငါ့လည်း ပို့ပါဦး။

ဤရယ်စရာကောင်းသော မေးခွန်းများသည် လူများစွာကို ၎င်းတို့၏ အားလပ်ချိန်များ၌ သိုင်းပညာဖိုရမ်သို့ ပေါ့ပေါ့ပါးပါး ကြည့်ရှု့စေ၏။ ယနေ့ ခါတိုင်းကဲ့သို့ပင် လီချန်းသည် သိုင်းပညာဖိုရမ်သို့ဖွင့်၍ ခဏတာအနားယူရန် အဆင်သင့်ဖြစ်နေ၏။ သို့သော် ယနေ့ဖိုရမ်သည် သာမန်ထက် အနည်းငယ်သာလွန်နေပုံပေါ်သည်။ အပေါ်ဆုံးတွင် အသားပေးထားသည့် ပိုစ့်တစ်ခုရှိသည်။

“လေးနှစ်တစ်ကြိမ် သိုင်းပညာညီလာခံကို ကျင်းပတော့မယ်။ အံ့ဖွယ်ဆရာကြီးတွေရဲ့အဆင့်တွေကို ထပ်ပြီး ပြောင်းလဲသတ်မှတ်ပေးတော့မယ်”

၎င်းကို နှိပ်ကြည့်လိုက်သည်နှင့် ပူပူနွေးနွေးဆွေးနွေးမှုတစ်ခု စတင်နေပြီဖြစ်သည်။

ဒုတိယဆွေးနွေးသူ။ ။ ပထမမှတ်ချက်အတွက်ကို မသွားကြပါနဲ့၊ အံ့ဖွယ်ဆရာကြီးများစာရင်းထဲက သခင်ကြီးတစ်ယောက်ယောက်များ၊ ကျုပ်ကို စာနာထောက်ထားပြီး ခင်ဗျားတို့ရဲ့တောင်ပံအောက်မှာ ထည့်ခေါ်သွားကြပါလား။

တတိယဆွေးနွေးသူ။ ။ အား အပေါ်ကလူက လုံးဝအရှက်မရှိပေမယ့်၊ ငါတစ်ခုပြောချင်သေးတယ်။

ငါ့ကိုလည်းထည့်တွက်ပါ။

စတုတ္ထဆွေးနွေးသူ။ ။ ကျုပ် တစ်နေ့ကို နည်းနည်းပဲစားပြီး၊ ခင်ဗျားအိပ်ရာကိုလည်း နွေးနေအောင်ထားပေးနိုင်ပါတယ်။ ကျေးဇူးပြုပြီး ကျုပ်ကို ခင်ဗျားနဲ့အတူခေါ်သွားပါ။

လီချန်းတစ်ယောက် ရယ်ရုံသာရယ်နိုင်တော့သည်။ လေးနှစ်တစ်ကြိမ်ကျင်းပသော သိုင်းပညာညီလာခံ၏ အရေးအကြီးဆုံးအချက်မှာ အံ့ဖွယ်ဆရာကြီးများစာရင်း၏ အဆင့်များကို ပြန်လည်စီစစ်ရန်ဖြစ်ကြောင်း သူသိထားသည်။

အံ့ဖွယ်ဆရာကြီးများစာရင်းသည် လူတစ်ရာပါဝင်သည့် သိုင်းပညာလောကတွင် တစ်ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုထားသော စာရင်းတစ်ခုဖြစ်ကာ၊ ၎င်းတို့တစ်ဦးစီသည် အလွန်ထူးချွန်သော သိုင်းပညာရှင်များဖြစ်ကြသည်။ ယခုတစ်ကြိမ်တွင် ဆရာမည်မျှ ပေါ်ထွက်လာ၍ သိုင်းပညာရှင်ဟောင်းများ မည်မျှ ဖယ်ရှားခံရမည်ကို မည်သူသိလိမ့်မည်နည်း။ လီချန်းက ရယ်မောနေစဥ်၊ ရုတ်တရက် ပိုစ့်တစ်ခုသည် ထိပ်စီးသို့ အရှိန်အဟုန်ဖြင့်တက်လာသည်။

“အနှစ်သုံးဆယ်ကြာ ပျောက်ဆုံးနေတဲ့ ကောင်းကင်ဘုံညွှန်ပြသူအကြီးအကဲ ပြန်ပေါ်ထွက်လာပြီး၊ သိုင်းပညာ ညီလာခံမှာ သူ့တပည့်တွေကို သတ်ရဲတဲ့ကောင်ကို လက်စားချေဖို့ အတိအကျစီစဥ်ထားတယ်”

‘ကောင်းကင်ဘုံညွှန်ပြသူအကြီးအကဲ ဟုတ်လား’

‘အဲ့တာ ဘယ်သူလဲ’

လီချန်းသည် စူးစမ်းလိုစိတ်ဖြင့် နှိပ်လိုက်ပြီးနောက်၊ အခြားသူများသည်လည်း သူ့ကဲ့သို့ ပဟေဠိဖြစ်နေကြကြောင်း သိလိုက်ရသည်။ သို့သော် မကြာမီတွင် ဖိုရမ်ကြီးကြပ်သူမှ ပြန်ဖြေ၏။

ကြီးကြပ်သူ။ ။ ကောင်းကင်ဘုံညွှန်ပြသူအကြီးအကဲက လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ထိပ်တန်းကျွမ်းကျင်သူပဲ၊ သူက အဲ့တကတည်းက ရှောင်ယောင်းအဆင့် သခင်ဖြစ်ခဲ့တာ။ အံ့ဖွယ်ဆရာကြီးများစာရင်းမှာ တတိယအဆင့်ရခဲ့ပေမယ့် အနှစ်သုံးဆယ်ကြာလောက်၊ ခြေရာခံလို့မရအောင် ပျောက်သွားတယ်။ အခုတော့ မမျှော်လင့်ဘဲ၊ သူသီးသန့်ကျင့်ကြံရေးကနေထွက်လာဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီထင်တယ်”

တစ်ချိန်တည်းတွင်ပင် လူတစ်ဦးသည် ၎င်းမှတ်ချက်ကို တုံ့ပြန်ထား၏။

‘အခုမှ သတင်းတစ်ခုရခဲ့တယ်၊ ကောင်းကင်ဘုံညွှန်ပြသူအကြီးအကဲရဲ့ တပည့်နာမည်က ယွီချင်းတဲ့’

ဤသတင်းသည် အင်တာနက်အသုံးပြုသူအများအပြားကို တုန်လှုပ်စေခဲ့သည်။

ယွီချင်း။

ယွီချင်းသည် အံ့ဖွယ်ဆရာကြီးများစာရင်းတွင် အဆင့်လေးဆယ်ရရှိထားသူဖြစ်သည်။ ၎င်းသည် အမြင့်ဆုံးအဆင့်မဟုတ်သော်လည်း ထိုစာရင်းထဲပါဝင်သူများသည် သာမန်လူများမဟုတ်ကြပေ။

ယွီချင်းကို သတ်၍ ထိုသို့သော ဆရာတစ်ဆူကို သိုင်းပညာလောကသို့ ပြန်လည်ဝင်ရောက်ကာ၊ သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာစေရန် မည်သူက လှုံဆော်နိုင်ခဲ့သနည်း။

တစ်ချိန်တည်းတွင်ပင်၊ အကြီးတန်းသိုင်းပညာရှင်အများစုသည် ကောင်းကင်ဘုံညွှန်ပြသူအကြီးအကဲ၏ ကြောက်မက်ဖွယ်ကောင်းမှုအကြောင်း လူထုကို ပညာပေးလာကြသည်။ တဖြည်းဖြည်းနှင့် အင်တာနက်အသုံးပြုသူအများအပြားသည် ကောင်းကင်ဘုံညွှန်ပြသူအကြီးအကဲကို တခဲနက် အာရုံစိုက်လာကြရာ၊ အချို့သည် ယွီချင်းကို သတ်ခဲ့သူမှာ မျက်နှာမပြရဲသည့်အတွက် လှောင်ပြောင်ခဲ့ကြသည်။

‘ယုတ်မာအောက်တန်းကျတဲ့နည်းတွေသုံးပြီးတော့များ နိုင်ခဲ့တာလား’

‘ဒါမှမဟုတ်၊ သေနတ်နဲ့များ သတ်ခဲ့တာလား’

‘ငါတစ်ခုခုမှားနေတယ်လို့ထင်တယ်။ တကယ်လို့ အဲ့လိုမျိုး ကျွမ်းကျင်သူကိုသာ သတ်နိုင်ရင် ငါတို့ ဘယ်လိုလုပ် မသိဘဲနေမှာလဲ’

ဤထင်မြင်ယူဆချက်များသည် ရွှယ်အန်းအပေါ်သို့ အမြင်များကို ဆိုးစေသည်။ သို့သော် ထိုအရာများကို မြင်ပြီးနောက်၊ ဖြောင့်မတ်သော ဒေါသများဖြင့် ပြည့်နေသော တစ်စုံတစ်ဦးသည် ရွှယ်အန်းဘက်မှရပ်တည်ခဲ့၏။ ၎င်းသည်ကား၊ ထန်တုန်၏ သမီးဖြစ်သူ ထန်ရှောင်းယွီမှတပါးအခြားသူမဟုတ်ပေ။ ရွှယ်အန်းနှင့် ပတ်သက်၍ ပုတ်ခတ်ပြောဆိုထားသော မှတ်ချက်များးကိုမြင်ပြီးနောက်၊ ဒေါသစိတ်ကြောင့် မခံမရပ်နိုင်အောင်ခံစားခဲ့ရသည်။ ရွှယ်အန်းသည် သူ့အတွက် လက်ရှိအချိန်တွင် အလွန်အပြင်းအထန် လေးစားရသူဖြစ်သည်။

“ကျွန်မက ယွီချင်းကို သတ်လိုက်တဲ့သူရဲ့ သူငယ်ချင်းတစ်ယောက်ပဲ။ ရှင်တို့ကို ကျွန်မပြောလိုက်မယ်။ ယွီချင်းကို အနိုင်ယူခဲ့တဲ့ ကျွမ်းကျင်သူက လက်သီးတစ်ချက်ပဲသုံးခဲ့တာရှင့်”

ဤကောမန့်သည် ပျားအုံကို တုတ်ဖြင့် ထိုးလိုက်သည့်နှယ်ဖြစ်၍ လူအများက စတင်၍ လှောင်ပြောင်သရော်လာကြသည်။

“လက်သီးတစ်ချက်ဟုတ်လား။ ရေးတဲ့လူက အိပ်မက်မက်နေတာပဲဖြစ်ရမယ်”

“အတိအကျပြောရရင်၊ ထိပ်တန်း အယောက်လေးဆယ်စာရင်းဝင်ပုဂ္ဂိုလ်ကို ဘယ်သူက လက်သီးတစ်ချက်နဲ့သတ်နိုင်မှာလဲ”

“ဟားဟား၊ လေလုံးထွားပြီး သေရတော့မယ့် နောက်တစ်ယောက်ပါလား”

ထန်ရှောင်းယွီ၏ မျက်နှာသည် ဒေါသစိတ်ကြောင့် အလွန်အမင်းနီရဲလာကာ၊ ဒေါသတကြီးဖြင့် စာရိုက်လိုက်သည်။

“မယုံဘူး‌ပေါ့၊ ကောင်းပြီ၊ လောင်းကြရအောင်၊ ဒီသိုင်းပညာညီလာခံမှာ ငါ့သူငယ်ချင်းနိုင်မယ်လို့ လောင်းတယ်။ ငါရှုံးရင်…ငါ ကိုယ်လုံးတီးပတ်ပြေးပြမယ်”

အင်တာနက်အသုံးပြုသူများထံမှ ပြန်ကြားချက် အရေအတွက်များအလွန်မြင့်တက်လာသည်။

“ဘုရားရေ၊ ငါအခုလေးတင်စစ်ကြည့်လိုက်တာ၊ အဲ့တာ တကယ့်ကို မိန်းကလေးတစ်ယောက်ပဲ”

“ငါကြည့်လိုက်တာ ပရိုဖိုင်က နည်းနည်းဝါးနေပေမယ့် သေချာပေါက် ဆယ်မှတ်ပေးရင် ရှစ်မှတ်လောက်တော့ရှိမှာပဲ”

“အခုတော့ ရုတ်တရက်ကြီး ဒီသိုင်းပညာညီလာခံကို ပိုပြီး မျှော်လင့်နေမိပြီဟေး”

“ဒီကောမန့်ကို သက်သေအဖြစ်သိမ်းထားဖို့ မှတ်ထားလိုက်ပြီ”

ဤသိုင်းပညာညီလာခံကြောင့် အင်တာနက်တစ်ခွင်တွင် ကြီးမားသော မုန်တိုင်းကြီးတစ်ခုဖြစ်နေသည်။ သို့သော် ရွှယ်အန်းသည် ဤအရာများအားလုံးကို သတိမပြုမိခဲ့ပေ။ သူ၏ နေ့စဥ်တာဝန်မှာ သူ့သမီးနှစ်ယောက်ကို ငါးဖမ်းရန် ကန်ထဲသို့ ခေါ်သွားကာ၊ ပြန်လာသောအခါတွင် ငါးများကို နည်းမျိုးစုံဖြင့် ချက်ပြုတ်ပေးခြင်းဖြစ်၏။ ယနေ့ သူ့သမီးနှစ်ယောက်နှင့်အတူ၊ ရေကန်အနားရှိ သဲထဲတွင် အားပါးတရ တူး၍ ထိုင်နေသည်။ သို့သော် ဤရားပါးသော ငြိမ်သက်မှုသည် မကြာမီတွင်ပင် ရပ်တန့်သွားရ၏။

ထန်ရှောင်းယွီသည် လေးနက်သောအမူအရာဖြင့် အနားသို့ ချဥ်းကပ်လာသည်။ ရွှယ်အန်းသည် ယွင်မင်ကန်အနားတွင်ရှိနေကြောင်း ချင်းယွီထံမှ သိခဲ့ရရာ၊ သူမရောက်ရှိသွားသောအခါ၊ ရွှယ်အန်းသည် အေးဆေးစွာ ငါးမျှားနေသည်ကို တွေ့လိုက်ရ၏။

“မစ္စတာရွှယ်…” ထန်ရှောင်းယွီက လေးစားစွာခေါ်၍ ဦးညွတ်လိုက်သည်။ ရွှယ်အန်းက သူမကို မော့ကြည့်၍ ခေါင်းညိတ်လိုက်၏။

“မင်း ငါ့ဆီက တစ်ခုခုလိုလို့လား”

ထန်ရှောင်းယွီက နှုတ်ခမ်းကိုကိုက်လိုက်သည်။

“ရှင့်ကြောင့် အင်တာနက်တစ်ခုလုံးအုတ်အော်သောင်းတင်းဖြစ်နေပြီရှင့် သိလား”

ရွှယ်အန်းက အနည်းငယ်အံ့သြသွားကာ ခေါင်းခါလိုက်သည်။

“ဘာဖြစ်တာလဲ”

ထန်ရှောင်းယွီက အဖြစ်အပျက်များကို ပြန်ပြောပြသည်ကို နားထောင်ပြီးနောက်၊ ရွှယ်အန်းက မရေမရာပြုံးလိုက်သည်။

သို့သော် ထန်ရှောင်းယွီသည်မူ စိတ်ပူလျက်ရှိ၏။

“မစ္စတာရွှယ်၊ ကျွန်မအဖေက ရှင့်ကျင့်ကြံရေးအဆင့်က နတ်ဘုရားအဆင့်ကိုရောက်နေလောက်ပြီလို့ ပြောပေမယ့်၊ ကောင်းကင်ဘုံညွှန်ပြသူအကြီးအကဲကလည်း သာမန်လူမဟုတ်ဘူး။ ရှင် သတိထားမှရမယ်”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ပြောစရာရှိသေးလား”

ထန်ရှောင်းယွီတစ်ယောက်၊ ရုတ်တရက်စိတ်တိုသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် သူ့ကို သတိပေးလိုသော ရည်ရွယ်ချက်ကောင်းဖြင့် ရောက်လာခဲ့ခြင်းဖြစ်သော်လည်း ရွှယ်အန်းသည်မူ၊ လုံးလုံးလျားလျား စိတ်မပူသည့်ပုံပေါ်သည်။

“မစ္စတာရွှယ်… ရှင် လူတွေကို တုံ့ပြန်သင့်တယ်ထင်တယ်။ အဲ့လိုမှမဟုတ်ရင် ရှင့်အပေါ် လူထုရဲ့အမြင်က ပိုလို့တောင် အဆင်မပြေဖြစ်လာလိမ့်မယ်”

ရွှယ်အန်းသည် သူ့ကို မကြားသည့်နှယ်၊ သူ့ရှေ့မှ ကျယ်ပြောလှသော ယွင်မင်ရေကန်ကိုသာ ကြည့်နေ၏။

“ဒီကန်က ဘယ်လောက်ကြီးလဲမင်းမြင်လား” ရွှယ်အန်းမှ ရုတ်တရက်မေးလိုက်သည်။

“ကန်က အရမ်းကြီးပါတယ်”

“ဒါဆို ငါ့ကို ပြောပါ၊ ဒီငါးမြှားတံတစ်ချောင်းတည်းနဲ့ ငါးတွေအကုန်လုံးကို ဖမ်းလို့ရမယ်ထင်လား”

ရွှယ်အန်းပြောချင်သည့် အကြောင်းကို ထန်ရှောင်းယွီက နားမလည်သော်လည်း ခေါင်းခါ၍ ပြန်ဖြေလိုက်သည်။

“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးကာ၊ ငါးမျှားတံကို ကိုင်၍ ညင်သာစွာ မြှောက်လိုက်သည်။ ယခင်က ငြိမ်သက်နေသော ရေကန်မျက်နှာပြင်သည် ရုတ်တရက် ပွက်ပွက်ဆူလာသည်။ ထို့နောက် ရွှယ်အန်းမှ ငါးမြှားတံကို ဖြည်းညှင်းစွာမြှင့်တင်လိုက်သည်နှင့်အမျှ၊ မရေမတွက်နိုင်သောငါးများသည် ဧရာမလက်ကြီးတစ်ခုဖြင့် ဖမ်းဆုတ်ခြင်းခံလိုက်ရသည့်နှယ်၊ ရေမျက်နှာပြင်ပေါ်သို့ တဖြည်းဖြည်း မြင့်တက်လာကာ၊ လေထဲတွင် မျောလွင့်လျက်ရှိသည်။ ဤမြင်ကွင်းသည် ထန်ရှောင်းယွီကို အသက်ရှုရပ်လုမတက်၊ အံ့သြတုန်လှုပ်သွားစေသည်။

ထိုအချိန်တွင် နောက်ဆုံးတွင် ရွှယ်အန်းပြောခဲ့သည့် ငါးမြှားတံ၌ ကြိုးမရှိသည်ကို သတိပြုမိသွား၏။

“မင်းကသူ့ကို ကြောက်ဖို့ကောင်းတယ်လို့ထင်နေပေမယ့်၊ ငါ့အတွက်တော့ သူက ဒီယွင်မင်ရေကန်လိုပဲ၊ ကျယ်တယ်ထင်ရပေမယ့်… အရမ်းသေးလွန်းတယ်” ရွှယ်အန်းက ပေါ့ပါးစွာပြောလိုက်သည်။

အခန်း(၆၀) သိုင်းပညာပြိုင်ပွဲ ၁

သိုင်းပညာပြိုင်ပွဲကျင်းပရန် သုံးရက်လိုသေးသော်လည်း ချင်းမန်မြို့သည် စိတ်လှုပ်ရှားစွာဖြင့် စည်းကားနေပြီဖြစ်သည်။ နိုင်ငံတစ်ဝှမ်းမှသာမက၊ ကမ္ဘာအနှံ့မှ သိုင်းပညာ ဝါသနာရှင်များသည် ဤ‌လေးနှစ်တစ်ကြိမ်သာ ကျင်းပသည့် ပြိုင်ပွဲသို့ လာရရောက်ကြည့်ရှု့ကြရာ၊ လူများစွာစုဝေးလျက်ရှိ၏။ ယခုနှစ်ပြိုင်ပွဲသည် အထူးစိတ်လှုပ်ရှားဖွယ်ကောင်းရာ၊ တပည့်များအတွက် လက်စားချေရန်၊ သီးသန့်ကျင့်ကြံနေသည့် ဆရာတစ်ယောက်မှ လာရောက်မည်ဟူသောအချက်သည် လူများစွာ၏ စူးစမ်းလိုစိတ်များကို ဆွဲဆောင်နိုင်ခဲ့ကြသည်။

ချင်းမန်မြို့တွင် ဤအခိုက်အတန့်၌ လမ်းပေါ်တွင်လမ်းလျှောက်နေသည့် မသိသာလှသော အဘိုးအိုတစ်ဦးသည်ပင် သိုင်းပညာရှင်များဖြစ်နိုင်၏။ ပြည်တွင်းရှိ တည်းခိုခန်းများနှင့် ဟိုတယ်များအားလုံးကို ဘိုကင်ပြည့်လျက်ရှိရာ၊ ဟိုတယ်ပိုင်ရှင်များအားလုံးက ယခုအချိန်တွင် နေ့တိုင်းပြိုင်ပွဲကျင်းပစေရန် ဆန္ဒပြုလျက်၊ ရွှင်မြူးနေကြသည်။ ထိုအချိန်တွင် ယွဲ့လိုင်ဟိုတယ်ရှေ့၌ Range Rover တစ်စီး ဖြှည်းညင်းစွာ ရပ်တန့်သွား၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဆင်းလာသည်။

လူငယ်နှစ်ဦးစလုံးသည် ဝတ်ကောင်းစားလှများဝတ်ဆင်ထားကြကာ၊ မောက်မာမှု အရိပ်အရောင်များ ရှိကြသည်။ ထိုသူက ဟိုတယ်ကို ကြည့်၍ လှောင်ရယ်လိုက်သည်။

“မေ့လိုက်တော့၊ နေ့တစ်ဝက်လောက်ရှာပြီးတဲ့ထဲမှာ ဒီဟိုတယ်က တော်တော်လေးအဆင်ပြေလောက်တဲ့ တစ်ခုတည်းသော ဟိုတယ်ပဲ။ ဒီမှာပဲနေလိုက်ကြရအောင်”

မိန်းကလေးသည် အလွန်လှပသော်လည်း အေးစက်၍ မာန်မာနကြီးသော အမူအရာမျိုးရှိသည်။ ဤမှတ်ချက်ကို ကြားသောအခါ၊ သူမက မျက်မှောင်အနည်းငယ်ကြုတ်၍ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီကိုကို၊ ဒီလိုအမှိုက်ပုံကြီးကနေ အများကြီးမျှော်လင့်လို့မှ မရတာ”

ထိုသူနှစ်ဦးမှာ ပြည်မကြီးမှလာသည့် မောင်နှစ်မနှစ်ယောက်ဖြစ်၍ အစ်ကိုဖြစ်သူမှာ ရှီဟောက်နှင့် ညီမဖြစ်သူမှာ ရှီကျူလိတို့ပင်ဖြစ်သည်။ ၎င်းတို့သည် သိုင်းပညာပြိုင်ပွဲအတွက် ချင်းမန်မြို့သို့ရောက်လာကြခြင်းဖြစ်သည်။ ရှီဟောက်သည် ငယ်စဥ်ကတည်းက နာမည်ကြီးဆရာတစ်ဦးထံတွင် နျဲ့ကျားလက်သီးပညာကို သင်ယူခဲ့ရာ၊ သူ၏ သိုင်းပညာကျင့်ကြံရေးသည် အလွန်နက်ရှိုင်းလှ၏။

ရှီကျူလိသည်လည်း မဆိုးလှပေ။ သူမ၏ ဝမ်ချွန်းကျင့်ကြံရေးသည် အမျိုးသမီးများကြားတွင် အလွန် ထူးချွန်လှကာ၊ စစ်မှန်သော ဖြစ်တည်မှုများအဆင့်သို့ရောက်ရှိရန် ခြေတစ်လှမ်းသာလိုတော့သည်။ သူမတို့နှစ်ဦး ဧည့်ခန်းထဲသို့ ဝင်လိုက်လိုက်သည်နှင့် အနားသို့ ရွှယ်အလန်ချဥ်းကပ်လာသည်ကို မြင်လိုက်ရသည်။

“မင်းတို့ဆီက အကောင်းဆုံအခန်းကဘာလဲ။ ငါတို့ နှစ်ခန်းလိုချင်တယ်” ရှီကျူလိက အေးစက်စွာပြောလိုက်သည်။ ရွှယ်လန်က ကျိုးနွံသောလေသံဖြင့် ခေါင်းခါ၍

“တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်မတို့ဆီမှာ ပုံမှန်ခန်းတွေပဲကျန်တော့တယ်။ ဒါတောင် တစ်ခန်းပဲရတော့မယ်ရှင့်”

ရှီဟောက်က ရွှယ်လန်ကို တစ်ချက်ကြည့်ကာ၊ သဘောကျလျက်ရှိသည်။ ဤဝေးလံခေါင်သီသော အရပ်တွင် ဤကဲ့သို့ သန့်စင်ချောမော၊ သပ်ရပ်သည့် အမျိုးသမီးတစ်ဦးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ရှီကျူလိသည် အနည်းငယ်မကျေမနပ်ဖြစ်လျက်၊ မောက်မာစွာဖြင့် ပြောလိုက်သည်။

“ငွေက ကိစ္စမရှိပါဘူး။ ငါတို့ အကောင်းဆုံးအခန်းရမှဖြစ်မယ်။ အခု ချက်ချင်းသွားပြင်ဆင်”

ရွှယ်လန်သည် တစ်စုံတစ်ခုကို ပြောတော့မည့်ဆဲဆဲတွင် ဆုန်ရိက ရှေ့သို့ လှမ်းလာ၍ ဝင်ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်၊ ဟိုတယ်က လုံးဝအခန်းတွေပြည့်နေပြီ၊ ဒါပိုက်ဆံနဲ့မဆိုင်ဘူး။ မင်းတို့မြင်တဲ့အတိုင်း….”

ရှီကျူလိက အေးစက်စွာ လှောင်ရယ်လိုက်သည်။

“ခင်ဗျားတို့ ဘာလုပ်မလဲဆိုတာ ကျုပ်ဂရုမစိုက်ဘူး။ အခု ကျုပ်အတွက် သွားပြင်ဆင်ပေးချေ။ မဟုတ်ရင်တော့… ခင်ဗျားတို့ရဲ့အဆောက်အအုံတစ်ခုလုံးကို ဖြိုချပစ်မယ်”

ရှီမိသားစုသည် ပြည်မကြီးတွင် လူသိများသော မိသားစုကြီးတစ်ခုဖြစ်ကာ၊ ရှီကျူလိသည် ငယ်စဥ်ကတည်းက အလိုလိုက်ခြင်းခံခဲ့ရသဖြင့်၊ သူမကို အလွန်မာန်တက်စေ၍ ပျက်စီးစေခဲ့သည်။

ဆုန်ရိ၏ အပြုံးသည် အေးစက်လာ၏။

“ကလေးတို့၊ အားတော့နာပါတယ်၊ အဲ့လိုလုပ်လို့မရဘူး”

ရှီ‌ဟောက်က ပြက်ရယ်ပြုလိုက်သည်။

“ငါ့ညီမလေးပြောတာမကြားလိုက်ဘူးလား၊ လူပြည့်နေရင် ကျန်တဲ့လူတွေကို ထွက်သွားခိုင်းလိုက်။ ငါတို့ ဒီမှာနေဖို့ ဆုံးဖြတ်ထားတယ်”

အခြေအနေကို မြင်လိုက်ရသည့် ယွဲ့လိုင်ဟိုတယ်၏ လုံခြုံရေးများ ချက်ချင်းစုဝေးလာကြသည်။ ရှီဟောက်သည် မောက်မာနေဆဲဖြစ်ကာ၊ ဂရုစိုက်ခြင်းအလျင်းမရှိပေ။

သူသည် ရည်မှန်းချက်အပြည့်ဖြင့် ချင်းမန်မြို့သို့ရောက်ရှိလာခဲ့ရာ၊ ရွေးချယ်ခံထားရသော လက်ရွေးစင်များအဆင့်သို့ဝင်ရောက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ထို့အပြင်၊ သူ့စွမ်းဆောင်ရည်နှင့် ပတ်သက်၍လည်း ယုံကြည်ချက်ပြင်းပျ၏။

ပြည်မကြီးတွင် သူသည် မြေပြင်တိုက်ပွဲများစွာ၌ ပါဝင်တိုက်ခိုက်ခဲ့ရာ၊ ရှုံးပွဲတစ်ပွဲမျှပင်မရှိခဲ့ဘဲ၊ “ကျင်းနန်မြို့၏ လက်ဝှေ့ဘုရင်ငယ်ဘွဲ့ကို သိမ်းပိုက်ခဲ့သည်။ ထို့ကြောင့် လုံခြုံရေးများကိုလည်း အထင်သေးရုံသာ သေးလျက်ရှိသည်။

လေထု တင်းမာလာသည်နှင့်အမျှ၊ အပြင်ဘက်ယာဥ်တန်းဆီမှ အနက်ရောင် Audis တစ်စီးသည် ဟိုတယ်ဝင်ပေါက်တွင်ရပ်သွား၏။

ကား‌ပေါ်မှ လူတစ်စုဆင်းလာသည်။

၎င်းတို့ဧည့်ခန်းထဲသို့ဝင်လာသည်နှင့် ရွှယ်လန်၏ မျက်လုံးများ တောက်ပလာကာ၊ အလျင်အမြန်နှုတ်ဆက်လိုက်သည်။

“အစ်ကို ရွှယ်အန်း”

ရောက်ရှိလာသူမှာ ရွှယ်အန်း၊ ထန်ရှောင်းယွီနှင့် ဟွာထင်းထင်းတို့ဖြစ်ကြသည်။ ချင်းယွီသည် လိုက်ခဲ့ချင်သော်လည်း နောက်ဆုံးအခိုက်အတန့်တွင် ကိုင်တွယ်ရမည့် ကိစ္စတစ်ခု ပေါ်လာ‌သောကြောင့် မလာနိုင်ခဲ့ပေ။ ရွှယ်လန်ကို မြင်သောအခါ၊ ရွှယ်အန်းက အနည်းငယ်ပြုံး၍ ကလေးမလေးနှစ်ယောက်ကမူ ပြိုင်တူအော်လိုက်ကြသည်။

“အန်တီလန်”

ဆုန်ရိသည်လည်း အလွန်ရိုသေစွာဖြင့် လေးလေးနက်နက်ဦးညွတ်လိုက်သည်။

“မစ္စတာရွှယ်… ခင်ဗျားနဲ့တွေ့ရတာ ဝမ်းသာဂုဏ်ယူမိပါတယ်”

ဤသည်က ရှီဟောက်နှင့် သူ့ညီမကို ဘေးသို့ကပ်သွားစေနိုင်ခဲ့ကာ၊ ရှီဟောက်သည် ရွှယ်အန်းကို မှောင်မိုက်စွာစိုက်ကြည့်နေသည်။

ဤသူကား မည်သူနည်း။

အဘယ်ကြောင့် ဤမျှ ခမ်းနားစွာ ဝင်ရောက်လာရသနည်း။

သူ့ဘေးမှအမျိုးသမီးများသည်လည်း အလွန်လှပကျော့ရှင်းလျက်ရှိသည်။

ရှီဟောက်၏ မျက်လုံးများသည် ရီဝေလျက်၊ သူ့စိတ်တွင်း၌ မကျေနပ်မှုများစွာပေါ်လာသည်။

‘သူ့ကိုယ်လုံးကိုယ်ပေါက်လောက်ကို လက်သီးတစ်ချက်နဲ့အေးဆေး ထိုးပစ်လိုက်လို့ရတယ်။ ဒီကောင်က သိုင်းပညာရှင်တောင် ဟုတ်ပုံမပေါ်ဘူး’

‘ဘာလို့ ဒီအလှလေးတွေအားလုံးက ဒီကောင့်နားမှာရှိနေကြတာလဲ’

သို့သော် ထန်ရှောင်းယွီက ရှီကျူလိကို သတိထားမိသဖြင့် အံ့သြစွာဖြင့် မေးလိုက်သည်။

“နင်က… ကျူလိလား”

ရှီကျူလိသည် ခဏတာ လန့်ဖျပ်သွားသော်လည်း ချက်ချင်းပင် ထန်ရှောင်းယွီကို မှတ်မိသွားသည်။

ထန်ရှောင်းယွီသည် တစ်ချိန်က ပြည်မကြီးရှိ သိုင်းပညာကျောင်းတစ်ခုတွင် အချိန်များစွာကြာတက်ရောက်ခဲ့ရာ၊ ရှီကျူလိနှင့် အိပ်ဆောင်တစ်ခုတည်းအတူမျှဝေခဲ့ဖူးသည့် အခန်းဖော်များဖြစ်ခဲ့ကြသည်။

ရှီကျူလိက ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါဆို ရှောင်ယွီ၊ ဘာလို့ဒီကိုရောက်လာတာများ..”

“အိုး ငါ့အဖေကြောင့်ပါ၊ ဒါက ထင်းထင်း၊ ငါ့ညီမလေးလေ။ ငါတို့က ဒီတိုင်းပွဲလာကြည့်ကြတာ” ထန်ရှောင်းယွီသည် ရွှယ်အန်းကို တမင် မိတ်မဆက်ပေးခဲ့ပေ။

လူများစွာသည် ယွီချင်းကို သတ်ခဲ့သည့်သူကို စုံစမ်းစစ်ဆေးလျက်ရှိရာ၊ ရွှယ်အန်းကိုသိသူ တတ်နိုင်သမျှ လူအနည်းငယ်သာ သိရှိထားပါက ပိုကောင်းလိမ့်မည်ဟု သူမခံစားမိသည်။

“ဒါဆို မြောက်ပိုင်းသိုင်းပညာကျောင်းကာ ဆရာထန်ပေါ့” ရှီဟောက်သည် မြောက်ပိုင်းသိုင်ပညာကျောင်း၏ ဂုဏ်သတင်းကို သိရှိထားသော်လည်း အသိအမှတ်ပြုရုံသာ ပြောလိုက်သည်။

“အခန်းတွေစီစဥ်ပြီးပြီလား” ရွှယ်အန်းက ဆုန်ရိကို မေးလိုက်သည်။

ဆုန်ရိက ခေါင်းညိတ်၍

“မစ္စတာရွှယ်၊ လာမယ်မှန်းသိတာနဲ့ ကျွန်တော် အကုန်စီစဥ်ထားပြီးပါပြီ။ မင်းနဲ့ ဒီအမျိုးသမီးနှစ်ယောက်နေဖို့ ကျုပ် အထူးသီးသန့်ခန်းတွေ စီစဥ်ပေးထားပါတယ်”

ရွှယ်အန်းက ဆုန်ရိ၏ စေ့စပ်သေချာမှုကို ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ၎င်းတို့အားလုံး အပေါ်ထက် တက်ခါနီးတွင် ရှီကျူလိက ဒေါသတကြီးထအော်၏။

“အထူးသီးသန့်ခန်းတွေ မကျန်တော့ဘူးလို့ ရှင်ပြောလိုက်တယ်မလား။ ဘာလို့ သူကျ တစ်ခန်းရတာလဲ”

ဤမေးခွန်းကြောင့် ဆုန်ရိ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

ဟိုအရင်က ဆုန်ရိသည် ကျုံးတုမြို့တွင် သြဇာညောင်းသူတစ်ဦးဖြစ်ကာ၊ ပုဂ္ဂိုလ်ကြီးများက သူ့ကို အလွန်လေးစားကြသည်။ ယခုမူ၊ မိန်းကလေးငယ်တစ်ဦး၏ စော်ကားခြင်းကို ခံရ၍ မျက်နှာပျက်နေကြရ၏။

“သူက ဒီနေရာရဲ့ ပိုင်ရှင်မို့လို့လေ၊ ပြဿနာရှိလို့လား” ဆုန်ရိက အေးစက်စွာပြောသည်။

ရှီကျူလိက ဆက်ပြောချင်သော်လည်း ထန်ရှောင်းယွီက အခြေအနေကို အရှိန်မမြင့်လာစေလိုသဖြင့်၊ ဝင်ပြောလိုက်၏။

“ရှုပ်မနေကြနဲ့ ငါတို့ နင့်အတွက် နောက်ထပ် အခန်းတစ်ခန်းစီစဥ်ပေးလို့ရတယ်”

ရှီဟောက်က အပေါ်သို့ တက်နေသည့် ရွှယ်အန်းကို အေးစက်စွာကြည့်လိုက်သည်။ ရွှယ်အန်းသည် အစမှအဆုံး ၎င်းတို့ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။ သူ့အတွက်မူ၊ ဤနှစ်ယောက်သည် အာရုံစိုက်ရန်မထိုက်တန်ပေ။ သို့သော် ၎င်းကြောင့် ရှီဟောက်သည်၊ ယင်းမှာ ရွှယ်အန်း၏ ကြောက်ရွံ့မှုကြောင့်ဟု ထင်စေခဲ့သည်။

‘ငွေနည်းနည်းရှိတဲ့ အဆင့်နိမ့်တစ်ယောက်ထက် ဘာမှမပိုဘူး’

အထူးသဖြင့် သူ့ဘေးနားရှိ အမျိုးသမီးများအားလုံးသည် အလွန်မြင့်မြတ်သော အလှတရားများနှင့်ပြည့်လျက်ရှိရာ၊ ဟွာထင်းထင်းသည် ရှီဟောက်၏ အကြိုက်ဟုဆိုရလောက်သော မိန်းကလေးတစ်ယောက်ဖြစ်သည်။ ရှီ‌ဟောက်သည် ဤသို့တွေး၍ သူ့စိတ်သူပြင်ဆင်ထားလိုက်သည်။

သူ့အခန်းထဲသို့ရောက်သည်နှင့် ရှီဟောက်က ညီမဖြစ်သူကို မေးမြန်လိုက်၏။

“ထန်ရှောင်းယွီနဲ့ ညီမလေးနဲ့ဆက်ဆံရေးကဘယ်လိုလဲ”

ရှီကျူလိက ခေါင်းခါလိုက်၏။

“သာမန်ပါပဲ”

“ဒါဆို ညစာစားဖို့ ဖိတ်လိုက်ကြရအောင်”

“ကိုကို၊ ထန်ရှောင်းယွီကို စိတ်ဝင်စားနေတာမဟုတ်ဘူးမလား။ ဟုတ်လား”

ရှီကျူလိမှ တအံ့တသြမေးလာသောအခါ ရှီဟောက်၏ နှုတ်ခမ်းထောင့်များအနည်းငယ်တွန့်ကွေးသွားသည်။

“ဒီတိုင်း အပျော်ပါပဲ၊ သူ့အဖေက မြောက်ပိုင်း သိုင်းပညာကျောင်းရဲ့အကြီးအကဲအဆင့်ပဲရှိတာ၊ ငါနဲ့ယှဥ်နိုင်မှာတောင်မဟုတ်ဘူး”

All Chapters