← Chapters

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

aအခန်း(၆၁) သိုင်းပညာပြိုင်ပွဲ ၂

ထန်ရှောင်းယွီသည် ဖိတ်ကြားချက်ကို လက်ခံရရှိသောအခါ၊ အနည်းငယ်တုံ့ဆိုင်းနေမိသည်။ သူမသည် ရှီကျူလိနှင့် ဆက်ဆံရေး ကောင်းလှသည်မဟုတ်သော်လည်း ဖိတ်ကြားခံလိုက်ရခြင်းဖြစ်သဖြင့်၊ မသွားခြင်းသည် အနည်းငယ်ရိုင်းပျသကဲ့သို့ဖြစ်နေပေလိမ့်မည်။

ထို့အပြင် ရှီကျူလိသည် လူတိုင်းတက်ရောက်ပါက အကောင်းဆုံးဖြစ်လိမ့်မည်ဟု ပြောထားခဲ့သဖြင့်၊ ရွှယ်အန်းနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက်၊ သူသည်လည်း ထူးမခြားနားပေ။ နောက်ဆုံးတွင်မူ၊ သိုင်းပညာပြိုင်ပွဲကျင်းပရန် သုံးရက်ကျန်သေး၏။ အကယ်၍ ဟိုတယ်တွင် သုံးရက်လုံး ကုန်ဆုံးလျှင် သူ့အတွက် ကိစ္စမရှိလှသော်လည်း ကလေးမလေးနှစ်ယောက်သည်မူ၊ ယင်းကိုမခံမရပ်နိုင်ဖြစ်မည်မှာသေချာလှသည်။

“ဒါဆို သွားရအောင်” ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

ရွှယ်အန်းမှ ဆုံးဖြတ်ချက်ချပြီးဖြစ်သဖြင့် ဟွာထင်းထင်းသည်လည်း အလိုအလျောက်ပင် ကန့်ကွက်လိုခြင်းမရှိပေ။

ညနေခင်းတွင် ချင်းမန်မြို့သည် ထူးခြားစွာ အသက်ဝင်နေသည်။ သိုင်းပညာသည်များသည် အသေးအဖွဲများမဟုတ်ကြပေ။ အထူးသဖြင့်၊ အစာကောင်းအသောက်ကောင်းများစားပြီးကြသောအခါ၊ အငြင်းအခုံများစတင်လာနိုင်၏။

ထို့ကြောင့် ရွှယ်အန်းနှင့် အခြားသူများ လမ်းလျှောက်လာကြသည်နှင့် လမ်းတစ်လျှောက်တွင် ရန်ဖြစ်နေသောသူများစွာကို မြင်ခဲ့ရသည်။ သို့သော် ဤလူများသည် အများအားဖြင့် သိုင်းပညာအနည်းငယ် တတ်ကျွမ်းသော သာမန်လူများသာဖြစ်ကြရာ၊ ၎င်းတို့တိုက်ခိုက်ချိန်တွင် ကြည့်ရှု့သူ များများစားစားမရှိပေ။ သို့သော် ရွှယ်အန်းနှင့် ရွှယ်နျန်တို့သည်မူ စူးစမ်းလိုစိတ်ဖြင့် လှည့်ပတ်ကြည့်နေကြ၏။

လမ်းများထက်တွင် ဝတ်စားဆင်ယင်မှုပုံစံအမျိုးမျိုးကို မြင်တွေ့ရသည်။ ကျုံးရှန်ဝတ်စုံဖြင့် မွှေနောက်နေသောသူများ၊ ဆာမူရိုင်းဓားရှည်ကိုင်ဆောင်ထားသည့် ဂျပန်ကီမိုနိုဝတ်ဆင်ထားသောသူများ၊ အပေါ်ပိုင်းအဝတ်မဝတ်ထားသည့် ခိုင်မာတောင့်တင်းသော ယောကျ်ားအချို့သည် အရက်မူးပြီးနောက်၊ လမ်းမထက်တွင် ပြောင်ပြောင်တင်းတင်းလုံးထွေးသတ်ပုတ်နေကြသည်။

ကလေးမလေးနှစ်ယောက်သည် ဆပ်ကပ်ပွဲတစ်ပွဲသို့ ရောက်နေသည်ဟု ထင်နေကြသည်။ ရွှယ်အန်းသည် ကလေးများအနောက်မှ လိုက်၍ ၎င်းတို့ ကြည့်နေသည်များကို ပြုံးပြုံးရွှင်ရွှင်ဖြင့် လိုက်ကြည့်ပေးနေရာ၊ ရွှယ်အန်း၏ အမူအရာသည် လောကကို တစ်ခါမျှ မမြင်ခဲ့ဖူးသော တိုင်းပြည်၏ ဆင်းရဲသားတစ်ယောက်နှင့် တူနေသောကြောင့် ရှီကျူလိသည် ပို၍ပင် အထင်သေးလာခဲ့သည်။ ရှီဟောက်သည် ချင်းကျူရပ်ကွက်ရှိ အကြီးမားဆုံးစားသောက်ဆိုင်ကြီးတွင် သီးသန့်အခန်းကို ကြိုတင်ဘိုကင်လုပ်ထားသဖြင့်၊ ၎င်းတို့ ရောက်ရှိသောအခါ၊ တတိယထပ်သို့ တန်းတန်းမတ်မတ် တက်ခဲ့ကြသည်။ သီးသန့်ခန်းသည် ပြတင်းပေါက်ကြီးများစွာပါရှိကာ၊ လမ်းမျက်နှာစာသို့ မျက်နှာမူထား၍ အဝေးမှ ချင်းမန်တောင်ကြီး၏ ရှု့ခင်းကို ခံစားနိုင်သည်။

တောင်လေတိုက်ခိုက်လာသောအခါ၊ လူတိုင်းကို ရင်ခုန်စိတ်လှုပ်ရှားစေ၍ ၎င်းတို့၏ စိတ်ဝိဉာဥ်များတက်ကြွလာသကဲ့သို့ ခံစားလိုက်ကြရသည်။

ထို့ကြောင့် ဤအထူးခန်း၏ စျေးနှုန်းသည် မသက်သာလှပေ။

အစားအစာများတည်ခင်းပြီးနောက်၊ ရှီဟောက်သည် ထန်ရှောင်းယွီနှင့် ဟွာထင်းထင်းကို အထူးအာရုံစိုက်ပေးလျက်၊ ရွှယ်အန်းကိုမူ၊ ပြတ်ပြတ်သားသား လျစ်လျူရှ့ထားသည်။ ယင်းက ထန်းရှောင်းယွီကို စိတ်မသက်မသာဖြစ်စေသဖြင့်၊ သူမသည် ရွှယ်အန်းကို ရံဖန်ရံခါ ငေးကြည့်ခဲ့သည်။

သို့သော် ရွှယ်အန်းသည်မူ ထိုသို့သော ကိစ္စရပ်များကို စိတ်ဝင်စားခြင်းအလျင်းမရှိပေ။ ကလေးမလေးနှစ်ယောက်ကိုသာ အစားအသောက်များ ကျွေးမွေးရန် အာရုံစိုက်ထား၏။

ဟွာထင်းထင်းသည် လူ့အဖွဲ့အစည်းတွင် နှစ်ပေါင်းများစွာကြာ နေထိုင်ခဲ့ခြင်းဖြစ်သဖြင့်၊ အခြေအနေကို ကိုင်တွယ်ရာတွင် ပိုမိုကျွမ်းကျင်သည်။ ထို့ကြောင့် ရှီဟောက်တွင် ကောင်းသော ရည်ရွယ်ချက် မရှိကြောင်း ချက်ချင်းပင် ရိပ်စားမိခဲ့သည်။ သို့သော် သူမသည် ငယ်ရွယ်စဥ်ကတည်းက ပညာကို ကောင်းစွာ သင်ကြားခဲ့ခြင်းဖြစ်သဖြင့်၊ အသိဉာဏ်ရှိသူတစ်ဦးပီပီ အေးဆေးစွာတုံ့ပြန်လိုက်သည်။

သို့သော် ရှီ‌ဟောက်သည် ဟွာထင်းထင်း၏ အမူအရာနှင့် စကားပြောဆိုပုံကို ပို၍ သဘောကျ၊ စွဲလမ်းလာသည်။ ပို၍ အသက်ဝင်စွာ စကားပြောဆိုကြလာသည်နှင့်အမျှ၊ သူသည် ချင်းမန်မြို့သို့ သွားရောက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။ အနည်းငယ်မူးယစ်ရီဝေနေသော ရှီဟောက်သည် မူးဝေမှုကို တွန်းလှန်၍ ကြွားဝါသော မျက်နှာထားမျိုးဖြင့် ပြော၏။

“သူရဲကောင်း အဆင့်သတ်မှတ်ချက်အတွက် ငါဒီကို လာခဲ့တာ”

သူရဲကောင်းအဆင့်သတ်မှတ်ချက်။

“လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ သိုင်းပညာညီလာခံက မျိုးဆက်သစ်လူငယ်တွေအတွက် နာမည်ကောင်းတစ်ခုရဖို့ တကယ့် အခွင့်အရေးကောင်းပါပဲ။ ငါကောင်းကောင်းပြင်ဆင်ထားတာမို့ အနည်းဆုံးတော့ သူရဲကောင်းအဆင့်သတ်မှတ်ချက်ရဲ့၊ ထိပ်တန်းအယောက် ငါးဆယ်ထဲကို ဝင်နိုင်မယ်လို့ ထင်တယ်”

သူ၏ စကားများသည် အရဲတင်းလွန်းလှသော်လည်း ဟွာထင်းထင်းက ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဒါဆို အောင်မြင်ပါစေလို့ ကျွန်မဆုတောင်းပေးလိုက်ပါတယ်”

ရှီဟောက်သည် ဂုဏ်ယူဝံ့ကြွားစွာဖြင့်၊ အရက်ကို တစ်ငုံသောက်ချလိုက်ပြီးနောက်၊ ရွှယ်အန်းကို တမင်ကြည့်၍ ပြောလိုက်သည်။

“ဒီမိတ်ဆွေကရော၊ သိုင်းပညာစည်းဝေးပွဲကြီးမှာ ဘာလုပ်မလို့များပါလိမ့်”

စားပွဲရှိ စကားဝိုင်းသည် တိတ်ဆိတ်သွားပြီးနောက်၊ မျက်လုံးများစွာက ရွှယ်အန်းကို လိုက်ကြည့်လိုက်ကြသည်။

ရှီကျူလိ၏ မျက်လုံးများထဲတွင် အထင်သေးမှု အရိပ်အမြွက်များ ကိန်းအောင်းနေ၏။ သူမသည် သူ့ကို အစောက ဂရုတစိုက်လေ့လာခဲ့ပြီးနောက်၊ ဤလူသည် သိုင်းပညာကို တစ်ကြိမ်တစ်ခါမျှမသင်ယူဖူးကြောင်း သေချာနေသည်။ အကြောင်းမှာ သူ၏ လက်များသည် မိန်းမတစ်ဦး၏ လက်များနှယ်နူးညံ့ချောမွေ့ သန့်ရှင်းနေသောကြောင့်ဖြစ်၏။

မည်သည့်သိုင်းပညာရှင်၏ လက်သည် မကြမ်းတမ်း၍ မကြီးမား၊ မကျယ်ပြောသနည်း။

ဥပမာအားဖြင့်၊ သူ့အစ်ကို၏ လက်သည် နှစ်ပေါင်းများစွာပြင်းထန်သော တိုက်ခိုက်မှုများနှင့် သိုင်းပညာကို အပြင်းအထန် လေ့ကျင့်ခဲ့သောကြောင့် ပုံပျက်သွားခဲ့သည်။ ဤသည်မှာ သိုင်းပညာလေ့ကျင့်ရန်အတွက် ပေးရမည့် တန်ရာတန်ကြေးဖြစ်သည်။

ထို့နောက် ရွှယ်အန်းသည် သူ၏ တူများကို ချလိုက်ပြီးနောက်၊ ခပ်ပါးပါးပြုံး၍ ပြောလိုက်သည်။

“ကျုပ်လား၊ အများကြီးလုပ်ဖို့ မစီစဥ်ထားပါဘူး။ ဒီတိုင်း ကလေးတွေကို အပျော်သဘောနဲ့ ခေါ်လာရုံပါပဲ”

ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရှီဟောက်၏ မျက်နှာထက်တွင် အထင်သေးမှုအရိပ်အယောင်များပေါ်ထွက်လာကာ၊ ရွှယ်အန်းကို ကြည့်ပင်မကြည့်တော့ပေ။

“မိန်းကလေးဟွာ၊ မနက်ဖြန် ရွေးချယ်ရေးပြိုင်ပွဲမှာ၊ ကျွန်တော် ဝင်ပြိုင်မှာပါ။ ဒီက မင်းသူငယ်ချင်းအပါအဝင်၊ လူတိုင်း လာကြည့်ရှု့နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကလေးတွေကိုလည်း သူတို့ရဲ့ လောကအမြင်တွေ တိုးချဲ့လို့ရအောင် ခေါ်လာလို့ရတယ်” ရှီဟောက်က ဂုဏ်ယူစွာဖြင့်ပြောသည်။

ရွှယ်အန်းက ခေါင်းညိတ်၍ တစ်စုံတစ်ခုကို တွေးပြီးနောက်၊ ပြုံးလျက်ပင် ပြောလိုက်သည်။

“ဒါပေါ့ ကျုပ်တို့ လာပါ့မယ်”

ရှီဟောက်သည် အထူးသဖြင့်၊ ဟွာထင်းထင်းနှင့် သူ့အကြား ဆက်ဆံရေးကောင်းမွန်လာသည်ဟု ခံစားခဲ့ရ၍ နောက်ဆုံးတွင် မူးဝေမှုအရိပ်အယောင်ပြ၍ ထွက်ခွာသွားခဲ့သည်။

ယွဲ့လိုင်ဟိုတယ်သို့ ပြန်ရောက်သည်နှင့် ရွှယ်အန်းသည် သမီးဖြစ်သူနှစ်ယောက်ကို အိပ်ရာဝင်ရန် ခေါ်သွား၏။ ဟွာထင်းထင်းသည် ထန်ရှောင်းယွီနှင့်အတူ သူမတို့ နေထိုင်သော အခန်းသို့ ပြန်သွားခဲ့သည်။

“ညီမလေး တင်းတင်း၊ ဒီနေ့ ရှီဟောက်က မင်းကို စိတ်ဝင်စားနေတဲ့ပုံပဲ” ထန်ရှောင်းယွီက ပြုံး၍ ပြောလိုက်သည်။

ဟွာထင်းထင်းက မျက်မှောင်ကြုတ်၍ ပြန်လည် တုံ့ပြန်၏။

“သူက ငတုံးတစ်ကောင်သာသာပါပဲ။ ညီမလေးက အားနာလို့ ယဥ်ယဥ်ကျေးကျေးဆက်ဆံနေတာတောင်၊ သူက အဝေးကြီးစဥ်းစားနေတယ်”

“ဒါဆို မနက်ဖြန်ပြိုင်ပွဲကို ငါတို့သွားကြည့်ကြမှာလား”

ဟွာထင်းထင်းက ခဏတာမျှစဥ်းစားနေပြီးမှ ပြန်ဖြေလိုက်သည်။

“မစ္စတာရွှယ်ရောသွားမှာလား”

“အဲ့တာက ကလေးမလေးနှစ်ယောက်ပေါ်ပဲ မူတည်တယ်။ မင်းသတိမထားမိဘူးလား။ မစ္စတာရွှယ်က တကယ့်ကို သမီးကျွန်ပဲ”

သမီးကျွန်ဆိုသည်မှာ သူသမီးများအတွက် သူ့တစ်ဘဝလုံးကို ပုံအပ်ထားသည့် ဖခင်တစ်ယောက်ကို ဖော်ပြသည့် အသုံးအနှုန်းဖြစ်ကာ၊ ရွှယ်အန်းနှင့် များစွာသင့်လျော်၏။

ဟွာထင်းထင်းသည်လည်း ပေါ့ပါးစွာ ပြုံးလိုက်ရုံမှတပါးအခြားမတတ်နိုင်တော့‌ပေ။ ရွှယ်အန်းကို ပထမဆုံးတွေ့စဥ်က ချင်းမိသားစု၏ မြင်ကွင်းကို သူမ သတိရမိသေးသည်။ နောက်ကျောတွင် လက်နှစ်ဖက်ယှက်၍ ခံ့ညားစွာရပ်နေသော ယောက်ျားတစ်ယောက်သည် ဟွာထင်းထင်း၏ အိပ်မက်များထဲတွင် တစ်ကြိမ်ထက်မက ပေါ်လာခဲ့သည်။ ထို့ကြောင့် ချင်းမန်သို့ ခရီးသွားရန်လိုအပ်လာသောအခါ၊ သူမမတွန့်ဆုတ်နေခဲ့ပေ။

သို့သော် သူမသည် ဤတစ်ကြိမ်တွင် သူ့ကို လက်စားချေမည့်သူမှာ အလွန် ဝါရင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းကြားသိခဲ့ရသဖြင့်၊ ရွှယ်အန်းအတွက် စိတ်ပူနေခဲ့သည်။

‘မစ္စတာရွှယ်က ဒါဟာ ကလေးတွေအတွက် အပျော်ခရီးတစ်ခုလို့ပဲ ပြောခဲ့ပေမယ့် ဒါက ဒီလောက် ရိုးရှင်းပါ့မလား’

ဟွာထင်းထင်းသည် အတွေးထဲသို့ နစ်မြုပ်သွား၏။

သူမသာမက၊ ရွှယ်လန်နှင့် ဆုန်ရိအပါအဝင်၊ အခြားသူများသည်လည်း ၎င်းတို့၏ စိုးရိမ်ပူပန်မှုကို ဖုံးကွယ်ထားကြသည်။ ဥပမာအားဖြင့် ဆုန်ရိသည် ယခု ရွှယ်အန်း၏ အခန်းထဲတွင် ရှိနေ၍ လေးနက်‌သောအမူအရာဖြင့် ပြေလိုက်၏။

“မစ္စတာရွှယ်၊ ဒီ အကြီးအကဲကျီရှန်းက သာမန်လူတစ်ယောက်တော့မဟုတ်ဘူး။ အနှစ်သုံးဆယ်ကြာအောင် သီးသန့်ကျင့်ကြံနေခဲ့ပြီး သူ့ကျော်ကြားမှုက မထင်ရှားရင်တောင် သူ့လက်ရှိခွန်အားနဲ့ဆို အနည်းဆုံး ထိပ်တန်းငါးယောက်စာရင်းထဲဝင်မယ်လို့ ခန့်မှန်းမိတယ်”

ရွှယ်အန်းက ခေါင်းညိတ်ရုံသာညိတ်၍‌ ပြောလိုက်သည်။

“ရွှယ်လန်ရဲ့အမူအရာက သိုင်းပညာလေ့ကျင့်နေသလိုပဲလို့ ကျုပ်သတိထားမိတယ်”

ဆုန်ရိက ထိတ်လန့်သွားပြီးနောက်၊ လျင်မြန်စွာ ဦးညွတ်၍ ပြောလိုက်သည်။

“မစ္စတာရွှယ်၊ ကျုပ်တကယ်တောင်းပန်ပါတယ်။ မူလက မိန်းကလေးလန်ကို သင်ပေးဖို့ မရည်ရွယ်ခဲ့ပေမယ့် သူက အရမ်းခေါင်းမာပြီး ကျုပ်ကို သင်ပေးဖို့ အတင်းအကြပ်တောင်းဆိုခဲ့တယ်။ အဲ့တာနဲ့ ကျုပ်လည်း ရွေးချယ်စရာမရှိလို့ အခြေခံတချို့ သင်ပေးလိုက်တယ်”

ယခု သူသည် ရွှယ်အန်းကို နတ်ဘုရားတစ်ပါးကဲ့သို့ လေးစားနေပြီဖြစ်သဖြင့်၊ ဤကိစ္စနှင့် ပတ်သက်၍ သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေလိမ့်မည်ကို စိုးရိမ်သည်။

ရွှယ်အန်းက ခေါင်းတညိတ်ညိတ်ဖြင့် ပြန်ဖြေ၏။

“ကောင်းပါတယ်၊ ကျုပ်ခင်‌ဗျားကို အပြစ်မတင်ပါဘူး။ သူသင်ချင်တယ်ဆိုလို့ ခင်ဗျားက အခြေခံလေးတွေသင်ပေးလိုက်ရုံပဲလေ”

“ဟုတ်ကဲ့” ဆုန်ရိက ချက်ချင်းခေါင်းညိတ်လိုက်သည်။

“ခင်ဗျား ကျန်းရန်အဆင့်ကို ဖြတ်ပြီး ရှောင်ယောင်းအဆင့်ကို ဝင်တော့မယ်ထင်တယ်။ ဟုတ်လား”

“ဟုတ်” ဆုန်ရိက အလွန်အံ့အားသင့်သွားသည်။ ဤရက်ပိုင်းတွင် သူ၏ လေ့ကျင့်မှုကို လျစ်လျူမရှု့ဘဲ၊ ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က စတင်၍ ခက်ခဲမှုကို ဝိုးတဝါးခံစားလာရသည်။

ဆိုလိုသည်မှာ သူ့ခြေထောက်တစ်ဖက်သည် ရှောင်ယောင်းအဆင့်၏ ဝင်ပေါက်သို့ ထိနေပြီဟု ခံစားနေရသော်လည်း သူအဆင့်တက်ရန် လမ်းကြောင်းရှာမတွေ့သေးပေ။ ရွှယ်အန်းက ၎င်းကို ပိုင်းခြားသိမြင်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

“ဒါဆို ကျုပ်ခင်ဗျားကို တစ်ချက်ကူပေးပါ့မယ်” ရွှယ်အန်းက ပြောသဖြင့် ရုတ်တရက် မော့ကြည့်လိုက်သောအခါ၊ သူ့မျက်လုံးများထဲတွင် အလွန်တောက်ပသော အလင်ရောင်တစ်ခု လင်းနေ၏။

အခန်း(၆၂) သိုင်းပညာပြိုင်ပွဲ ၃

ဆုန်ရိ၏ တစ်ကိုယ်လုံး တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရပြီးနောက်၊ သူ့အကြည့်များ တဖြည်းဖြည်းရှုပ်ထွေးလာသည်။

ယင်းသည် တစ်စုံတစ်ခုကွဲကြေသွားသကဲ့သို့ထင်ရ၏။

ဆန်ရိ၏ ကိုယ်ရောင်ကိုယ်ဝါများ လျင်မြန်စွာမြင့်တက်လာကာ၊ နဂိုက အသက်အရွယ်ကြီးရင့်နေသည့် သူ၏ မျက်နှာသည် အလွန်လျင်မြန်စွာ ပြန်လည် နုပျိုလာ၏။ အသက်ငါးဆယ်၊ သို့မဟုတ် ခြောက်ဆယ်ခန့်ရှိသော အဘိုးအိုတစ်ဦးမှ အသက်သုံးဆယ်ဝန်းကျင် လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။

ဆုန်ရိ၏ အကြည့်များ ရှင်းသွားသောအခါ၊ သူသည် မြေပြင်ပေါ်တွင် ဒူးထောက်၍ လေးစားရိုသေစွာ ပြောလိုက်သည်။

“အကူအညီအတွက် ကျေးဇူးတင်ပါတယ် မစ္စတာရွှယ်။ အခုအချိန်ကစပြီး ဒီဆုန်မျိုးရိုးက၊ မစ္စတာရွှယ်အတွက်၊ မီးဖြစ်ဖြစ်၊ ရေဖြစ်ဖြစ်ကို ဖြတ်ပြီး တစ်ခွန်းမှ မညည်းညူနေဘဲ၊ လုပ်ကိုင်ပေးပါမယ်”

ဆုန်ရိ အလွန်တုန်လှုပ်သွားရသည့် အကြောင်းအရင်းမှာ ရွှယ်အန်း၏ နည်းလမ်းများက သူတွေးခေါ်နိုင်သည့်အတိုင်းအတာကို ကျော်လွန်သွားသောကြောင့်ဖြစ်သည်။

‘လူတစ်ယောက်ရဲ့အဆင့်မြင့်လာဖို့ ပေါ့ပါးပါးပါးလေး ကူညီပေးလို့ရလား’

ဤသို့သာဖြစ်ပါက၊ သူ၏ ကျင့်ကြံရေးအဆင့်သည် မည်သည့်အဆင့်တွင်ရှိနေနိုင်သနည်း။

အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားမည်ဆိုပါက၊ ရုတ်ရုတ်သဲသဲဖြစ်သွားမည်မှာသေချာ၏။

မရေမတွက်နိုင်အောင်များပြားလှသောသူများသည် ရှောင်ယောင်းအဆင့်၏ တံခါးဝတွင် ရပ်တန့်နေကြရာ၊ အများစုသည်မူ၊ ၎င်းတို့၏ တစ်သက်တာတွင် ဘယ်သောအခါမှ ဝင်နိုင်ကြလိမ့်မည်မဟုတ်ပေ။ ရွှယ်အန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။

“ကောင်းပြီ၊ ဒါက ကျုပ်နည်းနည်းပဲလုပ်ပေးလိုက်တာပါ။ ခင်ဗျားက တကယ့်ကို တော်တဲ့လူဆိုတော့၊ ကျုပ် ကူညီလိုက်ရတော့တာပေါ့။ ဒါ့အပြင် လန်အာ့ကို စောင့်ရှောက်ပေးဖို့ ကျုပ်မှာ အချိန်မရှိဘူး။ ဒါ့ကြောင့် ခင်ဗျား သူ့ကို သင်ပေးရင် ပိုကောင်းမယ်”

“ဟုတ်” ဆုန်ရိက လေးစားစွာဖြင့် ဦးညွတ်၍ ပြန်ပြောသည်။

နောက်နေ့တွင် သိုင်းပညာပြိုင်ပွဲအတွက် လက်ရွေးစင် ရွေးချယ်ခြင်းပွဲကို စတင်ကျင်းပ၏။ ရွေးချယ်ခြင်းပြိုင်ပွဲဟု ခေါ်ဆိုရခြင်းမှာ ထူးချွန်သူများစာရင်းတွင် မပါရှိသော အရည်အချင်းရှိ လူငယ်များသည် စာရင်းဝင်သူများကို စိန်ခေါ်ရန် အခွင့်အရေးရရှိရန်အတွက်၊ ရွေးချယ်မှုတွင် ဝင်ရောက်ယှဥ်ပြိုင်ရမည်ဖြစ်သည်။

ချင်းမန်တောင်ခြေရင်းတွင် တိုက်ခိုက်ရေးကွင်းကို စီစဥ်ထားကြပြီးဖြစ်သည်။ ရှီဟောက်သည် သူ့ညီမနှင့် နောက်လိုက်အနည်းငယ်နှင့်အတူ ကွင်းသို့ရောက်ရှိလာကာ၊ သူ၏အမူအရာသည် တည်ငြိမ်မှုနှင့် ယုံကြည်မှုအပြည့်ရှိ၏။

ရှီကျူလိသည် သူမ၏အစ်ကိုအပေါ်သို့ ယုံကြည်မှုအပြည့်ရှိ၏။ သူမသည် စင်မြင့် အောက်တွင် ပြင်ဆင်နေစဥ်၊ ရွှယ်အန်နှင့်ကလေးများသည်၊ ဟွာထင်းထင်း၊ ထန်ရှောင်းယွီနှင့် ထန်တုန်တို့နှင့်အတူ လိုက်ပါလာသည်။ ရှီဟောက်သည် ဟွာထင်းထင်း‌ ရောက်ရှိလာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက်၊ ထလာပြီးနောက်ကျယ်လောင်စွာရယ်၍ ခေါ်လိုက်သည်။

“မိန်းကလေးဟွာ၊ ဒါရိုက်တာထန်”

ဟွာထင်းထင်း က စိတ်အနှောက်အယှက်ဖြစ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ထန်တုန်သည် သူ၏သမီးကို ပြောလိုက်၏။

“ဒီရှီဟောက်မှာ တည်ငြိမ်တဲ့ကိုယ်ရောင်ကိုယ်ဝါရှိပုံအရဆိုရင် ကျန်းရန်အဆင့်ကို ခြေတစ်လှမ်းလှမ်းပြီးပြီထင်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ဒီလို အောင်မြင်ဖို့ဆိုတာ တကယ့်ကိုရှားပါတယ်”

ထန်ရှောင်းယွီက စကားတစ်ခွန်းမျှမပြောဘဲ၊ ရွှယ်အန်းကို အာရုံစိုက်နေခဲ့သည်။ သူမသည် ရွှယ်အန်း၏ သဘောထားကို မြင်ချင်နေခြင်းဖြစ်သည်။ သို့သော် ရွှယ်အန်းသည်မူ သူ့သမီးနှစ်ယောက်ကို အဆက်မပြတ် တီးတိုးပြောနေ၏။

ထိုအချိန်တွင် အကယ်၍ တစ်စုံတစ်ယောက်သာ အဖေနှင့် သမီးများအကြားမှ စကားဝိုင်းကို သေချာကြားလိုက်ရလျှင် အလွန်ရယ်ဖွယ်ကောင်းသည်ဟု ထင်ကြပေလိမ့်မည်ဖြစ်သည်။

“ဖေဖေ ဒီလူတွေ ဘာလုပ်နေကြတာလဲ အရမ်းထူးဆန်းတာပဲ” ရွှယ်ရှန်းက သွေးပူလေ့ကျင့်ခန်းလုပ်နေသည့် သိုင်းပညာရှင်တစ်ဦးကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

ရွှယ်အန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။

“သူတို့တွေလား… သွေးပူလေ့ကျင့်ခန်းလုပ်နေကြတာ”

“သွေးပူလေ့ကျင့်ခန်းလား၊ အဲ့တာစားလို့ရလား” ရွှယ်နျန်က ချက်ချင်းမေးလိုက်သည်။

ရွှယ်အန်းသည် ရွှယ်နျန်၏ပါးကို ညှစ်၍ နူးညံ့စွာပြောလိုက်သည်။

“သမီးက အမြဲစားဖို့ပဲစဥ်းစားနေတာ”

“ဒါဆို ဘာလို့ သူတို့ကို အပူပေးရမှာလဲ”

“ဘာလို့လဲဆိုတော့ ခဏနေရင် သူတို့က တိုက်ကြတော့မှာ။ တိုက်ပွဲမှစခင် သွေးပူလေ့ကျင့်ခန်းလုပ်တာ အမြဲကောင်းတယ်လေ။ မဟုတ်ရင် သူတို့စတိုက်တဲ့အခါ ရှုံးသွားနိုင်တယ်”

ရွှယ်အန်းသည် သူသမီးနှစ်ယောက်နှင့် ဆက်ခံသောအခါတွင်မှသာ ထိုမျှထိ သည်းခံစိတ်ပြင်းပျသည်။

“အိုး” ကောင်မလေးနှစ်ယောက်သည် နားမလည်သကဲ့သို့ ပြန်မေးလိုက်သည်။

“ဖေဖေ ဘာဖြစ်လို့သူတို့က တိုက်ကြမှာလဲ”

“ဘာလို့လဲဆိုတော့… ပျင်းလို့ထင်တာပဲ” ရွှယ်အန်းက ပေါ့ပါးစွာပြောလိုက်သည်။

ထို့နောက် ရွေးချယ်ရေးပြိုင်ပွဲစတင်ခဲ့သည်။

ပါဝင်သူအရေအတွက် အလွန်များပြားနေခြင်းကြောင့် ၎င်းတို့သည် အုပ်စုဆယ်စုခွဲ၍ ယှဥ်ပြိုင်ကြရာ၊ အနိုင်ရသူများသည် ရှေ့သို့တက်သွား၍ ရှုံးနိမ့်သူများကို ဖယ်ထုတ်လိုက်ကြမည်ဖြစ်သည်။

ဤသိုင်းပညာရှင်များထဲတွင် အချို့သည် အလွန်ကျွမ်းကျင်သော်လည်း အများအပြားမှာ ကိန်းဂဏန်းမျှသာဖြစ်သည်။ ပြိုင်ပွဲများဆက်လာသောအခါ၊ သဘာဝကျစွာပင် ရယ်မောသံများစွာပေါ်ထွက်လာ၏။

သို့သော် အဆင့်တက်လာသည်နှင့်အမျှ၊ တိုက်ပွဲသည် ပို၍ စစ်မှန်လာကာ၊ ပို၍ ရက်စက်ကြမ်းကြုတ်လာခဲ့သည်။ နောက်ဆုံးတွင်၊ ရှီဟောက် စင်ပေါ်တက်ရမည့်အလှည့်သို့ရောက်လာ၏။ သူ၏ ပြိုင်ဘက်သည် တောက်ပြောင်သော သိုင်းပညာရှင်တစ်ဦးဖြစ်ကာ၊ အလွန်အစွမ်းထက်သော်လည်း မသန့်စင်လှပေ။ သို့သော် ရှီဟောက်သည် ၎င်းကို သတိမထားမိသောပုံပေါ်ကာ၊ ထိုသူကိုပင် ဒေါသတကြီး လှမ်းခေါ်လိုက်သည်။

သိုင်းပညာရှင်သည် အလွန်ဒေါသထွက်စွာဖြင့်၊ အစပိုင်းကတည်းကစ၍ အင်အားအကုန်ဖြင့် စတင်တိုက်ခိုက်လိုက်သည်။

သို့သော် ရှီဟောက်နှင့်သူ့အကြားရှိ ကွာခြားချက်သည် အလွန်ကြီးမားလွန်းလှသဖြင့်၊ ရှီဟောက်သည် သိုင်းကွက်အနည်းငယ်အတွင်း၌ပင်၊ ရှီဟောက်က သူ့ကို ကန်ထုတ်လိုက်၏။ စင်အောက်မှ ရှီကျူလိသည် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ရှီဟောက်သည် ဟွာထင်းထင်းကို ဂုဏ်ယူစွာဖြင့်ကြည့်ပြီးနောက်၊ ဟွာထင်းထင်းသည် တိုက်ခိုက်ရေးစင်ကို လုံးဝဂရုမစိုက်နေကြောင်းနှင့် ရွှယ်အန်းနှင့် စကားစမြည်ပြောနေကြောင်း သိလိုက်ရသည်။

ရှီဟောက်သည် ဤအရာကြောင့် အလွန် မျက်စိပျက်မျက်နှာပျက်ဖြစ်လျက်၊ တစ်ဖက်လူကို နောက်တစ်ချက် ကန်လိုက်သည်။ အက်ကွဲသံတစ်ခုနှင့်အတူ၊ ရှီဟောက်၏ ကန်ချက်ကြောင့် သိုင်းပညာရှင်၏ နံရိုးကျိုးသွားရသည်။ သို့သော်လည်း ရှီဟောက်သည် လျစ်လျူရှု့ထားဆဲဖြစ်ကာ၊ နောက်ပိုင်းတွင် ပို၍ပင် ရက်စက်ကြမ်းကြုတ်လာ၍ ရွေးချယ်ရေးပြိုင်ပွဲကို လျင်မြန်စွာတိုက်ခိုက်ခဲ့သည်။

မနက်ဖြန် ကောင်းကင်ကျက်သရေဆောင်စာရင်းတွင်ပါမည့် လက်ရွေးစင်များကို စိန်ခေါ်ရန် အခွင့်ထူးကိုရရှိခဲ့သည်။ သူအောင်ပွဲခံပြီးနောက်၊ ရှီဟောက်သည် ဤနေရာရှိ လူတိုင်းကို ထိတ်လန့်စေနိုင်ခဲ့ကြောင်း သေချာသည်ဟုတွေး၍ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။ သို့သော် တစ်ချက်ကြည့်လိုက်စဥ်၌ပင် ဟွာထင်းထင်းနှင့် အခြားသူများကို မတွေ့ရတော့ပေ။

သူနောက်ဆုံးမြင်လိုက်ရသည်မှာ ဤနေရာမှ ထွက်ခွာသွားသော ရွှယ်အန်းနှင့် ဟွာထင်းထင်းတို့၏ ပုံရိပ်များသာဖြစ်၏။

‘သူတို့ … ထွက်သွားပြီလား’

ရှီဟောက်၏ မျက်နှာသည် မယုံကြည်နိုင်မှုများနှင့် မည်းမှောင်သွားသည်။ သူသွားလေရာရာမြို့တိုင်းတွင် သူသည် ကောင်းကင်ဘုံသားတစ်ယောက်ကဲ့သို့ လေးစားထိုက်သော ကောင်းသူတစ်ဦးဖြစ်ကာ၊ လူတိုင်း၏ အာရုံစူးစိုက်မှုကို ခံရသူဖြစ်သည်။ သို့သော် သူ ဤနေရာသို့ရောက်သည်နှင့်တစ်ပြိုင်နက်၊ သူသည် ဤကလေးအဖေနှင့် အစားထိုး၍ပင် မရသည်ဟုထင်ရ၏။

‘မနက်ဖြန်အထိစောင့်စမ်းပါ’

‘မနက်ဖြန် ငါ ကောင်းကင်ကျက်သရေဆောင်စာရင်းထဲဝင်ပြမယ်’

‘ပြီးရင် ငါမင်းနဲ့ရင်ဆိုင်မယ်’

‘ဒီအမျိုးသမီးတွေအားလုံးရဲ့ရှေ့မှဦ မင်းကို ဒူးထောက်စေချင်တယ်’ ရှီဟောက်က ခါးသီးစွာတွေးလိုကမိသည်။

ထိုအတောအတွင်းတွင် အဝေးမှ ခေါင်မိုးတစ်ခုပေါ်၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမတ်တပ်ရပ်၍ အဝေးမှ ပလက်ဖောင်းကို ကြည့်နေကြသည်။

“ဒီနှစ်ပြိုင်ဘက်အသစ်လေးတွေက တကယ့်ကို သန်မာကြတာပဲ” ထိုသူက ပြုံး၍ ပြောလိုက်သည်။

အမျိုးသမီး၏ လှပသော မျက်နှာသည် လျစ်လျူရှု့မှုများဖြင့်ပြည့်၍ ခဏအကြာတွင် သူမက အေးစက်စွာပြန်ဖြေလိုက်၏။

“ဒါပေမယ့် သူတို့ထဲက တစ်ယောက်ကမှ ငါနဲ့မယှဥ်နိုင်ဘူး”

ထိုသူက သက်ပြင်းချ၍ ပြန်ပြောလိုက်သည်။

“ငါမင်းကို တကယ်နားမလည်ဘူး။ မင်းလိုမိန်းမတစ်ယောက်က နေ့တိုင်း လှလှပပ ဝတ်ဆင်သင့်တာ၊ ဘာလို့ အမြဲမျက်မှောင်ကြုတ်နေတာလဲ”

သူမက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

“ရှင်ပါးစပ်မပိတ်ရင် ကောင်းကင်ဘုံကျက်သရေဆောင်စာရင်းထဲက တစ်ယောက်ကို ကျွန်မ ချက်ချင်းဖယ်ထုတ်ပစ်လိုက်မယ်”

ထိုသူသည် ချက်ချင်းပင် ပါးစပ်ပိတ်သွားရ၏။ အမှန်တကယ်ပင် ၎င်းတို့နှစ်ဦးလုံးသည် ကောင်းကင်ဘုံကျက်သရေ‌ဆောင်စာရင်းထဲမှ လက်ရွေးစင်များဖြစ်ကြသည်။ တစ်ယောက်မှာ အဆင့်သုံးဆယ့်ခုနှစ်ဝင်သော အေးစက်၍ သေစေနိုင်သော ကင်းမြှီးကောက်၊ လန့်ယွင်ဖြစ်သည်။

နောက်တစ်ယောက်သည်မူ၊ အပြုံးဓားဟုအမည်ရသော အဆင့်သုံးဆယ့်ရှစ်၊ ခုန်ဆန်းဖြစ်သည်။

လန့်ယွင်သည် အဝေးမှ စင်မြင့်ပေါ်ရှိ ရှီဟောက်ကို လှမ်းကြည့်လိုက်သည်။ ဤလူသည် အတွင်းစိတ်စွမ်းအားသိုင်းပညာတစ်မျိုးဖြစ်သည့် နဲ့ခုန့်ကိုအသုံးပြု၍ ဆန်းစစ်ကြည့်လိုက်ရာ၊ သူသည် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ယောက်ဖြစ်ပေလိမ့်မည်။ သို့သော် သူသည်ကား ကြောက်နေခြင်းအလျင်းမရှိပေ။

မည်သို့ပင်ဆိုစေကာမူ၊ လန့်ယွင်သည် သူမ၏ ပင်ကိုယ်စိတ်မှ နက်ရှိင်းသော မသာယာမှုတစ်ခုကို ခံစားမိနိုင်၏။ မျက်လုံးတစ်စုံက ၎င်းတို့အားလုံးကို ငုံ့ကြည့်နေသကဲ့သို့ပင်ဖြစ်သည်။ ဤထိုးထွင်းသိမြင်မှုသည် လန့်ယွင်ကို အလွန်စိတ်မသက်မသာဖြစ်စေ၏။

သူမသည် အရှေ့အလယ်ပိုင်းနှင့် အခြားဒေသများတွင် လုပ်ကြံသတ်ဖြတ်သူအဖြစ် သူမ၏ အရည်အချင်းကို နှစ်ပေါင်းများစွာမြှင့်တင်လာခဲ့သည်။ ဤသွေးနှင့် မီးနှင့် ပုံဖော်ထားသော ပင်ကိုယ်စိတ်သည် သူမကို အကြိမ်ကြိမ်ကယ်တင်နိုင်ခဲ့သောကြောင့် ၎င်းသည် မှားယွင်းခြင်းမရှိသည်မှာ သေချာ၏။

သို့သော် ၎င်းသည် မည်သူနည်း။

အထူးသဖြင့် လန့်ယွင်၏ စိတ်ဝိညဥ်၌ နက်နဲသော ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည့်၊ ဤတည်ငြိမ်အေးချမ်းမှုနှင့် ကင်းကွာသော ရောင်ဝါမျိုးဖြစ်သည်။ ကောင်းကင်ကျက်သရေ‌ောဆင်စာရင်းမှ ထိပ်တန်းတိုက်ခိုက်ရေးသမားသုံးဦးနှင့် ရင်ဆိုင်ရချိန်၌ပင်၊ သူမသည် ဤသို့သော ကြောက်ရွံ့မှုမျိုးကို မခံစားခဲ့ရပေ။

ထိုအချိန်တွင် ခုန်ဆန်းက ပြော၏။

“ကျွန်တော့်ကို မနက်ဖြန်ကျ ဒီလူကို ကိုင်တွယ်ခွင့်ပေးပါ”

လန့်ယွင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ ရှေ့သို့ ခြေတစ်လှမ်းတိုး၍ လေးထပ်အဆောက်အဦး၏ ခေါင်မိုးပေါ်မှ ခုန်ချလိုက်သည်။

ခုန်ဆန်းက ရှက်ရွံ့စွာဖြင့် နောက်မှ လိုက်ဆင်းလာ၍ အော်ပြောလိုက်၏။

“ဟေး မင်း ငါ့ကို တကယ်မယုံဘူးလား။ ငါက အဆင့်သုံးဆယ့်ရှစ်ပါ”

“ဒါမယ့် ရှင်က ကျွန်မနောက်မှာပဲရှိသေးတယ်”

“ဒါက တစ်ဆင့်တည်းလေ”

“ဒါပေမယ့် ကျွန်မနောက်မှာပဲရှိသေးတယ်”

“ငါတို့ တခြားအကြောင်းပြောလို့မရဘူးလား”

“... ရှင်က အဆင့်သုံးဆယ့်ရှစ်”

အခန်း(၆၃) သိုင်းပညာပြိုင်ပွဲ ၄

သိုင်းပညာပြိုင်ပွဲသည် နောက်ဆုံးတွင် တရားဝင်စတင်တော့မည်ဖြစ်သည်။ သုံးရက်ကြာရွေးချယ်ပြီးနောက်တွင် ကျန်လူများထဲမှ စုစုပေါင်း လူသုံးဆယ်ကျော် ပေါ်ထွက်လာခဲ့ရာ၊ ယခုအခါတွင် ကျွမ်းကျင်သိုင်းပညာရှင်စာရင်းထဲမှ သိုင်းသမားများကို စိန်ခေါ်နိုင်သည့် အရည်အချင်းပြည့်မှီသွားပြီဖြစ်သည်။

နေ့ခင်းသို့ရောက်သည်နှင့် တောင်ခြေရင်းရှိ ကွင်းများတွင် အစောပိုင်းကတည်းက လူများစွာဖြင့် ပြည့်နေပြီဖြစ်သည်။ ထို့အပြင် အားကစားကွင်းကို ပြန်လည်မွမ်းမံထားသဖြင့်၊ ပိုမိုခိုင်ခံ၍ ပိုမိုလုံခြုံသည်။ တကယ်တမ်းတွင် ယခုအကြိမ် စင်မြင့်ပေါ်သို့ တက်သူများသည် အောင်ပွဲအတွက် ပြိုင်ဆိုင်ရုံသာမက၊ ၎င်းတို့၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကိုလည်း အဆုံးအဖြတ်ပေးမည်ဖြစ်သည်။

“အဲ့တာ ကျက်သရေဆောင်စာရင်းထဲက အဆင့်၁၉ဝင်တဲ့ မွေးထိုင်းဘုရင် ချန်တုန်မဟုတ်ဘူးလား။ သူလည်းဒီရောက်နေတာလား”

“ကောင်းကင်ဘုံကို လှန်ပစ်နိုင်တဲ့လှံကိုင်ဆောင်တဲ့၊ ဟွမ်ဖုရှန်လည်း ဒီမှာပဲလား။ သူက အဆင့်ရှစ်လေ။ သူ့တို့လို စွမ်းအရည်မြင့်ကျွမ်းကျင်သူမျိုးတွေက အရင်နှစ်တိုက်ပွဲတွေမှာ တစ်ခါမှ ပေါ်မလာတတ်ဘူး”

“ပြီးတော့ လရောင်နတ်သမီးရှန်းပင်နဲ့၊ သွေးကင်းမီးကောက် လန့်ယွင်၊ နောက်ပြီး အပြုံးဓား ခုန်ဆန်းတို့လည်း ရှိနေတယ်။ သူတို့လည်းစာရင်းထဲမှာ အရမ်းအဆင့်မြင့်တယ်။ ဒီနှစ်သိုင်းပညာပြိုင်ပွဲက ဘာတွေဖြစ်နေတာလဲ”

အောက်ခြေလူအုပ်ထံမှ အာမေဋိတ်အသံများစွာ ထွက်ပေါ်လာပြီးနောက်၊ ယခုနှစ် သိုင်းပညာပြိုင်ပွဲ၏ ကန့်လန့်ကာကို ဖြည်းညှင်းစွာမတင်လိုက်သည်။

စင်အနားသို့ရွှယ်အန်း ရောက်ရှိလာချိန်တွင် အားလုံးနီးပါး ဤနေရာ၌ ရှိနေကြပြီဖြစ်သည်။ လူထွားကြီးအများအပြားသည် မတ်တပ်ရပ်၍ ကုလားထိုင်များတွင် ထိုင်လျက်၊ လှပသော အမျိုးသမီးအတွင်းရေးမှူးတစ်ယောက်သည်လည်း ၎င်းတို့အနားတွင် ရှိနေ၏။

ဤသူတို့သည် အနယ်နယ်အရပ်ရပ်မှလာသော ကြွယ်ဝချမ်းသာ၍ အာဏာရှိသူများဖြစ်ကြသည်။ နောက်ဆုံးတွင်မူ၊ ကျက်သရေဆောင်တိုက်ခိုက်ရေးသမားစာရင်းတွင် ပါဝင်နိုင်သည့် ကျွမ်းကျင်သူတိုင်း၏ နောက်ကွယ်တွင် လေးနက်သော ကျောထောက်နောက်ခံနှင့်၊ ခွန်အားများရှိကြသည်။ ထို့ကြောင့် ဤသိုင်းပညာပြိုင်ပွဲသည် သိုင်းသမားများကို စုစရုံးစေရုံသာမက၊ ကြီးမားသော စိတ်ဝင်စားမှုများနှင့်လည်း ဆက်စပ်နေ၏။

ရွှယ်အန်းရောက်ရှိလာပြီးနောက်တွင် လူအများ၏အာရုံစိုက်မှုကို ခံခဲ့ရသော်လည်း ရွှယ်အန်း၏ သာမန်ကျသော ဝတ်စားဆင်ယင်ပုံကို ဆန်းစစ်ကြည့်ပြီးနောက်၊ သိုင်းသမားဟု မထင်ရသဖြင့်၊ နောက်ပိုင်းတွင် စိတ်မဝင်စားကြတော့ပေ။ ရွှယ်အန်းက ခန်းမတစ်ခုလုံးကို စကန်ဖတ်သကဲ့သို့ ကြည့်ပြီးနောက်၊ အနောက်တွင်ထိုင်နေသော ရှီဟောက်ကို တွေ့လိုက်ရသော်လည်း သူ့ဘေးနားမှ အစိမ်းရောင်ဝတ်စုံဝတ်ထ၍ ကျော့ရှင်းသောအမူအရာဖြင့် ထိုင်နေသော အမျိုးသမီးတစ်ယောက်သည် သူ၏အာရုံကို အလွန်အမင်းဆွဲဆောင်နေ၏။

“နတ်သမီးရှန်း ငါ မင်းဆီကို ငါ့ဆရာနဲ့ တစ်ခေါက်လာလည်ရတုန်းက ဂုဏ်အရမ်းယူခဲ့ရပါတယ်။ ဒီနေ့ သိုင်းပညာပြိုင်ပွဲမှာ မင်းနဲ့ထပ်တွေ့ရမယ်လို့မမျှော်လင့်ထားဘူး”

ထိုအမျိုးသမီးသည် လရောင်နတ်သမီးဟုလူသိများသော ရှန်းပင်မှတပါးအခြားသူမဟုတ်ပေ။ သူမသည် ကျက်သရေဆောင်သိုင်းသမားများစာရင်းတွင် အဆင့် ၁၈ရှိ၏။

ရှန်းပင်သည် ရှီဟောက်ကို ဂရုစိုက်ခြင်းမရှိ လျစ်လျူရှု့ထားခဲ့သည်။ ယခင်က သိုင်းပညာပြိုင်ပွဲများကို သူမ စိတ်ရှုပ်ခံ၍ မလာခဲ့ပေ။ ဤတစ်ကြိမ်၌သာ၊ ဒဏ္ဍာရီလာတိုက်ခိုက်ရေးသမားကြီး ပြန်လည်ပေါ်ပေါက်လာခြင်းက သူမ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သောကြောင့် သူမသည် စိတ်လှုပ်ရှားစွာဖြင့်၊ ဤပွဲကို တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ရွှယ်အန်းရောက်ရှိလာသည်ကို သူမသတိထားမိခဲ့သော်လည်း သိုင်းပညာကျွမ်းကျင်သူမဟုတ်ကြောင်း အမြန် အတည်ပြုပြီးနောက်တွင် သူမသည် သူ့ကို အာရုံလွှဲ၍ ရွှယ်လန်ဆီသို့ကြည့်လိုက်သည်။

“အိုး ဒီမိန်းကလေးက ဖြူစင်တဲ့အသွင်အပြင်ရှိတာကြောင့် သိုင်းပညာလေ့ကျင့်ရေးမှာ အလားအလာရှိတဲ့သူတစ်ယောက်ဖြစ်လာနိုင်တယ်” ရှန်းပင်၏ မျက်လုံးများတောက်ပလာသည်။

ရှီ‌ဟောက်သည် ရှန်းပင်၏ အကြည့်ကို သတိပြုမိပြီးနောက်၊ ရွှယ်အန်းကို မြင်လိုက်ရသဖြင့်၊ သူ့အမူအရာများ နက်မှောင်သွားရသည်။ သို့သော် ဟွာထင်းထင်းရောက်ရှိလာကြောင်း သူမြင်လိုက်ရသောအခါ ရှီဟောက်၏အပြုံးများ ပြန်လည်ရောက်ရှိလာသည်။

“မိန်းကလေးဟွာ ဒီလမ်း”

ဟွာထင်းထင်းသည် ရှီဟောက်ကို ဂရုစိုက်ခြင်းမရှိ၊ ရွှယ်အန်းထံသို့ တည့်တည့်လျှောက်သွား၏။

ဟွာထင်းထင်းနှင့် ထန်ရှောင်းယွီတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးနောက် တုံ့ဆိုင်းသွားကြသည်။

“မိန်းကလေးဟွာ ကျေးဇူးပြုပြီးထိုင်ပါ” ရှီဟောက်က နွေးထွေးစွာလှမ်းခေါ်၍ မိတ်ဆက်ပေးလိုက်သည်။

“ဒါက လရောင်နတ်သမီးရှန်းပင်ပါ”

ထိုနာမည်ကို ကြားလိုက်ရသောအခါ၊ ထန်တုန်နှင့် အခြားသူများအားလုံး၏ အမူအရာများပြောင်းလဲသွားကြသည်။ ကျက်သရေဆောင်သိုင်းသမားများစာရင်းတွင် ရှစ်ယောက်မြောက် သိုင်းပညာရှင်တစ်ဦးသည် ထိုကဲ့သို့ ပြေပြစ်သောအသွင်အပြင်ရှိသည် အမျိုးသမီးတစ်ဦးဖြစ်၏။

သူ့ပတ်ဝန်းကျင်တွင် ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာများကို မြင်လိုက်ရသဖြင့် ရှီဟောက်သည် အလွန် မှင်သက်သွားသကဲ့သို့ ခံစားလိုက်ရကာ၊ ရှန်းပင်ကို မျက်နှာချိုသွေးသည့် အပြုံးမျိုးပြုံး၍ ပြောလိုက်သည်။

“နတ်သမီးရှန်း၊ ဒါက မိန်းကလေးဟွာထင်းထင်းပါ၊ သူ့အဖိုးက ပေကျန်းမြို့ရဲ့ ကျော်ကြားတဲ့နတ်ဆရာတစ်ယောက်ပါ၊ ဒါကပေကျန်းသိုင်းပညာကျောင်းရဲ့အကြီးအကဲ…”

ရှန်းပင်က ရှီဟောက်ကို ဆက်လက် မမိတ်ဆက်ပေးရန် လက်ကို ဝှေ့ယမ်း၍ တားလိုက်ပြီးနောက်၊ ရွှယ်လန်ကို ကြည့်၍ ပြောလိုက်သည်။

“မိန်းကလေးငယ်လေး၊ မင်း ငါနဲ့ သိုင်းပညာသင်ယူဖို့ စိတ်ဝင်စားလား”

ထိုမေးခွန်းသည် ပတ်ဝန်းကျင်ရှိလူများအားလုံးကို အံ့အားသင့်စေစခဲ့သည်။

‘လရောင်နတ်သမီးက တပည့်အဖြစ်ခေါ်ဖို့ ကမ်းလှမ်းနေတာလား’

‘ဘာလို့သူလဲ’

‘ဘာလို့ သူမလဲ’

‘သူမက တောင်ပေါ်က မိန်းကလေးတစ်ဦးသာသာပဲလေ’

‘ငါ့ထက် ဘာများပိုသာနေလို့လဲ’

ထန်တုန်နှင့် ထန်ရှောင်းယွီတို့သည်လည်း ထိတ်လန့်သွားကြသည်။ အထူးသဖြင့်၊ ထန်တုန်သည် လရောင်နတ်သမီး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းပကားကို သိသူဖြစ်သဖြင့်၊ အံ့သြမှင်သက်သွားရသည်။

သို့သော် လူတိုင်း၏ အကြည့်များကြားတွင် အနည်းငယ်ရှက်ရွံ့သွားရသော ရွှယ်လန်က သူမ၏ ခေါင်းကို ခပ်တင်းတင်းခါယမ်းလိုက်သည်။

“စိတ်မဝင်စားဘူးရှင့်”

ဤပြောဆိုချက်ကြောင့် ရှန်းပင်က အံ့သြတကြီးထပြောလိုက်၏။

“မိန်းကလေး၊ ငါဘယ်သူလဲဆိုတာ မင်းသိလား”

ရွှယ်လန်သည် ဆက်လက်၍ ခေါင်းကို ခါးယမ်းနေဆဲဖြစ်သည်.

“ကျွန်မမသိဘူး။ သိလည်းမသိချင်ဘူး။ တကယ်၍ ကျွန်မ သိုင်းပညာလေ့ကျင့်ရမယ်ဆိုရင်တောင် ရှောင်အန်းဆီမှာပဲ လေ့ကျင့်မယ်”

“ရှောင်အန်းဟုတ်လား”

လူအုပ်ကြီးသည် ထိတ်လန့်တကြားဖြင့် ရွှယ်အန်းကို လှည့်ကြည့်လိုက်ကြသည်။

‘အဲ့တာ သူတို့ပြောနေတဲ့သူများလား’

‘ဒါပေမယ့် ဒီလူနဲ့ပတ်သက်ပြီး ထူးထူးခြားခြားဘာမှမရှိပါဘူး။ သူက သာမန်လူလို့ပဲ ထင်ရတယ်’

ရှန်းပင်၏ အမူအရာသည် အနည်းငယ်မှောင်မိုက်လာကာ၊ အေးစက်စွာဖြင့် နှာမှုတ်လိုက်ရုံမှတပါး အခြားမတတ်နိုင်တော့ပေ။

“မိန်းကလေး မင်းဒါကို ကောင်းကောင်းစဥ်းစားပါဦး”

“ကျွန်မစဥ်းစားပြီးပြီ” ရွှယ်လန်က ခိုင်မာစွာပြန်ဖြေ၏။ ရှီဟောက်နှင့် ရှီကျူလိတို့သည် လျှို့ဝှက်စွာ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက်၊ နှလုံးသားထဲတွင် အလွန်အမင်း ပျော်ရွှင်ခံစားလိုက်ရသည်။

‘ကောင်းတယ်၊ လရောင်နတ်သမီးရဲ့ဒေါသကို ဆွပေးရင် ရွှယ်အန်းရော ကောင်မလေးရောနှစ်ယောက်လုံး ဘဝဆုံးသွားနိုင်တယ်’

ရှန်းပင်သည် ရွှယ်အန်းကို လေးနက်စွာတစ်ချက်ကြည့်ပြီးနောက်၊ အလွန်တည်ငြိမ်နေသည့်အမူအရာမှလွဲ၍ ထိုအမျိုးသားနှင့် ပတ်သက်သော မည်သည့်အရာကိုမျှ မတွေ့ရပေ။ သူသည် ကွင်းဘက်သို့ မျက်နှာမူထားကာ၊ မျက်နှာအမူအရာသည် အလွန် အေးခဲနေ၏။

ရွှယ်အန်းသည် လရောင်နတ်သမီးဟုခေါ်သော အမျိုးသမီးကို စိတ်ထဲမထားဘဲ၊ ထူးမခြားနားပြုံးလိုက်သည်။

ရှောင်ယောင်းအဆင့်သို့ ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ရုံဖြင့် မိမိကိုယ်မိမိ နတ်သမီးဟု ခေါ်ဝံ့သော အမျိုးသမီးတစ်ယောက်သည် အမှန်တကယ်ပင် ရယ်စဖွယ်ကောင်းလှ၏။

သို့သော် ထန်တုန်သည် အနည်းငယ်စိုးရိမ်သွားသဖြင့်၊ ထိုင်ချလိုက်ပြီးနောက်၊ ရွှယ်အန်း၏ နားအနားသို့ကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။

“လရောင်နတ်သမီးက ကိစ္စသေးသေးလေးကို ပုံကြီးချဲ့တဲ့နေရာမှာ နာမည်ကြီးတယ်။ အခုဖြစ်ပျက်သွားတဲ့အဖြစ်အပျက်ကို သူမမကျေနပ်ဘူးဆိုတာ သိသာတယ်။ မစ္စတာရွှယ်၊ မင်းအရမ်းသတိထားသင့်တယ်”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သိုင်းပညာပြိုင်ပွဲသည် တရားဝင်စတင်ခဲ့ပြီဖြစ်၏။ ရှီဟောက်သည် သူ့အဝတ်အစားများကို ပြန့်စေရန်ပွတ်သပ်လိုက်ပြီးနောက်၊ ယုံကြည်မှုအပြည့်ဖြင့် ကွင်းထဲသို့ဝင်လိုက်သည်။ သူ့အဆင့်သည် အလယ်အလတ်တွင်ရှိသဖြင့် ပထမဆုံးဝင်ရောက်ယှဥ်ပြိုင်ရမည့်သူများစာရင်းတွင် ပါဝင်သည်။

သူစိန်ခေါ်သူမှာ စွမ်းရည်ထက်မြက်လှသော သိုင်းသမားများစာရင်းတွင်၊ အဆင့်ရှစ်ဆယ့်ရှစ်ရှိသော တောင်ပိုင်းလက်သီးကျွမ်းကျင်သူဖြစ်သည်။ ၎င်းတို့၏ တိုက်ပွဲစပြီးနောက် ရွှယ်အန်းသည် ခဏတာမျှသာ ကြည့်ရှု့ပြီးနောက်၊ အဝေးသို့ကြည့်လိုက်သည်။

တောင်ပိုင်းလက်သီးကျွမ်းကျင်သူသည် ကျွမ်းကျင်သော်လည်း ရှိဟောက်နှင့် မယှဥ်နိုင်ကြောင်း တစ်ချက်ကြည့်ရုံဖြင့်ပင် သူပြောနိုင်၏။

ထင်ထားသည့်အတိုင်းပင်၊ တောင်ပိုင်းလက်သီးကျွမ်းကျင်သူသည် သိပ်မကြာခင်တွင် ရှိဟောက်၏ ကန်ထုတ်ခြင်းခံလိုက်ရရာ၊ မြေပြင်ပေါ်တွင် ရုန်းကန်ပြီးနောက်၊ သေဆုံးသွားခဲ့သည်။

လူအုပ်ထံမှ ရေရွတ်သံများထွက်ပေါ်လာသည်။ ရှီဟောက်သည် ပလက်ဖောင်းပေါ်တွင် ဂုဏ်မောက်သော ပုံစံဖြင့်ရပ်နေပြီးနောက်၊ ပွဲရလဒ်ကို ဒိုင်လူကြီးများက ကြေညာခဲ့သည်။ ရှီဟောက်သည် နောက်ဆုံးတွင် အရည်အချင်းရှိ သိုင်းသမားများစာရင်းသို့ ဝင်ရောက်နိုင်သည့် ဆန္ဒကို အကောင်အထည်ဖော်ခဲ့သည်။

ရှီကျူလိသည် သဘာဝကျစွာပင် ပျော်ရွှင်နေပြီးနောက်၊ ရွှယ်အန်းဘက်သို့ ပြင်းပြင်းထန်ထန်စိုက်ကြည့်၍ တွေးလိုက်သည်။

‘ပွဲပြီးတဲ့အထိစောင့်စမ်းပါ၊ ကျွန်မ ရှင့်ကို ကိုင်တွယ်ပြမယ်’

ရှီဟောက်သည် စင်မြင့်ထက်တွင် ရပ်နေလျက်၊ အဝေးမှ ရွှယ်အန်းကို ကြည့်၍ လည်ချောင်းအသာအယာခတ်လိုက်သည်။

သို့သော် သူမျှော်လင့်ထားသည့်အတိုင်း၊ ရွှယ်အန်း၏မျက်နှာထက်တွင် ထိတ်လန့်မှုနှင့် အံ့အားသင့်မှုတို့ကို မတွေ့ခဲ့ရပေ။ တစ်ခုတည်းသောအရာမှာ ရွှယ်အန်း၏ မျက်လုံးများထဲမှ သရော်လှောင်ပြောင်မှုသာဖြစ်သည်။

ရှီဟောက်က စိတ်ထဲတွင် လှောင်ရယ်လိုက်သည်။

‘မင်းဒီလိုမျိုး ဘယ်လောက်ကြာကြာ ဆက်လုပ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့’

ပြိုင်ပွဲကို ဆက်လက်၍ ကျင်းပခဲ့ရာ၊ ကြီးမားသော အကျိုးအမြတ်မျာနှင့် ဂုဏ်ထူးများအတွက်၊ မည်သူကမျှ အင်အားကို ထိန်ချန်မထားကြဘဲ၊ သေစေနိုင်သည့် တိုက်ကွက်များဖြင့် တိုက်ခိုက်နေကြသည်။

ရက်စက်ကြမ်းတမ်းသော ပြိုင်ပွဲများသည် ပရိတ်သတ်များစွာ၏ မျက်နှာကို ဖြူလျော့ဖျော့တော့သွားစေခဲ့သည်။ နောက်ဆုံးတွင် အသစ်ရွေးချယ်ထားသော သိုင်းပညာရှင်များသည် ၎င်းတို့၏စိန်ခေါ်မှုများကို ပြီးမြောက်ခဲ့ကြသည်။ ၎င်းတို့ထဲမှ သုံးပုံနှစ်ပုံသည် ကျရှုံးခဲ့ကာ၊ ကျရှံးမှု၏ တန်ကြေးမှာ သေခြင်းတရားပင်ဖြစ်၏။ ကွင်းအတွင်းထဲတွင် သွေးများစွန်းထင်းနေ၏။

သို့သော် ကွင်းထဲသို့ အရည်အချင်းရှိသိုင်းသမားစာရင်း၏ ထိပ်တန်းကျွမ်းကျင်သူ အယောက်ငါးဆယ်ခန့် ဝင်ရောက်လာသောအခါ၊ လူတိုင်းသည် ယခုအခါမှ အဓိကပွဲကြီးတစ်ပွဲစတင်တော့မည်ဖြစ်ကြောင်း သိလိုက်ကြရသည်။

စင်မြင့်ထက်သို့ ဦးစွာတက်လာသူကြောင့် အောက်နားရှိလူအုပ်ကြီး၏ အံ့အားသင့်စွာ ရေရွတ်ပြောဆိုသံများပေါ်ထွက်လာသည်။

All Chapters