← Chapters

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း ၅၁၄ - သင်ဟာ ယွီမျိုးနွယ်ဝင်

တစ်ယောက်လား

~အေးစက်သော စကားသံများ ထွက်ပေါ်လာသည်နှင့်အတူ၊ ထိုရေခဲတမျှ အေးစက်သော အကြည့်သည်လည်း အဝေးသို့ ပျောက်ကွယ်သွားလေ၏။

ထိုအေးစက်သော အကြည့် ပျောက်ကွယ်သွားသည့်အခါ အဘွားယွမ်လင်က ဟင်းလင်းပြင်ရှိ နေရာ တစ်နေရာသို့ ခေါင်းလှည့်ကာ လှမ်း၍ ခွန်းတုံ့ပြန်လိုက်၏။

"မိတ်ဆွေလေး... ထွက်လာခဲ့ပါတော့။"

လုရီသည် ထိုဟင်းလင်းပြင်သို့ ကြည့်လိုက်ရင်း အံ့အားသင့်သွားမိသည်။ အကြောင်းမူကား ထိုနေရာ၌ မည်သူ တစ်ဦးတစ်ယောက်၏ တည်ရှိမှုကိုမျှ သူ မခံစားမိသောကြောင့်ပင်။

နောက်ထပ် အင်မော်တယ် တစ်ပါးများလား။

လုရီ၏ ခေါင်းမှာ မူးဝေသွားတော့သည်။

ထျန်းမင်ကြယ်မှာ ဘယ်အချိန်ကတည်းက

အင်မော်တယ်တွေ ဒီလောက်တောင် များပြားသွားခဲ့ရတာလဲ။

နောက်တစ်ခဏ၌၊ နေရာလပ်သည် အနည်းငယ် လှုပ်ခတ်သွားပြီး သူ၏ မျက်ခုံးနှစ်ခုကြား၌ ဓားပုံစံအမှတ်အသားတစ်ခုပါရှိသော ချောမောခန့်ညားသည့် လူငယ်တစ်ဦးသည် လေထဲမှ လျှောက်လှမ်းထွက်ပေါ်လာလေသည်။

လုရီ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပွင့်လန်းလာခဲ့၏။

"စီနီယာ ဝမ်ကျန်းယွမ်ပါလား။"

ဝမ်ကျန်းယွမ်က လုရီအား ခေါင်းတစ်ချက်ညိတ်ပြပြီးနောက် ယွမ်လင်အဘွားဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲ၌ အံ့အားသင့်မှု အရိပ်အယောင်များ ထင်ဟပ်နေလျက် လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပေးရင်း နှုတ်ခွန်းဆက်စကားဆို၏။

"ဝမ်ကျန်းယွမ်က အဘွားယွမ်လင်ကို အရိုအသေပြုပါတယ်ခင်ဗျာ။ အထင်မလွဲပါနဲ့၊ ကျွန်တော်က အင်မော်တယ်အဆင့် စွမ်းအားကို ခံစားမိလို့ မိတ်ဆွေလေးလုရီကို ကူညီဖို့ ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့တာပါခင်ဗျာ။"

ယွမ်လင်အဘွားက ဝမ်ကျန်းယွမ်အား အကဲခတ်ကြည့်ရှုရင်း ခေါင်းညိတ်ကာ ခပ်သော့သော့ရယ်မောလျက် ချီးကျူးလိုက်သည်။

"စိတ်ချလက်ချသာ နေပါ၊ ဒီအဘွားကြီးရဲ့ ကိုယ်ခန္ဓာက အသက်အရွယ်ကြောင့် ယိုယွင်းနေပေမဲ့ မျက်စိတော့ မကွယ်သေးပါဘူးကွယ်။

မဆိုးဘူးပဲ၊ မင်းအကြောင်းကို ငါကြားဖူးပါတယ်။ လော့ယွမ်စစ်မြေပြင်မှာ တိုက်ပွဲအောင်မြင်မှုတွေ အများကြီးရခဲ့တဲ့ ဓားအင်မော်တယ် ဝမ်ကျန်းယွမ်ဆိုတာ မင်းပဲကိုး။"

ဝမ်ကျန်းယွမ်က ညင်သာစွာ ရယ်မောလိုက်ပြီး ပြန်လည်ပြောကြားလေသည်။

"အဘွားလို ပုဂ္ဂိုလ်ကြီးကတောင် ကျွန်တော့်နာမည်ကို မှတ်မိနေတာဟာ ကျွန်တော့်အတွက် တကယ်ကို ဂုဏ်ယူစရာပါပဲခင်ဗျာ။"

ယွမ်လင်အဘွားက အံ့ဩဟန်အချို့ကို ပြသကာ မှတ်ချက်ပြုလေ၏။

"မင်းက ကျိုယိုချီစွမ်းအင်တွေရဲ့ တိုက်စားမှုကို

ခံရပြီး ကုသလို့မရတော့ဘူးလို့ ငါကြားခဲ့ရတယ်။ ဒါပေမဲ့ ဒီလိုဒုက္ခဆင်းရဲကြီးနဲ့ ကြုံပြီးမှ မင်းက အဆင့်ကို ချိုးဖျက်ပြီး အစစ်အမှန်

အင်မော်တယ်နယ်ပယ်ကို ရောက်သွားရုံမက၊ နက်ရှိုင်းခြင်း အင်မော်တယ်အဆင့်ကိုတောင် မျှော်လင့်ချက်ရှိလာလိမ့်မယ်လို့တော့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။"

တစ်ခဏမျှ ဝမ်ကျန်းယွမ်၏ မျက်နှာအမူအရာသည် အတိတ်ဟောင်းကို ပြန်လည်တမ်းတသွားဟန်ဖြင့် ငေးငိုင်သွားပြီးနောက် လျင်မြန်စွာပင် ပုံမှန်ပြန်ဖြစ်သွားကာ ညင်သာစွာ ရယ်မောရင်း တုံ့ပြန်လိုက်သည်။

"အကြီးအကဲရဲ့ မင်္ဂလာရှိတဲ့ စကားအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။"

ထို့နောက် ဝမ်ကျန်းယွမ်က ဆို၏။

"ဒီနေရာမှာ ကျွန်တော့်အတွက် လိုအပ်တာ မရှိတော့ဘူးဆိုရင်တော့ ကျွန်တော့်ကို နှုတ်ဆက်ပြီး ထွက်ခွာခွင့်ပြုပါတော့။"

ယွမ်လင်အဘွားက ခေါင်းညိတ်ပြကာ ခွင့်ပြုလိုက်သည်။

"အင်း... သွားတော့လေကွယ်။"

ဝမ်ကျန်းယွမ်သည် အလင်းတန်းအသွင် ပြောင်းလဲကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။

အတော်အတန် ဝေးကွာသော နေရာသို့ ရောက်မှသာ ဝမ်ကျန်းယွမ်က နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်၏။ သူ၏ကျောပြင်တွင် ချွေးများ စို့တက်လာခဲ့ပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။

"ဒီမိတ်ဆွေလေးလုရီက 'ယွီ' မျိုးနွယ်နဲ့ အမှန်တကယ် ပတ်သက်ဆက်နွှယ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဟုတ်သားပဲ၊ ဒီလောက်ပါရမီထူးချွန်နေမှတော့ အင်မော်တယ်ဂိုဏ်းကြီးတွေနဲ့ မြင့်မြတ်နယ်မြေတွေရဲ့ နောက်ကွယ်က ပုဂ္ဂိုလ်ကြီးတွေက သူ့သတင်းကို ယွီမျိုးနွယ်ဆီ အကြောင်းကြားလိုက်လောက်ရောပေါ့။ ဒီလို ပါရမီရှင်ကို ယွီမျိုးနွယ်က လက်လွှတ်မခံမှာ သေချာတယ်။"

ဝမ်ကျန်းယွမ်က တိတ်တဆိတ် အံ့ဩရင်း တွေးနေမိသည်။

"မိတ်ဆွေလေးလုရီရဲ့ ပါရမီနဲ့သာဆိုရင် သူ

အင်မော်တယ်အဖြစ် တက်လှမ်းပြီးနောက် ယွီမျိုးနွယ်ရဲ့ မျက်နှာသာပေးမှုကိုပါ ရရှိခဲ့ရင် အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို မလွဲမသွေ ရရှိမှာပဲ..."

သူသည် ထိုအကြောင်းကို ဆက်လက်မတွေးတော့ဘဲ အလင်းတန်းအသွင်ဖြင့် မြောက်ဘက်အရပ်ဆီသို့ ဦးတည်၍ ပျောက်ကွယ်သွားလေတော့သည်။

---

တစ်ချိန်တည်းမှာပင်၊ နောက်တွင် ကျန်ရစ်ခဲ့သော လုရီက အဘွားယွမ်လင်ကို ကြည့်ကာ မေးမြန်းလိုက်သည်။

"အဘွားက စီနီယာ ဝမ်ကျန်းယွမ်ကို သိတာလားခင်ဗျ။"

အဘွားယွမ်လင်က အသာအယာ ခေါင်းညိတ်ပြပြီး ပြုံးလျက် စိတ်ရှည်စွာ ရှင်းပြ၏။

"သူ့အကြောင်း ကြားဖူးပါတယ်။ သူက တော်တော်လေး ပါရမီရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ ဒီနေရာမှာ သူနဲ့တွေ့လိမ့်မယ်လို့တော့ မထင်ခဲ့မိဘူး။"

အဘွားယွမ်လင်က များများစားစား မသိသည့်ဟန်ကို မြင်သောအခါ လုရီလည်း ထပ်ပြီး မေးခွန်းများ ဆက်မမေးတော့ပေ။

သူတို့နှစ်ဦးသည် အလင်းတန်းများအဖြစ် ပျံသန်းကာကာ တိမ်ဖြူဂိုဏ်းသို့ ပြန်လာခဲ့ကြသည်။

လင်းလောင်တောင်ထိပ်သို့ ပြန်ရောက်ပြီးနောက် အဘွားယွမ်လင်က မှာကြားလေ၏။

"သခင်လေး... ကျင့်ကြံခြင်းကို ကောင်းကောင်းလုပ်ပါ။ အဘွား မနှောင့်ယှက်တော့ဘူးနော်။"

လုရီက ခေါင်းညိတ်ပြပြီး သူ၏ ဂူစံအိမ်သို့ ပြန်သွားလေသည်။

ဂူစံအိမ်အတွင်း၌ ထိုင်နေရင်း လုရီသည် ယခင်တိုက်ပွဲများကို ပြန်လည်တွေးတောသုံးသပ်နေမိသည်။ အင်မော်တယ်အဆင့်အောက် ကျင့်ကြံသူများကိုမူ သူ ကောင်းစွာ ရင်ဆိုင်နိုင်သေးကြောင်း ဝန်ခံရပေမည်။

သို့သော် အင်မော်တယ်တစ်ပါးနှင့် ရင်ဆိုင်ရချိန်တွင်မူ သူသည် အားနည်းလွန်းနေသေး၏။

တိုကင်ပြားကို ဖန်တီးခဲ့သည့် အင်မော်တယ်၏ အစွမ်းကို သူ မသိသော်ငြားလည်း၊ ထိုတိုက်ခိုက်မှုသည် အင်မော်တယ်များကြားတွင် သိပ်ပြီး အားမပြင်းဟု ယူဆနိုင်သော်လည်း၊ ထိုတိုက်ခိုက်မှုမှ အလွန်အမင်း သေစေနိုင်သော အန္တရာယ်ကို ခံစားခဲ့ရသည်။

အကယ်၍သာ အင်မော်တယ်လက်နက်သာ မရှိခဲ့ပါက၊ သူကိုယ်တိုင်ပင် ထိုသို့သော တိုက်ခိုက်မှုကို သူ၏ ကိုယ်ပိုင်အစွမ်းဖြင့် တားဆီးနိုင်မည်လားဟု အာမ မခံရဲပေ။

ဟူး... အားနည်းလွန်းနေသေးသည်။

အားနည်းလွန်းနေသေးသည်။

ကပ်ဘေးဖြတ်ကျော်နယ်ပယ်သို့ ချိုးဖျက်နိုင်သည့်အခါ ထိုသို့သော တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနိုင်ပါ့မလား။

ကျင့်ကြံခြင်းကို တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်ရတော့မည်။

မဟာယာနနယ်ပယ်သို့ ချိုးဖျက်နိုင်ခဲ့ခြင်းမှ ရရှိခဲ့သော မာနတရားများ ပျောက်ကွယ်သွားသည်နှင့်အမျှ လုရီသည် မိမိကိုယ်ကို ပြန်လည်တက်ကြွစေ၏။ ကျင့်ကြံခြင်းကို နှစ်ဆတိုး၍ အားထုတ်ကာ မဟာယာန အထွတ်အထိပ် အဆင့်သို့ ပိုမိုလျင်မြန်စွာ တက်လှမ်းရန် သံန္နိဋ္ဌာန်ချလိုက်တော့သည်။

---

လင်းလောင်တောင်ထိပ်ထက်၌၊ အဘွားယွမ်လင်သည် ဝါးအိမ်လေးထဲသို့ ဝင်ရောက်လာခဲ့သည်။ ထိုနေရာတွင် လင်းလောင်တောင်ထိပ်သခင်မသည် ဝါးညောင်စောင်းတစ်ခုပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေ၏။ သူမသည် အကြိမ်ကြိမ်သမ်းဝေနေသော်လည်း အိပ်မပျော်သေးဘဲ နိုးကြားနေဆဲဖြစ်သည်။

ယွမ်လင်အဘွား ပြန်လာသည်ကို မြင်သောအခါ သူမက မျက်လုံးများကို ပင့်ကြည့်ကာ မေးမြန်းလိုက်သည်။

"ဘယ်လိုနေလဲ။ ဘာလို့ အင်မော်တယ်နယ်ပယ်ရဲ့ တည်ရှိမှုကို ခံစားလိုက်ရတာလဲ။"

ယွမ်လင်အဘွားက ရိုသေစွာ လျှောက်တင်လေသည်။

"သခင်မလေးကို လျှောက်တင်ပါတယ်၊ ရာရှိုမွန်မျိုးနွယ်ရဲ့ ကျင့်ကြံသူတွေကြောင့်ပါပဲ။ ရာရှိုမွန်တွေထဲမှာ အင်မော်တယ်တစ်ပါးရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက် ပါလာနိုင်ပြီး၊ အဲ့ဒီအင်မော်တယ်က လှည့်ကွက်တချို့ ချန်ထားခဲ့တာ ဖြစ်နိုင်ပါတယ်ရှင်။"

ထိုအခါ လင်းလောင်တောင်ထိပ်သခင်မက ခေါင်းအသာညိတ်ပြီးနောက် ပြုံးလိုက်ကာ မေးလိုက်သည်။

"အဲ့ဒီ လူရှုပ်လေး အခု ဘယ်လိုနေလဲ။"

ယွမ်လင်အဘွားသည် သူမလမြင်တွေ့ခဲ့ရသည်များကို ပြန်အမှတ်ရလိုက်သည့်အခါ သူမ၏ မျက်လုံးများထဲတွင် အံ့ဩမှုအရိပ်အယောင်တစ်ခု ရှိနေဆဲဖြစ်ပြီး တင်ပြလေ၏။

"သခင်လေးလုရီက ထူးကဲတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး အလွန်အမင်း အစွမ်းထက်ပါတယ်။ ရာရှိုမွန်အင်မော်တယ်ရဲ့ တိုက်ရိုက်မျိုးဆက်ဟာ ကပ်ဘေးနှစ်ထပ် ဟင်းလင်းပြင်အင်မော်တယ် နယ်ပယ်ကို ရောက်နေလောက်ပေမဲ့ သခင်လေးလုရီကို မယှဉ်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ ရုပ်ခန္ဓာက... နားလည်ရခက်လောက်အောင်ကို သန်မာလွန်းပါတယ်ရှင်။"

ယွမ်လင်အဘွား၏ စကားကို ကြားသောအခါ လင်းလောင်တောင်ထိပ်သခင်မသည် အမှန်တကယ်ပင် တုန်လှုပ်သွားပြီး အဘွားယွမ်လင်အား အံ့ဩစွာ စိုက်ကြည့်ကာ ထပ်မေးလိုက်သည်။

"အဘွားယွမ်လင်တောင်မှ နားလည်ရခက်လောက်အောင် သန်မာတယ်လို့ ထင်ရလောက်အောင်ပဲလား။"

အဘွားယွမ်လင်က ခေါင်းညိတ်ရင်း လျှောက်တင်သည်။

"သခင်လေး လုရီဟာ ရုပ်ခန္ဓာရဲ့ အားအင်ကို မြှင့်တင်ပေးနိုင်တဲ့ နိယာမ တော်တော်များများကို ကျွမ်းကျင်ပိုင်နိုင်နေပြီး၊ အဲ့ဒီနိယာမတွေအပေါ် သူ့ရဲ့ ကျွမ်းကျင်မှုကလည်း အားမနည်းပါဘူးရှင်။"

လင်းလောင်တောင်ထိပ်သခင်မ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မှင်တက်မိကာ အာမေဋိတ်သံဖြင့် မေးလိုက်၏။

"အဲ့ဒီ ကောင်လေးက နိယာမတော်တော်များများကို ကျွမ်းကျင်နေပြီ ဟုတ်လား။"

ယွမ်လင်အဘွားက ခေါင်းညိတ်ကာ မချိသော အပြုံးဖြင့် ညည်းညူလိုက်သည်။

"ကိုယ့်မျက်စိနဲ့ကိုယ် တွေ့မြင်ခဲ့ရတာမဟုတ်ရင် ကျွန်မလည်း ယုံရဲမှာ မဟုတ်ပါဘူး။ သခင်လေးလုရီမှာ ကြီးမားလှတဲ့ အင်မော်တယ်ပါရမီ ရှိနေပါတယ်။ သခင်မလေးပြောသလိုပဲ သူဟာ အင်မော်တယ် အရှင်သခင်ကြီး နယ်ပယ်ကို ရောက်ဖို့ မျှော်လင့်ချက် အမှန်တကယ် ရှိနိုင်ပါတယ်ရှင်။"

လင်းလောင်တောင်ထိပ်သခင်မက သူမ၏ ပေါင်ကို ဒေါသတကြီး ပုတ်လိုက်ပြီး မကျေမနပ် ဟိန်းဟောက်လိုက်တော့သည်။

"အဲ့ဒီ လူလည်ကောင်က အခု ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲဆိုတာကို သူ့ဆရာဖြစ်တဲ့ ငါ့ကိုတောင် တစ်စက်ကလေးမှ အသိမပေးဘူးပေါ့လေ။ တော်တော် ကတ်သီးကတ်သတ်နိုင်တဲ့ကောင်ပဲ။ နောက်တစ်ခါ သူ့ကိုတွေ့လို့ကတော့ ကောင်းကောင်းကြီး ဆုံးမပစ်လိုက်ဦးမယ်။"

ဤစကားကို ကြားသော် အဘွားယွမ်လင်သည် ခြောက်သွေ့စွာ ပြုံးလိုက်ပြီး နောက်ထပ် ဘာမှဝင်မပြောတော့ပေ။

---

အခန်း ၅၁၅ - သင်ဟာ ယွီမျိုးနွယ်ဝင်တစ်ယောက်လား...

~နှစ်တွေ ကြာလာသည်နှင့်အမျှ အဘွားယွမ်လင်သည် လုရီနှင့် လင်းလောင်တောင်ထိပ် သခင်မတို့၏ ဆက်ဆံရေးကို အကဲခတ်နေခဲ့ရာ ဤသည်မှာ သူတို့၏ ပုံမှန်အခြေအနေ ဖြစ်ကြောင်း နားလည်ထားပြီးသားဖြစ်သည်။

---

တစ်ချိန်တည်းမှာပင်၊ ကျယ်ပြောလှသော ကြယ်တာရာမြစ်ကြီး ခြားနားနေသည့် ရာရှိုမွန်ကြယ်ပေါ်တွင်၊

ကျယ်ဝန်းသော သွေးနီရောင် နန်းတော်ကြီးတစ်ခုအတွင်း၌ ရာရှိုမွန်မျိုးနွယ် အင်မော်တယ်တစ်ပါးသည် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းများအတွင်း၌ သွေးပင်လယ်ကြီးတစ်ခု လှိုင်းထန်နေသကဲ့သို့ ထင်မှတ်ရ၏။

သူ၏ မျက်နှာထားသည် အေးစက်မာကျောပြီး ဒေါသထွက်နေလျက် ကြိမ်းဝါးလိုက်သည်။

"လုုမင်... ယွီမျိုးနွယ်၊ မင်းတို့ကို

မကျေဘူး။"

တဆက်တည်း၌ သူ၏ ကိုယ်မှ ဝိညာဉ်စွမ်းအင်များ လှိုင်းထန်လာကာ နန်းတော်တစ်ခုလုံးကို တုန်ခါသွားစေတော့သည်။

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြပြီး သူတို့၏ မျက်နှာများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။

"သခင်!"

နောက်တစ်ခဏတွင်၊ နေရာလပ်သည် လိမ်ကောက်သွားပြီး ဂိတ်တံခါးတစ်ခု ပေါ်လာသည်။ ကိုယ်လုံးကိုယ်ပေါက် ကျစ်လစ်လှပ၍ လှပသော ရုပ်ရည်ဖြင့် အမျိုးသမီး ရာရှိုမွန်

တစ်ဦး ထွက်ပေါ်လာ၏။ သူမ၏ သွေးရောင်မျက်ဝန်းများက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်နှင့် နန်းတော်တစ်ခုလုံး ချက်ချင်း တည်ငြိမ်သွားလေသည်။

သူမက မေးမြန်းလိုက်သည်။

"အစ်ကိုယွီ... ဘာဖြစ်လို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ။"

ရာရှိုမွန်အင်မော်တယ်က အသက်ကိုပြင်းပြင်း

ရှူသွင်းပြီးနောက် ဖြည်းညင်းစွာ ပြန်ပြော၏။

"ငါ့ရဲ့ အလားအလာအကောင်းဆုံး မျိုးဆက်နှစ်ယောက် သေသွားပြီ။ သူတို့ ထျန်းမင်ကြယ်တာရာဒေသမှာ သေခဲ့ကြတာ။"

ထိုစကားကို ကြားသော် အမျိုးသမီးရာရှိုမွန်က မျက်ခုံးပင့်လိုက်ပြီး တိုက်တွန်းလေသည်။

"အစ်ကိုယွီ၊ ဒေါသကို ထိန်းပါ။ လောလောလတ်လတ် ထျန်းမင်ကြယ်တာရာနယ်မြေရဲ့ လော့ယွမ် စစ်မြေပြင် တိုက်ပွဲက အရမ်း ပြင်းထန်တယ်လို့ ဆိုကြတယ်။ ကျိုယိုမိစ္ဆာတွေက ငြိမ်းချမ်းရေးကို နှောင့်ယှက်နေလို့ ယွီမျိုးနွယ်က အစွမ်းထက်အဖွဲ့ဝင်တွေ အများကြီး အဲ့ဒီကို သွားပြီး နှိမ်နင်းနေကြတယ်။ ငါတို့ ဘုရင်ကလည်း မကြာခင် ယွီမျိုးနွယ်ကို တိုက်ခိုက်ဖို့ အစီအစဉ်ဆွဲနေတယ်၊ အစ်ကိုယွီလည်း ပါဝင်ဖို့ စဉ်းစားသင့်တယ်။"

ဤစကားကြောင့် ထိုအင်မော်တယ်၏

သွေးရောင်မျက်ဝန်းများက အရောင်တောက်လာပြီး ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

"ဟား ဟား ဟား ဟား။ ဒီလိုသာ ဆိုရင်တော့ ကျုပ်လည်း သူတို့ဆီကို တစ်ခေါက် သွားလည်ရမှာပေါ့။ ယွီမျိုးနွယ်ကို နောင်တရစေရမယ်။"

အမျိုးသမီး ရာရှိုမွန်ကလည်း သူနှင့်အတူ လိုက်ပါရယ်မောလေတော့သည်။

---

လုရီနှင့် အဘွားယွမ်လင်တို့ ထိုဟင်းလင်းပြင်နေရာလပ်မှ ထွက်ခွာသွားပြီး မကြာမီမှာပင်၊ အကြွင်းအကျန် အရိပ်များစွာသည် လျင်မြန်စွာ ချဉ်းကပ်လာကြသည်။

သူတို့သည် နတ်ဓားဂိုဏ်းနှင့် ကောင်းကင်နဂါးမြင့်မြတ်နယ်မြေကဲ့သို့သော အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများမှ အကြီးအကဲအဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သူတို့ ရောက်ရှိလာသောအခါ ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ကျန်ရစ်နေသော စွမ်းအားလှိုင်းများနှင့် အပြည့်အဝ မပိတ်သေးသော ဟင်းလင်းပြင်နေရာလပ်ကို ခံစားမိကြရာ

လူတိုင်း၏ မျက်နှာတွင် တုန်လှုပ်မှုများ ထင်ဟပ်နေ၏။

ဘိုးဘေး ဖန်ထျန်းယောင်က မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

"ကြောက်စရာကောင်းလိုက်တဲ့ နောက်ဆက်တွဲအရှိန်အဝါတွေပါလား... ဘယ်သူတွေများ တိုက်ခိုက်နေကြတာလဲ။"

ထင်းကျုံးရှင်းက မျက်မှောင်ကို တင်းတင်းကြုတ်လျက် မျက်လုံးများထဲတွင် ထိတ်လန့်မှုများဖြင့် ပြောကြားလေသည်။

"အနည်းဆုံးတော့ ကပ်ဘေးဖြတ်ကျော်နယ်ပယ်က အကြီးအကဲအဆင့် ပုဂ္ဂိုလ် ဆယ့်သုံးယောက်လောက် ပါဝင်ခဲ့ပြီး သူတို့အားလုံးက အလွန်အမင်း အစွမ်းထက်တဲ့သူတွေချည်းပဲ။"

"ဒါတင် မကသေးဘူး၊ ခုနက နောက်ဆုံးတိုက်ကွက်က... အင်မော်တယ်အဆင့် စွမ်းအားဖြစ်ရမယ် မဟုတ်လား။ ဒီလို အင်မော်တယ်အဆင့် စွမ်းအား ပေါ်ထွက်လာလိမ့်မယ်လို့ ယုံရခက်လိုက်တာ။"ဟူ၍

လုံမင်က မှတ်ချက်ပြုလိုက်သည်။

ထိုအခါ ဖန်ထျန်းယောင်က ရှုပ်ထွေးသော မျက်နှာဖြင့် ဆို၏။

"ငါ့မိတ်ဆွေလေး လုရီရဲ့ တည်ရှိမှုကို အမှန်တကယ် ခံစားမိသလိုပဲ... သူ တကယ်ပဲ အစောက တိုက်ပွဲမှာ ပါဝင်ခဲ့တာများလား။"

လုံမင်ဘိုးဘေးကလည်း ဂရုတစိုက် ခံစားကြည့်ပြီးနောက် ထောက်ခံလိုက်သည်။

"သူ ဖြစ်ပုံရတယ်နော်။"

ကပ်ဘေးဖြတ်ကျော်ဘိုးဘေးတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သူတို့၏ မျက်နှာများတွင် နားမလည်နိုင်မှုနှင့် အံ့ဩရိပ်တို့ ရောယှက်နေကြလေသည်။

"မိတ်ဆွေလေးလုရီက ဒီလောက်အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ တိုက်ခိုက်နိုင်နေပြီလား။"

သူတို့အားလုံးမှာ သူတို့ ကိုယ်ပိုင် ဘဝကိုပင် သံသယဝင်ချင်စိတ်များ ပေါက်ဖွားလာကြလေတော့သည်။

---

လုရီ၏ ဂူစံအိမ်အတွင်း၌။

ယခင်က တိုက်ပွဲကြီးကို ပြန်လည်သုံးသပ်ပြီးနောက် လုရီသည် သူ၏ အလုပ် ဆုလာဘ်များကို စိတ်အားထက်သန်စွာ စစ်ဆေးကြည့်ရှုတော့လေ၏။

ထိုရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းအတွက် ရရှိသော ဆုလာဘ်များသည် အတော်ပင် များပြားလှသည်။

စွမ်းအားနိယာမ နားလည်နိုင်စွမ်း မြှင့်တင်မှု၊ ရာရှိုမွန်အသီး မျိုးစေ့လေးစေ့၊ အလယ်အလတ်အဆင့် အင်မော်တယ် အသုံးအဆောင် သွေးသတ်လက်ဝှေ့လက်အိတ်၊ အင်မော်တယ်အဆင့် ဆေးလုံးဖော်နည်း "ရာရှိုမွန် သွေးဆေးလုံး"နှင့်

သတ်မှတ်ထားသော အင်မော်တယ် သိုင်းစွမ်းရည်တစ်ခုအား အဆင့် +၁ တိုးမြှင့်ခွင့်တို့ ဖြစ်ကြသည်။

ဆုလာဘ်ါတစ်ခုချင်းစီသည် အလွန်ပင် ရက်ရောလှပေသည်။

လုရီသည် နားလည်နိုင်စွမ်း မြှင့်တင်မှုဆုလာဘ်ကို ချက်ချင်း မသုံးသေးဘဲ ရာရှိုမွန်အသီး မျိုးစေ့လေးစေ့ကို ဦးစွာ ထုတ်ယူလိုက်သည်။

ရာရှိုမွန်အသီးပင်များသည် သေးငယ်သော်လည်း လုရီ၏ ဂူစံအိမ်တွင် နေရာက အကန့်အသတ်ရှိနေသည်။ သုံးပင် စိုက်ပျိုးပြီး ဖြစ်၍ အများကြီး စိုက်ရန် မလိုအပ်တော့ပေ။

လုရီက ခဏစဉ်းစားပြီးနောက် ၎င်းတို့ကို အပြင်ဘက်တွင် စိုက်ပျိုးရန် ဆုံးဖြတ်လိုက်သည်။

ဂူစံအိမ် အပြင်ဘက်တွင် ကြယ်ငယ်လေးသည် ကောင်းကင်ကြယ်တာရာသစ်ပင်အောက်၌ ဝပ်နေရင်း ကြယ်ရောင်ခြည်များကို စုပ်ယူနေ၏။

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော်လည်း

ကြယ်ငယ်လေး၏ အရွယ်အစားမှာ ထိုအတိုင်းပင်ဖြစ်ပြီး ပြောင်းလဲမှု မရှိသလောက်ပင်။

အင်မော်တယ် သားရဲ တစ်ကောင်အနေဖြင့် ကြီးထွားရန် အချိန်များစွာ လိုအပ်လေသည်။

သို့သော် လူတိုင်းကို နားမလည်နိုင်ဖြစ်စေသည်မှာ အရွယ်အစား ကြီးထွားမလာသော်လည်း သူ၏ အစွမ်းသည် လျင်မြန်စွာ တိုးတက်လာခြင်းပင်။

သူ၏ အရှိန်အဝါသည် ယခင်ကထက် များစွာပို၍ အားကောင်းလာခဲ့သည်။

သူ၏ ဆရာသခင် ပြောစကားအရ၊ သူသည်

ရှစ်လွှာ ကပ်ဘေးဖြတ်ကျော် ဟင်းလင်းပြင်အင်မော်တယ်၏ အစွမ်းကို ရရှိနေလောက်ပြီဖြစ်ပြီး စစ်မှန်သော အင်မော်တယ်တစ်ပါးနှင့် များစွာမကွာခြားတော့ဟု ဆိုလေသည်။

လုရီ ဂူစံအိမ်မှ ထွက်လာသည်နှင့် ကြယ််ငယ်လေးသည် နိုးကြားစွာ ခေါင်းထောင်ကြည့်လိုက်သည်။

လုရီကို မြင်သောအခါ သူ၏ ကြယ်တာရာကဲ့သို့သော မျက်လုံးများက တောက်ပလာပြီး မတ်တပ်ထကာ လုရီ၏အနားသို့ ယခင်ကဲ့သို့ပင် တွယ်ကပ်စွာ ပြေးလာတော့သည်။

လုရီက ပြုံးလိုက်ပြီး ကြယ်ငယ်လေး၏ ခေါင်းငယ်လေးကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

"ကြယ်ငယ်လေး၊ မဆိုးနဲ့တော့လေ။ ငါ အင်မော်တယ်အပင်လေးတွေ စိုက်မလို့။"

လုရီက သင့်တော်သော နေရာတစ်ခုကို ရှာဖွေပြီး ရာရှိုမွန်အသီးပင် မျိုးစေ့များကို စိုက်ပျိုးလိုက်သည်။ ထို့နောက် 'ယိီမုဟွာရှန်း' ကျမ်းမှ လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ မျိုးစေ့များမှ အညှောက်များ ထွက်လာအောင် ပြုစုပျိုးထောင်လိုက်၏။

ပျိုးပင်ငယ်လေးသုံးပင်ကို မြင်လိုက်ရသည့်အခါ သူသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူသည် ပျိုးပင်များကို စူးစမ်းစွာ ကြည့်နေသော ကြယ်ငယ်လေးကို ကြည့်လိုက်ပြီး ရွှင်လန်းစွာ မှာကြားလိုက်သည်။

"ကြယ်ငယ်လေး၊ ဒီပျိုးပင်လေးတွေကို အခုကစပြီး မင်း တာဝန်ယူရမယ်နော်။"

ကြယ်ငယ်လေးက နှစ်ကြိမ်မျှ အော်မြည်လိုက်ပြီးနောက် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလေသည်။

လုရီက ကျေနပ်စွာဖြင့် မိမိ၏ ဂူစံအိမ်သို့ ပြန်ကာ ကျန်ရှိသော ဆုလာဘ်များကို စစ်ဆေးကြည့်ရှုလေတော့သည်။

အလယ်အလတ်အဆင့် အင်မော်တယ် အသုံးအဆောင် သွေးသတ်လက်ဝှေ့လက်အိတ်သည် ခန္ဓာကိုယ် သန့်စင်ခြင်း ဆိုင်ရာ

အင်မော်တယ် အသုံးအဆောင် တစ်မျိုး ဖြစ်သည်။ အလယ်အလတ်အဆင့် အင်မော်တယ် အသုံးအဆောင် ဖြစ်သည့်အားလျော်စွာ ၎င်းသည် သဘာဝအတိုင်း အလွန်အမင်း အစွမ်းထက်လှသည်။ လုရီသည် လက်ရှိတွင် ထိုအင်မော်တယ် အသုံးအဆောင်၏ စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်သေးသော်လည်း၊ သူ စမ်းဝတ်ကြည့်လိုက်သည့်အခါ သွေးသတ်

လက်ဝှေ့လက်အိတ်သည် သူ၏ အားအင်ကို သိသိသာသာ တိုးမြှင့်ပေးခဲ့လေသည်။

အင်မော်တယ်အဆင့် ဆေးလုံးဖော်နည်း "ရာရှိုမွန်သွေးဆေးလုံး"သည်လည်း အလွန်အဖိုးတန်သည်ဟု ယူဆရပေမည်။

ရာရှိုမွန်အသီးကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုပြီး အစွမ်းထက် ဆေးဘက်ဝင်ပစ္စည်းအမျိုးမျိုးဖြင့် ဖြည့်စွက်ကာ ဖော်စပ်ထားသော ထိုဆေးလုံးသည် အင်မော်တယ် အဆင့် ခန္ဓာကိုယ်သန့်စင် ကျင့်ကြံသူများကိုပင် ကြီးမားသော တိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်ပြီး စွမ်းအားနိယာမကို နားလည်သဘောပေါက်ရန်ပင် အထောက်အကူပြုနိုင်သည်။

နိယာမစွမ်းအားကို နားလည်ရန် အထောက်အကူပြုနိုင်သော ဆေးလုံးတစ်လုံး... ၎င်း မည်မျှ အဖိုးတန်သည်ကို အထူးပြောရန်မလိုတော့ပေ။

ကံမကောင်းစွာဖြင့်၊ လုရီတွင် လက်ရှိ၌ အခြားပါဝင်ပစ္စည်းများသာမက ရာရှိုမွန်အသီးပင်များကိုယ်တိုင်ပင် မရှိသေးချေ။ အကြောင်းမူကား

ရာရှိုမွန်အသီးပင်များက မရင့်ကျက်သေးသောကြောင့် ဖြစ်သည်။

ထို့အပြင် သူသည် မှော်ဆေးပညာကို လေ့ကျင့်နေခဲ့သော်လည်း၊ အင်မော်တယ်အဆင့် ဆေးလုံးများကို သန့်စင်ရန်မှာမူ သူ၏ လက်လှမ်းမမီသေးသော အရာ ဖြစ်နေဦးမည်မှာ သေချာသည်။

လောလောဆယ်တွင် သူသည် ၎င်းကို ဘေးဖယ်ထားပြီး နောက်မှသာ စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။

သတ်မှတ်ထားသော အင်မော်တယ် သိုင်းစွမ်းရည်တစ်ခုအား အဆင့် +၁ တိုးမြှင့်ခွင့်သည်ကား သဘာဝအတိုင်း အလွန်ကောင်းမွန်သော ပစ္စည်းတစ်ခုပင်။

တစ်စက်မျှပင် မစဉ်းစားတော့ဘဲ လုရီသည် ၎င်းကို သူ၏ ကြယ်ဖြတ်ဓားကွက်အပေါ် အသုံးပြုလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော အချက်အလက်တို့သည် လုရီ၏ စိတ်အစဉ်ထဲသို့ ရေစီးကြောင်းအလား ဒလဟော ဝင်ရောက်လာ၏။

ထိုအထဲတွင် ဓားတာအိုနိယာမဆိုင်ရာ ထိုးထွင်းသိမြင်မှုများနှင့် ကြယ်ဖြတ်ဓားကွက်၏ အနှစ်သာရများ ပါဝင်လေသည်။ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးကို ကြယ်အလင်းလွှာများ ဖုံးလွှမ်းသွားပြီး သူ၏ ဂူစံအိမ်တစ်ခုလုံးသည်လည်း အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ကြယ်တာရာဓားအလင်းတန်းများဖြင့် ပြည့်နှက်သွားလေတော့သည်။

ဤအဆင့်မြှင့်တင်မှု၌ လုရီအတွက် ထိုနက်ရှိုင်းသော သဘောတရားများကို သူ၏ စိတ်ထဲသို့ အပြည့်အဝ ပေါင်းစပ်ရန် နှစ်လတိတိအချိန်ယူခဲ့ရသည်။ အနှစ်သာရကို အပြည့်အဝ စုပ်ယူပြီးသောအခါ၊ သူ၏ "ကြယ်ဖြတ်

ဓားကွက်" အင်မော်တယ်သိုင်း စွမ်းရည်သည် အဆင့် ၅ သို့ တက်လှမ်းသွားခဲ့လေသည်။

ဤသည်မှာ စစ်မှန်လောက ပြန်လည်ရောက်ရှိခြင်းနယ်ပယ်နှင့် နီးကပ်နေပြီ ဖြစ်ပြီး၊

အင်မော်တယ်တစ်ပါးအတွက်ပင်လျှင်

အင်မော်တယ်သိုင်း စွမ်းရည်တစ်ခုကို ဤအဆင့်သို့ ကျင့်ကြံရန်မှာ လွယ်ကူရိုးရှင်းမည် မဟုတ်ပေ။

လုရီကို အကျေနပ်ဆုံး ဖြစ်စေသော အရာမှာ ကြယ်ဖြတ်ဓားကွက် အင်မော်တယ်သိုင်းစွမ်းရည် တိုးတက်လာသည်နှင့်အမျှ၊ ဆက်စပ်နေသော အဓိက ဓားတာအို နိယာမအပေါ် သူ၏ နားလည်နိုင်စွမ်းသည်လည်း သိသာထင်ရှားသော တိုးတက်မှုများကို ရရှိခဲ့ခြင်းပင်ဖြစ်သည်။

သူ၏ ဓားတာအို နိယာမသည် နောက်ဆုံးတွင်

နှစ်ဆယ် ရာခိုင်နှုန်းသို့ ရောက်ရှိကာ သူ၏ စွမ်းအား နိယာမနှင့် အင်မော်တယ် နိယာမတို့ကို အမှီလိုက်နိုင်ခဲ့လေပြီတကား။

အခန်း ၅၁၆ - ကောင်းကင်မိစ္ဆာနန်းတော်မှ ဟင်းလင်းပြင် အင်မော်တယ်ကို ချောင်းမြောင်းသတ်ဖြတ်ခြင်း...

~ထိုမျှသာမက၊ လုရီသည် ယခင်က ကောင်းကင်ကြယ်တာရာ သစ်ပင်မှ ကြယ်တာရာ စွမ်းအားကို ခံစားမိခဲ့ပြီး ယခုအချိန်အထိ ကြယ်တာရာစွမ်းအားသည် နယ်ပယ် အဆင့်တွင်သာ ရှိနေခဲ့သည်။ ယခုမူ ကြယ်ဖြတ်ဓားကွက်၏ မြှင့်တင်ပေးမှုများကြောင့် ၎င်းသည် နိယာမ အဆင့်သို့ အမှန်တကယ် တက်လှမ်းသွားခဲ့လေပြီ။

ကြယ်တာရာ နိယာမ။

ဤရရှိမှုသည် မယုံနိုင်လောက်အောင်ပင် ကြီးမားလှသည်ဟု ဆိုနိုင်ပေသည်။

ထို့နောက် လုရီသည် စွမ်းအား နိယာမကို နားလည်နိုင်စွမ်း ရှိသော ကျင့်ကြံခြင်း ဆုလာဘ်ကိုလည်း စုပ်ယူလိုက်သည်။

သူ၏ စွမ်းအား နိယာမသည်လည်း အတော်အတန် တိုးတက်လာခဲ့သော်လည်း၊ ပြီးပြည့်စုံမှု သုံးဆယ် ရာခိုင်နှုန်းသို့ ရောက်ရှိရန်မှာမူ များစွာ လိုအပ်နေသေး၏။

သို့သော် ဤအတွက် လုရီသည် သိပ်ပြီး စိတ်ပျက်အားငယ်မနေခဲ့ပေ။ အကြောင်းမူကား ၎င်းသည် နိယာမအဆင့်ဖြစ်ပြီး၊ အင်မော်တယ်တစ်ပါး မဖြစ်သေးသော သူ့အတွက် ဤသို့ နက်ရှိုင်းသော နိယာမများကို ဆုပ်ကိုင်နိုင်ခြင်းသည်ပင် အလွန်ထူးကဲနေပြီ ဖြစ်သောကြောင့်တည်း။

ဤသို့ဖြင့် လုရီသည် တည်ငြိမ်အေးချမ်းစွာ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်နေခဲ့တော့သည်။

---

ရှစ်နှစ်အကြာတွင်။

အနောက်ပိုင်း နယ်မြေများရှိ ကောင်းကင်မိစ္ဆာနန်းတော်။

နက်ရှိုင်း၍ အမှောင်ဖုံးသော မိစ္ဆာအလင်းရောင်သည် ရုတ်တရက်ပေါ်ထွက်လာပြီး ကောင်းကင်မိစ္ဆာနန်းတော် တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ထူထဲသော မိစ္ဆာ အရှိန်အဝါတို့သည် ကမ္ဘာပျက်သုဉ်းခန်း ရောက်လာသည့်အလား လှိုင်းထန်နေတော့သည်။

ကောင်းကင်မိစ္ဆာနန်းတော်၏ ဂိုဏ်းအကာအကွယ် အခင်းအကျင်းပင်လျှင် ထိုသို့သော လှုပ်ခတ်မှုကို အပြည့်အဝ မခံနိုင်ဘဲ၊ မိစ္ဆာအလင်းတန်းမျှင်များသည် အခင်းအကျင်းမှ ပေါက်ကွဲထွက်လာကာ ကောင်းကင်ကို မည်းမှောင်သွားစေသည်။ ထို့ကြောင့် အနောက်ပိုင်းနယ်မြေများတွင် တည်ရှိသော ဗုဒ္ဓဘာသာဂိုဏ်းမှ အထက်တန်းစား ရဟန်းများပင် မော့ကြည့်ကာ ကောင်းကင်မိစ္ဆာနန်းတော်ဘက်သို့ အကြည့်များ ပို့လိုက်ကြ၏။

ဗုဒ္ဓဘာသာဂိုဏ်း၏ ကျောင်းထိုင် ဘုန်းတော်ကြီး သည် ရတနာခန်းမဆောင်အတွင်း၌ တင်ပျဉ်ခွေထိုင်နေရင်း သူ၏ သစ်သားငါးအား ခေါက်သံကို ရပ်တန့်လိုက်သည်။

သူ၏ ဇရာ အရေးအကြောင်းတို့ ရှိနေသော မျက်နှာထက်တွင် အံ့ဩမှု အရိပ်အယောင် တစ်ခု ထင်ဟပ်လာပြီး လက်အုပ်ချီကာ ရွတ်ဆိုလိုက်သည်။

"အော်မီတော်ဖော်... ဒါဟာ ဘယ်လို အရှိန်အဝါပါလဲ၊ ဘယ်မိစ္ဆာအိုကြီး ပြန်လည် ပေါ်ထွက်လာ တာလဲ။ အနောက်ပိုင်းနယ်မြေ တစ်ခုလုံး ဘေးဒုက္ခကြုံရမှာကို စိုးရိမ်မိတယ်။"

ကျမ်းစာဆောင်တွင် တံမြက်လှည်းနေသော ရဟန်းအိုတစ်ပါးလည်း ရပ်တန့်သွားပြီး ကောင်းကင်မိစ္ဆာနန်းတော်ဘက်သို့ ရှုမျှော်ကြည့်လိုက်၏။ သူ၏ ပုံမှန်အားဖြင့် လှုပ်ရှားမှုမရှိသော မျက်ဝန်းများတွင် ယခုအခါ လှိုင်းတံပိုးများ လှုပ်ခတ်နေလေသည်။

"ယွမ်ယွမ်... မိစ္ဆာအိုကြီး... သူ မသေသေးဘူးလား။"

သူသည် မျက်မှောင်ကြုတ်ကာ ခြံဝင်းငယ်လေးထဲတွင် အချိန်အတော်ကြာ ရပ်နေမိတော့သည်။

ဗုဒ္ဓဘာသာဂိုဏ်းအပြင်၊ အနောက်ပိုင်းနယ်မြေများရှိ အစွမ်းထက် အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေအချို့မှ ဘိုးဘေးများသည်လည်း ဤကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအရှိန်အဝါကို ခံစားမိကြပြီး၊ သူတို့တစ်ဦးစီ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကာ အမူအရာများ ညှိုးငယ်သွားကြသည်။

ထိုအခိုက်အတန့်‌၌ ကောင်းကင်မိစ္ဆာနန်းတော်အတွင်း၌၊ ကောင်းကင်မိစ္ဆာနန်းတော်သခင်နှင့် နန်းတော်မှ ဘိုးဘေးအဆင့် ပုဂ္ဂိုလ်တစ်စုတို့သည် အံ့ဩဝမ်းသာမှုများဖြင့် ပြည့်နှက်နေပြီး အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ နေရာမှ ပျောက်ကွယ်သွားကြလေသည်။

သူတို့သည် ကောင်းကင်မိစ္ဆာနန်းတော်၏ အတွင်းကျကျ နေရာတွင် တည်ရှိသော

ချောက်နက်ကြီး တစ်ခု အထက်သို့ ရောက်ရှိလာကြသည်။ လက်ရှိတွင်၊ ထိုချောက်နက်ကြီးသည် ပင်လယ်ကဲ့သို့ လှိုင်းထန်နေသော မိစ္ဆာ အရှိန်အဝါများကို ပန်းထုတ်နေပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်မြူခိုးလုံးကြီးများက ထူထဲသော မိစ္ဆာအလင်းရောင်ကို ထုတ်လွှတ်နေကာ၊ ရှုပ်ထွေးသော မိစ္ဆာသဘာဝ တာအိုပုံစံများက ဖြစ်လိုက် ပျက်လိုက်ဖြင့် လှုပ်ခတ်နေ၏။

ကောင်းကင်မိစ္ဆာနန်းတော်သခင်နှင့် နန်းတော်မှ ဘိုးဘေးအဆင့် ပုဂ္ဂိုလ် တစ်စုတို့သည် ကိုယ်ကိုညွှတ်ကာ လက်သီးဆုပ်၍ အရိုအသေပေးကြသည်။

"ဘိုးဘေးယွမ်ယွမ် တံခါးပိတ်ကျင့်ကြံရာမှ ထွက်ခွာလာပြီး စွမ်းအား ပိုကြီးမြတ်လာတာကို ဂုဏ်ပြုပါတယ်!"

"ဘိုးဘေးယွမ်ယွမ် တံခါးပိတ်ကျင့်ကြံရာမှ ထွက်ခွာလာတာကို ဂုဏ်ပြုပါတယ်!"

ထိုအခိုက်တွင်၊ ပုံရိပ်တစ်ခုသည် ကောင်းကင်မိစ္ဆာနန်းတော်သခင်နှင့် အခြားသူများရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသည်။

ကောင်းကင်မိစ္ဆာ နန်းတော်သခင်နှင့် အပေါင်းအပါများပင်လျှင် ဤပုံရိပ် မည်သို့မည်ပုံ ပေါ်ထွက်လာသည်ကို မမြင်လိုက်ကြပေ။

သူသည် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ချောမောသော ဥပဓိနှင့် ပခုံးပေါ်သို့ ဝဲကျနေသော ဆံပင်ရှည်များ ရှိသည်။ သူ၏ မျက်နှာထက်တွင် အပြစ်ကင်းစင်သော ဘေးအိမ်က ကောင်လေး တစ်ယောက်ကဲ့သို့ ခပ်ရေးရေးအပြုံးတစ်ခုကို ဆင်မြန်းထား၏။

သို့သော်၊ ထိုဘေးအိမ်က ကောင်လေး

ကဲ့သို့ မျက်လုံးများမှာမူ နက်ရှိုင်းလှပြီး ရှေးကျသော အငွေ့အသက်များကို ဆောင်ထားလေသည်။

သူသည် သူ၏ မျက်လုံးများဖြင့် ကောင်းကင်မိစ္ဆာနန်းတော် သခင်နှင့် အခြားသူများကို

ဝေ့ကြည့်လိုက်ပြီးနောက် ဟင်းလင်းပြင်သို့ မော့ကြည့်ကာ သိမ်မွေ့စွာ သက်ပြင်းချရင်း ရယ်မောလိုက်သည်။

"အစွမ်းအစက နက်ရှိုင်းတော့ရော ဘာထူးမှာလဲ။ အင်မော်တယ် ဖြစ်ဖို့ လမ်းက ပြတ်တောက်နေပြီပဲ၊ အချိန်ဆွဲပြီး ချေးငှားထားတဲ့ ဘဝမှာ ဆက်လက် ရှင်သန်နေရုံသက်သက်ပါပဲ။"

ဟင်းလင်းပြင်အင်မော်တယ်ဆိုသည်မှာ အင်မော်တယ်အဖြစ် တက်လှမ်းခြင်းကပ်ဘေးကို

မအောင်မြင်ဘဲ အသက်ရှင်ကျန်ရစ်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

တက်လှမ်းခြင်းကပ်ဘေးအောက်တွင် သူတို့၏ အင်မော်တယ်ဖြစ်တည်မှုလမ်းကြောင်းသည် ပျက်စီးသွားခဲ့ပြီး၊ ဟင်းလင်းပြင်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိခဲ့လျှင်ပင်၊ အဆုံးတွင် ၎င်းသည် လမ်းဆုံးတစ်ခုသာ ဖြစ်သည်။

"ဘိုးဘေးယွမ်ယွမ်၊ ခင်ဗျားက ထျန်းမင်ရဲ့ သမိုင်းတစ်လျှောက်မှာ တစ်ခါသာ မြင်တွေ့ရတဲ့ ပါရမီရှင်တစ်ယောက်ပါ။ နောက်ဆုံးတော့၊ တက်လှမ်းခြင်းကပ်ဘေးကို မအောင်မြင်ဘဲ အသက်ရှင်နိုင်တဲ့ ကျင့်ကြံသူ ဘယ်နှယောက်များ ရှိနိုင်မှာမို့လို့လဲ။"

ကောင်းကင်မိစ္ဆာနန်းတော်သခင်က နှစ်သိမ့်စကားဆိုသည်။

ဘိုးဘေးအိုတစ်ဦးကလည်း သက်ပြင်းချကာ ထောက်ခံသည်။

"ဟုတ်ပါတယ် ဘိုးဘေး၊ ကျွန်တော်တို့သာ တက်လှမ်းခြင်းကပ်ဘေးကို ကြိုးစားရင်တောင်မှ အရည်အချင်း ပြည့်မီဦးမှာ မဟုတ်သေးပါဘူး။"

"ဟုတ်တယ်၊ ပြီးတော့ မိစ္ဆာဘိုးဘေးကိုယ်တိုင်ကတောင် ပြောခဲ့ဖူးတယ်၊ တက်လှမ်းခြင်းကပ်ဘေးက တာအိုအခြေခံကို ထိခိုက်စေခဲ့ရင်တောင် အနာဂတ်မှာ ပြန်လည်ပြုပြင်ဖို့ အခွင့်အရေး လုံးဝမရှိတာတော့ မဟုတ်ဘူးတဲ့။ မိစ္ဆာဘိုးဘေးရဲ့ စကားအရဆိုရင် ဟင်းလင်းပြင်အင်မော်တယ်တစ်ပါးတောင် ပျက်စီးခြင်းထဲကနေ ပြန်လည်မွေးဖွားလာနိုင်တဲ့ အခွင့်အရေး ရှိနိုင်ပုံပဲ။"

ယွမ်ယွမ်၏ အကြည့်များက လှုပ်ခတ်သွားပြီးနောက် သူက ခေါင်းခါလိုက်သည်။

"မိစ္ဆာဘိုးဘေးတောင်မှ ဒီလိုအကြောင်းကို ကြားဖူးရုံသက်သက်ပဲ၊ အဖြစ်မှန်ကို ဘယ်သူက အမှန်တကယ် သိနိုင်မှာလဲ။ ထားလိုက်ပါတော့၊ ကောင်းကင်ရဲ့ ကံကြမ္မာအတိုင်းပဲ ဖြစ်ပါစေတော့။"

ထို့နောက် သူက ကောင်းကင်မိစ္ဆာနန်းတော်သခင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ငါ တံခါးပိတ်ကျင့်ကြံနေတာ နှစ်တစ်ထောင်ရှိပြီ၊ ထျန်းမင်မှာ ထူးခြားတဲ့ အဖြစ်အပျက်တွေများ ဖြစ်ခဲ့သေးလား။"

ဤမေးခွန်းကို ကြားသောအခါ၊ ကောင်းကင်မိစ္ဆာနန်းတော်သခင်နှင့် ကပ်ဘေးဖြတ်ကျော်နယ်ပယ်မှ ဘိုးဘေးအချို့တို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

ထို့နောက်၊ ထိုကပ်ဘေးဖြတ်ကျော်နယ်ပယ်မှ အစွမ်းထက်ပုဂ္ဂိုလ်များ၏ မျက်နှာများမှာ ဖြူဖျော့သွားပြီး မျက်ရည်စက်လက်ဖြင့် လျှောက်တင်ကြသည်။

"ဘိုးဘေးယွမ်ယွမ်၊ ခင်ဗျားက ကျွန်တော်တို့အတွက်ရော၊ ကောင်းကင်မိစ္ဆာနန်းတော်အတွက်ပါ တရားမျှတမှုကို ရယူပေးရပါမယ်။"

ဤစကားကို ကြားသော် ဘိုးဘေးယွမ်ယွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်နှာပေါ်မှ ပေါ့ပါးသော အမူအရာသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ မေးမြန်းလိုက်သည်။

"ဘာဖြစ်ခဲ့တာလဲ။"

ကောင်းကင်မိစ္ဆာနန်းတော်သခင်က ရုပ်ဆိုးအကျည်းတန်သော မျက်နှာဖြင့် လျှောက်တင်လေသည်။

"ဒီလိုပါ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ် ရှစ်ခုက၊ ထျန်းမင်အရှေ့ပိုင်းနယ်မြေမှာ ကောင်းကင်ဆိုင်ရာ အခွင့်အရေးတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းကင်မိစ္ဆာနန်းတော်ရဲ့ အကြီးဆုံးဘိုးဘေးနဲ့ ကျွန်တော်တို့ရဲ့ နောက်ဆုံးဆက်ခံသူ သုန်းဖန်းလု၊ ပြီးတော့ တခြားအစွမ်းထက် နန်းတော်အဖွဲ့ဝင် တော်တော်များများက အဲ့ဒီ အင်မော်တယ်အခွင့်အရေးကို သွားရှာခဲ့ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီမိစ္ဆာကောင်က ဘာစကားတစ်ခွန်းမှ မပြောဘဲ ကျွန်တော်တို့ရဲ့ အကြီးဆုံးဘိုးဘေးနဲ့ ဆက်ခံသူကို သတ်ဖြတ်ခဲ့ပါတယ်။ သူက ကျွန်တော်တို့ ကောင်းကင်မိစ္ဆာနန်းတော်ကို လုံးဝကို အလေးမထားတာပါ။"

ထိုစကားကို ကြားသောအခါ ယွမ်ယွမ်သည်လည်း မျက်မှောင်ကြုတ်သွားသည်။

"ငါ့ ကောင်းကင်မိစ္ဆာနန်းတော်ကိုတောင်မှ အလေးမထားတဲ့ ဒီမိစ္ဆာကောင်က ဘယ်သူလဲ။"

ကောင်းကင်မိစ္ဆာနန်းတော်သခင်က ဆက်လက်လျှောက်တင်သည်။

"ဒီမိစ္ဆာကောင်က လုရီလို့ခေါ်ပြီး ထျန်းမင်ရဲ့ သမိုင်းတစ်လျှောက်မှာ အစွမ်းအထက်ဆုံး ပါရမီရှင်လို့ ကျော်ကြားပြီး အံ့ဩစရာကောင်းတဲ့ ပါရမီရှိပါတယ်။ အဲ့ဒီအချိန်က သူဟာ ပေါင်းစည်းခြင်းနယ်ပယ်မှာပဲ ရှိသေးပေမဲ့ ဓားတာအိုနိယာမကို ကျွမ်းကျင်ပိုင်နိုင်နေပြီး ကပ်ဘေးဖြတ်ကျော်အခင်းအကျင်းကိုတောင် ရေးထိုးနိုင်စွမ်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အကြီးဆုံးဘိုးဘေးတောင်မှ သူ့လက်ထဲမှာ ကျဆုံးခဲ့ရပါတယ်။"

ဤသို့ကြားလျှင် ယွမ်ယွမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

"သူက ပေါင်းစည်းခြင်းနယ်ပယ်နဲ့ နိယာမတစ်ခုကို ကျွမ်းကျင်နေပြီလား။ ပြီးတော့ ကပ်ဘေးဖြတ်ကျော်အခင်းအကျင်းကို ရေးထိုးနိုင်စွမ်းရှိတယ် ဟုတ်လား။ ဒီလိုပါရမီကတော့ မာနထောင်လွှားထိုက်တာ အမှန်ပဲ။"

ကောင်းကင်မိစ္ဆာနန်းတော်သခင်က ဆက်ပြောသည်။

"ဒါတင်မကသေးပါဘူး၊ လတ်တလောသတင်းတွေအရဆိုရင် အရှေ့ပိုင်းနယ်မြေကောင်းကင်မှာ ကပ်ဘေးဖြတ်ကျော်ဘိုးဘေးအဆင့် ပုဂ္ဂိုလ်တွေကြားမှာ တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး၊ နောက်ဆုံးမှာ အင်မော်တယ်အဆင့် စွမ်းအားတွေတောင် ပေါ်ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။ အရှေ့ပိုင်းနယ်မြေရဲ့ ဘိုးဘေးအိုတချို့က လုရီရဲ့ တည်ရှိမှုကို ခံစားမိခဲ့ကြတယ်တဲ့။"

All Chapters