← Chapters

အခန်း (၁၃၃-၁၃၅)

Vol. 9 Ch. 133-135

အခန်း (၁၃၃-၁၃၅)

Vol. 9 Ch. 133-135

အခန်း (၁၃၃) အဘက်ဘက်ရှိ ပြဿနာများ

ရွှယ်အန်းသည် စိတ်ဝိညာဉ်ရှာဖွေခြင်းနည်းပညာကို အသုံးပြု၍ ယွီလန်၏ မှတ်ဉာဏ်များကို တိုက်ရိုက်ရှာဖွေခဲ့သည်။ မမျှော်လင့်ထားစွာဖြင့် ရွှယ်အန်းသည် ယွီလန်၏မှတ်ဉာဏ်များတွင် အန်းယန်၏ အရိပ်အယောင်းကိုပင် ရှာမတွေ့ခဲ့ပေ။ တစ်ခုတည်းသော ဆက်နွယ်မှုမှာ ယွီယန်က လွန်ခဲ့သော နှစ်နှစ်ခန့်က ယွီမင်၏နောက်သို့ လိုက်ပါ၍ အင်မော်တယ်ဂိုဏ်းများ ညီလာခံကို တက်ရောက်ခဲ့သည်။

ယွီယန်သည် ထို့အချိန်မှလွဲ၍ မည်သည့်အချိန်ကမှ လင်နန်မြို့က ထွက်ခွာခဲ့ခြင်း မရှိခဲ့ပေ။ ယွီလန်က အံ့အားသင့်သွားပြီးနောက် ပြန်ဖြေလိုက်သည်။

“အင်မော်တယ်ဂိုဏ်းများ ညီလာခံက နာမည်အတိုင်း၊ လျှို့ဝှက်ဂိုဏ်းတွေ နှစ်နှစ်တစ်ကြိမ် စုစည်းပြီး ကျင်းပလေ့ရှိတဲ့ ပြိုင်ပွဲမျိုးပါ။ အထက်တန်းလွှာ မိသားစုတွေနဲ့ အဓိကဂိုဏ်းရဲ့ ပါရမီရှင်လူငယ်တွေက ကျောက်စိမ်းစာရင်းပေါ်မှာ အဆင့်သတ်မှတ်ခံထားရတဲ့ လူတွေကို ယှဉ်ပြိုင်ရတာပါ"

'ကျောက်စိမ်းစာရင်း၊ လျှို့ဝှက်ဂိုဏ်း...'

ဤအမည်များသည် ရွှယ်အန်း၏နှလုံးသားထဲရှိ တစ်စုံတစ်ခုကို နှိုးဆွပေးခဲ့သည်။

"အခုတစ်ခေါက် အင်မော်တယ် ညီလာခံက ဘယ်တော့ ကျင်းပမှာလဲ"

"ဒီလာမယ့် နှစ်လကျော်အတွင်းမှာပါ။ ပြီးတော့ ဒီနှစ် အင်မော်တယ်ဂိုဏ်း ညီလာခံကို လင်နန်မြို့မှာ ကျင်းပမှာပါ”

"နားလည်ပြီ"

အကြောင်းအရာများ ပြီးဆုံးသွားသည်နှင့်၊ လူတိုင်းက ၎င်းတို့လာရာအရပ်သို့ အသီးသီး ပြန်သွားကြသည်။ ထွက်ခွာနေကြသော ဤလူများ၏ မျက်နှာအမူအရာသည် အလွန် ရှုပ်ထွေးနေသည်။ ၎င်းတို့သည် ယွီမိသားစုအပေါ် မကျေနပ်ချက်နှင့် စိတ်သဘောထားကွဲလွဲမှု အနည်းငယ် ရှိကြသော်လည်း ယွီယွမ်ယိသည် လင်နန်မြို့ကို ဓားတစ်ချောင်းတည်းဖြင့် နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့သူဖြစ်သည်။

ထို့ကြောင့် ယနေ့ ဓားအင်မော်တယ်၏ ကျဆုံးမှုသည် အဆုံးမဲ့ စိတ်ခံစားချက်များကို ပေးစွမ်းဆဲဖြစ်သည်။

ဆန့်ကျင်ဘက်တွင် ရွှယ်အန်းသည် အလွန်အမင်း ကြီးစိုးသော အနေအထားဖြင့် လင်နန်မြို့ကို စိုးမိုးခြယ်လှယ်၍ လူတိုင်းကို ဖိနှိပ်နေသည်။ လင်နန်မြို့၏ ကောင်းကင်ကြီး ပြောင်းလဲသွားပြီဖြစ်ကြောင်း လူတိုင်းက နားလည်ထားကြသည်။ လူအများစုသည် ရွှယ်အန်းကို မျက်နှာလိုမျက်နှာရ ပြုလုပ်ရန် အဆင်ပြေလိုငြား ၎င်းတို့ မထွက်ခွာခင် တိတ်တဆိတ်ခိုးကြည့်နေကြသည်။

သို့သော် လူတစ်ဦးသည် ယခုအချိန်တွင် ခေါင်းမဖော်ဝံ့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီနေသည်။

၎င်းသည် ယန်ရှု့သုန်ဖြစ်သည်။ သူ၏ နှလုံးသားသည် နောင်တနှင့် အကြောက်တရားများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ ရွှယ်အန်းက ဤမျှ အင်အားကြီးမားကြောင်း သိရှိခဲ့ပါက မိမိကို သတ်ဖြတ်မည်ဆိုလျှင်ပင် သူ့ကို ရန်စရဲမည်မဟုတ်ပေ။ ယခုအချိန်တွင် ရွှယ်အန်းက မိမိကို မေ့လျော့သွားရန်သာ သူ၏နှလုံးသားထဲတွင် တိတ်တဆိတ် ဆုတောင်းနေမိသည်။

ရွှယ်အန်းသည် ယန်ရှု့သုန်ကို မှတ်မိသော်လည်း ထိုသို့သော အင်းဆက်ကဲ့သို့ ဖြစ်တည်ရှိမှုမျိုးကို လုံးလုံးလျားလျား အာရုံစိုက်ခြင်းမရှိပေ။ သူ၏သမီးနှစ်ယောက်ကိုသာ ခေါ်ဆောင်၍ လှည့်ထွက်သွားခဲ့သည်။ ရွှယ်အန်း ထွက်ခွာသွားသည့်အချိန်မှသာ ယွီမိသားစုဝင်များအားလုံး သက်ပြင်းချလိုက်ကြသည်။ ယွီလန်သည် ဝမ်းနည်းနေသည့် မျက်နှာဖြင့် ယွီယွမ်ယီ ချန်ထားခဲ့သည့် တစ်ခုတည်းသော သစ်သားဓားအကျိုးကို ကောက်ယူလိုက်သည်။ ၎င်းတို့အားလုံး တိတ်ဆိတ်နေကြကာ လေးလံသော အငွေ့အသက်သည် လူတိုင်း၏ နှလုံးသားထဲထိ လွှမ်းမိုးနေသည်။

ယွီရန်သည် နှလုံးသားထဲ၌ ဝမ်းနည်းမှုများပြည့်နှက်စွာဖြင့် သက်ပြင်းချလိုက်သည်။ ဤလူသည် သူ၏လျှို့ဝှက်ဆန်းကြယ်မှုဖြင့် သူမကို ဦးစွာ ဆွဲဆောင်ခဲ့သော်လည်း၊ အဆုံးတွင် သူ၏ အင်အားကြီးမားသည့် ခွန်အားဖြင့် သူမ၏ မိသားစုကို အနိုင်ယူခဲ့သည်။

ထိုအချိန်တွင်၊ ယွီမင်က ခက်ထန်သောအမူအရာဖြင့် ပြောဆိုလိုက်သည်။

"အနာဂတ်မှာ ဘိုးဘေးအတွက် ကျွန်တော် လက်စားချေပြမယ်..."

ဖတ်

ရိုက်နှက်ချက်သည် ယွီမင်ကို အံ့အားသင့်သွားစေသည်။

"အဖေ၊ ကျွန်တော့်ကို ဘာလို့ ရိုက်တာလဲ" ယွီလန်သည် ဖြူဖျော့နေသော မျက်နှာဖြင့် ယွီမင်ကိုကြည့်လိုက်သည်။

"မင်းကို အသိစိတ်ဝင်အောင် ရိုက်တာ။ ဘိုးဘေးက ငါတို့အားလုံးအတွက် အသေခံ တိုက်ပွဲဝင်ခဲ့တဲ့ အခွင့်အရေးကို မင်းလိုကောင်ဆီမှာ အလဟဿ မဖြစ်မခံနိုင်ဘူး”

ယွီမင်သည် ပုန်ကန်ချင်စိတ် အနည်းငယ် ရှိနေဆဲဖြစ်သော်လည်း ယွီလန်က သက်ပြင်းချ၍ ပြောလိုက်သည်။

"ဘိုးဘေးကသာ အဲဒီလူကို သူရဲ့ နောက်ဆုံးစကားနဲ့ ချုပ်မထားဘူးဆိုရင် ငါတို့ ယွီမိသားစုကို သူက ငဲ့ညှာမယ်လို့ မင်းထင်လား"

ယွီမင်က နှုတ်ဆိတ်နေသည်။

“ပြီးတော့ သူက ငါတို့ကို ငဲ့ညှာရင်တောင်မှ ငါတို့ ယွီမိသားစုကို ကွယ်ရာကနေ မက်မောနေတဲ့ လူတွေ ဘယ်လောက်များလဲ ဘယ်သူသိမှာလဲ၊ ဘိုးဘေးရှိနေလို့သာ အဲ့လူတွေကို တားထားနိုင်တာ။ အခုဘိုးဘေး ဆုံးသွားပြီဆိုတော့ အဲ့လူတွေ စပြီးလှုပ်ရှားကြတော့မှာ။ ငါတို့နှစ်ယောက်တည်းနဲ့ ဒီယွီမိသားစုကြီးတစ်ခုလုံးကို ထောက်ပံ့ထားနိုင်မယ်လို့ မင်းက ထင်နေတာလား"

ယွီမင်၏ မျက်နှာ ဖြူဖျော့သွားသည်။

မျက်လွှာချထားသော ယွီလန်၏အသံသည် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။

"ငါက အဲ့ဒီ့လူကို မင်းတို့အားလုံးထက် ပိုမုန်းတယ်၊ ဒါပေမယ့် ယွီမိသားစု ဆက်ပြီးတည်ရှိနေချင်တယ်ဆိုရင် ငါတို့တွေ သူ့လက်အောက်မှာ အညံ့ခံရမယ်ဆိုတာကို ငါ ရှင်းရှင်းလင်းလင်း သိတယ်"

ယွီလန်သည် မိသားစုခေါင်းဆောင်တစ်ဦးဖြစ်လာရန် အမှန်တကယ် သင့်လျော်သူဖြစ်သည်။ သူသည် ကနဦးတွင် တုန်လှုပ်နေသော်လည်း လက်ရှိအခြေအနေများကို လျင်မြန်စွာ ရိပ်မိလိုက်သည်။ ထို့နောက် ယွီလန်သည် သူ၏သမီး၊ ယွီရန်ကို ခေါင်းမော့ ကြည့်လိုက်သည်။

ယွီရန်က သူမ ဖခင်၏အကြည့်အောက်တွင် ကြောက်ရွံ့နေမိသည်။

"ရန်အာ၊ သမီး မစ္စတာရွှယ်ကို ဘယ်လိုသိတာလဲ"

ယွီရန်သည် တွေ့ကြုံခဲ့သော အကြောင်းအရာများကို အကြမ်းဖျင်း ပြန်လည်ရှင်းပြလိုက်သည်။ နားထောင်ပြီးသွားသော ယွီလန်သည် နှုတ်ဆိတ်၍ ပြန်ပြော၏။

“နားလည်ပြီ။ အခုအချိန်ကစပြီး မိသားစုအတွက် စိုးရိမ်စရာမလိုဘူး။ သမီး မစ္စတာရွှယ်နဲ့ မကြာခဏ နီးနီးကပ်ကပ် နေလို့ရတယ်"

'ဖေဖေ… ဒါက ဘာကို ဆိုလိုတာလဲ'

အံကြိတ်ထားသော ယွီမင်က ငြိမ်သက်စွာ ခေါင်းငုံ့နေသည်။

"သူ... လင်နန်မှာ အကြာကြီးနေမှာလား ဟင်" ယွီရန်က မဝံ့မရဲ မေးမြန်းလိုက်၏။

"လောလောဆယ်တော့ မသိသေးဘူး။ ဒါပေမယ့် အင်မော်တယ် ညီလာခံ ရောက်တဲ့အထိ စောင့်ပြီးမှ ပြန်လောက်တယ်"

'မင်းရှာနေတဲ့လူက အင်မော်တယ် ညီလာခံမှာပေါ်လာလောက်မလား' ယွီလန်က တွေးနေမိသည်။

တစ်နေ့တာ၏ အလုပ်ကိစ္စများ ပြီးဆုံးသွားသည့်နောက်တွင်၊ ထန်ရှောင်းယွီသည် သူမ၏ ဖုန်းကိုထုတ်၍ သိုင်းပညာဖိုရမ်ကို ဖွင့်ကြည့်လိုက်သည်။

ဤအရာသည် သူမ၏နေ့စဉ် ပုံမှန်လုပ်ငန်းစဉ်ကဲ့သို့ပင် ဖြစ်နေသည်။ ယခုအချိန်တွင်၊ သူမသည်လည်း သိုင်းပညာဖိုရမ်တွင် နာမည်ကျော်ကြားသူတစ်ဦးဖြစ်သည်။ သူမသည် မိန်းကလေးတစ်ဦးဖြစ်ရုံသာမက ပေကျင်းမြို့ရှိ သိုင်းပညာအားကစားရုံ၏ အမွေဆက်ခံသူ တစ်ဦးဖြစ်ကြောင်းကိုလည်း လူအများက သိထားကြသည်။ ဤအမှတ်အသားနှစ်ခုသည် သူမကို ပရိတ်သတ် အနည်းငယ် ရရှိစေခဲ့သည်။

သို့သော် ရွှယ်အန်းသည် ပေကျင်းမြို့မှ လွန်ခဲ့သည့် လေးငါးရက်ခန့်က ထွက်ခွာသွားခဲ့ရာ၊ ယနေ့တွင် သတ္တမမြောက်နေ့သို့ ရောက်နေပြီဖြစ်သဖြင့် ထန်ရှောင်းယွီက အနည်းငယ် နေမထိထိုင်မသာဖြစ်နေခဲ့သည်။

‘မိသားစုကို သုတ်သင်မယ်ဆိုတဲ့ သူ့စကားတွေ တကယ် ဖြစ်လာနိုင်ပါ့မလား'

ထန်ရှောင်းယွီ၏စိတ်သည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ ယခုအချိန်သည် ယခင်ကကဲ့သို့ တစ်ကိုယ်တော် တိုက်ပွဲမျိုးနှင့် မတူဘဲ၊ လူတစ်ဦးတည်းက သိုင်းပညာ မိသားစုတစ်ခုလုံးနှင့် ရင်ဆိုင်တိုက်ခိုက်ရခြင်းဖြစ်သည်။ ထန်ရှောင်းယွီက ဖိုရမ်ကို ဖွင့်လိုက်သည့်အချိန်တွင် ထိပ်ဆုံးတွင် ရှိနေသည့်သတင်းသည် အလွန်ထူးခြားနေသောကြောင့် အလွန် အံ့အားသင့်သွားခဲ့သည်။

"ဓားကျိုးတစ်ချောင်းဖြင့် သေဆုံးသွားသော ဓားအင်မော်တယ် ယွီယွမ်ယိ၊ လင်နန်မြို့ကို စိုးစံနေသော မစ္စတာရွှယ်၊ သူ၏ ကျင့်ကြံခြင်းအဆင့် မည်မျှမြင့်မားသနည်း"

ဤထိတ်လန့်ဖွယ် ခေါင်းစီးသတင်းသည် အလွန်ပေါ်လွင်၍ ထူးခြားပြောင်မြောက်လှသည်။ ထန်ရှောင်းယွီသည် အသက်ကို ပြင်းထန်စွာ ရှူရှိုက်၍ တုန်ရီနေသောလက်များဖြင့် နှိပ်ကြည့်လိုက်သည်။ သတင်းသည် လင်နန်မြို့တွင် နေထိုင်သော ဖိုရမ် အဖွဲ့ဝင်တစ်ဦးမှ ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်သည်၊ ထိုပုဂ္ဂိုလ်၏ စာပေစွမ်းရည်သည် အလွန်ကောင်းမွန်လွန်းသဖြင့် မွေးနေ့ပွဲသို့ ရွှယ်အန်း တက်ရောက်လာပြီးနောက်တွင်၊ ယွီမိသားစု၏ မိသားစုခေါင်းဆောင် ယွီလန်ကို ဖိနှိပ်ခြင်း၊ ယွီမင်ကို ဓားတစ်ချက်ဖြင့် အနိုင်ယူခြင်း၊ ယွီယွမ်ယိကို လက်သီးချက်ဖြင့် သတ်ဖြတ်ခဲ့ခြင်းတို့ကို စိတ်လှုပ်ရှားဖွယ်ကောင်း၍ အံ့မခန်းဖြစ်စွာ ဇာတ်ကြောင်းပြန်ခဲ့သည်။ ထန်ရှောင်းယွီသည် အလွန်ပြင်းထန်သော စိတ်လှုပ်ရှားမှု အရှိန်အဟုန်ဖြင့် ဖတ်ရှု့ပြီးနောက်တွင် သတင်း၏ အောက်တွင်ရှိနေသော မှတ်ချက်များက တုန်လှုပ်ချောက်ချားမှုများစွာဖြင့် ပြည့်နှက်နေသည်ကို တွေ့ရှိလိုက်ရသည်။

"ဒုတိယအထပ်ကလူ နေရာမယူသေးဘူး၊ ဘာလို့ဆို မစ္စတာရွှယ်က အရမ်းတော်လို့ပဲ"

"အိုး၊ မူရင်းပို့စ်ကိုတင်တဲ့လူက ဝတ္ထုတွေရေးဖို့ လုပ်သင့်တယ်၊ မရေးရင် အရည်အချင်းတွေက နှမြောဖို့တောင် ကောင်းမယ်။ ဒါနဲ့ မစ္စတာရွှယ်က တကယ် တော်တာပဲ"

"မစ္စတာရွှယ်က သာမန်လူ မဟုတ်ဘူးလို့ ငါအရင်ကပြောတာကို မင်းတို့မှ မယုံကြတာ"

"တတိယထပ်ကလူ ပေါက်ကရတွေ လာပြောမနေနဲ့၊ ခင်ဗျားရဲ့ ပို့စ်မှတ်တမ်းတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး ယုံကြည်မှုမရှိဘူးဆိုတာ အသိသာကြီး"

"မစ္စတာရွှယ်ကို ဆက်သွယ်လို့ရမယ့် နည်းလမ်းလေးဘာလေး ဘယ်သူမှ မသိကြဘူးလား။ ကျွန်တော် သူ့ကို နည်းပြအဖြစ် ငှားချင်လို့ပါ။ သတင်းပေးမယ့်လူကို အွန်လိုင်းမှာ စောင့်နေပါတယ်"

"ဒီမှာလည်း အတူတူပဲ၊ ကျူရှင်ခ တစ်သန်းပေးပြီးတောင် ငှားလိုက်ချင်တယ်"

“ဝိုး၊ အပေါ်ထပ်မှာ သူဌေးကြီး တွေ့ထားတယ်ဗျို့"

"နင့်ကြီးတော် သူဌေးကြီးဖြစ်ရမှာလား၊ မစ္စတာရွှယ်ကို တစ်သန်းလောက်နဲ့ နည်းပြဆရာအဖြစ် ငှားချင်ရတယ်လို့။ သူက အင်မော်တယ်တစ်ဝက်အဆင့်ကိုတောင် ချေမှုန်းနိုင်တဲ့လူပါနော်၊ တစ်သန်းလောက်နဲ့ဆိုရင် သူက မျက်စောင်းတောင် လှည့်ထိုးမှာမဟုတ်ဘူး”

ဤပို့စ်သည် တစ်နာရီကျော်အတွင်း လူကြိုက်အများဆုံး ရှာဖွေသူစာရင်း၏ ထိပ်ဆုံးသို့ တက်လာခဲ့သည်။

ဤအခိုက်အတန့်တွင် ထန်ရှောင်းယွီသည်လည်း စိတ်လှုပ်ရှားစွာ မှတ်ချက်ရေးနေခဲ့သည်။

"မစ္စတာရွှယ်အတွက် လက်မတစ်ချောင်း" သိပ်မကြာခင်မှာခင် တစ်စုံတစ်ယောက်က သူမကို တုံ့ပြန်ဖြေကြားလိုက်သည်။

"သေစမ်း၊ ငါ ဘာဖမ်းမိထားလဲ ကြည့်ကြစမ်း"

"ညီမလေး ရှောင်းယွီ၊ နောက်ဆုံးတော့ ပေါ်လာပြီပေါ့၊ မင်းကို လွမ်းနေခဲ့တာ"

"အပေါ်က အရှက်မရှိတဲ့ အကောင်"

"ရှောင်းယွီ မင်းက ပေကျင်းမှာနေတာဆိုတော့၊ မစ္စတာရွှယ်ကို သိလား"

"ဟုတ်တယ်။ မစ္စတာရွှယ်ကို သိတယ်လို့ ညီမလေး ရှောင်းယွီ ပြောဖူးတာ ငါ မှတ်မိတယ်"

"အမလေး၊ ဒါဆို မြန်မြန် သိအောင်လုပ်တော့လေ”

"အပေါ်ထပ်က နှာဘူးပဲ။ ဒါပေမယ့် ငါလည်း သိချင်တယ်လို့"

၎င်းတို့၏ မှတ်ချက်များကို တွေ့ရှိကာ ရယ်ဖွယ်ရာကောင်း၍ ကိုးရိုးကားရားနိုင်လှသည်ဟု ခံစားမိရသော ထန်ရှောင်းယွီသည် ခေတ္တ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

"ဒါပေါ့၊ ကျွန်မ မစ္စတာရွှယ်ကို သိတာပေါ့"

ဤစာကိုရေးပြီးသည်နှင့် ရုတ်တရက် အလွန်ဂုဏ်ယူမိသည်ဟု ထန်ရှောင်းယွီက ခံစားလိုက်ရသည်။

အခန်း (၁၃၄) လျှို့ဝှက်အင်မော်တယ်ဂိုဏ်း

နယ်စပ်အကျော် တောင်တန်းများထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားသော ဘုန်းတော်ကြီးကျောင်းတစ်ခုရှိလေ၏။ တောင်တက်လမ်းသည် အလွန်မတ်စောက်၍ ဖြတ်သန်းရခက်ခဲလှသည်ဖြစ်သဖြင့် လမ်းတစ်လျှောက်တွင် သဘာဝမဟုတ်သည့် အတားအဆီးများစွာရှိနေသောကြောင့် ဘုန်းတော်ကြီးကျောင်းကို ပြင်ပကမ္ဘာက မသိခဲ့ကြပေ။ သို့ရာတွင်၊ ဤသိမ်နုတ်သော ဘုရားကျောင်းသည် တိမ်မြုပ်နေသော အင်မော်တယ်ဂိုဏ်းများကြားတွင် ရှည်လျားသောသမိုင်းကြောင်းရှိသည့် ခါးသက်သောဘုရားကျောင်းမှလွဲ၍ အခြားမဟုတ်ကြောင်းကို ပညာရှင် အစစ်အမှန်များမှသာ သိနိုင်ပေလိမ့်မည်။

ထိုအချိန်၊ ဒုက္ခဇဥ်ဘုရားကျောင်းရှိ ရှေးဟောင်း ကြေးဝါရောင် အသားအရည်နှင့် နဂါးမြွေများကဲ့သို့ ရစ်ပတ်နေသော ကြွက်သားများရှိသည့် ဘုန်းကြီးတစ်ပါးက ခန္ဓာကိုယ်အပေါ်ပိုင်းဗလာဖြင့် ကျင့်ကြံနေသည်။ သူ၏ ကျင့်ကြံနည်းလမ်းစဉ်သည် အလွန်ရိုးရှင်း၍ ရက်စက်ကြမ်းကြုတ်လှသည်။ ၎င်းသည် ဘုရားကျောင်းအပြင်ဘက် တောင်ခြေလျှောမှ ကျောက်တုံးကြီးများကို ဘုရားကျောင်းအတွင်းအထိ သယ်ဆောင်ရသော နည်းလမ်းများပါ၀င်သည်။

ဤကြီးမားသော ကျောက်တုံးကြီးများကို အပြာရောင် နှမ်းဖတ်ကျောက်တုံးများဖြင့် ပြုလုပ်ထား၍ ၎င်းတို့အနက် အသေးငယ်ဆုံးလျှင်ပင် လူတစ်ဦး၏ အရပ်ထက် ရှည်လျားလွန်းရာ၊ ကျောင်းတုံးတစ်ခုချင်းစီသည် တစ်တန်ကျော်အလေးချိန်ရှိသည်။

သာမာန်လူတစ်ယောက်က ၎င်းတို့ကို သယ်ဆောင်ရန် မဖြစ်နိုင်မည့်အပြင် လူလေးငါးယောက်ခန့်က စုပေါင်း၍ တွန်းကြလျှင်ပင် အနည်းငယ်မျှ လှုပ်ရှားမည်မဟုတ်ပေ။ သို့သော် ဘုန်းကြီးသည် လေးလံခြင်းမရှိသည့် ကျောက်တုံးများကဲ့သို့ သူ၏ ပခုံးပေါ်တွင် သယ်ဆောင်၍ တောင်တက်လမ်းအတိုင်း သွက်လက်စွာ လျှောက်လှမ်းနေခဲ့သည်။

အဆုံးတွင် ကျောက်တုံးများအားလုံးကို သယ်ဆောင်လာခဲ့သည့်တိုင် ဘုန်းကြီး၏ မျက်နှာတွင် ချွေးတစ်စက်မျှ ရှိမနေခဲ့ပေ။ထိုသို့သော ကာယခွန်အားကို ကြောက်မက်ဖွယ်အရာတစ်ခုဟုပင် ဖော်ပြနိုင်မည်ဖြစ်သည်။

"အစ်ကိုတော်ဘုရား ဆရာ အစ်ကိုတော့်ကိုခေါ်နေတယ်" ရှောင်ဘုန်းကြီးတစ်ပါးက လေးစားစွာ ပြောလိုက်သည်။

ဘုန်းကြီးက ခေါင်းညိတ်ပြီးနောက် သင်္ကန်းကို ပြန်ဝတ်၍ သူ၏နောက်ဘက်ရှိ ဆုတောင်းခန်းထဲသို့ ဝင်သွားသည်။ ဆုတောင်းခန်းအတွင်းတွင် မုတ်ဆိတ်မွေးများရှိ၍ ထွားကျိုင်းသန်မာလှသော ဘုန်းကြီးတစ်ပါးက တင်ပျဉ်ခွေ၍ တရားထိုင်နေသည်။

"ဆရာ"

ထွားကျိုင်းသန်မာသော ဘုန်းကြီးက သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ရာ စူးရှသော အလင်းတန်းများ ဖြာထွက်လာသည်။

"ဟွေ့နျန်"

"တပည့်တော် ဒီမှာရှိပါတယ်"

"အရင်တစ်ခေါက် အင်မော်တယ်ဂိတ်ပြိုင်ပွဲမှာ ဘယ်အဆင့်ရခဲ့တာလဲ"

“အဆင့်ဆယ့်နှစ်ပါ ဆရာ" ဟွေ့နျန်က လေးနက်စွာ ပြန်ဖြေလိုက်သည်။

"ဒီတစ်ခါဆိုရင်ရော"

ထွားကျိုင်းသန်မာသော ဘုန်းကြီးက မေးလိုက်သည်။

"ချန်ပီယံဆုအောက် မလျော့စေရပါဘူး ဆရာ"ဟွေ့နျန်က ယုံကြည်မှုရှိစွာ ပြောဆိုလိုက်သည်။

ထွားကျိုင်းသန်မာသော ဘုန်းကြီးက ရယ်မောလိုက်ရာ၊ သူ၏အသံသည် ခေါင်မိုးရှိ ကြွေပြားများကို လှုပ်ခတ်စေသည်။

"ကောင်းပြီ။ ဒက္ခဇဥ်ဘုရားကျောင်းက တပည့်တွေက ဒီလိုစိတ်ဓာတ်မျိုး ရှိနေရမှာ။ ဒါပေမယ့် လင်နန်ရဲ့ ဓားအင်မော်တယ် ယွီယွမ်ယိ ကွယ်လွန်သွားပြီလို ဆရာအခုပဲ သတင်းရထားတယ်"

ဤတုန်လှုပ်ဖွယ် သတင်းသည် ဟွေ့နျန်ထံမှ တုန်လှုပ်မှု အနည်းငယ်မျှ ထွက်ပေါ်လာစေခြင်းမရှိပေ။

“သေခြင်းနဲ့ ရှင်ခြင်းဆိုတာ ပုံမှန် ဖြစ်ရိုးဖြစ်စဉ်မျိုးပါ။ သူ့ကို ဓားအင်မော်တယ်လို့ ခေါ်ကြတာနဲ့ တကယ့် အင်မော်တယ်တစ်ဦး ဖြစ်လာတာမျိုးမှ မဟုတ်တာ ဆရာ"

ဟွေ့နျန်က အမူမထားဘဲ ပြောလိုက်သည်။

ထွားကျိုင်းသန်မာသော ဘုန်းတော်ကြီးက ရယ်မောလိုက်သည်။

“ဒီတစ်ခေါက် အင်မော်တယ်ဂိတ် ပြိုင်ပွဲက တော်တော် စိတ်ဝင်စားစရာကောင်းတော့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆရာက ဒီသတင်းကို ပြောပြတာ။ ယွီယွမ်ယိကိုသတ်တဲ့သူက အမည်မသိ သိုင်းပညာရှင် တစ်ယောက်ပဲဖြစ်ရမယ်"

“တပည့်တော် နားလည်ပါတယ်။ အဲ့ဒီ့လူတွေက ပညာရှင်ပဲ ဖြစ်ဖြစ် သာမညောင်ညပဲ ဖြစ်ဖြစ် တပည့်တော်အတွက်တော့ အားလုံးက အတူတူပါပဲ”

ဟွေ့နျန်က တည်ငြိမ်သော အမူအရာဖြင့် လေးစားစွာ ဦးညွှတ်လိုက်လိုက်သည်။ သို့သော် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော အရောင်အဝါတစ်ခု ထွက်လာ၏။ ထွားကျိုင်းသန်မာသော ဘုန်းကြီး၏ မျက်နှာပြင်တွင် ကျေနပ်အားရသော အမူအရာမျိုး ပေါ်ပေါက်လာသည်။

"လွတ်မြောက်အင်မော်တယ် အဆင့်ကို ရောက်သွားပြီလား"

"တပည့်တော်၊ ပြီးခဲ့တဲ့လက အဆင့်ဖြတ်ကျော်ခဲ့တာပါ ဆရာ"

“သိပ် ကောင်းတယ်"

ထွားကျိုင်းသန်မာသော ဘုန်းတော်ကြီးက ရုတ်ခြည်း ထရပ်လိုက်သည်။

“ဆရာတို့ ဒုက္ခဇဥ်ဘုရားကျောင်းက ဒီနယ်စပ်ဒေသမှာ ဖုံးကွယ် နေထိုင်ခဲ့တာကြာတော့ လူတော်တော်များများက ဆရာတို့ကို မေ့နေကြပြီ။ ဒီတစ်ခါတော့ စစ်မှန်တဲ့ အင်မော်တယ်ဂိတ်က ဘာလဲဆိုတာ သူတို့ကို မြင်အောင်ပြလိုက်"

ဟွေ့နျန်သည် တိတ်တဆိတ် ခေါင်းငုံ့ထားသော်လည်း သူ့မျက်လုံးများတွင် လျှို့ဝှက်ဆန်းကြယ်သော အရိပ်အမြွက်များ လင်းလက်သွားခဲ့သည်။ ထိုအချိန် မိုင်ထောင်ချီဝေးသော ဟ-နိုင်ငံတွင်လည်း အလားတူပြောဆိုမှုမျိုး ဖြစ်ပွားနေခဲ့သည်။

"ချင်းဆန်၊ လင်နန်ရဲ့ ဓားအင်မော်တယ် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို အဖေတို့ အခုမှပဲ ရရှိထားတယ်"

ဂုဏ်သရေရှိ ထိုင်ခုံတွင် ထိုင်နေသော အမျိုးသားတစ်ဦးက စိုးရိမ်ဖွယ် အမူအရာဖြင့် လေးနက်စွာ ပြောလိုက်သည်။

သူ၏ရှေ့တွင် အရပ်ရှည်၍ ခန့်ညားသော အမျိုးသားတစ်ဦးက သူ၏လက်များကို လျှော့ချကာ ဒူးထောက်လျက်ရှိသည်။ အကယ်၍ ဟ-နိုင်ငံမှ အရပ်သားများသာ ရှိနေမည်ဆိုလျှင် ဤလူငယ်ကို သတိထားမိကြမည်မှာ သေချာသည်။ အကြောင်းမူကား၊ သူသည် ဟ-နိုင်ငံ၏ သိုင်းပညာလောကတွင် လင်းလက်သောကြယ်ပွင့်တစ်ပွင့်ဖြစ်၍၊ ရာစုနှစ်အတွင်းတွင် တစ်ကြိမ်သာ ပေါ်ထွန်းသည့် ပါရမီရှင် ချင်းချန်ဆောင်အဖြစ် ချီးမြှောက်ခံထားရသူဖြစ်သည်။

ဖခင်ဖြစ်သူ၏ မရေရာသော လေသံကိုကြားရသော ချင်းချန်ဆောင်က ဂရုမစိုက်စွာ ပြန်ပြောလိုက်သည်။

"အဖေ၊ လင်နန်ရဲ့ ဓားအင်မော်တယ် သေဆုံးမှုက ဘာအကျိုးဆက်မှ ရှိမှာမဟုတ်ပါဘူး။ သူက အရင်မျိုးဆက်က လူလေ။ ဘာများ ကြောက်စရာရှိလို့လဲ"

သူ၏ဖခင် ချင်းချန်ရီက သက်ပြင်းချလိုက်သည်။

"ချင်းဆန်၊ မင်းက အရင်တစ်ခေါက်က အင်မော်တယ်ဂိတ် ညီလာခံမှာ အဆင့်ဆယ့်လေးရခဲ့ပြီး၊ အခုလည်း မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က တော်တော် မြင့်လာပြီဆိုပေမယ့် ဒီယွီယွမ်ယိက သာမန်လူမျိုး မဟုတ်ဘူး။ ဒီတော့ သူ့ကိုသတ်နိုင်တဲ့လူကို လျှော့တွက်လို့မရဘူး"

ချင်းချန်ဆောင်က ခပ်ပါးပါးပြုံးလိုက်သည်။

"ပြိုင်ဘက်က ဘယ်သူပဲဖြစ်နေပါစေ၊ ကျွန်တော်တို့ ဟ-နိုင်ငံရဲ့ ပြိုင်ဘက်ကင်းနတ်ဘုရားသိုင်းပညာကို အသုံးပြုမယ်ဆိုရင် အဲ့လူတွေကို အနိုင်ယူနိုင်မှာ သေချာတာမို့လို့၊ အဖေ စိတ်ချထားပါ"

ချင်းချန်ရီသည် ယုံကြည်မှုအပြည့်ရှိနေသော သူ၏သားကို ကြည့်၍ ခေါင်းသာညိတ်ပြလိုက်သည်။ ထိုအချိန်တွင် ချင်းချန်ဆောင်၏စိတ်ထဲတွင် ချောမောလှပသော အသွင်အပြင်တစ်ခု ပေါ်ပေါက်လာသည်။ ယခင်တစ်ခေါက် အင်မော်တယ်ဂိတ် ညီလာခံတွင် မြင်ခဲ့ရသည့် လှပသောအမျိုးသမီးသည် ဤတစ်ကြိမ်တွင် ထပ်မံ၍ ပေါ်ပေါက်လာလိမ့်မည်လော။ တစ်ချိန်တည်း၌ပင် အလွန်ဆိတ်ငြိမ်သက်သော တောင်ကြားတစ်ခုတွင် လျှို့ဝှက် အင်မော်တယ်ဂိတ်များအနက် တစ်ခုတည်းသော အမျိုးသမီးသီးသန့် ကျင့်ကြံခြင်းဂိုဏ်းဖြစ်သည့် လရောင်ရိပ်မြုံ၏ ခေါင်းဆောင်၊ ယွဲ့ဝူရွှမ်သည်လည်း သတင်းရရှိခဲ့သည်။

သူမ၏မျက်နှာအမူအရာသည် အနည်းငယ် လေးနက်လာသည်။ ထိုကဲ့သို့ ဖြစ်ပွားမျိုးသည် အင်မော်တယ်ဂိတ်ညီလာခံ နီးကပ်လာချိန်တွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ ပုံမှန်အားဖြင့်၊ ၎င်းသည် လက်ရှိအခြေအနေကို အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်။ ခေတ္တစဉ်းစားပြီးနောက် ယွဲ့ဝူရွှမ်က အမိန့်ပေးလိုက်သည်။

"သွား၊ ရှု့ယွင်အာကို သွားခေါ်ချေ"

လရောင်ရိပ်မြုံ၏ ထိပ်တန်းတပည့်တစ်ဦးဖြစ်သော၊ ရှု့ယွင်အာရောက်ရှိလာသည်။

"ဆရာ"

ယွဲ့ဝူရွှမ်သည် နူးညံ့သိမ်မွေ့သော မျက်နှာထားနှင့် အနည်းငယ် ခက်ထန်သော မျက်လုံးများရှိသည့် အမျိုးသမီးငယ်ကို ကြည့်လိုက်သည်။

“အင်မော်တယ်ဂိတ် ညီလာခံ ရောက်လာတော့မယ်။ မင်းရဲ့ ပြင်ဆင်မှုတွေ ဘယ်လိုရှိလဲ"

"တပည့်၊ ဒီတစ်လောအတွင်း အပတ်တကုတ်ကြိုစားထားတော့ တော်တော် တိုးတက်လာတယ်လို့ ခံစားရပါတယ် ဆရာ"

ရှု့ယွင်အာက အနည်းငယ် ဂုဏ်ယူစွာ ပြောလိုက်သည်။ ယွဲ့ဝူရွှမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ဒီတစ်ခါလည်း မင်းပဲ သွားရမယ်။ အခုနှစ် အင်မော်တယ်ဂိတ် ညီလာခံက ရိုးရှင်းမှာ မဟုတ်တော့ သေချာ သတိကပ်ထားဖို့ မမေ့နဲ့"

ရှု့ယွင်အာ၏မျက်နှာတွင် ဝမ်းမြောက်ပျော်ရွှင်နေသောအမူအရာ ပေါ်ပေါက်လာသည်။

"ဟုတ်ကဲ့ ဆရာ"

ဤသို့ဖြင့် ရှု့ယွင်အာက တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့သည်။ ခန်းမထဲမှ သူမ ထွက်လာသည်နှင့် ဂျူနီယာညီမ အများအပြားက အလျင်အမြန်ပြေးလာ၍ စိတ်အားထက်သန်စွာမေးကြတော့သည်။

"အင်မော်တယ်ဂိတ်ညီလာခံမှာ ထပ်ပြီး ယှဉ်ပြိုင်ခွင့်ရတာလား မမ"

ရှု့ယွင်အာက မောက်မာစွာ ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို ညီမတို့ကိုလည်း ခေါ်သွားပါလားဟင်။ ရိပ်မြုံမှာပဲ နေရတာ ပျင်းစရာကြီး"

“အပျော်ခရီးသွားတယ်များ ထင်နေလား။ အနိမ့်ဆုံး ကျင့်ကြံခြင်းလိုအပ်ချက်က ကောင်းကင်လူသားအဆင့်ပဲ။ နင်တို့ထဲမှာ ဘယ်သူက အဲ့လိုအင်အားရှိလို့လဲ"

ရှု့ယွင်အာက ပြက်ရယ်ပြု၍ ပြောလိုက်သည်။ ထိုစကားတစ်ခွန်းဖြင့် အမျိုးသမီးများ အားလုံး နှုတ်ဆိတ်သွားကြသည်။ သို့သော် ခဏအကြာတွင် တစ်စုံတစ်ယောက်က တီးတိုးပြောဆိုလိုက်သည်။

“ဒါဆို ဘာလို့ ဟိုတစ်ယောက်ကိုကျ အရင်တစ်ခေါက် အင်မော်တယ်ဂိတ် ညီလာခံကို ခေါ်သွားရတာလဲ"

ရှု့ယွင်အာသည် တီးတိုးပြောဆိုသူ အမျိုးသမီးကို လွင့်ပျံသွားသည်အထိ ရိုက်နှက်လိုက်သည်။

"နင်တို့ကို ငါပြောထားတယ် မဟုတ်ဘူးလား။ ငါ့ရှေ့မှာ နောက်တစ်ခါ အဲ့ဒီ့အမှိုက်သရိုက်အကြောင်း ထပ်ပြောရဲရင် နင်တို့ကို အရေခွံခွာပစ်မယ်မှတ်" ရှု့ယွင်အာက ရက်စက်ယုတ်မာသော လေသံဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့"

ဤအမျိုးသမီးများအားလုံးသည် ဆောင်းရာသီ၏ ပုစဉ်းရင်ကွဲများကဲ့သို့ နှုတ်ဆိတ်သွားကြသည်။ရှု့ယွင်အာ ထွက်သွားသည်နှင့်၊ ၎င်းတို့အချင်းချင်း မကျေနပ်စွာ တီးတိုးပြောဆိုနေကြ၏။

“ဟမ်၊ ဒီလို သွေးကြီးနေတဲ့ မိန်းမ။ ဟိုတစ်ယောက် ငါတို့ရိပ်မြုံကို ဝင်လာခါစတုန်းကကျတော့ ဆရာက မျက်နှာသာပေးတာ တွေ့ပြီး အမြဲတစ်ပူးတစ်တွဲတွဲ လုပ်နေပြီး။ အခုကျ ထစ်ခနဲရှိ အမှိုက် အမှိုက်နဲ့"

"ဟုတ်ပါ့၊ သူဝတ်ထားတဲ့ လက်ကောက်ကို တွေ့လား။ အဲ့ဒါ ဟိုတစ်ယောက်ဆီက ဟာ"

"ဟီးဟီး ထူးခြားတဲ့ အရည်အချင်းရှိပြီး မကျင့်ကြံနိုင်တဲ့ အဲ့တစ်ယောက်ရဲ့ ကံဆိုးမှုကိုပဲ အပြစ်တင်ရမယ်”

ထိုအမျိုးသမီးများ အချင်းချင်း တိုးတိုးပြောနေစဉ် တံမြက်စည်းတစ်ချောင်းကို ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦးသည် ခန်းမကြီးအရှေ့ရှိ ခြံဝင်းအတွင်းသို့ ဖြည်းညှင်းစွာ ခေါင်းငုံ့၍ လျှောက်လာခဲ့သည်။

၎င်းတို့အချင်းချင်းကြည့်ကာ မထီမဲ့မြင်ပြု ရယ်မောပြီးနောက် တစ်ဦးနှင့်တစ်ဦး လူစုခွဲသွားကြ၏။ သူမ၏မျက်နှာကို ရှုပ်ပွနေသော ဆံပင်များဖြင့် ဖုံးအုပ်ထားသည့် အမျိုးသမီးသည် ကြမ်းပြင်ကို ဖြည်းညှင်းစွာ တံမြက်စည်းလှဲနေခဲ့သည်။

အခန်း (၁၃၅) ငါ့ကို အရှင်မင်းမြတ်လို့ခေါ်ရမယ်

အင်မော်တယ်ဂိတ် ညီလာခံ ကျင်းပခြင်းသည် လျှို့ဝှက် အင်မော်တယ်ဂိုဏ်းများနှင့် ထောင်စုနှစ် အထက်တန်းလွှာ မိသားစုများစွာကို စတင်လှုပ်ရှားစေသည်။ အမှောင်ထုထဲတွင် ပုန်းအောင်းနေသော ဧရာမသတ္တဝါကြီးများ တစ်ကောင်ပြီး တစ်ကောင် နိုးထလာသကဲ့သို့ပင်ဖြစ်နေသည်။

ပြီးနောက် လင်နန်မြို့သည် ဤအင်မော်တယ်ဂိတ် ညီလာခံကျင်းပရာ နေရာဖြစ်သောကြောင့် မရေမတွက်နိုင်သောအာရုံစိုက်မှုများခံခဲ့ရသည်။ မြူမှုန်များနှင့် မိုးဖွဲများသည်လည်း ကောင်းကင်တွင် ထပ်မံ လွင့်စင်လာခဲ့သည်။

လီဟောက်သည် လင်နန်မြို့၏ လေဆိပ်အပြင်ဘက်တွင် ခရီးသည်များကို စောင့်နေသည်။ လတ်တလောစီးပွားရေးလုပ်ငန်း ရုတ်တရက် တိုးတက်လာခြင်းက လီဟောက်ကို အလွန်ပျော်ရွှင်စေခဲ့သည်။ ယနေ့တွင်လည်း ပိုမိုရက်ရောသော ဖောက်သည်မျိုး ရရှိနိုင်မည်လားဟု သူတွေးနေမိသည်။ လီဟောက်က တွေးတောနေစဉ် လေဆိပ်ဂိတ်မှ ထွက်လာသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရ၏။

၎င်းအမျိုးသမီးသည် ညို့ယူဆွဲဆောင်မှုနှင့် ကျက်သရေရှိမှုများ ပြည့်နှက်နေသဖြင့် လီဟောက်က အနည်းငယ် အံသြသွားသည်၊ ဤမျှချောမောလှပသော အမျိုးသမီးမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။ အထူးသဖြင့် သူမ၏ ရွေ့လျားသွားလာပုံများသည်၊ အကန့်အသတ်မဲ့ ဆွဲဆောင်မှုမျိုးဖြင့် ပြည့်နှက်နေသည်။ သူမ၏ အမူအရာသည် လူတစ်ဦး၏အရိုးများကို ပျော့ပျောင်းသွားစေရန်ပင် လုံလောက်သောအပြုအမူမျိုးဖြစ်သည်။ သူသည် ထိုနေရာ၌ အံ့ဩမှင်သက်စွာ ရပ်နေချိန်တွင်၊ အမျိုးသမီးက ကားတံခါးကိုဖွင့်၍ ကားပေါ်သို့ တက်လာခဲ့သည်။

လန်းဆန်းသော အမွှေးရနံ့တစ်ခုကို အနံ့ခံမိလိုက်သဖြင့် လီဟောက်၏နှလုံးခုန်နှုန်းမှာ ပုံမှန်ထက် သုံးဆခန့်ပို၍ လျင်မြန်လာသည်။

“အစ်မ… ကျွန်တော် ဘယ်ကို မောင်းပေးရမလဲ”အမျိုးသမီးက စွဲမက်ဖွယ်အကြည့်ဖြင့် ပြန်လည် မေးမြန်းလိုက်သည်။

"လင်နန်မြို့မှာ အစည်ကားဆုံးနေရာက ဘယ်နေရာလဲ"

သူမ၏အသံသည် စွဲမက်ဖွယ်ကောင်း၍ သက်ဝင်လှုပ်ရှားနေသည်။ လီဟောက်က ထစ်ငေါ့စွာ ပြန်လည် ဖြေဆိုလိုက်သည်။

“မြို့လယ်က ဘားလမ်းက တော်တော်စည်ကားပါတယ်”

အမျိုးသမီးက ခေါင်းညိတ်လိုက်၏။

"အဲ့နေရာကို ခေါ်သွားပေးပါ"

လီဟောက်သည် သူ၏ဘဝ တစ်လျှောက်လုံးတွင် ဤခရီးလမ်း ရှည်ကြာလျှင် ပိုကောင်းမည်ဟု ပထမဆုံးအကြိမ် တွေးနေမိသည်။ တည်နေရာသို့ ၎င်းတို့ရောက်ရှိသွားသည်နှင့် အမျိုးသမီးက ကားပေါ်မှ ဆင်း၍ နူးညံ့သိမ်မွေ့စွာပြုံးပြလိုက်သည်။ ထိုအပြုံးသည် လီဟောက်၏နှလုံးခုန်နှုန်းကိုပင် ရပ်တန့်စေခဲ့ရာ၊ သူမ၏ ထွက်ခွာမှုကို ရူးမိုက်စွာ ကြည့်နေခဲ့ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။

'သူ ပိုက်ဆံရှင်းမသွားဘူး မဟုတ်လား'

ရှီရွှယ်ချင်းသည် လင်နန်မြို့ရှိ အကြီးဆုံးဘားသို့ ဝင်လိုက်လာသည်။

ဆူညံသော ဂီတသံ၊ အရက်နံ့များနှင့် ရောနှောနေသည့် လေထုသည် သူမ၏ မသိစိတ်ကို အလိုလို ပြေလျော့သွားစေသည်။

သို့သော် ရှီရွှယ်ချင်း၏အသွင်အပြင်သည် လူအများ၏မျက်လုံးများကို တောက်ပသွားစေသည်။

'အရမ်းလှပတဲ့ အမျိုးသမီးပါလား'

လမ်းသရဲတစ်ချို့သည် စကားစမြည်ပြောဆိုရန် မျှော်လင့်ချက်ဖြင့် အနားသို့ ချဉ်းကပ်လာသည်။ ရှီရွှယ်ချင်းက အရာရာကို ဂရုမစိုက်သော မျက်လုံးများဖြင့် ကြည့်လိုက်သောအခါ ၎င်းတို့အားလုံး ရပ်တန့်သွားကြသည်။ ရှီရွှယ်ချင်း ထွက်ခွာသွားသည့်နောက်မှသာ ၎င်းတို့၏ မျက်နှာထက်တွင် ချွေးစေးများဖြင့် ပြည့်နှက်လျက် ထိတ်လန့်နေသော မျက်လုံးများဖြင့် အသိပြန်ကပ်လာခဲ့သည်။

ဤအမျိုးသမီး၏ အကြည့်များသည်အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

"အစ်မ၊ ဘာများ သုံးဆောင်ချင်လဲဗျ"

သူ၏မျက်လုံးများတွင် ရှုမောမှုအရိပ်အယောင်များဖြင့် လင်းလက်သွားသော ဝန်ထမ်းက မေးလိုက်သည်။ ရှီရွှယ်ချင်းက ဘားတွင်ထိုင်၍ သူမ၏ သေးသွယ်သော လက်ချောင်းများကို စားပွဲခုံကို တီးခေါက်ကာ ညှင်သာစွာ ပြောလိုက်သည်။

"ဒီမှာ တာဝန်ရှိသူနဲ့ တွေ့ချင်တယ်"

ဝန်ထမ်းက တုံ့ဆိုင်းနေသည်။

"အစ်မ၊ ဟိုလေ..."

ရှီရွှယ်ချင်းက စိုက်ကြည့်လိုက်သည်နှင့် ဝန်ထမ်း၏အကြည့်များ တဖြည်းဖြည်း မှုန်ဝါးလာပြီးနောက် ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့"

ဝမ်ပေါင်သည် လွန်ခဲ့သည့် ရက်အနည်းငယ်တွင် တစ်ခုခုဖြစ်ပွားတော့မည်ဟု ခံစားနေရသည်။

'ချီးပဲ၊ အနားမှာထားဖို့ မိန်းကလေးတစ်ယောက် အသစ်ရှာရတော့မယ် ထင်တယ်'

ဝမ်ပေါင်က ဤသို့တွေးနေချိန်တွင် ဝန်ထမ်းက အခန်းထဲသို့ ဝင်လာသည်။

"ချီးပဲ၊ မင်းကို ဘယ်သူက ဝင်ခွင့်ပေးလို့လဲ။ထွက်သွားစမ်း"

ဝန်ထမ်းသည် သူ၏ စကားများကို မကြားသည့်နှယ် မျက်နှာသေဖြင့် ရှိနေ၏။

"ဟေ့ ငါပြောတာ မကြားဘူးလား။ ထွက်သွားစွမ်း"

ထိုအချိန်တွင် ဝန်ထမ်း၏ အနောက်မှ ရှီရွှယ်ချင်းက လျှောက်လှမ်းလာခဲ့၏။

"ရှင်က ဒီဆိုင်ရဲ့ တာဝန်ခံလား"

ဤမျှချောမောလှပသော အမျိုးသမီးတစ်ဦးကို သူ၏ဘဝတွင် တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးသဖြင့် ဝမ်ပေါင်သည် အံ့သြသင့်စွာဖြင့်မှင်သက်နေမိသည်။ သူမနှင့် နှိုင်းယှဉ်လျှင် သူ၏ဘားတွင်ရှိနေသော အလှမယ်များသည် လမ်းပေါ်ရှိ သူဖုန်းစားကဲ့သို့ပင် ဖြစ်နေသည်။

"ကျွန်တော်က ဝမ်ပေါင်ပါ၊ မင်းက..." ရှီရွှယ်ချင်းက ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်မ ဒီဘားကို ခဏလောက် သုံးချင်လို့ပါ" ဝမ်ပေါင်က အသိပြန်ကပ်လာ၍ လှောင်ရယ်လိုက်သည်။

"ကလေးမ၊ မင်းစကားပြောနေတာ ဘယ်သူလဲရော သိရဲ့လား။ ဘာတဲ့ ခဏသုံးမလို့။ ကောင်းပြီလေ ဒါပေမယ့် မင်းငါ့ကိုတော့ သေချာဂရုစိုက်ပေးမှ ရမယ်…”

ရှီရွှယ်ချင်းက မော့ကြည့်လိုက်ချိန်တွင်၊ သူမ၏ စွဲမက်ဖွယ် မျက်လုံးများမှတဆင့် စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ဝမ်ပေါင်က မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရပြီးနောက် အကြည့်များ တဖြည်းဖြည်း ဝေဝါးလာသည်။

"အခု ငါပြောတာကို ရှင်းရှင်းလင်းလင်း ကြားရပြီလား" ရှီရွှယ်ချင်းက ပြော၏။

"ဟုတ်ကဲ့ပါ သခင်မ"

"မကြာသေးခင်က ယွီမိသားစုရဲ့ ဓားအင်မော်တယ်ကို သုတ်သင်ခဲ့တဲ့လူကို သွားစုံစမ်းထား။ သူ အခုလင်နန်မြို့မှာ ရှိနေသေးလားဆိုတာလည်း စုံစမ်းခဲ့၊ ငါ သူနဲ့ပတ်သက်တဲ့ အချက်အလက်တွေအားလုံး သိချင်တယ်"

"ဟုတ်ကဲ့ပါ သခင်မ"

“သွားလို့ရပြီ…”

ရှီရွှယ်ချင်းက ခေတ္တရပ်တန့်လိုက်သည်။

"နေဦး၊ ယခုအချိန်ကစပြီး ငါ့ကို အရှင်မင်းမြတ်လို့ ခေါ်ရမယ်"

"နားလည်ပါပြီ အရှင်မင်းမြတ်"

ထို့နောက် ဝမ်ပေါင်နှင့် စားပွဲထိုးတို့ နှစ်ဦးစလုံး အခန်းထဲမှ ထွက်ခွာသွားသည်။

ရှီရွှယ်ချင်းသည် ဆိုဖာပေါ်သို့ ထိုင်ချလိုက်၍ ဝိုင်နီတစ်ခွက်ကို ငဲ့ကာ တစ်ကျိုက်သောက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။

'အရသာကလည်း ဆိုးလိုက်တာ'

ဖန်ကျင်းတောင်၏ နှစ်ရှည်လများစွာ ဖျော်စပ်ထားသော ဝိုင်များကို ကျင့်သားရခဲ့ပြီးနောက် ဤကဲ့သို့ လူ့လောကဝိုင်များကို သောက်သုံးရခြင်းသည် ရေသောက်နေရခြင်းသကဲ့သို့ပင် ဆင်တူသည်။ သူမသည် ဖန်ကျင်းတောင်ပေါ်တွင်ရှိနေသော လင်းယင်နန်းတော်၏ ခေတ်ပြိုင်လမ်းလျှောက်သူတစ်ဦးဖြစ်သည်။ လင်းယင်နန်းတော်သည် မြေခွေးအင်မော်တယ်များကို ကိုးကွယ်ကြသောကြောင့် လျှို့ဝှက် အင်မော်တယ်ဂိုဏ်းများကြားတွင် အထူးခြားဆုံး ဂိုဏ်းတစ်ခုဖြစ်သည်။

ထို့ကြောင့် လင်းယင်နန်းတော်၏ တပည့်တိုင်းနီးပါးသည် တုနှိုင်းမဲ့ ဆွဲဆောင်မှုရှိသော စွမ်းအင်များကိုပိုင်ဆိုင်ကာ ခုခံနိုင်စွမ်းကင်းမဲ့သော ညို့ယူဖမ်းစားမှုများနှင့်ပတ်သက်၍ အထုံပါရမီရှိသူများ ဖြစ်ကြသည်။ ရွှယ်ချင်းသည်လည်း ချွင်းချက်မဟုတ်ပေ။

သူမသည် ယခုအချိန်တွင် ဒုတိယအကြိမ်မြောက် တောင်ပေါ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ပထမအကြိမ်သည် ယခင်နှစ် အင်မော်တယ်ဂိတ် ညီလာခံ၌ဖြစ်၍၊ သူမသည် ယွီမင်ကျန်းကို ပွတ်ကာသီကာလေး ရှုံးနိမ့်ခဲ့သည်။

ယခုတစ်ခေါက်တွင် အလွယ်တကူ အရှုံးပေးမည် မဟုတ်ပေ။

သို့သော်လည်း ယွီမိသားစု၏ ဓားအင်မော်တယ် အသတ်ခံရသည်ဟူသော အကြောင်းကို သိလိုက်ရချိန်တွင် သူမ အလွန်တုန်လှုပ်သွားခဲ့သည်။ ထို့ကြောင့် သူမသည် ဓားအင်မော်တယ်ကို သတ်ဖြတ်ခဲ့သော လူ၏နောက်ကြောင်းကိုစုံစမ်းရန် လင်နန်မြို့သို့ ဦးစွာပထမ ရောက်ရှိလာခြင်းဖြစ်သည်။ ဝိုင်ခွက်တစ်ဝက်ခန့် သောက်သုံးပြီးနောက်တွင် အခန်းတံခါးကိုဖွင့်၍ စင်မြင့်ပေါ်ကို တက်သွားလိုက်၏။

ဆူညံနေသော ခန်းမတစ်ခုလုံး တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။

အမျိုးသားများအားလုံးက သူမကို အံ့အားသင့်မှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ယစ်မူးစွာ ကြည့်နေကြသည်။ ဤသို့သော ခံစားချက်မျိုးကို အလွန်နှစ်သက်သော ရှီရွှယ်ချင်းက အသက်ပြင်းပြင်းရှူလိုက်၏။

ဤသည်မှာ လိုအင်ဆန္ဒဟုခေါ်သော အရသာမျိုးဖြစ်သည်။

ထိုသို့သော ပတ်ဝန်းကျင်တွင် ပို၍နစ်မြုပ်ထားလေ၊ သူမ၏ စွမ်းအားများ ပို၍ အင်အားကောင်းလေဖြစ်သည်။ လူတိုင်း၏အကြည့်အောက်တွင် ရှီရွှယ်ချင်းသည် အရက်ကို ကျွမ်းကျင်စွာ ရောစပ်ပြီးနောက် အရက်တစ်ဝက်ခန့်ကို သူမကိုယ်တိုင် သောက်သုံးလိုက်သည်။

"ကဲ ဒီတစ်ဝက်ကို ဘယ်သူသောက်ချင်လဲ"

"ကျွန်တော်"

"ကျွန်တော် သောက်မယ်"

"ဒါ ငါ့ဟာကွ"

စင်မြင့်၏ အောက်တွင်ရှိနေသော လူများစွာက အရူးအမူး အော်ဟစ်နေရာမှ တစ်ဦးနှင့်တစ်ဦး ဆူဆူညံညံ ရန်ဖြစ်ထိုးကြိတ်လာကြသည်။

အတူတူရောက်ရှိလာသော မိတ်ဆွေအပေါင်းအသင်းများလျှင်ပင် မျက်လုံးများ နီရဲလာ၍ တစ်ဦးနှင့်တစ်ဦး ထိုးကြိတ်လာကြသည်။ ဤပရမ်းပတာအခြေအနေတွင် ရှီရွှယ်ချင်း၏ နှုတ်ခမ်းထောင့်ရှိ အပြုံးသည် ပျက်ပြယ်သွားခြင်း မရှိပေ။

ထိုညတွင် ဖန်ကျင်းတောင်ရှိ လင်းယင်နန်းတော်မှ ခေတ်ပြိုင်လမ်းလျှောက်သူ ရှီရွှယ်ချင်း သည် လင်နန်မြို့က ခရမ်းရောင်ညဘားသို့ ရောက်ရှိလာကာ အုတ်အော်သောင်းတင်းဖြစ်စေခဲ့သည်။ ယွီရန်က အခန်းထဲသို့ လျှောက်လာချိန်တွင်၊ ရွှယ်အန်းက ဆိုဖာပေါ်တွင်ထိုင်ကာ သူ၏သမီးနှစ်ယောက်ဖြင့် ကာတွန်းကားကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဤသို့ ချစ်ခြင်းမေတ္တာနှင့် နွေးထွေးသော မြင်ကွင်းသည် ယွီရန်ကို အနည်းငယ် အံ့အားသင့်စေသည်။

'ဒါက စိတ်ဓာတ်ပြတ်သားတဲ့လူမှ ဟုတ်သေးရဲ့လား'

သူမ ဝင်လာသည်ကိုမြင်သော ရွှယ်အန်းက ပြုံးပြ၍ ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

"ထိုင်လေ"

စိတ်ခံစားချက်များ ရှုပ်ထွေးနေသော ယွီရန်က ထိုင်ချလိုက်သည်။ သူမသည် ယခုလတ်တလောတွင် လမ်းပျောက်နေသကဲ့သို့ ခံစားခဲ့ရသည်။ ပြဿနာဖြစ်ပွားချိန်တွင်ရှိခဲ့သော ယွီမိသားစု၏ တစ်ချိန်က စည်းလုံးညီညွတ်မှုသည် တဖြည်းဖြည်း ပျောက်ကွယ်နေသည်။

ယွီရန်သည်လည်း အတင်းအဖျင်း ပြောစကားများစွာကို ခံစားနေရသည်။

အထူးသဖြင့် အပြင်ဘက် မိသားစုဝင်များသည် ရွှယ်အန်းကို ယွီမိသားစုဆီ ခေါ်ဆောင်လာခြင်းမှ ထိန်းမရသိမ်းမရသော အခြေအနေမျိုးသို့ ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ သူမကို တိတ်တဆိတ် အပြစ်တင်နေကြသည်။

ယင်းကြောင့် ယွီရန်က အလွန်စိတ်မကောင်းဖြစ်နေရ၏။

သို့သော် သူမတွင် ဤအပြစ်တင်ချက်များကို ပြန်လည်ခုခံရန် နည်းလမ်းမရှိပေ။ ဤကဲ့သို့ သဘောထားကွဲလွဲသည့် အခြေအနေမျိုးဖြင့် ယွီမိသားစုတွင် နေထိုင်ရခြင်းသည် သူမကို အလွန် စိတ်မသက်မသာဖြစ်စေသည်။ သူမသည် တစ်နေ့တာလုံး လျှောက်သွားခြင်း သို့မဟုတ် ရွှယ်အန်းကို လာတွေ့ခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။

ထိုအချိန်တွင် မာချန်က အပြင်ဘက်မှ စိတ်လှုပ်ရှားစွာ ဝင်လာခဲ့သည်။

“မစ္စတာရွှယ်၊ အပြင်ကနေ တော်တော်လေး စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းတစ်ပုဒ်ရခဲ့တယ်"

"ဘာသတင်းလဲ"

"မနေ့ညက ခရမ်းရောင်ညဘားမှာ အရမ်းလှတဲ့ အမျိုးသမီးတစ်ဦး ပေါ်ပေါက်လာပြီး ဖောက်သည်တွေအချင်းချင်း ထိုးကျကြိတ်ကျတွေ ဖြစ်ကုန်တယ်ဆိုပဲ"

မာချန်က အံ့ဩနေသော အမူရအရာဖြင့် ပြောလိုက်သည်။

ရွှယ်အန်းက မျက်ခုံးပင့်လိုက်သည်။

"အို၊ ဟုတ်လား"

“ဟဲဟဲ၊ အဲ့အမျိုးသမီးက အရမ်းဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးလို့ ပြောကြတယ်"

မာချန်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောနေသည်။ အမျိုးသားများသည် ချောမောလှပသော အမျိုးသမီးများအကြောင်း ပြောဆိုသည့်အချိန်မျိုးတွင် အမြဲတစေ ထိုကဲ့သို့ အမူအရာမျိုးဖြင့် ပြောဆိုလေ့ရှိသည်။ သို့သော် ရွှယ်အန်းက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"သိပြီ"

“မစ္စတာရွှယ်၊ ကျွန်တော်တို့ ဒီည သွားကြည့်ကြရင်ရော ဘယ်လိုလဲ"

ရွှယ်အန်းကိုကြည့်နေသော ယွီရန်သည် သူမ၏နှလုံးသား တင်းကျပ်လာသည်ဟု ခံစားလိုက်ရသည်။

'သူ မသွားလောက်ပါဘူးနော်။ သူ့မှာ ကလေးတွေလည်း ရှိနေတာကို...'

သို့သော် ရွှယ်အန်းက ရယ်မော၍ ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီလေ"

All Chapters