လွှင့်သွားအောင် ကန်လိုက်ခြင်း
Vol. 136 Ch. 1898
ရှီမာယူယူသည် အသံလာရာကိုကြည့်လိုက်ရာ တစ်ခေါင်းလုံးဖြူနေသည့် အဘိုးကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ သူသည် ဒိကျဲ့နှင့်အလွန်တူသည်။ သို့သော် သူ၏မျက်နှာထား ခက်ထန်နေသည်မှာ ဒိကျဲ့အမှားလုပ်ထားသည့်ပုံ ပင်။
မည်သူမည်ဝါဖြစ်သည်ကို သူမ ဒိကျဲ့ကို မမေးခင်မှာပင် သူသည် ဒိကျဲ့ဆီ သို့ လျှပ်တပြက် ရောက်လာကာ ထိုးချလိုက်တော့သည်။
ဒိကျဲ့သည် တုံ့ပြန်ခြင်းမရှိဘဲ ထိုးချက်ကို ကျိုးနွံစွာပင် ခံလေသည်။ သူ၏ နှုတ်ခမ်းမှာ ပေါက်ပြဲသွားပြီး သွေးစိမ်းများစီးကျလာသည်။
“မင်းက တကယ်ပဲ မောက်ရူကျီကို သတ်လိုက်တာပဲ.. မောက်မျိုးနွယ်က ငါတို့အတွက် ဘယ်လောက်အရေးကြီးလဲ မင်းသိရဲ့သားနဲ့.. မောက်ရူဂျီကိုသတ် လိုက်တာ ငါတို့ဒိမျိုးနွယ်ကို ဘယ်လောက်တောင် ဆိုးဝါးသွားစေလဲသိရဲ့လား”
အကြီးအကဲထိုသို့ပြောလိုက်ပြီးသည်နှင့် ဒိကျဲ့ကို နောက်တစ်ချက် ထိုးချ လိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် ဒိကျဲ့သည် အစောကလို ငြိမ်ခံမနေ တော့ပေ။ သူ လျှပ်တပြက်ရှောင်ရှားလိုက်သည်။
သို့သော် သူ၏ အပြုအမူသည် အကြီးအကဲကြီးကို ပို၍ဒေါသထွက်စေ သည်နှင့်တူသည်.. သူသည် ခန္ဓာကိုယ်ကိုထိန်းညှိကာ ဒိကျဲ့ကို ထပ်တိုက်ခိုက် လေသည်။ သို့သော် ဒိကျဲ့ ထပ်ရှောင်လိုက်သည်။
“အဲဒီလူက ဘယ်သူလဲ… သူက ဝမ်းကွဲအစ်ကိုကိုတောင် ရိုက်ရဲတယ်” ရှီမာယူယူသည် ဒိလျူကို မေးလိုက်သည်။
“အဲဒါက သခင်ရဲ့ အဘိုး ဒိမျိုးနွယ်ရဲ့ တတိယအကြီးအကဲ.. ဒိမျိုးနွယ်ရဲ့ ခေါင်းဆောင်က သခင်ကြီး.. တတိယအကြီးအကဲရဲ့ အစ်ကိုအရင်းလေ” ဒိလျူ ရှင်းပြလေသည်။
ရှီမာယူယူသည် ခြံဝန်းထဲတွင် ရှောင်ရင်း ပတ်ပြေးနေသော ဒိကျဲ့ကို ကြည့်ပြီး အံ့ဩနေမိသည် “ဝမ်းကွဲအစ်ကိုက ဘယ်သူမှ မကြောက်ဘူးလို့ မပြောဘူးလား သူက မျိုးနွယ်နဲ့ အဲလောက်ဆက်ဆံရေးဆိုးတာလား သူက သူ့ အဘိုးကို ဘာလို့ အဲလောက်သည်းခံနေတာလဲ”
“အခုချိန်မှာ ဒိမျိုးနွယ်မှာ ဒိကျဲ့ကို ပြောနိုင်တဲ့သူက တတိယအကြီးအကဲ ပဲ” ဒိလျူသည် ခံစားချက်ပါပါ ပြောလေသည်။
“အာ.. ဘာလို့လဲ”
“အရင်တုန်းက ဒိမျိုးနွယ်မှာ သခင်ဘယ်လိုနေခဲရလဲဆိုတာ ကြားဖူးမှာပါ သူ့ရဲ့အရည်အချင်းညံ့လို့ဆိုပြီး အနိုင်ကျင့်ခံရလို့ သေမလိုဖြစ်တာ အကြိမ် ပေါင်း မနည်းဘူး.. အမှောင်မင်းသမီးက အဲဒီအကြောင်းသိပြီးတဲ့နောက်မှ သူ့ အခြေအနေက ပြောင်းလဲသွားတာ” ဒိလျူ ပြောလိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်သည်။ သူမသည်လည်း ထိုအကြောင်းကို သိသည်။ အရင်က ဒိလျူ၏ အရည်အချင်းမှာ မကောင်းခဲ့ပေ။ အားကောင်းသူသာ ကျန်ရှိ နိုင်မည့် လောကကြီးတွင် ခက်ခက်ခဲခဲအသက်ရှင်ခဲ့ရသည်။ နောက်ပိုင်းတွင် သူမ၏ မိခင်ဖြစ်သူသည် သူ၏ခန္ဓာကိုယ်ကို ပြောင်းလဲရန်ကူညီပေးပြီး အရည် အချင်းတိုးတက်အောင် လုပ်ပေးခဲ့သည်။ ထို့ကြောင့်ပင် သူသည် သူမ၏မိခင် နှင့် အရင်းနှီးဆုံးဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် သူသည် သူမကို ကယ်ရန် အမြဲတ စေ စဉ်းစားနေခြင်းဖြစ်သည်။
“သူ့မိဘတွေက သူ့ကိုဂရုမစိုက်ဘူးလား”
“သခင်ရဲ့ မိဘတွေက သူ့ကိုတွေ့တောင်မတွေ့ဖူးဘူး.. သခင်ရဲ့ အမေဆို ရင် ထွက်သွားတာ ကြာနေပြီ.. မဟုတ်ရင် သခင်လည်း ဒီလောက် ခံစားရမှာ မဟုတ်ဘူး” ဒိလျူသည် ရင်နာနာဖြင့် ပြောလေသည်။
ထို့အပြင် သူမသည် မင်းသမီးတစ်ပါးဖြစ်သည်။ သူမ ရှိနေလျှင် သူတို့ သည် တော်ဝင်မျိုးနွယ်အတွင်းတွင် မျက်နှာသာပြနိုင်ဦးမည်။ သို့သော် သူမ မရှိ သဖြင့် ဒိကျဲ့၏ ဘဝသည် အိပ်မက်ဆိုးသဖွယ်ဖြစ်နေခဲ့သည်။
“ထုံစံအတိုင်း သခင်က ဒိမျိုးနွယ်နဲ့ ဆက်ဆံရေးမကောင်းတော့ သူတို့ကို ဂရုမစိုက်ဘူးလေ.. မင်းသမီးရဲ့ အမိန့်ကြောင့်သာမဟုတ်ရင် သူက ဒိမျိုးနွယ်ကို တောင် ဖျက်ဆီးရင်ဖျက်ဆီးပစ်မှာ.. ဒါပေမဲ့ သခင့်ရဲ့ ဂုဏ်သတင်းက ဒီအဆင့် ထိတောင်ရောက်နေပြီ ကိုယ့်မျိုးနွယ်ကိုတောင် ဖျက်ဆီးလိုက်ရင် တစ္ဆေဘုရင် က ဒီလိုလူမျိုးကို တော်ဝင်မျိုးနွယ်ကနေ မွေးထုတ်ခွင့်ပြုတော့မှာမဟုတ်ဘူး လို့ မင်းသမီးပြောခဲ့တယ်… အဲတုန်းက သူ့မှာ ပြဿနာတွေများခဲ့တာ .. အဲဒါ ကြောင့်ပဲ ဒိမျိုးနွယ်က ဒီနေ့ဒီအချိန်ထိ ရောက်လာတာပဲ” ဒိလျူသည် ဆက် ပြောလေသည် “ဒိမျိုးနွယ်ကလူတွေကလည်း သူတို့ သခင့်ကိုဆိုးဆိုးဝါးဝါး ဆက်ဆံမိတာကို သိကြတယ်.. အဲဒါကြောင့် သူရှေ့ကို သိပ်ပေါ်မလာကြဘူး.. သူ သူတို့ကို လာသတ်မှာကိုတောင် ကြောက်နေကြတာ”
“တတိယအကြီးအကဲကရော သူ့ကိုကောင်းပေးတာလား”
“သူက ကောင်းကောင်းတော့ မဆက်ဆံပါဘူး ဒါပေမဲ့ သခင် သေလုနီးပါး ဖြစ်တဲ့အချိန်မှာ သူ့အတွက် ကိုယ်စားပြောပေးတယ်… အဲဒါမျိုးက မျိုးနွယ် အတွင်းမှာဆို ဖြစ်ခဲတယ်လေ ဒါပေမဲ့ အဲတုန်းက တတိယအကြီးအကဲက ဘာ အာဏာမှရှိသေးတာမဟုတ်ဘူး အဲဒါကြောင့် သူ့အတွက် အကူအညီကြီးတော့ မဖြစ်ခဲ့ဘူး” ဒိလျူ ပြောလိုက်သည်။
“ဝမ်းကွဲအစ်ကိုလိုလူများက အရမ်းရက်စက်ပုံပေါက်ပေမဲ့ ရဲဘော်ရဲဘက် စိတ်ရှိတယ် အဲဒါကြောင့်လည်း သူ့အတွက် ပြောပေးခဲ့တဲ့ အဘိုးကို သံယောဇဉ် ရှိတာပဲ.. အဲဒါကို တန်ဖိုးမထားကြတာတော့ နှမြောစရာပဲ” ရှီမာယူယူသည် အကြီးအကဲဒိကို ကြည့်လိုက်သည်။ တိုက်ကွက်တိုင်းမှာ အလွန်ပင် ပြင်းထန်သည်။ သူက ဒိကျဲ့ကို ဘယ်လိုလုပ် ဂရုစိုက်တာဖြစ်ရမှာလဲ။
“တတိယအကြီးအကဲကလည်း အရင်တုန်းက ဒီလိုမဟုတ်ဘူး.. ဒါပေမဲ့ အခုနောက်ပိုင်းနှစ်တွေမှာ သခင့်ရဲ့အဘိုးက ကောင်းကောင်းဆက်ဆံပေးတော့ သူပါ လိုက်ကောင်းပေးတာ.. ပြီးတော့ သခင်ကလည်း သူ့ကို လေးစားတယ် လေ သူလည်း အဲလိုတွေးတာဖြစ်မယ်”
“ဟူး.. တချို့လူတွေကျတော့လည်း အရှက်ကိုမရှိကြတာ” ရှီမာယူယူ သက်ပြင်းချလိုက်သည်။ ဒိလျူသည် သူမကို ပြန်ဖြေတော့မည်အပြုတွင် သူမ ပျောက်သွားသည်ကို သတိထားမိလိုက်သည်။ သူ လှည့်ကြည့်လိုက်သောအခါ သူမသည် ဒိကျဲ့ရှေ့တွင် ပေါ်နေသည်ကို မြင်လိုက်ရသည်။
သူမ ခြေထောက်မြှောက်လိုက်သည်နှင့် အကြီးအကဲဒိသည် လွှင့်သွား တော့သည်။
“ဘုန်း”
သူသည် ခြံဝန်းထဲရှိ ကျောက်တုံးဥယျာဉ်အထိ လိမ့်သွားကာ ကျောက်တုံး မှာကွဲသွားလေသည်။
ခြံဝန်းထဲမှ လူများသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်ကုန်သည်။ အထူး သဖြင့် ဒိလျူအပါအဝင် ဒိယိနှင့် ဒိအာတို့ပါ အမြန်ပြေးလာကြသည်။ သူတို့ သည် ရှီမာယူယူကို တအံ့တဩကြည့်ကြလေသည်။
သူတို့သည် အမြဲတမ်း ဤကဲ့သို့လုပ်ချင်ကြသော်လည်း မည်သူမှမလုပ်ရဲ ကြပေ။ သူမ ဤနေရာကို ရောက်သည်နှင့် ပထမဆုံးလုပ်သည်မှာ သူတို့ အမြဲ တစေလုပ်ချင်နေသည့် အရာဖြစ်လိမ့်မည်ဟု ထင်မထားကြပေ။
ဒိကျဲ့သည်လည်း နားမလည်နိုင်ဖြစ်သွားသည်။ ရှီမာယူယူသည် လှည့် လာပြီး သူ့ကိုပြုံးပြလိုက်သည် “တောင်းပန်ပါတယ် အစ်ကို့ဥယျာဉ်ကို ဖျက်ဆီး မိသွားပြီ.. ညီမမျက်လုံးတောင် နာနေလို့ ကိုယ်တိုင်လက်နဲ့ ကိစ္စလေးတွေ ရှင်းရမှာမို့လို့”
“မင်းက ဘယ်သူလဲ ငါ့ကို တိုက်ခိုက်ရဲတာလား” တတိယအကြီးအကဲဒိ သည် မြေပေါ်မှ တွားသွားထလာသည်။ သူသည် ရှီမာယူယူကို လက်ညှိုးထား ပြီး အောက်ကာ ဒိကျဲ့ကိုပါ ဆူငေါက်နေသည် “မင်းရဲ့ အဘိုး တိုက်ခိုက်ခံနေရ တာကို မင်းတို့က ဒီလိုမျိုးရပ်ကြည့်နေမှာလား”
ရှီမာယူယူသည် လှည့်လာပြီး အကြီးအကဲဒိကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည် “ကျွန်မက ဒီအတိုင်းရှင့်ကို တိုက်ခိုက်ချင်တာ.. ဒီမှာ လာပြီး ပြဿနာရှာနေဦးမယ်ဆိုရင် အပိုင်းပိုင်းဖြတ်ပစ်မယ်”
“မင်း..” အကြီးအကဲဒိသည် သူမ မျက်နှာကိုမြင်သောအခါ အလွန် အံ့ဩ သွားသည်။ သူသည် သူမကို လက်ညှိုးထိုးထားရာမှ လက်ပြန်ချဖို့ကိုပင် မေ့လျော့နေသည်။
“ကျွန်မက ဘာဖြစ်လဲ” သူမကို မှတ်မိလိုက်ပြီဖြစ်ကြောင်းကို ရှီမာယူယူ သိလိုက်လေပြီ “ဝမ်းကွဲအစ်ကိုက ရှင့်ကိုမတိုက်ခိုက်ချင်တာလေ ကျွန်မက မတိုက်ခိုက်ချင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး.. အသက်ကြီးတာနဲ့ လေးစားရမယ် ဆိုတာတို့.. ကြင်နာမှုရှိလို့ ပြန်ပေးဆပ်ရမယ်တို့ဆိုတာကို ကျွန်မက ဂရုမစိုက် တတ်ဘူး.. မဟုတ်ရင် ကျွန်မက ရှင့်ကိုထိခွင့်မရှိဘူးလို့ ပြောမလို့လား”
“ငါ…”
“ရှင်က ဘာဖြစ်လဲ.. အရင်က ရှင်လုပ်ခဲ့တာတွေအတွက် အစ်ကိုက ဒီနှစ် တွေမှာ ပြန်ပေးခဲ့ပြီးပြီ.. အမေကလည်း အဲတုန်းက ရှင်တို့မျိုးနွယ်ကို ကယ်ပေး ခဲ့ပြီးပြီ ဒါပေမဲ့ ကျွန်မကတော့ ခံစားရတဲ့အတိုင်း ပြန်ယူတတ်တယ်.. ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မက အမျိုးသမီးလူသတ်နတ်ဘုရားလေ မလုပ်ရဲတာဘာမှမရှိဘူး ရှင် ကျွန်မနဲ့ တိုက်ကြည့်ချင်လား”
“မင်း.. ဒိကျဲ့က သဘောတူမှာမဟုတ်ဘူး” တတိယအကြီးအကဲဒိသည် သူမ မျက်နှာကိုကြည့်နေသည်။ သူမသည် ထိုနှစ်က ယွိခဲ့လော့ထက်ပင် ကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားရသည်။
“ကျွန်မနဲ့ တိုက်ခိုက်မှာကို ဘာလို့ သူသဘောတူဖို့လိုတာလဲ ကျွန်မလုပ် ချင်ရင် လုပ်မှာပဲ ဘယ်သူက ကျွန်မကိုတားနိုင်လဲ” ရှီမာယူယူသည် အေးစက် စွာ နှာရှုတ်လိုက်သည် “ထပ်ပြီး ဝမ်းကွဲအစ်ကိုကို တိုက်ခိုက်ရဲရင်တော့ ကျွန်မ လည်း ဓားသွေးဖို့ဝန်မလေးဘူး”
တတိယအကြီးအကဲဒိသည်လည်း ယန်ချန်းမြို့မှအဖြစ်အပျက်ကို သိ ထားကာ သူမအပေါ်ထားသည့် တစ္ဆေဘုရင်၏ သဘောထားကိုလည်း သိသည်။ သူသည် တစ္ဆေဘုရင်၏ အချစ်တော်လေးတဖြစ်လဲ အမျိုးသမီးလူသတ်နတ် ဘုရားဟု နာမည်ပြောင်ရနေသည့်သူကို အသက်နှင့်အလောင်းအစားထပ်ပြီး ရန်မစရဲပေ။
ဒိကျဲ့သည် ဘာမှဝင်မပြောပေ။ ရှီမာယူယူ လှည့်လာချိန်တွင် သူ့မျက်နှာ မှာ ပျော်ရွှင်မှုနှင့် ဒေါသများရောယှက်နေသည်ကို မြင်သောအခါ လျှောက်သွား ပြီး သူ့ပခုံးကိုပုတ်ပြီး ပြောလိုက်သည် “သူက အစ်ကို့ကို ခဏလောပဲကောင်း ပေးတာ တစ်သက်လုံးမှတ်ထားဖို့မလိုဘူး.. ကိုယ့်ကို ခဏလောက်ကောင်းပေး တာနဲ့ပဲ အဲလူတွေက အခုထိကောင်းသေးတယ်လို့မပြောလို့မရဘူး.. သူ့ကို နှစ်တွေအများကြီး သည်းခံပြီးတော့ ပေးဆပ်ပြီးသွားပြီ ဒီလောက်ဆို လုံ လောက်ပြီ”
“ငါက မင်းမွေးထားတဲ့ ခွေးပေါက်လေးလိုမျိုး ဘာလို့ခံစားမိနေတာလဲ” ဒိကျဲ့သည် သူမကို စိုက်ကြည့်ပြီး အတန်ကြာမှပင် ပြောလိုက်လေသည်။
ရှီမာယူယူသည် မျက်လုံးများ လခြမ်းသဖွယ်ကွေးတက်အောင် ပြုံးလိုက် သည် “ကျွန်မ စဉ်းစားနေတာကို ဘယ်လိုသိတာလဲ”
အားလုံးမှာ - …..