← Chapters

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း(၁၁၈) မင်းနဲ့ ရင်ဆိုင်ဖို့ အထူးသိုင်းကွက်တွေတောင်သုံးစရာမလိုဘူး

“ရှင်က ချီးတွေပြည့်နေတာပဲ။ ကျွန်မအစ်ကို ရှောင်အန်းက ဘယ်တော့မှာ ရှုံးမှာမဟတု်ဘူး” ရှဲ့ကျင်းကျင်းသည် အလွန်ဒေါသထွက်လွန်းသဖြင့်ကျိန်ဆဲလိုက်မိသည်။

ဝူဝေ့တုန်က လှောင်ရယ်၍ တစ်စုံတစ်ခု ပြောတော့မည့်အခိုက်အတန့်တွင် ရုတ်တရက် လူအုပ်ထဲမှ မိန်းကလေးတစ်ယောက်ချဥ်းကပ်လာကာ ဝူဝေ့တုန်ကို ပါးရိုက်ချလိုက်သဖြင့် နောက်သို့လွင့်ထွက်သွားသည်။

ဝူဝေ့တုန်က မြေပြင်ပေါ်သို့ အပြင်းအထန်ပြုတ်ကျသောအခါ မိန်းကလေးက အေးစက်စွာပြောလိုက်သည်။

“စောက်အဓိပ္ပါယ်မရှိတာတွေ ထပ်ပြောရင် ကျွန်မ ရှင့်ကို သတ်ပစ်မယ်”

ဝူဝေ့တုန်သည် မြေပြင်ပေါတွင် လဲကျကာ တုန်ယင်လျက် မည်သည့်အသံမျှ မထွက်ရဲတော့ပေ။ ထို့နောက် ကောင်မလေးသည် ရှဲ့ကျင်းကျင်းကို ခေါင်းလှည့်ကြည့်လိုက်သည်။

ရှဲ့ကျင်းကျင်းက အနည်းငယ် ထိတ်လန့်စွာဖြင့် နောက်သို့ ပြန်ဆုတ်လိုက်သည်။

“ဟယ်လို အစ်မက ရွှယ်လန်ပါ”

“ရွှယ်လန်ဟုတ်လား။ ဒါဆို အစ်ကို အန်းက …”

“အစ်မတစ်ဝမ်းကွဲအစ်ကို” ရွှယ်လန်က ပြုံးပြလိုက်သော်လည်း သူမ၏ မျက်လုံးများသည် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။ ဆုန်ရိက ယွီမိသားစုသည် နှောက်ယှက်၍ ရသောမိသားစုမဟုတ်ကြောင်း ရှင်းလင်းစွာပြောထားသောကြောင့် ချင်းမန်မြို့မှသတင်းကိုကြားသည်နှင့် သူမ အပြေးရောက်လာခဲ့ခြင်းဖြစ်သည်။

သူမ ရောက်လာပြီးနောက် ဓားကိုစီး၍ မြစ်ကို ဖြတ်သော ယွီယန်ကိုမြင်လိုက်ရသောအခါ သူမ၏ နှလုံးသားတစ်ခုလုံးတုန်လှုပ်သွားရသည်။

ဤလူသည် ကြောက်မက်ဖွယ်ရန်သူတစ်ဦးဖြစ်မည်မှာ သေချာသည်။ ယခုအချိန်တွင် ရွှယ်လန်၏ အဆင့်သည် ဉာဏ်အလင်းပွင့်လန်းခြင်း ကနဦးအဆင့်တွင်ပင်ရှိနေ၍ ဆုန်ရိသည်ပင်လျှင် သူမ၏ တိုးတက်မှုကြောင့် တုန်လှုပ်သွားခဲ့ရသည်။ ထို့ကြောင့် ရွှယ်လန်သည် ယွီယန်က မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းပြောနိုင်၏။

ဝူဝေ့တုန်၏ အော်ဟစ်ပြောဆိုမှုသည် ရွှယ်လန်ကို အနှောက်အယှက်ဖြစ်စေလှသဖြင့် သူ့ကို သင်ခန်းစာတစ်ခု ပေးလိုသောစိတ်မျိုး ပေါ်လာသည်။ ရှဲ့ကျင်းကျင်း၏ မျက်လုံးများတောက်ပလာ၏။

“ဒါဆို အစ်ကိုရွှယ်အန်းက…”

“ငါလည်းသူ့ကို မတွေ့သေးဘူး”

သူမစကားအဆုံးတွင် ရွှယ်လန်သည် တောင်ကုန်းပေါ်တွင် မျက်လုံးမှိတ်ကာထိုင်နေသော ယွီယန်ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။ ရွှယ်လန်းလာမှသာလျှင် ဤသံသယအသံများအားလုံး တိတ်ဆိတ်သွားမည်ဖြစ်သဖြင့် သူမက ရွှယ်အန်းကို စောင့်မျှော်နေသည်။ ရွှယ်အန်းသည် ယွီယန်ကို မယှဥ်နိုင်ပါကဖြစ်လာမည့်အကျိုးဆက်များသည် စိတ်ကူး၍ပင် မရနိုင်သောကြောင့် သူမ အလွန် ထိတ်လန့်နေမိသည်။

သူမတုံ့ဆိုင်းနေစဥ်တွင် ယွီယန်က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ၏ရှေ့ရှိ အမွှေးတိုင်မှာမူ တစ်တိုင်လုံး မီးလောက်တော့မည်ဖြစ်၏။ ယွီယန်၏ မျက်နှာထက်တွင် အထင်သေးသော အမူအရာများထင်ဟပ်လာသည်။

‘ထင်တဲ့အတိုင်းပဲ’

‘ဒါဆို အခုထိ ရွှယ်အန်းက မလာရဲသေးဘူးပေါ့’

‘ဒါပေမယ့် ဒါက ပညာသားပါတဲ့ဆုံးဖြတ်ချက်ပဲ’

‘သူလာရင်တောင် ငါ့ဓားအောက်မှာ သေရမှာပဲလေ’

ယွီယနက် ခေါင်းကိုမော့၍ စကားပြောတော့မည့်အခိုက်အတန့်၌ပင် အဝေးရှိကောင်းကင်ယံထက်မှ လူတစ်ယောက် ပေါ့ပါးစွာချဥ်းကပ်လာသည်ကို မြင်လိုက်ရသည်။

ခြေလှမ်းများသည် နှေးကွေးနေသော်လည်း တစ်လှမ်းစီ၏အကြားတွင် ပေများစွာခြားသောကြောင့် ခဏအကြာတွင်၊ ထိုလူသည် ချင်ဖုန်းမြစ်ကမ်းနားသို့ ရောက်လာသည်။

"အဲ့တာ ရွှယ်အန်းပဲ”

“မစ္စတာရွှယ် ရောက်ပြီ"

အောက်ခြေလူအုပ်ကြီးတစ်ခုလုံး လှုပ်လှုပ်ရွရွဖြစ်လာသည်။ ရောက်ရှိလာသူမှာ ရွှယ်အန်းဖြစ်သည်။ယနေ့နောက်ကျရခြင်းအကြောင်းမှာ လူအများအတွက် ယုံရခက်နေပေလိမ့်မည်။

ရွှယ်အန်းနဲ့ ညီမဖြစ်သူတို့သည် နံနက်ခင်းတွင် အိပ်ရာထ နောက်ကျနေသဖြင့်ရွှယ်အန်းက အဖိုးတန်သမီးတော်နှစ်ယောက်အတွက် မနက်စာချက်ပြီးသည်နှင့်စားပြီးသည်အထိ စောင့်ပေးနေသောကြောင့် နောက်ကျနေခြင်းဖြစ်သည်။

ချင်းယွီနှင့် အခြားသူများသည် ရွှယ်အန်းကို မြင်လိုက်ရသောအခါ အကုန်လုံး စိတ်လှုပ်ရှားသွားကြသည်။ သို့သော် ဝူဝေ့တုန်နှင့် အခြားသူများသည်မူ အလွန်စိတ်ပျက်နေဟန်ရှိသည်။ ဤအချိန်တွင် ရွှယ်အန်းက အမှန်တကယ် လာဝံ့လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ ထိုအချိန်တွင် ယွီယန်သည် ရွှယ်အန်းကို မြူးတူးစွာကြည့်နေ၏။

လေမှ ပေါ်လာခြင်းသည် အမှန်စင်စစ် ကျွမ်းကျင်မှုကိုပြသနေခြင်းဖြစ်သော်လည်း သူပို၍ စွမ်းအားကြီးလေလေ ယွီယန်က ပို၍ စိတ်လှုပ်ရှားလေလေဖြစ်၏။ ထိုကဲ့သို့သော ပြိုင်ဘက်မျိုးကသာလျှင် သူ၏ ဓားတာအိုကို ပိုမို အစွမ်းထက်စေရန် စွမ်းဆောင်ပေးနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် ရွှယ်အန်းသည် လူအုပ်ကြီး၏ ခေါင်းများအထက်မှဖြတ်၍ အလျင်အမြန်ပင် တောင်ထိပ်ပေါ်သို့ ရောက်သွားသည်။

မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက်၊ ရွှယ်အန်းသည် ယွီယန်ကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်သည်။

"တောင်းပန်ပါတယ် ငါနောက်ကျနေပုံရတယ်"

ယွီယန်က မည်သည့်ခံစားချက်မျှမပြဘဲ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်၍ ရွှယ်အန်းကို စိုက်ကြည့်နေသည်။

"ဓားစိန်ခေါ်ခြင်းတိုကင်က ရှင်းရှင်းပဲ၊ မင်းငါ့ရဲ့ ယွီမိသားစုက တပည့်တွေကို သတ်လိုက်တာကြောင့်၊ ဒီနေ့ ငါ မင်းရဲ့အသက်ကို ယူဖို့ ယွီမိသားစုကို ကိုယ်စားပြုပြီးလာခဲ့တာ။ မင်းမှာ မေးခွန်းတွေရှိလား"

ရွှယ်အန်းက သူ့ခေါင်းကို ခါယမ်းလိုက်သည်။

“မေးခွန်းတွေ မရှိပါဘူး။ ယွီချင်းကို ငါသတ်လိုက်တယ်။ အဲ့တာကြောင့် ဓားစိန်ခေါ်ခြင်းတုံကင်ကို ငါရခဲ့တယ်။ ဒါပေမယ့်… တကယ်လို့ မင်းငါ့အသက်ကိုယူချင်ရင်တော့”

ရွှယ်အန်းက ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။

"ဒါဆို မင်းမှာ အရည်အချင်း ရှိမရှိ ကြည့်ရမယ်"

လေထုသည် ရုတ်တရက် တင်းမာလာသည်။ အောက်မှကြည့်နေသော လူအုပ်ကြီးသည် ထိတ်လန့်သောမျက်နှာထားများဖြင့် ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားသည်။

‘တိုက်ပွဲမစခင်ကတည်းက ဒီလိုဖြစ်နေပြီလား’

တစ်ချိန်တည်းမှာပင် သူမနှလုံးသားထဲတွင် ထက်ထက်သန်သန် ဆုတောင်းနေချိန်တွင် ရှဲ့ကျင်းကျင်း၏ မျက်လုံးများသည် မျက်ရည်များ ပြည့်နှက်နေသည်။

ဗောဓိဓမ္မက ရှောင်အန်းကို အောင်ပန်း ကောင်းချီးပေးပါစေ။

ထိုအချိန်တွင် ယွီယန်က ခေါင်းညိတ်လိုက်သည်။

"မင်းပြောတာ မှန်ပါတယ်၊ ဒါပေမယ့်... ယွီမိသားစုရဲ့ဓားအောက်မှာ လွတ်မြောက်ဖူးတဲ့ လူတစ်ယောက်မှ မရှိဘူး။ မင်းလည်း… ထူးမခြားနားပါပဲ”

ထိုစကားကြောင့် ယွီယန်သည် သူ၏ဓားကို ဖြည်းညှင်းစွာဆွဲထုတ်လိုက်သည်။

ဓားရှည်သည် ဓားအိမ်ထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် နဂါးဟောက်သံနှင့်တူသော အသံတစ်ခု ထွက်ပေါ်လာ၍ အေးစက်သော အလင်းတန်းတစ်ခုသည် တောင်ကုန်းပေါ်ရှိ သစ်ပင်တိုင်းကို ချိုးဖျက်ပစ်လိုက်သည်။

"ဒါဟာ ဓားချီပဲ” ထန်တုန်က ပြောသည်။

"အဖေ၊ ဓားချီဆိုတာ ဘာလဲ" ထန်ရှောင်းယွီက မေးလိုက်သည်။

ထန်တုန်က ဆက်ပြော၏။

"လူတစ်ယောက်ရဲ့ဓားတာအို ကျင့်ကြံရေးအဆင့်က အတိုင်းအတာတစ်ခုအထိ ရောက်သွားတဲ့အခါ အလိုလိုထွက်လာတဲ့ စွမ်းအားပဲ။ အရမ်းအစွမ်းထက်ပြီး ပြိုင်ဘက်ကင်းတယ်”

ထန်ရှောင်းယွီ၏ အမူအရာသည်လည်း စိုးရိမ်မှုများပြည့်လာသည်။

သို့သော် ဤဓားချီ၏ ရှေ့တွင် ရွှယ်အန်းသည် တည်ငြိမ်မြဲတည်ငြိမ်နေ၍ သူ၏နှုတ်ခမ်းထောင့်ဖျားများသည်လည်း ပြုံးရိပ်များထင်ဟပ်နေသည်။

"နဂါးဟိန်းသံလို့ အမည်ပေးထားတဲ့ ဒီဓားဟာ မင်းရဲ့ ကံကြမ္မာရဲ့ အစိတ်အပိုင်းတစ်ခုပဲကွ" ယွီယန်က မောက်မာစွာ ကြွေးကြော်လိုက်သည်။

ရွှယ်အန်းက ခေါင်းခါလိုက်၏။

"ဓားကောင်းပါတယ်။ ဒါပေမယ့် ဓားသမားက အရည်အသွေးချို့တဲ့နေတာ နှမျောစရာပဲ”

ယွီယန်၏ အကြည့်များက အေးခဲသွားသည်။

"ဒီလိုဆိုမှတော့ ဒီလိုမျိုး ကြွားဝါဖို့ အရည်အချင်းပြည့်မီတဲ့ အရာတွေကို ငါကြည့်ပါရစေ"

ဤသို့ပြောပြီးနောက် ယွီယန်က ဓားဖြင့် စတင်တိုက်ခိုက်လိုက်သည်။ ဤတွန်းအားသည် အလွန်လျင်မြန်သောကြောင့် ကြည့်ရှုသူအများအပြားကို ပုံရိပ်ယောင်များဟုပင် ခံစားမိစေခဲ့သည်။

ယွီယန်၏ စွမ်းအားသည် အာကာသထဲသို့ အလိုလို ထိုးဖောက်ဝင်ရောက်လာသကဲ့သို့ ၎င်းသည် ယွီယန်၏ Yu လက်ထဲတွင်ရှိနေဆဲဖြစ်သော်လည်း ခြေလှမ်းတစ်ဒါဇင်ကျော်ခန့်အကွာတွင်ရှိသော ရွှယ်အန်း၏အရှေ့တည့်တည့်သို့ရောက်လာသည်။

အံ့သြဖွယ်ကောင်းလှအောင် လျင်မြန်သော တွန်းအားကြောင့် ရွှယ်အန်းကို ဂရုစိုက်သူအများအပြားက ထိတ်လန့်စွာ အော်ဟစ်ခဲ့ကြသည်။ရှဲ့ကျင်းကျင်းသည် ထိတ်လန့်စွာဖြင့် မျက်လုံးများကိုမှိတ်ထားလျက် နှလုံးခုန်သံများလည်း အလွန်လျင်မြန်ကျယ်လောင်နေသည်။

ယွီယန်၏ နှုတ်ခမ်းပေါ်တွင် မှိန်ဖျော့သော အပြုံးတစ်ခု ပေါ်လာသည်။ သူ၏အမြင်တွင်၊ ဤတွန်းအားသည် ပြီးပြည့်စုံလွန်းကာ ပြစ်ချက်ကင်းချောမွေ့လွန်းလှသည်။

‘မင်းက လွတ်မြောက်အင်မော်တယ်အဆင့်ကိုရောက်နေပြီဆိုရင်တောင် ငါ့ရဲ့ ကမ္ဘာကွဲလောက်တဲ့ ဓားချက်ကို ခံနိုင်မှာမဟုတ်ဘူး”

ယွီယန်က ဤသို့တွေးလိုက်သော်လည်း နောက်ထပ် တစ်စက္ကန့်၌ပင် သူ့အပြုံးများအေးခဲသွားသည်။

ရွှယ်အန်းသည် ထိုအခိုက်အတန့်တွင် လက်ကိုမြှောက်၍ ပေါ့ပါးစွာဖြင့် တားဆီလိုက်ရာ သူ၏လက်ညှိုးနှစ်ချောင်းအလယ်တွင် ဓားထိပ်က တည့်တည့်သက်ဆင်းသွားသည်။ ယွီယန်က သူ့ထန်သို့ အပြင်းအထန် တိုးဝင်လာသော စွမ်းအားကို ခံစားမိလိုက်ရပြီးနောက် လက်ကောက်ဝတ်တစ်ခုလုံး ချက်ချင်း ထုံကြဥ်သွားရသည်။ ထို့နောက်တွင် သူ့လက်ထဲမှ နဂါးဟိန်းသံဓားသည်‌ မြေပြင်ပေါ်သို့ ပြုတ်ကျ၍ ကျယ်လောင်သောအသံကြီးတစ်ခု ပေါ်ထွက်လာသည်။

တောင်၏ အောက်ခြေတွင် တိတ်ဆိတ်ခြင်းအတိပြီးသွား၏။ လူအများက အမြင်မှားသည်ဟုထင်လိုက်ကြသည်။

‘ဒီ အံ့သြဖို့ကောင်းတဲ့ဓားသိုင်းကို ရွှယ်အန်းက လက်ညှိုးလေးနဲ့ပဲတားလိုက်တလား’

ယွီယန်၏မျက်နှာသည် အလွန်ဖြူဖျော့သွားပြီးနောက် လျင်မြန်စွာနောက်ပြန်ဆုတ်လိုက်သည်။ ရွှယ်အန်းက နောက်သို့မလိုက်ဘဲ လက်နှစ်ဖက်ကို ပိုက်လျက် စိတ်ဝင်တစားကြည့်နေသည်။ ယွီယန်သည် လေးနက်သောအမူအရာဖြင့် ခြေလှမ်းနှစ်ဆယ်၊ သုံးဆယ်ခန့်အကွာအတိုင်းအတာအထိ လျှောက်ပြီးမှ ရပ်လိုက်သည်။

“ဘာ… အဲ့တာ ဘာသိုင်းလဲ”

ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ သူ့သွားဖြူဖြူများကို လှစ်ဟပြသကာ ခေါင်းခါလိုက်သည်။

“မင်းကိုကိုင်တွယ်ဖို့ အထူးတလှယ်သိုင်းကွက်တွေသုံးစရာမလိုပါဘူး”

ထိုစကားကြောင့် ယွီယန်၏ မျက်နှာသည် အလွန်ပင် အရုပ်ဆိုးသွားသည်။

“ကောင်းပြီ ငါဝန်ခံပါတယ်။ မင်းကို ငါလျှော့တွက်လိုက်မိတယ်။ ဒါပေမယ့် ယွီမိသားစုရဲ့စွမ်းအားက ဒါအကုန်ပဲလို့ မင်းထင်နေတာလား” ယွီယန်က အေးစက်စွာပြောလိုက်ပြီးနောက် သူ့လက်များထဲတွင် တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားသကဲ့သို့ လှုပ်ရှားလိုက်သောအခါ ကြီးကျယ်ခမ်းနားသော ဓားချီတစ်စင်း သူ့လက်ထဲတွင် ပေါ်လာသည်။

လူအများက တစ်ယောက်ကို တစ်ယောက်သိသာစွာကြည့်လိုက်ကြသည်။

“ပုံစံမဲ့ ဓားချီ၊ ဒီယွီယန်ရဲ့ ဓားတာအိုကျင့်ကြံရေးက တကယ့်ကို ကြောက်ဖို့ကောင်းတဲ့အဆင့်ထိရောက်နေပြီ”

ထန်တုန်က စိတ်ထဲတွင် ရေရွတ်လိုက်၏။

“ဒီနေ့ မင်းကို ယွီမိသားစုရဲ သတ်ဖြတ်ရေးဓားစွမ်းအားကို ကြည့်ခွင့်ပေးမယ်” ယွီယန်က လက်ကိုမြှောက်လျက်ပြောလိုက်သည်။

ထို့နောက် မီတာ ဆယ်ဂဏန်းမျှရှည်သော ဓားကြီးတစ်စင်းသည် လျင်မြန်စွာဖြင့် ခုတ်ပိုင်းကျလာ၏။

ယင်းသည် အရှိန်ပြင်းလွန်းလှသဖြင့် ရွှယ်အန်း၏ နောက်ဘက်ရှိ ချင်ဖုန်းမြစ်ကိုပင် ခေတ္တရပ်တန့်သွားစေကာ မြစ်မျက်နှာပြင်တစ်ခုလုံးတွင် အက်ကြောင်းတစ်ခု ပေါ်လာ၏။

မြစ်ကို ပိုင်းခြားနိုင်တဲ့ ဓားတစ်လတ်

ယွီမိသားစု၏ သတ်ဖြတ်ရေးဓား၏ စွမ်းအားသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

အခန်း(၁၁၉) ဓားတာအိုအစစ်အမှန်ဆိုတာ ဘာလဲ

သို့သော် ကောင်းကင်နှင့်မြေကြီးကို ခွဲနိုင်ပုံရသော ဓားစွမ်းအားအောက်တွင် ရွှယ်အန်းသည် ခပ်ပါးပါးပြုံး၍ တည်ငြိမ်မြဲတည်ငြိမ်နေ၏။

‘သေခါနီးနေပြီ မာန်တက်နေတုန်းလား’ ယွီယန်က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ဤအခိုက်အတန့်တွင် ရွှယ်အန်းက ဘာသိဘာသာပြောလိုက်၏။

“ဒီဓားချက်ကို ထည့်တွက်ရင် မင်းငါကို ခုတ်တာ နှစ်ခါရှိပြီ။ အေး… ဒီတစ်ခါ ငါ့အလှည့်ပဲ”

ဤသို့ပြော၍ ရွှယ်အန်းသည် လက်ကို မြှောက်ကာ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။ စွမ်းအားကြီးလှသော ဓား၏ရှေ့တွင် ဤလက်သီးချက်သည် အလွန်အရေးမပါပုံရသည်။ ထို့အပြင် မိန်းကလေးတစ်ဦး၏ လက်သီးတစ်လုံးကဲ့သို့ အင်အားမရှိသည့်နှယ် ပကတိ တိတ်ဆိတ်နေသည်။

လူအများက အထင်သေးစွာကြည့်နေကြ၏။

ဒါက ရာဇဝင်တွင်မယ့် မစ္စတာရွှယ်ဆိုတာလား။ သူ့မှာရှိတာ ဒါအကုန်ပဲလား။

ယွီယန်သည်လည်း ဤသို့တွေးကာ ရွှယ်အန်းကို သူ့ဓားဖြင့် ထက်ဝက်ပိုင်းလိုက်သည့် မြင်ကွင်းကိုပင်မြင်ယောင်နေသည်။ သို့သော် ထို့ ပေါ့ပေါ့ပါးပါး ထိုးလိုက်‌သော လက်သီးချက်သည် ကြောက်မက်ဖွယ်ကောင်းလှသော ဓားစွမ်းအင်၏ အပျော့ညံ့ဆုံးသော နေရာသို့ ထိုးဖောက်နိုင်သည့် အပ်တစ်ချောင်းနှင့်တူသည်။

မီးပုံပျံတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ယင်းသည် ကြီးမားသောအရှိန်အဟုန်ဖြင့် ရုတ်တရက် ပေါက်ကွဲသွားသည်။ ယွီယန်သည် အလွန်နာကျင်လွန်းလှသဖြင့် သွေးတစ်ပွက် အန်ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အင်အားများကို ဝါဂွမ်းတစ်မျှင်ကို ထိမိရန် အသုံးချလိုက်မိသကဲ့သို့ပင် အလွန် စိတ်ပျက်ဖွယ်ကောင်းလှသည်။ တစ်ချိန်တည်း၌ပင် ယွီယန်သည် သတိကြီးစွာဖြင့် နောက်ပြန်ဆုတ်သွား၏။

‘ဒီလူက တကယ် ကြောက်စရာကောင်းတာပဲ’

အရေးမပါလှဟုထင်ရသော လက်ချက်တစ်ခုတည်းဖြင့် သူ၏ ဓားချက်ကို တားဆီးနိုင်ခဲ့ခြင်းဖြစ်ရာ မည်မျှ ထိတ်လန့်ဖွယ်ကောင်းသည်ကို မြင်နိုင်၏။

ထို့အပြင် ဤသည်က အစသာရှိသေးသည်။ ရွှယ်အန်း၏ အမူအရာသည် မူလကအတိုင်းအရေးမစိုက်သကဲ့သို့ပြောနေ၏။

“အခု ထွက်ပြေးဖို့ စဥ်းစားနေတာလား။ နည်းနည်းနောက်ကျသွားပြီလို့ မထင်ဘူးတား”

ဤသို့ပြော၍ ရွှယ်အန်းက နောက်ထပ်လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြန်သည်။ ဤလက်သီးချက်သည် ငလျှင်တစ်ခုပေါက်ကွဲထွက်လာသကဲ့သို့ တောင်ကုန်းတစ်ခုလုံးကို တုန်ခါသွားစေသည်။ ယွီယန်သည် မတ်တပ်ရပ်မနေနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။ အရိုးများပျော့သွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် ခဏအကြာတွင် သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။

ရွှယ်အန်းသည် သူ့ဆီသို့ ဖြည်းညှင်းစွာလျှောက်လာသည်။

ယွီယန့်၏မျက်နှာတစ်ခုလုံးတွင် ကြောက်ရွံ့မှု အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ သူကျိန်းသေအနိုင်ရမည်ဟုထင်ထားသော တိုက်ပွဲသည် ထိုသို့သော အပြောင်းအလဲမျိုးဖြင့် ကြုံရလိမ့်မည်ဟု မည်သည့်အချိန်ကမျှ မတွေးခဲ့ဖူးပေ။ ယခုတွင်မူ သူရှုံးနေပုံပေါ်သည်။

ရွှယ်အန်း ချဥ်းကပ်လာသည်ကို မြင်သောအခါ ယွီယန်သည် အံကို တင်းတင်းကြိတ်၍ လျှာကို ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ကိုက်လိုက်သည်။

ထို့နောက် သွေးတစ်ပွက်ခန့် အန်ထွက်လာကာ ယွီယန်က လှောင်ရယ်လိုက်သည်။

“ရွှယ်အန်း မင်းက ကြောက်ဖို့ ကောင်းတယ်ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမယ့် မင်း သေကိုသေရမှာပဲ”

ဤသို့ပြောပြီးနောက် ယွီယန်၏ ကိုယ်ရောင်ကိုယ်ဝါများပျောက်သွားသည်။ တစ်ချိန်တည်း၌ပင် သူသည် သူ့နောက်မှ တောင်ကုန်းနှင့် ချင်ဖုန်းမြစ်တို့ကို ပေါင်းဆီးလိုက်သည်။

ထို့နောက် ချက်ချင်းပင် ယွီယန်၏ အရှိန်အဝါသည် ရုတ်တရက်ထိုးတက်လာ၏။ အရေးအကြီးဆုံးမှာ ရွှယ်အန်းက သူ့ကို ယခုတိုက်ခိုက်မည်ဆိုပါက ချင်ဖုန်းမြစ်နှင့် တောင်ကုန်းကို တိုက်ခိုက်ခြင်းနှင့် ဆင်တူသည်။ ဤအချက်က ရွှယ်အန်း၏ လက်သီးကို သွယ်ဝိုက်သော နည်းလမ်းဖြင့် အင်အားနည်းသွားစေခြင်းဖြစ်သည်။ ဤအခိုက်အတန့်တွင် ယွီယန်သည် လေထဲတွင် ဆိုးယုတ်သော ကျေနပ်သည့် အမူအရာမျိုးဖြင့် မတ်တပ်ရပ်နေသည်။

“ရွှယ်အန်း မင်းက မင်းကိုယ်မင်းအရမ်းအထင်ကြီးနေပေမယ့် အခုတော့ မင်းငါ့ကို ဘာလုပ်နိုင်သေးလဲ”

ဤသည်မှာ ယွီယန်သည် နှစ်များစွာအတွင်း၌ ဇွဲမလျှော့ဘဲ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် နည်းပညာတစ်ခုဖြစ်သဖြင့် ခုခံနိုင်စွမ်းရှိသူမရှိဟု ယူဆထားသည်။ သို့သော် ရွှယ်အန်းသည် ထိုနေရာတွင် မတ်တပ်ရပ်လျက် လေထဲသို့ မျောလွင့်နေသော ယွီယန်ကိုကြည့်လိုက်ပြီးနောက် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

“မင်းမှားသွားပြီ”

ယီယန်က ထိတ်လန့်သွား၏။

“မှားတယ်ဟုတ်လား။ မင်းဘာကိုဆိုလိုတာလဲ”

“ငါပြောချင်တာက မင်းရဲ့ ဓားတာအိုကျင့်ကြံတဲ့နေရာမှာ လမ်းလွဲနေတယ်”

ယွီယန်အတွက်မူ အကြီးကျယ်ဆုံးဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ကျယ်လောင်စွာရယ်မောလိုက်သည်။ ရယ်မောပြီးသည့်နောက် ယွီယန်သည် ရွှယ်အန်းကို စိုက်ကြည့်နေ၏။

“ငါတို့ယွီမိသားစုရဲ့ ဓားသိုင်းကျင့်ကြံသူတွေက မှားနေတယ်လို့ မင်းပြောရဲတယ်ပေါ့”

“မင်းရဲ့ကျန်တဲ့မိသားစုကိုတော့ ငါမသိပေမယ့် မင်းကတော့ သေချာပေါက်မှားနေတယ်”

“အိုး ငါဘယ်မှာမှားသွားတာလဲ” ယွီယန်က လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။

ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ ပြန်ဖြေ၏။

“ဓားသမားတွေရဲ့က သူတို့ရဲ့ဓားချီကို ဘယ်အရာကမှ မရပ်နိုင်လောက်တဲ့အရှိန်အဟုန်မျိုးနဲ့ ကျင့်ကြံကြတယ်။ ငါမြင်ဖူးသမျှ ဓားသမားတိုင်းက ဒီလိုပဲ”

သူ၏ အတိတ်ရက်များ၌ အနတ္တစကြဝဌာတစ်ခွင် ခရီးသွားလာခဲ့စဥ်တွင် ရွှယ်အန်းသည် ဓားဧကရာဇ် တစ်ပါးထပ်မနည်း မြင်ခဲ့ဖူးသည်။ ဤဓားဧကရာဇ်များသည် ရွှယ်အန်းထက် ကျင့်ကြံရေးအဆင့်နိမ့်သော်လည်း ၎င်းတို့၏ အစွမ်းပကားသည် အလွန်ပြင်းထန်လှ၏။ ထို့အပြင် ဤလူများသည် ၎င်းတို့၏ ဓားချီကိုသာ အားကိုး၍ မည်သည့်မှော်ရတနာမျိုးမျှ မရှိကြသော်လည်း အနတ္တစကြဝဌာကို အလွယ်တကူ ခရီးသွားနိုင်ကြသည်။

ရွှယ်အန်းသည် ဓားဧကရာဇ်တစ်ပါးက ဓားတစ်ချောင်းတည်းဖြင့် ကြယ်နှစ်စင်းကို ခွဲခဲ့ဖူးသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရဖူးသည်။ ဤသည်ကသာ စစ်မှန်‌သော အမြင့်မြတ်ဆုံးဓားသမားတစ်ယောက်ပင်ဖြစ်သည်။

နှိုင်းယှဥ်ကြည့်လျှင် ယွီယန်သည် သစ်ပင်အခိုင်းအလက်များကို ခုတ်သင်၍ လေ့ကျင့်နေသော ကလေးငယ်တစ်ဦးနှင့်တူသည်။

ယွီယန်သည် ရွှယ်အန်း၏စကားများထဲတွင် အမှန်တရားများပါနေနိုင်သည်ဟု အနည်းငယ်ခံစားမိသောကြောင့် မျက်နှာတစ်ခုလုံး တဖြည်းဖြည်း ပြာနှမ်းလာသည်။

“အခုတော့ မင်းငါ့ကိုတိုက်ခိုက်ဖို့ လှည့်ကွက်လေးတွေလုပ်နေရတယ်လေ။ အဲ့တာကြောင့်တင် မင်းက ငါ့ထက် အဆင့်နိမ့်နေပြီကွ”

“မင်းက တကယ်စကားပြောတတ်တာပဲ။ မသိရင် ဓားအကြောင်းပဲကောင်းကောင်းသိသလိုနဲ့…”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ငါနားလည်တယ်လို့လည်း မပြောပါဘူး။ ဒါပေမယ့် ဒီနေ့ကမ္ဘာမှာတော့ ငါ့ထက်ပိုနားလည်တဲ့သူ ဘယ်သူမှရှိမှာမဟုတ်ဘူး”

ရွှယ်အန်းပြောခဲ့သည်မှာ အမှန်တရားပင်ဖြစ်သည်။ ထိုဓားဧကရာဇ်အနည်းငယ်မှတပါး သူ၏ ဓားတာအိုကျင့်ကြံမှုသည် အမှန်ပင် အနတ္တစကြဝဌာတစ်ခုလုံး၌ ပြိုင်ဘက်မရှိဟုယူဆနိုင်သည်။

“ဘယ်လိုတောင်ဟာသ…” ယွီယန်က လှောင်ပြောင်တော့မည့်ဆဲဆဲတွင် ရွှယ်အန်းက တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်သည်။

“မင်းဒီနေ့မယုံဘူးဆိုမှတော့ ဒီနေ့ ဓားတာအိုအစစ်အမှန်က ဘာလဲဆိုတာ မင်းမြင်အောင်ပြလိုက်မယ်”

ထိုသို့ပြောပြီးနောက် မြေပြင်ပေါ်တွင်ကျနေသော နဂါးဟိန်းဓားသည် ရုတ်တရက်ပျံတက်လာ၍ ရွှယ်အန်းအနားတွင် အကြိမ်အနည်းငယ်လည်ပတ်ကာ သိမ်မွေ့သော လေသံတချို့ထွက်ပေါ်လာသည်။ ယွီယန်သည် ယင်းကို ထိတ်လန့်တကြား ပါးစပ်အဟောင်းသားဖြင့် ကြည့်နေသည်။ ဤနဂါးဟိန်းဓားသည် သူ၏ဖခင်ဖြစ်သူမှ သူ့ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကာ နာမည်ကြီး ရှေးဟောင်းဓားတစ်လက်ဖြစ်သည်။ သို့သော် ယွီယန်အတွက်မူ ယင်းသည် သာမန်ထက် အနည်းငယ်ထက်မြက်သော ဓားတစ်စင်းသာဖြစ်၏။ နဂါးဟိန်ဓားသည် ထိုကဲ့သို့သော ဝိဉာဥ်ရေးရာစွမ်းအားမျိုး အမှန်ပင် ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ဤအခိုက်အတန့်တွင် ရွှယ်အန်းသည် နဂါးဟိန်းဓားကို ညင်သာစွာပွတ်သပ်လိုက်၏။

“မင်း ဒီနှစ်တွေတစ်လျှောက်လုံး ဒုက္ခရောက်ခဲ့ရပြီ”

နဂါးဟိန်းဓားသည် အလွန် စိတ်လှုပ်ရှားနေသကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် အော်ငြီးလိုက်သည်။ ထို့နောက် ရွှယ်အန်းလက်ထဲသို့ ဓားရောက်လာကာ ကြီးမားသော ဓားချီတစ်ခု ကောင်းကင်ယံသို့ မြင့်တက်သွားသည်။ ယွီယန်၏ ခန္ဓာကိုယ်သည် တစ်ကိုယ်လုံး တုန်ယင်နေပြီးနောက် ရွှယ်အန်းကို မယုံမကြည်နိုင်ဖြစ်စွာကြည့်နေသည်။

“ဒါက ဘယ်လိုဖြစ်ရတာလဲ… မင်းမှာ ဒီလောက် အစွမ်းထက်တဲ့ ဓားချီ ဘယ်လိုလုပ်ရှိမှာလဲ” ယွီယန်က ထိတ်လန့်စွာ အော်ပြောလိုက်သည်။

“မဖြစ်နိုင်တ ဘာမှမရှိဘူး… အဲ့တာ မင်းပဲ။ မင်းအရမ်းအားနည်းနေလို့ပဲ”

ထိုသို့ပြော၍ ရွှယ်အန်းက ဓားကို ခုတ်ပိုင်းလိုက်ရာ အချိန်သည်ပင် သူ၏ ဓားအောက်၌ ရပ်တန့်သွားတော့မည့်အလား ဖြစ်လျက်ရှိသည်။ ယွီယန်၏ မျက်နှာသည် ကြောက်လန့်မှုများနှင့် အလွန်အမင်းပြည့်နှက်နေသည်။ ထို့နောက် အနောက်ဘက်ရှိ ချင်ဖုန်းမြစ်နှင့် တောင်ကုန်းအပါအဝင်အရာအားလုံးသည် ဤဓားအောက်တွင် ကွဲအက်သွားသည်။

ယွီယန်သည် ရုန်းကန်ချိန်ပင်မရလိုက်ဘဲ အမြင့်မားဆုံးဓားချီ၏ ချေမှုန်းခြင်းခံလိုက်ရသည်။ သို့သော် အရှိန်သည်အလွန်လျင်မြန်လွန်းလှသဖြင့် နောက်ဆုံးထွက်သက်ကိုပင်မရှိုက်နိုင်ခဲ့ပေ။

“ဒီ… ဒီလောက်ကောင်းတဲ့ဓားချီ”

ဤသို့ပြောပြီးနောက် ယွီယန်သည် လေနှင့်အတူ ပျောက်ကွယ်သွားသည်။ တောင်ခြေမှလူများအားလုံး ငြိမ်သက်သွားကြသည်။ ယွီမိသားစုတွင် ပေကျန်းကို ဓားဖြင့် ခုတ်ပိုင်းပစ်မည်ဟု ကတိပြု၍ ထိုဓားတုံကင်ကို ထုတ်ပေးခဲ့သည်။ ယနေ့တွင် ရွှယ်အန်းသည် ဓားတာအို အစစ်အမှန်ကို ပြသခဲ့သည်။ သူသည် အမှန်ပင် မည်သူမျှ မယှဥ်နိုင်သော အနှိုင်းမဲ့စွမ်းအားရှင်ဖြစ်၏။ ထန်ရှောင်းယွီသည် ဓားကိုကိုင်လျက် ဂုဏ်ယူစွာမတ်တပ်ရပ်နေသော ရွှယ်အန်းကို ကြည့်၍ မျက်ရည်များဝဲလျက်ရှိသည်။

ဟွာတင်းတင်းနှင့် ဟွာရှင်းယွီတို့သည် အဝေးမှ ရပ်ကြည့်နေကြ၏။ အဆုံးသတ်တွင် ဟွာတင်းတင်း၏ ပါးပြင်ထက်သို့ မျက်ရည်များ စီးကျလာသဖြင့် ခေါင်းကိုငုံ့လိုက်သည်။

ဟွာရှင်းယွီက လေးနက်စွာသက်ပြင်းချ၍ မြေးမဖြစ်သူ၏ ပခုံးကို ပုတ်ပေးလိုက်သည်။

“ပြီးသွားပြီ အခုက စပြီး ကမ္ဘာပေါ်က ဘယ်သူကမှ မင်းကို သိတော့မှာမဟုတ်ဘူး။ မစ္စတာရွှယ်က နဂါးတစ်ကောင်ဖြစ်နေပြီ”

ရှဲ့ကျင်းကျင်းနှင့် အခြားသူများသည်မူ ဝမ်းသာအားရငိုကြွေးနေကြသည်။ ဝူဝေ့တုန်နှင့် သူ၏ ဝဖောင်းသော ဇနီးတို့သည်သာ တစ်ယောက်ကို တစ်ယောက် ထိန်လန့်တကြားကြည့်၍ အဝေးသို့ ထွက်သွားကြသည်။

သို့သော် မမြင်နိုင်သော ဓားချီနှစ်စင်း လျင်မြန်စွာဖြတ်သန်းသွားရာ နှစ်ယောက်သား ခေတ္တမျှ အေးခဲကာ ရပ်တန့်နေပြီးနောက်မှ ၎င်းတို့၏ ခေါင်းများသည် လေပြင်းနှင့်အတူ မြေကြီးပေါ်သို့ လိမ့်သွားသည်။ သွေးများ ကောင်းကင်ယံထက် သို့ ပန်းထွက်လာ၍ ၎င်းတို့၏ ခန္ဓာကိုယ်များသည်လည်း မြေပြင်ပေါ်သို့ လဲကျသွားသည်။

အခန်း(၁၂၀) ခုနှစ်ရက်ကြာပြီးနောက် ယွီမိသားစုကို ဓားများဖြင့် ခုတ်ပိုင်းပစ်ခြင်း

မည်သူမျှ စကားမပြောဝံ့ကြပေ။ ရွှယ်အန်းသည် သူ့ကို ဆန့်ကျင်သည့်လူတိုင်းကို တစ်ခုတည်းသော အဆုံးသတ်ဖြစ်သည့် သေခြင်းတရားသို့ပေးပို့ပေးမည်ဖြစ်ကြောင်း လူတိုင်းကို ပြသရန် သူ၏ အမြင့်ဆုံးကျင့်ကြံရေးစွမ်းအားကို ပြသခဲ့ပြီးဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် ရွှယ်အန်းသည် သူ၏နေရာမှ မရွေ့သေးဘဲ ထိုနေရာတွင်သာ ထူးခြားသော အမူအရာဖြင့်ရပ်နေသည်။ လူတိုင်းက တုန်လှုပ်ခြောက်ခြားနေ၍ မယုံကြည်နိုင်ဖွယ်အခြေအနေတွင် ရှိနေချိန်တွင် တောင်ငယ်လေးသည် ဝန်ကိုခံနိုင်သည့်ပုံမပေါ်တော့ဘဲ ကျယ်လောင်သော အသံကြီးများနှင့်အတူ ပြိုကျလာသည်ကို မြင်လိုက်ကြရသည်။

ရွှယ်အန်းသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်အငွေ့အသက်များဖြင့် လေထုထဲတွင် ရပ်နေသည်။

“ဒီနေ့ကစပြီး ခုနှစ်ရက်အတွင်း ငါ လင်နန်ကိုသွားပြီး ယွီမိသားစုကို ငါ့ဓားနဲ့ခေါင်းဖြတ်ပစ်မယ်”

ဤစကားက ပမထ လူတိုင်းကို အေးခဲသွားစေသော်လည်း ရွှယ်အန်းကို သူတို့ ပြန်ကြည့်လိုက်ပြီးနောက် ထိတ်လန့်သွားကြသည်။

‘သူနောက်နေတာလား’

ဒါမှမဟုတ် ယွီယန်ကို သတ်လိုက်ရုံနဲ့ ယွီမိသားစုကို တစ်ခုခုလုပ်နိုင်တယ်လို့ သူထင်နေတာလား

ယွီမိသားစုမှာ အဲ့ဓားအင်မော်တယ်ဘိုးဘေးရှိတယ်ဆိုတာ လူတိုင်းသိထားတာပဲ။ လူအများသည် သံသယများအပြည့်ဖြင့် ရွှယ်အန်းက ထိုသို့သော ကိစ္စမျိုးကို အဘယ်ကြောင့်လုပ်မည်ကို နားမလည်နိုင်ကြပေ။

သို့သော် ရွှယ်အန်းကသာ ဖြစ်ပျက်သွားသည့်အရာကိုသိထားသည်။ သူသည် ယွီယန်ကို ဓားဖြင့် တစ်ချက်တည်း ထိုးသတ်လိုက်သော်လည်း ယွီယန်၏ ဝိဉာဥ်သည်မူ လွင့်ထွက်သွားသည်။ ရွှယ်အန်းက ထိုအချိန်တွင် ဂရုမစိုက်ဘဲ ထိုဝိဉာဥ်ကို ပေါ့ပါးစွာဖမ်းကိုင်၍ မှတ်ဉာဏ်ကို ကြည့်ရှု့ရန် ရည်ရွယ်ထားသည်။

သို့သော်လည်း ယွီယန်၏ မှတ်ဉာဏ်များကို စူးစမ်းလေ့လာလိုက်သောအခါတွင် ယွီယန်၏ အမှတ်တရများအတွင်း၌ မထင်မှတ်ထားသော ပုံရိပ်တစ်ခုကို ရုတ်တရက်တွေ့လိုက်ရသည်။

မှုန်ဝါးနေသော်လည်း ရွှယ်အန်းသည် မည်သူဖြစ်သည်ကို တစ်ချက်တည်းဖြင့် မှတ်မိသေးသည်။

ယင်းသည် အန်းယန်ဖြစ်သည်။ အန်းယန်၏ နောက်ကျောဘက်မှ ပုံရိပ်ဖြစ်သည်။ သို့သော် ယွီယန်၏ မှတ်ဉာဏ်ထဲတွင် အဘယ်ကြောင့် သူမရှိနေသနည်း။ ရွှယ်အန်းသည် ယွီယန်၏ မှတ်ဉာဏ်များမှတစ်ဆင့် စတင်ရှာဖွေခဲ့သော်လည်း မည်သည့်သဲလွန်စမျှမရခဲ့ပေ။ သို့သော် မည်သို့ပင်ဆိုစေကာမူ ဤသည်က ရွှယ်အန်းအတွက် အလွန်အရေးကြီးသော သဲလွန်စတစ်ခုဖြစ်သည်။

အန်းယန်၏ ပျောက်ဆုံးမှုသည် ယွီမိသားစုနှင့် အလွန်ဆက်စပ်နေသည့်ပုံပေါ်သည်။ ဤသို့တွေး၍ ရွှယ်အန်းက သတ်ဖြတ်လိုစိတ်များအပြင်းအထန်ခံစားလိုက်မိသဖြင့် ယွီမိသားစုကို ခုနှစ်ရက်အတွင်း ခေါင်းဖြတ်သတ်မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ချင်းယွီနှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ရွှယ်အန်း အဘယ်ကြောင့် ဤမျှ ဒေါသဖြစ်နေရသည်ကို နားမလည်နိုင်ကြပေ။ တဖြည်းဖြည်းနှင့် လူအုပ်ကြီး လူစုခွဲသွားသောအခါ ရွှယ်အန်းက အေးစက်သောအမူအရာဖြင့်ဆင်းလာသည်။

ချင်းယွီက တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း တုံ့ဆိုင်းနေသည်။ ရွှယ်အန်း၏ လက်ရှိအမူအရာသည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။ ချင်းယွီနှင့် အခြားသူများပင်လျှင် ရွှယ်အန်း ဤမျှထိ ဒေါသဖြစ်ရသည်ကို မမြင်ခဲ့ရဖူးပေ။ သို့သော် ရွှယ်အန်းက အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်ပြီးနောက် သတ်ဖြတ်လိုသည့်ရောင်ဝါများ တဖြည်းဖြည်းပျောက်ကွယ်သွားကာ ပြန်လည်တည်ငြိမ်လာသည်။

“မစ္စတာ… မစ္စတာရွှယ်…” ချင်းယွီက မဝံ့မရဲပြောသည်။

ရွှယ်အန်းသည် အများအားဖြင့် စိတ်သဘောထားကောင်းကြောင်း သူမသိသော်လည်း လူသတ်ချင်စိတ်များ ပြည့်နှက်နေသည့် သူ့မျက်နှာသည် အမှန်တကယ်ပင် ကြောက်စရာကောင်းနေသဖြင့် အလွန်ထိတ်လန့်နေဆဲဖြစ်သည်။

ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

"ရှင်... အဆင်ပြေရဲ့လား" သူမက မေးသည်။

"ပြေပါတယ်"

"ဒါဆို ရှင်ဘာလို့ ယွီမိသားစုကို သုတ်သင်ချင်တာလဲ" ချင်ယွီက ရဲရင့်စွာ မေးလိုက်သည်။

ဤသည်က သာမာန်ပွဲတစ်ခုမျှမဟုတ်ပေ။ ဤသည်မှာ သိုင်းပညာမိသားစုကို စစ်ကြေညာခြင်း ဖြစ်သည်။

ချင်ယွီသည် သတင်းပြန့်ပြီးသည်နှင့် ဖြစ်ပေါ်လာမည့် မငြိမ်မသက်မှုကိုပင် တွေးကြည့်နိုင်သည်။

"ဘာမှမထူးခြားပါဘူး၊ ငါက သူတို့ကိုမမြင်ချင်ရုံပါ”

ချင်ယွီသည် ဤစကားကို ယခင်က တစ်နေရာ၌ ကြားဖူသကဲ့သို့ ရင်းနှီးနေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ထိုအချိန်တွင် အဘိုးကြီးရှဲ့၏မိသားစုသည် လျင်မြန်စွာရောက်လာသည်။

ရွှယ်လန်နှင့်ဆုန်ရိသည်လည်း ရွှယ်အန်းဘက်သို့ လိုက်ပါခဲ့သည်။

ရှဲ့ကျင်းကျင်းသည် သူမ၏ နှလုံးသားထဲတွင် စကားလုံးပေါင်းတစ်ထောင်ရှိသကဲ့သို့ ခံစားခဲ့ရသော်လည်း ရွှယ်အန်းကို သူမမြင်သောအခါ တစ်ခွန်းမျှမပြောနိုင်ပေ။ အထူးသဖြင့် ရွှယ်အန်းက သူမဘက်သို့လှည့်ကာ ပြုံး၍ ပြောလိုက်သောအခါတွင်ဖြစ်သည်။

“ကျင်းကျင်းလည်း‌ ဒီရောက်နေတာပဲ‌”

ရှဲ့ကျင်းကျင်းသည် သူမ၏နှာခေါင်းမှ ခပ်စူးစူးခံစားချက်မျိုးနှင့်အတူ ငိုချင်စိတ်ကို ခံစားလိုက်ရသည်။

ထိုအချိန်တွင် ဆုန်ရိက လေးနက်သောအမူအရာဖြင့် မေးသည်။

"မစ္စတာရွှယ် မင်းက ယွီမိသားစုကို စစ်ကြေညာတာ ဘာကြောင့်လဲဆိုတာ ငါမသိပေမယ့် မင်းလုပ်နေတာက...အရမ်းအလျင်လိုနေတယ်”

ဤသည်က တခြားသူများ၏ ခံစားချက်ကဲ့သို့ပင်ဖြစ်သည်။ သို့သော် ရွှယ်အန်းက ပေါ့ပေါ့ပါးပါးပြုံးလိုက်၏။

“ကျုပ်မှာ ကိုယ့်အတိုင်းအတာနဲ့ကိုယ်ရှိပါတယ်”

ဆုန်ရိက တစ်ခုခုပြောချင်သော်လည်း ရွှယန်အန်း၏မျက်နှာပေါ်မှ တည်တည်ငြိမ်ငြိမ်နှင့် ပြတ်သားသောအမူအရာကိုမြင်သောအခါ ပါးစပ်ကိုပိတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အဘိုးကြီးရှဲ့က သူ့ရင်ဘတ်ကို ပွတ်သပ်၍ ပြောလိုက်သည်။

"ရှောင်အန်းi၊ ငါဘယ်သူ့ကိုမှ မလေးစားဖူး၊ ဒါပေမယ့် မင်းကတော့ ပထမဆုံးပဲ။ မာန်တက်နေတဲ့ ချာတိတ်ကို မင်းအနိုင်ယူရုံတင်မကဘဲ သူမိသားစုကိုပါ ထိပ်တိုက်တိုက်ခိုက်ဖို့ သတ္တိရှိတယ်။ အဲ့ဒါကြောင့် အန်ကယ်ရှဲ့က မင်းကို သဘောကျတယ်။ အချိန်တန်ရင် မင်းနဲ့အတူ ငါလိုက်မယ်။ အန်ကယ် ရှဲ့ရဲ့ ဓားသွေးစွမ်းရည်က ကြွားဖို့သက်သက်ပဲမဟုတ်ဘူးဆိုတာ ပြချင်တယ်”

ဤသို့ပြော၍ အဘိုးကြီးရှဲ့သည် သူသွေးထားသော ဓားကို ငုံ့ကြည့်ကာ ဂုဏ်ယူသော မျက်နှာထားမျိုး ထင်ဟပ်လာသည်။ သို့သော် သူ၏စကားများကို အဆုံးမသတ်နိုင်သေးမီ၌ပင် အန်တီဖန်က ပါးပိတ်ရိုက်လိုက်သည်။

“လုံလောက်ပြီ ရှင့် လှည့်ကွက်လေးတွေနဲ့ ရှောင်အန်းရှေ့မှာ ကြွားနေသေးတာလား။ ရှင်ကျွန်မကိုတောင် မနိုင်ပါဘူး”

အဘိုးကြီးရှဲ့၏ မျက်နှာသည် ရိုက်ချက်ကြောင့် နီမြန်းသွားပြီးနောက် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

“ငါပြောချင်တာ… ကျင်းကျင်းအမေ လူတွေအများကြီးရှေ့မှာ ငါ့ကို မျက်နှာသာလေးတောင်မပေးနိုင်ဘူးလား”

“ထွီး… ရှင့်မှာ မျက်နှာတောင်ကျန်သေးလို့လား” အန်တီဖန်က ဆူပူလိုက်သည်။

ရွှယ်အန်းက တိတ်တဆိတ် အားပါးတရရယ်လိုက်သည်။ အမှန်ပင် အဘိုးကြီးရှဲ့သည် မိန်းမကို ကြောက်ရွံ့နေရကာ သူ့ဘဝကို ပြောင်းလဲနိုင်တော့မည်မဟုတ်ပေ။

ဤအခိုက်အတန့်တွင် ချင်းယွီက ချဥ်းကပ်လာ၍ ပြောလိုက်သည်။

“မစ္စတာရွှယ် အဘိုးနဲ့ ကျွန်မက ပွဲပြင်ပြီးသွားပါပြီ။ သွားကြရအောင် ရှင့်အောင်မြင်မှုအတွက် ဂုဏ်ပြုကြရအောင်”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ဒါဆို ကောင်းပြီ”

လူတိုင်းက ပေကျန်းသို့ ဦးတည်သွားသောအခါ ညနေခင်းပွဲတော်ကို စတင်ပြင်ဆင်ကြသည်။ ရွှယ်အန်း

ရွှယ်အန်းက ယွီယန်ကို ချင်ဖုန်းမြစ်ဘေးတွင် သုတ်သင်ပစ်လိုက်ပြီးနောက် လင်နန်ကိုခုနှစ်ရက်အတွင်း စိန်ခေါ်မည်ဟု ကြေညာလိုက်သောသတင်းသည် သိုင်းပညာလောကကို ဗုံးတစ်လုံးအဖြစ် ပေါက်ကွဲသွားစေသည်။ ဤအချိန်တွင် သိုင်းပညာဖိုရမ်တစ်ခုလုံးသည်လည်း လုံးဝရူးသွပ်လျက်ရှိသည်။

မရေမတွက်နိုင်လောက်အောင် များပြားလှသော ပိုစ့်များ အဆက်မပြတ်တက်နေသည်။

“ဘုရားရေ ယွီမိသားစုက တကယ်ရှုံးသွားတာပဲ။ အရင်က သူတို့ တစ်ယောက်ယောက်ဆီမှာ ရှုံးဖူးတယ်လို့ ငါမကြားဖူးပါဘူး”

“ဟုတ်တယ် ယွီမိသားစုက ဓားစိန်ခေါ်ခြင်းတုံကင်ကို အနှစ်လေးဆယ်အတွင်း ပထမဆုံးအကြိမ် ထုတ်ပေးလိုက်ပေမယ့် မအောင်မြင်ခဲ့ဘူး”

“ငါမင်းတို့ကို ပြောသားပဲ။ မစ္စတာရွှယ်က မရှုံးပါဘူးဆိုနေ။ အဲ့တုန်းက မင်းတို့က ငါ့ကို ပြန်လှောင်နေကြတာလေ။ အခုတော့ သူဘယ်လောက် အနှိုင်းမဲ့လဲဆိုတာ တွေ့ပြီမလား”

“ဒါပေမယ့် သူရူးသွားပြီလား။ ယွီမိသားစုကို တကယ် စစ်ကြေညာလိုက်တယ်ဆိုတော့”

“ဟုတ်တယ်။ ကျွန်တော်လည်း မစ္စတာရွှယ် ရူးသွားတာမဟုတ်ရင် မာန်တက်လွန်းနေတယ်လို့ ထင်မိတယ်။ ဒါက ရိုးရှင်းတဲ့ ပြိုင်ဆိုင်မှုမဟတု်ပါဘူး။ သူက ယွီမိသားစုလို ထိပ်တန်းသိုင်းပညာမိသားစုကြီးကို ဆန့်ကျင်နေတာပဲ”

“ကျစ် ကျစ် သိုင်းပညာလောကက ရေငြိမ်လိုမျိုး ဆယ်စုနှစ်အများကြီးကြာအောင် ငြိမ်သက်နေခဲ့တာ ရွှယ်အန်းပေါ်လာတာက ကိစ္စအားလုံး ပိုစိတ်ဝင်စားစရာကောင်းသွားတာပဲ”

“ဘယ်လိုပဲဖြစ်ဖြစ် သူနိုင်နိုင်ချေ အရမ်းနည်းလွန်းသေးတယ်လို့ ငါထင်မိတယ်။ ငါ့ဒုတိယဦးလေးရဲ့ အိမ်နီးချင်းရဲ့ အန်တီရဲ့ သားမက်ပြောသလိုဆို လင်နန်ရဲ့ ဓားအင်မော်တယ်က သီးသန့်လေ့ကျင့်မှုကနေ ထွက်လာတော့မှာတဲ့”

“အပေါ်က ပြောတာ အမှန်ပဲလား”

“ငါလည်း မေးချင်တယ်”

မရေမတွက်နိုင်လောက်အောင်များပြားသော မေးခွန်းများသည် ပိုစ့်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။ ထို့နောက် နောက်နေ့တစ်ဝက်တွင် လူတစ်ယောက်က ပြန်ဖြေလာ၏။

“အတည်ပြုဖို့ ငါလှမ်းဖုန်းဆက်ပြီးပြီ။ ယွီမိသားစုမှာ နှစ်တွေအကြာကြီး ကျွန်ဖြစ်နေတဲ့ ငါ့အမျိုးကပြောတာ။ မကြာသေးမီလောက်က ယွီမိသားစုက ပျော်ပွဲရွှင်ပွဲတစ်ခုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ပြောတယ်”

“ရက်စ် အခုတော့ ဒီကိစ္စကပိုစိတ်ဝင်စားဖို့ကောင်းတော့မှာပဲ။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်တုန်းက ဓားအင်မော်တယ်က တစ်ချက်တည်းနဲ့ လောကကို အံ့သြအောင်လုပ်နိုင်ခဲ့တယ်။ သူသာထွက်လာရင် ဒီလောက် မြင့်မားတဲ့ အရည်အချင်းတွေနဲ့ ကြုံ၍လိမ့်မယ်လို့ ငါမထင်ထားဘူး”

“ဒါတောင် ရွှယ်အန်းက သေချင်နေတယ်လို့ ငါထင်တာပဲ။ သူဘယ်လောက်ပဲ အစွမ်းထက်နေပါစေ လင်နန်ဓားအင်မော်တယ်ထက် ပိုပြီး အစွမ်းထက်နိုင်ပါ့မလား။ ဒါ့အပြင် သူက ဓားစိန်ခေါ်ခြင်းတုံကင်ရဲ့ ကိုယ်စားပြု ယွီယန်ကို သတ်လိုက်ပြီဆို‌တော့ ယွီမိသားစုက သူ့ကို အလွတ်ပေးမှာမဟုတ်ဘူး။

All Chapters