← Chapters

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း(၇၆) ဝမ်ကွေ့ဂိုဏ်း… ဖျက်ဆီးခံခဲ့ရပြီ

လူအားလုံးဆင်းလာကြပြီးနောက်၊ ရွှယ်အန်းသည် အဝေးရှိ ယွင်မန်ရေကန်ကို ညွှန်ပြလိုက်သည်။

“အခုအချိန်ကစပြီး မင်းက ဒီကန်မှာနေရမယ် ကြားလား”

ကျောက်လုံက ခေါင်းညိတ်၍ ကောင်းကင်ယံသို့ ပျံတက်ကာ၊ ကန်ထဲသို့ထိုးဆင်းသွားသည်။ ယွင်မန်ရေကန်သည် ကျယ်ပြောလှသည်မဟုတ်သော်လည်း ထိုသိူ့နဂါးတစ်ကောင်အတွက်မူ နေရာကျယ်သေးသည်။ ထို့အပြင် ရွှယ်အန်းသည် ဤနေရာကို ပြုပြင်မွမ်းမံထားခြင်းဖြစ်သဖြင့်၊ ယွင်မန်ကန်ရှိ ဝိဉာဥ်စွမ်းအင်သည် ရေနက်ကန်ထက်ပင် ပိုမိုထိုထပ်၏။ ကျင်းလုံသည် ပျော်ရွှယ်စွာဖြင့် ကန်ထဲတွင် လှည့်ပတ်နေပြီးနောက်၊ ကန်ခြေသို့ နစ်မြုပ်သွားခဲ့သည်။

ရွှယ်အန်းက ပြုံး၏။ တကယ်တမ်းတွင် ဤရွှေနဂါးကြီးသည် ယခုအခါမှ အသွင်ပြောင်းခဲ့ခြင်းဖြစ်ကာ၊ နတ်အတတ်များ မကျွမ်းကျင်သေးသော်လည်း ကျွမ်းကျင်လာပါက၊ သူ၏ ပုံစံကို လျှော့ချ၍ အခြားသတ္တဝါများအဖြစ်ပင် ပြောင်းလဲပစ်နိုင်လိမ့်မည်ဖြစ်သည်။ မှန်သည်။ အကယ်၍ ၎င်းသည်သာ လူသားပုံစံသို့ ပြောင်းလဲချင်ပါက ဆယ်စုနှစ်ပေါင်းများစွာရှည်ကြာမည့် ကြမ်းတမ်းသော ကျင့်ကြံမှုတစ်ခု လိုအပ်မည်ဖြစ်သည်။

တံခါးကို ဖွင့်လိုက်သောအခါ၊ ထန်ရွှမ်အာသည် ညအိပ်ဝတ်စုံဝတ်၍ အိပ်ချင်နေသော မျက်လုံးများဖြင့် ထွက်လာသည်။ ရွှယ်အန်း မကြာမီပြန်လာလိမ့်မည်ဟု သူမမမျှော်လင့်ထားပေ။ သို့သော် အန်းချင်က ထန်ရွှမ်အာကို မြင်လိုက်ရသည်နှင့် သူမ၏ အမူအရာသည် ရုပ်ဆိုးသွားရ၏။

“ဘာ,...ဒါက ဘာကိစ္စလဲ”

“သူငယ်ချင်း” ရွှယ်အန်း၏ အမူအရာသည် ထူးမခြားနားလှပေ။

“သူငယ်ချင်းလား”

ရွှယ်အန်းက ညင်သာစွာခေါင်းညိတ်၍ တည်ငြိမ်စွာပြောသည်။

“အတိအကျပြောရရင် သူက ရွှယ်ရှန်းနဲ့ ရွှယ်နျန်တို့ကို စောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးရှင်ပဲ”

အန်းချင်သည် သူမ၏ စကားများကို ပြန်လည်မြိုချ၍ ထန်ရွှမ်အာအ‌ပေါ်သို့ သူမ၏ အကြည့်များသည်လည်း ပြန်လည်ပျော့ပြောင်းသွားသည်။

“မင်္ဂလာပါ၊ ကျွန်မနာမည်က အန်းချင်ပါ။ ကျွန်မက ရှန်းရှန်းနဲ့ နျန်နျန်တို့ရဲ့အဒေါ်ပါ”

ထန်ရွှမ်အာက ခေါင်းညိတ်လိုက်သည်။

“ကျွန်မက ထန်ရွှမ်အာပါ”

အန်းချင်၏ နောက်သို့ လိုက်လာကြသော အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားကြသည့် ယောက်ျားများသည်မူ၊ ချင်းမန်မြို့သို့ ရောက်ရှိနေစဥ်တည်းက ကြိုတင်ထွက်ခွာသွားပြီဖြစ်သည်။ အန်းချင်သည် အင်မော်တယ်ဖီးနစ်တွင် ပါဝင်ခဲ့သော်လည်း သူမသည် ပြင်ပအဖွဲ့ဝင်တစ်ဦးသာဖြစ်၍ ဆင့်ခေါ်ခြင်းမရှိပါက တာဝန်အတွက် သတင်းပို့ရန် မလိုအပ်ကြောင်း ရှင်းလင်းစွာပြောကြားခဲ့သည်။ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ထိုညတွင် ထန်ရွှမ်အာနှင့် အတူအိပ်ရန်တောင်းဆိုခဲ့ကြသည်။

အရာအားလုံး ပြေလည်သွားပြီးနောက်၊ ရွှယ်အန်းသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ ထိုအချိန်တွင် အန်းချင်သည်လည်း ရောက်ရှိလာကာ၊ ရွှယ်အန်း၏ ဘေးတွင် ထိုင်လိုက်၏။

“ရှင့်ဖို့ရှင်တော့ ကောင်းကောင်းလုပ်နေတာပဲနော်၊ ဒီအိမ်ကြီးက တော်တော်တန်ဖိုးကြီးတယ်”

“ဒါက လက်ဆောင်ရထားတာပါ”

“ဒီလေးနှစ်အတွင်း ရှင်ဘယ်ရောက်နေခဲ့တာလဲ ဘာလို့ အဲ့အကြောင်း တစ်ခွန်းမှမပြောတာလဲ”

အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်၊ ရွှယ်အန်းက သက်ပြင်းတစ်ချက်ချ၍ ပြောသည်။

“ငါမင်းကို ပြောရင် မင်းငါ့ကို ယုံမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းအစ်မကို အရှက်သိက္ခာကျစေတဲ့ ကိစ္စတစ်ခုမှ ငါမလုပ်ဘူးဆိုတာတော့ မင်းစိတ်ချပါ”

အန်းချင်က ခေါင်းညိတ်သည်။

“ရှင်လုပ်လုပ် မလုပ်လုပ် ဒါက ရှင့်အသိစိတ်ပေါ်ပဲ မူတည်ပါတယ်။ ဒါပေမယ့် ကျွန်မ အခု ပေကျန်းကို မပြန်သေးဖို့ ဆုံးဖြတ်ထားပြီ”

“ကျွန်မရှင့်ကို မျက်စိဒေါက်ထောက်ကြည့်နေဖို့လိုတယ်။ ကျွန်မအစ်မပြန်မလာခင်အထိပေါ့” အန်းချင်က ပြင်းထန်စွာပြောသည်။

သို့သော် သူမ၏ အသွင်အပြင်သည် အလယ်တန်းကျောင်းသားတစ်ယောက်နှင့်တူ၏။ မည်မျှပင် ပြင်းထန်နေစေကာမူ၊ သူမ၏ ခပ်ဖောင်းဖောင်း နှင်းဆီရောင်ပါးပြင်များသည် ခြိမ်းခြောက်မှုအရိပ်အရောင် ကင်းမဲ့စေသည်။

ရွှယ်အန်းက ရယ်မော၍ ပြောလိုက်သည်။

“ငါကတော့ အဆင်ပြေပါတယ်”

ထိုအချိန်တွင် လူဆိတ်ညံသော တောင်တန်းတစ်နေရာ၌ အနက်ရောင် ယဇ်ပုလ္လင်အောက်တွင် သက်ကြီးရွယ်အို ဒါဇင်ပေါင်းများစွာ ဒူးထောက်နေကြသည်။ ဦးခေါင်းခွံတုတ်ကိုကိုင်ဆောင်ထားသည့် ရှေ့ဆုံးမှသူ၏ မျက်လုံးများတွင် တစ္ဆေမီးနှစ်ခု တောက်လောင်နေပုံပေါ်၍ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

“မုချီ သေပြီ၊ သူ့ဝိဉာဥ်ဖျက်ဆီးခံလိုက်ရပြီ၊ ငါတို့ ဝမ်ကွေ့ဂိုဏ်းက ဒီလိုမျိုး အရှက်ခွဲခံရတာမျိုး တစ်ခါမှ မကြုံဖူးဘူး။ ဒါ့ကြောင့် ချီအတွက် လက်စားချေပေးဖို့ ငါတို့ ဝမ်ကွေ့ဂိုဏ်းက သေမျိုးကမ္ဘာကို ပြန်ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီ” အဘိုးကြီးတစ်ဦးထဲမှ တစ်ယောက်က ဒေါသတကြီးအော်လိုက်သည်။

သူသည် ဝမ်ကွေ့ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ မုချီ၏ ဖခင် မုချန်ဖြစ်သည်။

“ဟုတ်ကဲ့ပါ” အောက်မှလူများက ပြင်းထန်စွာတုံ့ပြန်ကြသည်။

“ယဇ်ပူဇော်ကြ” မုချန်က အမိန့်ပေး၏။

လည်ပင်းသို့ လှီးဖြတ်ခံရတော့မည့် မိန်းကလေးငယ်များစွာသည် ယဇ်ပုလ္လင်သို့ တွန်းချခံလိုက်ကြရသည်။ ထို့နောက် ယဇ်ပုလ္လင်အောက်မှ အနက်ရောင်မြူခိုးများ လွင့်ပျံ့လာကာ၊ ဂူကြီးတစ်ခုလုံး တုန်ခါလာသည်။

မုချန်က အလွန်ဝမ်းသာလျက်၊ အားပါးတရပြောလိုက်သည်။

“တစ္ဆေနယ်မြေရဲ့ အကြီးအကဲတွေက ငါတို့ ဝမ်ကွေ့ဂိုဏ်းဒုက္ခရောက်နေတာကို စာနာလို့ အကူအညီပေးဖို့လာတာများလား”

သူက ဤသို့ပြော၍ ဒူးထောက်ကာ၊ အောက်သို့ အဆက်မပြတ်ငုံ့ကြည့်ထား၍ သတိကြီး၊ လေးနက်သောအမူအယာကိုဆောင်၏။

ထိုအချိန်တွင် ယဇ်ပုလ္လင်မှတစ်ဆင့် တစ္ဆေဘုရင်တစ်ပါးပေါ်ထွက်လာရာ၊ ရေနက်ကန်ထဲမှ ထွက်လာခဲ့ဖူးသည့် တစ္ဆေဘုရင်မှတပါးအခြားသူမဟုတ်ပေ။ တစ္ဆေဘုရင်ကို မြင်လိုက်ရသောအခါ၊ မုချန်သည် ပို၍ပင် ဝမ်းသာသွားရသည်။

“အရှင်တစ္ဆေဘုရင်ကြီး ကိုယ်တော်ကိုယ်တိုင် သေမျိုးလောကကို ကြွရောက်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်မျိုးတို့ရဲ့ ဝမ်ကွေ့ဂိုဏ်းကို ကြီးမားတဲ့ ကံဆိုးမှုကြီးတစ်ခု ကျရောက်ခဲ့တယ်။ တစ်ယောက်ယောက်က ကျွန်တော့်သားကို သတ်ပြီး သူ့ဝိဉာဥ်ကို ချေမှုန်းပစ်လိုက်တယ်။ အရှင် တစ္ဆေဘုရင်ကြီးခင်ဗျာ၊ ကျွန်တော်မျိုးတို့ကို အကူအညီပေးတော်မူပါ”

တစ္ဆေဘုရင်သည် ဝပ်တွားနေသော ဝမ်ကွေ့ဂိုဏ်းသားများကို ဆိုးရွားသော အကြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။

“မင်းက ဝမ်ကွေ့ဂိုဏ်းရဲ့ခေါင်းဆောင်လား”

မုချန်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလာလိုက်သည်။

“သခင်တစ္ဆေဘုရင် ကျွန်‌တော်မျိုးက တကယ်ပဲ ဝမ်ကွေ့ဂိုဏ်းရဲ့ခေါင်းဆောင်ပါ။ ကျွန်တော်မျိုး အရှင့်ကို ပူဇော်ပေးတဲ့ ယဇ်ကောင်တွေကို အမြဲတာဝန်ယူလုပ်ကိုင်ပေးခဲ့တာပါ”

ဤသို့ပြောကာ၊ မုချန်၏ မျက်နှာထက်တွင် ဖော်ရွေသောအပြုံးတစ်ခုပေါ်လာသည်။ တစ္ဆေဘုရင်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက်၊ ရုတ်တရက် ပြင်းထန်စွာဖြတ်ရိုက်လိုက်သည်။ မုချန်သည် လှိုဏ်ခေါင်းနံရံသို့ တည့်တည့်တိုးဝင်၍ မှိုအဖြစ်သို့ ကပ်သွားကာ၊ ပြန်ခွာရန် မဖြစ်နိုင်တော့ပေ။

ဤမြင်ကွင်းသည် ဂူထဲရှိလူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

ထိုအခါ တစ္ဆေဘုရင်သည် ဒေါသအမျက်အပြည့်ဖြင့် ပြော၏။

“မင်းတို့ မျက်ကန်းလူမိုက်တွေ။ အင်မော်တယ်အရှင်ကို ရန်စပြီး ငါ့ကို သေတွင်းပို့နေကြတာ။ အခု မင်းတို့အတွက် လက်စားချေပေးဖို့ မမျှော်လင့်နေတာလား။ ဟမ် မင်းတို့သေမျိုးလောကမှာ ဆက်ပြီးရှိနေဖို့ မလိုတော့ဘူးလို့ထင်တယ်”

ဤသို့ပြော၍ တစ္ဆေဘုရင်က သူ၏လက်ကို ဆန့်တန်းလိုက်သောအခါ၊ ဝိညာဉ်ဆိုးများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လေပြင်းတိုက်လာသည်။

ဝမ်းနည်းပူဆွေးမှုများသည် ဥမင်တစ်ခုလုံးကို ပြည့်လျှံသွား၍ သားသတ်ရုံအဖြစ် ပြောင်းလဲသွားသည်။

တစ်ခဏအကြာတွင် လူတိုင်းသေဆုံးသွားပြီးနောက်၊ ၎င်းတို့၏သွေးများသည်လည်း နေရာတိုင်းသို့ ပြန့်ကျဲသွားသည်။ တစ္ဆေဘုရင်သည် အေးစက်စွာ ဟစ်အော်လိုက်ပြီး ခြေထောက်တစ်ချက်ဆောင့်လိုက်သောအခါ၊ အလောင်းများမှ မရေမတွက်နိုင်သော အလင်းအမှုန်အမွှားများ ထွက်ပေါ်လာသည်။

မုချန်၏ ဝိညာဉ်သည် ၎င်းတို့တွင် အသန်မာဆုံးဖြစ်သဖြင့်၊ ၎င်းသည် တစ္ဆေဘုရင်ဆီသို့ ပျံသန်းသွားကာ၊ ဆက်လက်၍ အသနားခံခဲ့သည်။

“အရှင်ဝိဉာဥ်ဘုရင်၊ ဘာကြောင့် ကျွန်တော်မျိုးတို့ ဝမ်ကွေ့ဂိုဏ်းကို လုပ်ကြံရတာလဲ။ ဝိညာဉ်ဘုံကို ကျွန်တော်မျိုးတို့ မကြာခဏ ယဇ်ပူဇော်ပေးတာ အရှင်သိတယ်မလား”

"တိတ်စမ်း" တစ္ဆေဘုရင်က အော်လိုက်သည်။

“ဒီယဇ်ပူဇော်မှုက မင်းတို့ဆန္ဒအလျောက်ပဲ၊ အဲ့အပြင် မင်းတို့က မနှောက်ယှက်သင့်တဲ့လူကို နှောက်ယှက်ခဲ့တယ်။ ဒါကို မင်းငါ့ကို အပြစ်တင်လို့ မရဘူး။ အခုလာကြ၊ မင်းတို့အားလုံး ငါ့နောက်ကို လိုက်ကြရလိမ့်မယ်၊ သေမျိုးလောကမှာ မင်တို့အတွက် နေရာမရှိတော့ဘူး"

ထို့နောက်၊ သူသည် သူတို့၏ ငိုကြွေးခြင်းကို ဂရုမစိုက်ဘဲ အလင်းအမှုန်အမွှားများကို ဖမ်းကိုင်ကာ ဝိညာဉ်ဘုံသို့ တိုက်ရိုက်ပြန်သွားခဲ့သည်။ ဝိညာဉ်ဘုံသို့ဝင်ရောက်သောအခါ၊ ဤဝိညာဉ်များသည် သနားစရာအကောင်းဆုံးကံကြမ္မာဖြင့် ကျွန်များဖြစ်သွားပေလိမ့်မည်ဖြစ်သည်။ တစ်ဖက်တွင်မူ၊ တစ္ဆေဘုရင် ထွက်ခွာသွားပြီးနောက် လှုဏ်ဂူသည် အစိတ်စိတ်အမြွှာမြွှာပြိုကျကာ အသုံးမဝင်တော့ပေ။

ဤသို့ဖြင့် တစ်ချိန်က အင်အားကြီး ဝမ်ကွေ့ဂိုဏ်းသည် လုံးဝချေမှုန်းခံလိုက်ရ၏။

မလေးရှားမြို့၏ တရုတ်တန်းတွင်ဖြစ်သည်။

ထိုနေ့က ယွီလင်နှင့်အတူ လက်ဖက်ရည်သောက်နေသော လူကြီးသည် ယခု ကုလားထိုင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။

အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူသည် သူ့ဘေးနားရှိလူကို ပြောလိုက်သည်။

“မင်း တစ်ခုခုတွေ့ပြီးပြီလား”

သူ့ဘေးက လူတစ်ယောက်က ပြန်ဖြေ၏။

“အကြီးအကဲ၊ ဒီလူက ကျုံးတုမြို့က အန်းမိသားစုနဲ့ အဆက်အသွယ်ရှိပုံရတယ်၊ ဒီအချက်ကလွဲရင် သူက သာမန်လူတစ်ယောက်ပဲ”

“အန်းမိသားစုလား” အဘိုးကြီးက သူ့ဘာသာရေရွတ်လိုက်ပြီးနောက်၊ အမူအရာသည် တဖြည်းဖြည်းလေးနက်လာသည်။ သူသည် မလေးရှားနိုင်ငံရှိ ထန်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ဟန်ကျွင်းဖြစ်သည်။ မလေးရှားနိုင်ငံတွင် ထန်ဂိုဏ်းသည် တရုတ်အသိုင်းအဝိုင်းကြားမှ အဓိကအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ယွီလင်နှင့်သူ သိကျွမ်းခဲ့ရခြင်းမှာ ယွီလင်သည် တစ်ချိန်က ထန်ဂိုဏ်း၏ တစ်စိတ်တစ်ဒေသဖြစ်ခဲ့ဖူးသောကြောင့်လည်းဖြစ်သည်။ သို့သော် ယွီလင်သည်နောက်ပိုင်းတွင် သိုင်းပညာကို အာရုံစိုက်လိုသောကြောင့် ထန်ဂိုဏ်းမှထွက်ခွာသွားခဲ့သည်။

သို့သော် အနှစ်သုံးဆယ်ကြာပြီးနောက်တွင် သူသည် ဟွာရှားလောကတွင် နာမည်ပင် မကြားခဲ့ဖူးကြသည့် လူငယ်တစ်ဦး၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားရလိမ့်မည်ဟု မည်သူက ထင်လိမ့်မည်နည်း။

သိုင်းပညာပြိုင်ပွဲသည် ရိုက်ကူးမှတ်တမ်းတင်ခြင်းအတွက် ကန့်သတ်တားမြစ်ချက်များချမှတ်ထားသောကြောင့် ချောင်ကြိုချောင်ကြားမှ လျှို့ဝှက်ရိုက်ကူးထားသော ဓာတ်ပုံအချို့ကိုသာတွေ့ခဲ့ရသည်။ သို့သော်မျက်မြင်သက်သေများ၏ မှတ်တမ်းများကို အခြေခံ၍ ဤရွှယ်အန်းသည် သာမန်လူမဟုတ်ကြောင်း သူသိထားသည်။ မလေးရှားနိုင်ငံတွင်ရှိနေခြင်းကြောင့် သူ့သူငယ်ချင်းအတွက် လက်စားချေရန်မဖြစ်နိုင်ပေ။

‘ဒီအတိုင်းထားလိုက်ရမလား’

အချိန်ခဏတာတိတ်ဆိတ်သွားပြီးနောက်၊ ဟန်ကျွင်းက ပြောသည်။

‘လင်နျန်ကို တစ်ယောက်ယောက်ကိုလွှတ်လိုက်ၑ

“လင်နျန်က ယွီမိသားစုကို ပြောလိုက်ပါ၊ သူတို့မိသားစုဝင်ကို သတ်ခဲ့တဲ့လူက သိုင်းပညာပြိုင်ပွဲမှာ ကျော်ကြားလာတဲံ ဒီရွှယ်အန်းပဲလို့”

“ဟုတ်ကဲ့”

အခန်း(၇၇) တကယ်အရသာရှိတယ်

နွေဦးလေနွေးနွေးသည် မငြိမ်သက်သော နွေဦး၏အငွေ့အသက်များ ပြည့်နှက်လျက်၊ သူမ၏မျက်နှာသို့ လာရောက်ရိုက်ခတ်လျက်ရှိသည်။ ဤနွေဦး ညနေခင်းတွင် နံပါတ်တစ်ရှန်ဗီလာရှေ့၌ မိသားစုတစ်စုသည် အသားကင်စားရန်ပြင်ဆင်နေ၏။

အသစ်စက်စက်သောအကင်များကို အကင်ချောင်းများဖြင့် သပ်ရပ်စွာစီရီ၍ အထက်တွင်တင်ထားသည်။ ရွှယ်အန်းသည် အကင်များရှေ့တွင် ဟင်းခတ်အမွှေးအကြိုက်များကို မကြာခဏ ဖြန်းပက်လေ့ရှိသည်။ သူ၏ လှုပ်ရှားမှုများသည် တိမ်များနှင့် စီးဆင်းနေ‌သော ရေများကဲ့သို့ ချောမွေ့နေသည်။ အသားကင်၏ မွှေးရနံ့သည် လေထဲသို့ တဖြည်းဖြည်း ပျံ့လွင့်လာသည်။ ဟိုးအဝေးဘက်ဆီမှ ရွှယ်ရှန်း၊ နှင့် ရွှယ်နျန်တို့သည် ရုပ်ဆိုးဆိုးခွေးပုမျိုးလေးနှင့်အတူ၊ မြေပြင်ပေါ်တွင် ထိုင်လျက် စောင့်ဆိုင်းနေကြသည်။ အန်းချင်နှင့် ထန်ရွှမ်အာတို့သည် နံဘေးတွင်နေ၍ အသားများလှီး၍ အကင်ချောင်းများပြင်ဆင်ပေးနေကြသည်။ အစပိုင်းတွင် အန်းချင်က ဤသို့ မလုပ်ချင်ခဲ့သော်လည်း အသားကင်၏ ဆွဲဆောင်မှုကို မခံနိုင်တော့ပေ။ အလုပ်မလုပ်ပါက မစားရဘူးဟု ရွှယ်အန်းက ပြောထားခဲ့သည်။ ယခုမူ၊ အခြားရွေးချယ်စရာမရှိသဖြင့်၊ အန်းမိသားစုကြီး၏ ဒုတိယသမီးဖြစ်သူသည်လည်း တွန့်ဆုတ်စွာ ကူညီပေးနေရပြီဖြစ်သည်။

ရံဖန်ရံခါတွင် သူမသည် အကင်အိုးပေါ်ရှိ ရွှေညိုရောင်ပြောင်းနေသော စွဲမက်ဖွယ်ကောင်းစွာ မွှေးရနံ့များ လှိုင်လှိုင်ထနေသည့် အကင်တုတ်ထိုးများကို ခိုးကြည့်လေ့ရှိသည်။ ဤသည်မှာ ယခင်က အသားကင်မစားဖူးသောကြောင့်မဟုတ်ပေ။ ကျုံးတုမြို့တွင် သူမလိုချင်ပါက ဆယ်မိနစ်အတွင်း ကမ္ဘာ့အဆင့်မီ အသားကင်ဆရာများက သူမအတွက် အကောင်းဆုံးပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသော အကင်များကို ဆယ်မိနစ်အတွင်း ဆက်သပေးလိမ့်မည်ဖြစ်သည်။ သို့သော် ထိုအရသာရှိလှသည်ဟူသောအရာများသည် ရွှယ်အန်း၏ အသားကင်များနှင့်နှိုင်းယှဥ်ပါက အရောင်ဖျော့သွား၏။

သူမ ပထမဆုံးမြည်းစမ်းကြည့်လိုက်သောအခါ၊ အန်းချင်သည် အလွန်အံ့အားသင့်သွားရသည်။ ကမ္ဘာပေါ်တွင် ဤမျှထိအရသာရှိသော အသားကင်များ ရှိနေနိုင်လိမ့်မည်ဟု သူမမထင်ခဲ့ဖူးပေ။ ထို့ကြောင့် ရွှယ်အန်းသည် ဤမျှလောက် သာမန်ပါဝင်ပစ္စည်းများဖြင့် ဤမျှထိအရသာရှိလှသောအသားကင်ကို မည်သို့ ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သူမနားမလည်ပေ။

သူမ ယခင်က ရွှယ်အန်းကို မေးခဲ့သောအခါ၊ ရွှယ်အန်းက ဤသို့ရိုးရှင်းစွာဖြေကြားခဲ့၏။

“အဲ့တာက… သူတို့အသားကင်မှာ စိတ်ဝိဉာဥ်လုံးဝမရှိလို့လေ”

ဤအဖြေသည် အန်းချင်ကို လုံးဝအံ့သြစေခဲ့သည်။

ဘာဘီကျူးစားခြင်းသည် စိတ်ဝိဉာဥ်ရှိရန်လိုအပ်ပါသလော။ တကယ်တမ်းတွင် ရွှယ်အန်းသည် အသားကင်ရာ၌ အသုံးပြု‌သောမီးကို စစ်မှန်သော ယွမ်စွမ်းအင်များဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ရာ၊ ဤလောက၌ ဒုတိယတစ်ခု ရှာမတွေ့နိုင်သောအရာဖြစ်သည်။

မီးဖိုရှိ မီးသွေးကို ရှားပါးသစ်သားမျိုးစုံဖြင့် ပြုလုပ်ထားသောကြောင့် ပညာရှင်တိုင်း ဝမ်းနည်းကြေကွဲ၍ ၎င်းကို အပြစ်ရှိသော ဖြုန်းတီးမှုတစ်ခုဟု ကောက်ချက်ချကြပေလိမ့်မည်ဖြစ်သည်။ အရေးအကြီးဆုံးအရာမှာ၊ အသားကင်နေစဥ်တွင် ရွှယ်အန်း၏ အတွင်းစွမ်းအားများဖြင့် အသားများကို တုန်ခါနေစေခြင်းဖြစ်ရာ၊ ယင်းက ဤလုပ်ငန်းစဥ်အတွင်းတွင် အရသာများကို ပိုမို နက်ရှိုင်းစွာ စုပ်ယူစေနိုင်သည်။

ဤသို့သောအခြေအနေမျိုးတွင် မည်သူများက ပြိုင်နိုင်လိမ့်မည်နည်း။

ပထမဆုံးအကင်များ အဆင်သင့်ဖြစ်သောအခါ၊ ရွှယ်အန်းက သူ့သမီးနှစ်ယောက်ကို ဦးစွာပေးခဲ့သည်။ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့၏ မျက်နှာများသည် ၎င်းကိုစားပြီးနောက်၊ ဆီများဖြင့် လိမ်းကျံထားသကဲ့သို့ ပေပွသွားသည်။

ပီကင်းအမျိုးအသားခွေးပုလေးသည်မူ၊ ပြုတ်ကျလာမည့်အသားစများကို ဖမ်းမိရန် စိတ်အားထက်သန်စွာစောင့်ကြည့်နေသည်။

ရွှယ်အန်းက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

“မင်းက နဂါးတစ်ကောင်ဖြစ်ရမှာ၊ ဒါပေမယ့် မင်းဘယ်လောက်တောင် ရည်မှန်းချက်မရှိလဲဆိုတာ ကြည့်စမ်း”

အမှန်စင်စစ် ဤအရုပ်ဆိုးသော ပီကင်းခွေးလေးသည် လက်သည်းငါးချောင်းရှိသော ရွှေနဂါးကြီး၏ အသွင်ပြောင်းပုံစံပင်ဖြစ်သည်။ ယွင်မန်ရေကန်အတွင်း ရက်အနည်းငယ်ကြာနေထိုင်ပြီးနောက်၊ ကျောက်လုံသည် ဤပီကင်းခွေးအဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်။ ထို့အပြင် ၎င်းသည် အစားအသောက်ကောင်းများစားရရန်အတွက် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့အနောက်သို့ အရှက်မရှိ လိုက်နေခဲ့သည်။

“ပါပါး ရှောင်ရှက အရမ်းချစ်ဖို့ကောင်းပါတယ်၊ အဲ့အကြောင်း အဲ့လိုမပြောပါနဲ့” ရွှယ်ရှန်းက သူမစားလက်စ အကင်ချောင်းကို ပစ်ချ၍ ပြောလိုက်သည်။ ရှောင်ရှသည် ၎င်းကို ချက်ချင်းဖမ်း၍ တံကျင်ရှိအသားကျန်များကို လောဘတကြီးလျှာဖြင့်လျက်ကာ၊ ကျေနပ်စွာဖြင့် ပလုတ်ပလောင်းသံများထွက်လာသည်။ ထိုအချိန်တွင် ဤရွှေနဂါးကြီး၏ စိတ်ထဲတွင်မူ ငိုကြွေးဟိန်းဟောက်နေ၏။

နှစ်ပေါင်းငါးရာတိုင်တိုင်၊ နေ့စဥ်နေ့တိုင်း ငါးရှာ၍ တောင်များပေါ်တွင် နေထိုင်ခဲ့ရာ၊ ယနေ့ ကမ္ဘာပေါ်တွင် ဤသို့အရသာရှိသောအစားအစာမျိုးရှိနေကြောင်း အခုအချိန်မှသိလိုက်ရသည်။

‘ဒီအကင်တွေကို စားရဖို့အတွက် အခုအချိန်ကစပြီး ငါက ငါ့သခင်မလေးတွေအတွက် သစ္စာရှိတဲ့ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ဖြစ်ရမယ်”

တကယ်ပင်၊ ထိုအခိုက်အတန့်တွင် ရွှယ်ရှန်းက လက်ခုပ်တီးလိုက်သည်။

“ရှောင်ရှ၊ ပါပါးကြည့်ဖို့ လက်တန်းပြ”

ပါးစပ်ထဲတွင် အကင်တုတ်ကို ကိုက်ထားသော ရှောင်ရှသည် တုံ့ဆိုင်းခြင်းအလျင်းမရှိ၊ ချက်ချင်းပင်မတ်တပ်ရပ်၍ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့၏ရှေ့သို့လျှောက်လာသည်။ ကလေးမလေးနှစ်ယောက်သည် သရုပ်ကိုကြည့်၍ ရယ်မောလိုက်ကြ၏။ ရွှယ်အန်းသည် ဤသည်ကိုကြည့်၍ စိတ်ထဲတွင် ကြည်နူးမှုနှင့် ထိတ်လန့်မှုတို့ကို ရောထွေးစွာခံစားလိုက်ရသည်။

‘ဒါကဘာလဲ၊ အသားကင်တစ်ချောင်းအတွက် နဂါးဂုဏ်သိက္ခာကို ရောင်းစားနေတာလား’

ထို့နောက် ချင်းယွီရောက်လာ၏။

ကားပေါ်မှဆင်းသက်လာသည်နှင့် သင်းပျံ့သော ရနံ့ကို ရလိုက်ရသဖြင့် သူမ၏ မျက်လုံးများတောက်ပဿွားသည်။

“အနံ့အရမ်းကောင်းတယ်”

ထို့နောက် အကင်ကင်နေသော ရွှယ်အန်းကိုကြည့်၍ သူမက ပြုံးလျက်ဆိုသည်။

“မစ္စတာရွှယ်၊ ရှင့်မှာဒီလိုအရည်အချင်းတွေရှိနေလိမ့်မယ်လို့ ကျွန်မမထင်ထားဘူး”

ရွှယ်အန်းက အနည်းငယ်ပြုံး၍ ကင်ထားလက်စ ကြက်တောင်ပံတစ်ချောင်းကို ပေးလိုက်သည်။

“မြည်းကြည့်မလား”

ချင်းယွီသည် ခဏတာမျှ တုံ့ဆိုင်းသွားသော်လည်း ယင်းကို ယူလိုက်သည်။ သူမ၏ ပါးစပ်သို့ ထိလိုက်သောအခိုက်အတန့်၌ပင်မျက်လုံးများ ပြူးကျယ်သွားရ၏။

“အရသာဘယ်လိုနေလဲ”

ချင်းယွီသည် ကျန်သော ကြက်တောင်ပံများကို အားပါးတရဆက်လက်စား၍ သက်ပြင်းချကာ ပြောလိုက်သည်။

“ဒါစားပြီးရင် အခြားအသားကင်တွေမစားနိုင်တော့ဘူးထင်တယ်”

ထိုအချိန်တွင် အန်းချင်က မကျေမနပ်ဖြစ်၍ ဝင်ပြောသည်။

“ဘာလို့ အလုပ်မလုပ်ဘဲ သူကျစားလို့ရတာလဲ”

“စကားဆက်ပြောနေရင် မင်း အကျန်တောင် စားရတော့မှာမဟုတ်ဘူး”

အန်းချင် ပါးစပ်ပိတ်သွား၏။ သူမသည် သူ့အစ်မပြန်မလာခင်အထိ နာကြည်းမှုကို တိတ်ဆိတ်စွာတောင့်ခံရန် ရည်ရွယ်ထားသည်။

ထိုအချိန်တွင် ချင်းယွီသည် ပြုံးလျက်၊ စတင်၍ အသီးအရွက်များနှင့် အသားများကို လှီးဖြတ်ရာတွင် ကူညီပေးခဲ့သည်။ ဤမြင်ကွင်းကို အခြားသူများသာမြင်ပါက၊ ၎င်းတို့အားလုံး၏ မျက်လုံးများ ပြူးထွက်၍ ပြုတ်ထွက်ကုန်ပေလိမ့်မည်ဖြစ်သည်။ ချင်းမိသားစု၏ အကြီးဆုံးသမီးဖြစ်သည့် လုံတိုင်အဖွဲ့၏ အငယ်တန်းဒါရိုက်တာသည် ဤနေရာတွင် လက်ထောက်တစ်ဦးကဲ့သို့အလုပ်ကို အမှန်တကယ်လုပ်ဆောင်နေခြင်းဖြစ်သည်။ အသားကင်များ အဆင်သင့်ဖြစ်ခါနီးသောအခါ၊ စားပွဲပေါ်သို့တင်၍ လူတိုင်းက အကင်ချောင်းများကိုစား၍ ဘီယာများသောက်ကြသည်။

“မစ္စတာရွှယ်၊ မနက်ဖြန်ကျရင် ကျွန်မတို့ လုံတိုင်အဖွဲ့က ဖက်ရှင်ရှိုးနဲ့ အတီဗတီတွေအများကြီးပါတဲ့ ပလာဇာအသစ်ဖွင့်ပွဲကျင်းပတော့မှာ။ ရှင့်သမီးလေးတွေကြည့်ဖို့ ခေါ်လာလို့ရတယ်”

အန်းချင်၏ မျက်လုံးများ တောက်ပလာသည်။

ဖက်ရှင်ရှိုးပွဲ။

၎င်းသည် ထိုနေရာ၌ လှပသောအဝတ်အစားများများစွာရှိသည်ဟု ဆိုလိုခြင်းမဟုတ်သလော။

အမျိုးသမီးများသည် မည်သည့်အချိန်တွင်မဆို စျေးဝယ်ခြင်းကို နှစ်သက်ကြသည်။

ထို့ကြောင့် ရွှယ်အန်းက ပြန်မဖြေခင် သူမက ဝင်ပြောလိုက်၏။

“အင်း အင်း ရှန်းရှန်း နျန်နျန် မနက်ဖြန်ကြရင် သမီးတို့ အဒေါက သမီးတို့ကို အပြင်ခေါ်သွားမယ်”

“အွန်း အွန်း” ပါးစပ်ထဲတွင် အသားများအပြည့်ဖြင့် ကလေးမလေးနှစ်ယောက်က ခေါင်းညိတ်ရုံသာညိတ်၍ ဆက်စားနေကြသည်။

“ဝါး ဒီပီကင်းလေးက အရမ်းထူးခြားတာပဲ” ရှောင်ရှကို တွေ့သောအခါ ချင်းယွီက အော်လိုက်သည်။

ရှောင်ရှသည် ချင်းယွီကို တစ်ချက်ကြည့်၍ သူမကို စိတ်မဝင်စားဘဲ၊ စိတ်အားထက်သန်စွာဖြင့် အကင်ချောင်းများကို ဆက်လက်ကိုက်စားနေသည်။

ချင်းယွီက သူမကိုင်ထားသော အကင်ချောင်းကို မြေပြင်ပေါ်သို့ ချပေးလိုက်၏။

“လာ.. ဒါလာစား”

ရှောင်ရှသည် ဂုဏ်သိက္ခာနှင့်အရသာကြားတွင် တွေးတော၍ ခဏတာမျှ တုံ့ဆိုင်းသွားပြီးနောက်၊ တစ်စက္ကန့်မျှစဥ်းစား၍ ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်သည်။

၎င်းသည် အမြီးကို ယမ်းခါလျက်၊ ချဥ်းကပ်လာကာ၊ အားပါးတရစားလိုက်သည်။

ချင်းယွီက ရှောင်ရှ၏ ခေါင်းကို ရယ်မော၍ ပွတ်သပ်ပေးလိုက်သည်။

“ချစ်စရာအကောင်လေး၊ မင်းတစ်ခုခုထူးခြားနေတာတော့ သေချာတယ်”

ရှောင်ရှ၏ ဇစ်မြစ်ကိုသိသော အန်းချင်နှင့်ကျန်သူများသည် အနည်းငယ်ချွေးထွက်လာကြသည်။ ဤအရာကို အမှန်တကယ်ပဲ ထူးခြားသည်ဟု ဖော်ပြ၍ ရနိုင်သလော။

မမျှော်လင့်ထားစွာဖြင့် ရှောင်ရှသည် ချင်းယွီကို ဒေါသအရိပ်အယောင်အနည်းငယ်မျှ မပြသဘဲ၊ ပွတ်သပ်ပေးသည်ကို ကျေနပ်နေပုံပေါ်သည်။ ရွှယ်အန်းသည်ပင်လျှင် ကိုယ်ကိုယ်ကိုယ် ချုပ်တည်းရန်ခက်လာသည်။ သူသည် လက်သည်းငါးခုရှိသော ရွှေနဂါးကြီးတစ်ကောင်ကို ကယ်တင်ခဲ့ခြင်းလော၊ အစားအသောက်ကို စွဲလမ်းနေသည့် ပီကင်းတစ်ကောင်ကို ကယ်တင်ခဲ့ခြင်းလော၊ ဝေခွဲမရတော့ပေ။

“သူ့နာမည်က ဘာလဲ”

“... အန်တီချင်း သမီးတို့က သူ့ကို ရှောင်ရှလို့ခေါ်တယ်” ရွှယ်ရှန်းကပြောသည်။

“ရှောင်ရှ …အင်း” ချင်းယွီသည် ထူးထူးခြားခြားအသွင်အပြင်ရှိသော ပီကင်းခွေးလေးကိုကြည့်၍ ခေါင်းညိတ်လိုက်သည်။

“နာမည်နဲ့တော်တော်လိုက်တာပဲ”

ရှောင်ရှသည် အကင်ချောင်းကို စားပြီးသည်နှင့် ခေါင်းမြှောက်၍ စိုစွတ်တောက်ပြောင်သော မျက်လုံးဝိုင်းကလေးများဖြင့် ချင်းယွီကို ကြည့်လိုက်သည်။

“အဲ့တာဘာလဲ”

“အန်တီချင်း အဲ့တာ အန်တီ့ကို အစာတောင်းနေတာ။ မပ့ညူလုူလညူ၊ တံခါးနားမှာထိုင်နေတဲ့ ပီကင်းခွေးတစ်ကောင် မျက်လုံးတွေက မည်းနက်တောက်ပြောင်နေပြီး အရိုးတောင်းနေတယ်” ရွှယ်နျန်က တခစ်ခစ်ရယ်၍ပြောလိုက်သည်။

ချင်းယွီက သဘောပေါက်သွားသဖြင့် နောက်တစ်ချောင်းပေးလိုက်သည်။

“လာလာ၊ ဦးညွတ်”

ရှောင်ရှ၏ မျက်လုံးများတွင် ဒေါသရောင် တဖျပ်ဖျပ်ခတ်သွားသည်။

နောက်ဆုံးတွင်မူ၊ သူသည် လက်သည်းငါးချောင်းပါသော ရွှေနဂါးကြီးဖြစ်၍ ဆန်းကြယ်သော သတ္တဝါများအကြားတွင် အမြင့်မြတ်ဆုံးသော ဂုဏ်သိက္ခာရှိ သတ္တဝါတစ်ကောင်ဖြစ်သည်။

‘ဒီမိန်းမ… အရမ်းလွန်သွားပြီ’

‘ဘာဖြစ်တာလဲ၊ မလိုချင်ဘူးလား’ ချင်းယွီသည် သူမ၏ လက်ထဲမှ အကင်ချောင်းကို လှုပ်ပြ၍ ပြောလိုက်သည်။

ထို့နောက်၊ လူတိုင်း ကြောင်အသွားရာ၊ ရှောင်ရှသည် သူ၏ ရှေ့ခြေထောက်များပေါ်တွင် မတ်တပ်ရပ်၍ စိတ်အားထက်သန်စွာ ဦးညွတ်နေတော့သည်။

ချင်းယွီသည် ကျေနပ်စွာဖြင့် အကင်ချောင်းကို ပစ်ချလိုက်သည်။

ရှောင်ရှက ၎င်းကို ပါးစပ်ဖြင့် ဖမ်း၍ ချင်းယွီကို လျစ်လျူရှု့၍ကြည့်ပြီးနောက် လှည့်ထွက်သွားသည်။

‘အင်း … ဒီအကင်ချောင်းတွေက အရမ်းအရသာရှိတယ်’

အခန်း(၇၈) မုယန်ချွမ်

လုံတိုင်ပလာဇာ။

၎င်းသည် ပေကျန်းမြို့၏အလယ်ဗဟိုချက်တွင် လုံတိုင်အဖွဲ့မှတည်ထောင်ထားသော အသစ်စက်စက် စီးပွားရေးပလာဇာတစ်ခုဖြစ်သည်။ ယူရိုဘီလီယံနှစ်ဆယ်ရင်းနှီးမြှုပ်နှံထားသည်ဟု ဆို၍ရသော ယင်းသည် အလွန်အပြည်စုံဆုံးသော စီးပွားရေးပုံစံတစ်ခုဖြစ်ကာ မြို့တော်ရှိ စျေးဝယ်ရန်နှင့် ဖျော်ဖြေရေးဆိုင်ရာကိစ္စရပ်များအတွက် အကောင်းဆုံးဖြစ်လာလိမ့်မည်ဟု ကြွားလုံးထုတ်ထားသောနေရာလည်းဖြစ်၏။

ယနေ့သည် ယင်း၏အဖွင့်ပွဲဖြစ်၏။ နံနက်ပိုင်းကတည်းမှစတင်၍ ထိုနေရာသည် နေရာစုံမှ သတင်းထောက်များဖြင့် စည်ကားသိုက်မြိုက်နေပြီဖြစ်သည်။

ယနေ့ လုံတိုင်ပလာဇာတွင် ဖက်ရှင်ရှိုးတစ်ခု ကျင်းပနေတာကြောင့် မြို့သူမြို့သားအများအပြားသည်လည်း စောစီးစွာ ရောက်လာကြသည်။ ပြည်ပမှ နာမည်ကြီး မော်ဒယ်များနှင့် အီတလီမှ ထိပ်တန်း ဒီဇိုင်နာများ တက်ရောက်မည်ဟု ကောလာဟလများလည်း ထွက်ထားသဖြင့် ဤသည်က ပေကျန်းအတွက် ပထမဆုံးဖြစ်၏ အမှန်တကယ်ပင် မကြုံစဖူးဖြစ်ရပ်ဖြစ်သည်။

ရွယ်အန်းတို့ ပလာဇာအဝင်ဝသို့ရောက်သောအခါတွင် လူအုပ်ကြီးသည် တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေသကဲ့သို့ အလံများကိုင်ဆောင်ကာ စုရုံးနေပြီဖြစ်သည်။ ရွှယ်အန်းသည် အန်းချင်၊ ထန်ရွှမ်အာတို့နှင့်အတူ ကလေးမလေးနှစ်ယောက်အပါအဝင် ကားထဲမှထွက်ကာ ဝင်ပေါက်ဆီသို့ လျှောက်သွားကြသည်။

ထို့နောက် အနောက်မှ တစ်စုံတစ်ယောက်ကထအော်လိုက်သည်။

“သူတို့လာပြီ သူတို့လာပြီ”

လူအုပ်ကြီးသည် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို မြေပြင်ပေါ်သို့ တွန်းထုတ်လုနီးပါး ဖြစ်သွားသည်။ ရွှယ်အန်းသည် မျက်မှောင်ကြုတ်၍ သူ့သမီးများကို သူ့ရင်ခွင်ထဲသို့ တိုးဝင်ရန် လက်ကိုဆန့်ထုတ်လိုက်ကာ၊ ဝင်လာနေသော လူများကို မြစ်ရေပြင်တွင် တည်မြဲနေသော ကျောက်တုံးကြီးတစ်ခုကဲ့သို့ တွန်းဖယ်လိုက်သည်။

"မင်းဘာဖြစ်နေတာလဲ။ ဆရာကြီးဘေဘာလာတော့မယ်၊ မင်းလမ်းကို ပိတ်ထားတာလား" မြေပြင်ပေါ်သို့ ဝဲကျနေသည်အထိ ရှည်လျားလွန်းသော ဘောင်းဘီရှည်ဝတ်ထားကာ ဆံပင်အဝါရောင်ဆိုးထားသော အမျိုးသားတစ်ဦးက ဒေါသကြီးအော်လိုက်သည်။

ရွှယ်အန်းက မျက်မှောင်ကြုတ်လိုက်၏။ "မင်းငါ့ကိုပြောနေတာလား"

"ဟုတ်ပါတယ် ငါမင်းကိုပြောနေတာ။ ဆရာကြီးဘေဘာပြောတာ မှန်တယ်၊ မင်းတို့ ဟွာရှားက လူတွေမှာ အဆင့်မရှိဘူး" ရွှယ်အန်း၏ "ကျေးလက်ဆန်သော" ၀တ်စားဆင်ယင်မှုကို အထင်သေးစွာကြည့်၍ ထိုလူက လှောင်ပြုံးပြုံး၍ပြောလိုက်သည်။

“မင်းတို့ဟွာရှားလူတွေဟုတ်လား” ရွှယ်အန်းက ထပ်မေး၍ ခပ်ပါးပါးပြုံးလိုက်သည်။

“ဒါဆို မင်းကရောဘယ်သူများလဲ”

“ငါလား၊ ဒါပေါ့ ငါက မင်းလိုမဟုတ်ဘူး။ ငါ့အဝတ်အစားဒီဇိုင်းတွေသာ ဖက်ရှင်ရှိုးမှာအနိုင်ရရင် သူ ငါ့ကို ရွှေပြောင်းနေထိုင်ဖို့ ခေါ်သွားလိမ့်မယ်” ထိုသူက ဤသို့ပြော၍ သူ့မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများတောက်ပနေသည်။

ရွှယ်အန်း၏ မျက်နှာသည် မှောင်မိုက်လာသည်။

ထိုသူသည် ဆရာကြီးဘေဘာအကြောင်း အဆက်မပြတ်ပြော၍ သူ့ကို နှိမ်နေခြင်းဖြစ်ရာ၊ ထိုကဲ့သို့သောသူသည် ဤလောက၌တည်ရှိရန် မလိုအပ်ဟု သူထင်မြင်မိသည်။ ထိုအချိန်တွင် အသေးစိတ်ပုံဖော်ထားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အီတလီလူမျိုးတစ်ဦးသည် လမ်းလျှောက်လာ၏။

“ဆရာကြီးဘေဘာ ခင်ဗျားရောက်ပြီပေါ့” ထိုသူက အလွန်စိတ်လှုပ်ရှားနေလျက်၊ အီတလီဘာသာစကားကို ကျွမ်းကျင်စွာပြောလိုက်သည်။ ဆရာကြီးဘေဘာသည် မောက်မာစွာဖြင့် ခေါင်းညိတ်လိုက်၍ ရွှယ်အန်း၏ ဘေးတွင်ရှိနေသော အန်းချင်ကို စိုက်ကြည့်ကာ၊ လေးစားမှုအလင်းတန်းတစ်ခုဖြင့် တောက်ပလာသည်။

“ဒီမိန်းမလှလေး၊ မင်းရဲ့ဝတ်စုံက ငါဟွာရှားထဲရောက်ကတည်းက မြင်ဖူးသမျှထဲမှာ ရင်သပ်ရှု့မောစရာအကောင်းဆုံးပဲ”

အန်းချင်သည် ယနေ့ အလွန်သာမန်ကျသည်ဟု သူမ ယူဆထားသော ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ အဝတ်အစားများအားလုံးကို ကျုံးတုရှိ ပညာရှင်များမှ သီးသန့်ပြုလုပ်ထားခြင်းဖြစ်သဖြင့်၊ ဤသို့ ရိုးရှင်းသောအဝတ်သည်ပင် များစွာတန်ဖိုးရှိသည်။

ထို့ကြောင့် ဆရာကြီးဘေဘာက အနည်းငယ်ထိတ်လန့်သွားခြင်းဖြစ်သည်။

“ဆရာကြီးဘေဘာပြောတာမှန်တယ်၊ ဒီဟွာရှားကလူတွေက တော်တော်များများ ညစ်ညမ်းတဲ့အဝတ်အစားတွေပဲဝတ်ကြတာ၊ ဒါကမတူဘူး” ထိုသူက ပြောသည်။

သူ၏အမူအရာသည် အလွန်ညံ့ဖျင်းရိုင်းစိုင်းလွန်းလှသဖြင့် အန်းချင်ကပင် ရွံရှာသွားသကဲ့သို့ ခံစားလိုက်ရသည်။

“အိုး ဒီလိုမျိုး နာမည်ကြီးတဲ့ဒီဇိုင်နာနာမည်ကို သိလို့ရမလား”

“ကျွန်တော့် အင်္ဂလိပ်နာမည်က ကာမန်ပါ ကျွန်တော့်တရုတ်နာမည်ကတော့… မပြောတာပဲကောင်းပါတယ်” ကာမန်ကပြောသည်။

ထိုအချိန်တွင် ဆရာကြီးဘေဘာသည် သူ့ကိုယ်သူလုံးဝထိန်းချုပ်မထားတော့ဘဲ၊ ရွှယ်အန်းကို အပြည့်အဝလျစ်လျူရှု့၍ အန်းချင်၏အနီးနားသို့ တိုးတက်ကာ၊ သူမ၏လက်ကို နမ်းတော့မည့်အမူအရာမျိုးလုပ်လိုက်သည်။

ဤရက်များထဲတွင် သူဟွာရှားသို့ရောက်လာခဲ့စဥ်ကတည်းက ဤလှုပ်ရှားမှုသည် အမြဲတမ်းနီးပါးအောင်မြင်ခဲ့သည်။ ဟွာရှားမှမိန်းကလေးအများစုသည် ဤနိူင်ငံခြားသားအကြောင်း သိချင်စိတ်ပြင်းပျကြသည်ဖြစ်၍ စကားစမြည်ပြောလိုကြသည်။ သို့သော် ထိုသူများထဲမှ တစ်ယောက်သည်မှ သူ့ရှေ့မှ မိန်းကလေးတမျှ မလှပေ။ သူမသည် ဥရောပဧကရာဇ်မိသားစု၏ မြင့်မြတ်သောလူများကြားတွင်သာ ခံစားရနိုင်သည့် အထက်တန်းစားအသွင်အပြင်လက္ခဏာများလည်း ရှိနေသေးသည်။

သို့သော် သူ၏ အကြံအစည်သည် လွဲမှားသွားခဲ့သည်။

ကျုံးတုတွင် မိန်းကလေးများကို အလွယ်တကူခေါ်ယူနိုင်ကြလိမ့်မည်ဟုထင်ကြသော ဤသို့နိုင်ငံခြားသားမျက်နှာထားမျိုးဖြင့်သူများစွာကို မြင်ဖူးနှင့်ပြီးသဖြင့်၊ အန်းချင်သည် အမူအရာပြောင်းလဲခြင်းမရှိဘဲ၊ နောက်သို့ ဆုတ်လိုက်သည်။

“စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ဒီဟွာရှားမှာ ကျွန်မတို့ ဒီလိုမလုပ်ကြဘူး”

ဘေဘာ၏ မျက်နှာထက်တွင် စိတ်ပျက်သွားသောအကြည့်တစ်ခုပေါ်လာသည်။

“ကျွန်တော်တို့ အီတလီမှာ ဒါက ယဥ်ကျေးမှုကို ပြတဲ့အပြုအမူတစ်ခုထပ် မပိုပါဘူး။ ဒီလှပတဲ့အမျိုးသမီးက တစ်ခုခုနားလည်မှုလွဲနေတယ်ထင်တယ်”

ကာမန်က ဆက်ပြောသည်။

“မှန်ပါတယ်၊ ဟွာရှားကလူတွေက တကယ်ပဲ ရှေးရိုးဆန်ပြီး ပဒေသရာဇ်ဆန်…”

ထိုအချိန်တွင် ရွှယ်အန်းချီထားသည့် ရွှယ်ရှန်းထံမှ အသံတစ်ခုထွက်လာသောကြောင့် သူ့စကားမဆုံးလိုက်ပေ။

“ဖေဖေ ဒီလူကြီးရဲ့ဘောင်းဘီက အရမ်းထူးဆန်းထားတာပဲ”

ရွှယ်အန်းက ခေါင်းညိတ်၍ မည်သို့မျှ မထူးခြားသောအသံဖြင့် ပြောလိုက်သည်။

“ကိုယ့်မျက်နှာကိုယ်တောင် ဂရုမစိုက်တဲ့လူတွေက ဘောင်းဘီကျွတ်ကျလည်းဂရုစိုက်မှာမဟုတ်ဘူးလေ။

ဤစကားများသည် ကာမန်၏ မျက်နှာကို အလွန်အရုပ်ဆိုးသွားစေသည်။

ဘေဘာသည်လည်း မျက်မှောင်ကြုတ်သွား၏။ သူသည် ရွှယ်ရှန်းကိုကြည့်ပြီးနောက်၊ သွယ်လျသော ဟွာရှားယောက်ျားတစ်ယောက်ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် အထင်အနည်းငယ်သေးသွားသည်။

“ဒါဆို ဒါက ဟွာရှားလူမျိုးတွေရဲ့ ကျင့်ကြံရေးအဆင့်…”

“ဘာအဆင့်လဲ၊ မင်းမကြိုက်ရင် မင်းတို့ အီတလီကို ပြန်သွားလေ” ရွှယ်အန်းက ခံစားချက်ကင်းမဲ့စွာဖြင့်ပြော၏။

ဘေဘာသည်လည်း အံ့အားသင့်သွားသည်။ ဟွာရှားသို့ သူရောက်ခဲ့ပြီးစဥ်တည်းက သူ့ကို မည်သူမျှ ဤသို့မပြောဝံ့ခဲ့ကြရာ၊ ဤသည်ကား ပထမဆုံးအကြိမ်ပင်ဖြစ်၏။

“မင်းဘာကြီးဖြစ်ဖြစ်ငါဂရုမစိုက်ဘူး။ မင်းဘေဘာဖြစ်ဖြစ်၊ ကာမန်ပဲဖြစ်ဖြစ်၊ ဟွာရှားမြေမှာရှိနေရင် မင်းတို့ ဟွာရှားရဲ့စည်းမျဥ်းတွေကို လိုက်နာရမယ်။ မဟုတ်ရင်တော့ ထွက်သွား။ “ထွက်သွား”ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို နားလည်လား” ရွှယ်အန်းက အေးစက်စွာပြောလိုက်သည်။

ဘေဘာ၏ မျက်နှာသည် ပို၍ပို၍ ရုပ်ဆိုးလာသည်။ ထိုအချိန်တွင် လူတစ်စု ချဥ်းကပ်လာပြီးနောက်၊ ရှေ့ဆုံးရှိ အသက်နှစ်ဆယ်ဝန်းကျင်အမျိုးသမီးတစ်ဦးသည် ပရော်ဖက်ရှင်နယ်ဝတ်စုံကို ဝတ်ဆင်ထား၍ ဘေဘာရှေ့သို့ရောက်လာကာ၊ လေးစားမှုအပြည့်ဖြင့်ပြောလိုက်သည်။

“ဆရာကြီး နောက်ဆုံးတော့ရောက်ပြီပေါ့၊ ဖက်ရှင်ပွဲစတော့မယ်”

ထိုအချိန်တွင် ဘေဘာ၏မျက်နှာသည် ပြာနှမ်းသွား၍ အမြန်ပြောလိုက်သည်။

“တောင်းပန်ပါတယ်၊ ငါတို့ ပူးပေါင်းဆောင်ရွက်ဖို့ကို ပြန်စဥ်းစားဖို့လိုမယ်ထင်တယ်”

အမျိုးသမီးက ကြောင်အသွားကာ၊ အမြန်မေးလိုက်၏။

“ဆရာကြီးဘေဘာ ဘာဖြစ်သွားတာလဲ။ ဘာလို့ရုတ်တရက်ကြီးစိတ်ပြောင်းသွားတာလဲ”

ဘေဘာက ရွှယ်အန်းကို လက်ညှိုးထိုးပြ၍ အေးစက်စွာပြောလိုက်သည်။

“ဒီကလူတွေက အရမ်းဖော်ရွေလွန်းပြီး အကျင့်စာရိတ္တမကောင်းကြလို့ ငါဒါကို ကန့်ကွက်ရမယ်။ တိုင်ကြားရလိမ့်ယ်”

အမျိုးသမီးက ရွှယ်အန်းကို တစ်ချက်ကြည့်၍ ဒေါသတကြီးပြောလိုက်သည်။

“ရှင်ကဘယ်သူလဲ၊ ဒါက လုံတိုင်အဖွဲ့အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ သဘောပေါက်လား။ ဆရာကြီးဘေဘာကို အမြန်တောင်းပန်ပေးပါ”

“တောင်းပန်ရမယ်ဟုတ်လား။ ငါက ဘာလို့တောင်းပန်ရမှာလဲ” ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။

“ရှင် ကျွန်မတို့ နိုင်ငံခြားမိတ်ဆွေကို စော်ကားပြီးတော့၊ ကျွန်မတို့ လုပ်ငန်းကို အနှောက်အယှက်ပေးတဲ့အတွက် အခုပဲတောင်းပန်လိုက်ပါ။ မဟုတ်ရင် ကျွန်မတို့ ရှင့်ကို ချက်ချင်း မောင်းထုတ်ရလိမ့်မယ်”

ရွှယ်အန်းက အလွန်ဒေါသထွက်စွာရယ်မောပြီးနောက်၊ ရုတ်တရက်မေးလိုက်သည်။

“မင်းနာမည်က ဘာတဲ့လဲ”

“ကျွန်မက လုံတိုင်အဖွဲ့ကလွှတ်လိုက်တဲ့ စျေးကွက်လည်ပတ်မှုတာဝန်ခံ သိုက်ယွဲ့ပဲ” သိုက်ယွဲ့က ဂုဏ်ယူစွာဖြင့်ပြောသည်။

ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသော ရွှယ်အန်းကို တစ်ချက်ကြည့်လိုက်သည်နှင့် ရွှယ်အန်းသည် အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ကြောင်း သူမပြောနိုင်သည်။

သို့သော် ဆရာကြီးဘေဘာသည်မူ စရိတ်ကြီးစွာဖြင့် ကိုယ်တိုင်ကိုယ်ကျခေါ်ဆိုထားရသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သဖြင့်၊ တစ်ခုခုမှားသွားခဲ့ပါက မည်သို့ ဖြစ်လိမ့်မည်နည်း။

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ဒါဆို မင်းနာမည်က သိုက်ယွဲ့ပေါ့၊ ငါက မင်းနာမည် မုယန်ချွမ်လို့ထင်နေတာ”

သိုက်ယွဲ့သည် အစပိုင်းတွင် သူမည်သို့ဆိုလိုကြောင်း နားမလည်သော်လည်း ခဏအကြာတွင် သူမသည် ဒေါသတကြီးဖြင့်၊ တုန်လှုပ်လာသည်။ ထိုအချိန်တွင် ဘေဘာနှင့် ကာမန်တို့သည် လက်နှစ်ဖက်ကို ပိုက်၍ ကျေနပ်အားရစွာကြည့်နေကြသည်။ ဘေဘာသည် ဤဟွာရှားလူမျိုးများက ကျိန်ဆဲလိုက်ခြင်းဖြစ်ကြောင်း သေချာသဖြင့်၊ အနားမှ ကာမန်ကို မေးလိုက်သည်။

“ဒီ ‘သိုးခွေး’ဆိုတာ ဘာကိုဆိုလိုတာလဲ”

ကာမန်၏မျက်နှာအမူအရာသည် အနည်းငယ်တင်းမာသွား၏။

“အာ.. အဲ့တာ၊ ဒီအမျိုးသမီးရဲ့ ကျိုးနွံမှုကို စော်ကားလိုက်တာ”

“အိုး” ဘေဘာသည် ယမန်နေ့ညက သိုက်ယွဲ့မှ သူ့အခန်းတံခါးကို လာခေါက်သည့်အကြောင်းကို တွေး၍ ခေါင်းညိတ်လိုက်သည်။

သိုက်ယွဲ့က သူမနှုတ်ခမ်းကို ကိုက်၍ ပြောသည်။

“လုံခြုံရေးကို ဖုန်းဆက်လိုက်ပါ၊။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာဘေဘာကို သေချာရှင်းပြရမယ်”

“အဲ့လိုလုပ်စရာမလိုတော့ဘူး” ရွှယ်အန်းက တည်ငြိမ်စွာပြော၍ သူအချိန်အတော်ကြာ အသုံးမပြုဘဲထားထားသည့် ကဒ်တစ်ကဒ်ကိုဆွဲထုတ်၍ ပြောလိုက်သည်။

“မင်းကို အခုအလုပ်ထုတ်လိုက်ပြီ”

All Chapters