ပြဿနာကြီးသွားခြင်း
Vol. 136 Ch. 1902
ဘေးဒုက္ခတိမ်တိုက်များသည် တော်ဝင်နန်းတော်အထက်တွင် တဖြည်း ဖြည်းစုလာသည်။ ယန်ချန်းမြို့တော်တွင် ဖြစ်ခဲ့စဉ်ကနှင့်ယှဉ်လျှင် ညင်သာ သည်ဟု ပြော၍ရသည်။ ထိုသို့ဆိုသော်ငြား တော်ဝင်နန်းတော်မှလူများကို ကြောက်သွားစေကာ အင်ပါယာမြို့တော်မှလူများမှာ ဖြူဖတ်ဖြူရော်ဖြစ်သွား ကြသည်။
“ဘာတွေဖြစ်တာလဲ ဘယ်လိုလုပ် မိုးကြိုးဘေးဒုက္ခရှိနေတာလဲ” အင်ပါ ယာမြို့တော်မှလူများသည် ဘေးဒုက္ခတိမ်တိုက်များကို ကြောက်လန့်တကြား ကြည့်ကြသည်။ သူတို့သည် ကြောက်ရွံ့ကြကာ တော်ဝင်နန်းတော်နှင့် အဝေး သို့ဆုတ်ကြသည်။
တော်ဝင်နန်းတော်မှ လူများသည် ကြောက်လွန်းသဖြင့် ဒူးများ ပျော့ခွေ သွားကြသည်။ တစ်ယောက်ယောက်သာ ဘေးဒုက္ခတွေ့တယ်ဆိုရင် သူတို့ပါ ပါသွားတော့မှာလား။
“မြန်မြန် ဒီနေရာကနေ မြန်မြန်သွားကြ”
လူအများစုမှာ မိုးကြိုးဘေးဒုက္ခအတွင်း ပါသွားမည်ကို စိုးသဖြင့် မြန်နိုင် သလောက် မြန်မြန်ပြေးကြသည်။
တော်ဝင်နန်းတော်အတွင်းတွင် အပျိုတော်နှင့် အစောင့်များသည် သူတို့ ၏ သခင်များနှင့် သခင်လေးများတို့ကို ခေါ်ကာ အပြင်သို့ပြေးထွက်ကြသည်။ သူတို့သည် ဘေးဒုက္ခတိမ်တိုက်များကို မြင်သောအခါ ကြောက်တတ်သူများ သည် ချက်ချင်းပင် မေ့လဲကြတော့သည်။
“ဘာတွေဖြစ်နေတာလဲ”
“ခုနက အကောင်းကြီးပါ ဘယ်လိုလုပ် ဘေးဒုက္ခတိမ်တိုက်ဖြစ်လာတာ လဲ”
“အဲနေရာက ငယ်ရွယ်ခြင်းနန်းတော်ဖြစ်နိုင်တယ်”
“ငယ်ရွယ်ခြင်းနန်းတော်လား… အခုမှပြန်လာတဲ့ မင်းသမီးနေတဲ့နေရာ မဟုတ်ဘူးလား”
“အဲဒီရှီမာယူယူ.. ပြန်လာတာနဲ့ ဘာလို့ ဒီလိုပြဿနာရှာနိုင်ရတာလဲ”
“အရှင်တောင် သွားလိုက်ပြီ ငါတို့လည်း သွားကြည့်ကြမလား”
“သွားရအောင် ရှီမာယူယူ ဘာတွေတွေးနေတာလဲ ငါသိချင်တယ်”
…
ရှီမာယူယူသည် ခေါင်းမိုးပေါ်တွင်ရပ်နေကာ အောက်မှ ပျားပန်းခတ်နေ သည်လူများ၏ အမူအရာကိုငုံ့ကြည့်နေသည်။
သူတို့၏ အသက်အန္တရာယ်ကို မစိုးရိမ်ရသောအခါ လူအများအပြားစုဝေး လာသည်။ သူတို့သည် သူမကို မြင်သောအခါ အော်ကြလေသည် “မင်း ဘာလုပ် နေတာလဲ”
ရှီမာယူယူသည် ထိုစကားပြောသူကို ကြည့်လိုက်သည်။ ထိုလူသည် နန်းတော်မှ ကိုယ်လုပ်တော်ဖြစ်ကာ သူမနှင့် ပတ်သက်ရမည့်လူမဟုတ်သော ကြောင့် စိတ်အရှုပ်ခံပြီး ပြန်မဖြေတော့ပေ။
“မိဖုရားလာပြီ” မည်သူအော်လိုက်သည်မသိ၊ မိဖုရားကို လူအုပ်ရှေ့သို့ လျှောက်ရန် အားလုံးသည် လမ်းဖယ်ပေးလိုက်ကြသည်။
ရှီမာယူယူသည် တစ္ဆေကြင်ယာတော်ကို မြင်လိုက်ရသည်။ သူတို့နှစ် ယောက် တွေ့ကြသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် သူတို့သည် အမှောင်ထဲတွင် ပွဲပေါင်းများစွာ နွှဲလာပြီးဖြစ်သည်။ သူတို့ တစ်ယောက်နှင့် တစ် ယောက် ကြည့်လိုက်ချိန်တွင် မျက်လုံများမှာ လူသတ်မည့်အရိပ်အယောင်များ ဖြင့် ပြည့်နေကြသည်။
“ရှီမာယူယူ ဘာလုပ်တာလဲ မင်းပြန်လာတာနဲ့ တော်ဝင်နန်းတော်တစ်ခု လုံးကို ဖျက်ဆီးပစ်တော့မလို့လား”
“ဒါက ဘယ်လိုလုပ် တော်ဝင်နန်းတော်ကို ဖျက်ဆီးတာဖြစ်ရမှာလဲ ကျွန်မက ကိုယ့်ကိုယ်ကိုယ်ကာကွယ်တာပဲ” ရှီမာယူယူ ပခုံးတွန့်လိုက်သည် “လူတစ်ယောက်က ကျွန်မကိုသတ်ချင်နေတယ်.. ဒါပေမဲ့ ကျွန်မကအားနည်း ပြီးတော့ တစ်ယောက်တည်းလေ ဒီနန်းတော်မှာလည်း အုတ်မြစ်မရှိဘူး အဲဒါ ကြောင့် မတတ်သာတော့ဘဲ ဒီလိုနည်းနဲ့ပဲ ကာကွယ်ရတာ”
“မဟုတ်တမ်းတရားတွေ မင်းက အခုမှနန်းတော်ထဲကို ရောက်တာ ဘယ်သူက မင်းကိုသတ်ချင်နေတာလဲ” တစ္ဆေကြင်ယာတော် ပြန်ချေပလေ သည်။ သူမသည် ထိုမိန်းမကိုသတ်ပစ်ချင်သော်လည်း အပြင်ပန်းတွင်တော့ ဟန်ဆောင်ရသေးသည်။
“ဘာလို့မရှိရမှာလဲ ယွိရှီ အကုန်လုံးကို ခေါ်သွားပြလိုက်” ရှီမာယူယူ ပြော လိုက်သည်။ ယွိရှီသည် ငယ်ရွယ်ခြင်းနန်းတော်မှ အပျိုတော်နှင့် အစောင့်များကို ဦးဆောင်ပြီးထွက်သွားသည်။ တစ်ယောက်ချင်းစီသည် ဒဏ်ရာများဖြင့် ပြည့် နှက်နေသည်။
တစ္ဆေကြင်ယာတော် စကားပြောတော့မည်ကို သူမ မြင်သည်နှင့် အရင် ဦးအောင် ပြောလိုက်သည် “ဒီလူတွေက ကျွန်မနန်းဆောင်ကလူတွေပါ.. ကျွန်မ ကပဲ သူတို့ကိုထိခိုက်အောင်လုပ်ပြီး မိုးကြိုးဘေးဒုက္ခခေါ်ဖို့ ဆင်ခြေပေးနေ တယ်လို့ ရှင်ပြောမှာတော့ မဟုတ်ပါဘူးနော် ကျွန်မက အဲလောက်မအားဘူး”
တစ္ဆေကြင်ယာတော်သည် အစက ထိုအတိုင်းပင်ပြောချင်သည်။ သို့သော် ရှီမာယူယူ အရင်ပြောလိုက်သဖြင့် သူမ ဘာမှထပ်မပြောတော့ပေ။
“မင်းကို သတ်ချင်တာက ဘယ်သူလဲ ပြော.. ငါ ဆုံးဖြတ်ပေးမယ်.. မြန်မြန် မိုးကြိုးဘေးဒုက္ခကိုရပ်လိုက်” သူမသည် ရှီမာယူယ၏ မျက်နှာပေါ်မှ ဖြူစင်မှုကိုမြင်သောအခါ သွားပြီးရိုက်လိုက်ချင်မိသည်။
“တစ္ဆေကြင်ယာတော် တောင့်မခံနိုင်မှာပဲစိုးတာပါ” ရှီမာယူယူ နှာမှုတ် လိုက်သည်။
“တော်ဝင်နန်းတော်က စည်းကမ်းရှိတဲ့နေရာပဲ၊ မင်းကို ပြဿနာလာရှာ တဲ့သူရှိရင် နန်းတော်ရဲ့သခင်တစ်ယောက်အနေနဲ့ ငါ မျှမျှတတနဲ့ ဆုံးဖြတ်ပေး မယ်” တစ္ဆေကြင်ယာတော် ပြောလေသည်။
“ဒါဆိုရင် ကျွန်မ ရှင့်ကိုကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် တစ္ဆေ ကြင်ယာတော်ကို ဦးညွှတ်ပြီးနောက် အသံကိုမြှင့်လိုက်သည် “အိမ်ထဲမှာ ပုန်း နေဖို့မလိုဘူး.. မိဖုရားရောက်နေပြီ အဲတော့ ရှင် ကျွန်မကို အနိုင်ကျင့်လို့မရ တော့ဘူး”
အားလုံးသည် ခြံဝန်းထဲသို့ ကြည့်လိုက်ကြသည်။ တစ်မိနစ်ခန့်အကြာ တွင် လူတချို့ထွက်လာကြသည်။ အစောင့်များကို မြင်လိုက်ချိန်တွင် တစ္ဆေ ကြင်ယာတော်၏ စိတ်မှာတင်းမာသွားသည်။
“အဘွားတော် ကျွန်တော့်ကို ကယ်ပါဦး” ယွိဟောက်သည် အစောင့်များ ဘာမှမဖြစ်သည်ကို မြင်သောအခါ ပြေးထွက်ပြီး တစ္ဆေကြင်ယာတော်အား အော်ငိုလေသည်။
“ဟောက်အာ” တစ္ဆေကြင်ယာတော်သည် ယွိဟောက်ကို မြင်သောအခါ ရင်နာနာဖြင့် အော်လေသည် “ဒီမှာဘာလုပ်နေတာလဲ”
“အဘွားတော် ကျွန်တော့်ကိုကယ်ပါ” ယွိဟောက်သည် မိုးကြိုးဘေးဒုက္ခ ကို ကြောက်ရွံ့နေသည်။ သူ တစ္ဆေကြင်ယာတော်ကိုမြင်သောအခါ ထိုစကားကို သာ အော်နိုင်တော့သည်။
တစ္ဆေကြင်ယာတော်သည် လက်ကိုဝေ့ယမ်းလိုက်ရာ ယွိဟောက်သည် သူမဘေးသို့ ရောက်လာသည်။ ထို့နောက် ရှီမာယူယူအားကြည့်ပြီး အော်လေ သည် “မင်း သူ့ကိုဘာလုပ်လိုက်တာလဲ”
“ကြည့်လေ ကျွန်မပြောသားပဲ ရှင့်ကိုပြောလည်း ဘာမှမထူးပါဘူးလို့” ရှီမာယူယူသည် နစ်နာသလိုပြောသည် “သူ့ကို ကျွန်မက ဘာလုပ်နိုင်မှာလဲ.. ကျွန်မက ဘေးနန်းဆောင်မှာရှိနေတုန်း သူရောက်လာပြီး ကျွန်မလူတွေကို ရိုက်တယ်… ခုနက ထွက်လာတဲ့ကျွန်မလူတွေရဲ့ အခြေအနေကိုလည်း ရှင် မြင်သားပဲ.. ဒါပေမဲ့ သူတို့က သူ့ကိုဘာမှပြန်မလုပ်ခဲ့ဘူး”
အားလုံးသည် ယွိဟောက်၏ စရိုက်ကိုသိကြသည်။ ရှီမာယူယူသည် သူ၏ ဖခင်ဖြစ်သူကို သတ်ခဲ့သည်ဖြစ်ရာ သူသည် မုန်းတီးနေမည်ဖြစ်သည်။ သူမ နန်းတော်ကို ရောက်နေပြီဟု ကြားသည်နှင့် သူမကို ပြဿနာသွားရှာမည့်ကိစ္စ ကို မည်သူမှတားရမည်မဟုတ်ပေ။ ထို့အပြင် တစ္ဆေကြင်ယာတော်၏ အလို လိုက်ခြင်းကိုခံထားရသဖြင့် သူ သူမကိုပြဿနာရှာလျှင်တောင် သူမအတွက် မည်သူမှ လည်စင်းခံမည်မဟုတ်ပေ။ သူမသည် ခံပြင်းမှုကို မျိုချရုံသာရှိတော့ မည်။
သူမသည် အခြေအနေကို ပြောင်းပြန်ဖြစ်ရန် ဤနည်းလမ်းကိုသုံးလိမ့် မည်ဟု မည်သူထင်ထားမည်နည်း။ သည်လိုဆိုလျှင် တစ္ဆေကြင်ယာတော်သည် ယွိဟောက်ကို ကူညီချင်လျှင်တောင် ရွေးချယ်စရာမရှိတော့ပေ။ အားလုံး၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူမသည် မိဖုရားဆိုသည့် ဂုဏ်ပုဒ်ကိုထောက်ပြီး ယွိဟောက်ကို အပြစ်ပေးရတော့မည်ပင်။
တစ္ဆေကြင်ယာတော်သည် ကြောက်လွန်း၍တုန်နေသော မြေးဖြစ်သူကို ကြည့်ပြီး ရင်နာနေမိသည်။ သူမသည် ရှီမာယူယူအား မုန်းတီးသော မျက်လုံး များဖြင့် ကြည့်လိုက်သည်။
“လာကြစမ်း မင်းသားလေးကို အမှောင်နန်းတော်မှာ ပိတ်ထားလိုက်ကြ” တစ္ဆေကြင်ယာတော် အမိန့်ပေးလိုက်သည်။ ချက်ချင်းပင် တချို့လူများသည် ရှေ့ရောက်လာပြီး ယွိဟောက်ကို ခေါ်သွားကြသည်။
“အဘွား ကျွန်တော် အမှောင်နန်းတော်ကို မသွားချင်ဘူး” ယွိဟောက် သည် သူမလက်ကိုဆုပ်ကိုင်သည် “အဘွားတော်က ဒီလောက်အားကောင်းတာ အဲမိန်းမကိုသတ်နိုင်ပါတယ်”
“မဟုတ်တာတွေ” တစ္ဆေကြင်ယာတော်သည် ယွိဟောက်၏ လက်ကို ဖယ်ထုတ်ပြီး အမိန့်ပေးလိုက်သည် “မင်းသားလေးကို ခေါ်သွားကြ”
ယွိဟောက်သည် တစ်ခုခုထပ်ပြောချင်သော်လည်း တစ္ဆေဘုရင်သည် တစ္ဆေကြင်ယာတော်၏ ဘေးတွင် ရုတ်တရက်ပေါ်လာသည်ကို မြင်လိုက်ရ သည်။ ထို့ကြောင့် ဘာမှမပြောရဲတော့ဘဲ ကျိုးနွံစွာပင် ထွက်သွားလေသည်။ သူ ထွက်မသွားခင်တွင် ရှီမာယူယူကို နောက်ဆုံးကြည့်သွားကာ မပြီးသေးဟု ပါးစပ်မှရွတ်သွားလေသည်။
“ဟုတ်ပြီ သူ့ကို အပြစ်ပေးပြီးပြီ အခု ဒါကိုရပ်နိုင်မလား” တစ္ဆေကြင်ယာ တော်သည် ဒေါသကြောင့် အံကြိတ်ထားသည်။ သူသည် သူမ၏ အချစ်တော် ဖြစ်သော်လည်း ဤကိစ္စကြောင့် အပြစ်ပေးလိုက်ရသည်။ သူမသည် ရှီမာယူယူ ကို အပိုင်းပိုင်းဖြတ်လိုက်ချင်သည်။
“သူ့ကို အမှောင်နန်းတော်ထဲကို ပို့ဖို့က အပြစ်ပေးတာလား” ရှီမာယူယူ သည် ပဟေဠိများစွာဖြင့် ကြည့်လိုက်သည်။
“အမှောင်နန်းတော်က ငါတို့လူတွေကို အပြစ်ပေးတဲ့နေရာပဲ… အဲဒီမှာ အရမ်းအေးပြီးတော့ ကာကွယ်ဖို့ ဝိညာဉ်စွမ်းအားကိုလည်း သုံးလို့မရဘူး.. သာမန်လူလိုမျိုး ဆာလောင်နေရမယ်.. အဲဒီမှာ ထင်ယောင်ထင်မှား တည် ဆောက်မှုလည်းရှိသေးတယ် တည်ဆောက်မှုထဲမှာ ဒဏ်ရာရသွားရင် တစ်ဘဝ လုံးပါသွားမှာ ဒါပေမဲ့ ဒါကကံပေါ်မှာလည်းမူတည်သေးတယ်” တစ္ဆေကြင်ယာ တော် ရှင်းပြလေသည်။
သူမ၏ အသံမှာတည်ငြိမ်နေသော်လည်း ဒေါသသံပါနေသည်။ သူမသည် မိုးကြိုးဘေးဒုက္ခကို မကြောက်ပေ။
“သူ သူ့ဘာသာ ထွက်မလာလောက်ပါဘူးနော်” ရှီမာယူယူသည် တစ္ဆေ ကြင်ယာတော်၏ စကားကတိကို မသင်္ကာပေ။
“ဝင်သွားရင် အချိန်မရောက်ဘဲ ပြန်ထွက်လာလို့မရဘူး” တစ္ဆေကြင်ယာ တော် ရှင်းပြလေသည် “ယွိဟောက်ရဲ့ အပြစ်ဒဏ်က သုံးရက်ပဲ”
“အုန်း” လှိမ့်တက်လာသော ဘေးဒုက္ခတိမ်တိုက်များသည် သူ၏ တည်ရှိ မှုကို အားလုံးကို သတိပေးလိုက်သလိုပင်။
“အရင်ဆုံး အဲဒါကြီးကို ရပ်လိုက်ပါ” တစ္ဆေကြင်ယာတော် ပြောလိုက် သည်။
“အဲဒါကတော့…” ရှီမာယူယူသည် သူမ၏ နှာခေါင်းကို ရှက်ကိုးရှက်ကန်း ဖြင့် ပွတ်လိုက်သည်။ သူမ ထိုသို့ပြုမူသည်ကိုမြင်သောအခါ အားလုံး၏ စိတ်ထဲ တွင် နိမိတ်တစ်ခုပြေးသွားလေသည်။
အခန်း (၁၃)
အပိုင်း (၁၉၀၃) – တစ်လွှာချင်းအရေခွံနွှာခြင်း
ထင်ထားသည့်အတိုင်းပင် သူမ စကားပြောပြီးသည်နှင့် တစ္ဆေကြင်ယာ တော်သည် သွေးအန်လုနီးပါးဖြစ်သွားလေသည်။
“အဲဒါကတော့.. ဒါက အဆင့်တက်လို့ဖြစ်တာမဟုတ်ဘူးလေ.. အဲဒါ ကြောင့် ယန်ချန်းမြို့တော်မှာဖြစ်ခဲ့သလိုမျိုး အကုန်လုံးကိုဆွဲမသွင်းပါဘူး… ဒါပေမဲ့ ယွိဟောက်ကို ပစ်မှတ်အနေနဲ့ ထားပြီးသွားပြီလေ” ပြောပြီးနောက်တွင် သူမသည် တစ္ဆေကြင်ယာတော်ကို အားတုံ့အားနာဖြင့် ပြုံးပြလိုက်သေးသည်။
“ဘာ.. ဘာ” တစ္ဆေကြင်ယာတော်သည် ဒေါသထွက်လွန်းသဖြင့် တုန်ယင်လာသည်။ သူမက တကယ်ပဲ ယွိဟောက်ကို ဘေးဒုက္ခထဲဆွဲသွင်း လိုက်တာလား။
“မိဖုရား ဒေါသလျော့ပါ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လုပ်တာ ပါလို့ မပြောခဲ့ဘူးလား စိတ်ချပါ.. ကျွန်မက တော်ဝင်နန်းတော်ကို ထည့်တွေးပါ တယ်.. မိုးကြိုးဘေးဒုက္ခက အားအရမ်းကြီးမှာတော့မဟုတ်ဘူး.. သူ့ အဆင့်က မရဏာသူတော်စင်အထက်ဆိုရင် သေမှာမဟုတ်ဘူး” ရှီမာယူယူ ရှင်းပြလိုက် သည်နှင့် အားလုံး၏မျက်နှာမှ ဖြူဖျော့သွားလေတော့သည်။
သူ ပြောလိုက်သည်နှင့် မိုးပေါ်မှ မိုးကြိုးတစ်လုံးကျလာရာ ထိုနေရာမှာ အမှောင်နန်းတော်ရှိသည့် ဘက်ဖြစ်နိုင်သည်။
“မင်း…” တစ္ဆေကြင်ယာတော်သည် သူမကို ကြိမ်းမောင်းရန်ပင် အချိန် မရှိလိုက်ဘဲ ပျောက်သွားလေသည်။
သူမ မည်သည့်နေရာသွားသည်ကို အားလုံးသိကြသည်။ ယွိဟောက်သည် မည်သည့်အခါမှ ကျင့်ကြံခြင်းကို အာရုံမစိုက်ခဲ့ပေ။ အဲတော့ သူ မရဏာ သူတော်စင်အဆင့်ရောက်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တကယ်လို့ မိုးကြိုးကျလာရင်လည်း သူ ဘယ်လိုလုပ် အသက်ရှင်နိုင်မလဲ။
သို့သော် မိုးကြိုးဘေးဒုက္ခသည် လူကို ပစ်ချသည်ကို သူတို့သိကြသည်။ ယွိဟောက်သာ ခံနိုင်ရည်မရှိပါက တခြားတစ်ယောက်မှ သူ့အစား ဝင်ခံနိုင် သည်။ သို့သော် ဤကဲ့သို့ အရေးပေါ်အခြေအနေတွင် အမှောင်နန်းတော်၌ မည်သည့် အစောင့်မှရှိမနေပေ။ ထို့ကြောင့် တစ္ဆေကြင်ယာတော်သည် မိုးကြိုး ဘေးဒုက္ခခံရန် အမြန်သွားခြင်းဖြစ်သည်။
အမှောင်နန်းတော်သို့ ဝင်သွားပြီးနောက် သုံးရက်နေမှပင် သူမသည် ယွိဟောက်နှင့်အတူ ထွက်လာနိုင်လေသည်။ မိုးကြိုးထိမှန်သဖြင့် ရလ်သော ဒဏ်ရာများကြောင့် သူမသည် ထိုနေရာတွင် သုံးရက်နေရသည်။ တစ္ဆေကြင် ယာတော်၏ စိတ်မှာ မည်မျှ မီးတောက်နေမည်ကို သူတို့ တွေးနိုင်ကြသည်။
အားတုံ့အားနာ မျက်နှာထားဖြစ်နေသော ရှီမာယူယူကို ကြည့်လိုက်ပြီး နောက် မည်သို့ပင် စဉ်းစားစေကာမူ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပေ။
မိုးကြိုးဘေးဒုက္ခ ကျရောက်တော့မည်ကို မြင်သောအခါ သူမ မိုးပေါ်သို့ ပျံသွားပြီး မိုးကြိုးကို လေထဲတွင်ပင် ဖမ်းပြီး တော်ဝင်နန်းတော်ဆီသို့ ကျမည် ကို တားလိုက်သည်။ ထို့အပြင် တော်ဝင်နန်းတော်၏ ကာကွယ်ရေးတည် ဆောက်မှုကြောင့် တော်ဝင်နန်းတော်အတွင်းမှ မည်သူမှ အထိအခိုက်မဖြစ် လိုက်ပေ။ သို့သော် သူတို့ ခေါင်းပေါ်ကျလာသော မိုးကြိုးဘေးဒုက္ခကို မြင်သော အခါ စိတ်ထဲမှ ကြောက်စိတ်ပျောက်ရန်ကိုပင် အချိန်ယူရသည်။
ပြီးရင် ဒါကို မိုးကြိုးဘေးဒုက္ခသေးသေးလေးလို့ သူမ ပြောလိုက်သေး တယ်။ ကြီးသာကြီးရင်တော့…
သူတို့ဆုံးဖြတ်လိုက်သည်။ အနာဂတ်တွင် သူတို့သည် သူမနှင့် အဝေးတွင် နေကာ ရှီမာယူယူကို ပြဿနာရှာတော့မည် မဟုတ်ပေ။
သူမ ရုတ်တရက် စိတ်ဖောက်သွားလို့ မိုးကြိုးနဲ့ ကစားချင်ရင် ဘယ်လို လုပ်မလဲ။ သူတို့မှာ သူမနဲ့ကစားဖို့ အားမှမရှိတာ။
မိုးပေါ်မှ ရှီမာယူယူသည် ကြောက်လန့်နေသော လူများကိုကြည့်ပြီး နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။ တစ္ဆေကြင်ယာတော် ပေါ်လာသည်နှင့် ထို လူများသည် အနည်းနှင့်အများ သူမကို ပြဿနာရှာကြမည်ဖြစ်သည်။
သူမ နန်းတော်သို့ဝင်သည်နှင့် သူမကို မည်သူပင် ပြဿနာလာရှာသည် ဖြစ်စေ အခြေအနေတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ အစီအစဉ်ရှိထားသည်။ သူမ သည် ထိုလူများကို သတိပေးထားသည်။ မဟုတ်လျှင် သူတို့သာ သူမကို ပြဿနာဆက်တိုက်လာရှာပါက သူတို့နှင့်ရှင်းရန် အချိန်ရော စွမ်းအင်ပါမရှိနိုင် ပေ။
သို့သော် သူမကို ပြဿနာအရင်ဆုံးလာရှာသူမှာ ယွိဟောက်ဖြစ်လိမ့်မည် ဟု ထင်မထားပေ။ သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်မှာတော့ အံ့ဩစရာဖြစ်သည်။ သူ ငယ်ရွယ်ခြင်းနန်းတော်သို့ ရောက်လာသည်ဟု ကြား ကတည်းကပင် သူမ အစီအစဉ်ဆွဲထားပြီးဖြစ်သည်။ ဒီအချိန်မှာ တစ္ဆေ ကြင်ယာတော်ရဲ့ အရေခွံကို မခွာနိုင်ရင် သူမ နာမည်ကရှီမာယူယူ မဟုတ်တော့ ဘူး။
“အမှောင်နန်းတော်ကို ပစ်ချတဲ့ မိုးကြိုးဘေးဒုက္ခက အားပြင်းပြီးတော့ ရှီမာယူယူကို ပစ်တဲ့မိုးကြိုးကကျ ဘာလို့ အားနည်းပုံပေါက်နေတာလဲ” အပျို တော်တစ်ယောက်သည် သူမ ရှုပ်ထွေးနေသည့်အရာကို အသံထွက်ပြောလိုက် သည်။
“တကယ်ပဲ အဲလိုပဲ.. အဲဘက်က မိုးကြိုးက ပိုပြီးအားပြင်းသလိုပဲ”
ထိုသို့သတိပြုမိသောအခါ အားလုံးသည် နှုတ်ခမ်းတွန့်မိကြသည်။ ရှီမာယူယူက ဘယ်လိုလုပ် ဘေးဒုက္ခကိုရင်ဆိုင်တာလဲ။ တခြားတစ်ယောက်ကို ပစ်တာသေချာနေတာပဲလေ။ ပြီးတော့ ဒီဘေးဒုက္ခတိမ်တိုက်က သူမရဲ့ ရည်ရွယ်ချက်ကို ဘယ်လိုသိတာလဲ။ သူမရဲ့ ရန်သူကိုရှင်းတဲ့နေရာမှာ ကူညီပေး လိုက်သေးတယ်။ ဒီအချက်က စဉ်းစားစရာပဲ။
သူမသည် သေးငယ်သောမိုးကြိုးမျှသာဖြစ်သည်ဟု ပြောသော်လည်း အချိန်အတ်ကြသည်။ ဘေးဒုက္ခတိမ်တိုက်ပျောက်သွားမှပင် ရှီမာယူယူ ပြန်လာ သည်။
သူမ၏ အဝတ်များမှာ ကြေမွခြင်းပင်မရှိသည်ကို သူတို့မြင်လိုက်ရသည်။ သူမသည် မိုးကြိုးဘေးဒုက္ခနှင့် ရင်ဆိုင်ရန် သွားသည်နှင့်မတူဘဲ အပေါ်ထပ်သို့ ကစားရန်သွားသည်နှင့်တူသည်။
ထင်ထားသည့်အတိုင်းပင် သူမသည် ထူးဆန်းသည့် သတ္တဝါတစ်ကောင် ဖြစ်သည်။ သူမသည် တစ္ဆေမျိုးနွယ်ဝင်ဖြစ်သော်လည်း မိုးကြိုးကို မကြောက်ရွံ့ ပေ။
“ကစားလို့ပြီးပြီလား” တစ္ဆေဘုရင်သည် သူမကိုကြည့်နေသည်။ သူ့အသံ မှာ အလိုလိုက်သံပါသည်။
အပျိုတော်များ၊ မင်းသားနှင့် မင်းသမီးများသည် အကြည့်ချင်းဖလှယ် လိုက်ကြသည်။ တစ္ဆေဘုရင၏ သဘောထားမှာ သူမ၏ရည်ရွယ်ချက်ကို သိ သော်ငြား သူမကို အပြစ်ပေးရန်အစီအစဉ်မရှိသည့်ပုံပင်။
သူသည် သူမ၏ မိခင်ကို အလိုလိုက်သကဲ့သို့ အမှန်တကယ်ပင် အလို လိုက်သည်။
သူတို့ သူမ၏ မိခင်ဖြစ်သူအကြောင်းကို တွေးလိုက်သောအခါ အားလုံး အတွေးကိုယ်စီဖြစ်သွားကြသည်။
ရှီမာယူယူ နှုတ်ခမ်းဆူလေသည် “ဒါက ဘယ်လိုလုပ် ကစားတာဖြစ်ရမှာ လဲ ကျွန်မ အရမ်းကြောက်နေတာ”
“တော်ဝင်နန်းတော်မှာ ထပ်ပြီး ဖရိုဖရဲဖြစ်အောင် မလုပ်နဲ့တော့” တစ္ဆေ ဘုရင်သည် သူမကို မယုံပေ။ သူမကို ဆူပြီးနောက် ထွက်သွားလေသည်။ သူ ထွက်သွားသည်ကို မြင်သောအခါ ပွဲကြည့်ရန်လာသူများလည်း အလျိုလျိုထွက် သွားကြသည်။ သူတို့သည် သုံးရက်ကြာပြီးနောက် တစ္ဆေကြင်ယာတော် ပြန် ပေါ်လာမည့်အချိန်ကို ပြင်ဆင်ရန်ပြန်သွားခြင်းပင်။ သူမ မည်သူ့အပေါ်သို့ ဒေါသပုံချမည်ကို မည်သူမှမသိနိုင်ပေ။
ရှီမာယူယူသည် တစ္ဆေကြင်ယာတော် ထွက်လာသည်နှင့် သူမကို ပြဿနာလာရှာမည်ကို ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေကာမူ ဤအချိန်တွင် သူမသည် ရန်လာစရဲမည်မဟုတ်ပေ။ သူမသည် အချိန်တစ်ခုလောက်တော့ အေးချမ်းနေမည်ဖြစ်သည်။ ထိုအကြောင်းကို စဉ်းစားမိလျှင် သူမ၏ ခံစားချက် ကောင်းသွားသည်။
သူမသည် မြေပေါ်သို့ပြန်လာချိန်တွင် ယွိရှီနှင့် တခြားသူများသည် သူမ ကိုဝိုင်းလာလေသည်။
“မင်းသမီးလေး အဆင်ပြေရဲ့လား”
“အဆင်ပြေတယ် ဒီလောက်မိုးကြိုးဘေးဒုက္ခကတော့ ပျော်ရုံလောက်ပဲရှိ တယ်” ရှီမာယူယူသည် ပြုံးပြီး ပြောလိုက်သည်။
အာ.. ခုနလေးတင်ပဲ သူမက ကစားနေတာမဟုတ်ဘူးလို့ ပြောလိုက်တာ မလး။
“မင်းသမီးလေးက အရမ်းအားကောင်းတာပဲ… တကယ်ပဲ မိုးကြိုးဘေး ဒုက္ခကို မကြောက်ဘူးပဲ”
“နည်းနည်းလောက် မိုးကြိုးအပစ်ခံဖူးရင် အသားကျသွားလိမ့်မယ် တစ်ခါ လောက် မိုးကြိုးအပစ်ခံချင်လား” ရှီမာယူယူသည် သူတို့ကို စိတ်ရင်းနှင့် ကြည့် လေသည်။
“တော်ပါပြီ” အားလုံးသည် ချက်ချင်းပင် အဝေးပြေးကြလေသည်။ သူတို့ တွင် သူမကဲ့သို့ ထူးဆန်းသည့် ခန္ဓာကိုယ်မရှိသဖြင့် မိုးကြိုးကိုပင် တောင့်မခံနိုင် ပေ။ သူတို့အပေါ်သို့ မိုးကြိုးအမှန်တကယ်ကျလာပါက သေလုနီးပါးဖြစ်သွား နိုင်သည်။
“ဟားဟား ဘာမှကြောက်စရာမလိုပါဘူး အစတော့နာတာပေါ့ ဒါပေမဲ့ နောက်ကျတော့လည်း အကျိုးရှိပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
အားလုံးသည် ခေါင်းကို ဗုံတီးခံလိုက်ရသလို ခံစားလိုက်ရသည်။
“မင်းသမီးလး ကျွန်မတို့ကိုမစပါနဲ့တော့ ကျွန်မတို့က ဘယ်လိုလုပ် မင်းသမီးလေးနဲ့ ယှဉ်နိုင်မှာလဲ” ယွိရှီသည် ပြုံးပြီးပြောလိုက်သော်လည်း ချက်ချင်းပင် စိုးရိမ်လာသည် “ဒီတစ်ခါတော့ တစ္ဆေကြင်ယာတော်က မင်းသမီး လေးကို သေချာပေါက် ပစ်မှန်ပြန်ထားမှာပဲ.. နောက်ဆိုရင် ဘယ်လိုတွေလုပ် ထွက်မလဲဆိုတာ မသိနိုင်ဘူး”
“ဒီကိစ္စမဖြစ်ရင်တောင် သူမက ငါ့ကိုအလွတ်ပေးမှာမဟုတ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဒီကိစ္စဖြစ်သွားတော့ ငါ့ကို ပြောင်ပြောင် တင်းတင်းတိုက်ခိုက်ရဲတော့မှာမဟုတ်ဘူး ငါသာ အပြင်မထွက်ရင် အဆင်ပြေ မှာပါ”
“ဟုတ်တယ် ဒါဆိုရင် မင်းသမီးလေး နန်းတော်ကနေ ထွက်ဖို့ ရှောင်သင့် တယ်”
မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ပဋိပက္ခရှိနေပြီဖြစ်သည်။ ဤမတော်တမှုမဖြစ်ပွားလျှင်တောင် တစ္ဆေကြင်ယာ တော်သည် သူမကို အရှင်ထားမည်မဟုတ်ပေ။ ထိုသို့ဆိုသော် သူမကို ပြစ်မှား သည် မပြစ်မှားသည်ကို စိုးရိမ်ရန်မလိုပေ။ ယနေ့အဖြစ်အပျက်ပြီးသွားပြီး နောက် သူမ ကောင်းကောင်းစဉ်းစားသွားတော့မည်။ နောက်တစ်ကြိမ် အကျိုး ဖြစ်မဖြစ်ကို စဉ်းစားတော့မည်ဖြစ်သည်။
“စိတ်မပူပါနဲ့ ငါ့မှာအစီအစဉ်ရှိတယ်” သူမသည် ဆေးတချို့ထုတ်လိုက် သည်။ “ဒါကို အကုန်လုံးကို သောက်ဖို့ဝယ်ပေးလိုက် ပြီးတာနဲ့ ပြန်ပြီး နလန်ထူ ကြပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီနန်းဆောင်မှာ လုပ်စရာလည်းမရှိဘူး”
ပြောပြီးနောက် ဘေးနန်းဆောင်သို့သွားပြီး ကမ္ဘာဦးတည်ဆောက်မှုကို ဆက်လက်လေ့လာရန် ပြင်လိုက်သည်။
အရိပ်မည်းနှင့် ဟွမ်တို့သည် သူမ အဆင်ပြေနေသည်ကို မြင်သောအခါ မနှောင့်ယှက်တော့ဘဲ စစ်တုရင်ကိုသာ ဆက်ကစားနေလိုက်ကြသည်။
သူတို့၏ ကစားပွဲမှာ ရက်အနည်းငယ် ကြာကာ အဆုံးသတ်မရှိပေ။ သူတို့ သည် စစ်တုရင်ကစားနေသည်သလား အချိန်ဆွဲနေသည်သလားကိုတော့ မည် သူမှမသိနိုင်ပေ။
“ပျော်ခဲ့လား” ဝူလင်းယူသည် သူမကို စနောက်ပြီး ပြုံးလေသည်။
“မဆိုးပါဘူး တကယ်တော့ နောက်သုံးရက်နေလို့ သူတို့ပေါ်လာရင် ဘယ် လိုဖြစ်မလဲဆိုတာ ကိုယ်တိုင်ကြည့်ချင်တာ ဒါပေမဲ့ အဲလောက်ကြီး ပျော်ပြနေ ရင်လည်း လူလာရိုက်မှာစိုးရတယ် အဲဒါကြောင့် လူမသိသူမသိလေးပဲနေမလို့”
အခုမှ လူမသိသူမသိနေမယ်လို့ ပြောရအောင်က… နောက်ကျနေပြီလို့ မထင်ဘူးလား။
အခန်း (၁၄)
အပိုင်း (၁၉၀၄) – ရာထူးမြင့်မြင့်
ဒိကျဲ့သည် နန်းတော်မှ အဖြစ်အပျက်ကို ကြားသောအခါ ပြေးသွားပြီး ရှီမာယူယူကို ကာကွယ်ချင်သည်။ သို့သော် ဒိယိမှ သူ့ကိုတားထားသည်။
ဒိယိ ပြောလိုက်သည် “သခင်.. မင်းသမီးယူယူ ကိုင်တယ်နိုင်ပါလိမ့်မယ် ကြည့်လိုက်”
ဒိကျဲ့သည် ခေါင်းမော့ပြီးကြည့်လိုက်ရာ ဘေးဒုက္ခတိမ်တိုက်များ စုဝေး လာသည်ကို မြင်လိုက်ရသည်။ သူ ရုတ်တရက် ရယ်လိုက်သည် “ဒီကောင်မ လေးတော့ အရှုံးပေးမယ့်သူမဟုတ်ဘူး”
“ဒီအခြေအနေထိရောက်မှတော့ သူ့ကို ဘယ်သူမှရန်မစရဲလောက်တော့ ပါဘူး” တစ္ဆေသခင်သည် ဘေးဒုက္ခတိမ်တိုက်များကိုမြင်သောအခါ သဘောကျ နေသည်။ ဒီတုံ့ပြန်ချက်က ချဲ့ကားလွန်းတာမဟုတ်ဘူးလား။
“နန်းတော်ထဲက အဖြစ်အပျက်တွေကို စောင့်ကြည့်ထား” ရှီမာယူယူ ဆုံးရှုံးမှုမရှိသည်ကို သိသောအခါ ဒိကျဲ့ စိတ်အေးသွားလေသည်။ သူသည် သူ့ လူများကို ဆက်ပြီးစောင့်ကြည့်ရန် အမိန့်ပေးပြီးနောက် တခြားအလုပ်ကိစ္စများ ကို ဆက်လုပ်နေလိုက်သည်။
နန်းတော်အတွင်းမှ သတင်းများပျံ့သွားသောအခါ ဒိကျဲ့သည် ပျော်ရွှင်စွာ ရယ်မောလေသည် “ဖြေရှင်းပုံလှတယ်… ငါ တစ္ဆေကြင်ယာတော်ကို ဒီလောက် အကြာကြီး တိုက်ခိုက်လာတာ.. ဒါပေမဲ့ သူမကို ထိခိုက်အောင် နည်းနည်းမှ မလုပ်နိုင်သေးဘူး.. သူမက နန်းတော်ထဲဝင်လာတာ မကြာသေးဘူး တစ္ဆေ ကြင်ယာတော်ကို အသားတစ်လွှာနွှာပြီးနေပြီ.. ဟားဟားဟား မဆိုးဘူး မဆိုး ဘူး”
“မင်းသမီးက တကယ်ပဲ အားကောင်းတာပဲ” ဒိမျိုးနွယ်တပ်သားများသည် အလွန်အံ့အားသင့်နေကြသည်။ သူမသည် သူတို့ထက် အများကြီးမသာပေ။
“ဒါပေမဲ့ သခင် မင်းသမီးက တစ္ဆေကြင်ယာတော်ကို ထိခိုက်အောင်လုပ် ပြီး အမှောင်နန်းတော်မှာ သုံးရက်ကြာအောင်နေရအောင်လုပ်ထားတာ… သူမ ထွက်လာတာနဲ့ မင်းသမီးကို လက်စားချေမှာမဟုတ်ဘူးလား” ဒိလျူသည် ရှီမာယူယူ၏ ဘေးကင်းမှုကို စိတ်ပူနေသည်။
“စိတ်မပူနဲ့ အဘိုးရှိနေရင် ဒီပြဿနာက ပျောက်သွားလိမ့်မယ်.. သူမက ရှီမာယူယူကို အချိန်တစ်ခုလောက် ထိရဲမှာမဟုတ်ဘူး.. သူမ တကယ့် မိုးကြိုး ဘေးဒုက္ခကိုရင်မဆိုင်ချင်ရင်ပေါ့” ဒိကျဲ့ ပြောလိုက်သည် “ဒီမိုးကြိုးဘေးဒုက္ခက တကယ်ကောင်းတာပဲ… အရင်က သူမကို ဆိုးဆိုးဝါးဝါးပစ်ချတာမြင်ဖူးတယ် ဒါပေမဲ့ အခုကြည့်ရတာ အသုံးဝင်တဲ့ပုံပဲ.. ယန်ချန်းမြို့မှာဖြစ်ခဲ့တဲ့ အဖြစ် အပျက်ကို မင်းတို့တွေ မှတ်တမ်းတင်ထားကြလား”
“တင်ထားပါတယ်” ဒိလျူ ပြောလိုက်သည် “အဲတုန်းက ဒိဝူက အကြံပေး တာပါ.. ပြန်လာတာနဲ့ အကုန်လုံးကို ပြောခဲ့ပါတယ်”
“ဒါဆိုရင် အဲဒါကိုကူးရေးပြီးတော့ ဖြန့်လိုက်… ယန်ချန်းမြို့မှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ အဲလူတွေမြင်ပါစေ.. မိုးကြိုးဘေးဒုက္ခက ဘာလဲ ကောင်းကင်နဲ့ မြေကြီးလှုပ်ရှားရင် ဘယ်လိုလဲဆိုတာကို ကြည့်ခိုင်းလိုက်”
“ဟုတ်ကဲ့ပါ သခင်”
“ပထမဆုံး မှတ်တမ်းလုပ်ထားတဲ့ ကျောက်တုံးကိုယူလာခဲ့ ငါကြည့်ဦး မယ်… ဒီကောင်တွေတော့.. ရှိရဲ့သားနဲ့ ဘာလို့ငါ့ကိုမပြကြတာလဲ”
“ဟီးဟီး သခင်က ပြန်လာတာနဲ့ မင်းသမီးကိုသွားတွေ့တာလေ… ကျွန်တော်တို့လည်း ပျော်နေတာနဲ့ မေ့သွားတာ” ဒိလျူသည် ဒိကျဲ့ပေါက်ကွဲ တော့မည်ကို မြင်သည်နှင့် အမြန်ထပ်ပြောလိုက်သည် “မှတ်တမ်းကျောက်တုံး ကို ဒိဝူဆီကသွားယူလိုက်ပါမယ်”
လတ်တလောတွင် တော်ဝင်နန်းတော်မှလူများသည် မိုးကြိုးဘေးဒုက္ခ ကြောင့် ကြောက်လန့်နေတုန်းပင်ဖြစ်သည်။ အရင်ကဆိုလျှင် မိုးကြိုးဘေးဒုက္ခ ဆိုသည်မှာ ဝေးကွာလွန်းသည်ဟု ထင်ခဲ့သည်။ သို့သော် အခုတော့ အနားတွင် ရှိနေသလိုပင်။
လွန်ခဲ့သည့် နှစ်ရက်က သူတို့ ကြုံတွေ့လိုက်ရသည်မှာ သေးငယ်သော မိုးကြိုးဘေးဒုက္ခသာဖြစ်သည်။ ထိုနှစ်ရက်အတွင်းတွင် ယန်ချန်းမြို့တွင်ဖြစ်ခဲ့ သောအဖြစ်များသည် မြို့အနှံ့ပျံ့သွားလိမ့်မည်ဟုထင်မထားပေ။ ထိုကြောက် မက်ဖွယ် မိုးကြိုးနှင့် ကြောက်လန့်ဖွယ်အရှိန်အဝါသည် သူတို့၏ စိတ်ထဲကို ကြောက်ရွံ့စိတ်များကို ပြည့်သွားစေပြီး ခေါင်းမွေးများထောင်သွားစေသည်။ ထိုနေ့က ဘေးဒုက္ခတိမ်တိုက်ကို ပြန်တွေးမိလိုက်ချိန်တွင်တော့ ရှီမာယူယူကို ကြောက်စိတ်မှာ အသစ်ပေါ်လာသည်။ သေချာပေါက် သေချာပေါက်ကို သူမကို ရန်သွားစလို့မဖြစ်ဘူး။
သူတို့သည် သူတို့တင် ရန်မစသည်သာမက တခြားသူများကိုလည်း ရန်မစမိစေရန် ပြောကြသည်။ သူမ ဝမ်းနည်းအောင် လုပ်မိလိုက်လို့ မိုးကြိုး ဘေးဒုက္ခနဲ့တွေ့သွားရင် ဘယ်လိုလုပ်မလဲ။ သူတို့လည်း အဲအထဲမှာ ပါသွားမှာ ပေါ့။
သို့သော် သူတို့၏ စိတ်ထဲတွင် သူမကို ပင့်မြှောက်နေကာ အထင်ကြီးနေ ကြပြီး သူမအကြောင်းကို ကြားသည်နှင့် လူကြီးများသည် ဖျော့တော့သွားကြ ပြီး ကလေးများသည် ငိုသည်အထိဖြစ်သည်ကို ရှီမာယူယူ မသိပေ။
သုံးရက်ကြာပြီးနောက်တွင် တစ္ဆေကြင်ယာတော်သည် ယွိဟောက်ကို ဦးဆောင်ကာ အမှောင်နန်းတော်မှထွက်လာသည်။ အပျိုတော်နှင့် တပ်သားမ များသည် ချက်ချင်းပင်ရှေ့ထွက်ပြီး သူတို့နှစ်ယောက်ကို တွဲကာ ကိုယ်စီကိုယ်စီ နန်းတော်သို့ ပြန်လိုက်ပို့ပေးကြသည်။
ယွိဟောက်သည် နဂိုကတည်းကပင် အားနည်းသည်။ အမှောင်နန်းတော် တွင် သုံးရက်ကြာနေပြီးနောက်တွင် သူသည် ဆာလောင်ပြီး ဝိညာဉ်စွမ်းအင် မသုံးရသဖြင့် အအေးဒဏ်ကိုခံရသည့် သာမန်လူကဲ့သို့ဖြစ်နေသည်။ သူထွက် လာချိန်တွင် ဗိုက်ဆာသလို ရေငတ်ပြီး အေးခဲနေသည်။ သူသည် လုံးဝပင် အားနည်းသည်။
သူ့တစ်ဘဝလုံးတွင် ဤကဲ့သို့ အပြစ်ပေးမခံရဖူးပေ။
သို့သော် ပြီးခဲ့သည့်ရက်ပိုင်းက အခြေအနေနှင့်ယှဉ်လျှင် သူ ကောင်းလာ ပြီဖြစ်သည်။ ထိုသုံးရက်လုံးလုံး ညှဉ်းပန်းခံရသည်မှာ တစ္ဆေကြင်ယာတော်သာ ဖြစ်သည်။
အစပိုင်းတွင် ယွိဟောက်ကို မိုးကြိုးဘေးဒုက္ခမှကယ်ရန်ဖြစ်သည်။ သူမ သည် အားကောင်းသော်လည်း ထိုအရာသည် ကောင်းကင်၏ မိုးကြိုးဖြစ်နေ သည်။ မိုးကြိုးထိမှန်ပြီးနောက် သူမသည် ဒဏ်ရာအပြင်းအထန် ခံစားခဲ့ရသည်။ ထို့အပြင် မိုးကြိုးဘေးဒုက္ခကြောင့် ဖြစ်သည့် ဒဏ်ရာများမှာ သာမန်ဆေးများ နှင့် ကုသ၍မရပေ။ ထို့ကြောင့်ပင် ထိုဒဏ်ရာများရခဲ့ပြီး အမှောင်နန်းတော်တွင် သုံးရက်ကြာအောင်နေခဲ့သဖြင့် သူမ၏ အခြေအနေမှာ ထင်မှတ်ထားသည့် အတိုင်းပင်ဖြစ်သည်။
အင်ပါယာမြို့တော်တစ်ခုလုံး ထိုသတင်းပျံ့သွားသည်ကို သိပြီးနောက် သူမသည် ပို၍ပေါက်ကွဲလေသည်။ ယွိဟောက် ရှီမာယူယူကို သတ်ချင်နေသည် ကိုသာမက သူမပါ မိုးကြိုးဘေးဒုက္ခခံရသည့်အကြောင်းပါ သိနေကြသည်။ သူမ သည် ယွိဟောက်ကိုကယ်ရန်အတွက် သူမကိုယ်သူမ ဆိုးဝါးသည့်အခြေအနေ ထဲ ဆွဲသွင်းလိုက်သည်ကိုပင် သိကြသည်။
ထိုကိစ္စမှာ တစ်ကြောင်း.. ထိုလူများသည် ယန်ချန်းမြို့တွင် မိုးကြိုး ဘေးဒုက္ခကိုမြင်ခဲ့သဖြင့် ရှီမာယူယူကို အလွန်ကြောက်ရွံ့ကြသည်။ သူမသာ ထပ်ပြီး လှုပ်ရှားလျှင် ပြည်သူများ၏ ဒေါသကိုပင် ရန်စသလိုဖြစ်နိုင်သည်။ ထို့ကြောင့် ဤအခိုက်တွင်တော့ သူမကို ထိရန်နည်းလမ်းမရှိသေးပေ။
သူမသည် ဇာမဏီသလ္လင်တော်ပေါ် လှဲလျောင်းရင်း ဒေါသထွက်လွန်း သဖြင့် လက်သည်းကိုပင် ချိုးမိလိုက်သည်။ သူမသည် ဤကဲ့သို့ သနားစရာ အဖြစ်မျိုး မည်သည့်အခါကမှ မဖြစ်ဖူးပေ။ ဒါတွေအကုန်လုံးက အဲကောင်မ ကြောင့်ဖြစ်တာပဲ။
“မိဖုရား ဒေါသကြောင့် ခန္ဓာကိုယ်ကို အထိခိုက်မခံပါနဲ့” တစ္ဆေကြင်ယာ တော်၏ အပျိုတော်ခေါင်းဆောင် ဟဲ့ရှန်အန်းသည် သူမကို နှစ်သိမ့်ပေးလေ သည် “အဲဒီရှီမာယူယူက မိုးကြိုးဘေးဒုက္ခကို လှုံ့ဆော်ရင်လှုံ့ဆော်နိုင်မယ်.. ဒါပေမဲ့ သူမက အခုမှသွေးမခြောက်သေးတဲ့ ကလေးသာသာပါပဲ.. သူမ လုပ်နိုင် တာအများကြီးမရှိပါဘူး”
“အဲလိုမျိုး အတွေ့အကြုံမရှိတဲ့ဟာတွေက ငါ့ဘဝမျာ အကြီးဆုံးပြဿနာ ပဲ” တစ္ဆေကြင်ယာတော် ဒေါသထွက်နေသည် “ငါ ဒီလိုမျိုးလှဲမနေနိုင်ဘူး ငါ သူမကို မသတ်နိုင်ရင် ငါ့စိတ်ထဲက ဒေါသကို ဘယ်တော့မှဖြည်ဖျောက်နိုင်မှာ မဟုတ်ဘူး.. ငါက ဒူအာကိုလည်း သေစေခဲ့တယ်”
“မိဖုရား ကလေးတစ်ယောက်အတွက်နဲ့ ကိုယ့်ဂုဏ်သိက္ခာကို အပျက်မခံ ပါနဲ့” မြစ်ပြာသည် အပြင်မှလျှောက်ဝင်လာသည်။ သူသည် သူမ၏ ဖြူဖျော့နေ သော မျက်နှာကိုမြင်သောအခါ မျက်ခုံးများအသာကြုတ်သွားလေသည် “ဘယ် လိုဖြစ်လို့ ဒီလောက်ကြီး ဒဏ်ရာရသွားတာလဲ”
“မိဖုရားက မင်းသားလေး မိုးကြိုးဘေးဒုက္ခခံရမှာကို ကာကွယ်ပေးပြီး အမှောင်နန်းတော်မှာ သုံးရက်ကြာအောင် နေခဲ့တာ.. အဲကတည်းက နလန်ထူ နေတာ.. သူမ ထွက်လာတော့ ပိုပြီးဆိုးသွားတာ” ဟဲ့ရှန်း ပြောလေသည်။
“အဲဒီရှီမာယူယူ” မြစ်ပြာ၏ မျက်လုံးများသည် ရဲရဲတောက်သွားသည် “သူမကို အရှင်ထားလို့မရတော့ဘူး”
“ဘာလုပ်ချင်လို့လဲ” ဟဲ့ရှန်း မေးလိုက်သည် “ကျွန်မတို့ အခုဘာမှလုပ် မရဘူး”
“ငါသိပါတယ်” မြစ်ပြာပြောလိုက်သည် “သူမက တော်ဝင်နန်းတော်ထဲ ရောက်နေတော့ ဘာမှလုပ်မရဘူး ဒါပေမဲ့ အဲဒီမှာလည်း တစ်သက်လုံးနေလို့ မရဘူးလေ.. သူမ ထွက်လာတာနဲ့ သူမ အသက်ရှင်နိုင်မလားဆိုတာ ဘယ်သူသိ မှာလဲ”
“မင်းမှာ အကြံရှိလား” တစ္ဆေကြင်ယာတော် မေးလိုက်သည်။
“ယွိခဲ့လော့ရဲ့ အရင်အပျိုတော်တွေနဲ့ တပ်သားတွေနဲ့ သူမက ဆက်ဆံ ရေး ကောင်းတယ်လို့ကြားတယ်” မြစ်ပြာမေးလိုက်သည်။
“ဟုတ်တယ်” ဟဲ့ရှန်း ခေါင်းညိတ်လေသည် “မင်းသားလေးက သူမ နန်းဆောင်ကလူတွေကို ရိုက်တော့ သူမက မင်းသားလေးကိုတောင် ရိုက်လိုက် သေးတာ”
“ဒါဆိုလွယ်သွားပြီ.. တာဝန်လုပ်ဖို့ သွားခဲ့တဲ့ ယွိခဲ့လော့ရဲ့ ကိုယ်ရံတော်နဲ့ အပျိုတော်တွေတချို့ ပျောက်သွားတာကို မှတ်မိသေးတယ်.. ကြည့်ရတာ သူတို့ကို တခြားတစ်ယောက်က ဖမ်းသွားတဲ့ပုံပဲ.. အဲလူတွေကိုရှာပြီး သတင်း လွှင့်လိုက်ရင် သူမ သေချာပေါက် နန်းတော်ထဲကထွက်လာလိမ့်မယ်”
“ဒါပေမဲ့ သူမက မိုးကြိုးဘေးဒုက္ခကို လှုံ့ဆော်နိုင်တယ်.. ကျွန်မတို့ လူတွေ ဘယ်လောက်လွှတ်လွှတ် အသုံးမဝင်ဘူး” ဟဲ့ရှန်း ပြောလိုက်သည်။
“အဲလူတွေက အသုံးမကျတဲ့ဟာတွေပါ.. ဒီတစ်ခါလှုပ်ရှားရင် အရည်အချင်းရှိတဲ့လူတွေပဲ သုံမးယ်.. သာမန်လူက ဘယ်လိုလုပ် ကျေနပ်စေ မှာလဲ” မြစ်ပြာသည် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
အောက်မှလူများကို စဉ်းစားကြည့်ပြီး တစ္ဆေကြင်ယာတော်သည် ယုံကြည်ချက်အပြည့်ရှိသွားပြန်သည် “ဒါဆိုလည်း မင်းကိုပဲ အပ်ထားလိုက် တော့မယ်”
“စိတ်မပူပါနဲ့ မိဖုရားရဲ့ကိုယ်စား လက်တုံ့ပြန်ပေးပါမယ်” မြစ်ပြာသည် သဲ့သဲ့ပြုံးပြီး ပြန်ဖြေလေသည်။
ဟဲ့ရှန်းသည် သူ့အပြုံးကို မြင်သည့်အချိန်တိုင်း ရူးသွားချင်မိသည်။ သူ့ကို အကြိမ်ပေါင်းများစွာ တွေ့လာခဲ့သော်လည်း သူ့အပြုံးကိုတော့ သူမ အောင့်မခံ နိုင်ပေ။ သူသည် တစ္ဆေကြင်ယာတော်အတွက်ကိုသာ ပြုံးပြသည်မှာတော့ နှမြောဖွယ်ကောင်းလှသည်။
မြစ်ပြာသည် တစ္ဆေကြင်ယာတော်ကို စစ်ဆေးပြီးနောက် ပြောလိုက် သည် “အနည်းဆုံးတော့ ပင်မအကြောကိုမထိဘူး.. ကောင်းကောင်းအနားယူ ပြီးတော့ အဲဒီကိစ္စတွေကို လျစ်လျူရှုထားလိုက်ပါ.. ဒါပေမဲ့ မင်းသားလေးကို တော့ ကောင်းကောင်းသင်ပေးရတော့မယ်.. သူအလောတကြီး လုပ်လိုက်လို့ ကြောင့်သာမဟုတ်ရင် မိဖုရားလည်း ဒီလောက်ခံစားရမှာမဟုတ်ဘူး”