← Chapters

ကမ္ဘာဦးတည်ဆောက်မှု

Vol. 136 Ch. 1900

ကမ္ဘာဦးတည်ဆောက်မှု

Vol. 136 Ch. 1900

သူက သူမအကူအညီကိုလိုတယ်ဟုတ်လား။

ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်ပြီး နှာခေါင်းရှုတ်လိုက်သည် “အစ်ကို တမင်လုပ်တာလား”

သူမ ဒါတွေကို မြင်ရအောင်လို့ သူ တမင်ဒီကိုခေါ်လာတာလား။

“မင်းကို အကူအညီတောင်းဖို့ ငါက ဒါလုပ်ဖို့လိုသေးလို့လား အဲလိုမျိုးတွေ မတွေးစမ်းပါနဲ့” ဒိကျဲ့သည် အစောက သူမ သူ့ကိုလုပ်ခဲ့သည်ကို လက်တုံ့ပြန် သည့်အလား သူမ၏ ခေါင်းကိုအသာရိုက်လိုက်သည်။

ရှီမာယူယူသည် သူ့လက်ကိုရိုက်ချပြီး စိုက်ကြည့်လေသည် “ဘာမို့လို့ ရှက်ကိုးရှက်ကန်း မျက်နှာဖြစ်နေတာလဲ”

“အင်း.. မင်းမိုယွိကို သွားရှာပြီး မိုမျိုးနွယ်ကို ငါတို့ဘက်ခေါ်လိုက်ရင် တစ္ဆေကြင်ယာတော်ဘက်မှာ ပါမှာမဟုတ်ဘူးလို့ တွေးနေတာ” ဒိကျဲ့သည် မိုယွိနှင့် မရင်းနှီးသည့်အတွက် ရှက်ရွံ့နေသည်။

“မိုမျိုးနွယ်က တစ္ဆေကြင်ယာတော်ဘက်ကလို့ ပြောနေတာလား” ရှီမာ ယူယူသည် မယုံနိုင်စွာ အော်လိုက်သည်။

“အဲလိုတော့မဟုတ်ဘူး ဒါပေမဲ့ သူတို့က တစ္ဆေကြင်ယာတော်ကို တချို့ ကိစ္စတွေမှာ ကူညီပေးနေတာ” ဒိကျဲ့ ဆက်ပြောလေသည် “တစ္ဆေကြင်ယာ တော်က မိုမျိုးနွယ်ကို ရအောင်လုပ်နေတယ်လို့ ကြားတယ်”

ရှီမာယူယူ မိုယွိကို တွေ့ခဲ့စဉ်က တစ္ဆေကြင်ယာတော်ကြောင့် သူမကို သတ်ချင်သည်ဟု ပြောခဲ့သည်။ သို့သော် သူမ လက်ဖက်ရည်နှပ်နည်းကို သိ သဖြင့် ထိုအတွေးကို ဖျောက်ခဲ့သည်။

“မိုယွိက တစ္ဆေကြင်ယာတော်နောက် လိုက်မယ်မထင်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “သူက သူများကို ခစားမယ့်လူမျိုးမဟုတ်ဘူး”

“ဘယ်လိုပဲဖြစ်ဖြစ်လေ” ဒိလျူ ဆက်ပြောလေသည် “သူစိတ်ပြောင်းပြီး သဘောတူမယ်ဆိုရင်ရော”

“အဲလိုဆို သူနဲ့ပြောကြည့်လိုက်ပါမယ် သူ အခုဘယ်ရောက်နေတာလဲဆို တာကို မသိရုံပဲ” ရှီမာယူယူ ဆက်ပြောလေသည် “သူ နားထောင်ပါ့မလားဆို တာမသိဘူး”

“နားထောင်မှာပါ” ထိုလူသည် သူမကိုတော့ ဂရုစိုက်ပေးသည်။

“ဒါဆို သူက ဘယ်မှာလဲ”

“ငါလည်းမသိဘူးလေ… မင်း ဒီကိုရောက်နေတာသိရင် သူလာရှာလိမ့် မယ်.. ဘယ်သူသိမလဲ သူ အင်ပါယာမြို့တော်ထဲ‌တောင် ရောက်ချင်ရောက်နေ မှာ”

“ဒါဆိုလည်း ဒီကိစ္စကို ကျွန်မကိုသာ အပ်ထားလိုက်တော့ ဘယ်လိုပဲဖြစ် ဖြစ် အစ်ကို သူ့ကိုရှာတွေ့မှာပဲ” ရှီမာယူယူသည် စိတ်ထဲမထားပေ “အခုတော့ ခြံထဲမှာ လမ်းလျှောက်ရင်း အခြေအနေလေးကို ပြောပြပါဦး”

“အင်း မင်းက နန်းတော်မှာ နေမယ်ဆိုတော့ ဒီမှာဖြစ်နေတဲ့ ကိစ္စတွေကို သိထားရင်တော့ ပတ်ဝန်းကျင်နဲ့ အသားကျမှာပေါ့.. အခုက ဘယ်သူက ရန်သူ လဲ မိတ်ဆွေလဲဆိုတာကို မသိသေးဘူးလေ” ဒိကျဲ့ဆက်ပြောလေသည် “သွား မယ် လျှောက်ရင်းနဲ့ ပြောကြတာပေါ့”

“အင်း”

“အရင်ဆုံး မင်းရဲ့ အဘွားကလွဲပြီး တစ္ဆေကြင်ယာတော်အပြင် သူ့မှာ တခြားကိုယ်လုပ်တော် ၁၇ ယောက်ရှိသေးတယ်.. အဲဒီ ၁၇ ယောက်မှာ ၁၀ ယောက်က တစ္ဆေကြင်ယာတော်ရဲ့ အမိန့်ကိုနာခံကြတယ် ကျန်တဲ့လူတွေက တော့ ကြားနေပဲ” ဒိကျဲ့ ရှင်းပြလေသည်။

“အဘွားနဲ့ တစ္ဆေကြင်ယာတော်နဲ့ဆိုရင် အားလုံးပေါင်း ၁၉ ယောက်ပေါ့ အဘိုးက တကယ့်ကို မိန်းမလိုက်စားတာပဲ” ရှီမာယူယူသည် နှုတ်ခမ်းကိုဖိကပ် လိုက်သည်။ ဝူလင်းယူသာ ထိုသို့ထားရှိပါက သူ၏ညီလေးကို သူမ ဖျက်ဆီးပစ် မည်ဖြစ်သည်။

“ဒါက ဘာမှမဟုတ်သေးဘူး” ဒိကျဲ့ ဆက်ပြောလေသည် “ချင်းဟွမ်မှာ ဆို ရာချီတယ်”

ဟုတ်ပြီလေ.. ယှဉ်နေလို့လည်း ဘာမှမထူးဘူး။

“အရှင့်မှာက ကလေးရာချီရှိတယ် မင်းအမေက အငယ်ဆုံးပဲ… ငါတို့ မျိုးဆက်မှာက ထောင်ချီတယ်.. ဒါပေမဲ့ အကြီးဆုံးတွေကတော့ ကိုယ့်လမ်း ကိုယ်သွားကြပြီ.. အယောက် ၇၀ ၈၀ လောက်က အင်ပါယာမြို့တော်ကနေ ထွဥ◌်သွားကြပြီ.. သူတို့မှာ ကလေးတွေရှိကြပေမဲ့ တစ်ယောက်မှ မင်းသမီး ရာထူးကိုမရကြဘူး အဲတော့ မင်းက လက်ရှိမှာ အငယ်ဆုံးမင်းသမီးပဲ” ဒိကျဲ့ ဆက်ပြောလေသည်။

“အဲလောက်လူများတာ သူတို့အကုန်လုံးကို ရှင်းပြဖို့ဘယ်လောက်ကြာဦး မှာလဲ နာမည်စာရင်းထုတ်ပြီးတော့သာ ကျွန်မကို ပေးလိုက်တော့” ရှီမာယူယူ ပြောလိုက်သည်။

ဒိကျဲ့သည် အမည်စာရင်းတစ်ခုထုတ်လိုက်သည် “မင်း စိတ်မရှည်ဘူးဆို တာသိလို့ ငါ ပြင်ထားပြီးသား”

ရှီမာယူယူသည် လေ့လာရန်အတွက် နာမည်စာရင်းကိုသိမ်းလိုက်သည်။

“နန်းတော်အပြင်က အင်အားစုတွေကတော့…”

ဒိကျဲ့ ရှင်းပြနေစဉ်တွင် ရှီမာယူယူသည် လမ်းဖြည်းဖြည်းလျှောက်ရင်း စစ်သူကြီးအိမ်တော်ကို လှည့်ပတ်ကြည့်နေလိုက်သည်။

ဒိကျဲ့သည် သူမကို ငယ်ရွယ်ခြင်းနန်းတော်ကို ပြန်လိုက်ပို့ပြီး သတိထား ရန် မှာသွားပြီး တစ်ခုခုရှိလျှင် ဆက်သွယ်ရန်ပြောကာ နန်းတော်မှ ထွက်သွား လေသည်။

“မင်းသမီးလေး ဝူလင်းယူတို့ ပြန်လာပါပြီ” အပျိုတော်သည် သူမကို နှုတ်ဆက်လေသည်။

“သိပြီ” ရှီမာယူယူသည် ဝူလင်းယူနှင့် အရိပ်မည်းတို့ရှိသည့် အဆောင်သို့ သွားလိုက်သည်။ သူမ ရောက်သွားချိန်တွင် အရိပ်မည်းနှင့် ဟွမ်တို့ စစ်တုရင် ကစားနေကာ ဝူလင်းယူသည် စင်္ကြံတွင် တစ်ခုခုကိုလေ့လာရန်ကြိုးစားနေ သည်။

သူမ လျှောက်လာသည်ကို မြင်သောအခါ သူမကိုမေးကြလေသည် “စစ်သူကြီးအိမ်တော်က ဘယ်လိုနေလဲ”

“တော်တော်ကြီးတယ်” ရှီမာယူယူသည် သူတို့ကိုခေါင်းညိတ်ပြကာ ဝူလင်းယူဆီသို့ သွားလိုက်သည် “သူတို့ကို ပြောပြီးပြီလား”

“အင်း လေးမျက်နှာအံ့ဖွယ်ချိပ်စည်းရှိတဲ့နေရာကို သိတာနဲ့ သူတို့ ကိုယ့် ကို ပြောကြလိမ့်မယ်” ဝူလင်းယူ ခေါင်းညိတ်လိုက်သည်။

“ဘာတွေ လေ့လာနေတာလဲ”

“ကိုယ်ထွက်သွားတော့ တည်ဆောက်မှုတစ်ခုလာတာ ဒါပေမဲ့ ပျက်စီးနေ ပါပြီ.. ပြီးအောင်လုပ်လိုက်ရင် ဘာဖြစ်မလဲလို့ သိချင်လို့” ဝူလင်းယူ ဆက်ပြော လေသည် “မင်းရောက်ပြီဆိုမှတော့ အတူကြည့်ကြတာပေါ့”

“ဟုတ်ပြီ” ရှီမာယူယူသည် ကြမ်းပြင်ပေါ်တွင် မပြည့်မစုံဖြစ်နေသော တည်ဆောက်မှုကိုကြည့်ပြီး မျက်လုံးများအရောင်တောက်သွားသည် “ဒါက သတ်ဖြတ်ခြင်းတည်ဆောက်မှုလား”

“ဟုတ်တယ် ထိပ်တန်းကမ္ဘာဦးတည်ဆောက်မှုတွေထဲက တစ်ခုဖြစ်တဲ့ သတ်ဖြတ်ခြင်းတည်ဆောက်မှုပဲ” ဝူလင်းယူရှင်းပြလေသည်။

“အိုး ဒါကို ဘယ်လိုရလာတာလဲ.. တခြားတည်ဆောက်မှုတွေရောရှိသေး လား” ရှီမာယူယူသည် ကြမ်းပေါ်မှ ကျိုးပဲ့နေသော တည်ဆောက်မှုများကို ကြည့်ပြီ စိတ်လှုပ်ရှားနေရာ ထခုန်မတတ်ပင်ဖြစ်သွားသည်။

“ကမ္ဘာဦးခေတ်က တခြားတည်ဆောက်မှုတွေကို ပြောတာလား” ဝူလင်းယူသည် သူမ မျှော်လင့်ချက်အပြည့်ဖြင့် သူ့ကိုကြည့်ပုံကို မြင်သောအခါ ခေါင်းခါလိုက်သည် “တစ်ခုပဲရှိတယ်”

“ဟုတ်ပြီ တစ်ခုရှိတာ ဘာမှမရှိတာထက်စာရင် တော်သေးတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒီတည်ဆောက်မှုကို အရင်လုပ်ကြည့်ရအောင်”

“ဟုတ်ပြီ” ရလာသည့်အရာတိုင်းကို ဝမ်းမြောက်တတ်ပြီး အတင်းလုပ် မယူသည့် သူမ၏ သဘောထားကို ဝူလင်းယူ သဘောကျသည်။

“ဒီတည်ဆောက်မှုကို ဘယ်ကရလာတာလဲ… သဲလွန်စတွေဘာတွေများ ရှိတာလား” ရှီမာယူယူ မေးလိုက်သည်။

“မဟုတ်ဘူး သူတို့လည်း မထင်မှတ်ဘဲရလာတာ.. ဒီစုတ်ပြတ်နေတဲ့ စာရွက်တွေလည်းရှိတယ်” ဝူလင်းယူသည် စာရွက်နှစ်ရွက်ကို ထုတ်ပေးလိုက် သည်။

ရှီမာယူယူသည် စွန်းပေနေသော စာရွက်များကိုကြည့်လိုက်ရာ စာရွက် ပေါ်ရှိ ပန်းချီများမှာ မပြည့်စုံဘဲ ဆက်ကြည့်လိုက်လျှင်တောင် တည်ဆောက်မှု တစ်ခုကို မစီမံနိုင်ပေ။ သူတို့သည် ရလာသမျှကို ဝူလင်းယူကို ပေးသော်လည်း ပျောက်ဆုံးနေသည့် အပိုင်းအစများမှာ များလွန်းသည်။

ရှီမာယူယူသည် ပန်းချီကို ထပ်ကြည့်လိုက်သည်။ သူမ ဘာသာ ကြိုးစား ကြည့်နေလျှင် အသုံးမဝင်နိုင်သည်ကို သိသဖြင့် ပန်းချီများကို ဖြန့်ချပြီး ဝူလင်း ယူနှင့်အတူ လေ့လာတော့သည်။

နန်းတော်အတွင်းတွင် သူတို့ကိုနှောင့်ယှက်မည့်သူမရှိသဖြင့် ဝူလင်းယူ နှင့် ရှီမာယူယူတို့သည် အတူလေ့လာပြီး သဲလွန်စတချို့ကို ရသည်။ သို့သော် တည်ဆောက်မှုတစ်ခုလုံးကို ဆက်စပ်ကြည့်ရန်မှာတော့ ဝေးကွာလွန်းသည်။

ယွိရှီသည် ရောက်လာပြီး ရှီမာယူယူကို နှုတ်ဆက်လေသည် “မင်းသမီး လေး မင်းသားလေးယွိဟောက်ရောက်လာပါတယ်”

“ယွိဟောက်ဟုတ်လား” ရှီမာယူယူ မျက်တောင်ခတ်လိုက်သည် “သူက ဘယ်သူလဲ”

“သူက ယွိဒူကွယ်လွန်ပြီးမှ မွေးတဲ့ကလေးပါ” ယွိရှီ ပြန်ဖြေလေသည်။

“ယွိဒူသေပြီးမှ မွေးတဲ့ကလေးလား ကြည့်ရတာ သူလာတဲ့ ရည်ရွယ်ချက် တော့မကောင်းဘူးပဲ” ရှီမာယူယူသည် မတ်တတ်ထကာ လက်မှဖုန်များကို ခါ လိုက်သည်။ ပြီးနောက် ဖူးယောင်နေသည့် ယွိရှီ၏ မျက်နှာကိုမြင်သောအခါ သူမ မျက်နှာတင်းမာသွားသည် “သူလုပ်လိုက်တာလား”

“ဟုတ်ပါတယ်” ယွိရှီသည် ခေါင်းငုံသွားသည် “မင်းသားလေးလာတုန်းက မင်းသမီးလေး အလုပ်များနေတယ်လို့ ဒီအစေခံက ပြောမိတာ သူ…”

“ဟား သူက ငါ့နန်းဆောင်ကိုလာပြီး ငါ့လူကိုရိုက်တယ်.. ငါက ဒီနန်းတော်မှာ ဘောင်မဝင်ဘူးလို့ ပြောချင်နေတာလား” ရှီမာယူယူသည် မိခင် ဖြစ်သူကို ခ,စားခဲ့သည့် သူတို့ကို အလေးထားသည်။ သူမ၏ မိခင်ပင်လျှင် မည်သူ့ကိုမှ မဆူမငေါက်ခဲ့သလို ရိုက်နှက်ခြင်းမရှိခဲ့ပေ။ သို့သော် ယွိဟောက် သည် ဤနေရာသို့ ရောက်သည်နှင့် သူမ၏အပျိုတော်ကို ရိုက်ခဲ့သည်။ သူ သူမ ကို စိန်ခေါ်လိုက်တာပဲ။

သူမ နှာရှုတ်လိုက်သည် “ယွိရှီ မင်းသားလေးကို သွားတွေ့မယ်”

“ကိုယ် မင်းနဲ့လိုက်မယ်” ဝူလင်းယူ ထရပ်လိုက်သည်။

“မလိုတော့ဘူး ယွိဟောက်က ညီမနန်းဆောင်ထဲမှာ ဘာလုပ်နိုင်ဦးမှာမို့ လို့လဲ” ရှီမာယူယူသည် ပြောပြီးနောက် ယွိရှီကိုခေါ်ထွက်ခဲ့လိုက်သည်။

All Chapters