← Chapters

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း(၆၇) တောင်တန်းများတစ်လျှောက်၊ သစ်တော်ပွင့်များ ပွင့်လန်းလာခြင်း

‘အဲ့တာသူလား’

‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူမသေသေးဘူးလား’

မိန်းကလေးငယ်၏ မျက်နှာသည် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေလျက်၊ ရွှယ်အန်း၏ ပုံများကို ဖိုရမ်ထဲတွင်ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် သူမ သေချာသွားခဲ့ပြီဖြစ်၏။ ဤသူသည် အမှန်တကယ်ပင် လွန်ခဲ့သော လေးနှစ်ခန့်က ပျောက်ဆုံးသွားခဲ့သည့် ရွှယ်အန်းဖြစ်သည်။

သူမ စိတ်မထိန်းနိုင်တော့ဘဲ၊ ဒေါသစိတ်ဖြင့် ပေါက်ကွဲသွားရသည်။

“ဆန်ကုန်မြေလေးမှန်းသိသာတယ်။ ဒီလူယုတ်မာက အကြောင်းပြချက်မရှိ ပျောက်ကွယ်သွားရုံသာမက၊ ငါ့အစ်မကိုလည်း အထီးကျန်ဘဝထဲပြန်ရောက်သွားအောင်လုပ်ခဲ့တယ်။ အခု သူပြန်လာတာတောင်၊ ငါ့အစ်မကို လိုက်ရှာဖို့ မစဥ်းစားဘူး”

ကောင်မလေး၏ မျက်နှဦသည် ဒေါသစိတ်ကြောင့် နီမြန်းလာကာ၊ ခဏတာအကြာမှ စိတ်ငြိမ်သွားပြီးနောက်၊ ခပ်တိုးတိုးအသံဖြင့် ပြောလိုက်သည်။

“တစ်ယောက်ယောက်လာခဲ့စမ်း”

တံခါးသည် တိတ်တဆိတ်ပွင့်လာပြီးနောက်၊ ရိုသေ‌လေးစားဖွယ်ကောင်းသော အသက်ကြီးကြီးလူတစ်ဦး ဝင်လာ၏။

“ဒုတိယမမလေး”

“ရထားပြင်ထားလိုက်”

“ဟုတ်ကဲ့၊ ဘယ်သွားမလို့လဲ”

“ချင်းမန်တောင်”

သိုင်းပညာပြိုင်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ကောင်းကင်ညွှန်ပြသူအကြီးအကဲ၏ သေဆုံးမှုသည် လူများစွာကို ကြောက်ရွံ့စေခဲ့သည်ဖြစ်ရရာ၊ နောက်ဆက်တွဲ ပြိုင်ပွဲများကို ရပ်တန့်သွားစေခဲ့သည်။ လူများစွာသည် ချင်းမန်မြို့မှ တိတ်တဆိတ်ထွက်သွားခဲ့သော်လည်း ရွှယ်အန်းသည်မူ၊ ထွက်မသွားခဲ့ပေ။ သူ့တွင် ဖြေရှင်းရမည့် ကိစ္စများရှိသေးသည်။ သူထွက်မသွားသည့်အတွက် ဟွာာထင်းထင်းနှင့် ထန်ရှောင်းယွီတို့သည်လည်း ဆက်လက်တည်းခိုခဲ့ကြသည်။ ထန်တုန်သည် ခေတ္တသာရောက်လာခဲ့ခြင်းဖြစ်၍ ချက်ချင်းပင် ချင်းမန်မြို့မှ ပေကျန်းသို့ ပြန်သွားခဲ့သည်။

ထိုနေ့တွင် ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်ကို တောင်တက်ရန် ခေါ်သွားရာ၊ ထန်ရှောင်းယွီနှင့် ဟွာထင်းထင်းတို့လည်း လိုက်ပါလာခဲ့သည်။ တောင်ပေါ်ရှိ လေထုသည် အလွန်သန့်စင်နေသည်ဟုထင်ရ၏။ ဤအချိန်တွင် ချင်းမန်ပွဲတော် နီးကပ်လာပြီဖြစ်သဖြင့်၊ ချင်းမန်တောင်ပတ်ဝန်းကျင်တွင် မိုးဖွဲဖွဲများ နေ့စဥ် ရွာချလျက်ရှိသည်။ သို့သော် ၎င်းသည် လမ်းတစ်လျှောက်လုံး တစ်ခစ်ခစ်ရယ်မောနေသည့် မိန်းကလေးငယ်နှစ်ယောက်၏ စိတ်အားထက်သန်မှုကို မတားဆီးနိုင်ပေ။

သူ၏ လိမ္မာပါးနပ်သော ထူးခြားဆန်းကြယ်သည့် သမီးနှစ်ယောက်ကို ကြည့်၍ ရွှယ်အန်း၏ နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်မိသည်။

“ဖေဖေ… ဖေဖေ၊ အဲ့တာဘာလဲ” ရွှယ်ရှန်းက အဝေးမှ တောင်ကြားတစ်ခုကိုညွှန်ပြ၍ မေးလိုက်သည်။

“အို အဲ့တာသစ်တော်သီးပင်တွေလေ”

“သစ်တော်သီးပင် ဟုတ်လား၊ အဲ့မှာ စားလို့ရတဲ့ သစ်တော်သီးတွေရှိတယ်လို့ဆိုလိုတာလား” ရွှယ်နျန်က မေးသည်။

ရွှယ်အန်းက ပြုံး၍ ပြန်ဖြေ၏။

“သူတို့က ပွင့်လည်းမပွင့်၊ အသီးလည်းမသီးသေးဘူး။ သမီးဘယ်လိုလုပ်စားလို့ရမှာလဲ”

“ဘယ်တော့ ပွင့်မှာလဲ” ရွှယ်ရှန်းက မေးသည်။

“အင်း.. သူတို့… သိပ်မကြာခင်ပွင့်မှာပါ။ ထင်တာပဲ”

“ပန်းပွင့်ရင် တကယ်လှမှာနော်” ရွှယ်ရှန်းက စိတ်အားထက်သန်စွာပြောသည်။

ရွှယ်အန်းက တိတ်တဆိတ်ပြုံးလိုက်ပြီးနောက်၊ မန္တန်တစ်ခုကိုရေရွတ်၍ ခပ်တိုးတိုး အမိန့်ပေးလိုက်သည်။ ထိုမန္တန်၏ ဦးတည်ရာသည် သစ်တော်သီးဥယျာဥ်သာဖြစ်၏။ သို့သော ယခုနှစ်တွင် အေးစက်သော ရာသီဥတုကြောင့် သစ်ပင်များ မပွင့်ကြသေးပေ။ သို့သော် ထိုမန္တန်များ ချိုင့်ဝှမ်းအလယ်သို့ရောက်သောအခါ၊ ရင်သပ်ရှု့မောဖွယ်မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။ တောင်ပေါ်မှ သစ်တော်သီးပင်များသည် ၎င်းတို့‌ရောက်ရှိလာမှုကို ကြိုဆိုသည့်အနေဖြင့်၊ တစ်ခဏချင်း၌ပင်၊ အပင်များအားလုံး ပွင့်လန်းလာကြသည်။

ဖြူဖွေးသော သစ်တော်သီးပွင့်များသည် ချိုင့်ဝှမ်းသို့ နှင်းထူထပ်စွာကျလာသကဲ့သို့ ထင်ရစေနိုင်သည်။ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ခဏတာမျှ ရပ်တန့်သွားပြီးနောက်၊ သစ်တော်သီးတောထဲသို့ ပျော်ရွှင်စွာ ပြေးဝင်သွားကြသည်။ ဟွာထင်းထင်းနှင့် ထန်ရှောင်းယွီတို့သည် တုန်လှုပ်ခြောက်ခြားမှုအပြည်နှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ကမ္ဘာပေါ်တွင် ဤသို့သော တိုက်ဆိုင်မှုမျိုး မည်သို့ဖြစ်လာနိုင်သနည်း။ ဤလူတစ်စုရောက်လာသည်နှင့်တစ်ပြိုင်နက် သစ်တော်ပန်းများ ပွင့်လာသည်။

‘ဒါရွှယ်အန်းလုပ်နေတာများ…ဖြစ်နိုင်ပါ့မလား’

ဟွာထင်းထင်းသည် ရုတ်တရက်၊ ချင်းမိသားဆီသို့သွားခဲ့ဖူးသောအချိန်ကို ပြန်သတိရသွားသည်။ ထိုစဥ်က ရွှယ်အန်းသည် ပန်းပွင့်များပွင့်လာစေရန်နှင့်၊ သစ်ပင်များ စိမ်းလန်းလာစေရန် တစ်ညအတွင်း လုပ်ခဲ့ဖူးသည်။

‘သူက အတိအကျဘယ်သူလဲ’

တောင်၏ သစ်တော်ပန်းများကို များပြားစွာ ပွင့်လန်းလာစေရန်၊ အပင်များနှင့် ပန်းများကို သူ မည်သို့ အမိန့်ပေးနိုင်သနည်း။

ရွှယ်အန်းသည် လူတိုင်းကို တောင်ကြားသိူ့ခေါ်သွားသည်။ ထိုနေရာသည် အမှန်တကယ်တမ်းတွင် တာအိုကျင့်ကြံရေးဘုရားကျောင်းရှိနေ၏။

သို့သော် ၎င်းသည် ပျက်စီးယို့ယွင်းနေသော လက္ခဏာများပြသနေသည်။ ရွှယ်အန်းသည် တာအိုဘုရားကျောင်းထဲသို့ လျှောက်သွားခဲ့ရာ၊ သူ၏ ခြေသံများသည် နေရာ၏ငြိမ်သက်တိတ်ဆိတ်မှုကို နှောက်ယှက်လိုက်သည့်နှယ်ထင်ရ၏။ အိမ်အတွင်းမှ စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။

“ကိူးကွယ်ဆည်းကပ်သူတွေဆိုရင် တစ်ချက်ကြည့်ပြီး ထွက်ခွာသွားပါ။ တကယ်လို့ လှုဒါန်းချင်ရင် ကုဒ်ကို စကန်လို့ရသလို ငွေသားလည်း လက်ခံပါတယ်”

ရွှယ်အန်း၏ နှုတ်ခမ်းများ ကွေးသွားကာ၊ အပြုံးတစ်ခု ပေါ်လာ၏။

“ဆရာကြီးကျိုက်၊ ခင်ဗျား တကယ် အသက်ရှင်နေသေးတာလား”

အခန်းသည် ခဏတာမျှ အလွန်တိတ်ဆိတ်သွားပြီးနောက်၊ တံခါးပွင့်လာကာ၊ အသက်ကြီးရင့်သော တာအိုကျင့်ကြံသူတစ်ဦးသည် ငွေရောင်အဝတ်အစားများကို ဝတ်ဆင်ထားလျက်၊ အခန်းထဲမှ ထွက်လာသည်။

‘“ဒါဘယ်သူလဲ၊ အသံကို အရမ်းရင်းနှီးနေတယ်”

သူမော့ကြည့်လိုက်သောအခါ၊ ပြုံးနေသော ရွှယ်အန်းကို မြင်လိုက်ရသဖြင့်၊ အလွန်ထိတ်လန့်သွားသည်။

“မင်း…မင်းက..”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ဆရာကြီးကျိုက်၊ ကျုပ်ကို မသိဘူးလား”

တာအိုကျင့်ကြံသူကြီးသည် ရုတ်တရက်စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“ရှောင်အန်းလား၊ မင်းတကယ်အသက်ရှင်နေသေးတာလား။ ဒါပေမယ့် မင်းအတွက် ဗေဒင်ဟောကိန်းတွေအများကြီးတွက်ချက်ခဲ့တာ ငါမှတ်မိပါသေးတယ်။ အဲ့တာတွေအားလုံးက မင်းကို ဒီကမ္ဘာမှာမရှိတော့ဘူးလို့ပဲပြနေတာ”

ရွှယ်အန်းက ရယ်မောလိုက်သည်။

“ခင်ဗျားရဲ့‌ဗေဒင်ဟောချက်တွေ သိပ်မတိကျတာလည်းဖြစ်နိုင်တာပဲ”

ဆရာကြီးကျိုက်သည် အလွန်ယုံကြည်မှုပြင်းပျစွာဖြင့် ခေါင်းယမ်းလိုက်သည်။

“ငါ့ ဟောချက်တွေကအမြဲတိကျပါတယ်၊ ဒါအရမ်းထူးဆန်းတယ်”

ထိုအခါ ဆရာကြီးကျိုက်သည် ရွှယ်အန်း၏နောက်သို့လိုက်လာသော ကလေးနှစ်ယောက်ကိုမြင်လိုက်ရပြီးနောက်၊ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“ဒီလောက် ဖြူစင်လှပတဲ့ ကလေးလေးတွေ”

“ကျုပ်သမီးတွေပါ” ရွှယ်အန်းက ဂုဏ်ယူစွာကြေညာလိုက်သည်။

ဆရာကြီးကျိုက်က ခေါင်းညိတ်ပြလိုက်သည်။

“ သိသာပါတယ်”

ထို့နောက်၊ လှည့်၍ အိမ်ထဲသို့ပြန်ဝင်သွားပြီး ခဏအကြာတွင် ပုတီးစေ့လက်ကောက် သေးသေးနှစ်ခုကို ထုတ်ပေးသည်။

“ဒါတွေကို ငါအဆက်မပြတ် ဆုတောင်းပေးထားလို့၊ မကောင်းမှုမှန်သမျှကို ဖယ်ရှားပေးနိုင်တယ်”

“ကျေးဇူးတင်ပါတယ် ဘိုးဘိုး” ကောင်မလေးနှစ်ယောက်က တညီတညွတ်တည်း အော်ပြောလိုက်ကြသည်။

“အမ် ကောင်းပြီ” ဆရာကြီးကျိုက်က ပြုံးလိုက်သောအခါ၊ သူ၏မုတ်ဆိတ်မွှေးများအားလုံးကောက်ကွေးသွားသည်။

ထိုအချိန်တွင် သူ့ပတ်ဝန်းကျင်ရှိ ထူးဆန်းမှုကို သတိထားမိသွားကာ၊ ပထမဆုံး အံ့အားသင့်သွားပြီးနောက်၊ အံ့သြနေ‌သောမျက်နှာဖြင့် ပြောလိုက်သည်။

“ထူးဆန်းလိုက်တာ၊ ငါအခုလေးတင်ထွက်လာတုန်းက သစ်တော်ပွင့်တွေ မပွင့်သေးပါဘူး။ မျက်စိတစ်မှိတ်အတွင်းဘယ်လိုလုပ်ပွင့်လာကြတာလဲ”

ရွှယ်အန်းက ပြုံးလိုက်သည်။

“ကျုပ်တို့ကို ကြိုဆိုနေတာနေမှာပေါ့”

ထို့နောက်၊ ရွှယ်အန်းက သူ၏ရင်ဘတ်ထဲမှ ဘဏ်ကဒ်ကို ထုတ်လိုက်ပြီးနောက်၊ ဆရာကြီးကို ပေးလိုက်သည်။

“ဒါက ခင်ဗျားကို လွန်ခဲ့တဲ့နှစ်တွေတစ်လျှောက်၊ အကြွေးတင်ထားတဲ့ သစ်တော်သီးငွေပဲ”

ဆရာကြီးကျိုက်က မဆိုင်းမတွ လက်ခံလိုက်ပြီးနောက်၊ ရယ်မော၍ ပြောလိုက်သည်။

“အဲ့တုန်းက မင်းငါ့ကို တစ်နေ့ ပြန်ဆပ်မယ်လို့ ကျိန်ဆိုခဲ့ပေမယ့် ငါမယုံခဲ့ဘူး။ အခုတော့ မင်းတကယ် ပြန်ဆပ်ပြီပဲ။ ကဒ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲ”

“ယွမ်သန်းဆယ်ဂဏန်းလောက်ပေါ့၊ ကျုပ် အတိအကျသိပ်မသိဘူး”

မူလက စိတ်လှုပ်ရှားနေသော ဆရာကြီးကျိုက်သည် အေးခဲသွားရသည်။

“မင်းဘယ်လောက်လို့ ပြောလိုက်တာ”

“ယွမ်သန်းဆယ်ဂဏန်းလောက်”

“မင်း.. ဘဏ်ကို ဓားပြတိုက်ထားတာလား” ဆရာကြီးကျိုက်က မေးသည်။

ရွှယ်အန်းက စိတ်အနှောက်အယှက်ဖြစ်စွာ၊ သဘောကျစွာဖြင့် ပြောလိုက်သည်။

“ဒီခေတ်မှာ ဘဏ်ကို ဓားပြတိုက်လို့ ပိုက်ဆံရနိုင်သေးတယ်လို့ ထင်နေသေးတာလား”

“ဒါအမှန်ပဲ၊ လှူဒါန်းမှုအတွက် ငါတောင် စကန်ဖတ်ပြီးပေးရတာမျိုးကို လက်ခံနေပြီ” ဆရာကြီးကျိုက်က ခပ်တိုးတိုးပြောလိုက်သည်။

သူအလွန် ပျော်ရွှင်နေသည်မှာ ထင်ရှားလှသည်။ ဤသည်မှာ ပိုက်ဆံကြောင့်မဟုတ်သော်လည်း ရွှယ်အန်း ပြန်ရောက်လာသောကြောင့်ဖြစ်သည်။

ရွှယ်အန်းသည်လည်း ဤအခိုက်အတန့်တွင် အတိတ်ကို အနည်းငယ်လွမ်းဆွတ်သကဲ့သို့ ခံစားလာရသည်။

ငယ်စဥ်က၊ သူ့မိသားစုသည် ကြီးစွာသော ကံဆိုးမှုများနှင့်ကြုံလာရသောအခါ၊ ငွေရှာရန် ဟင်းသီးဟင်းရွက်များစုဆောင်းရန် တောင်ပေါ်သို့ မကြာခဏသွားလေ့ရှိသည်။ ထိုအချိန်က သူ လီဟွာတောင်ကြားသော မတော်တဆ ရောက်သွားခဲ့၍ အရွယ်ကောင်းတွင်ရှိသော ဆရာကြီးကျိုက်နှင့် တွေ့ဆုံခဲ့သည်။

ဆရာကြီးကျိုက်သည် တစ်ခါတစ်ရံတွင် အမှားအယွင်းဖြစ်နိုင်သော်လည်း သူသည် ရွှယ်အန်းကို မကြာခဏ အကူအညီပေး၍ တာအိုဘုရားကျောင်းမှ အလှူငွေများ ပေးကမ်းခဲ့ဖူးသည်။ ရွှယ်အန်းက ဤကြင်နာမှုကို ပြန်ပေးဆပ်မည်ဟု ပြောခဲ့ဖူးသည်ဖြစ်ရာ၊ သူ တကယ်လည်း ပြန်ဆပ်ခဲ့သည်။

ရွှယ်အန်းသည် အဓိကခန်းမထဲသို့ဝင်သွားသည်။

ခန်းမသည် အိုဟောင်းပျက်စီးမှိန်ဖျော့နေသော်လည်း ဘုရားရုပ်ပွားတော်များသည်မူ၊ မပျက်မစီးရှိနေဆဲဖြစ်သည်။ ဤနေရာတွင် ကိုးကွယ်သော နတ်ဘုရားများသည် စစ်မှန်သော နတ်ဘုရားသုံးပါးနှင့် ကျောက်စိမ်းဧကရာဇ်အပါအဝင်၊ အခြားသောအင်မော်တယ်များဖြစ်ကြသည်။

ထောင့်တစ်ထောင့်တွင် အင်မော်တယ်မြေခွေးတစ်ကောင်ကို ဆည်းကပ်ထား၏။ ရွှယ်အန်းက ပေါ့ပါးစွာပြုံး၍ အမွှေးတိုင်တစ်ချောင်းကို ကောက်ကိုင်၍ မီးညှိကာ၊ အမွှေးတိုင်ဖိုထဲသို့ စိုက်လိုက်သည်။

“သူတို့အားလုံးကို နံ့သာပေါင်းမီးဖိုတစ်ခုထဲမှာ ထည့်လိုက်တာလဲ၊ ခွဲလိုက်” ဆရာကြီးကျိုက်ကပြောသည်။

“မလိုပါဘူး၊ သူတို့ပါသာခွဲပါစေ” ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ ပြောသည်။

ဆရာကြီးကျိုက်က သံသယဝင်နေသော်လည်း သူလှည့်ထွက်တော့မည့်ဆဲဆဲတွင်၊ ခန်းမတွင်းရှိ ရုပ်ပွားတော်များအားလုံးသည် ရွှယ်အန်းကို ဂါရဝပြုနေသကဲ့သို့ အနည်းငယ်တုန်လှုပ်သွားကြသည်။ ရွှယ်အန်းက သူ၏နောက်ကျောသို့ လက်နှစ်ဖက်ယှက်၍ ထိုရုပ်ပွားတော်များကို အပြုံးမပျက်၊ ကြည့်လိုက်သည်။

ဤအင်မော်တယ်များသည် အမှန်တကယ်ပင် အစစ်အမှန်များဖြစ်ရာ၊ ရွှယ်အန်းသည် ယခင်က ၎င်းတို့နှင့် ဆက်ဆံခဲ့ဖူး၏။ သို့သော် ကောင်းကင်ကို အံတု၍ အင်မော်တယ်ဘုံသို့ တက်လှမ်းခဲ့သော ရွှယ်အန်းနှင့် ယှဥ်လျှင်၊ ဤဒေသခံနတ်ဘုရားများ၏ အကြီးမားဆုံးချို့ယွင်းချက်မှာ ယုံကြည်ခြင်းစွမ်းအားဖြင့်သာ ရှင်သန်နိုင်ခြင်းဖြစ်သည်။

ယုံကြည်ခြင်းမခံရတော့ခြင်းသည် သေဆုံးသွားခြင်းနှင့်တူသည်။ သို့သော် ရွှယ်အန်း၏ အမွှေးတိုင်သည် ဤအင်မော်တယ်များအားလုံးကို မျက်နှာရစေရန်လုံလောက်၏။ ထို့ကြောင့် ၎င်းတို့ကိုယ်တိုင် ခွဲပါစေဟု သူပြောခဲ့ခြင်းဖြစ်သည်။

အခန်း(၆၈) မလုပ်ရဲဘူး မလုပ်ရဲဘူး

ခန်းမကြီးထဲမှ ရွှယ်အန်းထွက်လာပြီးနောက်၊ ဆရာကြီးကျိုက်သည် ကြက်လှောင်အိမ်အနီးသို့ သွားကာ၊ သူ့ဓားကို လေပြင်းပြင်းဖြင့် ချွန်ထက်စေလိုက်သည်။ သူသည် လွန်ခဲ့သော အချိန်က တောကြက်အချို့ကို ဖမ်းမိခဲ့ရာ၊ ၎င်းတို့၏ဥများကို စောင့်ဆိုင်းမည်ဆိုသည့်ရည်ရွယ်ချက်ဖြင့် လှောင်အိမ်ထဲတွင် ထားခဲ့သည်။ သို့သော် ယနေ့တွင်မူ၊ ရွှယ်အန်းက သူ့သမီးဖြစ်သူနှစ်ဦးကို ခေါ်လာသဖြင့်၊ သဘာဝကျစွာပင်၊ ၎င်းတို့ကို ကောင်းမွန်စွာ ဆက်ဆံချင်ခဲ့သည်။

သို့သော် သူ၏ ကျွမ်းကျင်လှသော ကြက်သတ်နည်းကို မြင်လိုက်ရသောအခါတွင် ရွှယ်အန်းသည် တောင်ပေါ်တွင် ဤတာအိုကျင့်ကြံသူကြီးမှာ တောင်ပေါ်တွင် တစ်ဦးတည်းရှိစဥ်၊ အသားဟင်းကို မကြာခဏစားသုံးလေ့ရှိသလားဆိုသည့်အချက်ကို ရွှယ်အန်းတွေးတောလိုက်မိသည်။ ကလေးမလေးနှစ်ယောက်သည် အလွန်ပျော်ရွှင်စိတ်လှုပ်ရှားစွာဖြင့် ပြုံးလျက်၊ အခန်းတစ်ခန်းစီကို ဝင်လိုက်ထွက်လိုက်လုပ်ကာ၊ တူတူပုန်းတိုင်းဆော့နေကြသည်။ ထန်ရှောင်းယွီနှင့် ဟွာထင်းထင်းတို့နှစ်ဦးသည်မူ၊ သာယာလှပသော ပတ်ဝန်းကျင်ထံတွင် နစ်မျောသွားကြ၏။

ကလေးမလေးနှစ်ယောက်သည် ယခုအခါ၊ ခန်းမကြီးထဲသို့ သွားလာကြ၍ နတ်ရုပ်ပွားတော်မျာကို ကြောက်လန့်ခြင်းအလျင်းမရှိ၊ ထိုင်ဖုံများပေါ်တွင် ဒူးထောက်ကာ၊ အလေးအနက်ထား၍ဆုတောင်းနေကြသည်။

“ဘုရားလောင်း၊ သမီး ဖေဖေကို အမြဲဘေးကင်းပြီး စိတ်ချမ်းသာရအောင် ဆောင်မပေးတော်မူပါ” ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က လက်အုပ်ချီ၍ ဆုတောင်းလိုက်ကြသည်။ သို့သော် ၎င်းတို့ ဆုတောင်းပြီး မကြာမီ၌ပင်၊ နတ်ဘုရားရုပ်တုများသည် အနည်းငယ်ပြုံးနေသကဲ့သို့ထင်ရကာ၊ မှုန်မှိုင်းတိုးလျသောအသံတစ်ခုကို ကြားလိုက်ရ၏။

“ငါတို့ မလုပ်ရဲဘူး”

ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့နှစ်ယောက်လုံး အနည်းငယ် တုန်လှုပ်သွားကြသည်။

“မမ တစ်ယောက်ယောက်စကားပြောလိုက်တာ ကြားလိုက်လား”

“အင်း ငါတကယ်ကြားလိုက်တယ်”

ကလေးနှစ်ယောက်သည် ကြောက်ရမည့်အစား၊ ပို၍ပင် ပီတိဖြစ်သွားကြသည်။

“ဒီရုပ်ထုတွေ စကားပြောနေတဲ့ပုံပဲ” ရွှယ်ရှန်းက ပြောသည်။

“ဘယ်လောက်တောင် ကောင်းလိုက်သလဲ” ရွှယ်နျန်က မှတ်ချက်ပြု၏။

၎င်းတို့ မသိသောအရာတစ်ခုမှာ၊ ၎င်းတို့၏ဆုတောင်းများသည် နတ်ဘုရားများကို တုန်လှုပ်စေ၍ ချွေးများဖြင့် အေးစက်သွားသေနိုင်ခဲ့သည်။

‘တကယ့်ဟာသပဲ’

‘အင်မော်တယ်အရှင်ရဲ့ ဘေးကင်းမှုကို အာမခံရမယ်ဟုတ်လား’

‘ပထမဆုံး မင်းမှာ လုပ်နိုင်တဲ့စွမ်းအားရှိမရှိ တိုင်းတာကြည့်ဦး’

ဤအခိုက်အတန့်တွင် မိန်းကလေးများ၏ စိတ်ဝင်စားမှုသည် အခန်းထောင့်ရှိ အင်မော်တယ်မြေခွေးထံသို့ရောက်သွား၏။

“ဒါက မြေခွေးလား”

“ထင်တာပဲ။ ငါတို့ ဂါရဝပြုကြမလား”

“ဒါပေါ့”

ရွှယ်ရှန်းက ဦးဆောင်၍ နှစ်ဦးသား ဒူးထောက်လုဆဲဆဲတွင် ကွဲအက်သံတစ်ခု ပေါ်ထွက်လာသည်။

အင်မော်တယ်မြေခွေးရုပ်ထုသည် အမှန်တကယ်ပင် ကွဲထွက်သွား၏။ ထိုအသံကြောင့် တာအိုကျင့်ကြံသူကျိုက်သည်လည်း ရောက်ချလာသည်။

“အယ်၊ ဘာဖြစ်သွားတာလဲ။ ဒီရုပ်ထုက ဘယ်လိုကွဲသွားတာလဲ” တာအိုကျင့်ကြံသူ ကျိုက်သည် အလွန်အမင်း ပဟေဠိဖြစ်သွားရ၏။

သို့သော် ရွှယ်အန်းကမူ အနည်းငယ်ပြုံးလိုက်သည်။ သူ ဖြစ်ပျက်သွားသည်ကို သိသည်။ အင်မော်တယ်မြေခွေးသည် သူ့သမီးများကို ရှေ့တွင် ဒူးထောက်ခိုင်းမည့်အစား၊ သူ့ကိုယ်သူ ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်ကြောင်း ထင်ရှား၏။

နောက်ဆုံးတွင်မူ… သူ့သမီးများသည် ပေါ့ပေါ့ဆဆ ဒူးထောက်ရမည့်သူများမဟုတ်ပေ။ ထို့နောက်၊ အလိုအလျောက်ပင် ညစာကို ရွှယ်အန်း၏ ကျွမ်းကျင်သောလက်များဖြင့် ဖန်တီးလိုက်သည်။

တောကြက်သားကို သူဖုန်းစားကြက်သားအဖြစ်ပြောင်း၍ လက်ဆတ်သော ရာသီအလိုက် တောရိုင်းဟင်းသီးဟင်းရွက်များဖြင့် ထူးခြားသော ဟင်းလျာများကို ချက်ပြုတ်ခဲ့သည်။ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ပျော်ရွှင်စွာ စားသောက်ကြကာ၊ ဟွာထင်းထင်းနှင့် ထန်ရှောင်းယွီတို့သည်မူ၊ ခေါင်းပင်မဖော်ဘဲ၊ အားပါးတရစားသောက်လျက်ရှိကြသည်။

ဤသည်ကား၊ ဟင်း၏ အလွန်ထူးခြားလှသော အရသာကြောင့်မှတပါး အခြားအကြောင်းပြချက်မရှိပေ။ ထို့နောက် တာအိုကျင့်ကြံသူကျိုက်သည် ဘူးသီးခြောက်တစ်လုံးကို ထုတ်၍ အိမ်လုပ် သစ်တော်သီးဝိုင်အချို့ကို သောက်သုံး၍ ရွှယ်အန်းကို တီးတိုးပြောလိုက်သည်။

“ဒီအလှလေးနှစ်ယောက်နဲ့အကြောင်းကရော ဘယ်လိုလဲ။ သူတို့က ပန်းတွေနဲ့ ကျောက်စိမ်းတွေလိုပဲ”

ရွှယ်အန်း၏အမူအရာသည် ပြောင်းလဲခြင်းမရှိပေ။

“သူငယ်ချင်းတွေပါပဲ”

တာအိုကျင့်ကြံသူကျိုက်သည် နှုတ်ခမ်းများ ကောက်ကွေးသွားသည်အထိ ပြုံး၍ ပြော၏။

“ဘယ်သူက ဒါကိုယုံမှာလဲ။ ငါ့မှာဘာလို့ ဒီလိုချောမောလှပတဲ့ အမျိုးကောင်းသမီးလေးတွေလိုမျိုး သူငယ်ချင်းမျိုးမရှိတာလဲ”

“အဲ့တာ ခင်ဗျားက ရုပ်လည်းဆိုးပြီး ပျင်းလည်းပျင်းတာကိုး” ရွှယ်အန်းက ပြတ်သားစွာပြောလိုက်သည်။

တာအိုကျင့်ကြံသူကျိုက်သည် စိတ်ထဲသို့မထည့်ဘဲ၊ ရယ်မောလျက်၊ သူ့ဝိုင်ကို အေးဆေးစွာဖြင့် ဆက်လက်သောက်သုံး၍ ကလေးမလေးနှစ်ယောက်၏ ပန်းကန်ထဲသို့ ဟင်းများ မကြာခဏထည့်ပေးလေ့ရှိသည်။ သူသည် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို ချစ်နှစ်သက်သည်မှာ ထင်ရှား၏။

ညစာစားပြီးနောက်၊ ကလေးမလေးနှစ်ယောက်သည် ထန်ရှောင်းယွီတို့နှင့်အတူ၊ အိမ်ထဲသို့ဝင်သွားကြသည်။ ရွှယ်အန်းနှင့် တာအိုကျင့်ကြံသူကျိုက်တို့သည်မူ၊ စစ်တုရင်ကစားလျက်၊ ခြံဝင်းထဲတွင် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ သို့သော် ၎င်းတို့ကစားနေသောအရာသည်၊ ရှန်းချီနှင့် Go တို့မဟုတ်ပေ။ ၎င်းသည် အတန်းငါးတန်း စစ်တုရင်သာဖြစ်၏။

တာအိုကျင့်ကြံသူ ကျိုက်၏ မျက်နှာထက်တွင် အကြပ်ရိုက်သောအမူအရာများ မကြာခဏပေါ်လာ၍ တစ်ခါတစ်ရံတွင် နာကျင်စွာဖြင့် တွန့်ဆုတ်သွားတတ်သည်။

“ခင်ဗျားရှုံးပြန်ပြီ” ရွှယ်အန်းသည် သူ၏စစ်တုရင်တုံးကို ချ၍ ထူးမခြားနားပြောလိုက်သည်။

တာအိုကျင့်ကြံသူကျိုက်သည်၊ ညိုမှိုင်းသော မျက်နှာထားဖြင့်ပြန်ပြော၏။

“မင်းလူညစ်လေး၊ ငါတို့ ဒီ အတန်းငါးတန်းစစ်တုရင်စဆော့တည်းက မင်းကို တစ်ပွဲမှ မနိုင်ဘူး”

“ဒါတင်မဟုတ်ပါဘူး။ Go ရော ရှန်းချီရော ခင်ဗျားကျုပ်ကို တစ်ပွဲမှမနိုင်ခဲ့ဘူးလေ၊ အခု အတန်းငါးတန်း စစ်တုရင်ကိုလည်း ခင်ဗျား မနိုင်ဘူး။ ကျုပ်တို့ နောက်ထပ် တပ်မတော် စစ်တုရင် ကစားကြမလား” ရွှယ်အန်းက ပြောသည်။

“ဖွီး မင်းနဲ့ တပ်မတော်စစ်တုရင်ကို ဘယ်သူကစားမှာလဲ။ နောက်တစ်ခါကျရင် မင်းနဲ့ သခင်ကို သတ်ဖြတ်ခြင်း ဆော့မယ်” တာအိုကျင့်ကြံသူကျိုက်က မကျေမနပ်ပြောသည်။

“သေချာတာပေါ့၊ အဲ့ကျမှ ခင်ဗျား လှည့်ကွက်မသုံးဖို့ မျှော်လင့်ပါတယ်” ရွှယ်အန်းက ထူးမခြားနားပြောလိုက်သည်။

“ဒီလောက်ဆို အိပ်ချိန်တန်ပြီ” တာအိုကျင့်ကြံသူကျိုက်က သမ်း၍အထဲသို့ ဝင်သွားသည်။

ဘုရားကျောင်းတွင် ဧည့်သည်အိပ်ခန်းနှစ်ခန်းသာရှိရာ၊ ထန်ရှောင်းယွီနှင့် ဟွာထင်းထင်းတို့က တစ်ခန်းယူ၍ ရွှယ်အန်းနှင့် သူ့သမီးများက တစ်ခန်းယူကြသည်။ ယနေ့ ၎င်းတို့နှစ်ဦးသည် အလွန်ဆော့ကစားခဲ့ကြသည်ဖြစ်ရာ၊ အိပ်ရာပေါ် လဲလျောင်းလိုက်ပြီး မကြာမီ၌ပင်၊ နက်ရှိုင်းစွာ အိပ်ပျော်သွားကြ၏။

ရွှယ်အန်းသည် ပြတင်းပေါက်နားတွင် ထိုင်၍ လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။

အပြင်တွင် တိမ်များ ပြန့်ကျဲနေလျက်၊ လသည် ကောင်းကင်ယံထက်၊ အမြင့်တွင်ရှိနေရာ၊ အရာအားလုံးအပေါ်သို့ ငွေဖြူရောင်အလင်းများ ဖြန့်ကျက်ထားသည်။

အချိန်များ မည်မျှကုန်ဆုံးသွားသည်ကို မသိနိုင်လိုက်ပေ။ ရုတ်တရက် လေပြင်းများ တိုက်ခတ်လာ၍ လေနှင့်အတူ၊ အသံတစ်ခု ပါလာသည်။

“အဘိုးကြီးကျိုက်၊ ဒီနေ့က ခင်ဗျား သေနေ့ပဲ”

ပင်မအခန်းတံခါးသည် တွန်းဖွင့်ခံလိုက်ရ၏။ တာအိုကျင့်ကြံသူကျိုက်သည် ပုံမှန် ပျင်းရိနေတတ်သော်လည်း ယခုမူ၊ မျက်လုံးများ ကြည်လင်ပြူးကျယ်လာ၏။

သူရွှယ်အန်း၏ အခန်းရှေ့သို့ရောက်သောအခါ၊ တာအိုကျင့်ကြံသူကျိုက်က ပြောလိုက်သည်။

“မင်းဘာပဲမြင်မြင် ထွက်မလာနဲ့၊ ငါမင်းကို လုံခြုံအောင်ထားမယ်၊ မှတ်ထား”

ရွှယ်အန်းက စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။

တာအိုကျင့်ကြံသူကျိုက်သည် ခြံဝင်းထဲတွင် မတ်တပ်ရပ်လျက်၊ ခေါင်းကို ငုံ့၍ လေးနက်သောအသံဖြင့်ပြောလိုက်သည်။

“ငါဘာပဲလုပ်လုပ်၊ မင်းငါ့ကို တစ်ယောက်တည်း လွှတ်ထားခဲ့မှာမဟုတ်ဘူးမလား”

ကြောက်မက်ဖွယ်ရာရယ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက်၊ ခြံဝင်းနံရံပေါ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးပေါ်လာသည်။

ထိုသူသည် အရပ်ရှည်၍ အေးစက်သောအမူအရာမျိုးရှိသည်။ မိန်းကလေးသည်မူ၊ သေးသွယ်သိမ်မွေ့၍ ချိုမြိန်သောအသွင်အပြင်မျိုးရှိသည်။ ဤပေါင်းစပ်မှုသည် အလွန်ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနိုင်၏။

သို့သော် တာအိုကျင့်ကြံသူကျိုက်၏ အမူအရာသည် ပို၍ပင် လေးနက်လာသည်။

“ဒါက စွမ်းအားကြီး နျို့ယီဝမ်နဲ့ သိမ်မွေ့တဲ့ ယွဲ့ရှောင်ချန်တို့ပေါ့။ ညသန်းခေါင်းမှာ မင်းတို့ သရဲတစ္ဆေနှစ်ကောင်က ဘာလို့ ပေါ်လာတာလဲ၊ ဘာကိစ္စရှိလို့လဲ”

ယွဲ့ရှောင်ချန်က သူမ၏ ပါးစပ်ကို ဖုံးအုပ်၍ တစ်ခစ်ခစ်ရယ်လိုက်သည်။

“အဘိုးကြီးကျိုက်၊ ကျွန်မတို့က ရှင့်ကိုမလွှတ်ဘူးလို့ ဘာလို့ ပြောတာလဲ။ နဂါးရှာဖွေရေးဓာတ်ပြားကို လက်လွှဲပေးလိုက်တာနဲ့၊ ကျွန်မတို့ ရှင့်ကို မနှောက်ယှက်တော့ဘဲ လှည့်ထွက်သွားမှာပါ”

တာအိုကျင့်ကြံသူကျိုက်က ခေါင်းခါလိုက်သည်။

“မင်းတို့လူတွေ ဘယ်လို အကြံအစည်မျိုးတွေ ကြံစည်နေကြလဲဆိုတာ ငါသိတယ်။ အထူးသဖြင့်၊ အခု ချင်းမန်တောင်ပေါ်မှာ နဂါးစွမ်းအင်တွေ ပိုပြီးအားကောင်းလာပြီ၊ အဲ့တာ ကျောက်လုံအသွင်ပြောင်းတော့မယ်ဆိုတာကို အချက်ပြနေတာပဲ။ မင်းတို့မှာ တော်တော် ယုတ်မာတဲ့အကြံအစည်တွေရှိနေတာပဲ။ ဒါပေမယ့် ငါမင်းတို့ကို ပြောပါရစေ။ နဂါးရှာဖွေရေးဓာတ်ပြားက ငါနဲ့မဆိုင်ဘူး။ မင်းတို့ ကျောက်လုံကို နဂါးရှာဖွေရေးဓာတ်ပြားနဲ့ ဖမ်းနိုင်လိမ့်မယ်လို့ စိတ်ကူးယဥ်နေတာက အရူးထနေရုံသက်သက်ပဲ”

ယွဲ့ရှောင်ချန်က စွဲမက်ဖွယ်ကောင်းစွာ ဆွဲ‌ဆောင်မှုရှိစွာ ရယ်မောလိုက်သည်။

“ရှင့်မှာရှိရှိ မရှိရှိ၊ ကျွန်မတို့ကောင်းကောင်းသိတယ်။ ပြီးတော့၊ သားရဲတစ်ကောင်အတွက် ကျွန်မတို့ရဲ့ ဝမ်ကွေ့ဂိုဏ်းကို ဆန့်ကျင်ဖို့ ထိုက်တန်တယ်ထင်လို့လား”

“ဒီကမ္ဘာမှာ တကယ်တန်ဖိုးရှိတယ် မရှိဘူးဆိုတဲ့အရာမရှိပါဘူး။ ငါ့သခင်က ဒီကျောက်လုံကို စောင့်ရှောက်ဖို့ တာဝန်ပေးခဲ့တယ်။ ဒါ့ကြောင့် ငါအဲ့တာကို သေချာစောင့်ရှောက်ရမှာပဲ။ မင်းတို့ ဝမ်ကွေ့ဂိုဏ်းကဖြစ်ဖြစ်၊ တစ္ဆေဂိုဏ်းတစ်ထောင်က ဖြစ်ဖြစ်၊ သူ့ပေါ်ကို လက်ညှိုးတစ်ချောင်းတောင် တင်ဖို့ မစဥ်းစားနဲ့”

ယွဲ့ရှောင်ချန်၏ မျက်နှာထက်မှ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

“အဘိုးကြီးကျိုက်၊ ရှင် ဒါကို သေချာစဥ်းစားတာကောင်းလိမ့်မယ်။ ရှင့်ရဲ့ အစွမ်းအစနဲ့ဆို၊ ကျွန်မတို့နှစ်ယောက်နဲ့ ယှဥ်နိုင်မှာမဟုတ်ဘူး။ နောက်ပြီး.. ကျွန်မ အခြားသက်ရှိတွေရဲ့ အငွေ့အသက်ကို အနံ့ခံမိနေတယ်နော်”

တာအိုကျင့်ကြံသူကျိုက်၏ မျက်နှာအမူအရာပြောင်းလဲသွားပြီးနောက်၊ သူက လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“သူတို့က သာမန်လူတွေ၊ ဒါတွေအားလုံးနဲ့ ဘာမှမဆိုင်ဘူး”

“သူတို့နဲ့ဆိုင်တယ်၊ မဆိုင်ဘူးဆိုတာ ရှင်ဆုံးဖြတ်ရမှာမဟုတ်ဘူး။ နဂါးရှာဖွေရေဓာတ်ပြားကို အခု လွှဲပေးရင် လွှဲပေး၊ မလွှဲပေးရင် ရှင့်ကို သေခြင်းတရားက စောင့်ဆိုင်းနေတယ်” ယွဲ့ရှောင်ချန်က ရယ်မော၍ ပြောလိုက်သည်။

ထို့နောက်၊ ဟိန်းဟောက်သံတစ်ခုနှင့်အတူ၊ နျို့ယီဝမ်က ၎င်းတို့ထံသို့ ပြင်းထန်စွာချီတက်လာသည်။

တာအိုကျင့်ကြံသူကျိုက်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားကာ၊ လျင်မြန်စွာလှုပ်ရှား၍ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ကာ၊ ချက်ချင်းပင်၊ နျို့ယီဝမ်နှင့် အနီးကပ်တိုက်ခိုက်တော့သည်။ နျို့ယီဝမ်သည် နွားတစ်ကောင်ကဲ့သို့ သန်မာလှသော်လည်း ယခုအချိန်တွင် တာအိုကျင့်ကြံသူကျိုက်ထက် မသာလွန်လှပေ။ ယွဲ့ရှောင်ချန်သည် အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးနောက်၊ လရောင်ထဲတွင် ပျောက်ကွယ်သွား၏။

သူမ ပြန်ပေါ်လာသောအခါတွင်မူ၊ သူမသည် တာအိုကျင့်ကြံသူကျိုက်၏ အနောက်တွင်ရှိနေပြီဖြစ်ကာ၊ တာအိုကျင့်ကြံသူကျိုက်၏ နောက်ကျောသို့ လက်ဝါးဖြင့် ရိုက်လိုက်သည်။ တာအိုကျင့်ကြံသူကျိုက်သည် ရှေ့သို့ လွင့်ထွက်သွားပြီးနောက်၊ မြေပြင်ပေါ်သို့ ပြုတ်ကျကာ၊ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။

ယွဲ့ရှောင်ချန်သည် အေးစက်စွာပြုံးလိုက်၏။

“အဘိုးကြီးကျိုက်၊ ကျွန်မရှင့်ကို နောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်။ အခုချက်ချင်း အဲ့တာကို လွှဲပေးမလား မပေးဘူးလား”

“ဘယ်တော့မှပဲ” အဘိုးကြီးကျိုက်က ပြတ်သားစွာ ပြန်ဖြေသည်။

“ဒါဆို ရှင် သွားသေလိုက်တော့” ယွဲ့ရှောင်ချန်က သူမ၏ လက်ကို မြှောက်၍ ပေါ့ပါးစွာပြုံးလိုက်သည်။ သို့သော် ထိုအခိုက်အတန့်၌ပင်၊ ဧည့်ခန်းတံခါးပွင့်သွား၏။

အခန်း(၆၉) စိတ်မကောင်းပါဘူး၊ ငါတော့ စိတ်ထဲထားတယ်

“တံခါးမဖွင့်နဲ့” တာအိုကျင့်ကြံသူကျိုက်သည် အလွန်ထိတ်လန့်တုန်လှုပ်နေ၏။ ယွဲ့ရှောင်ချန်နှင့်၊ နျို့ယီဝမ်တို့သည် နောက်သို့ ခြေလှမ်းအနည်းငယ်ပြန်ဆုတ်လျက်၊ တင်းမာစွာကြည့်နေကြသည်။ ရွှယ်အန်းသည် တံခါးအတွင်းမှ ဖြည်းညှင်းစွာထွက်လာ၍ မျက်နှာထက်တွင် အကူအညီမဲ့သောအရိပ်အယောင်အချို့တွယ်ကပ်နေသည်။

“ညဥ့်နက်နေမှ မအိပ်ဘဲ တိုက်ခိုက်သတ်ဖြတ်နေကြတာ ပျော်ဖို့ကောင်းလား”

“ရွှယ်အန်း၊ ဒီလူနှစ်ယောက်က သာမန်လူမဟုတ်ဘူး။ မင်းက သာမန်လူပဲ၊ မင်းနဲ့ဘာမှမဆိုင်ဘူး”

တာအိုကျင့်ကြံသူကျိုက်က လျင်မြန်စွာပြောလိုက်သည်။

ထို့နောက်၊ တာအိုကျင့်ကြံသူကျိုက်က ယွဲ့ရှောင်ချန်ကို ကြည့်၍ ပြောလိုက်သည်။

“မင်းလည်းမြင်တာပဲ၊ သူက ဒီတိုင်း သေမျိုးပါ။ သူတို့ကို လွှတ်ပေးလိုက်ပါ”

ယွဲ့ရှောင်ချန်သည် လှောင်ပြောင်သောအမူအရာဖြင့် ပြုံးလိုက်သည်။

“ဒီည တစ်ယောက်ယောက်များ အသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့ ရှင်ထင်နေတာလား”

တာအိုကျင့်ကြံသူကျိုက်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ၏သမာဓိအားများ ပျောက်ဆုံးကုန်သည်။

“မင်း… မင်း..”

သို့သော် ဤအခိုက်အတန့်တွင် ရွှယ်အန်းက လက်ခုပ်တီးလိုက်သည်။

“ကောင်းပြီ၊ ဒီည ဒီနေရာကနေ ဘယ်သူမှ အသက်ရှင်လျက် မပြန်နိုင်စေရဘူး”

တာအိုကျင့်ကြံသူကျိုက်သည် ရူးသွပ်သွားတော့မည့်ဆဲဆဲဖြစ်နေ၏။

‘ဒီကောင် စောလည်းမစော နောက်လည်းမကျတဲ့ အချိန်အတိအကျမှ ပေါ်လာပြီး၊ မိုက်မိုက်မဲမဲပြောနေတာပဲ’

ယွဲ့ရှောင်ချန်က ရွှယ်အန်းကို စိတ်ဝင်စားစွာကြည့်လိုက်သည်။

“ရှင်က စိတ်ဝင်စားဖို့ကောင်းတဲ့ပုံပဲ၊ ကျွန်မ ရှင်နဲ့အရင်ကစားရလည်း စိတ်ထဲမထားပါဘူး၊ ပြီးမှ ရှင့်ကို ပေးသေမယ်”

“စိတ်မကောင်းပါဘူး၊ ငါတော့ စိတ်ထဲထားတယ်” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

ယွဲ့ရှောင်ချန်၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။

“ဒီက အဘွားက မင်းကို မျက်နှာသာပေးနေတာ၊ မငြင်းစမ်းနဲ့”

ရွှယ်အန်းက ခေါင်းခါ၍ လက်နှစ်ချောင်းထောင်လိုက်သည်။

“မင်း နားလည်မှုလွဲနေတာ နှစ်ခုရှိတယ်”

“အိုး ဟုတ်လား၊ ဘယ်နှစ်ခုလဲ”

“ပထမနှစ်ခုက မင်းက ငါ့အဘွားမဟုတ်ဘူး။ ဒုတိယတစ်ခုက ဘယ်သူမှ ထွက်သွားလို့မရဘူးလို့ပြောတာ ကမင်းတို့နှစ်ယောက်ကို ဆိုလိုတာပါ။ မင်းတို့ ဒီည ထွက်သွားနိုင်မှာမဟုတ်ဘူး”

သူ၏ စကားလုံးများသည် အခြားသူများကို အနည်းငယ်အံ့သြသွားစေသည်။ ထို့နောက်၊ ယွဲ့ရှောင်ချန်နှင့် နျို့ယီဝမ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးနောက်၊ အားပါးတရရယ်လိုက်ကြသည်။

“အိုး ငါ့လူရေ၊ ငါတို့ ဒီရက်ပိုင်း လူမျိုးစုံတွေ့ခဲ့ရတယ်။ လျှို့ဝှက်သိုင်းပညာမရှိတဲ့ ယောက်ျားတစ်ယောက်က ငါတို့ကို ထွက်သွားခွင့်မပေးဘူးလို့ ပြောနေတာလား” ယွဲ့ရှောင်ချန်က ရွဲ့စောင်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။

တာအိုကျင့်ကြံသူ ကျိုက်၏ အမူအရာသည်ပို၍ လေးနက်လာကာ၊ ဖြည်းညှင်းစွာ မတ်တပ်ထရပ်၍ ပြောလိုက်သည်။

“ရွှယ်အန်း၊ မင်းက အခြားသူတွေကို ခေါ်သွားလိုက်၊ ငါ ဒီနှစ်ယောက်ကို ဖြေရှင်းလိုက်မယ်။ မြန်မြန်လုပ်”

ရွှယ်အန်းက သဘောတူသည့်အရိပ်အယောင်သာမက၊ သဘောမတူသော အရိပ်အယောင်လည်းမပြဘဲ၊ ကောင်းကင်ယံတွင် ကျောက်စိမ်းပြားကဲ့သို့ တွဲလဲကျနေသော လကို မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် လူရောင်သည် ရေကဲ့သို့ကြည်လင်လျက်၊ နွေဦးလေညှင်းသည် သစ်တော်ပင်များကို ရိုက်ခတ်သွား၍ ညကို အလွန်ယုတ္တိမတန်လောက်အောင် လှပနေစေသည်။

“တကယ်တော့ ဒီလို လရောင်က အမျိုးသမီးတွေနဲ့ ရန်ဖြစ်သတ်ပုတ်ရတာထက်၊ ဘဝအကြောင်း ပြောဖို့ ပိုသင့်တော်တယ်။ ဆိုတော့ မင်းတို့နှစ်ယောက်က တကယ်စိတ်ပျက်စရာပဲ” ရွှယ်အန်းက ခပ်တိုးတိုးပြောလိုက်သည်။

“စကားပြောတာ လုံလောက်ပြီ။ အစ်ကိုနျို့၊ သူ့ကို သတ်လိုက်ပါ၊ ဒီကောင် စိတ်လွတ်သွားပြီထင်တယ်” ယွဲ့ရှောင်ချန်က အသံနက်ဖြင့် အမိန့်ပေးလိုက်သည်။

ကျောက်တုံးကြီး နျို့ယီဝမ်သည် အမိန့်ကို ပြုံး၍ နာခံလိုက်ပြီးနောက်၊ ကြွက်သားများအားလုံး၊ မြွေနဂါးတစ်ကောင်ကဲ့သို့ တွန့်လိမ်သွာသည်နှင့်တစ်ပြိုင်နက် ညာဘဘက်လက်မောင်းသည်လည်း တင်းမာလာသည်။

ထို့နောက် ရွှယ်အန်းထံသို့ ချီတက်လာသော်လည်း ရွှယ်အန်းသည်မူ၊ တုပ်တုပ်မျှ မလှုပ်၊ ထိတ်လန့်နေလျက်၊ အမူအရာသည် တည်ငြိမ်နေဆဲဖြစ်သည်။

နျို့ယီဝမ်၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ၊ အေးစက်သောအပြုံးတစ်ခု ပေါ်လာသည်။

ဤလက်သီးချက်သည် ဤကောင်လေးကို ဖုန်မှုန့်အဖြစ်ပင် ပြောင်းလဲပေါက်ကွဲသွားစေနိုင်လိမ့်မည်ဟု သူခန့်မှန်းထားသည်။ သူသည် အိမ်ထဲရှိ မိန်းမလေးများ၏ ရနံ့ကိုနမ်းရှိုက်မိနှင့်ပြီးဖြစ်သဖြင့်၊ ဤသူနှစ်ဦးကို ကိုင်တွယ်ပြီးလျှင်၊ အချိန်ကောင်းလေးရလာလိမ့်မည်ဖြစ်သည်။ ဤအတွေးဖြင့် နျို့ယီဝမ်၏ နှလုံးသားသည် ပူပြင်းလာလျက်၊ သူ့လက်ထဲတွင် ခွန်အားများ ပို၍တိုးပွားလာသည်။

သူ၏ လက်သီးက ရွှယ်အန်း၏ဘယ်ဘက်မျက်နှာသို့ ထိုးချေမိတော့မည်ဖြစ်ရာ၊ ယွဲ့ရှောင်ချန်သည် ရလဒ်ကို စောင့်ကြည့်ရန်ပင် စိတ်မဝင်စားပေ။ သူ၏အမြင်တွင် ဤသူသည် လူသေတစ်ယောက်မျှသာဖြစ်သည်။

သို့သော် ထိုအခိုက်အတန့်တွင် ရွှယ်အန်း၏ လက်သည် နျို့ယီဝမ်၏ လက်သီးရှေ့တွင်ကာဆီးလိုက်၏။

ဒိုင်း

ကျယ်လောင်သောအသံတစ်ခု ပေါ်ထွက်လာ၍ မျှော်လင့်ထားသော ဦးနှောက်အပိုင်းအစများ ပြန့်ကျဲထွက်လာသည့်အသံအစား၊ တစ်စုံတစ်ခု ကျိုးကြေသွားသောအသံမျိုး ပေါ်ထွက်လာသည်။

ထို့နောက်၊ နျို့ယိဝမ်သည် နာကျင်စွာ အော်ဟစ်လိုက်သည်။

ရွှယ်အန်းသည် တစ်လက်မမျှပင် ရွေ့လျားခြင်းမရှိဘဲ၊ နျို့ယီဝမ်၏ လက်သီးချက်ကြောင့် သူ့ဆံပင်များသာ အနည်းငယ်ယိမ်းသွားသည်။ သို့သော် နျို့ယီဝမ်၏ လက်သီးသည်မူ၊ ရွှယ်အန်း၏ လက်ဖျံဖြင့် ထိမှန်ခဲ့ရာ၊ သံနံရံတစ်ခုကို ထိမှန်သွားသကဲ့သို့ ချက်ချင်းပင် လက်တစ်ချောင်းလုံး ကြေမွသွားသည်။

နျို့ယီဝမ်သည် အလွန်ထိတ်လန့်သွား၍ နောက်သို့လှည့်ကာ ထွက်ပြေးတော့သည်။

ထိုအခါ ရွှယ်အန်းက သက်ပြင်းတစ်ချက်ချလိုက်၏။

“ဒီလိုလရောင်ကြောင့် သတ်ရတာ ခံစားချက်ကိုတကယ် ဆိုးဝါးစေတယ်။ ဒါပေမယ့် မင်းဘာသာမင်း ဒီကို လာတာဆိုတော့၊ မင်းဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး”

စကားအဆုံးတွင် ရွှယ်အန်းက လက်သီးတစ်ချက် ပစ်ကြွေးလိုက်သည်။ ဤလက်သီးချက်သည် ကလေးတစ်ယောက်၏ လက်သီးကဲ့သို့ သာမန်မျှသာဖြစ်သည်။ သို့သော်လည်း နျို့ယီဝမ်သည်မူ လက်သီးချက်ကို မရှောင်တိမ်းနိုင်တော့ဘဲ၊ သူ၏ နောက်ကျောရိုးသို့ တိုက်ရိုက်ထိမှန်သွားသည်။ တုန်လှုပ်ချောက်ခြားနေသော နျို့ယီဝမ်သည် နေရာမှမရွေ့ခဲ့သော်လည်း သူ့ခန္ဓာကိုယ်သည် မီးရှုးမီးပန်းများ ပေါက်ကွဲသကဲ့သို့ ကျိုးကြေသောအသံများစွာ ဆက်တိုက်ထွက်ပေါ်လာ၏။

ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက်၊ နျို့ယီဝမ်၏ ခန္ဓာကိုယ်ပေါ်ရှိ အဆစ်တိုင်းကွဲအက်သွားကာ၊ ကြွက်သားမှတ်ဉာဏ်ဖြင့်သာ ရပ်မြဲတိုင်းရပ်နေဆဲဖြစ်သည်။ ရွှယ်အန်းသည် သူ့အနားသို့ ဖြည်းညှင်းစွာလျှောက်သွားကာ၊ နူးညံ့စွာအသက်ရှုလိုက်သည်။

နျို့ယီဝမ်သည် မိုးခြိမ်းသံကဲ့သို့သော အသံမျိုးဖြင့် ပြိုလဲကျသွားပြီးနောက်၊ သူ၏ နောက်ဆုံး ဝင်သက်ကို ရှိုက်လိုက်သည်။

ဤဖြစ်စဥ်သည် အစမှအဆုံးအထိ စုစုပေါင်း နှစ်ဆယ့်ခုနှစ်စက္ကန့်သာကြာမြင့်ခဲ့သည်။ အောင်ပွဲရလဒ်ကို သူမကိုင်ထားနိုင်သည်ဟု တွေးနေခဲ့သော ယွဲ့ရှောင်ချန်၏ မျက်လုံးများ ထွက်ကျလုမတက် ပြူးကျယ်လာသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် ကြမ်းတမ်းစွာပြုံး၍ သူမဘက်သို့လှည့်လာ၏။

“ကဲ… မင်းအလှည့်ရောက်ပြီ”

ယွဲ့ရှောင်ချန်သည် ထရိုင်နိုစောရက်စ်တစ်ကောင်၏ ပစ်မှတ်ထားခြင်းခံရသကဲ့သို့ ခံစားလိုက်ရကာ၊ ကြွက်သားများတောင့်တင်းလာလျက်၊ အလွန်အမင်းကြောက်လန့်သွားခဲ့သည်။ ထို့ကြောင့် ဤနေရာမှ အမြန်ဆုံး လွတ်မြောက်နိုင်ရန် မျှော်လင့်လျက်၊ အလျင်အမြန်ပင် နောက်သို့ ဆုတ်ခွာနေသည်။ သို့သော် မည်မျှလျင်မြန်စွာပင် နောက်သို့ ဆုတ်ခွာနေစေကာမူ၊ ရွှယ်အန်းသည် သူမနောက်မှ မနှေး၊ မမြန်သောအလျင်ဖြင့် လိုက်ပါလာ၏။

ယွဲ့ရှောင်ချန်သည် ထောင့်တစ်နေ‌ရာသို့ ချောင်ပိတ်ခံလိုက်ရသည့် သားရဲတစ်ကောင်ကဲ့သို့ ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်သည်။ ထို့နောက်၊ သူမဘဝတစ်လျှောက် သင်ယူခဲ့ဖူးသည့် ကျွမ်းကျင်သောအရာမှန်သမျှကို ထုတ်လွှတ်လျက်၊ ဤကြောက်မက်ဖွယ်ကောင်းသော ယောက်ျားကို သတ်ပစ်ရန် ကြိုးစားလျက်ရှိသည်။ သို့သော် သူမ၏ လုပ်ရပ်အားလုံးသည် ကလေးတစ်ယောက် ဓားဖြင့် ထိုးနေသကဲ့သို့သာဖြစ်၍ ရွှယ်အန်းကို မထိခိုက်စေနိုင်ပေ။ ထိုအချိန်တွင် ယွဲ့ရှောင်ချန်သည် ခြံဝင်း၏တံတိုင်း၏ အစွန်းသို့ ဆုတ်ခွာခဲ့ပြီးဖြစ်သည်။

သူမကအံကို တင်းတင်းကြိတ်၍ ကောင်းကင်သို့ မော့ကြည့်ကာ၊ အော်လိုက်သည်။

“တစ္ဆေ … အသွင်အပြင်များ”

အုံ့မှိုင်းသော လေပြင်းတစ်ခု တိုက်ခတ်လာကာ၊ ကောင်းကင်ယံထက်မှ တောက်ပသောလမင်းသည်လည်း ပျောက်ကွယ်သွား၏။ အနီးပတ်ဝန်းကျင်တွင် အနက်ရောင်မြူခိုးများ ဖုံးလွှမ်းလျက်ရှိသည်။ သရဲတစ္ဆေများသည် မြူခိုးများကြားတွင် လှည့်ပတ်လျက်၊ ရက်စက်ကြမ်းကြုတ်သော ရောင်ဝါများကို လွှင့်ထုတ်လျက်ရှိသည်။

၎င်းသည် သူမ၏ အသက်စွမ်းအားကို ကုန်ဆုံးစေခြင်းဖြင့်သာ လုပ်ဆောင်နိုင်သော လျှို့ဝှက်သိုင်းပညာတစ်မျိုးဖြစ်သည်။ ဤအရာသည် သူမ၏အသက်ကို ငါးနှစ်လောက် တိုသွားစေနိုင်သည်။ သို့သော် အကျိုးသက်ရောက်မှုသည် အလွန်ကောင်းမွန်၏။ အနည်းဆုံး ဤကြောက်မက်ဖွယ်ကောင်းသောလူကို အနက်ရောင်မြူခိုးများ ဖုံးလွှမ်းသွားစေနိုင်သည်။

ယွဲ့ရှောင်ချန်သည် ဤကံကောင်းမှုအတွက် စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။

ဤလူသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်၊ စွမ်းအားကြီးလှသော်လည်း နောက်ဆုံးတွင်မူ၊ သူမ၏ ထောက်ချောက်ထဲတွင် ကျဆုံးခဲ့ပြီဖြစ်၍ တစ္ဆေအသွင်အပြင်များအောက်တွင် ရှုံးနိမ့်သွားခဲ့သည်။

ဤကိစ္စနှင့်ပတ်သက်၍ သူမ သေချာနေရသော အကြောင်းအရင်းမှာ ယွဲ့ရှောင်ချန်သည် တစ္ဆေအသွင်အပြင်များတွင် မည်သူမျှ အသက်ရှင်ကျန်ရစ်သည်ကို မမြင်ခဲ့ဖူးသောကြောင့်ဖြစ်သည်။ ထိုသူသည် ပုံမှန်လူတစ်ဦးဖြစ်စေ၊ ရှောင်ယောင်းဖြစ်စေ၊ ကောင်းကင်ဘုံလူသားဖြစ်နေလျှင်ပင်၊ အရေးမကြီးပေ။ တစ္ဆေအသွင်အပြင်များ၏ ထောင်ချောက်ထဲသို့ ကျရောက်ခဲ့သူ မည်သူမဆို၊ သေရမည်ဖြစ်၏။

တာအိုကျင့်ကြံသူကျိုက်က ကြုံးဝါး၍ ရွှယ်အန်းကို ကယ်ရန်တွေးလိုက်သည်။

“အဘိုးကြီးကျိုက်၊ ဒါက ရှင်ပြောတဲ့ သေမျိုးလား၊ ဒီမမလေးရဲ့ စွမ်းအားကြောင့်သာမဟုတ်ရင် ရှင့်လှည်ကွက်တွေကြောင့် ကျွန်မလည်းလှည့်စားခံလိုက်ရလုနီးပါးဖြစ်သွားမှာပဲ”

ယွဲ့ရှောင်ချန်က လှောင်ရယ်၍ ပြောသည်။

အဘိုးကြီးကျိုက်က တစ်ခုခုကို ပြောချင်နေသော်လည်း ထုအချိန်တွင် ပိုးအိမ်ကဲ့သို့ ထူထပ်နေသော အနက်ရောင်မြူခိုးများအကြားမှ ရုတ်တရက်၊ လက်တစ်ဖက်ထွက်လာသည်။ ထိုလက်သည် သိမ်မွေ့၍ သွယ်လျကာ၊ အလွန်ပြေပြစ်သည်။

ယွဲ့ရှောင်ချန်တစ်ယောက် အလွန်အံ့အားသင့်သွားရသည်။ ထို့နောက်၊ ထိုလက်သည် လေကို ပြင်းထန်စွာဖြိုခွင်းလိုက်ရာ၊ ထွင်းဖောက်၍ မရနိုင်ဟုထင်ရသော ထူထပ်သည့် မြူခိုများသည် အတင်းအကြပ် ဖြိုခွင်းခံလိုက်ရ၏။

ရွှယ်အန်းသည် ယွဲ့ရှောင်ချန်၏ ရှေ့တွင်ပေါ်လာကာ၊ လျစ်လျူရှု့သော မျက်နှာထားမျိုးဖြင့် ပြောလိုက်သည်။

“တော်တ်ော စိတ်ဝင်စားဖို့ကောင်းပေမယ့်၊ အသုံးမဝင်ဘူး”

ယွဲ့ရှောင်ချန်သည် အလွန်ကြောက်လန့်လျက်၊ သူမအသက်အတွက် ထွက်ပြေးခဲ့သည်။ သို့သော် နံရံ၏အမြင့်ကို မတိုင်းတာ၊ မချိန်ဆနိုင်ခင်၌ပင်၊ ရွှယ်အန်းက သူမ၏ခြေကျင်းဝတ်ကိုဆွဲ၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာရိုက်ချလိုက်သည်။

ယွဲ့ရှောင်ချန်သည် ရိုက်ချက်ကြောင့် အရိုးများအားလုံး ကျိုးကြေသွားခဲ့ရသည်။

သူမက ခေါင်းထောင်ရန် ကြိုးစားလိုက်သော်လည်း ရွှယ်အန်းသည် ရှေ့သို့ခြေတစ်လှမ်းလှမ်း၍ သူမ၏ ဦးခေါင်းခွံပေါ်သို့ ခြေထောက်တင်ကာ၊ ဘာသိဘာသာပြောလိုက်သည်။

“မလှုပ်နဲ့”

All Chapters