← Chapters

အခန်း (၉၇-၉၉)

Vol. 7 Ch. 97-99

အခန်း (၉၇-၉၉)

Vol. 7 Ch. 97-99

အခန်း(၉၇) အရာအားလုံးက မစ္စတာရွှယ်ကြောင့်ပါ

ရှဲ့ထန်စီသည် ဟိုတယ်မန်နေဂျာမှ ပေးပို့သော သတင်းကို ကြားသောအခါ အံ့သြမဆုံးဖြစ်နေရသည်။

‘ဒါ ဟာသတစ်ခုလား’

‘ဒါမှမဟုတ် ငါ့ကို ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်နေတာလား’

ရှဲ့ထန်စီ၏ မျက်နှာသည်လည်း နက်မှောင်နေရာမှ ဖြူဖျော့သွားကာ၊ ဖြူဖျော့နေရာမှ နက်မှောင်သွားပြန်သည်ကို မန်နေဂျာက ထိတ်လန့်စွာကြည့်လျက်ရှိသည်။ နောက်ဆုံးတွင် ရှဲ့ထန်စီသည် သူ့စိတ်ထဲမှ ဒေါသကို မြိုသိပ်၍ အေးစက်စွာရယ်မောလိုက်သည်။

“ကောင်းပြီ၊ ငါသိပြီ သွား စီစဥ်ပေးလိုက်”

“ဟုတ်ကဲ့၊ ဆရာကြီးရှဲ့” မန်နေဂျာက အမြန်ထွက်ခွာသွားသည်။

ဟွာရူယွဲ့သည် သူ့ကို အဆိပ်ပြင်းသော မျက်နှာမျိုးဖြင့် ငုံ့ကြည့်၍ ပြောလိုက်သည်။

“သခင်လေးရှဲ့၊ အဲ့ခွေးမဖန်းမင်ရွှယ် လှည့်စားနေတာပဲဖြစ်ရမယ်၊ သခင်လေးကို လှောင်ချင်နေတာ”

ဖြန်း

ရှဲ့ထန်စီက သူမကို ပြင်းပြင်းထန်ထန်ပါးရိုက်လိုက်သည်။ ဟွာရူယွဲ့သည် ကြောင်အသွား၏။ ရှဲ့ထန်စီက‌ အေးစက်စွာပြောလိုက်သည်။

“မင်းငါ့ကို သတိပေးစရာမလိုဘူး”

“ဟုတ်… သခင်လေးရှဲ့” ဟွာရူယွဲ့သည် တုန်လှုပ်လျက် မျက်နှာကို အုပ်ထားသည်။ ရှဲ့ထန်စီသည် ခဏတာမျှ စဥ်းစားပြီးနောက် ဖုန်းဆက်လိုက်သည်။

“သခင်လေးရှဲ့၊ ဆရာ့အတွက် ကျွန်တော် ဘာလုပ်ပေးရမလဲ” ပျင်းရိသောအသံတစ်ခုသည် အခြားတစ်ဖက်မှ ထွက်ပေါ်လာ၏။

“မနက်ဖြန် ဟိုတယ်ကိုလာခဲ့”

“ဘာဖြစ်တာလဲ”

“လူသတ်မှု” ရှဲ့ထန်စီက လူသတ်လိုစိတ်ပြင်းပျစွာဖြင့် ပြောလိုက်သည်။ တစ်ဖက်တွင်မူ ခေတ္တရပ်ဆိုင်းသွားပြီးနောက် ပြန်ဖြေလိုက်သည်။

“ကောင်းပြီ၊ ကျွန်တော် မနက်ဖြန်လာခဲ့ပါ့မယ်”

ဖုန်းချလိုက်ပြီးနောက် ရှဲ့ထန်စီ၏ မျက်နှာသည် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။ ကလေးဘဝမှ အရွယ်ရောက်သည်အထိ ဤသို့ အရှက်ရဖွယ်ကိစ္စမျိုး မကြုံခဲ့ရဖူးပေ။ သူ့ကဲ့သို့သောလူမျိုးကို လူတစ်ယောက်က အမှန်ပင် စော်ကားဝံ့ခဲ့သည်။

‘ကောင်းတယ်’

‘မနက်ဖြန်ကျရင် မင်းတစ်သက်လုံး မမေ့နိုင်တော့မယ့် သင်ခန်းစာတစ်ခုပေးမယ်’

‘ဖန်းမင်ရွှယ်၊ မင်း ဇာတ်ကားတစ်ကား အောင်အောင်မြင်မြင်ထုတ်နိုင်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ထူးခြားတယ်လို့ ထင်မနေစမ်းနဲ့။ သရုပ်ဆောင်ဆိုတာ သရုပ်ဆောင်ပဲကွ၊ မင်းဘယ်လောက် အရည်အချင်းရှိရှိ၊ ချမ်းသာတဲ့လူရှေ့မှာ ဒူးထောက်ရမှာပဲ”

ဖန်းမင်ရွှယ်က သူ့ရှေ့တွင် ဒူးထောက်နေသည်ကို မြင်လိုက်ရသကဲ့သို့ ရှဲ့ထန်စီ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာသည်။ ထိုအချိန်တွင် ပြည်နယ်မြို့တော်ရှိ ဇိမ်ခံအိမ်ကြီးတစ်လုံးတွင် အမျိုးသမီးတစ်ဦးက မေးလိုက်၏။

“ကိုကို အဲ့တာ ဘယ်သူလဲ”

ထိုယောက်ျားက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

“သခင်လေးရှဲ့ ဒေါသထွက်နေတယ်၊ သူ့ကို လူကူသတ်ပေးဖို့ အကူအညီတောင်းနေတယ်”

အမျိုးသမီးက အထင်သေးစွာဖြင့် လှောင်ရယ်လိုက်သည်။

“ဘာလဲ၊ ကျွန်မတို့ ရှီမိသားစုကို သူ့လူမိုက်တွေလို့ထင်နေတာလား”

သူမက ဤသို့ပြော၍ အနားသို့ချင်းကပ်သွားလိုက်သည်။ ယင်းမှာ သိုင်းပညာညီလာခံမှ ရှီကျူလိမှတပါး အခြားသူမဟုတ်ပေ။ ရှဲ့ထန်စီခေါ်လိုက်သောသူသည် ရှီဟောက်ဖြစ်သည်။

ရှီမိသားစုမှ တရားဝင်မျိုးဆက်များဖြစ်သည့် မောင်နှစ်မနှစ်ယောက်သည် ရှဲ့ထန်စီနှင့် ကောင်းစွာသိကျွမ်းကြသည်။ သူ့ညီမ၏ မှတ်ချက်ကို ကြားသောအခါ၊ ရှီဟောက်က ပြုံးလိုက်၏။

“နောက်ဆုံးတော့လည်း ရှဲ့မိသားစုကို သူဌေးကြီးလို့ သတ်မှတ်ထားကြတာ။ ဘာလို့ သူ့ကို မကူညီပေးရမှာလဲ။ ဒါ့အပြင် သိုင်းပညာညီလာခံပြီးတည်းက ကိုကို့အစွမ်းတွေ ပိုတိုးလာတယ်လို့ ခံစားခဲ့ရတယ်။ အဲ့တာကြောင့် အဲ့စွမ်းအားကို စမ်းကြည့်ချင်လို့ လူတစ်ယောက်ကို သတ်ကြည့်ချင်တယ်”

ရှီကျူလိ၏ မျက်နှာသည် အမူအရာကင်းမဲ့လျက်ရှိသည်။ ၎င်းတို့ကဲ့သို့ မိသားစုများအတွက် လူတစ်ယောက်ကို သတ်ခြင်းသည် ကြီးမားသော ကိစ္စတစ်ခုမဟုတ်ပေ။

“ဒါဆို စိတ်လှုပ်ရှားစရာတစ်ခုသွားကြည့်ဖို့ ညီမလေးလည်းလိုက်ခဲ့မယ်။ သခင်လေးရှဲ့ကို ဘယ်သူက ရန်စရဲလည်းဆိုတာ ကြည့်ကြရအောင်”

မှန်သည်။ ချောင်ကျန့်သည် ယခင်က သူနေခဲ့သော နေရာတွင် မနေတော့ပေ။ သူသည် ပြည်နယ်မြို့တော်ရှိ အကောင်းဆုံးရပ်ကွက်တစ်ခုသို့ သူ့ဇနီးကို ခေါ်လာခဲ့သည်။ သို့သော် ရုပ်ရှင်ရိုက်ရန်အလုပ်ရှုပ်နေရသောကြောင့် အိမ်တွင်နေရန်အချိန်မရှိပေ။ ယနေ့ နောက်ဆုံးတွင် အိမ်သို့ပြန်လာခဲ့သည်။ အမျိုးသမီးက ကြမ်းပြင်ပေါ်တွင် ထိုင်ချ၍ သန့်ရှင်းရေးလုပ်လျက်ရှိရာ သူပြန်လာသည်ကို မြင်သောအခါ ပြုံး၍ ထရပ်လိုက်သည်။

“ပြန်လာပြီလား၊ စားပြီးပြီလား”

ချောင်ကျန့်သည် သူ၏ ချစ်လှစွာသော အမျိုးသမီးကိုကြည့်၍ ပြုံးလိုက်သည်။

“သန့်ရှင်းရေးသမားငှားဖို့ မင်းကို ငါမပြောထားဘူးလား။ ဒီအလုပ်တွေကို မင်း မလုပ်သင့်တော့ဘူး။ မင်းကိုယ်ကိုယ် အလုပ်တွေပိရင်ဘယ်လိုလုပ်မလဲ”

“ကျွန်မမပင်ပန်းပါဘူး။ ဒါက ကျွန်မတို့ရဲ့အိမ်အသစ်လေ။ အခြားသူတွေကို မထိစေချင်ဘူး” အမျိုးသမီးက ဂုဏ်ယူစွာပြုံး၍ ပြောလိုက်သည်။

အမျိုးသမီးသည် မီးဖိုချောင်သို့သွား၍ ချောင်ကျန့်အတွက် ဟင်းများစွာကို ပြုလုပ်ပေးကာ ဝိုင်ပုလင်းကို ဖွင့်လိုက်သည်။ အလုပ်များနေသော ဇနီးသည်ကို ဝိုင်သောက်၍ ကြည့်ကာ၊ ချောင်ကျန့် ကျေနပ်သွားရသည်။

ဤအရာများအားလုံးသည် အတိတ်မှ ချောင်ကျန့် မထင်မှတ်ထားသောအရာများဖြစ်သည်။ ဤအရာများအားလုံးသည် မစ္စတာရွှယ်၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း သူသိသည်။ မစ္စတာရွှယ်၏ အကူအညီမပါပါက၊ သူ၏ အမျိုးသမီးသည် ယခုအချိန်တွင် သေဆုံးနှင့်ပြီးဖြစ်နေနိုင်ကာ၊ သူသည်လည်း ပြီးဆုံးသွားနိုင်၏။

“မနက်ဖြန် ငါတို့ ရုပ်ရှင်အဖွဲ့သားတွေ အောင်ပွဲခံပွဲလုပ်ကြမယ်”

“တကယ်လား၊ အံ့သြစရာပဲ” အမျိုးသမီးက မူလက လန့်သွားသော်လည်း ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

“အဲ့တာ၊ လီကျင်းဟိုတယ်မှာ”

ယင်းအမည်တွင် မှော်စွမ်းအင်တစ်မျိုးမျိုးရှိနေသည့်ပုံပေါ်ကာ၊ အမျိုးသမီးကို ချက်ချင်းအေးခဲသွားစေသည်။ ချောင်ကျန့်သည် ထိုအမျိုးသမီးကို ကြည့်၍ပြောလိုက်၏။

“အားရှု့၊ မနက်ဖြန် မင်း ငါနဲ့လိုက်ခဲ့ပါ။ မင်းက ငါ့မိန်းမ ချောင်ကျန့်ရဲ့ မိန်းမဆိုတာ လူတိုင်းကို သိစေချင်တယ်”

အားရှု့က ခေါင်းကို ငုံ့၍ အတန်ကြာစဥ်းစားနေပြီးနောက် တုန်ယင်စွာဖြင့်ပြောလိုက်သည်။

“ဒါ မစ္စတာရွှယ်ရဲ့ ဆန္ဒလား”

ချောင်ကျန့်က ခေါင်းညိတ်လိုက်သည်။

“ကျွန်မတို့ အသက်ကို မစ္စတာရွှယ်က ပေးခဲ့တာဆိုတော့၊ သူအဲ့မှာလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ကျွန်မတို့ စကားနားထောင်သင့်ပါတယ်။ ကျွန်မကို စိတ်မပူပါနဲ့၊ ကျွန်မအဆင်ပြေမှာပါ”

ချောင်ကျန့်က ခေါင်းညိတ်လိုက်သည်။

“ဟမ်”

အားရှု့က လှည့်၍ မီးဖိုခန်းထဲသို့ ဝင်သွားကာ၊ ရုတ်ရက် သူမ၏ မျက်နှာထက်တွင် မျက်ရည်များဖုံးလွှမ်းသွားသည်။ သူမသည် လီကျင်းဟိုတယ်တွင် မန်နေဂျာဖြစ်ခဲ့ဖူးသည်။ သို့သော် သူမသည် ဆွဲဆောင်မှုရှိလှသောကြောင့် ရှဲ့ထန်စီက သတိထားမိ၍ သူမကို ဆေးခပ်၍ အပျိုရေဖျက်ရန် တစ်ကြိမ်ကြိုးစားခဲ့ဖူးသည်။

သူမ ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့သော်လည်း ရှဲ့ထန်စီသည် သူမကို စတုတ္ထထပ်မှတွန်းချခဲ့သည်။ အားရှု့သည် ပွဲချင်းပြီး သေဆုံးသွားလုနီးပါးဖြစ်ကာ၊ ချောင်ကျန့်က သူမကို ဆေးရုံသို့ အပြေးအလွှားပို့ဆောင်ပေးခဲ့ခြင်းကြောင့်သာ သူမ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ ဤအချက်ကြောင့်လည်း ချောင်ကျန့်သည် နာမည်ပျက်စာရင်းသွင်းခံခဲ့ရခြင်းဖြစ်၏။

ဤအမာရွတ်ဟောင်းများကို တစ်ဖန်ပြန်၍ မြင်ယောင်လာမိသဖြင့်၊ အားရှု့၏ တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရတုန်လှုပ်သွားသည်။ ဟိုတယ်အောက်ခြေ၌ လဲလျောင်းနေသော သူမ၏ ခန္ဓာကိုယ်ကို အေးစက်စွာကြည့်နေကြသည့် လုပ်ဖော်ကိုင်ဖက်ဆိုသူများကို သူမမမေ့နိုင်ခဲ့ပေ။ ရုတ်တရက် ချောင်ကျန့်က အားရှု့ကို အနောက်မှ ပွေ့ဖက်လိုက်သည်။

“မငိုနဲ့၊ မစ္စတာရွှယ်က အရမ်းစွမ်းတယ်။ သူအဲ့နေရာကို ရွေးတယ်ဆိုတည်းက သူ့မှာ အကြောင်းပြချက်ရှိလို့ပဲ”

“အင်း”

ဟိုတယ်၏ အတွင်းတွင် ချင်းယွီသည် အနည်းငယ်မသာယာလှသော အမူအရာဖြင့် ဖုန်းကို ချလိုက်သည်။ မနက်ဖြန် အခမ်းအနားပွဲသည် ဤမျှ ရိုးရှင်းလိမ့်မည်မဟုတ်သဖြင့်၊ သူမ၏ အဘိုးထံသို့ ဖုန်းဆက်ကာ၊ အခြေအနေအားလုံးကို ပြောပြလိုက်သည်။ နားထောင်ပြီးနောက် ချင်းယွမ်က ခဏတာကြာတိတ်ဆိတ်သွားကာ၊ လေးနက်စွာပြောလိုက်သည်။

“မစ္စတာရွှယ်ရဲ့ဦးဆောင်မှုနောက်ကို လိုက်ပါ”

“လောင်ဟေး”

“ဟုတ်ကဲ့ မမလေး”

“မနက်ဖြန် ဘာဖြစ်မယ်ထင်လဲ” ချင်းယွီသည် ပြတင်းတံခါးရှေ့တွင် ရပ်၍ သူမနှင့်မရင်းနှီးလှသော မြို့ကို လှမ်းကြည့်လိုက်သည်။ လောင်ဟေးက ခဏတာမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။

“မစ္စတာရွှယ်က အရာအားလုံးကို ကောင်းကောင်းကိုင်တွယ်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”

“ကျွန်မလည်းယုံပါတယ်၊ ဒါပေမယ့် အခြားတစ်ဖက်က ရှဲ့မိသားစုလေ” ချင်းယွီက ခပ်တိုးတိုးရေရွတ်သည်။။

လီကျင်းဟိုတယ်တစ်ခုလုံးကို ချင်းယွီက ကြိုတင်မှာယူထားခဲ့သဖြင့်၊ အဝင်ဝတွင် “အပြီးအစီး မှာယူထား” စူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထားကာ၊ ကားပါကင်တွင်လည်း ဇိမ်ခံကားမျိုးစုံနှင့်ပြည့်နေသည်။

စွဲမက်ဖွယ်ကောင်းသော အဝတ်အစားကို ဝတ်ဆင်ထားသည့် အမျိးသား၊ အမျိုးသမီးတို့ အသီးသီးသည် ပြုံးလျက်၊ သွားလာနေကြသည်။ ယင်းတို့ အများစုမှ ပြည်နယ်မြို့တော်ရှိ ထင်ပေါ်ကျော်ကြားသူများဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် အံ့အားဖွယ်ကောင်းလောက်အောင် အချိန်အတိအကျရောက်လာခဲ့ကြသည်။ ဖန်းမင်ရွှယ်သည် အထူးနာမည်ကြီးနေသောကြာင့်မဟုတ်ဘဲ၊ အားလုံးက စိတ်လှုပ်ရှားဖွယ်ရာများကို မြင်ချင်သောကြောင့်ဖြစ်ကြသည်။

ဖန်းမင်ရွှယ်နှင့် ရှဲ့မိသားစုကြားမှ ရန်ပွဲအကြောင်း လူတိုင်းသိကြသည်။ ရုပ်ရှင်၏ ကြီးမားသော အောင်မြင်မှုသည် ရှဲ့မိသားစုကို အလွန်အရှက်ရစေခဲ့ပြီးဖြစ်သည့်တိုင် အောင်ပွဲအခမ်းအနားကိုလည်း ရှဲ့မိသားစု၏ နှာခေါင်းအောက်တွင် ကျင်းပနေခြင်းဖြစ်သည်။ ဤသည်မှာ မကြာသေးမီနှစ်များအတွင်း မကြုံစဖူးဖြစ်ရပ်ထူးတစ်ခုဖြစ်သည်။ အများအပြားသည် ဖိတ်ကြားခံရခြင်းမရှိဘဲ၊ လာရောက်ကြည့်ရှု့ကြသည်။ ယေဘုယျအားဖြင့် ၎င်းတို့တစ်ယောက်သည်မျှ ဖန်းမင်ရွှယ်ကို မျှော်လင့်ချက်မထားကြပေ။ နောက်ဆုံးတွင်မူ၊ သူမ၏ ရုပ်ရှင် မည်မျှပင် ရောင်းအားကောင်းနေစေကာမူ၊ သူမသည် ကြယ်ပွင့်တစ်ပွင့်သာဖြစ်သည်။ ရှဲ့မိသားစုသည်မူ ပြည်နယ်မြို့တော်ကို နှစ်ပေါင်းများစွာ ကြီးစိုးလာခဲ့သော အာဏာရှင်များဖြစ်ကြသည်။ ၎င်းတို့ကြားမှကွာဟချက်သည် ရှင်းလင်း၏။

ထို့အပြင် “နတ်ဘုရားသုတ်သင်သူ” ဇာတ်ကားမှ အောင်မြင်မှုအချို့ကို ချိုးဖျက်နိုင်လိမ့်မည်ဟု ထင်မြင်ယူစကာ၊ ပွဲသို့ ကြယ်ပွင့်များစွာ တက်ရောက်လာကြသည်။

အခန်း(၉၈) အခမ်းအနား ကျင်းပခြင်း

ချန်ရှောင်းယီနှင့် ဝမ်ဝမ်ကျန်းတို့ ရောက်ရှိလာချိန်တွင် ခမ်းမကြီးသည် ကြယ်များဖြင့် တောက်ပနေပြီဖြစ်သည်။ ဤနာမည်ကြီးများနှင့် ကြယ်ပွင့်များသည် ကျေနပ်စွာပြုံး၍ အုပ်စုလိုက်စုပြုံနေကြသည်။ မည်သူကမျှ ချန်ရှောင်းယီနှင့် ဝမ်ဝမ်ကျန်းတို့ကို သတိမထားမိပေ။ သူတို့နှစ်ယောက်သည်လည်း အနည်းငယ်အဆင်မပြေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူမ၏ ခလှပကျော့ရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ဖန်းမင်ရွှယ်သည် နူးညံ့စွာပြုံး၍ ၎င်းတို့ကို နှုတ်ဆက်ရန် ရှေ့သို့ တိုးလာသည်။

“ဒီည ဧည့်ခံပွဲမှာနှစ်ယောက်လုံးကို ကြိုဆိုပါတယ်”

ဝမ်ဝမ်ကျန်းသည် အလွန်စိတ်လှုပ်ရှားသွားကာ၊ တစ်ကိုယ်လုံး တုန်ယင်နေသည်။

ယင်းသည် ဖန်းမင်ရွှယ်ဖြစ်သည်။ သူ့စိတ်ထဲမှ နတ်ဘုရားမဖြစ်သည်။ ထို့အပြင် ဤမြင်ကွင်းက လူအများကို အံ့အားသင့်သွားစေခဲ့သည်။ ဤလူနှစ်ယောက်၏ နောက်ခံက မည်သို့နည်း။ ဖန်းမင်ရွှယ်က ၎င်းတို့ကို ကြိုဆိုရန် အမှန်ပင် ရှေ့သို့ ထွက်လာခဲ့ခြင်းလော။

“မစ္စတာရွှယ် မရောက်သေးဘူးလား” ချန်ရှောင်းယီသည် ပွဲပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်၍ ရွှယ်အန်းကို လိုက်ရှာလိုက်သည်။

ဖန်းမင်ရွှယ်က ပြုံးလိုက်၏။ “သူ့ကလေးတွေကို ခေါ်လာဦးမှာမို့ နည်းနည်းနောက်ကျလိမ့်မယ်”

၎င်းတို့စကားပြောနေစဥ်တွင် ချောင်ကျန့်တို့ လင်မယားရောက်လာကြသည်။ ချောင်ကျန့်ကို မြ်ငသောအခါ၊ ကြယ်ပွင့်များစွာ၏ မျက်လုံးများ တောက်ပလာသည်။

“နတ်ဘုရားသုတ်သင်သူ”ပြီးနောက်တွင် ပါရမီရှင်ဒါရိုက်တာ ချောင်ကျန့်၏ ဂုဏ်သတင်းသည် တဖန်ပြန်လည်မြင့်မားတက်လာသည်။ ထို့ကြောင့် ကြယ်ပွင့်များစွာသည် သူနှင့်အဆင်ပြေစေရန် ကြိုးစားခဲ့ကြသည်။ စကားစမြည်ပြောရန်ကြိုးစားနေကြသော အမျိုးသမီးကြယ်ပွင့်များစွာလည်းရှိသည်။ သို့သော် ချောင်ကျန့်၏မျက်လုံးများသည့် အရှေ့တူရုသို့သာ တည့်တည့်ကြည့်၍ အမူအရာကင်းမဲ့နေသည်။ သူ့နှလုံးသားထဲတွင် အားရှု့အတွက်သာ နေရာရှိသည်။ သို့သော် အားရှု့သည် အနည်းငယ် တုန်လှုပ်သွားကာ၊ မရင်းနီးသေးသော မြင်ကွင်းကိုကြည့်၍ သူမ၏ အတိတ်သည် စိတ်ထဲ၌ မထင်မရှားပြန်ပေါ်လာ၏။

ထိုအချိန်တွင် အမျိုးသမီး မန်နေဂျာက အပြုံးပြုံး၍ အနားသို့ချဥ်းကပ်လာသည်။

“ဒါရိုက်တာ ချောင်၊ ရှင်ရောက်လာပြီပေါ့၊ ကျေးဇူးပြုပြီး ဒီလမ်းအတိုင်းလိုက်ခဲ့ပါ”

ချောင်ကျန့်က ခေါင်းညိတ်လိုက်သည်။

“ဒါ မစ္စချောင်ဖြစ်ရမယ်”

ရုတ်တရက် မန်နေဂျာအမျိုးသမီး၏ မျက်လုံးများတုန်လှုပ်သွားခဲ့သည်။ အားရှု့က မန်နေဂျာကို ကြည့်၍ ပြောလိုက်၏။

“မိုလီ၊ နင် မှတ်မိသေးလား”

မိုလီသည် သူမကို တစ္ဆေတစ်ကောင်မြင်လိုက်ရသည့်နှယ် ကြည့်နေသည်။

“နင်… နင်…”

မိုလီက အံ့သြတုန်လှုပ်သွားကာ၊ အလွန်တုန်လှုပ်ခြောက်ခြားသွားသည်။ ထိုအချိန်က အားရှု့သည် လီကျင်းဟိုတယ်တွင် ဧည့်ခန်းမန်နေဂျာဖြစ်ခဲ့၍ သူမလက်အောက်တွင် အလုပ်လုပ်ကိုင်ခဲ့သည်။ အားရှု့၏ အောင်မြင်မှုများကို မနာလိုနေသဖြင့်၊ သူမသည် အားရှု့ကို အရက်မူးနေသော သခင်လေးရှဲ့ဆီသို့ ပို့ခဲ့သည်။

အဆုံးတွင် အားရှု့သည် လှေကားမှ တွန်းချခံခဲ့ရချိန်၌ သူမသည် အေးစက်စွာကြည့်နေခဲ့သည်။ ထိုအချိန်က သူမသည် ထိုအမျိုးသမီးမှာ သေဆုံးသွားခဲ့ပြီဟုထင်ခဲ့ရာ၊ မသေလျှင်ပင် မသန်မစွမ်းဖြစ်သွားလောက်မည်ဟုတွေးထားခဲ့သည်။ သို့သော် ယနေ့ သူမပြန်လာမည်ဟု မည့်သည့်အချိန်ကမျှ မမျှော်လင့်ထားခဲ့ဖူးပေ။

ယခု သူမသည် မကြာသေးမီကမှ နာမည်ကြီးလာခဲ့သော နာမည်ကြီးဒါရိုက်တာ ချောင်ကျန့်၏ ဇနီးဖြစ်နေ၏။

အားရှု့သည် ထိုအမျိုးသမီးကို အေးစက်စွာကြည့်နေ၏။

“အခု ဘာများပြောင်းလဲသွားမှာမို့လို့လဲ’

‘မစ္စတာရှဲ့က ဒီညလာမှာသေချာတယ်။ သူလာရင် ဒီလူတွေ ဘယ်သူမှ ကောင်းကောင်းအဆုံးသတ်ရမှာမဟုတ်ဘူး။’ မိုလီသည် အံကြိတ်လျက်၊ တွေးလိုက်သည်။

ထို့နောက် သူမက အဆင်းပြုံး၍ ပြောလိုက်သည်။

“ ဒါဆို ဒါက ညီမလေး အားရှု့ပေါ့”

ချောင်ကျန့်သည် ဇနီးဖြစ်သူ၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိပြုမိသဖြင့် တစ်စုံတစ်ခုကို အပြောတော့မည့်ဆဲဆဲတွင် အပြင်ဘက်၌ ရုန်းရင်းဆန်ခတ်ဖြစ်လာ၏။ ရှဲ့ထန်စီ၊ ရှီဟောက်၊ နှင့် အခြားသူများဝင်လာကြသည်။ ၎င်းတို့ရောက်ရှိလာမှုသည် လူအများကို ထိတ်လန့်စေခဲ့ကာ၊ အချို့သည် စိတ်လှုပ်ရှားနေကြ၏။

‘သူတို့လာကြပြီ’

‘အခု ပါတီက အရှိန်ပြင်းလာပြီ’

အခန်းထဲသို့ဝင်လာပြီးနောက် ရှဲ့ထန်စီသည် ခန်းမတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှု၍ သူ၏ အေးစက်သောအကြည့်အောက်တွင် လူများစွာသည် သေးကွေးသွားသကဲ့သို့ ခံစားလိုက်ကြရ၏။

ထို့နောက်တွင် အကောင်းမွန်ဆုံး ဝတ်စားဆင်ယင်ထားသော ဖန်းမင်ရွှယ်ထံတွင် သူ၏ အကြည့်များကို ခေတ္တရပ်လိုက်ပြီးနောက်၊ ထိုမျက်လုံးများထဲတွင် လောဘစိတ်များပေါ်လာသည်။

‘ဒီမိန်းမက တကယ့်ကို လှတာပဲ’

ထို့နောက် ရှဲ့ထန်စီသည် ချောင်ကျန့်၏ ဘေးမှ တုန်ယင်နေသော အားရှု့ကို သတိပြုမိသည်။ သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ၊ အပြုံးတစ်ခုပေါ်လာသည်။ ထိုအချိန်တွင် ချင်းယွီနှင့် လောင်ဟေးတို့သည်လည်း လမ်းလျှောက်ဝင်လာ၏။

“မစ္စတာရှဲ့” ချင်းယွီက ခေါင်းညိတ်လိုက်သည်။

ရှဲ့ထန်စီက ချင်းယွီကိုကြည့်၍ ရုတ်တရက် ပြုံးလိုက်သည်။

“ငါ တကယ်သိချင်တယ်။ မင်းကို ဘယ်သူက သတ္တိတွေပေးခဲ့တာလဲ။ လန်ယောင်ချီလား”

အခန်းသည် တဖြည်းဖြည်းတိတ်ဆိတ်သွားသည်။

ရှီဟောက်သည် ချင်းယွီကို စိတ်ဝင်တစားကြည့်နေလျက်၊ ဤမိန်းမငယ်လေးသည် ရုပ်မဆိုးလှကြောင်း စိတ်ထဲတွင် တွေးနေသည်။

“မစ္စတာရှဲ့၊ ရှင်ဘာကို ဆိုလိုချင်တာလဲ” ချင်းယွီ၏ အမူအရာသည် အရုပ်ဆိုးသွား၏။

“မင်းက ငါ့မြေကိုလာပြီး ရုပ်ရှင်ရိုက်တယ်၊ အဲ့တာတင်မကသေးဘဲ၊ ငါ့အိမ်တံခါးဝမှာ မင်းတို့ရဲ့ အောင်ပွဲကို ကျင်းပတယ်။ ပြည်နယ်မြို့တော်ကို မင်းတို့ ချင်းမိသားစုရဲ့ပေကျန်းလို့ တကယ်ထင်နေတာလား” ရှဲ့ထန်စီက အေးစက်စွာပြောလိုက်သည်။

ချင်းယွီက အံကြိတ်လိုက်၏။

“မစ္စတာရှဲ့…”

ရှဲ့ထန်စီက လက်ကို ခါယမ်းကာ ရယ်မောလိုက်သည်။

“မင်း ဒါကို သတ္တိရှိရှိနဲ့ လုပ်ရဲတဲ့အတွက် လက်တုံပြန်ခံရဖို့ကိုလည်း အဆင်သင့်ဖြစ်နေသင့်တယ်လေ။ ရှီဟောက် လုပ်လိုက်တော့”

ရှီ‌ဟောက်က လှောင်ရယ်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလာလိုက်သည်။

“မိန်းကလေး မင်းရဲ့ နူးညံ့တဲ့ အသားအရည်နဲ့ ဆို ငါ့လက်သီးက မင်းကို အသားစင်းကောအဖြစ်ပြောင်းလဲသွားစေလိမ့်မယ်။ မင်းဒူးထောက်ပြီး မစ္စတာရှဲ့ကို တောင်းပန်ပါလား။ ပြီးရင် ညဘက်ကျ ငါ့ကို ပြုစုပေးပေါ့၊ ငါမင်းကို အဲ့တာပြီးရင် လွှတ်ပေးမယ်လေ။ ဘယ်လိုလဲ”

ချင်းယွီ၏ မျက်နှာသည် ဒေါသစိတ်ကြောင့် ပြာနှမ်းသွားလုနီးပါးဖြစ်သွား၏။ သို့သော် ထိုအခိုက်အတန့်တွင် လောင်ဟေးသည် ချင်းယွီရှေ့မှ ကာ၍ ရှီဟောက်ကို မျက်နှာချင်းဆိုင်လိုက်သည်။

“မင်းရဲ့ပြိုင်ဘက်က ငါပဲ”

“ဒါဆိုသေဖို့ပြင်ထား”

ရှီဟောက်က လက်သီးတစ်ချက်ပစ်သွင်းလိုက်ရာ၊ လက်သီး၏ ပြင်းအားကြောင့် လေသံများနှင့် မိုးခြိမ်းသံများပေါ်ထွက်လာသည်။

ဤသည်မှာ သူမကြာသေးမီက နားလည်ခဲ့သော သိုင်းကွက်တစ်ခုဖြစ်သည်။

ဤသူဌေးသားသခင်လေးတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့်၊ လောင်ဟေး၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားသည်။ ထို့ကြောင့် လက်သီးကို အလျင်အမြန်ခုခံရန်သာ ကြိုးစားနိုင်ခဲ့၏။

လောင်ဟေးသည် လေးကားထစ် တစ်ဒါဇင်ကျော်သို့ ပျံတက်သွားကာ၊ စားပွဲပေါ်သို့ ပြုတ်ကျ၍ မခံမရပ်နိုင်ဖြစ်လျက်၊ သွေးတစ်ဗွက်ကို အန်ထုတ်လိုက်ရသည်။

အခန်းသည် တိတ်ဆိတ်ခြင်းအတိပြီးသွား၏။

“နောက်တစ်ယောက်က ဘယ်သူလဲ” ရှီဟောက်က အောင်ပွဲခံသော အကြည့်ဖြင့် ကြည့်၍ ပြောလိုက်သည်။

ထိုအချိန်တွင် ဟွာရူယွဲ့သည် ဖန်းမင်ရွှယ်ကို လှောင်ပြောင်လိုက်သည်။

“မစ္စဖန်း တွေ့လား၊ ရုပ်ရှင်တစ်ကားရိုက်နိုင်ရုံနဲ့ နင့်ကိုယ်နင် ထူးခြားတယ်လို့ ထင်မနေနဲ့၊ ဒါက ရှဲ့မိသားစုပိုင်နက်ပဲ”

ဖန်းမင်ရွှယ်သည် ငြိမ်သက်နေကာ၊ ကြောက်ရွံ့သည့်အရိပ်အယောင်မပြပေ။ တစ်ဖက်တွင်မူ ဝမ်ဝမ်ကျန်းသည် သူ၏ နတ်သမီးကို ကာကွယ်ပေးရန် စိတ်မြန်လက်မြန်ဖြင့်ရှေ့သို့ တိုးလာချင်ခဲ့သည်။ သို့သော် ချန်ရှောင်းယီက သူ့ကို ဆွဲထားရာ၊ လေးနက်သောအမူအရာဖြင့် ဝမ်ဝမ်ကျန်းကို ခေါင်းခါပြလိုက်သည်။

ထို့ကြောင့် ဝမ်ဝမ်ကျန်းတွင် ရပ်ကြည့်နေရုံမှတပါး အခြားရွေးချယ်ရန်လမ်းမရှိတော့ပေ။ ဤအချိန်တွင် ရှိဟောက်သည် လှောင်ရယ်၍ ရှေ့သို့ တိုးကာ၊ ပြောသည်။

“မစ္စတာရှဲ့၊ ဒီမိန်းမက ကျုပ်ဟာပဲ။ ဖန်းမင်ရွှယ်ကတော့ ခင်ဗျားဟာပေါ့”

မည်သူမျှ စကားတစ်ခွန်းမျှ မဟဝံ့ကြပေ။ တကယ်တမ်းတွင် ရှဲ့မိသားစုသည် နှစ်များတစ်လျှောက် ပြည်နယ်မြို့တော်တွင် သိသာထင်ရှားသော သြဇာအာဏာကိုသိမ်းပိုက်ထားခဲ့ရာ၊ ၎င်းတို့ကို မည်သူမျှ မနှိုးဆော်ဝံ့ကြပေ။ ထိုအချိန်တွင် ချင်းယွီသည် ဖြည်းညှင်းစွာနောက်ပြန်ဆုတ်သွား၏။ သူမ၏နှလုံးသားထဲတွင် စိုးရိမ်စိတ်များဖြင့်ပြည့်နှက်နေသည်။

“မစ္စတာရွှယ်၊ ဘာလို့ရောက်မလာသေးတာလဲ”

ဤအခိုက်တွင် ရှဲ့ထန်စီက ပြုံးလိုက်သည်။

“အလျင်စလိုမလုပ်ပါနဲ့၊ ညကစောပါသေးတယ်။ အချိန်ယူပြီး ပျော်ပါးကြရအောင်၊ ငါ ဒီ ချောင်ကျန့်ကို အရင်ကိုင်တွယ်လိုက်မယ်”

ဤသို့ပြောပြီးနောက်၊ ရှဲ့ထန်စီက ချောင်ကျန့်နှင့် အားရှု့တို့ဘက်သို့လှည့်ကြည့်လိုက်ကာ အေးစက်စွာရယ်မောလိုက်သည်။

“ဒါရိုက်တာချောင်၊ မင်းတော်တော် စိတ်ရှည်တာပဲလို့ ငါပြောရမယ်။ သနားစရာာပါပဲ၊ မင်းကို ကူညီပြီး ဘယ်သူမှ ငါ့ကို အနိုင်မယူနိုင်ပါဘူး။ မင်းမိန်းမအတွက်တော့ အဲ့အချိန်က သူမသေခဲ့တာ နောင်တရစရာပဲ”

အားရှု့၏ တစ်ကိုယ်လုံး တုန်ယင်နေသည်။

မိုလီသည် ယင်းကို ဝမ်းသာအားရကြည့်၍ ၎င်းတို့အားလုံးပြီးဆုံးသွားပြီဟု စိတ်ထဲတွင် တွေးနေသည်။ ချောင်ကျန့်၏ မျက်လုံးများတွင် ဒေါသအမျက်အရိပ်အယောင်များထင်ဟပ်နေ၏။ သူသည် ထိုစဥ်က ထိုနေရာ၌ပင် ရှဲ့ထန်စီကို အပြီးသတ်ချေမှုန်းချင်ခဲ့သည်။ သို့သော် ခဏအကြာတွင် ပီယွင်ထောင်သည် ချောင်ကျန့်၏ရှေ့၌ ရပ်နေ၏။

သူ့လုပ်ရပ်က လူများစွာကို အံ့သြစေခဲ့သည်။

“မင်း ဒါရိုက်တာချောင်ကို တိုက်ခိုက်လို့မရဘူးကွ” ပီယွင်ထောင်သည် အနည်းငယ်ကြောက်နေသော်လည်း သူ၏တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုးစားလျက်ရှိသည်။

ရှဲ့ထန်စီက ခပ်ပါးပါး မျက်မှောင်ကြုတ်လိုက်သည်။

“ထွက်သွားစမ်း”

ပီယွင်ထောင်၏ တစ်ကိုယ်လုံး တုန်ယင်သွားသော်လည်း သူသည် တုန်လှုပ်ခြင်းအလျင်းမရှိပေ။ ထိုအချိန်တွင် ချောင်ကျန့်သည် သူ့ပခုံးကို ပုတ်၍ ရှေ့သို့တိုးကာ၊ လေးနက်သောအသံဖြင့် ပြော၏။

“ရှဲ့ထန်စီ၊ မင်း ဒီပြည်နယ်မြို့တော်ကို ထိန်းချုပ်နိုင်သလိုမျိုး ကောင်းကင်ကိုလည်း လက်တစ်ဖက်တည်းနဲ့ ဖုံးအုပ်နိုင်မယ်လို့ထင်နေတာလား။

ရှဲ့ထန်စီက မောက်မာစွာပြုံးလိုက်သည်။

“စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ငါဒီမှာ ကောင်းကင်ကို လက်တစ်ဖက်တည်းနဲ့ တကယ်ဖုံးအုပ်နိုင်တယ်။ မင်း ဒါနဲ့ပတ်သက်ပြီး ဘာလုပ်နိုင်လဲ”

ထို့နောက် ထိုအခိုက်အတန့်တွင် အ‌ပေါက်ဝမှ အသံတစ်ခုထွက်ပေါ်လာသည်။

“ကောင်းကင်ကြီးကို လက်တစ်ဖက်တည်းနဲ့ ဖုံးထားတာလား။ ဒါဆို ငါမင်းရဲ့လက်ကို ဖြတ်ပစ်မယ်”

အခန်း(၉၉) မင်းရဲ့ ကျင့်ကြံရေးအဆင့်ကို ငါဖျက်ဆီးပြမယ်ဆိုရင် ယုံလား

ထိုစကားအဆုံးတွင် ရွှယ်အန်းသည် အခန်းတွင်းသို့ဖြည်းညှင်းစွာဝင်လာသည်။ သူ၏ ထွက်ပေါ်လာမှုသည် ချင်းယွီနှင့် ဖန်းမင်ရွှယ်တို့ကို သက်သာရာရစေခဲ့သည်။

ပီယွင်ထောင်ပင်လျှင် ခေါ်လိုက်မိသည်။

“မစ္စတာရွှယ်”

ရွှယ်အန်းက ပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက် ရှဲ့ထန်စီကို ကြည့်၍ပြောလိုက်သည်။

“မင်းက ရှဲ့ထန်စီဖြစ်ရမယ်”

ရှဲ့ထန်စီသည် ရွှယ်အန်းကို ဆိုးယုတ်စွာကြည့်လိုက်ကြသည်။ သို့သော် ရွှယ်အန်းသည် ကြီးမြတ်သော မိသားစုမှဆင်းသက်လာသည့်ပုံမပေါ်သဖြင့်၊ သူ့ကို အလေးအနက်မထားတော့ဘဲ၊ ရွှယ်အန်းနောက်တွင်ရှိသည့် အန်းချင်ကို ကြည့်လိုက်သည်။

“အန်းချင်၊ မင်းက ချင်းမိသားစုနဲ့ပေါင်းပြီး ကျုံးတုမှာ ပြဿနာရှာရဲတယ်ပေါ့။ မင်းမိသားစုက မင်းကို အပြစ်တင်မှာမကြောက်ဘူးလား” ရှဲ့ထန်စီက ဆိုးယုတ်သောအသံဖြင့် ပြောလိုက်သည်။

အန်းချင်၏ မျက်နှာသည်လည်း အလွန် စိတ်ညစ်နေပုံပေါ်သည်။

သူမသည် ရှဲ့ထန်စီနှင့် အကြိမ်အနည်းငယ်သာတွေ့ဆုံဖူး၍ သူမနှင့်လည်း မရင်းနှီးလှပေ။ သို့သော် ရှဲ့ထန်စီသည် ကျုံးတုရှိ ရှဲ့မိသားစု၏ မျက်နှာသာပေးမှုကို အလွန်ခံရကြောင်း သူမသိသည်။ ရှဲ့မိသားစု၏ လွှမ်းမိုးမှုသည် ကျုံးတုရှိ အန်းမိသားစုပင်လျှင် မနှိမ်ချဝံ့သောအရာတစ်ခုဖြစ်သည်။ ထို့ကြောင့် ယနေ့ ဤနေရာတွင် အခမ်းအနားကျင်းပခြင်းသည် မသင့်လျော်ဟု သူမခံစားခဲ့ရသည်။

“သခင်လေးရှဲ့၊ ကျွန်မတို့က ဒီမှာပွဲလုပ်ချင်ရုံပါပဲ၊ ဒီလောက်ကြီး ရှုပ်ရှုပ်ယှက်ယှက်လုပ်စရာမလိုပါဘူး” အန်းချင်က ပြောသည်။

“ပွဲကျင်းပမယ်ဟုတ်လား၊ ဟေးဟေး” ရှဲ့ထန်စီ၏ နှုတ်ခမ်းထက်တွင် လှောင်ပြောင်သောအပြုံးတစ်ခုပေါ်လာကာ၊ ရွှယ်အန်းကိုကြည့်လိုက်သည်။

“မင်းက ငါ့ဒီလက်ကို ဖြတ်ပစ်မယ်လို့ ပြောလိုက်တာလား”

သူမ၏ စကားအဆုံးတွင် ရှဲ့ထန်စီထံမှ ကြောက်မက်ဖွယ်အငွေ့အသက်များထွက်ပေါ်လာကာ၊ အန်းချင်၏ အရောင်သည်လည်း အနည်းငယ်ပြောင်းလဲသွားသည်။ သို့သော် ရွှယ်အန်း၏ရှေ့တွင် ဤသို့သောအရာများသည် အသုံးမဝင်လှသဖြင့်၊ ခပ်ပါးပါးပြုံး၍ ပြောလိုက်သည်။

“ငါပြောလိုက်တယ်၊ ဒါပေမယ့် ပြန်ပြင်ပြောချင်တယ်”

“ပြန်ပြင်မယ် ဟုတ်လား၊ ဘာပြင်မှာလဲ” ရှဲ့ထန်စီသည် ရွှယ်အန်းက သူ့ကို တောင်းပန်တော့မည်ဟု ထင်၍ ပို၍ပင် မာန်တက်လာသည်။

“ငါအထင်တော့ မင်းလို့မျိုးလူတစ်ယောက် အသက်ရှင်နေတာ အလကားပဲလို့ ငါထင်တယ်။ ဒါ့ကြောင့်…” ရွှယ်အန်းက သပ်ရပ်စီရီနေသော သွားများကို လှစ်ဟပြ၍ အေးစက်စွာပြုံးလိုက်သည်။

“မင်း ငရဲကိုလည်းသွားရနိုင်တယ်”

တစ်နေရာလုံးတိတ်ဆိတ်သွားသည်။ လူများစွာက ရွှယ်အန်းကို လူသေတစ်ယောက်ကဲ့သို့ကြည့်နေကြသည်။

‘ဒီကောင်သေချင်နေတာပဲ’

ရှဲ့ထန်စီသည် ဒေါသကြောင့် ရယ်မောကာ၊ ခေါင်းညိတ်၍ပြောလိုက်သည်။

“ကောင်းပြီ၊ မင်းငါ့ကို ဒေါသထွက်အောင်လုပ်တာ အောင်မြင်ပါတယ်။ မင်းကို အရိုးတွေ နည်းနည်းချင်းချိုးပြီး ရိုက်သတ်ပစ်မယ်၊ ရှီဟောက်”

ရှဲ့ထန်စီသည် လူမိုက်မဟုတ်ပေ။ ရွှယ်အန်းက ထိုသို့သော စကားများကို သတ္တိရှိရှိပြောဝံ့သည်မှာ သူ့တွင်လည်း စွမ်းအားအချို့ရှိနေသောကြောင့်ဖြစ်ကြောင်းနားလည်သဘောပေါက်သဖြင့်၊ ရှီဟောက်ကို ခေါ်လိုက်သည်။ ရှီဟောက်သည် သိုင်းပညာပြိုင်ပွဲတွင် နာမည်ရကာ၊ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့သဖြင့်၊ ရှဲ့ထန်စီက သူ့ကို အလွန်ယုံကြည်ထားသည်။ သို့သော် မျှော်လင့်ထားသကဲ့သို့ဖြစ်မလာခဲ့ပေ။ ရှဲ့ထန်စီသည် ရွှယ်အန်းကို မြင်လိုက်ရသည်နှင့် ဖြူဖျော့သွားသော ရှီဟောက်ကို ကြည့်ကာ အံ့သြသွားရသည်။

“ရှီဟောက်၊ ဒီကောင့်ကို ငါ့အတွက် သတ်ပေးပါ၊ မင်းအမြဲလိုချင်ခဲ့တဲ့မြေကို ငါပေးနိုင်တယ်”

ရှီဟောက်သည် နောက်ဆုံးတွင် အသိပြန်ဝင်လာ၏။ ရှဲ့ထန်စီသည် အနည်းငယ် စိတ်လှုပ်ရှားလျက်ရှိကာ၊ အရိုးများအားလုံး ကျိုးကြေနေသော ရွှယ်အန်း၏ ကြေကွဲဖွယ်အခြေအနေကို စိတ်ကူးယဥ်နေ၏။ သို့သော် နောက်ဆက်တွဲအဖြစ်အပျက်သည် လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။ ရှီဟောက်သည် ရွှယ်အန်းအနီးသို့ တုန်တုန်ယင်ယင်ဖြင့် လမ်းလျှောက်လာ၍ ရုတ်တရက် ဒူးထောက်ချလိုက်သည်ကို မြင်လိုက်ကြရသည်။

“မစ္စတာရွှယ်ကို တွေ့… တွေ့ဖူးပါတယ်” ရှဲ့ထန်စီ၏ မျက်လုံးများ ပြူးထွက်လုနီးပါးဖြစ်လာသည်။

‘ဘာတွေဖြစ်နေတာလဲ’

ထိုအချိန်တွင် ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

"မင်း ဒီမှာ ထပ်တွေ့မယ်လို့ မမျှော်လင့်ထားဘူး"

ရှီဟောက်သည် ငိုချင်သကဲ့သို့ ခံစားလာရသည်။ ရှဲ့ထန်စီက သူ့ကို သတ်ပေးစေချင်နေသောလူမှာ ရွှယ်အန်းဖြစ်နေလိမ့်မည်ဟု သူ၏ အိပ်မက်ဆိုးများထဲ၌ပင် မတွေးထားခဲ့ဖူးပေ။ ရှီဟောက်သည် ရွှယ်အန်း မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိထားသောကြောင့် ရှဲ့ထန်စီက ဒူးထောက်တောင်းပန်လျှင်ပင် သူလာခဲ့လိမ့်မည်မဟုတ်ပေ။ သိုင်းပညာပြိုင်ပွဲတွင် ရွှယ်အန်းက ကောင်းကင်ညွှန်ပြသူအကြီးအကဲကို လက်သီးတစ်ချက်ထိုး၍ သတ်ပစ်ခဲ့သော မြင်ကွင်းသည် သူ့စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်းရှိနေဆဲဖြစ်သည်။ သူသည်ကား သိုင်းပညာပြိုင်ပွဲရှိ ထိပ်တန်းအယောက်တစ်ရာထဲမှ တစ်ဦးအပါအဝင်ဖြစ်ရုံဟုသာ ဆို၍ရသူဖြစ်ကာ၊ ရွှယ်အန်းနှင့်နှိုင်းယှဥ်ပါက လက်သန်းတစ်ချောင်းစာမျှပင် မရှိပေ။ ထို့ကြောင့် ရှီဟောက်သည် ရွှယ်အန်း၏ အသနားခံမှုကို မျှော်လင့်လျက်၊ မြေပြင်ပေါ်တွင် ပြတ်သားစွာ ဒူးထောက်ချလိုက်ခြင်းဖြစ်သည်။

“ရှီဟောက် မင်းဘာဖြစ်နေတာလဲ” ရှဲ့ထန်စီက မေးသည်။

“သခင်လေးရှဲ့၊ တောင်းပန်ပါတယ်။ ဒါပေမယ့် မစ္စတာရွှယ်ကို ရန်စဖို့တော့ ငါမတတ်နိုင်ဘူး။ မင်း စကားသိပ်မပြောတော့တာပိုကောင်းလိမ့်မယ်” ရှီဟောက်က အေးစက်စွာပြောလိုက်သည်။

ရှဲ့ထန်စီသည် သူ့နောက်ကျော၌ ချွေးစေးများထွက်လာသည်ကို ခံစားလိုက်ရသည်။ ရှီဟောက်၏ ခွန်အားကို သူကောင်းစွာသိထားသည်ဖြစ်သော်လည်း သူ့ကို နှိုးဆော်ရန် မတတ်နိုင်ဟုပင် ပြောခဲ့သည်။

‘ဒါဆို ဒီလူက ဘယ်သူလဲ’

ရွှယ်အန်းက ရှီဟောက်ကို ပြုံး၍ပြောလိုက်သည်။

“မကြောက်ပါနဲ့၊ ငါမင်းကို သတ်ဖို့ မစီစဥ်ထားပါဘူး။ ဒါပေမယ့် မင်း မိန်းကလေး ချင်းယွီကို ဘာပြောလိုက်တာလဲ”

ရှီဟောက်သည် တုန်လှုပ်သွားပြီးနောက်၊ အဆက်မပြတ် ဦးချလျက်ရှိရာ၊ ‘ဘမ်း ဘမ်း ဘမ်း’ ဟူသော အသံများပင် ပေါ်ထွက်နေသည်။

“မစ္စတာရွှယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ မိန်းကလေးချင်းက ဆရာ့လူတွေထဲက တစ်ယောက်ဆိုတာ ကျွန်တော် တကယ်မသိခဲ့ပါဘူး”

ရွှယ်အန်းက သက်ပြင်းတစ်ချက်ချကာ၊ ခေါင်းကို ညင်သာစွာပုတ်ပေးလိုက်သည်။ ရှီဟောက်၏ မျက်နှာထက်တွင် အလွန်ကြောက်လန့်သော အမူအရာတစ်ခု ပေါ်လာ၏။ သို့သော် တစ်လက်မမျှပင် မလှုပ်ဝံ့ပေ။ သို့သော်လည်း ရွှယ်အန်းက သူ့ကို မသတ်ခဲ့ပေ။ သူ့ခေါင်းကို အကြိမ်အနည်းငယ်ပွတ်သပ်ပေးပြီးနောက်၊ ရှီဟောက်၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွားသည်။

ထို့နောက် သူ့တစ်ကိုယ်လုံးသည် လျင်မြန်စွာ နွမ်းလျလာကာ၊ ယခင်ကကဲ့သို့ ဖျတ်လတ်တက်ကြွမှုမျိုးမရှိတော့ပေ။

“မင်းရဲ့ ကျင့်ကြံရေးအဆင့်ကို ငါဖယ်လိုက်ပြီ၊ မင်းအခုယုံလား” ရွှယ်အန်းက ထူးမခြားနားသောအရာတစ်ခုကို ပြောနေသည့်နှယ်ပြောလိုက်သည်။

ရှီဟောက်၏ ခန္ဓာကိုယ်သည် နွမ်းလျသွားသော်လည်း “ယုံပါတယ်”ဟု ပြန်ဖြေလိုက်သည်။

ထိုအခါ ရွှယ်အန်းက ခေါင်းညိတ်၍ ရှဲ့ထန်စီကို ပြုံးပြလိုက်သည်။

“ကဲ… မင်းအလှည့်ပဲ”

ရှဲ့ထန်စီသည် ထိတ်လန့်သွားသဖြင့်၊ နောက်သို့အမြန်ဆုတ်ကာ၊ စကားတစ်ခွန်းမျှ ပြန်မပြောသေးပေ။

“ငါက ရှဲ့မိသားစုရဲ့ ဒုတိယသခင်လေးပဲ။ မင်း ငါ့ခေါင်းပေါ်က ဆံပင်တစ်မွှေးကို ထိတာနဲ့ ရှဲ့မိသားစုက မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူးကွ”

ရွှယ်အန်းက ခေါင်းခါ၍ အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်သည်။

“မင်းတို့လို မြင့်မြတ်လှပါတယ်ဆိုတဲ့ သားတွေမှာ ဘာလို့ မသေခင်ကျရင် ဆင်တူတဲ့လုပ်ပုံလုပ်နည်းတွေရှိကြတာလဲ”

ဤသို့ပြော၍ ရွှယ်အန်းသည် ရုတ်တရက် သူ့ခြေထောက်ကို နင်းချလိုက်ရာ၊ ခန်းမတစ်ခုလုံး ပြင်းထန်စွာတုန်ခါသွားသည်။ လူများစွာသည် မတ်တပ်ပင်မရပ်နိုင်တော့ဘဲ၊ မြေပြင်ပေါ်သို့ လဲကျသွား၏။ ရှဲ့ထန်စီသည် ကြမ်းပြင်ပေါ်သို့ လေးဘက်ထောက်ကျကာ၊ မလှုပ်ရှားနိုင်တော့ပေ။ ရွှယ်အန်းက ဖြည်းညှင်းစွာ လမ်းလျှောက်လာ၍ ရှဲ့ထန်စီ၏ ခေါင်းပေါ်သို့ ပေါ့ပါးစွာ လှမ်းတက်လိုက်သည်။ ဤအခိုက်အတန့်တွင် ရှဲ့ထန်စီသည် မြေပြင်သို့ အပြည့်အဝလဲကျသွား၏။

“ငါ့ကို သက်ညှာပေးပါ၊ ငါ့အသက်ကို ချမ်းသာပေးပါ၊ မစ္စတာရွှယ်၊ ငါ့အသက်ကို ချမ်းသာပေးပါ၊ ငါမှားပါတယ်၊ ငါမင်းကို မဆန့်ကျင်ခဲ့သင့်ပါဘူး။ ကျေးဇူးပြုပြီး လွှတ်ပေးပါ”

ရွှယ်အန်းက ခေါင်းကိုမော့ကာ၊ အပြုံးပျက်ခြင်းမရှိ၊ ချောင်ကျန့်နှင့် အားရှု့တို့ကိုကြည့်လိုက်သည်။

“တွေ့လား၊ မင်းကို ထိခိုက်စေတဲ့၊ လူဆိုးလည်းကြောက်နေပြီပဲ၊ ဒီကိစ္စတွေကြောင့် မင်းကိုယ်မင်းစိတ်ရှုပ်ခံနေစရာမလိုတော့ဘူး။ နားလည်လား”

အားရှု့သည် တုန်လှုပ်သွားလျက်၊ သူမ၏ မျက်လုံးထဲရှိ ထိတ်လန့်မှုအငွေ့အသက်များကို ကြည်လင်သောအလင်းရောင်ဖြင့် အစားထိုးသွားသည်။ ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် ရှဲ့ထန်စီသည် အလွန်ကြောက်ရွံ့လျက်၊ တစ်ကိုယ်လုံးစိုရွှဲနေပြီဖြစ်သည်။

ပြင်းထန်သော ဆီးနံ့များထွက်ပေါ်လာသည်။

“မင်းအခုပြောလိုက်တာမှန်တယ်၊ ငါ မင်းကို သတ်လိုက်ရင် ရှဲ့မိသားစုက ငါ့ကို ခွင့်လွှတ်မှာမဟုတ်ဘူး။ ဒါ့ကြောင့် မင်းကို သတ်ပြီးရင် မင်းရဲ့ရှဲ့မိသားစုကို ရှင်းပစ်ဖို့ ငါစဥ်းစားထားတယ်။

ထို့နောက် ရွှယ်အန်းက ခြေထောက်ကို ဖိချလိုက်ရာ၊ ရှဲ့ထန်စီ၏ ဦးခေါင်းသည် အပိုင်းပိုင်းကွဲသွား၏။ ဤသို့ဖြင့် ရှဲ့မိသားစု၏ ဒုတိယသခင်လေးသည် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

တစ်နေရာလုံး တိတ်ဆိတ်သွားသည်။ လူများစွာသည် ၎င်းတို့၏ ခြေသလုံးများ တုန်ယင်နေသည်အထိ ကြောက်ရွံ့နေကြသည်။ သို့သော် ရွှယ်အန်းသည်မူ တည်ငြိမ်မြဲတည်ငြိမ်နေလျက်ဖြင့်၊ ခပ်ပါးပါးပြုံး၍ အခန်းကို ဝေ့ဝိုက်ကြည့်လိုက်သည်။

မည်သူကမျှ သူနှင့် မျက်လုံးချင်းမဆုံဝံ့ကြပေ။ ထိုအချိန်တွင် ရွှယ်အန်းသည် သစ်သားကြက်ကဲ့သို့ အမြစ်တွယ်နေသော ဟွာရူယွဲ့ကို မြင်လိုက်ရသည်။

ထို့နောက် သူမကို သူ့အနားသို့လာရန် လက်ညှိုးဖြင့် အမူအယာလုပ်ပြလိုက်သည်။

“ဒီကိုလာခဲ့”

ဟွာရူယွဲ့သည် တုန်လှုပ်သွားကာ၊ ကြောက်လန့်တကြား နောက်သို့ ပြန်ဆုတ်သွားသည်။

“မဟုတ်ဘူး… ကျေးဇူးပါပြီး… ကျွန်မ… ကျွန်မဘာမှမသိဘူး။ ကျွန်မကို မသတ်ပါနဲ့”

“မင်းဘာမှမသိဘူးဟုတ်လား၊ ဖန်းမင်ရွှယ်ကို ကိုင်တွယ်ဖို့ အနက်ရောင်ဝတ်ထားတဲ့ လူတွေကို ဘယ်သူလွှတ်လိုက်တာလဲ”

ဟွာရူယွဲ့၏ မျက်လုံးများသည် ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

‘ဒီလူက နတ်ဆိုးပဲ’

‘အရာအားလုံးကို သူဘယ်လိုသိတာလဲ’

All Chapters