အခန်း (၉၄-၉၆)
Vol. 7 Ch. 94-96
အခန်း(၉၄) ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့
အင်တာနက်တစ်ခုလုံးသည် ဤပရိုမိုးရှင်းကြော်ညာကြောင့် မီးလောင်သွားသည့်နှယ်ဖြစ်သွာားသည်။ အင်မော်တယ် ဇာတ်လိုက်များကို အထူးအသားပေးထားသော ဇာတ်လမ်းများကို အသားကျနေသည့် ကြားတွင် ယင်းကဲ့သို့ ကောင်းကင်ဘုံကို အံတုသည့် အမျိုးသမီးဇာတ်ဆောင်တစ်ဦးကို ပထမဆုံးအကြိမ်တွေ့ခဲ့ဖူးကြခြင်းဖြစ်သည်။
လူများစွာကတုန်လှုပ်နေကြသည်။
အထူးသဖြင့်၊ နောက်ဆုံးတွင် ကောင်းကင်ဘုံရှိ နတ်ဘုရားများစွာကို ဆန့်ကျင်နေသည့် ဖန်းမင်ရွှယ်၏ အသွင်သဏ္ဍာန်သည် ကြည့်ရှု့သူအများကို မျက်ရည်ကျစေ၏။
ချောင်ကျန့်၏ ညွှန်းကြားခြင်းဆိုင်ရာ အခြေခံအုတ်မြစ်သည် အမှန်တကယ်ပင် လေးနက်သည်ဟုဆိုရပေလိမ့်မည်ဖြစ်သည်။ ဤမျှတိုတောင်းသော ဇာတ်လမ်းတိုကြော်ညာတွင်ပင် သူထည့်ထားသော ဂရုစိုက်မှုကို မြင်နိုင်၏။ မှန်သည်။ အရေးကြီးဆုံးအရာမှာ ဇာတ်ကားထဲမှ special effects များပင်ဖြစ်သည်။ လူအများသည် ယင်းတို့ကြောင့် အံ့သြကြောင်အကုန်ကြသည်။
ချဲ့ကားခြင်းမရှိလျှင်ပင်၊ ဟောလိဝုဒ်၏ ထိပ်တန်း special effects များသည် ဤပရိုမိုးရှင်းဗီဒီယိုနှင့် ယှဥ်ပါက အမှိုက်မျှသာဖြစ်သည်။ ဧရာမနဂါးကြီး၏ ပုံသဏ္ဍာန်ကို မြင်မြင်းချင်း မမေ့နိုင်ကြတော့ပေ။ ထို့ကြောင့် လူအများက မိမိတို့ ဆန္ဒအလျောက်ပင် ဗီဒီယိုများကို စတင်မျှဝေကြတော့သည်။
နေ့တစ်ရက်မတိုင်မီတွင် ယင်းဗီဒီယိုသည် အင်တာနက်တစ်ခွင့်၌ ပျံ့နှံ့လျက်ရှိရာ၊ “နတ်ဘုရားသုတ်သင်သူ” ဟူသော ခေါင်းစီးသည် အလိုအလျောက်ပင် ထိပ်တန်းရေပန်းစားနေသောစာရင်းတွင် ပါဝင်လာကာ၊ “နတ်ဘုရားများ စစ်ပြိုင်ခြင်း” ဇာတ်ကားကိုပါ ကျော်တက်၍ နံပါတ်တစ်ခေါင်းစီးဖြစ်လာသည်။
ဤအရာက ဟွာရူယွဲ့ကို အလွန်အမင်းထိတ်လန့်၍ မနာလိုစေသည်။ ရှဲ့ထန်စီကို တွေ့သောအခါ၊ သူမသည် တစ်စုံတစ်ခုကို ပြောတော့မည်ပုံစံဖြင့် ချဥ်းကပ်သွားခဲ့သော်လည်း ရှဲ့ထန်စီ၏ မျက်နှာသည် အလွန်ညို့မှိုင်းနေသည်ကို သူမ သတိပြုမိသည်။ ရှဲ့ထန်စီသည်လည်း ယင်းပရိုမိုးရှင်းဗီဒီယိုကို မြင်ခဲ့ရသည်။ ထိုကဲ့သို့ အသက်ဝင်နေသည်ထင်ရလောက်သော special effects ကို မြင်သောအခါတွင် သူအလွန် စိတ်ဆိုးဒေါသထွက်ခဲ့ရသဖြင့်၊ ဖုန်းကို အစိတ်စိတ်အမွှာမွှာခွဲခြေပစ်ခဲ့သည်။
‘ဘာလို့လဲ’
‘ဘာလို့ နောက်ပိုင်းထုတ်လုပ်မှုလမ်းကြောင်းကို ပိတ်ထားတာတောင် ဒီလောက်လှတဲ့ special effects တွေကို ဖန်တီးနိုင်ကြသေးတာလဲ’
ရှဲ့ထန်စီသည် ကြောက်ရွံ့မှု အရိပ်အယောင်ကို အနည်းငယ်ခံစားလိုက်ရသည်။ သူ၏ လုပ်ရပ်များအားလုံးကို အပေါ်စီးမှ မျက်လုံးတစ်စုံက စောင့်ကြည့်နနေသည့်နှယ်ထင်ရ၏။ သူ့မျက်လုံးများကို မှိတ်ထားသော်လည်း ရှဲ့ထန်စီသည် ထိုမျက်လုံးများ၏ လှောင်ပြောင်မှုကို ခံစားနိုင်သည်။ ဤအရာက သူ့ကို အလွန် လေးနက်ထိတ်လန့်စေသည်။
“သခင်လေးရှဲ့… အခုဘာလုပ်မှာလဲ” ဟွာရူယွဲ့က စိုးရိမ်တကြီးမေးသည်။ ရှဲ့ထန်စီသည် သူမကို အေးစက်စွာကြည့်ပြီးနောက်၊ ဖုန်းခေါ်ရန် ဖုန်းထုတ်လိုက်သည်။
“ဒီဇတ်ကားကို စုပေါင်းတားမြစ်ဖို့ အဓိက ရုပ်ရှင်ရုံကြီးတွေအားလုံးကို တားပြီးပြီ၊ တကယ်လို့ သူတို့လုပ်နိုင်ရင်တောင် ပြသနိုင်မှာမဟုတ်ဘူးလို့ ငါပြောနိုင်တယ်။”
ရှဲ့ထန်စီသည် သူ၏ နောက်ဆုံးသော ဝှက်ဖဲကို အသုံးပြုခဲ့သည်။ ဟွာရူယွဲ့က သက်ပြင်းတစ်ချက်ချလိုက်၏။ သူ့ဇာတ်ကားသည် မည်မျှပင် အံ့သြဖွယ်ကောင်းနေစေကာမူ၊ ရုံမတင်နိုင်ပါက အရာအားလုံးသည် အချည်းအနှီးပင်ဖြစ်ပေလိမ့်မည်ဖြစ်သည်။ ဟွာရူယွဲ့၏နှလုံးသားသည် ယုတ်မာမှုများဖြင့် ပြည့်နေသည်။
‘နင်ဘယ်လိုငိုမလဲဆိုတာ ကြည့်ဖို့ ငါမစောင့်နိုင်တော့ဘူး’
ဝမ်ဝမ်ကျန်းနှင့် အခြားသူများသည် စိတ်အားထက်သန်စွာဖြင့် ကြည့်နေကြကာ၊ “နတ်ဘုရားသုတ်သင်သူ” ဇာတ်ကားတရားဝင်ပြသမည့်အချိန်ကို စောင့်မျှော်နေကြသည်။
“နတ်ဘုရားများစစ်ပြိုင်ခြင်း” သည် ရုံတင်ပြသမည့်ရက်ကို ဇွန်လ ၁၈ ရက်နေ့သတ်မှတ်ထားပြီးဖြစ်သောကြောင့်ဖြစ်သည်။
‘ဒါဆို မကြာခင်မှာ “နတ်ဘုရားသုတ်သင်သူ”လည်း ထွက်လာတော့မယ်မလား”
ဤအခိုက်အတန့်တွင် “နတ်ဘုရားများ စစ်ပြိုင်ခြင်း”နှင့် “နတ်ဘုရားသုတ်သင်သူ” ဇာတ်ကားနှစ်ခု၏ ပရိတ်သတ်များသည် အချင်းချင်း တိုက်ခိုက်စော်ကား ငြင်းဆိုမှုများနှင့်အတူ၊ ဇာတ်ကားများထွက်လာပါက အမှတ်ပိုင်းခြားရန် စောင့်ဆိုင်းနေကြသည်။ ထိုအချိန်တွင် ချောင်ကျန့်သည် ဟိုတယ်တွင် အချိန်ပိုအလုပ်ဆင်းနေသည်ဖြစ်၍ နောက်ဆုံးသောပြောင်းလဲမှုများပြုလုပ်နေသည်။ ဤဇာတ်ကားနှင့်ပတ်သက်၍ သူ မြင့်မားစွာမျှော်လင့်ထားသည်။ ထို့ကြောင့် မည်သို့သော မပြည့်စုံမှုကိုမှ ခွင့်ပြုလိမ့်မည်မဟုတ်ပေ။
သို့သော် ယင်းမှတပါး၊ အပြင်မှအရာများကိုမူ ထိန်းနိုင်ခဲ့သည်။ ချောင်ကျန့်သည် ဖန်းမင်ရွှယ်က သူမအတတ်နိုင်ဆုံး အကောင်းဆုံး ဆောင်ရွက်နေကြောင်း နားလည်ထားသည်။ သူမည်သို့ တောင်းဆိုစေကားမူ၊ ၎င်းတို့ကို ကျေကျေနပ်နပ်လက်ခံ၍ သရုပ်ဆောင်ပေးသည်။
ပီယွင်ထောင်သည် ယခုမူ လိမ္မာရေးခြားရှိလာသော ကလေးတစ်ယောက်ကဲ့သို့ ပြုမူလျက်ရှိရာ၊ မည်သည့်အမိန့်ကိုမျှ မဖီဆန်ဝံ့ပေ။ သို့သော် special effects များဖြင့် ရိုက်ကူးရသည့် ဇာတ်ကွက်မျိုးသို့ရောက်သောအခါ၊ ချောင်ကျန့်သည် ကျင်းလုံ၏ စွမ်းဆောင်မှုကို မကျေမနပ်ဖြစ်လျက်ရှိသဖြင့်၊ မကြာခဏဆိုသကဲ့သို့ပင် ရိုက်ချက်များစွာလိုအပ်သည်။
တစ်ခါတစ်ရံတွင် ကျင်းလုံသည် အလွန် စိတ်ရှုပ်ထွေးကာ၊ သူ့ကို စိတ်အနှောက်အယှဥ်ဖြစ်စေသည့် ယင်းအင်းဆက်ကောင်ကို သေစေလိုသည်။ သို့သော် မလုပ်ရဲပေ။ ရွှယ်အန်းက ပူးပေါင်းဆောင်ရွက်ရန် ပြောထားသဖြင့်၊ အမိန့်များကို တသွေမသိမ်းလိုက်နာနေရသည်။ မဟုတ်လျှင်၊ ဤလူကြီးကို ဒေါသထွက်စေမိပါက… အကျိုးဆက်သည် ကျင်းလုံမစဥ်းစားဝံ့သော အရာတစ်ခုဖြစ်လာပေလိမ့်မည်ပင်ဖြစ်သည်။
အခြားသူများသည်မူ၊ ရုပ်သံထုတ်လွှင့်ခြင်းနှင့် ပတ်သက်၍ အလုပ်များနေကြသည်။ ယနေ့တွင် ချင်းယွီနှင့် ဟန်ယောင်းတို့သည် ပြည်နယ်မြို့တော်ရှိ အကြီးဆုံးရုပ်ရှင်ရုံပိုင်ရှင်နှင့်တွေ့ရန် ပြင်ဆင်နေကြသည်။ သူ
၏ သဘောတူညီချက်ရပါက၊ ရုံတင်ရမည့်ကိစ္စသည် ပြေလည်သွားပေလိမ့်မည်ဖြစ်သည်။ သို့သော် ၎င်းတို့ ရောက်ရှိသွားသောအခါတွင် အစည်းအဝေးပင်မလုပ်ဘဲ၊ လှည့်ထွက်သွားခဲ့သည်။ ဟန်ယောင်း၏ မျက်နှာသည် ဒေါသကြောင့် ဖြူဖျော့သွားသည်။ သူမလုပ်နေသမျှ အရာအားလုံးသည် အဘယ်ကြောင့် ဤမျှခက်ခဲနေရသည်ကို နားမလည်နိုင်တော့ပေ။
သူမ မည်မျှပင် ကြိုးစားနေစေကာမူ၊ ဧည့်ကြိုဝန်ထမ်းသည် နူးညံ့သောအပြုံးဖြင့်သာ တုံ့ပြန်နိုင်ခဲ့သည်။
“ကျွန်မစိတ်မကောင်းပါဘူး။ ကျွန်မတို့ ဥက္ကဌ ဒီမှာမရှိဘူး။ သူပြောတာတော့ ဇာတ်ကားထွက်မယ့်ရက်မှ ဆွေးနွေးလို့ရမယ်တဲ့”
အဆုံးတွင် ဟန်ယောင်းသည် ပေါက်ကွဲလုဆဲဖြစ်နေသော်လည်း ချင်းယွီက သူမကို တည်ငြိမ်စွာဆွဲခေါ်သွားခဲ့သည်။
ထို့နောက် ဟိုတယ်သို့ပြန်ရောက်လာကြ၏။
ဟန်ယောင်းသည် အိပ်ရာပေါ်သို့ လှဲချလိုက်ကာ၊ ပြန်၍ပင် မထချင်တော့ပေ။ ပို၍ ငိုပင် ငိုချင်လာသည်။ အရာအားလုံး ပြင်ဆင်ထားသော်လည်း ဤဇာတ်ကားကို မထုတ်နိုင်လျှင် မည်သို့ လုပ်ရမည်နည်း။
သတင်းကြားပြီးနောက်၊ ရွှယ်အန်းသည်လည်း အပြေးလာခဲ့သည်။ ချင်းယွီက အတိုချုံးပြောပြသောအခါ၊ သူက အနည်းငယ်မျက်မှောင်ကြုတ်၍ ရယ်မောလိုက်သည်။
“အဲ့ကုမ္ပဏီက ဘယ်မှာလဲ”
“ဒီမြို့ထဲမှာပဲ”
“ကောင်းပြီ၊ ငါတစ်ချက်သွားလည်ကြည့်လိုက်မယ်”
စကားဆုံးသည်နှင့် ရွှယ်အန်းသည် လှည့်ထွက်၍ ဟိုတယ်မှ ထွက်သွားသည်။ ရုပ်ရှင်ရုံ၏ပိုင်ရှင်မှာ လီရှောင်ခန်ဟု အမည်ရသည်။ သူသည် ထိုနေရာတွင် တစ်လျှောက်လုံးရှိနေခဲ့သော်လည်း ဟန်ယောင်းကို အတွေ့မခံခဲ့ပေ။ နောက်ဆုံးတွင်မူ၊ ၎င်းသည် သူ့ကို ပုဂ္ဂိုလ်ရေးအရခေါ်ယူ၍ အကျိုးအမြတ်များစွာပေးးမည်ဟု ကတိပေးခဲ့သော ရှဲ့ထန်စီပင်ဖြစ်သည်။ ရုပ်ရှင်တစ်ကားကြောင့် ရှဲ့မိသားစုကို ဆန့်ကျင်ရန်မလိုအပ်ပေ။ ထိုအချိန်တွင် သူ့ရုံးခန်းထဲ၌ မီးခိုးလုံးများထွက်ပေါ်လာသည်။
ရုတ်တရက် လူတစ်ယောက်သည် သူ့တံခါးကို လာခေါက်၏။
သူက မျက်မှောင်ကြုတ်လိုက်သည်။
‘ဘယ်သူက ရိုင်းစိုင်းနေတာလဲ’
ရုတ်တရက် သူအေးခဲသွားရ၏။ သူ့ရုံးခန်းသည် နှစ်ဆယ့်ရှစ်ထပ်တွင်ရှိနေသည်ဖြစ်သည်။
သူ့အသားများတဆတ်ဆတ်တုန်ခါလာသည်။ ပြတင်းပေါက်သို့လှမ်းကြည့်လိုက်သောအခါ ပြုံးရိပ်သန်းနေသော လူတစ်ယောက်၏ မျက်နှာကို မြင်လိုက်ရသဖြင့်၊ ကြောင့်လန့်တကြားကြည့်လိုက်သည်။ ရွှယ်အန်းက လက်ဖြင့် တစ်ချက်ထိလိုက်သောအခါ၊ ကျည်ဆံပြီးသော ပြတင်းပေါက်မှန်တံခါးသည် အပိုင်းပိုင်းကွဲကြေသွား၏။
ထို့နောက် ရွှယ်အန်းက ခြေတစ်လှမ်း ထပ်တိုးဝင်လာသည်။
ရွှယ်အန်းသည် ပန်းခြံထဲတွင် လမ်းလျှောက်နေသည့်နှယ် အေးအေးလူလူ လမ်းလျှောက်ဝင်လာကာ၊ လီရှောင်ခန်ကို ပြုံးပြလိုက်သည်။
“မင်းက လီရှောင်ခန်လား”
လီရှောင်ခန်၏ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
ယင်းသည် ကျည်ကာမှန်ဖြစ်သည်။ သို့သော် ဤလူ၏ လက်ချောင်းထိပ်အောက်တွင် စက္ကူလွှာတစ်ခုနှယ် ကျိုးကြေသွားရသည်။
သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့သွားကာ၊ တုန်ယင်စွာဖြင့် ပြောလိုက်၏။
“အင်မော်တယ်၊ ကျွန်တော်မျိုးကို ချမ်းသာပေးပါ၊ ဘာအမိန့်များပေးမလို့ပါလဲခင်ဗျာ”
ရွှယ်အန်းသည် ကုလားထိုင်တွင် အေးဆေးထိုင်၍ လီရှောင်ခန်ကို ကြည့်လိုက်သည်။ ထိတ်လန့်ဖွယ်ကောင်းသော တိတ်ဆိတ်မှုသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွား၏။ လီရှောင်ခန်သည် သူ့ရှေ့မှလူ၏ စူးရဲသောအကြည့်များမှာ ဓားတစ်လတ်သဖွယ်ထက်မြက်၍ သူ့ကို အစိတ်စိတ်အပိုင်းပိုင်း လှီးခုတ်တော့မည်ဟု ခံစားလိုက်ရသည်။
“ငါကြားတာတော့… ရုပ်ရှင်တစ်ကားကို မင်းထုတ်ပြဖို့ အစီအစဥ်မရှိဘူးဆို”
“ဆရာပြောတာ “နတ်ဘုရားသုတ်သင်သူ” ဇာတ်ကားလား။ အဲ့ကားကို ကျွန်တော်မျိုးမပြချင်တာမဟုတ်ပါဘူး။ လူတစ်ယောက်က သူ့ဆန္ဒကိုပြောလို့ သဘောတူပေးခဲ့ရုံပါပဲ၊ ကျွန်တော်မျိုး သူတို့နဲ့ မရှုပ်ဝံ့တော့ပါဘူး”
“မင်းက ငါနဲ့တော့ လာရှုပ်ရဲတယ်ပေါ့” ရွှယ်အန်းက ထူးမခြားနားပြောလိုက်ကာ၊ လက်များဖြင့် စားပွဲခုံကို တောက်လျက်ရှိသည်။ တောက်လိုက်သည့်အခါတိုင်းတွင် သစ်သားစားပွဲခုံသည် ထောပတ်ကဲ့သို့ အနည်းငယ်ကွဲထွက်သွား၏။
လီရှောင်ခန်၏ မျက်နှာသည် မည်းပြာလာသည်။
“မင်း… မင်း”
“စိတ်လျှော့ပါ၊ ငါမင်းကို မသတ်ပါဘူး။ ဒီဇာတ်ကားကို မှန်မှန်ကန်ကန်ပဲ ထုတ်လွှင့်ပေးလိုက်ပါ။ ကျန်တာတွေကတော့… ငါနဲ့သူတို့နဲ့စာရင်းရှင်းပါမယ်” ရွှယ်အန်းက ဖြူဖွေးသောသွားကြီးများကို ဖြဲ၍ ပြုံးကာပြောလိုက်သည်။
“နားလည်ပြီလား”
“လီရှောင်ခန်သည် ရူးနှမ်းစွာခေါင်းညိတ်လိုက်သည်။
ရွှယ်အန်းက အားရကျေနပ်စွာဖြင့် ပါးပြင်ကို ပွတ်သပ်လိုက်သည်။
“မင်းနားမထောင်ရင် ငါမင်းကို ပိန်သွားအောင်ကူညီပေးနိုင်တယ်”
စကားဆုံးသည်နှင့် ရွှယ်အန်းသည် ကျိုးနေသော ပြတင်းပေါက်ဆီသို့ ခြေတစ်လှမ်းလှမ်းကာ၊ လေဟာနယ်ထဲသို့တိုးဝင်သွားသည်။
လီရှောင်ချန်သည် နေရာ၌ပင် မတ်တပ်ရပ်လျက်၊ သတိပြန်ဝင်လာရန် အတန်ကြာအချိန်ယူလိုက်ရသည်။
ကြမ်းပြင်ထက်မှ ကွဲကြေနေသော မှန်ကွဲစများကြောင့်သာမဟုတ်ပါက၊ ဤအရာအားလုံးသည် အိပ်မက်တစ်ခုသာဖြစ်ပေလိမ့်မည်ဟု သူထင်ထားသည်။
ထို့ကြောင့် ရုတ်တရက် တုန်ယင်စွာဖြင့် ဖုန်းကို အမြန်ကောက်ကိုင်လိုက်သည်။
“မင်္ဂလာပါ။ နတ်ဘုရားသုတ်သင်သူဇာတ်ကားကို ထုတ်လွှင့်ဖို့ အဆင်သင့်ပြင်ထားပါ”
တစ်ခါတစ်ရံတွင် အကြမ်းဖက်မှုသည် အကောင်းဆုံးနည်းလမ်းမဟုတ်သော်လည်း အလျင်မြန်ဆုံးနည်းလမ်းတစ်ခုဖြစ်သည်။
အခန်း (၉၅) တရားဝင်ထုတ်လွှင့်မှုနှငိ့ လူတိုင်းကိုအနိုင်ယူခြင်း
နောက်ဆုံးတွင် နတ်ဘုရားသုတ်သင်သူသည် ၎င်း၏တရားဝင်ပြသမှုအတွက် ရက်သတ်မှတ်လိုက်ပြီဖြစ်သည်။ နတ်ဘုရားများ စစ်ပြိုင်ခြင်းနှင့်အတူ ထိုနေ့တွင် ရုံတင်မည်ဖြစ်သည်။
ဤဇာတ်ကားနှစ်ကားသည် ကံကြမ္မာ၏သေစေသောရန်သူများကဲ့သို့ပင်၊ ၎င်းတို့၏ထွက်ရှိမည့်ရက်ချင်းလည်း တိုက်ဆိုင်နေသည်။ ဤရုပ်ရှင်နှစ်ကားအကြောင်း အွန်လိုင်းတွင် ငြင်းခုံမှုများ အလွန်ပြင်းထန်လာသည်။ နတ်ဆိုးများနှင့် မှင်စာမျိုးစုံတို့သည် ခြွင်းချက်မရှိ၊ နတ်ဘုရားများ စစ်ပြိုင်ခြင်းဘက်သ၌ ရပ်တည်လာကြသည်။ အထူးသဖြင့် နတ်ဘုရားများ စစ်ပြိုင်ခြင်းဘက်တွင်ရပ်တည်၍ အားပေးသောသူများမှာ ဖျော်ဖြေရေးနယ်ပယ်ရှိ အနုပညာရှင်အများစုဖြစ်သည်။ ယင်းကြောင့် နတ်ဘုရားများ စစ်ပြိုင်ခြင်း၏ ကျော်ကြားမှုသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။
နှိုင်းယှဉ်ကြည့်လျှင် နတ်ဘုရားသုတ်သင်သူသည် နောက်ကျကျန်ခဲ့သည်။ ဒီနမူနာဗီဒီယိုတစ်ခုအပြင် ပရိုမိုးရှင်းတစ်ခုမျှ မရှိသကဲ့သို့ပင်ဖြစ်သည်။ အားလုံးသည် ပရိတ်သတ်များ၏ ဆန္ဒအလျောက်မျှဝေမှုများပေါ်၌ မူတည်နေသည်။ ထို့ကြောင့် ဤအရာသည် လူထုအမြင်တွင် အရေးနိမ့်ခြင်းတစ်ခုအဖြစ်ကျန်ရစ်ခဲ့သည်။
သို့သော်လည်း ဖန်းမင်ရွှယ်ဘက်မှရပ်တည်နေသော ကြယ်ပွင့်အချို့ ရှိသေးသည်။ ဥပမာအားဖြင့် ပီယွင်ထောင်ဖြစ်သည်။ ဝေ့ပေါ်တွင် နတ်ဘုရားသုတ်သင်သူကို ပြင်းပြင်းထန်ထန် ကြော်ငြာခဲ့ပြီးနောက် ဤဇာတ်ကားတွင် လျောက်ပတ်သော သရုပ်ဆောင်မှုစွမ်းရည်အချို့ ပါဝင်ကြောင်း အကြိမ်ကြိမ် ကတိပြုခဲ့သည်။ သို့သော် သူ၏စကားများသည် ကျယ်ပြောသော လှောင်ပြောင်မှုနှင့် ကဲ့ရဲ့ခြင်းများကိုသာ ဖြစ်စေသည်။
အောက်တွင် မှတ်ချက်များစွာ ချန်ထားခဲ့ကြသည်။
"မင်းမှာ သရုပ်ဆောင်စွမ်းရည်ရှိလား"
"ဟားဟား၊ မင်းမှာ သရုပ်ဆောင်စွမ်းရည်ရှိရင် ငါ့ကီးဘုတ်ကို ငါစားမယ်!"
"သူ အတိအကျပြောရဲတဲ့ သရုပ်ဆောင်စွမ်းဆောင်ရည်များရှိရင် ငါ့ကွန်ပြူတာစားမယ်"
"ငါ ကွန်ပြူတာစားပွဲကို စားမယ်"
“စားမယ်…”
ဤအခမဲ့တင်သူများ၏ ဝေ့ပေါ် မှတ်ချက်များကြောင့် ပီယွင်ထောင်သည် တစ်ချိန်တည်းတွင် ရယ်ရခက် ငိုရခက်ဖြစ်ခဲ့ရသည်။ ကူကယ်ရာမဲ့သကဲ့သို့ ခံစားရသဖြင့် အခြားမက်ဆေ့ချ်တစ်ခုသာ ထပ်တင်နိုင်ခဲ့သည်။
"ရုပ်ရှင်ရုံမှာတွေ့မယ်"
ဤသည်မှာ လူထုအမြင်လှိုင်းများကြားမှ သေးငယ်သော အပိုင်းတစ်ခုသာဖြစ်သည်။ သတင်း၏ဗဟိုချက်အနေဖြင့် ဖန်းမင်ရွှယ်သည် တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။ သူမသည် ရွှယ်အန်း၏စကားကို ယုံကြည်ထားသောကြောင့် လူအများက မည်သို့ပင်ပြောစေကာမူ ငြင်းခုံရန် ထွက်မလာခဲ့ပေ။
“ရလဒ်တွေက သူ့ဘာသာစကားပြောပါလိမ့်မယ်”
အသံကျယ်ကျယ်ဖြင့် ခုခံလေလေ ၎င်းတို့၏ မလုံခြုံမှုကို သက်သေထူလေလေဖြစ်သည်။ ဤကဲ့သို့ အပြင်းအထန် ဆန်းစစ်မှုအောက်တွင် ရုံတင်ပြသမည့်နေ့သည် နောက်ဆုံးတွင် ရောက်ရှိလာပြီဖြစ်သည်။ ဝမ်ဝမ်ကျန်းက သူ့သူငယ်ချင်းနှင့် သွားတွေ့ခဲ့သော်လည်း သူ့သူငယ်ချင်းသည် ဟွာရူယွဲ့ကို သဘောကျသောကြောင့် နတ်ဘုရားများ စစ်ပြိုင်ခြင်းကို သွားကြည့်သည်။ ဝမ်ဝမ်ကျန်းသည် အံ့ဩမှုအပြည့်ဖြင့် ရုပ်ရှင်ရုံမှထွက်လာသောအခါ သူ့သူငယ်ချင်းသည်လည်း ထွက်လာသည်။
သို့သော် သူ့သူငယ်ချင်းသည် ယင်ကောင်တစ်ကောင်ကို မျိုချလိုက်သည့်ပုံပေါ်သည်။
"ဘာဖြစ်တာလဲ” ဝမ်ဝမ်ကျန်းက မေးသည်။
"ဒါက ဆိုးရွားတယ်။ ပေးရတဲ့ငွေနဲ့ လုံးဝ မတန်ဘူး၊ ညံ့လိုက်တဲ့ စတီဖန်၊ ညံ့လိုက်တဲ့ ဟွာရူယွဲ့ လုံးဝစုတ်ပြတ်နေတာပဲ"
ထို့အပြင် သူတစ်ယောက်တည်းမဟုတ်ပေ။ နတ်ဘုရားများ စစ်ပြိုင်ခြင်းကို ကြည့်ရှုပြီးနောက် ကြည့်ရှုသူအများအပြားသည် တူညီသော ခံစားချက်များကို မျှဝေခဲ့ကြသည်။
စတီဖန်ကဖုန်းဆက်ခဲ့မည်ဆိုလျှင်ပင် ဤမျှထိ မဆိုးရွားသင့်ပေ။ စတီဖင်သည် ထုတ်လုပ်ပြီးနောက် ဥရောပသို့ ပြန်သွားသောကြောင့် တည်းဖြတ်မှုကိစ္စများကို ဟွာရူယွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။ ရုပ်ရှင်တွင် သူမ၏ကိုယ်ပိုင်အခန်းကဏ္ဍကို မီးမောင်းထိုးပြရန်အတွက် ဟွာရူယွဲ့သည် ၎င်း၏မူလသုံးဆယ်ကျော်ကြာချိန်ကို မိနစ်ငါးဆယ်အထိ ရက်စက်စွာ တိုးမြှင့်ခဲ့သည်။
အကြောင်းအရာ မလုံလောက်လျှင်ပင် အနှေးပြကွက်သို့ ပြောင်းလဲခဲ့၏။ အောက်ဖော်ပြပါ မြင်ကွင်းကို လူအများအပြား မြင်တွေ့ခဲ့ရသည်။
ဟွာရူယွဲ့သည် ရုပ်ရှင်တွင် အနှေးပြကွက်ဖြင့် ရေကိုခါထုတ်ခဲ့သည်။
ထို့အပြင် ယင်းက အဆိုးဆုံးမဟုတ်ပေ။
အဓိကပြဿနာမှာ ဟွာရူယွဲ့သည် ပျော့ပျောင်းသော သရုပ်ဆောင်မှုစွမ်းရည်နှင့် အပြစ်ကင်းသော မျက်လုံးကြီးကြီးတစ်စုံကို အမြဲတစေ ရူးသွပ်နေဟန်ရှိသည်။
ဤသည်ကို လူတွေက မည်သို့မဝေဖန်ဘဲနေလိမ့်မည်နည်း။
ရှည်လျားစွာပြောပြပြီးနောက် ဝမ်ဝမ်ကျန်း၏သူငယ်ချင်းက မေးသည်။
"မင်းရဲ့ရုပ်ရှင်က ဘယ်လိုလဲ"
ဝမ်ဝမ်ကျန်းက သက်ပြင်းချလိုက်သည်။
"ငါပြောနိုင်တာကတော့…. ဒါဟာ ကမ္ဘာကြီးကို တုန်လှုပ်စေမယ့် လက်ရာတစ်ခုပဲ”
"ဒါက တကယ်ကို ချဲ့ကားနေတာပဲ"
"ငါ့ကိုမယုံဘူးလား။ အခုပြန်သွားကြည့်မယ်”
ဝမ်ဝမ်ကျန်းသည် သူ့သူငယ်ချင်းနှင့်အတူ ရုပ်ရှင်ရုံသို့ တစ်ခေါက်ပြန်သွားခဲ့သည်။ ဤတစ်ကြိမ်ကြည့်ပြီးနောက် ဝမ်ဝမ်ကျန်း၏သူငယ်ချင်းက စကားမပြောတော့ပေ။
"မင်းဘယ်လိုထင်လဲ?"
“မိုက်တယ်ကွ”
ထိုအချိန်တွင် အွန်လိုင်းလူထု၏ သဘောထားသည် တဖြည်းဖြည်း ပြောင်းပြန်ဖြစ်လာသည်။
“နတ်ဘုရားများ စစ်ပြိုင်ခြင်း” သည် ကြည့်ရှုရန် အလွန်ဆိုးရွားလှ၏။
ထို့ကြောင့်၊ တစ်ညတာအပြီးတွင် ၎င်း၏အဆင့်သတ်မှတ်ချက်သည် သုံးမှတ်အထိ ကျဆင်းသွားကာ အဖက်ဆယ်၍ပင်မရတော့ပေ။ တစ်ဖက်တွင်မူ အစပိုင်းတွင် လူတိုင်းသံသယဝင်ခဲ့သော “နတ်ဘုရား သုတ်သင်သူ” သည် အံ့ဖွယ်ပွဲဦးထွက်ဖြစ်ခဲ့၏။ အဆင့်သတ်မှတ်ထျက် ထွက်လာပြီးသည်နှင့် လူများစွာ အံ့အားသင့်သွားကြသည်။
‘ရှစ်မှတ်’
ထိုအဆင့်သတ်မှတ်ချက်သည် ပြည်တွင်းရုပ်ရှင်အများစုကို ကျော်ဖြတ်ရန် လုံလောက်သည်။ ထို့အပြင် ယင်းကို ဖော်ပြသော မှတ်ချက်များသည် “သေစမ်း သောက်ရမ်းမိုက်တယ်” ဟုသာဖြစ်သည်။ အများသူငှာ ထင်မြင်ယူဆချက်ကို ပြောင်းပြန်လှန်ခြင်းဖြင့် “နတ်ဘုရားသုတ်သင်သူ” သည် ကြည့်ရှုသူအရေအတွက် လျင်မြန်စွာတက်လာသည်ကို တွေ့ခဲ့ရသည်။ မှန်သည်။ ရုပ်ရှင်ရုံများသည် ငွေကိုလက်မလွတ်စေဘဲ “နတ်ဘုရားသုတ်သင်သူ” ဇာတ်ကားကို လျင်မြန်စွာ ပြသလာခဲ့ကြသည်။
တစ်ရက်ကုန်ဆုံးသွားပြီးနောက် “နတ်ဘုရားသုတ်သင်သူ” အတွက် Box Office သည် ယွမ် သန်း ၁၃၀ ရရှိခဲ့ကာ “နတ်ဘုရားများ စစ်ပြိုင်ခြင်း” မှာမူ ယွမ် သန်း ၁၄၀ ရရှိခဲ့သည်။
“နတ်ဘုရားများ စစ်ပြိုင်ခြင်း” သည် အနည်းငယ်သော အားသာချက်ဖြင့် ဦးဆောင်နိုင်ခဲ့သည်။
သို့သော် ဒုတိယနေ့တွင်မူ “နတ်ဘုရား သုတ်သင်သူ” Box Office သည် ယွမ် သန်း ၂၁၀ အထိ တက်လာခဲ့၏။ “နတ်ဘုရားများ စစ်ပြိုင်ခြင်း” သည်မူ ယွမ် သန်း ၈၀ သို့ လျင်မြန်စွာ ကျဆင်းသွားသည်။
ဤဖြစ်ရပ်မှန်သည် “နတ်ဘုရား သုတ်သင်သူ” ကို အစပိုင်းတွင် နှိမ်ချခဲ့သူများ၏ မျက်နှာများကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သကဲ့သို့ပင်ဖြစ်သည်။ အထူးသဖြင့် အမှန်တကယ်ရိုက်ပါက မျက်နှာများ ရောင်းရမ်းသွားကြမည့် နာမည်ကြီး ကြယ်ပွင့်များဖြစ်ကြသည်။
ထို့အပြင် ဤသည်က အစသာရှိသေးသည်။
ထိုနေ့မှစ၍ “နတ်ဘုရား သုတ်သင်သူ” အတွက် Box Office သည် တဟုန်ထိုးတက်လာသည်။ တိုတောင်းသောငါးရက်အတွင်းတွင် ယွမ်နှစ်ဘီလီယံကို ကျော်ဖြတ်ခဲ့သည်။
"နတ်ဘုရားများ စစ်ပြိုင်ခြင်း" နှင့် ပတ်သက်၍မူ… ယွမ်သန်းရှစ်ရာသို့ပင် မကျော်ဖြတ်နိုင်သေးသည့်အပြင် မည်သည့်အခါမျှကျော်ဖြတ်နိုင်လိမ့်မည်မဟုတ်ပေ။ ဒီအချက်ထွက်လာပြီးသည်နှင့် အင်တာနက်ပေါမှ လှောင်ပြောင်သူများအားလုံး၏ အသံများ ပျောက်ကွယ်သွားကြသည်။ ဖန်းမင်ရွှယ်၏ ဝေ့ပေါ်အောက်တွင် တောင်းပန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။ သို့သော် အသက်အဝင်ဆုံးနေရာမှာ ပီယွင်ထောင်၏ဝေ့ပေါ် ဖြစ်သည်။ ယခင်က ၎င်းတို့၏ ကီးဘုတ်များနှင့် ကွန်ပြူတာများကို စားမည်ဟု ကတိပြုခဲ့သူများ အားလုံး ပြန်ရောက်လာကြသည်။ သို့သော် ဤတစ်ကြိမ်တွင် ပီယွင်ထောင်ကို ရိုးသားစွာတောင်းပန်ရန် လာခဲ့ကြခြင်းဖြစ်သည်။ ပီယွင်ထောင်ပြောခဲ့သကဲ့သို့ပင် ရုပ်ရှင်ထဲမှ သူ့၏သရုပ်ဆောင်မှုများသည် ရင်သပ်ရှုမောဖွယ်မဟုတ်သော်လည်း မှတ်သားဖွယ်ကောင်းသည်။
ယင်းက သူ့အပေါ်သို့ လူထုအမြင်ကို များစွာတိုးတက်စေခဲ့သည်။ ထိုကြည်နူးဖွယ်ကောင်းသော မှတ်ချက်များကို ဖတ်၍ ပီယွင်ထောင်က မျက်ရည်များပင် ဝဲလာသည်။
သရုပ်ဆောင်များသည် တကယ်ကိုပင် ကောင်းရန်လိုအပ်၏။ ယခုတော့ ပီယွင်ထောင်သည် ရွှယ်အန်းထံတွင် အရိုက်ခံခဲ့ရခြင်းအတွက် ကျေးဇူးတင်ကြောင်းပင် ခံစားခဲ့ရသည်။ သူ့တွင် ဤသို့သော ကံကောင်းမှုမျိုး နောက်ထပ် မည်သို့ရှိနိုင်လိမ့်မည်နည်း။ အများသူငှာ ထင်မြင်ယူဆချက် အပြောင်းအလဲသည် အင်တာနက်အသုံးပြုသူများကြားတွင် ရင်ဖိုဖွယ်အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။ ယင်းသည် ဝတ္ထုထဲက ဇာတ်လမ်းတစ်ပုဒ်ကဲ့သို့ပင်ဖြစ်၏။ သို့သော် ဟွာရူယွဲ့၏ ဝေ့ပေါ်တွင် ပြဿနာရှိနေသည်။ မရေမတွက်နိုင်အောင် များပြားလှသော လူများက သူမ၏ ပို့စ်များအောက်တွင် လှောင်ပြောင်ကြသည်။
"ဒါဆို သြဇာလွှမ်းမိုးသူလို့ ခေါ်တဲ့အရာက မင်းအတွက် မျက်လုံးပြူပြူးနဲ့လား၊ အဲ့တာတော့ ငါလည်း လုပ်နိုင်တယ်"
“ရေသောက်တာကို အနှေးကွက်နဲ့ပြနေတာ မင်းဘာလို့…”
"ဘယ်တော့မှ မချစ်တော့ဘူး။ သွားတော့မယ်။"
"မင်းရဲ့ပွဲဦးထွက်အကြောင်း ငါသိလိုက်ရတယ်၊ မိန်းကလေးဖန်းက မင်းကို အရင်တုန်းက အများကြီး ကူညီပေးခဲ့တယ်၊ ဒါပေမယ့် မင်းက သူ့ကို အမှိုက်ပုံးထဲ ကန်ပစ်လိုက်တာပဲ”
ထိုအချိန်တွင် တစ်ချိန်က ကျော်ကြားသူများ နှင့် အင်တာနက်ကြယ်ပွင့်များအားလုံး တိတ်ဆိတ်သွားကြသည်။
ဟွာရူယွဲ့ အဆုံးသတ်သွားပြီဖြစ်ကြောင်း လူတိုင်းသိလိုက်ကြသည်။ နာမည်ပျက်သွားခြင်းသည် အပြည့်အဝပြီးဆုံးသွားခြင်းပင်ဖြစ်သည်။ ယခုအချိန်တွင် ထိုလောင်ကျွမ်းမှုမှ မရှောင်တိမ်းလိုသောသူ မည်သူရှိမည်နည်း။ ဟွာရူယွဲ့အတွက် မည်သူက မည်သို့ ဆက်ပြောချင်နေဦးမည်နည်း။ အချို့က ၎င်းတို့၏ ဝေ့ပေါ်ပို့စ်များကို ခိုးကြောင်ခိုးဝှက် ဖျက်ပစ်ကြသည်။ ထို့အပြင် အချို့လူများသည် ဖန်းမင်ရွှယ်၏ ဝေ့ပေါ်ပိုစ့်အောက်သို့ အရှက်မဲ့စွာပြေးသွားကြသည်။ ဤကိစ္စသည် လူတိုင်းအတွက် ရှင်းလင်းနေ၏။ ဤရုပ်ရှင်ကြောင့် ဖန်းမင်ရွှယ်၏ အလုပ်အကိုင်သည်လည်း တဟုန်ထိုး တိုးတက်လာခဲ့သည်။ အနာဂတ်တွင် သူမ မည်မျှထိသွားနိုင်မည်ကို မည်သူမျှ စိတ်ကူး၍ပင်မရပေ။ သို့သော် “နတ်ဘုရားများ စစ်ပြိုင်ခြင်း” နှင့် ဟွာရူယွဲ့ကဲ့သို့သော လူများကို မြေကြီးထဲသို့ နစ်မြုပ်သွားစေခဲ့သည်မှာ ချန်ရှောင်းယွီ၏ ရုပ်ရှင်အပေါ်သုံးသပ်မှုသာဖြစ်သည်။
“ငါတို့အားလုံးက နတ်ဘုရားသုတ်သင်သူတွေပဲမလား။ လောကကြီးက ငါတို့ကို သေမျိုးလူသားတွေဖြစ်ဖို့ တွန်းပို့လိုက်တာပဲလေ”
ဒီသုံးသပ်ချက်သည် အင်တာနက်ကို တောက်လောင်စေခဲ့၏။
အခန်း(၉၆) ငါမင်းကို ပါးရိုက်ချင်တယ်
ချန်ရှောင်းယီသည် သူမ၏ ဆောင်းပါးတွင် ရေးထားခဲ့သည်မှာ၊
[ကျွန်မတို့ တစ်ယောက်စီတိုင်းက တစ်ချိန်က ကြီးမားတဲ့ရည်မှန်းချက်တွေရှိခဲ့ကြပေမယ့် ဘဝရဲ့အကြိတ်အနယ်ထိုးနှက်မှုအောက်မှာ ကျွန်မတို့ ပျော့ပြောင်းလာခဲ့ကြတယ်။ အချို့လူတွေက အသက်နှစ်ဆယ်အရွယ်မှာသေပေမယ့် အချို့လူတွေကတော့ အသက်ရှစ်ဆယ်ထိ ရှင်သန်ကြတယ်။ ကျွန်မတို့အားလုံးက သာမန်လူတွေပါပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မှားယွင်းနေတာ တစ်ခုမှမရှိပါဘူး။ ဒါပေမယ့် အမှားဆိုတာ လူတွေရဲ့စိတ်ဓာတ်သဘောထားနဲ့၊ သာမန်နဲ့မကျေနပ်နိုင်တဲ့လူတွေကို အငြှိုးအတေးထားတာပါပဲ။ ပထမတစ်ချက်ကြည့်ရုံနဲ့တင်၊ “ကောင်းကင်သုတ်သင်သူ”ဇာတ်ကားက တကယ့်ကို ကောင်းတဲ့ စိတ်ကူးယဥ်ဇာတ်လမ်းတစ်ခုပါပဲ။
“Special effects နဲ့ အသေးစိတ်အချက်အလက်တွေက တကယ့်ကို အမှားအယွင်းမရှိဘူး။ နောက်ပြီး ဒါရိုက်တာချောင်ကျန့်ကလည်း နတ်ဆိုးနီးပါးအရည်အချင်းရှိတဲ့စွမ်းရည်နဲ့ လူတိုင်းကို တုန်လှုပ်စေနိုင်ခဲ့ပါတယ်”
ဒါပေမယ့် ကျွန်မမြင်တာကတော့ ဒါတင်မဟုတ်ပါဘူး
မိန်းကလေးဖန်းက များပြားလှတဲ့နတ်ဘုရားတွေကို တစ်ယောက်တည်းရင်ဆိုင်ပြီး တောင်ပေါ်မှာ စကားပြောတဲ့အခန်းမှာ ကျွန်မတကယ် မျက်ရည်ပါကျခဲ့ရတယ်။
ရှင်တို့က အမြင့်မှာနေခွင့်ရတယ်ဆိုတိုင်း အခြားလူတွေရဲ့ အမှားအမှန်ကို နိုင်ထက်စီးနင်းဆုံးဖြတ်ဖို့ ထိုက်တန်လို့လား။ ဧရာမနဂါးကြီးတက်လာတာနဲ့ ရုပ်ရှင်ရုံတစ်ခုလုံး အံ့သြကုန်ကြတယ်။ special effects တွေကြော်င့တင်မက အဲ့တာရဲ့ အချစ်ဇာတ်လမ်းကြောင့်ဆိုလည်း မှန်တယ်။
တကယ်ပဲ၊ ဧရာမနဂါးကြီးက သူရဲကောင်းမကို သယ်ဆောင်ပြီး အဲ့နတ်ဘုရားတွေကို တိုက်ခိုက်ဖို့ ခေါ်သွားတဲ့အခန်းမှာဆို၊ အရမ်းစိတ်ဝင်စားဖို့မကောင်းဘူးလား။
ဒီအချက်ပေါ်အခြေခံပြီးတော့၊ အခြား ဘာမှမပြောတော့ပါဘူး။ ဒါပေမယ့် ဒီမှာတင်ပြထားတဲ့ ပြည်တွင်းရုပ်ရှင်တွေအကုန်လုံးက အမှိုက်တွေချည်းပါပဲ။ “နတ်ဘုရားများ စစ်ပြိုင်ခြင်း” နဲ့ပတ်သက်ပြီးတော့လည်း…. ကျွန်မ အဲ့ကားကြည့်ပြီးပါပြီ။ မိန်းကလေးဟွာက သူ့ထူးခြားတဲ့ “စိုက်ကြည့်”တဲ့ သရုပ်ဆောင်မှုကို ပြသနိုင်ခဲ့ပါတယ်။
ဒီကားက ဧကရာဇ်တွေ နတ်ဘုရားတွေကို ချီးမြှောက်တဲ့ကားပဲမို့၊ ကျန်တဲ့ကိစ္စအတွက်တော့ ကျွန်မပြောစရာစကားမရှိပါဘူး။
“နတ်ဘုရားသုတ်သင်သူ”ကို ကျွန်မကြိုက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီကားက ကျွန်မရဲ့ ငယ်ဘဝကို သတိရစေတယ်လေ။ အဲ့တုန်းက ကျွန်မတို့ရဲ့ အဖြူရောင်အဝတ်အစားတွေထဲနဲ့၊ မြို့ရဲ့ဂုဏ်ကျက်သရေဆောင် လူကြီးတွေကို ပုန်ကန်ရင်း ပြဿနာအိုးလေးတွေဖြစ်ခဲ့ကြဖူးတယ်။ ဒါပေမယ့် ကျွန်မတို့မှာ ဖြူစင်ပြီး အပြစ်ကင်းတဲ့နှလုံးသားရှိတယ်။ အဆုံးမှာတော့၊ ဇာတ်ညွန်းရေးသူကို ကျွန်မ အရမ်းအာရုံစိုက်မိပါတယ်။ ဇာတ်ညွှန်းရေးသူဆိုတဲ့နာမည်မှာ “မစ္စတာရွှယ်အန်း” လို့ပါပါတယ်။ စိတ်ဝင်စားစရာပါပဲ။
ရှင်တကယ်ပဲ ကျွန်မကို စိတ်မပျက်စေခဲ့တာ သေချာတယ်။]
ချန်းရှောင်းယီ၏ ဆောင်းပါးသည် လူအများစု၏ ခံစားချက်ကို ကွက်ကွက်ကင်းကင်းရေးဖော်ပြရေးသားနိုင်ခဲ့သည်။ ထို့ကြောင့် ရုံတင်ပြီးတစ်ပါတ်အကြာတွင် “နတ်ဘုရားသုတ်သင်သူ”၏ Box Office သည် ကျဆင်းသွားရမည့်အစား ပို၍မြင့်တက်လာခဲ့သည်။ ဤတစ်ကြိမ်ကြည့်ရှု့သူများသည် ဗိုက်ပူနေကြသော သတ်လတ်ပိုင်းအမျိုးသားများဖြစ်သည်။ ၎င်းတို့သည် လောကီဘဝတွင် နစ်မွန်းနေကြကာ၊ နေ့စဥ်ပျော်ပါးနေကြခြင်းဖြစ်သည်။ သို့သော် ၎င်းတို့ ကြည့်ပြီးသွားသောအခါတွင် ၎င်းတို့၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နေ၏။
မည်သူက မငယ်ဖူးသနည်း။ ထို့အပြင် ဤရုပ်ရှင်၏ အရှိန်အဟုန်သည် အံ့ဖွယ်ကိစ္စတစ်ရပ်ဖြစ်လာသည်။ ဖန်းမင်ရွှယ်၏ လက်ရာမြောက်သော သရုပ်ဆောင်မှုဖြင့် မရေမတွက်နိုင်လောက်အောင် များပြားသော လူများကို စွဲလန်းလာစေခဲ့သည်။ အထူးသဖြင့်၊ တောင်ပေါ်ရှိ နတ်ဘုရားနှင့် ဆန့်ကျင်ကာ တစ်ဦးတည်းရပ်တည်နေသော သူမ၏ ရိုက်ကွက်သည် လူအများအမေ့နိုင်လောက်မည့် အမှတ်တရတစ်ခုဖြစ်လာသည်။
ဖန်းမင်ရွှယ်ကို နတ်ဘုရားသုတ်သင်သူမိန်းကလေးဟု ချစ်ခင်စွာခေါ်ဝေါ်ခဲ့ကြသည်။
ထို့ကြောင့် “နတ်ဘုရားသုတ်သင်သူ” သည် ဘုရင်တစ်ပါး၏ စွမ်းပကားဖြင့် ပြန်လည်ရောက်ရှိလာ၍ “နတ်ဘုရားများစစ်ပြိုင်ခြင်း” ကို လွှမ်းမိုးလုနီးပါး အင်အားဖြင့် ချေမှုန်းခဲ့သည်။ တစ်ချိန်က နှိမ်ချခဲ့ကြသော ကြယ်ပွင့်ဆိုသူများ၏ မျက်နှာများကိုလည်း ဖြတ်ရိုက်လိုက်သည့်နှယ်ဖြစ်သည်။
အွန်လိုင်းပေါ်တွင် မှတ်ချက်များဖတ်နေစဥ် ရှဲ့ထန်စီ၏ မျက်နှာသည် ပြာနှမ်းသွား၏။
ဖန်သားပြင်ကို လက်သီးဖြင့် တစ်ချက်တည်းထိုးလိုက်ပြီးနောက်၊ အခန်းတွင်း၌ အဆက်မပြတ် လမ်းလျှောက်နေသည်။
ဟွာရသူယွဲ့သည် ဆိုဖာပေါ်တွင် ထိုင်လျက်၊ တတွတ်တွတ်ငိုကြွေးနေသည်။ ထိုအချိန်တွင် သူမ၏ နှလုံးသားသည် နာကြည်းမှုများဖြင့် ပြည့်နှက်နေ၏။ ဖန်းမင်ရွှယ်အပေါ် နာကြည်းမှု၊ စတီဖန်အပေါ်နာကြည်းမှု၊ အစရှိသည်တို့ကို တွေးသော်လည်း သူမ၏ အမှားကိုမူ တစ်ကြိမ်မျှပြန်မတွေးခဲ့ပေ။
“ချင်းမိသားစု… ဟားဟား။ ဉာဏ်ကောင်းလိုက်တာ” ရှဲ့ထန်စီက ရုတ်တရက် ရယ်မောလိုက်သည်။
“နောက်ပြီး စဥ်းစားရမှာက အန်းမိသားစုရဲ့ အန်းချင်လည်းပါနေတာပဲ။ ဘာလဲ၊ ရုပ်ရှင်တစ်ကားတည်းနဲ့ ရှဲ့မိသားစုကို တစ်ခုခုလုပ်နိုင်မယ်ထင်နေကြတာလား”
ရှဲ့ထန်စီ၏ မျက်နှာသည် တဖြည်းဖြည်းဖြင့် မောက်မာသောအမူအရာသို့ ပြန်ပြောင်းလာသည်။
ဤသည်ကား ရုပ်ရှင်တစ်ကားမျှသာဖြစ်သည်။
ထို့ကြောင့် သူ ဂရုစိုက်မနေလှပေ။ သို့သော ်ဤဇာတ်ကား၏ နောက်ကွယ်တွင် ချင်းမိသားစုနှင့် အန်းမိသားစု၏အရိပ်များရှိနေသောကြောင့် သူပြင်ဆင်ထားရမည်ဖြစ်သည်။
သူ့နယ်မြေတွင် မည်သူက မိုက်မိုက်မဲမဲ ပြုမူဝံ့သနည်း။
ဤသည်ကို တွေးကာ ရှဲ့ထန်စီက အနည်းငယ်စိတ်သက်သာရာရသွားသည်။ သို့သော် ထိုအချိန်တွင် ဖန်းမင်ရွှယ် တည်းခိုသည့် ဟိုတယ်၌ အခြားတစ်ယောက်က ရွှယ်အန်းကို ထိတ်လန့်တကြားမေးနေ၏။
“မစ္စတာရွှယ်၊ မင်း ဒီကိစ္စကို အလေးအနက်ထားလား။ ဒါက ရှဲ့မိသားစုရဲ့နယ်မြေပဲ”
မေးသူသည်ကား ချောင်ကျန့်ပင်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းအကြောင်းအရင်းမှာ ရွှယ်အန်းက အခမ်းအနားကျင်းပရန် ပြင်ဆင်နေသောကြောင့်ဖြစ်၏။ ဤသည်က မျှော်လင့်ထားရမည့်အရာပင်ဖြစ်သည်။ နောက်ဆုံးတွင်မူ “နတ်ဘုရားသုတ်သင်သူ”သည် ဤမျှတောက်ပသော အောင်မြင်မှုကို ရရှိခဲ့၍ အခမ်းအနားကျင်းပခြင်းသည် သဘာဝကျလှသည်။ သို့သော် ရွှယ်အန်းရွေးချယ်သောနေရာသည် ပြည်နယ်မြို့တော်၏ လီကျင်းဂရမ်းဟိုတယ်ပင်ဖြစ်သည်။ လီကျင်းဂရမ်းဟိုတယ်သည် ရှဲ့မိသားစု၏ သခင်လေးအပိုင်ဖြစ်ကြောင်း ပြည်နယ်မြို့တော်မှ လူတိုင်းသိကြသည်။
ရွှယ်အန်းသည် အခမ်းအနားကျင်းပရန်အတွက် အမှန်တကယ်ပင် စိတ်ရှုပ်ထွေးနေခဲ့သောကြောင့် ချောင်ကျန့်က ဤမေးခွန်းကို မေးခဲ့ခြင်းဖြစ်သည်။
ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ ပြန်ဖြေ၏။
“ရှဲ့မိသားစုရဲ့ နယ်မြေဟုတ်လား။ မဟုတ်ဘူး၊ ခင်ဗျားမှားနေပြီ၊ ဒီကိစ္စက ကြာကြာခံမှာမဟုတ်ဘူး”
ချောင်ကျန့်က တစ်ခုခုထပ်ပြောချင်နေသေးသော်လည်း ဟန်ယောင်းက ဘေးသို့ဖယ်ခိုင်းလိုက်သည်။ ဤစကားကို ကြားသောအခါ၊ ချင်းယွီ၏ မျက်လုံးများတောက်ပလာ၏။
‘မစ္စတာရွှယ်၊ ရှင်စပြီးလှုပ်ရှားတော့မှာလား’
မှန်သည်။ သူ့ရုပ်ရှင်က အနိုင်ယူနိုင်ခဲ့ရုံမျှဖြင့်၊ ရွှယ်အန်းသည် ရှဲ့မိသားစုကို အလွတ်ပေးလိမ့်မည်မဟုတ်ပေ။ လူတစ်ယောက်ကို သတ်ပစ်ခြင်းသည် အလွန်လွယ်ကူသော ကိစ္စတစ်ခုဖြစ်သည်။ အကယ်၍ ရွှယ်အန်းသာလုပ်ချင်ပါက၊ ရှဲ့ထန်စီနှင့် ဟွာရူယွဲ့တို့သည် အကြိမ်ပေါင်းများစွာသေဆုံးခဲ့ပြီးလောက်မည်ဖြစ်၏။
သို့သော် လူတစ်ယောက်ကို သတ်ခြင်းသည် လွယ်ကူ၏။ ၎င်းတို့၏ စိတ်ဓာတ်ကို သတ်ပစ်ခြင်းကသာ ခက်ခဲခြင်းဖြစ်သည်။ ရွှယ်အန်းသည် သူ၏ ပြိုင်ဘက်ကို သနားညှာတာမှုကင်းမဲ့စွာဖြင့် အနိုင်ယူလိုခဲ့ခြင်းဖြစ်သည်။
‘မင်းက အမျိုးသမီးဇာတ်ဆောင်ကို အစားထိုးတာမလား’
‘ကောင်းပြီလေ၊ ငါ့ကိုယ်ပိုင်ရုပ်ရှင်ရိုက်မယ်။ ပြီးတော့ မင်းမျက်နှာကို ချက်ကျလက်ကျ ဖြတ်ရိုက်ပစ်မယ်’
‘ဒါပေမယ့် အခုတော့ ပန်းတိုင်ရောက်သွားပါပြီ’
ထို့ကြောင့် ရှဲ့ထန်စီကဲ့သို့သောသူများသည် တန်ဖိုးမရှိတော့ပေ။ အဆုံးစွန်ဆုံး အင်မော်တယ်ကျင့်ကြံရေးသည် တစ်ခုတည်းသောအချက်တစ်ချက်ပေါ်တွင် မူတည်နေ၏။ သင်ချစ်သည့်သူများကို ကာကွယ်ပေး၍ သင့်ပြိုင်ဘက်များကိုငရဲသို့ ရောက်သွားစေခြင်းဟူ၍ဖြစ်သည်။ ထို့ကြောင့် ရွှယ်အန်းသည် မည်သည့်ညှာတာထောက်ထားမှုမျှ ပြသလိမ့်မည်မဟုတ်ပေ။ သူ့အတွက် ရှဲ့မိသားစုသည် အသေးအမွှားကိစ္စတစ်ခုသာဖြစ်သည်။
၎င်းတို့အသတ်ခံရမည်ဆိုပါက အသတ်ခံရစေလိမ့်မည်။ ထို့အပြင် အခမ်းအနားပွဲအတွက် လီကျင်းဟိုတယ်ကို ရွေးချယ်ရခြင်းအတွက် အကြောင်းပြချက်တစ်ခုရှိသေးသည်။ တစ်စုံတစ်ယောက်ကို တိုက်ခိုက်မည်ဆိုပါက၊ ၎င်းတို့၏ ပိုင်နက်တွင်ပြုလပ်ခြင်းထက် ပိုမကောင်းသောအရာတစ်ခု ရှိသေးသလော။ ထိုအတွေးဖြင့် ရွှယ်အန်း၏ နှုတ်ခမ်းပေါ်တွင် အပြုံးတချို့ပေါ်လာသည်။
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့နှင့် ကစားနေသော ရှောင်ရှသည် ရွှယ်အန်း၏အမူအရာကို မြင်၍ ရုပ်တရက် ထိတ်လန့်သွားကာ၊ အလန့်တကြား ဝပ်တွားသွားလျက်ရှိသည်။ ရွှယ်အန်း၏ အပြုံးထက်မှ ထိတ်လန့်ဖွယ်အရာတစ်ခုကို ခံစားနိုင်သည်မှာ သူတစ်ဦးတည်းသာရှိ၏။ သခင်က ထိုကဲ့သို့ ပြုံးနေသရွေ့၊ တစ်စုံတစ်ယောက်ဆီသို့မကောင်းသောအရာတစ်ခုခုဖြစ်တော့မည်ဟု ရှောင်ရှက တွေးနေမိသည်။ ဤတစ်ကြိမ်တွင် ရွှယ်အန်းကျင်းပသောအခမ်းအနားသည် အလွန် ခမ်းနားသည်။
အဖွဲ့သားများသာမက အခြားသူများစွာကိုလည်း ဖိတ်ကြားထားခဲ့သည်။ ဝမ်ဝမ်ကျန်းသည် ဤရက်များအတောအတွင်း အွန်လိုင်း၌နေထိုင်နေလုနီးပါးဆိုရလောက်အောင် အခြားရုပ်ရှင်ပရိတ်သတ်များနှင့် ကြည့်ရှု့မှုအတွေ့အကြုံများကို ဖလှယ်ခဲ့သည်။ “နတ်ဘုရားသုတ်သင်သူ”သည် လူများစွာ၏ အမြင်တွင် လက်ရာမြောက်လာခဲ့ပြီဖြစ်သည်။ ယနေ့သည်လည်း ခြွင်းချက်မဟုတ်ပေ။ သို့သော် သူဆွေးနွေးနေတုန်း၌ တံခါးခေါက်သံပေါ်ထွက်လာ၏။ သူတံခါးဖွင့်လိုက်သောအခါ စာပို့သမားကို မြင်လိုက်ရသည်။
ထူးဆန်းလှသည်။ ယခုခေတ်တွင် စာရေးသောသူရှိသေးသလော။
ဝမ်ဝမ်ကျန်းသည် သံသယစိတ်ဖြင့် စာအိတ်ကို ဖွင့်ကြည့်လိုက်ရာ၊ အထဲ၌ ရွှေရောင်လတ်နေသော ဖိတ်စာတစ်စောင်ကို မြင်လိုက်ရသည်။ သူဖွင့်ကြည့်လိုက်သောအခါ၊ အလွန်တုန်လှုပ်သွားရ၏။
ယင်းသည် ဖန်းမင်ရွှယ်ကိုယ်တိုင်၏ လက်ရေးဖြင့် ရေးထားသော ဖိတ်စာဖြစ်သည်။ အမှန်မှာ၊ သူသည် ကြယ်ပွင့်များနောက်လိုက်ရသည့် အသက်အရွယ်ကို ကျော်လွန်ခဲ့ပြီဖြစ်ရာ၊ ဖန်းမင်ရွှယ်ကို သဘောကျသည်မှာ သူမ၏ ပြေပြစ်သောအမူအရာကြောင့်သာဖြစ်သည်။ သို့သော် ထိုအချိန်တွင် ဝမ်ဝမ်ကျန်းသည် ရုတ်တရက် စိတ်အားထက်သန်လာ၏။ ဤသို့သော ဂုဏ်ယူဖွယ်အောင်မြင်မှုများကို ရရှိပြီးနောက်တွင် ၎င်းတို့၏ ပရိတ်သတ်များကို မှတ်မိနေသော ကြယ်ပွင့်မည်မျှ ရှိလိမ့်မည်နည်း။
ချန်ရှောင်းယီသည်လည်း ထိုနည်းတူစွာ ခံစားခဲ့ရသည်။ သူမ၏ ဆောင်းပါးကျော်ကြားလာမှုကြောင့် သူမကို ‘အပါတ်စဥ်ဖျော်ဖြေရေး’ကုမ္ပဏီမှ အောင်မြင်စွာ အလုပ်ဖြုတ်ပစ်ခဲ့သည်။ ခြုံငုံပြောရလျှင် ဤသူဌေးများသည် ရှဲ့မိသားစုကို မစော်ကားဝံ့ကြပေ။ ချန်ရှောင်းယီသည် ဂရုမစိုက်ပေ။ ထိုနေ့ ရုပ်ရှင်ကြည့်ပြီးနောက် အိမ်ပြန်ရောက်သောအခါ၊ ဆောင်းပါးကို ခေတ္တပင်ရပ်နားခြင်းမရှိဘဲ၊ ဆက်တိုက်ရေးသားပြီးနောက်၊ စိတ်ထဲတွင် အနည်းငယ်တင်းကြပ်သွားခဲ့ရသော်လည်း ဖိတ်ကြားချက်ကို လက်ခံရရှိသောအခါ၊ သူမသည် အံ့အားသင့်စွာဖြင့် ဖြည်းညှင်းစွာပြုံးလိုက်သည်။
ထိုနေ့ သတင်းစာရှင်းလင်းပွဲတွင် သူမ၏ မျက်လုံးများရှေ့၌ တည်ငြိမ်သောအမူအရာနှင့် လေးနက်သော မျက်လုံးများရှိသည့် ယောကျာ်းတစ်ယောက် ပေါ်လာသည်။
‘တကယ်ပဲ… ရှင်မလိမ်ခဲ့ဘူး’