← Chapters

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း(၈၈) ခင်ဗျားကို တစ်ဘီလီယံပေးမယ်

“ဒါပေမယ့် ပြဿနာတစ်ခုရှိတယ်။ ဒီအကြောင်းအရာက အရမ်းပြောင်မြောက်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့က အဲ့တာကို ရိုက်မယ်ဆိုရင် ပိုက်ဆံတော်တော် ကုန်ကျလိမ့်မယ်” ချောင်ကျန့်က လေးနက်စွာပြောလိုက်သည်။

သူပြောသည်မှာ မှန်သည်။

ရွှယ်အန်းရေးသားခဲ့သည့် ဝတ္ထုသည် သူမ၏ မူလရည်ရွယ်ချက်ကို ရှာဖွေလျက်၊ ကောင်းကင်ဘုံသို့တက်လာခဲ့သည့် လူသတ်မှုတစ်ခုကို ကျူးလွန်မိသော အမျိုးသမီးတစ်ဦးအကြောင်းဖြစ်သည်။ ယင်းတွင် များစွာသော ခမ်းနားသည့်မြင်ကွင်းများပါဝင်သည်ဖြစ်ရာ၊ ထိုအရာများအားလုံးကို ရိုက်ကူးရေးပြုလုပ်ရမည်ဆိုပါက၊ ငွေအမြောက်အမြားကုန်ကျပေလိမ့်မည်ဖြစ်သည်။

ရွှယ်အန်းက ပြုံးလိုက်သည်။

“ကျုပ်တို့ဘယ်လောက်လိုမလဲပြောကြည့်ပါ”

ချောင်ကျန့်က အသက်ပြင်းပြင်းတစ်ချက်ရှူ၍ ခဏတာတွေးကာ၊ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက်၊ လက်နှစ်ချောင်းထောင်ပြ၏။

“အနည်းဆုံး ယွမ်သန်းနှစ်ရာ” ရွှယ်အန်း စကားမဆုံးခင်တွင် အေးစက်သောအသံတစ်ခု ပေါ်ထွက်လာသည်။

“ကျွန်မ ရှင့်ကို တစ်ဘီလီယံပေးမယ်” ချောင်ကျန့် အံ့အားသင့်သွားသည်။ အသံနှင့်အတူ ချင်းယွီဝင်လာ၏။

ထို့နောက် ရွှယ်အန်းထံသို့ ဦးတည်သွားကာ၊ ဦးစွာဦးညွတ်လိုက်သည်။

“မစ္စတာရွှယ်”

ရွှယ်အန်းသည် သူမရောက်ရှိလာမည်ဖြစ်ကြောင်းမျှော်လင့်ထားပုံပေါ်ကာ၊ ခပ်ပါးပါးပြုံးလိုက်သည်။ ထို့နောက် ချင်းယွီသည် တုန်လှုပ်အံ့သြနေသော ချောင်ကျန့်ကို လှည့်ကြည့်လိုက်၏။

“တစ်ဘီလီယံ၊ ရှင့်အကောင်းနံပါတ်ပြောပါ၊ ကျွန်မ အခုပဲလွှဲလိုက်မယ်” ချောင်ကျန့်သည် အနည်းအံ့အားသင့်သွားသည်။

ရုပ်ရှင်လုပ်ငန်းတွင် လူတိုင်းက ၎င်းတို့ကဲ့သို့ စေတနာရှိကြသလော။

ဇာတ်ကားများရိုက်ခဲ့စဥ်က ရုပ်ရှင်ထုတ်လုပ်ရေးတွင် ငွေပမာဏအမြောက်အမြားကုန်ကျသည်ကို သူမှတ်မိသည်။ ထိုစဥ်က ရင်းနှီးမြုပ်နှံ့မှုများရနိုင်ရန် အလွန်ကြိုးစားခဲ့ရသည်။

ယခုမူ၊ ကိစ္စများသည် ပိုမိချောမွေ့လာ၏။

ရိုက်ကူးရေးမစတင်မီတည်းကပင် သူ့အကောင့်ထဲသို့ ငွေများထည့်ပေးတော့မည်လော။

သို့သောာ်လည်း ချောင်ကျန့်၏နှလုံးသားသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နေ၏။

ယနေ့မတိုင်မမီက သူသည် မျှော်လင့်ချက်များကို လုံးဝစွန့်လွှတ်ခဲ့ပြီးဖြစ်သည်။ မိမိချစ်ရသူသေဆုံးသွားသည်နှင့်တစ်ပြိုင်နက်၊ သူသည်လည်း အဆောက်အဦထက်မှ ခုန်ချမည်ဟု ကြိုတင်စီစဥ်ထားခဲ့သည်။

ချစ်ရသူသေဆုံးသွားပါက၊ ဤလောကတွင် သူဆက်လက်ရှင်သန်နေထိုင်ရန် အကြောင်းအရာမရှိတော့ပေ။

သို့သော် မျက်စိတစ်မှိတ်အတွင်း၌ပင် သူချစ်ရသူပြန်လည်ကျန်းမာလာကာ၊ သူမြတ်နိုးသော အလုပ်ကို ပြန်လုပ်နိုင်ခဲ့သည်။ ထိုအချိန်တွင် ချောင်ကန့်က သူ့စိတ်သူထိန်းထားလိုက်သည်။

လူတစ်ယောက်သည် မိမိတို့ကိုအလေးအမြတ်ထားသောသူတို့လက်ထဲတွင်သာ သေလိမ့်မည်ဖြစ်သည်။

အခြားတစ်ဖက်မှ သူ့ကို ကယ်တင်ခဲ့သည့်အတွက်၊ ဤဇာတ်ကားကို အကောင်းဆုံးဖြစ်အောင် ဖန်တီးရန် အလွန်အမင်းစွန့်လွှတ်အနစ်နာခံဖို့အထိပင် ကြိုးပမ်းအားထုတ်မည်ဖြစ်သည်။ ဝမ်ဝမ်ကျန်းသည် ဝေ့ပေါ်ကို ဖွင့်၍ ဖန်းမင်ရွှယ်၏ အကောင့်ကို ပုံမှန်စစ်ဆေးနေသည်။

ဤသည်က သူ့အတွက်၊ လွန်ခဲ့သော တစ်နှစ်ကျော်ကတည်းက လုပ်ရိုးလုပ်စဥ်တစ်ခုဖြစ်လာခဲ့သည်။ သူမသည် မိမိပိုင်ဆိုင်ထားသော ဂုဏ်ကျက်သရေကို အလေးအနက် တန်ဖိုးထား၏။ သူမသည် ဖျော်ဖြေရေးနယ်ပယ်မှ အခြားသော ဇာတ်ကောင်များနှင့်မတူပေ။ ဖန်းမင်ရွှယ်သည် မည်သို့သော သတင်းအရှုပ်အထွေးများထဲတွင်မှ မပါဝင်ခဲ့ဖူးပေ။ သို့သော် မကြာသေးမီက ဖန်းမင်ရွှယ် ပြဿနာတက်ခဲ့သည်။

ဤအရာက ဝမ်ဝမ်ကျန်းကို အလွန်အဒေါသထွက်စေခဲ့သည်။ သို့သော် သူသည် သာမန်လူတစ်ဦးမျှသာဖြစ်သည်။ သူလုပ်နိုင်သောအရာတစ်ခုတစ်လေမျှမရှိပေ။ သူ့တတ်နိုင်သမျှ ပြုလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူဖန်တီးထားသည့် ပရိတ်သတ်သီးသန့်စကားပြောဝိုင်းတွင် ဖန်းမင်ရွှယ်ဘက်မှ ရပ်တည်ပြောဆိုပေးရန်သာဖြစ်သည်။

မှန်သည်။

ဝမ်ဝမ်ကျန်းသည် ဖန်းမင်ရွယ်၏ ပရိတ်သတ်အဖွဲ့ကြီးတစ်ခု၏ စီမံခန့်ခွဲသူတစ်ဦးလည်းဖြစ်သည်။ ဤအဖြစ်အပျက် ပေါ်ပေါက်လာသည်နှင့်အမျှ မထင်မှတ်ထားသော ပရိတ်သတ််အားလုံးသည် မိမိတို့အိုင်ဒေါအတွက် တစ်စုံတစ်ခု လုပ်ပေးချင်စိတ်ဖြင့်၊ သူ့ဘက်မှ ရပ်တည်ခဲ့ကြသည်။ သို့ရာတွင် စစ်မှန်သော ခြားနားမှုကိုမူ မပြုလုပ်နိုင်ခဲ့ကြပေ။

ယနေ့တွင် ဝမ်ဝမ်ကျန်းသည် ဖန်းမင်ရွှယ် မမြင်လိမ့်မည်ဟု တွေးထားသော်လည်း သူမ၏ ဝေ့ပေါ်အကောင့်သို့ မက်ဆေ့ချ်တစ်ခုပေးပို့ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ၊ ဖန်းမင်ရွှယ်ကို သူပြောပြချင်ခဲ့သည်။ သူမနောက်ကွယ်တွင် တိတ်တဆိတ်အားပေးနေသော ပရိတ်သတ်များစွာရှိနေသေး၏။

ယခင်က တိတ်ဆိတ်နေခဲ့သည့် ဖန်းမင်ရွှယ်၏ အကောင့်တွင် ရုတ်တရက် ပိုစ့်တစ်ခုတက်လာ၏။

ရက်စွဲကိုကြည့်၍ ယနေ့တင်ထားကြောင်း သိလိုက်ရသဖြင့်၊ ဝမ်ဝမ်ကျန်းသည် စိတ်လှုပ်ရှားစွာဖြင့်၊ ၎င်းကို ချက်ချင်းနှိပ်လိုက်သည်။

ထိုဝေ့ပေါ်ပိုစ့်သည် စာလုံးအနည်းငယ်သာရေးထားသော အတိုချုံးပိုစ့်တစ်ခုဖြစ်သည်။

“မနက်ဖြန်မှာ သတင်းစာရှင်းလင်းပွဲတစ်ခု စောင့်ကြိုနေတယ်”

‘သတင်းစာရှင်းလင်းပွဲ’

‘ဘာသတင်းစာရှင်းလင်းပွဲလဲ’

ဝမ်ဝမ်ကျန်း၏ စိတ်ထဲတွင် မေးခွန်းများစွာထွက်ပေါ်လာသည်။ တစ်ချိန်တည်း၌ပင်၊ ဖန်းမင်ရွှယ်၏ ပိုစ့်သည်ဗုံးတစ်လုံးကဲ့သို့ ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ ဤသည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက်၊ လူများစွာသည် တူညီစွာတုံ့ပြန်လာကြသည်။

ဖန်းမင်းရွှယ်သည် သူမ၏ ကြိုးအဆုံးတွင်ရပ်တည်နေခြင်းဖြစ်သဖြင့်၊ သတင်းစာရှင်းလင်းပွဲတွင် သူမ အငြိမ်းစားယူတော့မည်ဟု ကြေညာတော့မည်လော။

သတင်းစာရှင်းလင်းပွဲတွင် အငြိမ်းစားယူတော့မည်ဟု ကြေငြာတော့မည်လော။

‘ဒါပဲဖြစ်နိုင်တယ်’

ဤသတင်းများကို မြင်သောအခါ၊ ဟွာရူယွဲ့က ကျေနပ်အားရစွာဖြင့် ရယ်မောလိုက်သည်။

သူမသည် လွန်ခဲ့သော နှစ်ရက်အတွင်းတွ၍် အလွန် စိုးရိမ်ပူပန်ခဲ့ရသည်။ သူမလွှတ်လိုက်သည့် အနက်ရောင်ဝတ်စုံဝတ်ယောက်ျားတစ်ယောက်မျှ ပြန်မလာခဲ့ပေ။ သို့သော် ယခု အခြေအနေကို ကြည့်လျှင်၊ ဖန်းမင်ရွှယ် လန့်သွားပုံပေါ်သည်။

‘ဟား နင်ထွက်လာတာနဲ့ ငါနင့်ကို ဖျက်ဆီးဖို့ အခွင့်အရေးရှာနိုင်မှာပဲ’

ဟွာရူယွဲ့က ခါးသက်စွာတွေးလိုက်သည်။

ဖန်းမင်ရွှယ်အတွက် သူမ၏ မနာလိုစိတ်သည် သူမ၏ အရိုးများထဲသို့ စိမ့်ဝင်နေခဲ့သည်။ ဖန်းမင်ရွှယ် ချက်ချင်း အရှက်ကွဲသွားသည်ထက်လွဲ၍ သူမ မည်သည့်အရာမျှ မလိုချင်ခဲ့ပေ။

တစ်ရက်ခွဲအတွင်းတွင် ဖန်းမင်ရွှယ်၏ ဝေ့ပေါ် ပိုစ့်သည် ခေတ်စားနေသော ရှာဖွေမှုစာရင်းတွင် ထိပ်ဆုံးနေရာသို့ရောက်နေပြီဖြစ်သည်။ မရေမတွက်နိုင်အောင် များပြားလှသော လူများသည် ပိုစ့်အောက်တွင် မှတ်ချက်များရေးခဲ့ကြ၏။

မေးခွန်းထုတ်သူများ၊ လှောင်ပြောင်သူများနှင့်၊ စနောက်သူများရှိသော်လည်း အများစုမှာ သူမ၏ ပရိတ်သတ်များ၏ အားပေးစကားများပင်ဖြစ်သည်။ ဝမ်ဝမ်ကျန်းသည် အဖွဲ့တွင် ပထမဆုံး မတ်ဆေ့ချ်ပို့သူဖြစ်၏။

“မနက်ဖြန်သတင်းစာရှင်းလင်းပွဲမှာ မင်ရွှယ့်ကို ထောက်ခံအအားပေးဖို့ ငါနဲ့ဘယ်သူလိုက်မလဲ”

အဖွဲ့စကားပြောဝိုင်းသည် တုံ့ပြန်မှုများနှင့် ပေါက်ကွဲသွားသည်။

“ငါလည်းလိုက်မယ်”

“ပြီးတော့ ငါလည်းလိုက်မယ်”

“ငါမသွားနိုင်ပေမယ့် ပိုက်ဆံလှူလို့တော့ရတယ်”

“ငါရောပဲ”

ဝမ်ဝမ်ကျန်းသည် စာများကိုကြည့်၍ မျက်ရည်များဝဲလာသည်။ အခြားသာ ကြယ်ပွင့်များ၏ ကြီးစိုးတတ်သော ပရိတ်သတ်များနှင့်မတူသည်မှာ၊ ဖန်းမင်ရွှယ်၏ ပရိတ်သတ်များသည် အမြဲနူးညံ့သိမ်မွေ့၍ နားလည်မှုရှိကြခြင်းဖြစ်သည်။ သို့သော် တစ်ခုခုဖြစ်လာသောအခါ၊ ဤချစ်စဖွယ်ကောင်းသူများသည် ရှေ့သို့အမြဲတိုးဝံ့ကြသည်။

သတင်းထောက်များသည် သွေးနံ့ရနေသော ငါးမန်းများကဲ့သို့ ဝိုင်းအုံလာကြသည်။ အချိန်စောနေသေးသော်လည်း သတင်းစာရှင်းလင်းပွဲကျင်းပမည့် နေရာသည် လူများစွာဖြင့် ပြည့်ကျပ်နေပြီဖြစ်သည်။ မရေမတွက်နိုင်အောင် များပြားလှသော သတင်းထောက်များသည် ဖန်းမင်ရွှယ်ရောက်ရှိလာသည်ကို စောင့်ဆိုင်းနေကြ၍ ၎င်းတို့၏ ကင်မရာ၊ အတိုအရှည်များကို တပ်ဆင်ခဲ့ကြသည်။ ဝမ်ဝမ်ကျန်းနှင့်အခြားသူများသည် ကွင်းပြင်၌ ခေါင်းစည်းများ၊ စာတန်းများကိုင်ဆော င်ထားကြသည်။

၎င်းတို့တွင် ရေးသားထားသည်များမှာ “လေထန်ထန် မိုးသည်းသည်း မင်ရှါယ်၊ ငါတို့ မင်းအနားမှာ ရှိနေမယ်”

နောက်ဆုံးတွင် လူအုပ်ကြားထဲ လှုပ်လှုပ်ယွယွဖြစ်လာကာ၊ ဖန်းမင်ရွှယ် ပေါ်ထွက်လာသည်။ သူမ၏ သပ်ရပ်သော ဝတ်စုံကို ဝတ်ဆင်ထား၍ သူမ၏ မျက်နှာသည် ပြေပြစ်သောအပြုံးကို ဆင်မြန်းထားသည်။ ထို့နောက်၊ ကျော့ရှင်းစွာဖြင့် စင်မြင့်ပေါ်သို့ လမ်းလျှောက်လာ၏။

အောက်မှ ဖုန်းမီးများသည် အလင်းရောင်ပင်လယ်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ မရေမတွက်နိုင်အောင် များပြားလှသော သတင်းထောက်များသည် ရှေ့သို့ အပြေးအလွှားလာခဲ့ကြသည်။

“မိန်းကလေးဖန်း၊ မင်းအနားယူတော့မယ်လို့ ကောလဟာလတွေထွက်နေတာကြားတယ်။ အဲ့တာ အမှန်ပဲလား”

“မစ္စဖန်း၊ မင်းရဲ့ရုပ်ရှင်ကို ဟွာရူယွဲ့နဲ့အစားထိုးလိုက်ပြီလို့ကြားတယ်။ မင်းကို သူ့အစွမ်းအစနဲ့သူ ဖယ်ထုတ်ခဲ့တယ်လို့ သူပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာပြောချင်သေးလဲ”

“မစ္စဖန်း…”

မေးခွန်းပေါင်းများစွာသည် ဖန်းမင်ရွှယ်ကို နစ်မွန်းစေမည့်ပုံပေါ်သည်။

ထိုအချိန်တွင် ဟန်ယောင်းသည် ကျားများ၊ ဝံပုလွေများကဲ့သို့ ပြင်းထန်သော သတင်းထောက်များထံမှ ဖန်းမင်ရွှယ်ကို ကာကွယ်၍ ပြောလိုက်သည်။

ခန်းမသည် တဖြည်းဖြည်း တိတ်ဆိတ်လာ၏။

ဖန်းမင်ရွှယ်က ပြံး၍ ပြောလိုက်သည်။

“ဒီကို တက်ရောက်ခဲ့တဲ့အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့သတင်းစာရှင်းလင်းပွဲက ကျွန်မအနားယူတာကို ကြေငြာဖို့မဟုတ်ဘဲ၊ ရုပ်ရှင်အသစ်ရိုက်ဖို့ပြင်ဆင်နေတဲ့အကြောင်း လူတိုင်းကို ပြောပြချင်လို့ပါ”

ခဏတာငြိမ်သက်သွားပြီးနောက်၊ သတင်းထောက်များအားလုံး ထိတ်လန့်သွားကြသည်။

‘ဖန်းမင်ရွှယ်က ရုပ်ရှင်ရိုက်တော့မယ်ဟုတ်လား’

‘အဲ့တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’

ရှဲ့မိသားစုက ကြေငြာချက်ထုတ်ပြန်ပြီးနောက်၊ မည်သူက အရင်းအနှီးထုတ်ဝံ့လိမ့်မည်နည်း။

ဟန်ယောင်းက အကြိမ်ပေါင်းများစွာကျယ်လောင်စွာအော်လိုက်သော်လည်း သတင်းထောက်များကို ငြိမ်သက်အောင်မလုပ်နိုင်ခဲ့ပေ။ ၎င်းတို့အနက်မှ အချို့သည် လူအုပ်ကြားတွင် တိုးဝှေ့လျက်၊ ရှေ့သို့ရောက်လာရန် ကြိုးစားနေကြ၏။

ထိုအချိန်တွင် စင်မြင့်အနောက်၌ စောင့်ကြည့်နေသော ရွှယ်အန်းသည် ရှေ့ဘက်သို့လျှောက်လာ၍ အေးစက်စွာပြောလိုက်သည်။

“တိတ်တိတ်နေစမ်း”

သူ၏ အသံသည် အလွန်မကျယ်လောင်လှသော်လည်း လူတိုင်းက ပြတ်သားစွာကြားလိုက်ရသည်။ ထို့အပြင် ရွှယ်အန်း၏ အသံသည် လူတိုင်းကို ခေတ္တရပ်သွားစေသည့် မှော်စွမ်းအားတစ်ခုခုပါလာပုံရသည်။

ထို့နောက် ရွှယ်အန်းသည် ကွင်းပတ်ပတ်လည်ကို ကြည့်လိုက်ရာ၊ သူ၏အကြည့်များကျဆင်းသွားသည့်နေရာရှိ လူတိုင်းက အလိုလို ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက်၊ ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

“ခင်ဗျားတို့ မေးချင်တာတွေကို ကျုပ်သိပါတယ်။ ကျုပ်က ဒီဇာတ်ကားအသစ်အတွက် ရင်းနှီးမြုပ်နှံသူပါ”

လူအုပ်ကြီးက တုန်လှုပ်သွားသည်။

‘ဒီရုပ်ချောပြီး ခံ့ညားတဲ့လူက ရင်းနှီးမြုပ်နှံသူလား’

‘ဖန်းမင်ရွှယ်နဲ့သူ့ဆက်ဆံရေးကဘယ်လိုလဲ’

“ကောင်းကင်နတ်ဘုရားများလို့ အမည်ရတဲ့ဇာတ်ကားတစ်ကားရှိနေတယ်လို့ ကျုပ်ကြားသိလိုက်ရတာကြောင့် ဒီကားကို ရင်းနှီးမြုပ်နှံပေးဖို့ ဆုံးဖြတ်ခဲ့တာပါ”

ရွှယ်အန်းက ခေတ္တရပ်လိုက်ပြီးနောက်၊ ခပ်ပါးပါးပြုံးလိုက်သည်။

“ဒါပေမယ့် ငါ့အမြင်အရတော့ နတ်တွေက ပိုအစွမ်းထက်တဲ့သတ္တဝါတွေပဲ။ ဒါ့ကြောင့်၊ နတ်ဘုရားစစ်ပွဲကို ကျုပ်စိတ်မဝင်စားဘူး”

“ကျုပ်ရိုက်ချင်တဲံဇာတ်လမ်းတွဲက ကောင်းကင်ကို အန်တုပြီး ကံကြမ္မာကို အနိုင်ယူဖို့ ဆုံးဖြတ်တဲ့အကြောင်းပါပဲ။ ဇာတ်ကားနာမည်က… နတ်ဘုရားသုတ်သင်သူပါ”

အခန်း(၈၉) နတ်ဘုရားသုတ်သင်သူ သတင်းစာရှင်းလင်းပွဲ

‘နတ်ဘုရားသုတ်သင်သူဟုတ်လား’

ပထမပိုင်းတွင် စင်မြင့်အောက်မှ လူများအားလုံး တိတ်ဆိတ်သွားပြီးနောက်၊ ချက်ချင်းလှုပ်လှုပ်ယွယွဖြစ်လာကြသည်။

ဖန်းမင်ရွှယ်သည် ‘ကောင်းကင်နတ်ဘုရား’ရုပ်ရှင်ထဲတွ၍် အစားထိုးခံခဲ့ရသည်ကို မသိသောသူ မည်သူရှိသနည်း။’

ယခု ၎င်းတို့က နတ်ဘုရားသုတ်သင်သူ ဇာတ်ကားကို ရိုက်ကူးရန် စီစဥ်နေကြခြင်းသည် ရှင်းလင်းစွာပင် ရန်စခြင်းတစ်ခုဖြစ်ကြေင်း သိသာ၏။

သို့သော် နတ်ဘုရားများ စစ်ပြိုင်ခြင်း၏ နောက်ကွယ်မှ ရင်းနှီးမြုပ်နှံသူသည် ရှဲ့မိသားစုဖြစ်ကြောင်း ဤသူမသိခဲ့ခြင်းလော။

ဤသို့လုပ်ခြင်းအားဖြင့် ရှဲ့မိသားစုကို ဒေါသထွက်စေလိမ့်မည်ကို မကြောက်သလော။ လူများစွာသည် ရွှယ်အန်းကို ထူးမခြားနားကြည့်လိုက်ကြသည်။ သူ၏ မိုက်မဲမှုအတိုင်းအတာကို အသိအမှတ်မပြုနိုင်လောက်အောင် မသိနားမလည်သော လူမိုက်တစ်ယောက်ကို ကြည့်နေရသကဲ့သို့ပင်ဖြစ်သည်။ ထိုအချိန်တွင် သတင်းထောက်အများအပြားသည် သတင်းကြီးတစ်ခု၏ ခြိမ်းခြောက်နိုင်စွမ်းကို ခံစားမိကြသည်။

ရဲရင့်သော အမျိုးသမီး သတင်းထောက်တစ်ယောက်က မတ်တပ်ရပ်၍ မေးလိုက်သည်။

“ခွင့်လွှတ်ပါ ဆရာ၊ မိန်းကလေးဖန်းမင်ရွှယ်ကို ဇာတ်ကားတစ်ကား ကူရိုက်ပေးဖို့ စီစဥ်တယ်ဆိုတော့၊ ဒါရိုက်တာက ဘယ်သူများလဲ။ ပြီးတော့ ရှင်ဘယ်လောက် ရင်းနှီးမြုပ်နှံဖို့ စီစဉ်ထားလဲ။"

ဤမေးခွန်းများသည် ကိစ္စ၏အဓိကအကြောင်းအရာဆီသို့ တိုက်ရိုက်ရောက်သွားသည်။

ရွှယ်အန်းကတိုက်ရိုက်မဖြေဘဲ ပြုံးပြ၍ ဆက်ပြောသည်။

"မင်းဘယ်သတင်းစာတိုက်ကလဲ"

အမျိုးသမီး သတင်းထောက်သည် ရွှယ်အန်း၏အပြုံးကြောင့် အံ့အားသင့်သွားကာ၊ သူမ၏ မျက်နှာသည်လည်း တဖြည်းဖြည်းနီရဲလာသည်။

"ကျွန်တော်က အပါတ်စဥ်ရုပ်မြင်သံကြားအစီအစဥ်ကပါ ကျွန်မနာမည်က ချန်ရှောင်းယီပါ။"

"မစ္စချန် မင်းရဲ့မေးခွန်းတွေက ကောင်းတယ်။ ငါအကုန်တစ်ခုချင်းဖြေပေးပါ့မယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့မှာ ဒါရိုက်တာတစ်ယောက်ရှိပြီးသားပါ။ သူ့နာမည်က ချောင်ကျန့်ပါ။"

“ချောင်ကျန့်လား”

အောက်ခြေလူအုပ်ကြီးသည် နာမည်ကို တစ်ခါမျှ မကြားဖူးသော အကြည့်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သို့သော် အချို့သော သတင်းထောက်ဆရာကြီးများ၏ မျက်နှာများသည်မူ ပြောင်းလဲသွားသည်။

ချန်ရှောင်းယီ၏ မျက်လုံးများ တောက်ပလာကာ သူမက ဆက်ပြော၏။

"တစ်ချိန်ကပါရမီရှင် ဒါရိုက်တာအဖြစ် လူသိများခဲ့တဲ့၊ ချောင်ကျန့်မဟုတ်လား”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သောအချိန်တွင် ချောင်ကျန့်သည် စင်မြင့်ပေါ်သို့ ရောက်လာသည်။

သူသည် ရာသီဥတုဒဏ်ကိုများစွာခံခဲ့ရသော်လည်း လူအများက သူ့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနေကြသေးသည်။

အမှန်ပင်၊ ၎င်းသည် ပါရမီရှင်ဒါရိုက်တာဖြစ်ခဲ့ဖူးသူဖြစ်၏။

ကိစ္စများသည် စိတ်ဝင်စားစရာဖြစ်လာသည်။ ရွှယ်အန်းက ဆက်လက်၍ပြော၏။

"ရင်းနှီးမြှုပ်နှံမှုအတွက်…”

ရွှယ်အန်းက ခေတ္တရပ်လိုက်ပြီးနောက်၊ လက်ညှိုးတစ်ချောင်းထောင်ပြလိုက်သည်။

လူအုပ်ထဲမှ အများအပြားသည် စိတ်လှုပ်ရှားစွာခန့်မှန်းလိုက်ကြသည်။

"အဲ့တာ ဘယ်လောက်လဲ။ တစ်ဘီလီယံလား"

"ကျွန်တော်သံသယရှိတယ်။ ဒီကောင်က ချမ်းသာတဲ့ အမွေဆက်ခံသူလိုမဟုတ်ဘူး။ သူက ရုတ်တရက် ချမ်းသာလာတဲ့မိသားစုကနေ ဆင်းသက်လာတာထင်တယ်။ ရုပ်ရှင်ရိုက်ဖို့ ဟန်ဆောင်ပြီး မိန်းကလေးတွေကို ခေါ်ယူဖို့ ရှာဖွေနေတာပဲနေမယ်။ အများဆုံးဆယ်သန်းလောက်ပဲဖြစ်မယ်ထင်တယ်”

“ရုပ်ရှင်ရိုက်ဖို့ ဆယ်သန်းလား။ အဲဒီပမာဏက ဘာလုပ်လို့ရမှာလဲ"

"ဘယ်သူသိနိုင်မှာလဲ တစ်ခုခုကို တွဲရိုက်ဖို့ ကြံနေတာ ဖြစ်နိုင်တယ်။” ချန်ရှောင်းယီလည်း ၎င်းကိုသိချင်သည်။

"အဲဒါ ဘယ်လောက်လဲ မေးလို့ရမလား"

ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။

"အဲဒါကို အစမ်းသဘောထားထားပါတယ်။ ဆယ်ဘီလီယံပေါ့"

ဆယ်ဘီလီယံ

ဤပုံသည် ဆယ်သန်းမျှသာရှိသော စိတ်ကူးကို မထီမဲ့မြင်ပြုသူများ၏ မျက်နှာပေါ်မှ အပြုံးများကို အေးခဲသွားစေခဲ့သည်။ မကြာသေးမီနှစ်များအတွင်း ဟွာရှားရှိ ရုပ်ရှင်လုပ်ငန်းသည် လျင်မြန်စွာ ဖွံ့ဖြိုးလာခဲ့ပြီဖြစ်၍ ဘတ်ဂျက်ကြီးမားသော ရုပ်ရှင်များသည် အဆန်းမဟုတ်လှတော့ပေ။ ယေဘုယျအားဖြင့် ပြောရလျှင် သုံးဘီလီယံကျော်သော မည်သည့်အရာကိုမဆို ကြီးမားသော ထုတ်လုပ်မှုဟု ယူဆကြသည်။

အကယ်၍ ၎င်းသည် ငါးဘီလီယံကျော်ပါက၊ ထိပ်တန်းထုတ်လုပ်မှုလုပ်ငန်းကြီးတစ်ခု ပမာဏတမျှဖြစ်၏။

ဥပမာအားဖြင့်၊ ရှဲ့မိသားစုသည် နတ်ဘုရားများ စစ်ပြိုင်ခြင်းတွင် လေးဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ကောလဟာလများထွက်နေသည်။ အကယ်၍ ဤလူပြောခဲ့သည်များမှာ အမှန်သာဖြစ်ပါက၊ ဤဇာတ်ကားသည် နိုင်ငံတွင်း ထိပ်တန်းထုတ်လုပ်ရေးတစ်ခုအဖြစ်သာမက နိုင်ငံတကာတွင်လည်း အမြင့်ဆုံးအဆင့်အထိ ထိုးဖောက်နိုင်မည့် ဇာတ်ကားတစ်ကားဖြစ်လာလိမ့်မည်ဖြစ်သည်။

လူများစွာက ထိတ်လန့်တကြားကြည့်နေရုံမှတပါး အခြားမတတ်နိုင်ကြပေ။

သို့သော် ချန်ရှောင်းယီသည် ပို၍ စိတ်အားထက်သန်လာကာ ဆက်မေးလိုက်သည်။

"မိန်းကလေးဖန်းနဲ့ ရှင့်အကြားဆက်ဆံရေးက ဘယ်လိုလဲလို့ မေးလို့ရမလား။ ရှင်ဘာလို့ သူ့ကိုဒီလိုကူညီနေတာလဲ"

ဤမေးခွန်းသည် လူများစွာ၏စိတ်ဝင်စားမှုကို ခံခဲ့ရသည်။ ဖန်းမင်ရွှယ်၏အမူအာသည် အနည်းငယ်တင်းမာလာ၏။ ရွှယ်အန်းကမူ ခပ်ပါးပါးပြုံးလိုက်သည်။

“ငါပြောနိုင်တာတစ်ခုက သူက ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းဆိုတာပါပဲ”

ဤအဖြေသည် အဓိကအချက်ကို ရှောင်ရှားလိုက်ခြင်းဖြစ်ကြြောင်းသိသာသောကြောင့် ချန်ရှောင်ယီ အနည်းငယ် ပျာယာခတ်သွားရသည်။ ဤအခိုက်အတန့်တွင် အန်းချင်၊ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် စင်မြင့်ပေါ်သို့ တက်လာခဲ့ကြရာ၊ လူအများ၏အာရုံစိုက်မှုကို ခံလိုက်ကြရသည်။

ကောင်မလေးနှစ်ယောက် ပေါ်လာသည်နှင့် ချက်ချင်းပင် လူအများ၏ မျက်လုံးကို ဖမ်းစားလိုက်ကြသည်။

စာနယ်ဇင်းသမားများအနေဖြင့် ဆွဲဆောင်မှုရှိသော ကလေးသူငယ်များ အထူးသဖြင့် မီဒီယာများရှေ့တွင် မကြာခဏဆိုသလို ပေါ်ထွက်လေ့ရှိသည့် နာမည်ကြီးကလေးများကို မြင်တွေ့ခဲ့ရသည်။ သို့သော် ထိုကလေးများသည် အမှန်တကယ့်ကိုပင် လှပနေကြသော်လည်း ၎င်းတို့အားလုံးသည် ရင့်ကျက်ပုံပေါ်သည်။

ငယ်ရွယ်နုပျိုနေသေးသည် မျက်နှာလေးများဖြင့်ပင်၊ ၎င်းတို့သည် အလွန်လှပကျော့ရှင်းသော အပြုံးကလေးများကို ဆင်မြန်းထားကြသည်။ ၎င်းတို့၏ အမူအရာများသည် ကလေးဆန်လှကာ၊ ချစ်စဖွယ်ကောင်းနေသော်လည်း စစ်မှန်လှသည်။

သို့သော် ထိုမိန်းကလေးနှစ်ယောက်သည် လေထုကို လတ်ဆတ်သွားစေနိုင်သည်။ ပထမဆုံးအနေဖြင့်၊ ကလေးနှစ်ယောက်သည် အလွန်လှပသည်။ အကယ်၍ ထိုအလှကို အမှတ်ပေးရမည်ဆိုပါက၊ ကလေးမလေးနှစ်ယောက်ကို အမှတ်ပြည့်ပေးရပေလိမ့်မည်ဖြစ်သည်။

အမာကြောအကြမ်းတန်းဆုံးသော ယောက်ျားတစ်ယောက်၏ နှလုံးသားကို နူးညံ့သွားစေနိုင်သည့် အလှမျိုးပင်ဖြစ်သည်။

ဒုတိယအနေဖြင့် ၎င်းတို့သည် ဖြူစင်လှသည်။ ဤသို့ဖြူစင်ကြည်လင်သော မျက်လုံးများကို လူများစွာက မမြင်ခဲ့ဖူးကြပေ။ ၎င်းတို့သည် အကောင်းမွန်ဆုံးနှင့် အပြစ်အနာအဆာမရှိသော ကျောက်မျက်ရတနာများကဲ့သို့ဖြစ်ကာ၊ ကြည့်ရှု့သူတိုင်းကို ဆွဲဆောင်နိုင်၏။

နောက်ဆုံးအနေဖြင့် ၎င်းတို့သည် အလွန်အမင်းချစ်စဖွယ်ကောင်းလှသည်။

အလွန်လှပဖြူစင်သော ချစ်စဖွယ် ကလေးမလေးနှစ်ယောက်၊ လက်တွဲလျက် စင်မြင့်ပေါ်သို့ ခုန်ပေါက်တက်သွားပုံကို မြင်ကြည့်ပါ။ ယင်းကို မည်သူက ခံနိုင်ရည်ရှိလိမ့်မည်နည်း။ ထို့ကြောင့် စာနယ်ဇင်းသမားအချို့သည် ၎င်းတို့၏ ကင်မရာများကို ချိန်ရွယ်၍ မမောမပန်းနိုင် လှမ်းရိုက်နေကြချိန်တွင် အများစုသည် ပြုံး၍ ကြည့်နေကြ၏။

ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ရွှယ်အန်းအနီးသို့ရောက်လာကာ၊ ကလေးဆန်သောအသံဖြင့် ခေါ်လိုက်သည်။

“ဖေဖေ”

ဤ”ဖေဖေ”ဆိုသည့်စကားသည် လူများစွာကို ထိတ်လန့်သွားစေနိုင်ခဲ့သည်။

“ဖေဖေဟုတ်လား”

‘ဒီလူက တကယ်တော့ ကလေးနှစ်ယောက်ရဲ့အဖေလား’

ထို့နောက်၊ ရွှယ်အန်းသည် ကျေနပ်စွာပြုံး၍ ကလေးနှစ်ယောက်ကို ပွေ့ချီကာ အောက်ဘက်မှ လူအုပ်ကို ပြောလိုက်သည်။

“တောင်းပန်ပါတယ်၊ ကလေးတွေကို အခုချက်ချင်းခေါ်သွားရမှာမို့ နှုတ်ဆက်ခဲ့ပါတယ်”

ထိုသို့ပြောပြီးနောက်၊ လှည့်ထွက်သွားကာ၊ သူ့နောက်မှပါလာသော မေးခွန်းများကို လျစ်လျူရှု့လိုက်သည်။

ရွှယ်အန်းအတွက်မူ၊ သူ့ကလေးနှစ်ယောက်ထက် ပို၍ အရေးကြီးသောအရာမရှိပေ။ ရွှယ်အန်း၏ နှလုံးသားထဲတွင် သူ့သမီးများနှင့် ဇနီးသည် သူ့ဘဝ၏နံပါတ်တစ်နေရာတွင် ရပ်တည်နေခြင်းဖြစ်ရာ၊ သူပင်လျှင်၊ ဒုတိယနေရာတွင်ရှိနေ၏။ သူထွက်သွားသောအခါ၊ ကျန်သတင်းထောက်များ၏ အာရုံသည် ဟန်ယောင်းထံသို့ဦးတည်သွားကြသည်။ နောက်ဆုံးတွင်မူ သူမသည် ဖန်းမင်ရွှယ်၏ အေးဂျင့်ဖြစ်ကာ၊ ဂျာနယ်လစ်များနှင့် ဆက်ဆံရေးကောင်းမွန်၍ စက်မှုလုပ်ငန်းများတွင် အသိအမှတ်ပြုခံရသော ထိတ်တန်းအေးဂျင့်လည်းဖြစ်သည်။

“ဟန် ဘာတွေဖြစ်နေတာလဲ ကျွန်တော်တို့ကို ပြောပြပေးပါ။ ဒီလူက အတိအကျ ဘယ်သူပါလဲ”

“ဟန်၊ မိန်းကလေးဖန်းက ရုပ်ရှင်ရိုက်ဖို့ နောက်ထပ်အခွင့်အရေးရတဲ့အတွက် ဘယ်လိုခံစားရသလဲဗျ”

“ဟန်….”

ဤမေးခွန်းများစွာကြောင့် ဟန်ယောင်း အနည်းငယ်စိတ်ရှုပ်သွားရသည်။ ချင်းယွီသည် နောက်ကွယ်တွင် ရပ်နေလျက်၊ ရှပ်ထွေးနေသော မြင်ကွင်းကို ပြုံးလျက်ကြည့်နေသည်။

မစ္စတာရွှယ်သည် အမှန်ပင် အထင်ကြီးဖွယ်ကောင်းလှသည်။

သူမ၊ ချောင်ကျန့်နှင့် အခြားသူများ ဟိုတယ်သို့ ပြန်ရောက်ကြသောအခါ၊ ၎င်းတို့၏ ပထမဆုံး လှုပ်ရှားမှုကို ဆွေးနွေးခဲ့ကြသည်။ ရွှယ်အန်းသည် ၎င်းတို့ ရိုက်ကူးရေးစတော့မည်ဖြစ်သောကြောင့် သူတို့သည်လည်း ကိစ္စကြီးတစ်ခုလုပ်သင့်ကြောင်း ပြောခဲ့ဖူးရာ၊ ထို့ကြောင့်၊ ဖန်းမင်ရွှယ်၏ ဝေ့ပေါ်ပိုစ့်နှင့် ယနေ့ သတင်းစာရှင်းလင်းပွဲဖြစ်လာခဲ့ခြင်းဖြစ်သည်။

ထိုအခိုက်အတန့်တွင် ချန်ရှောင်းယီသည် ဖရိုဖရဲဖြစ်နေသော လူအုပ်ကြားထဲတွင်ရပ်လျက်၊ သူမနှုတ်ခမ်းကို ကိုက်လိုက်သည်။

‘ဘာလဲကွာ’

‘စကားမဆုံးသေးဘဲ ထွက်သွားမှာလား’

‘ပြီးတော့ ဒီလူက ဘယ်သူလဲ’

‘သူ့ကို ဘာလို့ အရင်ကတစ်ခါမှ မတွေ့ဖူးတာလဲ’

ဤမေးခွန်းများအားလုံးသည် ရွှယ်အန်းနှင့်ပတ်သက်သည့် စုံစမ်းလိုသည့် ချန်ရှောင်းယီ၏ စိတ်ကို ပြင်းထန်လာစေသည်။ သူမသည် အံကို ကြိတ်လျက် သတင်းစာရှင်းလင်းပွဲမှ လှည့်ထွက်လာခဲ့သည်။ ဟိုတယ်ပြန်ရောက်သောအခါ၊ သူမပြင်ဆင်ထားသည့် အကြောင်းအရာများကို စု၍ ဆောင်းပါးတစ်ပုဒ်ရေးသားပြုစုခဲ့သည်။

“ဖန်းမင်ရွှယ်၏ ကြယ်ပွင့်လမ်း အဟန့်အတား၊ သေခြင်းမှ ပြန်လည်ရှင်သန်လာသော ရုပ်ရှင်သစ်၊ လျှို့ဝှက်ဆန်းကြယ်သောသူကား မည်သူနည်း”

ဆောင်းပါးတွင် ချန်ရှောင်းယီသည် ရွှယ်အန်းဘက်သို့ထောက်ခံ၍၊ ဖန်းမင်ရွှယ်၏ မူလအောင်မြင်မှုများအားလုံးကို ပြန်လည်သုံးသပ်ကာ၊ အချို့သူများကို နာမည်ပျက်စာရင်းသွင်းခြင်းသည် ကျိုးကြောင်းစီလျော်မှုမရှိသည့်အပြင်၊ ရက်စက်ကြမ်းကြုတ်လှကြောင်း ရှင်းလင်းစွာဖော်ပြထားခဲ့သည်။

အဆုံးတွင် ချန်ရှောင်းယီသည် သူမ၏ ဆောင်းပါးနှင့်ပတ်သက်၍ အလွန်ကျေနပ်စွာဖြင့်၊ ခေါင်းဆောင်အယ်ဒီတာဆီသို့ပေးပို့ခဲ့သည်။

ဤတစ်ကြိမ်တွင် ဤဆောင်းပါးကို ထုတ်ဝေနိုင်လိမ့်မည်ဟု သူမသေချာနေသော်လည်း မမျှော်လင့်ထားစွာဖြင့် ခဏအကြာတွင် အယ်ဒီတာက ပြန်ဖြေခဲ့၏။

‘ငြင်းပယ်သည်’

အခန်း(၉၀) ပြည်သူလူထု၏ အမြင်တိုက်ပွဲ

‘ငြင်းတယ်ဟုတ်လား’

‘ဘာလို့ အဲ့တာကို ငြင်းတာလဲ’

ချန်ရှောင်းယီက အံ့သြခြင်းကြီးစွာဖြင့် အယ်ဒီတာချုပ်၏ နံပါတ်ကို ချက်ချင်း ခေါ်လိုက်သည်။ အယ်ဒီတာချုပ်က အခြားတစ်ဖက်တွင် ကူကယ်ရာမဲ့ပြောခဲ့သည်။

"ရှောင်းယီ၊ မင်းက ကောင်းကောင်းရေးတာမဟုတ်ဘူး၊ ဒါပေမယ့် ဒီလိုစာမူကို ထုတ်ဝေလို့မရဘူးဆိုတဲ့ အမိန့် ကျုပ်တို့ လက်ခံထားရတယ်။”

"ဘာလို့မဖြစ်ရမှာလဲ" ချန်ရှောင်းယီသည် အနည်းငယ် မယုံမကြည်နိုင်ဖြစ်နေသည်။

"ဘာလို့လဲဆိုတော့... တစ်ယောက်ယောက်ကပြောထားလို့ပဲ" စကားအဆုံးတွင် အယ်ဒီတာချုပ်က ဖုန်းချလိုက်သည်။

ချန်ရှောင်းယီသည် သူမ၏ ထိုင်ခုံတွင် ထိုင်နေလျက် အချိန်အတော်ကြာတုန်လှုပ်နေမိသည်။

မေးရန်ပင် မလိုအပ်ပေ။ ဤအရာသည် ရှဲ့မိသားစုကခိုင်းထားခြင်းဖြစ်ကြောင်း သေချာလှသည်။

သူမတို့ကဲ့သို့ ဖျော်ဖြေရေးမဂ္ဂဇင်းတစ်ခုသည်ပင် ရှဲ့မိသားစု၏ အာဏာဖြင့် ထိန်းချုပ်ခြင်းခံထားရနိုင်သည်။ ယနေ့ စင်မြင့်ပေါ်မှ ယောက်ျား၏ အမြင်အာရုံနှင့် အံ့အားသင့်ဖွယ် အငွေ့အသက်များကြောင့် သူမ တုန်လှုပ်နေမိခဲ့သည်။ သူ့ကို ယနေ့တစ်ရက်သာတွေ့ခဲ့ဖူးသော်လည်း သူမအလွန်အထင်ကြီးမိနေသည်။

သူအနိုင်ရနိုင်မလားဆိုသည်ကို သူမမသိပေ။ သတင်းစာရှင်းလင်းပွဲပြီးဆုံးပြီးနောက်၊ မကြာမီ၌ပင်၊ ဟွာရူယွဲ့သည် ထိုသတင်းများကို လက်ခံရရှိခဲ့သည်။ ရိုက်ကူးရေးလုပ်နေသော သူမသည် အဝတ်လဲခန်းထဲသို့ ချက်ချင်းထသွား၍ ဖုန်းထဲတွင် စတင်ရှာကြည့်လိုက်သည်။

ဖန်းမင်ရွှယ်သည် ရုပ်ရှင်တစ်ကားရိုက်ကူးရန် ရွှယ်အန်းက ငွေဘီလီယံနှင့်ချီ၍ ရင်းနှီးမြုပ်နှံရန် ပြင်ဆင်နေကြောင်း သူမ ကြားလိုက်ရသောအခါ၊ ဒေါသအလွန်ထွက်ခဲ့ရသည်။

‘ဘာလို့လဲ’

‘ဒီလိုကံကြမ္မာကို အမြဲလိုလို ဘာလို့ ဖန်းမင်ရွှယ်က ရနေတာလဲ’

သို့သော် သူမငြိမ်သက်သွားပြီးနောက်၊ အချို့အရာများသည် သူမထင်ထားသကဲ့သို့ ရိုးရှင်းမှုမရှိလှကြောင်း ခံစားမိခဲ့သည်။ ဤလူသည် လူစိမ်းတစ်ယောက်ဖြစ်ကာ၊ ပြည်နယ်တွင်းမှ ထင်ရှားသော မိသားစုမှလူမဟုတ်နိုင်ပေ။

တစ်ဘီလီယံသည် သေးငယ်သော ပမာဏတစ်ခုမဟုတ်ပေ။

‘ဒီတိုင်း အာချောင်တာပဲဖြစ်နိုင်မလား’

‘ဟုတ်မှာပါ၊ ဒီလိုပဲဖြစ်မှာပါ’

‘ပြီးတော့ ဒါက ပြည်နယ်မြို့တော်လေ’

‘သခင်လေးရှဲ့ရဲ့ ပိုင်နက်လေ’

‘သူဒီလို ကြွားဝါရဲတာ သေချင်နေလို့လား’

ဤသို့တွေးကာ ဟွာရူယွဲ့သည် အလျင်အမြန်ပင် ရှဲ့ထန်စီကို ဖုန်းဆက်လိုက်သည်။ ရှဲ့ထန်စီသည် သူမထက်ပင် ပို၍ စောစီးစွာသိရှိခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် ဤအရာများကို လုံးဝဂရုမစိုက်ပေ။ သူသည် အနည်းငယ်အေးစက်စွာရယ်မော၍ ဓာတ်ပုံများကို ကြည့်နေသည်။ ၎င်းတို့တွင် ပြည်နယ်မြို့တော်သို့ ချင်းယွီရောက်ရှိနေကြောင်း ထင်ရှားလှ၏။ ချင်းမိသားစုသည်လည်း စိတ်အားထက်သန်စွာ ပါဝင်နေခြင်းလော။

ရှဲ့ထန်စီသည် လွန်ခဲ့သောဆယ်စုနှစ်တစ်ခုကျော်က ပြည်နယ်မြို့တော်သို့ ၎င်းတို့၏လုပ်ငန်းချဲ့ထွင်ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သော ချင်းမိသားစုအကြောင်းကို အသေအချာသိရှိခဲ့ရာ၊ ၎င်းတို့ သိသာစွာကျရှုံးခဲ့ရသည်။ ထို့ကြောင့် နောက်ထပ်တစ်ကြိမ် ထပ်မံလာရောက်ဝံ့လိမ့်မည်ဟု သူတို့မထင်ခဲ့ကြပေ။

‘ချင်းယွမ်ရူးသွားပြီလား’

သို့သော် သူ ဟွာရူယွဲ့၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ၊ ရှဲ့ထန်စီက ရိုးရှင်းစွာပြောလိုက်သည်။

“ စိတ်မပူပါနဲ့ သူတို့ ကစားချင်နေတာမလား။ ဒါဆို ငါကစားပေးလိုက်မယ်”

ဖုန်းချပြီးနောက် ဓာတ်ပုံထဲမှ ချင်းယွီ၏ သိမ်မွေ့သော ကိုယ်ထည်ကိုကြည့်၍ သူ့မျက်လုံးများသည် ရမ္မက်လောဘများအငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။

ချင်းမိသားစုကိုလည်း ထင်ရှားသောမိသားစုအဖြစ် သတ်မှတ်ခံထားရသည်ဖြစ်ရာ၊ ထိုသို့သော မိသားစုမှ မိန်းကလေးတစ်ယောက်၏ အရသာက မည်သို့ဖြစ်လိမ့်မည်ကို သူသိချင်သည်။

သို့သော် သူမသည် သူ့အိမ်တံခါးဝသို့ရောက်လာခဲ့ပြီဖြစ်၍ သူဆက်လက်ယဥ်ကျေးပြနေတော့မည်မဟုတ်ပေ။ ရွှယ်အန်း၏ ပြောကြားချက်နှင့် သတင်းစာရှင်းလင်းပွဲအကြောင်းကိုမူ၊ ရှဲ့ထန်စီက လုံးဝဂရုမစိုက်ပေ။ သူ့မျက်လုံးထဲတွင် ဤလူသည် မည်သည်ကိုမျှ နားမလည်သော လူမိုက်တစ်ယောက်သာဖြစ်သည်။

သို့သော်လည်း သတင်းစာရှင်းလင်းပွဲ ဗီဒီယိုတွင် ဖန်းမင်ရွှယ်က ရွှယ်အန်းကို ကြည့်ရှု့ပုံကို သတိပြုမိသည်။

သူမ၏ မျက်လုံးများသည် ကြည်ညိုလေးစားမှုဖြင့် ပြည့်နှက်နေသည်။

ယင်းကြောင့် ရှဲ့ထန်စီ၏အမူအရာသည် ပို၍ဆိုးရွားလာသည်။

"ငါနဲ့ တိုက်ချင်တာလား။ ကောင်းပြီ။ ဒါဆိုလည်း ငါမင်းကို ဘာက ဘာလဲဆိုတာ ပြပေးမယ်”

ရှဲ့ထန်စီက ဖုန်းဆက်၍ တစ်ခွန်းသာပြောလိုက်သည်။

“လူထုအမြင်ကို ထိန်းချုပ်ပါ”

နောက်နေ့မနက်တွင် မီဒီယာများအားလုံးသည် တူညီသောအဓိပ္ပါယ်သက်ရောက်သည့် သတင်းများစွာကို ထုတ်ပြန်ခဲ့ကြသည်။ “နတ်ဘုရားသုတ်သင်သူ” ရုပ်ရှင်ကို လှောင်ပြောင်သရော်ထားသော သတင်းများစွာကို ဖန်တီးခဲ့ကြရာ၊ ပညာရှင်ဟုခေါ်သော သူအများစုက ရှည်လျားစွာပြောဆိုခဲ့ကြသော်လည်း ၎င်းတို့၏ မှတ်ချက်များသည် သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်သည့်အမျိုးမျိုးသော ကဲ့ရဲ့မှုများထက် မပိုလှပေ။ အချို့သောသူများသည်မူ ရွှယ်အန်းကို လူလိမ်ဟုပင် တိုက်ရိုက်စွပ်စွဲခဲ့ကြသည်။

နောက်ဆုံးတွင် ဤကိစ္စတစ်ခုလုံးသည် ယွမ်တစ်ဆယ်ဘီလီယံနှင့်ပတ်သက်နေသည်။ မီဒီယာများက တစ်ဖက်သက်အမြင်များကို တခဲနက်တင်ပြခဲ့ကြသည်။ အင်တာနက်တွင်မူ၊ ပြင်းထန်သော ငြင်းခုံမှုများဖြင့် ပြည့်နှက်နေ၏။ အထူးသဖြင့်၊ ဖန်းမင်ရွှယ်၏ ဝေ့ပေါ်ပို့စ်အောက်တွင်ဖြစ်ရာ၊ ခနဲ့သူများနှင့်၊ ပရိတ်သတ်များက ပြင်းထန်စွာတိုက်ခိုက်ငြင်းခုန်နေကြသည်။ ထိုညနေခင်းတွင် ညစာစားပြီးသဖြင့်၊ ဝမ်ဝမ်ကျန်းသည် ဝေ့ပေါ်ကို ဖွင့်ကြည့်လိုက်ရာ၊ အလွန်ဒေါသထွက်သွားရသည်။ အဆိုပါ လှောင်ပြောင်သူများသည် လုပ်ကြံဖန်တီးထားရာတွင်ဆရာများဖြစ်ကြသည်။

ဖန်းမင်ရွှယ်၏ အသရေဖျက်မှုသည် ဝမ်ဝမ်ကျန်း၏ ဒေါသကို အလွန် ထိန်းမနိုင်ဖြစ်စေခဲ့သည်။ သူသည် သတင်းစာရှင်းလင်းပွဲတစ်လျှောက်ရှိနေခဲ့ရာ၊ ရွှယ်အန်းက ရုပ်ရှင်တွင် ယွမ်ဆယ်ဘီလီယံရင်းနှီးမြှုပ်နှံမည်ဟု ကြေညာကြောင်း ကြားလိုက်ရသောအခါ၊ သူနှင့် အခြားပရိတ်သတ်များအားလုံး ဝမ်းသာသွားကြသည်။ သို့သော် ထိုလှောင်ပြောင်သူများက ရွှယ်အန်းကို လိမ်လည်သူအဖြစ် အတိအကျ စွပ်စွဲ တံဆိပ်ကပ်ခဲ့ကြသည်။ ဝမ်ဝမ်ကျန်းက အသက်ခပ်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီးနောက် သူ၏ ကီးဘုတ်ကို ဒေါသတကြီး ရိုက်နှိပ်လိုက်သည်။ ဤသို့ဖြင့် လူထု၏ သဘောထားကွဲလွဲမှုများ စတင်လာခဲ့သည်။ အစပိုင်းတွင် ဖန်းမင်ရွှယ်နှင့် ရွှယ်အန်းအပေါ်သို့ စွပ်စွဲနေသော အွန်လိုင်းပေါ်မှစကားလုံးများသည်ပင် အလွန်ရန်လိုလွန်းလှသည်။ သို့သော် တဖြည်းဖြည်းနှင့် ပရိတ်သတ်အများအပြားသည် ထိုလှောင်ပြောင်သူများ၏ ယုတ်မာရိုင်းစိုင်းသော အပုဒ်ချနည်းဗျူဟာများကို ပြတ်ပြတ်သားသား တွန်းလှန်၍ အလိုလို စည်းလုံးလာကြသည်။ အံ့သြဖွယ်ကောင်းသည်မှာ အခြေအနေက ဟန်ချက်ညီလာခြင်းဖြစ်သည်။

တစ်ချိန်တည်း၌ပင် နာမည်ကြီးအနုပညာရှင်အများအပြားသည် မည်သည့်ဘက်တွင်မျှ ရပ်တည်ခြင်းမရှိဘဲ၊ အေးစက်စွာ ဥပက္ခာပြု၍ ဘေးမှကြည့်ရှု့နေခဲ့သည်။

ဟွာရူယွဲ့သည် အင်တာနက်ပေါ်မှ အမြင်များကို နေ့စဥ်နေ့တိုင်း အနီးကပ်စောင့်ကြည့်နေလျက်၊ သူမ၏ ထိန်းချုပ်မှုအတွင်းရှိ အရာများအားလုံးကို မြင်လိုက်ရသည်နှင့် မိမိကိုယ်မိမိ ဂုဏ်ယူမိသကဲ့သို့ ခံစားလိုက်ရသည်။

ဖန်းမင်ရွှယ်တွင် ပရိတ်သတ်များစွာရှိသော်လည်း ၎င်းတို့သည် ရေစုန်ကို ရေဆန်ဖြစ်စေရန် မလုပ်နိုင်ကြပေ။ ထို့ကြောင့် သူမသည် ပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင်များဖြင့်အတူ၊ ကြွားဝါသော အမူအရာရောယှက်နေသည့် သူမ၏ ဓာတ်ပုံအချို့ကို အွန်လိုင်းတွင် တင်ထားခဲ့သည်။

မကြာခင်၌ပင် အနုပညာရှင်များစွာက သူမ၏ ပိုစ့်ကို လိုက်ခ်လုပ်၍ မှတ်ချက်ပေးခဲ့ကြသည်။

“အိုး ရူယွဲ့ ဒီနေ့အရမ်းလှနေတယ်”

“မင်းအရမ်းအလုပ်ကြိုးစားတာပဲ”

“အလုပ်ကြိုးစားတယ်”

“နတ်ဘုရားများ စစ်ပြိုင်ခြင်း အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်”

ယင်းတွင် ဖျော်ဖြေရေးနယ်ပယ်မှ ကြယ်ပွင့်များ ထက်ဝက်နီးပါးပါဝင်သည်။ ၎င်းသည် ဖန်းမင်ရွှယ်၏ ဝေ့ပေါ်ပိုစ့်အောက်မှ တိတ်ဆိတ်မှုနှင့် အပြည့်အဝကွာခြားလျက်ရှိ၏။ ဤအရာသည် ဟွာရူယွဲ့ကို ပို၍ မာန်တက်လာစေကာ၊ ဤအသိုင်းအဝိုင်းအတွင်းတွင် ထိပ်တန်းမင်းသမီးဖြစ်လိုသည့် အိပ်မက်ထဲတွင် နစ်မြုပ်သွားသည်။ စတီဖန်မှလွဲ၍ အခြားသော အဖွဲ့ဝင်များထံမှ ဆဲဆိုကြိမ်းမောင်းမှုများ သို့မဟုတ် ပုတ်ခတ်ကဲ့ရဲ့မှုများပင် ခံရစေသည်အထိ သူမ၏ အတ္တသည် တိုးမြင့်လာ၏။

ယခုအချိန်တွင် ဖန်းမင်ရွှယ်၏ဇာတ်ကားသည်လည်း အခြားပြဿနာတစ်ခုနှင့် ကြုံတွေ့နေရ၏။

အဓိကအမျိုးသားဇာတ်ဆောင်အဖြစ်သရုပ်ဆောင်မည့်သူကို မရှာနိုင်သေးပေ။ မူလက ဟန်ယောင်းသည် ဤဇာတ်ကားကို ရုပ်ရှင်လောကထဲသို့ဝင်ရောက်ကာစ သရုပ်ဆောင်တစ်ယောက်က ပါဝင်သရုပ်ဆောင်နိုင်လိမ့်မည်ဟု ဆိုခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာဖြင့်၊ ဤအမျိုးသားကြယ်ပွင့်သည် မတန်တရာ လစာနှင့် အခြေအနေများကို တောင်းဆို၍ ရုတ်တရက် ငြင်းပယ်ခဲ့သည်။ ဟန်ယောင်းက ဖုန်းကို ချလိုက်ပြီးနောက်၊ သူမ၏မျက်နှာသည် အလွန်အမင်းစိတ်ညစ်နေပုံပေါ်၏။

“ဘာဖြစ်သွားလဲ” ချောင်ကျန့်က မေးလိုက်သည်။

ဟန်ယောင်းက ခေါင်းယမ်း၍ အံကြိတ်၍ ပြောလိုက်သည်။

“ဒီလူယုတ်မာက သူ့စကားသူပြန်ရုတ်သိမ်းသွားပြီ၊ အခု သူက ငါတို့ကို ငြင်းလိုက်တယ်”

ချောင်ကျန့်က သက်ပြင်းချလိုက်သည်။ ဤမျှထိ ရိုးရှင်းလိမ့်မည်မဟုတ်ကြောင်း သိူသည်။

“ဒါဆို ငါတို့ အခု ဘာလုပ်မှာလဲ” ချောင်ကျန့်က မေး၏။

“ကျွန်မ သူနဲ့ ညှိနှိုင်းပြီးပါပြီ၊ သူ့တောင်းဆိုချက်တွေကို လိုက်လုပ်ပေးလိုက်မယ်။ ကျွန်မတို့ ရုပ်ရှင်ကို နှောင့်နှေးအောင် မလုပ်သင့်ဘူးလေ” ဟန်ယောင်းက ပြောသည်။

“ကောင်းကင်နတ်ဘုရား စစ်ပြိုင်ခြင်း”သည် ၎င်း၏ ရိုက်ကူရေးတစ်ဝက်သို့ပင်ရောက်နေပြီဖြစ်၍ ၎င်းတို့သာ ထပ်မံနှောင့်နှေးနေလျှင်၊ ၎င်းတု့ိသည် လုံးလုံးလျားလျား ပြေးလွှားနေရပေလိမ့်မည်ဖြစ်သည်။ ချောင်ကျန့်က ခေါင်းညိတ်လိုက်သည်။

“ဒါက တစ်ခုတည်းသော ရွေးချယ်မှုလို့ ထင်ပါတယ်”

နောက်တစ်နေ့ရောက်သောအခါ၊ ချောင်ကျန့်က ခေါင်းညိတ်လိုက်သည်။

“နေကာမျက်မှန်နှင့် မတ်စ်တပ်ထားသော ပီယွင်ထောင်သည် လေဆိပ်မှ လမ်းလျှောက်ထွက်လာ၏။ ဟန်ယောင်းကိုယ်တိုင်က သူ့ကို လာကြိုကာ၊ အမြန်နှုတ်ဆက်လိုက်သည်။ ပီယွင်ထောင်၏ လက်ထောက်ဖြစ်သော မျက်နှာတွင် အလျားလိုက်အမာရွတ်များဖြင့်ပြည့်နေသည့် အမျိုးသမီးက ဟန်ယောင်းကို မြင်သည်နှင့် မေးလိုက်သည်။

“ဘာလို့ လာကြိုတာ တစ်ယောက်တည်းဖြစ်နေတာလဲ”

ပီယွင်ထောင်သည် ဘာသိဘာသာ မျက်နှာထားမျိုးဖြင့်၊ ဟန်ယောင်းကို ဒုတိယတစ်ကြိမ်ပင်မကြည့်တော့ပေ။

သူမသည် အံကို ကြိတ်လျက်၊ အတင်းပြုံးကာ၊ ပြောသည်။

“ဆရာပီ၊ အဖွဲ့မှာ ကိစ္စတွေအများကြီးရှိနေတာကြောင့် ရှင့်ကို ခေါ်ဖို့ ကျွန်မတစ်ယောက်တည်းလာခဲ့တာပါ”

“ဟား ကားပေါ်သာတက်စမ်းပါ” ထိုထွားကျိုင်းသော လက်ထောက်က အေးစက်စွာအမိန့်ပေးလိုက်သည်။ ဟန်ယောင်းသည် ကားမောင်း၍ ပီယွင်ထောင်ကို ၎င်းတို့ အလုပ်နေရာသို့ ခေါ်ဆောင်လာခဲ့သည်။

ဤသည်က ပြည်နယ်မြို့တော်တွင်ရှိသော အကြီးဆုံးစတူဒီယိုဖြစ်ကာ၊ ချင်းယွီက ထိုနေရာတစ်ခုလုံးကို ဤရုပ်ရှင်အတွက် ငှားရမ်းခဲ့ခြင်းဖြစ်သည်။

All Chapters