အခန်း (၁၁၅-၁၁၇)
Vol. 8 Ch. 115-117
အခန်း(၁၁၅) အဘက်ဘက်မှ တုံ့ပြန်မှုများ
ရှဲ့ကျင်းကျင်း ကျောင်းပြီးသဖြင့် အိမ်ပြန်ရောက်သောအခါ ယနေ့အခြေအနေက အနည်းငယ်ထူးဆန်းနေသည်။
မီးဖိုချောင်တွင် ချက်ပြုတ်ရမည့်အစား အဘိုးကြီးရှဲ့သည် ကုလားထိုင်ပေါ်တွင်ထိုင်ကာ သက်ပြင်းရှည်ကြီးချ၍ ရေရွတ်လိုက်သည်။မိခင်ဖြစ်သူ အန်တီဖန်သည်မူ မျက်ရည်များကို အဆက်မပြတ်သုတ်နေ၏။
"ဘာတွေဖြစ်နေတာလဲ" ရှဲ့ကျင်းကျင်းက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
အန်တီဖန်က သူ့သမီးကို ငုံ့ကြည့်၍ သက်ပြင်းချလိုက်သည်။
"ဒီနေ့ မင်းအဖေက ဟင်းချက်စရာသွားဝယ်တော့ မင်းရဲ့အစ်ကိုရှောင်အန်းအကြောင်း သတင်းတချို့ကြားလိုက်တယ်"
"အစ်ကို ရှောင်အန်း ဘာဖြစ်သွားတာလဲ" ရှဲ့ကျင်းကျင်းက အော်ပြောလိုက်သည်၊ သူမ၏ မျက်နှာမှာ အရောင်ဖျော့နေသည်။
“အဖေလည်း နည်းနည်းပဲကြားလိုက်တာ” အဘိုးကြီးရှဲ့က စိုးရိမ်သောကမျက်နှာဖြင့် ပြောလိုက်သည်။ " ရှောင်အန်းက အရမ်းကြောက်ဖို့ကောင်းတဲ့လူတစ်ယောက်ကို စော်ကားခဲ့မိလို့ သူတို့က ချင်ဖုန်းမြစ်ကမ်းဘေးမှာ လက်စားချေဖို့ စိန်ခေါ်လိုက်တယ်"
ရှဲ့ကျင်းကျင်းသည် ဖျော့တော့၍ ကုလားထိုင်ပေါ် လဲကျသွားရာ သူမ၏ စိတ်ထဲတွင် ကမောက်ကမ ဖြစ်နေသည်။
‘ဘယ်လိုလုပ်မလဲ’
‘ဘယ်လိုလုပ်မလဲ’
ကျေးဇူးပြုပြီး အစ်ကိုရှောင်အန်းကို ဘာမှမကောင်းတာဖြစ်လို့မရဘူး။
ရှဲ့ကျင်းကျင်းသည် ခေါင်းကို ငုံ့ထား၍ မျက်ရည်များ အဆက်မပြတ် စီးကျလာသည်။
အခန်းတွင်းရှိ လေထုသည် အုံ့မှိုင်းနေသည်။အဘိုးကြီးရှဲ့က စားပွဲကို ရိုက်ချပြီးနောက် ရုတ်တရက် ထရပ်လိုက်သည်။
“ဘာလုပ်နေတာလဲ။ လူတွေကို အဲ့လိုမခြောက်နဲ့" အန်တီဖန်က လန့်သွားသဖြင့် ပြောလိုက်သည်။
အဘိုးကြီးရှဲ့၏ မျက်နှာသည် ယခင်က မမြင်ဖူးသော လေးနက်မှုကို ပြသနေသည်။
"ငါ စိတ်ပိုင်းဖြတ်လိုက်ပြီ။ နောက်ဆယ်ရက်ကြာရင် ချင်ဖုန်းမြစ်ကမ်းနားကို သွားမယ်"
"ငါဘာမှမတတ်နိုင်ပေမယ့်"
"ရှောင်အန်းက ကျင်းကျင်းကိုကြင်နာတယ်၊ ငါတို့မိသားစုကို ကြင်နာတယ်။ ငါက ကျေးဇူးမသိတတ်တဲ့လူမဟုတ်ဘူး ငါ့အသက်ကို ပေးဆပ်ရရင်တောင် ရှောင်အန်းကို ကူပေးမယ်"
ရှဲ့ကျင်းကျင်းနှင့် အန်တီဖန်တို့သည် အဘိုးကြီးရှဲ့ကို အံ့သြသွားသော်လည်း ၎င်းတို့၏ မျက်လုံးများက သူတို့တစ်ခါမှမမြင်ဖူးသော ဆုံးဖြတ်ချက်တစ်ခုဖြင့် လင်းလက်သွားသည်။ အန်တီပန်လည်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်၏။
“မှန်၊ ရှင် ကျွန်မယောက်ျားဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါတယ်။ ကျွန်မလည်းလည်း အချိန်တန်ရင် သွားလိုက်မယ်”
အဘိုးကြီးရှဲ့က မျက်မှောင်ကြုတ်ကာ
"ယောက်ျားတွေကိစ္စကို မိန်းမတွေက ဘာလို့ မလိုအပ်ဘဲ ဝင်စွက်နေရတာလဲ"
ဤသည်ကိုကြားသောအခါ အန်တီဖန်ကဒေါသတကြီးပြောလိုက်သည်။
“အဘိုးကြီးရှဲ့ ကျွန်မ ရှင့်ကိုပြောဦးမယ် တကယ်သာထိုးရရင် ရှင်သုံးယောက်ဖြစ်နေရင်တောင် ကျွန်မကို ယှဥ်နိုင်မှာမဟုတ်ဘူး”
မစ္စတာရှဲ့က အနည်းငယ် ရှက်သွားသကဲ့သို့ ခံစားလိုက်ရသည်
“အာ တော်စမ်းပါ ကလေးရောက်နေပြီနော် မင်းဘာအဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ"
"ဘာအဓိပ္ပါယ်မရှိတာတွေလဲဟုတ်လား။ ဒါက အမှန်တရားပဲရှင့်”
ဤဖြစ်ရပ်ကို ကြည့်၍ ရှဲ့ကျင်းကျင်းက ပြုံးပြလိုက်သည်။ သူမ၏ စိတ်ထဲတွင်လည်း အတွေးတစ်ခု ပေါ်လာသည်။
အစ်ကိုရှောင်အန်း
ဘာပဲဖြစ်ဖြစ် ငါသွားကြည့်မယ်။
အစ်ကိုရှုံးရင်တောင် ညီမလေး အစ်ကို့အတွက် လက်စားချေမယ်။ ညီမလေးအသက်ကို ပေးဆပ်ခဲ့ရင်တောင် ညီမလေးတွန့်ဆုတ်မှာမဟုတ်ဘူး။
ဝူမိသားစု။
ဝူဝေ့တုန်သည် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ သူ့ထိုင်ခုံတွင် ထိုင်နေသည်။ သူသည် အလွန်ပျော်ရွှင်နေရာ သူ၏အမျိုးသမီးသည်လည်း အလွန်အမင်းမြူးတူးလျက်ရှိသည်။
"ဒီရွှယ်အန်းသေရင် ငါတို့သားအတွက် လက်စားချေပေးပြီးသားဖြစ်မှာပဲ။ အရမ်းကောင်းတယ်”
“ဟမ်၊ အဲ့လောက် လွယ်လွယ်နဲ့မလွှတ်ပေးပါဘူး။ ရွှယ်အန်း သေပြီးတာနဲ့ ငါတို့သားကိုသတ်ခဲ့တဲ့ ကောင်မကို သတ်ပစ်ချင်တယ်” မိန်းမက ပြင်းပြင်းထန်ထန် ပြောသည်။
မူလက သူမ၏သား ဝူကျဲ့ဖုန်းသည် ရှဲ့ကျင်းကျင်းကို KTV သို့ အတင်းအကြပ် ခေါ်ဆောင်သွားခဲ့သည်။ အကယ်၍ ရွှယ်အန်းသာ အချိန်မီရောက်မလာပါက အကျိုးဆက်များသည် မတွေးဝံ့စရာဖြစ်ပေလိမ့်မည်။ ဝူကျဲ့ဖုန်းသည် စိတ်ဓာတ်မကောင်းလှသောကြောင့် ရွှယ်အန်းက သူ့ကို သတ်ပစ်လိုက်ခြင်းဖြစ်ရာ၊ နောက်ပိုင်းတွင် ဝူဝေ့တုန်က လက်စားချေလိုခဲ့သော်လည်း ပေကျန်းမှ ဆက်စပ်သူအချို့က ရွှယ်အန်းပါနေကြောင်းကြားလိုက်ရသောအခါ ခေါင်းခါခဲ့ကြသည်။ ထို့ကြောင့် အခြားရွေးချယ်စရာမရှိသဖြင့် ဝူဝေ့တုန်က လက်လျှော့ခဲ့ရ၏။ သို့သော် ရွှယ်အန်းကို ဓားစိန်ခေါ်မှုတုံကင်ပေးလာသော ယွီမိသားစု၏ သတင်းကြားလိုက်ရသောအခါ ဝူမိသားစုက အလွန်ဝမ်းသာပီတိဖြစ်နေမိသည်။
"ဟား အချိန်ကျလာတဲ့အခါ၊ ကျဲ့ဖုန်းကိုကိုသတ်ခဲ့တဲ့လူကို တခြားသူတွေက ဘယ်လိုသုတ်သင်မလဲဆိုတာ ကြည့်ရအောင်၊ ဒီပွဲကို သွားကြည့်ရအောင်။” ဝူဝေ့တုန်က ရက်စက်သော မျက်နှာဖြင့် ပြောလိုက်သည်။
ဟွာမိသားစု တိုင်းရင်းဆေးဆေးခန်း။ဟွာတင်းတင်းအနည်းငယ် စိတ်ရှုပ်သွားသည်။ နောက်ဆုံးလူနာကို မြင်ပြီးနောက် ဟွာရှင်းယွီက သက်ပြင်းချလိုက်သည်။
"တင်းအာ မင်းဘာဖြစ်နေတာလဲ"
"အဘိုး၊ ကောလဟာလတွေပြောသလိုပဲ ယွီမိသားစုက တကယ်ကို ကြောက်စရာကောင်းတာလား?"
ခေါင်းညိတ်လိုက်ပြီးတောက် ဟွာရှင်းယွီ၏ အမူအရာက လေးနက်သွားသည်။
“အရမ်းကြောက်စရာကောင်းတယ်။ ပြီးတော့ အရမ်းတော်တယ်”
ဟွာတင်းတင်း၏ မျက်နှာက ပို၍ စိုးရိမ်ပုံပေါ်လာသည်။
"ဒါဆို အဘိုးအထင် မစ္စတာရွှယ်… ဒီတစ်ခါတော့…”
ဟွာရှင်းယွီက ခေါင်းခါလိုက်သည်။
"ငါမသိဘူး၊ ဒါက ငါ့အဆင့်ရှိတဲ့သူတစ်ယောက် မြင်နိုင်တဲ့အရာမဟုတ်ဘူး။ ဒါပေမယ့် တင်းတင်း…"
“သမီး သတိရသင့်တယ်။ မစ္စတာရွှယ်က နဝမမြောက် ကောင်းကင်ထက်က နတ်နဂါးတွေလိုပါပဲ…”
ဟွာရှင်းယွီ၏ စကားမဆုံးသေးသော်လည်း ဟွာတင်းတင်းက သူမအဘိုး၏ ဆိုလိုရင်းကို နားလည်သည်။ စိတ်ထဲတွင် အနည်းငယ်ပူပန်နေသော်လည်း သူ့အဘိုးပြောသည်မှာ ကောင်းသောအရာကိုဆိုလိုခြင်းဖြစ်ကြောင်း နားလည်သည်။
"ဘာပဲဖြစ်ဖြစ်၊ ဆယ်ရက်ကြာရင် ချင်ဖုန်းမြစ်ကို သွားကြရအောင်။ မစ္စတာရွှယ်ဘေးမှာ ရပ်တည်ပေးတဲ့ သဘောမျိုးလည်းဖြစ်ပါလိမ့်မယ်။ ဖြစ်နေပါလိမ့်မယ်။ သူ့ဘက်က အားပေးကြရအောင်” ဟွာရှင်းယွီက ပြောသည်။
ဟွာတင်းတင်း၏ မျက်လုံးများတောက်ပလာ၏။
“ဟုတ်ကဲ့”
ယွီမိသားစုမှထုတ်ပေးသော ဓားစိန်ခေါ်မှုတုံကင်နှင့် ပတ်သက်၍ ပြင်ပကမ္ဘာသည် ကမောက်ကမ ဖြစ်နေစဉ် လင်းနန်ရှိ ယွီမိသားစုသည် ယခင်အတိုင်း ငြိမ်သက်နေခဲ့သည်။ ယွီယန်သည် စမ်းသပ်ဓားမဏ္ဍပ်ကို ဖြတ်လျှောက်လာကာ နောက်ဖေးခြံသို့ ရောက်သောအခါတွင် လက်ရှိ မိသားစု၏ အကြီးအကဲလည်းဖြစ်သည့် ဖခင်ဖြစ်သူကိုတွေ့လိုက်ရသည်။
ယွီလန်
"ဘယ်တော့ထွက်ဖို့စီစဉ်ထားလဲ" ယွီလန် က ကုလားထိုင်တွင်ထိုင်လျက် ခေါင်းမမော့ဘဲ မေးလိုက်သည်။
“ခုနစ်ရက်အတွင်းထွက်မယ်။ ပေကျန်းကလင်နန်ကနေ မိုင်နှစ်ထောင်ပဲဝေးတယ်။ နှစ်ရက်ခရီးပဲ” ယွီယန် က လေးလေးစားစား ဦးညွှတ်ပြောလိုက်သည်။
ယွီလန် က ခေါင်းညိတ်လိုက်ပြီး
"မင်းကို ဒီဓားစိန်ခေါ်ပွဲအတွက် မင်းကို တာဝန်ပေးတာ ဘာလို့လဲ သိလား"
ယွီယန် ၏တစ်ကိုယ်လုံးသည် သူ့မျက်လုံးများတွင် ပျော်ရွှင်မှုအငွေ့အသက်များနှင့်အတူ တုန်လှုပ်သွားသော်လည်း သူက ခေါင်းငုံ့၍ပြောလိုက်သည်။
"မသိဘူး"
ယွီလန် က ပေါ့ပေါ့ပါးပါးရယ်လိုက်သည်။
"မင်းရဲ့ နှလုံးသားက လေးလံလွန်းတဲ့အတွက် မင်းရဲ့အစ်ကိုကြီးလောက် ဓားတာအိုမှာ မင်းမတိုးတက်သေးဘူး"
“ဒီရွှယ်အန်းက တော်တော် အရည်အချင်းရှိတယ်။ ယွီလင်းကို သိုင်းပညာညီလာခံမှာ လက်သီးတစ်ချက်နဲ့ထိုးသတ်နိုင်ခဲ့တာက သူ့မှာ တကယ့်ကျွမ်းကျင်မှုအချို့ရှိတယ်ဆိုတာပြနေတယ်။ ယွီမိသားစုရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေဖို့ မင်း သတိထားရမယ်။ မင်းကောင်းကောင်းလုပ်ရင် မင်းဘိုးဘေးက သီးသန့်လေ့ကျင့်မှုကနေထွက်လာတဲ့အခါ သူ့ဘေးမှာ အမှုဆောင်နိုင်တယ်”
"ဘိုးဘေးက သီးသန့်လေ့ကျင့်နေပြီလား" ယွီယန်က ဝမ်းသာအားရ တုန်လှုပ်သွားလျက် ပြောသည်။
ယွီလန်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
"ဒီသတင်းကို ထုတ်ဖော်မပြရဘူး၊ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းအစ်ကိုကြီးက ဓားအိမ်အပြင်ဘက်မှာ ဓားချီက တစ်နေ့ထက်တစ်နေ့ ပိုအားကောင်းလာတာလို့ ပြောထားတဲ့ မက်ဆေ့ချ်တစ်ခု ပို့လိုက်တယ်။ သိပ်မကြာလောက်တော့ဘူး"
"ကျွန်တော်နားလည်ပါတယ်"
ယွီမိသားစုဝင်တိုင်းအတွက်၊ သူတို့၏ ဘိုးဘေး ယွီယန်ယိသည် သူတို့အားလုံး ကိုးကွယ် လေးစားထိုက်သော အင်မော်တယ်တစ်ပါးဖြစ်သည်။ သူ့အနားတွင် တာဝန်ထမ်းဆောင်နိုင်ခြင်းသည် မိမိတို့၏ ကိုယ်ပိုင် ဓားတာအိုလေ့ကျင့်ခြင်းအတွက် အလွန်အကျိုးရှိသည်။ ခြံထဲမှထွက်သွားပြီးနောက်၊ ယွီယန် သည် စမ်းသပ်ဓားမဏ္ဍပ်နောက်ဘက်သို့ ရောက်ရှိလာကာ ထူးထူးခြားခြား လှပသော မိန်းကလေးတစ်ဦး ပျင်းရိစွာ ထိုင်နေသည်ကို မြင်လိုက်ရသည်။
ယွီယန် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ မိန်းကလေးက ပြုံးလိုက်မိသည်။
"ဒီနေ့ဘာလို့ဒီလောက်ပျော်နေတာလဲ အစ်ကိုသုံး၊ သတင်းကောင်းရှိလား"
ယွီယန်က ပြုံးလိုက်၏။ "ညီမလေး၊ မင်းနောက်တစ်ခါ ခိုးသွားပြန်ပြီ။ သတိထားပါ မတော်လို့ မင်းအဖေမင်းကိုတွေ့ရင် အပြစ်ပေးလိမ့်မယ်။”
ဤမိန်းကလေးသည် ယွီလန်၏ အငယ်ဆုံးနှင့် တစ်ဦးတည်းသောသမီး ယွီရန်ဖြစ်သည်။
"ဟဲဟဲ ဖေဖေမလုပ်ပါဘူး အစ်ကိုသုံးကို ဒီဓားစိန်ခေါ်ပွဲအတွက် သံတမန်အဖြစ် ခန့်အပ်ထားတယ်လို့ သမီးကြားတယ်”
ယွီယန် ခေါင်းညိတ်လိုက်သည်။
ယွီရန်ကစိတ်လှုပ်ရှားလာပြီးနောက် ဆက်ပြော၏။
"ဒီတစ်ခါတော့ ပြိုင်ဘက်ဟာ ကောင်းကင်ဘုံကျက်သရေဆောင်စာရင်းရဲ့ထိပ်ဆုံးက ထိပ်တန်းကျွမ်းကျင်သူလို့ ညီမလေးကြားလိုက်ရတယ်။ သတိထားနော် အစ်ကိုသုံး”
"ကောင်းကင်ကျက်သရေဆောင်စာရင်းဟုတ်လား" ယွီယန်၏ နှုတ်ခမ်းတွင် ကဲ့ရဲ့ရှုံ့ချသော လှောင်ပြောင်မှုတစ်ခု ပေါ်လာသည်။
“အစစ်အမှန်ကျင့်ကြံသူကို မမြင်ဖူးတဲ့သူတွေကများ၊ လွတ်မြောက်အင်မော်တယ်အဆင့်သူတွေကတောင် သူတို့ကိုယ်သူတို့ ပထမအဆင့်ပေးထားတာ။ ဘာအသုံးဝင်မှာလဲ။ ကိုကို့အတွက်တော့ သူတို့က ကြက်တွေနဲ့ခွေးတွေကလွဲလို့ ဘာမှမဟုတ်ဘူး”
အခန်း(၁၁၆) လုံတိုင်အဖွဲ့က ဆရာ့ကို အိမ်ကနေနွေးထွေးစွာကြိုဆိုလိုက်ပါတယ်
ယွီယန်၏ယုံကြည်မှုတွင် အကြောင်းပြချက်ရှိသည်။ သာမန်ပညာရှင်တစ်ဦးအတွက် ကောင်းကင်ဘုံကျက်သရေဆောင်များသည် မအောင်မြင်နိုင်ပုံရသည်။ ယွီမိသားစုကဲ့သို့ ထိပ်တန်း သိုင်းပညာမိသားစုအတွက်၊ ကောင်းကင်ကျက်သရေဆောင်စာရင်းသည် အမှန်ပင် သာမန်မျှသာဖြစ်သည်။
သူ့ဓားပညာကို သရုပ်ပြပြီး ပြန်လာပါက သူသည် အကြီးအကဲထံ အမှန်တကယ် တက်ရောက်နိုင်ကာ သူ၏ဓား တာအိုကျင့်ကြံမှုကို ပို၍တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့နောက် သုံးလအကြာတွင် အင်မော်တယ်ညီလာခံအပြီး ကျောက်စိမ်းအဆင့်သတ်မှတ်ချက်များတွင် နေရာတစ်နေရာရရှိရန် သေချာလာမည်ဖြစ်သည်။ ဤသည်က ယွီယန်၏ ကြိုးစားမှုပင်ဖြစ်၏။
ကျောက်စိမ်းအဆင့်သတ်မှတ်ချက်တွင်ပါဝင်သူများမှာ အမျိုးမျိုးသော အင်မော်တယ်ကျင့်ကြံရေးဂိုဏ်းများမှ လက်ရွေးစင်များဖြစ်ကြသည်။ အင်မော်တယ်ကျင့်ကြံရေးဂိုဏ်းဟုခေါ်သော ဂိုဏ်းများသည် ကမ္ဘာပေါ်တွင် ပုန်းအောင်းနေသောကြောင့် ပျောက်ကွယ်သွားပြီဟု အများက ယုံကြည်ထားကြရာ မြင့်မြတ်သော ဂိုဏ်းကြီးများနှင့် သက်ဆိုင်နေသည်။
ကျောက်စိမ်းအဆင့်သတ်မှတ်ချက်တွင်တွင်၊ ကောင်းကင်လူသားအဆင့်ကျွမ်းကျင်သူများသည် ရွှံ့နွံများကဲ့သို့ သာမန်ကျလှရာ၊ ရှောင်ယောင်းအဆင့်ကျွမ်းကျင်သူများသည် ခွေးများကဲ့သို့ များပြား၍ ခြေတစ်လှမ်း လွတ်မြောက်အင်မော်တယ်အဆင့် ကျွမ်းကျင်သူများပင်ရှိနေသည်။ ထို့အထဲတွင် အဆင့်သတ်မှတ်ခံရခြင်းသည် စစ်မှန်သော ခွန်အားကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
ကောင်းကင်အဆင့်သတ်မှတ်ချက်များသည်မူ၊ ယွီယန်ကဲ့သို့လူတစ်ဦး၏အမြင်တွင် ကလေးကစားနေသကဲ့သို့သာဖြစ်သည်။ ထို့အတွက်ကြောင့် ယွီယန်သည် ဤဓားသရုပ်ကို အလွန်အလေးအနက်မထားခဲ့ပေ။
မိစ္ဆာကျင့်စဥ်ကိုကျင့်ကြံ၍ မိသားစုကို စွန့်ပစ်ခဲ့သော သူ့အစ်ကိုကြီးဖြစ်သူသာလျှင် ထိုသူများ၏ လက်ထဲတွင် သေဆုံးပေလိမ့်မည်။
ပေကျန်းသို့ ထွက်ခွာမည့် လေယာဉ်ပေါ်တွင် ပထမတန်းစားခန်းအတွင်းမှ အမျိုးသားတစ်ဦးသည် မဝေးလှသောနေရာရှိ ထန်ရွှမ်အာကို စိုက်ကြည့်နေသည်။ ခဏအကြာတွင် သူသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ချောင်းဟန့်ကာ ပြုံး၍ပြောလိုက်သည်။
“ခွင့်လွှတ်ပါ မိန်းမလှလေး၊ မင်းက ဆရာဝန်လား”
ထန်ရွှမ်အာသည် စာအုပ်ဖတ်နေရာမှ စကားပြောနေသောသူကို မော့ကြည့်လိုက်သသည်။ သူသည် ဝတ်ကောင်းစားလှများဝတ်ဆင်ထား၍ ချောမောသူလည်းဖြစ်သည်။ အသက်သုံးဆယ်ခန့်မျှ ရှိမည်ထင်ရကာ သူ၏ အမူအယာအရဆိုလျှင် အဖွဲ့ခေါင်းဆောင် ထိပ်သီးတစ်ဦးဖြစ်ပုံရသည်။ ထန်ရွှမ်အာသည် ယဥ်ကျေးသိမ်မွေ့စွာဖြင့် အနည်းငယ်ပြုံး၍ပြောလိုက်သည်။ ဤအပြုံးသည် ကျန်းမင်ခယ့်၏ နှလုံးကို သုံးဆခန့်ပို၍ ခုန်လာစေသည်။
သူလေယာဉ်ပေါ်တက်ပြီးကတည်းက ကျန်းသည် အံ့မခန်းလှပသောအမျိုးသမီးကို သတိပြုမိခဲ့သည်။
နှစ်များစွာကြာ ကုမ္ပဏီ၏ အထက်သို့ တက်ပြီးနောက် ကျန်းမင်ခယ့်သည် လှပသော အမျိုးသမီးများ၏ အချိုးအစားကို မြင်ခဲ့ရသည်။သို့သော် လက်ဝတ်ရတနာမျိုးစုံနှင့် စေ့စပ်သေချာစွာ ပြင်ဆင်ထားသော ထိုအမျိုးသမီးများသည် သဘာဝအတိုင်း ကျက်သရေရှိသော ထိုမိန်းကလေးနှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။
ထိုအပြင် ဤအမျိုးသမီးသည် လေယာဥ်ပေါ်တက်ခဲ့စဥ်ကတည်းက စိတ်ပါဝင်စားစွာ စာဖတ်နေခဲ့ရာ၊ ကျန်းမင်ခယ့်က ခိုးကြောင်ခိုးဝှက်ကြည့်ခဲ့သဖြင့် အထူးပြုဆေးစာအုပ်များဖတ်နေခြင်းဖြစ်သည်ကို သတိထားမိခဲ့သည်။ ဤသည်က ကျန်းမင်ခယ့်၏ စိတ်ဝင်စားမှုကို ပို၍ တိုးလာစေသည်။ ယခုထန်ရွှမ်အာက သူ့ကို ပြုံးပြလိုက်သည်ကို မြင်သောအခါ ကျန်းမင်ခယ့်က အလွန်စိတ်အားထက်သန်စွာဖြင့် ပြုံး၍ဆက်ပြောသည်။
"မင်္ဂလာပါ၊ ကျွန်တ်ော့နာမည်က ကျန်းမင်ခယ့်ပါ။ မင်းနဲ့သိခွင့်များရမလား"
ဤသို့ပြော၍ ကျန်းမင်ခယ့်က လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းလိုက်သည်။ တစ်ချိန်တည်း၌ပင် သူ၏လက်ကောက်ဝတ်ပေါ်ရှိ အကန့်အသတ်ဖြင့် ထုတ်လုပ်ထားသော လက်ကောက်ကို သေချာစွာထုတ်ပြခဲ့သည်။ သို့သော် မျှော်လင့်ထားသော စကားဝိုင်းဖြစ်မလာပေ။ ထန်ရွှမ်အာသည် အနည်းငယ်မျက်မှောင်ကြုတ်၍ ခေါင်းငုံ့လျက် စာဆက်ဖတ်နေသည်။ ထို့ကြောင့် ကျန်းမင်ခယ့်သည် အရုပ်ကြိုးပျက်ကျန်ရစ်ခဲ့၏။ ဤသည်ကြောင့် သူစိတ်ဆိုးရရုံမှတပါး အခြားမတတ်နိုင်ပေ။ တကယ်တမ်းတွင် သူသည် သန်းပေါင်းများစွာသော လစာများရရှိထားသည့် ကုမ္ပဏီပိုင်ရှင်အထက်တန်းစားတစ်ဦးဖြစ်သည်။
သူ့ကိုမလိုချင်သော အမျိုးသမီးတစ်ဦးတစ်လေမျှပင်မရှိခဲ့ရာ ဤမျှထိ မျက်နှာသာမပေးသော အမျိုးသမီးမျိုးကိုလည်း မတွေ့ခဲ့ရဖူးပေ။ ထို့အပြင် ထန်ရွှမ်အာ၏ အနားတွင်ထိုင်နေသော ရွှယ်အန်းကို သတိထားမိလိုက်သည်။ သူ့အမြင်အရ ရွှယ်အန်း၏ အဝတ်အစားများသည် ယွမ်ရာဂဏန်းထက်ပင် မပိုနိုင်သည်ဖြစ်ရာ သူ့လည်စည်းကလစ်တစ်ခုကို ဝယ်ရန်ပင် မလုံလောက်ပေ။ ထို့ကြောင့် ထိုသူသည် ထူးခြားသည်ဟု သူမထင်ခဲ့ပေ။ သူ့ဘေးနားမှ မိန်းမလှသေးကို ကျန်းမင်ခယ့်ကအလွတ်မပေးချင်သောကြောင့် သူ့အကြည့်ပြောင်းလဲသွားသည်နှင့် အမူအရာသည်လည်း တဖြည်းဖြည်းဆိုးယုတ်လာသည်။
ရွှယ်အန်း သည် ဤလူကို သတိထားမိသည်။
သို့သော် ရွှယ်အန်း၏ အမြင်တွင် ဤလူသည် ပုရွက်ဆိတ်တစ်ကောင်ထက် ထူးမခြားနားလှပေ။ လက်တစ်ချောင်းတည်းဖြင့် ဖိချေနိုင်သော သတ္တဝါသည် ရွှယ်အန်း၏ အာရုံစိုက်မှုနှင့် မထိုက်တန့်ပေ။ လေယာဥ်က ဖြည်းညှင်းစွာဆင်းသက်သောအခါ လှေကားကိုဖြတ်၍ လေဆိပ်ခန်းမဆီသို့ လူတိုင်းလျှောက်သွားကြသည်။ ကျန်းမင်ခယ့်သည် အတတ်နိုင်ဆုံးယဥ်ကျေးသိမ်မွေ့အောင်ကြိုးစား၍ ပြောလိုက်သည်။
“သခင်မလေး၊ ငါတို့ အတူတူ ခရီးထွက်ခဲ့ကြတယ် ဆိုလိုတာက ကံကြမ္မာက ငါတို့ကို လက်တွဲခေါ်ဆောင်လာခဲ့တာလို့ ဆိုရမယ်။ မင်းကို သိခွင့်ရနိုင်မလား"
ထန်ရွှမ်အာသည် အမူအရာကင်းမဲ့စွာဖြင့် သူ့ကို တစ်ချက်မျှမကြည့်ဘဲ တည့်တည့်ဆက်လျှောက်သွားရာ ကျန်းမင်ခယ့်က တစ်စုံတစ်ခုကို ပြောချင်နေသော ပုံစံဖြင့် မသိမသာ အံကြိတ်ထားသည်။ ရွှယ်အန်းသည် သူ့ကို ဖြတ်လျှောက်သွားခါနီးတွင် ခေတ္တရပ်လျက် ဖြူဖွေးသော သွားများပေါ်သည်အထိ တောက်ပစွာပြုံးပြလိုက်သည်။
“ငါလည်း မင်းနဲ့ အတူတူခရီးထွက်ခဲ့တာဆိုတော့ ငါတို့လည်း ကံပါတယ်လို့ဆိုလိုတာလား”
ထိုစကားကိုပြောပြီးနောက် ရွှယ်အန်းက ထွက်ခွာသွားသည်။
ကျန်းမင်ခယ့်၏ မျက်နှာသည် အလွန်ရုပ်ဆိုးသွားကာ ရွှယ်အန်း၏ နောက်ကျောကို ဒေါသတကြီးစိုက်ကြည့်လျက် ဖုန်းခေါ်ဆိုရန် ဖုန်းထုတ်လိုက်သည်။
"ဟေ့ အစ်ကိုလျို့ လေဆိပ်မှာရှိသေးလား။ ဟုတ်တယ်။ ဒီကို လူနည်းနည်းခေါ်လာခဲ့။ ငါ့မှာ အခြေအနေနည်းနည်းရှိတယ်”
ကျန်းမင်ခယ့်သည် ဖုန်းကို ချလိုက်ပြီးနောက် ရွှယ်အန်းနှင့်အခြားသူများ အဝေးသို့လျှောက်သွားသည်ကိုကြည့်လျက် စိတ်ထဲမှ လှောင်ရယ်လိုက်သည်။
သူက လေဆိပ်တွင် နှစ်အတော်ကြာ ကြီးစိုးနေသော မြွေတစ်ကောင်ဖြစ်သည့် လျို့လောင်သာ့ကို ဖုန်းဆက်လိုက်သည်။ လျို့လောင်သာ့သည် ဤအဖွဲ့ကို ဝင်နှောက်ယှက်ပါက အခြေအနေကို အခွင့်ကောင်းယူ၍ မိန်းကလေးနှင့် တရားဝင်တွေ့ဆုံနိုင်သည် မဟုတ်လော။ ကျန်းမင်ခယ့်က ဤအရာကို စိတ်လှုပ်ရှားစွာတွေး၍ ၎င်းတို့နောက်သို့ လိုက်သွားသည်။ လျို့လောင်သာ့သည် လေဆိပ်အနီးတွင် လည်ပတ်နေကာ အနီးနားရှိ တက္ကစီများအားလုံးကို စီမံခန့်ခွဲရသည်။ ထို့ကြောင့် ကျန်းမင်ခယ့်ထံမှ ခေါ်သံတစ်ချက်တည်းဖြင့် လူတချို့နှင့်အတူ ပြေးလာသည်။
“ရှောင်ကျန်း ဘာကိစ္စရှိလို့လဲ” လျို့လောင်သာ့က မေးသည်။
ကျန်းမင်ခယ့်က အခြေအနေကို ရှင်းပြလိုက်သောအခါ လျို့လောင်သာ့က ရွှယ်အန်းနှင့် အခြားသူများကိုကြည့်၍ ခေါင်းညိတ်လိုက်သည်။
“စိတ်မပူပါနဲ့၊ ဒါက ကြီးကြီးမားမားတော့မဟုတ်ပါဘူး။ လာ အစ်ကိုကြီးနဲ့ ဟိုသွားရအောင်”
ကျန်းမင်ခယ့်က ဝမ်းသာပီတိဖြစ်ကာ သူနှင့်အတူ လေဆိပ်ထွက်ပေါက်သို့လိုက်လာသည်။
ထို့နောက် ကျန်းမင်ခယ့်သည် အေးခဲသွားရ၏။
လျို့လောင်သာ့သည်လည်း အေးခဲသွားသည်။
တကယ်တမ်းတွင် လေဆိပ်မယ့်ထွက်လာသောသူများအားလုံး အေးခဲသွားကြခြင်းဖြစ်သည်။
ရွှယ်အန်က ပေကျန်းလေဆိပ်အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာသောအခါ ချင်းယွမ်သည် လုံတိုင်အဖွဲ့၏ အဖွဲ့သားများနှင့်အတူ လမ်းဘေးတွင် လေးစားစွာစောင့်ဆိုင်းနေသည်။ ရွှယ်အန်း ထွက်လာသောအခါ ချင်းယွမ်က ရှေ့သို့ ခြေလှမ်းများစွာပြေးသွား၍ လေးနက်စွာ ဦးညွတ်လိုက်သည်။
“လုံတိုင်အဖွဲ့က မစ္စတာရွှယ်ကို အိမ်ကနေပြန်ကြိုဆိုပါတယ်”
သူ့စကားအဆုံးတွင် နောက်လိုက်ဝန်ထမ်းများကလည်း ဦးညွတ်၍ တညီတညွတ်တည်း ကြွေးကြော်လိုက်ကြသည်။
“လုံတိုင်အဖွဲ့က ကြိုဆိုလိုက်ပါတယ် မစ္စတာရွှယ်”
ထိုသို့သော မြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ ရွှယ်အန်းတစ်ယောက်တည်းကသာ တည်ငြိမ်၍ ခေါင်းညိတ်ပြလိုက်သည်။
“သွားကြရအောင်။ ကျုပ်သမီးဗိုက်ဆာနေပြီ။ သူစားဖို့လိုနေပြီ”
“ဟုတ်ကဲ့ပါ” ချင်းယွမ်က ခေါင်းညိတ်ပြပြီးနောက် Rolls-royce ကားတံခါးကို ကိုယ်တိုင်ကိုယ်ကျဖွင့်ပေး၍ ရွှယ်အန်းကို တံခါးမှုးကဲ့သို့ ဝန်ဆောင်မှုပေးခဲ့သည်။ ရွှယ်အန်းက သူ့ကို ငုံ့ကြည့်၍ ပြုံးပြီးနောက် သူ့သမီးကို ကိုင်ကာ ကားထဲသို့ ဝင်လိုက်သည်။ ထန်ရွှမ်အာသည်မူ အခြားကားတစ်စီးထဲသို့ရောက်သွား၏။ ယာဥ်တန်းသည် အဝေးသို့ မောင်းထွက်သွားပြီးနောက် ဝတ်ဆင်ထားသူတိုင်း အံ့အားသင့်သွားကြသည်။
“အဲ့လူလတ်ပိုင်းအရွယ်က…လုံတိုင်အဖွဲ့ရဲ့ ဒဒါရိုက်တာ ဖြစ်ပုံရတဲ့ အကြီးအကဲချင်းမလား”
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အကြီးအကဲချင်းရဲ့ အနေအထားကဘယ်လိုမို့လို့လဲ။ လူငယ်တစ်ယောက်အတွက် သူက ဘာလို့ တံခါးကို ဖွင့်ပေးရမှာလဲ”
“ငါလည်းမဖြစ်နိုင်ဘူးလို့ ခံစားမိပေမယ့် ဒါက အကြီးအကဲချင်းပဲ။ ပြီးတော့ သူနဲ့အတူတူရရှိနေတဲ့လူတွေအားလုံးက လုံတိုင်အဖွဲ့ရဲ့ ထိပ်တန်းအမှုဆောင်တွေပဲ”
ထိုငြင်းခုံသံများကြာတွင် ကျန်းမင်ခယ့်သည် သူ့တစ်ကိုယ်လုံးအေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် ထိုအချိန်က လုံတိုင်အဖွဲ့၏ ဥက္ကဌချင်းယွမ်ကို ကောင်းစွာသိထားသူဖြစ်သည်။ သူ့နောက်မှလူများအားလုံးသည် အမှန်ပင် လုံတိုင်အဖွဲ့၏အကြီးတန်းအရာရှိများဖြစ်ကြ၏။ သူသေချာသိနေရသည့်အကြောင်းမှာ သူသည်လည်း လုံတိုင်အဖွဲ့တွင် အလုပ်လုပ်သောကြောင့်ဖြစ်သည်။ နှစ်ပတ်လည်ကုမ္ပဏီအစည်းအဝေးတွင် ချင်းယွီမ်ကို အဝေးမှ မြင်လိုက်ရသည့် အချိန်ရှိခဲ့ဖူးသည်။ ကျန်းမင်ခယ့်သည် ချင်းယွမ်ကို အလွန်အမင်း အလေးအနက်ထားသည်။ သို့သော် လုံတိုင်အဖွဲ့၏ ဥက္ကဌက ထိုလူက ယနေ့ ဤမျှထိလေးလေးစားစားဆက်ဆံလိမ့်မည်ဟု မည်သည့်အချိန်ကမျှ မမျှော်လင့်ထားခဲ့ဖူးပေ။
သူက မည်သူနည်း။
ဤသည်ကို စဥ်းစား၍ ကျန်းမင်ခယ့်က တုန်လှုပ်ခြောက်ခြားနေသည်။ ယခုအချိန်တွင် လျို့လောင်သာ့၏တုံ့ပြန်မှုက ပို၍ဆိုးလာသည်။ သူ၏ မျက်နှာတစ်ခုလုံးအရောင်ဖျော့သွားကာ တစ်ကိုယ်လုံးတုန်ယင်နေသည်။
“အစ်ကိုလျို့၊ ဘာဖြစ်လို့လဲ” ကျန်းမင်ခယ့်က စိုးရိမ်တကြီးမေးသည်။
သူ့စကားအဆုံး၌ပင် လျို့လောင်သာ့သည် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်၏။
ကျန်းမင်ခယ့်က အံ့အားသင့်သွားပြီးနောက် မျက်နှာကိုကိုင်၍ လင်လောင်သာ့ကိုကြည့်ကာဖြစ်ပျက်နေသည်များကို နားမလည်နိုင်ခဲ့ပေ။
“ကျန်းမင်ခယ့် မင်း အသက်ရှင်ရတာ စိတ်ညစ်နေပြီလား။ ငါ့ကို ဒီကိစ္စထဲဆွဲမထည့်ပါနဲ့လား”
“အစ်ကိုလျို့ ဘာဖြစ်နေတာလဲ” ကျန်းမင်ခယ့်က ငိုတော့လုမည့်နီးပါး မေးလိုက်သည်။
လျို့လောင်သာ့က လှောင်ရယ်လိုက်သည်။
“ဒီကောင်ဘယ်သူလဲဆိုတာ မင်းသိလား”
“ဘယ်သူလဲ”
“အဲ့တာ မစ္စတာရွှယ်ပဲ ပေကျန်းလမ်းတွေတိုင်းမှာ သူ့ကို ဘယ်သူမှ မရှုပ်ရဘူးဆိုတာ သိကြတယ်။ မင်းငါ့ကို သူ့နောက်လိုက်ခိုင်းတာလား။ ငါ့ကို သေစေချင်နေတာလား” လျို့လောင်သာ့က ဤသို့ပြောပြီးနောက် နောက်ထပ်နှစ်ချက် ထပ်ရိုက်လိုက်သည်။
ကျန်းမင်ခယ့်၏ နှာခေါင်းမှ သွေးများထွက်လာရာ မျက်လုံးမှလည်း မျက်ရည်များစီးကျလာ၏။
အခန်း(၁၁၇) မြစ်ကိုဖြတ်သော ဓား
ယနေ့ ဧပြီလဆယ်ရက်နေ့တွင် ပျော်မြူးနေသော နတ်ဘုရားများသည် မြောက်ဘက်တွင်တည်ရှိ၍ အရှေ့တောင်ဘက်တွင် ကြွယ်ဝသော နတ်ဘုရားများတည်ရှိကာ ထုံတမ်းများ၊ နှစ်ခြင်းများ၊ အသုဘအခမ်းအနာပြုလုပ်ရန်သင့်လျော်သော်လည်း ကောင်းချီမင်္ဂလာများအတွက် ဆုတောင်းခြင်း သို့မဟုတ် မင်္ဂလာပွဲကျင်းပခြင်းတို့ကို ရှောင်ကြဥ်ရန် အကြံပြုထားသည်။
အိမ်ကမထွက်ခင် အဘိုးကြီးရှဲသည် ပြက္ခဒိန်ကို တမင်စိုက်ကြည့်လိုက်သည်။ ယနေ့သည် ကောလဟာလသတင်းများထွက်ပေါ်နေသော နေ့တစ်နေ့ ဖြစ်သောကြောင့် အဘိုးကြီးရှဲ့သည် ယမန်နေ့ကတည်းကစ၍ သူ၏ စားသောက်ဆိုင်ကို ပိတ်ပစ်ခဲ့ကာ ရေမိုးချိုး၍ ဆံပင်ညှပ်ခဲ့သည်။ သူ့ကိုယ်သူ ပြင်ဆင်ပြီးသည့်နောက် တစ်ညတာလုံး မီးဖိုချောင်ထဲတွင် ဓားထိုင်သွေးနေခဲ့သည်။ သူက မည်သည့်အကူအညီမျှ ဖြစ်လိမ့်မည်မဟုတ်ကြောင်း ကောင်းစွာသိထားသော်လည်း နောက်ဆုံးတွင်မူ သူသည် ယောက်ျားတစ်ယောက်ဖြစ်သည်။
အနည်းဆုံးအနေဖြင့် ကျေးဇူးတရားကို သိတတ်ပြရမည်ဖြစ်ကာ ရွှယ်အန်းသည် သူနှင့် ကျင်းကျင်းကို ကြင်နာပြခဲ့သဖြင့် ထိုအကျွေးကို ပြန်ဆပ်ရန် သူ့အသက်ကို စွန့်လွှတ်ရလျှင်ပင် ထိုက်တန်သည်မဟုတ်လော။ တစ်ဖက်တွင်မူ အန်တီဖန်သည် အိမ်မှမထွက်ခွာမီ ဗောဓိဓမ္မ ရုပ်ပွားတော်ရှေ့တွင် ဘုရားစာအနည်းငယ်ရွတ်ဆိုလိုက်သည်။
ပုံမှန်အားဖြင့် ရှဲ့ကျင်းကျင်းသည် ယင်းကို လျှို့ဝှက်စွာလှောင်ပြောင်လေ့ရှိသော်လည်း ယနေ့တွင်မူ သူမနားတွင် ဒူးထောက်ထိုင်ချ၍ လက်နှစ်ဖက်ဖြင့် လက်အုပ်ချီကာ နှလုံးသားထဲမှ တိတ်တဆိတ် ဆုတောင်းလိုက်သည်။
‘ကျွန်မရဲ့ရှောင်အန်း အန္တရာယ်ကင်း ဘေးရှင်းစေရန်အတွက် အထက်ကောင်းကင်ဘုံနတ်ဘုရားအားလုံးဆီ ဆုတောင်းပါတယ်’
ပြင်ဆင်ပြီးနောက် အိမ်ကို သော့ခတ်ကာ တစ်မိသားစုလုံး ချင်ဖုန်းမြစ်ကမ်းနားသို့ ဦးတည်သွားကြသည်။ ချင်ဖုန်းမြစ်သည် ပေကျန်း၏အနောက်တောင်ဘက်တွင် တည်ရှိသည်။ ယင်းသည် ခုနှစ်ဆယ်မှ ရှစ်ဆယ်မျှ အထိ ဝေးကွာသော ခရီးဖြစ်ကာ အဘိုးကြီးရှဲ့က ထိုနေရာမှ တက္ကစီစီးရန် စီစဥ်ခဲ့သော်လည်း အပြင်သို့ ထွက်ပြီးနောက် လမ်းများက တိတ်ဆိတ်လျက် လူသွားလူလာနည်းပါးနေလှသည်ကိုသာ မြင်လိုက်ရသည်။
အခက်အခဲများစွာ၏နောက်ဆုံးတွင် တက္ကစီတစ်စီးကို တွေ့လိုက်ရသော်လည်း စျေးသည် ပုံမှန်စျေးထက် သုံးဆဖြစ်နေ၏။ သို့ထိတိုင် အဘိုးကြီးရှဲ့က ယင်းကို ဂရုမစိုက်ပေ။ တက္ကစီသမားသည် စကားအလွန်ပြောတတ်သောကြောင့် မေးလိုက်သည်။
“ချင်ဖုန်းမြစ်ကို ပွဲကြည့်ဖို့ သွားနေကြတာလား။ ဟားဟား နောက်ကျနေပြီ”
တက္ကစီမှ ထွက်လာပြီးနောက် အဘိုးကြီးရှဲ့နှင့် မိသားစုဝင်များအားလုံးသည် တက္ကစီသမားက မည်သို့ဆိုလိုခြင်းဖြစ်ကြောင်း နားလည်သွားသည်။
အများအားဖြင့် လူဆိတ်ညံသော ကမ်းပါးများသည် ယခုအခါတွင် လူအများဖြင့် ပြည့်နှက်နေသည်။ အဆုံးမဲ့သော လူအုပ်ကြီးသည် ထိုနေရာကို မည်သူမျှ မဖြတ်သန်းနိုင်လောက်ရအောင် တင်းကြပ်စွာပိတ်ပြည့်နေသည်။
အမှန်ပင် ၎င်းတို့၏ အလယ်နေရာတွင် လွတ်နေသော နေရာကြီးတစ်ခု ရှိသည်။ သို့သော် အလွန်ဝေးလွန်းလှသဖြင့် ၎င်းတို့သည် လူအုပ်ကို ဖြတ်သန်းမသွားနိုင်ကြပေ။ အဘိုးကြီးရှဲ့က စိတ်ပူနေသည်။
‘သူတို့ မလုပ်နိုင်ရင်ဘယ်လိုလုပ်မလဲ’
၎င်းတို့ မငြိမ်မသက်ဖြစ်နေစဥ်၌ပင် လူအုပ်၏ နောက်ကျောဘက်မှ လှုပ်လှုပ်ယွယွဖြစ်လာကာ ကားတစ်ဒါဇင်ခန့်က ဖြည်းညှင်းစွာမောင်းနှင်လာသည်။ လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်၍ ကားများဝင်သွားသောအခါ စတင်၍ အသက်ဝင်စွာဆွေးနွေးနေကြသည်။
“ဒါက ချင်းမိသားစုရဲ့ကားတွေပဲ။ ချင်းမိသားစုရောက်လာပြီ’
“ဟုတ်တယ် ချင်းမိသားစုရဲ့ မမလေးလည်း အဲ့ကား နောက်မှာ ထိုင်နေတာတွေ့လိုက်တယ်”
“အခုတော့ စတော့မှာပဲ”
ရှဲ့ကျင်းကျင်းသည် လည်ပင်းကို မြှင့်လျက် မော့ကြည့်လိုက်သောအခါ ထိုကားထဲမှဆင်းလာသူများကြားတွင် ရွှယ်အန်း၏ အရိပ်အယောင်မမြင်ရသည်ကို သတိပြုမိကာ သက်ပြင်းချလိုက်မိသည်။
သူမသည် ရွှယ်အန်းကိုမလာစေချင်ခဲ့ပေ။
နောက်ထပ်သော ဇိမ်ခံကားများစွာဝင်လာသောအခါ ပေကျန်းမြို့မှ အခြားသော လူချမ်းသာမိသားစုများပါလာသည်။ အချိန်အနည်းငယ်အတွင်း၌ပင် ချင်ဖုန်းမြစ်ကမ်းနား၌ ပေကျန်း၏ မိသားစုကြီးများအားလုံး စုရုံးလာသည်။
ထို့ကြောင့် ယင်းတို့ထဲတွင် ဝူဝေ့တုန်သည်လည်း မပါမဖြစ်ပါဝင်၏။
သူက ချင်းမိသားစုကို စိတ်ကျေနပ်မှုအပြည့်ဖြင့် အဝေးမှကြည့်နေသည်။ အထူးသဖြင့် ချင်းယွီနှင့် အခြားလူများ၏ မျက်နှာထက်မှ လေးနက်သော အမူအရာများကို မြင်လိုက်ရသောအခါတွင် သူစိတ်တွင် လှောင်ရယ်လိုက်သည်။ ချင်းမိသားစု၏ လက်ရှိအခြေအနေအများစုသည် ရွှယ်အန်း၏ ဆောင်မမှုကြောင့်သာဖြစ်သည်။
ရွှယ်အန်းသာ ယနေ့ရှုံးနိမ့်ခဲ့ပါက…ချင်းမိသားစု၏ စွမ်းအားသည်လည်း ပျောက်ဆုံးသွားမည်မှာ သေချာသည်။
ထို့နောက်တွင်… ပေကျန်းက ချင်းမိသားစုဟူသော အမည် ဆက်လက်တည်ရှိနေမည်မှာ မသေချာတော့ပေ။
သူက ဤသို့ စဥ်းစားနေစဥ်တွင် လူအုပ်ကြီးထံမှ ကြီးမားသော အာမေဋိတ်အသံတစ်ခုထွက်ပေါ်လာသဖြင့် ဝူဝေ့တုန်က အမြန်လှမ်းကြည့်လိုက်သောအခါ နောက်ကျောတွင် လက်နှစ်ဖက်ယှဥ်၍ ရပ်နေသော လူငယ်တစ်ယောက်သည် ၎င်းတို့ဆီသို့ လျင်မြန်စွာပျံသန်းလာသည်ကို မြင်လိုက်ရသည်။
မှန်သည်၊ ပျံသန်းနေခြင်းဖြစ်သည်။
ဤမြင်ကွင်းသည် လောကအကြောင်း ကောင်းစွာမသိကြသေးသည့် သာမန်ပြည်သူလူထုကို တုန်လှုပ်စေသည်။ ထန်တုန်နှင့် အခြားသူများ၏ မျက်နှာထက်တွင် အလွန်လေးနက်သော အမူအရာများရှိနေကြသည်။ မကြာခင်၌ပင် လူငယ်တစ်ယောက်ရောက်ရှိလာသည်။ ထိုမှသာလျှင် သူ့ခြေထောက်အောက်တွင် ဓားတစ်လတ်ရှိနေကြောင်း လူအများက ရှင်းလင်းစွာမြင်သွားကြသည်။
ဓားထိန်းချုပ်ပြီး ပျံလာတာလား
သူက ဓားအင်မော်တယ်များလား
ရွာသားအများအပြားသည် ယနေ့တွင် ဓားအင်မော်တယ်အစစ်အမှန်ကို ကြုံတွေ့ရမည်ဟု တွေး၍ လှုပ်လှုပ်ယွယွဖြစ်လာကြသည်။ သို့သော်လည်း ထန်တုန်နှင့် ထန်ရှောင်းယွီတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ အံ့အားသင့်သွားကြသည်။ ဤသည်မှာ ဓားအင်မောတယ်မဟုတ်သော်လည်း အလွန်ကြောက်မက်ဖွယ်ကောင်း၏။ အရှင်ဗောဒိဓမ္မက အရှေ့ဘက်သို့ ကူးသောအခါ ကျူပင်ကို ဖြတ်၍ မြစ်ကို ကူးသည်ဟုဆိုခဲ့ကြဖူးသည်။ ယွီမိသားစု၏ သားဖြစ်သူ ယွီယန် ယခုအသုံးပြုနေသည့်အရာသည် နတ်စွမ်းအင်တစ်မျိုးဖြစ်ကြောင်းထင်ရှားသည်။
ယွီယန်၏ မျက်နှာထက်တွင် ခံစားချက်ကင်းမဲ့လျက် လက်နှစ်ဖက်ကို အနောက်သို့ ယှက်ထား၍ ချင်ဖုန်းမြစ်ကို ဓားဖြင့်ဖြတ်လာသည်။ သူသည် အခြားမည်သူ့ကိုမျှ ထည့်သွင်းစဥ်းစားပုံမပေါ်ပေ။
“ကျွန်တော်က ဒီမှာ ဓားသရုပ်ပြဖို့ ယွီမိသားစုက လွှတ်လိုက်တဲ့ ယွီယန်ပါ။ ရွှယ်အန်းဘယ်မှာလဲ”
သူ၏ အသံသည် ကျယ်လှသည်မဟုတ်သော်လည်း အဝေးထိ ပျံ့လွင့်သွားသည်။
မည်သူမျှ အသံမထွက်ဝံ့ကြပေ။ ခဏအကြာတွင် ခပ်တိုးတိုးအသံတစ်ခု ထွက်ပေါ်လာသည်။
“ဒီရွှယ်အန်းက လာရမှာများ ကြောက်နေတာလား”
“အဲ့တာဆို အခြားတစ်ဖက်က ယွီမိသားစုမို့လို့ဖြစ်မယ်။ အရူးတောင် မလာရဲလောက်ဘူး”
“ကျစ် ကျစ် အနှိုင်းမဲ့ ရွှယ်အန်းတော့ ထွက်ပြေးသွားပြီ”
ဤဆွေးနွေးမှုများကြားတွင် လူအများက ချင်းမိသားစုကို အထင်သေးစွာကြည့်နေကြသည်။
ချင်းယွီ၏ မျက်နှာသည် အယုံကြည်နိုင်လောက်အောင် လေးနက်နေသည်။ သူမအပေါ်သို့ ကြီးမားသော ဖိအားတစ်ခု ရောက်ရှိနေသကဲ့သို့ ခံစားနေရသည်။ ထိုအချိန်တွင် ယွီယန်က အနည်းငယ်မျက်မှောင်ကြုတ်၍ လိုက်ပါလာသူများအားလုံးကို စစ်တမ်းကောက်လိုက်သည်။
“ရွှယ်အန်း… ဘယ်မှာလဲ”
မည်သူမျှ ပြန်မဖြေကြသည်။ ယွီယန်က မြေပြင်သို့ ခြေထောက်ဖြင့် ကန်ကာ တောင်ကုန်းငယ်တစ်ခုဆီသို့ ပျံတက်သွားလိုက်သည်။
“ရွှယ်အန်းကို တွေ့ဖို့ ငါဒီနေ့ လာခဲ့တာ။ အခု ငါသူ့ကို အမွေးတစ်တိုင်စာအချိန် စောင့်ပေးမယ်။ အဲ့အချိန်ထိသူမပေါ်လာဘူးဆိုရင် ငါ့ကို ရိုင်းတယ်ဆိုပြီး အဆိုးမဆိုနဲ့”
ထိုစကားကိုပြောပြီးနောက် ယွီယန်သည် တင်ပျဥ်ခွေထိုင်ချ၍ ရှည်မျောသောဓားကို သူ့ဒူးပေါ်တွင် တင်ထားလိုက်သည်။ သူ့ရှေ့တွင်ကာ အမွေးတိုင်တစ်တိုင်ကို စိုက်ထူထား၏။ အောက်တွင်ရှိနေသော လူအများအပြားသည် စကားစမြည်ပြော၍ အော်ဟစ်နေကြသည်။ ဤအခိုက်အတန့်တွင် ဝူဝေ့တုန်က မထိန်းနိုင်တော့ဘဲ လှောင်ရယ်လိုက်၏။
“ဟာဟား ဒီမစ္စတာရွှယ်ရဲ့ ကျင့်ကြံရေးအဆင့်က နတ်အဆင့်လို့ လူတွေပြောကြပေမယ့် ယွီမိသားစုကို ကြောက်တဲ့သူဖြစ်နေပေရောလား”
ဤအချိန်တွင် ရှဲ့ကျင်းကျင်းနှင့် အခြားသူများက ဝူဝေ့တုန်၏ စကာများကိုကြားလိုက်ရကာ အလွန်ဒေါသထွက်သွားသဖြင့် ပြန်ဖြေလိုက်မိသည်။
“ပါးစပ်ပိတ်ထား အစ်ကိုရှောင်အန်းအကြောင်းပြောရအောင် ရှင့်ကိုယ်ရှင် ဘာထင်နေလဲ”
“အစ်ကို ရှောင်အန်းဟုတ်လား။ ဟာသပဲ။ မင်းကဘယ်သူမို့လို့ ငါ့ကို လာဆူနေတာလဲ” ဝူဝေ့တုန်က ဤသည်မှာ သာမန်မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ဒေါသမထိန်းနိုင်တော့ပေ။
ဤအခိုက်အတန့်တွင် သူ့ဇနီးသည်၏ မျက်လုံးများတောက်ပလာ၍ ပြောလိုက်သည်။
“ဒါဆို မင်းပဲပေါ့ နင်က ငါ့သားသေရအောင်လုပ်တဲ့ကောင်မမလား။ အခုလူသတ်သမား ရွှယ်အန်းကိုစိုးရိမ်ပေးနေတာလား။ ငါနင့်ကို ပြောလိုက်မယ်။ နင်နဲ့ နင့်ရွှယ်အန်းနှစ်ယောက်လုံး ဒီနေ့ ကောင်းကောင်းမနေရဘူး”
မိန်းမက အဆိပ်ပြင်းသော လေသံဖြင့်ပြောလိုက်သည်။ ထိုမှသာလျှင် ဝူဝေ့တုန်သည် ဤမိန်းကလေးမှာ သူ့သားသေဆုံးသွားခဲ့ရခြင်း၏ အကြောင်းပြချက်ဖြစ်သည့် ရှဲ့ကျင်းကျင်းဖြစ်ကြောင်းသိလိုက်ရကာ မျက်နှာတွင် နာကျင်မှုများဖြင့် ပြည့်နှက်လာသည်။ လင်မယားနှစ်ယောက်၏ စကားသည် ပတ်ဝန်းကျင်မှ လူများ၏ အာရုံကို ဖမ်းစားသွားသည်။ ရှဲ့ကျင်းကျင်းသည် အံကို တင်းကြပ်စွာကြိတ်လျက် သွေးဆူနေသော မိန်းမကို ခေါင်းမော့၍ကြည့်လိုက်သည်။
“အရေးမပါတွေပြောမနေစမ်းနဲ့၊ ကျွန်မက ရှင့်သားကို သေအောင်လုပ်တယ်ဟုတ်လား။ အစ်ကိုရှောင်အန်းသာ အဲ့နေ့က အဲ့အချိန်မှာရောက်မလာရင် ရှင့်သားက ကျွန်မကို သေအောင်သတ်တော့မယ့်နီးနီးပဲ။ ရှင်က အခုတော့ လိမ်ရဲတယ်ပေါ့”
အမျိုးသမီးသည် ရှဲ့ကျင်းကျင်းက ပြန်ပြောဝံ့လိမ့်မည်ဟုမထင်ခဲ့သောကြောင့် မူလတွင် အလွန်ထိတ်လန့်အံ့သြသွားသော်လည်း သူမ၏ မျက်နှာသည် ဒေါသအမျက်ထွက်၍ နီရဲလာသည်။
“ဒီကောင်မ အခုချက်ချင်း ငါနင့်ကို သင်ခန်းစာပေးမယ်”
သူမသည် ရှဲ့ကျင်းကျင်း၏ ဆံပင်ကိုဆွဲဆောင့်ရန် လက်လှမ်းလိုက်သည်။
အထက်တန်းကျောင်းသူလေး ရှဲ့ကျင်းကျင်းသည် ဤသို့သောအခြေအနေမျိုးဖြင့် တစ်ကြိမ်တစ်ခါမျှမကြုံခဲ့ဖူးသဖြင့် ခဏတာ အံ့အားသင့်သွားသည်။
သူ၏အမေဖြစ်သူ အန်တီဖန်က အချိန်မီရောက်လာ၍ သမီးဖြစ်သူကို ရိုက်ရန်ကြိုးစားနေသည်ကို မြင်လိုက်ရသောအခါ ချက်ချင် ဒေါသအိုးပေါက်ကွဲသွားသည်။ ထိုအချိန်တွင် သူမသည် ဝူကျဲ့ဖုန်း၏ မိခင်၏ မျက်နှာတည့်တည့်သို့ တစ်ချက်ရိုက်ချလိုက်သည်။ ဓာတ်ငွေ့ပိုက်လိုင်းများဖောက်ထားသည့် စားသောက်ဆိုင်တစ်ဝိုက်တွင် နေထိုင်သော အန်တီဖန်၏ လက်တွင် ထင်ရှားသိသာသည့် ခွန်အားများရှိနေသည်ဖြစ်ရာ ထိုပါးရိုက်ချက်ကြောင့် ဝူကျဲ့ဖုန်း၏ မိခင်သည် ကြယ်များ၊ လများကိုပင် မြင်လိုက်ရ၍ အချိန်များစွာကြာမှ ပြန်လည်သတိဝင်လာခဲ့သည်။
ဝူဝေ့တုန်သည် သူ့မိန်းမကို အနိုင်ကျင့်နေကြောင်း မြင်လိုက်ရသောအခါ ဝင်ပါရန် မတ်တပ်ထရပ်လိုက်သည်။ ထိုအချိန်တွင် အဘိုးကြီးရှဲ့၏ မျက်လုံးများမှာ ဒေါသစိတ်ဖြင့်နီရဲလာ၏။ သူသည် ဤလူများမှာ ထိုနေ့က သူ့သမီး၏ အပျိုစင်ဘဝကို အရယူရန်ကြိုးစားခဲ့သည့်လူယုတ်မာ၏ ဆွေမျိုးများဖြစ်ကြောင်း ကြားလိုက်ရသည်။
သူသည် သူနှင့် စာရင်းမရှင်းခဲ့ဖူးသည်ဖြစ်ရာ ယခုတွင်မူ ထိုသူတို့က ဦးစွာ နစ်နာသူဟန်ဆောင်နေကြသည်။
ခေါင်းပူနေသော အဘိုးကြီးရှဲ့သည် သူ့နောက်ကျောတွင်ထည့်ထားသော တစ်ညတာလုံးသွေးထားခဲ့သည့် ဓားကို ကိုင်ကာ အော်လိုက်သ်ည။
“ဘယ်သူက တက်လာရဲလဲဆိုတာ ငါကြည့်ချင်တယ်”
ဓားကိုမြင်သောအခါ ဝူဝေ့တုန်နှင့် သူ့ဇနီးဖြစ်သူတို့သည် အနည်ငယ်တုန်လှုပ်၍ နောက်သို့ပြန်ဆုတ်လိုက်သည်။
“စောင့်ကြည့်လိုက်စမ်းပါ။ နင်တို့က ရွှယ်အန်းကို အားကိုးနေကြတာမလား။ ဒီနေ့ ရွှယ်အန်းရှုံးပြီးရင် ဘာလုပ်မလဲဆိုတာ ကြည့်ချင်သေးတယ်”