← Chapters

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း(၇၀) သခင်၊ ကျွန်မအသက်ကို ချမ်းသာပေးပါ

“ကျွန်မကို ချမ်းသာပေးပါ သခင်၊ ကျေးဇူးပြုပြီး”

ယွဲ့ရှောင်ချန်၏အသံသည် တုန်ယင်နေ၏။ ဤသူသည် သူမရန်စနိုင်သည့်သူမျိုး မဟုတ်ကြောင်း ယခုမှပင် သဘောပေါက်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် အဘိုးကြီးကျိုက်သည်လည်း လုံးလုံး အံ့သြလျက်ရှိသည်။ သူ့ကို မတွေ့ရသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်ရာ၊ ရွှယ်အန်းသည် အဘယ်ကြောင့် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလာသနည်း။

“ဒီည ဘယ်သူမှ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာမဟုတ်ဘူးလို့ ငါပြောခဲ့တယ်”

ဤသို့ပြော၍ ရွှယ်အန်း ခြေဖဝါးသို့ ဖိအားအနည်းငယ်ထည့်လိုက်သောအခါ၊ ယွဲ့ရှောင်ချန်က ထိတ်လန့်စွာအော်လိုက်သည်။

“သခင် ကျွန်မကို ချမ်းသာပေးပါ၊ ကျွန်မအသက်ကို ချမ်းသာပေးပါ။ ကျွန်မက ဝမ်ကွေ့ဂိုဏ်းကပါ၊ တကယ်လို့ ရှင် ကျွန်မကို သတ်ရင် နောင် ဘယ်တော့မှာ ငြိမ်းချမ်းမှာမဟုတ်ဘူး”

ထိုအချိန်တွင် အဘိုးကြီးကျိုက်က ပြော၏။

“ရှောင်အန်း၊ ဒီလူကို သတ်လိုက်တာ ကောင်းပါတယ်၊ ဒါမယ့် သူ့ကျောထောက်နောက်ခံက ဝမ်ကွေ့ဂိုဏ်းပဲ၊ သူတို့ကို ရန်စရင် ပြဿနာများတယ်”

“ကျုပ်မှာ အကျင့်တစ်ခုရှိတယ်။ ရန်စဖို့ မသင့်တော်လေလေ၊ ကြိုးစားကြည့်ချင်လေလေပဲ”

ဤသို့ပြောကာ၊ သူ့ခြေထောက်ကို ဖိချလိုက်၏။

ယွဲ့ရှောင်ချန်၏ ဦးခေါင်းသည် အပိုင်းပိုင်းကွဲထွက်သွားသည်။ အဘိုးကြီးကျိုက်သည် ဤမျှ ပြတ်ပြတ်သားသား သတ်ပစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူတုံ့ဆိုင်းနေစဥ်တွင် ယွဲ့ရှောင်ချန်၏ အလောင်းမှ အနက်ရောင်မြူခိုးများထွက်ပေါ်လာသည်။ လရောင်အောက်တွင် ၎င်းသည် တွန့်လိမ်သွားပြီးနောက်ဆုံး၌ ယွဲ့ရှောင်ချန်၏ အသွင်အပြင်သို့ပြောင်းလဲသွားသည်။

အကြီးအကဲကျိုက်၏ အမူအရာသည် ပို၍ လေးနက်လာ၏။ ဝမ်ကွေ့ဂိုဏ်းမှ တစ်စုံတစ်ယောက်ဆီမှ မျှော်လင့်ထားသည့်အတိုင်းပင်၊ သူမသည် သေပြီးသည်နှင့် အချိန်တိုအတွင်းတွင် ကြမ်းကြုတ်သော သရဲတစ္ဆေအဖြစ် ပြောင်းလဲသွား၏။

ယွဲ့ရှောင်ချန်၏ ဝိဉာဥ်သည် ရွှယ်အန်းကို မကျေနပ်စွာဖြင့် ကြည့်နေကြသည်။

“ကျွန်မတို့ ဝမ်ကွေ့ဂိုဏ်းရဲ့ သခင်လေးက မကြာခင် ချင်းမန်တောင်ကို ရောက်လာတော့မှာ။ အဲ့ကျရင် ရှင်နဲ့ ဒီအဘိုးကြီးကျိုက်တို့ နှစ်ယောက်လုံး သေကြရလိမ့်မယ်”

သူမ စကားပြောနေစဥ်တွင် သူမ၏ ပုံစံသည် ဖျော့တော့လျက်၊ ထိုနေရာမှ ထွက်ပြေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သူမ၏နှလုံးသားထဲတွင် ဒေါသစိတ်များဖြင့် ပြည့်နှက်နေ၏။

ရွှယ်အန်း၏ နင်းချေမှုကြောင့် ဆယ်စုနှစ်ကြာ ကျင့်ကြံထားသော သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ပျက်ဆီးသွားခဲ့ရသည်။ သို့သော် ဤအခိုက်အတန့်တွင် ရွှယ်အန်းက လျစ်လျူရှု့၍ ပြောခဲ့သည်။

“ငါပြောခဲ့တယ်၊ ဒီည ဘယ်သူမှ ဒီကနေအသက်ရှင်လျက် ထွက်သွားလို့ရမှာမဟုတ်ဘူး။ သရဲတစ်စ္ဆေတွေတောင် မရဘူး”

ရွှယ်အန်းက ဤသို့ပြောကာ ရုတ်တရက် လက်ကို ဆန့်ထုတ်၍မှေးမှိန်နေသော ယွဲ့ရှောင်ချန်၏ နောက်ကျောကို ဖမ်းဆုပ်လိုက်သည်။ ထိုအချိန်တွင် ယွဲ့ရှောင်ချန်သည် အလွန်အမင်းကြောက်လန့်မှု၏အဓိပ္ပါယ်ကို နားလည်သ‌ဘောပေါက်လျက်၊ သူမ၏ မျက်နှာထက်တွင် မယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။

“ကျွန်မကို အသက်ချမ်းသာပေးပါ သခင်”

ဤသည်မှာ ဤကမ္ဘာတွင် ကျန်ခဲ့သော သူမ၏ နောက်ဆုံးသော စကားဖြစ်သည်။

နောက်ထပ်တစ်စက္ကန့်တွင် ရွှယ်အန်း၏ ပွတ်ဆွဲမှုကြောင့် သူမ၏ ဝိဉာဥ်သည် ပြန့်ကျဲသွားကာ၊ အမှုန်အမွှားပင်မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်။

အလွန်ဆိုးရွားလှသောအဆုံးသတ်ပင်ဖြစ်၏။

တစ်ချိန်တည်း၌ပင် နျို့ယီဝမ်နှင့် ယွဲ့ရှောင်ချန်တို့၏ အလောင်းများမှ မီးတောက်များထွက်လာကာ ချက်ချင်းပင် ပြာပုံအဖြစ်ပြောင်းလဲသွားသည်။

၎င်းကို မြင်မြင်ချင်း၊ အကြီးအကဲ၏ မျက်ခွံများ မြင့်တက်သွားသည်။ ထို့နောက် ရွှယ်အန်းသည် ပုလင်းငယ်တစ်ခုကို ထုတ်၍ အဘိုးကြီးကျိုက်ထံသို့ ပစ်ပေးလိုက်သည်။

“ဒါက ဘာလဲ”

“ကုသဖို့”

အဘိုးကြီးကျိုက်က ပုလင်းကို ဖွင့်လိုက်သည်နှင့်၊ လန်းဆန်းသော ရနံ့တစ်ခုသည် လေထဲသို့ တိုးဝင်လာ၏။ ဤဆေးရည်သည် သာမန်ပစ္စည်းမဟုတ်ကြောင်း သင်းပျံ့သောရနံ့နှင့်ပင် သိလိုက်ရသော အဘိုးကြီးကျိုက်၏ စိတ်ဓာတ်များတက်ကြွလာသည်။ သူသည် ဆေးရည်ကို ပါးစပ်ထဲသို့ လောင်း၍ မျိုချလိုက်သည်။ မကြာမီတွင် သူ့ခန္ဓာကိုယ်ထဲသို့ နွေးထွေးမှုတစ်ခု ပျံ့နှံ့သွားသည်။ တာအိုအကြီးအကဲကျိုက်သည် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ပြီးနောက်၊ သူကြုံဖူးသမျှထဲတွင် အကောင်းမွန်ဆုံးသော အခြေအနေအဖြစ်သို့ရောက်၍ အပြည့်အဝ လန်းဆန်းသွားသည်။

“ပြောပါဦး၊ ဘာဖြစ်နေတာလဲ” ရွှယ်အန်းက ခြံဝင်းထဲရှိ ကျောက်ဆောင်ပေါ်တွင်ထိုင်လျက်၊ တာအိုကျင့်ကြံသူကျိုက်ကို ကြည့်နေသည်။

“ဝမ်ကွေ့ဂိုဏ်းက လွန်ခဲ့တဲ့သုံးလလောက်က ငါ့ဆီရောက်လာပြီးတော့၊ ချင်းမန်တောင်က အသွင်ပြောင်းတော့မယ့် နဂါးကျောက်လုံကို ကိုင်တွယ်ဖို့ ငါ့ဆီက ရတနာတစ်ခုကို လာယူခဲ့တယ်”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ပြီးတော့ရော”

“သူတို့ကို ငါမပေးလိုက်နိုင်ဘူးလေ။ ကျောက်လုံက ငါ့သခင်ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့သူပဲ။ မသေခင်မှာ ဂရုစိုက်ပေးဖို့ တောင်းဆိုခဲ့တယ်။ အသွင်ပြောင်းဖို့ အနည်းဆုံးနှစ်တစ်ရာလောက် အချိန်ယူရလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”

“ဒါပေမယ့် ဘာကြောင့်လဲတော့မသိဘူး၊ သိပ်မကြာသေးခင်ကမှ ရုတ်တရက်ကြီး ပြောင်းလဲသွားတဲ့ လက္ခဏာတွေပြလာတာ။ မင်းသိတဲ့အတိုင်းပဲ၊ ကျောက်လုံက အသွင်ပြောင်းနေတုန်းမှာ အားအနည်းဆုံးပဲ။ နဂါးရှာဖွေရေးဓာတ်ပြားနဲ့ပေါင်းလိုက်ရင်၊ ကျောက်လုံကို ချေမှုန်းဖို့ အခွင့်အရေးရှိတယ်”

“ကျောက်လုံ၊ အင်း အဲ့တာ ဝိဉာဥ်ရေးရာသားရဲပဲ၊ ဒါ့ကြောင့် ဂိုဏ်းတော်တော်များများက သူနဲ့ပတ်သက်ပြီး အရမ်း စိတ်အားထက်သန်နေကြတာ။ အဲ့အပေါ်မှာ စိတ်အားအထက်သန်ဆုံးက ဝမ်ကွေ့ဂိုဏ်းပဲ”

ရွှယ်အန်း နားလည်သွားသည်။ ၎င်းတို့ပြောနေကြသော ကျောက်လုံသည် ချင်းမန်တောင်၏ အနက်ရောင်ရေကန်ထဲတွင်ရှိနေသော အကောင်ဖြစ်ရမည်။ မိစ္ဆာကျင့်ကြံရေးလမ်းစဥ်ကို ပေးကမ်းပြီးနောက်၊ ၎င်း၏ တိုးတက်မှုသည် အလွန်လျင်မြန်၍ အသွင်ပြောင်းသောအဆင့်အထိ ကျော်တက်လုနီးပါး ဖြစ်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ဤအခိုက်အတန့်တွင် တာအိုကျင့်ကြံသူကျိုက်သည် အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။

“ရှောင်အန်း၊ မိုးမလင်းသေးတာကို အခွင့်ကောင်းယူပြီး၊ မင်းသမီးတွေနဲ့ သူငယ်ချင်းတွေကို အမြန်ခေါ်ပြီးထွက်သွား”

“ထွက်သွားရမယ်ဟုတ်လား၊ ကျုပ်က ဘာလို့ ထွက်သွားရမှာလဲ”

“ဤလူတွေကို သွားရှုပ်လို့မရဘူး။ အထူးသဖြင့် ဝမ်ကွေ့ရဲ့သခင်လေးပဲ။ သူ့ရဲ့ မြင့်မြတ်တဲ့ အရည်အချင်းတွေကိုတိုင်းတာလို့မရနိုင်ဘူး”

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ကျုပ်ထွက်သွားရင် ခင်ဗျား ဘာလုပ်မှာလဲ”

တာအိုကျင့်ကြံသူကျိုက်သည် ပျက်ဆီးယို့ယွင်း‌နေသော တာအိုဘုရားကျောင်းကို ချစ်ခင်စွာကြည့်၍ ပြောလိုက်သည်။

“ငါ ငယ်ငယ်တည်းက ဒီမှာနေခဲ့တာ၊ အစကတော့ ငါ့ဆရာနဲ့ပဲ။ သူဆုံးသွားပြီးတဲ့ နောက်မှာ ငါတစ်ယောက်တည်းနေခဲ့တယ်။ နှစ်တွေအကြာကြီးနေလာတာဆိုတော့ တွယ်တာလာပြီလေ၊ ငါထွက်မသွားနိုင်တော့ဘူး”

“ဒါပေမယ့်၊ မင်းကတော့ မတူဘူး။ ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး။ ဒီနေရာမှာနေတာက၊ မင်းကို စိတ်အနှောက်အယှက်ပဲဖြစ်စေမှာ။ မြန်မြန်သွား၊ ဒီဘဏ်ကဒ်ကို ယူသွား၊ အခု ငါ့အတွက် ပိုက်ဆံက ဘာအဓိပ္ပါယ်မှမရှိဘူး” တာအိုကျင့်ကြံသူကျိုက်က လေးနက်သော မျက်နှာဖြင့် ပြောသည်။

ရွှယ်အန်းသည် လက်မခံဘဲ၊ တာအိုကျင့်ကြံသူကျိုက်ကို ကြည့်၍ ရုတ်တရက် ပြောလိုက်သည်။

“ခင်ဗျား ရုတ်တရက်ကြီး အရမ်းယဥ်ကျေးလာတာ ကျုပ်ကို တော်တော် စိတ်မသက်မသာဖြစ်စေတယ်”

တာအိုကျင့်ကြံသူကျိုက်က ခါးသက်စွာပြုံး၍ ဘူးသီးထဲမှ သစ်တော်သီးဝိုင်အနည်းငယ်ကို သောက်ရန် ထုတ်ယူလိုက်သည်။

“လွန်ခဲ့တဲနှစ်တွေက မင်းဘာတွေကြုံခဲ့ရလဲ ငါမှသိဘူး။ ငါမင်းကို အခုသေချာမသိဘူး၊ ဒါပေမယ့်၊ ငါ့စကားကို နားထောင်တော့၊ မင်းထွက်သွားသင့်တယ်”

ရွှယ်အန်းသည် ခေါင်းလှည့်၍ အဝေးကို ကြည့်လိုက်သည်။

“ဒီအကြောင်းကိုအခုပြောလည်း အချိန်နှောင်းသွားပြီ။ သူတို့ ရောက်လာပြီ”

မျှော်လင့်ထားသည့်အတိုင်းပင်၊ များမကြာမီတွင် အဝေးမှ လူများ၏ဆူညံစွာအော်ဟစ်သံများကို ကြားလိုက်ရသည်။

တာအိုကျင့်ကြံသူကျိုက်၏ အမူအရာသည် ချက်ချင်းသည် မှောင်မိုက်လျက်၊ ပြိုလဲသွားသောအမူအရာသို့ပြောင်းလဲသွားသည်။

သို့သော် ရောက်ရှိလာသည့်သူများသည် မျှော်လင့်ထားသကဲ့သို့ ဝမ်ကွေ့ဂိုဏ်းမှ မဟုတ်ပေ။ ယင်းမှာ လူတစ်ဒါဇင်ခန့်ဖြစ်ကာ၊ သက်ကြီးရွယ်အိုများ၊ လူငယ်များ၊ အမျိုးသားများ၊ အမျိုးသမီးများ အားလုံး ပါဝင်၍ ၎င်းတို့သည် တောင်တက်အဝတ်အစားများကို ဝတ်ဆင်လျက်၊ ကိရိယာတန်ဆာပလာများလည်း သယ်ဆောင်လာကြသည်။

ဦးဆောင်သူမှာ မောက်မာသော မျက်နှာထားမျိုးရှိသည့် အမျိုးသားတစ်ဦးဖြစ်ကာ၊ ခြံဝန်းထဲတွင် ညစ်ပတ်ပေရေစွာထိုင်နေသည့် အဘိုးကြီးတစ်ဦးထိုင်နေသည်ကို မြင်လိုက်ရသည်နှင့် ပြောလိုက်သည်။

“ဟေ့ အဘိုးကြီး၊ ကျုပ်တို့ ဒီည ဒီမှာ တစ်ညနေမယ်။ နေရာကို မြန်မြန်ရှင်းလိုက်”

ဤသို့ပြောပြီးနောက်၊ တာအိုကျင့်ကြံသူကျိုက်ထံသို့ ပိုက်ဆံတစ်အုပ် လွှင့်ပစ်ပေးလိုက်သည်။ တာအိုကျင့်ကြံသူကျိုက်က မထဘဲ၊ ရယ်မောလိုက်၏။

“ဆောရီး တာအိုဘုရားကျောင်းမှာ ဧည့်သည်တွေရောက်နှင့်နေပြီ။ မင်းတို့အရမ်းနောက်ကျသွားတယ်”

လူငယ်က မျက်မှောင်ကြုတ်၍ ဘေးနားတွင်ထိုင်နေသော ရွှယ်အန်းကို ကြည့်၍ ပြောလိုက်သည်။

“မင်းတို့ ဒီမှာနေနေတာလား။ အခုထွက်သွား ဘယ်လောက်လိုချင်လဲ”

ဤလူငယ်သည် ငွေကို ဂရုမစိုက်သည်မှာ ထင်ရှား၏။ ရွှယ်အန်းက ခေါင်းယမ်း၍ လက်ညှိုးတစ်ချောင်းထောင်လိုက်သည်။

“တစ်သောင်းလား ဟုတ်ပြီ ဒီမှာ” လူငယ်သည် အလျင်းမျှ တွန့်ဆုတ်မနေပေ။

ရွှယ်အန်းသည် လျစ်လျူရှု့၍ ပြောလိုက်၏။

“ငါ့ကို တစ်ဘီလီယံပေးပါ၊ ငါအခုချက်ချင်း ထွက်သွားမယ်။ ငါငွေသားပဲလိုချင်တယ်”

လူငယ်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီးနောက်၊ အားပါးတရ လှောင်ရယ်လိုက်သည်။

“တောင်ပေါ်က လူတွေအားလုံး ဆင်းရဲလွန်းလို့ ရူးကုန်ကြပြီလား”

ဤအခိုက်အတန့်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လူငယ်ကို တားဆီးရန် အရှေ့သို့တိုးလာသည်။

“ဖုန်းရှောင်၊ ပိုကြီးတဲ့ပုံက ပိုအရေးကြီးတယ်”

လူလတ်ပိုင်းအရွယ်အမျိုးသားက တာအိုကျင့်ကြံသူကျိုက်ကို ဦးညွတ်၍ ပြောလိုက်သည်။

“တာအိုလူကြီးမင်းခင်ဗျာ၊ နေစရာနေရာမရှိလို့ ဘုရားကျောင်းနားမှာ တဲလေးတွေ ဆောက်လို့ရမလားဗျ”

တာအိုအကြီးအကဲကျောက်က ခေါင်းညိတ်လိုက်သည်။

“အင်း ဒါကတော့ ဖြစ်နိုင်ပါတယ်”

ဤအဖွဲ့မှ သယ်ဆောင်လာသော ပစ္စည်းများသည် ထိပ်တန်းပစ္စည်းများဖြစ်ရာ၊ အချိန်တိုအတွင်းတွင် ၎င်းတို့သည် တာအိုဘုရားကျောင်းဘေးတွင် အလွန်ပြီးပြည့်စုံသော တဲတစ်လုံးကို ဆောက်လုပ်ခဲ့ကြသည်။

တာအိုအကြီးအကဲကျိုက်က ဤအချိန်တွင် တိုးလျသောအသံဖြင့် ပြောလိုက်သည်။

“ရေတွေက ပိုပြီး ရွှံ့ထူလာသလိုပဲ”

“ရေတွေ ပိုပြီး ရွှံ့ထူလာလေလေ၊ ငါးဖမ်းရ လွယ်လေပဲ” ရွှယ်အန်းက ခပ်အေးအေးပင်ပြန်ဖြေလိုက်သည်။

အခန်း(၇၁) အန်တီက သမီးတို့ အဒေါ်လား

ညသည် အေးချမ်းစွာ မကုန်ဆုံးချင်ခဲ့ပေ။ အလွန်ထူးဆန်းလှသော လူအုပ်ကြီးသည် ချင်းမန်တောင်သို့ရောက်ရှိလာကာ၊ အထူးဆန်းဆုံးအရာမှာ ကားများအကြားတွင် အမှန်တကယ်ပင် အနက်ရောင် ထမ်းစင်တစ်ခု ပါရှိနေခြင်းဖြစ်သည်။ ကာလအတန်ကြာ ပျောက်ဆုံးသွားခဲ့သည့် ဤသယ်ယူပို့ဆောင်ရေးပုံစံသည် ချင်းမန်မြို့၏ လမ်းမများပေါ်တွင် တစ်ဖန်ပြန်လည် ပေါ်ပေါက်လာ၏။

ထိုအချိန်တွင် ယာဥ်တန်းသည်လည်း ရပ်တန့်သွားသည်။

တောင့်တင်းသောအမျိုးသားအချို့သည် အထဲတွင်ရှိနေသူကို ဦးညွတ်နှုတ်ဆက်၍ ထမ်းစင်ဆီသို့ ချဥ်းကပ်လာကြသည်။ ထမ်းစင်၏ လိုက်ကာကို မတင်လိုက်ပြီးနောက်၊ လူသေကောင်ကဲ့သို့ ဖျော့တော့ ဖြူဖွေးနေသော မျက်နှာရှိသူတစ်ဦး ထွက်လာရာ၊ မျက်လုံးများသည် တစ္ဆေမီးတောက်များဖြင့် တဖျပ်ဖျပ်တောက်နေသည်ဟု ထင်ရ၏။

ထိုသူက ချင်းမန်တောင်ကို မျှော်ကြည့်၍ မျက်နှာတစ်ခုလုံး မှောင်မိုက်သွားကာ၊ အေးစက်သောအသံဖြင့်ပြောလိုက်သည်။

“ယွဲ့ရှောင်ချန်နဲ့ နျို့ယီဝမ်တို့ သေပြီ”

သူ၏ လက်အောက်ငယ်သားများသည် အကြည့်ချင်းဖလှယ်၍ မျက်လုံးများထဲ၌ ကြောက်ရွံ့မှုများထင်ဟပ်လျက်ရှိသည်။ ထိုသူ၏ နှုတ်ခမ်းဖျားထက်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာသည်။

“အခြားဂိုဏ်းရဲ့ခြေရာတွေလည်းရှိပုံပဲ။ ဒါပေမယ့် ဝမ်ကွေ့ဂိုဏ်းကလိုချင်တဲ့အရာကို ငါတို့ပဲရရမယ်။ လာ၊ တောင်ပေါ်တက်ကြရအောင်”

“ဟုတ်ကဲ့ပါ သခင်လေး”

ထိုသူသည် လှည့်၍ ထမ်းစင်ထဲသို့ ပြန်ဝင်သွားပြီးနောက်၊ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်လာသည်။

ထမ်းစင်သည် ရုတ်တရက် မမြင်နိုင်သော အရာများ၏ အရှိန်ပြင်းစွာ သယ်ဆောင်ခြင်းခံလိုက်ရသည့်နှယ် တောင်ပေါ်သို့ တစ်ရှိန်ထိုး မြင့်တက်သွားသည်။

သရဲတစ္ဆေ လေလှိုင်းတစ်ခု။

အခြားမည်သူမဆို ဤမြင်ကွင်းကို မြင်ဖူးသူတိုင်း တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်ကြရမည်မှာ အသေအချာပင်ဖြစ်သည်။ တောင်ပေါ်သို့ ဤအဖွဲ့တက်ပြီးမကြာမီတွင် နောက်ထပ်သောယာဥ်အနည်းငယ်ခန့်သည် ချင်းမန်မြို့သော ဖြည်းညှင်းစွာဝင်ရောက်လာ၍ ရောက်ရှိလာသူမှာ ကျုံးတုမြို့မှ မိန်းမပျို‌ပင်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် ယွဲ့လိုင်ဟိုတယ်ကို မေးခဲ့ပြီးဖြစ်သဖြင့်၊ ရွှယ်အန်းသည် နံနက်စောစောကတည်းက တောင်ပေါ်သို့ တက်သွားခဲ့ကြောင်း ကြားသိခဲ့ရသည်။

“တောင်ပေါ်ကို တက်” မိန်းမပျိုက မျက်ခုံးတွန့်၍ အမိန့်‌ပေးလိုက်သည်။

သူမနောက်တွင် အနက်ရောင်ဝတ်ဆင်ထားသော တိတ်တဆိတ်လိုက်ပါလာသည့် ယောက်ျားအများအပြားရှိကြ၍ ၎င်းတို့သည် အထူးတလည်မခံ့ညားကြသည့်တိုင်၊ ၎င်းတို့၏ သေစေလောက်နိုင်သည့် အရှိန်အဝါများကိုမူ လျှော့တွက်၍မရနိုင်ပေ။

မိန်းမပျိုသည် သူ့လူများကို တောင်ပေါ်သို့ တက်ခိုင်းခဲ့သည်။ သို့သော် တာအိုဘုရားကျောင်းများကို တွေ့သောအခါတွင် အလင်းရောင်သည်အလွန်တောက်ပနေခဲ့ပြီဖြစ်သည်။ ယမန်နေ့ညက ရောက်လာခဲ့သော ဖုန်းရှောင်သည် အနည်းငယ်မှုန်မှိုင်းသော အမူအရာဖြင့် သူ့တဲမှ ထွက်လာခဲ့သည်။ ဇိမ်ခံမှုကို အသားကျနေသဖြင့်၊ မကျေမချမ်းဖြစ်နေခြင်းဖြစ်၏။ တဲသည် ထိပ်တန်းအရည်အသွေးရှိသော်လည်း အခန်း၏ သက်တောင့်သက်သာရှိမှုနှင့် မယှဥ်နိုင်ပေ။

ဟွာထင်းထင်းနှင့် ထန်ရှောင်းယွီတို့နှစ်ဦး စကားစမည်ပြော၍ ရယ်မောလျက် ထွက်လာသည်ကို မြင်လိုက်ရသောအချိန်၌ သူသည် မကျေမနပ်ဖြစ်စွာဖြင့် တာအိုဘုရားကျောင်း၏ တံခါးဆီသို့ ချဥ်းကပ်သွားနေလျက်ရှိရာ၊ မိန်းကလေးနှစ်ဦးကို မြင်သည်နှင့် ဖုန်းရှောင်အလွန် ကြောင်အသွားသည်။

ဤကဲ့သို့ နက်နဲလှသော တောင်ကြီးထဲတွင် ဤသို့ ချောမောလှပသော မိန်းကလေးများကို မြင်ရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ သူ ငေးကြည့်နေတုန်းတွင် လူလတ်ပိုင်းအမျိုးသားတစ်ဦးက အနားသို့ချဥ်းကပ်လာ၏။

“ဖုန်းရှောင်၊ ထွက်ဖို့အချိန်ကျပြီ”

ဖုန်းရှောင်က ခေါင်းညိတ်ပြပြီးနောက်၊ ဘုန်းကြီးအိုကြီးကို လှမ်းပြောလိုက်သည်။

“တာအိုအဘိုးကြီး၊ ဒီတောင်တွေမှာ ထူးခြားတာတစ်ခုခုရှိလား”

ဘုန်းကြီး၏ အမူအရာပြောင်းလဲ၍ သူစကားပြန်မပြောမီတွင် ရွှယ်အန်းက ဖြတ်ပြောလိုက်သည်။

“ငါသိတယ်”

ဖုန်းရှောင်က ရွှယ်အန်းကို ကြည့်လိုက်သည်။

“မင်းလား”

ရွှယ်အန်းက ခေါင်းညိတ်၏။

“ဟုတ်တယ်၊ မင်း အနက်ရောင်ရေကန်ကို လိုက်ရှာနေတာမလား”

လူလတ်ပိုင်းအမျိုးသား၏ မျက်လုံးများ တောက်ပလာကာ၊ ဖုန်းရှောင်ကို အဓိပ္ပါယ်ရှိစွာကြည့်လိုက်သည်။

“ဟုတ်ပြီ၊ ဒါဆို ငါတို့ကို အဲ့ကို ခေါ်သွား။ စိတ်မပူနဲ့ မင်းရဲ့ အကူအညီအတွက် ထိုက်ထိုက်တန်တန်ပြန်ရလိမ့်မယ်”

ရွှယ်အန်းက အနည်းငယ်ပြုံး၍ ပြန်ဖြေလိုက်သည်။

“ဒါပေါ့၊ ငါလည်း သွားကြည့်ချင်နေတာ”

ရွှယ်အန်းကိုကြည့်၍ ဘုန်းကြီး၏ မျက်လုံးများ တဖျပ်ဖျပ်ခတ်သွားသည်။ ရွှယ်အန်းက မည်သို့ စီစဥ်နေကြောင်းသူနားမလည်သဖြင့်၊ အကြိမ်ပေါင်းများစွာ စကားပြောရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ပါးစပ်ကို ပိတ်လိုက်သည်။ ၎င်းတို့အားလုံး ပြင်ဆင်ထုတ်ပိုးပြီးသောအခါ၊ မိန်းမပျိုသည် အပေါ်ငးအဖော်များနှင့်အတူ၊ ရောက်လာ၏။

ရွှယ်အန်းကို မြင်သောအခါ၊ သူမ၏ မျက်နှာသည် ဒေါသအမျက်ကြီးစွာဖြင့် ရွှယ်အန်း၏နှာခေါင်းကို လက်ညှိုးထိုးကာ၊ ဒေါသတကြီးကျိန်ဆဲလိုက်သည်။

“ရှင် ယုတ်မာတဲ့ ရွှယ်အန်း”

ရွှယ်အန်းသည် ဆူဆဲခံလိုက်ရခြင်းအတွက် အလွန် အံ့အားသင့်သွားကာ၊ Anime အလှနှင့် လှပနေသော မိန်းကလေးကို ထူးဆန်းသော ခံစားချက်ဖြင့်ကြည့်လိုက်သည်။

သူမကို အနည်းငယ်ရင်းနှီးနေသကဲ့သို့ ခံစားရ၏။

မိန်းကပျိုက နှာခေါင်းရှုံ့လိုက်သည်။

“ဘာလဲ၊ ရှင် ကျွန်မကို မသိတော့ဘူးလား။ ကောင်းပြီ၊ လေးနှစ်လောက် ပျောက်သွားပြီးတော့ ရှင် ကောင်းကောင်းနေထိုင်နေတဲ့ပုံပဲ။ ရှင့်နားမှာ မိန်းမလှလေးတွေတောင်ရှိနေပြီ။ ကျွန်မမေးပါရစေ၊ ကျွန်မအစ်မက ရှင့်အတွက် အများကြီးစွန့်လွှတ်ခဲ့တယ်။ အပြစ်ရှိတယ်လို့ နည်းနည်းလေးတောင် မခံစားရဘူးလား”

ရွှယ်အန်းက ဤအမျိုးသမီး မည်သူမည်ဝါဖြစ်ကြောင်း သတိထားမိလိုက်သောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အန်းယန်၏ ညီမဖြစ်သူ၊ သူ့ခယ်မ၊ အန်းချင်ဖြစ်သည်။ သို့သော် သူမကို ပထမဆုံးတွေ့ဖူးခဲ့စဥ်က သူမသည် အသက်ဆယ့်သုံးနှစ် သို့မဟုတ်၊ ဆယ့်နှစ်နှစ်သာရှိသေးသော ကလေးငယ်တစ်ဦးဖြစ်သောကြောင့် သူယခု သူမကို သတိမထားမိခြင်းဖြစ်သည်။

ရွှယ်အန်းက ခါးသက်စွာပြောလိုက်သည်။

“အန်းချင်၊ ငါတကယ် မင်းအစ်မကို မစွန့်လွှတ်ခဲ့ဖူးဘူး။ ဒီလေးနှစ်မှာ.. ငါ တကယ်ပြန်မလာနိုင်ခဲ့ဘူး။ ပြီးတော့ ဒီလူတွေက ငါ့သူငယ်ချင်းတွေပဲ။ မင်းအစ်မ… နေကောင်းရဲ့လား”

အန်းချင်က ပျက်ရယ်ပြုလိုက်သည်။

“အခုတော့ မေးဖို့ သတိရပြီပေါ့၊ ဒီတစ်ချိန်လုံး ရှင်ဘယ်ရောက်နေခဲ့တာလဲ။ အခု ကျွန်မ ရှင့်ကို ပြောပြမယ်။ ကျွန်မအစ်မက ရှင့်ကြောင့် မိသားစုနဲ့လမ်းခွဲပြီးတော့၊ သာသနာပြုသွားပြီ။ နောက်တော့ သူဘယ်မှာလဲဆိုတာ မသိတော့ဘူး”

ရွှယ်အန်း၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ်တုန်ယင်သွားကာ၊ သူ့မျက်လုံးများထဲတွင် အေးစက်မှုများ ထင်ဟပ်လာသည်။

“သူဘယ်ရောက်နေလဲဆိုတာမသိဘူးဟုတ်လား”

အန်းချင်က ပိုပြောတော့မည့်ဆဲဆဲတွင် ရွှယ်အန်းထံမှ အလေးအနက်ထားပြောဆိုမှုကြောင့် သူမဆက်မပြောနိုင်တော့ဘဲ၊ ခေါင်းညိတ်ရုံသာညိတ်လိုက်သည်။

“ဟုတ်တယ်၊ သူအခု ဘယ်ရောက်နေလဲမသိဘူး။ ကျွန်မလည်း သူ့ကို လိုက်ရရှာနေတာ”

ရွှယ်အန်းသည် တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက်၊ ခေါင်းကို လေးနက်စွာခါယမ်းလိုက်သည်။

“ငါဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ယန်အာကို ရှာတွေ့မှာပါ”

ယခုဆိုလျှင် ရွှယ်အန်း၏ နတ်အာရုံသည် မိုင်အကွာအဝေးများစွာကို ဖုံးလွှမ်းနိုင်ခြင်းမရှိသော်လည်း သူ၏ ခွန်အား အနည်းငယ်ပိုကောင်းလာသောအခါ၊ ကမ္ဘာတစ်ခုလုံးကို တိုက်ရိုက်ရှာဖွေနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

အချိန်ကျလာပါက သူမ မည်သည့်နေရာတွင်ရှိနေစေကာမူ၊ သူ သူမကို ရှာနိုင်လိမ့်မည်ဖြစ်၏။

ထို့အပြင်၊ အန်းယန်သည် သူမိန်းမမှာ ယခု အပြင်တစ်နေရာ၌ ရှိနေကြောင်း ခံစားမိသည်။ အန်းချင်သည် ဒေါသတကြီး မေးခွန်းများစွာမေးရန် အဆင်သင့်ဖြစ်နေခဲ့သော်လည်း ရွှယ်အန်း၏စကားကို ကြားလိုက်ရသည်နှင့် သူမ၏ စိတ်နှလုံးသားသည် နူးညံ့ပျော့ပြောင်းလာသည်။ ထိုအချိန်တွင် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ရွှယ်အန်း၏ နံဘေးသို့ ရွှင်မြူးစွာဖြင့် ချဥ်းကပ်လာသည်။ ဤကလေးမလေးနှစ်ယောက်ကို မြင်လိုက်ရသည်နှင့် အန်းချင်၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွား၏။

“ဒါ…”

“ပါပါး ဒီနေ့ ဘယ်မှာ သွားကစားမှာလဲ”

“ပါပါး”ဟူသော အသုံးအနှုန်းသည် အန်းချင်ကို အလွန် မတည်မငြိမ်ဖြစ်စေ၍ သူမကို မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်စေခဲ့သည်။

“ဒီကလေးတွေက ကျွန်မ အစ်မထားခဲ့တာလား” အန်းချင်က တုန်ယင်စွာဖြင့် မေးသည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်၏။

အန်းချင်၏ မျက်နှာထက်မှ မျက်ရည်များစီးကျလာကာ၊ သူမက ဒူးထောက်၍ ပြောလိုက်သည်။

“လာပါဦး အန်တီ့ကို ဖက်ပါဦး”

ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ၎င်းတို့ မမြင်ဖူးသောမိန်းကလေးကို ကြည့်၍ နားမလည်နိုင်သော ဆက်နွယ်မှုတစ်ခုကို ခံစားလိုက်ရသော်လည်း ခေါင်းခါနေဆဲဖြစ်သည်။

“ပါပါး သူက ဘယ်သူလဲ”

ရွှယ်အန်းက ခဏတာမျှ တိတ်ဆိတ်နေပြီးနောက် ကလေးမလေးနှစ်ယောက်၏ ခေါင်းကို ပုတ်ပေးလိုက်သည်။

“အဲ့တာ သမီးတို့ အဒေါ်ပဲ”

ဤသို့ပြောပြီးနောက်၊ ရွှယ်အန်းသည် စိတ်ထဲတွင် သက်ပြင်းများစွာချလိုက်သည်။ ယခင်က အန်းယန်မိသားစုသို့ သူတစ်ခေါက် သွားလည်ခဲ့ဖူးသည်။ ထိုလည်ပတ်မှုအတွင်း သူသည် မိသားစုတစ်ခုလုံးမှ ငြင်းပယ်ခြင်းခံခဲ့ရသည်။ ထိုအချိန်တွင် မိသားစုထဲတွင် အန်းချင်မှတပါး အခြား မည်သည်ကမျှ သူ့ကို အသိအမှတ်မပြုခဲ့ပေ။ အန်းချင်သည်သာ၊ အထင်သေးမှုကင်းမဲ့စွာဖြင့်၊ ဆက်ဆံခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် ဇနီးဖြစ်သူကို ပေကျန်းသို့ ခေါ်လာခဲ့၏။

ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် အနည်းငယ်ရှက်ရွံ့နေသော်လည်း အနားသို့တိုးကပ်သွားသည်။

“အန်တီက တကယ် သမီးတို့ အဒေါ်လား”

အန်းချင်၏ ပါးပြင်မှ မျက်ရည်များစီးကျလာနေဆဲဖြစ်သည်။

“ဟုတ်တာ‌ပေါ့”

“သမီးတို့ မေမေရော”

အန်းချင်တစ်ယောက် အနည်းငယ်ဆို့နင့်သွားသည်။

“သမီးတို့ မေမေက အဝေးတစ်နေရာကို ခဏသွားတယ်။ ဒါပေမယ့် မကြာခင်ပြန်လာမှာပါ”

“ကောင်းပါပြီ၊ အန်တီ၊ မငိုပါနဲ့နော်” ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် အလွန်လိမ္မာရေးခြားရှိကြကာ၊ အန်းချင်၏ မျက်ရည်များကို စတင်သုတ်ပေးလိုက်သည်။

အန်းချင်၏နှလုံးသားထဲတွင် ဝမ်းနည်းခြင်းများ ပြည့်နှက်လျက်ရှိရာ၊ ကလေးမလေးနှစ်ယောက်ကို တင်းကျပ်စွာပွေ့ဖက်လိုက်သည်။ ထင်ရှားသောမိသားစုကြီးတစ်စုဖြစ်သည့် အန်းမိသားစုသည် ချမ်းသာကြွယ်ဝလှသည့်တိုင်၊ အထီးကျန်မှုမျိုး မကြာခဏရှိတတ်သည်။ သူမသည် ငယ်စဥ်ကတည်းက အစ်မနှင့် ရင်းနှီးလှသော်လည်း နှောင်းပိုင်းကိစ္စများသည် သူမလက်ခံနိုင်သည့်အတိုင်းအတာကို ကျော်လွန်သွားခဲ့သည်။ အထူးသဖြင့် အန်းယန်၏ ပျောက်ဆုံးမှုသည် သူမကို အကြီးအကျယ် ထိုးနှက်ခဲ့၏။

ယခု သူမ၏ တူမဖြစ်သူနှစ်ဦးကို မြင်လိုက်ရသဖြင့်၊ သူမ၏စိတ်များ ရွှင်မြူးလာခဲ့သည်။

အခန်း(၇၂) ကျောက်လုံ၏ အသွင်ပြောင်းမှု

ဖုန်းချောင်ချုန်းသည် သူ၏ လက်နှစ်ဖက်ကို ပိုက်လျက်၊ အဝေးမှ အံ့သြစွာငေးကြည့်နေသည်။ အန်းချင်ကို ပထမဆုံးမြင်လိုက်ရသည့်အခိုက်အတန့်တွင် ဖုန်းချောင်ချုန်း အံ့အားသင့်သွားခဲ့ရသည်။ သူမ၏ အလှသည် ထန်ရှောင်းယွီတို့ ဟွာထင်းထင်းတို့ကဲ့သို့ မတူဘဲ ယောက်ျားများက သူမကို အလိုအလျောက် ကာကွယ်ပေးစေချင်သည့် ခံစားချက်မျိုးဖြစ်ပေါ်လာစေနိုင်သည့်အလှမျိုးဖြစ်သည်။ အထူးသဖြင့်၊ သူမ၏ ကာတွန်းဇာတ်ကောင်ကဲ့သို့ လှပကျော့ရှင်းသော မျက်နှာဖြစ်ရာ၊ အဆုံးစွန်ဆုံးအနေဖြင့်၊ Lolita ဖြင့်ပင် အများအားဖြင့် နှိုင်းယှဥ်နိုင်သည်။

‘သေစမ်း ဓီကောင့်နားမှာ ဘာလို့ ဒီလောက် အလှလေးတွေရှိနေတာလဲ”

ဖုန်းချောင်ချုန်းက ဒေါသတကြီးတွေးလိုက်၏။

‘ငါ့အရေးကြီးလုပ်ငန်းကိစ္စကို ဖြေရှင်းပြီးတာနဲ့ ဒီအမျိုးသမီးတွေအားလုံးကိုယူနိုင်ဖို့ နည်းလမ်းရှာမယ်’

ဖုန်းရှောင်ချုန်းသည် ရွှယ်အန်းကိုမူ လုံးဝဂရုမစိုက်ပေ။ သူသည် စီရင်စုမြို့ရှိ ကြွယ်ဝချမ်းသာသော ဖုန်းမိသားစုမှ ဆင်းသက်လာခြင်းဖြစ်ရာ၊ ပေကျန်းမြို့တစ်ခွင်၌ပင် ရွှယ်မျိုးရိုးအမည်ရှိ မိသားစုအကြောင်း မကြားခဲ့ဖူးပေ။ ထို့ကြောင့် ရွှယ်အန်းသည် သာမန်လူတစ်ဦးသာဖြစ်လိမ့်မည်ဟု သူခန့်မှန်းထားသည်။

ဖုန်းရှောင်ချုန်းသည် သိုင်းပညာရှင်မဟုတ်သကဲ့သို့ မှော်ဆရာလည်းမဟုတ်ပေ။ ချင်းမန်တောင်သို့လာရသည့်အကြောင်းအရင်းမှာ ထိုအသတ်လတ်ပိုင်းလူကြောင့်သာဖြစ်သည်။ အသတ်လတ်ပိုင်းသူသည် ကျို့ယွိချီဖြစ်သည်။ ချင်းမန်တောင်တွင် မှော်အတတ်တစ်ခု ပေါ်လာလိမ့်မည်ဟု ပြောခဲ့သူသည် သူဖြစ်ရာ၊ အကယ်၍ သူသာ ၎င်းကို ပိုင်ဆိုင်ရ၍ မိသားစုကို ပြသနိုင်လျှင်၊ ဖုန်းချောင်ချုန်းသည် သံသယကင်းစွာပင် ဖုန်းမိသားစု၏ မိသားစုအကြီးအကဲဖြစ်လာလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ဤရေနက်နောက်သို့ မိုင်ပေါင်းရာချီ၍ ခရီးနှင်ခဲ့ခြင်းလည်းဖြစ်သည်။

“ရှင်တို့ ဘာလုပ်နေကြတာလဲ” ထိုအချိန်တွင် အန်းချင်ကမေး၏။

ရွှယ်အန်း ပြန်မပြောခင်တွင် ဖုန်းချောင်ချုန်းသည် မျက်နှာထက်တွင်အပြုံးတစ်ခုကို ဆင်မြန်းလျက်ရောက်ရှိလာသည်။

“မင်္ဂလာပါ၊ ကျုပ်က စီရင်စုမြို့ရဲ့ ဖုန်းမိသားစုက ဖုန်းချောင်ချုန်းပါ၊ ကျုပ်တို့ အချင်းချင်းသိခွင့်ရနိုင်မလား”

အန်းချင်က သူ့ကို တစ်ချက်သာကြည့်၍ ဥပက္ခာပြုလိုက်သည်။ ဖုန်းချောင်ချုန်း အနည်းငယ် ရှက်ရွံ့သွားကာ၊ အနီးနားသို့လာချင်သော်လည်း အန်းချင်ဘက်မှ လူသည် ရှေ့သို့ခြေတစ်လှမ်းတိုးလာ၍ ဖုန်းချောင်ဖုန်းကို ဘေးသို့တွန်းလိုက်သည်။

ဖုန်းချောင်ချုန်းသည် အံ့အားသင့်လျက်၊ မျက်နှာသည်လည်း အလိုအလျောက် မည်းမှောင်သွားရ၏။

“ဖုန်းရှောင်၊ အရေးကြီးတဲ့ကိစ္စတွေကို အရင်ဦးစားပေးတာကောင်းလိမ့်မယ်။ ငါ နဂါးစွမ်းအင် ပိုပြီး သိသာထင်ရှားလာတာကို မြင်ရတယ်။ ငါတို့ မြန်မြန်လုပ်တာကောင်းလိမ့်မယ်” ကျို့ယွိချီက ကြီးကျယ်ခမ်းနားသော အခွင့်အရေးကြီး ပျက်စီးသွားရမည်ကို စိုးရိမ်သောကြောင့် ချက်ချင်းအကြံပေးသည်။

ဖုန်းချောင်ချုန်းက နှာခေါင်းရှုတ်လျက်၊ ရွှယ်အန်းဘက်သို့လှည့်၍ အော်လိုက်သည်။

“ရေနက်ကန်က ဘယ်မှာလဲ”

ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်၏။

“ဒီအပေါ်နားမှာပါပဲ၊ ကျုပ်နောက်လိုက်ခဲ့”

ထိုအချိန်တွင် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က အန်းချင်ကို ပြောလိုက်ကြသည်။

“အန်တီ အန်တီ၊ ပါပါးက သံကောင်ကြီးကို ကြည့်ဖို့ သမီးတို့ကို ခေါ်သွားလိမ့်မယ်”

ကလေးမလေးနှစ်ယောက်သည် ရေနက်ကန်ထဲရှိ ကျောက်လုံကို မှတ်မိနေကြသေးသော်လည်း ၎င်းကို သန်ကောင်ကြီးဟု ခေါ်ကြသည်။ ဖုန်းချောင်ချုန်းသည် စိတ်ထဲတွင် လှောင်ရယ်လိုက်၏။

‘သန်ကောင်ကြီးဟုတ်လား’

‘ရယ်စရာကောင်းလိုက်တာ၊ အချိန်ကျရင် သူတို့ ဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး’

အန်းချင်၏ စိတ်နှလုံး တုန်လှုပ်သွားသော်လည်း သူမက ခေါင်းညိတ်လိုက်သည်။

“ဒါဆို အန်တီလည်း လိုက်ကြည်မယ်၊ အဆင်ပြေလား”

“ကောင်းတယ် ကောင်းတယ်”

အန်းချင်၏ ရုတ်တရက်ပါဝင်မှုသည် ရွှယ်အန်းထံမှ တစ်စုံတစ်ရာတုံ့ပြန်မှုမရရှိသော်လည်း သူမဘေးနားရှိ တိတ်ဆိတ်နေသော အမျိုးသားအများအပြားသည်မူ၊ ရွှယ်အန်း၏ စိတ်ဝင်စားမှုကို ရနိုင်၏။

ထိုသူများသည် ချီးမွမ်းထိုက်သော အရည်အချင်းများရှိကြသည်မှာ ထင်ရှားလှကာ၊ ၎င်းတို့သည် တစ်လျှောက်လုံး နှုတ်ဆိတ်နေ၍ စည်းကမ်းရှိစွာနေထိုင်ကြသည်။

‘စစ်မှုထမ်းဟောင်းတွေဖြစ်နိုင်လား’

ရွှယ်အန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာ၏။

လင်ဟွာတောင်ကြားမှ ရေနက်ကန်ဆီသို့ ခရီးသည် မဝေးလှပေ။ လမ်းသည် ကြမ်းတမ်း၍ မညီညာလှသဖြင့်၊ သွားရေးလာရေးနှေးကွေးလှသည်။ ရွှယ်အန်းသည် လက်တစ်ဖက်စီတွင် သမီးတစ်ယောက်စီကို ပေါ့ပါးစွာ ပွေ့ချီလျက်၊ ရှေ့သို့ လျှောက်သွားသည်။

ဤသို့သော ခွန်အားမျိုးသည် အန်းချင်၏သက်တော်စောင့်များကိုပင် မျက်လုံးများလင်းသွားစေခဲ့သည်။ ဖုန်းချောင်ချုန်း၏ မျက်နှာသည်မူ၊ ဖျော့တော့သွားလျှင်၊ သူဆက်၍ တောင့်မခံနိုင်တော့သကဲ့သို့ ခံစားလာရသည်။ ၎င်းတို့အားလုံး ရေနက်ကန်သို့ရောက်သွားသောအခါ၊ ထိုနေရာသည် ရွှယ်အန်း နောက်ဆုံးတစ်ကြိမ်ရောက်ခဲ့စဥ်ကနှင့် ခပ်များများကွာခြားမှုမရှိပေ။

သို့သော် ရောက်လာသောအခါတွင် ကျို့ယွိချီက ပို၍ စိတ်လှုပ်ရှားလာသည်။

“မှန်တယ်၊ ဒါပဲ။ ကျောက်လုံက အသွင်ပြောင်းတော့မယ်၊ နှစ်တစ်ရာအတွင်းကြုံတောင့်ကြုံခဲအခွင့်အရေးတစ်ခုပဲ၊ ဖုန်းရှောင် ငါတို့ ဒါကို ကောင်းကောင်းကိုင်တွယ်နိုင်ရင် မင်း ဖုန်းမိသားစုကို ထိန်းချုပ်နိုင်ရုံတင်မကဘဲ၊ ခရိုင်ရဲ့ အထက်တန်းလွှာထိပ်သီးတွေအဆင့်ကိုပါရောက်နိုင်တယ်”

ဖုန်းချောင်ချုန်း၏ အမူအရာသည် ချက်ချင်းပင် စိတ်လှုပ်ရှားမှုများပြည့်နှက်သါားသည်။ ထိုအချိန်တွင် ရေနက်ကန်မှ ရေများ ပွက်ဆူလာကာ၊ ကောင်းကင်ယံသည် ကြည်လင်နေလျက်၊ ရုတ်တရက်၊ တိမ်များဖုံးလွှမ်းသွားသည်။

အရာဝတ္ထုများကို ထည့်သွင်းပြီးနောက်၊ ရေနက်ကန်အထက်တွင် အနီရောင် မျဥ်းတချို့ ဖျတ်ခနဲပေါ်လာသည်။

ရုတ်တရက် နက်ရှိုင်းသော ရေကန်တွင်းမှ မြွေခေါင်းတစ်ခု ပေါ်လာ၏။ မြွေ၏ဦးခေါင်းပေါ်တွင် ချိုနှစ်ချောင်းပေါက်နေပြီဖြစ်ကာ၊ ၎င်း၏ မျက်လုံးအစုံသည် ဝေဒနာများဖြင့် ပြည့်နှက်နေသည်။ ဤမြင်ကွင်းသည် ယခင်က ဤအခြေအနေကို အလေးအနက်မထားခဲ့သော အန်းချင်သည်ပင်လျှင် အကြီးအကျယ်ထိတ်လန့်သွားခဲ့သည်။

‘အိုး ဘုရားရေ’

‘ကျောက်လုံဆိုတာ တကယ်ရှိတာလား’

မူလက အန်းချင်သည် ကြီးမားသော စပါးကြီးမြွေတစ်ကောင်ဖြစ်လိမ့်မည်ဟုသာ ထင်ခဲ့ခြင်းဖြစ်သဖြင့်၊ ထိုသို့သော နတ်သားရဲတစ်ကောင်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ တိတ်ဆိတ်နေသော လူအများအပြားသည် သူမကို ကာကွယ်ရန် အန်းချင်ကို ဝိုင်းရံလျက်၊ မတ်တပ်ရပ်လိုက်ကြသည်။ မိုးခြိမ်းသံသည် ကောင်းကင်ယံတွင် တအုန်းအုန်းမြည်ဟိန်းနေ၏။

ရုတ်တရက်၊ ကြီးမားသော လျှပ်စီးကြောင်းကြီးတစ်ခုသည် ရေနက်ကန်ထဲသို့ တိုက်ရိုက်ဆင်းသက်လာရာ၊ စပါးကြီးမြွေကြီးထံသို့ တိုက်ရိုက်ကျရောက်သွားသည်။ ဤတိုက်ခိုက်မှုဖကြောင့် ရေကန်တစ်ခုလုံး ကြက်သွေးရောင်ပြောင်းလဲသွားကာ၊ ဧရာမ စပါးကြီးမြွေကြီးသည် ရေနက်ကန်ထဲသို့ ပြန်ဆင်းသွားသည်။ ကြည့်ရှု့သူအများအပြားသည် အလွန်ကြောက်လန့် ရူးသွပ်ကုန်ကြသည်။

တာအိုကျင့်ကြံသူကျိုက်သည်လည်း အထူးစိတ်လှုပ်ရှားနေ၏။

“ကျောက်လုံက ပြောင်းလဲနေပြီ။ ဆရာ၊ ကျောက်လုံ ကောင်းကင်ဘုံကို တက်တော့မယ်”

သို့သော် ထိုအချိန်တွင် နောက်ထပ်ကြီးမားသော မိုးကြိုးကြီးတစ်စင်းသည် ရေနက်ကန်ထဲသို့ ထပ်မံသက်ဆင်းလာသည်။

၎င်းသည် ရေ၏ ခုခံအားကို အပြည့်အဝလျစ်လျူရှု့၍ ရေကန်ထဲသို့ တည့်တည့်ထိုးဆင်းလာ၏။

ဧရာမသားရဲကြီးသည် နာကျင်စွာရုန်းကန်နေသဖြင့် မြေပြင်သည်လည်း တုန်လှုပ်နေ၏။ တစ်ချိန်တည်း၌ပင် တတိယ လျှပ်စီးတစ်ခု ထပ်မံသက်ဆင်းလာသည်။ ပထမလျှပ်စီးကြောင်းသည် နဂါးဦးချိုများ ပြောင်းလဲပေးရန်ဖြစ်သည်။ ဒုတိယမှာမူ၊ စပါးကြီးမြွေ၏ အရေခွံကို ချွတ်ခွာရန်ဖြစ်ကာ၊ တတိယနှင့် နောက်ဆုံးတစ်ချက်သည်မူ၊ နဂါး၏ ကောင်းကင်ဘုံသို့ တက်လှမ်းမှုအတွက်ဖြစ်သည်။ ဤတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်ဆိုလျှင် ကျောက်လုံသည် နဂါးအဖြစ်အပြည့်အဝ ပြောင်းလဲသွားမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ကျို့ယွိချီမှ စီစဥ်ပေးသော အလံငယ်များအားလုံး တုန်ခါနေကြသည်။

လျှပ်စီးကြောင်းသည် အနက်ရောင်နဂါးရေကန်ကို ရှာမတွေ့နိုင်ပုံရ၍ အထက်တွင် ကွေ့ပတ်သွားပြီးနောက်၊ အံ့အားသင့်စွာပျောက်ကွယ်သွားခဲ့သည်။

ကျို့ယွိချီ အလွန်ပျော်ရွှင်သွားရသည်။ ထိုအတောအတွင်း စပါးကြီးမြွေကြီးသည် ၎င်း၏ဦးခေါင်းကို ပြင်းပြင်းထန်ထန် တိုးထွက်၍ ဒဏ်ရာများပြည့်နှက်နေသည့်တိုင် ကျို့ယွိချီထံသို့ အလွန်ဒေါသထွက်စွာဖြင့် ချီတက်လာ၏။

“ဖုန်းရှောင်၊ အခုအချိန်ကျပြီ”

ဖုန်းချောင်ချုန်းသည် မိုက်မဲနုံအသူမဟုတ်ပေ။ အောင်မြင်မှု သို့မဟုတ် ကျရှံးမှုကို ဤအခိုက်အတန့်တွင် အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်သည်။

“အမြန်လုပ်တော့”

သူနှင့်အတူပါလာသောသူများသည် အော်သံကို ကြားလိုက်ရသည်နှင့် ကျောပိုးအိတ်ထဲမှ သေနတ်မျိုးစုံကို ဆွဲထုတ်လိုက်ကြရာ၊ ဒုံးပျံလောင်ချာများပင်ရှိ၏။

ထိုကဲ့သို့သော တရားဝင်ပစ္စည်းများကို ဝယ်ယူနိုင်သည့် ဖုန်းမိသားစု၏ သြဇာလွှမ်းမိုးမှုကို လျှော့တွက်၍ မရပေ။

“ပစ်”

လက်နက်များသည် ဧရာမစပါးကြီးမြွေကြီးကို ပစ်မှတ်ထား၍ ပစ်ခတ်ခဲ့ကြရာ၊ ကျည်ဆန်များသည်လည်း ၎င်းတည့်တည့်သို့ ထိမှန်၍ နေရာတိုင်းတွင် မီးပွားများပေါ်ထွက်လာသည်။

၎င်း၏အကြေးခွံများသည် မာကျောလွန်းလှသဖြင့်၊ ဖုန်းချောင်ချုန်းသည် ကိုယ့်လျှာကိုယ်ပင် ကိုက်မိသွားရ၏။ သို့သော် ၎င်းကြောင့် သူ၏ရည်မှန်းချက်များ ပိုမို ပူလောင်လာသည်။

အကယ်၍ သူသာ ၎င်းကို ထိန်းကျောင်းနိုင်လျှင်၊ မည်သူက သူ့ကို စော်ကားဝံ့လိမ့်မည်နည်း။

သို့သော် ဧရာမ စပါးကြီးမြွေကြီးသည်မူ အလွန် ဒေါသထွက်နေပုံပေါ်သည်။ သူ၏ ကျယ်လောင်စွာပွင့်ထွက်လာသော ပါးစပ်မှ အနက်ရောင်မြူခိုးများထွက်လာရာ၊ ဖုန်းချောင်ချုန်းနှင့်သူ့လူများထံသို့ တိုက်ရိုက်ပျံ့နှံ့သွားသည်။

ဖုန်းချောင်ချုန်းသည် ထိတ်လန့်တကြားဖြင့်၊ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် အမြန်လမ်းမှ ထွက်ပြေးရှောင်တိမ်းလာခဲ့သည်။ သူ့နောက်မှလူများကို အနက်ရောင်အခိုးအငွေ့များနှင့် ဖုံးအုပ်သွားရာ၊ ၎င်းတို့အားလုံးသည် အနက်ရောင်ရေထဲတွင် အပြည့်အဝ ပျော်ဝင်ပျောက်ကွယ်သွားကြ၏။ ဖုန်းချောင်ချုန်းသည် သူမြင်လိုက်ရသောအရာကြောင့် အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ကျို့ယွိချီသည် လေးနက်သောအမူအရာဖြင့် နောက်ဆုံးသော မှော်ကိရိယာကို ထုတ်ယူလိုက်သည်။ အသွင်ပြောင်းခါနီးအချိန်တွင် ကျောက်လုံကို ကိုင်တွယ်ဖြေရှင်းရန် သူနှစ်ပေါင်းများစွာပြင်ဆင်ထားခဲ့သည့် သစ်ကြံပိုးခေါက်အမြုတေကျောက်ဖြစ်သည်။

ပစ်ချလိုက်သည်နှင့်၊ ကျောက်လုံသည် သူ၏အမိန့်အောက်သို့ ကျရောက်သွားမည်ဖြစ်၏။

ဤအတွေးကြောင့် ကျို့ယွိချီ၏ နှလုံးသားသည် စိတ်အားထက်သန်မှုနှင့် တောက်လောင်နေ၏။ တကယ်တမ်းတွင် ဤခက်ခဲကြမ်းတမ်းသောခရီးသည် ဖုန်းချောင်ကို ကူညီရန်မဟုတ်ဘဲ၊ သူ့ကိုယ်ပိုင်ရည်ရွယ်ချက်များကြောင့်သာဖြစ်သည်။

သို့သော် ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က လှောင်ရယ်၍ အော်လိုက်၏။

“ဒီ ကျောက်လုံကို ဝမ်ကွေ့ဂိုဏ်းက ပိုင်တယ်။ ကျန်တဲ့ကောင်တွေအကုန် ဒီနေရာကနေ ထွက်သွားကြစမ်း”

All Chapters