အခန်း (၁၁၂-၁၁၄)
Vol. 8 Ch. 112-114
အခန်း(၁၁၂) ရေသရဲ၏ သီချင်းသံ
မင်ယွမ်၏ အမူအရာသည် သိသိသာသာပြောင်းလဲသွားရာ သူ့မျက်လုံးများထဲတွင် ထိတ်လန့်မှုများပြည့်နှက်နေသည်။
“မင်း…မင်း…”
“အဲ့တာ ကျုပ်ဘယ်လိုသိလဲဟုတ်လား” ရွှယ်အန်းက ပေါ့ပါးစွာပြုံး၍ပြောလိုက်သည်။
ထို့နောက် ၎င်းတို့၏ ရှေ့မှ သမုဒ္ဒရာကြီးကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီကျွန်းရဲ့ ဖုန်းရွှေက မဆိုးပါဘူး ဒါပေမယ့် ဒီနေရာကတော့ ဖုန်းရွှေသေမင်းထောင်ချောက်ပဲ။ မင်မိသားစုကိုမပြောနဲ့ သာမန်လူတွေတောင်မှ ဒီနားမှာ ပင်လယ်ကြည့်ရှု့စင်္ကြံဆောက်ရဲမှာမဟုတ်ဘူး။ ခင်ဗျားတစ်ယောက်တည်းလုပ်ခဲ့တာ”
“ဒါ့ကြောင့် ဒီဟာရဲ့အောက်မှာ လျှို့ဝှက်ချက် တစ်ခုခုရှိရမယ်။ ကျုပ်မှန်းကြည့်မယ်။ ပင်လယ်မျက်လုံးလိုမျိုး… တစ်ခုခုများလား” ရွှယ်အန်းက အေးစက်စွာပြောသည်။
ရွှယ်အန်း၏ စကားကြောင့် မင်ယွမ်၏ မျက်နှာသည် အရောင်ပြောင်းသွားသည်။ လူအုပ်ကြီးသည်လည်း အလားတူတုန်လှုပ်ခြောက်ခြားနေကာ မသေချာ မရေရာမှုများပြည့်နှက်နေသည်။
ခဏအကြာတွင် မင်ယွမ်က သက်ပြင်းကြီးတစ်ချက်ချလိုက်သည်။
“မစ္စတာရွှယ်က ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုမျိုး နတ်ဘုရားကျင့်ကြံရေးအဆင့်ကိုရောက်နေရုံတင်မဟုတ်ဘဲ ဖုန်းရွှေပညာနဲ့ပါ ရင်းနှီးနေလိမ့်မယ်လို့ မထင်ထားဘူး”
ရွှယ်အန်းက အမူအရာကင်းမဲ့စွာ နားထောင်နေသည်။
“မင်းပြောတာမှန်တယ်၊ ဒီအောက်မှာ ပင်လယ်မျက်လုံးရှိပါတယ်” မင်ယွမ်က ဤသို့ပြောပြီးနောက် သူ့မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
“မူလက ငါမင်းကို ဘာမှလုပ်ဖို့ ရည်ရွယ်ချက်မရှိပေမယ့် တကယ်တော့ ဒီအပန်းဖြေစခန်းကို အကာအနေနဲ့ဘဲလိုခဲ့တာလေ။ အခုတော့ မင်းက ဖော်ထုတ်လိုက်ပြီဆိုတော့ ဆက်ပြီး ဖုံးကွယ်ထားစရာမလိုတော့ဘူး. ဒါပေမယ့် မင်းတို့ကတော့…”
မင်ယွမ်၏ မျက်လုံးများသည် ဆိုးယုတ်မှုများဖြင့်လင်းလက်သွားသ်ည။
“ဒီနေ့… မင်းတို့ တစ်ယောက်မှ ပြန်မထွက်သွားရဘူး”
ဤသို့ပြောပြီးနောက် မြေကြီးထက်မှ အနက်ရောင်မြူခိုးများ အထက်သို့တက်လာရာ လူတိုင်းကို ဖုံးအုပ်သွားသည်။
မင်ယွမ်က ဆိုးယုတ်စွာရယ်မောလိုက်သည်။
“ဒီလောက်ထိ ငါမလုပ်ချင်ပေမယ့် အခု မင်းက ငါ့လျှို့ဝှက်ချက်ကို သိသွားပြီဆိုတော့ ငါ့ကို အပြစ်မတင်နဲ့တော့၊ မင်းတို့ အားလုံးက ငါ့ ရုပ်သေးရုပ်တွေပဲ”
သူက ဤသို့ပြောလိုက်သောအခါ မြေကြီးအောက်မှ အမျိုးသမီး သီချင်းညည်းသံတစ်ခု ပေါ်ထွက်လာသည်။
ဤအသံသည် အစပိုင်းတွင် နူးညံ့ပျော့ပြောင်းသော်လည်း တဖြည်းဖြည်း ပိုကျယ်လောင်လာကာ ပို၍ ကြည်လင်လာသည်။ လူအများ၏ အမူအရာများသည်လည်း စိတ်လွတ်လာသည်။
မင်ယွမ်က မာန်တက်စွာရယ်မောလိုက်သည်။
“ရွှယ်အန်း မင်းရဲ့ကျင့်ကြံမှုအဆင့်က မင်းအသက်အရွယ်နဲ့လိုက်လျောညီထွေဖြစ်တယ်ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမယ့် မင်းတစ်ယောက်တည်း သိုင်းပညာနဲ့ ခံနိုင်ရည်ရှိမယ့်အရာမဟုတ်ဘူး။ ဒါက…”
“ဒါကရေသရဲသီချင်းသံမလား။ ဒါကို ကြောက်ဖို့ကောင်းလိမ့်မယ်လို့ ကျုပ်ထင်ထားခဲ့တာ” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
မင်ယွမ်က အံ့အားသင့်သွား၏။
“မင်းဘယ်လိုလုပ်… မင်းဘယ်လိုလုပ် ဒီရေသရဲကို သိတာလဲ။ မင်းတကယ် ဘယ်သူလဲ”
ရွှယ်အန်းက လက်ကိုမြှောက်၍ ခပ်ပါးပါးပြုံးလိုက်သည်။
“ငါလား ငါက… ရွှယ်အန်းလေ”
သူ့စကားအဆုံးတွင် ရွှယ်အန်း၏ လက်ဖဝါးပေါ်၌ ဖြူစင်သောမီးတောက်တစ်ခုပေါ်လာသည်။
နေရောင်အောက်တွင် နှင်းများအရည်ပျော်ကျသွားသကဲ့သို့ အနက်ရောင်မြူမှုန့်များ လျင်မြန်စွာပျံ့တက်လာသည်အထိ မီးတောက်ကြီးတစ်ခုပေါ်လာသည်။ အနက်ရောင်မြူခိုးများလွင့်စင်သွားသောအခါ လူတိုင်းက ချက်ချင်းပင် အာရုံများ ပြန်လည်ရရှိလာကြသည်။ ချင်းယွီက ဒေါသတကြီးအော်ပစ်လိုက်သည်။
“ရှင် သူခိုးအိုကြီး မင်မိသားစုက ဒီလိုပုံစံမျိုးကို လုပ်တာ ရှင် လူတွေ ဒေါသဖြစ်မှာကိုမကြောက်ဘူးလား”
ချင်းယွီသာမက လူတိုင်းသည် မယုံကြည်နိုင်လောက်အောင် ဒေါသဖြစ်နေကြသည်။
မင်ယွမ်က လူတိုင်းကို ရုပ်သေးရုပ်များအဖြစ်ပြောင်းလဲလိုသော စိတ်ကူးသည် မာနထောင်လွှား၍ အထက်တန်းလွှာရှိမိသားစုများ သည်းခံနိုင်သောအရာမဟုတ်ပေ။ လူအများက တိတ်တဆိတ် စိတ်သက်သာရာရသွားကြကာ ရွှယ်အန်းကို ကျေးဇူးတင်နေကြသည်။
မင်ယွမ်၏ မျက်နှာသည် အပြောင်းအလဲများစွာကြုံတွေ့ခဲ့ရပြီးနောက်ဆုံးတွင် ဆိုးရွားသောအကြည့်ဖြင့်ကြည့်၍ပြောလိုက်သည်။
“မင်းကို ငါလျှော့တွက်ခဲ့တယ်ဆိုပေမယ့် ဒီလောက်နဲ့ပြီးသွားပြီလို့ ထင်နေလား။ မင်းကို ဒီပင်လယ်ကြည့်ရှု့စင်္ကြံပေါ်တက်ဖို့ ဘာလို့ ခေါ်ခဲ့လဲသိလား”
မင်ယွမ်သည် ကောင်းကင်ယံကိုမော့ကြည့်၍ လှောင်ရယ်လိုက်သည်။
“ဘာလို့လဲဆိုတော့ ဒီညက… လပြည့်နေ့မို့လို့ပဲ”
လူတိုင်းသည် ကောင်းကင်ယံသို့ တစ်ပြိုင်နက် မော့ကြည့်လိုက်ကြသည်။ အမှန်ပင် ကောင်းကင်ယံထက်တွင် တောက်ပသော လမင်းကြီးတွဲလဲကျနေရာ အရာအားလုံးကို အလင်းရောင်ဖြန့်ကျက်ထား၏။
“ဖုန်းရွှေလျှို့ဝှက်နည်းပညာ အသက်သွင်းခြင်း” မင်ယွမ်က ခပ်တိုးတိုးပြောလိုက်သည်။
ထိုအခါ ငွေရောင်လိုင်းများရုတ်တရက် ထွက်ပေါ်လာပြီးနောက် ရှုပ်ထွေးသော ပုံစံများအဖြစ်ပြောင်းလဲကာ လူတိုင်းကို ချုပ်နှောင်လိုက်သည်။
တစ်ချိန်တည်း၌ပင် လှပသော သတ္တိဝါကြီးတစ်ကောင်သည် လူတိုင်း၏ မျက်စိရှေ့၌ပေါ်လာသည်။ ဤအရာသည် အမျိုးသမီးတစ်ဦး၏ ကိုယ်ခန္ဓာအပေါ်ပိုင်းနှင့် ငါး၏ အောက်ပိုင်းရှိသည်။ သို့ထိတိုင် ယင်းသည် ထိုမိန်းကလေး၏ အလှကို လျှော့ပါးမသွားစေပေ။
မင်ယွမ်က ရေသူမကို ကြည့်၍ အေးစက်စွာရယ်မောလိုက်သည်။
“အားလုံးကို သတ်လိုက်ပါ”
ရေသူမ၏ မျက်နှာသည် မူလက ရုန်းကန်လိုသော အရိပ်အမြွက်များပြခဲ့သော်လည်း နောက်ဆုံးတွင် ကူကယ်ရာမဲ့စွာခေါင်းညိတ်လိုက်သည်။ ကျယ်လောင်သော သီဆိုသံသည် ယခင်ကထက် ပိုမိုကျယ်လောင်လာ၍ ရှင်းလင်းလာသည်နှင့်အမျှ ထိုအသံသည် စိတ်ထဲသို့ ဝင်ရောက်လာသည်။
လူတိုင်းက ထိတ်လန့်နေကြချိန်တွင် ရွှယ်အန်းက သက်ပြင်းချလိုက်သည်။
“ခင်ဗျားက တကယ်သေသင့်တယ်”
သူ့အသံသည် ထူးမခြားနားလှသော်လည်း ပင်လယ်မကောင်းဆိုးဝါး၏ သီဆိုမှုကို ချက်ချင်းပင် ဖိနှိပ်လိုက်နိုင်သည့် နတ်ဘုရားတစ်ပါး၏အသံနှင့်တူသည်။
မင်ယွမ်၏ အမူအရာသည် နောက်ဆုံးတွင် ပြောင်းလဲသွားသည်။
“ဖုန်းရွှေကို သုံးပြီး တခြားလူတွေကို ဒုက္ခပေးတယ်ဆိုတော့ မင်းကပထမစည်းကို ဖျက်လိုက်တာပဲ”
ရွှယ်အန်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။
“ကိုယ်ရေးကိုယ်တာဆန္ဒတွေအတွက် မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လောကစွမ်းအားကို သုံးနေတာက ဒုတိယစည်းကို ချိုးဖောက်လိုက်ပဲ”
ရွှယ်အန်းက ဒုတိယခြေလှမ်းလှမ်းလိုက်သည်။
“ဖုန်းရွှေလျှို့ဝှက်နည်းပညာကိုသုံးပြီး ငြိမ်းချမ်းတဲ့ ပင်လယ်မကောင်းဆိုးဝါးတစ်ကောင်ကို ဖမ်းချုပ်ထားပြီး အကျိုးအမြတ်ရယူတာက မင်း ချိုးဖောက်လိုက်တဲ့ တတိယစည်းပဲ”
အလယ်မှာ ရပ်နေလျက် ရွှယ်အန်းသည် သူ့လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်ကာ ပြောလိုက်သည်။
“မင်းက စည်းကမ်းသုံးခုလုံးကို ချိုးဖောက်ပစ်လိုက်တာပဲ။ မင်ယွမ်၊ ကိုယ့်အပြစ်ကိုယ်သဘောပေါက်လား”
မင်ယွမ်သည် အောင်ပွဲခံသော လေသံမျိုးဖြင့် လှောင်ရယ်လျက်ပြောလိုက်သည်။
“ရွှယ်အန်း အဲ့ကိစ္စတွေပြောနေလို့ အသုံးမဝင်ဘူး ဒီဖုန်းရွှေလျှို့ဝှက်နည်းလမ်းက ကျုပ်တွေ့ခဲ့ရတဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုပဲ။ ဒီကမ္ဘာမှာ ဘယ်သူမှ အဲ့တာကို မချိုးဖျက်နိုင်ဘူး။ ဒါကို ချိုးဖျက်ဖို့ နည်းလမ်းမရှိရင် ရွှေအင်မော်တယ်တစ်ယောက်တောင် ဒီမှာ ပိတ်မိပြီး သေသွားလိမ့်မယ်။ မင်းနဲ့ ဒီလူတွေအားလုံးသေလောက်ပြီ”
လူတိုင်း၏ မျက်နှာများသည် စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့သွားသည်။ အချို့မယုံကြည်သောသူများသည် အပြင်ထွက်ရန်ကြိုးစားခဲ့ကြသော်လည်း ထိုငွေချည်များကို လုံးဝမထိနိုင်ခဲ့ကြပေ။ မင်ယွမ်က ရွှယ်အန်းနှင့် အခြားသူများအားလုံး သေပြီဟု တွေး၍ ရယ်မောလိုက်သည်။ သို့သော် ထိုအချိန်တွင် ရွှယ်အန်းက ပြုံးလိုက်၏။
“ငါချိုးဖျက်ပစ်မယ်လို့ ပြောခဲ့လို့လား”
ထို့နောက် ရွှယ်အန်းသည် မင်ယွမ်ကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။
“အကြွင်းမဲ့စွမ်းအားရဲ့ ရှေ့မှာ ဘယ်လို အတတ်ပညာဖြစ်ဖြစ် ဟာသပဲကွ။ ဒီလောက် ရိုးရှင်းတဲ့အချက်ကို ခင်ဗျားနားမလည်ခဲ့ဘူး”
ဤသို့ပြော၍ ရွှယ်အန်းက ရှေ့သို့ ခြေတစ်လှမ်းကို ပြင်းထန်စွာလှမ်းလိုက်သည်။
ဤပင်လယ်ကြည့်ရှုခြင်းစင်္ကြံ၊ ကျွန်းနှင့် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာများပင်လျှင် အားလုံးသည် ထိုခြေလှမ်းအောက်တွင် ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။ ထိုငွေချည်မျှင်များဖြင့် လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်များသည်လည်း ချက်ချင်းပင် ပြေလျော့သွားတော့သည်။
မင်ယွမ်၏ မျက်နှာထက်တွင် ထိတ်လန့်မှုနှင့် စိတ်ပျက်သော အရိပ်အယောင်များထင်ဟပ်လာသည်။
“မဖြစ်နိုင်ူး.. ဒါမဖြစ်နိုဘူး။ ဒါရှေးဟောင်…”
ချိုးဖျက်ခံလိုက်ရသော အတားအဆီးမှ တုံ့ပြန်သံက သူ့ကို ဖျက်ဆီးပစ်လိုက်သောကြောင့် သူ့စကားကို အဆုံးသတ်ရန်ပင် အခွင့်အရေးမရလိုက်ပေ။
တခဏချင်း၌ပင်လျှင် မင်မိသားစု၏ သခင်ဆိုသည့် ဆံဖြူအကြီးအကဲကြီးသည် လျင်မြန်စွာဖြင့် အဖိုးအိုတစ်ဦးအဖြစ်ပြောင်းလဲသွားရာ မကြာမီ၌ပင် အရိုးစုတစ်ခုအဖြစ်ပြောင်းလဲ၍ လေနှင့်အတူ ပြန့်ကျဲသွားသည်။
လူတိုင်းက ဤဝန်ထုပ်ဝန်ပိုးကြီးကို ဖယ်ရှားနိုင်လိုက်ပြီဖြစ်သဖြင့် သက်ပြင်းချလိုက်ကြသည်။ ထို့နောက်တွင် ငိုသံက လူအားလုံး၏ မျက်လုံးများကို ဆွဲဆောင်သွား၏။
ရေသူမလေးသည် ငိုကြွေးနေ၏။
သူမဆီမှကျလာသော မျက်ရည်များသည် တကယ်တမ်းတွင် ကြီးမားသော ပုလဲလုံးကြီးများဖြစ်နေရာ၊ ယခုအချိန်တွင် မင်ယွမ်က မည်သည့်နေရာမှ ပုလဲများရခဲ့ခြင်းဖြစ်ကြောင်း နားလည်သွားကြသည်။ ဤဖြစ်ရပ်က လူတိုင်းကိုထိတ်လန့်သွားစေသည်။
ဤပင်လယ်မကောင်းဆိုးဝါး၏ မျက်ရည်များသည် ပုလဲလုံးများဖြစ်ကာ လက်တွေ့ကျကျပြော၍လျှင် ငွေရိုက်စက်တစ်ခုနှင့်တူသည်။ မင်ယွမ်က ယင်းကိုဖိနှိပ်ရန် အပြင်းထန်လုပ်ဆောင်ခဲ့သည်မှာ အံ့သြဖွယ်မဟုတ်ပေ။ ထိုအချိန်တွင် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ရောက်လာကြသည်။
မကြာသေးမီက တိုက်ပွဲများအတွင်း၌ ရွှယ်အန်းသည် ၎င်းတို့နှစ်ဦးကို လျှို့ဝှက်နည်းပညာဖြင့် ကာကွယ်ထားခဲ့သည်။ သူ၏ အဖိုးတန်သမီးငယ်နှစ်ယောက်ကို ထိခိုက်မနစ်နာစေလိုခဲ့ပေ။
“ဖေဖေ အဲ့မမက ရေသူမလား”
ရွှယ်အန်းက ခေါင်းညိတ်၍ နူးညံ့စွာပြုံးပြလိုက်သည်။
“ဒါဆို ရေသူမမက ဘာလို့ ငိုနေတာလဲ”
“ဘာလို့လဲဆိုတော့ သူ့အိမ်ကို လွမ်းလို့လေ” ရွှယ်အန်းက ခပ်တိုးတိုးပြောသည်။
ရေသူမလေးသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် ရွှယ်အန်းကို မော့ကြည့်လိုက်သည်။
“အင်မော်တယ်.. ကျွန်မကို ကယ်ပါ”
အခန်း(၁၁၃) တောင်တွေနဲ့ပင်လယ်တွေက မင်းကို မတိုင်းတာနိုင်ရင် ငါလုပ်မယ်
ထိုအချိန်တွင် ကလေးမလေးရွှယ်နျ်သည် စူးစမ်းလိုစိတ်ဖြင့် ချဥ်းကပ်ကာ မြေပြင်ပေါ်မှ သွေးပုလဲတစ်လုံးကို ကောက်ယူလိုက်သည်။
“ဒါဘာကြီးလဲ စားလို့ရလား။ အရသာရှိလား” ရွှယ်နျန်ကမေးသည်။
ဤသည်မှာ ရွှယ်နျန်၏ မူပိုင်မေးခွန်းသုံးခုဖြစ်သည်။
ရွှယ်အန်းက ခပ်တိုးတိုးရယ်လိုက်သည်။
“ငတုံးမလေး နျန်အာ အဲ့တာ ရေသူမလေးရဲ့ မျက်ရည်တွေပဲ”
ရွှယ်နျန်က ခေတ္တရပ်တန့်သွားပြီးနောက် မြေကြီးပေါ်ရှိ သွေးပုလဲအားလုံးကို ကောက်ယူကာ ရေသူမလေးအနားသို့ ချဥ်းကပ်သွားလိုက်သည်။
“ရေသူမမ ဒါ မမရဲ့ မျက်ရည်တွေပဲ။ ထပ်မငိုနဲ့တော့နော် ဟုတ်လား”
ပင်လယ်နတ်ဆိုးမသည် တုန်လှုပ်သွားပြီးနောက် သူမ၏ ရင်သပ်ရှု့မောဖွယ်မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသောအမူအရာတစ်ခုပေါ်လာသည်။ ရှေးခေတ်ကတည်းကစ၍ ၎င်းတို့၏ နတ်ဆိုးမျိုးနွယ်ဝင်များသည် လူသားကျင့်ကြံသူများ၏အမဲလိုက်ခြင်းကို ခံခဲ့ကြရကာ၊ အဓိကမှာ ၎င်းတို့၏ မျက်ရည်များကို ရယူနိုင်ရန်သာဖြစ်သည်။ မင်ယွမ်လုပ်ခဲ့သကဲ့သို့ပင် လူတိုင်း၏ ပထမဆုံးတုံ့ပြန်မှုမှာ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို လုယူရန်သာဖြစ်သည်။
ဤမိန်းကလေးငယ်လေးတွင် ရွှေရောင်နှလုံးသားရှိသည်။
ပင်လယ်နတ်ဆိုးမ၏ လက်များသည် သာမန်လူတစ်ဦး၏ လက်များကဲ့သို့သာဖြစ်သောကြောင့် သူမက လက်ကိုဆန့်တန်း၍ ပုလဲလုံးများကို ယူလိုက်ကာ တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ရွှယ်နျန်က တောက်ပြောင်သော အနက်ရောင်မျက်လုံးကြီးများကို မှိတ်ထား၍ ပြောလိုက်သည်။
“မမက ဘာကျေးဇူးတင်စရာရှိလို့လဲ။ ဒါမမဟာတွေလေ”
ဤစကားများသည် လူများစွာကို တုန်လှုပ်သွားစေသည်။
ရိုးသားစွာပြောရလျှင် ရွှယ်အန်းသာ ရှိမနေပါက ပင်လယ်နတ်ဆိုးကို နှိမ်နင်းရန် လူအများသည် မိမိတို့ကိုယ်မိမိတို့ ထိန်းထားလိမ့်မည်မဟုတ်ပေ။ နောက်ဆုံးတွင်မူ သူမသည် ရွှေလျားနေသော ရတနာသိုက်တစ်ခုဖြစ်သည်။ သို့ထိတိုင် ရွှယ်နျန်သည် လူတိုင်းကို သင်ခန်းစာတစ်ခုသင်ပေးလိုက်နိုင်၏။ ဤအရာက လူအများကို မိမိတို့ကိုယ်မိမိတို့ ရှက်ရွံ့သွားစေနိုင်သည်။
“ဖေဖေ ဒီရေသူမမက အရမ်းသနားဖို့ကောင်းတယ်။ သူ့ကို ကူညီပေးလိုက်ပါ” ရွှယ်ရှန်းသည်လည်း ဤအချိန်တွင် စကားစပြောလိုက်သည်။
ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ ပြောလိုက်သည်။
“ကောင်းပြီ ဒီနေ့ ဖေဖေ သူ့ကို အိမ်ပြန်ပို့ပေးမယ်”
“ငါမင်းကို ကယ်ပေးတယ်ဆိုတာ မင်း ဘယ်သူ့ကိုမှ အနာတရဖြစ်အောင်မလုပ်ရသေးလို့ပဲ။ တကယ်လို့ အနာဂတ်မှာ မင်းပြဿနာရှာရင် အကျိုးဆက်တွေကိုနားလည်လား”
ပင်လယ်နတ်ဆိုးမသည် တုန်ယင်နေပြီးနောက် လေးစားစွာဦးညွတ်လိုက်သည်။
“အင်မော်တယ်သခင် စိတ်ချပါ၊ ဒီနတ်ဆိုးနားလည်ပါတယ်။
“အားလုံး ဆင်းကြ” ရွှယ်အန်းက အမိန့်ပေးလိုက်သည်။
လူအုပ်ကြီးသည် ပင်လယ်ကြည့်စင်မြင့်မှ လူစုခွဲ၍ အဝေးမှကြည့်နေကြသည်။
ရွှယ်အန်းသည် ပင်လယ်ကြည့်စင်မြင့်ထောင့်တွင်ရပ်၍ လရောင်ကိုစိုက်ကြည့်ကာ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။
အလွန်ခိုင်ခံ့အောင်တည်ဆောက်ထားသော ပင်လယ်ကြည့်စင်မြင့်သည် ပထမဆုံးအနေဖြင့် ကျိုးကြေသံများပေါ်ထွက်လာပြီးနောက် အပိုင်းပိုင်းကွဲထွက်သွားသည်။ ပင်လယ်လေတိုက်ခတ်လာကာ ယခင်က မြင့်မားလှသော ပလက်ဖောင်းသည် အစအနပင်မကျန်ဘဲ ပျောက်ကွယ်သွားသည်။
မူလကကတည်းကမရှိခဲ့သကဲ့သို့ ပျောက်ကွယ်သွားခြင်းဖြစ်၍ လူများစွာက ကြောင်အနေကြသည်။
ဤအခိုက်အတန့်တွင် ပင်လယ်ကြည့်စင်မြင့်အောက်မှ ပင်လယ်မျက်စိသည် အလွန်အေးစက်သော ရောင်ဝါတစ်ခုဖြင့် ထွက်ပေါ်လာသည်။
သံကြိုးများစွာသည် အမာရွတ်များဖုံးလွှမ်းနေသော ရေသူမကို ချီနှောင်ထား၍ ပင်လယ်မျက်စိအထက်တွင် ချိတ်ဆွဲထားသည်။ ရွှယ်အန်း၏အကြည့်များ အေးစက်သွား၏။
ဤသည်မှာ ပင်လယ်နတ်ဆိုးမ၏ စစ်မှန်သော ပုံစံဖြစ်ကြောင်း သူသိသည်။ ပလက်ဖောင်းထက်တွင်ပေါ်လာသည့်အရာသည် သူမ၏ စိတ်စွမ်းအင်ဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်မျှသာဖြစ်သည်။
မင်ယွမ်တွင် ရက်စက်ကြမ်းကြုတ်သော အကြံအစည်တစ်ခုရှိသည်။ ထိုပင်လယ်နတ်ဆိုးကို နှိမ်နင်းရန် ပင်လယ်မျက်စိ၏ စွမ်းအားကို အသုံးပြုခဲ့ခြင်းဖြစ်ရာ ရွှယ်အန်း၏ တွေ့ရှိမှုကြောင့်သာမဟုတ်လျှင် ဤပင်လယ်နတ်ဆိုးမသည် ထာဝရချုပ်နှောင်ထားခံရမည်ဖြစ်သည်။ ထို့အပြင် ယခုအချိန်၌ သူမသည် ပင်လယ်မျက်စိဖြင့် တိုက်ရိုက်ချိတ်ဆက်နေပြီဖြစ်သောကြောင့် သံကြိုးများကို တိုက်ရိုက် မချိုးနိုင်တော့ပေ။ ကျယ်ပြောလှသော သမုဒ္ဒရာအတွင်းရှိ ပင်လယ်မျက်စိ၏ စွမ်းအားသည် အသေးအဖွဲ့မဟုတ်ပေ။ ရှေ့ဆက်ရမည့်အခက်အခဲကို မြင်သောအခါ ပင်လယ်နတ်ဆိုးမက ဖြည်းညှင်းစွာဖြင့် မျက်လုံးဖွင့်၍ ရွှယ်အန်းကို ခေါင်းညိတ်ပြလိုက်သည်။
“အင်မော်တယ်သခင်၊ တကယ်လို့ ရှင်ကျွန်မအသက်ကို မကယ်နိုင်ရင် ကျွန်မဘဝကို အဆုံးသတ်ပေးပါ”
ဤသို့ပြောပြီးနောက် သူမ၏ ပါးပြင်ထက်မှ အသားများသည် တဖြည်းဖြည်း ကျဆင်းလာသည်။ သူမ၏ ဒဏ်ရာများက မည်မျှပြင်းထန်လှသည်မှာ ထင်ရှား၏။ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ ကလေးမလေးနှစ်ယောက်သည် မျက်ရည်ဝဲလျက် အသဲကွဲနေကြသည်။ အခြားသူအများအပြားက တိုးညှင်းစွာဖြင့် သက်ပြင်းချလိုက်ကြသည်။ မစ္စတာရွှယ်သည် အကောင်းဆုံးလုပ်ခဲ့ပြီးပြီဟု သူတို့အားလုံးက တွေးထားကြသည်။ သို့သော် လူတစ်ယောက် အကောင်းဆုံးလုပ်ရုံနှင့် ဤကိစ္စကို ကိုင်တွယ်၍ မရနိုင်ပေ။
“အင်မော်တယ်သခင် အဲ့လူယုတ်မာကို သတ်ပေးတဲ့အတွက် ကျွန်မအရမ်းကျေးဇူးတင်ပါတယ်။ ဒီနတ်ဆိုးက လွတ်မြောက်ရဖို့အတွက် အသေခံဖို့ ဆန္ဒရှိပါတယ်” ပင်လယ်နတ်ဆိုးမ၏ အသံသည် တဖြည်းဖြည်း အင်အားနည်းလာသည်။
ပင်လယ်မျက်စိ၏ စွမ်းအားသည် သူမကို ဝါးမြိုလျက်ရှိကာ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က အဖေဖြစ်သူအနားသို့သွား၍ ရွှယ်အန်းကို စိုက်ကြည့်နေကြသည်။
ရွှယ်အန်း၏ မျက်လုံးများ မှေးမှိန်သွားပြီးနောက် သူ့မျက်နှာထက်တွင် အပြုံးမဟုတ်သော အပြုံးတစ်ခုပေါ်လာသည်။
“ပင်လယ်နတ်ဆိုးတောင်မှ ပင်လယ်ထဲမှာ ပိတ်မိနေတယ်”
ဤသို့ပြောကာ ရွှယ်အန်းသည် ခေါင်းမော့၍ သေခါနီးပင်လယ်နတ်ဆိုးမကို ကြည့်လိုက်သည်။
“ဒီနေ့ ငါမင်းကို ကယ်မယ်။ တောင်တွေပင်လယ်တွေက မင်းအတွက် မဖြတ်ပေးနိုင်ရင် ငါလုပ်မယ်”
ဤသို့ပြောကာ ရွှယ်အန်းက ပေါ့ပေါးစွာအော်လိုက်သည်။
“ကြယ်တစ်ဘီလီယံရဲ့ စွမ်းအားတွေ ငါ့ကို ငှားစမ်း”
မရေမတွက်နိုင်လောက်အောင်များပြားသော ကြယ်အလင်းတန်းများသည် ကောင်းကင်မှအရင်းတည်၍ ရွှယ်အန်း၏ လက်ဖဝါးပေါ်သို့ သက်ဆင်းလာသည်။
တဖြည်းဖြည်းနှင့် များပြားလှသော ကြယ်များ၏ အလင်းတန်းများဖြင့် လွှမ်းခြုံထားသော ပတ်လမ်းတစ်ခုသည် ရွှယ်အန်း၏လက်ထဲတွင်ပေါ်လာ၏။ ဤအံ့ဖွယ်ဖြစ်ရပ်သည် အဝေးမှကြည့်နေသော လူတိုင်းကို ထိတ်လန့်သွားစေသည်။
‘မစ္စတာရွှယ်က တကယ့်အင်မော်တယ်များလား’
ဤအတွေးက လူတိုင်း၏စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ရွှယ်အန်းက ထိုပတ်လမ်းကြောင်းကို အင်အားပြင်းစွာဖြင့် ပစ်ထုတ်လိုက်၏။
စူးရှတောက်လောင်သော ကြယ်အလင်းတန်းကြီး၏ စွမ်းအားကြောင့် ပင်လယ်မျက်လုံးသည် လုံးလုံးလျားလျားကွဲကြေသွား၏။
လှိုင်းလုံးကြီးများတက်လာသည်။
ရွှယ်အန်းက လှောင်ရယ်၍ ပြောလိုက်၏။
“ရေတစ်စင်းက ငါ့ရှေ့မှာ မဆင်မခြင်နေရဲတယ်ပေါ့”
ထိုသို့ပြောပြီးနောက် ရွှယ်အန်းက လက်ဖျောက်တီးလိုက်သောအခါ ကြီးမားသောလှိုင်းလုံးကြီးများသည် ကြောက်မက်ဖွယ်ကောင်းသောအရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ လျင်မြန်စွာပျောက်ကွယ်သွားသည်။ ပင်လယ်ရေမျက်နှာပြင်သည် ပြန်လည်ငြိမ်သက်လာသည်။ ပင်လယ်နတ်ဆိုးကို ကယ်တင်ပြီးနောက် ကမ်းစပ်သို့ ပို့ဆောင်ပေးလိုက်သည်။ သို့သော် အချိန်များစွာကြာ ဖိနှိပ်ချုပ်နှောင်ခံထားရသဖြင့် သူမသည် မတ်တပ်ကောင်းစွာမရပ်နိုင်သဖြင့် ရွှယ်အန်းကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်၍ လေသံဖြင့်ပြောလိုက်သည်။
“ကျေးဇူးပါ အင်မော်တယ်သခင် ကျွန်မကို ကယ်ပေးတဲ့အတွက် ကျေးဇူးပါ”
ရွှယ်အန်းက ပင်လယ်နတ်ဆိုးမကိုကြည့်၍ ဆေးတစ်လုံးပေးလိုက်သည်။
“စားလိုက်”
ပင်လယ်နတ်ဆိုးမက တလေးတစားယူပြီးနောက် မြိုချပစ်လိုက်ရာ၊ ခဏအကြာတွင် ပင်လယ်နတ်ဆိုး၏ ဒဏ်ရာများသည် လျင်မြန်စွာသက်သာလာသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် များပြားလှသော ဒဏ်ရာများသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ ဤအခိုက်အတန့်တွင် ပင်လယ်နတ်ဆိုးမသည် လူသားခြေထောက်များသို့ အသွင်ကူးပြောင်း၍ စွန့်ပစ်ခံအင်မော်တယ်တစ်ယောက်ဖြစ်လာရာ အလွန်လှပလွန်းသောကြောင့် သူမကို မကြည့်ဘဲမနေနိုင်ကြပေ။
ပင်လယ်နတ်ဆိုးက ရွှယ်အန်းကို လေးနက်စွာ ဦးညွတ်လိုက်သည်။
“နတ်ဆိုးလေး ကျန်းမေ့အာက အင်မော်တယ်သခင်ကို မြင်ခဲ့ရဖူးပါတယ်။ အင်မော်တယ်သခင်ရဲ့ ကရုဏာနဲ့ သီလကို ကျွန်တော်မျိုးမ ဘယ်တော့မှာမမေ့ပါဘူး”
ရွှယ်အန်းက ခေါင်းညိတ်ရုံသာညိတ်ပြ၍ ဘာမှမပြောတော့ပေ။ သူမသည် သူ့ကို ကယ်တင်ခဲ့ခြင်းဖြစ်သဖြင့် ဒူးထောက်၍ ကျေးဇူးတင်ခြင်းသည် သူမျှော်မှန်းထားသောအရာတစ်ခုသာဖြစ်သည်။
ပင်လယ်နတ်ဆိုး၏ ဝတ်စားဆင်ယင်ပုံကိုကြည့်လျှင် သူမသည် သာမန်ပင်လယ်နတ်ဆိုးတစ်ကော်နှင့်မတူပေ။ အရေးအကြီးဆုံးမှာ သူမတွင် မျိုးရိုးနာမည်ရှိသည်။ နတ်ဆိုးမျိုးနွယ်၏ မျိုးရိုးနာမည်များသည် အလွန်အဖိုးတန်လှသည်။ သာမန်နတ်ဆိုးများသည် ၎င်းတို့ကို မပိုင်ဆိုင်နိုင်ပေ။ ထိုအချိန်တွင် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က ချဥ်းကပ်လာသည်။
“မမ မမအမြှီးဘယ်မှာလဲ” ရွှယ်ရှန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ပင်လယ်နတ်ဆိုးမက တောက်ပစွာပြုံးလိုက်၏။
“မမအမြှီးကို ပြန်သိမ်းလိုက်ပြီ”
“ဝါး အံ့သြစရာကြီး အဲ့လိုပြန်သိမ်းလို့ရတာလား” ရွှယ်နျန်က အံ့သြတကြီးမေးသည်။
“အင်း ဟုတ်တယ်။ ဒီမှာ သမီးတို့နှစ်ယောက်ကို တစ်ခုလက်ဆောင်ပေးမယ်” ပင်လယ်နတ်ဆိုးမသည် အနီရောင်ပုလဲသုံးလုံးကို လေးနက်စွာဆွဲထုတ်၍ ပြောလိုက်သည်။
မျက်ရည်များမှဖြစ်ပေါ်လာသော သုန်ကျူနှင့်မတူဘဲ ဤပုလဲများသည် ပင်လယ်နတ်ဆိုး၏ ကိုယ်ပိုင်သွေးအနှစ်သာရမှ ပြောင်းလဲထားခြင်းဖြစ်သဖြင့် အလွန်အဖိုးတန်လှသည်။ သို့သော် ကလေးမလေးနှစ်ယောက်သည် ဤအရာကို နားမလည်ဘဲ လှသည်ဟုသာထင်ကြ၏။
“ဖေဖေ လှတယ်မလား” ကောင်မလေးများသည် ပုလဲများကို ယူလာ၍ စိတ်လှုပ်ရှားစွာမေးလိုက်သည်။
“ဟုတ်တယ် လှတယ်” သွေးပုလဲသုံးလုံးကို မြင်လိုက်ရသောအခါ ရွှယ်အန်း၏ နှလုံးသားသည်လည်း တုန်လှုပ်သွားသည်။
ပင်လယ်နတ်ဆိုးမတစ်ကောင်သည် သူမ၏ သက်တမ်းတစ်ယောက်တွင် သွေးပုလဲ သုံးလုံးမှ ငါးလုံးသာ ထုတ်ယူနိုင်သည်ဖြစ်ရာ ယခုမူ ဤပင်လယ်နတ်ဆိုးသည် တစ်ကြိမ်တည်း၌ သုံးလုံးလုံးပေးလိုက်ခြင်းဖြစ်၏။
‘ရက်ရောလိုက်တာ’
အခန်း(၁၁၄) ယွီမိသားစု၏ ဓားစိန်ခေါ်ခြင်းတုံကင်
ဤအခိုက်အတန့်တွင် ယခင်က ငြိမ်သက်နေသည့် ပင်လယ်ရေမျက်နှာပြင်ကြီးသည် ကြီးမားသော လှိုင်းလုံးကြီးများ တစ်ဖန်ပြန်၍ မြင့်တက်လာသည်။ လူအများသည် ထိတ်လန့်တကြား နောက်ပြန်ဆုတ်လိုက်ကြ၏။
ကျန်းမေ့အာသည်မူ ချစ်စဖွယ်ပြုံးပြလိုက်သည်။
“အားလုံးပဲမကြောက်ကြပါနဲ့။ ဒီလူတွေက ကျွန်မကို လာခေါ်တာပါ”
အမှန်ပင် အဝေးရှိ မြင့်မားသော လှိုင်းတံပိုးများတွင် ပင်လယ်နတ်ဆိုးများစွာ မတ်တပ်ရပ်နေကြသည်။ သို့သော် ဤပင်လယ်နတ်ဆိုးများအားလုံးသည် စောင့်ကြပ်နေလျက်သာရှိကြ၍ ကမ်းစပ်သို့ မချဥ်းကပ်လာကြပေ။ ထိုနောက် ကျန်းမေ့အာသည် ရွှယ်အန်းအနားသို့ ချဥ်းကပ်သွားပြီးနောက် လေးစားစွာဖြင့် ဦးညွတ်လိုက်သည်။
“အင်မော်တယ်သခင် ကျွန်မအသက်ကို ကယ်ပေးတဲ့ကျေးဇူးကို ဒီတစ်သက်မမေ့ပါဘူး။ နောင်အနာဂတ်မှာ ကျွန်မ ဒီအေကြွးကို ပြန်ဆပ်ပါ့မယ်”
ရွှယ်အန်းက ပြုံးရုံသာပြုံးလိုက်သည်။ သူသည် မည်သည့်ဆုလာဘ်ကိုမျှ မျှော်မှန်းထားခြင်းမရှိဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည့်တိုင် ကျန်းမေ့အာ၏ အမူအရာသည် အလွန်ကျေးဇူးတင်နေသည့်ပုံပေါ်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ်တို့း၍ ရွှယ်အန်းကို တိုးညှင်းစွာပြောလိုက်သည်။
ရွှယ်အန်းက အနည်းငယ်ထိတ်လန့်သွားပြီးနောက် ရယ်လိုက်သည်။ သူ တကယ့်ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို ကယ်တင်လိုက်သည့်ပုံပင်ဖြစ်သည်။ သူမတွင် စစ်မှန်သော နာမည်ပင်ရှိသေးသည်။
စစ်မှန်သော နာမည်ဟူသောအရာသည် နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများကြားတွင်သာ ရှိသောအရာတစ်ခုဖြစ်၍ ၎င်းတို့၏ အသွေးအသားအမွေမှ အရင်းခံလာသောအရာဖြစ်ကာ မျိုးဆက်က မြင့်မြတ်လေလေ စစ်မှန်သော အမည်က ပို၍ ထင်ရှားလေလေဖြစ်သည်။ ထို့အပြင် နတ်ဆိုးမျိုးနွယ်စု၏ အဖွဲ့ဝင်တိုင်းတွင် ထူးခြားသောအမည်မှန်ရှိသည်။
၎င်းတို့၏ အမည်မှန်ကို အရေးအကြီးဆုံး လျှို့ဝှက်ချက်အဖြစ်မှတ်ယူကြကာ မည်သူ့ကိုမျှ ပေါ့ပေါ့တန်တန် ပြောပြကြလိမ့်မည်မဟုတ်ပေ။ ယခုအချိန်တွင် ဤပင်လယ်နတ်ဆိုးသည် သူမ၏ အမည်မှန်ကို ရွှယ်အန်းကို ပြောပြလိုက်ခြင်းဖြစ်ရာ ဤသည်က သူမ ရွှယ်အန်းကို မည်မျှကျေးဇူးတင်ကြောင်း သိသာစေသည်။
ကျန်းမေ့အာသည် သူမ၏ ငါးတစ်ပိုင်းလူတစ်ပိုင်းပုံစံသို့ ပြန်ပြောင်း၍ ပင်လယ်ထဲသို့ခုန်ဆင်းလိုက်သောအခါ ပင်လယ်နတ်ဆိုးများအားလုံး သူမထံသို့ပြန်ရောက်လာသည်။ ကျန်းမေ့အာသည် လှိုင်းထိပ်တွင်ရပ်လျက် ရွှယ်အန်းကို နောက်ဆုံးတစ်ကြိမ် ဦးညွတ်ပြပြီးနောက် ပင်လယ်ထဲသို့ငုပ်လျှိုးပျောက်ကွယ်သွားသည်။
ပင်လယ်သည် တည်ငြိမ်သွားသကဲ့သို့ လှိုင်းလုံးများလည်း ငြိမ်သက်သွားသည်။
အရာအားလုံးပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
လူအများသည် ဖြစ်ပျက်သွားသောအရာနှင့်ပတ်သက်၍ အံ့သြနေကြဆဲဖြစ်သည်။ မူလအစကတည်းက မင်ယွမ်၏ လျှို့ဝှက်အကြံအစည်မှ ရွှယ်အန်းက လူတိုင်းကို ကယ်တင်ရန်ဝင်ရောက်လာသည်အထိ၊ နောက်ဆုံးတွင် ပိတ်မိနေသော ပင်လယ်နတ်ဆိုးကို ကယ်တင်ခဲ့သည်။
ဤအဖြစ်အပျက်များသည် ရုပ်ရှင်ထဲမှ ပြကွက်များကဲ့သို့ပင် လူများစွာကို အိပ်မက်မက်နေသကဲ့သို့ ခံစားစေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဤအဖြစ်အပျက်အဆုံးတွင် ရွှယ်အန်း၏ ဂုဏ်သိက္ခာနှင့် အမည်သည် အမြင့်ဆုံးသို့ရောက်ရှိသွားသည်။ ပြည်နယ်မြို့တော်မှ မိသားစုကြီးများထဲမှ မည်သူကမျှ ရွှယ်အန်းကို စိန်ခေါ်ခြင်းမပြုဝံ့ကြပေ။
၎င်းတို့၏အတွေးထဲတွင်ပင် ရွှယ်အန်း၏ အာဏာကို ခွင့်မပြုရဲကြပေ။
ကျွန်းပေါ်တွင် ရွှယ်အန်းနှင့် အပေါင်းအဖော်များသည် နောက်ထပ်နှစ်ရက်ခန့်နေခဲ့သည်။ သွေးပုလဲသုံးလုံးထဲမှ နှစ်လုံးကို သူမီးနှစ်ယောက်အတွက် ဆွဲကြိုးများလုပ်ပေးခဲ့ပြီးနောက် ကျန်တစ်လုံးကိုမူ ရွှယ်အန်းက အန်းယန်အတွက်သိမ်းထားလိုက်သည်။
မစ္စတာရွှယ်သည် သူ့သမီးများနှင့်အတူ ကျွန်းပေါ်တွင် ပျော်ရွှင်စွာဖြတ်သန်းနေစဥ်၌ လှေတစ်စင်းသည် ကျွန်းဆီသို့ ဖြည်းညှင်းစွာချဥ်းကပ်လာသည်။ ထန်တုန်နှင့် ထန်ရှောင်းယွီတို့သည် အမြန်ဆင်း၍ အပန်းဖြေစခန်းသို့ တိုက်ရိုက်သွားကြသည်။
ရွှယ်အန်းကို မြင်လိုက်သောအခါ ထန်တုန်က လေးနက်သောအမူအရာဖြင့် ပြောလိုက်၏။
“မစ္စတာရွှယ်… ဒုက္ခတော့ရောက်ပြီ”
“ဒုက္ခဟုတ်လား ဘယ်လိုဒုက္ခလဲ”
ထန်တုန်သည် သူ၏ အင်္ကျီထဲမှ နူးညံ့သော ဓားတစ်လတ်ကို ထုတ်ယူကာ ထူးထူးခြားခြားဖန်တီးထားသော စာတစ်စောင်ကို ထုတ်ပြလိုက်သည်။
(မင်းသတ်ပစ်လိုက်တဲ့ ယွီမိသားစုဝင်နဲ့ပတ်သက်ပြီးတော့ ရေးလိုက်တဲ့စာပဲ။ ဘယ်လိုပဲသူက ငါတို့မိသားစုထဲကနေ ထွက်သွားပါစေ သူဟာ ယွီမိသားစုဝင်ဖြစ်နေတုန်းပဲ။ ဒါ့ကြောင့် အခုကစပြီး ဆယ်ရက်အတွင်း ကျုပ်က ပေကျန်းကို ဖြိုခွင်းဖို့ ဓားတစ်လတ်နဲ့လာခဲ့မယ်)
အဆုံးသတ်တွင် ယွီမိသားစု၏ ယွီယန်ဖြစ်သူက လက်မှတ်ရေးထိုးထား၏။
ရွှယ်အန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
‘ဒါကဘာလဲ’
‘စိန်ခေါ်တဲ့စာလား’
ထန်တုန်က ခါးသက်စွာရယ်လိုက်သည်။
“မစ္စတာရွှယ် ဒါက လင်နန်ကယွီမိသားစုရဲ့ နာမည်ကြီး ရှီကျန်တုံကင်ပါ”
“ဓားစိန်ခေါ်မှုတုံကင်ဟုတ်လား”
“ဟုတ်ပါတယ် အဲ့တာက လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကစပြီး ယွီမိသားစုက ဓားစိန်ခေါ်ခြင်းတုံကင်ကို ခုနှစ်ကြိမ်တိုင်တိုင်ထုတ်ပေးခဲ့တာ အများအားဖြင့်ဒီလူတွေက ယွီမိသားစုကိုစော်ကားမိတာကြောင့်ပဲ”
“နောက်ပြီး ဒီခုနှစ်ယောက်လုံး ယွီမိသားစုရဲ့ ဓားရှည်အောက်ကနေ ဘယ်သူမှမလွတ်မြောက်ခဲ့ဘူး” ထန်တုန်က လေးနက်သော အမူအရာဖြင့်ပြောသည်။
ထို့ကြောင့်လည်း ဤဓားစိန်ခေါ်မှုတုံကင်ကို လက်ခံရရှိသည်နှင့် အမြန်ဆုံးပြေးလာခဲ့ရခြင်းဖြစ်သည်။
လင်နန်၏ ယွီမိသားစု။ ကမ္ဘာတစ်ဝှမ်းရှိ သိုင်းပညာရှင်များ၏ အမြင်တွင် သန့်ရှင်းသော မြေအဖြစ် သတ်မှတ်ခံထားရသည်။
လွန်ခဲ့သော အနှစ်လေးဆယ်ခန့်က လင်နန်မြို့မှ ဓားအင်မော်တယ်တစ်ဦးဖြစ်သူ ယွီယွမ်ယိသည် လူတစ်ကိုယ်၊ ဓားတစ်ချောင်းတည်းဖြင့် နိုင်ငံရပ်ခြားမှ သခင် ဆယ်ယောက်ကို ချေမှုန်းပစ်ခဲ့ရာ ထိုအချိန်မှစ၍ သူသည် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။
အနှစ်လေးဆယ်အတွင်းတွင် ယွီမိသားစု၏ မျိုးဆက်များကို မည်သူမျှ မနှိုးဆော်ဝံ့ခဲ့ကြပေ။ ယခုတစ်ကြိမ်တွင် ရွှယ်အန်းသည် ဘွီမိသားစုမှလူတစ်ယောက်ကို သတ်ပစ်၍ ယွီမိသားစု၏ ဓားစိန်ခေါ်မှုတုံကင်ထုတ်ပေးသည်အထိ နှိုးဆော်နိုင်ခဲ့သည်။ ထို့ကြောင့် ထန်တုန်က သဘာဝအတိုင်းစိတ်ပူနေမိသည်။ ထန်ရှောင်းယွီသည် ရွှယ်အန်းကို စိုးရိမ်သော အမူအရာဖြင့်ကြည့်နေသည်။ သူမသည် ယခု ဖခင်ဖြစ်သူ၏ သိုင်းပညာကျောင်းကို ယူလိုက်ပြီးဖြစ်သဖြင့် ဤရက်များအတွင်းကြုံတွေ့ရသည့် အဖြစ်အပျက်များသည် သူမကို အလွန် ရင့်ကျက်စေသည်။
သို့သော် ယွီမိသားစုသည် ရွှယ်အန်းကို ကိုင်တွယ်ရန် ဓားစိန်ခေါ်ခြင်းတုံကင်ထုတ်ပေးလိုက်ကြောင်း ကြားလိုက်သောအခါတွင် သူမသည် အရာအားလုံးကို ဘေးဖယ်ထားလိုက်၏။ သို့သော် ရွှယ်အန်း၏ မျက်နှာထက်တွင် ကြောက်ရွံ့မှုအရိပ်အယောင် အနည်းငယ်မျှပင်မ ရှိပေ။ သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။။
“ပေကျန်းကို ဓားနဲ့ ဖြိုခွင်းပစ်မယ်ဟုတ်လား။ တော်တော် ကြွားဝါတာပဲ”
သူသည် ဤသို့ပြော၍ လက်ထဲသို့ အင်အားအနည်းငယ်ထည့်လိုက်သောအခါ ဓားစိန်ခေါ်မှုတုံကင်သည် အမှုန့်အဖြစ်ပြောင်းလဲ၍ လေနှင့်အတူပျံ့ကျဲသွားသည်။
“မစ္စတာရွှယ် ကျုပ် မင်းကို မယုံတာမဟုတ်ပါဘူး။ ဒါပေမယ့် လင်နန်ရဲ့ ယွီမိသားစုက အခုအချိန်မှာ ရန်သွားစလို့ တကယ်မလွယ်ဘူး။ အထူးသဖြင့် ဓားအင်မော်တယ် ယွီယွမ်ယိပဲ။ သူက လွန်ခဲ့တဲ့ အနှစ်လေးဆယ်က သူ့ ကမ္ဘာခွဲဓားချက်ကစပြီး ဘာသတင်းမှမကြားရတော့တာ။ ဒီအတောအတွင်း တစ်ချိန်လုံး သီးသန့်လေ့ကျင့်နေခဲ့တယ်လို့ ပြောကြတယ်။ သူအခု ဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာ ဘယ်သူမှ ရှင်းရှင်းလင်းလင်းမသိကြဘူး” ထန်တုန်က စိတ်ပူလျက်ပြော၏။
“တကယ်တော့ မစ္စတာရွှယ်၊ ပညာရှိသူတစ်ယောက်က ဒုက္ခကို ရှောင်တယ်တဲ့။ ဟိုနိုင်ငံမှာ ခဏလောက်သွားမနေချင်ဘူးလား” ထန်ရှောင်းယွီက အကြံပြုသည်။
ရွှယ်အန်းက ခေါင်းယမ်း၍ ပြုံးလိုက်၏။
“ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ယွီမိသားစုရဲ့ဓားက ဘယ်လောက်ထက်မြက်လဲဆိုတာ ကြည့်ချင်သေးတယ်”
ဤသို့ပြောနေစဥ် ရွှယ်အန်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရောင်အဝါများ ထင်ဟပ်တောက်ပနေသည်။ ထန်တုန်နှင့် ထန်ရှောင်းယွီတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် သက်ပြင်းချလိုက်ကြသည်။
အမှန်မှာ ဤဆွဲဆောင်မှုများသည် လုံးဝအလုပ်ဖြစ်လိမ့်မည်မဟုတ်ကြောင်း သူတို့ သိထားသည်။ စစ်မှန်သော သိုင်းပညာရှင်တစ်ယောက်သည် မည်သည့်အခါမျှ နောက်ပြန်ဆုတ်လိမ့်မည်မဟုတ်ပေ။
ဤအချိန်၌ ယွီမိသားစုမှ နောက်ထပ် ဓားစိန်ခေါ်မှုတုံကင်ထုတ်ပေးသည့်သတင်းသည် တစ်တိုင်းပြည်လုံးကို ပျံ့နှံ့သွားသည်။ သိုင်းပညာဖိုရမ်တွင်မူ ခါတိုင်းကဲ့သို့ အကြိတ်အနယ် ငြင်းခုန်သော အကြောင်းအရာများမရှိတော့ပေ။ ပိုစ့်တိုင်းနီးပါးသည် ဓားစိန်ခေါ်မှုတုံကင်အကြောင်းသာဖြစ်၏။
“ယွီမိသားစုက အနှစ်လေးဆယ်ကြာအောင် ဒီစိန်ခေါ်မှုမျိုးတွေလုပ်ခဲ့ပေမယ့် ဘယ်သူမှ သူတို့ကို မရင်ဆိုင်ရဲကြဘူး။ နောက်ပြီး အခုလည်း အတူတူဖြစ်မှာပဲ”
“ဟုတ်တယ်။ ဒီမစ္စတာရွှယ်က အခု နာမည်ကျော်ကြားလာပြီး ကောင်းကင်ညွှန်ပြသူအကြီးအကဲကို သတ်ပစ်ခဲ့ပေမယ့် ယွီမိသားစုရဲ့ သိုင်းပညာနဲ့ယှဥ်ရင်တော့ သူက အများကြီးလိုသေးတယ်”
“ဒီအချိန်ကျမှ ထွက်လာတဲ့ ယွီယန်က အရမ်းကြောက်ဖို့ကောင်းပြီး စင်ကာပူက ဓားတာအိုသခင်ကိုတောင် အနိုင်ယူခဲ့တယ်လို့ပြောတယ်။ သူကလူသတ်ဓားကို အပြင်းအထန်လေ့ကျင့်ထားတယ်လို့ ပြောကြတယ်”
“ဟား ဒီမစ္စတာရွှယ်က ဒီတစ်ကြိမ်တော့ ရှုံးတော့မယ်ထင်တယ်”
“ငါသာရွှယ်အန်းဆိုရင် အရှုံးပေးလိုက်တာကြာပြီ ပေကျန်းကို ဘယ်တော့မှ ပြန်မလာတော့ဘူး”
“အမှန်ပဲ”
“ဟား အပေါ်က ပိုစ့်တွေက ကောင်တွေက ဘာမှမသိဘူးပဲ။ ရွှယ်အန်းသာ ဒီကထွက်သွားရင် နောင်မှာ သိုင်းပညာကို တိုးတက်အောင်လုပ်နိုင်တော့မှာမဟုတ်ဘူး။ သိုင်းပညာလိုက်စားတဲ့နေရာမှာ အကြီးမားဆုံးအတားအဆီးက အကြောက်တရားပဲ”
“ဘာပဲဖြစ်ဖြစ် အသတ်ခံရတာထက် ပိုကောင်းတဲ့တိုးတက်မှုမရှိဘူး”
ဤဆွေးနွေးမှုများသည် ဖိုရိမ်တစ်ခုလုံးကို လွှမ်းမိုးထားသည်။ ယခုအချိန်တွင် ပေကျန်း၏ နေရာတိုင်း၌ ဤသတင်းများပျံ့နှံ့နေပြီဖြစ်သည်။ အချို့က ထိတ်လန့်တုန်လှုပ်နေကြကာ၊ အချို့က သနားနေကြသည်။ အချို့သည်မူ ဘေးဥပဒ်များကို သဘောကျကြသဖြင့် အချို့မှာမူ စိတ်လှုပ်ရှားနေကြသည်။
လုံတိုင်အဆောက်အဦတွင် ချင်းယွမ်သည် ရုံးခန်းထဲတွင်ထိုင်လျက် အချိန်များစွာကြာ တိတ်ဆိတ်နေသည်။
“လူကြီးမင်း၊ ဆရာထန်က အခုလေးတင်ဖုန်းဆက်တယ်။ ဆွဲဆောင်တာမထိရောက်ဘူးတဲ့”
ချင်းယွမ်သည် ရလဒ်ကို ကြိုတင်ခန့်မှန်းထားခဲ့ပြီးဖြစ်၍ ခေါင်းညိတ်ရုံသာညိတ်လိုက်သည်။
“နားလည်ပြီ”
လောင်ဟေးသည် ထွက်မသွားသေးဘဲ ဘေးတွင်ရပ်နေသည်။
“လောင်ဟေး မစ္စတာရွှယ်က ဒီတစ်ခေါက်နိုင်မယ်လို့ မင်းထင်လား”
ချင်းယွမ်သည် ရွှယ်အန်းကို အမြဲတစေယုံကြည်ထားခဲ့ကာ ရွှယ်အန်းကလည်း သူ့ကို တစ်ချိန်မျှ စိတ်မပျက်စေနိုင်ခဲ့သော်လည်း ဒီတစ်ကြိမ်တွင်မူ… ပြိုင်ဘက်သည် ယွီမိသားစုဖြစ်သည်။ နှစ်လေးဆယ်ကြာ ဟွာရှား၏ တောင်ပိုင်းတွင် အကောင်းဆုံးသိုင်းပညာမိသားစုအဖြစ်ရပ်တည်နေခဲ့သည်။
လောင်ဟေးက ခေါင်းငုံ့၍ လေးနက်စွာပြောလိုက်သည်။
“ကျွန်တော်ယုံပါတယ်။ မစ္စတာရွှယ်နိုင်လိမ့်မယ်”
“အိုး မင်းဘာလို့ ဒီလိုပြောတာလဲ” ချင်းယွမ်၏ မျက်လုံးများ တောက်ပလာသည်။
လောင်ဟေးသည် တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် ခေါင်းခါလိုက်သည်။
“ဘာလို့လဲတော့မသိပေမယ့် ကျွန်တော် ဒီလိုယုံထားတယ်”
ချင်းယွမ်သည် လေးနက်မှုအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ့မျက်လုံးများထဲတွင် ခိုင်မာမှုများပြည့်နေ၏။
“အရင်ကတော့ အမြဲတမ်း မစ္စတာရွှယ်က ချင်းမိသားစုရဲ့ အတားအဆီးတွေကို ဖယ်ရှားပေးခဲ့တာ။ ဒီတစ်ကြိမ်တော့ ချင်းမိသားစုက မစ္စတာရွှယ်ရဲ့နောက်မှာ ချွင်းချက်မရှိ ရပ်တည်လိမ့်မယ်”