← Chapters

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

အခန်း ၄၉၃- နုနယ်သူမို့ မထီမဲ့မြင်မပြုပါနဲ့၊ ရာရှိုမွန်မျိုးနွယ်၏ မာန ...

~လျိုနင်ရွှမ်း၊ ကျန်းရူယွီနှင့် သုန်းကုန်းမင်ယွဲ့တို့အားလုံး၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး

မယုံနိုင်မှုတို့ဖြင့် ပြည့်လျှံနေတော့သည်။

"ဒါ မဖြစ်နိုင်ဘူး။ ကြယ်ငယ်လေးက လူစိမ်းတွေကို အရမ်းသတိထားတာ ထင်ရှားနေတာပဲ။ ဘာလို့ အဲ့ဒီမြေခွေးဝိညာဉ်မနဲ့ နီးနီးကပ်ကပ် နေနေရတာလဲ။" သုန်းကုန်းမင်ယွဲ့က တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

အမျိုးသမီးကျင့်ကြံသူတစ်ဦးအနေဖြင့်

ချင်းချုံးဟွာမှာ ချစ်စရာကောင်းသော ကြယ်ငယ်လေးကို သဘာဝအတိုင်းပင် မြတ်နိုးနေသည်။ ထို့ထက်ပိုသည်က ၎င်းမှာ အင်မော်တယ်သားရဲငယ်

တစ်ကောင် ဖြစ်နေ၏။

ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရန် အခွင့်အရေးကို မြင်တွေ့ရသောအခါ

သူမက သေချာပေါက် အခွင့်အရေးကို လက်လွှတ် မခံနိုင်ပါပေ။

ချင်းချုံးဟွာ၏ မျက်လုံးများမှာ တောက်ပစွာ လင်းလက်နေသည်။ သူမက ချိုမြစွာ ရယ်မောလိုက်ကာ ငုတ်တုတ် ထိုင်လိုက်ပြီး သူမ၏ သွယ်လျသော ကျောက်စိမ်းလက်ဖြင့် ကြယ်ငယ်လေးကို ထိတွေ့ရန် လှမ်းလိုက်၏။

ကျန်းရူယွီ၊ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့က သူတို့၏ အကြည့်များကို ကြယ်ငယ်လေးပေါ်တွင် စူးစိုက်ထားကြရာ ၎င်းက ရှောင်တိမ်းခြင်း

မပြုဘဲ ချင်းချုံးဟွာကို ပွတ်သပ်ခွင့်ပြုသည်ကို ရှာဖွေတွေ့ရှိလိုက်ရသည်။

"လိမ္မာလိုက်တာ။"

ချင်းချုံးဟွာ၏ နှုတ်ခမ်းထောင့်များမှာ မြင့်တက်သွားပြီး သူမက ပြုံးလျက် ဆိုလိုက် တော့သည်။

ဤအခိုက်အတန့်တွင် သုံးဦးစလုံးမှာ သူတို့၏ စိတ်ထဲမှ ကျိုးကြောင်းဆင်ခြင်တုံတရားများ ပြတ်တောက်သွားသည်ဟု ခံစားလိုက်ရ၏။

သုန်းကုန်းမင်ယွဲ့၏ မျက်လုံးများမှာ နီရဲလာသည်။

"ကျေးဇူးကန်းတဲ့ ကောင်စုတ်။ ဆယ်နှစ်လုံးလုံး ငါက မင်းကို အရသာရှိတဲ့ အစားအစာအမျိုးမျိုး ကျွေးခဲ့တာတောင် မင်းက ငါ့ကို ထိခွင့်မပေးဘူး၊ အခုတော့ အပြင်က မြေခွေးဝိညာဉ်မကို ပွတ်သပ်ခွင့်ပေးတယ် ဟုတ်လား။"

ကျန်းရူယွီလည်း အံကိုကြိတ်လိုက်သည်။ တန်ဖိုးရှိသော တစ်စုံတစ်ခုကို အခိုးခံလိုက်ရသည့်အလား ဓားစိတ်ဆန္ဒများမှာ သူမပတ်လည်တွင် လှိုင်းထနေကာ ဓားဖြင့် ခုတ်ပိုင်းပစ်ချင်စိတ်များ တဖွားဖွားပေါ်နေသည်။

လျိုနင်ရွှမ်း၏ လှပသော မျက်နှာမှာ အေးစက်နေပြီး ကြယ်ငယ်လေးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။

"အင်မော်တယ်သားရဲငယ် တစ်ကောင်လေးပဲ၊ ငါ ဂရုမစိုက်ပါဘူး။"

လုရီပင်လျှင် ကြယ်ငယ်လေးကို အံ့ဩတကြီး ကြည့်နေမိပြီး ၎င်းက ချင်းချုံးဟွာနှင့် နီးကပ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

'ဒါ ဘယ်လို သဘောတရားမျိုးလဲ"

လုရီ၏ ဂူစံအိမ်နှင့် မနီးမဝေးတွင် လင်းလောင်တောင်ထိပ်သခင်မနှင့် အဘွားယွမ်လင်တို့လည်း ဤမြင်ကွင်းကို မြင်တွေ့နေကြသည်။

လင်းလောင်တောင်ထိပ်သခင်မမှာ မနာလိုစိတ်ကို မထိန်းနိုင်ဘဲ မကျေမနပ် ရေရွတ်လိုက်သည်။

"ကျွန်မတောင်မှ ဒီကောင်လေးကို ပွေ့ဖို့ ခက်ခဲနေတာ၊ အခုတော့ အဲ့ဒီမြေခွေးမလေးနဲ့ ဒီလောက်တောင် နီးနီးကပ်ကပ် နေနေပါလား။"

အဘွားယွမ်လင်က ချင်းချုံးဟွာကို ကြည့်ရင်း ပြောပြလိုက်သည်။

"ချင်းချုံးက ဒီကောင်မလေးက အမြီးကိုးချောင်း အင်မော်တယ်မြေခွေးတစ်ကောင်၊ အင်မော်တယ်သားရဲသွေးကြောမျိုးနွယ်ပဲ။ ဖြစ်နိုင်တာက အင်မော်တယ်သားရဲတွေကြားက ဆက်သွယ်မှုကြောင့် ကြယ်ငယ်လေးက သူ့ကို သဘောကျသွားတာ ဖြစ်နိုင်ပါတယ်။"

လင်းလောင်တောင်ထိပ်သခင်မက ခေါင်းညိတ်ပြီးနောက် မေးလိုက်သည်။

"ဒါဆို အဲ့ဒီကောင်လေး လုရီကကော။ ဘာလို့ ဒီကောင်လေးက သူတို့ ပထမဆုံးတွေ့တဲ့အချိန်ကတည်းက သူ့ကို ဒီလောက် တွယ်ကပ်နေရတာလဲ။"

"ဒါကတော့... ကျွန်မလည်း မသိပါဘူး။" အဘွားယွမ်လင်က ခေါင်းခါလိုက်သည်။

..

ထိုစဉ် ချင်းချုံးဟွာက သုန်းကုန်းမင်ယွဲ့နှင့် အခြားသူများ၏ စကားကို နားထောင်ရသောအခါ မျက်ခုံးပင့်ကာ ဘာတွေဖြစ်နေသည်ကို နားလည်သွားပြီး ထိုသုံးဦးကို အနည်းငယ် သရော်လှောင်ပြောင်သော အပြုံးဖြင့် ကြည့်လိုက်သည်။

"ဘာလဲ၊ ဒီကောင်လေးက နင်တို့နဲ့ နီးနီးကပ်ကပ် မနေဘူးလား။ သူက ငါ့ကို ပိုပြီး လက်ခံပုံပဲ၊ ဟုတ်တယ်မလား။"

သုံးဦးသား၏ ကိုယ်မှ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ တဟုန်ထိုးထွက်ပေါ်လာပြီး ချင်းချုံးဟွာကို အေးစက်စွာ စိုက်ကြည့်နေကြသည်။

ချင်းချုံးဟွာမှာမူ စိတ်အနှောင့်အယှက်ဖြစ်ပုံမရဘဲ သူမ၏ အပြုံးကို ဆက်လက်ထိန်းသိမ်းကာ လုရီဘက်သို့ လှည့်လိုက်သည်။

"ငါတို့ ချိန်းဆိုထားပြီးပြီဆိုတော့ ငါသွားတော့မယ်။ မောင်လေးလု၊ ငါတို့ကြားက ဆုံးဖြတ်ချက်ကို မမေ့နဲ့နော်။"

ထိုသို့ပြောပြီး ချင်းချုံးဟွာက လုရီကို ဆွဲဆောင်မှုရှိသော အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။

ထို့နောက် သူမက အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်သို့ တဟုန်ထိုး ပျံတက်သွားပြီး တိမ်ဖြူဂိုဏ်းမှ ထွက်ခွာသွားတော့သည်။

"ဝူး ဝူး..."

ကြယ်ငယ်လေးက ချင်းချုံးဟွာ ထွက်ခွာသွားသည်ကို မော့ကြည့်ရင်း နှစ်ကြိမ်အော်ခေါ်လိုက်သည်။

ချင်းချုံးဟွာ ပြန်မလာသည်ကို မြင်သောအခါ သူက ပြေးလာပြီး လုရီ၏ ခြေရင်းတွင် ဝပ်နေလိုက်တော့သည်။

ဤအဖြစ်က လျိုနင်ရွှမ်းနှင့် အခြားသူများကို ဒေါသဖြင့် ပေါက်ကွဲထွက်စေတော့၏။

"ကျေးဇူးကန်းတဲ့ သတ္တဝါ။" သုန်းကုန်းမင်ယွဲ့က မရပ်မနား ဒေါသတကြီး မြည်တွန်နေတော့သည်။

သုံးဦးသား၏ အေးစက်သော မျက်နှာအမူအရာများကို မြင်သော် လုရီမှာ အားမလိုအားမရ ပြုံးလိုက်ရသည်။

"ဒီကောင်လေးက ချင်းချုံးဟွာကလည်း လူမဟုတ်ဘဲ အင်မော်တယ်သားရဲမျိုးနွယ်ထဲက ဖြစ်နေလို့ သူ့ကို ခင်တာ ဖြစ်နိုင်တယ်။ ဒါကြောင့် သူနဲ့ နီးနီးကပ်ကပ် နေတာပေါ့။ မင်းတို့က သူနဲ့

မတူဘူးလေ။"

ဤသည်မှာ လုရီ နောက်ပိုင်းတွင် စဉ်းစားမိသော ရှင်းလင်းချက်ဖြစ်ပြီး ၎င်းမှာ အဖြစ်နိုင်ဆုံးဟု ထင်ရသည်။

ဤစကားကို ကြားသော် လျိုနင်ရွှမ်းနှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ အနည်းငယ် သက်သာရာ ရလာသည်။

ကျန်းရူယွီက အိပ်ပျော်နေသော ကြယ်ငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီး နှာမှုတ်လိုက်သည်။

"ဒီလိုဖြစ်ရင်တောင်မှ ငါတို့ရဲ့ ရန်သူနဲ့ ဒီလောက်နီးနီးကပ်ကပ် နေတာကတော့ ကြယ်ငယ်လေးက တရားလွန်သွားပြီ။"

သုန်းကုန်းမင်ယွဲ့က သူမ၏ လက်သီးကို ပို၍ တင်းတင်းဆုပ်ကာ ဆိုသည်။

"အဲ့ဒီမြေခွေးဝိညာဉ်မက ငါ့ကို အထင်သေးဝံ့တယ်။ စီနီယာအစ်ကိုကြီး၊ အချိန်တန်ရင် ရှင့်က သူ့ကို သေချာပေါက် ဆုံးမပေးရမယ်။"

လုရီက ထိုအကြံကို မငြင်းဆန်ဘဲ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"အဲ့ဒီမြေခွေးဝိညာဉ်က ငါတို့ တိမ်ဖြူဂိုဏ်းကို လာပြီး ဒီလောက် ဆူပူအောင် လုပ်သွားတာ၊ ငါ သေချာပေါက် မှတ်ထားမှာပါ။"

လုရီကို နားမလည်နိုင် ဖြစ်စေသည်မှာ ချင်းချုံးဟွာ တိမ်ဖြူဂိုဏ်းသို့ ရောက်လာစဉ်က ဆရာမ သို့မဟုတ် အဘွားယွမ်လင်ထံမှ အဘယ့်ကြောင့် တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိခဲ့သနည်းဟူသော အချက်ပင်။

နောက်ပိုင်းတွင် လုရီက ချင်းချုံးဟွာမှာ တကယ်တမ်းတွင် ထိုမျှ စကားပြောရ လွယ်ကူသူတစ်ဦး ဟုတ်မဟုတ် စဉ်းစားမိသည်။

အရှေ့တောအုပ် အပျက်အစီးများတွင် နောက်ဆုံးအကြိမ်က ထိုမြေခွေးဝိညာဉ်မှာ ထိုမျှ သဘောတူညီမှုမရှိခဲ့ပါ။ဤတစ်ကြိမ် သူမ၏ ဖော်ရွေမှုမှာ သူ့ကြောင့်တော့ ဖြစ်နိုင်ချေ မရှိပေ။

ထိုအခါ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ဆရာမနှင့် အဘွားယွမ်လင်ထံတွင်သာ ရှိသည်။

လုရီ၏ နှလုံးသားထဲတွင် နားလည်သွားသည်။

ချင်းချုံးဟွာ၏ ရောက်ရှိလာမှုနှင့် ကြယ်ငယ်လေးနှင့် ပတ်သက်သည့် ပြဿနာများကြားတွင် မိန်းကလေး သုံးဦးစလုံးမှာ ဒေါသထွက်နေကြပြီး လုရီအား နှုတ်ဆက်ကာ ကျင့်ကြံရန် ပြန်သွားကြ လေသည်။

ဆက်လက်၍ လုရီက ကျန့်ဖန်နှင့် အခြားသူများ သူ၏ဘက်သို့ ပျံတက်လာသည်ကို မြင်တွေ့လိုက်ရသည်။

သူတို့ ချဉ်းကပ်လာသည်နှင့် လုရီက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသော ပိုင်ယွီလုံ၏ အသံကို ကြားလိုက်ရသည်။

"ညီလေး လု၊ မင်းမှာ သခင်မလေး ချင်းချုံးနဲ့ ဒီလို အချစ်ဇာတ်လမ်းတွေ ရှိလိမ့်မယ်လို့ ငါမသိခဲ့ဘူး။ ကျန့်ဖန်သာ မပြောပြရင် ငါတို့ ဘာမှသိမှာ မဟုတ်ဘူး။"

လုရီ၏ မျက်လုံးများမှာ မေးခွန်းအမှတ်အသားများ ပြည့်နှက်သွားတော့၏။

သူက ကျန့်ဖန်ကို လုံးဝ နားမလည်နိုင်သော အမူအရာဖြင့် ကြည့်ကာ စိတ်ထဲ၌ မြည်တွန်လိုက်သည်။

'အဲ့ဒီ လူယုတ်မာက၊ သူ့ရဲ့ တည်ကြည်တဲ့ မျက်နှာထားနဲ့တောင် ငါ့အကြောင်း ဒီလို အတင်းအဖျင်းတွေ ဖြန့်နေခဲ့တာလား။'

လုရီမှာ ဘာပြောရမှန်းမသိဘဲ ဆိုလိုက်ရသည်။

"လျှောက်မတွေးကြနဲ့။ အဲ့ဒါက ချင်းချုံးဟွာက ဖန်တီးခဲ့တဲ့ အကြောင်းပြချက်သက်သက်ပဲ၊ ကျွန်တော်က သူနဲ့ အနှစ်တစ်ရာအတွင်း တိုက်ခိုက်ဖို့ သဘောတူပြီးသွားပြီ။"

လုရီမှာ သူနှင့် ချင်းချုံးဟွာ၏ အချစ်ဇာတ်လမ်းအကြောင်း စပ်စုနေသော လူများကို ဖျောင်းဖျရန် အချိန်အတော်ကြာ ယူခဲ့ရရလေ၏။ ထို့နောက် မှာတော့ သူက တံခါးပိတ်ကျင့်ကြံမှုသို့ ပြန်ဝင်သွားတော့သည်။

မကြာမီ ချင်းချုံးဟွာ၏ တိမ်ဖြူဂိုဏ်းသို့ ရောက်ရှိလာမှုနှင့် လုမိသားစုထဲသို့ လက်ထပ်ဝင်ရောက်ရန် ရည်ရွယ်သည်ဟူသော သတင်းမှာ မီးလျှံကဲ့သို့ ပျံ့နှံ့သွားတော့သည်။

၎င်းမှာ လက်တွေ့တွင် မြေငလျင်တစ်ခုပင် ဖြစ်သည်။

ချင်းချုံးဟွာက ဘယ်သူလဲ။

သူမက ချင်းချုံးမျိုးနွယ်၏ သခင်မလေး၊ အမြီးကိုးချောင်း မိစ္ဆာဧကရာဇ်၏ ဆက်ခံသူ၊

ထျန်းမင်၏ မျိုးဆက်သစ်များထဲမှ စွမ်းအား အကြီးမြတ်ဆုံး တစ်ဦးဖြစ်ပြီး အနာဂတ်တွင် အင်မော်တယ်တစ်ပါး ဖြစ်လာမည်မှာ သေချာသည် မဟုတ်ပါလား။

ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးက လက်ထပ်မည်တဲ့လား။

အခန်း ၄၉၄- နုနယ်သူမို့ မထီမဲ့မြင်မပြုပါနဲ့၊ ရာရှိုမွန်မျိုးနွယ်၏ မာန ...

~ပြီးတော့ လုရီကို လက်ထပ်မည်တဲ့လား။

လုရီက ဘယ်သူလဲ။

ထျန်းမင်၏ သမိုင်းတစ်လျှောက်တွင် သူက အထူးချွန်ဆုံးသော ကျင့်ကြံသူဖြစ်သည်။ ပေါင်းစည်းခြင်းနယ်ပယ်မှာပင် နိယာမများကို ကျွမ်းကျင်ခဲ့ပြီး ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို ဖော်ထုတ်ခဲ့ရာ သူ၏အနာဂတ်မှာ ပြိုင်ဘက်ကင်းသော အင်မော်တယ်မိစ္ဆာတစ်ပါးအဖြစ် တက်လှမ်းရန် သေချာသလောက်ပင်။

ထိုနှစ်ဦးတွင် ထိုကဲ့သို့သော အတိတ်ဇာတ်လမ်းတစ်ခု ရှိလိမ့်မည်ဟု ဘယ်သူက ထင်မှာလဲ။

ထျန်းမင်မှ ကျင့်ကြံသူများအားလုံးနီးပါး တုန်လှုပ်သွားကြပြီး ထိုအထဲတွင် နှစ်ဖက်စလုံး၏ နောက်လိုက်များလည်း ပါဝင်သည်။

အထူးသဖြင့် ချင်းချုံးဟွာ၏ နောက်လိုက်များမှာ ဒေါသထွက်နေကြလေသည်။

သဲကန္တာရကောင်းကင်ကျား သခင်လေးက ဟိန်းဟောက်လိုက်သည်။

"မဖြစ်နိုင်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။ အင်မော်တယ် ချင်းချုံးက ဖြူစင်ပြီး ဒီလောကမှာ ပြိုင်ဘက်ကင်းသူပဲ၊ သူက လုရီကို ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ။ ငါ မယုံဘူး။"

မင်ကွမ်းဟဲ မင်းသမီးမှာလည်း အလားတူပင် ဒေါသထွက်နေသည်။

"အစ်မတော် ချင်းချုံးက အမျိုးသမီးတွေထဲက သူရဲကောင်းတစ်ယောက်၊ ထျန်းမင်မှာ ပထမဆုံးပုဂ္ဂိုလ်ပဲ၊ သူက ယောက်ျားကျင့်ကြံသူတစ်ယောက်နဲ့ ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲ။ ငါ မယုံဘူး။"

...

ဆန့်ကျင်ဘက်အားဖြင့် လုရီ၏ နောက်လိုက်များမှာမူ အလွန်အမင်း ပျော်ရွှင်နေကြလေသည်။

ကောင်းကင်နဂါး သူတော်စင်သားတော်က အားရပါးရ ရယ်မောလိုက်၏။

"မင်းတို့အားလုံးက ငါ့ညီအစ်ကိုလုကို ချင်းချုံးဟွာနဲ့ နှိုင်းယှဉ်ချင်နေကြတာ၊ အခု ကြည့်လိုက်စမ်း၊ ချင်းချုံးဟွာကိုယ်တိုင်က လုမိသားစုထဲကို ဝင်ချင်နေပြီ၊ မကြာခင် ငါတို့ရဲ့ မရီးတော် ဖြစ်တော့မှာ။ အခု ဘယ်လို ငြင်းခုံကြဦးမလဲ။"

ထိုက်ယီ သူတော်စင်သားတော်ကလည်း

တခစ်ခစ်ရယ်မောလိုက်၏။

"ဒါဆို သူက မရီးတော်ပေါ့၊ ဒါက ကိုယ့်လူ

အချင်းချင်း မတော်တဆ ရန်ဖြစ်မိသလိုပါပဲ။"

ဆန့်ကျင်ဘက်အားဖြင့် လေ့ယင် သူတော်စင်သမီးတော်မှာမူ အလွန် မကျေမနပ်ဖြစ်နေသည်။

"အဲ့ဒီမြေခွေးဝိညာဉ်မက အစ်ကိုလုကို တိုက်ခိုက်ဖို့ စိန်ခေါ်ချင်တယ်လို့ ပြောပြီးတော့ အခုကျတော့ သူ့ရဲ့ တာအို လက်တွဲဖော် ဖြစ်ချင်နေတယ်တဲ့၊ တကယ်ကို မျက်နှာပြောင်တိုက်လွန်းတယ်။"

လေ့ယင် သူတော်စင်သမီးတော်အပြင် ထျန်းမင်မှ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေမှ သူတော်စင်သမီးများစွာမှာလည်း တီးတိုးပြောဆိုနေကြပြီး သူတို့၏ ရင်တွင်းခံစားချက်များကိုမူ အမြင်စူးရှသူတိုင်း သိမြင်နိုင်ပေသည်။

သို့သော် မကြာမီ နောက်ထပ်သတင်းတစ်ခု ပျံ့နှံ့လာသည်မှာ လုရီနှင့် ချင်းချုံးဟွာတို့၏ တိုက်ပွဲကို သတ်မှတ်ပြီးဖြစ်ကြောင်း၊ ချင်းချုံးဟွာက

လုရီကို အနှစ်တစ်ရာ စောင့်ဆိုင်းမည် ဖြစ်ပြီး အနှစ်တစ်ရာ ကြာပြီးနောက် သူတို့ တိုက်ပွဲတစ်ပွဲ ဆင်နွှဲမည် ဖြစ်ကြောင်းပင်။

သို့သော်ငြားလည်း ချင်းချုံးဟွာက လုမိသားစုထဲသို့ လက်ထပ်ဝင်ရောက်လိုသည့်ကိစ္စမှာ ဦးစွာပေါ်ပေါက်ခဲ့သောကြောင့် ဤသတင်းမှာ ဖြစ်သင့်သလောက် စိတ်လှုပ်ရှားဖွယ် မဖြစ်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ထိုကိစ္စမှာ အာရုံစိုက်မှုကို ရရှိနေဆဲဖြစ်သည်။

သာမန်ကျင့်ကြံသူများအတွက် အနှစ်တစ်ရာမှာ မကြာမြင့်ပေ။ အခြေခံအုတ်မြစ်တည်ထောင်ခြင်း ကျင့်ကြံသူများပင်လျှင် အနှစ်နှစ်ရာကျော် နေထိုင်နိုင်ရာ မဟာပုဂ္ဂိုလ်ကြီးများအတွက်မှာမူ တံခါးပိတ်ကျင့်ကြံချိန်မျှသာ ဖြစ်သည်။

ထိုကဲ့သို့သော တိုက်ပွဲမှာ မျိုးဆက်သစ်များထဲမှ စွမ်းအား အကြိီးမြတ်ဆုံးသူများကြားမှ ဖြစ်သည်။

ထို့ထက် ပို၍ ကပ်ဘေးဖြတ်ကျော်ဘိုးဘေးအဆင့်တွင် ရှိရာ ထျန်းမင်မှ ရှေးဟောင်းဘိုးဘေးများပင်လျှင် သတိပြုမိကြပြီး အခြားကျင့်ကြံသူများအတွက်မူ ပြောစရာ မလိုတော့ပေ။

ကျင့်ကြံသူ အားလုံးနီးပါးမှာ ဤကိစ္စကို ဆွေးနွေးနေကြပြီး အနှစ်တစ်ရာအတွင်း မည်သူက အောင်ပွဲခံမည်ကိုလည်း ထင်ကြေးပေးနေကြသည်။

"ငါကတော့ လုရီကို ပိုပြီး မျက်နှာသာပေးတယ်။ ဒီကလေးက အံ့မခန်း ပါရမီရှိတယ်။ ပေါင်းစည်းခြင်းနယ်ပယ်မှာ ဓားတာအိုနိယာမကို ကျွမ်းကျင်ပိုင်နိုင်စွာ ရရှိခဲ့တာက ထျန်းမင်ရဲ့ သမိုင်းတစ်လျှောက်လုံးမှာ ကြားတောင် မကြားဖူးဘူး။" အင်မော်တယ်ဂိုဏ်းမှ ကပ်ဘေးဖြတ်ကျော်

ဘိုးဘေးတစ်ဦးက သူ့သဘောထားအား ထုတ်ဖော်လိုက်သည်။

ထိုအခါ အခြား ကပ်ဘေးဖြတ်ကျော်ဘိုးဘေးတစ်ဦးကလည်း သူ၏ ထင်မြင်ချက်ကို ဖော်ပြလာသည်။

"ငါကတော့ ဆန့်ကျင်ဘက်ပဲ၊ ချင်းချုံးမျိုးနွယ်က သခင်မလေးက အနိုင်ရဖို့ အခွင့်အလမ်းပိုများတယ်လို့ ထင်တယ်။ လုရီရဲ့ အရည်အချင်းက ထူးကဲပေမဲ့ သူတို့သာ တူညီတဲ့နယ်ပယ်မှာ ရှိနေရင် လုရီက အောင်ပွဲခံမှာ သံသယဖြစ်စရာမရှိဘူး။ ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်မှာ သိသာတဲ့ ကွာဟချက်ရှိနေတော့ ချင်းချုံးဟွာကလည်း သူ့မျိုးဆက်ထဲမှာ ထူးကဲတဲ့ ပါရမီရှင်

တစ်ယောက်ပဲ။ လုရီရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ပိုအားကောင်းရင်တောင်မှ ဒီလောက်ကျယ်ပြန့်တဲ့ နယ်ပယ်ကွာဟချက်ကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။"

"ဒါက လူငယ်စုံတွဲလေး ရန်ဖြစ်နေတာပဲကို၊ ငါတို့လို အပြင်လူတွေက ဘာမှတ်ချက်တွေများ ပေးစရာရှိလို့လဲ။" ဟု အခြားကျင့်ကြံသူ တစ်ဦးက ထိုသို့ မှတ်ချက်ပေးလိုက်‌လေသည်။

သို့သော် မဟာတိုက်ပွဲကြီးမှာ အနှစ်တစ်ရာ လိုသေးသောကြောင့် သူတို့နှစ်ဦးနှင့် ပတ်သက်သည့်ကိစ္စမှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။

သူတို့၏ နောက်လိုက်များပင်လျှင် ငြင်းခုံခြင်းကို ရပ်တန့်လိုက်ကြပြီး မဟာတိုက်ပွဲကြီး၏ အချိန်ကို စောင့်ဆိုင်းကာ အဆုံးအဖြတ်ပေးရန်သာ ပြင်ဆင်နေကြတော့သည်။

…

စကြဝဠာမှာ ကျယ်ပြောပြီး အဆုံးမရှိပေ။

ထျန်းမင်နှင့် အလွန်ဝေးကွာသော ကြယ်တာရာနယ်ပယ်တစ်ခုတွင် သွေးနီရောင်ဂြိုဟ်တစ်လုံး တည်ရှိနေသည်။

ဤဂြိုဟ်၏ မျက်နှာပြင်ကို ကြွယ်ဝသော သွေးရည်များဖြင့် ဖုံးလွှမ်းထားပြီး ဂြိုဟ်တစ်ခုလုံးမှာ သွေးပင်လယ်တစ်ခုဖြင့် ဖုံးလွှမ်းနေသည့်အလားပင်၊ မြေကွက်အနည်းငယ်သာ မြင်နိုင်ပေသည်။

ဤခြောက်သွေ့သော အနီရင့်ရောင်မြေကွက်များထဲမှ တစ်ခုပေါ်တွင် မြင့်မားပြီး ခမ်းနားထည်ဝါသော နန်းတော်များ တည်ရှိနေ၏။

နန်းတော်များထဲမှ တစ်ခုတွင် အထက်တန်းဆန်သော ဟန်ပန်ဖြင့် ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူတစ်ဦး တင်ပျဉ်ခွေထိုင်နေသည်။

သူ၏ အရှိန်အဝါမှာ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလေ၏။

ထိုနေရာတွင် ထိုင်နေရုံမျှဖြင့် သူက သူ့ပတ်လည်မှ အလင်းအားလုံးကို စုပ်ယူနေသော တွင်းနက်ကြီးတစ်ခုကဲ့သို့ပင်၊ သူ၏ မျက်နှာအသွင်အပြင်ကို ခွဲခြားသိမြင်ရန် ခက်ခဲလှသည်။

ဤကျင့်ကြံသူ၏ အောက်တွင် ကပ်ဘေး

ဖြတ်ကျော်နယ်ပယ်မှ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူ ဆယ်ဦးထက်မနည်းမှာ မြေပြင်ပေါ်တွင် ကြောက်ရွံ့တကြား ရပ်နေကြသည်။

မြင့်မားသော ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူက

အနီရင့်ရောင်မျက်လုံးများဖြင့် သူ၏ ရာရှိုမွန်မျိုးနွယ်တူ ကျင့်ကြံသူများကို အေးစက်စွာ ကြည့်လိုက်ပြီး ဖြည်းညင်းစွာ မိန့်ကြားလိုက်သည်။

"ရွှဲ့ဖုန်းနဲ့ သွေးသစ်သားတို့က လင်အာအတွက် လက်စားချေဖို့ သွားကြတာ၊ အခုထိ ပြန်မလာကြသေးဘူး။ သူတို့ ဒုက္ခရောက်နေလောက်ပြီ။ မင်းတို့အားလုံး အဲ့ဒီဂြိုဟ်ကို သွား၊ သွေးဝိညာဉ်ကို သတ်တဲ့သူကို ရှာပြီး သူ့ကို ပြန်ခေါ်လာခဲ့။"

"ဟုတ်ကဲ့။" ရာရှိုမွန်မျိုးနွယ် ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူအုပ်စုက ရိုသေစွာ တုံ့ပြန်လိုက်ကြသည်။

ထိုစဉ် အဝေးမှ သွေးရောင်အလင်းတန်းတစ်ခု ပျံသန်းလာပြီး မဟာခန်းမဆောင်ထဲသို့ ကျရောက်လာသည်။ ၎င်းမှာ သူရဲကောင်းဆန်သော အသွင်အပြင်ရှိပြီး နဖူးပေါ်တွင် သွေးရောင်ကျောက်စိမ်းကဲ့သို့ ချိုတစ်ချောင်းပေါက်နေသော ရာရှိုမွန်မျိုးနွယ် လူငယ်တစ်ဦးပင် ဖြစ်သည်။

သူ ပေါ်လာသည်နှင့် ခန်းမဆောင်တစ်ခုလုံးအတွင်း၌ သွေးပင်လယ်တစ်ခု တဟုန်ထိုးထွက်ပေါ်လာသည့်အလားပင်၊ သွေးချီစွမ်းအား၏ ကြောက်မက်ဖွယ်စွမ်းအားက လူတိုင်းကို တုန်လှုပ်စေသည်။

"သခင်လေး ရွှဲ့လုမင်။" ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူအုပ်စုက လျင်မြန်စွာ ဦးညွှတ်လိုက်ကြသည်။

"လုမင်၊ မင်း ဘာလို့ ဒီကို ရောက်နေတာလဲ။"

မြင့်မားသော ပလ္လင်ပေါ်မှ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူ၏ အသံပင်လျှင် နူးညံ့သွားသည်။

ရွှဲ့လုမင်က ပန်ကြားလိုက်သည်။

"ဘိုးဘေး၊ ကျွန်တော် ညီလေးဝိညာဉ်ရဲ့ ကိစ္စကို ကြားပြီးပါပြီ။ သူက အဆင့်နိမ့်ဂြိုဟ်တစ်လုံးမှာ အသတ်ခံခဲ့ရတယ်။ သူ့ရဲ့ အစ်ကိုကြီးအနေနဲ့ ကျွန်တော်က သူ့အတွက် လက်စားချေပေးသင့်ပါတယ်။ ကျွန်တော့်ကို သွားခွင့်ပြုပါ။"

ဤစကားကို ကြားသော် မြင့်မားသော ပလ္လင်ပေါ်မှ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် ဖြည်းညင်းစွာ ဆိုသည်။

"လင်အာက ကြယ်တာရာနယ်ပယ်မှာ အသတ်ခံခဲ့ရတာ၊ ယွီမိသားစုနဲ့ ငါတို့ ရာရှိုမွန်မျိုးနွယ်က တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲနေတာ၊ မင်းသွားဖို့ အန္တရာယ်များတယ်။"

ရွှဲ့လုမင်၏ မျက်နှာအမူအရာမှာ ပြတ်သားနေသည်။

"ဘိုးဘေး၊ ကျွန်တော် သတိထားပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့်ပြုပါ၊ ကျွန်တော် အခု ကပ်ဘေးဖြတ်ကျော်အဆင့် အထွတ်အထိပ်ကို ရောက်နေပြီ၊ တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်၊ ကျွန်တော့်ရဲ့ တက်လှမ်းမှုကို အထောက်အကူပြုဖို့ စမ်းသပ်မှုတစ်ခုပဲ လိုအပ်ပါတယ်။"

မြင့်မားသော ပလ္လင်ပေါ်မှ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူမှာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် မိန့်ကြားလိုက်သည်။

"ဒီလိုဆိုရင်တော့ မင်း သွားနိုင်ပြီ။"

ထိုသို့ပြောပြီးနောက် သူက ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူအုပ်စုဘက်သို့ ကြည့်လိုက်သည်။

"မင်းတို့အားလုံး သခင်လေးကို အဖော်ပြုသွားကြ။ သူသာ သေရင် မင်းတို့လည်း အရှင်ပြန်လာစရာ မလိုဘူး။"

"ဟုတ်ကဲ့။ ကျွန်တော်တို့ သခင်လေးကို အသက်နဲ့လဲပြီး ကာကွယ်ပါ့မယ်။" ကပ်ဘေးဖြတ်ကျော်နယ်ပယ် ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူအုပ်စုက အော်ဟစ်လိုက်ကြသည်။

"ဒီလိုဖြစ်မှတော့ မင်းတို့ သွားနိုင်ပြီ။" ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ရွှဲ့လုမင်က ခေါင်းညိတ်ကာ နှုတ်ဆက်ဦးညွှတ်ပြီးနောက် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ မဟာခန်းမဆောင်မှ ထွက်ခွာသွားရာ အခြားသော ကပ်ဘေးဖြတ်ကျော်ဘိုးဘေးများကလည်း သူ၏ နောက်သို့ လျင်မြန်စွာ လိုက်ပါသွားကြသည်။

…

ဆယ့်နှစ်နှစ်ကြာသော်။

လုရီ၏ ဂူစံအိမ်တွင် လုရီမှာ တင်ပျဉ်ခွေထိုင်နေပြီး သူ၏ မျက်လုံးများထဲတွင် ဝိညာဉ်အလင်းရောင်များ စီးဆင်းနေလေ၏။

သူက ပေါင်းစည်းခြင်း ဆယ်လွှာသို့ ချိုးဖျက်ပြီးဖြစ်ပြီး ပေါင်းစည်းခြင်းဆယ့်တစ်လွှာသို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ထိုစဉ် လုရီက ပေါင်းစည်းခြင်းဆယ့်တစ်လွှာသို့ ချိုးဖျက်ပြီးနောက် အလုပ် ဆုလာဘ်မှာ အဘယ်အရာ ဖြစ်မည်ကို စပ်စုလိုက်သည်။

နောက်ဆုံးတော့ ယခင်ဆုလာဘ်မှာ တာအို၏ အူတိုင် အနှစ်သာရ ဖြစ်ခဲ့သည်။

ဤတစ်ကြိမ်တွင် တာအို၏ အူတိုင် အနှစ်သာရကို ကျော်လွန်သော ရတနာတစ်ခုများ ရှိနေနိုင်မလား...။

အခန်း ၄၉၅- ကျိုယို ချောက်နက်ကြီး၏ ဟိန်းဟောက်သံ၊ မဟာဖရိုဖရဲချီစွမ်းအား...

~'ငါ ပေါင်းစည်းခြင်း ဆယ့်တစ်လွှာကို ချိုးဖျက်ရမယ်။' လုရီက တိုးလျစွာ ရေရွတ်လိုက်သည်။

[အလုပ်]

ပေါင်းစည်းခြင်း ဆယ့်တစ်လွှာသို့ ချိုးဖျက်ပါ။

ဆုလာဘ်: ဖရိုဖရဲချီ စွမ်းအားမျှင်တစ်မျှင်

အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။

လုရီမှာ အနည်းငယ် အံ့အားသင့်ကာ မှင်သက်သွားသည်။

'ဖရိုဖရဲချီ စွမ်းအားမျှင် ဟုတ်လား။

ဖရိုဖရဲချီ စွမ်းအားက အရာခပ်သိမ်းကို မွေးဖွားပေးတာ၊ ဒါက တာအိုရဲ့ စွမ်းအားထက်တောင် ပိုပြီး ရှေးကျတယ်။ မမျှော်လင့်ဘဲ ဒီအလုပ်ရဲ့ ဆုလာဘ်က ဖရိုဖရဲချီ စွမ်းအားမျှင် တစ်မျှင် ဖြစ်နေပါလား။ ငါသာ ဖရိုဖရဲချီ စွမ်းအားမျှင်ကို စုပ်ယူလိုက်ရင် တာအိုကို ကျော်လွန်ပြီး ဖရိုဖရဲထဲမှာ လွတ်လပ်စွာ ကျက်စားနိုင်တော့မှာ မဟုတ်လား။'

လုရီမှာ အလွန်အမင်း အူမြူးသွားပြီး အလုပ်ကို အလျင်အမြန် လက်ခံလိုက်တော့သည်။

ဤအလုပ်၏ ဆုလာဘ်မှာ မယုံနိုင်လောက်အောင် ရက်ရောလှပေသည်။

ထိုကဲ့သို့သော ဆုလာဘ်နှင့်အတူ လုရီမှာ

သဘာဝအတိုင်းပင် ပို၍ ကြိုးစားကျင့်ကြံတော့သည်။

သူက တစ်ဖန် တံခါးပိတ် ကျင့်ကြံမှုသို့ ဝင်ရောက်သွား၏။

ဟုတ်ပေသည်၊ သူက ကျန်းရူယွီ၊

သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးတို့နှင့်လည်း ရံဖန်ရံခါ နှစ်ကိုယ်တူ ကျင့်ကြံတတ်သေးသည်။

ထိုမိန်းမလှလေး သုံးဦး၏ ကျင့်ကြံမှုအရှိန်မှာလည်း နောက်ကျ ကျန်ရစ်ခြင်း မရှိပေ။

သို့သော် ကျန်းရူယွီမှာ ယခုအခါ လုရီကို ရှာဖွေလိုတိုင်း တိတ်တဆိတ် ချောင်းမြောင်းနေရသည်။

လျိုနင်ရွှမ်းမှာ ကျန်းရူယွီနှင့် သုန်းကုန်းမင်ယွဲ့တို့က သူမကို တစ်စုံတစ်ခု ဖုံးကွယ်ထားပုံရသည်ဟု တဖြည်းဖြည်း သံသယဝင်လာရာ အလွန် သတိကြီးနေတော့သည်။

လျိုနင်ရွှမ်းကိုယ်တိုင် တံခါးပိတ်ကျင့်ကြံနေမှသာ ကျန်းရူယွီနှင့် သုန်းကုန်းမင်ယွဲ့တို့က လုရီကို ရှာဖွေဝံ့ကြသည်။

လုရီမှာ အတော်ပင် အကြပ်ရိုက်နေသည်။

လုရီတစ်ဦးတည်းသာ အခက်တွေ့နေသည်မဟုတ်၊ ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့လည်း အလားတူပင် ခံစားနေရသည်။

လုရီ၏ ခွန်အား ပိုမိုအားကောင်းလာသည်နှင့်အမျှ သူ၏ မကြာသေးမီက 'ကောင်းကင်ကိုးပါး မိစ္ဆာကိုယ်ထည်' နှင့် ခန္ဓာသန့်စင် နည်းစနစ်များအပေါ် နက်ရှိုင်းသော ထိုးထွင်းသိမြင်မှုများကြောင့် သူ၏ ရုပ်ခန္ဓာမှာ တဖြည်းဖြည်း ပိုမိုအားကောင်းလာ၏။

လုရီ၏ ရုပ်ခန္ဓာခွန်အား တိုးမြှင့်လာမှု၏ တိုက်ရိုက်အကျိုးဆက်မှာ ကျန်းရူယွီနှင့် အခြားမိန်းကလေးနှစ်ဦးမှာ တဖြည်းဖြည်း ခံနိုင်ရည်ရှိရန် ခက်ခဲလာခြင်းပင်။

သူမတို့သုံးဦးလုံးမှာ လုရီနှင့်အတူ နှစ်ကိုယ်တူကျင့်ကြံမှု ပြုလုပ်နေကြသော်လည်း နောက်ဆုံးတွင် သူမတို့မှာ အားအင်ကုန်ခမ်းကာ သတိလစ်သွားကြပြီး လုရီမှာမူ အားမရသေးဘဲ ကျန်ရစ်ခဲ့သည်။

ဤအဖြစ်က လုရီ၏ တောင်းဆိုမှုများကို တဖြည်းဖြည်း ပိုမိုပြင်းထန်လာစေသည်။

တစ်နေ့တွင် နှစ်ကိုယ်တူကျင့်ကြံပြီးနောက်

ကျန်းရူယွီ၊ သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးတို့ တစ်ယောက်ပြီးတစ်ယောက် နိုးလာကြသည်။

သူတို့မှာ အားအင် ကုန်ခမ်းနေသော ငါးများကဲ့သို့ ကုတင်ပေါ်တွင် လဲလျောင်းနေကြပြီး သူတို့၏ မျက်နှာရောင်များမှာ နွမ်းနယ်နေကာ သူတို့၏ ကိုယ်များမှာပင် ပင်ကိုအသိစိတ်အရ အနည်းငယ် တုန်ယင်နေသည်။

သုန်းကုန်းမင်ယွဲ့က ဝမ်းနည်းပူဆွေးသော မျက်နှာထားဖြင့် ကျန်းရူယွီကို တိုင်တည်လိုက်သည်။ "အစ်မရူယွီ၊ ကျေးဇူးပြုပြီး ဒီကိစ္စကို ကျွန်မတို့ရဲ့ ကျိန်စာသင့် စီနီယာအစ်မနဲ့ ပြောလို့ရမလား။"

ယွင်ရှီးမှာ ထုံပေပေဖြစ်နေပြီး သူမ၏ တက်ကြွသော မျက်လုံးများထဲတွင် မောပန်းနွမ်းနယ်မှုများ ရှိနေသည်။

သူမကလည်း ကျန်းရူယွီကို စူး စိုက်ကြည့်ရင်း ဆိုသည်။

"အစ်မရူယွီ၊ အစ်မနင်ရွှမ်းက ကျွန်မတို့ကို သတ်တော့ မသတ်လောက်ပါဘူး။ ဒါက ဒီလိုနေရတာထက်တော့ ပိုကောင်းတယ်ပါတယ်နော်..."

ထိုအခါ ကျန်းရူယွီက သူမ၏ နာကျင်နေသော ခါးကို ပွတ်သပ်ရင်း ပင်ပန်းနွမ်းနယ်သော်လည်း စိတ်ရှုပ်ထွေးနေသော မျက်နှာဖြင့် ဆိုသည်။

"ဒါပေမယ့်..."

"ဒါပေမဲ့ မလုပ်နဲ့တော့။ ကျွန်မတို့ ဒီအတိုင်း ဆက်သွားနေရင် ကျွန်မတို့သုံးယောက်လုံး ပြိုလဲသွားလိမ့်မယ်။ အစ်ကိုကြီးရဲ့ ကိုယ်ခန္ဓာက ပိုပြီး မိစ္ဆာလို ဖြစ်လာတာကြီး.. ကျွန်မတို့က ဘယ်လို ခံနိုင်မှာလဲ။"

သုန်းကုန်းမင်ယွဲ့၏ မျက်နှာမှာ မျှော်လင့်ချက်ကင်းမဲ့နေသည်။

ထိုအခါမှ လွန်ခဲ့သော ရက်အနည်းငယ်က နှစ်ကိုယ်တူကျင့်ကြံမှုအတွေ့အကြုံများကို ပြန်လည်စဉ်းစားမိသော် ကျန်းရူယွီမှာ အလိုအလျောက် တုန်လှုပ်သွားမိသည်။

သူမမှာ တိတ်ဆိတ်သွားပြီး ခေတ္တမျှ စဉ်းစားပြီးနောက် အံကြိတ်ကာ ခိုင်မာသော မျက်နှာအမူအရာဖြင့် ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီ။ ဒီတစ်ခါပြီးရင် ငါတို့ နင်ရွှမ်းနဲ့ အတူတူ သွားပြောကြမယ်။

သုန်းကုန်းမင်ယွဲ့၏ မျက်လုံးများမှာ မေးခွန်းအမှတ်အသားများ ပြည့်နှက်သွားတော့၏။

ယွင်ရှီး၏ မျက်လုံးများမှာ မေးခွန်းအမှတ်အသားများ ပြည့်နှက်သွားတော့၏။

ဤစကားကို ကြားသော် နှစ်ဦးစလုံးမှာ ရှုပ်ထွေးသွားကြသည်။

သုန်းကုန်းမင်ယွဲ့က မသွားချင်ပေ။

"ဘာလို့ ငါတို့က သွားရမှာလဲ။ အစ်မရူယွီက ပြောရမှာ မဟုတ်ဘူးလား။"

ယွင်ရှီးက ထပ်ခါထပ်ခါ ခေါင်းညိတ်သည်။

"ဟုတ်တယ်၊ ငါလည်း မသွားချင်ဘူး။"

ကျန်းရူယွီက စိတ်မရှည်တော့ဘဲ ဆိုသည်။

"အဲ့လို ဘယ်ဖြစ်မှာလဲ။ ငါတို့သုံးယောက်လုံးက ငါတို့ရဲ့ ပုံမှန်မဟုတ်တဲ့ ဂျူနီယာမောင်လေးနဲ့ နှစ်ကိုယ်တူကျင့်ကြံပြီးသွားပြီ၊ ငါတစ်ယောက်တည်းက ဒီဝန်ကို ဘယ်လို ထမ်းနိုင်မှာလဲ။ ငါတို့ အတူတူ လုပ်ရမယ်။"

သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးနှစ်ဦးစလုံး၏ မျက်နှာများမှာ ညှိုးငယ်သွားပြီး နှစ်ဦးစလုံးမှာ အနည်းငယ် စိတ်မပါကြပေ။

ကျန်းရူယွီက အံကြိတ်ကာ ထပ်ပြောသည်။

"နင်တို့က ငါ့ကို တစ်ယောက်တည်း သွားခိုင်းမယ်ဆိုရင်တော့ ငါငြင်းတယ်။ ငါတို့သုံးယောက် ဒီအတိုင်းပဲ ဆက်နေတာက ပိုကောင်းတယ်။"

ကျန်းရူယွီ၏ အသေခံဗုံးခွဲမည့် သဘောထားက သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးနှစ်ဦးစလုံးကို ထုံကျဉ်သွားစေသည်။

သူမတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် လက်လျှော့အရှုံးပေးလိုက်သော ခိုင်မာသည့် မျက်နှာအမူအရာများကို ပြသလိုက်ကြသည်။

"ကောင်းပြီ၊ ငါတို့ အတူတူ သွားကြမယ်။"

သူတို့မှာ လိုက်နာရုံမှတစ်ပါး အခြားမရှိတော့ပေ။

ခေတ္တမျှ အနားယူပြီးနောက် သူမတို့ကိုယ်မှာ အားအင်အနည်းငယ် ပြန်လည် ရရှိလာသည်ဟု ခံစားရသောအခါ မိန်းကလေးသုံးဦးမှာ အခန်းမှ ထွက်လာကြသည်။

သူတို့က လုရီ၏ ကျင့်ကြံခန်းတံခါး ပိတ်ထားသည်ကို မြင်တွေ့ရာ သူ ကျင့်ကြံနေသည်ကို နားလည်လိုက်ကြသည်။

"သွားကြရအောင်။"

သုံးဦးသား အကြည့်ချင်းဖလှယ်လိုက်ကြပြီး ကျန်းရူယွီက တိုးလျစွာ အဖော်ညှိလိုက်လေသည်။

သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးနှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် သူတို့က လုရီ၏ ဂူစံအိမ်မှ တိတ်တဆိတ် ထွက်ခွာသွားကြသည်။

ကြယ်ငယ်လေးအား ချင်းချုံးဟွာနှင့် တွယ်ကပ်နေခဲ့သော နေ့ရက်များကို မေ့လျော့ကာ ရင်းနှီးမှုရရန် မျှော်လင့်ခဲ့ကြသော်လည်း ကံမကောင်းစွာပင် ကြယ်ငယ်လေးက သူမတို့ကို အေးစက်စွာ ဆက်ဆံနေဆဲဖြစ်ရာ သူတို့ကို စိတ်ပျက်စေခဲ့သည်။

မကြာမီ သူတို့မှာ လျိုနင်ရွှမ်း၏ ဂူစံအိမ်အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

ကျန်းရူယွီနှင့် အခြားသူများ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ကျန်းရူယွီက ချောင်းတစ်ချက်ဟန့်ကာ တိုးလျစွာ ဆိုသည်။

"နင်ရွှမ်း၊ ရှိလား။ ငါတို့ နင်နဲ့ တာအို ဆွေးနွေးဖို့ လာတာ။"

လျင်မြန်စွာပင် အဖြူရောင်ဝတ်စုံနှင့် လျိုနင်ရွှမ်းမှာ ဂူစံအိမ်၏ တံခါးကို ဖွင့်လိုက်သည်။

သူမ၏ အေးစက်ပြီး ခပ်ခွာခွာနေသော မျက်နှာတွင် နားမလည်နိုင်မှုအရိပ်အယောင်တစ်ခု ပြသနေသည်။

"နောက်ဆုံးဆွေးနွေးခဲ့တာ မကြာသေးဘူးလေ။ ဘာလို့ နင်တို့အားလုံးက ဒီလောက်ရုတ်တရက်ကြီး တာအိုအကြောင်း ထပ်ဆွေးနွေးဖို့ ရောက်လာကြတာလဲ။"

"ဟီးဟီး... အထဲမှာ ပြောကြရအောင်။"

ကျန်းရူယွီက မူပျက်စွာ ရယ်မောကာ ပြောလိုက်သည်။ သူမမှာ ထင်ရှားစွာပင် စိတ်လှုပ်ရှားနေလေသည်။

သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးတို့မှာ ဘေးတွင် ခေါင်းညိတ်နေကြသည်။

လျိုနင်ရွှမ်းက မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး သူမတို့ကို ဝင်ခွင့်ပြုရန် ဘေးသို့ ရှောင်ပေးလိုက်သည်။

သူမတို့ ခန်းမဆောင်တွင် နေရာယူပြီးသည်နှင့် လျိုနင်ရွှမ်း၏ အကြည့်က မိန်းကလေးသုံးဦး၏ စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာများကို ဝေ့ကြည့်လိုက်ပြီး မေးလေသည်။

"ငါ့ကို ပြောစရာတစ်ခုခု ရှိနေတယ် ဟုတ်လား။"

ကျန်းရူယွီက စိတ်လှုပ်ရှားစွာ ရယ်မောရင်း ပြန်ဖြေသည်။ "ဟုတ်တယ်။"

"ဘာလဲ။" လျိုနင်ရွှမ်းက သူမ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူမ၏ မျက်နှာမှာ အမူအရာကင်းမဲ့ကာ အေးစက်နေသည်။

ကျန်းရူယွီက သူမ၏ ခေါင်းကို ကုတ်လိုက်ပြီး ဖျစ်ညှစ် ရယ်မောလိုက်သည်။

"ဒီလိုပါ၊ ငါတို့သုံးယောက်က ပုံမှန်မဟုတ်တဲ့

ဂျူနီယာမောင်လေးနဲ့ နှစ်ကိုယ်တူကျင့်ကြံပြီးသွားပြီ။"

လျိုနင်ရွှမ်း၏ မျက်လုံးများမှာ မေးခွန်းအမှတ်အသားများ ပြည့်နှက်သွားတော့၏။

သူမ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း တည်ငြိမ်လာပြီး သူမက သုန်းကုန်းမင်ယွဲ့နှင့်

ယွင်ရှီးကို ကြည့်လိုက်သည်။

"ဒါက မင်းတို့နှစ်ယောက် ပြောချင်တဲ့အကြောင်းလည်း ဟုတ်တယ်မလား။"

သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးနှစ်ဦးစလုံးမှာ

ဇက်ကလေးများ ပုကာ ခေါင်းညိတ်လိုက်ကြပြီး စကားပြောရန်ပင် မရဲကြတော့ပေ။

All Chapters