အခန်း (၇၉-၈၁)
Vol. 6 Ch. 79-81
အခန်း(၇၉) ဖက်ရှင်နဲ့ပတ်သက်လာရင် ဟွာရှားကလူတွေက မင်းရဲ့ဘိုးဘေးတွေပဲ
“ငါအလုပ်ထုတ်ခံရတယ်ဟုတ်လား။ ဘယ်လိုဟာသမျိုးလဲ၊ လုံခြုံရေး၊ ဒီလူတွေကို မောင်းထုတ်လိုက်စမ်းပါ”
“ဒါကိုကြည့်စမ်း” ရွှယ်အန်းက ကဒ်ကို ပစ်ပေးလိုက်သည်။ သိုက်ယွဲ့သည် ရွှယ်အန်းကို ပေါ့ပေါ့တန်တန်သဘောထား၍ ဂရုမစိုက်ဘဲ ကဒ်ကို ကောက်ယူလိုက်သည်။ သို့သော် တစ်ချက်ကြည့်ပြီးသည်နှင့် သူမကြောင်အသွား၏။
အဘယ်ကြောင့်ဆိုသော် ထိုကဒ်သည်….လုံတိုင် ကုမ္ပဏီသို့ ဝင်ရောက်လာစဥ်ကတည်းက လူတိုင်း အထူးသိထားရမည့်ကဒ်တစ်ကဒ်ဖြစ်သည်။ ဤကဒ်ကို ပိုင်ဆိုင်ထားသူသည် လုံတိုင်အဖွဲ့၏အလေးစားရဆုံး ဧည့်သည်တော်ဖြစ်သည်။
သူ့ကဲ့သို့ အသေးစားလုပ်ငန်းမန်နေဂျာတစ်ဦးကို အလုပ်ထုတ်ပစ်ရန်မဆိုနှင့်၊ လုံတိုင်အဖွဲ့ကို ချက်ချင်းပိတ်ပစ်လိုက်ချင်လျှင်ပင်၊ ဤသည်ကို မေးခွန်းထုတ်ရန် လိုလိမ့်မည်မဟုတ်ပေ။ သိုက်ယွဲ့၏ မျက်နှာသည် အလွန်ဖြူဖျော့သွားကာ၊ သူမ၏တစ်ကိုယ်လုံး တုန်ယင်လာသည်။
ရွှယ်အန်းက ယင်းကို လျစ်လျူရှု့၍ ပြောလိုက်သည်။
“မင်း အဲ့တာကို ရှင်းရှင်းလင်းလင်းမြင်လား။ အတည်ပြုဖို့ ဖုန်းခေါ်ချင်သေးလား”
သိုက်ယွဲ့သည် ၎င်းမှာ အမှန်တကယ်ပင်ဖြစ်ကြောင်းသိနေသဖြင့်၊ အသံပင် မထွက်ရဲပေ။ ဤသူသည် လုံတိုင်အဖွဲ့၏ အမြင့်ဆုံး ဗွီအိုင်ပီကဒ်ကို မည်ကဲ့သို့ ပိုင်ဆိုင်နေခဲ့သနည်း။
ဤသူသည် မည်သူနည်း။
သိုက်ယွဲ့က အတန်ငယ်စိတ်ပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ရွှယ်အန်းသည် အေးဆေးတည်ငြိမ်စွာဖြင့်သာ ဆက်ပြော၏။
“သံသယမရှိတော့ဘူးဆိုရင် မင်းကို တစ်ခုလောက်ပြောချင်တယ်။ အခုချက်ချင်း … ထွက်သွားစမ်း”
ရွှယ်အန်း၏ အသံသည် အနည်းငယ်ပို၍ ပြင်းထန်လာသည်။ ကြည့်ရှု့နေသူများအတွက် မည်သို့မျှ ထူးခြားပုံမပေါ်သော်လည်း သိုက်ယွဲ့အတွက်မူ၊ သူမ၏ နားထဲတွင် မိုးခြိမ်းသံတစ်ခု မြည်ဟည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမတစ်ကိုယ်လုံး တုန်ယင်နေကာ၊ ချွေးများစီးကျလာသည်။
သိုက်ယွေ့နောက်မှလိုက်လာသူများသည် နှင်းခဲများကြောင့် အေးခဲသွားသကဲ့သို့ ခေါင်းမထောင်ဝံ့တော့ဘဲ၊ ငြိမ်နေကြသည်။
ထိုအချိန်တွင် သိုက်ယွဲ့က ရုတ်တရက် အော်လိုက်၏။
“ရှင်က ကျွန်မကို အလုပ်ထုတ်လိုက်တယ်ပေါ့၊ ဒါပေမယ့် ဒီနေ့ ဖက်ရှင်ရှိုးကို ရှင်ဘယ်လိုလုပ်ဦးမလဲဆိုတာ ကြည့်ချင်သေးတယ်”
ဤဿို့ပြောကာ၊ သိုက်ယွေ့က လေးစားသဘောကျမှုအပြည့်ဖြင့် ဘေဘာကိုကြည့်လိုက်သည်။
“ဆရာကြီးဘေဘာ၊ ရှင်မြင်သားပဲ၊ ဒီလူတွေက အရမ်းရိုင်းပြီး အရည်အချင်းလည်းမရှိပါဘူး။ ဘာလို့ ဒီလူတွေနဲ့ တွဲဖက်လုပ်ကိုင်မှာလဲ”
ဤလူတွင် ထိုကဲ့သို့သော အာဏာမျိုးရှိလိမ့်မည်ဟု သူမထင်ထားသဖြင့်၊ ဘေဘာ၏ မျက်နှာထက်တွင်လည်း နက်နဲသောအမူအရာတစ်ခုရှိနေသည်။ ဤလူသည် မန်နေဂျာတစ်ယောက်ကို ပေါ့ပါးစွာဖြင့် နှုတ်ထွက်စေနိုင်ခဲ့သည်။ သို့သော် ဤအမျိုးသမီးပြောသည်မှာလည်း မမှားပေ။
‘ငါအခု ပူးပေါင်းမှုကို ရပ်လိုက်ရင် ဒီအခမ်းအနားဖွင့်ပွဲ ဖက်ရှင်ရှိုးကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြည့်ကြရအောင်”
ကာမန်သည် မီးထဲသို့ လောင်စာထပ်ထည့်လိုက်သည်။
“ဟွာရှားလူတွေရဲ့အဆင့်အတန်းက အရမ်းနိမ့်ကျလွန်းတော့ စာချုပ်တွေကိုလည်း လေးစားမှုမရှိဘူး။ သိပ်မကြာခင်၊ သူတို့ ဆရာ့ကို တောင်းပန်ရလိမ့်မယ်၊ ဆရာကြီးဘေဘာ”
ဘေဘာက ဂုဏ်ယူစွာဖြင့် ကြည့်လိုက်သည်။ သို့သော် ထိုအချိန်တွင် ရွှယ်အန်းက ပြုံး၍ ပြော၏။
“မင်းမရှိရင် ဒီဖက်ရှင်ရှိုးကဆက်လုပ်လို့မရဘူးလို့ ဘယ်သူပြောလဲ”
ဘေဘာအံ့အားသင့်သွားသည်။ ဤလူသည် အခြားသော ဒီဇိုင်နာများကို ဖိတ်ကြားခဲ့ခြင်းဖြစ်နိုင်သလော။
မဖြစ်နိုင်ပေ။
သူအဘယ်ကြောင့် ဤသို့ပြောရသနည်း။
သိုက်ယွဲ့သည်လည်း အနည်းငယ်တုံ့ဆိုင်းနေပြီးမှာ မကြာမီတွင် လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။
“အထာကျချင်ယောင်ဆောင်နေတာပဲ၊ ဒါပေမယ့် ရှင် အခမ်းအနားစရင် ဘယ်လိုလုပ်မလဲကြည့်ရအောင်”
ရွှယ်အန်းက သူမကို လေးနက်စွာဖြင့် ကြည့်၍ ခေါင်းငုံ့ကာ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကိုပြောလိုက်သည်။
“ဖေဖေတို့ ဂိမ်းတစ်ခုကစားကြမလား”
“အွန်း” ကလေးမလေးနှစ်ယောက်က ပြိုင်တူပြောလိုက်သည်။
ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်ကို ဖက်ရှင်ပွဲကျင်းပရာနေရာသို့ခေါ်သွားသည်။ သိုက်ယွဲ့၊ ဘေဘာနှင့် အခြားသောသူများသည်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးနောက်၊ ချက်ချင်းနောက်မှလိုက်သွားကြသည်။
ရွှယ်အန်းက မည်သို့ လုပ်တော့မည်ကို သူတို့သိချင်ကြသည်။ ထိုအချိန်တွင် ဖက်ရှင်ပွဲစရန် မိနှစ်နှစ်ဆယ်သာလိုတော့၏။ ဤနေရာတွင် တာဝန်ခံက အလွန် ပြာယာခတ်လျက်၊ အလုပ်များနေသည်။ ရွှယ်အန်းရောက်လာသည်ကို မြင်သောအခါ၊ သူက အံံအားသင့်သွား၏။
“မင်းက…”
ရွှယ်အန်းသည် ခပ်များများပြောမနေတော့ဘဲ၊ ကဒ်ကို ထုတ်၍ ပြောလိုက်သည်။
“ငါ ဒီနေရာကို တာဝန်လွှဲယူတော့မယ်”
“ဒါပေမယ့်…” ဗွီအိုင်ပီကဒ်ကို မြင်သည်နှင့်၊ ကျန်သောသူ့စကားများအားလုံး လည်ပင်းထက်တွင် တစ်ဆို့သွားရသည်။
“မိနစ်နှစ်ဆယ်ပဲကျန်တော့တယ်၊ ဘုရားသခင်တောင် သူ့ကို အခုမကယ်နိုင်ဘူး” ဘေဘာက လှောင်ပြောင်သည်။
သို့သော် ရွှယ်အန်းသည် ပြိုးပြိုးပြက်ပြက်ဖြစ်နေသော အဝတ်အစားများကို ကြည့်ပြီးနောက်၊ အထည် တစ်ဒါဇင်ခန့်ကို ရွေးချယ်လိုက်သည်။
ထို့နောက်၊ ၎င်းတို့ကို စားပွဲပေါ်သို့ ကောက်တင်၍ ဘေးနားရှိကတ်ကြေးများဖြင့် ပေါ့ပါးစွာညှပ်လိုက်သည်။ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားရ၏။
‘သူချက်ချင်း ဒီဇိုင်းပြောင်းတော့မှာလား’
‘ဘုရားရေ’
‘မိနစ်နှစ်ဆယ်ပဲလိုတော့တယ်’
‘အချိန်အလုံအလောက်ရှိပါ့မလား’
အန်းချင်သည်ပင်လျှင် ရွှယ်အန်းက နောက်ပြောင်နေသည်ဟု ထင်ခဲ့ရာ၊ ဘေဘာ၊ ကာမန် နှင့် သိုက်ယွဲ့တို့အားလုံးသည် လှောင်ရယ်၍ ကဲ့ရဲ့ရှုတ်ချနေကြသည်။ ရွှယ်အန်းသည် အရှိန်အဟုန်ပြင်းစွာဖြင့် ပိတ်စများကို တစ်မိနစ်အတွင်းအပြီးသတ်ပြီးနောက်၊ ၎င်းတို့ကို စတင်တွဲလိုက်သည်။
သူ့ဘေးတွင်ရှိနေသော အပ်ချုပ်ဆရာများသည် အကုန် ထိပ်တန်းများဖြစ်ကြသဖြင့်၊ ရွှယ်အန်းက ပြီးသည်နှင့် ၎င်းတို့ကို လွှဲပေးလိုက်သည်။ သူတို့က ရွှယ်အန်း လှည့်စားနေသည်ဟုထင်ခဲ့ကြသော်လည်း တတ်နိုင်သမျှ အမြန်ဆုံးသောအရှိန်ဖြင့် ချုပ်ပေးလိူက်သည်။
ရွှယ်အန်းက နှစ်ခုကို ကောက်ယူ၍ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို ပေးလိုက်သည်။
“ဒါက သမီးတို့ဟာ”
ထို့နောက် ကျန်အပိုင်းများကို ထန်ရွှမ်အာနှင့် အန်းချင်တို့ထံသို့ပေးလိုက်၏။
“ဒါတွေက မင်းတို့ဟာ”
အန်းချင်၏ မျက်လုံးများသည် ထိတ်လန့်တကြားပြူးကျယ်သွား၏။
“ငါတို့ အဲ့ကို သွားရမှာလား”
“ဟုတ်တယ်၊ ငါဒါတွေကို မင်းတို့အတွက် သီးသန့်ဒီဇိုင်းထုတ်ထားတား” ရွှယ်အန်းက ဘာသိဘာသာပြောသည်။
အခြေအနေ၏ အရေးကြီးမှုကို သိသဖြင့်၊ အန်းချင်နှင့် ထန်ရွှမ်အာတို့သည် အချိန်ဖြုန်းမနေတော့ဘဲ၊ စကားမများကြတော့ပေ။ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို အဝတ်လဲခန်းထဲသို့ ခေါ်သွားကြ၏။
ထိုအချိန်တွင် ပွဲစရန် ငါးမိနစ်ပင်မလိုတော့ပေ။ ဘေဘာက ဤအခိုက်အတန့်တွင် နှာခေါင်းရှုတ်၍ ပြောလိုက်သည်။
“ရယ်ရလိုက်တာ၊ ငါက ဥရောပမှာ ဒီဇိုင်းပညာကို ဆယ်စုနှစ်တစ်ခုကြာလေ့လာခဲ့တာ၊ အခုတော့ ဒီကတစ်ယောက်က မိနစ်တိုအတွင်း အဝတ်အစားအသစ်လဲနိုင်မယ်လို့ ထင်နေတယ်”
ရွှယ်အန်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
“ခွင့်ပြုပါ။ အဝတ်အစားနဲ့ပတ်သက်လာရင် ငါတို့ဟွာရှားကလူတွေက မင်းတို့ရဲ့ဘိုးဘေးတွေပဲ”
ထိုစကားများသည် ဘေဘာကို အလွန်အမျက်ထွက်စေခဲ့သော်လည်း ခွန်းတုံ့မပြန်နိုင်တော့ပေ။
ရွှယ်အန်း ပြောခဲံသည်မှာ အမှန်တရားသာဖြစ်သည်။
ဟွာရှားလူမျိုးများက အလွန်လက်ရာမြောက်သော ပိုးထည်များကို ဝတ်ဆင်နေကြစဥ်တွင် ဥရောပသားများသည် လေးလံသောသားမွေးများနှင့် ကောက်ရိုးကြမ်းများကို ဝတ်ဆင်ထားကြဆဲဖြစ်သည်။ ယနေ့ဖက်ရှင်ရှိုးပွဲသည် မီဒီယာများစွာကို ဆွဲဆောင်ခဲ့သည်ဖြစ်သည့်အပြင်၊ နိုင်ငံတစ်ဝှမ်းမှ ဖက်ရှင် ဝါသနာရှင်များလည်း ပါဝင်၏။
ထိုအချိန်တွင် သူတို့အားလုံး လျှောက်လှမ်းအောက်တွင် တိတ်တဆိတ်စောင့်ဆိုင်းနေ၏။
ဟိုးအဝေးဆီမှလူများသည်မူ သာမန်ပြည်သူများဖြစ်ကြသည်။ ထိုအချိန်တွင် သူတို့အားလုံး တီးတောပြောနေကြ၏။
“ဟေး ဘာလို့ ဒီပွဲကို ဒီလောက်စိတ်ဝင်စားနေကြတာလဲ၊ ဥရောပက ရှုပ်ရှုပ်ရှက်ရှက်တွေပဲမဟုတ်ဘူးလား”
“အမှန်ပဲ၊ ငါပလက်စတစ်အိတ်ဝတ်ထားတဲ့ မော်ဒယ်တစ်ယောက်တောင် မြင်ဖူးတယ်။ ဘာမှအဓိပ္ပါယ်မရှိဘူး”
“အင်း နှစ်ထောင်ပေါင်းများစွာ ယဥ်ကျေးမှုတွေရှိတဲ့ ငါတို့ ဟွာရှားကလူတွေက နိုင်ငံခြားသားတွေက အဝတ်အစားအကြောင်း သင်ပေးတာခံရမယ့်အထိ နိမ့်ကျသွားတာလား” တစ်စုံတစ်ယောက်သည် ငိုကြွေး၍ပြောလိုက်သည်။
နောက်ဆုံးတွင် ရှေးခေတ်ဂူချင်းအသံတစ်ခု လေထဲသို့တိုးဝင်လာသည်။
ပရိတ်သတ်အားလုံးသည်လည်း တိတ်ဆိတ်သွား၏။
ပုံမှန်အားဖြင့် ဖွင့်ပွဲကာလတွင် အင်္ဂလိပ်သီချင်းအမျိုးမျိုးကို ဖွင့်ထားလေ့ရှိကြသော်လည်း ယနေ့ မည်သို့ဖြစ်နေသနည်း။ လူတချို့က အနည်းငယ်အံသြနေကြသည်။ သို့သော် ဂန္ထဝင်တူရိယာ၏အသံသည် အမှန်တကယ်ပင် လှပ၍ စွဲမက်ဖွယ်ကောင်းသည်ဖြစ်ရာ၊ ၎င်းကို ကြားရသည့်အတွက်လည်း လန်းဆန်းတက်ကြွစေသည်။ ပြေးလမ်းအဝင်ဝသို့ မီးမောင်းထိုးလာသောအခါ၊ လူတိုင်းက ပထမဆုံးမော်ဒယ် မည်သူဖြစ်မည်ကို စိတ်အားထက်သန်စွာဖြင့် စောင့်ကြည့်နေကြသည်။
ထို့နောက် ဂန္ထဝင်ဟန်ဖု(တရုတ်ရိုးရာဝတ်စုံ) ဝတ်ဆင်ထားသော မိန်းကလေးငယ်နှစ်ဦးသည် လက်ချင်းချိတ်၍လျှောက်လာသည်ကို မြင်လိုက်ရ၏။ ထိုမိန်းကလေးငယ်နှစ်ယောက်သည် တစ်ထေရာတည်းတူသည့်အပြင် ၎င်းတို့၏မျက်လုံးလေးများသည်လည်း ကြယ်ကလေးများကဲ့သို့ တောက်ပလျက်၊ ပန်းချီကားချပ်သဖွယ်ဖြစ်နေသည်။
၎င်းတို့၏ ဂန္ထဝင်ဟန်ဖုနှင့်မူ၊ ၎င်းတို့သည် ပန်းချီကားချပ်ထဲမှ မင်းသမီးလေးများအသက်ဝင်လာသကဲ့သို့ ထင်ရ၏။
အောက်မှ အံ့သြသံများထွက်လာသည်။
မီဒီယာများသည်လည်း ထပ်တူထပ်မျှ အံ့အားသင့်ကုန်ကြသည်။
‘ဒီဇိုင်နာက ဥရောပကလို့ပြောခဲ့တာမဟုတ်ဘူးလား’
‘ဟန်ဖုကဘယ်လိုရောက်လာတာလဲ’
သို့သော် မီဒီယာများသည် မြန်မြန်ဆန်ဆန် တုံ့ပြန်၍ ချက်ချင်းပင် အရူးအမူးဓာတ်ပုံရိုက်ကြသည်။
‘ဒါအကောင်းဆုံးပစ္စည်းပဲ’
ကင်မရာများ၏ အဆက်မပြတ် တဖျပ်ဖျပ်အလင်းများသည် ကလေးမလေးနှစ်ယောက်ကို အနည်းငယ်ကြောက်သွားစေပုံရသည်။ သို့သော် ကလေးမလေးနှစ်ယောက်သည် ခေါင်းကိုငုံ့၍ ဇွဲရှိစွာဖြင့် လမ်းအဆုံးထိလျှောက်သွား၏။
သူတို့ပြန်လျှောက်လာသောအခါ၊ ပရိတ်သတ်များက ကျယ်လောင်သောလက်ခုပ်သံများနှင့်အတူ၊ အော်သံများသည်လည်း လှိုင်းလုံးကြီးများသဖွယ် တစ်ဟုန်ထိုး ပေါ်ပေါက်လာသည်။
အဝေးမှလူများသည် ကျယ်လောင်စွာအော်ဟစ်နေကြ၏။
“လှတယ်၊ ဒီကလေးလေးနှစ်ယောက်က အရမ်းချစ်စရာကောင်းတယ်”
“ဘုရားရေ၊ ငါ့မှာသာသူတို့လိုသမီးလေးတွေရှိရင် အပျော်လွန်နေမှာပဲ”
အခန်း(၈၀) ဟန်မိသားစုအဝတ်အစား
ပြပွဲကို ထိုကဲ့သို့ စွဲမက်ဖွယ်ချစ်စဖွယ်ကလေးမလေးနှစ်ယောက်ဖြင့် ဖွင့်ခဲ့သည်။ ထို့နောက်၊ မည်သို့ ဆက်ဖြစ်လိမ့်မည်နည်း။
ပရိတ်သတ်များသည် မျှော်လင့်ချက်အပြည့်ဖြင့် ထွက်ပေါက်ဆီသို့မျှော်ကြည့်နေကြသည်။
သွယ်လျသော ကျောက်စိမ်းရောင်ခပ်ပါးပါသန်းနေသည့် လက်တစ်ဖက်သည် ကန့်လန့်ကာကို ဦးစွာဖယ်လိုက်သောအခါ၊ လူအုပ်ကြီးတစ်ခုလုံး အသက်ရှူရန်ပင် မေ့နေသကဲ့သို့ ဖြစ်သွား၏။
ထို့နောက် ဟန်ဖုဝတ်ထားသော အမျိုးသမီးတစ်ဦးသည် ဂုဏ်သိက္ခာရှိစွာဖြင့်၊ ဖြည်းညှင်းစွာလျှောက်လှမ်းထွက်လာသည်။
သူမ၏ ဝင်ရောက်လာမှုသည် အခန်းတစ်ခုလုံးကို ရင်သပ်ရှု့မောမှုအတိပြီးသွားစေသည်။ ဓာတ်ပုံဆရာများစွာသည် အစကတည်းက မရပ်မနား ဓာတ်ပုံများစွာ တဖျပ်ဖျပ် ရိုက်ခဲ့ကြသည်။
ပထမဆုံး ပေါ်လာသည်မှာ အရပ်အနည်းငယ်ပုပုံပေါ်သော အန်းချင်ဖြစ်ကာ၊ ရွှယ်အန်းက ကျယ်ပြန့်သော ဟန်ဖုကို အနည်းငယ်သေးစေရန် ပြုလုပ်ထားခြင်းကြောင့် သူ့အပေါ်တွင် ယင်းသည် အလွန်သိမ်မွေ့၍ ကျက်သရေရှိစေ၏။
ပို၍အရေးကြီးသည်မှာ အန်းချင်သည် မြင်ကွင်းကြီးများစွာကို မြင်ဖူးသောကြောင့် သူမ၏ စင်မြင့်ထက်တွင် ရှက်ရွံ့မနေဘဲ၊ အခြားနေရာသို့ လှည့်ကြည့်ခြင်းမရှိ၊ ခံ့ညားစွာဖြင့် T ပုံစံ စတိတ်စင်သို့ လျှောက်လှမ်းလာသည်။
“ဘယ်လောက်လှတဲ့မိန်းကလေးလဲ” တစ်စုံတစ်ယောက်က အော်ပြော၍ သဘောတူလိုက်ိသည်။
ဤအခိုက်အတန့်တွင် အနက်ရောင်နှင့် အနီရောင်လျို့ရှန်စကတ်ဝတ်ထားသော အမျိုးသမီးတစ်ဦးသည် ဖြည်းညှင်းစွာဖြင့် ဤ ပုံစံ စတိတ်ေပါ်သို့ တက်လာသည်။ ထိုအချိန်တွင် ကုချင်းတေးဂီတသည် အထွဋ်အထိပ်သို့ရောက်ရှိလာ၏။
အန်းချင်နှင့် နှိုင်းယှဥ်လျှင်၊ ထန်ရွှမ်အာသည် အနည်းငယ် တက်ကြွနေပုံပေါ်၍ ရွှယ်အန်းသည် လျို့ရှန်စကတ်ကို အနက်ရောင်နှင့်အနီရောင်တို့ဖြင့် ချုပ်ပေးထားသောကြောင့် သူမသည် သဘာဝကျစွာပင် နတ်သမီးတစ်ပါးနှင့်တူ၏။
ယခုအချိန်တွင် ထမ်ရွှမ်အာသည် စင်မြင့်အောက်မှ လူများစွာက သူမကို စိုက်ကြည့်နေကြောင်း မြင်လိုက်ရသဖြင့်၊ အနည်းငယ်ထိတ်လန့်သွားသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် စင်မြင့်ပေါ်မှ ထန်ရွှမ်အာ၏ တုံ့ဆိုင်းမှုကို သတိပြုမိသဖြင့်၊ မျက်လုံးကို အနည်းငယ်မှေး၍ မြင့်မြင့်သောအာရုံလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
အင်မော်တယ်ဘုံရှိ ကောင်းကင်နတ်သမီးသွားလာပုံများကို သူမထံသို့ လွှဲပြောင်းပေးခဲ့သည်ဖြစ်ရာ၊ ထန်ရွှမ်အာသည် သူမပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရကာ၊ ပတ်ဝန်းကျင်ရှိသူများအားလုံးသည် ကောင်းကင်ဘုံရှိ လှပသော မိန်းမပျိုများကဲ့သို့ ပြောင်းလဲသွား၏။
ဤကောင်းကင်ဘုံရှိ အပျိုစင်များသည် မြင်သူတိုင်းကို ချက်ချင်းစွဲမက်စေသော ဂုဏ်သိက္ခာနှင့် ကျက်သရေများဖြင့် လျှောက်လှမ်းလေ့ရှိကြသည်။
ထန်ရွှမ်အာ၏ စိတ်နှလုံးသားသည် တဖြည်းဖြည်းချင်းငြိမ်သက်သွားကာ၊ သူမသည် ဤကောင်းကင်ဘုံရှိ မိန်းမပျိုများ၏ ကိုယ်နေဟန်ထားများကို မသိစိတ်ဖြင့် တုပလာသည်။ ထို့ကြောင့် ပရိတ်သတ်၏ ရှု့ထောင့်မှကြည့်လျှင် ဤအမျိုးသမီးသည် သူပထမဆုံးထွက်လာစဥ်က စိတ်ရှုပ်ထွေးနေပုံပေါ်သော်လည်း လျင်မြန်စွာဖြင့်ပင် တည်ငြိမ်သွားကာ၊ လေထဲတွင်လွင့်နေသော မိုးမခတစ်စင်းနှယ် တင့်တယ်စွာ ရွေ့လျားလာသည်။ သူမ၏ အလှကို စကားလုံးများဖြင့် ရိုးရှင်းစွာဖော်ပြ၍ မရပေ။
အောက်တွင်ရှိနေသော ကင်မရာသမားများအားလုံးသည် ရွေ့ရန်ပင် မေ့နေကြသည့်နှယ် တောင့်တင်းကြောင်အနေကြရာ၊ ၎င်းတို့၏ ဘေးမှလူတစ်ယောက်က ၎င်းတို့ကို ဖြတ်ရိုက်လိုက်သောအခါမှ နိုးထအသိဝင်လာကြသည်။ ထို့နောက် ၎င်းတို့သည် ကောင်းကင်ဘုံမှ မြေကြီးပေါ်သို့ ဆင်းသက်လာပုံရသော ဤအမျိုးသမီးကို ၎င်းတို့၏ ကင်မရာများဖြင့် အလျင်အမြန်ချိန်ရွယ်လိုက်ကြသည်။ ဤအခိုက်အတန့်တွင် နောက်ခံတေးဂီတသည် ပို၍ပို၍ တက်ကြွလာကာ၊ အထွဋ်အထိပ်သို့ရောက်လာသည်။
အဝေးမှကြည့်ရှု့သူအများအပြားသည် ၎င်းတို့၏ လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ကြသည်။ စင်ပေါ်တွင် အမျိုးသမီးဝတ်ထားသည်မှာ အမှန်စင်စစ် စစ်မှန်သေ ဟန်ဝတ်စုံပင်ဖြစ်သည်။
ထို့ကြောင့် ဤဟန်ဝတ်စုံသည် အလွန်လှပလွန်းသည်။ အထူးသဖြင့်၊ ဟွာရှားအမျိုးသမီးများဝတ်သောအခါတွင်၊ ၎င်းသည် နူးညံ့သိမ်မွေ့၍ ကျက်သရေရှိသောအမူအရာများကို အပြည့်အဝပြသနေ၏။
ဘေဘာ၊ ကာမန်၊ သိုက်ယွဲ့နှင့် အခြားသူများသည် မလှမ်းမကမ်းတွင် ရပ်၍ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။
အထူးသဖြင့်၊ ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်သော ဘေဘာသည် ဤအဝတ်အစားများတွင် မှော်ဆန်မှုကို သေချာတွေ့နိုင်၏။
လူတစ်ဦးစီတွင် မတူညီသော ခန္ဓာကိုယ်နှင့် ကိုယ်နေဟန်ထားရှိကြသည်ဖြစ်ရာ၊ ယင်းသည် ဒီဇိုင်နာတစ်ယောက်မှ မော်ဒယ်၏ အလှဆုံးသောအပိုင်းကို ပြသနိုင်ရန် အလိုအပ်ဆုံးသောအရာလည်းဖြစ်၏။
ဤသည်က ခက်ခဲလှသည်။ သို့သော် ရွှယ်အန်းသည် မိနစ်အနည်းငယ်အတွင်း၌ လုပ်နိုင်ခဲ့သည်။
‘သူဒါကို ဘယ်လိုစီစဥ်ခဲ့တာလဲ’
ဘေဘာက နှစ်ပေါင်းများစွာကြာ တည်မြဲနေခဲ့သော ကမ္ဘာ့အမြင်သည် လုံးဝပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းသည် ရွှယ်အန်းအတွက် လမ်းလျှောက်ရုံမျှသာဖြစ်ကြောင်း သူမမသိခဲ့ပေ။ နောက်ဆုံးတွင် သူသည် တစ်ချိန်က အင်မော်တယ်အရှင်ဖြစ်ခဲ့ဖူးသည်ကပင် ခမ်းနားသောမြင်ကွင်းများစွာကို မြင်တွေ့ခဲ့ရ၍ လှပသောအလှတရားများစွာကိုလည်း မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့်သူ၏အလှကို နားလည်မှုနှင့် ထိန်းချုပ်နိုင်စွမ်းသည် ပြိုင်ဘက်ကင်းနေ၏။ ဖက်ရှင်ဒီဇိုင်းမျှသောအရာသည်၊ သူ့အတွက် စိန်ခေါ်မှုမဟုတ်သည်မှာ သေချာသည်။
ထို့အပြင် ဤသည်ကား အစသာရှိသေး၏။
နောက်ဆယ်မိနစ်အတွင်း ဟန်ဖုဝတ်စားဆင်ယင်မှု၏ အလှတရားပွဲတော်သည် လူတိုင်းကို ဆွဲဆောင်သွားခဲ့သည်။
အောက်တွင်ရှိနေသော ဖက်ရှင်စတားများနှင့် အနုပညာရှင်များအားလုံး အံ့သြသွားကြသည်။
တစ်ချိန်က ၎င်းတို့နိုင်ငံတွင် ဖက်ရှင်မရှိသောကြောင့်ဟုတွေးကာ၊ အနောက်တိုင်းယဥ်ကျေးမှုကို လေးစားခဲ့ကြဖူးသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ၊ ၎င်းတို့အားလုံး၏မျက်နှာသို့ ပြင်းထန်စွာ ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ၎င်းတို့၏ ဘိုးဘေးများထားခဲ့သည့် ဟန်ဖုသည် ခေတ်မမီတော့ခြင်းမဟုတ်ကြောင်း ၎င်းတို့သိလာရသည်။ ဤသည်မှာ ၎င်းတို့ အဆင့်နှင့် လိုက်ဖက်ညီရန် နိမ့်ကျလွန်းနေခြင်းဖြစ်သည်။
ဘေဘာသည် စကားတစ်ခွန်းမျှပင် မပြောနိုင်တော့ပေ။
ရွှယ်အန်းပြောခဲ့သည်မှာ မှန်သည်။ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ဟွာရှားလူမျိုးများသည် အမှန်တကယ်ပင် အနောက်တိုင်းသားများ၏ ဘိုးဘေးများဖြစ်ကြသည်။ သို့သော် ဤသည်မှာ မပြီးသေးပေ။ သီချင်းသံက တဖြည်းဖြည်း ငြိမ်ကျသွားသည်။
T စင်မြင့်ထက်ရှိ မီးရောင်များလည်း မှိန်သွားသည်။
‘ပြီးသွားပြီလား’
လူများစွာသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြ၍ ၎င်းတို့နှလုံးသားများသည် ယင်းကို မခွဲခြားနိုင်ကြသေးပေ။
သို့သော် အမှောင်ထုထဲမှ ခမ်းနားထည်ဝါသော တေးသီချင်းတစ်ပုဒ်ရုတ်တရက် ထွက်ပေါ်လာသည်။
၎င်းတို့အားလုံး သတိလက်လွတ်ဖြစ်သွား၍ လူများစွာသည် တုန်ယင်သွားကြရသည်။
စင်မြင့်ထက်မှ ရွှယ်အန်းသည် အနက်ရောင်နှင့် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားကြကာ၊ ခါးတွင် ချိတ်ထားသည့် သုံးပေရှည်သော ဟန်ဓားတစ်လတ်ဖြင့်၊ စင်မြင့်ထက်သို့ ဖြည်းညှင်းစွာတက်လာသည်။
ဟန်မင်းဆက်ဧကရာဇ်ဝတ်ရုံကို ပုံစံဆယ်နှစ်မျိုးဖြင့်၊ ချုပ်ထားသည်ဖြစ်၍ ခမ်းနားထည်ဝါလှကာ၊ အလွန်ဂုဏ်သိက္ခာရှိလှသည်။ အသွားရှစ်မျက်နှာနှင့် အရှည်သုံးပေခန့်ရှိသော ဟန်ဓားသည် တိုက်ရိုက်ကြည့်ဝံ့ရန် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
သို့သော် ရွှယ်အန်းသည် သပ်ရပ်သော မျက်နှာအသွင်အပြင်မျိုးဖြင့်၊ သူ၏ မျက်လုံးများသည်လည်း ရေကန်အောက်ခြေမှ ငြိမ်သက်မှုကဲ့သို့ တည်ငြိမ်နေရာ၊ လေးစားဖွယ်၊ ကြောက်မက်ဖွယ်ကောင်း၏။
စင်ပေါ်နှင့် စင်အောက်ရှိ လူတိုင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
သတင်းထောက်များစွာသည် ရွှယ်အန်းထွက်လာသောအခါ၊ ဓာတ်ပုံရိုက်ရန်ပင်မေ့လျော့နေကြသဖြင့်၊ ကင်မရာများကို အမြန်မလိုက်ကြသည်။
ဟန်ဖုသည် အမျိုးသမီးများဝတ်ဆင်ရန် အလွန်သင့်တော်လှကာ၊ အလှကိုလည်း ပေါ်လွင်စေသည်။ သို့သော် အမျိုးသားများအတွက်မူ၊ ၎င်းသည် အသေးစိတ်မချုပ်ထားပါက၊ လွယ်ကူစွာဖြင့် ပေါ့ပျက်ပျက်ဖြစ်သွားစေနိုင်သော အားနည်းချက်ရှိသည်။
သို့သော် ရွှယ်အန်းသည် ထိုနေရာတွင် ရိုးရှင်းစွာရပ်နေခြင်းကပင်၊ ဧကရာဇ်မင်းမြတ်၏ ထူးခြားသော ဖြစ်တည်မှုကို ထုတ်ဖော်ပြသနေသည့်နှယ်ထင်ရ၏။
အမျိုးသမီးအချို့၏ ရွှယ်အန်းအပေါ်သို့ အကြည့်များသည် ပို၍ပြင်းပျလာကြသည်။
‘ဒီလူက… အရမ်းခံ့ညားတယ်’
ထိုအချိန်တွင် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့နှင့်အတူ၊ ထန်ရွှမ်အာနှင့် ချင်းယွမ်တို့သည်လည်း စင်မြင့်ထက်သို့ရောက်နေကြပြီဖြစ်သည်။ ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်၏ လက်ကို ကိုင်ထား၍ T ပုံစံစ၍်ပေါ်သို့ ဖြည်းညှင်းစွာလျှောက်လာသည်။ ဤမြင်ကွင်းသည် ပွဲရှိ အငွေ့အသက်ကို အလွန်အထွဋ်အထိပ်သို့ရောက်သွားစေသည်။
ဟွာရှားမှ ကြည့်ရှု့သူအများစု၏ မျက်လုံးများမှ မျက်ရည်များစီးကျလာကြသည်။
‘ဒါက ဟန်ဖုရဲ့ကျက်သရေလား’
‘ဆိုတို့ ငါတို့က အခြားနိုင်ငံတွေထက် နည်းနည်းလေးတောင် အဆင့်မနိမ့်ဘူးပေါ့’
ထိုအချိန်တွင် ရွှယ်အန်းသည် T ပုံစံစင်၏ အလယ်ဗဟိုတွင်ရပ်၍ ပရိတ်သတ်ကို ခပ်ပါးပါးပြောလိုက်သည်။
“အနောက်တိုင်းဒီဇိုင်နာတွေပါမယ်လို့ပြောထားပြီး၊ ဒီဖက်ရှင်ရှိုးပွဲက ဘာလို့ ဒီလိုဖြစ်နေရလဲဆိုတာ အားလုံးကသိချင်နေကြမှာပဲ”
သူ၏အသံသည် မကျယ်လှသောလည်း ခန်းမ၏ ထောင့်ချိုးတိုင်းသို့ရောက်သွားသည်။
လူတိုင်းသည် စူးစိုက်၍ နားထောင်နေကြကာ၊ အသက်ရှူရန်ပင်မေ့လျော့နေကြသည်။ ထိုသူ၏ အသံတွင် လေးစားမှုကိုအရယူနိုင်သော မှော်အတတ်မျိုးရှိသည်။
“အဲ့တာဘာလို့လဲဆိုတော့ ကျွန်တော်ရောက်တုန်းက ဒီဇိုင်နာနဲ့တွေ့ခဲ့ရပါတယ်။ သူ့နောက်ကို ‘မုချန်ယွမ်’တချို့လည်း လိုက်နေကြတယ်”
ရွှယ်အန်း၏ စကားများသည် သူမည်သို့ ဆိုလိုချင်ကြောင်း ရှင်းလင်းနေသောကြောင့် ရယ်သံတချို့ပေါ်ထွက်လာသည်။
“ဟွာရှားရဲ့လူတစ်ယောက်အဖြစ်မွေးဖွားလာပြီးတော့၊ ‘မင်းတို့ဟွာရှား’ လူတွေလို့ အဆက်မပြတ် ရည်ညွှန်းပြီး အဲ့နိုင်ငံခြားသားတွေကိုကျ အရှက်မရှိ ခင်မင်ပြနေရင်၊ အဲ့တာ ‘မုယန်ချွမ်မဟုတ်လို့ ဘာဖြစ်မလဲ”
“ကြယ်သီးတစ်လုံးလောက် ပုံစံပြောင်းရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ဖက်ရှင်ပညာရှင်ဆိုပြီးခေါ်နေကြတဲ့ ဖက်ရှင်ဒီဇိုင်နာတွေပေါ့… ကျွန်တော့်အမြင်အရတော့…” ရွှယ်အန်း၏အကြည့်များက ပရိတ်သက်ကို လွှမ်းခြုံသွားသည်။
“ဇိမ်ခံမှုနဲ့ ဖက်ရှင်အကြောင်းပြောရမယ်ဆိုရင် ဘာမှပြောစရာမရှိပေမယ့် ကမ္ဘာ့နိုင်ငံတွေအားလုံးက ဟွာရှားနဲ့ယှဥ်လိုက်ရင်တော့ အမှိုက်သာသာတွေပဲ”
ထိုစကားလုံးများကြောင့် လူများစွာက လက်ခုပ်ထတီးလာကြသည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
“ဒါဆို နောင်မှာ ‘မုယန်ချွမ်’တွေ ထပ်ရှိမလာဖို့ မျှော်လင့်ပါတယ်။ မင်းတို့ကိုယ်မင်းတို့ ဟွာရှားလူတွေလို့ မခေါ်ဖို့လည်းမမေ့နဲ့၊ … မင်းတို့နဲ့မတန်ဘူး”
“ကောင်းပြီ” လူများစွာသည် တုံ့ဆိုင်းမနေဘဲ သဘောတူညီကြောင်း အော်ဟစ်ခဲ့ကြသည်။
သို့သော် သတင်းထောက်အနည်းငယ်က မေးလိုက်ကြ၏။
“ခွင့်ပြုပါဆရာ၊ ဆရာက ဒီဖက်ရှင်ရှိုးရဲ့ ဒီဇိုင်နာလား”
ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။
အောက်ရှိ လူအုပ်ကြားထဲတွင် လှုပ်လှုပ်ရွရွဖြစ်သွား၏။ လူတိုင်းသည် ယင်းကို သံသယရှိခဲ့ကြသော်လည်း ဤသူသည် ဤပွဲ၏ အမှန်တကယ်ပင် ဒီဇိုင်နာဖြစ်လိမ့်မည်ဟုမမျှော်လင့်ထားပေ။ ဘေဘာ၏မျက်နှာသည် ဖြူဖျော့လျက် မျက်လုံးများတွင် ကြောက်ရွံ့မှုများထင်ဟပ်နေ၏။
ဤသူသည် သူရန်မစသင့်သောသူဖြစ်ကြောင်း အသိစိတ်က ပြောနေသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် ဘေဘာနှင့် ကျန်သူများကို လှည့်ကြည့်၍ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုပေါ်လာ၏။ ဤအပြုံးကို မြင်လိုက်ရသောအခါ၊ ကာမန်၊ သိုက်ယွဲ့နှင့် အခြားသူများသည် ရေခဲကန်ထဲသို့ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့ ပြီးသွားပြီဖြစ်ကြောင်း သိကြ၏။
သူတို့လုံးလုံး ပြီးဆုံးသွားပြီဖြစ်သည်။
အခန်း(၈၁) ဘုရင်မင်းမြတ်နှင့်၊ အချိန်ပြည့်အိမ်၌ နေနေသောအဖေ
ဖက်ရှင်ရှိုးပွဲ ပြီးသွားပြီဖြစ်သည်။ ရွှယ်အန်းနှင့် အခြားသူများလည်း စင်ပေါ်မှ ဆင်းလာခဲ့ကြ၏။ သို့သော် ပရိသတ်နှင့် ကြည့်ရှုသူများသည် အချိန်အတော်ကြာအထိ ထွက်ခွာရန် တွန့်ဆုတ်နေခဲ့ကြသည်။
စာနယ်ဇင်းသမားများသည်မူ ထိုအချိန်တွင် လက်တွေ့ကျကျ ရူးသွပ်သွားကြသည်။ ပုံမှန်ဖက်ရှင်ရှိုးတစ်ခုသာ ဖြစ်မည်ဟု သူတို့ထင်ထားသော်လည်း ကြီးမားသောကိစ္စတစ်ခုဖြစ်လာသည်။
ပြောရန်မလိုအောင်ပင် ဤ "မော်ဒယ်များ" ၏ 360 ဒီဂရီ အပြစ်အနာအဆာကင်းသော ဓာတ်ပုံများသည် အင်တာနက်ပေါ်တွင် အုတ်အော်သောင်းတင်းဖြစ်သွားစေရန် လုံလောက်၏။
ပို၍ အရေးကြီးသည်မှာ နောက်ဆုံးပေါ်လာသောသူသည် မည်သူနည်းဟူ၍ပင်ဖြစ်သည်။ ထို့အပြင် ဤဖက်ရှင်ရှိုးသည် ဥရောပ ဒီဇိုင်နာများကို ပြသသင့်ခြင်းမဟုတ်သလော။
အကယ်ကြောင့် ဤသို့ ရုတ်တရက်ဖြစ်သွားရသနည်း။
ဤမေးခွန်းများကြောင့် ဂျာနယ်လစ်များသည် ခေါင်းကုတ်၍ စင်မြင့်နောက်သို့ အပြေးသွားကာ၊ အင်တာဗျူးလုပ်ချင်နေကြသော စိတ်များ တဖွားဖွားပေါ်လာသည်။ သို့သော် ၎င်းတို့၏မျှော်လင့်ချက်များမှာ အချည်းနှီးဖြစ်နေကြောင်းထင်ရှား၏။
ရွှယ်အန်းသည် ယခုအချိန်တွင် လုံတိုင်ပလာဇာ၏ အကြီးတန်းရုံးခန်းတွင်ရှိနေ၏။ ချင်းယွီသည်လည်း ထိုနေရာတွင်ရှိနေသည်။ သူမသည် သတင်းကိုကြားလိုက်သည်နှင့်တစ်ပြိုင်နက် ပြေးလာခဲ့သော်လည်း ဖက်ရှင်ရှိုး၏ နောက်ဆုံးမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
သူမသည် လွယ်လင့်တကူ စိတ်လှုပ်ရှားတတ်သူမဟုတ်သော်လည်း ရွှယ်အန်း၏စကားအနည်းငယ်ကြောင့် မျက်ရည်ကျခဲ့ရသည်။
တကယ်ပင်၊ အချို့သူများသည် အလွန် ဟန်ဆောင်ကောင်းကြသည်။ ထို့ကြောင့် သူမရောက်လာသည်နှင့်တပြိုင်နက်၊ သိုက်ယွဲ့နှင့်သူ၏ လက်အောက်ငယ်သားများအားလုံးကို ပြတ်သားစွာ အလုပ်ထုတ်ပစ်ခဲ့သည်။ ဒီဇိုင်နာဟုခေါ်သော ကာမန်သည်မူ၊ နာမည်ပျက်စာရင်းသွင်းရန် အမိန့်ထုတ်ခံလိုက်ရ၏။ တစ်နည်းအားဖြင့်၊ သူသည် အနာဂတ်တွင် နောက်ထပ်တစ်ကြိမ်ထပ်မံ၍ ငှားရမ်းခံရတော့မည်မဟုတ်ပေ။ ဘေဘာသည်သာလျှင်၊ ကွဲအက်ရန် ခက်ခဲသော အစေ့အဆန်တစ်ခုဖြစ်သည်။ သို့သော် ချင်းယွီသည် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်တန့်ရန် အမိန့်ပေး၍ ဟွာရှားမှ ချက်ချင်းထွက်သွားရန် တောင်းဆိုခဲ့သည်။
ဘေဘာသည် အရှက်ကွဲစွာလှည့်ထွက်သွား၏။
အရာအားလုံးပြေလည်သွားပြီုဖြစ်သည်။
ချင်းယွီက တောင်းပန်စကားအနည်းငယ်ပြောလိုက်သည်။
"မစ္စတာရွှယ်၊ ဒီလိုအဖြစ်အပျက်မျိုး ကြုံလာရဖို့အတွက်နဲ့၊ ရှင့်ကို အလည်ဖိတ်မိမယ်လို့ မမျှော်လင့်ထားဘူး”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံး၍ ပြောလိုက်သည်။
"ပြဿနာမရှိပါဘူး၊ ငါနည်းနည်းပဲလုပ်လိုက်တာပါ"
‘ရှင့်နည်းနည်းက တကယ်ကို မုန်တိုင်းဖြစ်သွားစေတာပဲ’ ချင်းယွီက တွေးသည်။
ချင်းယွီသည် အဝတ်အစားလောက၌ ရူးသွပ်သွားပြီဖြစ်ကြောင်း သတင်းရရှိထားပြီးဖြစ်သည်။ ဖက်ရှင်ရှိုးပွဲကြည့်ပြီးသူများသည် မပြန်သွားကြသေးဘဲ၊ ဟန်ဖုအထည်အချို့ဝယ်ယူရန် စီစဥ်နေကြသည်။ လူတန်းသည် အလွန်များပြားလာသဖြင့်၊ ရှောပင်းမောလ်ဝင်ပေါက်၏ အပြင်သို့ပင် ရှည်နေသည်။
ထို့အပြင် ဤအဖြစ်အပျက်သည် အင်တာနက်တစ်ခွင်တွင် ပျံ့နှံ့သွား၏။
ဂျာနယ်လစ်များသည် အင်တာဗျူးရန် ရွှယ်အန်းကို ရှာမတွေ့ကြသော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ပိုင်နည်းလမ်းများဖြင့် လုံတိုင်ပလာဇာရှိ ဝန်ထမ်းများမှတစ်ဆင့် အထောက်အကူများစွာရရှိခဲ့သည်။ အထူးသဖြင့် ထိုအဖြစ်အပျက်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသောဝန်ထမ်းများနှင့်၊ ထိုအဖြစ်အပျက်ကို ပုံကြီးချဲ့၍ ရေးသားခဲ့ကြသော ဝန်ထမ်းများဖြစ်သည်။ ဤဖက်ရှင်ရှိုးသို့ တက်ရောက်လာခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက်ဟုခံစား၍ သတင်းထောက်များက စိတ်လှုပ်ရှားစွာဖြင့် နားထောင်ခဲ့ကြသည်။
ဤသတင်းသည် အလွန်ရင်ခုန်ဖွယ်ကောင်းသောသတင်းကြီးတစ်ပုဒ်ဖြစ်သည်။ ဤသတင်းသည် အလွန်ရင်ခုန်ဖွယ်ကောင်းသော သတင်းကြီးတစ်ပုဒ်ဖြစ်သည်။ ထို့ကြောင့် ဤသတင်းထောက်များ၏ ကလောင်အောက်တွင် ထိုအဖြစ်အပျက်သည် အွန်လိုင်းပေါ်သို့ လျင်မြန်စွာပြန့်နှံ့လာသည်။ အများသူငှာအမြင်အရ၊ ကြောက်မက်ဖွယ်ကောင်းသောအရှိန်ဖြင့် စတင်ပျ့နှံ့လာခြင်းဖြစ်သော်လည်း ယခင်ပဋိမက္ခများနှင့်မတူသည်မှာ ဤတစ်ကြိမ်တွင် လူတိုင်းနီးပါးသည် အထူးစည်းလုံးညီညွတ်စွာဖြင့်၊ ရွှယ်အန်းဘက်တွင် ရပ်တည်ခဲံကြသည်။
လူနည်းစုသည်သာ၊ နိုင်ငံခြားဆက်ဆံရေးကို ထိခိုက်စေခြင်းနှင့်ပတ်သက်သော အပြစ်တင်သည့်မှတ်ချက်များပေးခဲ့ကြရာ၊ ကျန်သူအားလုံးက သဘောကျနှစ်ခြိုက်ကြသည်။
အထူးသဖြင့်၊ ဤအဖြစ်အပျက်၏ ပုံများနှင့် ဗီဒီယိုများကို အွန်လိုင်းသို့ တင်လိုက်သောအခါ၊ အပျော်သဘောကြည့်ရှု့သူများပင် အံ့မခန်းဖြစ်ကုန်ကြသည်။
“ဘုရားရေ၊ ဒီကလေးမလေးနှစ်ယောက်က ချစ်စရာကောင်းလိုက်တာ။ သူတို့က ရိုးရိုးရှင်းရှင်းကို ချစ်စရာာလေးတွေ” ၎င်းတို့သည် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့၏ အမာခံပရိတ်သတ်များဖြစ်ကြသည်။
“မင်းသမီးလေးအတွက် ငါတို့က အရာအားလုံးကို ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်” ၎င်းတို့သည် အန်းချင်၏ ပရိတ်သတ်များဖြစ်ကြသည်။
“ချီးကျူးစကားတွေအကုန်လုံးက မင်းရဲ့တည်ရှိမှုအောက်မှာ အဓိပ္ပါယ်မဲ့ကုန်တယ်” ဤသည်ကား ထန်ရွှမ်အာ၏ ပရိတ်သတ်များဖြစ်ကြသည်။
ထို့နောက်တွင် ပရိတ်သတ်များ စတင်ရန်ဖြစ်ကြကာ၊ ထုံးစံအတိုင်းပင် တစ်ယောက်နှင့်တစ်ယောက် ယှဥ်ပြိုင်လာကြသည်။ ဥပမာအားဖြင့်၊ မည်သူက ပိုလှသလဲဆိုသော အရာမျိုးဖြစ်ရာ၊ အန်းချင်နှင့် ထန်ရွှမ်အာတို့၏ ပရိတ်သတ်များသည် ဖိုရမ်ထက်မှ စာမျက်နှာများထက်တွင် ရာနှင့်ချီ၍ တိုက်ပွဲဝင်နေကြသည်။
သို့သော် ကိစ္စတစ်ခုတွင်မူ၊ ဤပရိတ်သတ်များသည် အံ့သြဖွယ်ကောင်းလောက်အောင် ညီညွတ်နေကြသည်။ ဟန်ဧကရာဇ်ဝတ်လုံကို ဝတ်ဆင်ထားသော ရွှယ်အန်း၏ပုံအောက်မှ မှတ်ချက်များသည် အလွန် တစ်ပုံစံတည်းနီးပါးညီညွတ်နေ၏။
“မင်္ဂလာပါ အရှင်မင်းကြီး”
မှန်သည်။ အခုအချိန်တွင် ရွှယ်အန်းကို အွန်လိုင်းမှ မရေမတွက်နုငိ်သော လူများက “ဘုရင်မင်းမြတ်”အဖြစ်ချီးကျူးနေကြသည်။ သို့သော် အကြီးမားဆုံးသော အကျိုးစီးပွားဖြစ်ခဲ့သည်မှာ ဟန်ဖုမှတပါးအခြားမဟုတ်ပေ။
ဤထိတွေ့မှုအပြီးတွင် လူများစွာသည် မိမိတို့ နိုင်ငံတွင်းရှိ ရိုးရာဝတ်စားဆင်ယင်မှုကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြသည်ဖြစ်ရာ၊ ၎င်းသည် အလွန်လှပလွန်း၏။ ထို့ကြောင့် ရောင်းအားသည်လည်း ရုတ်တရက် ထိုးတက်သွားခဲ့သည်။
ထို့အပြင် လုံတိုင်ရှောပင်းမောသည် ကြိုးစားရန်ပင်မလိုအပ်ဘဲ၊ ဤအဖြစ်အပျက်မှ အကျိုးအမြတ်များစွာ ကံကောင်းစွာဖြင့်ရရှိခဲ့သည်။ လူများစွာက ဤနေရာရှိ ဟန်ဖုကို ဝယ်နုငိ်ရန် မိုင်တေထာင်ချီ ခရီးနှင်လာကြသည်။
ထူညီသော မော်ဒယ်များကို အထူးတောင်းဆိုခဲ့ကြရာ၊ ထိုအရာအားလုံး၏ မူလအစသည် ရွှယ်အန်းမှတပါးအခြားမဟုတ်ပေ။ သို့သော် ရွှယ်အန်းက ဤအကြောင်းကိုသိခဲ့လျှင်ပင်၊ သူရယ်ရုံသာတတ်နိုင်ပေလိမ့်မည်ဖြစ်သည်။
သူ့တွင် အခြားပြင်ဆင်စရာကိစ္စရပ်များများစွာရှိနေသေး၏။
ဥပမာအားဖြင့်…
သူ့သမီးနှစ်ယောက်နှင့် စျေးဝယ်ထွက်ခြင်းဖြစ်သည်။
အမျိုးသမီးများသည် အရွယ်မရွေး စျေးဝယ်ထွက်ခြင်းကို နှစ်သက်ကြသည်။ ယောက်ျားများသည်မူ၊ အင်မော်တယ်အရှင်ပင် ဖြစ်လင့်ကစား၊ စျေးဝယ်ခြင်းကို မုန်းကြသည်။ သို့သော် သင်လိုက်ပါလာသောသူသည် သင်၏ သမီးများဖြစ်နေလျှင်မူ၊ ဤသည်ကား ခြားနားသော ကိစ္စရပ်တစ်ခုဖြစ်၏။
ရွှယ်အန်းသည် လက်ရှိတွင် အချိန်ပြည့်ဖခင်အဖြစ် ကလေးမလေးနှစ်ယောက်၏အနောက်သို့ ကျေနပ်စွာလိုက်ပါလျက်ရှိသည်။
ကလေးမလေးနှစ်ယောက်သည် အမြဲတစေ၊ စူးစမ်းနေတတ်ကြသဖြင့် ရွှယ်အန်းက နောက်မှလိုက်လာ၍ မကြာမကြာ “ကြိုက်လား”ဟုမေးတတ်သည်။
အကယ်၍ ၎င်းတို့က ခေါင်းညိတ်လျှင်၊ ရွှယ်အန်းက ရှေ့သို့ ထွက်၍ ပိုက်ဆံရှင်းရန် ထွက်လာတတ်သည်။ ထိုကဲ့သို့သော ကျေနပ်စွာပြုမူသောအပြုအမူသည် နောက်မှလိုက်လာသော အန်းချင်နှင့် ထန်ရွှမ်အာတို့ကို ထိတ်လန့်သွားစေနိုင်သည်။ သို့သော် ရွှယ်အန်းကမူ၊ မလုံလောက်သေးဟု ခံစားရ၏။ သူ့သမီးနှစ်ယောက်နှင့် မတွေ့ခဲ့ရသည်မှာ လေးနှစ်ခန့်ကြာခဲ့ခြင်းဖြစ်သဖြင့်၊ အခု အခွင့်အရေးရသည်နှင့် ကောင်းကင်ယံထက်မှ လမင်းကြီးကို ဆွတ်ခူးပေးလိုသော ဆန္ဒပင်ရှိသည်။
‘ငါ့သမီးတွေကို ငါမှအလိုမလိုက်ရင် ဘယ်သူက အလိုလိုက်မှာလဲ”
တစ်နေ့တာလုံးတွင် ၎င်းတို့အဖွဲ့သည် ၎င်းတို့၏အချိန်များကို သောက်သောက်စားစား၊ ဆော့ကစားလျက် ကုန်ဆုံးစေခဲ့သည်။ ညနေစောင်းသို့ရောက်သောအခါ၊ စိတ်အားတက်ကြွနေသော ကလေးမလေးနှစ်ယောက်သည် နောက်ဆုံးတွင်မောပန်းနွမ်းနယ်လာကြသည်။ ရွှယ်အန်းက ၎င်းတို့ကို ချီပိုး၍ ရင်ခွင်တစ်ဖက်စီသို့ထည့်လိုက်သည်။
“ဘာစားချင်လဲ”
“အကင်ချောင်း” နျန်နျန်ကပြောသည်။
“သမီးက ငါးကင်” ရွှယ်ရှန်းကပြောသည်။
ရွှယ်အန်းကပြုံး၍ ပြန်ဖြေလိုက်သည်။
“ကောင်းပြီ၊ ငါတို့ပြန်ရောက်ရင် ငါးကင်နဲ့ အကင်ချောင်းတွေလုပ်စားရအောင်”
“ရေး ဖေဖေက အကောင်းဆုံးပဲ” ကလေးမလေးနှစ်ယောက်က စိတ်လှုပ်ရှားစွာအော်လိုက်ကြ၏။
ရွှယ်အန်းသည် သမီးနှစ်ယောက်၏အပြုံးများကို နွေးထွေးမှုအပြည့်ဖြင့် ပြုံး၍ကြည့်လိုက်သည်။
‘မိန်းမ’
‘ခဏလေးပဲစောင့်ပါ၊ ကိုယ်မင်းကို ပြန်ခေါ်လာနိုင်တာနဲ့ ကိုယ်တို့ သေချာပေါက်…’
‘မဟုတ်ဘူး’
‘စကြဝဌာကြီးတစ်ခုလုံးမှာ အပျော်ဆုံးမိသားစုဖြစ်လာလိမ့်မယ်’
ပြည်နယ်မြို့တော်ရှိ သီးသန့်ကလပ်တစ်ခုတွင်ဖြစ်သည်။
လူချမ်းသာမိသားစု သို့မဟုတ်၊ သြဇာရှိသောသူများသာလျှင် ဤနေရာသို့ ဝင်ထွက်သွားလာနိုင်သည်။ ယခု ဤကလပ်တစ်ခုလုံးကို လူတစ်ယောက်က ဘိုကင်တင်ထားသဖြင့်၊ ကလပ်ထဲတွင် ဝိဉာဥ်တစ်ကောင်တစ်လေပင်မရှိပေ။
ဤနေရာသို့လာရောက်လည်ပတ်ကြသည့် ဧည့်သည်တော်အများအပြားသည် ယင်းကို မကျေနပ်ကြသော်လည်း မည်သူက ကြိုတင်စာရင်းသွင်းထားခြင်းဖြစ်ကြောင်းသိလိုက်ရသောအခါ၊ ၎င်းတို့အားလုံးနှုတ်ဆိတ်သွားကြသည်။
ဤအမည်သည် ပြည်နယ်မြို့တော်တွင် အမြင့်ဆုံးအာဏာရှိသူတစ်ဦးကို ကိုယ်စားပြုခြင်းဖြစ်သဖြင့် ဤနေရာရှိ မည်သူကမျှ သူ သို့မဟုတ် သူ့မိသားစုကို ရန်စဝံ့မည်မဟုတ်ပေ။
ရှဲ့ထန်စီသည် ဆိုဖာပေါ်တွင် လှဲလျောင်းလျက်၊ အလွန်လှပသော အမျိုးသမီးတစ်ဦး၏ သွယ်လျလှပသော ပေါင်ပေါ်တွင် ခေါင်းအုံးကာ၊ မျက်လုံးမှိတ်၍ အနှိပ်ခံနေသည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် လေးစားစွာဖြင့် သူ့ကို ခေါ်လိုက်၏။
“သခင်လေးရှဲ့၊ သူတို့ရောက်ကြပြီ” ရှဲ့ထန်စီက မျက်စိဖွင့်၍ ခေါင်းညိတ်ပြလိုက်သည်။
“သူတို့ကို ဝင်ခဲ့ခိုင်းလိုက်”
ခဏအကြာတွင် ခြေသံများကြားလိုက်ရ၏။
ရှဲ့ထန်စီသည် ထပင်မထတော့ဘဲ၊ အေးဆေးစွာကြည့်နေသည်။
ရောက်လာသူသည် မိန်းမတစ်ဦးဖြစ်ကာ၊ အလှတရားနှင့်ပတ်သက်၍ မည်သူမျှယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။
ဤမိန်းမနှင့်နှိုင်းယှဥ်ပါက၊ သူ့ကို နှိပ်နယ်ပေးနေသော အမျိုးသမီးသည် အလွန်သာမန်ကျသည်။
ရှဲ့ထန်စီ၏ နှုတ်ခမ်းများထက်တွင် ခပ်ပါးပါးအပြုံးတစ်ခုပေါ်ပေါက်လာသည်။
“မိန်းကလေးဖန်း၊ ကျေးဇူးပြုပြီးထိုင်ပါ”