လွှင့်ပစ်ခြင်း
Vol. 136 Ch. 1901
ယွိရှီသည် ရှီမာယူယူကို ပင်မခန်းမဆောင်ဆီသို့ ဦးဆောင်ခေါ်သွားလေ သည်။ သူမ အနားမရောက်ခင်တွင် နာကျင်စွာ ညည်းလိုက်သောအသံကို ကြား လိုက်ရသည်။
“ပြောစမ်း အဲဒီမိန်းမ ရှီမာယူယူက ပုန်းနေတာလား သူမက ဘယ်မှာပုန်း နေတာလဲ ဒီသခင်ကြီးက မင်းကို အခွင့်အရေးတစ်ခုထပ်ပေးမယ်.. ပြောစမ်း အဲ မိန်းမ ဘယ်မှာပုန်းနေလဲ” ယွိဟောက်သည် ထိုင်ခုံပေါ်တွင်ထိုင်နေပြီး အိမ်ထဲမှ လူများကို စိမ်ပြေနပြေကြည့်နေသည်။
ဖေးနုန်သည် ယန်းဟွေ့၏ ခန္ဓာကိုယ်ကို နင်းထားသည်။ သူသည် အားထည့်လိုက်ရာ မြေပေါ်တွင်လဲနေသော ယန်းဟွေ့သည် သွေးများအန် ထွက်လာတော့သည်။
“ဟားဟား ဒီသခင်ကြီး ခံစားချက်ကောင်းနေတဲ့အချိန်မှာ မြန်မြန် ပြောဖို့ အကြံပေးလိုက်မယ် မဟုတ်ရင် မင်းတို့ရဲ့အသက်လေး ဆုံးရှုံးရလိမ့်မယ်” မို့လျိုသည် ဘေးတွင်ရပ်ပြီး ရယ်မောရင်းပြောလေသည်။
“မင်း.. မင်းသားလေး ဖူး…”
“ယန်းဟွေ့…” ယွိရှီလာချိန်တွင် ယန်းဟွေ့သည် အနင်းခံနေရကာ အိမ်ထဲတွင် ဒဏ်ရာရနေသော လူများဖြင့်ပြည့်နေသည်ကို တွေ့လိုက်ရ၏။ သူမသည် တုန်လှုပ်သားသဖြင့် ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
သို့သော် သူမသည် အိမ်ထဲရှိလူများ၏ အာရုံကိုဆွဲယူလိုက်သည်။ ဝူလျို သည် ကြည့်လိုက်ပြီး သူမကို ဆုပ်ကိုင်မည်အပြုတွင် ရုတ်တရက် ပုံရိပ်တစ်ခု သည် သူ့ရှေ့တွင် ပေါ်လာသည်။ လျင်မြန်လွန်းသဖြင့် ထိုလူကို သေချာပင် မမြင်နိုင်ပေ။ သူမ ရပ်လိုက်သည်နှင့် ဖေးနုန်သည် လွှင့်ထွက်သွားပြီး နံရံနှင့် အရှိန်ပြင်းစွာ ရိုက်မိပြီး မြေပေါ်သို့ ကျလေသည်။
ရှီမာယူယူသည် ယန်းဟွေ့ဘေးတွင်ရပ်ပြီး လက်ကိုဝှေ့ယမ်းပြီး အထင် သေးစွာ ပြောလိုက်သည် “အတင့်ရဲလိုက်တာ”
ယွိရှီသည် လျှောက်လာပြီး ယန်းဟွေ့ကို ထူပေးလိုက်သည်။
အိမ်ထဲမှလူများသည် အချင်းချင်းထူလိုက်ပြီး ရှီမာယူယူကို အရိုအသေပြု သည် “မင်းသမီးလေး”
“ယွိရှီ သူတို့ကို ဒဏ်ရာတွေကုပေးလိုက်ဦး” ရှီမာယူယူ ညွှန်ကြားလိုက် သည်။
“ဒါပေမဲ့ မင်းသမီးလေး…”
“ဒီမှာနေဖို့မလိုဘူး သွားတော့” ရှီမာယူယူသည် ဖြည်းညင်းစွာ ပြောလိုက် သည်။
ယွိရှီသည် ဒဏ်ရာအပြင်းအထန်ရထားသော ယန်းဟွေ့ကိုကြည့်ပြီး သူမ ဘေးမှ အပျိုတော်လက်ထဲသို့ သူ့ကိုထည့်ပေးလိုက်သည်။ သူမသည် သူ့ကို တွဲခေါ်ပြီးနောက် ရှီမာယူယူ၏ အနောက်သို့ သွားရပ်လေသည်။
“မင်းက ရှီမာယူယူလား” ယွိဟောက်သည် ခုံမှထရပ်လေသည် “မင်းက မင်းရဲ့ ပလူးတတ်တဲ့အမေနဲ့ တော်တော်တူတာပဲ”
“ဖြန်း”
မည်သူမှ ရှင်းရှင်းလင်းလင်းမမြင်လိုက်ရခင်မှာပင် ရှီမာယူယူသည် မူလ နေရာသို့ပြန်ရောက်သွားပြီး ယွိဟောက်၏ မျက်နှာတွင် လက်ဝါးရာကျန်ခဲ့လေ သည်။
“ကောင်မ မင်းက ငါ့ကိုရိုက်ရဲသေးတာလား” ယွိဟောက်သည် သူ့ မျက်နှာကို အုပ်ရင်းနှင့် အလွန်ပင် ငေးကြောင်သွားသည်။
“မင်းသားလေး” ဝေလျိုနှင့် တခြားသူများလည်း အံ့အားသင့်ကုန်သည်။
တစ္ဆေလောကတစ်ခွင်တွင် သူတို့၏ သခင်နှာချေလိုက်သည်နှင့် အားလုံး ဖိတ်ဖိတ်တုန်အောင် ကြောက်ရသည်။ သူသည် ငယ်စဉ်ကတည်းကပင် ထိခိုက် ဒဏ်ရာဟူ၍ မရဖူးပေ။ သို့သော် အစောက ရှီမာယူယူသည် သူ့ကိုရိုက်ချလိုက် သည်။ တစ္ဆေကြင်ယာတော်သာ ဤအကြောင်းကိုသိလျှင် သူတို့ကို အပြစ်ပေး တော့မည်။
“အတင့်ရဲလိုက်တာ” ဆန်းကျီသည် အော်လိုက်ပြီးနောက် ရှီမာယူယူကို တိုက်ခိုက်လေသည်။
ရှီမာယူယူသည် ရှောင်ရှားလိုက်ပြီး ဆန်းကျီ၏လက်ကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်ရာ ဆန်းကျီသည် လှုပ်မရတော့ပေ။
“ငါ နားမလည်လို့ပါ.. တစ္ဆေကြင်ယာတော်ရဲ့ အချစ်တော်လေးအနေနဲ့ ဘာလို့များ သူ့ကိုယ်ရံတော်ထားတာကို မင်းလိုမျိုးအားနည်းတဲ့လူကို ထားပေး တာလဲ မင်းကို ဘယ်သူမှ မထိရဲဘူးဆိုတာ သူမက အဲလောက်သေချာနေလို့ လား” သူမသည် အားထပ်ထည့်လိုက်ရာ ဆန်းကျီသည် မြေပေါ်သို့လဲကျသွား ပြီး ဒဏ်ရာအပြင်းအထန်ရသွားလေသည်။
“ဆန်းကျီ” ဝေလျိုနှင့် ဖေးနုန်တို့သည် ဆန်းကျီအလွယ်တကူရှုံးနိမ့်သွား သည်ကို မြင်လိုက်ရသောအခါ ပျာယာခတ်သွားပြီး ရှီမာယူယူကို အတူတကွ တိုက်ခိုက်ကြလေသည်။
“မင်းသမီးလေး သတိထား” သူတို့ သူမကို တိုက်ခိုက်သည်ကို မြင်သည် နှင့် ယွိရှီသည် ရှေ့တိုးကာ ရှီမာယူယူကို ပိတ်ကာလိုက်သည်ကာ သူတို့၏ တိုက်ခိုက်မှုကို သူမ၏ ဝိညာဉ်စွမ်းအင်ဖြင့် ပစ်လိုက်သည်။
ယွိရှီဿည် အားမနည်းသော်လည်း လူနှစ်ယောက်ကို တိုက်ခိုက်ရသည် မှာ ခြေကုန်လက်ပမ်းကျသည်။ သို့သော် ရှီမာယူယူ အနောက်တွင် ရပ်နေသည် ကိုစဉ်းစားပြီး အားတင်းကာ နောက်မဆုတ်ဘဲ ထိုလူနှစ်ယောက်ကို ဆက် တိုက်ခိုက်သည်။
“အား…”
သူမ၏ အတွင်းအင်္ဂါများ ပူလောင်သွားသည်ကို ခံစားမိလိုက်သည်။ သို့သော် သူမသည် ဘေးထွက်ခြင်းမရှိသလို နောက်ဆုတ်ခြင်းလည်းမရှိပေ။
သူမ တောင့်မခံနိုင်တော့ဟု ခံစားမိချိန်တွင် လက်တစ်ဖက်သည် သူမ၏ ပခုံးပေါ် ရောက်လာသည်။ ထိုလက်သည် အလွန်နူးညံ့သည်။ ညင်သာစွာ ထိ တွေ့သောအထိအတွေ့ဆိုသော်ငြား သူမသည် မကုန်ခမ်းနိုင်သောအားကို ခံစားမိလိုက်သည်။
“မင်း.. မင်းသမီးလေး”
ရှီမာယူယူသည် အားတချို့ကို သူမပခုံးမှတစ်ဆင့်ထည့်ပေးလိုက်ပြီး လေ ထဲသို့ ပျံလာသည်။ ခန္ဓာကိုယ်ကို လှည့်၊ တစ်ပတ်လည်ကာ ယွိရှီကိုကျော်လာ ပြီး ဝေလျိုနှင့် ဖေးနုန်တို့ကို တစ်ဖက်စီဖြင့်ကန်လိုက်ရာ ထိုနှစ်ယောက်မှာ လွှင့် သွားလေတော့သည်။
သူတို့နှစ်ယောက်သည် ပင်မတံခါးမှတစ်ဆင့် ထွက်သွားပြီး ခြံထဲသို့ သွား ကျသည်။ အပြင်မှအစောင့်များသည် ပြေးလာပြီး ခြံဝန်းတစ်ခုလုံးကို ဝိုင်းလိုက် သည်။
“မင်းလည်း ဘေးမှာနားလိုက်ဦး” ရှီမာယူယူသည် ယွိရှီကို ပြောလိုက် သည်။
“မင်းသမီးလေး” ယွိဟောက်သည် တပ်သားများခေါ်လာသည်ကို ယွိရှီ မြင်သောအခါ အလွန်စိုးရိမ်သွားသည်။
“စိတ်ချပါ ဒီနန်းဆောင်က ငါ့အမေနေသွားတဲ့နေရာပဲ ဘယ်သူ့ကိုမှ ဖျက်ဆီးခွင့်ပေးမှာမဟုတ်ဘူး” ရှီမာယူယူ ပြောပြီးနောက်တွင် ယွိဟောက်ကို ကြည့်လိုက်သည် “မင်းတို့ကိုယ့်ဘာသာပဲ သွားကြမလား မဟုတ်ရင် ငါ ကန်ထုတ်ပေးရမလား”
“ရှီမာယူယူ.. မင်း မလွန်လာနဲ့ ဒီနေရာက တော်ဝင်နန်းတော်ပဲ မင်းရဲ့ လူသားလောကမဟုတ်ဘူး” ယွိဟောက် အော်လေသည်။
“ငါသိပါတယ် အဲဒါကြောင့် ငါ သည်းခံပြီးပြီ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ မင်းက အဲလိုမတွေးဘူးလေ.. မင်းက ဒီကိုလာပြီး ငါ့လူတွေကို ရိုက် တယ် ပြီးတော့ ငါ့နေရာကို ဖျက်ဆီးတယ်.. ဘာလဲ မင်းက ဒီမှာရပ်နေသေးတာ လား.. ကြည့်ရတာ ငါကိုယ်တိုင်လှုပ်ရှားရတော့မယ်ထင်တယ်”
သူမ ပြောပြီးသည်နှင့် ပျောက်သွားကာ ချက်ချင်းပင် ယွိဟောက်၏ ဘေး တွင်ပေါ်လာလေသည်။ သူ မတုံ့ပြန်ခင်မှာပင် သူမသည် သူ၏ အဝတ်ကိုဆုပ် ကိုင်ပြီး လွှင့်ပစ်လိုက်သည်။ ထို့နောက် သူမသည် ဆန်းကျီဘက်သို့သွားပြီး သူ့ ကို ခြံဝန်းထဲသို့ ကန်လိုက်သည်။
အပြင်မှ အစောင့်များသည် ယွိဟောက် လွင့်လာသည်ကို မြင်သောအခါ သူ့ကို အမြန်ဖမ်းကြသည်။ ရှီမာယူယူ ပေါ်လာသည်ကိုမြင်သောအခါ ချက်ချင်း ပင် သူမကို ဝိုင်းလိုက်ကြသည်။
“မင်းကများ မင်းသားလေးကို ထိရဲတာလား အသက်မရှင်ချင်တော့ဘူး ထင်တယ်” တပ်သားတစ်ယောက်သည် ရှီမာယူယူကို အော်လေသည် “မင်းသားလေးရဲ့ ကိုယ်ရံတော်တစ်ယောက်အနေနဲ့ မင်းကိုဖမ်းပြီး တစ္ဆေ ကြင်ယာတော်ကို ဆက်သမယ်”
“ငါက သူ့အစ်မပဲ သူ့ကိုရိုက်တာက ဒီမျိုးဆက်ကြားက ပဋိပက္ခလေး ဖြစ် ရုံတင်ပဲ.. မင်းတို့က အစောင့်တွေ ငါက မင်းသမီး.. မင်းတို့ ငါ့ကိုဆန့်ကျင်ရဲရင် မင်းတို့ရဲ့ အထက်လူကြီးကို ပြစ်မှားတာပဲ” ရှီမာယူယူ နှာမှုတ်လေသည် “မင်း တို့စမ်းကြည့်ချင်တာ သေချာလား”
ထိုသို့ပြောလိုက်သောအခါ အစောင့်များသည် တုန်လှုပ်သွားသည်။ သို့သော် တစ္ဆေကြင်ယာတော်မှ အပြစ်ပေးတော့မည်ကို တွေးမိလိုက်သည်နှင့် တုန်ယင်ပြီး ချွေးအေးများပျံလာသည်။
ပြီးခဲ့သည့်တစ်ခေါက် မင်းသားလေးမှ နန်းတော်အပြင်သို့ထွက်ပြီး ကစား ရုံသာဖြစ်သော်လည်း နန်းဆောင်အတွင်းမှ လူများအားလုံး အသတ်ခံလိုက်ရ သည်။ သည်တစ်ကြိမ်တွင် မင်းသားလေးသည် သူတို့ ကာကွယ်မှုအောက်၌ပင် ထိခိုက်သွားသည်။ တစ္ဆေကြင်ယာတော်က သူတို့ကို အလွတ်ပေးပါ့မလား။
အဖြေမှာ သေချာပေါက် မပေးနိုင်ပေ။ ထိုအချိန်တွင် တစ္ဆေကြင်ယာ တော်သည် သူတို့ မျိုးနွယ်တစ်ခုလုံးကိုပင် ရှင်းပစ်နိုင်သည်။ သူတို့သည်လည်း ထိုနေရာတွင်ပင် သေသွားမည်။
“ပြစ်မှားမိလို့တောင်းပန်ပါတယ် မင်းသမီး” တပ်သားများသည် ပြောရင်း နှင့် ရှီမာယူယူကို တိုက်ခိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် ရှီမာယူယူသည် သူတို့ဝိုင်းထားသည်မှ ဖောက်ထွက်ရာ သူတို့သည် ပစ်မှတ်ပျောက်သွားသည်။ သူတို့ ပြန်တိုက်ခိုက် ချိန်တွင် သူမ ပျောက်သွားကာ သည်တစ်ကြိမ်တွင် ခေါင်မိုးထပ်တွင် ပြန်ပေါ် လာသည်။
“ကောင်မ မင်းပုန်းနိုင်မယ်လို့ထင်နေလား မြန်မြန် သူမကို အသေရရ အရှင်ရရ ဖမ်းလိုက်” ယွိဟောက်သည် အစောင့်တစ်ယောက်၏ တင်ပါးကို ကန်ပြီး သူမနောက်သို့လိုက်ရန် တိုက်တွန်းလိုက်သည်။
“မင်း အဲဒီမှာပဲနေဖို့ အကြံပေးလိုက်မယ်” ရှီမာယူယူသည် ခေါင်းမိုးပေါ် တွင်ရပ်လိုက်သည် “ငါသာ မင်းဆိုရင် ပုန်းစရာနေရာရှာမိမှာပဲ”
“ဟားဟား ငါတို့ကို ငတုံးတွေလို့ထင်နေလား မင်းကို ကြောက်လို့ ပုန်းရ အောင်က.. မင်းကိုယ်မင်း.. ဘာလုပ်တာလဲ” ယွိဟောက် စကားမဆုံးခင်မှာပင် ဘေးဒုက္ခတိမ်တိုက်များ သူ့အထက်တွင် စုစည်းလာသည်ကို မြင်လိုက်ရသည်။ သူသည် ကြောက်လွန်းသဖြင့် အသံပင်မထွက်နိုင်တော့ပေ။