← Chapters

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း ၅၁၁- လုရီ၏ ကြောက်မက်ဖွယ် ခွန်အား ...

~အခန်းထဲတွင် ရွှဲ့လုမင် အပါအဝင် မည်သူ

တစ်ဦးတစ်ယောက်ကမျှ နေရာလပ်အက်ကွဲကြောင်းအတွင်း ပုန်းအောင်းနေသော လုရီကို သတိမထားမိကြချေ။ သူတို့သည် မျက်မှောင်ကြုတ်ကာ ဆက်လက် ဆွေးနွေးနေကြလေသည်။

ထိုအခါ လူတစ်ယောက်က တိုက်တွန်းလိုက်၏။

"သခင်လေး၊ ကျွန်တော့်အထင်တော့ သခင်ကြီးဆီက အကူအညီတောင်းသင့်တယ်၊ သခင်ကြီးရဲ့ နည်းလမ်းတွေနဲ့သာဆိုရင်၊ အင်မော်တယ်ရတနာတစ်ခုလောက် ချီးမြှင့်လိုက်တာနဲ့ လုရီကို အသေချာဆုံး သတ်နိုင်မှာပဲ။"

ရွှဲ့လုမင်က မျက်မှောင်ကို တင်းတင်းကြုတ်လိုက်ပြီး အေးစက်စွာ ခွန်းတုံ့ပြန်သည်။

"လူသားမျိုးနွယ်ထဲက မဟာယာနအဆင့်လေးတစ်ယောက်ကို ရင်ဆိုင်ဖို့ ကျုပ်တို့ရဲ့ ဘိုးဘေးတွေကို အကူအညီတောင်းရမယ် ဟုတ်လား။ ခင်‌ဗျားက ကျုပ်ဘိုးဘေးတွေ ကျုပ်အပေါ် လုံးဝ မျှော်လင့်ချက် မရှိတော့အောင် လုပ်ချင်နေတာလား။"

"ကျွန်တော်... မဝံ့ရဲပါဘူး။"

စကားပြောလိုက်သည့် ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူက သူ့နဖူးမှ ချွေးစေးများကို သုတ်လိုက်လေသည်။

ရွှဲ့လုမင်က ခပ်ပြတ်ပြတ် အမိန့်ပေး၏။

"အခု ကျုပ် အဓိက သိချင်တာက လုရီကို ဘယ်လိုနည်းနဲ့ အပြင်ဆွဲထုတ်ပြီး သတ်ပစ်ရ

မလဲဆိုတာပဲ။ အဲ့ဒီနောက်မှ ကျုပ်တို့ ဘယ်လိုဆုတ်ခွာပြီး ဘိုးဘေးတွေဆီ အောင်မြင်ကြောင်း သတင်းပို့ရမလဲဆိုတာ စဉ်းစားရမှာ။"

ကျင့်ကြံသူ အများအပြား အတွေးနက်သွားကြတော့သည်။

ထိုအခိုက်အတန့်၌၊ နေရာလပ် အက်ကွဲကြောင်းထဲမှ လုရီကတော့ မျက်မှောင်ကြုတ်လိုက်မိ၏။ သူက ဘာကိုမှ တွက်ချက်နေခြင်း မဟုတ်။

ဤကျင့်ကြံသူများ၏ ရှေ့မှာ ရပ်နေရင်း လုရီက တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်သွားလေသည်။

ဤကျင့်ကြံသူများ၏ ဇာစ်မြစ်သည် လူသားများနှင့် မတူသလို၊ ပင်လယ်မျိုးနွယ်နှင့်လည်း မတူချေ။ ယင်းအစား သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးနှင့် နောက်မှရောက်လာသော ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူ နှစ်ဦးနှင့် ပို၍တူညီနေ၏။

....ဒီကောင်တွေအားလုံးက ရာရှိုမွန် မျိုးနွယ်ဝင်တွေပဲ။...

အရှေ့ နယ်မြေတွင် ဤမျှ အားကောင်းသော ကပ်ဘေးဖြတ်ကျော် အဆင့် ဘိုးဘေးများ ဘယ်တုန်းက ပေါ်လာသည်ကို သူ အဘယ်ကြောင့် မသိရသနည်းဆိုသည်ကို လုရီ ရုတ်တရက် နားလည်သွားသည်။ အကြောင်းမူကား သူတို့သည် ရာရှိုမွန် မျိုးနွယ်မှ ကျင့်ကြံသူများ ဖြစ်သောကြောင့်ပင်။

မကြာမီ၊ လုရီ၏ မျက်နှာက မည်းမှောင်သွားတော့သည်။

သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးကို သတ်ပြီးနောက်၊ ရာရှိုမွန်မျိုးနွယ်၏ ပစ်မှတ်ထားခံလိုက်ရသလို သူ ခံစားခဲ့ရ၏။ ရာရှိုမွန်မျိုးနွယ်မှ ကပ်ဘေးဖြတ်ကျော် အဆင့် ကျင့်ကြံသူ နှစ်ဦး၏ လုပ်ကြံမှုက သက်သေပင်။

...နှစ်တစ်ရာတောင် မပြည့်သေးဘူး၊ ဒီရာရှိုမွန်မျိုးနွယ်ကောင်တွေက ငါ့ကို ဒုက္ခလာပေးပြန်ပြီလား။...

ထို့အပြင်၊ ယခုတစ်ကြိမ်တွင် ကပ်ဘေးဖြတ်ကျော် အဆင့် ဘိုးဘေး ဒါဇင်ကျော်ပင် ပါဝင်နေသည်။ သူတို့စကားအရဆိုလျှင် သူတို့နောက်ကွယ်၌ အင်မော်တယ်တစ်ပါး အမှန်တကယ် ရှိနေလေ၏။

...ဒီအင်မော်တယ်က ငါ့ကို တကယ်ပဲ သေစေချင်နေတာပဲ...

လုရီ ခေါင်းနပမ်းကြီးသွားလေသည်။

တခြားသူများက သခင်လေးဟု ခေါ်သော

ရွှဲ့လုမင်ကို ကြည့်လိုက်ပြီး သူသည် သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးနှင့် တူညီသော တည်ရှိမှုတစ်ခုလားဟု လုရီ တွေးမိသည်။

...သူ့ကိုသာ သတ်လိုက်ရင် ရာရှိုမွန် မျိုးနွယ်ရဲ့အင်မော်တယ်က ကိုယ်တိုင် ဆင်းလာမှာပေါ့။...

ဒီအတွေးက လုရီကို ဦးရေပြားပင် ထုံကျင်သွားစေ၏။

သို့ဖြစ်သော်ငြားလည်း ယခုအချိန်တွင် ထိုအရာကို သူ စိုးရိမ်နေ၍မရတော့ပါ။ သူတို့က သူ့အပေါ် လှုပ်ရှားရန် ပြင်ဆင်နေမှတော့ သူကလည်း မလွဲမသွေ လက်ဦးမှု ရယူရပေမည်။

လုရီ၏ မျက်လုံးများထဲတွင် တောက်ပသော

ငွေရောင်အလင်းတစ်ချက် လက်သွား၏။

နောက်တစ်ခဏ၌၊ နေရာတစ်ခုလုံး လိမ်ကောက်သွားပြီး၊ အခန်းထဲမှ လူတိုင်း ပျောက်ကွယ်သွားတော့သည်။

ရွှဲ့လုမင်နှင့် ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများက နေရာ အပြောင်းအလဲကို ခံစားလိုက်ရသည်။

သူတို့ အသိပြန်ဝင်လာသောအခါ၊ သူတို့သည် အခြားတစ်နေရာသို့ ရောက်နေသည်ကို တွေ့လိုက်ရ၏။

အောက်ဘက်တွင် ထျန်းမင်၏ နယ်နိမိတ်မဲ့မြေကြီးနှင့် အထက်တွင် အဆုံးမဲ့ ကြယ်တာရာမြစ်ပြင်ကြီး ရှိနေသည်။ ပတ်ဝန်းကျင်မှ လေထုက ကွယ်ပျောက်သွားပြီး အပူချိန်က အလွန်အမင်းနိမ့်ကျကာ လေဟာနယ်ထဲသို့ ရောက်နေလေသည်။

ရွှဲ့လုမင်နှင့် တခြားသူများ၏ မျက်လုံးများထဲတွင် တုန်လှုပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်လိုက်ကြသည်။

"ဘယ်သူလဲ။"

မလှမ်းမကမ်းတွင်ရှိသော လုရီကို မြင်လိုက်သည့်အခါ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူအားလုံး တုန်လှုပ်သွားပြီး သူ့ကို စိမ်းစိမ်းကြည့်ကြသည်။

ရွှဲ့လုမင်၏ မျက်လုံးများထဲတွင် မယုံနိုင်သည့် အရိပ်အယောင်များ ထင်ဟပ်နေ၏။

"လုရီ။"

လုရီက ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်သည်။ သူ၏အသံက ဝိညာဉ်စွမ်းအင်မှတစ်ဆင့် ပျံ့လွင့်သွား၏။

"မင်းတို့ပဲ ငါ့ကို ဘယ်လိုကိုင်တွယ်ရမလဲ စဉ်းစားနေကြတာမဟုတ်လား။ အခု ငါ ရောက်လာပြီလေ၊ ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေကြတာလဲ။"

ရွှယ်လုမင်နှင့် ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများ၏ ခြေဖဝါးမှ ဦးခေါင်းအထိ အေးစက်သော ခံစားမှုတစ်ခု တက်လာသည်။

အကြောင်းမှာ လုရီ၏ ရောက်ရှိလာမှုသည် အလွန် ရုတ်တရက်နိုင်လွန်းပြီး၊

ဤရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများက သူ့ကို

လုံးဝ သတိမထားမိသောကြောင့်ပင်။

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများအားလုံး သူတို့၏ သွေးချီများကို ဖ်ိနှိပ်မထားတော့ဘဲ အစွမ်းကုန် ထုတ်လွှတ်လိုက်ကြသည်။

သူတို့သည် လူသားပုံစံကိုပင် မထိန်းသိမ်းတော့ဘဲ ရာရှိုမွန် မျိုးနွယ်၏ ပင်ကိုရုပ်သွင်သို့ ပြန်လည်ပြောင်းလဲသွားကြ၏။

ရွှဲ့လုမင်က လုရီကို စူးစိုက်ကြည့်ကာ မာရေကျောရေ မေးလိုက်သည်။

"ငါတို့ကို ဒီကို ခေါ်လာတာ မင်းလား။"

လုရီက ပြုံးလိုက်သည်။

"ဟုတ်တယ်။"

"နေရာလပ်နိယာမ။ မင်းက နေရာလပ် နိယာမကို ကျွမ်းကျင် ပိုင်နိုင်နေပြီလား။"

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ရာရှိာမွန်ဘိုးဘေးများ မှင်သက်သွားပြီး အလန့်တကြား အော်ဟစ်လိုက်ကြသည်။ ဤသို့သော နည်းလမ်းမျိုးကို နေရာလပ်နှင့် သက်ဆိုင်သော စွမ်းအားများဖြင့်သာ ရရှိနိုင်ပေသည်။

လုရီက မခိုးမခန့် ပြုံးနေရုံသာ ပြုံးပြီး ပြန်မဖြေပေ။ သူ့စိတ်ထဲတွင်တော့ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒီရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူတွေကို ငါ သတ်ပစ်ရမယ်။"

[အလုပ်]

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများကို သတ်ဖြတ်ပါ။

ဆုလာဘ်- စွမ်းအားနိယာမ နားလည်မှု တိုးမြှင့်ခြင်း၊ ရာရှိုမွန်အသီး မျိုးစေ့လေးစေ့၊ အလယ်အလတ်တန်းစား အင်မော်တယ်အသုံးအဆောင် 'သွေးသတ်လက်ဝှေ့လက်အိတ်'၊ အင်မော်တယ်အဆင့် ဆေးလုံးဖော်စပ်နည်း 'ရာရှိုမွန်သွေးဆေးလုံး'၊ သတ်မှတ်ထားသော အင်မော်တယ်သိုင်း အဆင့် +၁ တိုးမြှင့်ခြင်း။

အလုပ်အား လက်ခံပါ: လက်ခံမည်လား/ငြင်းမည်လား။

လုရီက အလုပ်ကို တိတ်တဆိတ် လက်ခံလိုက်ပြီး ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူ အုပ်စုကို မထီမဲ့မြင် ပြုံးလျက် စိန်ခေါ်လိုက်သည်။

"ဒီအကြောင်းတွေ ပြောနေလို့ ဘာအသုံးကျမှာလဲ။ မင်းတို့ ငါ့ကို သတ်ချင်နေမှတော့၊ အခုပဲ လက်မလှုပ်ကြသေးဘူးလား။"

နောက်တစ်ခဏ၌၊ ဝိညာဉ်စွမ်းအင်စီးကြောင်းများက လုရီ၏ ကိုယ်ခန္ဓာပတ်လည်တွင် လည်ပတ်လာသည်။ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်မှ နေရာလပ်ကို ဖန်သားကဲ့သို့ ကွဲကြေသွားစေကာ နေရာတိုင်းတွင် အက်ကြောင်းများ ပေါ်ထွက်လာ၏။

မူလက ဖြူစင်သော ကျောက်စိမ်းကဲ့သို့ ဖြစ်သော လုရီ၏ ကိုယ်ခန္ဓာသည် ယခုအခါ နက်ရှိုင်းသည့် ရွှေရောင် အလင်းတန်းများကို ထုတ်လွှတ်နေသည်။ လျှို့ဝှက်ဘဆန်းကြယ်သော ရွှေရောင်အမှောင်ပုံစံများက မပီမသ မှိုင်းပျနေ၏။ သွေးချီစွမ်းအားတို့က ဒီရေလှိုင်းများသဖွယ် လေးဘက်လေးတန်သို့ ပျံ့နှံ့ထွက်သွားသည်။

သွေးချီစွမ်းအား စီးကြောင်းများသည် နက်ရှိုင်းသော ရွှေရောင်နဂါး အစစ်အမှန် ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲကာ လုရီ၏ ပတ်ပတ်လည်တွင် အဆက်မပြတ် ဟိန်းဟောက်နေလေ၏။

ကိုးပါး အင်မော်တယ်ခန္ဓာ အင်မော်တယ် ကျမ်း။

ဤသို့သော ကြောက်မက်ဖွယ် သွေးချီ စွမ်းအားကို ရင်ဆိုင်ရသောအခါ ရွှဲ့လုမင်နှင့် ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများ ထိတ်လန့်သွားကြသည်။

"အား အလွန်ကောင်းတဲ့ သွေးချီစွမ်းအားပဲ။"

"သခင်လေး။"

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများက သူတို့၏ အကြည့်များကို ရွှယ်လုမင်ထံသို့ လွှဲလိုက်ကြသည်။

ရွှဲ့လုမင်၏ မျက်နှာက အေးစက်ကြမ်းတမ်းနေပြီး သူ့ပတ်ပတ်လည်တွင် နီရဲသော သွေးရောင်အလင်းတန်းများက လွှမ်းခြုံနေ၏။ သူ၏ မူလကပင် ကြီးမားသော ရာရှိုမွန်ကိုယ်ထည်သည် နောက်ထပ်တစ်ဆင့် မြင့်တက်လာပြီး လေးမီတာခန့်အထိ ရောက်ရှိကာ သွေးနီရောင် သားရဲကြီး

နှင့် တူနေတော့သည်။

သူက ကြွေးကြော်လိုက်တော့သည်။

"ဒီအခြေအနေရောက်မှတော့... သတ်ကြတာပေါ့။"

အခန်း ၅၁၂- လုရီ၏ ကြောက်မက်ဖွယ် ခွန်အား ...

~ရာရှိုမွန်မျိုးနွယ်မှ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများ တစ်ယောက်ပြီး

တစ်ယောက် ပေါက်ကွဲထွက်လာကြသည်။

သူတို့၏ ဧရာမကိုယ်ထည်များက နှစ်ယောက်တစ်စု၊ သုံးယောက် တစ်ဖွဲ့ ပေါ်ထွက်လာ၏။ သူတို့သည် မိမိတို့၏ ရာရှိုမွန်ကိုယ်ထည်ကို အပြည့်အဝ အသက်သွင်းလိုက်ရာ၊ တိုးပွားလာသော စွမ်းအားက ပတ်ဝန်းကျင်မှ နေရာလပ်ကို လုံးဝ ကြေမွသွားစေတော့သည်။

ရာရှိုမွန် မျိုးနွယ် ကျင့်ကြံသူအားလုံး သွေးရောင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ လုရီထံသို့ တိုးဝင်လာကြသည်။

သူတို့ထဲတွင် ရွှဲ့လုမင်က အားအကောင်းဆုံး အရှိန်အဝါကို ထုတ်လွှတ်နေပြီး ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်၏ အကန့်အသတ်ကိုပင် ကျော်လွန်ကာ ဟင်းလင်းပြင်အင်မော်တယ်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်ပေသည်။

"သွေးနတ်ဘုရားခုတ်ချက်။"

သူ၏မျက်နှာက အေးစက်နေပြီး သွေးရောင်ကျောက်စိမ်းကဲ့သို့ တောက်ပနေသော သူ၏ချိုက တောင်တန်းများကဲ့သို့ ထူထဲသော သွေးရောင်ကျောက်စိမ်းအစင်းများအဖြစ် ပြောင်းလဲကာ

လုရီထံသို့ ခုတ်ပိုင်းလာသည်။

သွေးရောင်ကျောက်စိမ်း အစင်းများ ဖြတ်သန်းသွားရာနေရာတိုင်း၌ လေဟာနယ်က တုန်ခါ၊ နေရာလပ်က ကြေမွပြီး၊ နေရာလပ်အောက်တွင် လိမ်ကောက်နေသော မုန်တိုင်းများ ပေါ်ထွက်လာ၏။ ၎င်းတို့သည် ကြောက်မက်ဖွယ် လေဟာနယ် မုန်တိုင်းများပင်။ သွေးရောင်ကျောက်စိမ်းအစင်းများ၏ စွမ်းအားက အလွန်ပြင်းထန်လွန်း၍ လေဟာနယ်အတွင်း၌ပင် အဆုံးမဲ့သော လှုပ်ခတ်မှုများကို ဖြစ်ပေါ်စေလေသည်။

"သွေးမိစ္ဆာလက်သီး။"

"အဆုံးမဲ့သွေးတံဆိပ်။"

"ကောင်းကင်ဖျက်သတ်ဖြတ်ခြင်းဓား။"

အခြား ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများကလည်း သူတို့၏ အစွမ်းထက် သိုင်းစွမ်းရည်များကို အသုံးပြုကြသည်။ သိုင်းပညာများနှင့် ကျင့်ကြံခြင်းရတနာများသည် အလင်းတန်းများအသွင် ပြောင်းလဲကာ လုရီထံသို့ တဟုန်ထိုး ပြေးဝင်သွားကြ၏။

ရာရှိုမွန် မျိုးနွယ် ကျင့်ကြံသူအားလုံးသည် အဆင့်မြင့် ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများဖြစ်ကြရာ၊ သူတို့ အင်အားအပြည့်ဖြင့် အသုံးပြုသော သိုင်းပညာများနှင့် ကျင့်ကြံခြင်းနည်းစနစ်များသည် သဘာဝအတိုင်းပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

လေဟာနယ် အထက်၌ ကီလိုမီတာ သောင်းပေါင်းများစွာ ကျယ်ဝန်းသော ဧရိယာ တစ်ခုလုံး သွေးရောင် အလင်းများဖြင့် ဖုံးလွှမ်းသွားသည်။ အရှေ့ နယ်မြေမှ အားကောင်းသော ကျင့်ကြံသူအားလုံး တစ်စုံတစ်ခုကို ခံစားမိလိုက်ကြပြီး သူတို့၏ မျက်နှာအမူအရာများက သိမ်မွေ့စွာ ပြောင်းလဲကာ ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။

"အလွန် အားကောင်းတဲ့ အရှိန်အဝါပဲ၊ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်ပါး တိုက်ခိုက်နေတာလား။"

အသီးသီးသော အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများမှ အကြီးအကဲများလည်း နားမလည်နိုင် ဖြစ်နေကြသည်။

"တစ်ယောက်၊ နှစ်ယောက်… ကပ်ဘေးဖြတ်ကျော် အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်တောင်ပါလား။ ဒီလောက်ပြင်းထန်တဲ့ သွေးနတ်ဆိုးစွမ်းအားတွေနဲ့။ ဒီကျင့်ကြံသူတွေ ဘယ်က ရောက်လာကြတာလဲ။"

"နေဦး၊ ဒီကျင့်ကြံသူတွေရဲ့ ဇာစ်မြစ်က အတူတူပဲ၊ သူတို့ တိုက်ခိုက်နေတဲ့သူက ဘယ်သူလဲ။"

"ဒီအရှိန်အဝါက... ဘာလို့ ငါတို့ရဲ့ မိတ်ဆွေလေး လုရီနဲ့ နည်းနည်း တူနေသလိုမျိုး ခံစားနေရတာလဲ။"

ကပ်ဘေးဖြတ်ကျော် အဆင့် ဘိုးဘေးများ၏ အာရုံခံနိုင်စွမ်းက ပိုမိုအားကောင်းသည်မှာ ယုံမှားဖွယ် မရှိရာ၊ သူတို့သည် ပိုမိုရှင်းလင်းသော အခြေအနေကို အလားတူ ခံစားမိကြသည်။

ထိုသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် ကပ်ဘေးဖြတ်ကျော် ဘိုးဘေးများနှင့် မဟာနယ်ပယ်အဆင့် စွမ်းအားရှင်များသည် ကောင်းကင်သို့ ပျံတက်ကာ တိုက်ပွဲ ဖြစ်ပွားရာဘက်သို့ အလွန်

မြန်မြန် ဦးတည်ပျံသန်းသွားကြလေသည်။

လေဟာနယ်ထဲ၌၊ လုရီသည် သွေးရောင်အစင်းများ၊ သွေးရောင်အလင်းပင်လယ်နှင့်

မရေမတွက်နိုင်အောင် ထူထပ်သော ကျင့်ကြံခြင်းရတနာများကို ရင်ဆိုင်နေရသော်လည်း သူ၏ မျက်နှာအမူအရာကတော့ လုံးဝတည်ငြိမ်နေဆဲပင်။

သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ၊ သူ့ပတ်ပတ်လည်မှ အစစ်အမှန် နဂါး ပုံရိပ်ယောင်ထံမှ နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာ၏။

နောက်တစ်ခဏ၌၊ သူသည် ဧရာမခေါင်းလောင်းကြီးတစ်ခုနှင့် တိုက်ရိုက် ထိတိုက်မိသွားတော့သည်။

ဒူ....

ထိုခေါင်းလောင်းသည် အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခု ဖြစ်၏။ ထျန်းမင်တွင် ကပ်ဘေးဖြတ်ကျော်ခြင်း ဘိုးဘေးတစ်ဦးပင် ဤမျှအားကောင်းသော ကျင့်ကြံခြင်းရတနာကို ပိုင်ဆိုင်ခဲသော်လည်း၊ ယင်းကို ရာရှိုမွန်မျိုးနွယ်မှ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတစ်ဦးက ပိုင်ဆိုင်နေသည်လား။ ရာရှိုမွန်မျိုးနွယ်၏ ခွန်အားသည် ထျန်းမင်နှင့် နှိုင်းယှဉ်လျှင် အလွန်သာလွန်သည်မှာ သေချာပေ၏။

သို့သော်၊ လုရီ၏ တိုးဝင်တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ထိုအဆင့်မြင့် ဝိညာဉ်လက်နက်သည် နေရာမှာပင် ကွဲကြေသွား၏။

လုရီ၏ ကိုယ်ခန္ဓာသည် အားအကောင်းဆုံး ကျင့်ကြံခြင်းရတနာကဲ့သို့ပင်၊ မပျက်စီးနိုင်ချေ။

ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်ဦးက သွေးတစ်လုတ် အန်ထုတ်လိုက်ပြီး မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

"ဘယ်လို ဖြစ်နိုင်မှာလဲ။ သူက ငါ့ရဲ့ သွေးလဝန်းခေါင်းလောင်းကို သူ့ခန္ဓာကိုယ်နဲ့ ဖျက်ဆီးလိုက်တယ်ဟုတ်လား။"

နောက်တစ်ခဏ၌၊ အဆုံးမဲ့သော သွေးရောင်အစင်းများက လုရီကို ဝါးမြိုသွားသည်။

ရွှဲ့လုမင်၏ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင်အပြုံးတစ်ခု ပေါ်လာ၏။

"မောက်မာလိုက်တာ။ ငါ့ရဲ့ သွေးနတ်ဘုရားခုတ်ချက်ကို မင်းရဲ့အသားနဲ့ ဖမ်းဖို့ ကြိုးစားရဲတယ်ပေါ့။ မင်းရဲ့ကိုယ်ခန္ဓာက မယုံနိုင်လောက်အောင် သန်မာနေရင်တောင်မှ၊ မင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရမှာပဲ။"

အဆုံးမဲ့သော သွေးရောင်အစင်းများအောက်တွင် ပိုမိုအားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာများက ထိုနေရာပေါ်သို့ ကျရောက်လာသည်။ တိုးပွားလာသော စွမ်းအားက အာကာသကို လိမ်ကောက်သွားစေသည်။ ထိုနေရာသည် ပန်းချီကားတစ်ချပ်ကဲ့သို့ တုန်ခါနေပြီး၊ ကီလိုမီတာ သိန်းပေါင်းများစွာအထိ ပျံ့နှံ့ထွက်သွားသော အဝိုင်းပုံစံ နောက်ဆက်တွဲတုန်ခါမှုများကို ထုတ်လွှတ်နေ၏။

နောက်ဆက်တွဲတုန်ခါမှုများ ပျောက်ကွယ်သွားပြီး သွေးရောင်အလင်းများ ပျောက်ကွယ်သွားသောအခါ၊ အလယ်ဗဟိုတွင် မည်းနက်သော အပေါက်တစ်ခု ပေါ်လာသည်။ ၎င်းသည် ယခင်တိုက်ခိုက်မှုများကြောင့် ကျန်ခဲ့သော နေရာလပ်အပေါက်တစ်ခုဖြစ်သည်။ ထိုနေရာလပ်အပေါက်အတွင်း၌ စူးရှသော အလင်းသည် ပြင်းထန်စွာ လှုပ်ခတ်နေပြီး အားကောင်းသော နေရာလပ် မုန်တိုင်းတစ်ခု ရှိနေကြောင်း ညွှန်ပြနေလေသည်။

ရွှယ်လုမင်နှင့် အခြား ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူအားလုံး၏ မျက်နှာများပေါ်တွင် သက်ပြင်းချသံ အရိပ်အယောင်တစ်ခု ပေါ်လာ၏။

"ဒီလို အဖျက်စွမ်းအားမျိုးကို ဟင်းလင်းပြင်

အင်မော်တယ် တစ်ပါးတောင် ခံနိုင်မှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား။"

"ဒီလူသားမျိုးနွယ်က သိပ်မောက်မာလွန်းတယ်။ နေရာလပ်မုန်တိုင်းကြောင့် ဖျက်ဆီးခံလိုက်ရပြီလား။"

ထိုအချိန်မှာပင်၊ တဖြည်းဖြည်း ပိတ်နေသော အပေါက်ထဲမှ နက်ရှိုင်းသော ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ လုရီပင်။

လုရီ၏ ကိုယ်ခန္ဓာသည် သေးငယ်သော ဒဏ်ရာများစွာဖြင့် ဖုံးလွှမ်းနေပြီး ထိုဒဏ်ရာများမှ သွေးများ စိမ့်ထွက်နေ၏။ သို့သော်၊ ထိုသွေးများသည် သူ၏ ဒဏ်ရာများထဲသို့ ပြန်လည် စီးဝင်နေပြီး ဒဏ်ရာများက အလွန် လျင်မြန်သော နှုန်းဖြင့် ပြန်လည်ကျက်နေလေသည်။

အသက်ရှူချိန် နှစ်ခါအတွင်းမှာပင်၊ လုရီ၏ ကိုယ်ပေါ်မှ ဒဏ်ရာအားလုံး ပျောက်ကင်းသွား၏။

လုရီက လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး လက်သီးကိုဆုပ်ကာ စိတ်ထဲတွင် ကျေနပ်နေမိသည်။

ကိုယ်ခန္ဓာသန့်စင်ခြင်းသိုင်းက အင်မော်တယ်ကျမ်းအဖြစ် ပြောင်းလဲသွားပြီးနောက်မှာ ငါ့ရဲ့ခန္ဓာကိုယ်က ဘယ်အဆင့်ထိရောက်သွားလဲဆိုတာကို စမ်းသပ်ကြည့်ချင်နေခဲ့တာ။ အင်မော်တယ်နိယာမနဲ့ စွမ်းအားနိယာမကို ၂၀% အထိ မြှင့်တင်ထားတာနဲ့ ပေါင်းလိုက်ရင်ပေါ့။

ဘာပဲဖြစ်ဖြစ်၊ စမ်းသပ်ရန် အခွင့်အရေးက ရှားပါးလှသည်။ ထို့ကြောင့် သူက တိုက်ခိုက်မှုကို မရှောင်တိမ်းခဲ့ခြင်းဖြစ်ပြီး ယခု စမ်းသပ်မှု၏ ရလဒ်များက အမှန်ပင် ကျေနပ်စေခဲ့သည်။

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများက သူ့ကို ဒဏ်ရာရအောင် လုပ်ရန် အတော်လေး ခက်ခဲနေလောက်ပြီ ဖြစ်သည်။ သူ့ကိုယ်ပေါ်မှ ဒဏ်ရာများသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ဦးဆောင်သူ ရာရှိုမွန်မျိုးနွယ် သခင်လေးကြောင့်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် ဟင်းလင်းပြင်မုန်တိုင်းကြောင့် ဖြစ်၏။ ပွင့်ပွင့်လင်းလင်း ပြောရလျှင်၊ လေဟာနယ် မုန်တိုင်းက ဤကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများထက် အနည်းငယ် ပိုပြင်းထန်လေသည်။

လုရီ ကျေနပ်သွားသော်လည်း အဝေးရှိ ရွှဲ့လုမင်နှင့် အခြား ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများ၏ ခေါင်းများကတော့ မူးနောက်နောက် ဖြစ်နေလေပြီ။¢

"ဘယ်လို... ဘယ်လိုဖြစ်နိုင်မှာလဲ။"

"သူ လုံးဝ မခုခံခဲ့ဘူး။ ဘယ်လိုလုပ် ဒီလောက်ဒဏ်ရာ အသေးစားလေးတွေပဲ ရနိုင်ရသလဲ။"

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများ

ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်ဖြစ်နေကြပြီး လုံးဝ မှင်သက်နေကြတော့သည်။

ရွှဲ့လုမင်က ပို၍ပင် ဒေါပွနေသည်။

"မဟုတ်ဘူး။ ငါ့ရဲ့ သွေးနတ်ဘုရားခုတ်ချက်က ဒီလောက် မညံ့နိုင်ဘူး။"

သူက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ၊ သူ့နောက်တွင် လက်ခြောက်ဖက်ပါသော ကြောက်မက်ဖွယ် ရာရှိုမွန် ပုံရိပ်ယောင်တစ်ခု ရုတ်ချည်း ပေါ်လာ၏။

"ရာရှိုမွန် ဓမ္မကိုယ်ထည်။"

နောက်တစ်ခဏ၌၊ ရာရှိုမွန် ဓမ္မကိုယ်ထည်သည် သွေးနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ရွှဲ့လုမင်၏ ကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။ ရွှဲ့လုမင်၏ ကိုယ်ပေါ်တွင် သေးငယ်သော အက်ကြောင်းများ ပေါ်လာပြီးနောက် တောက်ပသော သွေးနီရောင်များ စီးထွက်လာကာ သူ၏အရှိန်အဝါသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသော နှုန်းဖြင့် တရကြမ်း တိုးတက်လာ၏။

မကြာမီ၊ သူ၏ နံရိုးများအောက်မှ အသားများ လှုပ်ရွလာပြီး အလားတူ လက်နှစ်စုံ ထပ်မံပေါက်ထွက်လာသည်။

လက်ခြောက်ဖက်ပါသော ရွှဲ့လုမင်သည် အလင်းတန်းအသွင် ပြောင်းလဲကာ လုရီထံသို့

တဟုန်ထိုး တိုးဝင်လာသည်။

"သေစမ်း။"

သူက လုရီထံသို့ ချက်ချင်းနီးပါး ရောက်ရှိလာပြီး ကြွေးကြော်လိုက်သည်။

သူ၏ လက်လေးဖက်က တင်းတင်းဆုပ်ကာ

လုရီ၏ ဦးခေါင်းထံသို့ ထုချလိုက်သည်။ သူ၏လက်များ ရှိရာနေရာ၌ နေရာလပ်က ပြိုကျသွားပြီး၊ ထိုကြောက်မက်ဖွယ် စွမ်းအားကြောင့် လုရီ၏ ဆံပင်နက်များမှာ တလူလူ လွင့်ပျံနေလေ၏။

သို့သော်၊ နောက်တစ်ခဏ၌၊ လက်ခြောက်ဖက်

ပါသော ရွှဲ့လုမင်သည် လျင်မြန်သော နှုန်းဖြင့် နောက်သို့ လွင့်စဉ်သွားသည်။

လေဟာနယ်ထဲတွင် သွေးများ ပန်းထွက်သွား၏။ ထိုသို့သော အပူချိန်၌ပင် သွေးများက မခဲဘဲ တောက်ပစွာ နီရဲနေဆဲပင်။

လုရီက သူ့လက်သီးကို ဖြည်းညှင်းစွာ ပြန်သိမ်းလိုက်သည်။ ထိုလက်သီးတစ်ချက်ကို မည်သူမျှ သတိမထားလိုက်မိပေ။

ရွှဲ့လုမင်လည်း ထိုနည်း၎င်းပင် သဘောပေါက်သွားသည်။

လုရီက သူ့လက်သီးကို ကြည့်ရင်း စိတ်ထဲတွင် အလားတူ အံ့အားသင့်နေမိသည်။

"မဟာယာနအဆင့်ကို ချိုးဖျက်ဝင်ရောက်လိုက်တာနဲ့ ငါ့ရဲ့ခွန်အားက အလွန်အမင်း တိုးတက်လာခဲ့တာပဲ။ ဒါက တကယ့်ကို အသွင်ပြောင်းလဲမှုပဲ။"

နယ်ပယ်ကြီး ချိုးဖျက်မှုကြောင့် ရရှိလာသော တိုးတက်မှုများအပြင်၊ အရေးအကြီးဆုံးအချက်မှာ ဖရိုဖရဲ ချီစွမ်းအင်မှ တည်ဆောက်ပေးခဲ့သော အခြေခံ ဖြစ်ပြီး၊ ထိုအရာက သူ့ကို ဤမျှကြောက်မက်ဖွယ် ကောင်းသော တိုးတက်မှုများကို ဆောင်ကျဉ်းပေးခဲ့သည်ဟု သူ သံသယဝင်မိသည်။

ယခု လုရီသည် ဟင်းလင်းပြင်အင်မော်တယ်တစ်ပါးကို ရင်ဆိုင်ရလျှင်ပင် လုံးဝမကြောက်ရွံ့တော့ဘဲ အနိုင်တိုက်နိုင်သည် ဟူသော ယုံကြည်ချက်ပင် ရှိနေပြီဖြစ်သည်။

သူ ဆက်မတွေးတော့ဘဲ၊ အဝေးရှိ ရွှဲ့လုမင်နှင့် အခြား ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများကို

မခိုးမခန့် ပြုံးပြလိုက်ပြီး ခပ်အေးအေး ဆိုလိုက်လေသည်။

"မင်းတို့ တိုက်လို့ ဝပြီလား။ အခု ငါ့ အလှည့်ပဲ။"

အခန်း ၅၁၃ - သင်ဟာ ယွီမျိုးနွယ်ဝင်တစ်ယောက်လား

~ထိုစကားများကို ကြားသောအခါ ရွှဲ့လုမင်နှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြပြီး

လုရီအား သတိကြီးစွာဖြင့် စောင့်ကြည့်နေကြတော့သည်။

သို့သော်၊ နောက်တစ်ခဏ၌ လုရီသည် သူ၏ နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး

ရာရှိုမွန်မျိုးနွယ်မှ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတစ်ဦး၏ နောက်ကျောသို့ လျှပ်တပြက်အတွင်း ရောက်ရှိသွား၏။

ဘုန်း..

လုရီ၏ လက်သီးချက်သည် ကြယ်ကြွေလာသကဲ့သို့ အရှိန်ပြင်းလှပြီး ပတ်ဝန်းကျင်မှ နေရာလပ်ကိုပင် ပြိုကျသွားစေကာ ထိုရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူထံသို့ ချက်ချင်းပင် စိုက်ဝင်သွားတော့သည်။

ကိုးပါးအင်မော်တယ်ခန္ဓာကိုယ်၏ ကြောက်မက်ဖွယ်စွမ်းအားသည် ဟုန်းခနဲ ပေါက်ကွဲထွက်လာ၏။ အစစ်အမှန် နဂါးတစ်ကောင်က ဟိန်းဟောက်လိုက်သည့်အလား ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူ၏ ကိုယ်ခန္ဓာသည် နေရာတွင်ပင် တောင့်ခဲသွားပြီး နောက်တစ်ခဏ၌ ပြာအဖြစ်သို့ တစစီ ကြွေလွင့်သွားတော့၏။

ရုပ်ခန္ဓာကို အဓိကထားကျင့်ကြံသော ရာရှိုမွန်မျိုးနွယ်မှ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတစ်ဦးပင်လျှင် လုရီ၏ လက်သီးတစ်ချက်ကို မခံနိုင်ခဲ့ပေ။

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူအားလုံး၏ နှလုံးသားထဲတွင် အေးစက်မှုကို ခံစားလိုက်ရပြီး ရွှဲ့လုမင်၏ မျက်ဆံများမှာ ကျုံ့သွားကာ ဦးရေပြားပင် ထုံကျဉ်သွားတော့သည်။

ရာရှိုမွန်မျိုးနွယ်မှ ကျင့်ကြံသူတစ်ဦးက ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။

"နေရာလပ် နိယာမပဲ! ဒါ နေရာလပ် နိယာမ ဖြစ်ရမယ်!"

နောက်တစ်ခဏ၌ လုရီသည် အခြားရာရှိုမွန်

မျိုးနွယ် ကျင့်ကြံသူ တစ်ဦး၏ နောက်သို့ တစ်ဖန်ပြန်လည်ရောက်ရှိသွားပြန်သည်။

လုရီ၏ တည်ရှိမှုကို ခံစားမိသောအခါ ထိုရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူသည် ရူးသွပ်နေသူ တစ်ဦးကဲ့သို့ ကြွေးကြော်လိုက်သည်။

"သွေးအနှစ်သာရ ဒိုင်း!"

သွေးနီရောင် ဒိုင်းတစ်ခုသည် သူ၏နောက်ကျောတွင် ပေါ်ထွက်လာပြီး လုရီ၏ ရှေ့မှောက်တွင် တားဆီးကာကွယ်လိုက်၏။

၎င်းသည် အလွန်ကြီးမားသော ဝိညာဉ်ဖိအားကို ထုတ်လွှတ်နေသည့် အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခု ဖြစ်သည်။

သို့တိုင် လုရီက လက်သီးတစ်လုံး အရှိန်ပြင်းစွာ ပင့်ထိုးလိုက်သည်။

အားကောင်းလှသော အဆင့်မြင့်ဝိညာဉ်လက်နက်သည် ချက်ချင်းဆိုသလို အပိုင်းပိုင်းအစစများအဖြစ်သို့ ကြေမွသွားပြီး ရာရှိုမွန်

မျိုးနွယ် ကျင့်ကြံသူ၏ ကိုယ်ခန္ဓာသည်လည်း ထိုလက်သီးချက်ကြောင့် ကြေမွကာ သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့သည်။

အခြား ရာရှိုမွန် မျိုးနွယ် ကျင့်ကြံသူများမှာမူ အရိုးထိအောင် အေးစက်သွားကြလေပြီ။

ရွှဲ့လုမင်က လူသတ်လိုသော အငွေ့အသက်များဖြင့် မျက်လုံးများ သွေးနီရောင် လွှမ်းမိုးကာ အံကြိတ် ကြိမ်းဝါးလိုက်သည်။

"လုရီ! မင်းကို ငါ အသေ သတ်မယ်!"

နောက်တစ်ခဏ၌ သူသည် သွေးနီရောင် တိုကင်ပြားတစ်ခုကို ထုတ်ယူလိုက်၏။

ထိုတိုကင်ပြားသည် စိတ်ကူးဖြင့်ပင် မမှန်းဆနိုင်သော ကြောက်မက်ဖွယ် အရှိန်အဝါကို သယ်ဆောင်ထားသည့် သွေးရောင်အလင်းတန်းမျှင်များကို ထုတ်လွှတ်နေသည်။

လုရီပင်လျှင် သူ၏ ဦးရေပြားမှာ ထုံကျဉ်သွားပြီး ကျောထဲ စိမ့်အောင် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

ဤအရှိန်အဝါသည် လုရီအတွက် အလွန်ပင် ရင်းနှီးလှ၏။

၎င်းမှာ အင်မော်တယ် တစ်ပါး၏ တည်ရှိမှုပင်တည်း။

သူသည် အင်မော်တယ်များနှင့် အကြိမ်အနည်းငယ် တွေ့ဆုံခဲ့ဖူးသည်။ များပြားလွန်းခြင်း မရှိသော်လည်း ယင်းအား မှတ်မိရန် လုံလောက်ပေ၏။

ဓားအင်မော်တယ် ဝမ်ကျန်းယွမ်၊ သူ့ဆရာ၊ အဘွားယွမ်လင်၊ ပြီးတော့ ယခင်က

အင်မော်တယ် ဓားဂိုဏ်းတွင် အင်မော်တယ်တစ်ပါး၏ ပုံရိပ်ယောင် ဆင်းသက်လာသည်ကိုလည်း သူ မြင်တွေ့ခဲ့ဖူးသည်။

ဤသည်မှာ အင်မော်တယ်တစ်ပါး၏ အရှိန်အဝါဖြစ်ကြောင်း သူ သေချာပေါက် ယုံကြည်၏။

ရွှဲ့လုမင်က ဟိန်းဟောက်လိုက်သည်။

"ဒါက ငါ့ဘိုးဘေးတွေ ချီးမြှင့်ထားတဲ့ အင်မော်တယ်ရတနာပဲ! အထဲမှာ အင်မော်တယ်တစ်ပါးရဲ့ တိုက်ကွက်တစ်ကွက် ပါတယ်၊ လုရီ၊ သေပေတော့!"

သူသည် သူ၏ ခြိမ်းခြောက်မှု အဆုံးမသတ်မီပင်သူ၏ ဝိညာဉ်စွမ်းအင်ကို ထိုသွေးနီရောင် တိုကင်ပြားထဲသို့ သွင်းလိုက်၏။

နောက်တစ်ခဏ၌၊ ကြီးမားလှသော ဖိနှိပ်အားတစ်ခု ပေါ်ထွက်လာပြီး သွေးနီရောင် ကြာပွတ်တစ်ခုသည် တိုကင်ပြားထဲမှ လွှဲရိုက်ထွက်ပေါ်လာတော့သည်။

ထိုသွေးနီရောင်ကြာပွတ်သည် အရာခပ်သိမ်းကို ဖြတ်တောက်နိုင်သည့်အလား၊ သတ်ဖြတ်ခြင်းမြစ်တစ်စင်း၊ သွေးပင်လယ်မြစ်တစ်စင်းနှယ်။

ထိုအထဲ၌ မကျွတ်မလွတ်သေးသော ဝိညာဉ်များ မရေမတွက်နိုင်အောင် အော်ဟစ်နေကြကာ

လူတိုင်းကို အသည်းခိုက်အောင် ကြောက်ရွံ့စေ၏။

လုရီ၏ ပတ်ပတ်လည်မှ နေရာလပ်သည် လုံးဝတံဆိပ်ခတ်ခံလိုက်ရပြီး၊ နေရာလပ်နိယာမပင်လျှင် ထိုသို့သော စွမ်းအားအောက်တွင် ဖိအားအချို့ကို ခံစားနေရသည်။

လွတ်လမ်း..မရှိတော့။

သူ၏ တည်ရှိမှုသည် လုံးဝ ပစ်မှတ်ထားခံလိုက်ရပြီ ဖြစ်ကြောင်း လုရီ နားလည်လိုက်သည်။ သူ ကမ္ဘာမြေ အဆုံးထိ ထွက်ပြေးလျှင်ပင် ဤ

အင်မော်တယ်၏ တိုက်ကွက်သည် သူ့ကို

သေသည်အထိ လိုက်လံ တိုက်ခိုက်မည်သာ ဖြစ်သည်။

လုရီ၏ မျက်နှာထားသည် ရေခဲတမျှ အေးစက်သွားပြီး အံကို ကြိတ်ကာ အဆင့်နိမ့်

အင်မော်တယ် လက်နက် ဖြစ်သော ကောင်းကင်နေမင်းစစ်ချပ်ဝတ် တန်ဆာကို အသုံးပြု၍ ဤတိုက်ကွက်ကို ခံဆောင်ရန် ပြင်ဆင်လိုက်သည်။

သူ၏ ရုပ်ခန္ဓာ ခိုင်မာမှုအပြင် အဆင့်နိမ့်

အင်မော်တယ် လက်နက် တစ်ခုကိုပါ ပေါင်းထည့်လိုက်ပါက အင်မော်တယ် တစ်ပါး၏ တိုက်ကွက်ကို မတားဆီးနိုင်ဟု သူ မယုံကြည်ပေ။

သို့သော် ထိုအခိုက်အတန့်၌ မြူခိုးမျှင်တန်းများ ပေါ်ထွက်လာပြီး ထိုသတ်ဖြတ်ခြင်းမြစ်ကြီးသည် ရုတ်တရက် နေရာတွင် ရပ်တန့်သွားကာ ပူဖောင်းများအဖြစ်သို့ ပျော်ဝင်သွားသည့်အလား တစ္ဆေပုံရိပ်ပမာ ဖြစ်သွားတော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ လူတိုင်း မှင်တက်သွားကြပြီးနောက် သူတို့၏ မျက်လုံးများမှာ ထိတ်လန့်မှုအရိပ်အယောင်ဖြင့် ပြူးကျယ်သွားကြသည်။

ရွှဲ့လုမင်က တုန်လှုပ်စွာ အော်ဟစ်လိုက်ပြီး တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား ပတ်ဝန်းကျင်ကို အသည်းအသန် လိုက်လံကြည့်ရှုနေသည်။

"မုန်ဝူ... ယွီမျိုးနွယ်က အင်မော်တယ်လား။"

လုရီလည်း အံ့အားသင့်သွားပြီး သူ၏ညာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။

ထိုနေရာတွင်၊ ဆံပင်ဖြူဖြူနှင့် အဘွားအိုတစ်ဦးသည် မည်သည့်အချိန်ကတည်းက ပေါ်လာသည်မသိ၊ ဟင်းလင်းပြင်နှင့် တစ်သားတည်းကျနေသည့်အလား ရပ်နေ၏။

လုရီက ပြုံးလိုက်ပြီး နှုတ်ခွန်းဆက်သည်။

"အဘွားယွမ်လင်၊ ခင်ဗျားကိုး။"

ယခင်က သွေးမြစ်ကြီးသည် ဤစီနီယာအဘွားအိုကြောင့် ပျောက်ကွယ်သွားခြင်းဖြစ်ကြောင်း လုရီ နားလည်လိုက်သည်။

အဘွားယွမ်လင်က လုရီဘက်သို့ လှည့်ကြည့်လိုက်ပြီး သူမ၏ မျက်နှာထက်တွင် ကြင်နာသော အပြုံးတစ်ခုကို ဆင်မြန်းကာ ခေါင်းညိတ်၍ နှုတ်ဆက်လိုက်သည်။

"သခင်လေးလုရီ။"

လုရီက သူ မဟာယာနနယ်ပယ်သို့ တက်လှမ်းပြီးသည့်နောက်ပိုင်း အဘွားယွမ်လင်၏ သူ့အပေါ်ဆက်ဆံပုံသည် ပို၍ ရိုသေလေးစားလာသည်ကို သတိပြုမိလိုက်သည်။

အကယ်၍ ယခင်က အဘွားယွမ်လင်၏ ရိုသေမှုသည် ဆရာသခင်မ၏ အမိန့်ကြောင့်ဖြစ်ခဲ့ပါလျှင်၊ ယခုအခါတွင်မူ စစ်မှန်သော ရိုးသားမှု

တစ်ခု ပါဝင်နေလေပြီ။

လုရီက ပြုံးကာ ကျေးဇူးတင်စကားဆိုသည်။

"ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘွားယွမ်လင်။"

အဘွားယွမ်လင်က ခေါင်းခါကာ တုံ့ပြန်လိုက်သည်။

"သခင်လေးက သိပ်အားနာတတ်တာပဲ။ ဒါက ကျွန်မ လုပ်သင့်တဲ့ အလုပ်ပါ။"

ရွှဲ့လုမင်က လုရီကို မုန်းတီးမှု၊ ဒေါသနှင့် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်တို့ ရောယှက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"သခင်လေးတဲ့လား..အော် .. မင်း ဒီလောက်အစွမ်းထက်နေတာ မဆန်းတော့ဘူး။ မင်းက ယွီမျိုးနွယ်ဝင် တစ်ယောက်ကိုး။"

လုရီက မျက်ခုံးပင့်လိုက်သည်။ ဤသည်မှာ သူ ယွီမျိုးနွယ်အကြောင်း ကြားဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

လုရီသည် သူ၏ ဆရာမှာ ဤသို့ ခေါ်ဆိုကြသော ယွီမျိုးနွယ်ဝင်တစ်ဦး ဖြစ်နိုင်မလားဟု အစကတည်းက တွေးထင်နေခဲ့ပြီး၊ ယခု ဤအတည်ပြုချက်ကို ကြားသောအခါ သူ၏ဆရာသည် သူတို့ထဲမှ တစ်ဦးဖြစ်နိုင်ကြောင်း နားလည်လိုက်ရသည်။

သူက ပြုံးလိုက်ပြီး ရှင်းပြချက်တစ်စုံတစ်ရာ

မပေးခဲ့ပေ။

ထိုအခိုက်မှာ အဘွားယွမ်လင်၏ အကြည့်က

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများအပေါ်သို့ ဝေ့သွားပြီး မေးမြန်းလိုက်သည်။

"သခင်လေး၊ ဒီရာရှိုမွန် မျိုးနွယ်ဝင်တွေကို ဘယ်လိုလုပ်ချင်ပါသလဲ။"

လုရီ၏ မျက်လုံးများထဲတွင် အေးစက်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"သတ်ပစ်လိုက်ပါ။"

ဤလူများသည် သူ့ကို သတ်ရန်ကြိုးစားခဲ့သည့်အတွက် သူကလည်း စင်စစ်ပင် သူတို့ကို အလွတ်ပေးမည် မဟုတ်ပေ။

အဘွားယွမ်လင်က ခေါင်းညိတ်လိုက်သည်။

နောက်တစ်ခဏ၌ သူမဘက်မှ မည်သည့်လှုပ်ရှားမှုကိုမျှ မမြင်လိုက်ရဘဲ၊ စုရုံးနေသော ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများ၊ ရွှဲ့လုမင်အပါအဝင် အားလုံးသည် ပူဖောင်းများအဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွားကာ လေထဲတွင်ပင် အငွေ့ပျံ ပျောက်ကွယ်သွားကြတော့သည်။

လုရီ၏ နှလုံးသားအောက်ခြေတွင် အေးစက်မှုကို ခံစားလိုက်ရသည်။

ဤသို့သော ထူးဆန်းအံ့ဩဖွယ် နိယာမစွမ်းအားမျိုးကို လုရီပင်လျှင် သူတို့ အမှန်တကယ် သေဆုံးသွားခြင်း ဟုတ်မဟုတ် မသေချာနိုင်ခဲ့ပေ။

အဘွားယွမ်လင်သည် အမှန်တကယ်ပင်

အင်မော်တယ် တစ်ပါး ဖြစ်ပေသည်။

ထိုအခိုက်အတန့်၌၊ လုရီသည် အဆုံးမဲ့သော ဟင်းလင်းပြင်ကို ထွင်းဖောက်ကြည့်နေသကဲ့သို့ အေးစက်သော အကြည့်တစ်ခုကို ခံစားလိုက်ရသည်။

ထိုအင်မော်တယ် နောက်တစ်ခါ ကြည့်ပြန်သည်လား။

လုရီ၏ နှလုံးခုန်သံ တစ်ချက် မြန်သွားသည်။

ထိုရာရှိုမွန်မျိုးနွယ်မှ သခင်လေး သေဆုံးသွားသည့်အတွက် ရာရှိုမွန်မျိုးနွယ် အင်မော်တယ်၏ စူးစမ်းအကဲခတ်မှုကို ခံရမည်ကို သူ စိုးရိမ်သွားမိသည်။

ထိုအခိုက်အတန့်၌ အဘွားယွမ်လင်က အေးစက်စွာ နှာမှုတ်လိုက်ပြီး ကြိမ်းမောင်းလိုက်သည်။

"ရာရှိုမွန်မျိုးနွယ် ..ထျန်းမင်ကြယ်တာရာနယ်မြေထဲ ဝင်လာရင် သေရမယ်"

All Chapters