အခန်း (၉၁-၉၃)
Vol. 7 Ch. 91-93
အခန်း(၉၁) မင်းလမ်းလျှောက်နိုင်သေးတယ်လို့ ထင်လား
သို့သော် အရာအားလုံး အဆင်သင့်ဖြစ်၍ စက်ပစ္စည်းများကို စမ်းသပ်ရန် ပြင်ဆင်နေချိန်၌ ပီယွင်ထောင်ဘက်မှ နောက်ထပ်သောပြဿနာတစ်ခုကို ထပ်မံတွေ့ရှိခဲ့သည်။ ပီယွင်ထောင်၏ လက်ထောက်သည် ဘာသိဘာသာ မျက်နှာထားမျိုးဖြင့် ပြောလိုက်၏။
“ငါက ဘာလို့ ဒီရုပ်ရှင်ရိုက်ကွင်းမှာနေရမှာလဲ။ ငါ ကြယ်ငါးပွင့်ဟိုတယ်မှာနေချင်တယ်။ မင်းတို့ ဘယ်လို့စီစဥ်ပေးမလဲ”
ဟန်ယောင်းသည် အလွယ်တကူ ဒေါသထွက်တတ်သော်လည်း ယခုတစ်ကြိမ်တွင် အလွန်အလျင်လိုနေသည်ဖြစ်၍ သူမဒေါသကို မျိုချ၍ ရှင်းပြရန်မှတပါး အခြားရွေးချယ်ရန်လမ်းမရှိတော့ပေ။
“ရိုက်ကူးရေးအချိန်ဇယားက အရမ်းတင်းကျပ်လို့ သရုပ်ဆောင်တွေအားလုံးက ဒီရုပ်ရှင်ရိုက်ကွင်းမှာပဲ နေရပါမယ်။ ကျွန်မ စီစဥ်ပေးဖို့ လူတစ်ယောက်ခေါ်ထားပြီးပါပြီ။ ဒီက တည်းခိုဖို့နေရာက အရမ်းမဆိုးလှပါဘူး”
“စာချုပ်ထဲမှာ မပါတဲ့အတွက် အပိုကြေးပေးရမယ်” ပီယွင်ထောင်က ရုတ်တရက် စပြောလိုက်သည်။
ဟန်ယောင်းသည် အံကြိတ်လျက် ပြန်ဖြေ၏။။
“ကောင်းပြီ”
ပီယွင်ထောင်၏ နှလုံးသားသည် ယုတ်မာညစ်ညမ်းမှုများဖြင့် ပြည့်နေ၏။
တကယ်တမ်းတွင် သူသည် ထိပ်တန်းလူငယ်တစ်ယောက်မဟုတ်သော်လည်း ဖန်းမင်ရွှယ်၏ အခြေအနေအကြောင်း ကောင်းစွာသိထားသောကြောင့် ဤဇာတ်ကားကို ရိုက်ရန် သူမမည်သို့မျှော်လင့်နေသည်ကို သူသိထားသည်။ ထို့ကြောင့် ဤသို့သော တောင်းဆိုမှုများကို လုပ်ရဲခြင်းဖြစ်၏။
နောက်ဆုံးတွင်မူ၊ သူကိုယ်တိုင်မှတပါး၊ အချိန်တိုအတွင်းတွင် သင့်တော်သော အမျိုးသားသရုပ်ဆောင်ကို ရှာတွေ့နိုင်လိမ့်မည်မဟုတ်ပေ။
စက်ကိရိယာစမ်းသပ်မှု စတင်ပြီဖြစ်သည်။ ဖန်းမင်ရွှယ်သရုပ်ဆောင်ထားသည့် အမျိုးသမီးသူရဲကောင်း ဇာတ်ကောင်သည် နောက်ပိုင်းတွင် သူမကို နှိပ်စက်မည့် ပီယွင်ထောင်သရုပ်ဆောင်သည့် ကောင်းကင်နတ်ဘုရားထံတွင် ဖမ်းချုပ်ခံရသည့်အခန်းကိုရိုက်ကူးနေကြခြင်းဖြစ်သည်။
“ရပ်တော့” ချောင်ကျန့်က မျက်မှောင်ကြုတ်၍ မတ်တပ်ထရပ်လိုက်သည်။
“ဒီမင်းသား၊ မင်းအမူအရာက တင်းမာလွန်းတယ်။ မင်းဘာလို့ ကိုယ့် ဒိုင်ယာလေ့ကိုယ် ရှင်းရှင်းလင်းလင်းလ မပြောနိုင်တာလဲ”
ပီယွင်ထောင်၏ မျက်နှာသည် မည်းမှောင်သွားသည်။
“ဒိုင်ယာလော့လား။ ရုပ်ရှင်တွေမှာ ငါဘယ်တုန်းက စကားပြောဖူးလို့လဲ။ အဲ့တာ နောက်ပိုင်းထုတ်လုပ်ရေးမှာမှ နောက်ခံအသံထည့်ရမှာမဟုတ်ဘူးလား”
ချောင်ကျန့်၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်သွားသည်။ ဒိုင်ယာလော့မပြောနိုင်သည့် မင်းသားကို သူမမြင်ခဲ့ဖူးပေ။
“အဲ့တာတော့ မဖြစ်ဘူး။ ဒီတစ်ခါတော့ တိုက်ရိုက်အသံသွင်းရမယ်။ ထပ်လုပ်ရအောင်”
မူလက ဖန်းမင်ရွှယ်သည် တိုင်တစ်တိုင်တွင် ချီနှောင်ထားခြင်းခံရကာ၊ ရေထဲတွင် နစ်မြုပ်ခံထားရခြင်းဖြစ်သဖြင့်၊ ထပ်မံရိုက်ကူးပါက၊ နောက်ထပ်တစ်ကြိမ် ခံစားရမည်ဖြစ်သည်။
ပီယွင်ထောင်သည် ထိုကိစ္စနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှား၏။
ဤရိုက်ချက်ကို လွယ်ကူ၍ ပိုက်ဆံယူကာထွက်သွားနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ချောင်ကျန့်သည် ယင်းကိစ္စကို ဂရုပင်မစိုက်ဘဲ၊ ယဥ်ကျေးမှုအနည်းငယ်ပင်ပြသခြင်းကင်းမဲ့လျက်၊ အလွန်အမင်းတောင်းဆိုနေ၏။
ဤအရာက ပီယွင်ထောင်ကို ပို၍ စိတ်တိုသွားစေသည်။ ထို့ကြောင့် သူသည် ဒိုင်ယာလော့များကို ပို၍ ဝေဝါးစွာပြောလိုက်၏။ နောက်ဆုံးတွင်မူ၊ ရေထဲတွင်စိမ်နေရသူမှာ သူမဟုတ်ပေ။ ပီယွင်ထောင်က ဆိုးယုတ်စွာတွေးနေ၏။
နွေဦးရာသီဖြစ်လင့်ကစား ဤနေရာရှိ ရေသည် အလွန်အေးခဲနေ၏။
ဖန်းမင်ရွှယ်သည် ရေထဲသို့ အထပ်ထပ်အခါခါဝင်ခဲ့ရကာ၊ ပီယွင်ထောင်၏ အကြည့်များသည် စိုရွဲနေသော သူမ၏ အဝတ်အစားများအောက်မှ ကောက်ကြောင်းလှလှပေါ်နေသော ခန္ဓာကိုယ်ပေါ်တွင် စွဲမြဲနေ၏။
ဤတစ်ကြိမ်တွင်မူ သူသည် ဒိုင်ယာလော့များပြောကာ၊ လှည့်ထွက်သွားရမည်ဖြစ်သော်လည်း သူသည် တမင်ရည်ရွယ်၍ ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ဖန်းမင်ရွှယ်၏ ပခုံးကို ထိလိုက်သည်။
ဖန်းမင်ရွှယ် အံ့အားသင့်၊ ထိတ်လန့်သွားရသည်။ ချောင်ကျန့်သည် ပို၍ပင် ဒေါသထွက်သွားသည်။
“ဘာတွေဖြစ်နေတာလဲ”
ပီယွင်ထောင်၏ ဒေါသသည် ပို၍ပင် တောက်လောင်လာ၏။
“ငါသရုပ်မဆောင်နေလို့လား။ ခင်ဗျားက ဘာအတွက်အော်နေတာလဲ။ ယုံချင်ယုံမယုံချင်နေ၊ ငါအခုထွက်သွားလိုက်မှာနော်”
ပီယွင်ထောင်သည် ဟန်ယောင်းနှင့် အခြေားသူများက သူ့ကို မစော်ကားဝံ့ကြောင်း သေချာနေသောကြောင့် ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်သည်။
ချောင်ကျန့်သည် စကားလုံးများပျောက်ရှ ဆွံ့အသွားရ၏။ ပီယွင်ထောင်သည်ဆိုးရွားသော ကျေနပ်မှုဖြင့် အနားရှိလူအားလုံးကိုကြည့်၍ လှောင်ရယ်လိုက်သည်။
“အဓိပ္ပါယ်မရှိတာတွေပဲ။ ငါအခုချက်ချင်း ထွက်သွားတော့မယ်။ ခင်ဗျားတို့ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ကြရသေးတာပေါ့”
ထိုအချိန်တွင် မဝေးလှသောနေရာာတစ်ခုမှ အသံတစ်ခုထွက်လာသည်။
“ထွက်သွားမယ်ဟုတ်လား။ မင်းအခု လမ်းလျှောက်နိုင်သေးတယ်လို့များ… ထင်လား”
ထိုစကားသံနှင့်အတူ ရွှယ်အန်း ရောက်လာ၏။
သူ့သမီးနှစ်ယောက်နှင့်အတူ၊ ပြည်နယ်မြို့တော်ရှိ ပန်းခြံတစ်ခုတွင် တစ်နေ့ကုန် အချိန်ဖြုန်းနေခဲ့သဖြင့်၊ ယခုမှရောက်လာခြင်းဖြစ်သည်။ ရုပ်ရှင်ရိုက်ကွင်းသို့ သူရောက်သောအချိန်တွင် ပီယွင်ထောင်က ဒေါသတကြီးမာန်တက်ပြနေသည့် စကားများကို ကြားခဲ့ရကာ၊ မကြာသေးမီက အဖြစ်အပျက်ကိုလည်း မြင်တွေ့ခဲ့ရသည်။ ထိုအခိုက်အတန့်တွင် ရွှယ်အန်းက ဖန်းမင်ရွှယ်ကို ပြုံးပြ၍ ဟန်ယောင်းကို ခပ်တိုးတိုးပြောလိုက်သည်။
“ဒါက မင်းငှားထားတဲ့ အမျိုးသားသရုပ်ဆောင်ဆိုတဲ့ကောင်လား”
ဟန်ယောင်းက ပြန်မဖြေဘဲ ခေါင်းညိတ်လိုက်သည်။
ပီယွင်ထောင်သည် ရွှယ်အန်းကို သံသယစိတ်ဖြင့် လှမ်းကြည့်လိုက်သောအခါ၊ သူ့လက်ထောက်က ရှေ့သို့တိုးလာ၍ မောက်မာစွာပြောလိုက်သည်။
“ရှင်က ဘယ်သူလဲ၊ ကျွန်မဆို့ ဆရာပီကို ဘယ်လိုလေသံနဲ့ပြောနေတာလဲ”
ရွှယ်အန်းသည် မျက်လုံးများကို အနည်းငယ်ကျုံးလိုက်သည်။
“ဆရာပီဟုတ်လား၊ မင်း သူ့ကို ဆိုလိုတာလား”
အမျိုသမီးလက်ထောက်က ဂုဏ်ယူစွာဖြင့် ပြန်ပြောလိုက်သည်။
“ဟုတ်တာပေါ့”
ရွှယ်အန်းက ပြုံးလိုက်သည်။
“ဒါဆို ငါ့ကို ပြော… သူ့ကို ဘယ်လေသံနဲ့ပြောရမှာလဲ”
“ရိုသေတဲ့လေသံနဲ့ပြောမှာပေါ့ရှင်၊ ရုပ်ရှင်ရိုက်ဖို့ ကျွန်မတို့ အချိန်တွေကို ပေးထားရတာ၊ အချိန်ကုန်တယ်ရှင့်၊ နောက်ပြီး ရှင်တို့…”အမျိုးသမီးလက်ထောက်က အော်ဟစ်ပြောဆိုလိုက်သည်။
ရွှယ်အန်းသည် လက်ကို ပြတ်သားစွာဝှေ့ယမ်း၍ အန္တရာယ်ကင်းသည့်အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
“မင်းပြောတာ အရမ်းမြန်လွန်းတယ်။ အနားလာခဲ့၊ ငါသေချာမကြားရဘူး”
လက်ထောက်အမျိုးသမီးက အနည်းငယ် ပဟေဌိဖြစ်စွာဖြင့် ရွှယ်အန်းအနားသို့ ကပ်သွားလိုက်သည်။
“ရှင်ဘာကိုပြော…”
ရွှယ်အန်းသည် သူမ၏ မျက်နှာကို ရုတ်တရက် ဖြတ်ရိုက်လိုက်၏။
.ရွှယ်အန်းသည် သူ၏ခွန်အားကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း ထိုရိုက်ချက်သည် ပိန်ပါးပါးအမျိုးသမီးတစ်ယောက်ကို လေထဲတွင် ၇၂၀ ဒီဂရီ လှည့်ပတ်စေကာ၊ ရေကန်ထဲသို့ ပြုတ်ကျသွားစေခဲ့သည်။
ဤမြေကြီးကွဲလုသော ပါးရိုက်သံကြောင့် ဤနေရာရှိလူတိုင်း နှုတ်ဆိတ်သွားခဲ့ကြသည်။
ရွှယ်အန်းက လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
“ဘယ်လိုအရာမျိုးက သူ့ကိုယ်သူ ဆရာလို့ခေါ်ရဲတာလဲ”
ထိုအချိန်တွင် ပီယွင်ထောင်၏ မျက်နှာထက်တွင် ဒေါသနှင့် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေ၏။
“မင်း … လူတစ်ယောက်ကို ရိုက်ရဲတယ်ပေါ့၊ မင်း ပြီးသွားပြီ၊ ငါအခု ရဲခေါ်တော့မှာ။ ငါ…”
ရွှယ်အန်းက သူ့လည်ပင်းကို ဆွဲကိုင်၍ ရေကန်ထဲသို့ ဆွဲခေါ်သွားသောကြောင့် သူ့စကားများ အဆုံးမသတ်ခဲ့ရပေ။ ပီယွင်ထောင်၏ ဦးခေါင်းသည် ရေထဲတွင် နစ်မြုပ်သွား၏။ သူ၏ ဒေါသစကားများသည်လည်း ပူစီဖောင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
ပီယွင်ထောင်၏ ခြေလက်များသည် ပြင်းထန်စွာရုန်းကန်နေသော်လည်း ရွှယ်အန်း၏လက်မျးာသည် သံကဲ့သို့ ခိုင်မာနေသဖြင့်၊ အနည်းငယ်မျှပင် မလှုပ်ရှားခဲ့ပေ။ ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။
ရွှယ်အန်း၏အမူအရာသည် ခွေးတစ်ကောင်ကို ချုပ်နှောင်ထားသကဲ့သို့ အလွန်တည်ငြိမ်လျက်ရှိရာ၊ စက္ကန့်များစွာကြာမြင့်ပြီးနောက်၊ ပီယွင်ထောင်၏ ရုန်းကန်မှုသည် တဖြည်းဖြည်း နှေးကွေးအားလျော့လာ၏။
သို့ထိတိုင်၊ ရွှယ်အန်းသည် အလွှတ်ပေးမည့်အရိပ်အယောင်မပြသေးပေ။ မည်သူကမျှ ဝင်ရောက်စွက်ဖက်ရန် ရှေ့မတိုးဝံ့ကျသဖြင့်၊ အချို့လူများသည် မူးမေ့လဲကုန်ကာ၊ ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြ၏။ တစ်မိနစ်နီးပါးကြာသောအခါ၊ ရွှယ်အန်းက သူ့လက်ကို ဆတ်ခနဲမြှောက်လိုက်သည်။ ပီယွင်ထောင်၏ ဦးခေါင်းသည် ရေကန်ထဲမှ ထွက်လာ၍ ချောင်းအဆက်မပြတ်ဆိုးကာ၊ လေပြွန်မှ ရေများပြန်အန်ထွက်လာသည်။ ထို့နောက် သေလုမျိုးပါးခွေးတစ်ကောင်ကဲ့သို့ လေကို ပြင်းထန်စွာရှုသွင်းလိုက်၏။
အသက်တစ်ရှိုက်စာအပြည့်ပင် မရှုရသေးမီတွင် ရွယ်အန်းက သူ့ခေါင်းကို ရေထဲသို့ ထပ်မံနှစ်ချလိုက်ပြန်၏။
နောက်ထပ်တစ်မိနစ်ကုန်သွားသည်။
ရွှယ်အန်းက ခေါင်းကို ပြန်မလိုက်ရာ၊ ဤအကြိမ်တွင် ပီယွင်ထောင်၏ မျက်ရည်များနှင့် နှပ်ချေးများပါ လျှံကျလာ၍ အောက်ဘက်ဆီမှ အနံ့ပြင်းသော ဆီးနံ့များထွက်ပေါ်လာသည်။
သူသည် သေးပေါက်ချမိခဲ့သည်အထိ ကြောက်ရွံ့နေကြောင်း ရှင်းလင်း၏။ သို့သော်လည်း ရွှယ်အန်း၏ အမူအရာသည် တည်ငြိမ်နေလျက်ရှိကာ၊ ပီယွင်ထောင် စကားမပြောနိုင်ခင်တွင် နောက်ထပ်တစ်ကြိမ် နှစ်ချလိုက်သည်။
သုံးကြိမ်တိုင်တိုင်ဖြစ်ပျက်ပြီးမှသာ ရွှယ်အန်းက လွှတ်ပေးလိုက်၏။
ထိုအချိန်တွင် ပီယွင်ထောင်သည် ရွှံ့ပုံကြီးတစ်ပုံကဲ့သို့ မလှုပ်မရှားဘဲ လဲလျောင်းနေသည်။
မည်သူမျှ စကားတစ်ခွန်းပင် မဟဝံ့ကြပေ။ ပိန်လှီသော လက်ထောက်သည် ရေထဲမှ ပြန်မတက်လာဝံ့ဘဲ၊ တုန်ယင်စွာဖြင့် ထိုနေရာ၌သာရပ်နေ၏။ ရွှယ်အန်းသည် တစ်ရှုးကိုထုတ်၍ သူ့လက်သို့စိုသွားခဲ့သော ရေများကို ဖြည်းညှင်းစွာသုတ်လိုက်သည်။
“အခု ရဲခေါ်ချင်သေးလား”
ပီယွင်ထောင်သည် တစ်ကိုယ်လုံးတုန်ယင်စွာဖြင့် ရွှယ်အန်းကို နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြည့်ကာ၊ သွားများသည်လည်း တဆတ်ဆတ်တုန်နေသည်။
“သူဌေး… သူဌေး ကျေးဇူးပြုပြီး သက်ညှာပေးပါ၊ ကျွန်တော်… ကျွန်တော် မလုပ်ရဲတော့ပါဘူး”
“မင်းဒီမှာနေရတာ အဆင်မပြေလို့ ကြယ်ငါးပွင့်ဟိုတယ်မှာနေချင်တယ်ဆိုတာ ငါကြားလိုက်ရတယ်”
“မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျွန်တော် ဒီမှာနေမယ်။ အခန်းမရှိရင်တောင် အဆင်ပြေတယ်”
“စာချုပ်…”
“ကျွန်တော် အခုချက်ချင်းပြန်ပြင်လိုက်ပါ့မယ်။ သူဌေးလိုချင်တာ မှန်သမျှ လက်မှတ်ထိုးပေးမယ်။ ပြီးတော့ လစာမပေးလည်းရတယ်” ပီယွင်ထောင်သည် မျက်ရည်များဝဲနေ၏။
သူသေတော့မည်ဖြစ်ကြောင်း ရေထဲတွင် တစ်ကြိမ်ထပ်မကယုံကြည်နေခဲ့ရသည်။ သေခါနီးတိုင်းတွင် ဤလူသည် သူ့အခြေအနေကို အတိအကျတိုင်းတာ၍ ရေထဲမှ ဆွဲထုတ်ကာ အသက်အနည်းငယ်ရှုခွင့်ပေး၍ အောက်သို့ ပြန်နှစ်ချခဲ့သည်။
ယင်းခံစားချက်ကို ပီယွင်ထောင် မမှတ်မိဝံ့ပေ။
“ဒါက ပိုကောင်းပါတယ်။ ငါမင်းကို လစာပေးမှာပါ…. ဒါပေမယ့် မင်းအလုပ်ကောင်းကောင်းလုပ်၊ မလုပ်ရင် ငါလူတွေကို မျက်နှာပေးရတာ ပျော်တယ်”
‘မျက်နှာပေးတယ်… ဒါကို သူက တကယ်မျက်နှာပေးတယ်လို့ခေါ်တာလား’ ပီယွင်ထောင်က ငို၍ တွေးလိုက်သည်။
အခန်း(၉၂) special effects က အရမ်းနောက်ကျနေပြီ၊ တကယ့်နဂါးသုံးကြရင်ရော ဘယ်လိုလဲ
နွေရာသီအစောပိုင်းသို့နီးကပ်လာသည်နှင့်အမျှ ရာသီဥတုသည် တဖြည်းဖြည်းနှင့် ပူပြင်းလာသည်။ ထို့အပြင် နတ်ဘုရားသုတ်သင်သူ ရိုက်ကူးရေးသည်လည်း နီးကပ်လာပြီဖြစ်၏။ ချောင်ကျန့်သည် ၎င်း၏ ပါရမီရှင်ဒါရိုက်တာ ကျွမ်းကျင်မှုကို အပြည့်အဝစွမ်းဆောင်နိုင်ခဲ့ကာ၊ ရုပ်ရှင်၏အဓိကအပိုင်းကိုလည်း နှစ်လတာအချိန်တိုအတွင်း ပြီးမြောက်နိုင်ခဲ့သည်ဟုဆိုနိုင်သည်။
နမူနာထွက်လာသည်နှင့်အမျှ ပီယွင်ထောင်သည် ဖန်သားပြင်ထက်မှ သူ့ကိုယ်သူကြည့်၍ အံ့သြသွားရသည်။ အလွန်အလန်းစားမဟုတ်သော်လည်း ကျေနပ်ဖွယ်ကောင်းစွာစွမ်းဆောင်နိုင်သူဟု သူ့ကို အမှန်ပင် ယူဆ၍ရမည်လော။ သူသည်လည်း ရုပ်ရှင်တစ်ကားတွင် ကောင်းစွာသရုပ်ဆောင်နိုင်ခဲ့သည်။ ပီယွ၍်ထောင်သည် ယင်းကို ဆက်ကြည့်လျက်၊ ပါးပြင်ထက်သို့ မျက်ရည်များစီးကျလာကာ၊ ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ပခုံးကို ပုတ်လိုက်သည်ဟု ခံစားလိုက်ရသည်။ ပီယွင်ထောင်လှည့်ကြည့်လိုက်သောအခါ၊ ရွှယ်အန်းကို မြင်လိုက်ရ၏။
“မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ” ရွှယ်အန်းက ခပ်ပါးပါးအပြုံးတစ်မျိုးပြုံး၍ ပြောလိုက်သည်။
ပီယွင်းထောင်သည် ပို၍ပင် ပြင်းထန်စွာငိုကြွေးနေသော်လည်း ဤတစ်ကြိမ်တွင် ကြောက်စိတ်မရှိတော့ပေ။ သူသည် ရွှယ်အန်း၏ နက်နဲသော စိတ်ပိုင်းဆိုင်ရာအရိပ်တစ်ခုကို ဖော်ထုတ်ခဲ့သည်။ ရွှယ်အန်း၏ အမည်ကို မြင်ရုံမျှဖြင့်၊ သူ့ကို တုန်လှုပ်သွားစေလိမ့်မည်ဖြစ်သည်။
“ကျွန်တော် မခံယူဝံ့ပါဘူး” ပီယွင်ထောင်က တုန်ယင်စွာဖြင့် ပြောလိုက်သည်။
ဤအကြိမ်တွင် ချောင်ကျန့်ကပြောလိုက်သည်။
“မစ္စတာရွှယ်… ပင်မရိုက်ကူးမှုပြီးသွားပြီ။ ဒါပေမယ့် ထုတ်လုပ်မှုနောက်ပိုင်းနဲ့ special effects တွေထည့်သွင်းဖို့က အချိန်အများကြီးကုန်လိမ့်မယ်။ နောက်ဆုံးရက်ကို မမှီမှာစိုးတယ်” ချောင်ကျန့်သည် ဤကိစ္စနှင့်ပတ်သက်၍ စိုးရိမ်နေ၏။
နတ်ဘုရားသုတ်သင်သူ၏ ဇာတ်လမ်းဇာတ်ကြောင်းသည် ရှုပ်ထွေးခြင်းမရှိသော်လည်း ဆန်းကြယ်သော ပြကွက်များကြောင့် special effects များသည် အဓိကဆွဲဆောင်မှုဖြစ်ပေလိမ့်မည်ဖြစ်သည်။ ထို့အပြင် ချောင်ကျန့်သည် ကောင်းကင်နတ်ဘုရားဇာတ်ကား ပြီးဆုံးသွားပြီဖြစ်ကြောင်း နှင့် နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ကြားသိခဲ့ရသည်။
၎င်းတို့သာ အလျင်စလိုမလုပ်လျှင်၊ ထွက်ရှိရက် တူညီရန်လွဲချော်သွားနိုင်သည်။ ရွှယ်အန်းက ခေါင်းကို ညိတ်လိုက်သောအခါ၊ ဟန်ယောင်းသည် ဖျော့တော့သော မျက်နှာဖြင့် ရောက်လာ၏။
“ဒီနယ်ပယ်မှာ ဒီကိစ္စအတွက် အရမ်းအတွေ့အကြုံရှိတဲ့ ကုမ္ပဏီတွေကို ကျွန်မဆက်သွယ်ခဲ့ပေမယ့်၊ သူတို့က အချိန်မရှိဘူးတို့ မလုပ်ရဲဘူးတို့ပြောနေကြတယ်”
ချောင်ကျန့်က ဤသည်ကို ကြားသောအခါ အလွန်စိုးရိမ်လာသည်။
“ဘယ်လိုဖြစ်ရတာလဲ၊ သူတို့မှာ အချိန်မရှိရင်တောင် ကုန်ကျစရိတ်အတွက် စျေးပိုမြှင့်ပေးနိုင်တာပဲမဟုတ်လား”
ဟန်ယောင်းက ခါးသက်သက်ပြုံးလိုက်သည်။
“ဒီလောကရဲ့အမြင့်ဆုံးစျေးကို ကျွန်မပေးထားပြီးပြီ၊ ဘယ်သူမှမလုပ်ချင်ကြဘူး”
ချောင်ကျန့်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ ဤဖြစ်စဥ်သည် အလွန်ထင်ရှားနေသည်မှာ ထင်ရှား၏။ ပိုက်ဆံရှာရန် မည်သူမျှ ငြင်းလိမ့်မည်မဟုတ်ပေ။ ယင်းအတွက် ဖြေရှင်းချက်တစ်ခုသာကျန်တော့သည်။ တစ်စုံတစ်ယောက်က ၎င်းတို့ကို နောက်ကွယ်မှနေ၍ ခိုင်းစေနေခြင်းဖြစ်သည်။ တစ်ချိန်တည်း၌ပင်၊ ချင်းယွီသည်လည်း ကူကယ်ရာမဲ့စွာပြောလိုက်၏။
“ကျွန်မလည်း နိုင်ငံခြားက ကုမ္ပဏီတော်တော်များများကို ဆက်သွယ်ထားတယ်။ သူတို့ကလုပ်ပေးနိုင်ပေမယ့် ပို့ဆောင်ချိန်က ပိုကြာလိမ့်မယ်”
ဤအရှုပ်အထွေးကို လူတိုင်းရှေ့မှောက်တွင် ချပြခဲ့ခြင်းဖြစ်သဖြင့်၊ အဖွဲ့ဝင်အများအပြား၏ အမူအရာများတွင် စိတ်ပျက်အားငယ်မှုများထင်ဟပ်လာသည်။ ဤသည်က သရုပ်ဆောင်ချို့တဲ့ခြင်း သို့မဟုတ် အခြားသောအခက်အခဲများနှင့် ရင်ဆိုင်ရခြင်းနှင့်မတူပေ။
Special effects ထုတ်လုပ်မှုသည် အလွန် အထူးပြုလုပ်ငန်းတစ်ခုဖြစ်၍ ၎င်းကိုလုပ်ဆောင်နိုင်သည့် ကုမ္ပဏီခပ်များများ မရှိပေ။ စီမံကိန်းကို အကောင်အထည်ဖော်ရန် ဆန္ဒမရှိပါက၊ ၎င်းတို့သည် အမှန်တကယ်ပင် လုံးဝ ကမောက်က ဖြစ်ကုန်လိမ့်မည်ဖြစ်သည်။
“ဒါက ရှဲ့မိသားစုပဲဖြစ်ရမယ်။ သူတို့နောက်ကွယ်မှာ ရှိနေတာ သေချာတယ်” ဟန်ယောင်းက ဒေါသတကြီး အံကြိတ်လိုက်သည်။
ချင်းယွီကမူ နှုတ်ဆိတ်နေ၏။
ယင်းသည် ခန့်မှန်းရမခက်ခဲပေ။ စီးပွားရေးလုပ်ငန်းဟူသည် ဤကဲ့သို့ပင်ဖြစ်၏။ ရန်သူဖြစ်လာသည်နှင့်၊ ၎င်းသည် သေရေးရှင်ရေးကိစ္စတစ်ခုဖြစ်လာသည်။
သို့သော် ၎င်းတို့ မဖြတ်ကျော်နိုင်သော တောင်တစ်လုံးကို တွေ့ရမည်ဆိုပါက၊ မည်သူမဆို စိတ်ပျက်သွားလိမ့်မည်ဖြစ်သည်။ သို့သော်လည်း လူတိုင်း လက်လျှော့နေချိန်တွင် ရွှယ်အန်းက ပြောလိုက်သည်။
“ဘယ်special effects က အလုပ်သမားအရှားဆုံးလဲ”
ချောင်ကျန့်က မျက်မှောင်ကြုတ်၍ ပြန်ပြောသည်။
“အရာအားလုံးကို ထိန်းလို့ရတယ်၊ ဒါပေမယ့် ဒဏ္ဍာရီဆန်တဲ့သတ္တဝါတွေ၊ အထူးသဖြင့်၊ ရုပ်ရှင်ရဲ့ နောက်ပိုင်းမှာပါမယ့် ဇာတ်ဆောင်မင်းသမီးရဲ့ ရွှေနဂါးပဲ။ သူ့အပိုင်းက အများကြီးပါနေတယ်”
“အင်း.. ကျုပ်မှာ နည်းလမ်းရှိတယ်”
ရွှယ်အန်းသည် အဝေးရှိ သမီးနှစ်ယောက်နှင့် ပျော်ရွှင်စွာကစားနေသော ကလေးနှစ်ယောက်နှင့် ပျော်ရွှင်စွာကစားနေသည့် ပီကင်းမျိုးနွယ် ခွေးပုလေးကို တစ်ချက်ကြည့်လိုက်သည်။
“ special effects တွေမသုံးနိုင်ရင် တကယ့်ကောင်သုံးကြည့်ရအောင်”
“ရုပ်ရှင်ရိုက်ကွင်းသည် ညပိုင်း၌ အလွန်တိတ်ဆိတ်၏။
အကြီးဆုံးအသံမြင့်စင်အတွင်းတွင် ချောင်ကျန့်၊ ဟန်ယောင်း၊ ဖန်းမင်ရွှယ်နှင့် အခြားသူများသည် သူ့အရှေ့ရှိ ဧရာမနဂါးကြီးကို ကြည့်ကာ အံ့အားသင့်သွားကြသည်။
“ဒါက နောက်ဆုံးပေါ်နည်းပညာလား” ချောင်ကျန့်သည် ရွှေနဂါး၏ အကြေးခွံကိုထိရန် လက်လှမ်း၍ စိတ်ရှုပ်ထွေးမှုအပြည့်ဖြင့် မေးလိုက်သည်။
“ဒီလောက်အသက်ဝင်တယ်ပေါ့” ချောင်ကျန့်က အော်လိုက်သည်။
ရွှေနဂါးသည် ချောင်ကျန့်ကိုအထင်သေးစွာ စိုက်ကြည့်နေ၏။ ယင်းသည် အင်းဆက်တစ်ကောင်ထက် အနည်းငယ်မျှသာ သာလွန်သော သေမျိုးလူတစ်ယောက်သာဖြစ်သည်။ သခင်၏ အမိန့်ကြောင့်သာမဟုတ်ပါက၊ ဤမျှလောက်သော သေမျိုးလူသားကို ဘယ်သောအခါမှ အနားကပ်ခံလိမ့်မည်မဟုတ်ပေ။
“ဒါက ရွေ့လည်းရွေ့နိုင်တယ်” ချောင်ကျန့်သည် စိတ်လှုပ်ရှားဖွယ်အရုပ်သစ်တစ်ခုကို တွေ့လိုက်သကဲ့သို့ပြောလိုက်သည်။ ထိုအချိန်တွင် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် တခစ်ခစ်ရယ်နေကြ၏။
“ချောင်အန်ကယ် ငတုံးကြီး၊ ရှောင်ရှက သက်ရှိလေ၊ ရွေ့နိုင်တာပေါ့”
“သက်ရှိဟုတ်လား” ချောင်ကျန့်သည် ယင်းကို ချက်ချင်းနားမလည်ခဲ့သော်လည်း ၎င်းတို့ မည်သို့ဆိုလိုနေခြင်းဖြစ်ကြောင်း နားလည်သဘောပေါက်သွားသောအခါတွင် သူ၏ အမူအရာသည် တဖြည်းဖြည်းလေးနက်လာ၏။
“ဒါ… ဒါ နဂါးပဲ…”ချောင်ကျန့်က ထစ်အစွာပြောလိုက်၏။
ရွှယ်အန်းသည် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ဒါ တကယ့်နဂါးပဲ”
ချောင်ကျန့်သာမက ဟန်ယောင်းနှင့် ဖန်းမင်ရွှယ်တို့သည်လည်း ဖြူဖျော့သွားသည်။
‘အဲ့တာနဂါးကြီးလေ’
ဒဏ္ဍာရီများနှင့် ရာဇဝင်များတွင်သာ တည်ရှိသော ဟွာရှား၏ အထွဋ်အမြတ်ထားရသည့် သတ္တဝါ…။
၎င်းတို့ကိုယ်တိုင် မျက်စိဖြင့် မြင်ဖူးရန်မဆိုနှင့်၊ ဤသို့သော သတ္တဝါမျိုး အမှန်တကယ်ရှိနိုင်သည်ဟုပင် မတွေးခဲ့ကြဖူးပေ။ သို့သော်လည်း ဟန်ယောင်းနှင့် ဖန်းမင်ရွှယ်တို့သည် အမြန်အဆန်ပင် စိတ်တည်ငြိမ်သွားကြသည်။
၎င်းတို့၏ အမြင်တွင် ရွှယ်အန်း၏အနီးတစ်ဝိုက်တွင် အံ့ဖွယ်များဖြစ်ပွားလေ့ရှိသဖြင့်၊ နောက်ထပ်တစ်စက္ကန့်တွင် ရွှေရောင်တုတ်တံကို ဆွဲထိပ်၍ မိမိကိုယ်မိမိ စွန်းဝူခုံးဟုပင် ကြေညာလိုက်လျှင်ပင် ယင်းသည် ပုံမှန်သာဖြစ်ပေလိမ့်မည်ဖြစ်၍ ၎င်းတို့နှစ်ဦးက ယုံကြရပေလိမ့်မည်ဖြစ်သည်။
“ဘယ်လိုလဲ။ special effects ထက်ပိုအသုံးဝင်တယ်မလား”
ချောင်ကျန့်က အားတက်သရော ခေါင်းညိတ်၍ ဆက်တိုက်ဆိုသကဲ့သို့ပင် တုန်လှုပ်နေ၏။
“ဘယ် special effects ကမှ ဒီလောက် အစစ်နဲ့ တစ်ပုံစံတည်း မတူလောက်ဘူး။ ဒီနဂါးသာ ရုပ်ရှင်ထဲမှာပေါ်လာရင် တကယ့် အံ့သြစရာတွေဖြစ်မှာအသေအချာပဲ”
“ဒါပေမယ့်… ရုပ်ရှင်ရိုက်ဖို့ လိုအပ်ချက်တွေအများကြီးရှိတယ်။ သူက လူစကားနားလည်နိုင်လား” ချောင်ကျန့်သည် ဧရာမနဂါးကြီး၏ ဉာဏ်ရည်ဉာဏ်သွေးကို စိုးရိမ်နေသည်။
ရွှယ်အန်းစကားမပြောမီတွင် နဂါးကြီးသည် ချောင်ကျန့်ကို ငုံ့ကြည့်လိုက်ရာ၊ ၎င်း၏ ကြီးမားသော မျက်လုံးကြီးများထဲတွင် အထင်သေးမှုများနှင့် ဒေါသများ ပြည့်နှက်နေ၏။
‘မြင့်မြတ်တဲ့နဂါးကြီးက လူ့စကားကို နားမလည်နိုင်ဘူးလို့ ပြောချင်နေတာလား’
‘ထုံထိုင်းတဲ့ အင်းဆက်’
ချောင်ကျန့်သည် သူ့အရိုးတစ်လျှေဦက်လုံး အေးခဲသွားသကဲ့သို့ ခံစားလိုက်ရကာ၊ မျက်နှာချိုသွေးသည့်အပြုံးဖြင့် ပြောလိုက်သည်။
“ကျေးဇူးပြုပြီး သခင်နဂါး၊ စိတ်မဆိုးပါနဲ့နော်၊ ကျွန်တော်က နောက်တာပါ၊ အဲ့တာက ပြဿနာမဟုတ်ရင် အခုစပြီးရိုက်လို့ရပြီ”
“စောင့်ဦး” ရွှယ်အန်းက ပြောလိုက်သည်။
“ဘာလို့လဲ”
ရွှယ်အန်းက ပြုံးရွှင်လျက် ပြောသည်။
“Special effects တွေ ထည့်ဖို့လိုတဲ့ဟာတွေ အများကြီးရှိတယ်လို့ ခင်ဗျား မပြောလိုက်ဘူးလား။ သူတို့ကို အစစ်တွေသုံးရင်ရောဘယ်လိုလဲ”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ အဲ့တာအများစုက သရဲတွေ နတ်ဘုရားတွေ အများကြီးပါတယ်”
သူ၏ စကားမဆုံးလိုက်ပေ။ လူတိုင်း၏ အကြည့်အောက်တွင် ရွှယ်အန်း၏ လက်များသည် ထူးခြားသော ဓမ္မစည်းချိပ်ပုံစံတစ်ခုကို ဖန်တီးလိုက်သည်။
“များပြားတဲ့ပုံစံတွေ.. နှလုံးသားကထွက်လာစမ်း”
ရွှယ်အန်း၏ လက်များမှ မရေမတွက်နိုင်လောက်အောင်များပြားသော အလင်းတန်းများထွက်လာပြီးနောက်၊ သရဲများ၊ နတ်ဘုရားများနှင့် ဆန်းကြယ်သော သားရဲအမျိုးမျိုး၏ ပုံသဏ္ဍာန်များထွက်ပေါ်လာသည်။
ဤသရဲများ၊ နတ်များနှင့် သားရဲများအားလုံးသည် သက်ရှိအရာများနှင့် တူလှရာ၊ ၎င်းတို့၏ လှုပ်ရှားမှုများသည်လည်း အလွန်သဘာဝကျလှသည်။ ချောင်ကျန့်သည် လုံးလုံးလျားလျား အံ့အားသင့်သွား၏။ ယခုခေတ်ရုပ်ရှင်များတွင္ ဤသို့လုပ်၍ ရသလော။
နဂါးရုပ်ရှင်ရိုက်ရန် နဂါးအစစ်တစ်ကောင်ဆင်းလာသည်။
အင်မော်တယ်ဇာတ်ကားများရိုက်ကူးရန်အတွက်၊ အခန်းအပြည့်အင်မော်တယ်များ ပေါ်ထွက်လာစေနိုင်သည်။ ဤသည်က အမှန်တကယ်ပင် ရိုက်ရှင်ရိုက်နေခြင်းဖြစ်သလော။ သို့မဟုတ် အင်မော်တယ် ကျင့်ကြံရေးလော။ တကယ်တမ်းတွင် ဤသရဲတစ္ဆေများနှင့် နတ်ဘုရားများသည် မှော်စွမ်းအင်များဖြင့် ပေါင်းစပ်ဖန်တီးထားသည့် ပုံရိပ်ယောင်များဖြစ်ကြောင်း ရွှယ်အန်းသာလျှင်သိသည်။ သူ၏ လက်ရှိအင်အားဖြင့် ဤသရဲတစ္ဆေများနှင့် နတ်များကို ဆင့်ခေါ်နိုင်ခြင်းမရှိပေ။
အကယ်၍ သူသည် ယခင်ခွန်အား၏ တစ်ရာခိုင်နှုန်းသာ ပြန်လည်ရရှိမည်ဆိုလျှင် အမိန့်တစ်ခုဖြင့်ပင် ဤနတ်ဘုရားများနှင့် သရဲတစ္ဆေများအားလုံး၏ ပုံစံအစစ်အမှန်များကို ခေါ်ဆိုနိုင်သည်။
သို့သော် ဤပုံရိပ်ယောင်များသည် ရုပ်ရှင်တစ်ကားရိုက်ကူးရန်အတွက် လုံလောက်၏။
အနည်းဆုံးအနေဖြင့်၊ ၎င်းတို့သည် special effects များထက်ပင် ပို၍ သာလွန်၏။
အခန်း(၉၃) ကောင်းကင်ဘုံကို အန်တုခြင်း… ဒါရာဇဝတ်မှုလား
ဟွာရူယွဲ့သည် ဂုဏ်ယူဝင့်ကြွားသော မျက်နှာဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်နေကာ၊ သူမ၏ လက်ထောက်သည် နောက်မှ ပန်ကာဖွင့်ပေးနေ၏။
စတီဖန်၏ မျက်နှာသည် မည်းမှောင်လျက်၊ သူ၏နှလုံးသားသည်မူ ဒေါသစိတ်ဖြင့် ပြည့်နှက်နေသည်။ ယခုလေးတင်ရိုက်ကူးထားသည့် နတ်ဘုရားများ စစ်ပြိုင်ခြင်း ဇာတ်လမ်းတွင်၏ နောက်ဆုံးဇာတ်ကွက်ဖြစ်ရာ၊ ဟွာရူယွဲ့၏ ဇာတ်ကောင်သည် ရေထဲမှ ထွက်လာသော ရိုးရှင်းလှသည့် ဇာတ်ကွက်ဖြစ်သည်။ သို့သော် ဤသို့ရိုးရှင်းသော ဇာတ်ကွက်သည် အချိန်များစွာကြာမြင့်ခဲ့၏။
ဟွာရူယွဲ့သည် ရေထဲသို့ဝင်ရန် ငြင်းဆိုသဖြင့်၊ နောက်ဆုံးတွင် ရွေးချယ်ရန် လမ်းမရှိသောကြောင့် စတီဖန်သည် ဇာတ်ကွက်အတွက်၊ လူစားထိုးအသုံးပြုရန် ဝန်လေးစွာသဘောတူခဲ့သည်။
ထို့အပြင် ဤခွင့်ပြုချက်သည် ပထမဆုံးအကြိမ်ဟုတ်ခဲ့ပေ။
ဟွာရူယွဲ့ပါဝင်သရုပ်ဆောင်ခဲ့ပြီးစဥ်ကတည်းက စတီဖန်သာ သူ၏ စံနှုန်းများကိုမနှိမ့်ချနိုင်ပါက၊ သူမ လုံးဝမရိုက်ကူးပေးနိုင်ဟု ဆိုခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အားလုံးပြီးသွားခဲ့ပြီဖြစ်ရာ၊ ယနေု့ ရိုက်ကူးရေးပြီးလျှင်၊ နတ်ဘုရားများစစ်ပြိုင်ခြင်းသည် အပြီးသတ်သွားမည်ဖြစ်၏။ ထိပ်တန်းမင်းသမီဂပင် ကောင်းစွာမပူးပေါင်းနိုင်သော ဇာတ်ကားတစ်ကားသည် အနာဂတ်ရှိလိမ့်မည်မဟုတ်ပေ။
သို့သော် ဤအရာသည် သူစိုးရိမ်ရမည့်အရာတစ်ခုမဟုတ်တော့ပေ။ စတီဖန်သည် ၎င်း၏လေယာဥ်လက်မှတ်ကို ဝယ်ယူခဲ့ပြီးဖြစ်၍ ယနေ့ညတွင် ဥရောသို့ ပြန်သွားတော့မည်ဖြစ်သည်။
“မစ္စတာ စတီဖန်၊ မစ္စတာရှဲ့က ဒီည ရှင့်အတွက် ညစာစားပွဲစီစဥ်ထားပြီးပါပြီ၊ ရှင်ဘယ်လိုထင်လဲ” ဟွာရူယွဲ့၏ မျက်နှာသည် ဟန်ဆောင်မှုများ ပြည့်နေ၏။
“တောင်းပန်ပါတယ်၊ ငါ့မှာ အခြားကိစ္စရှိလို့ ဒီည ဥရောပကို ပြန်ရတော့မယ္” စတီဖန်၏ အမူအရာသည် အေးစက်လျက်ရှိရာ စကားဆုံးသည်နှင့် လှည့်ထွက်သွားသည်။
ဟွာရူယွဲ့သည် ထိုနေရာတွင် ဆက်လက်ရပ်လျက်၊ သူမ၏ မျက်နှာသည် ဖြူဖျော့ နီမြန်းလာကာ၊ အံကို တင်းတင်းကြိတ်ထား၍ လက်တီးကို တင်းတင်းဆုတ်ထားလိုက်သည်။
“ရုပ်ရှင်ကပြီးပါပြီ, ဒါရိုက်တာကြီးရဲ့လုပ်ရပ်က ဘယ်လိုများလဲ”
ထိုနေ့ညနေခင်းတွင် ဟွာရူယွဲ့သည် ပြောင်လက်သော အဝတ်အစားများကို ဝတ်ဆင်၍ ရှဲ့ထန်စီကို သွားရောတွေ့ဆုံကာ စတီဖန်က အကြောင်းမကြားဘဲ ထွက်သွားကြောင်း ပြောပြခဲ့သည်။
ရှဲ့ထန်စီက နားထောင်ပြီးနောက် အေးစက်စက်ရယ်မောလိုက်သည်။
“သူသွားပါစေ။ သူ့ဒါရိုက်တာ စွမ်းရည်ကို ငါတကယ် ဂရုစိုက်တယ်လို့ ထင်နေလား။ သူ့ကျော်ကြားမှုကို ငါတန်ဖိုးထားတယ်။ သူကျော်ကြားနေသရွေ့၊ ထိုင်ပြီး ညွှန်ကြားနေတဲ့ ခွေးတစ်ကောင်ဖြစ်နေရင်တောင် ဂရုမစိုက်ဘူး” ရှဲ့ထန်စီက လျစ်လျူရှု့၍ ပြောလိုက်သည်။
ဟွာရူယွဲ့က လျင်မြန်စွာသဘောတူလိုက်သည်။
“ရှင်ပြောတာ မှန်တယ် မစ္စတာရှဲ့၊ ဒါပေမယ့် ဖန်းမင်ရွှယ်ငှားထားတဲ့ ဒါရိုက်တာက တော်တော်စွမ်းဆောင်နိုင်တယ်လို့ကြားတယ်၊ ရှင်ဘယ်လိုထင်လဲ”
ရှဲ့ထန်စီက လှောင်ရယ်၍ လက်ထဲရှိ ဖန်ခွက်ထဲသို့ ဝိုင်အချို့ လောင်းချလိုက်သည်။
“သူဘယ်လောက်ပဲအရေအချင်းရှိရှိ ဘာလုပ်နိုင်မှာလဲ။ သူတို့ ရုပ်ရှင်ရိုက်ဖို့ ခွင့်ပြုပေးလိုက်ရတဲ့အကြောင်းက သူတို့နဲ့ ဂိမ်းဆော့ပေးဖို့ပဲ။အခု သူတို့ရုပ်ရှင်က တစ်ဝက်လောက်ပြီးပြီဆိုပေမယ့် နောက်ပိုင်းတီးဖြတ်ရေးလုပ်ဖို့ ဘယ်ကုမ္ပဏီကမှ လက်မခံဘူး။ အရင်က သူတို့ သုံးတဲ့ငွေက အလကားမဖြစ်သွားဘူးလား”
ဟွာရူယွဲ့၏ မျက်လုံးများ တောက်ပလာသည်။
“မစ္စတာရှဲ့က တကယ်ကြောက်ဖို့ကောင်းတာပဲ”
“ချင်းမိသားစုက ဒီရွှံ့နွံထဲကို ခုန်ဆင်းချင်နေတာပဲ။ ပြီးရင် ငါသူတို့ကို ကိုင်တွယ်မယ်။ ဒါပေမယ့် ငါနဲ့ပြိုင်မယ်ဟုတ်လား။ ဟား” ရှဲ့ထန်စီ၏ မျက်လုံးထဲတွင် အေးစက်သောအလင်းရောင်တစ်ခု ထင်ဟပ်လာသည်။
ဝမ်ဝမ်ကျန်းသည် ဖန်းမင်ရွှယ်၏ ဝေ့ပေါ်အကောင့်ကို နေ့တိုင်း ဝင်ကြည့်လျက်ရှိသည်။ သတင်းစာရှင်းလင်းပွဲအပြီးတွင် နတ်ဘုရားသုတ်သင်သူဇာတ်ကားနှင့်ပတ်သက်သော သတင်းများ ပျောက်ကွယ်သွားခဲ့သည်။ တစ်လကျော်ကြာသွားသည်နှင့် လူများစွာသည် ထိုကဲ့သို့သော ဇာတ်ကားမျိုးရှိသည်ကို မေ့သွားကြပြပြီဖြစ်ရာ၊ သစ္စာရှိပရိတ်သတ်များသာ မှတ်မိနေကြသေးသည်။
သို့သော် တစ်ဖက်တွင်မူ၊ နတ်ဘုရားများ စစ်ပြိုင်ခြင်းဇာတ်ကားအတွက် ပြင်းထန်သော အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုများသည်မူ ကောင်းမွန်စွာစတင်နေပြီဖြစ်၏။ နေ့တိုင်းလိုလိုတွင် အဆုံးမရှိသော ကောလဟာလများနှင့် အတင်းအဖျင်းများ ပေါ်ထွက်လျက်ရှိရာ၊ ပရိုမိုးရှင်းအပိုင်းများကို တစ်ပိုင်းချင်းထုတ်လွှင့်ပြသခဲ့သည်။ ထိုသို့သော ကွာဟချက်ကြောင့် လူများစွာသည် နတ်ဘုရားသုတ်သင်သူဇာတ်ကား၏ အလားအလာကို အယုံအကြည်မဲ့လာခဲ့ကြသည်။ အထူးသဖြင့် နတ်ဘုရားများ စစ်ပြိုင်ခြင်း ဇာတ်ကားပြီးဆုံးကြောင်း သတင်းများ ပျံ့နှံ့လာပြီးနောက်တွင် ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲမှ ကြယ်ပွင့်တိုင်းနီးပါးက စတင်ချီးကျူးလာခဲ့ကြရာ၊ ဟွာရူယွဲ့ကိုလည်း ကံကောင်းစေရန် ဆုတောင်းပေးကြသည့် စာတန်းရှည်များစွာသည် သူမ၏ ဝေ့ပေါ်အကောင့်စာမျက်နှာတွင် ပေါ်လာခဲ့သည်။
ဖန်းမင်ရွှယ်တို့ ဘက်တွင်မူ တိတ်ဆိတ်၍ အေးစက်နေသည်။ ဝမ်ဝမ်ကျန်းက သက်ပြင်းချလိုက်ကာ၊ ယနေ့သည်လည်း ယမန်နေ့များကဲ့သို့ ထူးခြားလိမ့်မည်မဟုတ်ဟုတွေး၍ သက်ပြင်းချလိုက်သည်။ သို့သော် ဝေ့ပေါ်ကို ဖွင့်လိုက်သည်နှင့် ပိုစ့်တစ်ခုမြင်လိုက်ရ၏။
ယင်းသည် ဗီဒီယိုတစ်ခုဖြစ်နေသောကြောင့် ဝမ်ဝမ်ကျန်းက ခေတ္တရပ်တန့်လိုက်သည်။
‘ဖြစ်နိုင်မလား…”
သူ၏နှလုံးခုန်သံများမြန်ဆန်လာကာ၊ ချက်ချင်းပင် ဗီဒီယိုကိုဖွင့်လိုက်သည်။
ဗီဒီယိုသည် အမှောင်ထဲတွင်စတင်ခဲ့သည်။ ထို့အပြင် အမျိုးသမီးတစ်ယောက်၏ အသံသည် တစ်စုံတစ်ခုကို ဖြည်းညှင်းစွာသီဆိုနေ၏။ အလင်းရောင်သည် ဖြည်းညှင်းစွာတောက်ပလာကာ၊ ဖန်သားပြင်၏ အလယ်ဗဟိုတွင် တောင်ကြီးတစ်ခု ရှိနေသည်ကို မြင်တွေ့နိုင်၏။
တောင်ထိပ်တွင် စုတ်ပြတ်နေသောအဝတ်အစားများဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ပြတ်သားသောအကြည့်ဖြင့် တောင်အောက်သို့ကြည့်ကာ၊ မတ်တပ်ရပ်နေသည်။
၎င်းသည်ကား ဖန်းမင်ရွှယ်ပင်ဖြစ်သည်။
ဝမ်ဝမ်ကျန်းသည် ရုတ်တရက် လည်ချောင်းထဲတွင် တစ်ဆို့သွားသကဲ့သို့ ခံစားလိုက်ရကာ၊ ငိုချင်စိတ်ပေါက်လာ၏။ ထိုအချိန်တွင် ဖန်းမင်ရွှယ်ကျရှုံးသွားပြီဟု အများက ပြောကြကာ၊ အချို့သည်မူ ဖန်းမင်ရွှယ်က လှည့်စားနေခြင်းဖြစ်နိုင်သည်ဟု မနာလိုကာထင်ကြေးပေးကြသည်။
သို့သော် ဝမ်ဝမ်ကျန်းနှင့်အခြားသူများသည် သူမကို ယုံကြည်ခဲ့ကြ၏။
နောက်ဆုံးတွင် ၎င်းတို့ ဤဗီဒီယိုကို လက်ခံရရှိခဲ့ကြသည်။
၎င်းသည် နတ်ဘုရားသုတ်သင်သူ ဇာတ်ကားအတွက် ပထမဆုံး ပရိုမိုးရှင်း ဗီဒီယိုလည်းဖြစ်သည်။
ထိုတောင်ထိပ်ရှိ အမျိုးသမီးက ခေါင်းကို ဖြည်းညှင်းစွာမော့လိုက်သောအခါ၊ ကောင်းကင်ယံထက်၌ စစ်သူရဲကောင်းများနှင့် စစ်ဗိုလ်ချုပ်များ မိုးတိမ်များကြား၌ မတ်တပ်ရပ်နေကြသည်ကို မြင်နိုင်၏။
ထို့နောက် ထိတ်လန့်ဖွယ်အသံတစ်ခုထွက်လာ၏။
“သေမျိုး၊ မင်းအပြစ်ကိုမင်းသိလား”
အမျိုးသမီးက ဂရုမစိုက်စွာဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်မ ဘာအပြစ်လုပ်မိလို့လဲ”
“ကောင်းကင်ကြီးကို ဖီဆန်နေတာ မင်းအပြစ်ပဲ” အသံထဲတွင် ဒေါသအရိပ်အယောင်များပါနေ၏။
သို့သော် ထိုအမျိုးသမီးက ရယ်မောလိုက်သည်။ သူမ၏ရယ်သံသည် ပန်းခင်းထဲရှိ ပန်းပွင့်များနှယ် လှပလျက်ရှိသည်။
“ဒါဆို… ရှင်တို့ စွမ်းအားကြီးနတ်ဘုရားတွေရဲ့အမြင်မှာ လွတ်လပ်မှုကို လိုချင်တဲ့ သေမျိုးတစ်ယောက်ရဲ့ဆန္ဒက အပြစ်တစ်ခုလား”
အာဏာလွှမ်းသောအသံသည် အေးစက်လျက်ရှိသည်။
“သေမျိုးတွေက သေမျိုးတွေပဲ၊ သူတို့က မြေပြင်ပေါ်မှာ အလုပ်ကမ်းလုပ်ရမှာ၊ မင်းက.. မင်းက ကောင်းကင်ဘုံပေါ်ကို တက်ရဲတယ်ပေါ့၊ ဒါအပြစ်မဟုတ်ဘူးလား”
အမျိုးသမီးက ခေါင်းကို ငုံ့လိုက်သည်။ ယင်းသည် သူမလက်နက်ချသွားသည့်ပုံပေါ်၏။
“မင်း အခုဝန်ခံရင် ငါမင်းအသက်ကို ချမ်းသာပေးမယ်” အသံရှင်က ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။
ရုတ်တရက် အမျိုးသမီးသည် ခေါင်းကို မော့လိုက်သည်။ သူမ၏ မျက်လုံးများသည် မီးလောင်နေသည့်နှယ်ထင်ရ၏။
“ရှင် မှားနေပြီ”
“ဟမ်”
“နတ်ဘုရားတွေက မွန်မွန်မြတ်မြတ်မွေးလာတာမဟုတ်သလို၊ လူသားတွေကလည်း နိမ့်ကျပြီးမွေးလာတာမဟုတ်ဘူး။ ရှင်တို့က အမြင့်မှာနေခွင့်ရတယ်ဆိုတိုင်း အခြားလူတွေရဲ့ အမှားအမှန်ကို နိုင်ထက်စီးနင်းဆုံးဖြတ်ဖို့ ထိုက်တန်လို့လား”
“အဆုံးထိ သည်းမခံနိုင်တော့ဘူး။ သူ့ကို ခန္ဓာကိုယ်ရော၊ စိတ်ဝိဉာဥ်ရော အကုန်ပျောက်သွားအောင်လုပ်လိုက်စမ်း”
ကြုံးဝါးသံနှင့်အတူ အခြားမရေမတွက်နိုင်အောင် များပြားလှသော မြှားများသည် ကောင်းကင်ယံကို ခွဲထုတ်လိုက်သကဲ့သို့ ဖောက်ထွင်း ထွက်ပေါ်လာကြသည်။
သို့သော် အမျိုးသမီးက ရယ်မော၍ သူမ၏ လက်ထဲမှ ဓားကို ဖြည်းညှင်းစွာဆွဲထုတ်လိုက်သည်။ သူမသည် နောက်ဆုတ်ခြင်းအလျင်းမရှိ၊ မရေမတွက်နိုင်လောက်အောင် များပြားသော မြှားများကို ရင်ဆိုင်ခဲ့သည်။ နဂါးဟိန်းဟောက်သံကြားလိုက်ရပြီးနောက်၊ ဧရာမနဂါးကြီးသည် ကောင်းကင်ယံကို ဖြတ်ကျော်၍ အမျိုးသမီးကို ကျောပေါ်တင်ကာ၊ ထိုမြှားများက စွမ်းအားကြီး မြင့်မြတ်သောနတ်ဘုရားများထံသို့ ချီတက်သွားသည်။
ဗီဒီယိုသည် ဤနေရာတွင် အဆုံးသတ်သွား၏။
ဝမ်ဝမ်ကျန်းသည် သူ၏ ထိုင်ခုံပေါ်တွင်ထိုင်လျက်၊ ငါးမိနစ်လောက်ကြာမှ အသိပြန်ဝင်လာခဲ့သည်။ ဤပရိုမိုရှင်းဗီဒီယိုသည် အလွန်တိုတောင်းလှသော်လည်း ခမ်းနားမှုက သူ့ကို အပြင်းအထန်စိတ်လှုပ်ရှားစေခဲ့သည်။ ကောင်းကင်ကို အံတုသော အမျိုးသမီးတစ်ယောက်၊ ခမ်းနားသော မြင်ကွင်းများစွာနှင့်၊ သက်ရှိထင်ရှားရှိနေပုံရသော ဧရာမနဂါးကြီး၊ အစရှိသည့်အရာအားလုံးသည် ဝမ်ဝမ်ကျန်းကို လုံးလုံးလျားလျား အံ့သြသဘောကျသွားစေသည်။
ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ၊ သူ့ပရိတ်သတ်အဖွဲ့ဂရုကိုချက်ချင်းဖွင့်၍ ဗီဒီယိုကို ထပ်ဆင့်ပို့လိုက်သည်။
အချိန်တိုအတွင်းတွင် အဖွဲ့စကားပြောဝိုင်းသည် မတ်ဆေ့ချ်များစွာပြည့်လျှံလာသည်။
‘အိုး ဘုရားသခင်၊ အစက အဲ့တာကို တကယ်ထင်သွားတာ။ special effects တွေက အံ့သြစရာပဲ’
‘ညီမမင်ရွှယ်က အရမ်းမိုက်တယ်’
‘နတ်ဘုရားသုတ်သင်သူဇာတ်လမ်းအတွက် ပိုပြီး စိတ်လှုပ်ရှားနေမိပြီ’
တစ်ချိန်တည်းတွင် ဝေ့ပေါ်၌ မှတ်ချက်များ အဆမတန်များပြားလာသည်။ ချန်ရှောင်ယီသည် ယနေ့ အလုပ်မသွားခဲ့သော်လည်း ဝေ့ပေါ်ကိုမူ အမြဲစစ်ကြည့်လေ့ရှိသည်။ သို့သော် နတ်ဘုရားများ စစ်ပြိုင်ခြင်းအကြောင်း သတင်းမှတပါး နတ်ဘုရားသုတ်သင်သူနှင့်ပတ်သက်သည့် သတင်းတစ်ခုတစ်လေမျှမရှိပေ။ ချန်ရှောင်းယွီသည် စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။
‘အဲ့လူက တကယ်လူလိမ်တစ်ယောက်လား’
ရုတ်တရက်၊ သူမမျက်စိရှေ့၌ပင် ဝေ့ပေါ်ပိုစ့်တစ်ခု ရေပန်းစားလာသည်ကို မြင်လိုက်ရသည်။ သူမ၏ စိတ်ထဲတွင် တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရကာ၊ ဗီဒီယိုကို အမြန်နှိပ်လိုက်၏။
ဤသည်ကိုကြည့်ပြီးနောက်၊ သူမ အလွန်ထိတ်လန့်သွားသည်။
အင်မော်တယ်များနှင့် လူသားများကြား ပဋိပက္ခမြင်ကွင်းများကို မြင်နေကျဖြစ်သော ချန်ရှောင်းယီသည် ကောင်းကင်ဘုံကို အံတုသည့် သေမျိုး၏ လုပ်ဆောင်ချက်များသည် သူမ၏ နှလုံးသားကို နူးညံ့စွာထိလိုက်သည့်နှယ်ခံစားလိုက်ရသည်။
အမျိုးသမီးက နတ်ဘုရားအားလုံးကို ဆန့်ကျင်၍ တစ်ယောက်တည်း အထီးကျန်စွာရပ်တည်ခြင်းသည် တကယ့်လက်တွေ့ဘဝနှင့် အတူတူပင်မဟုတ်သလော။