အခန်း (၄၈၇-၄၈၉)
Vol. 33 Ch. 487-489
အခန်း ၄၈၇- လုရီ၏ နောက်လိုက်များ၊ ချင်းချုံးနန်းတော် ....
~"မင်းက ဘယ်သူလဲ။"
ပိုင်ယွီလုံ၏ မျက်လုံးများ မှေးကျဉ်းသွားပြီး သူ၏ခေါက်ယပ်တောင်ကို ညင်သာစွာ ခါယမ်းကာ မေးမြန်းလိုက်သည်။
"ပေယွဲ့တောင်တန်းက ချီယွဲ့လင်ပဲ။" ထိုလူငယ်က အေးစက်သော သရော်ပြုံးဖြင့် ခွန်းတုံ့ပြန်လိုက်၏။
"ပေယွဲ့တောင်တန်းက ပါရမီရှင်လား။ ဒါက အနောက်နယ်မြေရဲ့ မဟာဂိုဏ်းကြီးတွေထဲက ပါရမီရှင်ပဲ၊ သူက ချင်းကျိုးမှာ ဘယ်လိုလုပ် ပေါ်လာရတာလဲ။"
လူငယ်၏ နာမည်ဂုဏ်သတင်းကို ကြားဖူးသော ကျင့်ကြံသူအချို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး တီးတိုးဆွေးနွေးကြတော့သည်။
"အဲ့ဒီ အင်မော်တယ်သားရဲငယ်ကြောင့်ပဲ မဟုတ်လား။ အခု ထျန်းမင်တစ်ခုလုံးမှာ ဘယ်အင်မော်တယ်ဂိုဏ်း၊ ဘယ်မဟာဂိုဏ်းကြီးက အဲ့ဒီအင်မော်တယ်သားရဲငယ်ကို မရှာချင်ဘဲ နေမှာလဲ။ သူတို့ရဲ့ မျိုးဆက်သစ်ကျင့်ကြံသူတိုင်း ငါတို့ အရှေ့နယ်မြေကို ပြေးလာပြီး ရှာဖွေနေကြတာပဲ။" တစ်စုံတစ်ဦးက ရှင်းပြလိုက်သည်။
ဤစကားကို ကြားမှ အားလုံးမှာ အဖြစ်မှန်ကို သဘောပေါက်သွားကြသည်။
ယခုအခါ အရှေ့နယ်မြေတွင် ယခင်ကထက် ကျင့်ကြံသူများစွာ ပိုမိုများပြားနေပြီး အထူးသဖြင့် ချင်းကျိုးပတ်ဝန်းကျင်ဒေသတွင် ဖြစ်သည်။
အကြောင်းမူကား၊ ထိုအင်မော်တယ်သမင်ငယ်လေးက ထွက်မသွားခင် ဤဘက်သို့ တစ်ချက်လှမ်းကြည့်ခဲ့သောကြောင့် ကျင့်ကြံသူအမြောက်အမြားကို ဆွဲဆောင်ခဲ့ခြင်းတည်း။
သို့ဖြစ်သော်ငြားလည်း ချင်းကျိုးတွင် တိမ်ဖြူဂိုဏ်းနှင့် လုရီ ရှိသောကြောင့် အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများနှင့် မဟာဂိုဏ်းကြီးများမှ ထိုကျင့်ကြံသူများ ချင်းကျိုးသို့ ရောက်လာလျှင်ပင် အလွန်အမင်း ထင်တိုင်းကြဲဝံ့ခြင်း မရှိကြပေ။ ထို့ကြောင့် ချင်းကျိုးမှာ ယခင်ကကဲ့သို့ မပရမ်းပတာ မဖြစ်ခဲ့ပေ။
"အခြေတည်ဝိညာဉ်အဆင့်လေးနဲ့ ဂျူနီယာ
ညီလေး လုရီကို စော်ကားရဲတယ်။ မင်း သေချင်နေတာပဲ။" ပိုင်ယွီလုံ၏ မျက်နှာမှာ သံမဏိကဲ့သို့ အေးစက်သွားပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ သူ၏ပတ်လည်တွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ရစ်ခတ်လာတော့သည်။
ထျဲ့မန်နှင့် ကျန့်ဖန်တို့ပင်လျှင် ချီယွဲ့လင်ကို အေးစက်သော အကြည့်များဖြင့် မကျေမချမ်းကြည့်နေကြသည်။
သူတို့သုံးဦးမှာ လုရီထံမှ ကျေးဇူးများစွာ ရရှိထားခဲ့သည်။ အကယ်၍ လုရီထောက်ပံ့ပေးသော အရင်းအမြစ်အမျိုးမျိုးသာ မရှိခဲ့ပါက သူတို့
မသေလျှင်တောင်မှ လက်ရှိ ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်နိုင်မည် မဟုတ်သည်မှာ သေချာသည်။
သူတို့၏ နှလုံးသားထဲတွင် လုရီမှာ သူတို့၏ အသက်ထက်ပင် ပို၍အရေးကြီးနေလေသည်။ တစ်စုံတစ်ဦးက လုရီကို စော်ကားဝံ့သည်ကို မြင်ရသောအခါ သူတို့သုံးဦးမှာ မလွဲမသွေ သည်းခံခွင့်လွှတ်မည် မဟုတ်ပေ။
"မင်းတစ်ယောက်တည်းနဲ့လား။"
ချီယွဲ့လင်က သရော်လိုက်သည်။
"လုရီကလွဲရင် တိမ်ဖြူဂိုဏ်းမှာ ဘယ်လို မှတ်သားလောက်စရာ ပုဂ္ဂိုလ်တွေများ ရှိသေးလို့လဲ။ ပြီးတော့ ငါက အမှန်တရားကို ပြောနေတာ မဟုတ်ဘူးလား။ အမှန်တရားကို ပြောတာက ဘယ်တုန်းက အမှားဖြစ်သွားရတာလဲ။"
ပိုင်ယွီလုံမှာလည်း အခြေတည်ဝိညာဉ်နယ်ပယ်တွင်သာ ရှိသော်လည်း ချီယွဲ့လင်မှာ အနည်းငယ်မျှပင် ထိတ်လန့်ခြင်း မရှိပေ။
ပိုင်ယွီလုံ၏ မျက်နှာအမူအရာမှာ အေးစက်နေဆဲပင်။ "တခြား ဘယ်လိုပုဂ္ဂိုလ်တွေ ရှိသေးလဲဆိုတာ မင်း မကြာခင် သိလာမှာပါ။"
စကားပြောနေစဉ်မှာပင် ပိုင်ယွီလုံ၏ ကိုယ်ထည်ပတ်လည်၌ လေပြင်းများ တိုက်ခတ်လာသည်။
နောက်တစ်ခဏ...
သူက ရှေ့သို့ ခြေလှမ်းလိုက်သည်။
သူ၏တစ်ကိုယ်လုံးမှာ ညင်သာသော လေပြေအဖြစ်သို့ ပြောင်းလဲသွားသည့်အလား သူ၏မူလနေရာမှ ပျောက်ကွယ်သွားပြီး ချီယွဲ့လင်၏ နောက်ကျောတွင် ပေါ်လာသည်။ သူ၏လက်ထဲမှ ဓားတွင် ထက်ရှသော မုန်တိုင်းတစ်ခု ရစ်ခတ်နေပြီး ချီယွဲ့လင်ထံသို့ ခုတ်ချလိုက်သည်။
ကြောက်မက်ဖွယ် လေဓားသွားက ချီယွဲ့လင်၏ အရေပြားကို စုတ်ပြဲသွားစေပြီး သွေးများ ပန်းထွက်လာသည်။
သူ၏ မျက်နှာ အရောင်မှာ ပြောင်းလဲသွားပြီး ထိတ်လန့်တကြား အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။
နောက်တစ်ခဏတွင် သူက အသံနိမ့်ဖြင့် ဟိန်းလိုက်ရာ သူ၏ပတ်လည်တွင် တောင်တန်း
တစ်ခု၏ အရိပ်ယောင် ပေါ်ထွက်လာပြီး သူ့ကို အကာအကွယ်ပေးထားလိုက်သည်။
ဘုန်း!!!
မုန်တိုင်းနှင့် ရောနှောနေသော ဓားအလင်းတန်းက တောင်တန်းအရိပ်ယောင်ကို ထိမှန်သွားရာ ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသော မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်တန်းအရိပ်ယောင်မှာ ကြေမွသွားတော့သည်။
မုန်တိုင်းသယ်ဆောင်လာသော ဓားအလင်းတန်းက ချီယွဲ့လင်ကို တိတိရိရိ နှစ်ပိုင်း ဖြတ်တောက်သွားပြီး သွေးများ ပန်းထွက်လာသည်။
ချီယွဲ့လင်၏ အခြေတည် ဝိညာဉ်မှာ ထွက်ပြေးလာပြီး သူ၏မျက်နှာ အမူအရာမှာ ထိတ်လန့်ခြင်းတို့ဖြင့် ပြည့်နှက်နေလျက် ကောင်းကင်သို့ ပျံတက်ကာ ထွက်ပြေးရန် ကြိုးစားတော့သည်။
သို့သော် ပိုင်ယွီလုံက လက်ကို ဆန့်တန်းလိုက်ရာ လေပွေ တစ်ခု စီးဆင်းသွားပြီး
ချီယွဲ့လင်၏ အခြေတည်ဝိညာဉ်ကို ထောင်ချောက်ဆင်ကာ ချက်ချင်း ပြန်ဆွဲယူလိုက်လေသည်။
ပိုင်ယွီလုံက ချီယွဲ့လင်၏ အခြေတည်ဝိညာဉ်ကို သရော်ပြုံးဖြင့် ကြည့်ကာ ဆိုသည်။
"ပြေးဖို့ ကြံနေတာလား။ ဂျူနီယာညီလေး
လုရီကို စော်ကားရဲမှတော့ မင်းကို အလွယ်တကူ သေခွင့်ပေးမှာ မဟုတ်ဘူး။"
ပြောပြောဆိုဆို ပိုင်ယွီလုံက ချီယွဲ့လင်၏ အခြေတည်ဝိညာဉ်ကို တိုက်ရိုက် တံဆိပ်ခတ်လိုက်တော့သည်။
မြို့ကြီးအတွင်းမှ ကျင့်ကြံသူများမှာ ဤအဖြစ်အပျက်အားလုံးကို မျက်လုံး အစုံ
ပြူးကျယ်လျက် ကြောင်ငေးကြည့်နေကြသည်။
တိုက်ပွဲမှာ အလွန်လျင်မြန်စွာ ပြီးဆုံးသွားပြီး
သူတို့မှာ တုံ့ပြန်ရန်ပင် အချိန် မရလိုက်ပေ။
ထို့နောက်မှသာ လူအုပ်ကြားတွင် အံ့ဩတကြီး အာမေဋိတ်သံများ ပျံ့နှံ့လာတော့သည်။
"ပေယွဲ့တောင်တန်းက အင်မော်တယ်ဂိုဏ်း မဟုတ်ပေမဲ့ နှစ်ပေါင်းသိန်းချီ သက်တမ်းရှိတဲ့ မဟာဂိုဏ်းကြီးတစ်ခုပဲ။ ချီယွဲ့လင်က ပေယွဲ့တောင်တန်းရဲ့ ပါရမီရှင်တစ်ယောက်၊ အနောက်နယ်မြေတစ်ခွင်မှာ နာမည်ကြီးတဲ့သူကို ဓားတစ်ချက်တည်းနဲ့ ရှုံးနိမ့်သွားတယ်တဲ့လား။"
"အဲ့ဒါက လေ စိတ်ဆန္ဒ နယ်ပယ်ပဲ။ အခြေတည်ဝိညာဉ်နယ်ပယ် ကျင့်ကြံသူလေးတစ်ယောက်က ဒီလောက်အဆင့်မြင့်တဲ့ လေဓာတ်စိတ်ဆန္ဒကို ကျွမ်းကျင်နေပြီတဲ့လား။ ဒီလူက အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေတွေမှာတောင် ထိပ်တန်းပါရမီရှင် တစ်ယောက်လို့ သတ်မှတ်ခံရမှာ သေချာတယ်။"
"သူ့စကားတွေအရ သူက လုရီရဲ့ နောက်လိုက်တွေထဲက တစ်ယောက်ဖြစ်နိုင်လား။ အဲ့ဒီလို မိစ္ဆာလို ပုဂ္ဂိုလ်တစ်ယောက်မှာ ဒီလောက်အစွမ်းထက်တဲ့ နောက်လိုက်တွေ ရှိတာ အံ့ဩစရာမရှိပါဘူး။"
ကျင့်ကြံသူများမှာ တီးတိုးရေရွတ်နေကြပြီး
ပိုင်ယွီလုံကို သတိကြီးစွာသော အကြည့်များဖြင့် ကြည့်နေကြတော့သည်။ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများစွာပင်လျှင် မှုန်မှိုင်းသော မျက်နှာထားများ ရှိနေကြသည်။
"ဒီလူငယ်လေးရဲ့ အစွမ်းက ထူးကဲတယ်။ ငါတောင်မှ အန္တရာယ်ရှိတဲ့ ခံစားချက်ကို ရလိုက်တယ်။" ဟု နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတစ်ဦးက မှတ်ချက်ပြုလိုက်သည်။
ဤထုတ်ဖော်ပြောဆိုမှုက သာမန်ကျင့်ကြံသူများကြားတွင် တုန်လှုပ်ခြောက်ခြားမှုကို ဖြစ်စေသည်။
ဆွေးနွေးသံများကို ကြားရသောအခါ
ပိုင်ယွီလုံ၏ မျက်လုံးများမှာ အရောင်တောက်လာသော်လည်း သူ၏မျက်နှာအမူအရာမှာ အပြုံးသို့ ပြောင်းလဲသွားသည်။
"ဟေး၊ ဘယ်သူက ထင်မှာလဲ၊ တစ်ခါလောက် လက်စွမ်းပြလိုက်တာနဲ့ ဂျူနီယာညီလေး လုရဲ့ နောက်လိုက်လို့ သတ်မှတ်ခံရလိမ့်မယ်လို့။ ငါ နည်းနည်းတော့ မြှောက်ခံလိုက်ရသလိုပဲ။"
ကျန့်ဖန်က ခေါင်းခါကာ အားမလိုအားမရဖြင့် ရယ်မောလိုက်သည်။
"ကောင်းကင်နဂါး သူတော်စင်သားတော်နဲ့
ထိုက်ရီ သူတော်စင်သားတော်တောင် ဂျူနီယာမောင်လေး လုရဲ့ နောက်လိုက် ဖြစ်ချင်နေတာ။ ဟားဟားဟား.. သူတို့သာ ဒီအကြောင်းကို သိရင် မင်းကို ဒုက္ခလာပေးလောက်တယ် နော်။"
ဤစကားကို ကြားသော် ပိုင်ယွီလုံ၏ အစောပိုင်းက ကျေနပ်နေသော အပြုံးမှာ တောင့်ခနဲ ဖြစ်သွားတော့သည်။
ထျဲ့မန်က အားရပါးရ ရယ်မောကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
"ညီလေး လုကို မကောင်းပြောဝံ့တဲ့သူ တခြားတစ်ယောက်ယောက်များ ရှိသေးလားလို့ ငါ သိချင်မိတယ်။ နောက်တစ်ခါကျရင် ငါ လက်စွမ်းပြမယ်။"
သို့သော် ချီယွဲ့လင်ကဲ့သို့ ကျင့်ကြံသူများမှာ
မများပြားလှပေ။
ကျင့်ကြံသူများစွာ စိတ်ထဲတွင် အတွေးများ ရှိနေလျှင်ပင် သူတို့မှာ ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။ အကြောင်းမူကား၊ လုရီ၏ ကိုယ်ပိုင်အရည်အချင်းမှာ ထူးကဲပြီး သူတို့၏ ဝေဖန်မှုများကို လက်ခံရမည့်သူ မဟုတ်သောကြောင့် ဖြစ်သည်။
ချင်းချုံးဟွာ၏ နောက်လိုက်များမှ လွဲ၍ သာမန်ကျင့်ကြံသူများမှာ ထုတ်ဖော်ပြောဆိုမည် မဟုတ်ဘဲ တိတ်ဆိတ်စွာဖြင့် စိတ်လှုပ်ရှားဖွယ်ရာကို ကြည့်ရှုရင်း ပြဿနာကို ရှောင်ရှားကြပေလိမ့်မည်။
ဤမြို့ကြီးတွင် ဖြစ်ပျက်ခဲ့သမျှမှာ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
ဘာပဲဖြစ်ဖြစ်၊ ၎င်းမှာ လုရီနှင့် ပတ်သက်သော သတင်းများ ပါဝင်နေသောကြောင့်ပင်။
လုရီက လွန်ခဲ့သော ဆယ်နှစ်က တစ်ညတည်းဖြင့် ကပ်ဘေးဖြတ်ကျော် ဘိုးဘေး နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီးကတည်းက သူနှင့် ပတ်သက်သော မည်သည့် သတင်းမဆို ထျန်းမင်တစ်ခွင်လုံး၏ အာရုံကို လှည့်စားနိုင်စွမ်း ရှိလေတော့သည်။
"လုရီက သခင်မလေး ချင်းချုံးရဲ့ စိန်ခေါ်မှုကို ငြင်းဆန်လိုက်ပြီ၊ သူက အနှစ် နှစ်ရာ ပိုငယ်ပြီး ဒါက သခင်မလေး ချင်းချုံးဘက်က အနိုင်ကျင့်မှု ဖြစ်တယ်လို့ ဆိုတယ်။ ချင်းကျိုးရဲ့ မြို့ကြီးတစ်မြို့မှာ ချင်းချုံးဟွာရဲ့ နောက်လိုက်
တစ်ယောက်က လုရီကို သခင်မလေး ချင်းချုံးကို ကြောက်လို့ ဆိုပြီး လူအများရှေ့မှာ စော်ကားခဲ့ရာမှာ လုရီရဲ့ နောက်လိုက် တစ်ယောက်ရဲ့ ဓားတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတယ်တဲ့ကွ။"
"ဒါဆို.. ဆိုလိုတာက လုရီလို ပါရမီရှင်
တစ်ယောက်အတွက် အနှစ် ၂၀၀ ဆိုတာ တကယ်ကို တိုတောင်းတဲ့ အချိန် မဟုတ်ဘူးပေါ့.. ဟူး...ဒီပါရမီရှင်တွေက ငါတို့လို သာမန်လူတွေနဲ့ မတူဘူးပဲ။"
အခန်း ၄၈၈- လုရီ၏ နောက်လိုက်များ၊ ချင်းချုံးနန်းတော် ...
~"ဟုတ်ပေတယ်... ငါတို့အတွက် အနှစ်နှစ်ရာဆိုတာ မျက်စိတစ်မှိတ်အတွင်းပဲ၊ လုရီနဲ့ ချင်းချုံးဟွာလို ပါရမီရှင်တွေအတွက်တော့ နယ်ပယ်ပေါင်းများစွာကို ချိုးဖျက်ဖို့ လုံလောက်တဲ့အချိန်ပဲ။"
"ဒီတိုက်ပွဲကြီးကို ငါတို့ မြင်တွေ့ရတော့မှာ မဟုတ်ဘူးထင်တယ်။"
"ဒါပေမဲ့ အံ့ဩစရာကောင်းတာက လုရီမှာ တကယ်ကြီး နောက်လိုက်တွေ ရှိပြီး သူတို့ရဲ့အစွမ်းက ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာပဲလား။ သူက အခြေတည် ဝိညာဉ်နယ်ပယ်မှာပဲ ရှိသေးပေမဲ့ လေဓာတ်စိတ်ဆန္ဒကို ဒီလောက်အဆင့်မြင့်မြင့် ကျွမ်းကျင်နေတယ်လို့ ကြားတယ်။ လုရီရဲ့ နောက်လိုက်ဖြစ်ရတာနဲ့ တကယ်ကို ထိုက်တန်ပါပေတယ်။"
"ဒီနောက်လိုက်တွေရဲ့ အရည်အချင်းတွေက
ဒီလောက် အစွမ်းထက်နေမှတော့ အနာဂတ်မှာ မဟာပုဂ္ဂိုလ်ကြီး ဖြစ်လာဖို့ မခက်ခဲလောက်ဘူး... ငါကတော့ နောက်လိုက်ဖြစ်ဖို့တောင် အရည်အချင်းမမီဘူး၊ ဒီကျိန်စာသင့်လောကကြီးရယ်..."
အချို့ကျင့်ကြံသူများက သူတို့နှစ်ဦး၏ စီစဉ်ထားသော တိုက်ပွဲအကြောင်းကို ဆွေးနွေးနေကြသလို၊ အချို့ကမူ လုရီ၏ နောက်လိုက်များ၏ အစွမ်းထက်မှုအပေါ် အံ့ဩတကြီး ဖြစ်နေကြသည်။
သို့သော် ဤစကားကို ကြားရသောအခါ ကောင်းကင်နဂါး သူတော်စင်သားတော်
နှင့် ထိုက်ရီ သူတော်စင်သားတော်ကဲ့သို့သော ပုဂ္ဂိုလ်များမှာ မျက်မှောင်ကို တင်းတင်းကြုတ်လိုက်ကြသည်။
"နောက်လိုက်တွေ ဟုတ်လား။ ညီအစ်ကိုလုက ဘယ်ကနေ နောက်လိုက်တွေ ရသွားတာလဲ။ အခြေတည်ဝိညာဉ်နယ်ပယ်လေးနဲ့ကွာ၊ သူတို့က ညီအစ်ကိုလုရဲ့ နောက်လိုက်ဖြစ်ဖို့ ဘာအရည်အချင်းများ ရှိလို့လဲ။"
ကောင်းကင်နဂါး သူတော်စင် သားတော်၏ အသံထဲမှ ဒေါသတရားများ ပျံ့နှံ့ထွက်ပေါ်လာရာ ကျင့်ကြံသူများကြားတွင် ဂယက်ထသွားပြီး
ပိုင်ယွီလုံမှာ ထိတ်လန့်သွားတော့သည်။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ၊ ညီအစ်ကိုလုကို စော်ကားရဲတယ်ဟုတ်လား။ သူတို့က သေသင့်တယ်။ ဒါပေမဲ့ သူ့ကိုယ်သူ နောက်လိုက်လို့ ကြေညာတာကတော့ တကယ်ကို မျက်နှာပြောင်တိုက်လွန်းတယ်။" ဟု ထိုက်ရိီသူတော်စင် သားတော်ကလည်း ဝင်ရောက်မှတ်ချက်ပြုလိုက်သည်။
ပိုင်ယွီလုံမှာ အပြစ် မရှိဘဲ အစွပ်စွဲခံရသလို ခံစားလိုက်ရသည်။
'ငါ ဘယ်တုန်းကမှ အဲ့ဒီလို
မကြေညာခဲ့ပါဘူး၊ သူတို့ဘာသာသူတို့ ပြောနေကြတာကို။'
သို့သော်ငြားလည်း ကိစ္စမှာ ထိုမျှနှင့် မပြီးဆုံးခဲ့ပေ။ ချင်းချုံးဟွာ၏ နောက်လိုက်များက လုရီမှာ ချင်းချုံးဟွာထက် နိမ့်ကျသည်ဟု ဆိုခဲ့သောကြောင့် ကွပ်မျက်ခံခဲ့ရသည်ကို ကြားသိရသောအခါ ချင်းချုံးဟွာ၏ နောက်လိုက်များမှာ အလိုမကျဖြစ်လာကြတော့သည်။
သိထားရမည်မှာ၊ ချင်းချုံးဟွာသည် မဟာယာနနယ်ပယ်တွင် ရှိစဉ်ကပင် မြောက်ပိုင်းနယ်မြေတစ်ခွင်လုံးတွင် တိုက်ခိုက်ခဲ့ပြီး အခြားသော မဟာနယ်မြေကြီးများသို့ပင် သွားရောက်၍ ရင်းနှီးစွာ ဖလှယ်ခဲ့ဖူးရာ အင်အားကြီး ပုဂ္ဂိုလ်များနှင့် ပေါင်းစည်းခြင်းနယ်ပယ်မှ မဟာပုဂ္ဂိုလ်ကြီးများ အပါအဝင် များပြားလှသော နောက်လိုက်များကို စုဆောင်းနိုင်ခဲ့ပေသည်။
ဤအခိုက်အတန့်တွင် ထိုပါရမီရှင်ပုဂ္ဂိုလ်များကလည်း ထုတ်ဖော်ပြောဆိုလာကြသည်။
"ဟွန့်။ လုရီက တကယ်ပဲ ထူးကဲတဲ့ အရည်အချင်းရှိပါတယ်၊ ဒါပေမယ့်
ငါတို့အင်မော်တယ် ချင်းချုံးနဲ့ နှိုင်းယှဉ်ရင်တော့ သူက အများကြီး လိုသေးတယ်။"
ထိုသို့ မြောက်ပိုင်းနယ်မြေမှ သဲကန္တာရကောင်းကင်ကျားမျိုးနွယ်၏ သခင်လေး၊ ပေါင်းစည်းခြင်းနယ်ပယ်မှ အစွမ်းထက် သဲကန္တာရကောင်းကင်ကျားတစ်ဦးက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ တောင်တန်းတစ်ခုပင် ကြေမွသွားတော့သည်။
ထို့နောက် သူက ချင်းချုံးဟွာအတွက် ရှင်းလင်းချက်တောင်းရန် အရှေ့နယ်မြေသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။
"အစ်မတော် ချင်းချုံးက ပြိုင်ဘက်ကင်းသူပဲ၊ သူက ထျန်းမင်ရဲ့ မျိုးဆက်သစ်တွေထဲမှာ
အသန်မာဆုံးပဲ။ လုရီက အစ်မတော် ချင်းချုံးနဲ့
မယှဉ်သာပါဘူး။ အနှစ်နှစ်ရာကို အကြောင်းပြချက်အဖြစ် သုံးတာက သူ့ရဲ့ အပြစ်ရှိတဲ့စိတ်ရဲ့ လက္ခဏာပဲ။"
မင်ကွမ်းဟဲ မျိုးနွယ်၏ မင်းသမီးကလည်း အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲကာ အရှေ့နယ်မြေသို့ တဟုန်ထိုး ပျံသန်းသွားလေသည်။
ဤအဖြစ်က အရှေ့နယ်မြေမှ လူငယ်ပါရမီရှင်များကြားတွင် ဂယက်ရိုက်သွားစေသည်။
"ချင်းချုံးဟွာက ဘာမို့လို့လဲ။ ညီအစ်ကိုလုက အနှစ်နှစ်ရာ နောက်ကျပြီး ကျင့်ကြံခဲ့ရလို့သာ။ ညီအစ်ကိုလုကိုသာ အနှစ်နှစ်ရာ အချိန်ပေးလိုက်၊ သူက ကပ်ဘေးဖြတ်ကျော်နယ်ပယ်ကို သေချာပေါက် ရောက်မှာပဲ၊ ဒါမှမဟုတ် အင်မော်တယ်တစ်ပါးတောင် ဖြစ်သွားနိုင်တယ်။"
ကောင်းကင်နဂါး သူတော်စင်သားတော်က
ချင်းချုံးဟွာ၏ နောက်လိုက်များထံမှ သတင်းကို ကြားရသောအခါ ဒေါသအိုးပေါက်ကွဲကာ သူ၏ ကျင့်ကြံမှုကိုပင် ဆက်လက် လုပ်ဆောင်ရန် ခက်ခဲသွားတော့သည်။
"အစ်ကိုလုက ပေါင်းစည်းခြင်း နယ်ပယ်မှာတည်းက နိယာမ စွမ်းအားကို ကျွမ်းကျင်ခဲ့ပြီး အဲ့ဒီနယ်ပယ်မှာပဲ ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို ဖွဲ့တည်နိုင်ခဲ့တယ်။
ချင်းချုံးဟွာက အဲ့လိုလုပ်နိုင်လို့လား။ ချင်းချုံးဟွာက အမြီးကိုးချောင်း မိစ္ဆာဧကရာဇ်ရဲ့ အမွေအနှစ်ကို လက်ခံရရှိထားတဲ့ သူသက်သက်ပဲ၊ သူက အစ်ကိုလုနဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ။" လေ့ယင် သူတော်စင်သမီးတော် လေ့ထျန်းယင်မှာ ချင်းချုံးဟွာအပေါ် အထူးသဖြင့် အလိုမကျ ဖြစ်နေသည်။
သူမကလည်း ဤအချိန်များတွင် ချင်းကျိုး၌ ရှိနေခဲ့ပြီး သုန်းကုန်းမင်ယွဲ့နှင့်အတူ မိုးကြိုးတာအိုကို ကျင့်ကြံရန် တိမ်ဖြူဂိုဏ်းသို့ ဝင်ရောက်လိုသည့် ဆန္ဒပင် ရှိနေခဲ့သည်။ သူမ၏ တကယ့်ရည်ရွယ်ချက်ကိုမူ အမြင်စူးရှသူတိုင်း သိမြင်နိုင်ပေသည်။ ထို့ကြောင့် သုန်းကုန်းမင်ယွဲ့မှာ
ပါးနပ်စွာပင် မနှစ်မြို့ဘဲ သူမနှင့် တွေ့ဆုံရန်ပင် ငြင်းဆန်ခဲ့လေသည်။
နှစ်ဖက်စလုံး၏ နောက်လိုက်များမှာ အပြန်အလှန် အော်ဟစ်ကြွေးကြော်ကြကုန်၏။
နောက်ဆုံးတွင် အချို့ကျင့်ကြံသူများမှာ လက်ပါသည်အထိ ဖြစ်လာကြတော့သည်။
သဲကန္တာရ ကောင်းကင်ကျား မျိုးနွယ်၏ သခင်လေးက ကောင်းကင်နဂါး သူတော်စင်သားတော်နှင့် သားရဲတစ်သောင်းတောင်တန်းတွင် ချိန်းဆို တိုက်ခိုက်ကြရာ ကီလိုမီတာပေါင်း သောင်းချီသော တောင်များကို ရုတ်ချည်းပြိုကျစေပြီး မြေဆီလွှာကိုပင် နစ်မြုပ်သွားစေခဲ့သည်။
နောက်ဆုံးရလဒ်ကိုမူ မည်သူမျှ မသိရှိခဲ့ပေ။
နှစ်ဦးစလုံးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြပြီး သူတို့၏ သက်ဆိုင်ရာ အင်အားကြီးများ၏ အရေးပါသော ပုဂ္ဂိုလ်များ၏ အတောင်ပံအောက်တွင် မရှိခဲ့ပါက သူတို့နှစ်ဦးစလုံး
ဤတိုက်ပွဲတွင် များစွာ နာကျင် ခံစားရမည်မှာ သေချာသည်။
ဤအဖြစ်က ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများကို အသည်းထိတ်သွားစေသည်။
"နောက်လိုက်တွေတောင်မှ ဒီလောက်ကြောက်စရာကောင်းတဲ့ ပါရမီရှင်တွေ ဖြစ်နေတယ်၊ ဒီလောက်အစွမ်းထက်နေမှတော့ ချင်းချုံးဟွာနဲ့
လုရီတို့က ဘယ်လောက်တောင် အင်အားကြီးလိုက်မလဲ။"
ပုံမှန်အားဖြင့် သဲကန္တာရကောင်းကင်ကျား သခင်လေးနှင့် ကောင်းကင်နဂါး သူတော်စင်သားတော်ကဲ့သို့သော ပါရမီရှင်၊ ထူးကဲသော ပုဂ္ဂိုလ်များမှာ သူတို့၏ ဧရာမမာနဖြင့် သူတို့ကို များစွာသာလွန်သော တစ်စုံတစ်ဦးမှလွဲ၍ ဘယ်တော့မှ လက်အောက်ခံမည် မဟုတ်။ ထိုသို့သော အားကျလေးစားမှုမျိုးကို စိတ်ကူးထဲပင် ထည့်မည် မဟုတ်ပေ။
လုရီနှင့် ချင်းချုံးဟွာတို့၏ အစွမ်းမှာ သဲကန္တာရကောင်းကင်ကျား သခင်လေးနှင့် ကောင်းကင်နဂါး သူတော်စင်သားတော်တို့နှင့် နှိုင်းယှဉ်ပါက လုံးဝ ကွဲပြား ခြားနားသော အဆင့်တစ်ခုတွင် ရှိရမည်ဟု စိတ်ကူးကြည့်နိုင်ပေသည်။
ရက်အနည်းငယ် ကြာပြီးနောက် လေ့ယင် သူတော်စင်သမီးတော်နှင့် မင်ကွမ်းဟဲ မျိုးနွယ်၏ မင်းသမီးတို့လည်း ကြီးမားသော တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲခဲ့ကြသည်။
ထိုနေ့တွင် ကောင်းကင်၌ မိုးကြိုးများ ဟိန်းဟောက်နေပြီး အင်မော်တယ်တေးသံများက လှည့်ပတ်ကခုန်နေကာ အလင်းရောင်က မိုင်ပေါင်းသောင်းချီ၍ ထွန်းလင်းတောက်ပနေခဲ့သည်။ သူမတို့မှာ တစ်နေ့လုံးနီးပါး တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးတွင် နှစ်ဦးစလုံးမှာ အားအင်ကုန်ခမ်းကာ ကျန်ရှိတော့သည့် အစွမ်းအစမှာ မရှိသလောက် ဖြစ်သွားခဲ့သည်။
အတွင်းသိများ၏ အဆိုအရ နောက်ဆုံးအချိန်အထိပင် သူတို့မှာ တစ်ယောက်ကိုတစ်ယောက် အနိုင်မခံ စိုက်ကြည့်နေကြပြီး ရှုံးနိမ့်ကြောင်း ဝန်ခံရန် ဆန္ဒ မရှိခဲ့ကြဟု ဆိုသည်။
နောက်ဆုံးတွင် သူတို့နောက်ကွယ်မှ အင်အားကြီး ပုဂ္ဂိုလ်များက သူတို့ကို ဆွဲခွဲခဲ့ရပြီး မဟုတ်ပါက ထိုနှစ်ဦးမှာ လက်ချည်းသက်သက် တိုက်ခိုက်သည်အထိ ဖြစ်သွားနိုင်ပေသည်။
ဤအဖြစ်က ကြည့်ရှုနေသော ကျင့်ကြံသူများ၏ နှလုံးသားကို အေးစက်သွားစေသည်။
'အမျိုးသမီး ကျင့်ကြံသူများကြားမှ တိုက်ပွဲများမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပါတကား။'
......
မြောက်ပိုင်းနယ်မြေ၊ ချင်းချုံးတောင်။
ကောင်းကင်ဘုံမြူခိုးများဖြင့် ဖုံးလွှမ်းနေသော လှပသော တောင်ထိပ်တစ်ခုပေါ်တွင် စံအိမ်
တစ်ခု၏ ထိပ်၌ ပန်းနုရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု ရပ်နေသည်။
ထိုပုံရိပ်၏ ရှေ့တွင် ဝိညာဉ်အလင်းတန်းများ တဖျတ်ဖျတ်လက်ကာ လုရီ၏ ချောမောသော မျက်နှာအသွင်သို့ ဖွဲ့စည်းပေါ်ပေါက်လာသည်။
သူမရှေ့မှ အရိပ်ယောင်ကို စိုက်ကြည့်ရင်း
ချင်းချုံးဟွာက အံကြိတ်ကာ အလိုမကျသော လေသံစွက်လျက် ရေရွတ်လိုက်၏။
"ဟက်ဟက်... ဒါဆို နင့်နာမည်က လုရီပေါ့လေ။ နောက်ဆုံးတော့ နင့်ကို ငါရှာတွေ့သွားပြီ။"
ချင်းချုံးဟွာမှာ ယခင်က ဤလူယုတ်မာ၏ စိန်ခေါ်မှုကို ယခုထိ မှတ်မိနေသေးသည်။
သူမ၏ အနည်းငယ် ဆွဲဆောင်မှုရှိသော အသံက မြင့်တက်လာသည်။
"ဟုတ်ပေတယ်၊ အဲ့ဒီတုန်းက ငါ့ရဲ့ ပင်ကိုအသိစိတ်က မှန်ခဲ့တယ်၊ သူ့ရဲ့အရည်အချင်းက တကယ်ကို ကမ္ဘာမြေကို တုန်လှုပ်စေလောက်တယ်။ အနှစ်နှစ်ရာလေးနဲ့ သူက ပေါင်းစည်းခြင်းနယ်ပယ်ကို ကျင့်ကြံနိုင်ခဲ့ပြီတဲ့လား..."
ချင်းချုံးဟွာ၏ ပတ်လည်မှ ပန်းနုရောင်အလင်းတန်းများက တဟုန်ထိုး ထွက်ပေါ်လာပြီး သူမရှေ့မှ လုရီ၏ အရိပ်ယောင်မှာ ပျောက်ကွယ်သွားသည်။ သူမက ကောင်းကင်သို့ မော့ကြည့်ကာ ကြွေးကြော်လိုက်၏။
"အခု ငါက အဲ့ဒီတုန်းက ပေးခဲ့တဲ့ ကတိကို ဖြည့်ဆည်းပြီး နင့်ကို ချင်းချုံးမျိုးနွယ်နယ်မြေကို ဖမ်းခေါ်လာရတော့မယ်။"
ထိုအခိုက်တွင် လှပသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ရုတ်တရက်ပေါ်လာပြီး သူမရှေ့မှ ချင်းချုံးဟွာကို ကြည့်ကာ မေးမြန်းလိုက်သည်။
"ဟွာလေး၊ သမီး ချင်းကျိုးကို သွားမလို့လား။"
"ဟုတ်ကဲ့၊ အကြီးအကဲ ရှင်းယွဲ့၊ သမီး သူ့ကို သွားဖမ်းမလို့ပါ။"
ချင်းချုံးဟွာက အသာအယာ ခေါင်းညိတ်ကာ ညင်သာစွာ ပြုံးလိုက်သည်။
ချင်းချုံးရှင်းယွဲ့က ခပ်တိုးတိုး ရယ်မောလိုက်သည်။
"သမီးက လုရီအကြောင်း ပြောနေတာလား။ သူ့အကြောင်းကို အဒေါ်လည်း ခဏခဏကြားပါတယ်။ သူက တကယ်ကို ထူးကဲတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ဟွာလေးသာ သူ့ကို ပြန်ခေါ်လာနိုင်ရင် သူက သမီးအတွက် တကယ်ကို ကောင်းမွန်တဲ့ ဖက်ဖြစ်လာမှာပဲ။ သမီးတို့နှစ်ယောက် အင်မော်တယ်ဖြစ်သွားရင်တောင် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်နိုင်ကြမှာပေါ့။"
ချင်းချုံးရှင်းယွဲ့၏ ကျီစယ်မှုကို ရင်ဆိုင်ရသောအခါ ချင်းချုံးဟွာက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ရုံသာ ပြုံးလိုက်သည်။
"အကြီးအကဲ ရှင်းယွဲ့က သမီးကို နောက်နေပြန်ပြီ၊ သမီး သွားတော့မယ်နော်။"
"အင်း၊ လမ်းမှာ သတိထားသွားဦး..ကလေး။"
"စိတ်မပူပါနဲ့၊ သမီး ကပ်ဘေးဖြတ်ကျော်နယ်ပယ်ကို ချိုးဖျက်ပြီးသွားပြီ၊ ပြီးတော့ သမီးအနားမှာ ချင်းချုံးနန်းတော်လည်း ရှိနေတာပဲ၊ ဒီကျယ်ပြောလှတဲ့ ကမ္ဘာကြီးမှာ သမီးကို ထိန်းချုပ်ထားနိုင်တဲ့ နေရာ မရှိပါဘူး။"
ချင်းချုံးဟွာ၏ ဆွဲဆောင်မှုရှိသော အသံက ပဲ့တင်ထပ်နေစဉ်မှာပင် သူမ၏
ပုံရိပ်မှာ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
အခန်း ၄၈၉- တုန်လှုပ်သွားသော ချင်းချုံးဟွာ၊ လုရီ၏ အတင်းအဖျင်း သတင်း...
~တိမ်ဖြူဂိုဏ်းတွင် လုရီကလည်း သူ၏ နောက်လိုက်များနှင့် ပတ်သက်သည့် ကိစ္စကို ကြားသိခဲ့ရသည်။
လုရီမှာ မျက်နှာတွင် အမည်းရောင်မျဉ်းများ ပြည့်နှက်နေ၏။
တစ်စုံတစ်ဦးက သူ၏ နောက်လိုက်များဟု အမှန်တကယ် ကြေညာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော် ကောင်းကင်နဂါး သူတော်စင်
သားတော်ကဲ့သို့သော ပုဂ္ဂိုလ်များက သူ့အတွက် ရပ်တည်ပေးရန် ဆန္ဒရှိကြသည်ကို သိရသောအခါ သူမှာ ရင်ထဲ၌ အလွန်တရာ နွေးထွေးသွားမိသည်။
အထူးသဖြင့် လေ့ထျန်းယင်... လုရီမှာ သူမနှင့် ထိတွေ့ဆက်ဆံမှု အနည်းငယ်သာ ရှိခဲ့သော်လည်း သူမက သူ၏ ဂုဏ်သိက္ခာအတွက် မင်ကွမ်းဟဲ မျိုးနွယ်၏ မင်းသမီးနှင့် တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲခဲ့ရာ လုရီမှာ အနည်းငယ်
စိတ်လှုပ်ရှားသွားမိသည်။
လုရီက လေ့ထျန်းယင်မှာ မိုးကြိုးတာအိုကို ကျင့်ကြံသည်ကို သိထားပြီး သူမက သူ၏
ဂျူနီယာညီမလေးနှင့် တာအိုကျွမ်းကျင်မှုများကို မကြာခဏ ဆွေးနွေးလိုသည်ကိုလည်း သိထားသည်။
စဉ်းစားပြီးနောက် သူက လေ့ထျန်းယင်အပေါ် ပိုမိုကောင်းမွန်စွာ ဆက်ဆံရန်နှင့် ရံဖန်ရံခါ အသိပညာအချို့ကို မျှဝေပေးရန် သူ၏ ဂျူနီယာ
ညီမလေးနှင့် စကားပြောကြည့်ဖို့ စိတ်ပိုင်းဖြတ်လိုက်သည်။
လုရီ၏ အမှာစကားကို ကြားသောအခါ
သုန်းကုန်းမင်ယွဲ့က မျက်မှောင်ကြုတ်သွားသည်။
"ဟွန့်။ ဒီမိန်းမက ဒီလို လုပ်ခဲ့တာကို မြင်မှပဲ၊ ငါ သူ့နဲ့ စကားပြောဖို့ အချိန်နည်းနည်း ရှာလိုက်ပါမယ်။ ဒါပေမဲ့ သူက ငါ့
စီနီယာအစ်ကိုကြီးရဲ့ နောက်လိုက်ပဲ ဖြစ်နိုင်မှာနော်။"ဟု သူမက နှုတ်ခမ်းစူလိုက်ပြီး တိုးလျစွာ ရန်တွေ့လေတော့၏။
လုရီက ပြုံးလိုက်သည်။ ဤသို့ဖြင့် သူကလည်း ပိုမို စိတ်အေးချမ်းစွာ နေနိုင်ပေတော့မည်။
ကောင်းကင်နဂါး သူတော်စင်သားတော်၊ ထိုက်ရီ သူတော်စင်သားတော်နှင့် အခြားသူများအတွက်မူ လုရီက သူတို့နှင့် ရံဖန်ရံခါ တာအိုအပေါ် နားလည်မှုကို ဆွေးနွေးဖလှယ်ပြီး ဖြစ်ရာ
အစစ်အမှန်နဂါးနှင့် အခင်းအကျင်း တာအိုဆိုင်ရာ အသိပညာ အမျိုးမျိုးကို ရရှိခဲ့ပြီးဖြစ်သည်။
လိုအပ်ပါက သူက သူတို့ကို တာအိုကျွမ်းကျင်မှုများကို အနည်းငယ် ပို၍ ရှင်းပြပေးလိုက်ရုံသာ ဖြစ်သည်။
......
တစ်လ ကြာပြီးနောက် ချင်းချုံးဟွာမှာ တိမ်ဖြူဂိုဏ်း အပြင်ဘက်ရှိ တောင်များသို့ ရောက်ရှိလာသည်။
သူမက ဆီးနှင်းကဲ့သို့ ဖြူဖွေးသော
မြေခွေးမလေး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏ မျက်လုံးများမှာ ပန်းနုရောင်အလင်းတန်းနှင့် ညှို့ဓာတ်တို့ဖြင့် တဖျတ်ဖျတ်လက်နေကာ တောင်ထိပ်တစ်ခုပေါ်တွင် ရပ်လျက် အဝေးမှ တိမ်ဖြူဂိုဏ်းကို ငေးကြည့်နေသည်။
နှစ်များတစ်လျှောက် တိမ်ဖြူဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဂိုဏ်းတစ်ခုလုံးမှာ သဘာဝအတိုင်းပင် ပိုမို ခမ်းနားထည်ဝါလာခဲ့သည်သာ။
ကျယ်ပြန့်သော တောင်ကုန်းများမှာ ခမ်းနားသော နန်းတော်များ၊ အနုစိတ်သော စံအိမ်များနှင့်
တိုင်လုံးကြီးများဖြင့် ဖုံးလွှမ်းနေပြီး ကြွယ်ဝသော ဝိညာဉ် စွမ်းအင်များက ဝိညာဉ် မြူခိုးများအဖြစ်သို့ စုဖွဲ့နေသည်မှာ အလွန်အမင်း လှပ၍ သေမျိုး လောကနှင့် မတူတော့ပေ။
'ဒီတိမ်ဖြူဂိုဏ်းက... ကောလာဟလတွေထဲကလို မစုတ်ပြတ်နေပါလား။'
ချင်းချုံးဟွာက အဖြူရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ တိမ်ဖြူဂိုဏ်းသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။
တိမ်ဖြူဂိုဏ်း၏ ပတ်လည်သို့ နီးကပ်လာသောအခါ ချင်းချုံးဟွာက ရုတ်တရက် ရပ်တန့်သွားပြီး သူမ၏ မျက်လုံးများမှာ လျှို့ဝှက်ဆန်းကြယ်သော တာအို အလင်းတန်းတစ်ခုဖြင့် တဖျတ်ဖျတ်လက်သွားသည်။
သူမ၏ အမြင်အာရုံထဲတွင် များပြားလှသော အနုစိတ်ပြီး ရှုပ်ထွေးသည့် အခင်းအကျင်းပုံစံများ စီးဆင်းနေသည်။ ၎င်းတို့က တစ်ခုနှင့်တစ်ခု ဆက်စပ်နေသော အခင်းအကျင်း မြေပုံများအဖြစ်သို့ ဖွဲ့စည်းထားလေသည်။
ချင်းချုံးဟွာပင်လျှင် အလွန်အမင်း အန္တရာယ်ရှိသည်ကို ခံစားလိုက်ရသည်။
သူမမှာ အလွန်တရာ တုန်လှုပ်သွားပြီး တိုးလျစွာ ရေရွတ်လိုက်သည်။
'လုရီက အခင်းအကျင်းတာအိုမှာ မယုံနိုင်လောက်အောင် အားကောင်းတဲ့ အရည်အချင်းရှိပြီး သူ့ကိုယ်ပိုင် ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို ဖော်ထုတ်ခဲ့တယ်လို့ ကြားတယ်၊ ကောလာဟလတွေက မှန်နေတာပဲ... ဒီဂိုဏ်းအကာအကွယ်အခင်းအကျင်းကသာ တကယ်လို့ လုရီတစ်ယောက်တည်း ဖန်တီးခဲ့တာဆိုရင် အခင်းအကျင်းတာအိုမှာရှိတဲ့ သူ့ရဲ့အရည်အချင်းက ငါ့မျှော်လင့်ထားတာထက်တောင် ကျော်လွန်နေနိုင်တယ်။'
နောက်တစ်ခဏတွင် ချင်းချုံးဟွာက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။
"ဒါပေမယ့် ဒီလို အခင်းအကျင်းမြေပုံမျိုးက ငါ့ကို တားနိုင်မှာ မဟုတ်ဘူး"
"ဟင်းလင်းပြင် ဖြတ်ကူးခြင်း"
လျှို့ဝှက်ဆန်းကြယ်သော ပန်းနုရောင်အလင်းတန်းတစ်ခုက သူမ၏ နဖူးစပ်တွင် ရစ်ခတ်သွားသည်။
နောက်တစ်ခဏတွင် ပန်းနုရောင်အလင်းတန်းက သူမ၏ ကိုယ်ကို ဖုံးလွှမ်းသွားပြီး သူမက အရိပ်ယောင်တစ်ခုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော အခင်းအကျင်းပုံစံများကို ဖြတ်သန်းကာ တိမ်ဖြူဂိုဏ်းအတွင်းသို့ ဝင်ရောက်သွားသည်။
တိမ်ဖြူဂိုဏ်းအတွင်းသို့ ရောက်သည်နှင့်
ချင်းချုံးဟွာက အလျင်မလိုဘဲ သာမန်အဖြူရောင်မြေခွေးတစ်ကောင်ကဲ့သို့ တောင်များကြားတွင် အေးအေးဆေးဆေး လျှောက်သွားလေသည်။ တိမ်ဖြူဂိုဏ်းမှ ကျင့်ကြံသူများ ဓားပျံသန်းနေသည်ကို ကြည့်ရှုကာ တိမ်ဖြူဂိုဏ်းမှ ကျင့်ကြံသူအမျိုးမျိုး တာအိုအပေါ် နားလည်မှုကို ဖလှယ်နေသည်ကို သူမက လေ့လာနေသည်။
လျှောက်သွားလေလေ၊ ချင်းချုံးဟွာမှာ ပို၍ အံ့အားသင့်လေလေ ဖြစ်လာသည်။
အဘယ်ကြောင့်ဆိုသော် သူမက တိမ်ဖြူဂိုဏ်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုမှာ မယုံနိုင်လောက်အောင် ထူထပ်နေသည်ကို ရှာတွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
'ဒီ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုအဆင့်က... ငါ့ရဲ့ ချင်းချုံး မျိုးနွယ်ရဲ့ မျိုးနွယ်နယ်မြေတွေနဲ့တောင် ယှဉ်နိုင်လုနီးပါးပဲ။ တိမ်ဖြူဂိုဏ်းမှာ လုရီကလွဲရင် မဟာပုဂ္ဂိုလ်ကြီးတွေ မရှိဘူးလို့ ပြောကြတာ မဟုတ်ဘူးလား။ တိမ်ဖြူဂိုဏ်းက ဘယ်လိုလုပ် ဒီလို ကောင်းကင် လှိုဏ်ဂူကောင်းချီးမြေ ဖြစ်နေရတာလဲ။' ချင်းချုံးဟွာမှာ မယုံနိုင်အောင် ဖြစ်နေသည်။
ချင်းချုံးဟွာက ဓားဖြင့် ပျံသန်းနေသော တပည့်များကို လျင်မြန်စွာ ဖြတ်ကျော်သွားရင်း စိတ်ထဲတွင် တွေးနေမိသည်။
'ဒီလို ကောင်းကင် လှိုဏ်ဂူ ကောင်းချီးမြေဖြစ်ပြီးတော့ တပည့်တွေကလည်း အားမနည်းကြပါလား။'
တောင်ထိပ်များစွာကို ဖြတ်ကျော်သွားစဉ် တပည့်များမှာ အများစုမှာ ရွှေအူတိုင်၊ အခြေတည်ဝိညာဉ်နယ်ပယ်တွင် ရှိကြပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်တွင် ရှိသူအချို့လည်း ရှိသည်ကို ချင်းချုံးဟွာ သတိပြုမိသည်။
ထိုစဉ် တိမ်ဖြူဂိုဏ်းမှာ ရုတ်တရက် သက်ဝင်လှုပ်ရှားလာပုံရပြီး များပြားလှသော ကျင့်ကြံသူများမှာ ကောင်းကင်သို့ ပျံတက်ကာ ဦးတည်ရာတစ်ခုသို့ ပျံသန်းသွားကြသည်။
"မြန်မြန်လုပ်ကြ။ အစ်ကိုကြီး ကျန့်ဖန်နဲ့ အစ်ကိုကြီး ထျဲ့မန်တို့ သိုင်းပြိုင်တော့မယ်ထင်တယ်။ သူတို့ သိုင်းပြိုင်တာကို ကြည့်ရင် ငါတို့ရဲ့
အယူအဆ နားလည်မှုအတွက် အကျိုးရှိလိမ့်မယ်။"
"အလုပ်ရုံရဲ့ ဗဟိုရင်ပြင်မှာတဲ့ဟ၊ မြန်မြန်သွားကြစို့။"
သဘာဝအတိုင်းပင် ချင်းချုံးဟွာကလည်း
သူတို့၏ စကားကို ကြားလိုက်ရပြီး စပ်စုစွာဖြင့် ကောင်းကင်သို့ ပျံတက်ကာ ဓားပျံသန်းနေသော တပည့်များနောက်သို့ လိုက်၍ အလုပ်ရုံသို့ သွားတော့သည်။ သို့သော် အနီးအနားမှ တပည့်များပင်လျှင် ချင်းချုံးဟွာ၏ တည်ရှိမှုကို သတိမပြုမိကြပေ။
မကြာမီ ချင်းချုံးဟွာမှာ အလုပ်ရုံ၏ ဗဟိုရင်ပြင်သို့ ရောက်ရှိလာသည်။
ရင်ပြင်တွင် မျှော်စင်မြင့် တစ်ခု ရှိနေသည်။
သူမက မျှော်စင်ကို တစ်ချက် ကြည့်လိုက်ပြီး ၎င်းမှာ ကျင့်ကြံခြင်းရတနာ တစ်ခု ဖြစ်ပြီး ဖြစ်နိုင်သည်မှာ အဆင့်မြင့်တစ်ခုဖြစ်မည်ဟု အသိအမှတ်ပြုလိုက်သည်။
'ရှေးဟောင်းမှော်ရတနာ...' ချင်းချုံးဟွာက
တိုးလျစွာ ရေရွတ်လိုက်သည်။
မမျှော်လင့်ဘဲ တိမ်ဖြူဂိုဏ်းမှာလည်း ထိုကဲ့သို့သော ရတနာကို ပိုင်ဆိုင်နေပါတကား။
ထို့နောက် သူမက မျှော်စင်ဘေးမှ ကြီးမားပြီး မည်းနက်နေသော စင်မြင့်ကို ကြည့်လိုက်ရာ သူမ၏ မျက်နှာမှာ အံ့ဩခြင်းတို့ဖြင့် ပြည့်နှက်သွားသည်။
'အနက်ရောင် ချောက်နက်
ကျောက်တုံးနဲ့ လုပ်ထားတာလား။ တိမ်ဖြူဂိုဏ်းမှာ တကယ်ကြီး ဒီလို အရင်းအမြစ်တွေ ရှိနေတာလား။'
အနက်ရောင် ချောက်နက်ကျောက်တုံးမှာ ပေါင်းစည်းခြင်းနယ်ပယ်တွင် အသုံးပြုသော ပစ္စည်းတစ်ခုဖြစ်သည်။ ထိုကဲ့သို့ ကြီးမားသော စင်မြင့်တစ်ခုအတွက် များပြားလှသော အနက်ရောင် ချောက်နက်ကျောက်တုံးများ လိုအပ်ပြီး ချင်းချုံးမျိုးနွယ်ပင်လျှင် ထုတ်ပေးရန် စိတ်ထိခိုက်ပေမည်။
မမျှော်လင့်ဘဲ ဤစင်မြင့်မှာ အနက်ရောင် ချောက်နက်ကျောက်တုံးဖြင့် ပြုလုပ်ထားခဲ့သည်။
ချင်းချုံးဟွာမှာ ဤသည်မှာ လုရီ ရရှိခဲ့သော ကောင်းကင်နှင့်မြေကြီးရတနာများထဲမှ တစ်ခုဖြစ်သည်ကို မသိရှိခဲ့ပေ။
သူက ၎င်းကို
အသုံးမဝင်သောကြောင့် တိမ်ဖြူဂိုဏ်းတွင် စင်မြင့်တစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်း သာ။
စင်စစ်ဆိုရသော် တိမ်ဖြူဂိုဏ်းရှိ ကျင့်ကြံသူများ၏ အင်အား မြင့်တက်လာသည်နှင့်အမျှ ယခင်စင်မြင့်မှာ မလုံလောက်တော့ပေ။
ဤအကြောင်းကြောင့် လုရီက တိမ်ဖြူဂိုဏ်းကို ပျက်စီးမှု မရှိစေရန် တိုက်ပွဲများ၏ လက်ကျန်အကျိုးသက်ရောက်မှုများကို လျှော့ချရန် စင်မြင့်ပေါ်တွင် မဟာအခင်းအကျင်းကြီးတစ်ခုကိုပင် တပ်ဆင်ထားခဲ့သည်။
စင်မြင့်ပေါ်တွင် ကျန့်ဖန်နှင့် ထျဲ့မန်တို့ မျက်နှာချင်းဆိုင် ရပ်နေကြသည်။
နှစ်ဦးစလုံး၏ အရှိန်အဝါများမှာ အခြေတည်ဝိညာဉ်အထွတ်အထိပ်တွင် ရှိနေပြီး နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုပေတော့သည်။
အနှစ်နှစ်ရာမျှသာဖြင့် ချီကျင့်ကြံခြင်းမှ အခြေတည်ဝိညာဉ် အထွတ်အထိပ်သို့ ရောက်ရှိလာသော သူတို့နှစ်ဦးမှာ အရှေ့နယ်မြေ တစ်ခုလုံးတွင်ပင် ထူးခြားဆန်းကြယ်သော ပါရမီရှင်များအဖြစ် သတ်မှတ်ခံရလေသည်။