← Chapters

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း ၅၀၂ - ကောင်းကင်ပြိုကျခြင်း၊ အင်မော်တယ်ကျမ်းကို တည်ထောင်ခြင်း...

~လင်းလောင်တောင်ထိပ်ထက်တွင် တံခါးပိတ်ကျင့်ကြံနေသော လျိုနင်ရွှမ်းနှင့် အခြားအမျိုးသမီးကျင့်ကြံသူများမှာလည်း တုန်လှုပ်နိုးထလာကြသည်။ သူတို့သည် သူတို့၏ ဂူစံအိမ်များမှ ထွက်ခွာလာပြီး ကောင်းကင်သို့ တက်သွားကာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ပြီးနောက် အရှိန်အဝါထွက်ပေါ်ရာ အရပ်သို့ လှမ်းကြည့်လိုက်ကြ၏။

ထိုအရပ်တွင် မိုင်ပေါင်းထောင်ချီပတ်လည်မှ ကောင်းကင်သည် မမြင်ရသော စွမ်းအားတစ်ခု၏ ဖိနှိပ်ခြင်းကို ခံနေရသည့်အလား အောက်ဘက်သို့ ပြိုကျနေလေသည်။

လျိုနင်ရွှမ်း၏ အေးစက်သော မျက်ဝန်းများထဲတွင် တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေ၏။

"ဒါ ဂျူနီယာမောင်လေးပဲ။"

ကျန်းရူယွီ၏ အမူအရာမှာလည်း ထိတ်လန့်မှုတစ်ခုသာ ဖြစ်နေတော့သည်။

"ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါကြီး၊ ငါတို့ရဲ့ မိစ္ဆာလို ဂျူနီယာမောင်လေးက အဆင့်ချိုးဖြတ်နေတာလား။ ဒါက မဟာယာနနယ်ပယ်လား။"

သူတို့နှစ်ဦးလုံးသည် အင်မော်တယ်ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားပြီး လုရီနှင့် နှစ်ကိုယ်တူကျင့်ကြံခြင်းနှင့်အတူ ထိုနှစ်ဦးသည် လုရီနှင့် အလားတူသော အရှိန်ဖြင့် ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်ခဲ့ကြသည်။ ၎င်းမှာ သူတို့၏ ကျင့်ကြံမှုအခြေခံများ အလွန်လျင်မြန်စွာ တိုးတက်လာသည်ဟု ဆိုလိုပေသည်။ နှစ်နှစ်အစောပိုင်းက ထိုနှစ်ဦးသည် တစ်ယောက်ပြီးတစ်ယောက် မဟာယာနနယ်ပယ်သို့ အဆင့်ချိုးဖြတ်ခဲ့ကြ၏။

အင်မော်တယ်ခန္ဓာကိုယ် ပိုင်ရှင်များအနေဖြင့် သူတို့၏ မဟာယာနနယ်ပယ်သို့ အဆင့်ချိုးဖြတ်မှု၏ အရှိန်အဟုန်မှာ သဘာဝအတိုင်းပင် ကြီးမားလှပြီး ထိုအချိန်က အရှေ့ဒေသတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

သို့တိုင်အောင် သူတို့နှင့် လက်ရှိလုရီကြားမှ ကွာဟချက်မှာ အလွန်ပင် ကြီးမားနေသေး၏။

ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့မှာမူ အဆင့်ချိုးဖြတ်နိုင်ခြင်း မရှိသေးပါ။ ဤအခိုက်အတန့်တွင် လုရီ၏ အဆင့်ချိုးဖြတ်မှု၏ လှုပ်ခတ်မှုကို မြင်တွေ့ရသောအခါ သူမတို့၏ နှလုံးသားများမှာလည်း အလားတူပင် တုန်လှုပ်ခြောက်ခြားမှုတို့ဖြင့် ပြည့်နှက်နေလေသည်။

သုန်းကုန်းမင်ယွဲ့၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွား၏။

"အစ်ကိုက အဆင့်ချိုးဖြတ်နေတာကို ဘာလို့ ကောင်းကင်ကြီးက ပြိုကျလာရတာလဲ။"

ယွင်ရှီးသည် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီးနောက် ဆို၏။

"လုရီဖြစ်ရကျိုးနပ်ပါတယ်၊ ဒီလို လှုပ်ခတ်မှုမျိုးက တကယ်ပဲ စိတ်ကူးမယဉ်နိုင်စရာပဲ။"

လင်းလောင်တောင်ထိပ်သခင်မနှင့် အဘွားယွမ်လင်တို့မှာလည်း အလားတူပင် တုန်လှုပ်ခြောက်ခြားနေကြသည်။ နှစ်ဦးလုံးမှာ အင်မော်တယ်များဖြစ်ကြသဖြင့် အခြေအနေကို သဘာဝအတိုင်း ချက်ချင်း အာရုံခံမိကြလေသည်။

အဝေးမှ ပြိုကျနေသော ကောင်းကင်ကို ကြည့်ရင်း လင်းလောင်တောင်ထိပ်သခင်မ၏ နှုတ်ခမ်းမှာ တွန့်ကွေးသွား၏။

"အဲ့ဒီ ကောင်စုတ်လေး၊ သူ့ရဲ့ အဆင့်ချိုးဖြတ်မှုအတွက် ကောင်းကင်ကပ်ဘေးက တစ်ခါထက်တစ်ခါ ပိုပြီးတော့ကို ယုတ္တိမတန်တော့ဘူး။"

ထို့နောက် သူမသည် အဘွားယွမ်လင်ဘက်သို့ လှည့်လိုက်ပြီး အနည်းငယ် ဂုဏ်ယူစွာဖြင့် ဆိုလိုက်သည်။

"ဘယ်လိုထင်လဲ။ ဒီတစ်ခေါက် အဆင့်ချိုးဖြတ်မှုရဲ့ လှုပ်ခတ်မှုက မဆိုးဘူးမလား၊ ကျွန်မတပည့်က။"

လင်းလောင်တောင်ထိပ်သခင်မသည် အဘွားယွမ်လင်က လုရီအပေါ် အမြင်မကြည်လင်သည်ကို ကောင်းစွာ သိရှိပေသည်။

အဘွားယွမ်လင်၏ မျက်ဝန်းများထဲတွင်ပင် အံ့အားသင့်မှုအရိပ်အယောင်တစ်ခု လင်းလက်သွားသော်လည်း သူမသည် လျင်မြန်စွာပင် တည်ငြိမ်မှုကို ပြန်လည်ရယူလိုက်ပြီး ဆို၏။

"ဒီလို ဆန်းကြယ်မြင်ကွင်းက သာမန်မဟုတ်သလို ကြယ်တာရာနယ်မြေမှာဆိုရင် သူက ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်လို့ ရပေမယ့်၊ အဲ့ဒါက အသင့်အတင့်ပဲရှိသေးတယ်၊ သခင်မလေးနဲ့တော့ ယှဉ်လို့ မရသေးဘူး။"

လင်းလောင်တောင်ထိပ်သခင်မသည် မျက်ခုံးပင့်လိုက်ပြီး ကောင်းကင်သို့ ကြည့်လိုက်ကာ နှုတ်ခမ်းများ လှုပ်ရွလိုက်သည်။

"ဒါပေမယ့် ဆန်းကြယ်မြင်ကွင်းက မပြီးသေးဘူးလေ…"

အဝေးတွင် ကောင်းကင်ပြိုကျမှုသည် ဆက်တိုက်တုံ့ပြန်မှု ဖြစ်ပေါ်စေသည့်အလား အဆက်မပြတ် ကြီးထွားနေလေသည်။

ခဏတာအချိန်လေးအတွင်း၌ ၎င်းသည် တိမ်ဖြူဂိုဏ်းအထက်မှ လေထုသို့ ရောက်ရှိလာပြီး အထက်မှ ကောင်းကင်သည်လည်း ပြိုကျလာတော့သည်။ ကောင်းကင်မှ ဟင်းလင်းပြင်သည် လိမ်ကောက်သွားပြီး မမြင်ရသော ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာသည့်အလား လူတိုင်းကို အသက်ရှူကျပ်စေ၏။

ကျင့်ကြံသူများစွာ၏ မျက်နှာများထက်တွင် ထိတ်လန့်မှုအမူအရာများ ပေါ်လာသည်။

"တူလေးလုရီ အဆင့်ချိုးဖြတ်နေတာလား။

မကောင်းတော့ဘူး၊ ဒီအတိုင်းသာဆိုရင် ငါတို့ဂိုဏ်းကို ထိခိုက်မှာ မဟုတ်ဘူးလား။"

ဂိုဏ်းချုပ်ကြီးဝူချင်းဖုန်းနှင့် အခြားသူများမှာ အဆက်မပြတ် ပြိုကျနေသော ကောင်းကင်ကို ကြည့်ရင်း လုံးဝ မှင်သက်နေကြကုန်၏။

ကောင်းကင်သည် တစ်ဖြည်းဖြည်း နိမ့်ကျလာပြီး ဤအတိုင်းသာ ဆက်သွားပါက တိမ်ဖြူတောင်တန်းကြီးပင်လျှင် ပြိုကျသွားနိုင်သည်။

အဝေးမှ လုရီသည်လည်း ဤအရာကို သိရှိသွားပြီး သူ၏အမူအရာမှာ တည်ကြည်သွား၏။ သူ၏ ကောင်းကင် ကပ်ဘေးဖြတ်ကျော်ခြင်း၏ လှုပ်ခတ်မှုသည် ဤမျှလောက် အစွန်းရောက်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ဒါက ငါ ဖရိုဖရဲ ချီစွမ်းအင်ကို စုပ်ယူလိုက်တာနဲ့များ သက်ဆိုင်နေမလား။

လုရီမှာ ထပ်မံ စဉ်းစားရန် အချိန် မရှိတော့ချေ။ သူသည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပိုမို မြင့်မားပြီး ဝေးကွာသော နေရာသို့ ချက်ချင်း ပျံသန်းသွားလေတော့သည်။

အဝေးမှ ကြည့်လျှင် လုရီသည် ပြိုကျနေသော ကောင်းကင်ကို ထောက်ပင့်ထားသည့်အလား

ဖြစ်ပြီး အဆက်မပြတ် တက်သွားကာ ပြိုကျနေသော ကောင်းကင်ကို ပြန်လည် တွန်းတင်နေသည့်နှယ်။

ပြိုကျနေသော ကောင်းကင်သည် လုရီ၏ တက်သွားမှုနှင့်အတူ မြင့်တက်သွားသော်လည်း ၎င်း၏ အတိုင်းအတာမှာ ဆက်လက်ကျယ်ပြန့်နေဆဲဖြစ်၏။ ၎င်းသည် လျင်မြန်စွာပင်

မိုင်တစ်သိန်း၊ မိုင်နှစ်သိန်း ကျော်လွန်သွားသည်။

နောက်ဆုံးတွင် မိုင်ငါးသိန်းနီးပါးမျှသော ကောင်းကင်သည် ပြိုကျလျက်ရှိသည်။

အရှေ့ဒေသတစ်ခုလုံးသည် ဤကြောက်မက်ဖွယ် မြင်ကွင်းကို မြင်တွေ့ခဲ့ရပြီး အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများမှ ကျင့်ကြံသူများအပါအဝင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ကောင်းကင်သို့ မယုံကြည်နိုင်မှုဖြင့် ထုံကျင်စွာ မော့ကြည့်နေကြကုန်၏။

လုံမင်ဘိုးဘေးသည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ပြိုကျနေသော ကောင်းကင်၏ ဧရာမဧရိယာကို တောင့်တင်းစွာ စိုက်ကြည့်နေမိတော့သည်။

"မိတ်ဆွေလေးလုရီ အဆင့်ချိုးဖြတ်နေတာလား။ ဒါက တကယ်ပဲ မဟာယာနနယ်ပယ်ကို အဆင့်ချိုးဖြတ်တာလား။ ကပ်ဘေးဖြတ်ကျော်နယ်ပယ်ကို အဆင့်ချိုးဖြတ်တုန်းကတောင် ဒီအဘိုးကြီး ဒီလို ကောင်းကင်ကပ်ဘေးမျိုး တစ်ခါမှ မမြင်ဖူးဘူး။"

လုံမင်ဘိုးဘေး၏ ဘေးတွင် ကောင်းကင်နဂါး သူတော်စင်သားတော် ရှိနေပြီး သူ၏မျက်နှာမှာလည်း မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သူ၏ မျက်လုံးများမှာ ထို့နောက် ထက်သန်မှုတို့ဖြင့် လင်းလက်တောက်ပလာပြီး အားရပါးရ ရယ်မောလိုက်လေသည်။

"ဟားဟားဟားဟား....."

"တကယ့်ကို ညီအစ်ကိုလု ပီသပါပေတယ်။

မဟာယာနနယ်ပယ်ကို အဆင့်ချိုးဖြတ်တဲ့ ကောင်းကင်ကပ်ဘေးတောင်မှ ဒီလောက် ကြောက်စရာကောင်းတယ်။ ဒီလိုလူမျိုးကို ရှုံးနိမ့်ခဲ့ရတာ၊ ငါ့ရဲ့အရှုံးက မတရားဘူးလို့ မဆိုသာတော့ဘူး။"

ထိုက်ရီ မြင့်မြတ်နယ်မြေတွင် ထင်းကျုံးရှင်း၊ လင်ယွမ်ဖုန်းနှင့် ထိုက်ရီ သူတော်စင်သားတော်တို့သည် သူတို့၏ မြင့်မြတ် နယ်မြေမှ ကျင့်ကြံသူအားလုံးနှင့်အတူ ကောင်းကင်၌ ရပ်နေကြပြီး အဝေးမှ ပြိုကျနေသော ကောင်းကင်ကို မူးဝေစွာ စိုက်ကြည့်နေကြကုန်၏။

အခန်း ၅၀၃ - ကောင်းကင်ပြိုကျခြင်း၊ အင်မော်တယ်ကျမ်းကို တည်ထောင်ခြင်း...

~ထင်းကျုံးရှင်းသည် စကားလုံးမဲ့သွားဟလို ခံစားလိုက်ရ၏။

"လုရီရဲ့ ကပ်ဘေးမိုးကြိုးက သိပ်ကြောက်စရာကောင်းလွန်းတယ်၊ ကျုပ်တောင် ဒါကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။"

လင်ယွမ်ဖုန်း၏ နှုတ်ခမ်းမှာ တွန့်ကွေးသွားသည်။

"ရာစုနှစ်တစ်ခုတည်းနဲ့ တာအိုရောင်းရင်း လုရီက ဒီအခြေအနေအထိ ကြီးထွားလာလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားခဲ့ဘူး။ ဒီလိုကပ်ဘေးမျိုးကို ရင်ဆိုင်ရရင်၊ အဲ့ဒီမှာ ရပ်နေရုံနဲ့တောင် ကောင်းကင်တာအိုရဲ့ ဖိအားကို ခံနိုင်မှာ မဟုတ်ဘူးပဲ"

အဖြရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာထက်တွင် နူးညံ့သော အပြုံးရိပ်တစ်ခုရှိသော

ထိုက်ရီ သူတော်စင်သားတော်ကမူ ခိုင်မာစွာဆို၏။

"လုညီငယ်က ထူးခြားတဲ့ ပါရမီကို ပိုင်ဆိုင်ထားတယ်။ သူ ဒီလိုကပ်ဘေးမျိုးကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။"

နတ်ဓားဂိုဏ်း၊လေ့ယင် မြင့်မြတ်နယ်မြေ၊

အင်ပါယာ ဓားဂိုဏ်းနှင့် အရှေ့နယ်မြေ၏ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများနှင့် မဟာဂိုဏ်းများမှ အခြားများစွာသော ကျင့်ကြံသူများသည် ယခုအခါ ကောင်းကင်သို့ ပျံတက်လာကြကာ ပြိုကျနေသော ကောင်းကင်ကို ‌မမှိတ်မသုန် ကြည့်နေကြကုန်၏။

မဟာဂိုဏ်းများသာမက အရှေ့နယ်မြေမှ ကျင့်ကြံသူတိုင်းနီးပါးသည် ယခုအခါ ကောင်းကင်မိုးကြိုးကို ကြည့်ရှုနေကြသည်သာ။

အချို့မှာ လေးစားစွာ သို့မဟုတ် မယုံကြည်နိုင်စွာ အာမေဋိတ်ပြုကြ၏။

အချို့က ဤသို့သော ကောင်းကင်ကပ်ဘေးနှင့်ဆိုလျှင် လုရီပင်လျှင် အသက်ရှင်နိုင်မည်မဟုတ်ဟု ထင်မြင်ကြ၏။

အချို့ကမူ လုရီ၏ ပါရမီမှာ အလွန်ကြီးမားလွန်းသဖြင့် ကောင်းကင်တာအိုပင်လျှင် နေရာမယူနိုင်ဟု ယုံကြည်ကြလေသည်။

လူငယ်ကျင့်ကြံသူ အများအပြားမှာ လုရီကို လေးစားစွာ မော့ကြည့်နေကြပြီး အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများနှင့် မဟာဂိုဏ်းများမှ အမျိုးသမီးကျင့်ကြံသူများစွာ၏ မျက်ဝန်းများထဲတွင်ပင် ကောင်းကင်မိုးကြိုးရှိရာ အရပ်ကို ကြည့်ရင်း စွဲလမ်းသော အကြည့်များ ရှိနေကြရာ၊ ထိုထဲတွင် လေ့ယင် သူတော်စင်သမီးတော်ပင် ပါဝင်လေသည်။

မည်သို့ပင်ဖြစ်စေ၊ အရှေ့နယ်မြေမှ ကျင့်ကြံသူအားလုံးသည် ဤအခိုက်အတန့်တွင် လုရီ၏ ကပ်ဘေးဖြတ်ကျော်ခြင်းကို အာရုံစိုက်နေကြတော့သည်။

တိမ်ဖြူဂိုဏ်း...

လင်းလောင်တောင်ထိပ်တွင် လင်းလောင်တောင်ထိပ်သခင်မနှင့် အဘွားယွမ်လင်တို့သည် လေထဲတွင် လွင့်ဝဲနေကြသည်။

လင်းလောင်တောင်ထိပ်သခင်မ၏ နှုတ်ခမ်းမှာ တုန်လှုပ်သောအမူအရာဖြင့် အနည်းငယ်ဟနေပြီး အဝေးမှ ခရမ်းရောင်မိုးကြိုးတိမ်တိုက်များနှင့် မိုင်ပေါင်းငါးသောင်းကျော်မျှ ပြိုကျနေသော ကောင်းကင်ကို ရီဝေစွာ စိုက်ကြည့်နေသည်။

ထို့နောက် သူမသည် သတိပြန်ဝင်လာပြီး အဘွားယွမ်လင်ဘက်သို့ လှည့်ကာ ပြုံးတစ်ဝက်ရယ်တစ်ဝက်ဖြင့် ဆိုလိုက်၏။

"အဘွားယွမ်လင်၊ အခုရော ဘယ်လိုထင်လဲ။"

အဘွားယွမ်လင်၏ အမူအရာမှာလည်း အလားတူပင် မယုံကြည်နိုင်ဖြစ်နေသည်။ သူမသည် မိမိကိုယ်ကို တိုးတိုးရေရွတ်နေ၏။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး။ မဟာယာနနယ်ပယ်ရဲ့ ကပ်ဘေးတစ်ခုက ဘာလို့ ဒီလောက်အတိုင်းအတာကြီး ဖြစ်နေရမှာလဲ။ ခရမ်းရောင်နေမင်းမိုးကြိုးကပ်ဘေးဆိုတာ ကောင်းကင်ကို တကယ်စိန်ခေါ်တဲ့ နတ်ဆိုးတွေမှ ကြုံတွေ့ရတဲ့ အရာမျိုးလေ…"

ကျင့်ကြံသူအားလုံး၏ စောင့်ကြည့်မှုအောက်တွင် လုရီသည် ခရမ်းရောင်ကပ်ဘေးမိုးကြိုးကို မော့ကြည့်လိုက်ရာ သူ၏မျက်နှာထက်တွင် ပို၍တည်ကြည်သော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။

ဤကပ်ဘေးမှာ သာမန်မဟုတ်သည်မှာ ထင်ရှားလှပြီး လုရီသည် ကွာခြားမှုကို သဘာဝအတိုင်း ခံစားမိနိုင်သည်။ ၎င်းအတွင်းမှ မိုးကြိုးစွမ်းအားမှာ အလွန်အားကောင်းပြီး နေမင်း၏ ဖျက်ဆီးခြင်းကဲ့သို့သော အရှိန်အဝါကိုပင် သယ်ဆောင်ထား၏။

သို့သော် လုရီ၏နှလုံးသားမှာ သိပ်မလှုပ်ရှားခဲ့ပေ။ ဖရိုဖရဲ ချီစွမ်းအင်ကို စုပ်ယူပြီး မဟာယာနနယ်ပယ်၏ အသွင်ပြောင်းလဲမှုကို ပြီးမြောက်ပြီးနောက် သူ၏ရုပ်ခန္ဓာ မည်မျှကြောက်မက်ဖွယ်ကောင်းလာသည်ကို သူ သိရှိပေသည်။

ဂျုန်း ...

မိုးခြိမ်းသံ တစ်ချက် ပဲ့တင်ထပ်သွားသည်။

ခရမ်းရောင် မိုးကြိုး တိမ်တိုက်များကြားတွင် နေရောင်ခြည်များ ကျဆင်းလာသည့်အလား

ဓားပုံသဏ္ဍာန် ခရမ်းရွှေရောင် မိုးကြိုးတစ်ခုသည် သတိပေးခြင်းမရှိဘဲ တဟုန်ထိုး ကျဆင်းလာသည်။ ၎င်းဖြတ်သန်းသွားလေရာရာ၌ ဟင်းလင်းပြင်သည် လုံးဝ ပြိုကျသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်အက်ကွဲကြောင်းများကို ဆွဲဖြဲသွား၏။

ခရမ်းရောင်ရွှေရောင် မိုးကြိုးသည် လုရီ၏ ခန္ဓာကိုယ်ကို ထိမှန်သွားရာ သူ၏တစ်ကိုယ်လုံးတွင် စူးအောင့်သော ဝေဒနာအား ခံစားလိုက်ရသည်။ သူ၏ အရေပြားပေါ်တွင် နေမင်း၏ မီးလျှံဖြင့် အကျွမ်းလောင်ခံရသည့်အလား မီးလောင်ဒဏ်ရာများ ပေါ်ထွက်လာ၏။

လုရီမှာ အံ့အားသင့်သွား၏။

ကျစ်… ဒီကပ်ဘေးက ငါထင်ထားတာထက်တောင် ပိုအားကောင်းနေပါလား၊ တကယ်ပဲ ငါ့ကို ဒဏ်ရာရစေခဲ့သလား။

ကျေးဇူးတင်စရာမှာ သူ၏ ရုပ်ခန္ဓာမှာလည်း လုံလောက်အောင် အားကောင်းသောကြောင့် မီးလောင်ဒဏ်ရာများသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကာ သူ၏ အရေပြားမှာ နဂိုအတိုင်း ဖြူစင်သော အသားအရေသို့ ပြန်လည် ရောက်ရှိသွားလေသည်။

ပထမဆုံးသော မိုးကြိုး တစ်ချက်နောက်တွင် ခရမ်းရွှေရောင် မိုးကြိုးအလင်းလှိုင်းများ တဟုန်ပစ်ခွင်းလာသည်။ မိုးကြိုးအလင်းလှိုင်းများကောင်းကင်မှ ကျဆင်းလာကာ လုရီကို မျက်စိတစ်မှိတ်အတွင်း ဝါးမြိုသွားတော့သည်။

လုရီ ရပ်နေသော နေရာသည် ခရမ်းရောင်ရွှေရောင် လျှပ်စီးပင်လယ်ကြီး ဖုံးလွှမ်းသွားသည့်အလား ဖြစ်ပြီး နှလုံးသားကို တုန်လှုပ်စေသော အဖျက်စွမ်းအားကို ထုတ်လွှတ်နေသည်။ အရှေ့နယ်မြေ တစ်ခုလုံးသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါကို ခံစားလိုက်ရပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများကို ထိတ်ပျာသွားစေ၏။

ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးတစ်ဦးက တုန်လှုပ်စွာ အသံထုတ်ဖော်လာသည်။

"ဒီလိုကပ်ဘေးမျိုး၊ သေးသေးလေးတစ်စလောက်ကတောင် ငါ့ကို ပြာဖြစ်သွားစေမှာပဲ။

လုရီ တကယ်ပဲ အသက်ရှင်နိုင်ပါ့မလား။"

မဟာမဟာယာန ဘိုးဘေးတစ်ဦးက မယုံကြည်နိုင်စွာ အကျယ်ကြီး အော်ဟစ်လိုက်၏။

"အလိုလေး...ကောင်းကင်ဘုံက နောက်နေတာလား။ ဒါက တကယ်ပဲ တက်လှမ်းခြင်းကပ်ဘေး မဟုတ်ဘူးလား။ ဒါက မဟာယာနနယ်ပယ်ရဲ့ ကပ်ဘေးတဲ့လား။"

ကျင့်ကြံသူအားလုံးသည် မိုးကြိုးပင်လယ်ကို စူးစိုက်ကြည့်နေကြစဉ် ခရမ်းရွှေရောင် ကပ်ဘေးအတွင်း၌ ရှိနေသော လုရီမှာမူ သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ကျန်ရှိနေသော ရုတ်ချည်းဉာဏ်အလင်းရခွင့်ကို အသုံးပြုလိုက်သည်။

ဤကပ်ဘေးမှာ အားအင်ပြည့်ဝလှသဖြင့် သူသည် ဤအခွင့်အရေးကို အရယူကာ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်များကို မှန်းဆတွေးတောလို၏။

လုရီသည် ကိုးပါး ကောင်းကင်မိစ္ဆာကိုယ်ထည်၏ နက်နဲမှုများကို နားလည်ပြီးနောက် အင်မော်တယ်မိုးကြိုး သိုင်းနဂါးသိုင်းစွမ်းရည်ကို ထပ်မံ၍ အဆင့်မြှင့်တင်ခဲ့သည်။

ကိုးပါး ကောင်းကင် မိစ္ဆာကိုယ်ထည်သည် မိစ္ဆာအဖြစ်သို့ အသွင်ပြောင်းလဲရန် ရည်ရွယ်သည်။ ကောင်းကင် မိစ္ဆာများသည် အလွန်အားကောင်းသော ရုပ်ခန္ဓာ ရှိသည့် ပြင်ပ ကမ္ဘာ မျိုးနွယ်

တစ်မျိုးဖြစ်ပြီး တစ်ချိန်က ထျန်းမင်ကိုပင် ကျူးကျော်ခဲ့သော်လည်း နတ်ဓားဂိုဏ်း၏ သခင်ကြီးက ကောင်းကင်တာအိုဓားဖြင့် နှိမ်နင်းခဲ့သည်။

သို့တိုင်အောင် ကောင်းကင်မိစ္ဆာ ခန္ဓာကိုယ်၏ အထင်ကြီးဖွယ် ခွန်အားမှာ လျစ်လျူရှု၍ မရသော အရာတစ်ခု ဖြစ်သည်။

ကိုးပါး ကောင်းကင်မိစ္ဆာကိုယ်ထည်၏ နည်းစနစ်ကို ကျင့်ကြံခြင်းမှာ မိမိ၏ ရုပ်ခန္ဓာကို မိစ္ဆာ ခန္ဓာကိုယ်အဖြစ်သို့ အသွင်ပြောင်းလဲကာ အလွန်တရာ အားကောင်းသော ရုပ်ပိုင်းဆိုင်ရာကို ရရှိရန် ဖြစ်ပြီး ဤသည်မှာ ပထမအဆင့်သာ ဖြစ်သည်။

ကိုးပါး ကောင်းကင်မိစ္ဆာ ကိုယ်ထည်၏ အနှစ်သာရမှာ ကိုးပါး အသွင်ပြောင်းလဲခြင်း၌

တည်ရှိသည်။

အသွင်ပြောင်းလဲမှု တစ်ခုစီသည် ဇာတ်ရုပ် ပြောင်းလဲခြင်းနှင့် ညီမျှပြီး ကိုးကြိမ်အသွင်ပြောင်းလဲကာ ပမာဏ ပြောင်းလဲမှုကို အရည်အသွေး ပြောင်းလဲမှုအဖြစ်သို့ ပြောင်းလဲပြီး နောက်ဆုံးတွင် ရုပ်ခန္ဓာကို ကောင်းကင်မိစ္ဆာ၏ ခန္ဓာကိုယ်ထက် များစွာသာလွန်သော ကြောက်မက်ဖွယ် အဆင့်သို့ သန့်စင်နိုင်လေသည်။

၎င်းသည် နက်နဲပြီး လျှို့ဝှက်သော ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်တစ်ခု ဖြစ်၏။

လုရီသည် မိစ္ဆာအသွင်ပြောင်းလဲခြင်း ကိုးလွှာ၏ အနှစ်သာရကို အင်မော်တယ်မိုးကြိုးနဂါးနည်းစနစ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းပြီး ဇာတ်ရုပ်ပြောင်းလဲခြင်းကို အခြေခံသဘောတရားအဖြစ် အသုံးပြုကာ နည်းစနစ်ကို သန့်စင်ခဲ့သည်။ အမှန်တကယ်တွင် သူသည် စွမ်းအားများစွာကို ပိုင်ဆိုင်ထားပြီး နိယာမများစွာကိုပင် တတ်မြောက်ထားသော်လည်း နိယာမအားလုံးကို ကျင့်ကြံခြင်းနည်းစနစ်တစ်ခုအတွက် အသုံးမပြုနိုင်ပေ။ မိမိနှင့်ကိုက်ညီသော စွမ်းအားများကိုသာ ရွေးချယ်ရသည်။

အင်မော်တယ်မိုးကြိုးနဂါးနည်းစနစ်သည်

အင်မော်တယ်နိယာမကို အူတိုင်အဖြစ် အသုံးပြုပြီး လုရီနားလည်သဘောပေါက်ခဲ့သော အစစ်အမှန်နဂါးတာအိုပုံစံနှင့် မိုးကြိုးနိယာမတို့ဖြင့် ဖြည့်စွက်ထားသည်။ နောက်ပိုင်းတွင် လုရီသည် သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးထံမှ ရရှိခဲ့သော သွေးကျောက်တိုင်မှ သိရှိခဲ့သည့် စွမ်းအားနိယာမနှင့် နောက်ဆုံးတွင် ကိုးပါး နက်နဲသောအနှစ်သာရကို ပေါင်းထည့်ကာ နည်းစနစ်ကို ပုံစံသစ်တစ်ခုအဖြစ် ပြန်လည်မှန်းဆခဲ့သည်။

ယခုအခါ ခရမ်းရောင်နေမင်းမိုးကြိုးကပ်ဘေးအောက်တွင် လုရီသည် နေမင်း၏ ပူလောင်သော အပူရှိန်နှင့် မိုးကြိုး၏ အဖျက်စွမ်းအားကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်များအပေါ် ပိုမိုနက်ရှိုင်းသော နားလည်မှုကို ရရှိခဲ့လေသည်။

သူ၏ ရုတ်ချည်းဉာဏ်အလင်းရနေစဉ်အတွင်း လုရီသည် အဆက်မပြတ် မှန်းဆတွေးတောကာ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်များကို ပြုပြင်မွမ်းမံပြီး မိမိအတွက် အသင့်တော်ဆုံးတစ်ခုကို တီထွင်ရန် ကြိုးစားလေသည်။

တာအိုပုံစံများ ဖွဲ့စည်းပြီးနောက် ကြေမွသွားသည်၊ ထို့နောက် ထပ်မံဖွဲ့စည်းပြီး နောက်တစ်ကြိမ် ကြေမွသွားပြန်သည်။

အချိန်မည်မျှကြာသွားသည်ကို မသိပြီးနောက် နက်နဲသော တာအိုပုံစံတစ်ခုသည် နောက်ဆုံးတွင် လုရီ၏စိတ်ထဲ၌ ပုံသဏ္ဍာန်ပေါ်လာတော့၏။

ဤတာအိုပုံစံ ဖွဲ့စည်းသည့်အခိုက်အတန့်၌ ကောင်းကင်တွင် တာအို တေးသံ မြည်ဟည်းလာ၏။ ကျယ်လောင်ပြီး နက်နဲသော တာအိုတေးသံသည် ကောင်းကင်နှင့်မြေကြီးအကြား၌ ပဲ့တင်ထပ်သွားလေသည်။ ထျန်းမင်မှ ကျင့်ကြံသူအားလုံးသည် နက်နဲသော အသံကို ကြားလိုက်ရကာ တစ်ယောက်ချင်းစီ ဉာဏ်အလင်းများ ရရှိသွားကြတော့သည်။

အလွန်အမင်း အေးခဲသော ရေခဲပြင်မှ ရေခဲမြစ်တစ်ခုထက်၌ တင်ပျဉ်ခွေ ထိုင်နေသော

ဓားအင်မော်တယ် သခင် ဝမ်ကျန်းယွမ်သည် အရှေ့နယ်မြေဘက်သို့ ခေါင်းကို မော့ကြည့်လိုက်ရာ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုအရိပ်အယောင် တစ်ခု ထင်ဟပ်သွားသည်။

"တစ်စုံတစ်ယောက်က အင်မော်တယ်ကျမ်းသစ်တစ်ပါးကို ဖန်တီးလိုက်ပြီပဲ။"

အခန်း ၅၀၄ - ရာရှိုမွန်မျိုးနွယ်စု ကျင့်ကြံသူ - တစ်စုံတစ်ယောက် တက်လှမ်းနေတာလား ...

~လုရီသည် အင်မော်တယ်နိယာမ၊ စွမ်းအားနိယာမနှင့် မိုးကြိုးနိယာမတို့ကို အဓိကအဖြစ် အသုံးပြုကာ အစစ်အမှန်နဂါးတာအိုပုံစံကို ခံစားနားလည်ပြီး ကိုးပါး ကောင်းကင်မိစ္ဆာကိုယ်ထည်၏ ကိုးပါး အသွင်ပြောင်းလဲ စနစ်ကို အသုံးပြု၍ မှန်းဆတွေးတောကာ နောက်ဆုံးတွင် မူလအင်မော်တယ်မိုးကြိုးနဂါး ကျင့်စဉ်ကို နောက်တစ်ကြိမ် အဆင့်မြှင့်တင်ခဲ့သည်။

အဆင့်မြှင့်တင်ပြီးနောက် အင်မော်တယ်မိုးကြိုးနဂါးနည်းစနစ်သည် အင်မော်တယ်ကျမ်းတစ်ခု ဖြစ်လာခဲ့ပေသည်။

လုရီက ၎င်းကို "ကိုးပါး အင်မော်တယ် ခန္ဓာကိုယ်" ဟု အမည်ပေးလိုက်၏။

ကိုးပါး အသွင်ပြောင်းလဲ စနစ်ကို အသုံးပြု၍ အစစ်အမှန်နဂါးခန္ဓာကိုယ်ကို ကိုးကြိမ်အသွင်ပြောင်းလဲပြီး နောက်ဆုံးတွင် ပမာဏမှ အရည်အသွေးသို့ ပြောင်းလဲကာ သူ၏ရုပ်ခန္ဓာကို အစစ်အမှန်နဂါးတစ်ကောင်ထက် များစွာသာလွန်စေပြီး စိတ်ကူးရန်ခက်ခဲသော နယ်ပယ်တစ်ခုသို့ ရောက်ရှိစေမည် ဖြစ်သည်။

၎င်းတို့အနက် အင်မော်တယ်နိယာမ၊ မိုးကြိုးနိယာမနှင့် စွမ်းအားနိယာမတို့သည်လည်း ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကာ အင်မော်တယ်နိယာမ၏ အင်မော်တယ်စိတ်ဆန္ဒသည် ကိုးပါး ကောင်းကင်မိစ္ဆာကိုယ်ထည်အား ပိုမိုခိုင်မာပြီး အားကောင်းစေကာ မိုးကြိုးစွမ်းအားနှင့် စွမ်းအားနိယာမတို့က ကိုးပါး အင်မော်တယ် ခန္ဓာကိုယ်၏ ခွန်အားနှင့် ဖျက်ဆီးနိုင်စွမ်းကို များစွာတိုးတက်စေ၏။

ခြုံငုံပြောရလျှင် ဤခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်သစ်သည် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးကို တက်လှမ်းခြင်းနယ်ပယ်အထိ ကျင့်ကြံခွင့်ပြုနိုင်ပေသည်။ ၎င်းသည် စစ်မှန်သော အင်မော်တယ်ကျမ်းတစ်စောင် ဖြစ်၏။

လုရီသည်လည်း သူ၏နှလုံးသားထဲ၌ အလွန်အမင်း အံ့အားသင့်သွားရသည်။ သူသည် ယခင်က မိမိ၏ကိုယ်ပိုင် အင်မော်တယ်ကျမ်းကို ဖော်ထုတ်ရန် ရည်စူးထားခဲ့သော်လည်း အမှန်တကယ် ဖော်ထုတ်နိုင်ခဲ့သောအခါ အလွန်တရာ စိတ်လှုပ်ရှားသွားသည်။

ဤသည်မှာ လုရီ၏ လမ်းစဉ်သည် အောင်မြင်နိုင်ကြောင်း၊ တက်လှမ်းခြင်းသည် လုံးဝပြဿနာမဟုတ်ကြောင်း၊ ထို့ထက်မက သူသည် မိမိ၏ကိုယ်ပိုင်ဂိုဏ်း၊ မိမိ၏ကိုယ်ပိုင်တာအိုကို ဖန်တီးနိုင်ကြောင်းဟု ဆိုလိုပေ၏။

မည်သည့် ကျင့်ကြံသူအတွက်မဆို ဤသည်မှာ အသိအမှတ်ပြုခြင်း တစ်ရပ် ၊ ကောင်းကင်တာအိုထံမှ အသိအမှတ်ပြုခြင်း ဖြစ်သည်။ စစ်မှန်သော ကျင့်ကြံခြင်းသည် စစ်မှန်သော မိမိကိုယ်ကို ကျင့်ကြံခြင်းဖြစ်ပြီးဂ စစ်မှန်သော မိမိကိုယ်ကို အသိအမှတ်ပြုမှသာ မိမိ၏လမ်းစဉ်ပေါ်တွင် အမှန်တကယ် တိုးတက်နိုင်မည်ဖြစ်သည်။

နက်နဲသော တာအိုတေးသံသည် ကောင်းကင်နှင့်မြေကြီးအကြား၌ ပဲ့တင်ထပ်သွားပြီး လုရီသည်လည်း ၎င်းကို ကြားလိုက်ရသည်။

နက်နဲသော တာအိုအလင်းတန်းများသည် ဟင်းလင်းပြင်မှ ထွက်ပေါ်လာပြီး လုရီ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားကာ သူ၏ခန္ဓာကိုယ်ကို ပန်းနုရောင်အလင်းမျှင်များဖြင့် တောက်ပစေသည်။

ဤသည်မှာ တာအိုထံမှ လက်ဆောင်တစ်ခု ဖြစ်၏။

လုရီသည် သူ၏ကျင့်ကြံမှုအခြေခံ အဆင့်ချိုးဖြတ်မှုတိုင်း၌ အခြေခံတည်ထောင်ရန် တာအိုရတနာများကို အသုံးပြုခဲ့သည်။

ယခုအခါ အခြေခံတည်ဆောက်ရန် ဖရိုဖရဲ ချီစွမ်းအင်ကိုပင် အသုံးပြုနေသောကြောင့် အထူးအသွင်ပြောင်းလဲမှုများ မရှိခဲ့ခြင်းမှာ အနည်းငယ် နှမြောစရာပင်။

အဝေးမှ လင်းလောင်တောင်ထိပ်သခင်မနှင့် အဘွားယွမ်လင်တို့သည်လည်း တာအိုအလင်းကို မြင်တွေ့ပြီး ကောင်းကင်နှင့်မြေကြီးအကြားမှ တာအိုတေးသံကို ခံစားမိကြသည်။

လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာထက်တွင် တုန်လှုပ်သောအမူအရာတစ်ခု ရှိနေ၏။ အ‌ဝေးမှ တာအိုအလင်းကို စိုက်ကြည့်နေကာ သူမ၏မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။

"ဒီကောင်လေး… တကယ်ကြီးလား။ သူ တကယ်ပဲ အင်မော်တယ်ကျမ်းတစ်စောင်ကို ဖော်ထုတ်လိုက်တာလား။"

သူမ၏ဘေးတွင် အဘွားယွမ်လင်မှာလည်း ယိုင်နဲ့သွားပြီး အဝေးမှ မိုးကြိုးပင်လယ်ကို မျက်စိဖြင့်ကြည့်ရင်း မရပ်မနား ခပ်တိုးတိုးရေရွတ်နေသည်။

"မဖြစ်နိုင်ဘူး။ ဒါက မဖြစ်နိုင်ဘူး။ မဟာယာနနယ်ပယ် ကျင့်ကြံသူတစ်ယောက်က သူ့ရဲ့ကိုယ်ပိုင်လမ်းကို ထွင်းဖောက်ပြီး အင်မော်တယ်ကျမ်းတစ်စောင်ကို ဖော်ထုတ်လိုက်တယ်တဲ့လား။"

ထိုအခါ လင်းလောင်တောင်ထိပ်သခင်မသည် သတိပြန်ဝင်လာပြီး မျက်ခုံးပင့်ကာ အဘွားယွမ်လင်ဘက်သို့ ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ရယ်မောကာ ဆိုလိုက်သည်။

"အဘွားယွမ်လင်၊ အခုရော ဘယ်လိုပြောမလဲ။ ကျွန်မတပည့်ကို ကြယ်တာရာ နယ်မြေရဲ့ ထိပ်တန်း ပါရမီရှင်တစ်ယောက်လို့ မှတ်ယူလို့ ရပြီလား။"

အဘွားယွမ်လင်သည် ပါးစပ်ဟလိုက်ပြီး ခဏတာမျှ စကားလုံးများ ဆုံးရှုံးသွားကာ ထို့နောက် ခါးသီး

စွာရယ်မောလိုက်ပြီး ခေါင်း ကို ခါယမ်းလိုက်သည်။

"ဒီလို အသက်အရွယ်၊ ဒီလို ကျင့်ကြံမှုနဲ့ သူက သူ့ရဲ့ကိုယ်ပိုင်လမ်းကို ထွင်းဖောက်နိုင်ခဲ့တယ်။ ဒီလို လူမျိုးကိုတောင် ထိပ်တန်း ပါရမီရှင်လို့ မသတ်မှတ်နိုင်ရင် ဘယ်လို လူမျိုးကိုမှ သတ်မှတ်လို့ ရတော့မှာလဲဆိုတာ

ကျွန်မ တကယ် မသိတော့ဘူး။"

သူမသည် အဝေးမှ မိုးကြိုးပင်လယ်ဘက်သို့ ကြည့်ရင်း ချီးကျူးလိုက်သည်။

"သခင်လေးလုရီရဲ့ ပါရမီက နယ်နိမိတ်မဲ့တယ်၊ သူ့ရဲ့အနာဂတ် အောင်မြင်မှုတွေက ကျွန်မကို ကျော်တက်သွားမှာ သေချာပါတယ်။"

လင်းလောင်တောင်ထိပ်သခင်မသည် မျက်ခုံးကိုပင့်လိုက်ပြီး အလွန်ဂုဏ်ယူစွာဖြင့် ဆို၏။

"ကျွန်မရဲ့အကဲဖြတ်မှုက သဘာဝအတိုင်း အပြစ်အနာအဆာကင်းတယ်၊ သာမန် နက်နဲတဲ့ အင်မော်တယ်တွေ မပြောနဲ့၊ ရွှေရောင် အင်မော်တယ်၊ အင်မော်တယ် ဘုရင် အဆင့်တောင်မှ ဒီကောင်လေးမှာ အခွင့်အရေး ရှိတယ်။"

အဘွားယွမ်လင်မှာ အံ့အားသင့်သွားပြီးနောက် ခါးသီးစွာ ရယ်မောလိုက်သည်။

"သခင်မလေး၊ ရွှေရောင်အင်မော်တယ်တော့ ဖြစ်နိုင်ကောင်းပါရဲ့၊ ဒါပေမယ့်အင်မော်တယ်ဘုရင်အဆင့်ဆိုတာက ကြယ်တာရာ နယ်မြေရဲ့ အသ်ချေ ကြယ်မြစ် များစွာထဲမှာ နှစ်သန်းပေါင်းများစွာအတွင်း တစ်ခါတောင် မပေါ်ပေါက်နိုင်တဲ့ နယ်ပယ်ကြီးလေ။ သခင်မလေးရဲ့ မျှော်လင့်ချက်တွေက နည်းနည်းများ မမြင့်လွန်းဘူးလား။”

ထိုအခါ လင်းလောင်တောင်ထိပ်သခင်မသည် အဝေးမှ လုရီဘက်သို့ ကြည့်လိုက်ပြီး သူမ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ ခပ်ပေါ့ပေါ့ပြုံးလိုက်ပြီး မပီမသ ရေရွတ်လိုက်သည်။

"ကျွန်မမှာတော့ ကျွန်မအကြောင်းပြချက်နဲ့ကျွန်မ ရှိတာပေါ့။"

ဤစကားကို ကြားသောအခါ အဘွားယွမ်လင်သည် ခဏတာရပ်တန့်သွားပြီး လင်းလောင်တောင်ထိပ်သခင်မကို တစ်ချက်ကြည့်လိုက်ကာ ထပ်မံ၍ မပြောတော့ရန် ရွေးချယ်လိုက်သည်။

"သခင်မလေးမှာ ဒီလိုမျှော်လင့်ချက်တွေ ရှိနေမှတော့ သခင်လေးလုရီမှာ တကယ်ပဲ အခွင့်အရေးရှိနိုင်တာပေါ့။"

တာအိုတေးသံများ တဟုန်ထိုးထွက်ပေါ်ပြီး

တာအိုအလင်းများ လည်ပတ်နေစဉ် လုရီ၏ အဆင့်တက်လှမ်းမှုကို စောင့်ကြည့်နေသော အရှေ့နယ်မြေမှ ကျင့်ကြံသူအားလုံးသည် ယခုအခါ ဉာဏ်အလင်း၌ နစ်မြုပ်နေကြသည်။

အရှေ့နယ်မြေတစ်ခုလုံး အလွန်တိတ်ဆိတ်သွား၏။

သို့သော် ထိုအခိုက်အတန့်၌ ...

အရှေ့နယ်မြေနှင့် ဗဟိုနယ်မြေကြားမှ နယ်နိမိတ်အနီးရှိ သားရဲတစ်သောင်းတောင်တန်းအတွင်းမှ သီးခြားတောင်ကြားတစ်ခုတွင် နေရာလပ် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။

နေရာလပ် အက်ကွဲကြောင်းမှ ပုံရိပ်တစ်ဒါဇင်ခန့် လျင်မြန်စွာ ထွက်ပေါ်လာ၏။

"နောက်ဆုံးတော့ ငါတို့ ရောက်ပြီ၊ ဒီလောက်ပတ်ချာလည်ခရီးနှင်လာရတာ၊ တကယ်ပဲ အလုပ်ရှုပ်တယ်။"

"ဘာလုပ်နိုင်မှာလဲ။ ငါတို့ရဲ့အရှိန်အဝါက သိပ်အားကောင်းလွန်းတယ်၊ ကြယ်တာရာတံခါးပေါက်ကနေ တိုက်ရိုက်လာခဲ့ရင် ယွီမိသားစုကိုပဲ သတိပေးမိသွားလိမ့်မယ်။ ငါတို့မှာ ဟင်းလင်းပြင်ငယ် ဆက်သွယ်ရေးအခင်းအကျင်းတွေကနေ ဖြတ်သန်းသွားလာဖို့က လွဲလို့ ရွေးချယ်စရာမှ မရှိခဲ့တာကွာ။"

"ဝိညာဉ်စွမ်းအင်ရဲ့ သိပ်သည်းဆက သိပ်နည်းတယ်၊ အဆင့်နိမ့်ဂြိုဟ်ကတော့ အဆင့်နိမ့်ဂြိုဟ်ပါပဲ။"

သူတို့ထွက်ပေါ်လာသည်နှင့် ရာရှိုမွန်မျိုးနွယ်စုမှ ကျင့်ကြံသူများသည် စိတ်ညစ်ညစ် ညည်းညူခြင်းကို မထိန်းနိုင်ခဲ့ကြပေ။

ထို့နောက် ရာရှိုမွန်မျိုးနွယ်စုမှ ကျင့်ကြံသူအားလုံးသည် မူမမှန်မှုအား ခံစားလိုက်ရကာ သူတို့၏ခန္ဓာကိုယ်များ တုန်ခါသွားပြီး …အဝေးသို့ လှည့်ကြည့်လိုက်ကြသည်။

သူတို့ကို ဦးဆောင်နေသော ရွှဲ့လုမင်သည် အဝေးမှ ပြိုကျနေသော မြင်ကွင်းကို ကြည့်ရင်း သူ၏ မျက်ဆံများ ကျုံ့သွားပြီး အံ့အားသင့်စွာ ထုတ်ဖော်ပြောလိုက်၏။

"တစ်ယောက်ယောက် ကပ်ဘေးဖြတ်ကျော်နေတာလား။ ဒါက တက်လှမ်းခြင်းမိုးကြိုးကပ်ဘေးလား။"

ရာရှိုမွန်မျိုးနွယ်စုမှ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်ဦးသည် မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ကြယ်တာရာ နယ်မြေက တကယ်ပဲ ကောင်းချီးပေးခံရတာပဲ။ ဒီလိုအဆင့်နိမ့်ကြယ်တစ်လုံးမှာ နောက်ထပ်ကျင့်ကြံသူ တစ်ယောက် တက်လှမ်းနေပြန်ပြီ။"

"ဒါပေမဲ့… ဒီတာအိုတေးသံနဲ့ တာအိုအလင်းကရော ဘာတွေလဲ။"

ရာရှိုမွန်မျိုးနွယ်စုမှ ကျင့်ကြံသူတစ်ဦးသည် အလွန်အမင်း အံ့အားသင့်နေသည်။

အခြားကျင့်ကြံသူများမှာလည်း ပြောင်းလဲမှုကို ခံစားမိကြပြီး သူတို့၏မျက်နှာများမှာ သိမ်မွေ့စွာ ပြောင်းလဲသွားကြတော့သည်။

ရာရှိုမွန် မျိုးနွယ်စုမှ ကပ်ဘေးဖြတ်ကျော် အဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ဦးသည် ခဏတာ မှင်သက်သွားပြီးနောက် အလွန်ဝမ်းမြောက်စွာ အော်ဟစ်လိုက်၏။

"ဒီတာအိုတေးသံနဲ့ တာအိုအလင်းက သိပ်နက်နဲတယ်၊ ငါ့ကိုတောင်မှ တက်လှမ်းခြင်းရဲ့ နက်နဲတဲ့လျှို့ဝှက်ချက်တစ်စကို ခံစားနားလည်ခွင့်ပေးတယ်။"

အင်မော်တယ်များ၏ မျိုးဆက်ဖြစ်ပြီး ဗဟုသုတကျယ်ပြန့်သော ရွှဲ့လုမင်သည် မယုံကြည်နိုင်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားလေသည်။

"ဒါက… တစ်ယောက်ယောက်က ဉာဏ်အလင်းရပြီး အင်မော်တယ်ကျမ်းတစ်စောင်ကို ဖော်ထုတ်နေတာလား။

All Chapters