အခန်း (၅၂၃-၅၂၅)
Vol. 35 Ch. 523-525
အခန်း ၅၂၃ - ကြီးမားသော အကျိုးအမြတ်များ၊ သားရဲတစ်သောင်းတောင်တန်းအတွင်းမှ လှုပ်ရှားမှု ...
~လုရီသည် ယခင်ဂိုဏ်းချုပ်၏ စကားများကို ပြန်သတိရသွားပြီး ခေါင်းညိတ်ကာ ဆိုလိုက်သည်။
"အရင်တုန်းက နတ်ဓားဂိုဏ်းက ဆရာကြီးလည်း ဒီလိုပဲ ပြောခဲ့ဖူးတယ်။ ဆရာ၊ ကောင်းကင်မိစ္ဆာဆိုတာ တကယ်တမ်းမှာ ဘာကြီးလဲ ခင်ဗျာ။"
လင်းလောင်တောင်ထိပ်သခင်မက ဤသို့ ရှင်းပြလေ၏။
"ကောင်းကင်မိစ္ဆာဆိုတာ စကြဝဠာထဲက မိစ္ဆာသဘာဝရဲ့ ပြယုဂ်ပဲ။ သူတို့က စကြဝဠာရဲ့ နေရာတိုင်းမှာ တည်ရှိနေတယ်။ သူတို့ဟာ စကြဝဠာရဲ့ မိစ္ဆာဆန်တဲ့ အသွင်အပြင်တွေကို ကိုယ်စားပြုပြီးတော့ ဖျက်ဆီးခြင်းစွမ်းအားတွေနဲ့ ပြည့်နှက်နေသလို အလွန်အမင်းလည်း အားကောင်းတယ်။ စကြဝဠာထဲက မျိုးနွယ်အားလုံးကြားမှာ ဘေးအန္တရာယ်ဖြစ်စေတဲ့ အဓိကဇာစ်မြစ်တစ်ခုလည်း ဟုတ်တယ်။"
ထိုအခါ ယွင်ရှီးက အံ့ဩတကြီး မေးလိုက်သည်။
"ဒါဆို ကျိုယိုနဲ့ တူသလိုမျိုးလား။"
လင်းလောင်တောင်ထိပ်သခင်မက ခေါင်းခါယမ်းလိုက်၏။
"ကျိုယိုနဲ့ ယှဉ်လိုက်ရင်တော့ ကွာခြားချက်က
မသေးဘူး။ အဲ့ဒီလို ဆိုပေမယ့်.. အားကောင်းတဲ့ ကောင်းကင်မိစ္ဆာ ဘုရင်တစ်ပါးကလည်း အလားတူ ကြောက်မက်ဖွယ်ကောင်းပြီး ကြယ်တာရာနယ်မြေတွေကိုတောင် ဖျက်ဆီးခဲ့ဖူးလေတယ်။"
ထိုစကားကို ကြားသောအခါ လုရီနှင့်တကွ ကျန်နှစ်ယောက်လုံး၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး မျက်နှာများတွင် ထိတ်လန့်တုန်လှုပ်ဟန်တို့ ထင်ဟပ်သွားတော့သည်။
"အဲဒီတုန်းက နတ်ဓားဂိုဏ်းက ဆရာကြီးက ကောင်းကင်ဓားတာအိုကိုသုံးပြီး ကောင်းကင်မိစ္ဆာကို နှိမ်နင်းခဲ့တာ။ သူ့ရဲ့အစွမ်းက တကယ်ပဲ အံ့မခန်းပါပဲ။"ဟု လျိုနင်ရွှမ်းက သက်ပြင်းချကာ ဆိုလေသည်။
ထိုအခါ လင်းလောင်တောင်ထိပ်သခင်မက
ခပ်ဖွဖွ ရယ်မောလိုက်ပြီးမှ စကားဆက်သည်။
"အဲ့ဒီတုန်းက ကောင်းကင်မိစ္ဆာက အရမ်းအားနည်းနေသေးတာ။ ပြောပလောက်တဲ့ အရာ မဟုတ်ဘူး။ တကယ် အားကောင်းတဲ့ ကောင်းကင်မိစ္ဆာတွေကိုတော့ နင်တို့ မမြင်ဖူးသေးဘူးရယ်"
ထို့နောက် သူမသည် ကောင်းကင်မိစ္ဆာစည်ကို ကြည့်ကာ ခေတ္တမျှ စဉ်းစားပြီးနောက် ဆိုလေ၏။
"အဲ့ဒီတုန်းက ကောင်းကင်မိစ္ဆာတွေထဲမှာ ကွန်ယက်ကြားကနေ လွတ်ထွက်သွားတဲ့ကောင်တွေ ရှိလောက်တယ်။ ကောင်းကင်မိစ္ဆာနန်းတော်က ဒီကိစ္စနဲ့ ပတ်သက်နေနိုင်တယ်။"
"ကျွန်တော်တို့ ဘာလုပ်သင့်လဲ။"
လုရီက မေးလိုက်၏။
"ဘာကို ဘာလုပ်သင့်လဲ ပြောနေတာလဲ။"
လင်းလောင်တောင်ထိပ်သခင်မက မျက်လုံးတစ်ချက်လှန်လိုက်ပြီး၊
"ကောင်းကင်မိစ္ဆာအသေးအမွှားတစ်အုပ်စုကို ငါက လိုက်ရှာနေရမှာလား။ အိပ်ချိန်တန်ရင် အိပ်ရမှာပေါ့။"
ပြောပြောဆိုဆို လင်းလောင်တောင်ထိပ်သခင်မက လက်ညှိုးတစ်ချက်ဖျစ်လိုက်သည်နှင့် ကောင်းကင်မိစ္ဆာစည်အတွင်းမှ စူးရှစွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့သည်။ ထို့နောက် မိစ္ဆာချီများ ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်မိစ္ဆာစည်သည်လည်း ရုန်းကန်ခြင်း၊ တုန်ခါခြင်းတို့ မရှိတော့ပေ။
"ငါက ကောင်းကင်မိစ္ဆာစည်ရဲ့ လက်နက်ဝိညာဉ်ကို ဖျက်ဆီးလိုက်ပြီ။ မဟုတ်ရင် နင်တောင်မှ လက်နက်ဝိညာဉ်ရဲ့ လွှမ်းမိုးမှုကို မသိစိတ်ကနေ ခံရပြီး မိစ္ဆာလမ်းစဉ်ထဲ ကျရောက်သွားနိုင်တယ်။"
လင်းလောင်တောင်ထိပ်သခင်မက မှတ်ချက်ပေးရင်း ကောင်းကင်မိစ္ဆာစည်ကို လုရီထံသို့ ပြန်ပစ်ပေးလိုက်သည်။
လုရီသည် အတွင်းစိတ်ထဲတွင် အံ့အားသင့်သွား၏။ ‘ဒီကောင်းကင်မိစ္ဆာစည်က လူကို မိစ္ဆာလမ်းစဉ်ထဲ သွေးဆောင်နိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာ ငါ မထင်ထားခဲ့မိဘူးပဲ။’
သို့သော် သူကိုယ်တိုင် မိစ္ဆာလမ်းစဉ်ထဲ ကျရောက်သွားမည်လားဟူသော ကိစ္စအတွက်မူ
လုရီက တကယ်တမ်း စိုးရိမ်ခြင်းမရှိပေ။ အကြောင်းမူကား၊ သူ၏ အခြေခံအုတ်မြစ်သည် ယခုအခါ အလွန်ခိုင်မာနေပြီး၊ ဖရိုဖရဲ
ချီ အခြေတည်ကျင့်ကြံမှုကို ရရှိထားသောကြောင့် ဤမျှ အလွယ်တကူ လွှမ်းမိုးခံရမည် မဟုတ်ဟု သူထင်သည်။
လုရီသည် ကောင်းကင်မိစ္ဆာစည်ကို လက်ခံရယူလိုက်ပြီး ပြုံးလျှက်ပင်၊
"ကျေးဇူးတင်ပါတယ် ဆရာ။"
လင်းလောင်တောင်ထိပ်သခင်မက ခေါင်းညိတ်ပြပြီးနောက် ရုတ်တရက်ပင် သူမက မျက်စိရှေ့မှောက်မှ ပျောက်ကွယ်သွားတော့သည်။
ဂူစံအိမ်၏ အဝင်ဝတွင် လျိုနင်ရွှမ်း၊ ယွင်ရှီးနှင့် လုရီတို့သာ ကျန်ရစ်ခဲ့ပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြောင်ကြည့်နေမိကြ၏။
မကြာမီပင် လျိုနင်ရွှမ်းနှင့် ယွင်ရှီးတို့သည် ပတ်ဝန်းကျင်လေထုတွင် တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိလိုက်ကြသည်။
တစ်ဆက်တည်းမှာပင်၊ လျိုနင်ရွှမ်း၏ အေးစက်သော မျက်ဝန်းများထဲတွင် သတိကြီးစွာထားသည့် အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားပြီး၊ မသိမသာ နေရာမှထကာ ဆိုလိုက်သည်။
"ဂျူနီယာမောင်လေး အဆင်ပြေနေပြီဆိုတော့ ငါလည်း ပြန်ကျင့်ကြံဖို့ လိုနေပြီ။"
ယွင်ရှီးကလည်း ခေါင်းညိတ်ကာ၊
"လုရီ၊ ငါလည်း သွားကျင့်ကြံတော့မယ်။"
သူမတို့နှစ်ဦး ထွက်ခွာရန် ကြံရွယ်လိုက်စဉ်မှာပင် သူမတို့၏ ခန္ဓာကိုယ်များမှာ ရုတ်တရက် တောင့်တင်းသွားပြီး လှုပ်ရှား၍ မရတော့ချေ။
သူတို့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး
လုရီထံသို့ လှည့်ကြည့်လိုက်ကြသည်။
"ဂျူနီယာမောင်လေး၊ နင် ဘာလုပ်နေတာလဲ။"
လျိုနင်ရွှမ်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
ထိုအခိုက်အတန့်၌၊ လုရီ၏ အပြုံးသည် တဖြည်းဖြည်း ယုတ်မာကောက်ကျစ်သော အသွင်သို့ ပြောင်းလဲသွားပြီး သူက ဆိုသည်။
"စီနီယာအစ်မ၊ ယွင်ရှီး၊ တွေ့ကြုံဆုံစည်းကြမှတော့ နှစ်ကိုယ်တူကျင့်ကြံကြတာပေါ့။"
မိန်းမလှလေး နှစ်ဦးလုံး ထိတ်လန့်သွားကြသည်။
"ခဏလေး! ဂျူနီယာမောင်လေး၊ ငါ ရုတ်တရက် ဉာဏ်အလင်းရသွားလို့ တံခါးပိတ်ကျင့်ကြံဖို့ လိုနေပြီ!"
"လုရီ၊ မဟုတ်ဘူး..."
လုရီသည် သူမတို့နှစ်ဦး၏ စကားကို လုံးဝဂရု
မစိုက်ဘဲ၊ ဘာမှနားမလည်သော ကြယ်ငယ်လေး၏ အကြည့်များအောက်တွင် သူတို့နှစ်ယောက်ကို ဂူစံအိမ်အတွင်းသို့ ခေါ်ဆောင်သွားတော့သည်။
...ဤနေရာတွင် စာလုံးတစ်သောင်း ချန်လှပ်ထားတော့သည်...။
---
လုရီက ကောင်းကင်မိစ္ဆာနန်းတော်မှ ဟင်းလင်းပြင်ဥမင်အဆင့် အင်မော်တယ်ကို သတ်ဖြတ်လိုက်သည့် သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ကြီးမားသော တုန်လှုပ်မှုကို ဖြစ်စေခဲ့လေသည်။
ထျန်းမင်ရှိ ကျင့်ကြံသူအားလုံး အောက် မေးရိုးများ ပြုတ်ကျကာ ရင်သပ်ရှုမော ဖြစ်သွားကြ၏။
လုရီသည် ထျန်းမင်တစ်ခွင်တွင် နာမည်ကြီးနေပြီဖြစ်ပြီး ကျင့်ကြံသူတိုင်းက သူ့ကို ရှားပါးသော ပါရမီရှင်၊ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းပိုင်ရှင်အဖြစ် အသိအမှတ်ပြုထားသော်လည်း၊ မဟာယာနနယ်ပယ်သို့ ယခုမှ ချိုးဖျက်ဝင်ရောက်ထားသော သူက ဟင်းလင်းပြင်ဥမင်အဆင့်
အင်မော်တယ်တစ်ဦးကို အသေသတ်နိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်မှန်းထားခဲ့ပေ။
ဟင်းလင်းပြင်ဥမင်အဆင့် အင်မော်တယ်ဆိုသည်မှာ အဘယ်နည်း။ ထိုအရာသည် တစ်ပိုင်း အင်မော်တယ်နှင့် နီးစပ်သော တည်ရှိမှုမျိုး ဖြစ်၏။
အတိတ်ကာလက အရှေ့ပင်လယ်မှ ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်သည် ဟင်းလင်းပြင်ဥမင်အဆင့် အင်မော်တယ်သုံးဦးကြောင့် အရှေ့ပင်လယ်မျိုးနွယ်စု တစ်ခုလုံးကို ဖိနှိပ်လုနီးပါးဖြစ်ခဲ့ပြီး အရှေ့ပိုင်းနယ်မြေတွင် စစ်ပွဲကြီးတစ်ခုကိုပင် ဖြစ်ပွားစေခဲ့လေသည်။
ထိုစစ်ပွဲကြောင့် သေဆုံးသူ မရေမတွက်နိုင်အောင် များပြားခဲ့၏။
ယခု လုရီက ဟင်းလင်းပြင်ဥမင်အဆင့် အင်မော်တယ်တစ်ဦးကို သတ်နိုင်လိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။
အကယ်၍ ဤအဖြစ်အပျက်ကို လေးစားရပါသော နတ်ဓားဂိုဏ်းမှ ဆရာကြီးကိုယ်တိုင် မျက်မြင်သက်သေမဖြစ်ခဲ့ပါက၊ ကပ်ဘေးဖြတ်ကျော်နယ်ပယ်မှ ဘိုးဘေးအများအပြားက ပြောဆိုလျှင်ပင် မည်သူမျှ တစိုးတစ်စေ့ပင် ယုံကြည်ကြမည် မဟုတ်ပေတကား။
အရှေ့ပိုင်းနယ်မြေတစ်ခွင်တွင် ကောင်းကင်နဂါး သူတော်စင်သားတော်၊ ထိုက်ရီ သူတော်စင်
သားတော် အပါအဝင် လုရီကို အားပေးထောက်ခံသူများမှာ အလွန်တရာ စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြတော့သည်။
"ဟားဟားဟား! ညီအစ်ကိုလုပဲဟာ။ ဟင်းလင်းပြင်ဥမင်အဆင့် အင်မော်တယ်တောင်မှ သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးပဲ!"
ကောင်းကင်နဂါး သူတော်စင်သားတော်က ကျယ်လောင်စွာ ဟားတိုက်ရယ်မောရင်း အလွန်အမင်း စိတ်လှုပ်ရှားနေ၏။
ထိုက်ရီ သူတော်စင်သားတော်က သက်ပြင်းချကာ ဆိုသည်။
"ထျန်းမင်မှာ ညီလေးလုအတွက် ပြိုင်ဘက်တွေ အများကြီး ကျန်သေးလို့လား။"
"ငါ့အစွမ်းက ညီလေးလုနဲ့ ယှဉ်လိုက်ရင် အရမ်းအားနည်းနေသေးတယ်။ ငါတို့ကြားက ကွာဟချက်က ပိုပိုပြီး ကြီးလာပြီ။ ဒီနှုန်းအတိုင်းဆိုရင် သူ့ခြေလှမ်းတွေကို ဘယ်လိုလိုက်မီနိုင်တော့မှာလဲ။"
ထိုက်ရီ သူတော်စင်သားတော်က ခေါင်းခါယမ်းလိုက်ပြီး တံခါးပိတ်ကျင့်ကြံမည်ဟု ဂိုဏ်းအားကြေညာလိုက်တော့သည်။
လေ့ယင် သူတော်စင်သမီးတော်၏ မျက်ဝန်းများတွင် လေးစားကြည်ညိုမှုများ ပြည့်နှက်နေပြီး သတင်းကို ဖြန့်ဝေသည်။
"ချင်းချုံးမျိုးနွယ်ရဲ့ သခင်လေးက ဟင်းလင်းပြင်ဥမင်အဆင့် အင်မော်တယ်ကို သတ်နိုင်လို့လား။ အစ်ကိုလုနဲ့ ယှဉ်လိုက်ရင် သူက ဘာမှမဟုတ်ဘူး!"
အရှေ့ပိုင်းနယ်မြေမှ ထိပ်သီးပုဂ္ဂိုလ်များက ထောက်ပြလိုက်သည့်အခါ လူတိုင်းသည်
ချင်းချုံးဟွာနှင့် လုရီတို့၏ နှစ်တစ်ရာ ကတိသစ္စာကို ပြန်လည် သတိရသွားကြသည်။
"နောက်ထပ် အနှစ်နှစ်ဆယ်ကျော်ပဲ ကျန်တော့တယ်။ ချင်းချုံးဟွာနဲ့ လုရီရဲ့ နှစ်တစ်ရာတိုက်ပွဲက စတင်တော့မယ်ဟေး။"
"ငါက အစပိုင်းမှာ ချင်းချုံးဟွာကို ပိုပြီး အနိုင်ရချေမြင်ခဲ့တာ။ ဒါပေမဲ့ လုရီ ပြသခဲ့တဲ့ အစွမ်းကို မြင်လိုက်ရတော့ အခု လုရီနိုင်ဖို့ အခွင့်အလမ်း ပိုများတယ်လို့ ထင်တယ်။"
"ဟုတ်တယ်၊ လုရီက တကယ်ပဲ မိစ္ဆာဆန်လွန်းတယ်။ မဟာယာနနယ်ပယ်နဲ့တင် ကောင်းကင်မိစ္ဆာနန်းတော်က ဟင်းလင်းပြင်ဥမင်အဆင့် အင်မော်တယ်ကို သတ်နိုင်တယ်ဆိုတော့! သူက
တကယ့်ကို သားရဲကောင်ပါပဲ။"
ထိုအခိုက်အတန့်တွင် ထျန်းမင်ရှိ ကျင့်ကြံသူအားလုံးသည် ချင်းချုံးဟွာနှင့် လုရီတို့၏ လာမည့် နှစ်တစ်ရာတိုက်ပွဲအကြောင်းကို
အုံးအုံးကျက်ကျက် ဆွေးနွေးနေကြသည်။
ချင်းချုံးဟွာကို အားပေးသူများမှာလည်း မယုံနိုင်စရာ ဖြစ်နေကြသော်လည်း ချင်းချုံးဟွာသာ အနိုင်ရမည်ဟု ယုံကြည်နေကြဆဲ ဖြစ်သည်။
"နောက်ထပ် အနှစ်နှစ်ဆယ်ကျော်လေးနဲ့ လုရီက ဘယ်လောက်များ ထပ်ပြီး သိသိသာသာ ချိုးဖျက်နိုင်ဦးမှာမို့လို့လဲ။"
"လုရီက အားကောင်းတာကို ငါဝန်ခံတယ်။ ဒါပေမဲ့ အစ်မတော် ချင်းချုံးကလည်း အံ့ဩစရာကောင်းသလို လုရီထက်လည်း မနိမ့်ပါဘူး!"
---
အခန်း ၅၂၄ - ကြီးမားသော အကျိုးအမြတ်များ၊ သားရဲတစ်သောင်းတောင်တန်းအတွင်းမှ လှုပ်ရှားမှု....
~ထိုအခိုက်အတန့်တွင် ချင်းချုံးဟွာသည် တံခါးပိတ်ကျင့်ကြံမှု နက်ရှိုင်းစွာ ပြုလုပ်နေပြီး
ချင်းချုံးမျိုးနွယ်သည်လည်း အသံ တစ်စုံတစ်ရာ မထွက်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် ကောင်းကင်မိစ္ဆာနန်းတော်အတွင်း၌ နန်းတော်သခင်နှင့်တကွ အကြီးအကဲဘိုးဘေးအားလုံးသည်လည်း သတင်းကို လက်ခံရရှိခဲ့ပြီး လူတိုင်း မှင်သက်မိနေကြသည်။
"ဘိုးဘေးယွမ်ယွမ်တောင် ရှုံးသွားတယ် ဟုတ်လား။ သူနဲ့အတူ ကောင်းကင်မိစ္ဆာစည် တော်တောင် ပါသွားတာကို! ဒါ မဖြစ်နိုင်ဘူး! ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။"
နန်မင်ယွမ်၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။
ခန်းမတစ်ခုလုံး သေမင်းတမန်တမျှ တိတ်ဆိတ်သွားပြီး ကောင်းကင်မိစ္ဆာနန်းတော်မှ ဘိုးဘေးအားလုံး ဆိတ်ငြိမ်သွားကြသည်။
မကြာမီပင် အဘွားအိုတစ်ဦးက ထပြောသည်။
"ဘိုးဘေးယွမ်ယွမ် ရှုံးသွားမှတော့ ကောင်းကင်မိစ္ဆာစည်တော်ကရော။"
လေထုသည် ပို၍ပင် တင်းမာလာပြီး
နန်မင်ယွမ်၏ နှုတ်ခမ်းများ လှုပ်ခါသွားပြီးမှ ဖြည်းညင်းစွာ ဆိုလိုက်သည်။
"ဒါက လုရီလက်ထဲ ကျသွားတာ ဖြစ်ရမယ်!"
"ကောင်းကင်မိစ္ဆာ စည်တော်က ငါတို့ဂိုဏ်းရဲ့ အစောင့်အရှောက် အင်မော်တယ်လက်နက်ပဲ။ အဲ့ဒါမရှိရင် ငါတို့ဂိုဏ်းရဲ့ အခြေခံအုတ်မြစ် အများစုကို ဆုံးရှုံးသွားလိမ့်မယ်!"
ကောင်းကင်မိစ္ဆာနန်းတော်မှ ဘိုးဘေးများ၏ မျက်နှာများမှာ အလွန်တရာ သုန်မှုန်နေ၏။
"ဒီကိစ္စက ပြဿနာမရှိလောက်ပါဘူး။ အင်မော်တယ်လက်နက်တွေက အသိဉာဏ်ရှိကြတယ်။ ငါတို့ မဟာအခင်းအကျင်းကြီးတစ်ခု တည်ပြီး ကောင်းကင်မိစ္ဆာစည်တော်ကို ပြန်ခေါ်လို့ ရတယ်။"
ထိုအခါ နန်မင်ယွမ်က အမိန့်ထုတ်လိုက်သည်။
"အရင်ဆုံး ကောင်းကင်မိစ္ဆာစည်တော်ကို ပြန်ခေါ်ကြစို့! ဒါက အရေးအကြီးဆုံးပဲ!"
ကပ်ဘေးဖြတ်ကျော် ဘိုးဘေးများသည် အလွန်အမင်း စိုးရိမ်ပူပန်နေကြ၏။
သူတို့တစ်အုပ်စုလုံးသည် ကောင်းကင်မိစ္ဆာနန်းတော်မှ အရင်းအမြစ်အမြောက်အမြားကို အသုံးပြုကာ ကျောက်သား စင်မြင့်တစ်ခုကို တည်ဆောက်လိုက်ကြသည်။ ထိုစင်မြင့်ပေါ်တွင် အင်မော်တယ် လက်နက်၏ ဝိညာဉ်ကို နိုးထစေပြီး ကောင်းကင်မိစ္ဆာစည်တော်ကို ပြန်လည်ခေါ်ဆောင်ရန်အတွက် နက်နဲရှုပ်ထွေးသော အခင်းအကျင်း ပုံစံများကို ရေးထိုးထားသည်။
နန်မင်ယွမ်သည် အခင်းအကျင်းအတွင်း၌ တင်ပျဉ်ခွေထိုင်လိုက်ပြီး ဝိညာဉ်စွမ်းအင်များ အခင်းအကျင်းထဲသို့ စီးဖြာစေလိုက်သည်။
အခင်းအကျင်းသည် တောက်ပလာ၏။
မည်းနက်သော မိစ္ဆာအလင်းတန်းများ ပေါ်ထွက်လာပြီး အသက်ဝင်စပြုလာသည်။
သို့ဖြစ်သော်ငြားလည်း နောက်တစ်ခဏ၌
နန်မင်ယွမ်၏ မျက်နှာသည် ဖြူဖျော့သွားပြီး သွေးနီတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်တွင် အက်ကြောင်းများ ပေါ်ထွက်လာပြီး သူ၏အရှိန်အဝါမှာ ချက်ချင်းဆိုသလို အားနည်းသွားတော့၏။
ဤအဖြစ်အပျက်ကြောင့် အနီးအနားရှိ ကပ်ဘေးဖြတ်ကျော်ဘိုးဘေးများ၏ မျက်နှာထားများမှာ သိသိသာသာ ပြောင်းလဲသွားပြီး လျင်မြန်စွာ ပြေးဝင်လာကြသည်။
"နန်းတော်သခင်!"
"ဘာတွေဖြစ်ကုန်တာလဲ!"
နန်မင်ယွမ်၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသော အံ့အားသင့်ဟန်တစ်ခု ထင်ဟပ်နေသည်။
"ငါ... ငါ ကောင်းကင်မိစ္ဆာ စည်တော်ရဲ့ ဝိညာဉ်ကို မခံစားမိတော့ဘူး! ငါ အခင်းအကျင်းရဲ့ တန်ပြန်ဒဏ်ခတ်မှုကို ခံလိုက်ရပြီ!"
"ဘာ?!"
ထိုအခိုက်အတန့်တွင် ကောင်းကင်မိစ္ဆာနန်းတော်မှ အကြီးတန်းပုဂ္ဂိုလ်အားလုံး ကျောက်ရုပ်များကဲ့သို့ ဖြစ်သွားကြသည်။
နန်မင်ယွမ်သည် သွေးများ ထပ်မံအန်ထုတ်လိုက်ပြီး အားနည်းစွာ ဆို၏။
"မြန်မြန်! မိစ္ဆာဘိုးဘေးကို အကြောင်းကြားလိုက်! ငါတို့ ကောင်းကင်မိစ္ဆာနန်းတော်ဆီကို ဘေးအန္တရာယ်ကြီးတစ်ခု ကျရောက်လာတော့မယ်လို့! မိစ္ဆာဘိုးဘေးတစ်ယောက်ပဲ ဒီကိစ္စကို ဖြေရှင်းနိုင်တော့မှာ။"
... ...
---
အပြင်လောကတွင် လှုပ်ခတ်နေစဉ်၊ လုရီ၊ ယွင်ရှီးနှင့် လျိုနင်ရွှမ်းတို့ နှစ်ကိုယ်တူကျင့်ကြံမှု ပြီးဆုံးသွားပြီးနောက်၊ သူတို့သည် ပျော်ရွှင်စွာဖြင့် ကျင့်ကြံခန်းသို့ ပြန်လာကာ သူတို့၏ စစ်ပွဲအကျိုးအမြတ်များကို ရေတွက်နေကြသည်။
ဟင်းလင်းပြင်ဥမင်အဆင့် အင်မော်တယ်တစ်ဦးနှင့် ကပ်ဘေးဖြတ်ကျော်ဘိုးဘေးနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီးဖြစ်၍ လုရီအတွက် အလုပ်
တစ်ခု မရှိဘဲ နေမည် မဟုတ်ပေ။
[အလုပ်]
ကောင်းကင်မိစ္ဆာနန်းတော်မှ ကျူးကျော်သူများကို သတ်ဖြတ်ခြင်း။ (ပြီးမြောက်)
ဆုလာဘ်များ- အလယ်အလတ်တန်းစား
အင်မော်တယ်လက်နက်- မိစ္ဆာချေမှုန်းရေးဓား၊ ကောင်းကင်အင်မော်တယ်အဆင့် အခင်းအကျင်းတာအို အသေးစိတ်ရှင်းလင်းချက်၊ အမှောင်နိယာမ ၁၀%၊ မိစ္ဆာဇာစ်မြစ်မြက်ပင် သုံးပင်၊ ကြယ်တာရာခြင်ဆီ အစက် ၁၀၀။
ဆုလာဘ်ကို လက်ခံရယူလိုပါသလား: လကမခံမည်လား/ငြင်းမည်လား။
ပြိုင်ဘက်သည် အင်မော်တယ်လက်နက် ကိုင်ဆောင်ထားသော ဟင်းလင်းပြင်ဥမင်အဆင့် အင်မော်တယ်ဖြစ်သောကြောင့် ဆုလာဘ်မှာလည်း သဘာဝအတိုင်း အလွန်တရာ ရက်ရောလှသည်။
အလယ်အလတ်တန်းစား အင်မော်တယ်လက်နက် ဖြစ်သော မိစ္ဆာချေမှုန်းရေးဓားသည် မိစ္ဆာများနှင့် မိစ္ဆာသဘာဝရှိသော မည်သည့်အရာကိုမဆို အလွန်အမင်း သေစေနိုင်စွမ်းရှိ၏။ ထို့အပြင် ၎င်းသည် ဓားရှည်တစ်လက်ဖြစ်ပြီး ဓားတာအိုနိယာမ၏ ၂၀% ကျော်ကို ကျွမ်းကျင်ထားသော လုရီအတွက် အလွန်တန်ဖိုးရှိသော အင်မော်တယ်လက်နက်တစ်ခုပသ်။
သွေးသတ်လက်ဝှေ့လက်အိတ်များနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
လုရီအတွက် စိတ်လှုပ်ရှားဆုံးမှာ ကောင်းကင်အင်မော်တယ်အဆင့် အခင်းအကျင်းတာအို အသေးစိတ်ရှင်းလင်းချက် ဖြစ်၏။ အကြောင်းမူကား၊ လုရီ၏ အခင်းအကျင်းတာအိုစွမ်းရည်များသည် သေမျိုးလောကအဆင့် သီးခြားကျင့်ကြံနည်းစနစ်များတွင်သာ ရှိသေးပြီး၊ အင်မော်တယ်အဆင့် အခင်းအကျင်းတာအို ရှင်းလင်းချက်ကို ရရှိရန် နည်းလမ်း မရှိခဲ့ပေ။
သူ၏ အခင်းအကျင်းတာအို ဉာဏ်အလင်းရရှိမှုမှာ မနိမ့်ကျသော်လည်း သူသည် အင်မော်တယ်အခင်းအကျင်းကို မကျွမ်းကျင်နိုင်သေးပေ။
ယခု ဤအင်မော်တယ်အဆင့် အခင်းအကျင်းတာအို ရှင်းလင်းချက်နှင့်အတူ အပြည့်အဝ နားလည်သဘောပေါက်နိုင်မည်ဆိုလျှင်
အင်မော်တယ် အခင်းအကျင်းအား သေချာပေါက် တည်ဆောက်နိုင်လိမ့်မည်။
ထိုအရာသည် အင်မော်တယ် အခင်းအကျင်းပင်ဖြစ်သည် မဟုတ်ပါလား။
သူသာ တည်ဆောက်နိုင်ခဲ့လျှင် အင်မော်တယ်တစ်ပါး ရောက်လာလျှင်ပင် လုရီက စိုးရိမ်တော့မည် မဟုတ်ပေ။
အမှောင်တာအိုသည်လည်း မဟာတာအိုသုံးထောင်ထဲတွင် အလွန် အားကောင်းသော တာအိုတစ်ခုဖြစ်သည့်အလျောက် အမှောင်နိယာမသည်လည်း မုချပင် အလွန်တရာ အားကောင်းလှသည်။
အမှောင်နိယာမ၏ ၁၀% ပင်လျှင် အားနည်းသည်မဟုတ်။
မိစ္ဆာဇာစ်မြစ်မြက်ပင်သည် အားကောင်းသော မိစ္ဆာသဘာဝနှင့် အမှောင်စွမ်းအားများ ပါဝင်သော အင်မော်တယ်ဆေးပင်တစ်မျိုးဖြစ်ပြီး၊
စုပ်ယူပြီးနောက်တွင် မိမိ၏ မှော်စွမ်းအားကို မြှင့်တင်နိုင်သည်။
အရေးအကြီးဆုံးမှာ အင်မော်တယ်သစ်ပင်ကဲ့သို့ အင်မော်တယ်ဆေးပင်တစ်မျိုးအနေဖြင့် ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်နိုင်သည်။
လုရီသည် ၎င်းကို တိုက်ရိုက်အသုံးမပြုဘဲ သူ၏ ဂူစံအိမ်အပြင်ဘက်တွင် စိုက်ပျိုးရန် စိတ်ပိုင်းဖြတ်ထားသည်။
မကြာသေးမီနှစ်များအတွင်း သူနှင့် ယွင်ရှီးတို့ လျှို့ဝှက်နည်းစနစ်များနှင့် ဝိညာဉ်ကျောက်စိမ်းများကို အသုံးပြုကာ အင်မော်တယ်သစ်ပင်များကို စိုက်ပျိုးခဲ့ရာ ထိုအပင်များသည် အတိုင်းအတာတစ်ခုအထိ ကြီးထွားလာခဲ့ပြီးဖြစ်သည်။
အခြားနေရာများအကြောင်း ပြောစရာမလို၊ လင်းလောင်တောင်ထိပ်ရှိ ဝိညာဉ်စွမ်းအင်သိပ်သည်းမှုသည် အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေကိုပင် ကျော်လွန်ကာ အလွန်အမင်း ချဲ့ကားလာခဲ့သည်။
တိမ်ဖြူဂိုဏ်းတစ်ခုလုံး၏ ဝိညာဉ်စွမ်းအင်သိပ်သည်းမှုသည်ပင် အလွန်မြင့်မားနေပြီး သာမန်အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေတစ်ခုထက် ကျော်လွန်နေချေပြီ။
သူ့ဆရာနှင့် အဘွားယွမ်လင်ပင် အံ့ဩခဲ့ရသည်။
အကယ်၍ အင်မော်တယ်သစ်ပင်များအားလုံး အပြည့်အဝ ကြီးထွားလာပါက၊ တိမ်ဖြူဂိုဏ်းသည် ဤသေမျိုးကြယ်ပေါ်တွင် အင်မော်တယ်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားရန် မျှော်လင့်ချက်အမှန်တကယ် ရှိနေလေသည်။
သူ့ဆရာက အရင်ကပြောခဲ့သော ဆရာ၏ သူ့အား 'အဖေ' ဟုခေါ်မည် ဆိုသည့် ကိစ္စနှင့်ပတ်သက်၍မူ လုရီသည် စဉ်းစားပြီးနောက် ထိုအကြောင်းကို ထပ်မပြောဖြစ်ခဲ့ပေ။
သူ့ဆရာ၏ မည်သူမည်ဝါဖြစ်ကြောင်း ပိုသိလာလေ လုရီက ပို၍ စိတ်လှုပ်ရှားလာလေ ဖြစ်သည်။ စဉ်းစားကြည့်လျှင် သူ့ဆရာ၏ အဖေမှာ အလွန်အမင်း အားကောင်းသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်နိုင်သည်။ သူသည် အသတ်မခံရစေရန် ထိုအခွင့်အရေးကို မယူရဲပါပေ။
နောက်ဆုံးအရာ.. ကြယ်တာရာခြင်ဆီမှာ တန်ဖိုးရှိသော ကျင့်ကြံခြင်းအရင်းအမြစ်တစ်ခုဖြစ်ရာ လုရီက သူ့ကိုယ်သူအတွက် သိမ်းဆည်းထားလိုက်သည်။
ယခင်က ဆရာ့ကို မေးမြန်းခဲ့ရာ ကြယ်တာရာခြင်ဆီသည် ယေဘုယျအားဖြင့် အင်မော်တယ်များအတွက် ကျင့်ကြံခြင်းအရင်းအမြစ်ဖြစ်ပြီး၊ အင်မော်တယ်တိုင်း ရနိုင်သည့်အရာ မဟုတ်ဘဲ အလွန်တရာ တန်ဖိုးကြီးကြောင်း သိခဲ့ရ၏။
ယခု လုရီလက်ထဲတွင် အစက်ရာပေါင်းများစွာ ရှိနေပြီဖြစ်ပြီး၊ အင်မော်တယ်များကြားတွင်ပင် ချမ်းသာသည်ဟု သတ်မှတ်နိုင်လေသည်။
အကယ်၍ သူ ပိုင်ဆိုင်သော အင်မော်တယ်လက်နက်များစွာကို ထည့်သွင်းစဉ်းစားပါက၊ သူနှင့် နှိုင်းယှဉ်နိုင်သော အဆင့်နိမ့် အင်မော်တယ် အနည်းငယ်သာ ရှိပေလိမ့်မည်။
လုရီသည် အလွန် ကျေနပ်နေ၏။ သူသည် အင်မော်တယ်အဖြစ် မတက်လှမ်းရသေးသော်လည်း ကြီးမားသော မိသားစု ဓနဥစ္စာကို စုဆောင်းထားပြီးဖြစ်ရာ အလွန် ကောင်းမွန်လှသည်။
လုရီသည် ဆုလာဘ်အားလုံးကို အပြည့်အဝ
စုပ်ယူပြီး အကောင်အထည် ဖော်ရန် တစ်နှစ်တိတိ အချိန်ယူခဲ့သည်။
လုရီသည် ကောင်းကင်အင်မော်တယ်အဆင့် အခင်းအကျင်းတာအို အသေးစိတ်ရှင်းလင်းချက်ကို စုပ်ယူပြီးနောက် အင်မော်တယ်အဖြစ် တက်လှမ်းပြီးပါက ကျင့်ကြံသူများသည် ကောင်းကင် အင်မော်တယ်များ ဖြစ်လာကြောင်း နားလည်လိုက်သည်။
သို့သော် အဘွား ယွမ်လင်နှင့် စီနီယာ
ဝမ်ကျန်းယွမ်တို့၏ ယခင် စကားဝိုင်းအရ
နက်ရှိုင်းခြင်း အင်မော်တယ်အင်မော်တယ်၊ အစစ်အမှန် အင်မော်တယ်ကဲ့သို့သော အဆင့်များ ရှိနေသေးရာ အင်မော်တယ်များတွင်ပင် နယ်ပယ်များစွာ ရှိနေပုံ ရသည်။
သူသည် အင်မော်တယ်အဖြစ် မတက်လှမ်းရသေးမီ အမြင့်ကို မျှော်မှန်းရဲသေးပေ။
ဤကိစ္စကို များများစားစား မစဉ်းစားတော့ဘဲ အခင်းအကျင်းတာအို အသေးစိတ်ရှင်းလင်းချက်များကို နားလည်ရန် စတင်လိုက်သည်။
နောက်ဆက်တွဲ အချိန်များတွင် လုရီ၏ နေ့စဉ်လုပ်ငန်းဆောင်တာမှာ ကျင့်ကြံခြင်း၊ နှစ်ကိုယ်တူကျင့်ကြံခြင်းနှင့် ကျင့်ကြံမှု စွမ်းရည်အမျိုးမျိုးကို နားလည်ရန်ဖြစ်ပြီး သူ၏အချိန်အများစုကို အခင်းအကျင်းတာအို အသေးစိတ်ရှင်းလင်းချက်များအတွက် မြှုပ်နှံထားလေသည်။
သူသည် အင်မော်တယ် အခင်းအကျင်းများ တည်ဆောက်နိုင်ရန် အင်မော်တယ်အခင်းအကျင်းဆိုင်ရာ ဗဟုသုတကို တတ်နိုင်သမျှ မြန်မြန် ကျွမ်းကျင်ရန် ရည်မှန်းထား၏။
သူကိုယ်တိုင်ပင် အင်မော်တယ် အခင်းအကျင်းများကို ဖန်တီး တွက်ချက်နိုင်သည်အထိ ဖြစ်သည်။
... ...
---
အချိန်သည် ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ့်ငါးနှစ် ကြာသွားခဲ့လေပြီ။
သားရဲတစ်သောင်း တောင်တန်း...။
သားရဲတစ်သောင်း တောင်တန်းတွင် ကောင်းကင်နှင့်မြေကြီး ရတနာများစွာ ကိန်းဝပ်နေသည့်အပြင်၊ ကြမ်းကြုတ်သော သားရဲ အမျိုးမျိုးသည်လည်း တန်ဖိုးရှိသော အရင်းအမြစ်များဖြစ်သောကြောင့် ကျင့်ကြံသူ အများအပြားသည် သားရဲတစ်သောင်း တောင်တန်းသို့ နေ့စဉ်လာရောက်ကာ ကြမ်းကြုတ်သော သားရဲများကို
အမဲလိုက်ပြီး ရတနာများကို ရှာဖွေကြလေ၏။
တစ်နေ့တွင် သားရဲတစ်သောင်း တောင်တန်း၏ အတွင်းပိုင်း နက်ရှိုင်းသော နေရာ၌ ကြောက်မက်ဖွယ် အားလှိုင်းကြီး ရုတ်တရက် ပေါက်ကွဲလာပြီး တောင်တန်းတစ်ခုလုံးကို လှုပ်ခတ်သွားစေတော့သည်။
သားရဲတစ်သောင်း တောင်တန်းအတွင်းရှိ ကျင့်ကြံသူများသည် အလွန်အမင်း ထိတ်လန့်သွားပြီး အတွင်းပိုင်း နက်ရှိုင်းသော နေရာသို့ မော့ကြည့်လိုက်ကြ၏။
သားရဲတစ်သောင်းတောင်တန်း၏ ဗဟိုအနီးတစ်ဝိုက်တွင် အချို့သော မဟာစွမ်းအား အဆင့် ကျွမ်းကျင်သူများမှာ အထူးသဖြင့် တုန်လှုပ်သွားကြသည်။
သူတို့၏ မျက်စိရှေ့တွင်၊ သားရဲတစ်သောင်းတောင်တန်း၏ အနက်ရှိုင်းဆုံး အပိုင်း၌ ကြက်သီးထဖွယ် အနက်ရောင်မိစ္ဆာ မြူခိုးများမှာ ကောင်းကင်ယံသို့ တိုးဝင်သွားပြီးနောက် စိတ်ကူးမယဉ်နိုင်သော ကြောက်မက်ဖွယ်စွမ်းအားများဖြင့် ဝေ့ဝဲနေ လေတော့သည်။
ထို့နောက် မိစ္ဆာမြူခိုးအတွင်းမှ ဧရာမလက်မောင်းကြီးတစ်ဖက် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေ၏။
ထိုလက်မောင်းသည် ကောင်းကင်ထောက်တိုင်ကြီး တစ်ခုအလား ကောင်းကင်သို့
ထိုးဖောက်နေတော့၏။
အခန်း ၅၂၅ - လုရီ၏ ရဲရင့်သော အတွေးအခေါ်...
~ထိုဧရာမလက်မောင်းကြီးတစ်ခုလုံးကို အနက်ရောင်အမွေးအမှင်များဖြင့် ဖုံးလွှမ်းနေပြီး အမွေးတစ်ပင်ချင်းစီမှာပင် ကြီးမားသောသစ်ပင်တစ်ပင်အလား ထူထပ်ကာ လွန်စွာ မာကျောလေ၏။
လက်မောင်းကြီး ဆန့်တန်းထွက်ပေါ်လာသည်နှင့် လေဟာနယ်ထဲတွင် ရွှေရောင်ချည်မျှင် မရေမတွက်နိုင်အောင် ပေါ်ထွက်လာပြီး ထိုလက်မောင်းကို ရစ်ပတ်လိုက်တော့သည်။
ဒုန်း! ဒုန်း! ဒုန်း!
ဧရာမလက်မောင်းကြီး တုန်ခါသွားကာ ရွှေရောင်ချည်မျှင်များမှာလည်း တုန်ခါသွား၏။ ဟိန်းညံသံများက ကောင်းကင်နှင့်မြေကြီးတစ်ခွင် ပဲ့တင်ထပ်သွားပြီး လောကကြီးတစ်ခုလုံး ပြောင်းပြန်လန်ကာ တောင်နှင့်မြစ်များပင် ပြိုကျပျက်စီးလုမတတ် ဖြစ်သွားလေသည်။
ထိပ်သီးပုဂ္ဂိုလ်ကြီးများအားလုံး သူတို့၏ ရင်ဘတ်ထဲတွင် ကျောက်တုံးကြီးတစ်ခု ဖိထားသကဲ့သို့ လေးလံလာပြီး ပေါင်းစည်းခြင်းနယ်ပယ်မှ ကျင့်ကြံသူများ၏ မျက်နှာများမှာ ဖြူဖျော့သွားကာ သွေးများ အဆက်မပြတ် အန်ထုတ်နေကြရသည်။
"တားမြစ်နယ်မြေရဲ့ ဦးတည်ရာပဲ!"
"ဒါ... ဒါ လွန်ခဲ့တဲ့ အနှစ်နှစ်ရာက ပေါ်လာခဲ့တဲ့ ဧရာမလက်မောင်းကြီး မဟုတ်လား။ သူ ပြန်ပေါ်လာပြန်ပြီ!"
ထိပ်သီးပုဂ္ဂိုလ်ကြီးများ တစ်ယောက်ပြီးတစ်ယောက် ထိတ်လန့်တကြား ကြွေးကြော်လိုက်ကြသည်။
ထို့နောက်မှာတော့ နက်ရှိုင်းသော ဟိန်းသံများ ဆက်တိုက်ထွက်ပေါ်လာလေ၏။
အမှောင်အလင်းတန်းများ တဖျပ်ဖျပ်လက်နေပြီး သားရဲကြီးများမှာ တားမြစ်နယ်မြေ၏ ဦးတည်ရာမှ လေထဲသို့ ခုန်ပျံတက်ကာ ပျံသန်းထွက်ခွာလာကြသည်။
ထိုသားရဲကြီးများ၏ ကိုယ်ပေါ်တွင် အနက်ရောင်အခင်းအကျင်းပုံစံများက ရစ်ပတ်နေပြီး သူတို့၏ အရှိန်အဝါများမှာ လွန်စွာ ဆိုးယုတ်ကြောက်မက်ဖွယ်ကောင်းလှကာ မျက်လုံးများထဲ၌ အမှောင်အလင်းတန်းများ တဖျပ်ဖျပ်လက်နေ၏။
ထိပ်သီးပုဂ္ဂိုလ်ကြီးများ စုဝေးနေသည့်နေရာ၌ပင် ချမ်းစိမ့်သွားပြီး ကျောချမ်းစရာကောင်းလောက်အောင်ပင်။
"မြေဓာတ်ဝက်ဝံ၊ မျက်လုံးခြောက်လုံး မြွေဟောက်၊ လေမိုးကြိုးငှက်... ဒါတွေအားလုံးက သားရဲဘုရင်တွေပဲ။ ဘယ်လိုလုပ် ဒီလောက်အများကြီး ရှိနေရတာလဲ။"
"ဒီသားရဲဘုရင်တွေက နယ်မြေပိုင်နက်စိတ် အရမ်းပြင်းထန်တာ၊ ဘယ်လိုလုပ်ပြီး အတူတူ ပေါ်လာရတာလဲ။"
ထိပ်သီးပုဂ္ဂိုလ်ကြီးတစ်ဦးချင်းစီ၏ မျက်နှာများတွင် မယုံနိုင်စရာ ထိတ်လန့်မှုများ ပြည့်နှက်နေတော့သည်။
အားကောင်းသော သားရဲကြီးများမှာ အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များဖြင့် အရပ်မျက်နှာအသီးသီးသို့ တိုးဝင်သွားကြသည်။
အရိုးထိအောင် ချမ်းစိမ့်စေသော သတ်ဖြတ်လိုစိတ်ကြောင့် ကျင့်ကြံသူအားလုံး၏ မျက်နှာများ ဖြူဖျော့သွားကြ၏။
"ပြေး!"
ထိပ်သီးပုဂ္ဂိုလ်ကြီးများ လှည့်ထွက်ပြေးကြသော်လည်း သားရဲဘုရင်များ၏ အစွမ်းမှာ အလွန်တရာ ကြီးမားကြောက်မက်ဖွယ်ကောင်းပြီး အရေအတွက်များပြားလေသည်။
မကြာမီမှာပင် အားကောင်းသော ပုဂ္ဂိုလ်တစ်ဦးပြီးတစ်ဦးကို ဝါးမြိုသွားကာ သူတို့၏ မချိမဆံ့ အော်ဟစ်သံများမှာ ငရဲပွက်သလို ထွက်ပေါ်နေတော့သည်။
...
---
တိမ်ဖြူဂိုဏ်းတွင် လုရီ ကျင့်ကြံနေစဉ် ရုတ်တရက် သူ၏ဂူစံအိမ်အပြင်ဘက်မှ
သုန်းကုန်းမင်ယွဲ့၏ အသံထွက်ပေါ်လာသည်။
"စီနီယာအစ်ကိုကြီး..! မြန်မြန်ထွက်ခဲ့ပါဦး! အရေးကြီးကိစ္စ ပေါ်လာပြီ!"
လုရီသည် မျက်လုံးဖွင့်လိုက်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ကျင့်ကြံခန်းမှ ထွက်လာခဲ့သည်။
သူ၏ ဂူတံခါးကို ဖွင့်လိုက်သောအခါ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ အပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦးလုံး၏ မျက်နှာထားများမှာ လေးနက်တင်းမာနေ၏။
လုရီက မျက်ခုံးပင့်ကာ မေးလိုက်သည်။
"စီနီယာအစ်မ၊ ဂျူနီယာ ညီမလေး၊ ဘာဖြစ်လို့လဲ။ ဘာလို့ မျက်နှာတွေက ဒီလောက်မကောင်းကြတာလဲ။"
ထိုအခါ လျိုနင်ရွှမ်းက ပြောလိုက်သည်။
"သားရဲတစ်သောင်းတောင်တန်းမှာ သားရဲတွေ ထကြွနေပြီ။ အခြေအနေက အရမ်းဆိုးတယ်။"
"သားရဲတွေ ထကြွတယ် ဟုတ်လား။ ဘယ်လောက်တောင် ဆိုးလို့လဲ။"
လုရီ မှင်သက်သွားပြီး အနည်းငယ် တုန်လှုပ်သွားသည်။
"သားရဲတစ်သောင်း တောင်တန်းရဲ့ ဗဟိုတားမြစ်နယ်မြေမှာ ကိစ္စကြီးတစ်ခု ဖြစ်နေတယ်လို့ ဆိုတယ်။ အဘွားယွမ်လင်နဲ့ ဆရာတို့တောင် အဲ့ဒီကို သွားနှင့်ပြီ။ သားရဲတွေထဲက အားကောင်းတဲ့ ဘုရင်အများအပြား တားမြစ်နယ်မြေထဲကနေ ချိုးဖျက်ထွက်လာကြတာ။ အဲ့ဒီအချိန်တုန်းက သားရဲတစ်သောင်း တောင်တန်းရဲ့ ဗဟိုမှာ ရှိတဲ့ ထိပ်သီးပုဂ္ဂိုလ်တွေ အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်။ ပြီးတော့ သားရဲဘုရင်တွေက သားရဲလှိုင်းလုံးကြီးတစ်ခုကို စတင်လိုက်ပြီး နယ်မြေကြီးငါးခုလုံးမှာရှိတဲ့ သားရဲတစ်သောင်းတောင်တန်းတစ်ခုလုံးကို သက်ရောက်သွားတယ်။ ဘယ်နေရာမှ မကျန်ခဲ့ဘူး။"
လျိုနင်ရွှမ်းက ဖြည်းညင်းစွာ ရှင်းပြလေ၏။
လုရီ တုန်လှုပ်သွားသည်။
"နယ်မြေကြီးငါးခုလုံးကို သက်ရောက်တဲ့ သားရဲလှိုင်းလုံးကြီး ဟုတ်လား။ တားမြစ်နယ်မြေမှာ တစ်ခုခု ဖြစ်သွားတာလား။"
"ဟုတ်တယ် စီနီယာ၊ ချင်းကျိုးမှာလည်း ကျွန်တော်တို့ရဲ့ သားရဲတစ်သောင်းတောင်တန်း အခွဲတစ်ခု ရှိတယ် မဟုတ်လား။ အဲ့ဒီမှာတောင် သက်ရောက်မှုရှိတယ်။ အားကောင်းတဲ့ သားရဲအများအပြား သားရဲတစ်သောင်းတောင်တန်းထဲကနေ ထွက်လာကြပြီး အဲ့ဒီမှာ အခြေအနေတွေ အရမ်းဆိုးနေပြီ။"
သုန်းကုန်းမင်ယွဲ့က ဆိုသည်။
လုရီသည် ချင်းကျိုးရှိ သားရဲတစ်သောင်းတောင်တန်းကို သိနေသည်မှာ သေချာသည်။ သွေးဝိညာဉ်ဂိုဏ်း မပျက်စီးခင်က အလုပ်တာဝန်တစ်ခုဖြင့် ထိုနေရာသို့ သူ အချိန်အတော်ကြာက သွားခဲ့ဖူးသည်။
"သားရဲတစ်သောင်းမြို့တော်ကို ပြောနေတာလား။"
"ဟုတ်တယ်၊ အဲ့ဒီနေရာပဲ။ သားရဲတစ်သောင်းမြို့တော် ပျက်စီးသွားပြီ။ လူအများကြီးလည်း သေဆုံးသွားတယ်။"
သုန်းကုန်းမင်ယွဲ့က ခေါင်းညိတ်ပြ၏။
လုရီ အံ့အားသင့်သွားသည်။
"ဟင်..သားရဲတစ်သောင်းမြို့တော် ပျက်စီးသွားပြီ ဟုတ်လား။"
သိထားရသည်မှာ သားရဲတစ်သောင်း မြို့တော်သည် ကျင့်ကြံသူ အများအပြား နေထိုင်သည့် အဓိကမြို့ကြီးတစ်မြို့ ဖြစ်ပြီး တိမ်ဖြူဂိုဏ်း၏ တပ်စခန်းတစ်ခုပင် ရှိနေသည်။
သို့သော် ယခုအခါ ပျက်စီးသွားခဲ့ပြီတဲ့လား။
လျိုနင်ရွှမ်းကလည်း ခေါင်းညိတ်ကာ၊
"အဲ့ဒီအချိန်တုန်းက ဒီလောက်အားကောင်းတဲ့ သားရဲလှိုင်းလုံးကြီး ဖြစ်လာမယ်လို့ ဘယ်သူမှ
မမျှော်လင့်ထားခဲ့ဘူး။ သားရဲတစ်သောင်းမြို့တော် လုံးဝဝန်းရံခံလိုက်ရပြီးနောက်မှာ ဘယ်သူမှ ထွက်မပြေးနိုင်ခဲ့ဘူး။ အခု သားရဲအမြောက်အမြား သားရဲတစ်သောင်းတောင်တန်းထဲကနေ ထွက်လာပြီး ချင်းကျိုးတစ်ခုလုံးကို တိုက်ခိုက်နေကြပြီ။"
လုရီသည် အတွင်းစိတ်ထဲမှ အကြီးအကျယ် တုန်လှုပ်သွားပြီး နောက်ဆုံးတွင် အခြေအနေ၏ ဆိုးရွားမှုကို နားလည်သွားတော့သည်။
"အခု တိမ်ဖြူဂိုဏ်းရဲ့ နယ်မြေထဲမှာ သားရဲအများအပြား သောင်းကျန်းနေပြီ။ မြို့ငယ်တွေ၊ မြို့ကြီးတွေ အများကြီး ဝန်းရံခံထားရတယ်။ ငါတို့မှာ လူအင်အား မလုံလောက်ဘူး။ သားရဲတွေထဲမှာ ထိပ်သီးပုဂ္ဂိုလ်ကြီးအဆင့် အားကောင်းတဲ့ သတ္တဝါတွေလည်း ပါတယ်။ ဂိုဏ်းချုပ်က ငါတို့ကို အကူအညီတောင်းထားတယ်။"
သုန်းကုန်းမင်ယွဲ့က ဆို၏။
လုရီက ခေါင်းညိတ်လိုက်သည်။
"ငါ နားလည်ပြီ။ ဒါဆို သွားဖြေရှင်းကြတာပေါ့။"
လျိုနင်ရွှမ်းက ခေါင်းညိတ်ကာ၊
"ဂျူနီယာမောင်လေး၊ ငါတို့ လူ ခွဲပြီးလုပ်ဆောင်ကြရင် ပိုပြီး ထိရောက်လိမ့်မယ်။"
လုရီက သူမတို့နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး မကန့်ကွက်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
မကြာသေးမီရက်များအတွင်း သူမတို့နှင့် လုရီ၏ သိုင်းပညာဖလှယ်မှုများမှာ ဆက်တိုက်ဖြစ်ပွားနေပြီး သူမတို့နှစ်ဦးလုံး အလွန်အားကောင်းနေကြသည်။
လျိုနင်ရွှမ်း၏ ကျင့်ကြံမှုအဆင့်က သူ့ထက်
မနိမ့်။ တိုက်ခိုက်ရေးစွမ်းရည် ကွာဟချက်မှာ
မသေးငယ်သော်လည်း အင်မော်တယ်ခန္ဓာကိုယ်ပိုင်ရှင် လျိုနင်ရွှမ်းသည် ကပ်ဘေးဖြတ်ကျော်နယ်ပယ်မှ ကျင့်ကြံသူများကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိ၏။
သုန်းကုန်းမင်ယွဲ့မှာမူ အင်မော်တယ်ခန္ဓာကိုယ်အဖြစ် မပြောင်းလဲသေးဘဲ သူမ၏ ကျင့်ကြံမှုအရှိန်မှာ နှေးကွေးသော်ငြား ပေါင်းစည်းခြင်းနယ်ပယ် ဆယ့်သုံးလွှာသို့ ရောက်ရှိနေပြီး
မဟာယာနနယ်ပယ်သို့ ချိုးဖျက်ရန် မဝေးတော့ပေ။
သူမ၏ မိုးကြိုးနယ်ပယ်မှာ ပြည့်စုံနေပြီး တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အလွန်အားကောင်းလှသည်။
လုရီသည် သူမတို့နှစ်ဦးအပေါ် ယုံကြည်မှုရှိ၏။
"ဒီလိုဆိုရင်တော့ မင်းတို့နှစ်ယောက်လည်း ဂရုစိုက်ကြ။"
"စိတ်မပူပါနဲ့ စီနီယာအစ်ကိုကြီး"
သုန်းကုန်းမင်ယွဲ့က အမှုမထားဟန်ဖြင့် ရယ်မောကာ ပြောလိုက်သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် လုရီက ဆိုသည်။
"ငါ သားရဲတစ်သောင်းတောင်တန်းရဲ့ ဦးတည်ရာကို အရင်သွားလိုက်မယ်။ မင်းတို့နှစ်ယောက်က သားရဲတွေ သောင်းကျန်းနေတဲ့ တခြားနယ်မြေတွေကို ရှင်းလင်းလိုက်။ ဒါနဲ့ ယွင်ရှီးနဲ့ စီနီယာအစ်မ ရူယွီတို့ရော ဘယ်မှာလဲ။"
"သူတို့ရဲ့ ကိုယ်ပိုင်ဂိုဏ်းနယ်မြေတွေလည်း သားရဲလှိုင်းလုံးကြီးရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်။ သူတို့ အကူအညီပေးဖို့ သွားနှင့်ကြပြီ လေ"
လျိုနင်ရွှမ်းက ဖြေကြားလေ၏။
လုရီက ခေါင်းအသာညိတ်လိုက်သည်။
"ဒါဆိုရင် ငါတို့လည်း ထွက်ခွာသင့်ပြီ။"
ပြောပြောဆိုဆိုနှင့် လုရီသည် ခြေတစ်လှမ်းလှမ်းလိုက်ပြီး နေရာလပ်ကို ဖြတ်ကျော်ကာ သားရဲတစ်သောင်းမြို့တော်၏ ဦးတည်ရာသို့ ထွက်ခွာသွားတော့သည်။
သားရဲတစ်သောင်းတောင်တန်းနှင့် တိမ်ဖြူဂိုဏ်းကြား အကွာအဝေးမှာ အလွန်နီးကပ်သည်ဟု
မဆိုနိုင်ပေ။
ယခင်က လုရီ ထိုနေရာသို့ ရောက်ရန် အချိန်အတော်ကြာ လိုအပ်သော်လည်း၊ ယခုမူ အသက်ရှုချိန် အနည်းငယ်အတွင်းမှာပင် သားရဲ
တစ်သောင်း မြို့တော်၏ ကောင်းကင်ယံထက်သို့ ရောက်ရှိသွားလေသည်။